..............................

Friday, November 11, 2011

ကွာဟချက် တစ်ဖက်စောင်းနင်းမဖြစ်စေဖို့

လူထုစိန်ဝင်း
Sunday, 06 November 2011

''တစ်နေ့ နှစ်ပုဒ်နေ့တိုင်းရေး နေတာတွေ လျော့လိုက်ပါတော့။ တစ်ပတ်နှစ်ပုဒ်လောက်ပဲ ရေးပြီး နားနားနေနေ သက်သက် သာသာ နေဖို့ကောင်းပြီ'' အဖေဖြစ်သူကို မွေးကင်းစ ကလေးငယ်လေး တစ်ယောက် စောင့်ကြည့် သလို အရိပ် တကြည့်ကြည့် စောင့်ကြည့် နေလေ့ရှိတဲ့ သမီးရဲ့ ပြောစကား ဖြစ်တယ်။

ရန်ကုန်ကို စွန့်ခွာဖို့

ဖြစ်လိုက်ရင် အားလုံးမျက်လုံး ပြူး မျက်ဆန်ပြူး ဖြစ်ရလောက် အောင် အသည်းအသန် ဖြစ်တတ် တာကြောင့် ရာသီဥတု ပူပြင်းလာပြီ ဆိုရင် သမီးက စိတ်ပူမြဲဖြစ်တယ်။ အချိန်ပြည့် အောက်စီဂျင်ပိုက် တပ်မထားရဘဲ မောတဲ့ အချိန်လောက်သာ တပ်ရတဲ့ အချိန်တွေတုန်းကဆို ရင်ပူစ ပြုတာနဲ့ မေမြို့(ပြင်ဦးလွင်) သွားပြီး ဒေါ်ဒေါ်(လူထုအမေမာ) နဲ့ နေဖို့ ဆော်သြလေ့ ရှိတယ်။ အခုတော့ မသွားနိုင်တော့တာတောင် ခြောက်နှစ်ကျော်၊ ခုနစ်နှစ်ရှိပြီ။ ရန်ကုန် အပူဒဏ်တွေကို လှိမ့်ခံနေရတယ်။ အဲဒီ အခါမျိုးမှာ စာရေးတာ နားထားဖို့ အမြဲ ပြောတတ်တယ်။ တစ်ခါတလေ ကျတော့ ရန်ကုန်ကို အပြီးစွန့်ခွာပြီး အေးတဲ့ဒေသမှာ သွားနေကြ ဖို့လည်း ပြောတတ်တယ်။

ရှမ်းပြည်နယ်ကို သံယောဇဉ်ကြီး

သမီးက ရန်ကုန်မှာမွေးပေမယ့် ၈ တန်းအောင်တဲ့ထိ တောင်ကြီးနဲ့ ကလောမှာ နေထိုင် ကြီးပြင်းခဲ့ရတာ ဖြစ်လေတော့ ရှမ်းပြည်နယ်ကို အတော် သံယောဇဉ်ကြီးတာ။ အစားအသောက်က အစ သီပေါသူ အမေနဲ့တူလို့ ရှမ်းခေါက်ဆွဲတို့၊ ရှမ်းမုန့်တီ တို့၊ ခေါပုတ်တို့ပဲ ကြိုက်တယ်။ မုန့်တီမကြိုက်ဘူး။ မုန့်ဟင်းခါး မကြိုက်ဘူး။ ပြင်ဦးလွင်မှာတော့ ရှမ်းစာတွေလည်းပေါ၊ ရာသီဥတုကလည်း ကလောလိုအေးတော့ အဖေ ပြင်ဦးလွင်မှာ နေချင်လည်း အနီး စခန်းမှာရှိတဲ့ ခြံလေးထဲ အိမ်ဆောက် လိုက်တာပေါ့လို့ နွေရာသီရောက်တိုင်း ပြောမြဲဖြစ်တယ်။ ဒါပေမယ့် ခုချိန်အထိ ရန်ကုန်က မခွာနိုင်သေးပါဘူး။

စိတ်ပျက်စရာ

ရန်ကုန်မှာ ရေမကြည်ပါဘူး။ မြက်လည်းမနုပါဘူး။ ပစ္စန္တရစ် အရပ်ကြီးတစ်ခုလို စိတ်ပျက်စရာပါ။ ဒါဖြင့်ရင် ဘာကြောင့် ရန်ကုန်ကို မစွန့်ခွာနိုင် သေးတာလဲ။ စာရေးတဲ့ ကိစ္စကြောင့်တော့ မဟုတ်တာ သေချာတယ်။ အရင်က ဒေါ်ဒေါ်(လူထု အမေမာ)နဲ့အတူ ပြင်ဦးလွင်မှာ သုံး လေးလ နွေခိုကြစဉ်က စာတွေရေးပြီး အမြန်ချောနဲ့ ပို့လို့ အဆင်ပြေနေတာပဲ။ အခုဆို အီးမေးနဲ့ ပို့မလား၊ ဖက်စ်နဲ့ပို့မလား ပိုလို့တောင် လွယ်သေး။ ရန်ကုန်က မစွန့်ခွာနိုင်တဲ့ အကြောင်းရင်းကို သေသေချာချာ စဉ်းစား ကြည့်တယ်။ စီးပွားရေး လုပ်သူ မဟုတ်တော့ လုပ်ကွင်း လုပ်ကွက်တွေနဲ့ ဈေးကွက်တွေလည်း ကြည့် နေဖို့ မလိုဘူး။ ၀န်ထမ်း မဟုတ်လို့ ရုံးကိစ္စတို့ ဘာတို့လည်း စဉ်းစားစရာ မရှိဘူး။

အရေးကိစ္စမှန်သမျှ

ရန်ကုန်ဟာ ပထမမြို့တော်မဟုတ်တာ အတော်တောင်ကြာပါပြီ။ ဒါပေမယ့် လူတွေအတွက် အသုံးဝင်မှု တန်ဖိုးကတော့ ကျမသွားဘူး။ အရင် အတိုင်းပဲ။ လူတိုင်းအတွက် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ နေရေးထိုင်ရေး စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အရေး ကိစ္စမှန် သမျှ ရန်ကုန်လောက် ပြည့်စုံတာ ဘယ်မှမရှိဘူး။ ကိုယ့်ကိစ္စကိုယ် ပြောရင်တောင် ရန်ကုန်ကလွဲပြီး ဘယ်မှ နေမဖြစ်ဘူးလို့ ပြောရမှာပဲ။ အောက်စီဂျင်ကို စက်နဲ့ ရှူတယ် ဆိုပေမယ့် မီးပျက်တဲ့ အခါ သုံးဖို့ ဆေးရုံတွေမှာ သုံးတဲ့အိုးလည်း ဆောင်ထားရတယ်။ အဲဒီအိုးက ကုန်သွားရင် ပြန်ဖြည့်ရတယ်။ ရန်ကုန်မှာတော့ ကုန်တာနဲ့ ဖုန်းဆက်လိုက်ရင် နာရီဝက်အတွင်း အိမ်အရောက် လာပို့တယ်။ မန္တလေးတို့ ပြင်ဦးလွင်တို့မှာ အဲဒီလိုလုပ်လို့ မရဘူး။ ကိုယ်တိုင် အိုးလွတ်ယူသွားပြီး ဖြည့်ခိုင်းရတယ်။ တစ်ရက် အလုပ် မဟုတ်တော့ မလွယ်ဘူး။

ဆေးရုံကြီးကို ပြေးကြရတာပဲ

အခုဆိုရင် အခြေအနေက သန့်စင်ခန်းဝင်တာ၊ ရေချိုးတာတောင် ပိုက်ဖြုတ်ထားလို့ မရတော့ဘူး။ အချိန်ပြည့် တပ်ထားရတယ်။ အောက် စီဂျင်စက်ကြီးကို ရေချိုးခန်းထဲကို ယူသွားလို့ မဖြစ်တော့ သံအိုးကို ယူသွားရတယ်။ ဒီတော့ နှစ်ရက်တစ်ခါလောက် အိုးလဲရတယ်။ ဒီလို ဝေယျာဝစ္စတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ အသက်ရှင် နေရတာဖြစ်တော့ စိတ်သွားတိုင်း ကိုယ်က မပါနိုင်ဘူး။ ဒါတင်မက၊ ပုဂ္ဂလိက ဆေးရုံတွေ ဘယ်လောက် ကောင်းတယ်ပြောပြော တကယ် အရေးကြုံလာတော့ ရန်ကုန် ဆေးရုံကြီးကို ပြေးကြရတာချည်းပဲ။ တချို့ စက်ကိရိယာ မျိုးတွေက အစိုးရ ဆေးရုံကြီးမှာပဲ ရှိတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကို ပုဂ္ဂလိက ဆေးရုံတွေက ရင်းနှီးမြှုပ်နှံမှု လုပ်ချင်ကြတာ မဟုတ်ဘူး။

အသက်ကို ဖက်နဲ့ထုပ်

ကိုယ့်အခြေအနေက ဆေးရုံကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့ လက်တစ်ကမ်းလောက် အဝေးမှာသာ နေလို့ဖြစ်တာ။ စိတ်ရှိပေမယ့် လက်တွေ့မှာ အခြေအနေက မပေးဘူး။ ကျေးလက်နဲ့ မြို့ပြဆိုတာထား၊ ရန်ကုန်နဲ့ မန္တလေး တောင် ကွာခြားချက်က သိပ်ကြီးတယ်။ ကိုယ်ကလည်း အသက်ကို ဖက်နဲ့ ထုပ်ထားသလို ယဲ့ယဲ့ကလေး နေရတာ မဟုတ်လား။ ဘယ်မှာ မြို့ငယ်လေးတွေမှာ နေလို့ဖြစ်မှာလဲ။ မန္တလေးဆိုတာ မြို့ငယ်လေး မဟုတ်ပါဘူး။ အခုလည်း မြို့ကြီးပါ။ ရှေးကဆို နေပြည်တော်ပါလို့ ဘယ်လိုပဲပြောပြော လိုအပ်ချက်တွေ ပြည့်စုံမှုကတော့ အများကြီး ကွာခြားလှပါတယ်။

အမှိုက်ပြဿနာ

မန္တလေးနဲ့ ရန်ကုန်သာ ကွာခြားလွန်းတာ မဟုတ်ဘူးခင်ဗျ။ မန္တလေးနဲ့ မုံရွာလည်း အများကြီး ကွာခြားပါတယ်။ မန္တလေးနဲ့ လားရှိုး၊ မန္တလေးနဲ့ တောင်ကြီးတို့လည်း အများကြီး ကွာခြားပါတယ်။ ဒီလို ကွာခြားလွန်းတော့ နှစ်တွေ ကြာလာတဲ့ အခါမှာ ရန်ကုန်လို မြို့ကြီးရဲ့ လူဦးရေက အဆမတန် တိုးပွား လာတဲ့ အတွက် ပြဿနာပေါင်းစုံ ပေါ်ပေါက် လာခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန်မှာ အမှိုက် ပြဿနာကြောင့် တာဝန်ရှိသူတွေ တော်တော် ခေါင်းကိုက်နေကြရပြီ။ သိပ်မကြာခင်မှာ ရေမလုံလောက်မှု ကြုံတွေ့လာမယ့် လက္ခဏာတွေ စပြီး ပြနေပြီ။ နေစရာအိမ် အခက်အခဲတွေလည်း မလွဲမသွေ ကြုံတွေ့ ကြရလိမ့်မယ်။ အခုတောင် ၀န်ထမ်း မိသားစုတွေ အရင်က လို ရေကျော်၊ ပုဇွန်တောင်၊ ကျောက်မြောင်းစတဲ့ ရပ်ကွက်မျိုးမှာ အိမ်ငှား မနေနိုင်ကြတော့ဘူး။

ခြေသလုံးအိမ်တိုင်လူတန်းစား

ဖွံ့ဖြိုးတိုးတက်မှု ကွာခြားလွန်းတော့ နယ်ကလူတွေမြို့တက်လာပြီး ကြုံရာကျပန်း လုပ်ကြတာတွေ တစ်နေ့တခြား များသထက် များလာတယ်။ ၁၉၄၈၊ ၄၉၊ ၅၀ ပြည်တွင်း စစ်အရှိန် အပြင်းဆုံး ကာလများက ရန်ကုန်မှာ ကျူးကျော် ရပ်ကွက်တွေ ရှောင်မလွတ်အောင် များပြား လာခဲ့ဖူးတယ်။ ပြည်တွင်းစစ် အရှိန် သေသွားတော့လည်း အဲဒီလူတွေကနယ် မပြန်ကြတော့ဘူး။ ဒီလိုနဲ့ပဲ ၁၉၅၀ ၀န်းကျင်က လူဦးရေ ငါးသိန်း သာသာလောက်ပဲ ရှိတဲ့ ရန်ကုန်လူဦးရေ ဟာ သိန်း ၂၀ ကျော်အထိ ရှိလာခဲ့တယ်။ အိန္ဒိယနိုင်ငံမှာ ဆိုရင် မြို့ကြီးတိုင်းမှာ အိုးမဲ့အိမ်မဲ့ ခြေသလုံးအိမ် တိုင်လူတန်းစား (ခုခေတ်အခေါ် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ) တွေရဲ့ ပြဿနာဟာ တစ်နေ့တခြား ဆိုးသထက် ဆိုးလာတာကို တွေ့ကြရတယ်။

တစ်ဖက်စောင်းနင်း၊ မဖြစ်အောင်

တရုတ်ပြည်မှာလည်း ရှေးကမရှိပေမယ့် အခုတော့ လယ်သမားတွေ မြို့တက်ပြီး ကြုံရာကျပန်း လုပ်တာတွေ ထိန်းမနိုင် သိမ်းမရ အခြေ အနေမျိုးထိ ရောက်လာတယ် ဆိုတဲ့ သတင်းတွေ ကြားသိ နေရတယ်။ ဖွံ့ဖြိုးမှု ကွာခြားချက် အဆမတန် ကြီးမား လာခြင်းက လူမှုရေး ပြဿနာမျိုးစုံကို ဖြစ်ပေါ်လာစေပြီး အဲဒီက နောက်တစ်ဆင့် တက်တော့ လူ့အဖွဲ့အစည်း အတွင်းက ပဋိပက္ခတွေကို ပြင်းထန် လာစေတယ်။ အဲဒါတွေကို တားဆီးဖို့ အတွက် ကျေးလက်နဲ့ မြို့ပြကွာဟမှု ပပျောက်ရေး ဆောင်ရွက်သလို၊ မြို့ကြီး မြို့ငယ်တွေကြား ဖွံ့ဖြိုးမှု တစ်ဖက်စောင်းနင်း မဖြစ်အောင်လည်း ဆောင်ရွက်ဖို့လိုကြောင်း နှိုးဆော် လိုက်ပါရစေ။

Ref: EMG News

Read More...

NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်

မသင်းသီရိ
ကြာသပတေး, 10 နိုဝင်ဘာ 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး မတင်ရေး ကိစ္စကို နိုင်ငံ တ၀ှန်းက ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မချခင် တချို့ပြည်နယ်နဲ့ တိုင်းတွေမှာ ဆွေးနွေး နေကြတဲ့အထဲ မတူကွဲပြားတဲ့ အမြင်တွေ ရှိနေကြပါတယ်။ အများစုကတော့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ဖို့ သဘောတူကြပေမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့နေရာမှာ မတူတဲ့ အမြင်တချို့ ရှိနေတာပါ။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြ ပေးထားပါတယ်။

NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးအပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ တနိုင်ငံလုံးက NLD ဗဟိုဦးစီးတွေနဲ့ ထပ်မံတွေ့ဆုံပြီး ဆုံးဖြတ်ချက်ချဖို့ NLD က စီစဉ်ထားတာပါ။ ဒါ့ကြောင့်မို့ ၁၈ ရက်မတိုင်ခင် တချို့ ပြည်နယ် တိုင်းတွေမှာ NLD အဖွဲ့ဝင်တွေရဲ့ သဘောထားတွေနဲ့ ဆွေးနွေးတိုင်ပင် နေတာတွေ ရှိနေပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက NLD ပါတီဝင်တွေကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့မှာ သဘော တူကြတာ များပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့မှာတော့ မတူတဲ့ အမြင်တွေ ရှိတာမျိုး သိရတယ်လို့ မိတ္ထီလာခရိုင်က NLD ဗဟိုဦးစီး တယောာက်ဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“မေးကြည့်တဲ့အခါမှာ တချို့ကလည်း မတင်ချင်ဘူးပေါ့။ တချို့ကလည်း တင်ချင်တယ်ပေါ့။ ပါတီမှတ်ပုံ တင်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ ကတော့ တော်တော်များများက သဘောတူပါတယ်။ ရွေးကောက်ပွဲ ၀င်ရေး ကိစ္စကတော့ တကဏ္ဍ ဖြစ်နေတယ်လေ။ တချို့ ကျတော့လည်း ရတဲ့ အခွင့်အရေးကို ရတဲ့နေရာမှာ ရတဲ့ပုံစံနဲ့ လုပ်ရတဲ့အခါမှာ NLD က ရသလောက် ၀င်ယူကြမယ် ဆိုတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ လိုရင်းကတော့ တင်ရေးနဲ့ ၀င်ရေးပေါ့။ မှတ်ပုံလည်းတင်၊ ၀င်စရာရှိတာလည်း ၀င်လိုက်တော့။ ၀င်လိုက်တော့ ဆိုတာက ကျနော်တို့ ကြားထဲမှာ လုပ်ရမယ့် အလုပ်တွေက အများကြီး ရှိသေးတယ်။ အတိုင်းအတာ တခုအထိ ပါတီထဲမှာ တစိတ်တပိုင်း ၀င်ထားခြင်း အားဖြင့် အကျိုးရှိမယ်လို့ မြင်တယ်”

တခါ ကရင်ပြည်နယ်က NLD ပါတီဝင်တွေဟာ ဆိုရင်လည်း ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်သူ မရှိ လက်ခံပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့မှာတော့ တချို့က သဘောမတူတာ ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီမိုကရေစီနည်းအရ အများဆန္ဒအတိုင်း လိုက်နာဆောင်ရွက်မှာ ဖြစ်သလို တိုင်းရင်းသားအရေး အားလုံး ပြေလည်ဖို့ အတွက် ဘယ်လို ညှိနှိုင်း ဆောင်ရွက်မှုမျိုး မဆို လိုက်နာ ဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် NLD ပါတီက ခေါင်းဆောင် တဦးဖြစ်တဲ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“အဲဒီအပေါ်မှာတော့ နည်းနည်းကွဲပြားမှုရှိတယ်။ ဒါပေမယ့် အဲဒါကျတော့လည်း ရန်ကုန်ကျမှပဲ ပြန်ပြီးတော့ စုစည်း ပြီးတော့ ပြန်ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ကြမယ်လို့ တိုင်ပင် ထားကြတယ်။ တချို့ကလည်း မ၀င်ချင်ဘူး။ သူတို့ တဦးထဲ ဆန္ဒပေါ့နော်။ မ၀င်ချင်ဘူး ဆိုပေမယ့် အများဆန္ဒ အတိုင်းပါပဲ။ အများဆန္ဒက ၀င်မယ့်ဘက်က ဖြစ်တယ်ဆိုလို့ ရှိရင် အန်တီတို့ ကလည်း ကျေကျေနပ်နပ်ပဲ လက်ခံမှာပါ။ လောလောဆယ် ဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့ စစ်ပွဲတွေကလေ တိုင်းရင်းသား တွေရော၊ ဒေသခံ ရှိတဲ့လူတွေ၊ မြို့ပေါ်မှာရှိတဲ့ လူတွေက ဒီလောက် မသိသာပေမယ့် နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေက အင်မတန် ဒုက္ခရောက်ပါတယ်။ အဲဒီလို အန်တီတို့ ဒီဘက်မှာ တင်းနေလို့ရှိရင် အဲဒီလို ရေရှည်ကြီး ဖြစ်နေလိမ့်မယ်အတွက် အဲဒါကို တထစ်လျှော့တဲ့ အနေနဲ့ အန်တီတို့လည်း လျှော့ပေးမယ်လို့ စိတ်က ကူးထားပါတယ်”

မန္တလေးတိုင်းကတော့ လတ်တလော ဗဟိုဦးစီး အစည်းဝေးလုပ်ပြီး သဘောထား မမေးမြန်းရ သေးပေမယ့် NLD ပါတီကို ဦးဆောင် နေကြတဲ့ ဗဟိုနဲ့အတူ တခြား ပြည်နယ်၊ တိုင်းတွေရဲ့ သဘောထားအတိုင်း လုပ်ဆောင်မယ်လို့ NLD မန္တလေးတိုင်း ဒုဥက္ကဋ္ဌ ဦးသိန်းတန်က ဆိုပါတယ်။

“အမျိုးမျိုးတော့ ရှိရမှာပေါ့ခင်ဗျာ။ ယတိပြတ်တော့ ပြောလို့မရပါဘူး။ တခြားတိုင်းတွေ ဘယ်လို လုပ်ထားသလဲ၊ ဘာပြောမလဲ ဆိုတာ ကျနော်တို့လည်း unseen လေ။ ဘာမှ မသိရသေးဘူးလေ ခင်ဗျာ။ အဲဒီကျမှပဲ ကျနော်တို့ ဆွေးနွေး ကြရမှာပေါ့။ ”

မန္တလေးတိုင်းရဲ့ သဘောထားပါရှင်။

တခါ ရှမ်းပြည်နယ်ကတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေထက် ဖြစ်သင့်တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အောက်မှာ လိုက်ပါ ဆောင်ရွက်မယ်လို့ ရှမ်းပြည်နယ် ဗဟိုဦးစီး အဖွဲဝင် ဒေါ်ခင်မိုးမိုးက ဆိုပါတယ်။

“ကျမတို့ ရှမ်းပြည်နယ်သဘောထားကတော့ ဒီအချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်လုပ်ရမယ့် အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မှတ်ပုံတင်ရေးကို ကျမတို့ ရှမ်းပြည်က လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့က ကြားဖြတ် ရွေးကောက်ပွဲ ၀င်တာကိုလည်း လက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ဆက်လက်ပြီး ပါတီ ရှင်သန်အောင် လုပ်ရမှာမို့လို့ကို အသွင်တွေ ပြောင်းလာတယ်။ အဲဒီလိုပဲ ကျမတို့ကလည်း တိုးတက်မှုအတွက် ပြောင်းလဲတာကို လက်ခံတဲ့သဘော ဖြစ်ပါတယ်။”

ဒါကတော့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးဖြစ်ပါတယ်။

လာမယ့် ၁၈ ရက်နေ့ အစည်းဝေးကိုတက်မယ့် ဧရာဝတီတိုင်းက ဗဟိုဦးစီအဖွဲ့ဝင် ဦးမန်းညွန့်သိန်း ကတော့ လက်ရှိ အစိုးရကို ဘယ်လောက် ယုံကြည်ရမလဲ ဆိုတဲ့ စဉ်းစာချက် သူ့မှာ ရှိနေတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်ချက်ဆိုင်ရာ တွေကို ထည့်သွင်း စဉ်းစားဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။

“မှတ်ပုံတင်လိုက်ပြီးတော့ မ၀င်ဘဲနေလို့ရရင်လည်း နေစေချင်တယ်။ ၁၉၉၀ ခုနှစ်က ရှိသေးတာကိုး။ တကယ်လို့ မတော်တဆများ ယိုင်သွားမယ် ဆိုရင် တို့ ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ဟာလေးလည်း ပြန်စဉ်းစားရတယ်။ တို့ရဲ့အတွေ့အကြုံနဲ့ ပေါ့လေ။ နှစ် ၂၀ ကျော် ဖြတ်သန်း ခဲ့တဲ့ဟာ အမျိုးမျိုး အလှည့်ပတ် ခံပြီးတော့ သံသယ အကျိုးကတော့ ရှိနေတယ်။ အခြေခံမှာ ပြောင်းလဲမှုတွေ မရှိသေးဘူးလား ဆိုတော့ အခြေခံမှာ ဒီ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတွေ ရွေးတာကျတော့ နဂိုရ်မူလ လူတွေပဲ သို့မဟုတ် သူတို့ ကြံ့ခိုင်ရေးကလူတွေ၊ သို့မဟုတ် အာဏာပိုင်နဲ့ ဆက်စပ်တဲ့ လူတွေချည့်ပဲ။ ဒီလိုပဲ ငွေများတရားနိုင်၊ ငွေနည်း တရားရှုံး နေတာတွေလည်း ရှိနေတယ်”

ဧရာဝတီက ဦးမန်းညွန့်သိန်းပါ။ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီနှစ်မကုန်ခင် ကျင်းပ ပေးမယ် ဆိုတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဥပဒေအရ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၀င်နိုင်ခြေ ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက VOA မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

မြန်မာနှင့်တရုတ် လူ့အခွင့်အရေး တိုးတက်ဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း

