..............................

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Thursday, October 13, 2011

ဇာဂနာပြောသော လွှတ်တော်အမတ်ရဲ့ အိုင်ကျူ

ကိုကျော်ကျော်သိန်း
ဗုဒ္ဓဟူး, 12 အောက်တိုဘာ 2011

ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗွီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံးဟာသ။

"အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တယ်။ အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တဲ့ အခါကျတော့ တယောက်က စပြောတယ်။ ဟာ အိုင်စတိုင်းရေ၊ ကျနော်ကတော့၊ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲ နှုတ်ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန် ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေး ကြတာပေါ့။

ကျနော်ကတော့ အိုင်ကျူ ၁၅၀ ဘဲရှိတယ် အိုင်စတိုင်း ဆိုပြီးတော့။ ဟာ ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာ သီအိုရီတွေ ဆွေးနွေး ကြတာပေါ့တဲ့။

နောက်တယောက် ထပ်ပြောတယ်၊ ကျနော်ကတော့ ၁၂၀ ဘဲ ရှိတယ်ဗျတဲ့။ ဟာ ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင် အကြောင်း ဆွေးနွေးမယ်တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်၊ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ ၅၀ ဘဲ ရှိပါတယ်ဗျား။ ဟား..... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့ သလဲတဲ့။"

ဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံး ဟာသ တခုဖြစ်ပါတယ်။

Ref: VOA News

Read More...

Thursday, November 18, 2010

TEA

Monday, 08 November 2010


မတူညီသော ပါတီလေးခုမှ အမတ်လောင်း လေးဦး လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် တစ်စားပွဲတည်း ထိုင်မိပြီးနောက် ၎င်းတို့ အနီးသို့ စားပွဲထိုး ရောက်လာသည်။

စားပွဲထိုး ။ ။ ဘာများ သုံးဆောင်ကြမလဲ ခင်ဗျာ။

အမတ်လောင်း(၁) ။ ။ တို့ပါတီ ကသာ တူညီ မျှကောင်းစားရေး လုပ်မှာကွ။ ပုံမှန် တစ်ခွက်ပေး။

အမတ်လောင်း(၂) ။ ။ တို့ပါတီ ကတော့ လုပ်သင့်တာတွေကို ခပ်ပြတ်ပြတ် လုပ်မယ်ဟေ့။ ပုံမှန်ပဲ ညီလေး။

အမတ်လောင်း(၃) ။ ။ တို့ပါတီ ဘာလုပ်မလဲ ဆိုတာတွေ ပြောရရင် နှစ်နာရီ မက ကြာသွားလိမ့်မယ်။ ဒါပေမဲ့ တို့က လစ်ဘရယ်နော်။

စားပွဲထိုး ။ ။ လစ်ပ်တန်တီးလား ဆရာ။

အမတ်လောင်း(၃) ။ ။ လစ်ဘရယ်ကွ။ ခက်တဲ့ ကောင်ပဲ။ ပုံမှန် တစ်ခွက်ပဲ။

အမတ်လောင်း(၄) ။ ။ ကိုယ်တို့ ကတော့ လိုအပ်တဲ့ ဥပဒေသစ်တွေ ကျကျ နန ပြဋ္ဌာန်း မှာကွ။ ပီပြင်တဲ့ ဈေးကွက် စီးပွားရေး ဖြစ်ရစေမယ်။ လက်ဖက်ရည် ကတော့ ပုံမှန်ပဲလုပ်။

စားပွဲထိုးက အဖျော်ကောင်တာသို့ လှည့်ထွက်သွားသည်။ အဖျော် ဆရာကို လှမ်းပြောသည်။

“ဝေ့နေ၀ိုက်နေကြတယ်ဆရာရေ။ လိုရင်းကတော့ ပုံမှန်လေးခွက်ပဲ။”

Ref: ရိုးရာလေး

Read More...

Friday, October 22, 2010

သေသင့်တယ်

အောက်တိုဘာ ၂၂၊ ၂၀၁၀

လေယာဉ်ပျံတစ်စင်းပေါ်မှာ ဗိုလ်သန်းရွှေရယ်၊ ဒေါ်ကြိုင်ကြိုင်ရယ်၊ ကိုယ်ရံတော်နှစ်ဦးရယ် ပြီးတော့ ပိုင်းလော့ နှစ်ဦးရယ်၊ ဆရာဝန်တစ်ဦးရယ်၊ နာ့စ်မ တစ်ယောက်ရယ် အားလုံး ရှစ်ဦး ပါလာပါတယ်။

အဲဒီအချိန်မှာ လေယာဉ်ပျံက စက်ချွတ်ယွင်းပြီး ပျက်ကျမလိုဖြစ်ပါတယ်။ လေထီးက ၇ လုံးပဲပါတယ်။

ဘယ်သူအရင်ခုန်ဆင်းမလဲ။

ဗိုလ်သန်းရွှေက သူ့မိန်းကို လေထီးတစ်လုံးပေးပြီး အရင်ဆုံး ပေးဆင်းလိုက်တယ်။

အဲဒီနောက် သူက “ကျုပ်က ဒီနိုင်ငံရဲ့ခေါင်းဆောင်ဗျ။ ကျုပ်မရှိလို့ မဖြစ်ဘူး။ ကျုပ်ဆင်းပြီဗျာ” ဆိုပြီး ခုန်ဆင်းသွားတယ်။

အဲဒီနောက် ကိုယ်ရံတော် နှစ်ဦးကလည်း လေထီးတွေယူပြီး ဆင်းသွားပြန်ရော။ ပိုင်းလော့ နှစ်ဦး ကတည်း တစ်ယောက်တလုံး ကောက်ဆွဲပြီး ဆင်းသွားကြတယ်။

