..............................

Tuesday, September 13, 2011

အငြိမ်းစားယူသွားတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အရှိန်အဝါနဲ့ စစ်ကိုင်းတိုင်းမှာ ကိုယ်ကျိုးစီးပွား ရှာနေ

2011-09-12

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက် ရာထူးကရော၊ နိုင်ငံ ဒုတိယ အကြီးအကဲ ရာထူးကပါ တရားဝင် အနားယူ သွားခဲ့တာ အခုဆိုရင် ၆ လလောက် ရှိသွားခဲ့ပြီ ဖြစ်ပေမယ့် သူ့ဇာတိ မွေးရပ်မြေ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ သူ့ရဲ့ အရှိန်အဝါကို သုံးပြီး အနိုင်ကျင့် ကိုယ်ကျိုးစီးပွား ရှာနေသူတွေ ဆက်ရှိ နေဆဲပဲလို့ မြို့ခံတွေက ပြောပါတယ်။

အထူးသဖြင့် မြို့မိမြို့ဘ စာရင်းဝင် ဦးစိုးမြင့်ဆိုသူက ဦးမောင်အေးရဲ့အစ်ကိုရင်း ဖြစ်သူ ဦးကျော်ညွန့်နဲ့ ပူးပေါင်းပြီး မြို့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကြောင်း အမျိုးမျိုးပြပြီး ကိုယ်ကျိုးအတွက် ငွေကြေး ကောက်ခံတာတွေ ဆက်လက် လုပ်ဆောင်နေတဲ့ အတွက် မြို့သူမြို့သားတွေက မခံမရပ်နိုင် ဖြစ်နေကြ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဦးကျော်ညွန့်ဟာ အဂတိ လိုက်စားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကျူးလွန်မှု မရှိခဲ့ပေမယ့် တပည်ဖြစ်သူ ဦးစိုးမြင့်ရဲ့ ကျူးလွန်မှု တွေကိုတော့ နောက်ကွယ်ကနေ အကာအကွယ် ပေးထားတယ်လို့ ဆိုပါတယ်။ မြို့သူမြို့သားတွေ အနေနဲ့ မြို့မှာ ငွေကြေး အဓမ္မ ကောက်ခံ နေတာတွေ ရပ်တံ့ပြီး အများပြည်သူ လိုလားတဲ့ မြို့မိမြို့ဘတွေ ရွေးချယ် တင်မြောက် လိုကြပေမယ့် လောလောဆယ် ဖြစ်နိုင်ချေ အလားအလာ မရှိဘူးလို့ ပြောပါတယ်။

အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ အကို ဦးကျော်ညွန့် ကတော့ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက် တွေကို ငြင်းဆိုပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့