..............................

Saturday, September 26, 2009

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း
၂၅ စက်တင်ဘာ ၂၀၀၉


ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက် လာတော့မယ့် လက္ခဏာတွေ စပြီး မြင်တွေ့နေရ ပါပြီ။ နအဖစစ်အစိုးရကို နဂိုက ဆေးဖော် ကြောဖက် မလုပ်ခဲ့တဲ့ အမေရိကန် အပါ အနောက် နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူ ပြန်ဆက်ဆံမယ်လို့ ဖြစ်လာနေပါပြီ။

တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာ အခင်းအကျင်း မှာကိုပဲ အပြောင်း အလဲတွေ တွေ့နေရပါတယ်။ စစ်အေးစစ်ပွဲ လွန် နိုင်ငံရေး အခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်က ပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ် အပိုးတွေကို ပစ်ချ ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခု လွန်လာတော့ အခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေး အကျပ်အတည်း ကြီးပါ။

ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံး ဆောင်းပါးမှာ ဆိုရင် ဒီတခါ စီးပွားရေး အကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန် ဗြိတိန် ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေ အားလုံးကို ကြီးကြီးမားမား ထိခိုက် ခဲ့တယ်ဆိုတာကို ပြောချင်လို့ ကိုးကားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှု အမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိမှုတွေထဲမှာ ဗမာပြည်နဲ့ ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန် တော့တာပါပဲ။

ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာ များလာတာ ကတော့ အမေရိကန်လို နိုင်ငံကြီးက ပေါ်လစီ သဘောထား ပြောင်းလဲတယ် ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေးကို ဘယ်လို ထိခိုက်နိုင်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးတာဟာ အမေရိကန် အစိုးရက ဘာလုပ်သင့်သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။

တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှ စကာစ ရှိပါသေးတယ်။ နောင်မှာ ပိုပြီး ကြားလာရဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့ တွေ့ပြီးရင်၊ သူတို့ရဲ့ အထူး တမန်ဆိုတာချင်း တွေ့ဆုံ စကားပြောကြပြီးရင် ဘာတွေ တဆင့် တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖ စစ်ဗိုလ်တွေ အဖို့တော့ လက်မ ထောင်စရာ ဖြစ်ချင်ဖြစ်မှာပါ။

ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေး အခေါ်အရတော့ ဘာမှ ရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ် ပြုလိုက်တဲ့ အတွက် နအဖ စစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်ကနေ သူတော်စင် အဖြစ် တဖြစ် လဲသွားမှာ မဟုတ်ဘူးဆိုတာ သူတို့ ဘ၀ အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်း တုန်းကဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံကျ သွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။

ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင် နေတဲ့ လူတွေ အတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်း ရသွားနိုင်တာပေါ့။ သူတို့အနေနဲ့ ဒီအချက်အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ် ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကို သုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေ ကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံးကြီးတွေကို ကိုးကားလာမယ် ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေး လိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါးလည်းဖြစ်၊ စိတ်ဓာတ်ပိုင်း လောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှမထိခိုက်နိုင်ပါဘူး။

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထု အမြင်ရှင်း၊ သဘောပေါက်ဖို့ အတွက် ရှင်းပြ တာတွေတော့ လုပ်ရပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲ အပေါ် သံယောဇဉ် ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြ နေရဦးမှာ ဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့ နောက်အကျိုးဆက်ကို ဘယ်လို ရင်ဆိုင်ကြမယ် ဆိုတာတွေလည်း စဉ်းစား ပြင်ဆင်ပြီး ဖြစ်သင့်ပါပြီ။

တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေလုပ်ခဲ့လို့ နအဖ စစ်အုပ်စုရဲ့ သံဃာတွေကိုပါ သတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲ မသွားစေခဲ့ပါဘူး။ ပြည်ပ ဖိအားဆိုတာဟာ အာဏာရှင် ဗိုလ်ချုပ်တွေ အနေနဲ့ ပြည်ပဘက်ကို မျက်နှာလှည့်တဲ့ အခါမှာ ပြုံးဖြဲဖြဲ အသွင်ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူလူထု ဘက်ကို လှည့်တဲ့ အခါမှာတော့ ဘီလူးရုပ် သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ် ဆိုတာတွေဟာ အရန် အခန်းလောက်သာ ရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှမဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည် နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော်တတ်တဲ့ အလေ့ အကျင့်တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကိုလှည့်လှည့်ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ်ဝန်ပိုးတခုကို ပစ်ချလိုက်နိုင်ပြီ လို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရ ပါတော့မယ်။

Ref: ခေတ်ပြိုင်

Read More...

Friday, September 25, 2009

ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များ ကို ဖမ်းဆီး ထားဟု နအဖ သတင်းထုတ်ပြန်

မင်းနိုင်သူ / ၂၄ စက်တင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုညီညီအောင်နှင့် ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ ယူဂျီများအား ဖမ်းဆီး ရမိထားကြောင်း နအဖ စစ်အစိုးရက ယမန်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

“ကိုညီညီအောင်ဟာ ပြည်တွင်းလှုပ်ရှားမှုတွေ လုပ်ဖို့ ပြန်ဝင်လာတယ် ဆိုတာကို သူကိုယ်တိုင် ၀န်ခံ ထွက်ဆိုတယ်လို့ မြန်မာ့ ရုပ်သံသတင်းမှာ မနေ့ညက ကြေညာသွားတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ၂၀၀၅ ခုနှစ်တွင် အမေရိကန် နိုင်ငံသား အဖြစ် ခံယူခဲ့သူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီး ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာ အတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်း ဖလှယ်ခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာ (၃) ရက်တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မည့် အစီအစဉ်ကိုလည်း ၎င်းက စီစဉ် ရေးဆွဲခဲ့ပြီး သံဃာ့ လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ကူညီ ပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ FDB အဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဦးငွေလင်းက “ဒီဟာက နအဖရဲ့ စွပ်စွဲချက်ပဲလို့ ကျနော် ပြောချင်တယ်။ နောက်တခုကတော့ ကျနော်တို့ FDB ရဲ့ ပေါ်လစီက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေ အနှံ့အပြားမှာ ပေါ်အောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ဖို့ပါ။ အဲဒီ ပေါ်လစီအရ လုပ်သင့် လုပ်ထိုက်တာတွေကို ဆောင်ရွက် နေတာရှိတယ်။ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ပေါ်လစီမှာကို မရှိပါဘူး” ဟု ပြောသည်။

ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင် ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်း (၁) ဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်း တင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ အရေး အခင်း အပြီးတွင် ထောင်ဒဏ် (၅) နှစ်ချ မှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ သံအရာရှိများက စက်တင်ဘာ (၂၀) ရက်တွင် တွေ့ခွင့် ရခဲ့သော်လည်း အခြေအနေ အသေးစိတ်ကို သံရုံးမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ကိုညီညီအောင်၏ ဖြစ်စဉ်နှင့်အတူ AASYC မှ ယူဂျီများကိုလည်း ဖမ်းဆီး ထားကြောင်း ယနေ့ထုတ် သတင်းစာ များတွင် ဖော်ပြထားရာ ထိုအဖွဲ့ အစည်း သည် ရခိုင်ပြည်နယ် အတွင်း အရေးကြီး အဆောက် အအုံများ၊ စီမံကိန်းများကို ဖျက်ဆီးရန်၊ ယူဂျီများ မွေးမြူရန်နှင့် အဖွဲ့ရန်ပုံငွေ ရရှိရေး အတွက် ဘင်္ဂလားဒေ့ ရှ်နယ်စပ်သို့ စိတ်ကြွ ရူးသွပ် ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ခြင်း ပြုလုပ်ရန်၊ လက်နက် မှောင်ခို လုပ်ရန်တို့ ဖြစ်သည်ဟု စွပ်စွဲ ရေးသားထားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးလမ်းထောင့်ရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ခွဲ ဖျက်ဆီးမှုသည် AASYC ၏ လက်ချက် ဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။

AASYC တွဲဖက်အတွင်းရေးမှူး ကိုထွန်းဇော်ကမူ ယင်းကိစ္စများမှာ နအဖ စစ်အစိုးရ၏ အခြေအမြစ် မရှိသော စွပ်စွဲချက်များသာ ဖြစ်ကြောင်း၊ အဖွဲ့၏ သဘောထားမှာ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်သာ ဖြစ်ကြောင်း ပြောဆိုသည်။

ဦးငွေလင်းကလည်း “ကျနော်တို့ ဒီဘက် အတိုက်အခံ အင်အားစုတွေ အပါအ၀င် လူထုကို ချစ်မြတ်နိုးတဲ့ ဘယ်သူမဆို လူထုကို သေကျေအောင် ဗုံးခွဲလိမ့်မယ် ဆိုတာ ကျနော်လုံးလုံး မယုံဘူး။ အဲဒါက စစ်အစိုးရ ကိုယ်တိုင်လုပ်တာ ဖြစ်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒီဘက်ကို ပုံချဖို့ ရတာအတွက် လုပ်ကြံ ဇာတ်လမ်းဆင်တယ် လို့ပဲ ကျနော်တို့ ယူဆတယ်” ဟု တုံ့ပြန် ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၅ / ၀၉ / ၀၉

Read More...

အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

24 September 2009

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆို လိုက်ပါတယ်။ ပိတ်ဆို့ အရေးယူမှုနဲ့ အတူ ထိတွေ့ ဆက်ဆံမှုကို အတူတွဲ လုပ်သင့်တယ် ဆိုတဲ့ မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ထုတ်ဖော် ပြောကြားအပြီး တရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသစ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အကောင်း မြင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့တော့ ဒါ သဘော တူပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူလည်း အခါအခွင့် သင့်တိုင်း တိုက်ရိုက် စကားပြောဆိုခြင်းဟာ ကောင်းတယ် ဆိုတာ သူ အမြဲ ပြောခဲ့တာပဲတဲ့။ ဒါကြောင့် ဒီဥစ္စာကို သူ သဘောတူတယ်တဲ့။ ဒါပေမဲ့ တိုက်ရိုက် တွေ့ဆုံတယ်ဆိုတာ တဘက်တည်း မသင့်ပါဘူးတဲ့။ အစိုးရရော၊ အတိုက်အခံရော ဒီလို တွေ့ဆုံတယ် ဆိုရင် ပိုပြီး အကျိုး ရှိပါလိမ့်မယ်တဲ့။”

ဒီနေ့ညနေပိုင်း ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက တာဝန်ရှိသူ တချို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မြန်မာနိုင်ငံ အပေါ် အမေရိကန်က ထားရှိမယ့် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံနေချိန်မို့ သံရုံးက တာဝန်ရှိသူတွေ လာရှင်းပြခဲ့ ချိန်မှာ ကိုယ်တိုင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သတင်းတွေ ထဲမှာ ကြားသိထားတဲ့ အတိုင်း အမေရိကန် မူဝါဒအသစ် အကြောင်းကို ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ မူဝါဒသစ်ကတော့ အမေရိကန်တို့ အနေနဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို မရုပ်သိမ်းသလို တဘက်ကလည်း ထိတွေ့ ဆက်ဆံရေးနဲ့ စစ်အစိုးရကို ဆက်ဆံသွားဖို့ ဖြစ်ပါတယ်။ အမေရိကန် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး မကြာခင်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခု မြန်မာနိုင်ငံအပေါ်မှာ ထားရှိဆက်ဆံမယ့် အမေရိကန်တို့ရဲ့ မူဝါဒသစ် အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က သတိထား ကြိုဆို လိုက်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင် ကတော့ ပိုပြီး သတိထား ကြိုဆိုခဲ့ပါတယ်။

“တခုပဲရှိတယ်၊ ဒီအထဲမှာ sanctions တွေကို သူ လွှင့်မပစ်ဘူး ပေါ့ဗျာ၊ ဖယ်ချ မပစ်ဘူး၊ စွန့်လွှတ် မပစ်ဘူးဆိုတဲ့ အတွက်တော့ ကျနော်က စိတ်သက်သာရာ ရတယ်လို့ ပြောချင်ပါတယ်၊ တစ်အချက်က။

“နှစ်ကတော့ သူက ထိတွေ့ဆက်ဆံမှုလုပ်မယ် ဆိုတာနဲ့ ပတ်သက် ပြီးတော့ လုပ်ဟန်က မစ္စတာ လီကွမ်ယူး (Mr. Lee Kuan Yew) တို့ ကတည်းက စခဲ့လို့ အာဆီယံက အများကြီး ကျင့်သုံးခဲ့ပြီးပြီ။ နိုင်ငံရေး အားဖြင့် ဘာမှ ထိရောက်မှု မရှိခဲ့ပါဘူး။ အဲတော့ ဒီပေါ်လစီကို သုံးကြည့်ရင်လည်း သုံးကြည့်ပေါ့။ သို့သော် ဒီဟာက ဗမာအစိုးရလို ခေါင်းမာတဲ့၊ သို့မဟုတ် လှည့်စားတတ်တဲ့၊ သို့မဟုတ်လည်း ဟန်ဆောင် တတ်တဲ့၊ သို့မဟုတ် ဗြောင်ငြင်း တတ်တဲ့ စစ်အစိုးရမျိုး နဲ့တော့ ဘာမှ အကျိုးထူးလိမ့်မယ် မဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။”

သတင်းစာဆရာကြီး ဦးဝင်းတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင် ရှေ့နေတွေ တွေ့ဆုံ ကြတဲ့ အထဲမှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ အယူခံ ၀င်ထားတဲ့ အမှုအတွက် အမိန့်ချမယ့် ကိစ္စတွေလည်း ပါဝင်ပါတယ်။ တိုင်းတရားရုံးက ဘယ်လို ဆုံးဖြတ်ချက် ချမယ်ဆိုတာ မသိသေးပေမဲ့ ဘယ်လို အမိန့်ထွက်လာရင် ဘာလုပ်မလဲ ဆိုတာ တွေကိုတော့ ကြိုတင် တိုင်ပင် လာခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီဥစ္စာနဲ့ ပတ်သက်ပြီး ဘယ်လိုအမိန့်ထွက်ရင် ဘာလုပ်မလဲ ဆိုတာကတော့ အမိန့်က မထွက်သေးတော့ အန်ကယ်တို့ အဲဒါကိုတော့ မပြောနိုင် သေးပါဘူး။ အယူခံနဲ့ ပတ်သက်ပြီး သဘောထား ပြောရရင် အမှုမှာ ပေါ်ပေါက်တဲ့ ငြင်းဆိုတဲ့ အချက်တွေကို တရားရုံးက ပြည့်ပြည့်စုံစုံ မသုံးသပ်ဘူးလို့ သူ အဲဒီလို မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက် တွေနဲ့ ပတ်သက်လို့ အယူအဆ အမျိုးမျိုး တွေးလို့ရတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ စာရေးပြီး တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“တချို့စည်းကမ်းချက်တွေက အယူအဆတွေ နှစ်မျိုး သုံးမျိုး ထွက်နိုင်တယ်။ အဓိပ္ပာယ် မရှင်းလင်းဘူး။ အဲဒီလိုဟာတွေနဲ့ ပတ်သက်ပြီးတော့ စာရေးသား ပြုစုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြဖို့ သဘောတူတယ်။ အဲဒီစာကိုလည်း အမြန်ဆုံး ရေးပါဆိုလို့ ကျနော် ဒီညရေးပြီး မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ approval ထပ်ယူပါ့မယ်။ အဲဒီ စည်းကမ်းချက် ထဲမှာ အချက်တချက် ပြောနိုင်တာကတော့ ဒေါက်တာ တင်မျိုးဝင်းနဲ့ ပတ်သက်ပြီး အခု ပြီးခဲ့တဲ့ Sunday ကတော့ တွေ့ခဲ့ ပြီးပြီပေါ့လေ၊ အဲတော့ ဒီလို ဆေးစစ်တာမျိုးကို အရင်တုန်းက ရှိခဲ့ဖူးတဲ့ မူအတိုင်းပဲ လစဉ် ပထမ ကြာသပတေးမှာ ဆေးစစ် ခံယူဖို့လည်း ထည့်သွင်း ဖော်ပြဖို့ ကျနော်တို့ သဘောတူထားပါတယ်။”

ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ဆွေးနွေးတာကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အားလုံးကို ပြောတာပါပဲ။ အခု အကျဉ်းသားတွေ လွှတ်တယ်။ ဦးနိုင်းနိုင်းလို လူမျိုးက အင်းစိန်ထောင်က ထွက်တာနဲ့ ရုံးကို တန်းရောက်တယ်။ ဒါမျိုးတွေ အန်ကယ်တို့ ပြောပြတယ်။ ပြောပြတော့ သူ ကျေနပ်တယ်တဲ့၊ ဒီလို စိတ်ဓာတ်မျိုးကို သူ အများကြီး ချီးကျူးပါတယ်တဲ့။ နောက်တခုက NLD အဖွဲ့ အနေနဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေ၊ NLD မှမဟုတ်ဘူး၊ အဖွဲ့ချုပ်ကို လာရောက် အကူအညီ တောင်းတဲ့ လူတွေကို တတ်နိုင်သမျှ ပံ့ပိုးနေတယ် ဆိုတာကိုလည်း သူ ၀မ်းသာပါတယ်တဲ့၊ အဲလိုပြောပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အကျိုးဆောင် ရှေ့နေ တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေ ၄ ဦးဟာ ဒီနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ၂ နာရီကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Thursday, September 24, 2009

မစ္စတာ ဝက်ဘ်က ဦးဥာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး

မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 11 နာရီ 39 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထောက်ခံ အားပေးသူဟု လူသိများသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် စနေနေ့က ဝါရှင်တန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စ ဆွေးနွေး ခဲ့သည်။

ဗားဂျီးနီးယား ပြည်နယ်မှ အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော ဦးဥာဏ်ဝင်းသည် ဝါရှင်တန်သို့ နယူးယောက်မှ ရောက်ရှိလာပြီး တွေ့ဆုံခဲ့သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

''မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဥာဏ်ဝင်းသည် ဝါရှင်တန်သို့ ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်တွင် ရောက်ရှိခဲ့ပြီး စနေနေ့က အထက်လွှတ်တော် အမတ်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်- မြန်မာ ဆက်ဆံရေးတွင် နောက်ထပ် တိုးမြှင့်၍ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြသည်'' ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ မဇ္ဈိမသို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြထားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသည် ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ဝါရှင်တန်တွင် ဝက်ဘ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်သည်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိ လာမည်ဖြစ်သည်။

ယင်းသည် ဒုတိယ-ဗိုလ်ချုပ်မှူးကြီး မောင်အေး ၁၉၉၅ ခုနှစ်က လာရောက်အပြီး မြန်မာ အဆင့်မြင့် အရာရှိတဦး ၁၄ နှစ် အတွင်း ပထမဆုံး ကုလ အထွေထွေ ညီလာခံ အစည်းအဝေး တက်ရောက်ခြင်း ဖြစ်မည်။

မစ္စတာ ဝက်ဘ်သည် ၎င်း၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သြဂုတ်လ အတွင်းက လာရောက် လည်ပတ်ခဲ့သည်။ သူသည် နောက်တပတ်တွင် ကျင်းပမည့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒအား အထက်လွှတ်တော်က ကြားနာမှု ပြုလုပ်သည့်အခါ သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

''မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒ၏ သက်ရောက်မှုနှင့် ထိရောက်မှု'' ဟု အမည် ပေးထားသော အဆိုပါ ကြားနာမှုကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပရန် ယာယီအားဖြင့် သတ်မှတ် ထားသော်လည်း အတည် မပြုရသေးကြောင်း'' ဝက်ဘ်၏ ရုံးက ပြောသည်။ သို့သော် ဝက်ဘ်ရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက် အရမူ အဆိုပါ ကြားနာမှုကို အောက်တိုဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဟု ဖော်ပြထားသည်။

ဤကြားနာမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး အခြေအနေ များကို ဆန်းစစ် သွားမည် ဖြစ်ပြီး တိုင်းပြည်၏ ရှည်လျားလှသော ပြည်တွင်းရေး မငြိမ်သက်မှုများနှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို မည်သို့မည်ပုံ ထိခိုက် စေခဲ့ကြောင်းများ ဆွေးနွေးသွားမည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

''ဆီနိတ်တာ မစ္စတာ ဝက်ဘ်က အမေရိကန်ရဲ့ မြန်မာ့ရေးရာ မူဝါဒ၏ ထိရောက်မှုကို သုံးသပ် စစ်ဆေးသွားမည့် အလုံးစုံ ကြားနာမှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်'' ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

ဗားဂျီးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဝက်ဘ်သည် အထက်လွှတ်တော် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အဆိုပါကြားနာပွဲတွင် လက်ရှိအမေရိကန်၏ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ အတွက် အမေရိကန်က မည်သို့ ဆောင်ရွက် သင့်သည်ကို ပြန်လည် သုံးသပ် ဆွေးနွေးမည်။

ဤနိုင်ငံခြားရေး ကော်မတီသည် ''အမေရိကန်-မြန်မာ ဆက်ဆံရေး သစ်ကို မည်သို့မည်ပုံ ပုံဖော်ဆောင်ရွက် သင့်သည် ဆိုသည် ကိုလည်း ကြားနာမှုများ ပြုလုပ်သွားမည်'' ဟု ဝက်ဘ်၏ ရုံးက ပြောကြားထားသည်။