ဆရာဝန်နဲ့ နာ့စ်မဘဲ ကျန်တော့တယ်။

“ကဲ နာ့စ်မရယ်၊ ကျန်တဲ့လေထီးတစ်လုံးယူပြီး မင်းပဲ ဆင်းပါတော့။ ငါ သေရဲပါတယ်” ဆိုပြီး နာ့စ်မ ကိုပြောရှာတယ်။ နာ့စ်မက “ဘာတွေပြောနေတာလဲ။ ကျမတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ခုန်ဆင်းလို့ရပါတယ်” လို့ ပြန်ပြောတယ်။ ဆရာဝန်ကြီးက နားမလည်ဘူး ဖြစ်သွားတယ်။ နာ့စ်မက ရှင်းပြပါတယ်။

“လေထီးနှစ်လုံးကျန်ပါသေးတယ်။ ဟို ဒီနိုင်ငံရဲ့ခေါင်းဆောင်ဆိုတဲ့ ဗိုလ်ချုပ်ကြီးက ကျမရဲ့ ကျောပိုးလွယ်အိတ်ကို လေထီးထင်ပြီး ယူချသွားတာလေ”

ဤမျှသာ.....


......

Read More...

Tuesday, September 21, 2010

တော်တော်ညံ့တယ်

နေပြည်တော်တပ်ချုပ်ကြီး တရုပ်ပြည်သို့ သွားရာတွင် ဂုဏ်ပြုတပ်ဖွဲ့မှ အမြောက်ပစ်ဖေါက် ကြိုဆိုကြသည်။

ပထမတစ်ကြိမ်ဖေါက်သည်။ ဒုတိယတစ်ကြိမ်ဖေါက်သည်။ တတိယအကြိမ်မြောက် ဖေါက်ပြီးသော အခါတွင် လူအုပ် ကြားထဲမှာ အဖွါးအိုတစ်ဦး ထွက်လာကာ ဘေးမှလူကိုမေးသည်။

“ဘာဖြစ်လို့ အမြောက်ပစ်တာလဲ”

“ဟိုဖက်တိုင်းပြည်က တပ်ချုပ်ကြီးဆိုသူ လာလို့လေ”

အဖွားအိုက ပြန်မေးလိုက်ပုံမှာ……..

“ဘာလဲ တစ်ချက်တည်းနဲ့ မှန်အောင်မပစ်နိုင်လို့လား ” ဟူသတည်း။

Read More...

Wednesday, March 31, 2010

နအဖလောက် နီးနီး

ခုနောက်ပိုင်းနှစ်တွေအတွင်း မြန်မာပြည်မှာ တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ ဗွီဒီယို၊ ရုပ်ရှင်ကားတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက အပြိုင်အဆိုင် ထုတ်လုပ် ရိုက်ကူးလာကြတာကို တွေ့ရပါတယ်။ အဲသလို ကားမျိုးတွေက ခွင့်ပြုချက် အမြန်ကျပြီး နအဖ စစ်အစိုးရဆီကလည်း အခွင့်အရေးတွေ ရရှိတာမို့ ကုမ္ပဏီတွေက အပြိုင်အဆိုင် ထုတ်လုပ် လာကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ နအဖရဲ့ ဗွီဒီယို ဆင်ဆာ အဖွဲ့ကလည်း ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေ စကားတွေ မပါရင်ပြီးရော့။ ကျန်တာ အကုန်ခွင့်ပြုတယ်။ နအဖရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းတပါး နယ်ချဲ့တွေ မကောင်းဘူး။ (တကယ်ပြောချင်တာက အင်္ဂလိပ်နှင့် အမေရိကန် မကောင်းကြောင်း ပြောချင်တာ။) နအဖပဲ ကောင်းတယ်၊ နအဖပဲ ကယ်တင်ရှင်၊ နအဖကဘဲ တိုင်းပြည်ကိုချစ်တယ်။ ကျန်တဲ့လူက မချစ်ဘူးပေါ့။ ဒါကြောင့် စစ်တပ်ကိုပဲ ကိုးကွယ်ကြရမယ် ဆိုတဲ့သဘောပါဘဲ။

အဲသလိုနဲ့ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဗွီဒီယို ခွေတခွေ တောရွာတရွာကို ရောက်လာပါသတဲ့။ ပိုစတာတွေမှာ အင်္ဂလိပ်၊ ဂျပန်တွေက သေနတ်တွေ တကားကားနဲ့၊ တော်လှန်ရေး သမားတွေကလည်း ခမောက်ကြီးတွေဆောင်ပြီး လက်ပတ် အနီတွေနဲ့ ရိုင်ဖယ်ခေါင်းတုံးတွေကို ကိုင်လို့ဆိုတော့ တရွာသားလုံးက ကားကောင်းမယ်ဆိုပြီး အုတ်အော် သောင်းနင်း လာကြည့်ကြပါသတဲ့။

