..............................

Friday, November 6, 2009

ဒေါ်အောင်ဆန်းစုကြည် မပါဝင်က ရွေးကောက်ပွဲ ယုံကြည်မှု မရနိုင်ဟု အမေရိကန်ပြော

ကိုထွေး
Thursday, 05 November 2009 19:49

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ခြင်း မရှိပါက ရွေးကောက်ပွဲကို ယုံကြည်မှု ရှိလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ၂ ရက်တာ သွားရောက်ခဲ့သည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်က ပြောလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က ဘန်ကောက်မြို့ ချုလာလောင်ကွန်း တက္ကသိုလ်၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်ကို ကျနော်တို့ တခေါက် သွားရုံနဲ့ တိုင်းပြည်က ပြဿနာ အားလုံး ဖြေရှင်း နိုင်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါရင် ယုံကြည်မှုရဖို့ ခက်ခဲပါလိမ့်မယ်” ဟု စကော့မာရှယ်က ဆိုသည်။

အမေရိကန်က မြန်မာစစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း သူက ပြောသည်။

စစ်အစိုးရ ခေါင်းဆောင်များက ၎င်းတို့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် ချထားခြင်းကို လျှော့ပေါ့ပေးဖွယ် ရှိသည်ဟု အရိပ်အမြွက် ပြောခဲ့ကြောင်း ယခုခရီးစဉ်သည် အမေရိကန် အစိုးရ၏ မူဝါဒ အပြောင်းအလဲကို ရှင်းပြရန်နှင့် စစ်အစိုးရ၏ တုံ့ပြန်မှုကို နားထောင်ရန်ဖြစ်ကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရက ယခုအချိန်မှ အမေရိကန်နှင့် မည်သည့် အတွက် စေ့စပ် ဆွေးနွေးလိုသည်ကို မသိကြောင်း သူက ဆက်ပြောသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တို့နှင့် သီးခြားစီ တွေ့ဆုံရာ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါဝင်ရေးနှင့် ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိဟု ဆိုသည်။

“အမေရိကန်က မြန်မာပြည် အလျင်အမြန် ပြောင်းလဲဖို့ မမျှော်လင့်ပါဘူး၊ အချိန် ယူရဦးမှာပါ” ဟု သူက ဆိုသည်။

စစ်အစိုးရက စီစဉ်နေသည့် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ၊ တိုင်းရင်းသား ကိုယ်စားလှယ် များဖြင့် ဆွေးနွေးခြင်း မရှိလျှင် လည်းကောင်း၊ သတင်း လွတ်လပ်ခွင့် မပေးလျှင် လည်းကောင်း ရွေးကောက်ပွဲသည် ယုံကြည်နိုင်ဖွယ် မရှိကြောင်း သူက အခိုင်အမာ ပြောသည်။

၂၀၀၈ အခြေခံဥပဒေသည် အားနည်းချက်များ ရှိနေပြီး လူအများ ယုံကြည်မှု ကင်းမဲ့သည့် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ထားကြောင်း၊ ယခုတလော ရန်ကုန်ရှိ သတင်းထောက်များ၊ လူမှု ကယ်ဆယ်ရေး ၀န်ထမ်းများကို အဖမ်းအဆီး ပြုလုပ်နေသည့် အတွက်လည်း တစုံတရာ တုံ့ပြန်ရန် စီစဉ်ထားကြောင်း ဧရာဝတီကို ပြောသည်။

သို့သော်လည်း NLD တောင်းဆိုနေသော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ထောက်ခံပါသလား ဟူသော မေးခွန်းကိုမူ သူက ဖြေကြားခြင်း မရှိပေ။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာပြည် ခရီးစဉ်သည် ယမန်နေ့ ညနေက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ လေဆိပ်တွင် ကိုယ်စားလှယ် အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ပြုလုပ်ရန် အမေရိကန် အစိုးရက အပြည့်အ၀ ထောက်ခံကြောင်းလည်း ရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် စစ်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းထားပြီး၊ ယင်းတွေ့ဆုံ ဆွေးနွေးမှုသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေးတွင် အင်အားစု အားလုံး ပါဝင်နိုင်ရေးကို ဦးတည် သင့်သည်ဟုလည်း ပါရှိသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အားတက်ဖွယ် မရှိဟု ရခိုင် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

“အခုလို အစိုးရနဲ့လည်း တွေ့မယ် တိုင်းရင်းသား၊ NLD နဲ့တွေ့တယ် ဆွေးနွေးတယ်၊ မြန်မာပြည် အကြောင်း သုံးသပ်မယ် ဆက်ပြီးတော့ ကြိုးပမ်းမယ် ဆိုတာက ယေဘုယျ အနေနဲ့က ကောင်းတယ်လို့ ပြောရပေမယ့် နအဖ အနေနဲ့က သူတို့ သွားနေတဲ့လမ်းကြောင်း ကနေ လိုက်လျောဖို့ ပြုပြင် ပြောင်းလဲဖို့ လက္ခဏာတွေ မမြင်တော့ ကောင်းတယ်လို့ ပြောဖို့က ခက်ပါတယ်” ဟ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက် (Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ဗဟိုအလုပ်အမှုဆောင်စုံညီ တွေ့ခွင့်မရ၍ ဒေါ်အောင်ဆန်း စုကြည် မကျေနပ်

ကိုထွေး
Thursday, 05 November 2009 18:09

ဦးတင်ဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ (CEC) များနှင့် တွေ့ဆုံရန် စစ်အစိုးရက စီစဉ်သည်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို ခဲ့ခြင်းမှာ ကျေနပ်မှု မရှိ၍ ဖြစ်ကြောင်း NLDက ပြောသည်။

အမေရိကန် ကိုယ်စားလှယ်တို့ မတွေ့ဆုံမီ ဦးတင်ဦးမှ လွဲ၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ် ပေးသော်လည်း ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်ခဲ့သည့် အတွက် ယင်းတွေ့ဆုံမှုမှာ ဖြစ်မြောက်ခဲ့ခြင်း မရှိဟု အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

NLDပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော်သိတာကတော့ ဦးတင်ဦးကို ဖယ်ထားတာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်ဘူး၊ သူက စုံညီစွာ အားလုံး ပါရမယ်၊ ဦးတင်ဦးကလည်း ထိန်းသိမ်း ခံထားရတာ သူ့ကိုပါ ခေါ်ပေးရမယ်၊ ချန်ထားစရာ အကြောင်းမရှိဘဲ ချန်ထားတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှု မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၉ခုနှစ်ထိ ၆ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ CEC တို့ တွေ့ခွင့် ရသည့် အချိန် စုစုပေါင်းမှာ ၇ နာရီ နှင့် ၂၅ မိနစ် သာ ရှိခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က “ဦးတင်ဦးကို ကွက်ပြီး ချန်ထားတယ် ဆိုတာကတော့ မကောင်းဘူးပေါ့၊ ဒီအပေါ်မှာ ဒေါ်စုက မူအရ လက်မခံတာ ဖြစ်တာပါ” ဟုဆိုသည်။

အသက် ၈၁ နှစ် ရှိ NLDဒု ဥက္ကဌ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီး ခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန် နေအိမ်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ် အကျယ်ချုပ် ချခဲ့သည်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင် တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင် နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ခရီးစဉ်အတွင်း စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သကဲ့သို့ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များ ကိုလည်း တွေ့ဆုံခဲ့သည်။

Ref: ဧရာဝတီ

Read More...

တွေ့ဆုံဆွေးနွေးမှုများ အချိန်ကာလ အပိုင်းအခြားရှိရန် လိုအပ်ဟုအန်အယ်လ်ဒီဗဟိုအမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြော

NEJ / ၅ နိုဝင်ဘာ ၂၀၀၉

အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် တွေ့ဆုံ ဆွေးနွေးမှုများကို အကောင်းမြင် ကြိုဆိုသော်လည်း စစ်အစိုးရနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြား လိုက်သည်။

“ကျနော်ပြောချင်တာကတော့ အခုလို အမေရိကန် ကိုယ်စားလှယ်တွေ လာတာ နိုင်ငံရေး အားဖြင့် တွက်မယ် ဆိုရင်တော့ အကောင်း မြင်ပါတယ်။ အခုလို အမေရိကန် အနေနဲ့ ဗမာပြည်နဲ့ ဆက်ဆံလာတဲ့ ကိစ္စ၊ နောက်တခါ စစ်အစိုးရ ဘက်ကလည်း ဘာပဲပြောပြော ဒီလို လာရောက်တဲ့ အမေရိကန်ရဲ့ လမ်းဖွင့် လာခြင်းကိုလည်း မကြိုဆိုတောင်မှ လက်ခံတဲ့ ဟာမျိုး အတွက်တော့ ကောင်းတဲ့ လက္ခဏာ၊ ကောင်းတဲ့ အလားအလာ ပွင့်လာနိုင်စရာ ရှိတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ တခုပဲရှိတာက စစ်အစိုးရနဲ့ ပတ်သက်လို့ ကျနော်က သိပ်အကောင်း မမြင်လှဘူး။ စစ်အစိုးရက အမြဲတမ်းလိမ်တာ၊ ညာတာ၊ ဖုံးတာ၊ ကာတာ သူတို့ရဲ့အကျိုးစီးပွားကို အမြဲတမ်း ရှေ့တိုး နောက်ငင် လုပ်တာတွေ များတယ်” ဟု ၎င်းက ပြောသည်။

မြန်မာစစ်အစိုးရဘက်က မှန်ကန်သည့်သဘောထားများကို မပြင်ဆင်သည့် အတွက် မြန်မာ စစ်အစိုးရနှင့် အမေရိကန် ပြည်ထောင်စု၏ လုပ်ငန်းစဉ် များသည် မြန်မြန်ဆန်ဆန် ချောချော မွေ့မွေ့နှင့် အကျိုးရလဒ်များ၊ အကျိုး သက်ရောက်မှုများ ရှိပါ့မလားဟု စိုးရိမ် မိကြောင်း ဦးဝင်းတင်က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ပါဝင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ၀န်ကြီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တို့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ပါတီရုံးချုပ်၌ (၁) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြသည်။