ကြာသပတေး, 10 နိုဝင်ဘာ 2011

ကမ္ဘာ့စီးပွားရေးနဲ့ မဟာဗျူဟာကျတဲ့ဗဟိုချက်ဟာ ကမ္ဘာ့အရှေ့ပိုင်းကို ရွေ့လျားလာတာနဲ့အတူ အာရှ-ပစိဖိတ် ဒေသ အပေါ် အမေရိကန် ပြည်ထောင်စုက ပိုပြီး အာရုံ စိုက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ ကျင်းပတဲ့ APEC လို့ခေါ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီး ဆွေးနွေးပွဲကို မတက်ရောက်ခင်မှာ အခုလို ပြောခဲ့တာပါ။ အဲဒီ ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမှာဖြစ်ပြီး သမ္မတ ဘားရက် အိုဘားမားက အိမ်ရှင် အဖြစ် တာဝန်ယူ ကျင်းပပေးမှာပါ။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်တွေ့နေရပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို အကဲစမ်းမှုတွေ ရှိနေ သေးတာကြောင့် အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ကူညီဖြေရှင်း သွားမယ်လို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ချထားတဲ့ ယမ်ငွေ တန်ဘိုးကို မြှင့်ပေးခြင်း အားဖြင့် ကုန်သွယ်ရေး လုပ်တဲ့ နေရာမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ဖယ်ရှားဖို့ ၀န်ကြီး ကလင်တန်က တရုတ်ကို တိုက်တွန်း လိုက်ပါတယ်။

လူ့အခွင့်အရေးကိစ္စမှာလည်း တိုးတက်လာအောင်လုပ်ဖို့ တရုတ်ကို တိုက်တွန်းပါတယ်။ တရုတ် ဘက်ကသာ အပြောင်းအလဲ တွေကို လုပ်လာခဲ့မယ် ဆိုရင် တရုတ်နဲ့ တခြား နိုင်ငံတွေနဲ့ ဆက်ဆံရေး အတွက် တည်ငြိမ်မှုနဲ့ တိုးတက်မှုတွေ ဖြစ်လာအောင် ခိုင်မာတဲ့ အုတ်မြစ် ချလိုက်သလို ဖြစ်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ တရုတ်ဈေးကွက်ထဲကို ကုန်ပစ္စည်းတွေ တင်ပို့တဲ့အခါ မျှတတဲ့ အခွင့် အလမ်းတွေကို လိုချင်တယ်။ ဈေးကွက် ပြိုင်ဆိုင်မှုမှာလည်း တဘက်နဲ့တဘက် တန်းတူ ယှဉ်ပြိုင် ရသလို ဖြစ်ချင်တယ်လို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။ သူဟာ ဟာဝိုင်အီကနေ တဆင့် ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံ တွေကိုလည်း သွားဦးမှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဦးဝင်းတင်ကို “သူရသတ္တိ” ရွှေတံဆိပ်ဆု ချီးမြှင့်မည်

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ပင် တိုင်းပြည် အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်မှ “သူရသတ္တိ” ရွှေတံဆိပ်ဆု ပေးအပ်မည်ဟု သိရသည်။

ပြည်တွင်းတွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခံရမည့် “သူရသတ္တိ” ရွှေတံဆိပ်ဆုမှာ ရင်ထိုးအမျိုးအစား ဖြစ်ပြီး အလေးချိန် တကျပ်သားရှိ ရွှေပြားပေါ်တွင် “သူရသတ္တိ” ဟူသော စကားလုံးနှင့် “ခွပ်ဒေါင်းပုံ” ပါဝင်သည်။ ယင်းဆုကိုလည်း ဆရာတော် တဦးတည်းမှ အကုန်အကျခံသော ဆုတံဆိပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးအပ်မှာ ဖြစ်သည်။

အခမ်းအနားကို ကျောင်းတိုက်တည်ရှိရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အနော်ရထာ လမ်းတွင် ကျင်းပ မည်ဖြစ်ကာ တဆက်တည်းပင် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များအား ပြန်လည် သိက္ခာထပ်ပွဲကို ပူးတွဲကျင်းပမည် ဖြစ်သည်။

“ဒီမိုကရေစီသွားတဲ့ နေရာမှာ အကွေ့အကောက်၊ အတိမ်းအစောင်း၊ အကြောက်အရွံ့ မရှိပဲနဲ့ ဦးဝင်းတင်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရဲရဲဝင့်ဝင့်ဖြင့် ရင်ဆိုင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဦးဝင်းတင်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု မကွေး ပရိယတ္တိ ကျောင်းတိုက် ဆရာတော် အရှင် ပါမောက္ခက မဇ္ဈိမကို မိန့်သည်။

“ခွပ်ဒေါင်းဆိုတဲ့ သဘောတရားက မဟုတ်ရင် ဘယ်သူ့ကိုမှ မခံဘူး။ သူက အကုန်လုံး ခွပ်ပြီးတော့ သတ်မယ် ဆိုတဲ့ သဘော တရားကို ဆောင်တယ်။ မဟုတ်တဲ့ နေရာမှာ ခွပ်ဒေါင်းဟာ သူ့အပေါ်မှာ ကျရောက်လာတဲ့ အန္တရာယ် မှန်သမျှကို အကုန်လုံး တိုက်ခိုက်နိုင်တဲ့ စွမ်းရည် သတ္တိ ရှိပါတယ်။ ဦးဝင်းတင်ကလည်း အဲဒီလို ခွပ်ဒေါင်းရုပ်နဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မို့လို့” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်မှာ သတင်းစာသမား ဘဝမှပင် တိုင်းပြည်နှင့် ပြည်သူ့ အကျိုးအတွက် တစိုက် မက်မက် လုပ်ဆောင်ခဲ့သည့် အပြင် နိုင်ငံရေးသမား ဘဝတွင်လည်း ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် NLD နှင့်အတူ စိုက်လိုက်မက်တပ် လုပ်ဆောင်ခဲ့သည်။

အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရကာ ၁၉ နှစ်ကျော်ကြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည် လွတ်မြောက် လာခဲ့သူ ဖြစ်သည်။

“အန်ကယ် ဦးဝင်းတင်က တကယ့်ကို ယုံမှားသံသယ မရှိကောင်းတဲ့ တကယ့်ဒီမိုကရက်တစ် တယောက် ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး ဘဝအရပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ခံယူချက် အရပဲ ဖြစ်ဖြစ် လူထုနဲ့ တသားတည်း ရှိပြီးတော့ ဒီကနေ့ အချိန်အထိ မားမားမတ်မတ် ရပ်တည်နေတဲ့ အတွက် သူဟာ ဒီဆုနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့မှ ပေးအပ်သည့် Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု - Guillermo Cano World Press Freedom Prize၊ ကမ္ဘာ့ သတင်းစာများ အသင်း၏ လွတ်လပ်ရေး အတွက် ရွှေကလောင်ဆု - Newspapers' Golden Pen of Freedom နှင့် နယ်စည်းမခြား သတင်းထောက်များဆု - Winner of Reporters Without Border များ ချီးမြှင့် ခံထားရသူလည်း ဖြစ်သည်။

ဆုပေးပွဲကို တခမ်းတနားဖြင့် မလုပ်ပေးစေလိုကြောင်း ဦးဝင်းတင်က အကြောင်းပြန်ခဲ့သည်ဟု သွားရောက် အကြောင်းကြားခဲ့သူ ကိုအောင်ဇော်ထွန်းက ပြန်ပြောပြသည်။

သိက္ခာထပ်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့နှင့် ဒီမိုကရေစီ အင်အားစု များက စုပေါင်းပြုလုပ်ခြင်းဖြစ်ကာ လက်ရှိတွင် သိက္ခာထပ်မည့် သံဃာတော် ၂၄ ပါး ရှိပြီဟု သိရသည်။ ယင်းအပြင် ပွဲသို့ လာရောက်မယ့် အကျဉ်းကျခံ မိသားစုများအတွက် စာအုပ်စာတမ်းနှင့် အခြား ထောက်ပံ့ရေး ပစ္စည်းများကို ကူညီသွားမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

အစိုးရချင်း ပြေလည်မှ တပ်မတော်ချင်း ပြေလည်မှာပါ

ကိုပေါက်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် အစိုးရ၏ အဆင့်မြင့် ကိုယ်စားလှယ် တဦးဖြစ်သည့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ် မစ်ချဲလ်၏ မြန်မာနိုင်ငံသို့ တတိယအကြိမ် ခရီးစဉ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့်ပါ တွေ့ဆုံခဲ့သည်။

ဤတွေ့ဆုံခြင်းမှာ ၂၃ နှစ်အတွင်း အမေရိကန် အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် တဦးက မြန်မာ ကာ/ချုပ်အား ပထမဆုံး အကြိမ် လာရောက် တွေ့ဆုံခြင်းဖြစ်သည်။

နေပြည်တော်၌ နိုဝင်္ဘာ ၃ ရက်နေ့က တွေ့ဆုံစဉ် “နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန်” ဆွေးနွေးခဲ့ ကြကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပျော့ပြောင်းလာသည်နှင့် အမျှ အမေရိကန်၏ လူသားချင်း စာနာသည့် အကူအညီများ ပေးလာပြီးနောက် ယခုကဲ့သို့ စစ်ရေးကူညီမှုများ ပြုလုပ်ရန် စတင်လာသည့် အပေါ် သြစတြေးလျ အခြေစိုက် မြန်မာ စစ်ရေးအကဲခတ် ဦးဌေးအောင်အား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ အမေရိကန် အစိုးရကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်နဲ့ ကာ/ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ တွေ့တယ်ဆိုတာ ဘာအဓိပ္ပါယ် ဆောင်တယ်လို့ ပြောနိုင်မလဲ ခင်ဗျ။

ဖြေ။ ။ အစိုးရချင်း သမ္မတနဲ့ တွေ့ပြီး ဆွေးနွေးနေပြီဆိုရင် ပြီးတာပဲ။ ဒါပေမယ့် (ကာ/ချုပ်) မင်းအောင်လှိုင်ကို လည်း တွေ့ပြ လိုက်တာက အမေရိကန် တပ်မတော်က ဗမာ့တပ်မတော် အပေါ်မှာလည်း အမြင်တွေ ပျော့ပြောင်း လာပြီး လက်ကမ်းမှု လုပ်လာတယ် ဆိုတာမျိုးကို မက်ဆေ့ခ်ျ ပေးချင်တဲ့ သဘောဖြစ်မယ်။

မေး။ ။ ၈၈ အရေးအခင်း မတိုင်ခင်တုန်းက အမေရိကန်နဲ့ စစ်ရေးပူးပေါင်းမှုတွေ ရှိခဲ့တယ် မဟုတ်လားဗျ။

ဖြေ။ ။ စစ်အစိုးရလက်ထက် ၈၈ ခုနှစ်က စလို့ အမေရိကန်နဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုတွေက အကုန်လုံး ပြတ်တောက် ခဲ့တယ်။ အဲဒါ မတိုင်ခင်တုန်းက ဦးနေဝင်းရဲ့ မဆလ စစ်အာဏာရှင် လက်ထက်မှာတောင် မူးယစ်ဆေးဝါး နှိမ်နင်းမှုကို အကြောင်းပြပြီးတော့ အမေရိကန်နဲ့ ဗမာ စစ်တပ် အကြားမှာ ဆက်ဆံမှုတွေ နီးနီးကပ်ကပ် ရှိခဲ့တာတွေ အများကြီးရှိတယ်။ အမေရိကန် စစ်တက္ကသိုလ်တွေ သွားပြီးတော့ စစ်ဦးစီး သင်တန်း တက်ခဲ့တဲ့ ဗမာ့တပ်မတော် အရာရှိကြီးတွေ အများကြီး ရှိတယ်။ ထောက်လှမ်းရေး သင်တန်းတွေ တက်တာမျိုးတို့၊ အမေရိကန် ကုမ္ပဏီတွေကနေ စစ်လက်နက် ပစ္စည်းတွေ ဝယ်တာတို့ပေါ့။ အစစ အရာရာပေါ့ဗျာ။ တကယ်ပြောမယ် ဆိုရင် မြန်မာ စစ်ဗိုလ်ချုပ်တွေ ကြားထဲမှာ အနောက် နိုင်ငံတွေကို အထင်ကြီးတဲ့စိတ်၊ အထူးသဖြင့် အမေရိကန်ကို အထင်ကြီးတဲ့ စိတ်က အစကတည်းက ရှိတယ်။ စစ်ပစ္စည်းမှာဆို အမေရိကန် ပစ္စည်းမှ သုံးချင်တာမျိုး၊ နောက်အဆုံး ရုပ်ရှင်ကြည့်တာတောင် အမေရိကန် ကားကိုမှ ကြည့်ချင်တာမျိုး။

တရုတ်အပေါ် ပုံပြီးအားကိုးနေရတဲ့ အချိန်မှာ တရုတ်ကလည်း သူတို့အပေါ်မှာ မီးစတဖက်၊ ရေမှုတ်တဖက် လုပ်နေ တာတွေ တွေ့ရတယ်။ သူတို့ကို လက်နက်တွေ ရောင်းတယ်၊ အလားတူပဲ အပစ်အခတ် ရပ်စဲရေး တချို့အဖွဲ့တွေကို လက်နက်စက်ရုံတွေ ပေးထားတာမျိုး။ ကိုးကန့် အရေးအခင်း ဖြစ်ကတည်းကိုက တရုတ်နဲ့ နအဖနဲ့ တပ်ချင်း ဆက်ဆံရေးမှာ အဖုအထစ်လေးတွေ တင်းမာ လာခဲ့တဲ့သဘော တွေ့ရတယ်။

အခု ဝ တို့၊ မိုင်းလားတို့ကို ကြံ့ဖွံ့အစိုးရက အများကြီး အလျှော့ ပေးနေရတာဟာ နောက်က တရုတ်နိုင်ငံရဲ့ အရှိန် သက်ရောက်မှု ပါ။ ဗမာ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ကိုယ်၌က တရုတ်နဲ့ ရေရှည် ပေါင်းလာရင် ပြဿနာတွေ ရှိလာမယ် ဆိုတာကို တဖြည်းဖြည်း သဘောပေါက် လာတော့ အမေရိကန်ကို မျက်စ ပစ်နေတာ။ အဲဒါကြောင့် မလွှဲမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်ကို ပေါင်းရတဲ့ သဘော ဖြစ်တာပေါ့။

မေး။ ။ အမေရိကန်ကို မျက်စပစ်နေတာ ကြာပြီဆိုတော့ ဘယ်ကာလလောက်ကစပြီး သတိထားမိလဲဗျ။

ဖြေ။ ။ နဝတ၊ နအဖ လက်ထက်ကတည်းက မူးယစ်ဆေးဝါး အကြောင်းပြပြီး ကြိုးစားခဲ့တာလည်း ရှိတယ်။ နောက် မြန်မာပြည် မြောက်ဖျားမှာ ဒုတိယ ကမ္ဘာစစ်တုန်းက ပျက်ကျသွားခဲ့တဲ့ အမေရိကန် လေယာဉ်ပျံ ကြီးတွေကို တကူးတက ရှာပြီးတော့ အမေရိကန်ကို ပြန်ပေးတာမျိုး။ မျက်နှာချို သွေးရတာတွေ လုပ်နေတာ ကြာပြီဗျ။ အခု အခွင့်အလမ်းတွေ သာသွားတော့ တမင် လမ်းဖွင့်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်ကို လုံးလုံးကြီး ချဉ်းကပ်သွားတဲ့ သဘောပေါ့။

မြစ်ဆုံဆည်ကြီး ပိတ်လိုက်တာကလည်း ပြည်သူ့စကားကို နားထောင်တာထက် တရုတ်ကို ပညာ ပေးလိုက်တဲ့ သဘောပေါ့။ တဖက်ကို ပြန်ကပ်လို့ ရနိုင်တဲ့ အလားအလာ ရှိနေတော့ ခွါလို့ရတာကို ပြတာပေါ့။

မေး။ ။ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးဆိုတာမှာ ဘယ်လိုကိစ္စရပ်မျိုးတွေ လုပ်လာ နိုင်မယ်လို့ မျှော်လင့်ရလဲဗျ။

ဖြေ။ ။ အခု တရုတ်ကနေ ဝယ်ထားတဲ့ ရေတပ်သုံး လေယာဉ်တို့၊ စစ်သင်္ဘောတို့က အမေရိကန်က ထိုင်းကို ပေးထားတဲ့ လက်နက်တွေနဲ့တောင် လုံးဝ မယှဉ်နိုင်ဘူး။ ဒါကိုလည်း ဗမာ့ တပ်မတော် ခေါင်းဆောင်တွေက သိတယ်။ နောက် ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် အမေရိကန်ဆီက လက်နက်တွေ ဝယ်မယ်၊ နည်းပညာတွေ ယူမယ်၊ စစ် သင်တန်းတွေ ဆိုလည်း အမေရိကန်ကိုပဲ သွားတက်မှာပေါ့။ သူတို့က အဲဒါကို လုပ်ချင် နေတာလည်း ကြာပြီလေ။ သူတို့ဘက်က ပြန်ပေးရမှာက မူးယစ်ဆေးဝါး ကိစ္စပေါ့။ သူတို့နဲ့ အမေရိကန်နဲ့ အဆင်ပြေ ရင်တော့ ‘ဝ’ကတော့ သိပ်ချောင် မယ်မထင်ဘူး။ တချိန်ချိန် တွယ်မှာပဲ။

မေး။ ။ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေရော ဒေသတွင်းမှာ ရှိလာနိုင်မလား။

ဖြေ။ ။ ရှိလာနိုင်ပါတယ်။ နာဂစ် ဖြစ်တုန်းကလည်း အမေရိကန်ရေတပ်က ကမ်းလှမ်းခဲ့တာ သူတို့ လက်မခံ ခဲ့ဘူးလေ။ နောက်ပိုင်းမှာ ပူးပေါင်း ဆောင်ရွက်လာမှာပါ။

မေး။ ။ ဒေသတွင်းမှာရော စိုးရိမ်မှုတွေ ရှိလာနိုင်မလား။

ဖြေ။ ။မရှိနိုင်ပါဘူး။ ထိုင်းမှာလည်း နှစ်စဉ်နှစ်တိုင်း စစ်ရေး ပူးတွဲလေ့ကျင့်မှုတွေ လုပ်နေတာပဲ။ အိန္ဒိယရော၊ ဘင်္ဂလားဒေ့ရှ် မှာရော လုပ်နေတာပဲ။ သူ့နေရာနဲ့သူ လုပ်နေရင် ပြဿနာ မရှိနိုင်ပါဘူး။ သို့သော် ပြည်ပ တပ်တွေ အခြေစိုက်ခွင့် မပေးဘူး၊ နျူကလီးယား လက်နက်တွေ မထားဘူးဆိုရင် ခြိမ်းခြောက် တယ်လို့ မဆိုလိုပါဘူး။ နောက်ပြီး အမေရိကန်နဲ့ ခုလို ဆက်ဆံရေး လုပ်တယ် ဆိုပေမယ့် တရုတ်ကိုလည်း ဆက်ဆံရေး လုံးဖြတ်မှာ မဟုတ်ဘူးလေ။ ရင်းနှီးမြှုပ်နှံမတွေ ရှိနေတာပဲ။ တဖက်တည်းကို ပုံပြီး အားကိုးရရင် ရေရှည်မှာ ပြဿနာကတော့ ရှိလာမှာပဲ။

မေး။ ။ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ဘယ်ကိစ္စတွေက အခက်အခဲကြုံစေနိုင် မလဲ။

ဖြေ။ ။ အမေရိကန်က အစိုးရအောက်မှာ တပ်မတော်က ဆောင်ရွက်ရတော့၊ အစိုးရကလည်း လူ့အခွင့်အရေး ပေတံတွေနဲ့ လုပ်ဆောင် နေတဲ့ အနေအထားဆိုတော့၊ တောင်းဆိုထားတဲ့ အချက်တွေ အဆင်ပြေမှ လုပ်လာမယ့် သဘောရှိ ပါတယ်။ အစိုးရချင်း ဆက်ဆံရေး ပြေလည်လာမှ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်လို့ ရမှာ။

အမေရိကန်ပိတ်ဆို့မှု မထိခိုက်ပါဘူးလို့ စစ်အစိုးရက အမြဲတမ်း အော်ခဲ့တယ်။ တကယ်တမ်းကျတော့ စိတ်ဓါတ်ရေး အရရော၊ စီးပွားရေး အရရော သူတို့ကို အများကြီးကို ထိခိုက်ပါတယ်။ အခုကျတော့ နည်းနည်း အနံ့လေး ပေးလိုက် တာနဲ့ ကောက်ကောက်ပါအောင် ပါသွားတာ။ ဒေါ်စုကို တွေ့ပြနေရတာ နောက်ကွယ်က အမေရိကန်ကို ချဉ်းကပ်ချင်တာ အဓိကပါ။

မေး။ ။၂ဝဝ၉ တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဂျင်ဝဘ်နဲ့ တွေ့ခဲ့သေးတယ်။ (အဲဒီတုံးက) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ကာ/ချုပ်ဆိုတော့ အခု ကာ/ချုပ်နဲ့တွေ့တာ အမေရိကန် အနေနဲ့ ၈၈ နောက်ပိုင်းမှာ ဒုတိယ အကြိမ်လို့ ပြောနိုင်မလား။

ဖြေ။ ။ ဂျင်ဝဘ်က ဆီနိတ်တာကိုး။ လွှတ်တော်ရေးရာကော်မတီမှာပဲ တာဝန်ရှိတယ်။ ဆီးနိတ် ကိုယ်စား အခြေအနေတွေ တီးခေါက်တာ။ အဖုအထစ်တွေ ကျော်လွှားဖို့ နည်းလမ်း လာရှာတဲ့ သဘောပဲ။ အခု ဒဲရစ်မစ်ချဲလ် ကျတော့ အမေရိကန် အစိုးရကကို တာဝန် ပေးထားတဲ့ ကိုယ်စားလှယ်လေ။ ဒီလူရဲ့ အစီရင်ခံချက်က နှစ်နိုင်ငံ ဆက်ဆံရေးမှာ အများကြီး အကျိုးသက်ရောက်မှာ။


Ref: မဇ္ဈိမ

Read More...

ဆက်ကြေးမရလို့ ဝန်ထမ်းတန်းလျား မီးရှို့

ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့နှစ်ရှည်ပင် လုပ်ငန်း ရာဘာခြံထံမှ ဆက်ကြေးငွေ မရရှိသည့်အတွက် ဝန်ထမ်းများ နားခိုရာ တန်းလျားကို မီးရှို့သည့် ဖြစ်ရပ်တခု စနေနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ဘက်အစွန်ရှိ ကွမ်လှာရွာနှင့် သံဖြူဇရပ်မြို့နယ် ဖောင်စိန်ရွာကြား ဧက ၇၀၀ ခန့်ရှိ အဆိုပါ ရာဘာခြံအား နိုဝင်ဘာ ငါးရက်နေ့ ညနေ သုံးနာရီခွဲခန့်တွင် ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးအဖွဲ့ဟု လူသိများသည့် မွန်လက်နက်ကိုင် အဖွဲ့မှ လက်နက်ကိုင် လေးဦးက ဆက်ကြေးငွေ ၁၂ သိန်း တောင်းခံ ထားရာမှ မရရှိသည့်အတွက် လက်နက်ကိုင် လေးဦးပါ အဖွဲ့က လာရောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလကုန်ပိုင်းကတည်းက တောင်းခံထားသောဆက်ကြေးငွေကျပ် ၁၂ သိန်း မရရှိသည့် အတွက် လုပ်သွားခြင်း ဖြစ်သည်ဟု ဆိုကာ “မီးရှို့တာလည်း နေ့ခင်းကြောင်တောင် နေကျဲကျဲ ပူတဲ့အချိန်၊ နောက်တော့ ကြောက်ပြီး အားလုံး ထွက်ပြေး သွားကြတယ် ဆိုတော့ အားလုံး လောင်သွားတာပဲ။” ဟု ကွမ်လှာရွာသူတဦးက ပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် တန်းလျားတလုံးနှင့် ဝန်ထမ်း ၂ဝ ခန့်၏ အသုံးအဆောင်များ မီးလောင် ဆုံးရှုံးခဲ့သည်။ အခင်း ဖြစ်ပွားရာ ရာဘာခြံသည် မုဒုံနှင့် သံဖြူဇရပ်မြို့နယ်ကြား အဝေးပြေး မော်တော်ကား လမ်းဘေးတွင်ရှိပြီး သံဖြူဇရပ် ပြင်ရှိ ခလရ ၆၂ နှင့် တကီလိုမီတာ ခန့်သာ ကွာဝေးသည်။

ဖောင်စိန်ရွာမှ ရာဘာခြံရှင်တဦးကလည်း “မီးရှို့တဲ့လူတွေလည်း ရှို့ပြီးတာနဲ့ ချက်ချင်း လမ်းက ဆိုင်ကယ်ကို တားပြီး သူတို့ကို လိုက်ပို့ဖို့ ခေါ်သွားတယ်။ အဘစ်ရွာ အရှေ့ဘက် တောထဲ ဝင်သွားတယ်လို့ ဆိုင်ကယ် သမားတွေက ပြောတယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် နံနက် ၆ နာရီ မထိုးမီ ရွာပြင်မထွက်ကြရန် ကွမ်လှာရွာနှင့် ဖောင်စိန်ရွာ များတွင် ရွာလှည့် မောင်းခတ်ကာ အသိပေး ထားပြီး ရာဘာခြစ် ဝန်ထမ်းများလည်း ယနေ့တိုင် အလုပ် ရပ်နား ထားကြသည်ဟု အထက်ပါ ရာဘာခြံရှင်က ပြောသည်။