ဇာတ်ကားကတော့ ထုံးစံအတိုင်းပါဘဲ၊ ဂျပန်စစ်သားတွေက လူတွေကိုသတ်၊ အရက်သောက်၊ အမျိုးသမီးတွေကို ဖျက်ဆီး။ အလားတူပါဘဲ အင်္ဂလိပ် စစ်သားတွေကလည်း မြန်မာလူမျိုးတွေ အပေါ် အနိုင်ကျင့်တာတွေ၊ အရင်းရှင်ကြီးတွေပီပီ လူထုတွေကို ဂုတ်သွေးစုတ်ပြီး အနိုင်ကျင့်ပုံတွေ၊ အင်္ဂလိပ် စစ်ပုလိပ်တွေက မျိုးချစ် တော်လှန်ရေး သမားတွေကို ဖမ်းဆီးနှိပ်စက်၊ ပိုင်ဆိုင်တဲ့ စည်းစိမ် ဥစ္စာတွေကိုသိမ်း ၊ ကာယကံရှင်တွေကို ဖမ်းဆီးလို့ မမိတိတဲ့အခါ မိဘ ဆွေမျိုးသားသမီးတွေကို ဖမ်းဆီးနှိပ်စက်။ လာအဖမ်းမခံရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်၊ ပြန်ပေးဆွဲ၊ ပြီးတော့ ရွာထဲက သမီးပျိုတွေ ဆိုရင်လည်း စစ်ပုလိပ်တွေရဲ့ မုဒိမ်းကျင့် ခံရမှာကြောက်လို့ ထင်းခွေ ရေခပ်တောင် မထွက်ရဲတဲ့ဘ၀။ နောက်ဆုံးတော့ အင်္ဂလိပ်နှင့် ဂျပန်တွေကို တော်လှန်ရေး သမားတွေက အပြတ်ချေမှုန်းပြီး မျိုးချစ်တော်လှန်ရေး သမားနဲ့ ကျေးတောသူ ညားသွားကြတဲ့ ဇာတ်လမ်းပါဘဲ။

ဇာတ်ကားဆုံးတော့ လူအုပ်ကြီးက အိမ်ပြန်မယ်ဆိုပြီး ဗွီဒီယိုရုံထဲက တိုးဝှေ့ထွက်လာကြချိန်မှာ ရွာသား တယောက်ရဲ့ စကားကြောင့် ဗွီဒီယိုကြည့် ပရိတ်သတ်တွေအားလုံး တ၀ါးဝါး ပွဲကျသွား ကြပါသတဲ့။ သူပြောလိုက်တဲ့ စကားကတော့ ....

“အင်္ဂလိပ်စစ်သားတွေ၊ ဂျပန်စစ်သားတွေ စောက်ကျင့်နဲ့ ဆိုးပုံ၊ ရက်စက်ပုံများကတော့ကွာ နအဖ စစ်သားတွေ နီးနီးပဲ”

လောက်စာသီး

Read More...

Tuesday, November 25, 2008

မြန်မာ့ နိုင်ငံရေးဟာသများ (၂)

တာဝန်ကိုယ်စီ
နေပြည်တော် အစည်းအဝေး ခန်းမ တနေရာ ....
အကြီးအကဲ။ ။ မင်းတို့ နိုင်ငံတော် ကာကွယ်ရေးအစီအမံတွေ ငါ့ကိုတင်ပြစမ်း။
ဝန်ကြီး ။ ။ ဟုတ်ကဲ့ ... ပြည်သူတွေဆူပူရင် သူ့ လူနဲ့ သူပြန်ထိန်းသိမ်းဖို့ 
စွမ်းအားရှင်အဖွဲ့ကို ဖွဲ့စည်းပေးထားပါတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့
ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး စောင့်ကြည့်ခိုင်းထားပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကိုလည်း တုတ်တွေ၊ ဒိုင်းတွေ အပြည့်အဝ တပ်ဆင်
ပေးထားပြီး၊ အခါအားလျော်စွာ နှစ်ဖက်ခွဲလေ့ကျင့်ပေးထားပါတယ်။
ပါတီတွေ၊ ကျောင်းသားအဖွဲ့ တွေကိုလည်း တန်ပြန် အဖွဲ့ တွေ ဖွဲ့ စည်းပြီး
ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေပါတယ်။ မီဒီယာ တူ မီဒီယာ
တိုက်ပွဲကိုလည်း အရှိန်မပျက် ဆက်လက် ဆင်နွှဲနေပါတယ် ခင်ဗျာ။
အကြီးအကဲ။ ။ အေး .... ဒါဆို ဘယ်ဆိုးလို့ လဲ။ ကောင်းတယ် ဆက်ထိန်းထား။
သြော် ဒါနဲ့  ငါ့စစ်ဗိုလ်လေးတွေကိုရော ဘာတာဝန်ပေးထားသလဲ။
ဝန်ကြီး ။ ။ သူတို့  အွန်လိုင်း တက်နေကြပါတယ် ခင်ဗျား။
အကြီးအကဲ။ ။ ဟေ ........
( တင်ပြသူ- Clinton )

ဘဘကြီးကျေးဇူး
ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား
အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည်
တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း
ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို
၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် အဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏
ဂုဏ်ကျေးဇူးကြောင့် ၄င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း
မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။
သင်တန်းဆင်းသောနေ့။
ပထမ ... အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က
“ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။
ကျနော် ဘာဘဲလုပ်လုပ် အဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို
စံပြဆု ရရှိခြင်းဖြစ်ပါတယ်။”
လက်ခုပ်သံများ တဖြောင်းဖြောင်း ...
နောက်တစ်ယောက်၊ စာပေထူးချွန်ဆုရသင်တန်းသား သန်းနိုင်
“ကျနော် အခုလို စာပေထူးချွန်ဆု ရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်
ဖြစ်ပါတယ်။ ကျနော် စာပေ သင်ခန်းစာတွေ လေ့လာမှတ်သား သင်ယူတဲ့နေရာမှာ
အဘကြီးကို အမြဲနှလုံးသွင်းတဲ့အတွက် အခုလို စာပေထူးချွန်ဆုရရှိခြင်း ဖြစ်ပါ
တယ်။”
လက်ခုပ်သံများ ရှေ့ကအတိုင်း ...
နောက်ဆုံးတစ်ယောက်၊ လက်ဖြောင့်အကောင်းဆုံးဆုရ သင်တန်းသား မောင်တူး
“ကျနော် အခုလို လက်ဖြောင့်အကောင်းဆုံးဆု ရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူး
ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီနေ့က ကျနော်ပစ်မယ့် ပစ်မှတ်စက်ဝိုင်းရဲ့ အလည်တည့်တည့်
မှာ အဘကြီးရဲ့ပုံ ပေါ်လာလို့ပါဘဲ။”
လက်ခုပ်သံများ စောစောကထက် ပိုပြီး ဆူညံသွားသည်။
မကြာမီ မောင်တူး တပ်ရင်းမှ ပျောက်သွားလေသည်။
( တင်ပြသူ- Zuku )