အန်အယ်လ်ဒီ အမှုဆောင်အဖွဲ့ဝင်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ လူ့အခွင့်အရေး ပြဿနာများ၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ လူသားချင်း စာနာမှု အကူအညီ ပေးရေး ကိစ္စများကို တင်ပြ ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တောင်းဆိုမှုများ မလုပ်ပေးနိုင် သော်ငြားလည်း စစ်အစိုးရကို နားချ စေလိုကြောင်း အမေရိကန် ကိုယ်စားလှယ်များကို ပြောကြားခဲ့သော်လည်း ၎င်းတို့က တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ရန်သာ ဇောင်းပေး လုပ်ဆောင်နေသည့် အတွက် ကျန်ကိစ္စများကို ခပ်လျော့လျော့သာ ကိုင်တွယ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ကိုယ်စားလှယ်များက “သူတို့ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်အောင်၊ အတိုက်အခံ အင်အားစုတွေနဲ့ အစိုးရနဲ့ ဆွေးနွေးပွဲဖြစ်အောင် လုပ်နေပါတယ် ဆိုတာနဲ့၊ နောက်တခုက အစိုးရဘက်က မြင်သာ ထင်သာတဲ့ ကိစ္စတွေ မလုပ်သရွေ့ ကတော့ ဆန်ရှင်လို ကိစ္စမျိုးတွေက လျော့ပေါ့မှုတွေ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောသွားတယ်” ဟု ဦးဝင်းတင်က တွေ့ဆုံမှုနှင့် ပတ်သက်၍ ဆက်လက်ရှင်းပြသည်။

စစ်အစိုးရအနေဖြင့် အခြေခံဥပေဒေပြင်ဆင်ရေးကို လိုက်လျောမည့် အနေအထား မရှိသော်လည်း ပြည်သူများ အနေဖြင့် နိုင်ငံရေး စိတ်ဓာတ် ရှိရန် အဓိက လိုအပ် သည်ဟု ဦးဝင်းတင်က ယူဆသည်။

၎င်းက “အပေါ်ယံကြည့်ရင်တော့ စစ်အစိုးရ ဘက်ကလည်း ပြင်ဆင် ပြောင်းလဲရေး ဆိုတာကို လုံးဝ လျှော့မှာ မဟုတ်ဘူး။ ကျနော်တို့ ဘက်ကလည်း ဒီဟာကို မပြင်ရင်တော့ လုံးဝ လက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ ကျနော်တို့ ဆိုတာက အန်အယ်လ်ဒီ တခုတည်း မဟုတ်ဘူး။ တိုင်းရင်းသား တွေရော၊ တိုင်းသူပြည်သား တွေရော၊ ပြည်ပမှာ ရောက်နေတဲ့ နိုင်ငံရေး အင်အားစုတွေရော၊ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးက ဒီဟာကို လက်မခံနိုင်ဘူး ဆိုရင် နိုင်ငံရေးကတော့ ပိတ်ဆို့နေတဲ့ အနေအထားပဲ ရှိမှာပဲ။ သို့သော် နိုင်ငံရေးဆိုတာ စိတ်ဆန္ဒတွေ ရှိတယ်၊ အခြေအနေတွေ ပေးလာမယ် ဆိုရင်တော့ နိုင်ငံရေး ပြဿနာဆိုတာ အမြဲတမ်း ကျော်သွားလို့ ရတာပဲ” ဟု ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးတည် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ပြောကြား လာသည့် အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းတွင် တင်ကာ ဆွေးနွေးနိုင်သည်ဟု ဦးဝင်းတင်က သုံးသပ်သည်။

“ကျနော်တို့ဟာ ဒီအခြေခံဥပဒေကိုသာ ပြင်နိုင်ရင်တော့ လာမယ့် ရွေးကောက်ပွဲ ဟာလည်း တစုံတရာသော အများပြည်သူတွေ ဆန္ဒနဲ့ ကိုက်ညီတဲ့ ဖြစ်ရပ်မျိုး လုပ်ရပ်မျိုး တခုအနေနဲ့ ဖြစ်လာမယ်ဆိုရင် နိုင်ငံရေး ပြဿနာတွေဟာ ဒီရွေးကောက်ပွဲ ကနေ နောက်ထပ် အလွန် လာမယ့် လေးငါးနှစ်၊ နောက်တခါ နောက်ရွေးကောက်ပွဲ ဆိုတာမျိုးတွေပါ အဆင့်ဆင့်နဲ့တော့ ပြောင်းသွား နိုင်တယ်လို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းတင်က ဆက်လက်၍ “ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အဖွဲ့နဲ့ တွေ့တဲ့ အခါလည်း ပြောပါတယ်။ ခင်ဗျားတို့ တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ လုပ်ဖို့၊ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဖို့ဟာ အချိန်ကာလ အပိုင်းအခြားတော့ ရှိရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ လုပ်ငန်းတွေ၊ စစ်အစိုးရက တံခါးလေး ဟပေးလိုက်တဲ့ ဟာတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ရေရှည် သော်လည်းကောင်း၊ ရေတို သော်လည်းကောင်း ဖြေရှင်းဖို့ ဆိုတာထက် နိုင်ငံရေး ပြဿနာလိုဖြစ်တဲ့ သူတို့ရဲ့ရွေးကောက်ပွဲ ကိစ္စတွေကို ဖြေရှင်းဖို့ အတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့ လုပ်ငန်းမျှသာ ဖြစ်တယ် ဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ တတ်နိုင်သမျှတော့ ဒီကိစ္စတွေကို အချိန်အပိုင်းအခြား ကန့်သတ်ပြီး လုပ်ဖို့ ကောင်းတယ်လို့ ကျနော်တို့ ပြောပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန် လိုအပ်ပြီး နအဖ အနေဖြင့် အချိန်ဆွဲ နေပါက အကျိုးထူးနိုင်မည် မဟုတ်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒါကြောင့် ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေးကို မျှော်လင့်တယ်။ ဖြစ်စေချင်တယ်။ ဖြစ်စေချင်တဲ့ နေရာမှာလည်း အချိန် အပိုင်းအခြားနဲ့ ဖြစ်စေချင်တယ်။ အချိန်အပိုင်းအခြား ဆိုတာလည်း ရွေးကောက်ပွဲ ကာလကို မကျော်လွန်တဲ့ ဒီဘက် ကာလသာ ဖြစ်သင့်တယ်လို့ ကျနော်က ထင်တယ်။ တွေ့ဆုံဆွေးနွေးပွဲ အကျိုး ရလဒ်တွေဟာလည်း ဆွေးနွေးပွဲ သဘောတူချက်တွေက နေပြီး ညွှန်ပြတဲ့ လမ်းတွေဟာလည်း ရွေးကောက်ပွဲ မတိုင်မီမှာသာ ဖြစ်ဖို့ကောင်းတယ်။ ပြဿနာတွေကို တစုံတရာသော ဖြေရှင်းမှုနဲ့ ရွေးကောက်ပွဲ ကာလကို ကျော်ဖြတ် သင့်တယ်လို့ ထင်တယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, November 5, 2009

တောင်ပိုင်း ၀ အား ဖဲ့ယူရန် နအဖ ကြိုးပမ်းနေ

ဗုဒ္ဓဟူးနေ့၊ 04 နိုဝင်ဘာလ 2009

ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ပြိုကွဲရေး နှင့် တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စစ်အစိုးရ ဖဲ့ထုတ်ရန် ကြိုးစား စည်းရုံး နေကြောင်း နယ်စပ် သတင်း ရပ်ကွက်က ပြောပါသည်။

“ပုံပါကျင် ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီးကျော်သူက ခက်ထန် မာကြောတယ်။ အောက်တိုဘာ ၅ ရက်နေ့က အသစ် ရောက်လာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဝင်းဦးက အဘက်ဘက်ကို အ၀င် အထွက် လုပ်တတ်တယ်။ ရောက်ရောက်ချင်းဘဲ ဆိုင်ရာ ပြည်သူ့စစ် နဲ့ အပစ်ရပ် တပ်ဖွဲ့တွေကို သွားတွေ့တယ်” - ဟု မိုင်းတုံ ဒေသခံ တဦးက ပြော၏။

ဦးခွန်ဆာဦးဆောင်သည့် MTA ခေါ် မုန်တိုင်း တပ်မတော် ပြိုကွဲ ရခြင်းမှာ အဓိက အကြောင်းရင်း ၂ ခုရှိကြောင်း - (၁) နောက် ဖေးပေါက်ဖြစ်သည့် ထိုင်းနယ်စပ်ဘက် ထိုင်းအစိုးရ ပိတ်လိုက်ခြင်း၊ (၂) တပ်တွင်းစည်းလုံးမှု ပြိုကွဲခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ၀ ပြည်သွေးစည်းရေး တပ်မတော် ပြိုကွဲအောင်လည်း အဆိုပါ အကြောင်း အချက်ပေါ် မူတည်ကြောင်း - “ အမှတ် ၁၇၁ စစ်ဒေသဖြစ်တဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကို ဖဲ့ထုတ်နိုင်ရမယ်၊ နောက်ကျောရိုးဖြစ်တဲ့ တရုတ်နယ်စပ် တလျှောက် တရုတ် အစိုးရ ပိတ်ပေး ခိုင်းနိုင်ရင်တော့ ၀ ကို နအဖ အပိုင်စီးနိုင်မယ်။ ပထမ ခြေလှမ်း အနေနဲ့ ဗျူဟာမှူး အပြောင်းအလဲ လုပ်နေတယ်” - ဟု နယ်စပ်နေ စစ်ရေးအကဲခတ် တဦးက သုံးသပ်ပါသည်။

အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ အရာရှိတဦးကလည်း မည်သူမှ စစ် မဖြစ်ချင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြ၏။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဌာနချုပ် ပန်ဆန်းကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်ကို လနဲ့ချီ ခြေလျှင်လျှောက် ဆင်းလာရတယ်။ အခုတော့ အဲကွန်းကားနဲ့ နာရီပိုင်းခရီးသာ သွားလာနိုင်ပြီ။ ဘယ်သူမှ အရင်ကလို ဒုက္ခတွေ ရင်မဆိုင် ချင်တော့ဘူး။ အဲဒီ အားနည်းချက်ကို နအဖ သိလို့ ပိုမို ဖိအားပေး စည်းရုံး လာတာဖြစ်တယ်” - ဟု ပြောပါသည်။