ဝက်ဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့ရေး မူဝါဒကို ပွင့်လင်းစွာ ဝေဖန်ရှုတ်ချခဲ့ပြီး စစ်အစိုးရနှင့် ဆက်ဆံမှုများ တိုးမြှင့် ပြုလုပ်ရန်လည်း ထောက်ခံ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ဥရောပ သမဂ္ဂနှင့်အတူ မြန်မာစစ်အစိုးရ၏ ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပျက်ကွက်မှုတို့ အတွက် ပြင်းထန်သော စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

သို့သော် သမ္မတ အိုဘားမား အစိုးရ အာဏာ လွှဲပြောင်းရယူခဲ့ ပြီးနောက် အမေရိကန်၏ ယခင် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သည့် မူဝါဒသည် စစ်အစိုးရ၏ အမူအကျင့် ပြောင်းလဲရေးကို မဆောင်ရွက် နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မူဝါဒကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သုံးသပ်မှုသည် မကြာမီ ပြီးဆုံးမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပြောအရ သိရသည်။

မစ္စတာ ဝက်ဘ်၏ ဆက်ဆံမှုပြု ချဉ်းကပ်ရေး အယူအဆကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာ့ အတိုက်အခံ လှုပ်ရှားသူများက ကောင်းကောင်း လက်မခံပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီနှင့် ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ ဦးဝင်းတင်က မကြာသေးခင်က ဝါရှင်တန်ပို့စ် သတင်းစာတွင် ဆောင်းပါးတပုဒ် ရေးသားရာ၌ ''မစ္စတာဝက်ဘ်၏ ကြိုးပမ်း လုပ်ဆောင်မှုများသည် ကျနော်တို့၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထိခိုက်နစ်နာစေပြီး ရွေးကောက်ပွဲဟူသည့် မှားယွင်းသော အယူအဆ ပြဿနာ ပေါ်တွင်သာ အဓိက အာရုံပြု လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ ရေရှည်နိုင်ငံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တရပ်အဖြစ် နောက်နှစ်တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကျနော်တို့ကို စဉ်းစားစေလိုသည်'' ဟု ရေးသားထားသည်။

ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်းနှင့် ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကြာ အကျဉ်းကျ ခံခဲ့ရသော ဦးဝင်းတင်က ''စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသော ဟန်ပြ ရွေးကောက်ပွဲသည် ကျနော်တို့ ပြည်သူများ၏ လွတ်မြောက်ရေး တိုက်ပွဲ အပေါ် သရော်မော်ကား ပြုလုပ်နေခြင်းသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရ တည်တံ့အောင် ပြုလုပ်နေသည်'' ဟု ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံး ခံရဲတယ်”

Wednesday, 23 September 2009 16:55

ဒေါက်တာဇာနည်သည် ယခင်က မြန်မာစစ်အစိုးရအား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် တက်ကြွစွာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာပြည် အရေးနှင့် ပတ်သက်၍ ဒေါက်တာ ဇာနည်ကို ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးခင်က NLD ပါတီက ဦးဝင်းတင် ဝါရှင်တန်ပို့စ်မှာ ဆောင်းပါး တပုဒ် ရေးခဲ့တယ်။ အဲဒီထဲမှာ အခြေခံ ဥပဒေကို ပြင်ခိုင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ခိုင်းတယ်၊ NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့် တောင်းဆိုထားတာ တွေ့ရတယ်။ အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင် အမျိုးမျိုး ရှိတာကို တွေ့ရတယ်။ ကိုဇာနည်က ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်က ဦးဝင်းတင် ပြောတာကို ထောက်ခံတယ်။ ဒါက ဦးဝင်းတင်ပြောလို့ ထောက်ခံတာ မဟုတ်ဘူး၊ သူပြောတာက အချက်အချာ ကျတယ်။ မြန်မာပြည်က ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ လျှောက်တော့မယ် ဆိုရင် ဒီ အခြေခံ ဥပဒေက ခေတ်နောက်ပြန် ဆွဲနေတာ တွေ့ရတယ်။ မဆလခေတ် ၁၉၇၃၊ ၇၄ လောက်မှ ဆွဲခဲ့တဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တပါတီ တည်းတော့ ဟုတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ တပ်မတော် နောက်ခံရှိမှ နိုင်ငံ့ အကြီးအကဲ ဖြစ်ရမယ် ဆိုတာမျိုး မပါဘူး။ အခုဟာက လက်ရှိ ၂၀၀၈ မှာ လက်ခံလိုက်တဲ့ အခြေခံ ဥပဒေကျတော့ တိုင်းသူ ပြည်သားတွေကို ပြည်တွင်း ကိုလိုနီ စနစ်ကို ရောက်အောင် တွန်းပို့နေတယ်။ ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာတလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန် ပြည်သူတွေ ကျတော့ ဒုတိယတန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့ မရဘူး။ တခုတော့ ရှိတာပေါ့၊ ဒီဟာကို လက်ခံပါလို့ ပြောနေတဲ့ သူတွေက အခွင့်အရေး တခုအနေနဲ့ သုံးမယ့် သူတွေလို့ ပြောလို့ရတယ်။

မေး။ ။ ဒါဆို ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲကို ရွေးစရာ မရှိတော့ဘူး ဆိုပြီး အခွင့်အရေး တခုအနေနဲ့ ကိုဇာနည်က မမြင်ဘူး ဆိုပါတော့။

ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် လောက်ကတော့ မြင်ခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပေါ်လာမယ်၊ နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်လာမယ် ဆိုရင် တပ်မတော် သားတွေနဲ့ ဒီဘက်က ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ပြည်သူတွေနဲ့ လက်တွဲ လုပ်နိုင်မယ့် အနေအထားများ ရောက်မလားလို့ စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သံဃာတော်တွေကို မတရား သေနတ်နဲ့ ပစ်တာ၊ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ အတူတွဲ လုပ်ရမယ့် ကိုမင်းကိုနိုင် တို့လို လူတွေကို ထောင်ထဲ ဆွဲထည့်လိုက်တာ … နောက်တခုက တိုင်းရင်းသားတွေကို သေသေချာချာ နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့ လက်နက်အားကိုးနဲ့ လုပ်တာတွေ၊ နောက်ဆုံး ကတော့ နာဂစ်တုန်းက လူပေါင်း ၁ သိန်းကျော် သေတာကိုတောင် လူတွေရဲ့ ဒုက္ခကို မစာနာဘဲ သူတို့ လုပ်ချင်တဲ့ အခြေခံ ဥပဒေ အတည်ပြုဖို့ကို အတင်းလုပ်တာ … အဲဒီအချက်တွေကို ကြည့်လိုက်တော့ ဒီအစိုးရဟာ သကြားမင်း ဆွဲပေးတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် အောက်ကလာတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် ဒီလိုလူတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ လုံးဝ လက်ခံလိုက်တယ်။

အရေးကြီးတာက အခြေခံဥပဒေကို အမြင် ၂ မျိုးနဲ့ မြင်လို့ရတယ်။ အခွင့် အရေး အနေနဲ့ မြင်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲကို သုံးပြီးတော့ သူတို့ ဖိနှိပ်တဲ့ လူတန်းစား ကွဲသွားမယ် ဆိုတဲ့ အမြင်ပေါ့၊ အဲဒီ အမြင်အတိုင်း သွားမယ် ဆိုရင်တော့ လက်ခံလို့ ရတယ်။ ဒါပေမယ့် ဒီအခြေခံ ဥပဒေကြီး သက်ဆိုး ရှည်မယ် ဆိုရင်တော့ ကျနော်တို့ ပြည်သူ လူထုကို သတ်သေခိုင်းတာနဲ့ တူတူပဲ။ နိုင်ငံရေးအရ သေခိုင်းတာ ပေါ့လေ။

စဉ်းစားကြည့် ကိုလိုနီစနစ်ကို ဘယ်သူကမှ မဲဆန္ဒနဲ့ မထောက်ခံ နိုင်ဘူးလေ၊ အင်္ဂလိပ် ကိုလိုနီပဲ ဖြစ်ဖြစ် စစ်တပ်ရဲ့ ကိုလိုနီပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မဲဆန္ဒပေးပြီး ထောက်ခံခိုင်းဖို့ မသင့်ဘူးလို့ ကျနော်မြင်တယ်။

မေး။ ။ ဒါဆို တချို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ရွေးစရာလမ်း မရှိတော့တဲ့ အတွက် နအဖကို နှူးနှပ်ပြီး ပူးသတ်မှ ရတော့မယ်၊ စစ်ဗိုလ်ချုပ်တွေ ကိုတော့ တဖြည်းဖြည်းချင်း ပူးပေါင်းပြီး ပြောင်းလဲပစ်မှ ရတော့မယ်ဆိုတဲ့ အမြင်တွေ အများကြီး တွေ့ရတယ်။ မြန်မာ့ အရေးမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေ၊ မြန်မာနိုင်ငံကို ပိုက်ဆံပေးနေတဲ့ ဒိုနာ နိုင်ငံတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး သမားတွေက အစပေါ့၊ ဒီလူတွေကို နအဖက ဆေးဖော် ကျောဖက်ကော လုပ်ရဲ့လားဗျ။

ဖြေ။ ။ ကျနော်တို့ သမိုင်းကိုတော့ ပြန်ကြည့်ရမယ်။ မဆလ ခေတ်တုန်းက ပြင်ပက ပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒိုနာ နိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး ပညာရှင်တွေပဲ ဖြစ်ဖြစ် ဒေါက်တာမောင်မောင်တို့၊ ဒေါက်တာ ညီညီတို့၊ ဒေါက်တာ ချစ်ဆွေတို့ပေါ့။ မဆလ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ဆိုတာလည်း ရှင်းရှင်း ပြောရရင် မှားတဲ့ စနစ်ကြီးကို ထူထောင်ပြီး ဘဝပျက်သွားတယ်၊ ဒီလူတွေလည်း သမိုင်းမှာ နာမည်ပျက် သွားတယ်။ အဲဒါမျိုးကို ကျနော်တို့ ဆက်လုပ် မှာလား၊ ပူးသတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျနော် ကိုယ်တိုင်လည်း စာအုပ်ဖတ်ပြီး ပြောနေတာ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ဒါမျိုး လုပ်လာတာ။ ကျနော့်ကိုလည်း သိတဲ့အတိုင်း ဝိုင်းပြီး ဆဲနေကြတာပဲ။ ကျနော်တို့လည်း ထိပ်ပိုင်းက ဗိုလ်ချုပ်ခင်ညွန့်က အစ၊ ဗိုလ်ချုပ် မောင်အေးတို့ အဲဒီလို ဗိုလ်ချုပ်တွေကို တိုင်းပြည်ကို ချစ်တဲ့ ပညာရှင် တယောက်အနေနဲ့ ကူညီဖို့၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့၊ နောက် အင်တာနက် ကိစ္စမှာ လျှော့ပေးဖို့၊ ဒီမိုကရေစီ လမ်းသွားမယ်ဆိုရင် မီဒီယာတွေ ဝေဖန်တာကို နားထောင်ဖို့ ဒါတွေကို ဝိုင်းတွန်းကြ၊ အကြံဉာဏ် ပေးကြတယ်။ ကျနော်တို့က တိုင်းရင်းသားတွေကို ချေမှုန်းပါလား၊ NLD ကို ဘယ်လို နှိပ်ကွပ် လိုက်ပါလား ဆိုတာ ပြောတာမဟုတ်ဘူး။ တနည်းတဖုံနဲ့ ကျနော်တို့က ပိုကောင်းလာတဲ့ အမြင်တွေ ပေါ်လာအောင် တွန်းကြည့်တယ်၊ ဒါပေမယ့် တွန်းလို့မရဘူး။ ကျနော်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ မတွေ့တာတောင် သူတို့ထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောဖူးတာ ရှိတယ်။