ဘာနဲ့ တုန်း
နေပြည်တော် တွင်ဖြစ်သည်။
နိုင်ငံတော် အကြီးအကဲသည် ဦးပေါ်ဦး၏လျှောက်ထုံးများကိုဖတ်ပြီး လွန်စွာ
သဘောကျလျက် ဦးပေါ်ဦးကဲ့သို့ အမတ်မင်းများ သူ့အနားတွင်ရှိလျှင် ကောင်းမည်
ဟု မိန့် ကြားလေ၏။
ထို့ ကြောင့် အနီးနားရှိ အရာရှိများကလည်း ဦးပေါ်ဦးစာအုပ်ကို အလုအယက်
ဖတ်ကြရင်း မင်းလိုလိုက် မင်းကြိုက်ဆောင်ဖို့  တွေးတောနေကြလေသည်။
တနေ့ သော် - ဆောက်လုပ်ပြီးကာစ တံတားကြီးတစင်းအား သွားရောက်စစ်ဆေး
ရာ ....တံတားကြီးမှာ လှုပ်နေသည်ကို တွေ့ရသဖြင့် အရာရှိလေးတစ်ဦးမှ ''တံတား
ကြီးကလည်းဗျာ ...'' ဟု တီးတိုးရေရွတ်လိုက်မိ၏။ ထိုအခါ အကြီးအကဲမှ '' ဟဲ့
တံတားကြီးက ဘာဖြစ်တုန်း'' ဟု ပြန်မေးလေရာ .....
အရာရှိလေးမှ '' ဘုန်းတော်ကြောင့် နတ်ပြည်သို့ တိုးလျိုးပေါက် ဆက်သွယ်ပေး
နေသလိုပါပဲ ခင်ဗျား '' ဟု ခေတ်သစ် ဦးပေါ်ဦး လုပ်ကြည့်လိုက်ရာ အကြီးအကဲမှ
လွန်စွာ သဘောကျသည်ဖြစ်သောကြောင့် ဆုတော်၊ ပါမစ်တော်များ ပေးသနား
လေ၏။ အရာရှိလည်း များစွာဂုဏ်တက်လေသည်။
တဖန် - ဖွင့်လှစ်ပြီးကာစ ဆိုင်ဘာစီးတီး သို့ ဝင်ရောက် စစ်ဆေးနေစဉ် ...
တိုက်ဆိုင်လှစွာမီးပျက်သွားသည် ဖြစ်သောကြောင့် .... ''တယ် - မီးက
ဘောက်မဲ့ကြောင့် ပျက်ရသတုန်း''
ဟု မေးမြန်းလေရာ ...လိမ်မာပါးနပ်သော အရာရှိမှ '' မှန်ပါ၊ နိုင်ငံတော်
အကြီးအကဲ၏ ကိုယ်ရောင်အရှိန်အဝါကို လျပ်စစ်မီးနတ်သားမှ မယှဉ်နိုင်သော
ကြောင့် ဝေးရာသို့ ဖယ်ခွာပြေးသဖြင့် မီးပျက်ရပါသည် ခင်ဗျား'' ဟု ဖြေကြား
လိုက်ရာ သဘောကျလှသဖြင့် ဆုတော် ပါမစ်တော်များ ထပ်မံ ချီးမြှင့်ပြန်
လေသည်။
ထိုသို့  လှည့်လည်စစ်ဆေးပြီးအပြန် အစည်းအဝေးခန်းမဆောင်တွင် စည်းဝေး
နေကြစဉ် –
သမီးတော်လေးအား မမြင်မိသည်ကို သတိထားမိသောကြောင့် အကြီးအကဲမှ ...
'' ဟဲ့ ငါ့သမီးတော်လေး မတွေ့ မိပါလား '' ဟုမေးလေသည်။
ထိုအခါ ... ပါးနပ်ပြီး စကားကြွယ်သော အရာရှိမှ '' မှန်ပါ၊ ရှောင်လွှဲမရနိုင်သော
သဘာဝတရား၏ ကျီစားမှုကြောင့် ကိုယ်လက်မအီမသာဖြစ်လျက် အနားယူနေ
ကြောင်းပါ '' ဟု ပြန်ဖြေလေ၏။
ဤတွင် နိုင်ငံတော် အကြီးအကဲသည်လည်း မိမိကိုယ်ကို ဘိုးတော်နီးနီး ထင်မှတ်
နေပြီဖြစ်သောကြောင့် အစည်းအဝေးကို ရုပ်သိမ်း လူစုခွဲလေသည်။
နောက်တနေ့ မနက်တွင်မှ - အစည်းအဝေး လူစုံချိန်၌် မိမိအရာရှိလေးကို ထပ်မံ
စမ်းသပ်လိုသည်ဖြစ်သောကြောင့် '' ဟဲ့- ဘာနဲ့ တုန်း '' ဟု မေးလေ၏ ။ ( ဘာ
ရောဂါနဲ့ တုန်းဟုမေးရမည် ဖြစ်သော်လည်း အကြီးအကဲမှာ ဘိုးတော်၏ ဒိုင်ယာ
လော့ဂ်များမှ မသွေဖီလိုသောကြောင့် မူရင်းအတိုင်းမေးလေသည်။)
လိမ်မာပါးနပ်ပြီး သတိဝီရိယဖြင့် ပြည့်စုံသော အရာရှိလေးမှ မဆိုင်းမတွပင် ...
''ဗိုက်နဲ့ပါခင်ဗျား'' ဟု ပြန်ဖြေသည်တွင် ...အကြီးအကဲ ခမျာလည်း မတ်တပ်မှ
စန့် စန့် လဲ၍ လေငန်းစွဲလေတော့သည်။
( တင်ပြသူ- )