အခင်းဖြစ်ပွားရာ အနီးတဝိုက် ဖြစ်သည့် ဖေါင်စိန်၊ ကွမ်လှာနှင့် မီးရှို့သူများ ထွက်သွားသည့် ရောင်းဒေါင်း၊ နှီးပဒေါနှင့် အဘစ်ကျေးရွာ ကားလမ်း အရှေ့ဖက်တလျှောက်တွင် အစိုးရတပ်များက ရှာဖွေလျက် ရှိသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း မွန်ပြည်နယ် တောင်ပိုင်းရှိ လမ်းတံတားများကို ပြုပြင် ဆောက်လုပ်ရန် ကန်ထရိုက် ရယူထားသည့် AK (အေးကို) မိသားစု ကုမ္ပဏီပိုင် မော်တော်ကားနှင့် ဝန်ထမ်း အိမ်ရာကို အထက်ပါ လက်နက်ကိုင် အဖွဲ့က မုဒုံမြို့နယ် ကမာဝက်ရွာ အနီးတွင် မီးရှို့ကာ ဝန်ထမ်းများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းတွင် ဝန်ထမ်း လေးဦးကို သိန်း ၄ဝ ဖြင့် ပြန်လွှတ် ပေးခဲ့သည်။

အလားတူ ဇွန်လ ၁၁ ရက်နေ့တွင်လည်း မုဒုံ-သံဖြူဇရပ်ကြားတွင် လမ်းဖောက်နေသည့် AK ကုမ္ပဏီ ဝန်ထမ်း တဦးကို ထိုအဖွဲ့ကပင် ငွေကျပ် သိန်း ၁၅ဝ ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲခဲ့ပြီး ဇူလိုင် လလယ်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

၎င်းပြင် ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း ကမာဝက်ရွာနှင့် ပတ်ဝန်းကျင်ရွာများရှိ စီးပွားရေး ချောင်လည်သည့် အိမ်များသို့ စာရေးသား ပေးပို့ကာ ဆက်ကြေး တောင်းခံခဲ့ပြီး၊ ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း မုဒုံနှင့် သံဖြူဇရပ်ကြား ရှိ အစိုးရ ရာဘာခြံတခြံမှ တဲတလုံးကို မီးရှို့ ဖျက်ဆီးခဲ့သေးသည်။

မေလ ၁၄ ရက်က မုဒုံမြို့အနီး အော်တိုအိတ်ချိန်းရုံး ဗုံးပေါက်ကွဲသည့် ဖြစ်ရပ်နှင့် ဇွန်လ ၂၉ ရက်နေ့က သံဖြူဇရပ်မြို့နှင့် ရေးမြို့နယ် အကြား ခရီးသည်တင် မှန်လုံကား နှစ်စီးကို မီးတင်ရှို့ပြီး ကားသမား ခြောက်ဦးကို ပြန်ပေး ဆွဲသွားသည့် ဖြစ်ရပ် တွင်လည်း ၎င်းအဖွဲ့နှင့် ပတ်သက်နေသည်ဟု ဒေသခံများက ယူဆကြသည်။

ယခင်က မွန်အမျိုးသား ကာကွယ်ရေးတပ်ဟု အမည်ပေးထားသည့် ထိုလက်နက်ကိုင် အဖွဲ့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်တွင် လှုပ်ရှားနေပြီး AK ကုမ္ပဏီ ဝန်ထမ်းလေးဦးကို ပြန်ပေးဆွဲစဉ် ကလည်း ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး ဒေသဘက်တွင် ထိန်းသိမ်း ထားခဲ့သည်ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူတို့က ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း

ဖနိဒါ
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ အစိုးရနှင့် အပစ်ခတ်ရပ်ရေး ရယူခြင်းအပေါ် ရှင်းလင်းပြောကြားပွဲကို ကြာသပတေး နေ့တွင် ပြုလုပ်ရန် လူထုမှ အချိန်မီ ရောက်မလာခဲ့သဖြင့် နောက်ရက်သို့ ရွှေ့ဆိုင်း လိုက်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA မှ အရာရှိတဦးက ပြောသည်။

"ရွာကလူတွေစုတာ လာတာ နောက်ကျတာပေါ့နော်။ တချို့ရွာတွေကလည်း လမ်းခရီးက သုံးနာရီ၊ လေးနာရီလောက်ကြာ လမ်းလျှောက် ရတာကိုး၊ မနက်ဖြန်မှ စမယ်။" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ နှစ်ဘက် အပစ်ခတ် ရပ်စဲခဲ့သည့် အကြောင်း ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးစီးသော DKBA အဖွဲ့ကွဲ တခု၏ ဌာနချုပ်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့ တောင်အုပ် ကျေးရွာတွင် ကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ဒေါနတောင် အရှေ့ဘက်ခြမ်း၊ ဒေါနတောင် အနောက်ခြမ်းရှိ ကျေးရွာ တရွာလျှင် အနည်းဆုံး ကိုယ်စားလှယ် နှစ်ယောက်အထိ ဖိတ်ခေါ်ထားကာ သောကြာနေ့ နံနက် ၁ဝ နာရီ အချိန် တွင်တော့ ရှင်းလင်းပွဲ ပြုလုပ်နိုင်မည်ဟု ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ဦးဆောင်သော အဖွဲ့နှင့် ဗဟိုအစိုးရ ကိုယ်စာလှယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (၁) ဦးအောင်သောင်း၊ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကြံ့ခိုင်ရေး အတွင်းရေးမှူး (၂) ဦးသိန်းဇော်နှင့် ဗိုလ်ကြီး မောင်မောင်သိန်းတို့ ဒုတိယအကြိမ် တွေ့ဆုံပြီး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

နှစ်ဘက်သဘောတူညီချက်တွင် အပစ်ခတ်ရပ်ရန်၊ မြဝတီမြို့တွင် DKBA၏ ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ပြုရန်၊ မိမိ၏ နယ်မြေမှ ကျော်ကာ လက်နက်ကိုင် သွားလာလျှင် ကြိုတင် အကြောင်းကြားရန်၊ နယ်မြေ သတ်မှတ် ပေးရန်နှင့်နှစ်ဘက် ဆွေးနွေးပြီးနောက် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန်တို့ ပါဝင်သည်။

ဒေါနတောင် အရှေ့ခြမ်း မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်တွင် နေရာချပေးရန် DKBA ၏ တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောပြီး တပ်များ နောက်ဆုတ်ပေးခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွှေး၏ DKBA များမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကလိုထူးပေါ၊ ကော့ကရိတ်မြို့နယ် ကလိုထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်းဘွဲ့-ဖာပွန်နယ်စပ်ရှိ ကလူလားဟူ၍ ဗျူဟာသုံးခုတွင် အခြေချထားသည်။

တောင်အုပ်ရွာမှ ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့ အကြမ်းပြောမယ်ဆိုရင် ဖိနှိပ်မှုရှိရင် အုံကြွမှုရှိမှာပဲနော်။ ကျနော် တို့ကို တွန်းပို့တယ်။ မလုပ်ချင်တာကို လုပ်ခိုင်းတယ်။ ကျနော်တို့ မလုပ်ဘူးဆိုရင် အတင်းအကြပ် ခိုင်းတယ်။ နောက်တော့ ကျနော်တို့က ပါးကိုက်တော့ နားပြန်ကိုက် သွားတာပေါ့ဗျ။ နောက် သေနတ်ပြန်ပေါက်သွားတာပါ။”ဟု ဆို သည်။

၂ဝ၁ဝ ခု နိုဝင်ဘာလ ၈ ရက်နေ့က အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်မှု မတိုင်ခင်က ဗိုလ်မှူးကြီး အဆင့်သာ ရှိခဲ့သော နှုတ်ခမ်းမွှေး တပ်များနှင့် KNU၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ပူးပေါင်း တိုက်ခဲ့သည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် ကာကွယ်ရေး ဝန်ကြီး ဌာနအောက် နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းခဲ့သည်။

လက်ရှိ နယ်ခြားစောင့်တပ်ပြောင်းပြီးမှ ပြန်လည်တောခိုသော ဗိုလ်မှူးစောဘိ ခေါင်းဆောင်သော DKBA အဖွဲ့ငယ် တခု နောက်ဆုံး ကျန်ရှိ နေသေးပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် မဟာမိတ် ဖွဲ့ထားသည်။


Ref: မဇ္ဈိမ

Read More...

လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့

ကိုပေါက်
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ထုတ်ဖော် ပြောကြား လိုက်သည်။

“(တွေ့ဆုံဖို့ဆန္ဒ) သိပ်ရှိတာပေါ့ဗျာ။ တွေ့ဆုံချင်လို့ ဒုတိယ ပင်လုံညီလာခံ ပြောပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စု စိတ်ဓါတ် ညီလာခံ ဆိုတာတွေလည်း လုပ်ကိုင်နေ၊ သွားနေတာတွေ ရှိတယ်။ သို့သော်လည်း NLD ကိုယ်စားလှယ် တွေက သွားပြီး ကြားထဲမှာ စေ့စပ်တာ၊ ညှိနှိုင်းတာ လုပ်ကိုင်ပေးနိုင်မယ့် အနေအထားကတော့ ခုချိန်မှာ မရှိသေး ဘူးဗျ” ဟု NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ ကြေညာချက်ပါ ဒေါ်အောင်ဆန်း စုကြည်နှင့် NLD အား တိုင်းရင်းသား ခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန် အကြံပြုချက်အား တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

တပြည်လုံး အတိုင်းအတာဖြင့် အပစ်ရပ်ရန် တောင်းဆိုလိုက်သည့် အဆိုပါ ကြေညာချက်တွင် တိုင်းရင်းသား အားလုံးနှင့် စေ့စပ် ညှိနှိုင်းနိုင်ရန် NLD ၏ စွမ်းဆောင်နိုင်ရည်အား အသိအမှတ် ပြုရန်နှင့် ကြိုးပမ်းမှုအား ပံ့ပိုးပေးရန် ဦးသိန်းစိန် အစိုးရ အား NCUB က တိုက်တွန်းထားသည်။

မြေပေါ် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးနိုင်မှုများ ရှိခဲ့သော်လည်း လက်နက်ကိုင် အင်အားစုများနှင့် တွေ့ဆုံ နိုင်ရန်မှာ အာဏာပိုင်များနှင့် ကြိုတင် ညှိနှိုင်းရန် လိုကြောင်း “အခြေအနေ ပေးသလောက်ပဲ လုပ်နိုင် စွမ်းရှိမယ်။ သွားမယ် ဆိုရင် အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့နဲ့ ပတ်သက်တာ ပြေပြေလည်လည် လုပ်ရမယ့် ကိစ္စ အများကြီးရှိတာပေါ့။ တခါတုန်းက ကျနော်တို့ဆီက CRPP က ဦးအေးသာအောင်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကချင်ပြည်နယ်ဘက် သွားတဲ့အခါ ဖိတ်လို့ သွားတာပဲလေ။ ဟိုရောက်တော့ အာဏာပိုင်တွေက ဖမ်းပြီး ထောင်ထဲ ထည့်ပစ် လိုက်တာလည်း ရှိတာကိုးဗျ” ဟု ဦးတင်ဦးက ပြောသည်။

ဇူလိုင်လ ၂၈ ရက်စွဲပါ ‘အိတ်ဖွင့်ပေးစာ’ တွင် ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ပံ့ပိုးရန် အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်” ဟု သမ္မတ ဦးသိန်းစိန်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များအား ကမ်းလှမ်းထားသည်။

NLD အနေဖြင့် ပါတီရပ်တည်ရေး ကိစ္စရပ်များ အတွက် ဗဟိုဦးစီးအဖွဲ့ဝင်များ ဆွေးနွေးရန် ရှိနေပြီး ဆုံးဖြတ်ပြီး နောက်တွင် ပါတီ၏ လုပ်နိုင်ရည် ပိုရှိလာမည်ဟုလည်း ဦးတင်ဦးက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တိုင်းရင်းသား အရေးကို အဓိက ဦးစားပေးထားတာ ဒီနေ့အထိ တစက်မှ မလျော့ပါဘူး ခင်ဗျ။ အခု ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ကိစ္စရပ် အပေါ်မှာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတယ်။

အခု ပါတီကိစ္စနဲ့ ပါတ်သက်လို့ မှတ်ပုံတင်တဲ့ ကိစ္စတို့၊ ရွေးကောက်ပွဲ ဝင်မယ်/ မဝင်ဘူးဆိုတဲ့ ကိစ္စတို့ ကလည်း အခု လောလောဆယ်မှာ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရမှာ ဖြစ်ပြီးတော့ အဲဒီအခါမှာ လုပ်နိုင်ကိုင်နိုင်မှုဟာ ပိုမိုထိရောက်မှု ရှိနိုင်မယ်” ဟု ပြောသည်။

NLD က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်အပြင် ပါတီတွင်း ကျယ်ပြန့်သော ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အစီအစဉ်အား NCUB က ကြိုဆိုလိုက်သည်။

NCUB ကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် NDF ၊ ဒီမိုကရေစီ အင်အားစုများလည်း ပါဝင်သည့် DAB၊ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)တို့ ပူးပေါင်း ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

တရားမဝင်ကား ဂယက်ကြောင့် အကောက်ခွန်ညွှန်မှူး ပြေးပြီ

November 10, 2011

တရားမ၀င် ကားတင်သွင်းမှုများကို အစိုးရက စုံစမ်းစစ်ဆေးလျက် ရှိနေချိန် အေးရှားဝေါလ် ဆိပ်ကမ်းတွင် တာဝန် ထမ်းဆောင် နေသော အကောက်ခွန် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ်မှာ အကြောင်းပြချက် မရှိဘဲ ထွက်ပြေး တိမ်းရှောင်သွားပြီး ကျန်အရာရှိ တချို့လည်း ထွက်ပြေးရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိက ဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းများတွင် လိုင်စင်မဲ့ ကားများ တရားမ၀င် ဖမ်းဆီးချိန်မှ စ၍ ဦးအောင်ရဲထွဋ်မှာ ရုံးမတက်တော့ကြောင်း၊ ၎င်းနှင့် ရင်းနှီးသော အကောက်ခွန် ညွှန်ကြားရေး မှူးများက ဦးအောင်ရဲထွဋ် ကိုယ်စား ခွင့်တိုင်ခဲ့ကြကြောင်း၊ သို့သော်လည်း အစိုးရ၏ ခွင့်ပြုထားသည့် ခွင့်ရက် ကျော်လွန်သည် အထိ ဦးအောင်ရဲထွဋ်မှာ ရုံးပြန် မတက်တော့ကြောင်း၊ ထို့ကြောင့် လစာမဲ့ ခွင့်အဖြစ် ဆက်လက် တင်ပြ ထားသော်လည်း သက်ဆိုင်ရာ အကောက်ခွန် ရုံးချုပ်သို့ ဆက်သွယ်ခြင်း မပြုကြောင်း အကောက်ခွန်ရုံးနှင့် နီးစပ်သူများက ပြောသည်။

“ဆိပ်ကမ်းမှာ ကားတွေစပြီးဖမ်းတဲ့ ဒီနှစ်လယ် လောက်ကတည်းက ဦးအောင်ရဲထွဋ် ရုံးမတက်တော့တာ၊ အခုဆိုရင် ၄ လကျော် ၅ လလောက် ရှိနေပြီ။ ကားတွေ တရားဝင် သွင်းတဲ့ အမှုနဲ့ သူက တိုက်ရိုက် ပတ်သက်နေတော့ မရှင်းနိုင်လို့ ထွက်ပြေးသွားတာ။ တချို့ အရာရှိတွေလည်း ပြေးဖို့ ပြင်နေကြပြီ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနရုံးမှ အရာရှိတဦးက ပြောသည်။

လိုင်စင်မဲ့ကားများ တရားမ၀င် တင်သွင်းမှုတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးမှူး၊ ဒု ဦးစီးမှူး အပါအ၀င် အကောက်ခွန် ၀န်ထမ်း ၆၀ ကျော် ပါဝင် ပတ်သက်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ပြုလုပ် ထားသော စုံစမ်း စစ်ဆေးချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“အကောက်ခွန် ဦးစီးဌာနညွှန်ချုပ်ဟောင်း ဗိုလ်မှူးကြီးစံသောင်း (ယခုမြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး) လက်ထက်မှာ အကျင့်ပျက် ခြစားတာတွေ အုပ်စုဖွဲ့ ကျူးလွန်တာမျိုး အများကြီး ဖြစ်ခဲ့တယ်။ အခုညွှန်ချုပ် ဦးထွန်းသိန်း လက်ထက် မှာလည်း ဆက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဘဏ္ဍာ အခွန်ဝန်ကြီး ဦးလှထွန်းက သူ့လူတွေကို အထိမခံဘူး။ ကာကွယ် ပေးထားတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနရုံး အရာရှိက ဆိုသည်။

ဦးထွန်းသိန်းသည် ယခင်က နေပြည်တော်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ရုံး အဖွဲ့မှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး ၀န်ကြီး ဦးလှထွန်း၏ လူယုံလည်းဖြစ်ကာ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ယခုနှစ်ဆန်းပိုင်းတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။

ယခုနှစ် သြဂုတ်လအတွင်းက ကား ၇ စီး တရားမ၀င် သယ်ဆောင်လာသည်ဟု ဆိုကာ ACE အမည်ရှိ ၀န်ဆောင်မှု အေဂျင်စီ တခုကို လုပ်ငန်း လိုင်စင် ရာသက်ပန် ရုပ်သိမ်းခဲ့သည့် အပြင် အဆိုပါအေဂျင်စီတွင် လုပ်ကိုင်နေသူများ၏ လုပ်ကိုင်ခွင့် ကတ်များကိုပါ ၇ ရက်တွင်း အကောက်ခွန် ဦးစီးဌာနသို့ ပြန်အပ်စေခဲ့သည်။

ထိုကိစ္စကို မကျေနပ်သော အေးဂျင့်များက လာဘ်ယူခဲ့သော အကောက်ခွန် အရာရှိများ အကြောင်း သမ္မတ ဦးသိန်းစိန် ထံသို့ တိုင်စာများ ပေးပို့ခဲ့ကြသည်။

“လက်ခုပ်ဆိုတာ တဘက်တည်း တီးလို့ မမြည်ပါဘူး။ အေးဂျင့်တွေမှာ အပြစ်မရှိဘူးလို့ မပြောဘူး၊ အေးဂျင့်တွေရော၊ ကားခိုးသွင်းတဲ့ သူရော၊ အစိုးရ ၀န်ထမ်းတွေပါ ပေါင်းလုပ်ကြတာ။ ဒါပေမယ့် အစိုးရ ၀န်ထမ်းတွေက အပြစ်မရှိသလိုလိုနဲ့ တခြားလူတွေကို အပြစ်ပုံချတာ၊ ထိုးချတာကတော့ လုံးဝ လက်မခံနိုင်ပါဘူး” ဟု ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ အကောက်ခွန် ရှင်းလင်းရေး အေးဂျင့်တဦးက ပြောသည်။

၂၀၀၆ ခုနှစ်က အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် ၀န်ထမ်း ၆၀၀ ကျော်ကို အကျင့်ပျက် ခြစားမှုဖြင့် အရေးယူ ထောင်ဒဏ် ချမှတ်ခဲ့ပြီးနောက် ယင်းနှစ်တွင်ပင် အကောက်ခွန် ဦးစီးမှူး ၁၀၀ ကျော် ခန့်ထားရန် အလုပ်ခေါ်ယူခဲ့ရာ လူ ၈၀၀၀ ကျော် အလုပ် လျှောက်ထားခဲ့ပြီး စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူများမှာ အထူး ဦးစားပေးအဖြစ် အလုပ် ခန့်အပ် ခံခဲ့ရကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

KNU ထိန်းချုပ်နယ်မြေ ထားဝယ်၌ အစိုးရတပ် အင်အားတိုးချဲ့

သန်းထိုက်ဦး
November 10, 2011

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အား များစွာ တိုးချဲ့ထားသည်။

ယင်းဒေသတွင် အစိုးရ တပ်ရင်း ၃ ရင်း လှုပ်ရှားနေသည့် အပြင် တပ်ရင်း ၈ ရင်းခန့် ထပ်မံ တိုးချဲ့ထားသောကြောင့် စစ်သည် အင်အား ၈၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တိုးချဲ့ချထားခြင်း ဖြစ်ပြီး တပ် အင်အား တိုးချဲ့ရခြင်း အကြောင်းရင်းကို မသိရသေး ဟု KNU တပ်မဟာ ၄ ဒေသ မှ စောကွယ်ထူးဝင်း က ဧရာဝတီသို့ ပြောကြားသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သောကားလမ်းကို KNU တပ်မဟာ ၄ လှုပ်ရှားနေ သည့် ဒေသတွင် Italian-Thai Development (ITD) ကုမ္ပဏီက ဖောက်လုပ်နေပြီး ၀န်ထမ်းများ၊ မော်တော်ယာဉ်များ သွားလာခြင်း မပြုနိုင်ရန် KNU က ပိတ်ဆို့ထားကြောင်း သိရသည်။

သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာသယ်ပို့ပေးသည့် မော်တော်ယာဉ် တချို့ကို KNU က သွားလာခွင့် ပြုထားသည်။

ဤသို့ အစိုးရ စစ်သည် အင်အား တိုးချဲ့နေခြင်းသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း လမ်းလုံခြုံရေးအတွက် KNU တပ် ဖွဲ့ဝင်များအား ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု KNU တပ်ဖွဲ့ဝင် ဟောင်းများက သုံးသပ်သည်။

ကွယ်ကလူ ကရင် သတင်းဌာနမှ အယ်ဒီတာ ကိုအယ်နာက ကန်ချနဘူရီ ထားဝယ် အဝေးပြေး ကားလမ်း လုံခြုံရေး အတွက် ထားဝယ်ဒေသရှိ KNU တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်ရန် နေပြည်တော်က အမိန့် ပေးထားသည်ဟု သတင်း ရရှိကြောင်း
ဧရာဝတီ ကို ပြောသည်။

“အဝေးပြေးလမ်းမ ဖောက်နေတာကို အနှောင့်အယှက် ပေးသူတွေကို ရှင်းပစ်ဖို့ အမိန့်ပေးထားတယ်လို့ ကြားတယ်၊ လာမယ့် ပွင့်လင်း ရာသီမှာ ထိုးစစ် ဆင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်း ရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။

မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင် တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရ သည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက် လာနိုင်ပုံတို့ကို မြန်မာ စာနယ်ဇင်းများတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။

Ref: ဧရာဝတီ

Read More...