၂၀၀၄ မှာလည်း ပြောဖူးတယ်၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်အပြီးမှာလည်း ပြောခဲ့တယ်။ ကျနော်တို့က ပူးသတ်ချင်တာ မဟုတ်ဘူး၊ သူတို့နဲ့ ပေါင်းလုပ် ချင်တာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ ဆက်ဆံရေး အခက်အခဲ ရှိနေတာကို ကြားထဲကနေ ပေါင်းကူးတံတား ဖြစ်အောင် ပထမ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ လုပ်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် အတွက် အရေးကြီး ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ တိုင်းပြည်အပေါ်မှာ စိတ်ထား မှန်ပါတယ် ဆိုတာ ဝိုင်းပြောတာ။ ဒါကို ကျနော်တို့ မီဒီယာမှာတော့ မပြောဘူး။ တယောက်ချင်းတွေ့ရင် ပြောတာပဲ၊ စည်းဝေးမှာဆို ပြောတာပဲ။ ဒီတော့ တိုင်းပြည်အတွက် စေတနာ သန့်သန့်နဲ့ လုပ်မယ်ဆိုရင် သူတို့ ဘက်ကလည်း စေတနာသန့်မှ လုပ်လို့ရမယ်။ ပူးသတ်တယ် ဆိုတာကတော့ သူတို့က ညစ် ကိုယ်က ညစ် ဆိုရင် သူတို့မှာ ပါဝါ၊ အာဏာ၊ သေနတ်ရှိတယ်။ အဲဒီလို လူတွေကို ကျနော်တို့ ပူးသတ်လို့ မရဘူး။ တကယ်တမ်း ပြောရရင် ပူးမသတ် သင့်ဘူး။ ကျနော်တို့ ပူးပေါင်းပြီး လုပ်သင့်တယ်။ ဒါကို ခုချိန်ထိ ပြောမှာပဲ။ လက်ရှိစနစ်ကို မကျေနပ်ဘူး၊ ဒါပေမယ့် တပ်မတော်သားတွေကို မစော်ကားဘူး။ သူတို့က ဒီစနစ်ရဲ့ သားကောင်တွေပဲ။ ဒီစနစ်ကို သူတို့ ကိုယ်တိုင် ပြင်ရမှာ။ ဒီတော့ ပေါင်းလုပ်ရမှာ၊ ဒါပေမယ့် ပေါင်းလို့ကလည်း မဖြစ်ပြန်ဘူး။

မေး။ ။ ပေါင်းလို့ကလည်းမလွယ်ဘူး၊ ပူးသတ်လို့လည်း မရဘူး။ ဒီစနစ်ရဲ့ သားကောင်တွေက စေတနာလည်း မသန့်ဘူး။ ဒါဆို မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးစရာလမ်းက ဘာလဲ။ ဒဏ်ခတ် ပိတ်ဆို့မှုလား ဘာဖြစ်မလဲ။

ဖြေ။ ။ ဒီလူတွေ စေတနာ မမှန်ဘူးဆိုတာကိုတော့ ကျနော် လက်မခံဘူး။ သူတို့ထဲမှာ စေတနာ ရှိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကလည်း သူတို့ ဘဝ ပျောက်သွားမယ် ဆိုတာမျိုးပေါ့၊ ဥပမာ - ဗိုလ်ကြီး အုန်းကျော်မြင့်တို့က စပြီးတော့ အစဉ်အလာ ရှိခဲ့တော့ ဒီစနစ်ကို ပြောင်းဖို့ ကြံတဲ့သူတွေကို ဒီစနစ်ကနေ အမြတ်ထွက် နေတဲ့ သူတွေက အပြတ် ရှင်းလိုက်တယ်။ ဗိုလ်ချုပ် ခင်ညွန့်လည်း ဒီတိုင်းဖြစ်တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်က ဒီမိုကရက် မဟုတ်ဘူး။ လူတိုင်းသိတယ်၊ ဒါပေမယ့် သူလည်း ပြောင်းဖို့ ကြိုးစားခဲ့တဲ့ လူတယောက်။

လက်ရှိအနေအထားအရ ဆိုရင် ကျနော့်အနေနဲ့ အကောင်းမြင်ဖို့ တော်တော်လေး ခက်တယ်။ ဒါကလည်း အတိုက်အခံက လုပ်တာကို သဘောမကျလို့၊ နအဖလုပ်တာက ဆိုးလို့ ဒါကို စိတ်ခံစားမှုနဲ့ ပြောတာ မဟုတ်ဘူး။ အချက်အလက်နဲ့ ချပြထားတယ်။ သေချာကြည့် ဘယ်နေရာမှ ကောင်းတဲ့ အချက်က မရှိသလောက် ဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဘော့စနီးယားလို ဖြစ်မသွားတာ တခုက လွဲရင် အဲဒီဘက်ကို ဦးတည်နေတာ တွေ့ရတယ်။ ကျနော် မြင်တာပေါ့လေ။ ဒီလောလော ဆယ်မှာတော့ အတိုက်အခံ အနေနဲ့ကလည်း ဘေးကြပ် နံကြပ်ပဲ၊ တကယ်တန်း ပြောရရင် တပ်မတော် ခေါင်းဆောင် တွေကလည်း ဘေးကြပ် နံကြပ်ပဲ။

ဖြေရှင်းဖို့က အဖြေရှိတယ်။ မြန်မာပြည်မှာ အားလုံး ပေါင်းလုပ်ချင်တယ် ဆိုရင် တကယ် အရေးကြီးတာက တပ်မတော် ခေါင်းဆောင်တွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ ပြည်ပက အတိုက်အခံ တွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ ဒီအင်အားစု လေးစုက အရေးကြီးတယ်။ ဒီအင်အားစုတွေ ပေါင်းလုပ်ရင် ကျနော်ထင်တယ် ၆ လအတွင်းမှာ ရှေ့ဆက် သွားဖို့ အဖြေရှာလို့ ရတယ်။ ဒါပေမယ့် အဖြေရှာချင်တဲ့ ဆန္ဒတော့ ရှိရမယ်။ ဒါပေမယ့် ပြဿနာက ကျန်တဲ့သူ မဟုတ်ဘူး။ ထိပ်ပိုင်းမှာ ရှိတဲ့ ဗိုလ်ချုပ် တယောက် ၂ ယောက်ပဲ။ နံပါတ် ၁ ပြဿနာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲ ဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကို ဖယ်လိုက်ဖို့ပဲ ဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာ တက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်း ခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည် ကောင်းလာမှာ ပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည် ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည် ကောင်းလာမှာပါ ဆိုတဲ့ သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့ လိုလိမ့်မယ်။

မေး။ ။ ကိုဇာနည် ဧရာဝတီမှာ ရေးတဲ့ “အနီးကပ်ဆက်ဆံမှု ဝါဒ” ဆိုတဲ့ ဆောင်းပါး တပုဒ် ရှိတယ်။ လူကြိုက်တော်တော် များတာလည်း တွေ့ရတယ်။ အဲဒီဆောင်းပါးက မစ္စတာဂျင်မ်ဝက်ဘ် မြန်မာပြည် သွားအပြီးမှာ ရေးတာဖြစ်တယ်။ သူမြန်မာပြည် သွားအပြီးမှာ ဦးသန့်မြင့်ဦး အပါအဝင် မြန်မာ တချို့ဟာ New York Times လို Washington Post လို သတင်းစာကြီး တွေမှာ အမေရိကန် အစိုးရအနေနဲ့ နအဖ အစိုးရနဲ့ ပေါင်းသင့်တယ် ဆိုတာမျိုး ရေးကြတယ်။ ခင်ဗျားကျတော့ ဆောင်းပါးထဲမှာ “အနီးကပ်ဆက်ဆံရေး ဝါဒသမား တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟောဆရာ တပိုင်း နိဗ္မာန်ဆော် တပိုင်းကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ၊ ပြောကြ၊ ဟောကြတယ်” ဆိုတာမျိုး ရေးထားတယ်။ ဒါဆို ခင်ဗျားကတော့ အမေရိကန် အစိုးရက မြန်မာ နအဖ အစိုးရနဲ့ ပေါင်းလို့ အလုပ်ဖြစ် သွားမယ်လို့ မထင်ဘူး ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။

ဖြေ။ ။ ကျနော်ပြောတာက အချိန်ရှိမယ်၊ သူ့ကာလ ရှိမယ်ဆိုတော့ စိတ် သိပ်လှုပ်ရှားပြီး လိုအပ်တာထက် ပိုတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုလိုတာ။ စေတနာ သန့်သန့်နဲ့ ကောင်းစေချင်လို့ တိုင်းပြည်နဲ့ ပေါင်းလုပ် တာမျိုးကို ကျနော်တို့ လက်ခံလို့ရတယ်။ မြန်မာပြည်မှာ သွားလုပ်တာပဲ ဖြစ်ဖြစ်။ သွားလိုက်ပြန်လိုက် လုပ်တာ ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဟိုဘက်က သုံးမယ့် အနေအထားမှာ ကိုယ်က အသုံးခံမယ် ဆိုတာမျိုး ကျတော့ နှစ်မျိုး ပေါ့ဗျာ။

အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်၊ သူများတွေ အသုံးခံတာ ကိုလည်း ကျနော် ရှုတ်ချစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် ကိုယ်လည်း အသုံးခံ လိုက်ရတယ်၊ တိုင်းပြည်လည်း အကျိုး မရှိဘူး၊ စားသွားတာတော့ ဗိုလ်ချုပ်တွေပဲ ဆိုရင် အဲဒီလမ်းကြောင်း ကိုတော့ ကျနော်လည်း လက်မခံဘူး။ အဲဒီအနေအထား မျိုးမှာ ကျနော် ရောက်ခဲ့ရင်လည်း ကျနော် (U – Turn) ပြန်လုပ်မယ်။ ကျနော် လုပ်လည်း လုပ်ခဲ့တာပဲ။