“ဟယ် ... ဒါတော့ ...”
တနေ့သ၌ “ဘိုးတော် မင်းမတရားကြီး”သည် မိမိ၏ နေပြည်တော်သစ်ကြီး မည်မျှ
စည်ကားသာယာနေသနည်း ဆိုသည်ကို သိလိုသောကြောင့် အမတ်ကြီး ဦးပေါ်ရူး
အား ခေါ်၍ မေးမြန်းတော်မူ၏။
ဘိုးတော်။ ။ “ဟဲ့၊ ပေါ်ရူး၊ ငါကိုယ်တော်မြတ် နေပြည်တော်သစ်ကြီးရဲ့ လက်ရှိ
အခြေအနေကို သိလိုတော်မူတယ်။ မောင်မင်း သိသလောက် လျှောက်တင်စမ်း။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ဘုန်းတော်ကြောင့် အရှင့်နေပြည်တော်ကြီးဟာ
နတ်ပြည်နဲ့မှားလောက်အောင် စည်ကား သာယာဝပြော နေပြီဖြစ်ကြောင်းပါ။”
ဘိုးတော်။ ။ “အိမ်း၊ ငါကိုယ်တော် အားရတော်မူလှသကွယ်၊ အကျယ်သဝင့်
ရှင်းလင်း လျှောက်တင်ဦးလော့ အမတ်ကြီး။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရုံးတော်များ အားလုံးကို ရန်ကုန်မှ ရွှေ့လာပြီးကြောင်း
ပါ။ ရန်ကုန်ပိဋကတ်တိုက်ကြီးမှ စာအုပ်အားလုံးကို သယ်ယူပြီး နေပြည်တော်
ပိဋကတ်တိုက်သစ်ကြီးအဖြစ် တည်ထောင်ပြီးကြောင်းပါ။ ရန်ကုန်တိရစ္ဆာန်ရုံမှ
တိရစ္ဆာန်များကိုလည်း နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ထားရာ အတော်
စုံစုံလင်လင် ရှိနေပါပြီ ... ဖျာ့။”
ဘိုးတော်။ ။ “မီးများကော မှန်ရဲ့လားကွဲ့။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးခွဲတမ်းများကို လျှော့ပြီး
နေပြည်တော်ကို လျှပ်စစ်မီး ထိန်ထိန်ညီးစေရန် စီစဉ်ထားကြောင်းပါ”
ဘိုးတော်။ ။ “ကိုးကွယ်ဖို့ အတွက်ကော ...”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်က ရွှေတိဂုံဘုရားကြီးကိုလည်း ဒီကို ရွှေ့လာဖို့
ကြံရွယ် ထားပါတယ်... ဖျာ့”
ဘိုးတော်။ ။ “ကောင်းသကွယ်၊ နောက်ပြီး ငါ့လူတွေဖို့ ပျော်စရာ ပါးစရာတွေ
စီစဉ်ပေးဖို့လည်း မကျန်စေနဲ့ဦးကွဲ့။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်မှာရှိတဲ့ အနှိပ်ခန်းများကိုလည်း ဇိမ်မယ်များပါ
မကျန်ခဲ့လေအောင် ပြောင်းလာခဲ့ခိုင်းပြီးပါပြီ ...ဖျာ့။”
ဘိုးတော်။ ။ “ဟယ် ... ဒါတော့ အသစ်လေးတွေ ရှာခိုင်းလကွယ် ...”
( တင်ပြသူ- mgpo )

တကယ်လို့များ
ဇန္န၀ါရီလ ၇ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးက “ အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ် အကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ

ဒုတိယဗိုလ်ချုပ်မှူးကြီးက ထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့ စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”ဟု ပြောရာတွင်

တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”။

ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။

Read More...

Monday, October 13, 2008

မြန်မာ့နိုင်ငံရေးဟာသများ (၁)

အကောင်းဆုံးဝါဒ
တစ်ခါက ကမ္ဘာပေါ်မှာ နိုင်ငံရေးဝါဒ အစည်းအဝေးပွဲကြီးကျင်းပတယ်။
(ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာကောင်ဆုံးဝါဒကိုရွေးမယ်ပေါ့။)ကမ္ဘာပေါ်က
နိုင်ငံခေါင်းဆောင်အားလုံးနှင့် ဝါဒရှင်အားလုံး တက်ရောက်ကြတာပေါ့။
(မှက်ချက်။ ။ မြန်မာနိုင်ငံကဦသန်းရွှေကြီး နှင့် တစ်ဆွေတစ်မျိုးလုံး တက်ရောက်
သည်ဟုသတင်းရရှိပါသည်။)