ကိုးကန့် အရေးအခင်းကာလ ၀ နှင့် နအဖ တင်းမာမှု ပစ်ခတ်လု နီးနီး ဖြစ်ခဲ့ရာမှ ယခုအခါ ထိုင်း - မြန်မာနယ်စပ် တလျှောက် ၀ ကားများ နအဖ တပ်စခန်း/ဂိတ် ဖြတ်သန်း သွားလာလျှင် အစစ်အဆေး လျှော့ပေါ့လာသည့် အပြင် သွားလာရေးလည်း လွယ်ကူ လာကြောင်း၊ ထို့အပြင် ၀ တပ်စောင့် ဂိတ်တွင်လည်း ဖြတ်သန်းခ/ခွန် ပြန်လည် ကောက်ခံနေပြီ ဖြစ်ကြောင်း - ၀ တပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

တာဝန်မထမ်းဆောင်လိုတော့ကြောင်း အရာရှိတဦး ဖွင့်ဆို

ဗထူး
Wednesday, 04 November 2009 14:19

တပ်မတော်အတွင်း တပ်မှူးများ၊ အရာရှိများအနေဖြင့် ဆက်လက် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း အမည် မဖော်လိုသည့် တပ်မတော် အရာရှိ တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမည့် အစိုးရနှင့် အနာဂါတ်ကို ယုံကြည်မှု မရှိသည့်အတွက် ယင်းကဲ့သို့ ဆက်လက် မနေလိုတော့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုဆို တချို့တပ်မှူးတွေ၊ အရာရှိတွေ အရပ်ဖက်ကို ငွေပေးပြီး ပြောင်းနေကြတယ်။ အဲဒါကလည်း တိုင်းမှူးတွေနဲ့ အဆင်ပြေပြီးမှ ရတာ။ အနိမ့်ဆုံး လေးသိန်းလောက် ကုန်တယ်။ အခုဟာက တချို့ တပ်တွေမှာ ဆိုရင် အမိန့် မနာခံရင် ပင်စင်လစာပါ မရဘူး ဖြစ်နေတာ။ အရာရှိ တော်တော်များများလည်း အထက်က ဖိအားပေးတာတွေ ခံနေရတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို တပ်မတော်အရာရှိများ အပါအဝင် ကြံ့ဖွံ့ အသွင်ပြောင်းများ၊ စစ်မှုထမ်း ဟောင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များကို ပြင်ဆင် ဖွဲ့စည်းထားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောသည်။

စစ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အပေါ် မည်ကဲ့သို့ သဘောထားသည် ဖြစ်စေ မိမိတို့အနေဖြင့် အားလုံး အဆင်ပြေစေလိုကြောင်း ၎င်းက ပြောသည်။

“အတိုက်အခံပဲပြောပြော၊ ဒေါ်စုကြည်နဲ့ပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်စေချင်ပါတယ်။ တဆက်တည်း ပြောချင်တာက ကျနော်တို့ တပ်မတော်သားတွေ အနေနဲ့ကတော့ တပ်မတော်နဲ့ ပြည်သူ ကြည်ကြည်ဖြူဖြူပဲ သွားချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်အစိုးရ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ကြားဖြတ် အစိုးရဖွဲ့ရန် မဖြစ်နိုင်ကြောင်းနှင့် တပ်မတော်အတွင်း တစုံတရာ မကြားသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မကြာသေးခင်ကလည်း တပ်မတော် အင်ဂျင်နီယာ တပ်မှ အရာရှိတဦးက အင်ဂျင်နီယာ တယောက် အနေဖြင့်သော်၎င်း၊ တပ်မတော်သား တယောက် အနေဖြင့် သော်၎င်း အပြောင်းအလဲသည် အရေးကြီးကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

Ref: ရိုးမ ၃

Read More...

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုင်းရင်းသား ခေါင်းဆောင်များ ဘာတွေ တင်ပြခဲ့ကြလဲ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 04 ရက် 2009

(ဦးပူကျင့်ရှင်းထန်နှင့် ဦးအေးသာအောင်တို့နှင့် ဆက်သွယ် မေးမြန်းချက်)

မဇ္ဈိမ (ချင်းမိုင်)။ ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell နှင့် သူ၏ လက်ထောက် စကော့ မာဆီယယ် (Scot Marciel) တို့သည် ဒေါ်အောင်ဆန်း စုကြည်၊ အန်အယ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိ များနှင့်လည်း ၂ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပြီး ယနေ့ညတွင် ရန်ကုန်မှ ပြန်လည် ထွက်ခွာသွားသည်။

အမေရိကန် သံတမန်ကြီးများနှင့် တွေ့ဆုံခဲ့သူများ အနက်မှ ဇိုမီးနှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ၂ ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

--------------------------------------------------------------

ဦးပူကျင့်ရှင်းထန် (ဇိုမီး အမျိုးသား ကွန်ကရက်)

ဒီနေ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အန်ကယ်တို့ ဘယ်လောက် ကြာအောင် တွေ့ဆုံ ဖြစ်ခဲ့ကြလဲရှင်။

ကျနော်တို့ ၁ နာရီမှာ တွေ့ဖို့။ နည်းနည်း နောက်ကျသွားတယ်။ ၂ နာရီခွဲလောက်မှ တွေ့ဖြစ်တယ်။ တနာရီခွဲလောက်ကြာ တွေ့တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး ဘယ်နှစ်ယောက် တက်ရောက် ခဲ့ကြ ပါသလဲရှင်။

တိုင်းရင်းသားခေါင်းဆောင်တွေ ၈ ယောက်တွေ့တယ်။ အမေရိကန် ကိုယ်စားလှယ် ဘက်က ၄ ယောက်။ သံရုံးက ၂ ယောက် တွေ့ပါတယ်။

ကျနော်ပါတယ်။ ဦးအေးသာအောင် (ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ နိုင်ထွန်းသိန်း (မွန်အမျိုး သား ဒီမိုကရေစီပါတီ)၊ စိုင်းစောအောင် (အက်စ်အန်အယ်ဒီ)၊ ဦးရွှေအုန်း (ဝါရင့် ရှမ်းနိုင်ငံရေး သမား)၊ ဦးမျိုးသန့် (ရိုဟင်ဂျာအဖွဲ့) ကလို့ သိတယ်။ ကချင် ဦးစဘွဲဂျွမ်နဲ့ ကယန်းအဖွဲ့က ဒေါက်တာ စိုင်းမွန်သာ ရဲ့ဇနီး ဒေါ်ရေဘက္ကာတို့ ပါတယ်။ ဒေါ်ရေဘက္ကာက ဘယ်အဖွဲ့ကမှ မဟုတ်ဘူးလို့တော့ သိတယ်။

အမေရိကန် ကိုယ်စားလှယ်တွေကို ဘယ်လို အကြောင်းအရာတွေ တင်ပြခဲ့ပါသလဲရှင်။

ကျနော်တို့က အခြေခံဥပေဒကို သဘောမကျတဲ့ အကြောင်း။ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ပြောနေတဲ့ လူတွေ ဖြစ်တဲ့ အကြောင်း။ ဒီ ဥပဒေစာအုပ်မှာ တိုင်းရင်းသားတွေ အတွက် ကာကွယ်တဲ့ ပုဒ်မတွေ တခုမှ မပါဘူး။ မယုံရင် ကြည့်ပါ ဆိုပြီးတော့ စာအုပ်နဲ့အတူ ပြခဲ့တယ်။ သူတို့က ကျနော် တို့မှာလဲ ရှိပါတယ်လို့ ပြောတယ်။

ဒီနေ့ထိ နိုင်ငံရေး အကျဉ်းသားတွေကို မလွတ်ပေးသေးဘူး။ နိုင်ငံရေး လှုပ်ရှားသူတွေ ဖမ်းခံနေရတယ်။ ဒေါ်စု အပါအဝင် ခွန်းထွန်းဦး၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကို လွတ်ပေးဖို့ တင်ပြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲက ဘယ်ပုဒ်မ ဘယ်လို အချက်တွေကို ထောက်ပြ ခဲ့ပါသလဲရှင်။

ပုဒ်မ ၄၄၁ က လွတ်တော်ကိုယ်စားလှယ် ပထမဆုံး အစည်းအဝေး လုပ်တဲ့အခါမှာ ဒီဥပဒေ အတည် ဖြစ်တယ် ဆိုတာကို လိုချင်လို့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ပထမဆုံးပြတယ်။ ဒုတိယမှာတော့ အခြေခံမူဆိုတာ ပုဒ်မ ၆ (s) မှာ မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်ရမယ် ဆိုတာ ပါတယ်။ ပုဒ်မ ၄၄၅ မှာလည်းဘဲ စစ်အစိုးရ လုပ်တဲ့ အရာအားလုံးကို နောက်လာမဲ့ အစိုးရက တရားစွဲလို့ မရအောင် တားမြစ် ထားတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ၅၉ (D)မှာက နိုင်ငံတော် သမတသည် (စစ်ထွက်) လူ ဖြစ်ရမယ် ဆိုတော့ စစ်ထွက် မဟုတ်ရင် သမတ လုပ်လို့ မရဘူးဆိုတာ ပြောထားတယ်။ အဆိုးဆုံးက ၄၁၃ (D) မှာ အဲဒီ သမတကို လိုအပ်ရင် စစ်တပ်က အာဏာ သိမ်းပိုင်ခွင့် ပေးတယ်။ ဒါတွေ တင်ပြတယ်။

တခြား အပစ်ရပ်အဖွဲ့၊ ငြိမ်းချမ်းရေး အဖွဲ့တွေ အကြောင်း အစုံတရာ တင်ပြတာတို့ ရှိပါသလားရှင်။

စစ်အစိုးရက အပစ်အခတ်ရပ် အဖွဲ့တွေ ညီလာခံမှာ တင်ပြတဲ့ အချက်တွေကို လုံးဝ ဂရု မစိုက်ဘူးဆိုတဲ့ အကြောင်း ပြောတယ်။ နောက်ပြီးတော့ ကိုးကန့်မှာ ဖြစ်နေတဲ့ စစ်ပွဲဖြစ်နေတာဟာ လူမျိုးစုတွေကို လက်နက်ချပါ။ မချဘူးဆိုရင် နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ် ဆိုတာတွေ တင်ပြတယ်။