မန္တလေး-မြစ်ကြီးနားရထား KIA ခြုံခိုတိုက်

နူးပန်
ကြာသပတေး, 10 နိုဝင်ဘာ 2011

မန္တလေး-မြစ်ကြီးနား ရထားတစင်းကို KIA ဘက်က ခြုံခို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ရထား ၀န်ထမ်းတဦး အနည်းငယ် ထိခိုက် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာအစိုးရ စစ်တပ်က KIA အပေါ် ထိုးစစ် အရှိန်မြှင့်လာတဲ့ အချိန်မှာ KIA ကလည်း အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြ ပေးထားပါတယ်။

မန္တလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ အစိုးရ ရထားတစ်စင်းကို KIO တပ်ရင်း ၁၁ က ခြုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရစစ်တပ်တွေ စစ်အင်အားဖြည့်ရာမှာ လက်နက်နဲ့ စစ်သားတွေကို ရထားတွေနဲ့ အဆက်မပြတ် ပို့ဆောင်နေတဲ့ အချိန်မှာ ခုလို ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ နမ္မတီး ဒေသခံ တစ်ယောက်က ခုလိုပြောပါတယ်။

“မနက်ပိုင်း ၆ နာရီခွဲ ၇နာလောက်ပေါ့နော်။ အဲအချိန်မှာ ခေါက်ပြန်ရထား မရန့်နဲ့ နမ္မတီးကြား တံတား ညီနောင်မှာ ဗုံးပေါက်ကွဲပြီးမှ စက်ဆရာကို မှန်တွေဘာတွေ ကွဲတဲ့ဟာက စက်ဆရာရဲ့ မျက်နှာမှာ နည်းနည်း ပွန်းပဲ့သွားတယ်လို့ အဲဒီလို သတင်းရတယ်။ ပုံမှန်တော့ သွားနေတာပဲ။ တခြားတွဲမှာ ရဲဘော် တွေတော့ တစ်ခါတရံ လေး ငါးတွဲ ပါတယ်လို့ အဲဒီလို သတင်းတော့ ရပါတယ်။ အမြန်ရထား ဒုတိယ အမြန်တို့၊ ပထမအမြန်တို့မှာ ရဲဘော်တွေစီးပြီး တက်လာတယ်လို့ သတင်းတော့ ရပါတယ်”

မြန်မာအစိုးရစစ်တပ်တွေက ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ KIO ရှိရာ ဒေသတလျှောက် အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်အင်အား ကိုလည်း ကချင်ဒေသကို ရေလမ်း၊ ကုန်းလမ်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းကနေ ပိုတိုး ဖြည့်နေတာလို့ မြစ်ကြီးနား ဒေသခံ တယောက်ကလည်း အခုလို ပြောပါတယ်။

“KIO ခေါင်းဆောင် ဇောင်းဟရားကို သိန်းဇော်က အပစ်ခတ်ရပ်စဲတဲ့စာ ပို့တယ်ဆိုပေမယ့် ပိုပြီးမှ စစ်အင်အား တိုးချဲ့တာကို အခါတိုင်းထက်ကို တိုးချဲ့တာကို သိရတယ်။ မြစ်ဆုံကိုလည်း ကား၂ စင်း အပြည့်နဲ့ တက်သွားတာကို သိရတယ်”

မြန်မာစစ်တပ်တွေရဲ့ ထိုးစစ်ဆင်မှုများကြောင့်လည်း ခုရက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ သွားလမ်း တ၀ိုက်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ဗန်းမော် -လွယ်ဂျယ်လမ်းပိုင်း ခ၀မ်ဘမ် (ကျောက်စခန်း) ဒေသအပြင်နဲ့ တာပိန်မြစ်၊ ရေအားလျှပ်စစ် ရှိရာ ဆန်ဂန်မှာလည်း ၃ ရက်ကြာ ပြင်းပြင်းထန်ထန် စစ်ပွဲ ဖြစ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။

နှစ်ဘက်အကျအဆုံးရှိရာမှာ မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ကျဆုံးပြီး KIO ဘက်ကလည်း ထိခိုက် ကျဆုံးမှု ရှိကြောင်း သိရပေမယ့် အတည်ပြုခြင်းတော့ မရှိသေးပါဘူး။

အခုလို တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ တဘက်မှာလည်း ဒေသခံတွေရှိတဲ့ကျေးရွာကို မြန်မာအစိုးရက KIO တပ်ရင်း ၃ နယ်မြေ ဆန်ပိုင်နဲ့ ဂါးရားယန်ဒေမှာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီး မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးမဲ့ အိမ်မဲ့ ထွက်ပြေး တိမ်းရှောင် နေကြပါတယ်။ ကျေးရွာတွင်း စစ်သားများ ၀င်ရောက်ပြီး နေအိမ် ဖျက်ဆီးခံခဲ့ရသူ အမျိုးသမီး တစ်ဦးက ကချင်လို အခုလို ပြောပြပါတယ်။

သူပြောသွားတာကတော့- ကျမတို့ကို သူပုန်ဆိုပြီး ကလေးနဲ့ မိခင်တွေအားလုံးကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့ကိုတော့ နှိပ်စက်တာ၊ နှိပ်စက်တာ ခြေထောက်တွေလည်း မကောင်းတော့ဘူး။ တကိုယ်လုံးလည်း ပျက်စီးကုန်ကြပြီ။ အသက် မသေရုံ တမယ်ပဲရှိတယ်။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေ၊ အလှူငွေတွေ၊ စောင်တွေ အားလုံးလည်း သူတို့ကြိုက်တာ အကုန်ယူသွားတယ်။ ပြီးတော့ ဖျက်ဆီးတယ်။ အိမ်ကို မီးတွေ ရှို့တယ်။ ၃ ယောက်ကိုတော့ သေနတ်နဲ့ရိုက်တယ်။

ဘုရားကျောင်းပလင်ပေါ်မှာဆိုရင် သွေးတွေပဲ။ သူတို့ကိုလည်း သေနတ်နဲ့ချိန်ပြီး ခေါ်သွားကြတယ်လို့ သူက ပြောသွားတာပါ။

ကေအိုင်အေ တပ်ရင်း ၃ ရှိရာ ဌာနချုပ်ဘက်ကို အစိုးရတပ်ရင်း ၁၀ ရင်းခန့် စုပေါင်းပြီး အလုံးအရင်း ချီတက် လာနေသလို KIA ဘက်ကလည်း ခုခံ တိုက်ခိုက်နေတဲ့အတွက် လမ်းတလျှောက် ကျေးရွာသားတွေလည်း နှိပ်စက် ဖမ်းဆီးမှုခံရပြီး ဒေသခံတွေလည်း နယ်စပ်ကို ထောင်ချီထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။


Ref: VOA News

Read More...

ကချင်ပြည်သူ့စစ် ခေါင်းဆောင်နှင့် လွှတ်တော်အမတ် သဘောထား ခံယူမှုလုပ်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင် ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနှင့် အထက်လွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း တို့ ကချင် လွတ်မြောက်ရေး KIO နှင့် အစိုးရအကြား အပစ်အခတ်ရပ်ရေးနှင့် ပတ်သက်၍ ပြည်သူ များထံမှ သဘောထား ကောက်ခံရန် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဗဟိုအစိုးရကို လိုလားသော ကေအိုင်အိုမှ ခွဲထွက်သွားခဲ့သည့် ခေါင်းဆောင်ဟောင်းများက KIO ကို ဖိအားပေးသော အနေဖြင့် ကချင် လူထု၏ အသံကို နားထောင်ရန်ဆိုကာ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှ YMCA ခန်းမတွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီထိ ဗုဒ္ဓဟူးနေ့က အစည်းအဝေး ခေါ်ယူခဲ့သည်။

ရပ်မိရပ်ဖများ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ NGO အဖွဲ့များအပါအဝင် စုစုပေါင်း ၄၀ ဦး ကျော် တက်ရောက် ခဲ့သည်ဟု ဆိုသည်။

“သူတို့က ပြည်သူတွေဘက်က သဘောတူညီမှု ရတယ်ဆိုရင် ဆုံးဖြတ်ချက် ချချင်တယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အပစ်အခတ် ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့ လိုချင်တယ်ဆိုပြီး ပြန်ပြောတယ်။ နောက်ဆုံးက သဘောတူညီချက် မရဘဲ နောက်ဆုံး နိဂုံးချုပ် သွားတယ်။”ဟု အစည်းအဝေး တက်ရောက်ခဲ့သော ကချင် သင်းအုပ်ဆရာ တဦးက ပြောသည်။

KIO မှ စတင် ပစ်ခတ်ခြင်းကြောင့် အစိုးရဘက်မှ စစ်ကြောင်းများ ထိုးခြင်းဖြစ်သည်ဟု ဟောပြောသူများက ပြောဆို ရာက တဘက်သတ် ပြောဆိုခြင်း ဖြစ်သည်ဟု တက်ရောက်လာသူ အချို့က ပြန်လည် ငြင်းခုံခဲ့ကြသည်ဟု ဆိုသည်။

ငြင်းချက်ထုတ်သူများဘက်က ကချင်ပြည်နယ်အတွင်း ဗဟိုအစိုးရမှ စစ်တပ်အင်အား တိုးချဲ့ချထားပြီး ခြိမ်းခြောက်မှု ပြုနေခြင်းကို ထောက်ပြ ပြောဆိုခဲ့ကြသည်။

ပြည်သူ့စစ်ခေါင်းဆောင်များ၏ ကချင်ဘာသာဖြင့် ရေးသားထားသော အစည်းအဝေး ဖိတ်စာတွင် လက်ရှိ KIO နှင့် အစိုးရတို့ တိုက်ပွဲများကြောင့် မိဘပြည်သူများ ဒုက္ခရောက်နေမှုများ နေ့စဉ် ပိုများလာသဖြင့် အပစ်အခတ်ရပ်၍ ကချင် အမျိုးသားများ၏ ရှေ့ရေး ကံကြမ္မာ အေးချမ်းသာယာမည်ဟု ယုံကြည်သဖြင့် မိဘပြည်သူများထံမှ အကြံဉာဏ် နှင့် သဘောထားများ ဆွေးနွေး ညှိနှိုင်းရန်ဟု ပါရှိသည်။

ယခင် ကချင် ဒီမိုကရေစီသစ် တပ်မတော် NDAK သည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ နယ်ခြားစောင့် တပ်သို့ အသွင် ပြောင်းလဲခဲ့ပြီး ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် အထက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံ ထားရသည်။ သူ၏ တပ်များသည် မြန်မာ-တရုတ်နယ်စပ် ပန်ဝါဒေသတွင် တပ်စွဲထားသည်။ NDAK သည် KIA မှ ခွဲထွက်၍ ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်ခဲ့သည်။

အလားတူ ၂၀၀၄ ခု နှစ်ဆန်းပိုင်က KIO ခွဲထွက်ခဲ့သော ယခင် ကေအိုင်အေ ထောက်လှမ်းရေးနှင့် အမျိုးသား လုံခြုံရေးဌာန တာဝန်ခံ ဖြစ်သည့် ဗိုလ်မှူးကြီးဟောင်း လဆန်အောင်ဝါ အဖွဲ့သည်၂၀၀၉ ခုနှစ် အောက်တိုဘာလက အစိုးရလက် အောက်ခံ လဝါးယန် ပြည်သူ့စစ်နှင့် ဂွေထူ ပြည်သူ့စစ်ဌာန အဖွဲ့ နှစ်ဖွဲ့ထားသည်။

ဦးလဆန်အောင်ဝါနှင့် ဦးဇခုန်တိန့်ယိမ်းတို့က ကချင်ပြည်သူ လူထုကိုယ်စားပြုမည့် အဖွဲ့မဟုတ်ဘဲ အကျိုးရှိမည် မဟုတ်သဖြင့် ထိုအစည်းအဝေး တက်ရောက်ရန် ကန့်ကွက်ခဲ့သည်ဟု မြစ်ကြီးနားမြို့မှ သိက္ခာတော်ရ ဆရာတဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ဝ ရက်နေ့က KIO အဖွဲ့ကလည်း လက်ရှိ နှစ်ဘက် တိုက်ပွဲများအတွင်း ပြည်သူ့စစ် တပ်ဖွဲ့များကို အသုံးပြု နေမှုများ ရှိသဖြင့် ကချင်အမျိုးသား အချင်းချင်း စည်းလုံး ညီညွတ်ရန် ပြည်သူ့စစ်အဖွဲ့များ KIO ထံ လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်သည့် ကြေငြာချက် ထုတ်ပြန်ထားသည်။

ယင်းနောက် အောက်တိုဘာလ ၂၈ ရက်နေ့က ပြည်သူ့စစ်အဖွဲ့ ကိုးဖွဲ့မှ ကေအိုင်အိုကို အစိုးရနှင့် အပစ်အခတ် ရပ်၍ ငြိမ်းချမ်းရေး ယူရန် တောင်းဆိုထားသည့် စာကို မြစ်ကြီးနားမြို့ အနှံ့ ဖြန့်ဝေပေးနေပြီး ယနေ့ အစည်းအဝေး တက်ရောက် လာသူများကိုလည်း ဖြန့်ဝေခဲ့သည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာပေါင်းစုံရှိ ဘုရားကျောင်းများသို့ မြစ်ကြီးနား-ဗန်မော်ကားလမ်းပေါ်ရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်ပေါင်း အနည်းဆုံး ၂,၀၀၀ ဦးရှိနေပြီဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်ပတ်အတွက် စစ်ပြေး ဒုက္ခသည် များ ထပ်မံ ဝင်ရောက် လာသည်ဟုလည်း သိရသည်။

ပြည်နယ်အစိုးရ၏ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်နေကြသော KIO ခေါင်းဆောင် များမှာ သြဂုတ်လ ၂ ရက်နေ့ ဆွေးနွေးမှုတွင် သဘော တူညီမှုမရဘဲ ဖြစ်နေသည်။

ဗဟိုအစိုးရဘက်က အပစ်ခတ်ရပ်ဖို့သာ အဓိကထား ဆွေးနွေးလိုနေချိန်တွင် KIO က “ပြည်တွင်းစစ်နှင့် တိုင်းရင်းသား အရေး ဖြေရှင်း နိုင်ရန် တန်းတူရေးကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ” ပြုလုပ်ရန် လိုလားနေသည်။

Ref: မဇ္ဈိမ

Read More...

Thursday, November 10, 2011

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး - အပိုင်း (၃)

ရော်နီညိမ်း
စနေ, 29 အောက်တိုဘာ 2011

တပ်မှူးတပ်သား ပြောစကား (၀၈၄)

မကြာခင်မှာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ခေါ် ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) နဲ့ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မယ်လို့၊ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေက၊ ပြည်ပအခြေစိုက် မြန်မာ မီဒီယာတွေကို ပြောနေကြပါတယ်။ “ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ” (UNFC – United Nationalities Federal Council) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့၊ မွန်ပြည်သစ်ပါတီ (NMSP – New Mon State Party) နဲ့ မွန်ပြည်နယ်အစိုးရတို့လည်း၊ မကြာ သေးခင်က ရေးမြို့မှာ၊ ပဏာမ တွေ့ဆုံဆွေးနွေးမှုတွေ၊ ပြုလုပ် ခဲ့ကြပါတယ်။ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အစိုးရ တို့ရဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှု အလားအလာတွေကို၊ အရင် စစ်အစိုးရ အချိန်အခါက ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖူးသူ၊ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက၊ ဆက်သွယ် ဆွေးနွေး ပြီး၊ ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ၊ စီစဉ် တင်ဆက် ထားပါတယ်။

ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ခင်ညွန့်လုပ်ခဲ့တာတွေကြောင့်၊ ဘာပဲဖြစ်ဖြစ် လက်နက်တွေ ကိုင်ထားပြီး တော့မှ မတိုက်ပဲ မခိုက်ပဲ နေလာခဲ့ကြတာ၊ နှစ်(၂၀) လောက် ရှိလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မူပြောင်းပြီး နယ်ခြားစောင့်တပ် လုပ်တဲ့အခါကျမှ၊ အခုလို ကချင်တို့၊ ရှမ်းတို့၊ DKBA တို့ အပါအ ၀င် တိုင်းရင်းသား တပ်တွေက၊ မြန်မာ့ တပ်မတော်နဲ့ ပြန်ပြီး တိုက်ကြခိုက်ကြတဲ့ အနေအထားတွေ ဖြစ်လာခဲ့ တာပါ။ ဒီအခြေအနေမျိုး ကို၊ ဦးသိန်းစိန်က မဖြစ်လိုပါဘူး။ ဒါကြောင့်၊ သူ တရားဝင်ကြေညာပြီး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို သူလိုက်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်း နေတာပါ။ တချိန်က လုံးဝအဆက်အဆံ မလုပ်ရဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ထုတ်ပြီး စွန့်ပယ်ထားခဲ့တဲ့ ရွက်ဆစ်တို့အဖွဲ့ကိုပါ၊ ဦးသိန်းစိန်က ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာ၊ သိပ်ကို ထူးထူးခြားခြားပါ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးယူတဲ့အလုပ်တွေ လုပ်နေစဉ်ကာလက၊ ဦးသိန်းစိန်ဟာ စစ်ရုံးမှာ၊ ဘာတာဝန် ထမ်းဆောင်နေပါ သလဲ။

ဦးအောင်လင်းထွဋ် ။ ။ သူဟာ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)၊ နောက် စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)တာဝန် တွေကို၊ ၁၉၉၆-၉၇၊ တိုင်းမှူးမဖြစ်ခင်အထိ ထမ်းဆောင်ခဲ့သူပါ။ မွန်ပြည်သစ်ပါတီ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ရစဉ်မှာရော၊ ခွန်ဆာ လက်နက်ချစဉ်အချိန်မှာရော၊ သူဟာ စစ်ရုံးမှာ ရှိပါတယ်။ အားလုံးကို အတွင်းကျကျသိထားတဲ့သူပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ် လို ဆွေးနွေးခဲ့တယ်၊ ဘာတွေ ကတိက၀တ်တွေ ရှိခဲ့တယ်၊ ဆိုတာတွေကို သူ အားလုံးနားလည်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒါဆို အခု သမ္မတကြီးဦးသိန်းစိန်က ကကကြည်း (စစ်ဆင်ရေး)ကို ကိုင်ခဲ့တဲ့ သူပေါ့။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ သုံးယောက်ရဲ့ ယုံကြည်မှုကို အရဆုံး၊ အားအကိုးရဆုံး စစ်ဦးစီးအရာရှိ ကောင်း တစ်ယောက် ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကကကြည်း(စစ်ဆင်ရေး)ဌာနက၊ တပြည်လုံးမှာ အပ်ကျတာက အစ၊ သူတို့က အကုန် သိတယ်။ အကုန်လုံးကို စီမံ ခန့်ခွဲနေတဲ့ ဌာနလို့၊ ကျနော်တို့ သိထားခဲ့ရပါတယ်။ အဲဒီတော့ အဲဒီနေရာမျိုးက လာတဲ့၊ ဦးသိန်းစိန်က ဦးရွက်ဆစ်တို့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)ကို ငြိမ်းချမ်းရေး ကမ်းလှမ်းတယ် ဆို တာ၊ အစိုးရဘက်က တရားဝင်မထွက်သေးပေမယ့်၊ အခု တခြားက ထွက်နေတဲ့ သတင်းတွေအရ၊ ဒါဟာ မှန်ကန်နိုင်တယ်ပေါ့။

ဦးအောင်လင်းထွဋ် ။ ။ မှန်ကန်နိုင်ပါတယ်။ ထူးလည်းထူးခြားပါတယ်။ ဦးသိန်းစိန်ဟာ၊ တကယ်ပဲ တတိုင်းပြည်လုံးကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ထူးခြားတဲ့ဟာကို၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA–South ဘက်က၊ ထပ်ပြီး တွေ့ရ ပါသေးတယ်။ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ဒီ ရက်ပိုင်းမှာ ပြောနေတာကတော့၊ ကျန်တဲ့ KIOတို့၊ KNUတို့ ပြောနေကြတဲ့ စကားအတိုင်းပဲ၊ ဒီအတိုင်းတော့၊ အစိုးရနဲ့ သူတို့ တစ်ဖွဲ့ချင်း၊ ငြိမ်းချမ်းရေး မဆွေးနွေးလိုဘူး၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကို ကိုယ်စားပြု ပြီး၊ ဗိုလ်မှူးစိုင်းလောင်ဆိုင်း ပြောတာက၊ မကြာသေးခင် ဒီနှစ်ထဲမှာ ဖွဲ့ထားတဲ့ “ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ” (UNFC – United Nationalities Federal Council) အဖွဲ့၊ တပ်ပေါင်းစု အနေနဲ့ ဆွေးနွေးလိုတယ်လို့၊ ပြောပါတယ်။ UNFC မှာက KNU (Karen national Uinion) (ကရင်အမျိုးသား အစည်း အရုံး)၊ KNPP (Karenni National Progressive Party) (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ)၊ KIO (Kachin Independence Organization) (ကချင်လွတ်လပ်ရေး အဖွဲ့)၊ NMSP (New Mon State Party) (မွန်ပြည်သစ်ပါတီ)၊ CNF (Chin National Front) (ချင်းအမျိုးသားတပ်ဦး)၊ SSPP/SSAN (Shan State Progressive Party /Shan State Army – North) ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ PNLO (PaO National Liberation Organization) (ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့)၊ တို့ပါကြတယ်။ UNFCထဲမှာ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) SSA – South မပါဘူး။ ဒါပေမဲ့၊ ဗိုလ်မှူးစိုင်း လောင်ဆိုင်းကပါ၊ ဒီစကား ပြောနေတော့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) နဲ့ (တောင်ပိုင်း) တို့၊ ပေါင်းထား ပြီးသားမို့လို့၊ ရှမ်းပြည်တပ်မတော် SSA ကို၊ ကိုယ်စားပြုပြီးတော့၊ သူကပါ UNFC တပ် ပေါင်းစုအနေနဲ့မှ၊ ငြိမ်းချမ်းရေး ဆွေးနွေးမယ် သူတို့ တစ်ဖွဲ့ချင်း အနေနဲ့တော့ မဆွေးနွေးဘူး ဆိုတဲ့ အသံမျိုး၊ ထွက်နေတာကို၊ ဗိုလ်မှူး ဘယ်လို ထင်မြင်ယူဆပါသလဲ။ အစိုးရကတော့ သူ့ရဲ့မဟာဗျူဟာအရ၊ ဘယ်တုန်းကမှ တပ်ပေါင်းစု တွေနဲ့ မဆွေးနွေးဘူး၊ တစ်ဖွဲ့ချင်းနဲ့ပဲ ဆွေးနွေးတဲ့ အနေအထားရှိခဲ့တယ်။ ဗိုလ်မှူးစိုင်းလောင်ဆိုင်း ပြောနေ တာနဲ့၊ KNU ၊ KNPP ၊ KIO တို့ တောင်းဆိုနေတဲ့၊ အစိုးရအနေနဲ့ UNFC တပ်ပေါင်းစုနဲ့ ဆွေးနွေးရေးဆို တာ၊ ဖြစ်နိုင်ပါသလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ UNFC နဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကို ပြောရရင်၊ ကျနော်တို့ အတွေ့အကြုံ အရ တိုင်းရင်းသား တပ်တွေ အားလုံး စုပြီးတော့မှ၊ အစိုးရနဲ့ ဆွေးနွေးဖို့ဆိုတာ၊ နောက်ဆုံးအဆင့်မှာမှ၊ အားလုံးအ ဆင်ပြေပြီးတဲ့ အချိန်မျိုးမှာမှ ဖြစ်နိုင်ပါလိမ့်မယ်။ တချိန်တုန်းကလည်း DAB (Democratic Alliance of Burma) အနေနဲ့မှ ဆွေးနွေးမယ်ဆိုပြီး KNU (ကရင်အမျိုးသား အစည်းအရုံး)၊ KNPP (ကရင်နီအမျိုးသားတိုး တက်ရေးပါတီ)၊ KIO (ကချင် လွတ်လပ်ရေးအဖွဲ့)၊ NMSP (မွန်ပြည်သစ်ပါတီ)၊ အစရှိတဲ့ တိုင်းရင်းသား အဖွဲ့ ပေါင်းစုံက တင်းခံ ခဲ့ကြဖူးပါတယ်။ တကယ်တမ်း ပြန်ကြည့်တော့လည်း၊ ဒီတိုင်းရင်းသား အဖွဲ့တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ရဲ့ အနေအထားတွေ မတူ ကြတာ၊ သူတို့လည်း နားလည်ပြီးသားပါ။ အမြင်တွေ မတူတာ၊ အတွေးအ ခေါ် ကွာခြားတာတွေ၊ သူတို့တွေမှာ ရှိနေတာပါ။ UNFC ဆိုပြီး သူတို့ ကိုင်စွဲထားတဲ့ သဘောထားကို၊ ကျနော် က သဘော မတူဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံးတွေ ထဲမှာလည်း၊ ညီညီညွတ်ညွတ် နဲ့ အစိုးရနဲ့ ဆွေးနွေးဖို့ မူဝါဒ တစ်ခုတော့၊ ကိုင်စွဲထားကြဖို့ လိုပါတယ်။ ဒီမူဝါဒကို ကိုင်စွဲထားပြီးတော့မှ၊ အစိုးရ နဲ့က တိုင်းရင်းသား တစ်ဖွဲ့ချင်းက၊ ဆွေ့ဆုံဆွေးနွေး ရပါလိမ့်မယ်။ တိုင်းရင်းသား အဖွဲ့တွေ လူစုပြီးတော့မှ၊ အစိုး ရနဲ့ တွေ့ဖို့လုပ်ရင်၊ ဘယ်လိုမှ ပွဲက ဖြစ်မှာမဟုတ်ပါဘူး။ ပွဲပျက်မယ့် အနေအထားမျိုး ရှိပါတယ်။ UNFC က ချမှတ်ထားတဲ့ မူဝါဒ တစ်ရပ်ကို၊ တိုင်းရင်းသား တစ်ဖွဲ့ချင်းက ကိုင်စွဲပြီးတော့မှ၊ အစိုးရနဲ့ ဆွေးနွေးကြ။ အစိုးရ နဲ့အားလုံးနဲ့ ငြိမ်းချမ်းရေး ရလာပြီ ဆိုတော့မှ၊ အစိုးရရယ် နိုင်ငံရေးပါတီတွေရယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ဆိုတာ၊ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကဏ္ဍကိုလည်း၊ ထည့်တွက်ကြရပါမယ်။ အရင်တုန်းက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍ ကို ဖျောက်ပြီးတော့မှ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေး နွေးမှုတွေလုပ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နှိပ်ကွပ်ခဲ့တာကိုး။ အခုက တော့၊ ဦးသိန်းစိန် သွားနေတဲ့ လမ်းကြောင်းက ဒေါ်အောင်ဆန်းစုကြည် ကိုပါ၊ တွဲခေါ်သွားတယ်။ ဆွဲခေါ်သွား တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးတော့မှ၊ ငြိမ်းချမ်းရေးလည်း ရအောင်လုပ်မယ်၊ နိုင်ငံတကာနဲ့လည်း သင့်တင့်အောင် ဆက်ဆံမယ် ဆိုတဲ့ လမ်းကြောင်းကို၊ ကျနော်တို့ တွေ့နေရပါတယ်။ ဒီ အနေအထားမှာက၊ အားလုံး သုံးပွင့်ဆိုင် ဆိုတာက၊ အရင်ဆုံး အစိုးရနဲ့ တစ်ဖွဲ့ချင်းတွေ့ကြမယ်။ ဒီလို တွေ့ကြတဲ့ နေရာမှာလည်း၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ရိုက် တစ်ဖွဲ့ချင်းတွေ့လို့ အလုပ် မဖြစ်နိုင်ပါဘူး။ ကြားထဲ က စေ့စပ်ညှိနှိုင်းပေးသူ(negotiator) လိုပါတယ်။ negotiatorဆိုတာက သမာသမတ်ရှိတဲ့တိုင်းရင်းသားခေါင်း ဆောင်တွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း၊ ပါကောင်းပါမယ်၊ ဒီလိုမျိုးကိစ္စတွေအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဘယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မဆို၊ “ဒဲ့”ဆွေးနွေးရင်။ မအောင်မြင်ပါဘူး။ ကြားထဲက negotiator မရှိပဲနဲ့ ငြိမ်းချမ်းရေးက၊ မအောင်မြင်နိုင်ဘူး။ ကျနော်ကတော့ ကျနော့် အမြင်ပြောရရင်တော့၊ အရင်ဆုံးတော့ ဘာပဲဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်း အစိုးရနဲ့ တွေ့ကြမယ်၊ ပြီးတဲ့ အခါကျမှ၊ အားလုံးစုပြီးတော့ မှ သုံးပွင့်ဆိုင်ဆိုတာ ဖြစ်လာလိမ့်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူး ဆိုလိုတာက၊ လောလောဆယ်မှာ UNFC ဟာ၊ ရှိထားပေးမယ့်လည်း၊ UNFC တပ်ပေါင်းစု အနေနဲ့မှာ ဆွေးနွေးမယ်လို့၊ တိုင်းရင်းသားအဖွဲ့တွေက ပြောနေပေမယ့်၊ UNFC ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးမှာ၊ ဘုံလမ်းစဉ် မရှိသေးပဲ ဖြစ်နေလို့မို့၊ ဟိုတဘက်က အစိုးရ နဲ့သွားဆွေးနွေးရင် အကျိုးမဲ့ဖြစ်လိမ့်မယ်လို့၊ ဗိုလ်မှူးက မြင်တာလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်ခင်ဗျ။ ဒီဘုံလုပ်ငန်းစဉ်တစ်ခု မရှိပဲနဲ့တော့၊ အားလုံးနဲ့ ဆွေးနွေးလို့က တော့၊ အကျိုးမဲ့ ဖြစ်နိုင်ပါတယ်။ အခုပဲ ကြည့်ပါ။ UNFCထဲက မွန်ပြည်သစ်ပါတီ (NMSP) က၊ အစိုးရနဲ့ သူ့ဟာ သူ ဆွေးနွေးဖို့၊ ရေးမြို့ကို ရောက်နေပြီလို့၊ ကျနော် ကြားရပါတယ်။ နောက်ပြီးတော့၊ တချိန်က ‘၀’တွေ၊ ကိုး ကန့်တွေနဲ့ KIA က၊ မဟာမိတ် ဖွဲ့ထားတယ် ဆိုပေမယ့်၊ တကယ့်တကယ် အစိုးရနဲ့ KIA နဲ့ တိုက်ပွဲတွေ ဖြစ် တဲ့အခါကျတော့၊ ဘယ်‘၀’တွေ ဘယ်ကိုးကန့်တွေကမှ၊ သွားမကူနိုင်ကြပါဘူး။ ဒါတွေက လက်ရှိမှာ၊ တိုင်းရင်းသား အဖွဲ့တွေထဲမှာ တွေ့နေရတာတွေပါ။ ကျနော် ဆိုလိုတာက၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာလည်း၊ ဘုံအကျိုးစီးပွား တစ်ခုတည်း အပေါ်မှာ မူတည်ပြီး၊ ဘုံမူဝါဒ လမ်းစဉ်တစ်ခု ရှိဖို့ လိုပါတယ်။ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး၊ လက်တွေ့လုပ်ပြကြဖို့ လည်း လိုပါတယ်။