အပြိုင်အဆိုင်ပဲ ဟစ်တလာတို့၊မူဆိုလီနီတို့၊တိုနီဘလဲတို့၊လင်ကွန်းတို့၊စသည်ဖြင့်
နိုင်ငံပေါင်းစုံက ခေါင်းဆောင်နှင့်ဝါဒရှင် အားလုံးဟာ သူတို့ဝါဒကောင်းကြောင်း
ဟောပြောငြင်းခုန်ကြတာပေါ့။
အားလုံးတစ်ယောက်နှင့်တစ်ယောက် အရှံးမပေးကြသလို ဘယ်သူမှလဲဘယ်ဝါဒ
ကောင်းတယ်လို့ မဆုံးဖြတ်နိုင်ကြဖူးပေါ့။ နောက်ဆုံး အားလုံးသတိထားမိတာက
မြန်မာနိုင်ငံကဦးသန်းရွှေကြီးနှင့် အပေါင်းပါများဟာ ဘာမှမပြောဘဲ ငြိမ်သက်နေ
ကြတာကိုတွေ့ရတယ်ပေါ့။ အားလုံးက ဒီလိုငြိမ်နေပုံထောက်ရင် ဦးသန်းရွှေကြီးဆီ
မှာအားလုံးနှင့်မတူပဲ အားလုံးထက်ကောင်းတဲ့ဝါဒတစ်ခုရှိမယ်လို့ ထင်ကြတာပေါ့။
လာတုံးကတော့ ဆွေမျိုးတွေရောက်ဖူးအောင် အလည်သဘောမျိုးနဲ့ ဘာမှမပြောဘူး
လို့စဉ်းစားထားပေမဲ့ အားလုံးကတောင်းဆိုလာတာနဲ့ ဦးသန်းရွှေကြီးက စင်ပေါ်
တက်သွားပါတယ်။
စင်ပေါ်ရောက်ရောက်ချင်းပဲ အားလုံးက ဦးသန်းရွှေကြီးကို မြန်မာနိုင်ငံကို
ဘယ်ဝါဒနှင့် အုပ်ချုပ်သလဲလို့မေးပါတယ်။ ဒီတော့ ဦးသန်းရွှေကြီးက သူများ
တွေလို ရှည်ရှည်ဝေးဝေးမပြောပဲ တစ်ခွန်းထဲပြောပြီး ဆင်းလာခဲ့တဲ့အခါမှာ....
လူပေါင်းများစွာရှိတဲ့ အစည်းအဝေးခန်းမကြီးဟာ အပ်ကျသံတောင်ကြားရအောင်
တိတ်ဆိတ်သွားပါတော့တယ်။ အားလုံးဟာ အာစေးထည့်ခံရသလို အလန့်တကြား
နှင့် ဘာမှမပြောနိုင်တော့ပါဘူး။
ဦးသန်းရွှေကြီး ပြောလိုက်တာကတော့ တစ်ခွန်းထဲပါ။
''မုသာဝါဒ'' တဲ့ဗျာ.....။ (တင်ပြသူ- peterhein1983 )
----------။-----------

မြန်မာပြည် ပြဿနာ ဖြေရှင်းနည်း
တနေ့သောအခါ အလ္လါအရှင်မြတ်ရယ်၊ ယေရှုခရစ်တော်ရယ်၊ သကြားမင်းဦးမာဃ
တို့က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ သဘောတူညီချက်
တွေ ရခဲ့ကြတယ်။ အလ္လာအရှင်မြတ်က အိုစမာဘင်လာဒင်ကို သွားတွေ့မယ်။
ခရစ်တော်က သမ္မတ ဘုရှ်ကို ဖျောင်းဖျမယ်။ ဦးမာဃ ကတော့ ဗိုလ်ချုပ်မှူးကြီးကို
တာဝန်ယူရမယ်တဲ့။
ဒါနဲ့ ဘာသာကြီး (၃)ခုရဲ့ တန်ခိုးရှင်တွေက ရက်ကောင်းရက်မြတ် ရွေးပြီးသကာလ
ကမ္ဘာကျော် အကြမ်းဖက်သမား (၃)ဦး နဲ့တွေ့ကြတယ်။ တွေ့တဲ့နေရာက ဟိမဝန္တာ
တောင်ခြေက လှိုဏ်ဂူတစ်ခုမှာပါ။ အနှောင့်အယှက်မရှိ စကားပြောလို့ရအောင်
ဝင်ပေါက်မှာ လုံခြုံရေးအစောင့်တွေ ချထားလိုက်တယ်။
အဲသလိုနဲ့တွေ့ကြပြီး ( ၃ )နာရီအကြာမှာ ခရစ်တော်က သမ္မတဘုရှ်နဲ့အတူ ဂူထဲက
နေ ထွက်လာတယ်။ ခရစ်တော်က ပြုံးနေတယ်။ ဘုရှ်ကတော့ အကျွတ်တရား
ရသွားဟန်ရှိပါတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
ခရစ်တော် ။ အခုအချိန်ကစပြီး စစ်ပွဲတွေ ရပ်စဲတော့မယ်။ သမ္မတဘုရှ်က ငြိမ်းချမ်း
ရေးရဲ့ တန်ဖိုးကို သတိထားမိသွားပြီ။
နောက်ထပ် ( ၃ ) နာရီအကြာမှာ အလ္လာအရှင်မြတ်က ဂူထဲကနေ ထွက်လာတယ်။
ဘင်လာဒင်လည်း ပါလာတယ်။ ဘင်လာဒင်ပုံစံက အလ္လာကို ပို၍ပို၍ ရိုသေ
လေးစားနေဟန် ပေါ်လွင်နေတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
အလ္လာ ။ ဘင်လာဒင်ကို လူကောင်း သူကောင်းဖြစ်အောင် ပြောင်းလဲလိုက်နိုင်ပါပြီ။
အခုအချိန်ကစပြီး သူဟာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ပါတ်သက်တော့မှာ မဟုတ်
ပါဘူး။
နောက်ထပ် ( ၃ ) နာရီ အကြာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေ ဂူထဲကနေ
ထွက်လာတယ်။ ဒေါသတထောင်းထောင်းနဲ့ပေါ့။ သူ့နောက်မှာ ဦးမာဃကြီး
စိတ်ပျက်လက်ပျက်နဲ့။
အစောင့်များ ။ ဘယ်လိုဖြစ်တာလဲ အရှင်။
ဦးမာဃ ။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့ လိုပြီဆိုတဲ့အကြောင်း သန်းရွေကို တတ်နိုင်
သလောက် နားချပါတယ်ကွာ။ ဒီတော့ သူက ငါ့ကို ပုဒ်မ ၅(ည) အရ အပြစ်ရှိ
တယ်လို့ စွတ်စွဲပါလေရော။ အခုငါ့ကို အင်းစိန်ထောင်ပို့မလို့ တဲ့ကွာ။
( တင်ပြသူ- exotic )