အမေရိကန်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုအပေါ်မှာ အားရ ကျေနပ်မှု ရှိပါသလားရှင်။

ဒီလိုတွေ့ဆုံမှုအပေါ် အမေရိကန်ဘက်က ဘာမှပြန်ပြောတာ မရှိပေမဲ့ ဒါက အစကလေးပါ။ နောက်ပြန် လာမယ်လို့ ပြောတယ်။ စကားအထူးအဆန်း မပြောပေမဲ့ အရင်တခါမှ မဖြစ်ဖူးတာ အခုလို ဖြစ်နေတယ် ဆိုတော့ ကောင်းမယ်လို့ ထင်တာပါဘဲ။ မျော်လင့်ချက်တော့ ရှိပါတယ်။


ဦးအေးသာအောင် (ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမေရိကန် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံမှုမှာ ဘယ်သူတွေက ဘာတွေ တင်ပြခဲ့ပါသလဲရှင်။

ကျနော်အရင်ပြောတယ်။ အဓိကတော့ အခုလာတဲ့ ခရီးစဉ်ကို ကြိုဆိုတဲ့ အကြောင်း ဒါပေမဲ့ နအဖနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ၊ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အန်အယ်ဒီတွေ တွေ့ဆုံတာနဲ့ မပြီးသေးဘူး။ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ဖို့ ဆိုတာက နအဖနဲ့ အန်အယ်ဒီ အပါအဝင် တိုင်းရင်း သားတွေ ဆွေးနွေး ညှိနိုင်းဆောင်ရွက်နိုင်မှ တိုးတက်မယ် ဆိုတဲ့အကြောင်း။

တခြားတိုင်းရင်းသားခေါင်းဆောင်တွေကရော ဘာတွေ တင်ပြ ခဲ့ပါသလဲရှင်။

ကချင်က ဦးစဘွဲဂျွမ်ကနေ ကချင်ပြည်နယ်က အကြောင်း တင်ပြတာက ကေအိုင်အိုက နအဖနဲ့ ၉ ကြိမ် လောက် ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး တင်ပြထားတဲ့ အကြောင်းတွေ အခြေခံပြီးတော့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တချို့ ခေါင်းဆောင်တွေ ကတော့ ငြိမ်းချမ်းရေး ယူခဲ့စဉ်က နအဖနဲ့ သဘောတူခဲ့တဲ့ အချက်အလက်တွေ၊ အခုဖြစ်နေတဲ့ Border Guard ပြောင်းဖို့ လုပ်နေတဲ့ အကြောင်းတွေ ပြောတယ်။

မွန်အမျိုးသားဒီမိုကေရစီအဖွဲ့က နိုင်စောအောင်နဲ့ ဦးရွှေအုန်းတို့ ကတော့ စာတစောင် ထုတ်ပေး လိုက်တယ်။

အန်ကယ်အနေနဲ့ ဒီလို အမေရိကန် ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံမှု အပေါ် အားရ ကျေနပ်မှုရှိလား။

ကျနော်အနေနဲ့ အားရမှုရှိတယ်လို့ မပြောနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ တွေ့ဆုံမှုသည် အမေရိကန်က ဘယ်လောက်ဘဲ ကြိုးစားပေမဲ့၊ အန်အယ်ဒီတို့၊ တိုင်းရင်းသားတို့ ဘယ်လောက်ဘဲ လိုက်လျော လိုက်လျော၊ နအဖက ပြောင်းလဲလိုတဲ့ ဆန္ဒမရှိရင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေး အဆင့် ကျော်မှာ မဟုတ်ဘူး။ နအဖ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းဖို့နဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ လောက်ဘဲ ရည်ရွယ်တာဘဲ။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်တွေက တစုံတရာ ပြောပြတာများ ရှိလားရှင်။

အမေရိကန် ကိုယ်စားလှယ်က ပြောတယ်။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒီလိုတွေ့တဲ့ အပေါ်မှာ ဝမ်းသာ အားရတဲ့အကြောင်း ဒေါ်စုက သတင်းပါး လိုက်တယ်တဲ့။

Ref: မဇ္ဈိမ

Read More...

ရှားရှားပါးပါး သတင်းစာဆရာများနှင့် တွေ့ခွင့်ရသော ဒေါ်အောင်ဆန်းစုကြည်

မုံပီး
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 04 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ နေအိမ်အကျယ်ချုပ်ကျနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမေရိကန် အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်တို့ ယနေ့ တွေ့ဆုံခဲ့သည်။

ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ တွေ့ဆုံကြခြင်း ဖြစ်ပြီး ယခု တွေ့ဆုံမှုကို ပြည်တွင်း သတင်းထောက်များ ကလည်း ဓာတ်ပုံ ရိုက်ယူခွင့် ရခဲ့ကြသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက စီစဉ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်နှင့် သူ၏လက်ထောက် စကော့မာဆီယ် တို့၏ တွေ့ဆုံမှုသည် ယနေ့ မွန်းတည့် ခါနီးတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရခဲ့သည့် ရန်ကုန်မြို့မှ သတင်းထောက် တဦးက “သူ့ကြည့်ရတာ တော့ ကျန်းမာပုံပါပဲ။ ဒါပေမယ့် စာနယ်ဇင်း အတွက် ဘာမှ မပြောဘူးဗျ။ ကျနော်တို့ အားလုံး ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ နေရာနဲ့ ပုံစံကလည်း သက်တောင့် သက်သာပါပဲ” ဟုပြောသည်။

ပြည်တွင်းသတင်းထောက်များကို တက်ရောက်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုသော်လည်း တစုံတရာ မေးမြန်းခြင်း မပြုရန် ကြိုတင် တားမြစ်ထားသည် ဟုလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက နေအိမ်အကျယ်ချုပ် ၁၈ လ ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံခြား သံတမန်များ၊ သတင်းသမားများနှင့် တွေ့ဆုံခွင့် ရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပင် ဖြစ်သည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာများ ကိုမူ မည်သည့် ဘက်ကမျှ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

သူမ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ နှင့်လည်း အမေရိကန် သံတမန်ကြီးများ အန်အယ်ဒီ ရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ-တစည ဗဟိုကော်မတီဝင် ၅ ဦးကိုလည်း ၎င်းတို့၏ ရုံး၌ အမေရိကန် ကိုယ်စားလှယ် များနှင့် ယနေ့ ညနေတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

မစ္စတာ ကမ်းဘဲလ်နှင့် စကော့တို့နှစ်ဦးသည် ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် အစိုးရ အရာရှိကြီးမျာနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

သို့သော် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်မူ တွေ့ဆုံခဲ့ခြင်း မရှိသဖြင့် ပြည့်ဝသည့် အဖြေတခု မရနိုင်ကြောင်း ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက သုံးသပ်သည်။

“အမေရိကန်နဲ့ ဗိုလ်ချုပ် သိန်းစိန်လောက်နဲ့ တွေ့သွားလို့ အဖြေအပြည့်အဝ ပေးနိုင်မယ်လို့ မထင်ဘူး။ သန်းရွှေနဲ့ တိုင်းရင်းသား တွေရော၊ ဒေါ်စုနဲ့လဲ တွေ့ဖို့ လိုအပ်ပါတယ်။ ဒေါ်စုနဲ့ သန်းရွှေနဲ့ တွေ့ ပြီး ဖြေရှင်းလိုက်ရင် မြန်မာပြည် အရေးက ပြီးသွားမှာပါ” ဟု သူက မဇ္ဈိမကိုပြောသည်။

ယနေ့ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်၌ ၎င်းတို့နှစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၁

ဗိုလ်ထက်မင်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 04 ရက် 2009

၁၉၉၃ ခုနှစ် နောက်ပိုင်းမှာ ထိပ်ပိုင်းရာထူးအတွက် စိစစ် ရွေးချယ်နိုင်ဖို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC သို့ တက်ရောက်ကြဖို့ အခြေအနေ ဖန်တီးလာခဲ့ပါတယ်။ ထိပ်ပိုင်း ရာထူးများလို့ ဆိုရာမှာ တိုင်းမှူး အဆင့်နဲ့ အထက် စစ်ရုံးရှိ ကစထမှူး၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ အတွင်းရေးမှူး (၁) အဆင့်တွေကို ပြောတာဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - NDC အမှတ်စဉ် (၁) ကို ၂ဝ-၃-၉၄ ရက်နေ့တွင် သင်တန်းသား ၃၁ ဦးနဲ့ စတင် ဖွင့်လှစ်ခဲ့ရာ ထိပ်ပိုင်းသို့ ရောက်ရှိသွားတဲ့ အရာရှိကြီး ၉ ဦး ရှိခဲ့လို့ ရာခိုင်နှုန်း အားဖြင့် ၃ဝ % ရှိခဲ့ပါတယ်။

အဲဒီ ၉ ဦးကတော့ …

- လေတပ်ဦးစီးချုပ် ဖြစ်သွားတဲ့ ဗိုလ်ကျော်သန်း၊
- ကြည်းတပ်မှာ ဗိုလ်သူရရွှေမန်း၊ ဗိုလ်တင်အောင်မြင့်ဦး၊ ဗိုလ်ကျော်ဝင်း၊ ဗိုလ်မောင်ဘို၊ ဗိုလ်သူရမြင့်မောင်၊ ဗိုလ်ပြည့်စုံ၊ ဗိုလ်သီဟသူရစစ်မောင်၊ ဗိုလ်မြင့်အောင် စတဲ့ စစ်အာဏာရှင်ကြီးတွေ ဖြစ်ကုန်ကြလို့ အဲဒီ အမှတ်စဉ် တခုသာ ရာခိုင်နှုန်း အများဆုံး ထိပ်ပိုင်းသို့ ရောက်ခဲ့တာ တွေ့ခဲ့ရပြီး၊ နောက်ပိုင်းက NDC အမှတ်စဉ်များ မှာတော့ ထိပ်ပိုင်းကို ရောက်ရှိလာမှု ရာခိုင်နှုန်းဟာ တဖြည်းဖြည်း လျှော့နည်းသွားပြီး အမှတ်စဉ် ၉ ဆိုရင် ထိပ်ပိုင်းမှာ လုံးဝ ပိတ်နေလို့ အကျပ်အတည်း ဖြစ်နေပါတယ်။