ဦးရော်နီညိမ်း ။ ။ နောက်တခါ UNFC နဲ့ပတ်သက်ပြီးတော့ပဲ၊ နောက်ထပ် ထွက်လာတဲ့ သတင်း တခုက၊ မကြာသေးခင်က ပအို့ဝ်ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နိုင်ငံရေး ကိစ္စတွေနဲ့ တရုတ်-မြန်မာ နယ်စပ်ကို ခရီး ထွက်ရာကနေ၊ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ပြန်ရောက်လာပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှာ၊ သူသိလာတဲ့ အတွေ့အကြုံအရ၊ တရုတ်နိုင်ငံက UNFC ကို၊ သဘောမတွေ့ဘူးဆိုတာကို သူပြောပါတယ်။ တရုတ်နိုင်ငံက UNFCကို၊ သဘောတွေ့တာမတွေ့တာက၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး၊ စစ်ရေးတွေ အပေါ်မှာ၊ ဘယ်လောက် သက်ရောက်မှု ရှိနိုင်ပါလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ သက်ရောက်မှု အများကြီး ရှိပါတယ် ခင်ဗျ။ တရုတ်ရဲ့အနေအထားနဲ့ အခု KIA ကိုပဲ ကြည့်ပါ။ KIA ကို၊ တရုတ်က အားပေးခြင်း လက်ခံခြင်း မရှိပါဘူး။ KIA ကလည်း မြစ်ဆုံ ရေကာတာစီမံ ကိန်းကို ကန့်ကွက်တဲ့ အခါကျတော့၊ တရုတ်ကလည်း KIA ကို အစာမကြေဘူး ဖြစ်မှာပါပဲ။ KIA ရဲ့ ဒေသဟာ တရုတ်နဲ့ အိန္ဒိယကြားမှာပါ။ တကယ်တော့ တရုတ်ကော အိန္ဒိယကော KIA က အဆင်မပြေဖြစ်နေရင်၊ ရေရှည် မှာ KIA ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ KIA ဟာ ကျန်တဲ့ တိုင်းရင်းသား တွေနဲ့ ပေါင်းပြီး နိုင်ငံရေးနည်း အရ အကောင်းဆုံး ရရှိနိုင်တဲ့ ငြိမ်းချမ်းရေးကို ရှာပြီးတော့မှ၊ အခုလို ပြောင်းလဲနေတဲ့ တိုင်းပြည်ရဲ့ဘောင်ထဲကိုဝင် ပြီးတော့မှ၊ အစိုးရနဲ့ပူး ပေါင်းပြီးတော့မှ လုပ်ကိုင် ဆောင်ရွက်မယ်ဆိုရင်၊ ကချင်လူထုအတွက်လည်း ငြိမ်းချမ်း ရေးရမယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း သိက္ခာရှိမှာပါ။ အခုလို KIA ကတိုက်လိုက်၊ အစိုး ရက အမြောက်နဲ့ ပစ်လိုက် လုပ်နေကြရင်တော့၊ နှစ်ဘက် အသေအပျောက်တွေရှိနေသလို၊ တကယ်တမ်း ဒုက္ခ ရောက်ကြရတာက ဒေသခံ ပြည်သူလူထုဗျ။ ဘာဖြစ်လို့လဲဆိုတော့၊ အစိုးရတပ်က စစ်ဆင်ရေး တစ်ခါ ထွက်တာ (၆)လ ကြာမယ်ဆိုရင်၊ ဒီစစ်ဆင်ရေး အတွင်း၊ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရတပ်နဲ့၊ တကယ် တမ်းရင်ဆိုင် တိုက်ပွဲဖြစ်ကြတာက လေးငါးခြောက်ခါပဲ ရှိမယ်၊ ဒီခြောက်လအတွင်း နှစ်ဘက်တပ်တွေက စစ်ဆင်ရေး နယ်မြေဒေသခံ ပြည်သူလူထု အတွက် ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်သွားပါတယ်။ ဒီဝန်ထုပ် ၀န်ပိုးကို ဒေသခံ ပြည်သူလူထု အပေါ် တင်ထားကြတဲ့ နှစ်ဘက်တပ်တွေက သူတို့အတွက် ပြဿနာ မရှိပါဘူး။ ဒီခေတ်ကြီးမှာ စစ်နဲ့ ဖြေရှင်းကြတာမျိုးက ခေတ်ကုန်နေပါပြီ။ တိုင်းရင်းသား တပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံရေးနည်း ငြိမ်းချမ်းရေး နည်းတွေနဲ့ ကိုယ်ရချင်တာကို လုပ်ကိုင်ကြဖို့ လိုပါတယ်။

ဦးရော်နီညိမ်း ။ ။ တရုတ်က UNFC ကို၊ သဘောမတွေ့ဘူး မကြိုက်ဘူး ဆိုတာက၊ UNFC ဟာ အခု အစိုး ရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စ၊ မြစ်ဆုံရေကာတာ ကိစ္စတွေကို KIOက ကုလသမဂ္ဂဆီ စာပို့ပြီး၊ တိုင်ကြားတယ် ဆိုတာကို မကြိုက်ဘူး၊ ဘန်ကီမွန်း မလုပ်နိုင်တဲ့ ဒီဒေသ ငြိမ်းချမ်းရေး ကိစ္စကို တရုတ်က အကုန်လုပ် နိုင်နေတာကြောင့်၊ KIOက ဘာကိစ္စ ဘန်ကီမွန်းဆီ စာပို့ရတာလဲ ဆိုတဲ့စကားမျိုး တရုတ်ကပြောလာတယ် လို့၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ သိခဲ့ရတာကို၊ အခု သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီတော့ တရုတ်က UNFCထဲ က KIOကို မကြိုက်တာက ထားပါတော့၊ KIOမဟုတ်တဲ့ UNFCထဲက တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့တရုတ် နဲ့ ကြားမှာကကော၊ ဘာပြဿနာတွေ ရှိလို့လဲ။

ဦးအောင်လင်းထွဋ် ။ ။ ပြန်ကြည့်ရင်တော့၊ UNFC ထဲမှာ တချိန်တုန်းက တရုတ်နဲ့ နီးစပ်ခဲ့တာ ဆိုလို့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တစ်ခုထဲ ရှိပါတယ်ခင်ဗျ။ မွန်(NMSP)တို့၊ ကရင်(KNU)တို့ဟာ တရုတ်နဲ့ မပတ်သက်ခဲ့ပါဘူး၊ လက်ရှိ KIO/KIAတောင်မှ တရုတ်နဲ့ နယ်စပ်ချင်း ထိတွေ့နေပေမယ့်၊ တရုတ်သြဇာကို ဘယ်တုန်းကမှ မခံခဲ့ပါဘူး။ ဦးဇခုန်တိန့်ယိမ်းတို့ရဲ့ ကချင်အဖွဲ့လောက်ပဲ၊ ဗကပ (ဗမာပြည်ကွန်မြူနစ် ပါတီ) (၁၀၁) စစ်ဒေသ ဆိုပြီး၊ သြဇာခံခဲ့တာ ရှိပါတယ်။ တရုတ် အနေနဲ့က KIO/KI ဟာ ဟိုတုန်း ကတည်းက၊ သူ့သြဇာ ကို မခံခဲ့တဲ့ အဖွဲ့ဆိုပြီး၊ သဘောထားတဲ့ အနေအထား ရှိပါတယ်။ တရုတ် အနေနဲ့က အရင် (၁၉၆၇)က၊ တရုတ်-မြန်မာ အရေးအခင်း အပြီးမှာ၊ ‘၀’တို့ ကိုးကန့်တို့ မိုင်းလားတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ၊ တရုတ် တပ်ဖွဲ့ဝင် တွေကိုလည်း ထည့်ထားတာတွေ ရှိခဲ့တာကြောင့်၊ ဒီအဖွဲ့တွေ အတွက်ပဲ တရုတ်က ပါဝင် ပတ်သက်မှု ရှိနေပြီးတော့၊ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုတော့၊ တရုတ်က ထောက်ခံခြင်းအား ပေးခြင်း ရှိလိမ့်မယ်လို့၊ ကျနော် မမြင်ပါဘူး။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရုတ်ကို သွားအားကိုးရင်တော့၊ မှားလိမ့်မယ်လို့၊ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ် မေးမြန်း ဆွေးနွေးပြီး တင်ဆက်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်း နောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၄)“ ကို၊ ရှေ့သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေ ခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဆက်ပြီး ထုတ်လွှင့် ပေးသွားပါမယ်။ စောင့်မျှော်နား ဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

Wednesday, November 9, 2011

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး - အပိုင်း (၂)

ရော်နီညိမ်း
စနေ, 22 အောက်တိုဘာ 2011

တပ်မှူးတပ်သား ပြောစကား (၀၈၃)

ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS)(Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ် လိုကြောင်း၊ ထိုင်းနိုင်ငံ အာဏာပိုင်တွေက တဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာ လဆန်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကလည်း၊ ဌာနေပြည်သူ့စစ် ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်း လာခဲ့တယ်လို့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)ရဲ့ ပြောရေး ဆိုခွင့်ရှိသူက၊ ပြည်ပက မြန်မာ မီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက် က ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး၊ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး - အပိုင်း (၂)”ကို၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍမှာ တင်ဆက်လိုက်ပါတယ်။

ဦးအောင်လင်းထွဋ် ။ ။ ပထမဦးဆုံး၊ ခွန်ဆာကြီးကိုယ်တိုင်၊ သူ တကယ် လက်နက် ချပါမယ်လို့ ပြောဆို တာကို၊ ဗီဒီယို ရိုက်ခိုင်းပြီးတော့မှ၊ ထောက်လှမ်းရေး (၂၄) တပ်မှူးဆီကို ပို့ခိုင်း လိုက်ပါတယ်။ စကားနဲ့ ပြောရုံနဲ့ မယုံဘူးပေါ့ ဗျာ၊ ဗီဒီယိုရိုက်ပြီးတော့မှ ပြောပါဆိုပြီးတော့၊ ခွန်ဆာရယ် သူ့ရဲ့လက်ထောက် စစ်ဦးစီးချုပ် လုပ်တဲ့ ကျန်စုရှင် ရယ်၊ ကျန်စုရှင် ကတော့ တရုတ်ပါ၊ သူတို့ နှစ်ယောက်ကို ဗီဒီယို ရိုက်ပြီးတော့မှ၊ ဗီဒီယိုအခွေနဲ့ ဒီဘက်က လူကြီးတွေကို တင်ပြခိုင်းတဲ့ အနေအထား ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ တစ်ခု ဖြတ်မေးချင်တာက၊ တကယ်ပဲ သူ့တပည့် ကမ်းရွက်တို့လို လူတွေက သူ့ကို သစ္စာဖေါက်သွားလို့၊ သူက စိတ်နာနာနဲ့ ဒီလို လုပ်တာလား၊ သို့မဟုတ် အမေရိကန် ထောက်လှမ်းရေး က သူ့ကို ဖမ်းမိဖို့ သိပ်ကို နီးစပ်နေပြီ၊ နီးကပ်နေပြီ ဆိုတဲ့ အနေအထားမှာ၊ သူဟာ ပြေးမယ်ဆိုရင် တရုတ် ပြည်ကိုပဲ ပြေးရတော့မယ့် အနေအထား ဖြစ်နေတယ်၊ ဒါပေမယ့် တရုတ်ကလည်း မင်းကိုတော့ ငါတို့ လက်ခံ လို့ မဖြစ်ဘူး၊ မြန်မာ အစိုးရဆီမှာပဲ လက်နက်ချလိုက်လို့၊ နည်းလမ်း ပေးတယ်လို့၊ အဲဒီအချိန်က သတင်းတွေ လည်း ထွက်ပေါ် ခဲ့ဖူးပါတယ်။ ဘယ်လောက် မှန်တယ် ဆိုတာတော့၊ မသိဘူးပေါ့။ ဒါကြောင့် နောက်ဆုံးမှာ သူ ဟာ ရွေးစရာ မရှိတဲ့အတွက်၊ တကယ်ပဲ လက်နက် ချသွားတယ်လို့၊ အဲဒီလို ပြောဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါ တွေနဲ့ အခုဗိုလ်မှူး ပြောတာနဲ့ ချိန်ထိုးပြီးတော့၊ အဲဒီလို ပြောဆိုမှုတွေ ဘယ်လောက်မှန်တယ် မမှန်ဘူးဆိုတာ၊ ဗိုလ်မှူးအနေနဲ့ သုံးသပ်ပေးပါ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင်ကို ပြောရရင်၊ အမေရိကန်အနေနဲ့ အခု ဘင်လာဒင်ကို ပါကစ္စတန်မှာ သွားပြီး ဖမ်းဖို့ လုပ်ခဲ့သလို၊ ခွန်ဆာကို ဟိုမိန်းအထိ သွားပြီး၊ ဖမ်းဖို့ဆီးဖို့ အာသီသ မရှိခဲ့ပါဘူး။ ခွန်ဆာက လည်း သူ့အတွက် လွတ်မြောက်နယ်မြေ ဟိုမိန်းမှာ၊ တကယ့်ကို ခမ်းခမ်းနားနား နေခဲ့တဲ့ အနေအထား ရှိပါတယ်။ သူဟာ လိုချင်တာ အကုန်ရ၊ သုံးချင်တာ အကုန် သုံးနေနိုင်တဲ့သူ ဖြစ်ပါတယ်။ ဟိုမိန်းကိုလည်း နိုင်ငံခြားသားတွေ ၀င်ထွက် လည်ပတ်လို့ ရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ခွန်ဆာဟာ အမေရိကန် ဖမ်းမှာဆီးမှာ ကြောက်ပြီး၊ ကျနော်တို့ဆီ လာပြီး လက်နက်ချတဲ့ အနေအထားလို့၊ ကျနော် မမြင်ဘူး။ တခု ရှိတာက၊ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိလာတယ်၊ ပိုင်ဆိုင်မှုတွေ အများကြီး ရှိလာတယ်၊ အသက်အရွယ် ထောက်လာတာလည်း ပါတယ်ပေါ့ ဗျာ။ သူဟာ အေးအေးချမ်းချမ်းနဲ့ ဘ၀ကို အဆုံးသတ် သွားချင်တယ်လို့၊ ကျနော့်ကို သူပြောခဲ့ပါတယ်။ ဒါကြောင့်လည်း သူလက်နက်ချတာက မလိမ့်တပတ်နဲ့ လက်နက်ချတာပါ။ သူ ကိုယ်တိုင်က လက်နက် ချချင်ခဲ့ပေမယ့်၊ သူ့ လက်အောက်က ရှမ်းတပ်တွေ အားလုံးက၊ သူဒီလိုမျိုး လက်နက် ချသွားတာကို၊ ခုချိန်ထိ လုံးဝ မကြိုက်ကြပါဘူး။ နောက်တခုက အဲဒီအချိန် အဲဒီအခါမှာ၊ စစ်တပ်နဲ့ စစ်တပ်ချင်း ဆိုတော့၊ စစ်သား စစ်သားချင်း ဆိုပြီးတော့ ကျနော်တို့အပေါ် ယုံကြည်မှုလည်း မူတည်ပါလိမ့်မယ်။ သူ့ကို အမေရိကန်ကို လွှဲပြောင်း မပေးပါဘူး ဆိုတာကို၊ မြန်မာ့ တပ်မတော်က အာမခံချက် ပေးရတဲ့ အနေအထား တော့၊ ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါဆိုရင်၊ အခုတော့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် (Lt. General Yawd Serk) ပေါ့၊ အခုတော့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA – South ပေါ့။ သူက SURA ဆိုတဲ့ တပ်ကို ပြောင်းပြီး ဖွဲ့ခဲ့တုန်းက၊ ဗိုလ်မှူးကြီး ရွက်ဆစ်ဆိုပြီး၊ သူ ဦးဆောင်ခဲ့တယ်။။ ဦးရွက်ဆစ် ဆိုကြပါစို့။ ဒီဦးရွက်ဆစ်နဲ့ SURA က တဆင့်၊ အခု SSA – South ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို၊ နည်းနည်း ရှင်းပြပေးပါ ခင်ဗျ။ ဦးခွန် ဆာရဲ့ မောင်ထိုင်း တပ်မတော် (MTA – Muang Tai Army) ကနေ၊ ကမ်းရွက်တို့ ခွဲထွက်ပြီး အစိုးရဆီ လက် နက်ချသွားလို့၊ ဦးခွန်ဆာ စိတ် ဓါတ်ကျနေတဲ့ အချိန်၊ ဦးခွန်ဆာကိုယ်တိုင် စစ်အစိုးရဆီ လက်နက်ချသွားတဲ့ အချိန်က စပြီး၊ ဆက်ပြောပြပေးပါလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ခွန်ဆာကြီး လက်နက်ချသွားတဲ့ အခါကျတော့၊ အခု ဒုတိယဗိုလ် ချုပ်ကြီး ရွက်ဆစ်က၊ အဲဒီအချိန်က ခွန်ဆာတပ်မှာ၊ တပ်မှူး အဆင့်လောက် ရှိပါလိမ့်မယ်။ ရွက်ဆစ်တို့ အဖွဲ့ တွေလည်း၊ လက်နက်ချတဲ့ အထဲမှာ ပါခဲ့ပါတယ်။ အဲဒီတုန်းက လက်နက်ချတဲ့ ဦးရွက်ဆစ်နဲ့ ထောက်လှမ်းရေး (၂၄) တပ်မှူး ဗိုလ်မှူးသိန်းဟန်နဲ့၊ တဲတစ်တဲထဲ အတူတူ အိပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘာဖြစ်လဲ ဆိုတော့၊ ခွန်ဆာကြီး လက်နက်ချနေတဲ့ အချိန်မှာ၊ ခွန်ဆာရဲ့ တပ်မဟာ (၈)က၊ လက်နက်ချဖို့ စီစဉ်နေတုန်းမှာ၊ မြန်မာ့ တပ်မတော် ဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခင်ကြူးရဲ့ တပ်က၊ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ရွာတွေကို မီးသွားရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီး ခင်ကြူးက နောက်ပိုင်းမှာ ကရင်ပြည်နယ်မှာ ဗျူဟာမှူးနဲ့ ကရင်ပြည် နယ်ရဲ့ ပ၀တ (ပြည်နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီ) ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက ဗိုလ်မှူးကြီးခင်ကြူးက၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) လက်အောက်ခံ တပ်ရင်းတစ်ရင်းရဲ့ တပ်ရင်းမှူးပါ။ ခွန်ဆာတပ်တွေ လက်နက်ချနေဆဲ အချိန်မှာ၊ ဗိုလ်မှူးကြီးခင်ကြူးရဲ့ တပ်က၊ ရှမ်းရွာတွေကို မီးသွားရှို့တဲ့အခါ ကျတော့၊ လက်နက် ဆက်ချမဲ့ သူတွေက၊ မြန်မာ့ တပ်မတော်အပေါ် အယုံအကြည် မရှိတော့ပဲ၊ အားလုံး လက်နက် မချကြတော့ပါဘူး။ လက်နက်ချမဲ့ ရှမ်းတပ်ဖွဲ့ဝင် (၈၀၀)လောက်က၊ လက်နက် မချတော့ပဲနဲ့၊ လက်နက် ချပြီးသား ရွက်ဆစ်လည်း သူ့ရဲ့အပေါင်းအပါ တစုနဲ့ ပြန်ထွက်သွားပြီး၊ အဲဒီလူ (၈၀၀) အဖွဲ့နဲ့ သွားပေါင်း ခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း အင်အားကောင်းလာပြီး၊ အခုလက်ရှိမှာ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ကို သူယူပြီး၊ ရှမ်းပြည်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အနေအထား ဖြစ်ပါတယ်။ စစချင်း သူ့မှာ အင်အား (၈၀၀) လောက်ပဲ ရှိ ခဲ့ရာက၊ နောက်ပိုင်းမှာ ထောင်နဲ့ချီပြီး ရှိလာခဲ့တယ်လို့၊ သိရပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီအဖွဲ့တွေအားလုံးဟာ အရင်က ဦးခွန်ဆာရဲ့ မောင်ထိုင်း တပ်မတော်(MTA) က၊ အဖွဲ့တွေချည့်ပဲပေါ့။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ မောင်ထိုင်းတပ်မတော် (MTA) ဆိုတာကလည်း၊ ခွန်ဆာရဲ့ SURA (Shan United Revolutionary Army) တပ်နဲ့ မိုးဟိန်းရဲ့ SUA (Shan United Army) တပ်တွေ ပေါင်းထား ပြီး၊ မောင်ထိုင်း တပ်မတော် (MTA) လို့၊ ခေါ်တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီကနေပြီးတော့မှ၊ ဦးရွက်ဆစ်က SSA (South) ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) လို့၊ ခံယူခဲ့တာလဲ ခင်ဗျ။ SSA ဆိုတာ၊ အစဉ်အလာ အင်မတန်ကြီးမားပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ပထမဆုံးသော (ကွယ်လွန်သူ) သမ္မတကြီး စ၀်ရွှေသိုက်ရဲ့ ဇနီး၊ (ကွယ်လွန်သူ) မဟာဒေ၀ီ စတင် တည်ထောင် ခဲ့တဲ့ တပ်ပဲ။ ဒီ SSA နဲ့ ဗိုလ်မှူး ကြီးရွက်ဆစ်နဲ့ ဘယ်လိုသွားပြီး ပတ်သက်တာပါလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ လက်နက်ချထဲ့တဲ့ ရွက်ဆစ်က၊ လက်နက်ပြန်ကိုင် သွားပြီးတဲ့ နောက်ပိုင်း၊ ရှမ်း တော်လှန်ရေး တပ်တွေနဲ့ ပေါင်းပြီး SSA (South) ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)လို့၊ သူရပ်တည် နေတယ် ဆိုတာပဲ၊ ကျနော်တို့ သိရပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဦးရွက်ဆစ်က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လို့၊ အမည်ခံ ယူသွားတော့၊ မူလ SSA က ဘယ်လို အနေအထား ရှိပါသလဲ။ ဦးရွက်ဆစ်က ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)ဆိုပြီး လုပ်လိုက် လို့၊ မူလ SSA က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဆိုပြီး ဖြစ်သွားတာလား။

