..............................

Monday, September 12, 2011

ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် ဆောင်ရွက်မယ်လို့ ၀န်ကြီး ပြောဆို

2011-09-11

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ကန့် ကွက်မှုတွေ ရှိနေပေမဲ့ ဆက်လက်အကောင်အထည် ဖေါ်သွားမှာ ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက မနေ့က နေပြည်တော်မှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာ ၀န်ကြီး ဦးဇော်မင်းက အခုလို ပြန်လည် ဖြေကြား ခဲ့တာလို့ ဆိုပါတယ်။

မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ရှိမရှိ အတွက် အစိုးရက ကုမ္ပဏီ တစ်ခုကို အမေရိကန် ဒေါ်လာ ၁.၂၅သန်း နဲ့ ငှားရမ်းပြီး သုတေသန လုပ်ခဲ့ကြောင်း၊ ကြိုတင် တွက်ဆမှု အတွက် အချိန် ၃ နှစ်ခန့် ယူခဲ့ကြောင်း ၀န်ကြီးက ပြန်လည် ဖြေကြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘီလူးချောင်း ရေအား လျှပ်စစ်စီမံကိန်းဟာ ဒီနေ့ အချိန်အထိ ဆက်လက် လည်ပတ်ဆဲ ဖြစ်ပြီး (၅၂) နှစ်ရှိနေပြီ ဖြစ်ကြောင်း၊ ဘီလူးချောင်းကြီးလည်း မပျက်စီးဘဲ ဒီနေ့ အထိ ရှိနေကြောင်း ၀န်ကြီးဦးဇော်မင်းက နှိုင်းယှဉ် ရှင်းလင်း သွားတယ်လို့ ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောပါတယ်။

ဒီအတွင်း ဧရာဝတီ မြစ်ဆုံ ဒေသက တရုပ် အစိုးရရဲ့ ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်ရေး စီမံကိန်း တွေကို ဖျက်သိမ်းပေးဖို့ မနေ့က အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီမြို့ က တရုပ်သံရုံး ရှေ့မှာ မြန်မာ့ အရေး လှုပ်ရှားသူတွေက တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။

တရုပ် အစိုးရ အနေနဲ့ အိမ်နီးချင်းကောင်း ပီသစွာ ရေရှည် အကျိုးစီးပွားကို ကြည့်ဖို့ တောင်းဆို ဆန္ဒပြခဲ့ ကြတာလို့ စီစဉ် ဆောင်ရွက်သူ တဦးဖြစ်တဲ့ ဒေါက်တာ မောင်မောင်လွင်က ပြောပါတယ်။

မြစ်ဆုံဒေသက ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းတွေ အပါအ၀င် ကျန်တဲ့ မြစ်တွေတလျှောက် ဆောက်လုပ် နေတဲ့ စီမံကိန်းတွေကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေဟာ တရုပ် အစိုးရမှာ တာဝန်ရှိကြောင်း စတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့