ဥပမာ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်မလား၊ ချနိုင်ရင် ကျနော်တို့ လက်ခံတယ်။ မချနိုင်ဘဲနဲ့တော့ အလကား ပြောမနေနဲ့။

မေး။ ။ မြန်မာ နအဖ အစိုးရက အထီးကျန်တယ်ဆိုပြီး နိုင်ငံတကာ သတင်းစာတွေ က ပြောကြတယ်။ ပညာရှင်တွေက အစပေါ့ သူ့ကို အထီးကျန်တဲ့ အတိုင်း ထားလို့မရဘူး၊ ဆွဲခေါ်ရမယ် ဆိုတာမျိုး ပြောကြတယ်။ သူ့ကို အဝန်းအဝိုင်းထဲ ဆွဲသွင်း လိုက်ရင် ပျော့ပြောင်းလာမယ် ဆိုတာမျိုးလည်း ပြောကြတယ်။ တကယ်ပဲ နအဖ အစိုးရက အထီးကျန် နေပါသလား။

ဖြေ။ ။ အီရန်တို့ မြောက်ကိုရီးယားတို့နဲ့ မြန်မာပြည်ကို ယှဉ်ကြည့် လိုက်ပါ။ ဒီအစိုးရတွေက အထီးကျန် နေတာ မဟုတ်ဘူး။ တကမ္ဘာလုံးက သွားနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ထဲမှာ ရောက်နေတယ်။ ဆိုးရွားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာပေါ့။ ခေတ်မီ လက်နက်တွေ လုပ်နိုင်တယ်၊ ဒေါ်လာတွေ ဘီလျံနဲ့ချီ ရနေတယ် ဆိုတာ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းထဲ ရောက်နေလို့ပဲ။

မြန်မာအစိုးရကို အာရှတိုက် တတိုက်လုံးက အစိုးရတွေက ဆက်ဆံ နေတယ်၊ အင်္ဂလန်သံရုံး၊ အမေရိကန် သံရုံးတွေ မြန်မာပြည်မှာ ရှိတယ်။ အနောက်အုပ်စု အကုန်လုံးက သံတမန်ရေးရာ အရ မြန်မာပြည်နဲ့ ဆက်ဆံတယ်။ နောက် ရေနံ ကုမ္ပဏီတွေ၊ တကမ္ဘာလုံးက ကုမ္ပဏီတွေပေါ့ .. ၁၅ နိုင်ငံ ရှိတယ်။ တရုတ် အိန္ဒိယနဲ့ စင်ကာပူတင် ပြောနေတာ မဟုတ်ဘူး။ အဲဒီလို အစိုးရကို အထီးကျန်တယ်လို့ ပြောနေတာကတော့ ကျနော်တို့ကို ယုံတမ်းစကား ပြောနေသလိုပဲ။

မေး။ ။ ဒီတော့ နအဖက အထီးမကျန်ဘူး ဆိုပါတော့။ ကိုဇာနည် ပြောသလိုဆို ဒီလို အထီးမကျန်တဲ့ အစိုးရကို သက်ဆိုး ရှည်အောင် လုပ်နေတဲ့ထဲမှာ အရပ်သား ပညာတတ်တွေလည်း ပါတယ်။ စစ်အစိုးရကို ဝိုင်းကူနေတဲ့ နိုင်ငံတွေလည်း ပါတယ်။ ခုနောက်ပိုင်းမှာ အလှူရှင် နိုင်ငံတွေတောင် ပါတယ်လို့ စွပ်စွဲမှုတွေ ရှိနေတယ်။ ဒါကို ကိုဇာနည် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အာဏာရှင်စနစ်မှာ အမြဲတမ်းဒီလိုပါပဲ။ ဘောင်းဘီ ဝတ်တွေကော ပညာရှင်တွေကော ပါတယ်။ ဒါခုမှ မဟုတ်ဘူး။ ရုရှားမှာပဲ ကြည့်ကြည့် ကျနော်တို့ နိုင်ငံ .. ဦးနေဝင်း ခေတ်တုန်းကလည်း ဒီလိုပဲ။ လက်ရှိဖြစ်လာမယ့် စနစ်တခုကို ဖြစ်လာဖို့ နအဖကို ကူညီနေတာ အရပ်သားတွေ ရှိမယ်၊ ပညာရှင်တွေ၊ စီးပွားရေး သမားတွေ ရှိမယ်၊ တခြား နိုင်ငံတွေလည်း ရှိမယ်၊ ကုလသမဂ္ဂ အရာရှိတွေ ရှိမယ်။ ဒါပေမယ့် ဒီလူတွေက စနစ်ဆိုးကြီး ပေါ်လာပါ စေတော့ဆိုပြီး ကူတာတော့ မဟုတ်ဘူးဗျ။ ရေရှည်မှာ ကောင်းသွားမယ် ဆိုပြီး ကူကြတာပဲ။ ဒါပေမယ့် ဒါ အတိတ်မေ့တဲ့ အမြင်မျိုးလို့ ကျနော်တော့ ထင်တယ်။

မဆလခေတ်မှာ ၂၅ နှစ်လုံးလုံး အရပ်သားတွေ ဝိုင်းကူပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတာပဲ။ ဒါပေမယ့် အဖြေက ရှင်းနေတာပဲ လုံးဝ မအောင်မြင်ဘူး။ နောက်ပိုင်း နအဖ တက်လာပြီး နောက်ထပ် အနှစ် ၂၀ လုံးလုံး၊ စုစုပေါင်း ၄၅ နှစ်၊ အနှစ် ၅၀ လောက် စစ်အစိုးရကို အရပ်သားတွေက ကူပေး နေတုန်းပဲ။ စွမ်းအားရှင် ဆိုတာလည်း အရပ်သားပဲ။ ကြံ့ဖွံ့လည်း အရပ်သားပဲ။ ဦးတေဇတို့လို ကုန်သည် ကြီးတွေ ကလည်း အရပ်သားတွေပဲ။ ပညာရှင်တွေလည်း အရပ်သားတွေ အများကြီး ရှိတယ်။ ဝင်ကူ ကြတာပဲ။ အနှစ် ၅၀ လောက် မအောင်မြင်ခဲ့ တာဟာ နောက်ထပ် အနှစ် ၅၀ လုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး။

မေး။ ။ ကိုဇာနည်က အရင်က ပက် (ပ်) စီ အချိုရည်ကို မြန်မာပြည်က ထွက်သွားအောင် လုပ်နိုင်ခဲ့တယ်၊ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ နောက်တော့ မြန်မာပြည် ပြန်ဝင်သွားတယ်။ အဲဒီမှာ စစ်အစိုးရလူ၊ လက်နက်ချသူ ဆိုပြီး အတိုက်အခံ တွေကော၊ တခြား အပြင်က၊ အထဲက ဝိုင်းတိုက်ခိုက်ကြတယ်။ ဒီကနေ့ ခင်ဗျားက စစ်အစိုးရ ဆန့်ကျင်တဲ့ ကိစ္စကို ဆန့်ကျင် နေသေးလား။ ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်လုပ် ဦးမှာလား။ ဒီနေ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ ပထမ ပြန်သွားတဲ့ကိစ္စကို ပြောချင်တယ်။ ပြန်တာက ဒူးထောက်တာ မဟုတ်ဘူး။ ဒါ လုံးဝ ပြောနိုင်တယ်။ နောက်တခုက ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူးဆိုတာ အားလုံး လက်ခံတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မအောင်မြင်ဘူး ဆိုပြီး စွန့်ခဲ့တဲ့ ဗျူဟာတခုကို ဆက်မလုပ်တော့ဘူး။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော် လုပ်နေတာက ကျနော့် ရည်ရွယ်ချက်က မြန်မာ့ အဝန်းအဝိုင်းထဲမှာ အတွေးအခေါ် လွတ်လပ်တဲ့ ယဉ်ကျေးမှု အစဉ်အလာ တခု ပြန်ပေါ်ပေါက်လာအောင် လုပ်လာနိုင်ဖို့ပဲ။ ကျနော့် ရည်ရွယ်ချက်က နိုင်ငံရေး မဟုတ်ဘူး။ တိုးတက်တဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုတခု တည်ဆောက်နိုင်ဖို့ပဲ။ ကျနော်တို့ဆီမှာ အရင်က ရှိခဲ့ဖူးတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်တို့၊ မြဝတီမင်းကြီး ဦးစ၊ လက်ဝဲ သုန္ဒရတို့၊ အနန္ဒသူရိယ အမတ်ကြီးတို့ ..၊ သူတို့က တကယ့်ကို လွတ်လပ်တဲ့ အတွေးအခေါ် ရှိခဲ့တာပဲ။ အရင်က ရှိခဲ့ဖူးတဲ့ အစဉ်အလာကို ပြန်ပေါ်လာအောင် တွန်းချင်တယ်။

မေး။ ။ ခင်ဗျားကို လူတော်တော်များများက ဝိုင်းကျဉ်ခဲ့ကြတယ်၊ ဒီဘက်က အတိုက်အခံတွေ ကလည်း ကျဉ်ခဲ့ကြတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ တခုခုဖြစ်တဲ့ အချိန်မှာ ခင်ဗျားရဲ့ ထင်မြင်ချက် တွေကို ပြန်တောင်းရတာတွေ ရှိတယ်။ ဧရာဝတီက အစပေါ့။ အဲဒီတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း ခင်ဗျားကိုယ် ခင်ဗျား ဘယ်လို သုံးသပ်မိလဲ။ အထီးကျန် ခဲ့ရတာမျိုးတွေ ရှိလား။

ဖြေ။ ။ ကျနော်ထင်တာတော့ အတွေးအခေါ် လွတ်လပ်မှုက နစ်နာမှုတွေ အမြဲတမ်းရှိတယ်။ ကိုယ်ပြော နေတာကို လူတိုင်းက အမြဲတမ်း ကြိုက်မှာ မဟုတ်ဘူး။ လူကတော့ ကြိုက်တဲ့အခါ လက်ခုပ် တီးမှာပဲ၊ မကြိုက်တဲ့အခါ တံတွေးနဲ့ ထွေးမယ်၊ ပြောင်းဖူးရိုးနဲ့ ပစ်မယ်။ နိုင်ငံရေးအရ လုပ်နေတယ် ဆိုရင်တော့ အမြဲတမ်း လူများကြိုက်တဲ့ နေရာမှာ နေရမှာပေါ့။ သေနတ်ရှိတဲ့သူက အာဏာယူ၊ သေနတ်မရှိတဲ့ သူက လူများကြိုက်အောင် နေပေါ့။ ကျနော်က နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ အာဏာယူမှာလည်း မဟုတ်ဘူး။ ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။ ကျနော့် တယောက်တည်း အတ္တနဲ့ လုပ်နေတာလဲ မဟုတ်ဘူး။ ယဉ်ကျေးမှု အစဉ်အလာအရ ဒီမိုကရေစီ လမ်းကြောင်းမှာ အတွေးအခေါ် လွတ်လပ်မှုမပါဘဲ သွားလို့မရဘူး။

ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ မှန်တယ်လုပ်လို့ မရသလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သမျှ မှန်တယ် ဆိုပြီး အမိန့်မှန်သမျှ နာခံနေရင်လည်း ငါးပါး မှောက်မှာပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် လည်း ဝေဖန်မှာပဲ။ ဝေဖန်တယ်ဆိုတာ ပုဂ္ဂိုလ်ကို စော်ကားတာ မဟုတ်ဘူး။ အဲဒီ သဘောထားလေး ပေါ်လာခဲ့ရင် ကျနော်တို့ ယဉ်ကျေးမှု တိုးတက်တယ်လို့ ပြောလို့ရမယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံကြ ဆိုတဲ့ စကားကို ခင်ဗျား မကြာခဏ ပြောဖူးတယ်နော်။ ခင်ဗျား အဲဒီအယူအဆကို အခုကော လက်ခံလား။

ဖြေ။ ။ ဟုတ်တယ်။ လက်ခံတယ်။ လူတွေ နားမလည်တာက ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တယ် ဆိုတာက စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အယူအဆ မှားသွားတယ် ဆိုတာမျိုး ပြောတာ။ သူ့အယူအဆကို လက်မခံကြနဲ့လို့ ပြောတာ မဟုတ်ဘူး။ ဒါကို ခွဲခြားသိဖို့ လိုတယ်။ နောက်တခုက ဗိုလ်ချုပ် ကြီးတွေနဲ့ စကားပြောတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လာရင် သဘောထား မှန်တယ်၊ သူ့ကို လက်တွဲခေါ်ပါ ဆိုတာကို အမြဲ ပြောခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စော်ကားတာ မဟုတ်ဘူး။ ဝေဖန်တာက သူ့ရဲ့ အယူအဆကို လေးလေးနက်နက် ထားပြီးတော့ သဘော မတူတာကို ပြောတာ။ တကယ်တမ်း ပြောရရင် နိုင်ငံရေး လုပ်တဲ့ သူတွေက ဝေဖန်တဲ့ သူတွေကို တန်ဖိုး ထားသင့်တယ်။ အထူးသဖြင့် စေတနာနဲ့ ဝေဖန်ရင် ပိုတန်ဖိုးထားသင့်တယ်။

မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါသလဲ။ တချို့က ခေါင်ကို ဖြိုရမယ်လို့ မြင်ကြတယ်၊ အတိုက်အခံတွေ ဆိုရင်လည်း အကြမ်း မဖက်တဲ့ နည်းနဲ့ စစ်အစိုးရကို စိမ်ခေါ်ဖို့ ကြိုးစားကြတယ် အဲဒီနှစ်ခုကို ဘယ်လို မြင်လဲ။

ဖြေ။ ။ နိုင်ငံထူထောင်ဖို့ လုပ်တာက အကြမ်းဖက်ရမယ်၊ အကြမ်းမဖက်ရဘူး ဆိုတာ ကတော့ ကိုယ် ရောက်နေတဲ့ နေရာနဲ့ပဲ ဆိုင်တယ်။ ကျနော့် အနေနဲ့တော့ အကြမ်းဖက်ပါ၊ အကြမ်မဖက်နဲ့ ဆိုတာ ပြောခွင့် မရှိဘူး။ တကမ္ဘာလုံးမှာဗျာ နိုင်ငံတခု ထူထောင်ဖို့ လုပ်တာ နည်းမျိုးစုံနဲ့ လုပ်ကြတာပဲ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာကို ကျနော် ပြောစရာမရှိဘူး။ ကျနော် ကိုယ်တိုင်ကတော့ လုပ်ချင်မှ လုပ်မှာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိစ္စကတော့ တပ်မတော်သားတွေ နဲ့ပဲ ဆိုင်တယ်။ သူတို့ ဘယ်သူ့ လက်အောက်မှာ နေချင်တာလဲ။ ဘယ်လို ခေါင်းဆောင်မျိုးကို သူတို့ လိုချင်တာလဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အရမ်းဆိုးရွားတဲ့ ခေါင်းဆောင် ကို လက်ခံမှာလား၊ တိုင်းပြည်ပေါ်မှာ စေတနာရှိတဲ့သူကို လက်ခံမလားဆိုတာ သူတို့ အပေါ်မှာ မူတည်တယ်။ ကျနော့် အမြင်အနေနဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းပြည်အတွက် ဘယ်လိုမှ တန်ဖိုး မရှိဘူးလို့ မြင်တယ်။

Ref: ဧရာဝတီ

Read More...

ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာ များသို့

September 24, 2009
ရေးသူ- လူထုစိန်ဝင်း

“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန် နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့ နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတေကွ ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။

ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရ မှာလဲ လို့တော့ တိတိ ကျကျ မပြောပါဘူး။ နိုင်ငံခြား ပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။

“မြန်မာတွေပျင်းတယ်”
“မြန်မာတွေညံ့တယ်၊ ဖျင်းတယ်”
“မြန်မာတွေ စည်းကမ်းမဲ့တယ်”
“မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး” စတဲ့ စတဲ့ အပေါ်စီးက ကြည့်တဲ့ လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

အဆုံးသို့

Read More...

ရခိုင်ကျောင်းသား လူငယ် ၂၀ နီးပါး စစ်ကြောရေး စခန်းသို့ ရောက်ရှိ

9/23/2009

အထူးစုံစမ်းရေး ရဲအဖွဲ့ အက်စ်ပီတူးထံ ဖမ်းဆီးခံရသူ ရခိုင် ကျောင်းသားနှင့် လူငယ် အရေ အတွက်မှာ ၂၀ နီးပါးခန့် ရှိသွားပြီ ဖြစ်ပြီး သူတို့ကို ယခုအခါ စစ်ကြောရေး စခန်းများတွင် စစ်ဆေး မေးမြန်းနေသည်ဟု သိရသည်။

ယမန်နေ့ (တနင်္လာနေ့)က ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာမှ ဦးမောင်သာဖြူနှင့် ဇနီး ဒေါ်နှင်းဦးစိန် တို့၏သား မောင်နိုင်စိုး ၂၁ နှစ်ကို ရန်ကုန် အက်စ်ပီတူးမှ ဒေသခံ ရဲအဖွဲ့ဝင်များ၏ အကူအညီဖြင့် ဖမ်းဆီးသွားခဲ့သည်။

သူ၏ဆွေမျိုးတော်သူ တဦးက "သူ့ကို အေအေအက်စ်ဝိုင်စီနှင့် ဆက်သွယ်မူ ရှိတယ်ဆိုပြီး ရန်ကုန်က ဒုရဲအုပ် တဦး ကိုယ်တိုင် လာရောက်ပြီး မနေ့က နေ့လည်ပိုင်းမှာ ညောင်ချောင်း ကနေ ဘူးသီးတောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အခု ဘူးသီးတောင် အချုပ်ခန်းမှာ ချုပ်ထားပြီး မနက်ဖြန်မှာ စစ်တွေကဆင့် ရန်ကုန်ကို ခေါ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။

အလားတူ စက်တင်္ဘာလ ၁၉ ရက်နေ့က ပုဏ္ဍားကျွန်းမြို့က ကိုဇော်မိုးအောင်နဲ့ နောက်ထပ် ကျောင်းသား တဦးကို စစ်တွေ အက်စ်ပီတူးက ဖမ်းဆီးပြီး စစ်တွေကို ခေါ်ယူသွားခဲ့သည်ဟု သူတို့၏ ဆွေမျိုးတော်သူ တဦးက ပြောသည်။

စက်တင်္ဘာလ ၁၅ ရက်နေ့ကလည်း မြောက်ဦးမှ ကျောင်းသား ၂ ဦး ဖမ်းဆီး ခံခဲ့ရပြီး ယခုအခါ သူတို့ကို ရန်ကုန်သို့ ခေါ်ယူသွားခဲ့သည်။

စက်တင်္ဘာလ ၁၃ ရက်နေ့က စစ်တွေမှ လူငယ် ၄ ဦးဖမ်းဆီးခံရပြီး ဖမ်းဆီး ခံရသူများမှာ ကိုတူတူချေ၊ ကိုကုလားချေ၊ ကိုခိုင်မိုးထွန်းနှင့် ကိုမောင်သူတို့ ဖြစ်ကြသည်။ သူတို့ကို ယခုအခါ စစ်တွေ အက်စ်ပီတူးက ဆက်လက် စစ်ဆေးနေပြီး သူတို့နှင့် ဆက်နွယ် ပတ်သက် သူများကို လိုက်လံ ဖေါ်ထုတ်နေသည်ဟု သိရသည်။

ကိုတူတူချေမှာ ရခိုင်တေးသံရှင် တဦးဖြစ်ပြီး သူဖခင်မှာ နာမည်ကြီး စီးပွားရေး သမား တဦးဖြစ်သူ ကစ်ကျော်သိန်း ဖြစ်သည်။ သူ့တွင် စစ်တွေ၌ KISS အမည်ဖြင့် အင်တာနက် ကဖေး တခုရှိပြီး အဆိုပါ အင်တာနက် ကဖေးကို သူ့အား ဖမ်းဆီးပြီး နာရီိပိုင်း အတွင်းတွင် ရဲက ၀င်ရောက် စစ်ဆေးခဲ့ပြီး အရေးကြီးသော စာရွက် စာတန်းများနှင့် ဖိုင်တွဲများကို ယူဆောင်သွားခဲ့သည်။

သူတို့အား ဖမ်းဆီးမူမှာ ရန်ကုန်မြို့ လှည်းတန်းတွင် ယခုလ ၇ ရက်နေ့က ဖမ်းဆီးခံရသူ ရခိုင်လူငယ် ၇ ဦးနှင့် ဆက်စပ်နေသည်။ ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူ ရခိုင် လူငယ် ၇ ဦးမှာ ကိုထွန်းလင်း၊ ကိုကျော်ဇောဦး၊ ကိုဇော်ထွန်းဦး၊ ကိုကျော်ဝင်း၊ ကိုခင်မောင်ဌေး၊ ကိုကျော်ဆန်းလိုင်နှင့် နောက် တဦးတို့ ဖြစ်သည်။

မြ၀တီမြို့တွင် ရခိုင်လူငယ် ၄ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သတင်း ရရှိသော်လည်း အတည် ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တွေမှ လာသော သတင်းများအရ အဆိုပါ လူငယ်များမှာ ထိုင်းမြန်မာ နယ်စပ်တွင် အလုပ် လုပ်ကိုင်နေသော ရခိုင် လူငယ် တဦး နအဖထံ လက်နက် ချသွားပြီးနောက် ဖေါ်ကောင် လုပ်လိုက်ရာမှ ဖမ်းဆီးခြင်း ခံကြရသူများ ဖြစ်သည်ဟု သိရသည်။

နောက်ထပ်လည်း ဖမ်းဆီးမူများ ရှိလာနိုင်သဖြင့် ရခိုင် လူငယ် အများ အပြားမှာ ထွက်ပြေး တိမ်းရှောင် နေကြသည်ဟု သိရသည်။ ယခုကဲ့သို့ ရခိုင် လူငယ်များကို ဖမ်းဆီး နေခြင်းမှာ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အေအေအက်စ်ဝိုင်စီခေါ် ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ ကွန်ကရက်နှင့် ဆက်စပ်မူ ရှိသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု သိရသည်။

သူတို့အား စစ်ကြောရေး စခန်းများတွင် ပြင်းပြင်း ထန်ထန် ညှဉ်းပမ်း နှိပ်စက်မူများ ရှိနေသဖြင့် မိသားစု ၀င်များက အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

Ref: နိရဉ္စရာ

Read More...

ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့် အစီအစဉ် နအဖ ဘက်က ရွှေ့ဆိုင်းထား

ခိုင်လင်း / ၂၃ စက်တင်ဘာ ၂၀၀၉


ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်မှ ခေါင်းဆောင်များနှင့် စစ်ဖက် ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယခုလ ဒုတိယပတ် အတွင်း ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးမည့် အစီစဉ်ကို နအဖဘက်မှ ရွှေ့ဆိုင်းထားသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ အတွက် တာဝန် ယူထားသည့် စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဝခေါင်းဆောင်များ အကြား ယနေ့အချိန် အထိ မတွေ့ဆုံနိုင်ဘဲ ဖြစ်နေသည်ဟု ပန်ဆန်းမြို့ရှိ ဝ အရာရှိ တဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ် ရဲမြင့် ဒီကိုရောက်မလာပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ မတွေ့ဖြစ် သေးပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေ ကတော့ တွေ့မှာပါ၊ သူတို့ဘက်က အဆင်သင့် မဖြစ်တာလို့ ယူဆစရာ ပေါ့လေ။ ဘယ်နေ့ကို တွေ့မယ် ဆိုတာတော့ ကျနော်တို့လည်း မသိသေးပါဘူး။ အစောပိုင်းကတော့ တွေ့မယ်ဆိုပြီး အကြောင်းကြား ထားပါတယ်။ အဲဒါ ရောက်မလာတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁)၊ ကိုးကန့် နယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အရေးအခင်းများ နောက်ပိုင်း ဝတပ်ဖွဲ့ နယ်မြေအနီးသို့ နအဖစစ်တပ်မှ အင်အားဖြည့်တင်း တပ်ချမှုများ လုပ်ခဲ့ပြီးနောက် ဒေသအတွင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်မှုများ ရှိခဲ့သည်။

ထို့အပြင် ဒေသအတွင်း လာရောက်စီးပွားရှာ အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံ သားများကို ဝတပ်ဖွဲ့က နှင်ထုတ်မှုများကြောင့် နှစ်ဘက်အကြား စစ်ရေး တင်းမာမှု ရှိနေချိန်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ အာဏာပိုင်များပါ ပါဝင်မည့် ဆွေးနွေးပွဲ တခု ဖြစ်လာမည်ဟု အစောပိုင်းသတင်းများ ပေါ်ထွက် လာခဲ့သော်လည်း ယနေ့အထိ အကောင်အထည် မပေါ်သေးပေ။

“အချို့ကုန်သည်တွေလည်း ပြန်လာကြပါပြီ။ အခြေအနေက နည်းနည်း အေးသလိုတော့ ဖြစ်သွားပြီ။ ဒါပေမယ့် စစ်ရေး သတိတော့ အမြဲတမ်း ရှိထား ရမှာပေါ့လေ။ ကျူးကျော်လာမယ်၊ ရန်စလာမယ် ဆိုရင်တော့ ကျနော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ရမှာပေါ့” ဟု အဆိုပါ ဝအရာရှိက ပြောသည်။

ဝဒေသမြောက်ပိုင်း ဝတပ်ဖွဲ့ထိန်းချုပ်ရာဒေသများနှင့် နယ်မြေ တစပ်တည်း ဖြစ်သည့် ဟိုပန်မြို့နယ် အတွင်းရှိ နအဖ တပ်စခန်းများတွင် မိတ္တီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ရင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ကွမ်းလုံ စစ်ဗျူဟာ လက်အောက်ခံတပ် အချို့ ဆက်လက် တပ်စွဲထား သကဲ့သို့ ဝဒေသ အနောက်ဘက် သံလွင်မြစ် အနောက်ခြမ်းရှိ တန့်ယန်း မြို့နယ်အတွင်း ရမခ လက်အောက်ခံ တပ်ရင်း (၉) ရင်း တပ်စွဲထားကြောင်း စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်အစိုးရနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ် ပြောကြား

ကိုထွေး
Wednesday, 23 September 2009 18:08

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာပြည် အပေါ် တားမြစ် ပိတ်ဆို့ အရေးယူခြင်းထက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ယမန်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ထိုင်း ၀န်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲခြင်း ဖြစ်ကြောင်း အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက“သီးခြား ပစ်ပယ် ထားခြင်းထက် တွေ့ဆုံ ဆွေးနွေးတာက ပို အကျိုးအမြတ် ရှိမှာပါ၊ တားမြစ် ကန့်သတ်မှုတွေ ပိုလုပ်ရင် အပြောင်းအလဲ ဖြစ်မလားဆိုတဲ့ မေးခွန်းကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂကတို့ အမေး ခံရလိမ့်မယ်” ဟုပြောကြောင်း ယင်း သတင်းတွင် ကိုးကားဖော်ပြထားသည်။

မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲ၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးတို့ အတွက် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း သည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၏ မတည်မငြိမ် ဖြစ်နေသော နိုင်ငံရေးနှင့် ပတ်သက်၍လည်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ်များက စစ်အစိုးရ အပေါ် ပြင်းထန်သည့် တားမြစ် ကန့်သတ် အရေးယူမှုများ ဆောင်ရွက်ရန် ထောက်ခံ ခဲ့ကြသော်လည်း လက်ရှိ သမ္မတသစ် အိုဘားးမား လက်ထက်တွင် မြန်မာပြည် အပေါ် ထားရှိသော အမေရိကန်၏ မူဝါဒကို ပြန်လည် သုံးသပ်လျက်ရှိသည်။

လက်ရှိအချိန်အထိ တစုံတရာသော ရလဒ်ပေါ်ထွက်လာခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ရာတွင် ကျောက်မျက် ရတနာများ ပိတ်ပင်သည့် ဥပဒေသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက် သည့် အတွက် ဆန့်ကျင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ဖူးသည်။

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် မြန်မာပြည်မှ ကျောက်မျက် ရတနာများကို အဓိက တင်သွင်း ၀ယ်ယူနေသော နိုင်ငံများ ဖြစ်သည်။

ပြင်သစ် တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံတွင် တူးဖော်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း ၏ ဓာတ် ငွေ့ပမာဏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်သွင်းနေသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ စွမ်းအင်ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ပိုမိုရင်းနှီး မြုပ်နှံ လာမှု အပေါ်တွင် စိုးရိမ်မကင်း ဖြစ်နေပြီး သံလွင် မြစ်ပေါ်တွင် တည်ဆောက်ထားသော ဟတ်ကြီးနှင့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် စွမ်းအင်များကို ၀ယ်ယူရန် အတွက် ဇူလိုင်လ (Asean + 3) ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။


Ref: ဧရာဝတီ

Read More...

Wednesday, September 23, 2009

စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား

သန်းထိုက်ဦး
Tuesday, 22 September 2009 17:58

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) ကို အပစ်ခတ် ရပ်စဲရန် မြန်မာ စစ်အစိုးရက ထိုင်းနိုင်ငံ အာဏာပိုင်များမှ တဆင့် ကမ်းလှမ်း ထားကြောင်း သိရှိရသည်။

အဆိုပါ SSA -S တပ်ဖွဲ့ကို မြန်မာစစ်အစိုးရက အပစ်ခတ် ရပ်စဲရေး ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ယမန်နေ့က ရှမ်းသံတော်ဆင့် သတင်းစဉ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် ထိုင်းအာဏာပိုင်များက SSA -S မှ တာဝန်ရှိသူများထံ အပစ်ခတ် ရပ်စဲရေး အတွက် အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

SSA -S တပ်ဖွဲ့ အနေနှင့်မူ အပစ်ခတ်ရပ်စဲရေးကို အမြဲတမ်း တံခါး ဖွင့်ထားသည် ဟု SSA -S မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ဘက်ကတော့ ဆွေးနွေးရေး အတွက် အမြဲတမ်း တံခါး ဖွင့်ထားတယ်၊ နိုင်ငံရေးကို ဖြေရှင်းဖို့ အမြဲတမ်း ကြိုဆိုပါတယ်”ဟု စိုင်းဆိုင်မိဏ်းက ဆိုသည်။

မြန်မာ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မသိရှိရသေးသော်လည်း SSA -S ၏ မူအရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမည် ဆိုပါက ကျန်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ပါဝင်ပြီး နိုင်ငံရေး ပြဿနာများကို အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးစိန်ကြည်ကမူ အပစ်ခတ် ရပ်စဲထားသော တပ်ဖွဲ့များ ကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းရေး အတွက် စစ်အစိုးရက ဖိအား ပေးလာနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက တခြား တပ်ဖွဲ့များထံ ပြန်လည် ပူးပေါင်းမည်ကို စိုးရိမ်သည့် အတွက် ယခုကဲ့သို့ SSA -S တောင်ပိုင်းကို ကမ်းလှမ်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“အပစ်ရပ်အဖွဲ့တွေကို မြန်မာစစ်အစိုးရက ဖိအားပေးမယ်၊ လာမယ့် အောက်တိုဘာလ ထဲမှာ သတ်မှတ် ပေးထားတယ်၊ နယ်ခြားစောင့်တပ် လုပ်မလား၊ မလုပ်ဘူးလား၊ အဲဒီနောက်ပိုင်း မြန်မာ စစ်အစိုးရက ဖိအားပေးမယ်၊ စစ်ရေးအရ အကျပ်ကိုင်မှုတွေ လုပ်လာမယ် ဆိုရင် သဘောက ဒီအပစ်ရပ် အဖွဲ့တွေက SSA နဲ့ နီးစပ်လာမလား၊ သွားရောက် ပူးပေါင်းမလား ဆိုတာကို တွက်ထားတယ်”ဟု ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရက အပစ်ခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းရေး အတွက် အဖြေပေးရန် ၆ လခန့် အချိန်ပေးထားရာ လာမည့် အောက်တိုဘာလ နောက်ဆုံးဖြစ်သည်။