ဦးအောင်လင်းထွဋ် ။ ။ မူလ SSA က၊ သူတို့ကိုယ်သူတို့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လို့၊ မသတ်မှတ် ပါဘူး။ အဲဒီ အချိန်တုန်းက စစ်အစိုးရကလည်း၊ သူတို့ကို SSA (ရှမ်းပြည် တပ်မတော်) လို့ပဲ၊ သတ်မှတ်ပါတယ်။ မြောက်ပိုင်းတို့ တောင်ပိုင်းတို့ ဖြစ်နေတာက၊ သူတို့ ရှမ်း လက်နက်ကိုင် တပ်တွေ ထဲမှာပဲ၊ သတ်သတ် မှတ်မှတ်နဲ့ သူတို့ဟာ သူတို့ ခွဲထားတဲ့ အနေအထား မျိုးပါ။ အဲဒီ အချိန်တုန်းကတော့၊ စစ်အစိုးရ အနေနဲ့က ဗိုလ် ချုပ်ဆေးထင် ဦးဆောင်တဲ့ တပ်ကိုပဲ၊ SSA (ရှမ်းပြည်တပ်မတော်)လို့၊ အသိအမှတ် ပြုထားတာပါ။ ရွက်ဆစ် တို့ အဖွဲ့ကိုတော့၊ ခွန်ဆာကြီး အောက်က ခွဲထွက်လာတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အဖြစ်၊ ခွဲခြား ပြီး ဆက်ဆံခဲ့ပါတယ်။ ‘၀’ဆို့၊ ကိုးကန့်တို့၊ ဗိုလ်ချုပ်ဆေးထင်ရဲ့ SSA (ရှမ်းပြည်တပ်မတော်)တို့လို၊ သူတို့ကို လည်း ငြိမ်းချမ်းရေး အဖွဲ့အဖြစ် လက်ခံဖို့၊ ရွက်ဆစ်တို့က အကြိမ်ကြိမ် တောင်းခံခဲ့ပေမဲ့၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မူအရ၊ လမ်းစဉ်အရ၊ ရွက်ဆစ်တို့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူး ဆိုတဲ့၊ မှတ်ချက်နဲ့၊ မြန်မာ့ တပ်မတော်က မဆွေးနွေးပဲ နေခဲ့တာပါ။

ဦးရော်နီညိမ်း ။ ။ နောက်ပိုင်းမှာ (ယခု ပြန်လည်လွတ်မြောက်လာသည့်) ဗိုလ်ချုပ် ဆေးထင်ကို ထောင်ဒဏ် (၁၀၆)နှစ် ချမှတ်ထားလို့၊ ထောင်ကျနေတဲ့ အချိန်မှာ၊ SSA North (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း) ကို၊ ဗိုလ်ချုပ်ပန်ဖတို့ ဦးဆောင်နေတဲ့ အချိန်မှာ၊ ဦးရွက်ဆစ် ဦးဆောင်တဲ့ SSA (South) ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) နဲ့ ပေါင်းမယ်၊ SSA တခုတည်း ဖြစ်အောင် လုပ်ကြမယ် ဆိုတဲ့၊ အသံလည်း ထွက်လာပါတယ်။ အဲဒါကကော၊ တကယ်ပဲ ပေါင်းဖြစ်သွားပါပြီလား။ ပထ၀ီ အနေအထားရဲ့ ပေါင်းနိုင်ကြပါ့မလား၊ နောက်တခုက ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ ခံယူချက်မူ ၀ါဒတွေကလည်း၊ မတူဘူးလို့၊ ကျနော်တို့က တွေ့ထားပါတယ်။ ဗိုလ်ချုပ်ပန်ဖတို့ SSA North (ရှမ်းပြည်တပ်မတော် -မြောက်ပိုင်း) က၊ လက်ဝဲ သဘောတရားအပေါ်မှာ အခြေစိုက်တယ်၊ ဦးရွက် ဆစ် ဦးဆောင်တဲ့ SSA (South) ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)ကတော့၊ ကုန်ကူးတာ သက်သက်နဲ့ ရပ် တည်နေတဲ့ အဖွဲ့။ အဲဒီလိုဆိုတော့၊ ဒီနှစ်ဖွဲ့ ပေါင်းလို့ ရပါ့မလား၊ ပေါင်းဖို့ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလား။ နောက်တခါ အခုကော၊ တကယ်ပေါင်း ဖြစ်နေကြသလား၊ ဗိုလ်မှူး ဘယ်လိုယူဆပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ ဒီနှစ်ဖွဲ့ ပေါင်းပြီးနေကြတယ်ဆိုတဲ့ အယူအဆကို၊ ကျနော် သဘော မတူပါဘူး။ ဟိုတုန်းထဲက၊ ဗိုလ်ချုပ်ဆေးထင်တို့ အဖွဲ့၊ သေသွားပြီဖြစ်တဲ့ ကမ်းရွက်တို့ အဖွဲ့၊ ရွက်ဆစ်တို့ အဖွဲ့တွေ၊ ရှိနေကြတယ်။ တစ်ခုရှိတာက၊ ရှမ်းတိုင်းရင်းသား အချင်းချင်းတွေမို့၊ ဘာသာစကား ယဉ်ကျေးမှုလည်းတူ၊ တော်လှန်ရေး လုပ်ကြတာချင်းလည်း အတူတူမို့၊ သူတို့ချင်း အဆက်အဆံတွေ ရှိကြပါတယ်။ ဒါပေမဲ့ တဖွဲ့ရဲ့ ကွပ်ကဲမှု အောက်ကို၊ နောက်တဖွဲ့က ၀င်ဖို့ ဆိုတာကို၊ သူတို့ချင်း အင်မတန်မှ စဉ်းစားကြပါတယ်။ ဒါကြောင့်မို့၊ ကမ်းရွက် တို့ ဗိုလ်ချုပ်ဆေးထင်တို့ ရွက်ဆစ်တို့ အဖွဲ့တွေ၊ သပ်သပ်စီ နေကြပါတယ်။ ခွန်ဆာ လက်နက် မချခင်က၊ ကမ်းရွက်တို့ရဲ့ SSNA ကို၊ မြန်မာ့ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ဗိုလ်ချုပ်ဆေးထင်တို့ SSA အောက်မှာ ၀င်ပေါင်းလိုက်ပါလို့၊ မြန်မာ့ တပ်မတော်က တိုက်တွန်း ခဲ့ဖူးပါတယ်။ ဒါကို ကမ်းရွက်တို့က လက်မခံခဲ့ပါဘူး။ သူတို့ ဟာသူတို့ပဲ၊ သီးခြား နေပါရစေလို့၊ ပြောခဲ့ပါတယ်။ အခုအခါမှာလည်း ဗိုလ်ချုပ်ပန်ဖတို့ SSA North (ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း) က၊ ရွက်ဆစ်တို့နဲ့ ပေါင်းပြီး၊ ကွပ်ကဲမှု တခုတည်းအောက်မှာ ရပ်တည် နေကြတာမျိုး မရှိပေမဲ့၊ နှစ်ဖွဲ့ညှိနှိုင်းပြီး လုပ်ကိုင် နေကြတာတော့ ရှိကောင်းရှိနိုင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဒီနှစ်ဖွဲ့၊ လက်တွေ့မှာ တကယ်ပေါင်းသလား ဆိုတာကို၊ တိုက်ပွဲတွေနဲ့ ကြည့်တဲ့ အခါမှာ၊ မကြာသေးခင်က ဗိုလ်ချုပ်ပန်ဖတို့ SSA North (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း) တို့ရဲ့၊ တပ်မဟာ(၁) ဌာန ချုပ်ကို၊ မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန စစ်ဆင်ရေး အထူးအဖွဲ့ - ကစထ (၂) ကနေ၊ အကြီး အကျယ် ထိုးစစ် ဆင်ခဲ့တယ်။ နှစ်ဖွဲ့ ပေါင်းထားတယ် ဆိုတဲ့၊ ဦးရွက်ဆစ် တို့ရဲ့ SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က၊ ဘာမှ သွားပြီး ကူတာကို မတွေ့ရဘူး။ ပထ၀ီ အနေအထား အရ၊ ကူလို့လည်း မလွယ်ဘူး။ အဲဒါတွေအပြင် ဘာထပ်ပြီး ပေါ်လာသလဲ ဆိုတော့၊ ဦးသိန်းစိန် အစိုးရက မကြာသေးခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တဖွဲ့ချင်း လိုက်ပြီး၊ ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ ကိစ္စမှာ၊ အခုပေါ်ထွက်လာတဲ့ သတင်းတွေ အရ၊ ဦးရွက်ဆစ်တို့ရဲ့ SSA (South) ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)ကိုလည်း၊ ထိုင်းအစိုးရက တဆင့်၊ ချဉ်းကပ်တယ် ဆိုတဲ့ သတင်းရှိသလို၊ ဌာနေ ရှမ်းပြည်သူ့စစ် ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်းချမ်းရေး ဆွေးနွေးကြရအောင် ဆိုပြီး ကမ်းလှမ်းတယ် ဆိုတဲ့ အသံတွေလည်း၊ ကြားရပါတယ်။ အဲဒီ အနေအထားတွေကို၊ ဗိုလ်မှူးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ဦးသိန်းစိန်အစိုးရပိုင်း အနေနဲ့ သုံးသပ်ကြည့်ရင်တော့၊ အရင် ဗိုလ်ချုပ်ခင်ညွန့် ရှိစဉ်က၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့သမျှ လုပ်ငန်းစဉ်တွေမှာ၊ ဦးသိန်းစိန်ဟာ၊ နီးနီးကပ်ကပ် နဲ့ အတွင်းကျကျ ပါဝင်ခဲ့ပြီးတော့၊ အကုန်လုံးကို နားလည် သဘောပေါက်တဲ့ သူပါ။

ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ် မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၃)“ ကို၊ ဆက်ပြီး ထုတ်လွှင့်သွား ပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

သင်္ခန်းစာ ယူတတ်ကြပါစေ

ပေတလူ
နိုဝင်ဘာ ၉ ရက် ၂၀၁၁

နောင်တဆိုတဲ့ စကားက နောင်မှ `’ တယ် နောက်ကျမှ အသိပြန်ရလို့ နောင်တ လို့ ခေါ်တာလို့ ယေဘူယ ကောက်ချက်ချလို့ ရပါတယ်။ နောင်တ ဆိုတာ အမှားတခုက ဆင်းသက်လာတာ ဆိုရင်လည်း မှားမည် မထင်ပါဘူး။ အရင်က ကိုယ်ပြုခဲ့တဲ့ မကောင်းတဲ့ ကိစ္စတွေ၊ အလုပ်တွေ၊ အမှားတွေကို အသိတရား ပြန်ဝင်လာတဲ့ အချိန်မှာ ပြန်လည်ပြုပြင်လို့ မရနိုင်တော့တဲ့ အခြေနေမှာ ဖြစ်ပေါ်လာတဲ့ ပူပန်ခြင်းဆိုတဲ့ ခံစားမှုမျိုးပေါ့။ ဒါပေမယ့် နောက်ကျသွားပြီ ဘယ်လိုမှ ပြင်လို့မရတော့တဲ့ နောင်တမျိုးတွေ ရှိသလို ပြန်လည်ပြုပြင်လို့ ရကောင်း ရနိုင်သေးတဲ့ နောင်တမျိုးတွေလည်း ရှိတတ်ပါတယ်။

အမှားလုပ်ခဲ့တယ် ဆိုတာကလည်း ကိုယ်တဦးတည်း ထိခိုက်မယ့် အမှားလား၊ အများထိခိုက်မယ့် အမှားလား ဆိုတာ ရှိသေးတယ်။ ကျောင်းစာမေးပွဲ တခုရဲ့ အဖြေလွှာမှာ စာပိုဒ်လေးတခု ကျန်ခဲ့တယ်လို့ နောက်ကျမှ သိခဲ့တာက ဘယ်သူ့ကိုမှ မထိခိုက်ဘူး မိမိကိုယ်တိုင်ပဲ ထိခိုက်တယ်။ ဒါမျိုးက လူတိုင်း ကြုံခဲ့ကြတဲ့ နောင်တ သေးသေးလို့ ဆိုနိုင်တယ်။ အမှားနဲ့ မကင်းတဲ့ လူတွေမို့ နောင်တတွေဟာ တနာရီ အတွင်းမှာ၊ တရက်၊ တလ၊ တနှစ် အတွင်းမှာ ကြုံခဲ့ကြရတယ်။ ဖြစ်ခဲ့ကြရတယ်။ မိမိပြုခဲ့တဲ့ အမှားတွေ၊ အခြားသူများရဲ့ ပြုခဲ့ကြတဲ့ အမှားတွေကနေ ရလာတဲ့ နောင်တတွေကမှတဆင့် တွေးတောစရာ၊ နာယူစရာ၊ မှတ်သားစရာ သင်္ခန်းစာတွေ ရခဲ့ကြတာ မဟုတ်လား။

တနေ့က ဆောင်းပါးလေးတခု ဖတ်လိုက်ရတယ်။ အာဏာရှင်ကြီး ဦးနေဝင်းက "ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တ တရား တွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ် မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်း ကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" လို့ဆိုတယ်။ တကယ်တော့ ၁၉၆၂ နှစ် သူ အာဏာသိမ်းခဲ့တဲ့ အမှားကို သေခါနီးမှ၊ ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ အချိန်ကျမှ ပြန်လည် ပူဆွေးရတဲ့ သောက ဝေဒနာ ခံစားရတဲ့ နောင်တ အကြီးစားဖြစ်တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုကို အဖက်ဖက်ကနေ ဆင်းရဲ မွဲတေနေအောင် ပထမဦးဆုံး လုပ်ခဲ့တဲ့သူ အကြီးမားဆုံး အမှားကို ကျူးလွန်ခဲ့သောသူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ တိုင်းပြည်ရဲ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဖြစ်တဲ့ သူလိုလူကို နိုင်ငံတော် အခမ်းအနားနဲ့ သင်္ဂြုံဟ် မခံရပဲ။ လူမသိ သူမသိ စိတ်ဒုက္ခ ဆင်းရဲစွာနဲ့ သေပွဲ ဝင်ခဲ့ရတာဟာ သူ့ရဲ့ အမှားတွေကြောင့် ပြင်လို့ မရတော့တဲ့နောင်တ တခုနဲ့ ဘဝရဲ့ မလှမပ ဇတ်သိမ်းခန်းကို ဖြတ်သန်း ရတာ ဖြစ်တယ်။

တကယ်တော့ နောင်တ အကြောင်းကို ဠီကာဖွင့်ချင်တာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် မှားနေတဲ့ အမှား တခုကို ပြုပြင်လို့ ရမယ်ဆိုလျှင် ဘာ့ကြောင့် မပြုပြင်ရဲရတာလဲ၊ ဘာ့ကြောင့် မပြုပြင်နိုင်တာလဲ ဆိုတာရယ် ကိုယ့်အရင်က အမှား ကြူးလွန်ခဲ့ကြတဲ့ သူတွေရဲ့ အဖြစ်ဆိုးတွေ၊ ဇတ်သိမ်းခန်းတွေ၊ ကိုယ့်မျက်စိရှေ့မှာ ဖြစ်နေကြတဲ့ အဖြစ်အပျက်တွေ၊ မြင်နေရပါလျှက်နဲ့ ကိုယ်တိုင် သင်္ခန်းစာ ယူနိုင်ပါလျှက်နဲ့ အချိန်မှီ ပြုပြင်နိုင်ပါလျှက်နဲ့ ဘာလို့ မိုက်တွင်းဆက်နက် နေကြတာလဲ ဆိုတာကို ပြောချင်တာပါ။

ကမ္ဘာမှာ အမှား ကျူးလွန်တတ်ဆုံးက အာဏာရှင်ဆိုတဲ့ လူတန်းစားတွေ ဖြစ်တယ်။ သူတို့ရဲ့ အကျိုးစီးပွား အတွက် သူ့အာဏာ တည်မြဲရေးအတွက် ဆိုရင် ဘာကိုမှ မငဲ့တတ်ကြ။ ပြည်သူလူထုကို ညှဉ်းပမ်း နှိပ်စက်တယ်။ ဆင်းရဲ ဒုက္ခရောက်အောင်လည်း လုပ်ကြတယ်။ သူတို့ ကိုယ်တိုင်ကတော့ ဘယ်တော့မှာ သူတို့ဟာ အာဏာရှင်လို့ မပြောတတ်ကြဘူး။ တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ သဘောထား တတ်ကြတယ်။ တိုင်းပြည်ရဲ့ အရှင်သခင်လို့ သဘောထား တတ်ကြတယ်။ ဒါပေမယ့် ဘယ်အာဏာရှင်မှ အသေ မဖြောင့်ဘူး။ ဘယ်အာဏာရှင်မှလည်း နောင်တတရား မထားနိုင် ခဲ့ကြဘူး။ ဒုတိယ ကမ္ဘာစစ်ရဲ့ အရှင်သခင်ကြီး ဟစ်တလာ ဘယ်လို စခန်းသိမ်းသွားသလဲ။ မူဆိုလီနီ၊ ဆက်ဒမ်ဟူစိန်၊ အခု ဂဒါဖီ စသဖြင့် အာဏာရှင်တွေ အသေဆိုးနဲ့ သေကြတာ၊ ပြည်သူလူထုရဲ့ အပြစ်ပေးခြင်း ခံရတာဟာ ငါမှငါ ငါ့တိုင်းပြည်၊ ငါအာဏာပိုင်၊ ငါသာ အရှင်သခင် စတဲ့ အာဏာရှင်တို့ရဲ့ ဗီဇ၊ မာန်မာနတွေနဲ့ ကိုယ့် ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၊ ထောင်ချတာတွေ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာကို မောင်ပိုင်စီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲပို့ စတဲ့ အမှားတွေကြောင့် ဖရိုဖရဲနဲ့ ဇတ်သိမ်းခဲ့ကြရတာ ဖြစ်တယ်။

အာဏာရှင်ဆိုသူများဟာ သူများထက် လောဘကြီးတယ်။ အများတကာရဲ့ အထက်မှာ နေချင်တယ်။ လူတွေက သူ့ကို ဦးညွတ်စေချင်တယ်။ စည်းစိမ်ရှိရှိ နေချင်တယ်။ ခမ်းခမ်းနားနား နေချင်တယ်။ ဒါလိုအခြေနေတွေ ရဖို့အတွက် ရက်စက်မှုများနဲ့ ကောက်ကျစ်မှု မျိုးစုံကို သုံးတတ်ကြတယ်။ ပြည်သူကို မယုံကြည် သလို ကိုယ့်ရဲဘော် ရဲဘက်ချင်းလည်း မယုံကြည်တတ်ကြ။ ကတိ မတည်တတ်သလို၊ သစ္စာလည်း မရှိကြ။ နောင်တဆိုတာ နောင် အခါ ငါ့ကို `’ နေကြမည်လို့ ထင်နေကြတဲ့ လူစားမျိုး။

မြန်မာပြည်ရဲ့ အာဏာရှင်အစ ဦးနေဝင်းမှ နောက်ပိုင်း ဒေါက်တာမောင်မောင်၊ ဦးစိန်လွင်၊ အတွင်းရေးမှုး (၂) ဗိုလ်ချုပ် တင်ဦး။ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင်၊ စိုးဝင်း စတဲ့ ဗိုလ်ချုပ်တွေ သေဆုံးခဲ့ကြပေမယ့် နိုင်ငံတော် အခမ်းအနား၊ စစ်သည်တော် အခမ်းအနားများနဲ့ ဘယ်ဗိုလ်ချုပ်တွေ သင်္ဂြုံဟ်တာ ခံရဖူးလဲ။ ဘယ်ပြည်သူတွေက ဝမ်းနည်း ပူးဆွေးခဲ့ကြဘူးလဲ။ တီဗွီမင်းသား ဗိုလ်ခင်ညွန့် ထောင်ထဲမှာ ဆံဖြူလို့ ခါးကိုင်းနေပြီ ဘယ်သူက သနားကြလဲ။ ထုံးစံလို့ပဲ သတ်မှတ်ရမလား။ ကိုယ့်စေတနာ အကျိုးပေးလို့ ပြောရမလား။ ဘယ်လိုပဲ ပြောပြော။ ပြည်သူလူထုကရှင်းတယ်။ ပြတ်သားတယ်။ အမြင်ကြည်တယ်။ သနားစရာရှိမှ သနားတယ်။ လွမ်းစရာရှိမှ လွမ်းတယ်။ နဲနဲမှ စိတ်မထိခိုက်။ တိုင်းပြည်ကို အကျိုးပြုတယ်။ တိုင်းပြည် ဂုဏ်ဆောင်တယ် ဆိုရင်လည်း ပြတ်ပြတ်သားသား ဂုဏ်ပြုကြတယ်။ ဦးညွတ်ကြတယ်။ သူကြင်မှ ကိုယ်ကြင် ဆိုသလို ရိုးရိုးရှင်းရှင်းလေး ဆုံးဖြတ်ခဲ့ကြတယ်။

အမှားကင်းရင် အမှတ်ပြည့်မရတာတောင်မှ ဘဝမှာ နေပျော်တယ်။ စိတ်ပေါ့ပါးတယ်။ လွတ်လပ်တယ်။ လူချစ်လူခင် ပေါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတော့ ပြည်သူလူထုက ငိုယိုကြတယ်။ လွမ်းဆွတ် တမ်းတကြတယ်။ သူ့အတွက် အာဇာနည် ဗိမာန်တခု တည်ဆောက်ပြီး ဂုဏ်ပြုကြတယ်။ သူ့ကိုယ်ထာဝရ ဦးညွတ်ကြတယ်။ လူသာသေသွားတယ် နာမည်မသေဘူး။ အဲဒါ အမှန်တရားပေါ်မှာ ရပ်တည်ခဲ့လို့၊ တိုင်းပြည်အတွက်သာလျှင် အဓိက ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးမငဲ့ စွန့်လွတ် အနစ်နာခံခဲ့မှု တွေရဲ့ ရလဒ်၊ အမှန်တရား တခုရဲ့ ရလဒ်ဖြစ်တယ်။

သင်က လွတ်လပ်ရေး ခေါင်းဆောင်ဖြစ်ဖြစ်၊ အစဉ်အလာရ ဆက်ခံရတဲ့ သူပဲဖြစ်ဖြစ်၊ တိုင်းပြည်က ရွေးချယ် လိုက်လို့ အုပ်ချုပ်ရသူပဲ ဖြစ်ဖြစ်၊ တပါတီစနစ် ဖြစ်ဖြစ်၊ ပါတီစုံဖြစ်ဖြစ် ပြည်သူလူထုက သင်ကိုင်တွယ်တဲ့ ပုံစံကိုကြည့်ပြီး အာဏာရှင်လား၊ ဘာလားဆိုတာ သေသေချာချာ ခွဲခြားသုံးသပ်နိုင်တယ်။ ငြင်းလို့မရ။ အာဏာရှင်လို့ သတ်မှတ်ခံရပြီ ဆိုရင်တော့ အချိန်မှီ ပြင်ဖို့သာ ကြိုးစားတော့။ ဆက်လက် မိုက်လုံး ကြီးနေမယ် ဆိုရင်တော့ သင်ဟာ တနေ့မှာ ကျဆုံးရလိမ့်မယ်။ ရှေ့က ဆရာကြီးတွေလို နောင်တတွေ တပွေ့တပိုက်နဲ့ မလှပတဲ့ ဘဝနဲ့ ဇတ်သိမ်းရတော့မယ် ဆိုတာ ပုံသေ တွက်ထားတော့။

ဒီသင်္ခါရ လောကကြီးမှာ ဘယ်အရာမှ ထာဝရ တည်မြဲနေမယ်လို့ မရှိဘူး။ အမြဲတမ်း ပြောင်းလဲနေတယ်။ လူ့ဘဝ ဆိုတာကလည်း စင်္ကြာဝဠာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် သမုဒ္ဒရာထက်က ရေပွက်မျှသာ ဖြစ်တယ်လို့ ရှေးစာဆိုတော်ကြီးများက ဆိုခဲ့ကြတာ မဟုတ်လား။ တိုတောင်းလှတဲ့ ဘဝရဲ့ အချိန်ခဏလေးမှာ တိုင်းပြည် ကောင်းကျိုး၊ ပြည်သူလူထု ကောင်းကျိုးအတွက် နောင်တ တရားကို ဆင်ခြင်နိုင်မယ်။ ရှေးက အဖြစ်ပျက်တွေကို သင်္ခန်းစာ ယူနိုင်မယ်ဆိုရင် ကိုယ့်ဘဝရဲ့ နေဝင်ချိန်ဟာလည်း ခမ်းနားသွားနိုင်ပါတယ်။ အချိန်မှီ သင်္ခန်းစာ ယူတတ်ဖို့သာ အဓိက မဟုတ်ပါလားခင်ဗျာ………………….။


Ref: မိုးကြိုးသတင်းစဉ်မှ ကူးယူဖေါ်ပြပါသည်

Read More...