----------------------။-------------------

စကားပြောသော ဗိုလ်ချုပ်
တစ်ခါသော အခါက ဗိုလ်ချုပ်ကြီးခင်ညွန့် ခေတ်ကောင်းစဉ်အခါကပေါ့ဗျာ။
တရက် ဗိုလ်ချုပ်ကြီးက တပ်မတော်နေ့အတွက် ပြင်ဆင်ထားတဲ့ တော်လှန်ရေး
ပန်းခြံကို လှည့်ပတ်ကြည့်ရှု စစ်ဆေးနေတယ်တဲ့။ သူတစ်ယောက်ထဲ စိတ်လွတ်
ကိုယ်လွတ် ကြည့်နေရင်းမှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုရှေ့ ရောက်လာပါသတဲ့။
ရုတ်တရက် ...
“ဟေ့ကောင် .. ခင်ညွန့်”
ဆိုတဲ့အသံထွက်လာတယ်။ ရုတ်တရက် သူလည်း ဒေါသထွက်ပြီး ဘယ်သူ
ခေါ်လည်းဆိုပြီး ဟိုဝေ့ကြည့် .. ဒီဝေ့ကြည့်နဲပေါ့။ နောက်မှ သူ့ကို ခေါ်နေတာ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကြီးက ဖြစ်နေပါပကော။ သူလည်း ရုပ်ထုကြီးကို
ကြောင်တောင်တောင်နဲ့ ငေးကြည့်နေတုန်း ...
“ဟေ့ကောင် ခင်ညွန့် .. ငါအခုလို မတ်တတ်ရပ်နေတာ ကြာတော့ ညောင်းလာပြီ။
မင်းတို့ငါ့ကို လေးစားသေးတယ်ဆိုရင် ငါ့အတွက် မြင်းတစ်ကောင် ရှာပေးပါ ”
လို့ ပြောသတဲ့။
အဲ့ဒါနဲ့နောက်တော့ ဗိုလ်ခင်ညွန့်လည်း ဗိုလ်ချုပ်ကျောက်ရုပ်က စကားပြောတယ်
ဆိုတာကို ချက်ချင်းပဲ တပ်ချုပ်ကြီး ကိုသွားသတင်းပေးတာပေါ့။ တပ်ချုပ်ကြီးက
မယုံရှာဘူးတဲ့။ ကျောက်ရုပ်က စကားပြောတာ မဖြစ်နိုင်ဘူး .. ဘာဘူးပေါ့။
အဲ့ဒါနဲ့ ဗိုလ်ခင်ညွန့်ကလည်း သူ့ဆရာကို . .ဆရာမယုံရင် ပန်းခြံထဲလိုက်ကြည့်ပါ
.. ကျောက်ရုပ်က စကားပြောနေတာကို တွေ့လိမ့်မယ်ပေါ့။ နောက်ဆုံးတော့
တပ်ချုပ်ကြီးလည်း ဟုတ်လိုဟုတ်ညား .. ဗိုလ်ခင်ညွန့်ခေါ်ရာကို လိုက်သွားတယ်။
အဲ .. တပ်ချုပ်ကြီးလည်း ဗိုလ်ချုပ်ရုပ်ထုရှေ့လည်း ရောက်ကော ..
ကျောက်ရုပ်ကြီးက အရင်အတိုင်းပဲ။ စကားလည်း မပြောဘူးတဲ့။ အဲ့ဒါနဲ့
တပ်ချုပ်ကြီးလည်း စိတ်တွေအရမ်းဆိုးပြီး ဗိုလ်ခင်ညွန့်ကို ချက်ချင်း ရာထူးက
အနားပေးလိုက်တယ် ။ ( မယုံမရှိနဲ့ ။ ဗိုလ်ခင်ညွန့် ပြုတ်တာ အဲ့ဒါကြောင့် .. )
နောက်နေ့ကြတော့ ရာထူးက လောလောလတ်လတ် ပြုတ်ထားတဲ့ ဗိုလ်ခင်ညွန့်
တစ်ယောက် ဒေါနဲ့မောနဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဆီကို ရောက်လာပါ
ရောတဲ့။ ရောက်ရောက်ချင်းပဲ ...
ဗိုလ်ချုပ်က ကျွန်တော့်ကို ညာတယ်ဗျာ။ စကားပြောတတ်ရဲ့သားနဲ့ ဘာလို့
မနေ့က စကားမပြောပြတာလဲ
တဲ့။
အဲ့ဒီမှာ ဗိုလ်ချုပ်ပြန်ပြောလိုက်တာက ...
“ခင်ညွန့် .. ငါက မင်းကို မြင်းတစ်ကောင်ပဲ ရှာခိုင်းလိုက်တာ။ မင်းက နွားကြီး
ခေါ်လာတာကိုးကွ ”
လို့ ဆိုပါသတဲ့။
( တင်ပြသူ- exotic )
------------------။-------------------