NDC အမှတ်စဉ် (၂) ကို ၁၁-၁၁-၉၆ နေ့တွင် သင်တန်းသား ၂၉ ဦးနဲ့ စတင် ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၆ ဦးသာ ရှိလို့ ရာခိုင်နှုန်းအားဖြင့် ၂ဝ % ဖြစ်ပါတယ်။ အဲဒီ အရာရှိကြီး ၆ ဦးကတော့ ဗိုလ်အောင်မြင့်၊ ဗိုလ်ကျော်ဆန်း၊ ဗိုလ်ခင်အောင်မြင့်၊ ဗိုလ်အောင်မင်း၊ ဗိုလ်မောင်ဦး၊ ဗိုလ်ဌေးဦးတို့ ဖြစ်ကြပြီး ကကဆက် ညွှန်မှူးနဲ့ ဝန်ကြီးများ ဖြစ်လာပါတယ်။

NDC အမှတ်စဉ် (၃) ကို ၁ဝ-၈-၉၈ ခုနှစ်တွင် သင်တန်းသားဦးရေ ၄ဝ ဦးဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၆ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၁၅ % ထိ ကျဆင်း လာပါတယ်။ အဲဒီ ၆ ဦးကတော့ ဗိုလ်ရဲမြင့်၊ ဗိုလ်မြင့်လှိုင်၊ ရေတပ်ဦးစီးချုပ် ဗိုလ်စိုးသိန်း၊ တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ထင်အောင်ကျော်၊ ဗိုလ်မောင်မောင်ဆွေနဲ့ ဗိုလ်စိုးနိုင်တို့က ဝန်ကြီးများ ဖြစ်သွားပါတယ်။

NDC အမှတ်စဉ် (၄) ကို ၁၅-၂-၂၀၀၀ ခုနှစ်တွင် သင်တန်းသား ၄၆ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၉ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၁ဝ % သာ ရှိပါတယ်။ အဲဒီ အရာရှိကြီး ၉ ဦးကတော့ လေတပ်ဦးစီးချုပ် ဗိုလ်မြတ်ဟိန်း၊ ကြည်းတပ်မှ ဗိုလ်အုန်းမြင့်၊ ဗိုလ်သာအေး၊ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်ကိုကို၊ ဗိုလ်ဝေလွင်၊ ဗိုလ်မြင့်အောင်တို့ ဖြစ်ကြပြီး ဝန်ကြီး ဗိုလ်ဥာဏ်ဝင်းနဲ့ ရဲချုပ်ခင်ရီတို့ ဖြစ်လာပါတယ်။

NDC အမှတ်စဉ် (၅) ကို ၂၆-၈-၂ဝဝ၂ ခုနှစ်တွင် သင်တန်းသား ၇၈ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၇ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၁ဝ % ထိ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ အဲဒီအရာရှိကြီး ၇ ဦးကတော့ ဗိုလ်မြင့်စိုး၊ ဗိုလ်သက်နိုင်ဝင်း၊ ဗိုလ်ခင်ဇော်ဦး၊ ဗိုလ်အောင်သန်းထွဋ်၊ ဗိုလ်သောင်းအေး၊ ဗိုလ်လှဌေးဝင်း၊ ဗိုလ်လှမင်းတို့ဖြစ်ပြီး တိုင်းမှူးများ ဖြစ်သွားပါတယ်။

NDC အမှတ်စဉ် (၆) ကို ၁-၁၂-၂၀၀၃ ခုနှစ်တွင် သင်တန်းသား ၇၃ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ဦးရေ ၃ ဦး သာရှိတော့လို့ တဟုန်ထိုး ကျဆင်းသွားပြီး ရာခိုင်နှုန်း အားဖြင့် ၅ % သာ ရှိပါတော့တယ်။ အဲဒီအရာရှိကြီး ၃ ဦးကတော့ ဗိုလ်တင်ငွေ၊ ဗိုလ်ကျော်ဆွေ၊ ဗိုလ်ရာပြည့်တို့ ဖြစ်ပြီး တိုင်းမှူးများ ဖြစ်လာပါတယ်။

NDC အမှတ်စဉ် (၇) ကို ၁၁-၇-၂ဝဝ၅ ခုနှစ်တွင် သင်တန်းသား ၅၄ ဦးနဲ့ စတင် ဖွင့်လှစ်ခဲ့ပြီး ၁၆-၇-၂ဝဝ၆ ခုနှစ်ကျမှ သင်တန်း ဆင်းပါတယ်။ ထိပ်ကိုရောက်တာ မရှိသေးပါဘူး။

အလားတူ NDC အမှတ်စဉ် (၈) ကို ၂၀၀၇ ခုနှစ်အတွင်း သင်တန်းသား ဦးရေ ၁ဝဝ ခန့်နဲ့ သင်တန်း ဆင်းခဲ့ကြရာ အထက်ပါ အမှတ်စဉ် (၇) ကဲ့သို့ပင် ထိပ်ကို မတက်နိုင်ဘဲ ပိတ်ဆို့မှု ဖြစ်ပွားနေပါတယ်။

သင်တန်းသားများ ရာထူးပိတ်ဆို့မှုကြောင့် NDC အမှတ်စဉ် (၉) ကို ၂ဝဝ၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် သင်တန်းသား ၁၃၄ ဦးနဲ့ ဖွင့်လှစ်ခဲ့ရာ ၇ဝ ဦးခန့်ကို ၂၀၁၀ ရွေးကောက်ပွဲအတွင်း တာဝန် ပေးအပ်တော့မည် ဖြစ်ပြီး ကျန် ၆၄ ဦးခန့်ကိုသာ တိုင်းမှူးရာထူးနဲ့ ပိုလျှံနေတာတွေကို အရပ်ဘက် ဝန်ကြီးဌာနရှိ ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးများကိုသာ ပေးတော့မယ်လို့ သိရပါတယ်။

အရင်ကာလက စစ်ဦးစီးတက္ကသိုလ်ကို တက်ရောက်ကြတဲ့ တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး) အများစုဟာ သင်တန်းရဲ့ ရာခိုင်နှုန်း တော်တော်များများ အနေနဲ့ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်ကုန်ကြပြီး၊ တိုင်းမှူး ထိပ်ပိုင်း ရာထူးများကို လွယ်လင့်တကူ တက်လှမ်း ကုန်ကြတာ တွေ့ရပါတယ်။ အခု နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို တက်ရောက်ခွင့်ရတဲ့ ဗျူဟာမှူး (ဗိုလ်မှူးကြီး) များဟာ သင်တန်းရဲ့ ရာခိုင်နှုန်း အနည်းစုသာ ထိပ်ပိုင်းသို့ ရောက်ကြရတဲ့ အတွက် ကျောင်းဆင်းရင် ရင်တမမနဲ့ ခွဲတမ်းကို စောင့်နေကြရ ပါတယ်။

ဒီမှာ ဘာဖြစ်လာလဲဆိုတော့ - နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် အကဲဖြတ် အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကျောင်းအုပ်ကြီး ဗိုလ်မိုးဟိန်း ဦးစီးပြီး သင်တန်းသားများကို ကျောင်းဆင်းအမှတ် တန်းစီဇယား စီရာမှာ ဘက်လိုက်မှုများ၊ အဂတိ လိုက်စားမှုများ ရှိတာကြောင့် သင်တန်းသား ဗျူဟာမှူး တချို့ နစ်နာ ကြရပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အကဲဖြတ်အဖွဲ့က တင်ပြတဲ့ စာရင်းပေါ် မူတည်ပြီး၊ နိုင်ငံတော်ကာ ကွယ်ရေး တက္ကသိုလ် မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးစီးကာ ထိပ်ပိုင်းရာထူး လစ်လပ်မှု စာရင်းနဲ့ စိစစ်ရွေးချယ် ခွဲတမ်းချပါတယ်။

အရင် NDC အမှတ်စဉ် အများစုမှာ ကျောင်းဆင်း အမှတ်အကောင်းဆုံး ရရှိသူ အဆင့် (၁) မှ (၅) အထိကို တပ်မမှူး အဆင့်အထိ တိုက်ရိုက် ရာထူးတိုးပေးသလို စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ပေးပြီးမှ တိုင်းမှူးရာထူး ပေးတာမျိုးလည်း တွေ့ရပါတယ်။

အခုအခါ NDC အမှတ်စဉ်များ ဆက်တိုက် ဖွင့်လှစ်ခဲ့မှုကြောင့် ထိပ်ပိုင်းရာထူး လစ်လပ်မှု နည်းပါး လာချိန်မှာ အမှတ်အကောင်းဆုံး ရရှိပေမယ့်လည်း အရင် NDC အမှတ်စဉ်များလို ရာထူးတက်လမ်း ရေရာသေချာမှု မရှိတော့ကြောင်းနဲ့ ခွဲတမ်း ပြဿနာများ ရင်ဆိုင် ကြုံတွေ့နေရကြောင်း တွေ့ရပါတယ်။

အဲဒီ ခွဲတမ်းပြဿနာကို သုံးသပ်ရရင် NDC အမှတ်စဉ် အသစ်တခု ဖွင့်လှစ်မယ် ဆိုပါရင် ထိပ်ပိုင်း ရာထူးများကို ပေးဖို့ လျာထားတဲ့ လစ်လပ်နေရာ ဥပမာ - တိုင်းမှူးရာထူး အပါအဝင် စစ်ရုံးဗိုလ်ချုပ် ရာထူး စုစုပေါင်း ခန့်မှန်း ၁၇ နေရာရှိသည်ဆိုပါက ၃ ဆခန့် ရှိနိုင်မယ့် သင်တန်းသား ဦးရေ ၅ဝ ကိုသာ သင်တန်းသား အရေအတွက် အဖြစ် ခေါ်ယူသင့်ပါတယ်။

မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့က စစ်ရာထူးခန့်ချုပ်ရုံးမှ တဆင့် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး ဆီ အဆိုပါ သင်တန်းသား အရေအတွက်ကိုသာ ပေးအပ်သင့်ပါတယ်။

အခုအခါ သင်တန်းသားဦးရေကို ရာနဲ့ချီပြီး ခေါ်ယူတဲ့အတွက် ရာထူးတိုးမြှင့်မှု မလုပ်ပေးနိုင်တာမို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင်တန်း တက်ရင်လည်း အနာဂတ်မရေရာတဲ့ အခြေအနေကို ရောက်နေပါပြီ။


Ref: မဇ္ဈိမ

Read More...