အစာငတ်ခံဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေ ကုလ စိုးရိမ်

သားညွန့်ဦး
အင်္ဂါ, 08 နိုဝင်ဘာ 2011

မြန်မာနိုင်ငံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုတဲ့ သတင်းကြောင့် စိုးရိမ် ပူပင်မှု ဖြစ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ် စားလှယ်က ပြောလိုက်ပါတယ်။ အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အကာအကွယ် ပေးဖို့နဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ထောင်တွင်းကို သွားရောက် ကူညီခွင့်ပြုဖို့ လည်း မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြထား ပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင် အာဏာပိုင်တွေ ဘက်က သောက်သုံးရေပါ ဖြတ်ပြီး တန်ပြန် ညှင်းပမ်း နှိပ်စက် နေတယ် ဆိုတဲ့ သတင်း တွေကြောင့် ဒီအခြေအနေ အပေါ်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အနေနဲ့ အင်မတန် စိုးရိမ်မိတဲ့ အကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့တာပါ။

အစာငတ်ခံဆန္ဒပြသူ ၁၅ ဦးထဲ ၈ ဦးကို အင်းစိန်ထောင်ထဲက အပြစ်ပေးတဲ့ စစ်ခွေးတိုက်ကို ပြောင်းရွှေ့ ထားလိုက်တယ် လို့လည်း မစ္စတာ ကင်တာနားရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီလူတွေရဲ့ ကျန်းမာရေး အခြေအနေ အတွက် စိုးရိမ်တာကြောင့် အခုလို အများသိအောင် ထုတ်ပြန် ရတာလို့ မစ္စတာကင်တာနားက ဗွီအိုအေကို ပြောပါတယ်။

“ရရှိထားတဲ့သတင်းအချက်အလက်တွေအရတော့ အဲဒီ အစာငတ်ခံ ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင် အာဏာပိုင်တွေ ဘက်က တုံ့ပြန် အရေး ယူတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ် ပူပင်တယ် ဆိုတာကို အများသိအောင် ထုတ်ပြန်ရတာပါ။ မြန်မာ အစိုးရအနေနဲ့ ဒီအကျဉ်းသား တွေကို အကာအကွယ် ပေးဖို့နဲ့ သူတို့ တဦးချင်းစီရဲ့ ကျန်းမာရေး အခြေအနေတွေကို စောင့်ရှောက်ပေးဖို့ လိုမယ်ဆိုတာ သဘော ပေါက်ရပါလိမ့်မယ်”

အကျဉ်းသားတွေအပေါ် ဆက်ဆံရမယ့် နိုင်ငံတကာစံနှုန်း စာချုပ်တွေအတိုင်း မြန်မာအစိုးရအနေနဲ့ လူ့အခွင့် အရေးကို လေးစား လိုက်နာဖို့ မစ္စတာ ကင်တာနားက တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာ အဓိက ဦးဆောင်ပါဝင်လို့ အဖမ်းခံရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အကြောင်း ဖော်ပြပါတယ်။ အရှင်ဂမ္ဘီရ အပါအ၀င် အကျဉ်းသားတွေရဲ့ ကျန်းမာရေး အတွက် IAEA ကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေ အတွင်း အမြန် ၀င်ရောက် ကူညီခွင့် ပေးဖို့ကိုလည်း မစ္စတာ ကင်တာနားက မြန်မာ အစိုးရကို တိုက်တွန်း သွားပါတယ်။

“IAEA အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ ပြန်လည် ဆက်သွယ် အလုပ်လုပ်ဖို့ အစိုးရကို အကြံပေး ထားပါတယ်။ IAEA အနေနဲ့ ဒီ အကျဉ်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးတာအပြင် ဒီ အကျဉ်းသားတွေ အပေါ် မတရား ညှင်းပမ်း နေတာမျိုးတွေကိုလည်း အကာအကွယ် ပေးနိုင်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တာဝန်ယူခဲ့တဲ့အချိန်ကစလို့ဆိုရင် အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေ အနေဟာ လူ့အခွင့်အရေး ထောင့်ကနေကြည့်ရင် လုံးဝ လက်ခံလို့မရတာ တွေ့ရပါတယ်”

မြန်မာအစိုးရအနေနဲ့က နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးရုံမကဘဲ အကျဉ်းထောင် စနစ် ပြုပြင် ပြောင်းလဲမှု တွေကိုလည်း လုပ်သွားဖို့ အချိန်ကျနေပြီလို့ မစ္စတာ ကင်တာနားက သတိပေး ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆိုမှုတွေ ရှိနေ ပေမယ့်လည်း မြန်မာအစိုးရက ပြီးခဲ့တဲ့အခေါက် လွှတ်ပေးတဲ့ အထဲ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ပဲ ပါဝင်တာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာ အစိုးရကို ဝေဖန်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အင်းစိန် အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားအချို့ အစာငတ်ခံ ဆန္ဒပြတယ် ဆိုတဲ့ သတင်း ဖြစ်လာတာပါ။ ဘာကြောင့် ဆန္ဒပြကြသလဲ ဆိုတာကတော့ အကျဉ်းသား အခွင့်အရေး အတွက် ဖြစ်တယ်လို့ပဲ သိရပြီး အသေးစိတ်ကို မသိသေးဘူးလို့ မစ္စတာ ကင်တာနားက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ လက်ရှိ မြန်မာပြည်က ဖြစ်ပေါ် တိုးတက်မှုတွေကို စောင့်ကြည့် အကဲဖြတ်နေပြီး တိုးတက်မှု တခုအလိုက် တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။

“တိုးတက်လာတဲ့အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့် အကဲဖြတ်နေပါတယ်။ တချိန်တည်းမှာလည်း လိုအပ်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အတွက် မြန်မာ အာဏာပိုင်တွေကို ဆက်ပြီး တိုက်တွန်း ပြောသွားမှာပါ”

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victorial Nuland ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အရေ အတွက်နဲ့ ပတ်သက်လို့တော့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အစိုးရအကြားမှာ ကွဲလွဲမှုတော့ ရှိနေပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ နီးပါး ရှိနေသေးတယ်လို့ အတိုက်အခံတွေက ပြောပေမယ့် အစိုးရကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီး ခံထားရသူ ဒီအရေအတွက်လောက် မရှိဘူးလို့ ပြောသလို နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘူးလို့လည်း ငြင်းဆန်နေဆဲပါ။


Ref: VOA News

Read More...

မြန်မာကို ဥက္ကဋ္ဌပေးရန် အာဆီယံ သဘောတူဟုဆို

ကိုပေါက်
အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂၀၁၄ အာရှ ဒေသဆိုင်ရာ ထိပ်သီး အစည်းအဝေးများအား အိမ်ရှင်နိုင်ငံ အဖြစ် မြန်မာ က ကျင်းပရန် အာဆီယံ ခေါင်းဆောင်များက နှစ်ထောင်းအားရ သဘောတူမှုကို ဖော်ပြကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါ Marty Natalegawa အား ကိုးကား၍ Jakata Globe သတင်းက ရေးသား ထားသည်။

“(ရှေ့အပါတ် ဘာလီ အစည်းအဝေးမှာ) မြန်မာအတွက် ထောက်ခံပေးမှာလားလို့ မေးရင် ကျနော့်အနေနဲ့ အဖြူအမဲ အဖြေ မပေးနိုင်ပါဘူး” ဟု Marty Natalegawa က သတင်းထောက်များအား ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ “အကယ်၍ (အခု) နိုဝင်္ဘာ အခြေအနေကို ပြီးခဲ့တဲ့ ဇူလိုင်နဲ့ မေလတုန်းက အခြေအနေတွေနဲ့ နှိုင်းယှဉ် ခိုင်းရင်တော့ ကျနော့် အနေနဲ့ ပိုပြီးတော့ အကောင်းမြင် အပေါင်းလက္ခဏာ ပြတယ်လို့ ခံစားရပါ တယ်” ဟု မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်တွင်လည်း အိမ်ရှင်နိုင်ငံလုပ်ရန် “မြန်မာရဲ့အဆိုပြုချက်ကို အပေါင်း လက္ခဏာပြ စဉ်းစားကြရန်” တိုက်တွန်းချက်တခု ထူးခြား အရေးပါလှစွာ ဖော်ပြထားပြီးဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် မြန်မာအနေနှင့် အာဆီယံကိုယ်စား စကားပြောရမည်ဖြစ်ပြီး ဒေသတွင်း အစည်းအဝေးများလည်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ပေးရမည်ဖြစ်သည်။ ထိုအထဲတွင် အမေရိကန် ပြည်ထောင်စု ပါဝင်သည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးလည်း တခု အပါအဝင်ဖြစ်သည်။

လာမည့် ရက်သတ္တပါတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ အိုဘားမား တရားဝင် တက်ရောက်မည် ဖြစ်သည်။ မြန်မာတွင် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပဖြစ်လျှင် မြန်မာအစိုးရ ကို မာမာတင်းတင်း ဆန့်ကျင် နေခဲ့သော အမေရိကန်နိုင်ငံ၏ သမ္မတသည်လည်း အစည်းအဝေး လာတက်ရဖွယ် ရှိနေသည်။

အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ချောမွေ့ ပြေလည်စေရေး အတွက် “နေပြည်တော်ရော ဝါရှင်တန်ရော ဟာ နားလည်မှု လွဲမှားစေနိုင်တဲ့ ဝန်းကျင်ကို ရှောင်ရှားပြီး ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ ရှင်းလင်းတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ သေချာခိုင်မာ ရှိနေရပါမယ်” ဟု အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ် Derek Mitchell က သောကြာနေ့က အမေရိကန် သုံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“NLD အပါအဝင် နိုင်ငံရေးအင်အားစုများအနေနှင့် တိုင်းပြည်၏ နိုင်ငံရေးဘဝအတွင်း အပြည့်အဝ ပါဝင်ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအား လက်မှတ်ရေးထိုး ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း” မစ္စတာ ဒဲရစ်မစ်ချဲလ်က ပြောဆို လိုက်သည့် နေ့ ည ၈ နာရီသတင်းမှာပင် သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ကြောင်း အစိုးရက ကြေညာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဗဟိုမှ ကျပ် ၂၅ သန်း တောင်းခံရန် ချင်းပြည်နယ် လွှတ်တော်ဆုံးဖြတ်

သဲသဲ
အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ပြည်နယ်ဝင်ငွေဖြင့် မလုံလောက်သည့် ချင်းပြည်နယ်အတွက် ဗဟို အစိုးရထံမှ ထောက်ပံ့ငွေ အဖြစ် ငွေကျပ် ၂၅ သန်း တောင်းခံသွားရန် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးက အင်္ဂါနေ့တွင် ဆုံးဖြတ် လိုက်သည်။

ချင်းပြည်နယ်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေပြနေခြင်းကြောင့် ပြည်နယ် အစိုးရ အဖွဲ့က တိုးချဲ့ တောင်းခံငွေအဖြစ် ဗဟိုအစိုးရထံ တင်ပြရန် အင်္ဂါနေ့ လွှတ်တော် စည်းဝေးပွဲတွင် အဆိုတင် သွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ရငွေနဲ့သုံးငွေ စာရင်းပြန်ကိုက်တဲ့အခါမှာ လိုတဲ့ငွေကို ပြည်ထောင်စု အစိုးရက ချပေးဖို့ အတည်ပြုတာပါ။ ပြည်နယ် အစိုးရက ရတဲ့ ငွေနဲ့ ရပ်တည်နိုင်မှု မရှိတော့ ထပ်မံပြီး တိုးချဲ့တောင်းခံငွေဆိုပြီး တောင်းပါတယ်”ဟု ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

ဦးကျော်ငြိမ်းမှာ ချင်းတိုးတက်ရေးပါတီ - CPP မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သစ်တောနှင့် သတ္ထုတွင်း ဝန်ကြီး အဖြစ်လည်း တာဝန် ယူထားသူ ဖြစ်သည်။

ပြည်နယ်၏ ဝင်ငွေ၊ ရငွေ ပမာဏာများနှင့် ပတ်သက်၍ အသေးစိတ် ဖြေကြားခြင်း မရှိသော်လည်း ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ် အတွက် ချင်းပြည်နယ် အစိုးရ၏ ဘတ်ဂျတ်လိုငွေမှာ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် ( ၆ ဘီလီယံ ) ရှိကြောင်း သိရသည်။

“တကယ်လိုတာက ကျပ် သန်း ၆၀၀၀ လောက်ရှိတယ်။ “ချင်း"မဟုတ်ပဲ "တောင်း" ဖြစ်နေတယ်လို့ ပြောထားတော့ လိုသလောက် အကုန်မတောင်းရဲဘူး။ ရှိတာနဲ့ ကြိုးစား လုပ်သွားရမှာပဲ”ဟု ဦးကျော်ငြိမ်းက ဆိုသည်။

ပြည်နယ်လိုငွေပြမှုအား ဖြည့်ဆည်းပေးရန်အတွက် ပြည်နယ်လွှတ်တော် ဥက္ကဌမှတဆင့် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ အဖွဲ့သို့ တင်ပြရမည် ဖြစ်သည်။

ဘတ်ဂျတ်လိုငွေအတွက် ပြည်နယ် အစိုးရနှင့်  လွှတ်တော်ကိုယ်စားလှယ်များအကြား တနလာင်္နေ့ကလည်း အကြို ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းနှင့် ဘတ်ဂျတ်စီမံရေးရာ ဌာနမှူးတို့လည်း ပါဝင်ခဲ့ကြောင်း ချင်းအမျိုးသားပါတီ - CNP ထံမှ စုံစမ်းသိရှိရသည်။

“ပြည်နယ်မှာ အစိုးရအနေနဲ့ ဝန်ကြီးချုပ်ဦးဆောင်ပြီး လိုအပ်တဲ့ ဘတ်ဂျတ်ကို ကြိုတင်ဆွဲထားတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေကို ချပြပြီးတော့ မရှင်းလင်းတာတွေ၊ မကျေလည် တာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်” ဟု CNP ပါတီမှ ပြည်နယ် လွှတ်တော်အမတ် ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

လွှတ်တော်ခေါ်ယူရေးအတွက် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အကြောင်းကြားခဲ့ပြီး ပြည်နယ်အတွက် တင်ပြလိုသည့် အဆိုနှင့် မေးခွန်းများကို ပေးပို့ရန် ငါးရက်သာ အချိန်ရခဲ့သဖြင့် ပြင်ဆင်ချိန် မလောက်ငှဟု ပါတီများက ဝေဖန်လျက် ရှိသည်။

“အရမ်းကပ်နေပြီလေ။ အတိုက်အခံပါတီ ဘက်အနေနဲ့ ပြင်ဆင်ချိန် မရှိလောက်တဲ့ အနေအထားလောက်ကို ကပ်ပြီးခေါ်တော့ သိပ်ပြီးပုံစံမကျဘူးပေါ့” ဟု CPP ပါတီ အထွေထွေ အတွင်းရေးမှူး ပူးရှိန်ထွန်းက ပြောသည်။ လွှတ်တော် လုပ်ထုံးအရ မေးခွန်းနှင့် အဆိုများကို လွှတ်တော်မခေါ်မှီ ၁၀ ရက် ကြိုတင်၍ လွှတ်တော်ရုံးသို့ ပေးပို့ရသည်။

ချင်းပြည်နယ်အတွက် ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို အင်္ဂါနေ့တွင် စတင်ခြင်းဖြစ်ကာ မေးခွန်း ၁၂ ခု ကို သစ်တော၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမျိုးစုဝန်ကြီးတို့က ပြန်လည် ဖြေကြားခဲ့ကြသည်ဟု သိရသည်။

ပထမအကြိမ်ကျင်းပခဲ့သည့် လွှတ်တော်စည်းဝေးပွဲတွင် ပြည်ထောင်စုလွှတ်တော်မှ တင်ပြလာသည့် အဆိုများကို သာ ထောက်ခံခဲ့ရပြီး မည်သည့် မေးခွန်းနှင့် အဆိုများ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် အထူးလွှတ်တော် အစည်းအဝေးတရပ် ခေါ်ယူခဲ့ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့အတွင်း လစ်လပ်လျက်ရှိသော ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဝန်ကြီး ရာထူးအတွက် ဝါရင့် မြို့ပြအင်ဂျင်နီယာ ဦးငွန်ဆန်းအောင်ကို ခန့်အပ်ခဲ့သည်။

ချင်းပြည်နယ်လွှတ်တော်ရှိ အမတ်နေရာ ၂၄ နေရာ၌ CPP နှင့် CNP က ငါးဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ ENDP မှ တဦး၊ ကြံ့ခိုင်ရေးမှ ခုနှစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦးတို့ ပါရှိသည်။

“ချင်းပြည်နယ် လွှတ်တော်တက်ရတာ အားမရပါဘူး။ ကျနော်တို့က ပါတီစုံအနေနဲ့ ဝင်ရောက်ပေမယ့် leading roll က တပါတီကပဲ နေရာ ယူထားတော့ လုပ်ရကိုင်ရတာ အဆင်မပြေလှပါဘူး” ဟု CNP ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့် လွှတ်တော်အမတ် ဦးဇိုဇမ်က ပြောသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဝန်ကြီးဌာန ကိုးခုရှိသည်။ ယင်းအနက် ဒေသခံ ချင်းပါတီများမှ ဝန်ကြီးတဦးစီသာ ပါဝင်ပြီး ကျန်ဌာနများမှ စစ်ဘက်နှင့်ကြံ့ခိုင်ရေးပါတီတို့မှ ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

မန္တလေးတိုင်း လွှတ်တော် အစည်းအဝေး ကန့်သတ် သတင်းယူခွင့်ပြု

ဖနိဒါ
အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀

ချင်းမိုင်(မဇ္စျိမ) ။ ။ မန္တလေးတိုင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးသို့ သတင်းစာ ဆရာ ၁၇ ဦးကို လွှတ်တော် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက အကန့်အသတ်ဖြင့် သတင်းယူခွင့် ပြုခဲ့သည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပသည့် လွှတ်တော်စည်းဝေးပွဲ ပထမနေ့ ဝန်ကြီးချုပ် ရဲမြင့်၏ အဖွင့်မိန့်ခွန်း ပြောကြားစဉ်နှင့် နိုင်ငံတော် ဘက်ဂျက်ဆိုင်ရာ ဆွေးနွေးမှုများတွင် သတင်းယူခွင့် မပြုခဲ့ကြောင်း တက်ရောက်ခဲ့သူ သတင်းထောက်များ ထံမှ သိရှိရသည်။

“အပြင်ထွက်ခိုင်းတာက အစလုပ်တဲ့နေ့က။ သူတို့နဲ့ ကျနော်တို့နဲ့က ပထမဆုံးအချိန် တွေ့တာ ဖြစ်တဲ့အတွက် နည်နည်းလေး ကြောက်နေပုံ ရတယ်။ ဘတ်ဂျက်ကိစ္စ ဖြစ်တဲ့အတွက် ဒီဟာဆွေးနွေးနေတာတွေက အတည် မဖြစ်သေးတဲ့ အတွက် သတင်းမဖြစ်သေးပါဘူး။ တကယ်လို့ ရေးမယ်ဆိုရင် မှားမှာမလို့ သတင်းသမားတွေ ခဏထွက်ခိုင်းပါ ဆိုပြီးတော့ ထွက်ခိုင်းတယ်” ဟု သတင်း သွားယူသည့် မန္တလေးအခြေစိုက် သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့ အခြေစိုက် သတင်းဂျာနယ်တိုက်များကို တတိုက်လျှင် နှစ်ဦးနှုန်းအဖြစ် ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေး တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များအား မျက်နှာချင်းဆိုင်မှ ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ထားခြင်း၊ ဗီဒီယို ကင်မရာရိုက်ခွင့် ပိတ်ပင်ခြင်း များလည်း ပြုလုပ်ထားသည်ဟု သိရသည်။

သို့သော် လွှတ်တော်တွင်း နေ့စဉ် အမတ်များမှ မေးခွန်းနှင့် အဆိုများကို ဝန်ကြီးများမှ ဆွေးနွေးခဲ့သည့် မှတ်တမ်း အကျဉ်းချုပ် ကိုမူ ကွန်ပျူတာ စာစီဖြင့် သတင်းထောက်များကို ပြန်လည် ထုတ်ပေးသည်ဟု သိရသည်။

လွှတ်တော်တွင်း သတင်းယူခြင်းမှာ ပထမဆုံးအကြိမ်အဖြစ် အတွေ့အကြုံ ရရန်သာဖြစ်ပြီး” ဒီလို မေးခွန်းတွေက စိတ်ဝင်စားစရာ မကောင်းဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေ ဖြစ်ချင်တာတွေကို တင်ပြနိုင်စွမ်း ရှိရဲ့လားဆိုတဲ့ အရည် အချင်းတွေ စမ်းစစ်စရာ ရှိတယ်လို့ မြင်တယ်ဗျ” ဟု ပွဲတက်ရောက်သူ သတင်းထောက်တဦးက ပြောသည်။

မန္တလေးမြို့တွင် အခြေစိုက်ထားသည့် သတင်းဂျာနယ်တိုက် အနည်းဆုံး ခုနှစ် ခုခန့်ရှိပြီး ရွှေမန္တလေးဂျာနယ်၊ အထက်မြန်မာ သတင်းဂျာနယ်၊ မန္တလေးတိုင်းဂျာနယ်၊ မန္တလေးအလင်း၊ နန်းမြင့်၊ မန်းတောင်ရိပ်၊ မန္တလေးတိုက် ဂျာနယ်များ ထုတ်ဝေနေသည်။

ဒုတိယအကြိမ် မန္တလေးတိုင်း တိုင်းဒေသကြီးလွှတ်တော် စည်းဝေးပွဲကို အောင်မြေသာဇံမြို့နယ်၊ ၆၅ လမ်း၊ ၂၄x၂၅ လမ်းကြားရှိ လွှတ်တော်ခန်းမတွင် ကျင်းပခြင်းဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦး၊ တပ်မသား ကိုယ်စားလှယ် ၁၉ ဦးနှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် တဦး အပါအဝင် စုစုပေါင်း ၇၆ ဦး တက်ရောက်သည်။

လွှတ်တော် စည်းဝေးပွဲ ခုနှစ်ရက်မြောက် အဖြစ် ကျင်းပသည့် ယနေ့စည်းဝေးပွဲကို နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ ကျင်းပခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်း ၁၆ ခု မေးမြန်းကာ အဆို ငါးခု တင်သွင်းခဲ့ သည်။

ယင်းမေးခွန်းများသည် မန္တလေးတိုင်း မြို့သစ်ရပ်ကွက်များတွင် မြေဂရမ် ထုတ်ပေးမည့် အစီအစဉ် ရှိမရှိ၊ နည်းပညာ တက္ကသိုလ်မှ တောင်ကြီးကျေးရွာသို့ သွားသည့် လမ်းပြုပြင်မည့် အစီအစဉ် ရှိမရှိ၊ တာလီမြို့နယ်မှ CDMA ဖုန်း ဆက်သွယ်မည့် စက်ကိရိယာများ တပ်ဆင်ပေးရန် ရှိမရှိ၊ ခရိုင်ချင်းဆက် လမ်းများတွင် ဆိုင်ကယ်များ အတွက် အခွန်ဆက်လက် ကောက်ခံရန် ရှိ၊ မရှိ စသည့် မေးခွန်းများ မေးမြန်းခဲ့သည်ဟု သိရသည်။

ထို့ပြင် မန္တလေးမြို့ ရေကြီးနေမှုနှင့် ပတ်သက်၍ ရေဘေးအန္တရယ်ကာကွယ်မည့် အစီအစဉ်ရှိမရှိ၊ တောင်သာ-မြင်းခြံ ကားလမ်း ဆက်လက်ပြုပြင်ရန် ရှိမရှိ၊ မန္တလေးတက္ကသိုလ်အတွင်း အဆောင်နှင့် အိမ်ယာများတွင် ရေမရရှိမှုများ ရှိ၍ ရေရရှိရန် ဆောင်ရွက်နိုင်ရန် ရှိမရှိ စသည့်အချက်များ အပါအဝင် မေးခွန်း ၁၆ ခုကို သက်ဆိုင်ရာ ဝန်ကြီးများ ကို မေးမြန်းခဲ့သည်ဟု သတင်း တက်ရောက်ယူနေသူ သတင်းထောက်များထံမှ သိရသည်။


Ref: မဇ္ဈိမ

Read More...

ပါတီမှတ်ပုံတင်ရေး ဆွေးနွေးရန် NLD ရက်သတ်မှတ်

မြတ်မိုး
November 8, 2011

ပါတီ တရားဝင် မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ကို ယခုလ ၁၈ ရက်နေ့တွင် ချမှတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ယနေ့ ပြောလိုက်သည်။

ယနေ့ နံနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး အပြီးတွင် ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးအုန်းကြိုင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၈ ရက်နေ့ NLD ရုံးချုပ်၌ ပြုလုပ်မည့် အစည်းအဝေးတွင် မကြာသေးမီက ပြင်ဆင် လိုက်သည့် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း၊ ပါတီ မှတ်ပုံတင်ရေး ကိစ္စကိုလည်း တိကျသည့် အဖြေတခု ရှိသည်အထိ ဆွေးနွေးမည် ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ထိုအစည်းအဝေးသို့ မြန်မာတနိုင်ငံလုံးရှိ NLD ဗဟိုဦးစီး အဖွဲဝင်ပေါင်း ၁၂၀ ကျော် တက်ရောက်မည်ဟု သိရသည်။

NLD သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရခဲ့သော်လည်း ထိုရလဒ်မှာ အသိအမှတ် ပြုခြင်း မခံခဲ့ရပေ။

အနှစ် ၂၀ အကြာတွင် အာဏာပိုင်တို့က ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် ကော်မရှင်တခုကို ဖွဲ့စည်းလိုက်ပြီး ထိုကော်မရှင်တွင် နိုင်ငံရေး ပါတီများ ဖွဲ့စည်း မှတ်ပုံ တင်ကြရန် ဖိတ်ခေါ် ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမည်မဟုတ်ဟု ယူဆပြီး သပိတ်မှောက်ခဲ့သည့် NLD သည် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပါ အချက်များကို လက်မခံနိုင်ဟု ဆိုကာ ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။

၂၀၁၀ စက်တင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ထိုသို့ဖျက်သိမ်းခြင်းမှာ တရားမ၀င်ဟု NLD က တုံ့ပြန်ပြီး ပါတီ တရားဝင် ရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ တရားရုံး အဆင့်ဆင့်ကို လျှောက်ထားသော်လည်း အာဏာပိုင် တို့က ပယ်ချခဲ့သည်။

ဤအတောအတွင်း ဗိုလ်ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထားသည့် လက်ရှိ အစိုးရနှင့် NLD တို့ ဆက်ဆံရေး ကောင်းမွန် လာသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တတိယ အကြိမ်မြောက် တွေ့ဆုံ အပြီးတွင် NLD က ကန့်ကွက်ခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရေး အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

NLD က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖွယ်ရှိပြီး မကြာမီပေါ်ပေါက်လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု အကဲခတ် အများအပြားက ယူဆ နေကြသည်။

NLD ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း NLD က ပါတီမှတ်ပုံတင်ရန် အလားအလာ ရှိသည်ဟု သတင်း ဌာနများကို မကြာသေးမီက ပြောသည်။

ယနေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် NLD ခေါင်းဆောင်များ ဆွေးနွေး တိုင်ပင်နေစဉ် နော်အုန်းလှ ဦးဆောင်သော တက်ကြွ လှုပ်ရှားသူတချို့က ပါတီ မှတ်ပုံတင်ရေးကို ကန့်ကွက်ကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများ ရန်ကုန်မြို့ နေရာ တချို့တွင် ဖြန့်ဝေခဲ့ကြသည်။


Ref: ဧရာဝတီ

Read More...