ဒီနေ့ သူမရူးပါ။
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
ဆေးရုံရှိလူနာများက အကြီးအကဲကို တွေ့သည်နှင့်.. “အကြီးအကဲ ကျန်းမာပါစေ
...နေကောင်းပါစေ....သက်တော်ရှည်ပါစေ...” ဟု ကောင်းချီးပေးကာ ကြိုဆိုကြ
သည်။ သို့သော် လူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအကဲအား မျက်နှာလွှဲပြီး
နေသည်။ အကြီးအကဲက မြင်သော် “ ဒီလူနာက ငါ့ကိုမြင်တာတောင် မကြိုဆို
ပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ “ လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
နေတယ် ” ဟူသတည်း။
( တင်ပြသူ- xinyaw13 )
-------------------။---------------------

ပညာရေးစနစ်သစ်
ဘန်းကျော် ရွှေနိုင်ငံကြီးတွင် တက္ကသိုလ်ကြီး ၁ဝဝ၁ ခုတည်ပြီး၊ ပညာရေးကို စလုံး၊
ယပက်လက် တို့ကိုသာမက ဆလိမ် (ဆိုမာလီယာ) ရကောက် (ရဝမ်ဒါ)
တို့ကိုအမှီလိုက်နိုင် ကြိုးစားနေချိန် ..
ဂျုပ်ကြီး။ ။ အိမ်း .. ငါ့နိုင်ငံတော်တဝှမ်းက တက္ကသိုလ်ကြီး ၁ဝဝ၁ ခုမှာ
မျိုးဆက်သစ် မီးခဲပြာဖုံးလေးတွေ ပေါ်ထွက်ရဲ့လား ပညာဝန်ကြီး။
ပညာဝန်ကြီး။ ။ “ဂျုပ်ကြီးတို့ဖုန်း မိုးသို့ချုန်း ပွေးပုန်းပေါင်မှာ မနေသာ” ဆိုသလို
မီးခဲပြာဖုန်းလေးတွေ အမြောက်အများ တွေ့ရှိထားကြောင်းပါ ..
ဂျုပ်ကြီး။ ။ အေး ... အေး ... တွေ့ရင် ရေလောင်းထားလိုက်၊ မတော်
ထတောက်နေဦးမယ်။
(ဤတွင် မီးခဲရေလောင်း ပညာရေးစနစ်ကြီး ပေါ် ထွန်းလာသတည်း။ )
( တင်ပြသူ- cohtet )
---------------------------။--------------------------------

ဗေဒင်ဟောခြင်း
ဗေဒင်ဆရာ ဦးရွှေသည် နာမည်ကျော်တစ်ဦး ဖြစ်သည်။ တပည့်လေးများစွာ၏
ဝိုင်းဝန်းပညာယူမှုကို ခံရသူဖြစ်သည်။
တနေ့ - လူတဦး ဝင်လာသည်။
ဆရာ ။ ။ ကဲ နာမည်လေး ပြောပါဦး ...
မေးသူ။ ။ '' ----''
ဆရာ။ ။ သြော် ... တနင်္ဂနွေသားပဲ ... ခင်ဗျား ကြီးပွားကိန်းမြင်တယ်။
တနင်္ဂနွေနံ နဲ့ စတဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ့ သံရုံးရှေ့ မှာ စာရွက်တရွက်ကို ကိုင်ပြီး
လမ်းလျှောက်ရင် ငွေ အစုလိုက် အပြုံလိုက်ဝင်ပြီး နာမည်ကျော်မယ်။ အကြီးအကဲ
တွေရဲ့ ကြည့်ရှု စောင်မမှုကို ရလိမ့်မယ် ....
ထိုသူ ထွက်သွားပြီး နောက်တစ်ဦး ဝင်လာပြန်သည်။
ဆရာ။ ။ ကဲ နာမည်လေး ပြောပါဦး ...
မေးသူ။ ။ '' -----''
ဆရာ။ ။ သြော် ... တနင်္ဂနွေသားပဲ ... ခင်ဗျား သတိထားရမယ်။
တနင်္ဂနွေနံ နဲ့ စတဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ့ သံရုံးရှေ့ မှာ စာရွက်တရွက်ကို ကိုင်ပြီး
လမ်းလျှောက်ရင် အကြီးအကျယ် ဒုက္ခတွေ့လိမ့်မယ်။ အဖမ်းအဆီးမြင်တယ်။
ထောင်တန်း ကျကိန်းရှိတယ်။ အကြီးအကဲတွေ အမျက်ရှလိမ့် မယ် ....
ထိုသူ ထွက်သွားပြီးနောက် ....
တပည့်များက ဝိုင်းပြီး မေးကြလေသည်။
တပည့်များ။ ။ဆရာ နာမည်လေးပဲ မေးပြီး ဘယ်လို ဟောလိုက်တာလဲ ...
တနင်္ဂနွေသားချင်း အတူတူ ဟောချက်က လုံးဝ ဆန့်ကျင်နေတယ်နော် ...
ဂြိုလ်စီး ဂြိုလ်နင်းကြောင့်များလား။
ဆရာ။ ။ အင်း - မင်းတို့နဲ့မလဲ ခက်ပါတယ်။ ဗေဒင်ဟောတယ်ဆိုတာ
ပြင်ပဗဟုသုတလေးလဲ ရှိရတယ်ကွ ... ပထမလူ နာမည်က ကိုအေးလွင် တဲ့ ။
ဒုတိယလူက ဦးအုန်းသန်း တဲ့ကွာ .... ငါ ဘာမှ မတွက်ဘူး .. နာမည်ကြည့်ပြီး
ဟောလိုက်တာပဲ .....
( တင်ပြသူ- Clinton )

Read More...

အပေါ်သို့