Wednesday, November 4, 2009

အန်ဒီအေ (ကချင်) အဖွဲ့ ရာထူးအပ်နှင်းပွဲ လုပ်မည်

လင်းနိုင်ဦး / ၃ နိုဝင်ဘာ ၂၀၀၉

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်တွင် တာဝန် ယူကြမည့် အရာရှိ အရာခံ အဆင့် အသီးသီးကို တရားဝင် ရာထူး အပ်နှံသည့် အခမ်းအနား တခု လာမည့် နိုဝင်ဘာ (၈) ရက်နေ၌ ပြုလုပ်သွားရန် ရှိကြောင်း ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

၎င်းက “နိုဝင်ဘာလ (၈) ရက်နေ့မှာ တရားဝင် ရာထူးခန့်အပ်ပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး တက်မယ်လို့တော့ ကြားတယ်။ ဆဒုံးမြို့နယ်ထဲမှာ လုပ်ဖို့ရှိပါတယ်။ ရာထူး ခန့်အပ်ခံရတဲ့ အဲဒီသူတွေဟာ အစိုးရ အသိအမှတ်ပြု တရားဝင် ပြန်တမ်း ဝင်သူတွေ ဖြစ်လာမှာဖြစ်တယ်” ဟု ပြောသည်။

အန်ဒီအေကေ ကချင်တပ်ဖွဲ့သည် မူလတပ်ဖွဲ့မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်းကို ဆက်လက် အကောင်အထည် ဖော်နေဆဲဖြစ်ပြီး ဒေသအတွင်းရှိ ဆဒုံးမြို့နယ် ဝေါ်ချုံးတွင် တပ်ရင်း (၁) ရင်း၊ ဂမ်ခွန်းတွင် တပ်ရင်း (၁) ရင်းနှင့် လုပြည်တွင် တပ်ရင်း (၁) ရင်း ဖွဲ့စည်း နေရာချထားသည်။

ယခုကဲ့သို့ ရာထူးခန့်အပ်ပွဲပြီးပါက အဆင့်အသီးသီးမှ အရာရှိ တပ်သားများသည် နေရာဒေသ အသီးသီးတွင် ထပ်မံပြီး သင်တန်းများ တက်ကြရဦးမည် ဖြစ်ကာ အရာရှိ အဆင့်တို့ကို ဗထူးမြို့၊ တပ်သားများကို မြစ်ကြီးနားမြို့ အနီးရှိ ပျဉ်ထောင်၊ အခြား အဆင့်များကို ကရင်ပြည်နယ် သံတောင်တွင် နအဖက စစ်သင်တန်းများ ပေးဦးမည်ဟု သိရပြီး အချို့ ကိစ္စများအတွက် အန်ဒီအေကေ ခေါင်းဆောင်ပိုင်းက စိုးရိမ်မှု ရှိနေကြောင်း သိရသည်။

အန်ဒီအေကေ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက “ဒီ ကချင်လူမျိုး နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေကို ကရင်ပြည်နယ် သံတောင်လို နေရာမျိုးကို ခေါ်သွားပြီး သင်တန်းပေးမယ် ဆိုရင် မြန်မာအစိုးရ စစ်တပ်က အမိန့်ပေးတဲ့ အတိုင်း နာခံကြရမှာ ဖြစ်တယ်။ ဒီအခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို ခေါ်သွားပြီး ဥပမာ ကရင်နဲ့ တိုက်ခိုင်းတာမျိုး ရှိလာရင် မတွေးရဲစရာ ကောင်းလောက်တဲ့ အနေအထား ဖြစ်သွားပြီ။ ကချင် နယ်ခြားစောင့် တပ်ဟာ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတာ ခံရတဲ့ အနေအထားမျိုး ရောက်သွားမှာ အထူး စိုးရိမ်မိတယ်။ ဒီလိုမဖြစ်ဖို့ အန်ဒီအေကေ ခေါင်းဆောင်ပိုင်းဟာ နအဖ အစိုးရကို ခုကတည်းက ပြောဆို သဘောတူညီချက် ယူထားသင့်တယ်” ဟု ပြောသည်။

ရာထူးအပ်နှံပွဲပြီးနောက် မကြာမီသင်တန်းများ ပေးတော့မည် ဖြစ်သည့် အတွက် သင်တန်း သွားတက်မည့် တပ်ဖွဲ့များ နေရာ၌ လက်ကျန် တပ်ဖွဲ့နှင့် အတူ နယ်ခြားစောင့် တပ်တွင် တာဝန်ကျသည့် နအဖ စစ်တပ်ဖွဲ့ဝင်များ ဒေသတွင်း ဝင်ရောက်လာပြီး လုံခြုံရေးတာဝန် ယူကြမည် ဖြစ်ကြောင်း စုံစမ်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, November 3, 2009

ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ခြင်း (သို့မဟုတ်) ဟားမာ့စ်

ဂါမဏိ


Gamanii - Hamas

Read More...

မစ္စတာ ကမ်ဘဲလ်နှင့် တွေ့ဆုံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကထား ဆွေးနွေးမည်ဟု တိုင်းရင်းသားခေါင်းဆောင် များ ပြော

မင်းနိုင်သူ / ၂ နိုဝင်ဘာ ၂၀၀၉

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် တွေ့ဆုံ ဖြစ်ပါက ဒီမိုကရေစီ စံနှုန်းများဖြင့် သွေဖည်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြကာ အနာဂတ် မြန်မာ့နိုင်ငံရေးကို အလေးထား ဆွေးနွေးသွားမည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “အဓိက ကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ပါ။ အခု နအဖ ဘက်က တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေက လက်မခံနိုင်သလို၊ နယ်စပ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းခိုင်း တာတွေလည်း အဆင် မပြေဘူး ဆိုတော့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရေရှည်မှာ ဖော်ဆောင်နိုင်မယ် မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသား အားလုံး လက်ခံနိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဖို့လိုတယ်။ မပြင်ဘူး ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားတဲ့ ဟိုဘက်မှာလည်း တိုင်းပြည် အခြေအနေက ကောင်းနိုင်ဖွယ် မရှိဘူးဆိုတာကို ပြောပြသွားမယ်” ဟု ပြောသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ် အရ မစ္စတာ ကာ့တ်ကမ်ဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်ကာ စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ သွားမည် ဖြစ်သကဲ့သို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့်လည်း တွေ့ဆုံ သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

မစ္စတာကာ့တ်ကမ်ဘဲလ်၏ ခရီးစဉ်အတွင်း နိုဝင်ဘာ (၄) ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တိုင်းရင်းသား ပါတီများနှင့်လည်း တွေ့ဆုံ လိမ့်မည်ဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။

“အကြောင်းကြားမှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်မှာ တွေ့ကြမယ် ဆိုတဲ့ အသေးစိတ်ကိုတော့ သူတို့ဘက်က မပြောသေးပါဘူး။ အရင်တခါတုန်းက ကျနော်တို့ အဖွဲ့တွေနဲ့တွေ့လို့ မဖြစ်ဘူးဆိုတဲ့ အစိုးရဘက်က ကန့်သတ်မှုတွေလည်း ရှိခဲ့ဖူးတယ် ဆိုတော့ အခုတွေ့ဆုံမှုကလည်း ဖြစ်မဖြစ် မပြောတတ်သေးဘူး” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည့် ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

အကယ်၍ တွေ့ဆုံနိုင်ခဲ့ပါက ၎င်းတို့ ချင်းတိုင်းရင်းသားပါတီ အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စရပ်ကိုသာ အဓိကထား ဆွေးနွေးသွားမည်ဟု ပူကျင့်ရှင်းထန်က ပြောသည်။

မစ္စတာကာ့ကမ်ဘဲလ်နှင့် သူ၏ ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာရှယ်တို့၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် အချက်အလက် များကို စုဆောင်းသွားမည် ဖြစ်ကာ စစ်အစိုးရနှင့် အတိုက်အခံ အကြား တွေ့ဆုံ ဆွေးနွေးရေးများ ဖြစ်ပေါ် လာစေရေးကိုလည်း တွန်းအား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကာ့တ်ကမ်ဘဲလ် ခရီးစဉ်အပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှုများ ရှိလာမည်ဟု မိမိတို့ ယူဆ မထားကြောင်း ဦးအေးသာအောင်နှင့် ပူကျင့် ရှင်းထန်တို့က ပြောဆိုကြသည်။

“သိပ်အများကြီး မျှော်လင့်ထားလို့တော့ မရပါဘူး။ အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ အကြား စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် နအဖ အစိုးရက အမေရိကန်နဲ့ တွေ့ဆုံရေးကို အားသန်တယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးကို အားသန်တယ်။ ကျန်တဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေ ဒီမိုကရေစီရေး ဆောင်ရွက် နေသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုစိတ် မရှိဘူးလို့ ထင်တယ်။ ဒါကြောင့် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အောင်မြင်မယ်လို့ မျှော်လင့်မထားဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

ပိတ်ဆို့အရေးယူမှုများနှင့်အတူ စစ်အစိုးရကို တိုက်ရိုက်ထိတွေ့ ဆက်ဆံ သွားမည်ဆိုသည့် အမေရိကန် မူဝါဒသစ် ပေါ်ထွက် လာပြီးနောက် မစ္စတာ ကာ့တ်ကမ်ဘဲလ်က စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာ စစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။

မစ္စတာကာ့တ်ကမ်ဘဲလ်၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ပင်လုံ စာချုပ် အကြောင်း ဆွေးနွေးရန် KIO တောင်းဆို

Monday, 02 November 2009

အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအား နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ် ထားသည့် အောက်တိုဘာ ၃၁ ရက်နေ့သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် ရှိရာ လိုင်ဇာမြို့တွင် တိတ်တဆိတ် ပြီးဆုံး သွားသည်။

KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)က စစ်အစိုးရထံ တင်ပြခဲ့သည့် ကမ်းလှမ်းချက် ၉ ခုစလုံး အပယ်ချ ခံရပြီးနောက်တွင် KIO က စေ့စပ်ညှိနှိုင်းရေး နည်းဗျူဟာကို အပြောင်းအလဲ လုပ်လိုက်သည်။

KIO ၏ ယခု ကမ်းလှမ်းချက်မှာ ပင်လုံစာချုပ်ပါ သဘော တူညီချက် များနှင့် ပတ်သက်ပြီး ဆွေးနွေးရေး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုး ခဲ့သည့် ပင်လုံစာချုပ်၌ နယ်စပ် ဒေသများ၏ အုပ်ချုပ်ရေးတွင် ခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို လျော့ပါးသွားစေရန် မည်သည့် နည်းနှင့်မဆို ဗဟိုအစိုးရက ပြုလုပ်ခြင်း မရှိစေရဟု ပြဌာန်းထားသည်။

စာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၄၇ ခုနှစ်က သဘောတူထားသည့် တိုင်းရင်းသား ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုသည်မှာ ယနေ့ အချိန်အထိ အကောင် အထည် မပေါ်သေးပေ။

KIO ၏ နောက်ဆုံး ကမ်းလှမ်းထားချက်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်း၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် နိုဝင်ဘာ ပထမပတ်အတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု သိရသည်။

စစ်ဗိုလ်ချုပ်များက ပင်လုံစာချုပ် သဘောတူညီချက်နှင့် ပတ်သက်ပြီး ဆွေးနွေးလိုဟန် ပြခြင်းမှာ ၁၉၆၂ ခုနှစ်မှစ၍ မြန်မာ့ နိုင်ငံရေးတွင် ၎င်းတို့ အာဏာရလာပြီး နောက်ပိုင်း ဤတကြိမ်မှာ ပထမဦးဆုံး အကြိမ်
ဖြစ်သည်ဟု အကဲခတ်များက ပြောကြသည်။

ကချင် ယဉ်ကျေးမှု နှင့် သမိုင်းပညာရှင် တဦးက “လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး တွေကို အာမခံတဲ့ ပင်လုံ စာချုပ်မှာ သဘော တူညီထားတဲ့ အတိုင်း ဖြစ်လာမယ် ဆိုရင် ကျနော်တို့ လက်နက်ချမယ်” ဟု ဆိုသည်။

“ခုချိန်မှာတော့ ကျနော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ဆက်သွားရမယ် ဆိုတာတော့ မသိပါဘူး” ဟု KIO အရာရှိတဦးက ဧရာဝတီကို ပြောသည်။

Ref: ဧရာဝတီ

Read More...

Monday, November 2, 2009

နာဂစ်သင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လည်ပတ်

တနင်္လာနေ့၊ နိုဝင်ဘာလ 02 ရက် 2009 ခုနှစ် 10 နာရီ 18 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဆိုင်းငံ့ ထားခဲ့သော ဧရာဝတီတိုင်း နာဂစ် ဆိုင်ကလုံး မုန်တိုင်း သင့်ရာ ဒေသများကို သွားရောက်ခြင်းကို ယနေ့ စတင်လိုက်သည်ဟု စစ်ဘက် သတင်းရပ်ကွက်များ အရ သိရသည်။

အောက်တိုဘာလ အစောပိုင်းက နာဂစ်သင့်ဒုက္ခသည်များ အားပေး နှစ်သိမ့်ရန်နှင့် ဖျာပုံမြို့နယ်တွင် ဆိုင်ကလုံးခို အဆောက်အဦး ဖွင့်ပွဲ တက်ရန် စီစဉ် ထားခဲ့သော်လည်း ရုတ်တရက် ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရာက ယနေ့ သွားရောက်ခြင်း ဖြစ်ကာ သတင်း ပေးပို့ချိန်တွင် လမ်းခရီးတွင်ပင် ရှိနေသေးသည်။

နအဖ အကြီးအကဲသည် ဖျာပုံမြို့နယ်တွင် နေ့လည်စာ စားသုံး လိမ့်မည်ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

ခရီးစဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်နေ့အထိ သူ၏ ခရီးစဉ် လိုက်ပါမည့် အရာရှိများကိုပင် အသိမပေးဘဲ ထားခဲ့သည်။

၂၀၀၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူဦးရေ ၁ သိန်း ၄ သောင်းကျော် သေကျေ ပျောက်ဆုံး ခဲ့ရသည်။ ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ လူဦးရေ ၂ သန်း ၄ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့်လအတွင်း ရန်ကုန်မြို့တွင်ပင် အများအားဖြင့် နေထိုင် နေခဲ့သည့် စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။

ယနေ့တွင် ရန်ကုန်သို့ အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) နှင့် အာဆီယံ ဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီယယ် (Scot Marciel) တို့သည် လာရောက် လည်ပတ်မှာ ဖြစ်သည်။

အမေရိကန်၏ ”အချက်အလက် ရှာဖွေရေး” ခရီးစဉ်တွင် ခရီး လွန်နေမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဖွယ် မရှိဟု စစ်အစိုးရ သတင်းရပ်ကွက် ပြောသည်။

Ref: မဇ္ဈိမ

Read More...

အမေရိကန် မူဝါဒကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစ ပွင့်မည် ဟု ဦးဝင်းတင် မျှော်လင့်

01 November 2009

အခုလာမယ့် သီတင်းပတ်ထဲ အမေရိကန် နိုင်ငံခြားရေး ဌာနက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်ပြီး အမေရိကန် အရာရှိတွေ မြန်မာနိုင်ငံကို သွားပြီး စစ်အစိုးရနဲ့ရော အတိုက်အခံနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေကြောင့် မြန်မာ့နိုင်ငံရေးမှာ အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုတွေ တစုံတရာ လမ်းပွင့် သွားနိုင်တယ်လို့ NLD ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်က ယူဆပါတယ်။ အကြောင်းစုံကို ဦးဝင်းတင်နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

အမေရိကန် အရာရှိတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အခုလာမယ့် ဗုဒ္ဓဟူးနေ့ အဖွဲ့ချုပ် ရုံးချုပ်မှာပဲ တွေ့ဆုံဖို့ ရှိသလို အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မယ်လို့ ယူဆရပါတယ်။ အင်္ဂါနေ့မှာတော့ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ အဖွဲ့ဟာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အခုလိုမျိုး အမေရိကန်ဘက်က မူဝါဒ အကောင်အထည်ဖော်ရေး အဓိက တာဝန် ရှိသူတွေက စစ်အစိုးရကိုရော၊ အတိုက်အခံကိုပါ တိုက်ရိုက် တွေ့ဆုံမှုတွေက တဆင့် မြန်မာ့နိုင်ငံရေး အတွက် တစုံတရာ အားဖြစ်စေမယ်လို့ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင် ကတော့ ယူဆထားပါတယ်။

“ကျနော်ကတော့ အကောင်းမြင်တယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ အမှန်အတိုင်း ပြောရရင် ဒီစစ်အစိုးရက ကမ္ဘာကြီးနဲ့ ပိတ်နေတယ်၊ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတယ်၊ ကမ္ဘာကြီးထဲမှာ ၀င်တိုးလို့ မရဘူး ဖြစ်နေတဲ့ အနေအထား။ သူတို့တင် ဖြစ်တာ မဟုတ်ဘူး၊ ကျနော်တို့ လူတွေလည်း အကုန်လုံး ပိတ်နေတာ။ ကျနော်တို့နဲ့လည်း ဘာမှ အဆက်အဆံမရှိ ဘာမရှိ ဖြစ်နေတာ။

“အဲဒီအနေအထားကနေ အခုလို ကမ္ဘာ့ သြဇာရှိတဲ့ နိုင်ငံကြီး တနိုင်ငံက နေပြီးတော့ အဆင့်မြင့် အရာရှိတွေနဲ့ စပြီးတော့ တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့ လုပ်ငန်းစဉ် အတိုင်း လာပြီးတွေ့တယ် ဆိုတော့ ဘာပဲပြောပြော စစ်အစိုးရ အနေနဲ့လည်း ကမ္ဘာနဲ့ ထိတွေ့ခွင့်၊ ကမ္ဘာနဲ့ တွေ့မြင်ခွင့်ရမယ်၊ သူတို့ရဲ့ သဘောထားတွေ သူတို့ ပြောလို့ရသလို အလားတူပဲ သူတို့နဲ့ ဆက်စပ်ပြီးတော့ ကျနော်တို့လို နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေး အဖွဲ့များလည်း ဒီလိုပဲ ကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံခွင့် ရလာတဲ့ အခါကြတော့ ကျနော်တို့အဖို့ အများကြီး ကောင်းတယ်လို့ပဲ ယူဆတယ်။ ဖြစ်တာ မဖြစ်တာကတော့ တပိုင်း၊ အကောင်းမြင်တာက တပိုင်း။”

အခုအနေအထား အရတော့ နိုင်ငံရေးဘက်မှာ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မယ့် ကိစ္စကို ဦးတည်နေပေမဲ့ အဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲပြီးတော့ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီ နည်းမကျတဲ့ အချက်တွေကို ပြင်ရေး ဦးတည်ပြီး တောင်းဆို နေတာပါ။ ဒါဟာ နှစ်ဘက်ရဲ့ ကွဲလွဲချက် ဖြစ်နေပါတယ်။

အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အနေနဲ့တော့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ဦးဝင်းတင် ကတော့ မယူဆပါဘူး။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အခုလက်ရှိ မူဝါဒ ချပြီး ဆောင်ရွက်မှုကြောင့် အတိုက်အခံနဲ့ အစိုးရကြားမှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးရေးလမ်းတွေ ပေါ်လာနိုင်တယ်လို့ ဦးဝင်းတင်က မျှော်လင့်ထားပါတယ်။