Tuesday, November 8, 2011

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး - အပိုင်း (၁)

ရော်နီညိမ်း
စနေ, 15 အောက်တိုဘာ 2011

တပ်မှူးတပ်သား ပြောစကား (၀၈၂)

ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS) (Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ထိုင်းနိုင်ငံ အာဏာပိုင်တွေက တဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာ လဆန်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ကလည်း၊ ဌာနေပြည်သူ့စစ် ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်း လာခဲ့တယ်လို့၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင် စီ(RCSS)ရဲ့ ပြောရေးဆိုခွင့် ရှိသူက၊ ပြည်ပက မြန်မာ မီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက် က ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်း ဆွေးနွေးပြီး၊ “ရှမ်းပြည် တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး - အပိုင်း (၁)”ကို၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍမှာ တင်ဆက် လိုက်ပါတယ်။

ဦးအောင်လင်းထွဋ် ။ ။ ၁၉၈၈-၈၉ နောက်ပိုင်းမှာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ထိန်းတဲ့ အနေအထားမျိုး၊ အင်မတန်မှ နည်းခဲ့ပါတယ်။ အဲဒီအခွင့်ကောင်းကို ယူပြီး၊ ကိုးကန့်တို့ ‘၀’တို့ နယ်မြေမှာ၊ ဘိန်းအများအ ပြားစိုက်၊ မူးယစ်ဆေးဝါး ကနေ ပိုက်ဆံတွေ အများအပြား ရခဲ့သလို၊ ခွန်ဆာ လှုပ်ရှားတဲ့ ဟိုမိန်းနဲ့ ရှမ်းပြည် အရှေ့ပိုင်းဒေသမှာလည်း၊ မူးယစ်ဆေးဝါးကို အပြိုင်အဆိုင် ထုတ်လာကြတာတွေ ရှိခဲ့ပါတယ်။ ထုတ်တဲ့ မူးယစ်ဆေးဝါးတွေက အဲဒီ အချိန်တုန်းက ယိုးဒယားနယ်စပ်ကို သွားပါတယ်။ တရုတ် ဘက်ကိုတော့ ‘၀’က ပို့ရဲတဲ့ အနေအထားမျိုး၊ အဲဒီတုန်းက မရှိခဲ့သေးဘူး ခင်ဗျ။ အဲဒီအချိန်မှာ ခွန်ဆာရဲ့ မူးယစ်ဆေးဝါးတွေက လည်း ယိုးဒယားကနေပြီးမှ ဖြတ်တယ်။ ‘၀’ တွေ ကိုးကန့်တွေ ဘက်ကလည်း၊ ယိုးဒယားနယ်စပ်ကတဆင့်၊ မူးယစ်ဆေးဝါးလမ်းကြောင်းတွေ လုပ်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ အစိုးရ ဘက်ပိုင်းကလည်း၊ ဒီမူးယစ်ဆေးဝါး ဘိန်းဖြူဆိုတာက၊ ယိုးဒယားနဲ့ အမေရိကန်တွေပဲ သေတာပဲ၊ သေပေ့စေပေါ့ကွာ ဆိုပြီး၊ မျက်နှာလွှဲထားတဲ့ အနေအထားမျိုးတွေ ရှိခဲ့ဖူးပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒါက အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြ၀ါဒလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား ဆိုတာကို၊ ကျနော် ကြားသိသလောက် ပြောရရင်တော့၊ ဒါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စကားပါပဲ။ “ဒီဘိန်းဖြူဆိုတာ ငါတို့ ပြည်တွင်းမှာ ဘာမှ ဖြစ်တာမှ မဟုတ်တာ၊ ယိုးဒယားနဲ့ အမေရိကန်တွေ သေတာပဲ၊ သေပေ့စေပေါ့ကွာ”ဆိုတဲ့ သူ့ရဲ့ နှုတ်စကားက၊ လမ်းညွှန် ချက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက။
ဦးရော်နီညိမ်း ။ ။ လွှတ်ထားလိုက်ဆိုတဲ့ သဘောပေါ့။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်၊ လွှတ်ထားလိုက်ဆိုတဲ့ သဘောမျိုး၊ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄-၉၅ လောက်ကျတော့၊ တစ်ကမ္ဘာလုံးက ၀ိုင်းအော်လာတဲ့အချိန်မှာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး၊ ပြန်ပြီးတော့ ထိန်းရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အဲဒီတော့ မူးယစ်ဆေးဝါးတင်ပို့တဲ့ လမ်းကြောင်း ရှာရာကနေပြီးတော့၊ နဂိုထဲကိုက ရန်သူဖြစ်ခဲ့ကြတဲ့ ခွန်ဆာရဲ့ တပ်တွေနဲ့ ‘၀’ တပ်တွေ၊ အဆင်မပြေဖြစ်ခဲ့ကြ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါက ‘၀’ တပ်တွေနဲ့ ခွန်ဆာနဲ့ ပြဿနာပေါ့။ အဲဒီတော့၊ န၀တ အစိုးရဆီကို သူက ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်မခံတဲ့အခါကျတော့၊ ခွန်ဆာက ရှမ်းပြည်နယ်ထဲမှာ အင်အားတည် ဆောက်လာတဲ့ အနေအထား ရှိခဲ့ပါတယ်။ အဲဒီတုန်းက SURA (Shan United Revolutionary Army) ခေါ် တာပေါ့၊ အဲဒီ SURA ထဲကို ရှမ်းတပ်တွေ တော်တော်များများကို ခွန်ဆာက သိမ်းသွင်းလိုက်တဲ့အခါမှာ၊ ၁၉၉၃ ပတ်ဝန်းကျင်လောက်မှာ ခွန်ဆာဟာ တပ်အင်အား သုံးသောင်းလောက်ကို စုစည်းနိုင်တဲ့ အင်အားရှိခဲ့ တယ်။ ဒီ့အပြင် ဟိုမိန်းက ခွန်ဆာရဲ့ ဌာနချုပ်မှာ လက်နက်စက်ရုံတွေက အစ၊ တည်ထောင်ခဲ့ပြီးတော့ ခွန်ဆာက သူ့ကိုယ်သူလဲ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာခဲ့ ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ မှတ်မိတာက၊ ခွန်ဆာက သူဟာ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတာ၊ ဘိန်းကုန်ကူးတဲ့ ကုန်သည်မဟုတ်ဘူးဆိုတဲ့ ၀ါဒဖြန့်ချက်မျိုးနဲ့ မြန်မာ့ တပ်မတော် စစ်စခန်းတခုကို သူ့ရဲ့ တပ်တွေနဲ့ ၀င်ရောက်စီးနင်း တိုက်ခိုက်တာကိုတောင်မှ၊ ဗီဒီယိုရိုက်ပြီး၊ ကမ္ဘာကို လွှင့်ထုတ် ပြသနိုင်အောင် ကြိုးပမ်း ခဲ့တာကို မှတ်မိနေပါတယ်။ နောက်တခါ သူ့ရဲ့စခန်းကို ဖိတ်ခေါ်ပြီးတော့၊ သူ့ရဲ့တပ်တွေ အများကြီးနဲ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေတဲ့ ဗီဒီယိုကိုလည်း၊ နိုင်ငံခြား မီဒီယာတွေကနေ လွှင့်ထုတ်ပြသဖို့ သူ ကြိုးစားခဲ့ တာကိုလည်း၊ ကျနော်တို့ မှတ်မိနေပါတယ်။ အဲဒါတွေနဲ့ သူ့ကိုယ်သူ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာတာနဲ့ ဆက်စပ်နေပါသလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်အဲဒီအခါတုန်းက အမေရိကန် သမ္မတရဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ အကြံပေး အရာရှိ Peter Bourneကိုယ်တိုင် ဟိုမိန်းကို သွားပြီးတော့၊ ခွန်ဆာနဲ့တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ် ခင်ဗျ။ ခွန် ဆာက သူဟာ မူးယစ်ဆေးဝါးကုန်သည် မဟုတ်ဘူး၊ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်လို့၊ ကြွေးကြော် ပြနေတဲ့အနေအထား ရှိခဲ့ပါတယ်။ တဘက်မှာလည်း မြန်မာ့တပ်မတော်ရဲ့ တပ်တွေကို သူ ၀င်တိုက်တာလည်း ရှိပါတယ်။ ၁၉၉၃လောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်နယ်မြေက ဗျူဟာမှူး အခြေစိုက်တဲ့ မိုင်း ကျွတ်စခန်းကုန်းကို ခွန်ဆာရဲ့တပ်တွေက ၀င်တိုက်တဲ့အခါမှာ၊ မြန်မာ့ တပ်မတော်ဘက်က တော်တော်လေး အကျအဆုံးများ ခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ ရာနဲ့ချီပြီး တပ်မတော်သားတွေ ကျဆုံးခဲ့တဲ့ အနေအထား ရှိတယ်။ အဲဒီတိုက်ပွဲပြီးတဲ့ အခါမှာ၊ ဗိုလ်ချုပ်ကြီး မောင်အေး ကိုယ်တိုင်၊ အဲဒီစခန်းကုန်းကို သွားပြီး စစ်ဆေးရတဲ့ အနေ အထားရှိခဲ့ပါတယ်။ ကျနော် ကိုယ်တိုင် အဲဒီခရီးမှာ ပါသွားခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီနောက်ပိုင်း အစိုးရနဲ့ သူနဲ့ အဆင်မပြေဘူး ဖြစ်လာတဲ့အခါမှာ၊ သူ့ကို အမေရိကန် အစိုးရကလည်း ဆုငွေထုတ်ထားတဲ့ အခါကျတော့၊ ဗိုလ်မှူးတို့ရဲ့ ထောက်လှမ်းရေး ဌာနက သူ့ကို လက်ရဖမ်းဆီးရေး ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။ ဒါမှမဟုတ် မြန်မာ့တပ်မတော် တခုလုံးအနေနဲ့ သူ့ ကို လက်ရဖမ်းဆီးဖို့၊ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ခွန်ဆာကို အဲဒီအချိန်က လက်ရဖမ်းဖို့ မလွယ်ပါဘူး ခင်ဗျ။ ခွန်ဆာရဲ့ တပ်တွေက အင်အား ကောင်းတယ်။ ကျနော်တို့ မြန်မာ့ တပ်မတော်က အဲဒီအချိန်က ခုလောက် အင်အားမတောင့်သေးပါ ဘူး ခင်ဗျ။ အဲဒီအခါမှာ မြန်မာ့ တပ်မတော်က ခွန်ဆာကို နိုင်အောင် မတိုက်နိုင်တဲ့ အခါမှာ၊ တဘက်လှည့်နဲ့ UWSA (United State Wa Army) ‘၀’ တပ်တွေကို အကူအညီ တောင်းခဲ့ရတဲ့ အနေအထား ရှိခဲ့ပါတယ်။ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ‘၀’ တပ်တွေ၊ကို၊ မြန်မာ့ တပ်မတော်က လက်နက်ကြီး ကျည်တွေ အပါအ၀င် လက်နက် ခဲယမ်းတွေ ထုတ်ပေးပြီးတော့မှ၊ ရှမ်းပြည်တောင်ပိုင်းက ခွန်ဆာရဲ့ တပ်တွေကို တိုက်ခိုင်းခဲ့ရပါတယ်။ ဒီလုပ်ငန်းစဉ်ကို အဲဒီတုန်းက စစ်ဦးစီးအရာရှိချုပ် (ယခု တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲ ရေးမှူး ရာထူး - Joint Chief of Staff Army-Navy-Air) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင်၊ ကွပ်ကဲခဲ့ပါ တယ်။

ဦးရော်နီညိမ်း ။ ။ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ န၀တ နအဖ အတွင်းရေးမှူး(၂) ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ပါလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပါခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ အဲဒီက စပြီး၊ ‘၀’ တပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်း ကနေ တောင်ပိုင်းကို ရွှေ့ပြီး ရောက်ရှိသွားတဲ့ အဓိက အကြောင်းရင်းက၊ ဦးခွန်ဆာရဲ့ တပ်တွေကို တိုက်ဖို့လား (သို့မဟုတ်) ကရင် အမျိုးသား အစည်းအရုံး (Karen National U)nion - KNU) ကို၊ ထိုင်းနိုင်ငံက သူတို့နဲ့ မြန်မာ နိုင်ငံကြားမှာ ကြားခံ(buffer)အဖြစ် သဘောထားသလို၊ မြန်မာ အစိုးရကလည်း ဒါကို လက်တုန့်ပြန်ဖို့တဲ့ အနေနဲ့၊ ထိုင်းနိုင်ငံ နဲ့ မြန်မာ နိုင်ငံကြားမှာ buffer ထားဖို့အတွက်၊ ရှမ်းပြည်တောင်ပိုင်းကို ‘၀’ တပ်ဖွဲ့ တွေကို၊ ရောက်အောင် စေလွှတ် ပို့ပေးလိုက်တဲ့ သဘောပါလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အချက်နှစ်ချက်ပေါ့။ buffer ထားတဲ့ theory လည်း မှန်ပါတယ်။ ယိုးဒယားနဲ့ ကျနော်တို့ နိုင်ငံကြားမှာ၊ (UWSA)‘၀’ တပ်တွေကို ကြားခံ ပေးထားလိုက်တဲ့ အနေအထားလည်း ပါပါတယ်။ တဘက်ကလည်း (UWSA) ‘၀’ တပ်တွေရဲ့ မူးယစ်ဆေးဝါး လုပ်ငန်းပေါ့လေ၊ ခုထိ အဲဒီနေရာဒေ သမှာရှိတဲ့ ‘၀’ခေါင်းဆောင် (ဘိန်းဘုရင်) ဝေရှောက်ခန် ဆိုရင်၊ သူ့ရဲ့ လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ ဘိန်း တွေကို၊ မြန်မာနိုင်ငံဘက်ကို ပို့နေတာ မဟုတ်ပဲ၊ ရာဘလို့ ခေါ်တဲ့ မြင်းဆေး (methamphetamine) တွေက အစ၊ ယိုးဒယားဘက်ကိုပဲ သွားတဲ့ အနေအထား ရှိပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို၊ ခွန်ဆာတပ် တွေကို (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ခိုင်းပြီး၊ ယိုးဒယား နိုင်ငံက ကျနော်တို့ နိုင်ငံအပေါ်မှာ ကျင့်သုံးနေတဲ့ buffer theory ကို၊ မြန်မာ စစ်အစိုးရက ပြန်ကျင့်သုံးပြီး (UWSA)‘၀’တပ်တွေနဲ့၊ ကြားခံထားတာကို ယိုးဒယား ကို ပြန်ပြီးလုပ်ခဲ့တာလို့ ပြောရမှာပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီအခြေအနေကို ရောက်သွားတဲ့အချိန်မှာ၊ နောက်ပိုင်း ဦးခွန်ဆာ လက်နက်ချတဲ့ အခြေအနေကို၊ ဘယ်လိုရောက်ရှိ လာပါသလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ အဲဒီမှာ ခွန်ဆာတပ်တွေနဲ့ (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ကြတဲ့ အခါ၊ နှစ်ဘက် စလုံး အကျအဆုံးတွေ တော်တော် များကြပါတယ် ခင်ဗျ။ ‘၀’ တပ်တွေဘက်က နှစ်ထောင် နီးပါးလောက် သေဆုံးကြသလို၊ ခွန်ဆာ တပ်တွေဘက်ကလည်း နှစ်ထောင်နီးပါးလောက် သေကုန်ကြပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒါတွေဟာ ၂၀၀၀ ခုနှစ် မတိုင်ခင်မှာ ဖြစ်နေတာတွေပေါ့။

ဦးအောင်လင်းထွဋ် ။ ။ ၁၉၉၃-၉၄ နှစ်တွေမှာ ဖြစ်ခဲ့တာပါ ခင်ဗျ။ ၁၉၉၆ မှာ၊ ခွန်ဆာက လက်နက်ချခဲ့ တာကိုး။

ဦးရော်နီညိမ်း ။ ။ သူ့ကို အမေရိကန်က ဖမ်းမိတော့မယ် ဆိုတဲ့ အနေအထား၊ ရောက်သွားလို့ ပါလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ ၁၉၉၃-၉၄ နှစ်တွေမှာ (UWSA) ‘၀’ တပ်တွေနဲ့ တိုက် ရင်းနဲ့၊ ခွန်ဆာတပ်တွေ အားပျော့ လာခဲ့ပါတယ်။ အဲဒီ အချိန်အခါမှာ၊ SSNA (Shan State National Army) လို့ခေါ်တဲ့ ကမ်းရွက်တို့ စိုင်းမိန်းတို့ အဖွဲ့က၊ အင်အား (၄၀၀၀)လောက်က၊ ခွန်ဆာကို အာခံပြီး၊ ကျနော်တို့ မြန်မာ့ တပ်မတော်နဲ့ လာပြီးပေါင်းပါတယ်။ SSNA က၊ အစိုးရနဲ့ ‘၀’ တွေ ကိုးကန့်တွေနဲ့ ငြိမ်းချမ်းရေး ယူကြသလို၊ သူတို့လည်း၊ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူချင်ပါတယ်လို့၊ ကမ်းလှမ်း လာခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က န၀တ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကမ်းရွက်တို့ ကိုတော့ ငြိမ်းချမ်းရေး အဖွဲ့ အနေနဲ့ လက်ခံလို့ မရဘူး၊ သူတို့ကို အသာလေးပဲ ဒို့ကိုင် ထားလိုက်မယ် ဆိုတဲ့၊ လမ်းညွှန်ချက်နဲ့ ကမ်းရွက်တို့ကို လက်ခံလိုက်ပါ တယ်။ ကမ်းရွက်တို့ အဖွဲ့ဟာ ငြိမ်းချမ်းရေး အဖွဲ့လည်း မဟုတ်ဘူး။ ရန်သူလည်း မဟုတ်၊ မိတ်ဆွေလည်း မဟုတ်တဲ့ အနေအထားမျိုးနဲ့ handle လုပ်ဖို့ဆိုပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက၊ ကျနော်တို့ ကကလှမ်း (တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး)ကို၊ တာဝန် ပေးခဲ့ပါတယ်။ ကကလှမ်းရယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ရယ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) ရယ်၊ သုံးဖွဲ့ ညှိနှိုင်းပြီး၊ ကမ်းရွက်တို့ အဖွဲ့ကို ထိန်းခဲ့ရပါ တယ်။ ကမ်းရွက်တို့ အဲဒီလို အစိုးရဘက်ကို ၀င်သွားတာနဲ့ ပတ်သက်ပြီး၊ နောက်ပိုင်း ခွန်ဆာကို ကျနော်ကိုယ်တိုင် interrogate (စစ်ဆေးမေးမြန်း) လုပ်တဲ့အခါမှာ၊ သူ့ပါးစပ်က ကိုယ်တိုင်ပြောတာ ရှိပါတယ်။ သူဟာ သူ့ တပ်ကြီးကို ကြီးထွားအောင် လုပ်ခဲ့တာနေရာမှာ၊ ရှမ်းလူမျိုးတွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပေမယ့်၊ ရှမ်းတွေက သူ့အပေါ်မှာ သစ္စာမရှိဘူး၊ ဒီလောက် သူတို့အတွက် သူ့အနေနဲ့ အနစ်နာခံပြီး လုပ်ကိုင်ခဲ့ပေမယ့်၊ ကမ်းရွက် တို့က ဒီလို လုပ်ရပါ့မလား ဆိုပြီး၊ သူ့မှာ အဲဒီ စိတ်ခံစားမှုတွေ ပေါ်လာခဲ့ရတယ်လို့၊ ခွန်ဆာက ပြောပါတယ်။ မင်းတို့ ဒီလိုလုပ်ရင်၊ ငါလည်း လုပ်လို့ရတာပဲဆိုတဲ့ အတွေးအခေါ် သူ့မှာ ၀င်လာပါတယ်။ ဒါကြောင့် သူကိုယ် တိုင်ပဲ၊ အဲဒီတုန်းက တာချီလိတ်က ထောက်လှမ်းရေး (၂၄) တပ်ရဲ့ တပ်မှူးကို ဆက်သွယ် ခဲ့ပါတယ်။ သူတို့ အနေနဲ့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့၊ ခွန်ဆာက ပြောလာတာကို၊ ထောက်လှမ်းရေး (၂၄) တပ်က၊ အဆင့်ဆင့်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို သတင်းပို့ ခဲ့ရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒါပေမဲ့ အရင်တခေါက် အခုလိုပဲ ဦးခွန်ဆာ ကမ်းလှမ်းခဲ့တုန်းက၊ အစိုးရ ဘက်က လက်မခံခဲ့ဘူး။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ဗိုလ်ချုပ်ကြီး ခင်ညွန့်က တဆင့်၊ ထောက်လှမ်းရေး (၂၄) တပ်မှူးဖြစ်တဲ့ ဗိုလ်မှူး သိန်းဟန်ကို၊ ပြန်ပြော ခိုင်းပါတယ်။ ခွန်ဆာ အဖွဲ့ကိုတော့ ငြိမ်းချမ်းရေး အဖွဲ့အနေနဲ့ လက်မခံနိုင်ဘူး၊ လက်နက်ချမယ် ဆိုရင်တော့၊ လက်ခံမယ်လို့၊ အကြောင်း ပြန်ခိုင်းလိုက် ပါတယ်။ ပထမတော့၊ ခွန်ဆာဟာ လွယ်လွယ်နဲ့တော့ လက်နက်ချမှာ မဟုတ်ဘူးလို့၊ လူကြီးပိုင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီး တင်ဦးတို့က၊ တွက်ခဲ့ကြ ပါတယ်။ ဒါပေမယ့် မထင်မှတ်တာက ဖြစ်လာခဲ့ပါတယ်။ ခွန်ဆာက ထောက်လှမ်းရေး (၂၄) တပ်မှူးက တဆင့်၊ ပြန်ပြီး ပြောလာတာက၊ သူနဲ့ သူ့အဖွဲ့တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ လုံခြုံရေးကို အာမခံချက်ပေးမယ် ဆိုရင်တော့၊ အစိုးရပြောသလို၊ သူတို့ လက်နက်ချမယ်လို့၊ အကြောင်း ပြန်ခဲ့ပါတယ်။ ခွန်ဆာက ဒီလို အကြောင်း ပြန်လာတော့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီး တင်ဦးတို့ တော်တော်လေး ဦးနှောက် ခြောက်သွား ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (တပ်မ (၈၈) တပ်မမှူး ဖြစ်စဉ်) ကျိုင်းတုံမှာ နေတုန်းက၊ အခုလိုပဲ ခွန်ဆာက လက်နက်ချမယ်၊ လက်နက်ချမယ်၊ ဆို ပြီး မကြာမကြာ ပြောခဲ့ဖူးတော့၊ အခုလည်း ခွန်ဆာ လိမ်တာပဲလို့၊ လူကြီးတွေက တွက်ကြပါတယ်။ တဘက် ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက၊ ကကလှမ်းကို၊ ခွန်ဆာ လက်နက်ချမှာ တကယ်ဟုတ်မဟုတ်၊ တရားဝင် မဟုတ်ပေမဲ့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပြီး လေ့လာခိုင်းပါတယ်။ အဲဒီအဖွဲ့ကို ကကလှမ်း ဒုညွှန်မှူး ဗိုလ်ချုပ်ကျော်ဝင်း က ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့လေးမှာ ဗိုလ်မှူးချုပ်ကျော်သိမ်း၊ ဗိုလ်မှူးကြီးသန်းအေး၊ ဗိုလ်မှူးကြီးစန်းပွင့်နဲ့ ကျနော်တို့ ပါဝင်ခဲ့ပါတယ်။ ကျနော်ကတော့ မှတ်တမ်းရေးရတဲ့ သူပါ။ ဒီအဖွဲ့လေးက၊ ခွန်ဆာ တကယ်လက် နက် ချမချ ဆိုတာကို၊ အသေးစိပ် လေ့လာရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ် မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)“ ကို၊ ဆက်ပြီး ထုတ်လွှင့် သွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

အပေါ်သို့