စစ်အစိုးရဘက်က သူတို့အပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ချရေး ကိစ္စ ဆွေးနွေး ချင်သလိုပဲ သူတို့ဘက်ကလည်း နိုင်ငံရေး အပြောင်း အလဲတွေ၊ နိုင်ငံရေးကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ ဒီ ၂ ချက်စလုံးကို အမေရိကန်ရဲ့ မြန်မာ့အရေး မူဝါဒမှာ တွေ့ရတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“လမ်းပေါက်ရှိတာ ဘာလဲဆိုတော့ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေး ပေါ့ဗျာ။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနဲ့ စစ်အစိုးရကြားမှာ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်ဖို့ပဲ။ ဒါက အမေရိကန် အစိုးရရဲ့ သဘာထားမှာလည်း၊ မစ္စတာကမ်းဘဲလ် တို့ရဲ့ mission မှာလည်း ပါပြီးသား ဖြစ်နေတယ်။ စစ်အစိုးရနဲ့လည်း အမေရိကန်အစိုးရ ကိုယ်စားလှယ်များနဲ့ တွေ့မယ်၊ အမေရိကန် အစိုးရ ကိုယ်စားလှယ်များနဲ့ အတိုက်အခံ အင်အားစုများလည်း တွေ့မယ်၊ အတိုက်အခံ အင်အားစုများနဲ့ စစ်အစိုးရကြားမှာ တွေ့ဆုံ ဆွေးနွေးရေးကိုလည်း သူတို့ ဖန်တီး ဖော်ဆောင်သွားမယ်လို့ သူတို့ရဲ့ ရည်မှန်းချက်ထဲမှာ ပြောပြီး ဖြစ်တဲ့အတွက် အဲဒီဟာ ပေါ်လာရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော် မှန်းတယ်။”

ဦးဝင်းတင်အနေနဲ့ အခုလို အမေရိကန်အစိုးရ တာဝန်ရှိသူတွေ လာရောက်မယ့် အပေါ် အမေရိကန် မူဝါဒအရ တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်သွားမယ့် အပေါ်မှာ အပြုသဘော အမြင်ရှိပေမဲ့ တဘက်မှာတော့ တကယ်တမ်း ထင်သလို အပြောင်းအလဲတွေ မြင်ရပါ့ မလားဆိုတဲ့ သံသယတွေကတော့ ရှိတယ်လို့ ပြောရမှာပါ။

“ထုံးစံအတိုင်းပဲ နိုင်ငံရေးမှာ စကားသံနဲ့တင် မပြီးပါဘူး။ လက်တွေ့ လုပ်ကိုင်ခြင်း၊ လက်တွေ့ အကောင်အထည် ဖော်ခြင်း၊ လက်တွေ့ ဆောင်ရွက်ခြင်းက အရေးကြီးပါတယ်။ အဲဒါတွေအတွက် ဖြစ်မှ ဖြစ်ပါ့မလားလို့ ကျနော်တို့ အနေနဲ့ကတော့ ရင်တမမ နဲ့ပေါ့ဗျာ။ စိုးရိမ်ချက်ကတော့ ကျနော်တို့မှာ ရှိတယ်လို့ ပြောချင်ပါတယ်။”

အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ရဲ့အမြင် ဖြစ်ပါတယ်။

အခု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဟာ ၁၀ နှစ်ကျော် အတွင်းမှာ အမေရိကန်ဘက်က အဆင့် အမြင့်ဆုံး တာဝန်ရှိသူ လာရောက်တာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း၊ အဲဒီတုန်းက ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မက်ဒလင်း အောလ်ဘရိုက် (Madeleine Albright) လာရောက်ခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။

Ref: VOA News

Read More...

နယ်ခြားစောင့်တပ်ကို မိမိတပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလို ဟု မိုင်းလား တပ်ဖွဲ့ပြော

ခိုင်လင်း / ၃၀ အောက်တိုဘာ ၂၀၀၉

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် (၁ဝ) ဦး ကျော်ပါ အဖွဲ့သည် ဌာနချုပ်ရှိရာ မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ အောက်တိုဘာ (၂၈) ရက်က သွားရောက်ကာ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စအား ဆွေးနွေး ခဲ့ကြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ကို မိမိတပ်ဖွဲ့ဝင်များနှင့်သာ ဖွဲ့စည်း သွားလိုပြီး စစ်သင်တန်း ကိုလည်း မိုင်းလား မြို့တွင်သာ ပြုလုပ်ရန် အတွက် ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့က တင်ပြခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကမူ ပြန်လည် ဆွေးနွေးကြရန်သာ ပြောခဲ့သည်ဟု အမည် မဖော်လိုသည့် မိုင်းလားတပ်ဖွဲ့ အရာရှိ တဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ကိုယ်တိုင်ပါသွားတယ်၊ အားလုံး (၁ဝ) ယောက်ကျော် ရှိမယ်။ ဗိုလ်ချုပ် ရဲမြင့်နဲ့ ကျိုင်းတုံမှာ သွားဆွေးနွေးတာ။ မသွားခင် (၃) ရက်လောက်က ဒီမှာ အဖွဲ့က ခေါင်းဆောင်တွေ အရင် ဆွေးနွေးသေးတယ်။ ပြီးမှ သွားတာ။ အရင်မူ အတိုင်းပဲ နိုင်ငံ တနိုင်ငံမှာ တပ်မတော် တခုတည်း ရှိရမှာကို လက်ခံတယ်။ နယ်ခြားစောင့် တပ်ကို ကိုယ့်အဖွဲ့တွေချည်းပဲ ဖွဲ့မယ်၊ သူတို့တပ်တွေ ပါစရာ မလိုသေးဘူး။ သင်တန်းကို ဒီမှာပဲလုပ်မယ်။ အဲဒါ သွားတင်ပြတာ” ဟု ပြောသည်။

အင်အား (၁,၀၀၀) ကျော်ဝန်းကျင်ရှိ မိုင်းလားတပ်ဖွဲ့ ဝင်များအား နယ်ခြားစောင့် တပ်ရင်း (၂) ရင်း အထိ ဖွဲ့ပေးမည် ဖြစ်ပြီး ကျန်သည့် တပ်ဖွဲ့ဝင် များအား ပြည်သူ့စစ် အဖွဲ့ ဖွဲ့စည်းရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောဆိုထားပြီး နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိသည်ဟု အဆိုပါ မိုင်းလား တပ်ဖွဲ့ အရာရှိက ပြောသည်။

ယခုလ (၂၅) ရက်နှင့် (၂၆) ရက်နေ့တို့ကလည်း လားရှိုးမြို့တွင် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေး ခဲ့ကြပြီး ဝနယ်မြေ အနီးရှိနေသည့် နအဖတပ်များ အရင် ရုပ်သိမ်းပေးမှသာ ဆက်ပြီး ဆွေးနွေးသွားရန် ဝတပ်ဖွဲ့က ပြောဆို ထားသည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Sunday, November 1, 2009

ကရင်နီဒေသတွင် တိုက်ပွဲဖြစ်ပွား နအဖ စစ်ကြောင်းမှူး တဦး အပါအ၀င် တပ်သား (၉) ဦး ကျဆုံး

အောက်တိုဘာ ၃၁။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းရှိ ကရင်နီ ဒေသတွင် နအဖ တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(ကေအဲန်ပီပီ) ပူးပေါင်း တပ်ဖွဲ့တို့ အကြား ယမန်နေ့ညက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖတပ်ဘက်မှ စစ်ကြောင်းမှူး တဦးအပါအဝင် တပ်သား ၉ ဦး ကျဆုံးသွားခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထိုဒေသမှ လာသည့် သတင်းအရ သိရသည်။

ထိုနေ့ည ၇း၀၀နာရီအချိန်တွင် ကရင်နီပြည်နယ် လောပိတ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ (၅၃၀)မှ စစ်ကြောင်း(၂)က သံလွင်မြစ် အရှေ့ခြမ်း မယ်ဆက်မြို့ ဒေသ အတွင်း လှုပ်ရှား လှည့်လည်စဉ် ဒေသခံ ကေအဲန်ပီပီနှင့် ကေအဲန်ယူ တပ်မဟာ (၂)မှ ကေအဲန်အယ်လ်အေ ပူးပေါင်း တပ်တို့နှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် နအဖဘက်က စစ်ကြောင်းမှူး ဗိုလ်ကြီး တင်ထွန်းအောင်၊ ဗိုလ်ဥာဏ်လင်းဦးနှင့် အကြပ်တပ်သား (၇)ဦးတို့ တိုက်ပွဲ အတွင်း ကျဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ပြောဆိုသွားသည်။

သူက “ခမရ (၅၃၀)မှ ဗိုလ်ကြီး တင်ထွန်းအောင် ဦးစီးတဲ့ စစ်ကြောင်း(၂)က အင်အား ၄၀ ၀န်းကျင်လောက် ရှိမယ်။ သူတို့က အဲဒီမယ်ဆက်မြို့ ဒေသတွေမှာ ဝင်ရောက် လှုပ်ရှားတာ။ မနေ့ည ၇း၀၀နာရီ အချိန်လောက်မှာ အဲဒီ ဗိုလ်ကြီး တင်ထွန်းအောင် အဖွဲ့နဲ့ ဒေသခံ ကေအဲန်ပီပီ၊ ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်နဲ့ မယ်ဆက်မြို့ အနီးတ၀ိုက်မှာရှိ ထောပလာရို ကားလမ်းပေါ်မှာ တွေ့ဆုံပြီးတော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက နာရီဝက်လောက် ကြာတယ်။ နအဖ ဘက်ကတော့ စစ်ကြောင်းမှူး အပါအဝင် (၉)ဦး ကျဆုံးတယ်။ (၄) ဦး ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ကျဆုံးဒဏ်ရာရမှု ရှိသော်လည်း ကေအဲန်ပီပီနှင့် ကေအဲန် အယ်လ်အေ ပူးပေါင်း တပ်ဘက်တွင် ထိခိုက် ဒဏ်ရာရမှု မရှိဘူးဟု သိရသည်။

ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ ဒေသခံတပ်များနှင့် နအဖ တပ်များအကြား အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အနက် ယခုအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲသည် နအဖ တပ်ဖွဲ့ဝင်များ အကျအဆုံး အများဆုံးနှင့် တိုက်ပွဲ ဖြစ်ပွားချိန် အကြာဆုံး ဖြစ်သည်ဟု သိရသည်။

Ref: Karen Information Center

Read More...

အပေါ်သို့