ယင်း SSA-S နှင့် UWSA တပ်ဖွဲ့များသည်လည်း ယခုအခါ စစ်ရေး မဟာမိတ် ဖွဲ့ထားကြပြီဟု ထောက်လှမ်းရေး သတင်း ရပ်ကွက်များက ဆိုသည်။ ယခင် ကာလများက SSA-S တပ်များကို တိုက်ခိုက်ရန် အတွက် စစ်အစိုးရက ၀ တပ်ဖွဲ့များကို အသုံးချခဲ့ဖူးသည်။

SSA-S က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် မယူရသေးသည့် တိုင်းရင်းသား တပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။ ယခင်က ပဋိပက္ခများ၊ ရန်လိုမှုများ ရှိခဲ့ကြသော် လည်း မကြာသေးခင် နှစ်များက စ၍ ရှမ်းနှင့် ၀တို့ နားလည်မှုဖြင့် မဟာမိတ် ဖွဲ့ထားကြသည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက မကြာသေးမိက ဧရာဝတီသို့ပြောခဲ့သည်။

မြန်မာ စစ်အစိုးရတပ်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ ကိုးကန့် ဒေသတွင် တိုက်ပွဲများ ပြီးဆုံးသွား သော်လည်း စစ်ရေး ပြင်ဆင်မှုများ ထပ်မံတိုးမြှင့်လျက် ရှိကြောင်းသိရသည်။

ယင်း ဒေသတွင် ယခင်က စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက်ကိုင်မြို့ တောင်ဘက် နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက် အောက်ခံ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခြေလျင် တပ်မ (၃၃) မှ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း ထပ်မံ ဖြန့်ကျက် ထားသဖြင့် စုစုပေါင်း တပ်ရင်း ၃၀ ရှိသွားပြီ ဖြစ်သည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့် ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေး ထားကြောင်း စစ် တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။

SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လက်နက် ချပြီးနောက်ပိုင်း ဗိုလ်မှူးကြီး ယော့ဆတ် က ဦးဆောင်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရ တြိဂံတိုင်းမှ ကိုယ်စားလှယ်များနှင့် SSA မှ တာဝန်ရှိ သူများက ထိုင်း မြန်မာ နယ်စပ် တနေရာတွင် နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ခေါင်းဆောင်များနှင့် ထပ်မံတွေ့ခွင့်ရရန် NLD တောင်းဆို

ကိုထွေး
Tuesday, 22 September 2009 14:19

အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD) ၏ အနာဂတ် မူဝါဒ လမ်းစဉ်များ ချမှတ်နိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အား ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံခွင့် ပေးရန် အာဏာပိုင်များထံ စာရေးသား ပေးပို့ တောင်းဆို ထားကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဉာဏ်ဝင်း က ပြောသည်။

စက်တင်ဘာ ၁၆ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိနိုင်ငံရေးအရ အရေးကြီးတဲ့ အဆုံးအဖြတ် ပြုရမယ့် ကိစ္စတွေ ဆောင်ရွက်ဖို့၊ ပါတီ၏ အနာဂတ် မူဝါဒ လမ်းစဉ်များ ချမှတ်နိုင်ဖို့ အဲဒီ အကြောင်းပြချက် တွေ့နဲ့ တွေခွင့်ရဖို့ တောင်းဆို ထားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း အာဏာပိုင်များက ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း၊ NLD အနေဖြင့် တွေ့ခွင့်ရရန် မျှော်လင့် ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

လွန်ခဲ့သည့် ၅နှစ် ကလည်း ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး တို့ကို တကြိမ် တွေ့ဆုံခွင့် ပေးခဲ့ဖူးသည်။

စစ်အစိုးရက ခွင့်ပြုသဖြင့် ၂၀၀၄ ဧပြီလ ၂၇ရက်နေ့တွင် NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ထိုစဉ်က အဆုံးမသတ်ရသေးသော အမျိုးသား ညီလာခံသို့ NLD တက်ရောက်ရေး မတက်ရောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယခုတကြိမ် တွေ့ဆုံခွင့် ရပါက လာမည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါဝင်ရေး၊ မပါဝင်ရေးကို ဆွေးနွေးဖွယ် ရှိသည်ဟု အများက ယူဆနေကြသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် သုံးသပ်မည် ဆိုပါက ရွေးကောက်ပွဲ ၀င်ရေး အတွက် NLD က စဉ်းစားမည်ဟု ကြေညာထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၀ ပြည့်နှစ် နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NLD က မည်သို့ ထပ်မံ ဆုံးဖြတ်မည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ ထို့ကြောင့် ထိန်းသိမ်းခံရသည့်သက်တမ်း ၆ နှစ် ကျော်သွားပြီ ဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ် သို့ ပြောင်းလဲလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲပြီး နေအိမ် အကျယ်ချုပ် ထပ်မံ ချထားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန် အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက တနင်္ဂနွေနေ့ ညနေပိုင်းတွင် ခွင့်ပြု လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက် ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

အရှင်ဂမ္ဘီရ ငှက်ဖျား ဝေဒနာခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင်ပါရှိ

ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ 22 ရက် 2009 ခုနှစ်

မဇ္ဈိမ (ချင်းမိုင်) ။ ။ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အခါ သမယတွင် ခေါင်းဆောင်ခဲ့သူ သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် ကလေးထောင်တွင်း၌ ငှက်ဖျားဝေဒနာ ခံစား နေရသည်ဟု ထောင်တွင်းမှ ပေးပို့သော စာတွင် ပါရှိသည်။

စစ်ကိုင်းတိုင်း ကလေးမြိုရှိ ထောင်တွင်းမှ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ရေးသား ပေးပို့ထားခဲ့ပြီး ယခုလမှ စာတိုက် မှတဆင့် ရရှိသည့် ဦးဂမ္ဘီရရေးသားသော စာအတွင်း၌ ငှက်ဖျား ဝေဒနာ ခံစားနေရကြောင်းနှင့် ဆေးမပြတ် မှီဝဲနေရသည်ဟု ပါရှိသည်။

“ခန္တီးထောင်က ပါလာတဲ့ ငှက်ဖျားကြောင့် ခဏခဏ ဖြစ်တယ်။ ဒါကြောင့် ငှက်ဖျားဆေး အင်္ဂလိပ်ဆေး နဲ့ ဗမာဆေးတွေ သောက်နေရတယ်” ဟု စာအတွင်း၌ ရေးသားထားကြောင်း မခင်သူဌေးက မဇ္ဈိမကို ဖတ်ပြခဲ့သည်။

ထို့အပြင် ခန္တီးထောင်မှ ကလေးထောင်သို့ ထောင်ရွေှ့စဉ်က လမ်းတလျှောက် ပါးစပ်အား ပလပ်စတာဖြင့် ပိတ်ပြီး လက်ထိပ် နောက်ပြန်ခတ်၍ ၃ ရက်ကြာ ခေါ်ဆောင်လာသည့် ဒဏ်များလည်း ခံနေရကြောင်း သိရသည်။ စာပါ အကြောင်းအရာ တချို့ကို ဖျက်ခံ ထားရသည်ဟုလည်း သိရသည်။

အရှင်ဂမ္ဘီရသည် ပြီးခဲ့သည့်နှစ်အတွင်းက အင်းစိန်ထောင်တွင်း အကျဉ်းကျ ခံရစဉ် ဦးနှောက်နှင့် အာရုံ ကြောရောဂါ ခံစားခဲ့ရသဖြင့် ထောင်တွင်း ဆေးရုံ တက်ခဲ့ရသေးသည်။

ဦးဂမ္ဘီရအား ၂၀၀၇ ခုနှစ် သံဃာ့တော်များ ဦးဆောင်သော မေတ္တာ သုတ်ရွတ် စီတန်း လမ်းလျောက်မှုတွင် ဦးဆောင် ပါဝင်ခဲ့မှုဖြင့် သာသနာကို ညှိုးနွမ်းစေမှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောက်ယှက်မှုတို့ အပါအဝင် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည်။

အာဏာပိုင်များ ဖမ်းဆီးနေသဖြင့် တိမ်းရှောင် နေစဉ် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။

စစ်အစိုးရက အကျဉ်းသားများ ၇၁၁၄ ဦးကို လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် လွှတ်ပေးရာ ယမန်နေ့ထိ နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ပါဝင်သည်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

သို့သော် ပြီးခဲ့သည့် သြဂုတ်လ၊ စက်တင်လာလ အတွင်းက စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ ၅၀ ကျော်အား ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် သံဃာတော် ၁၄ ပါး ပါဝင်ကြောင်း မြန်မာ့နိုင်ငံရေး အကျဉ်းသားများအကြောင်း အစီရင်ခံစာများ ထုတ်ပြန်လေ့ရှိသည့် AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

မြန်မာနိုင်ငံတဝှမ်း ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၁၁ ဦးရှိသည်ဟု သြဂုတ်လထုတ် အေအေပီပီ၏ စာရင်းတွင် ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေး ဟု ဦးဝင်းတင် ပြောကြား

မင်းနိုင်သူ / ၂၂ စက်တင်ဘာ ၂၀၀၉

ယခုအကြိမ် အကျဉ်းသားများ ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်သဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစဉ်နှင့် ဝေးနေဆဲဖြစ်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ တောင်းဆိုနေသော နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုချက်လည်း မပြည့်မြောက် သေးကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

“ကောက်ညှင်းပေါင်းထဲ နှမ်းထောင်းဖြူးသလို ပေါ့ဗျာ။ ရိုးရိုး ရာဇ၀တ်သားတွေ အများကြီး လွှတ်ပြီး နိုင်ငံရေး အကျဉ်းသား နည်းနည်းလေးပဲ ပါတယ်။ အခုလို ဗန်းပြရုံ လိမ်လည်ဖို့၊ ကုလသမဂ္ဂမှာ ဗိုလ်ချုပ်ကြီး သိန်းစိန် သွားတဲ့ အခါမှာ မစ္စတာ ဘန်ကီမွန်းရဲ့ တောင်းဆိုချက်တွေ အပေါ်ကို လှည့်ဖြားဖို့ လုပ်နေတယ်လို့ ယူဆတယ်။ ဒီလို လုပ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်ကတော့ အယုံအကြည် မရှိဘူး” ဟု ၎င်းက ပြောသည်။

နအဖစစ်အစိုးရက စက်တင်ဘာ (၁၇) ရက်တွင် နိုင်ငံသား အကျဉ်းသား (၇,၁၁၄) ဦး လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကြေညာ ခဲ့ပြီးနောက် ပြန်လည် လွတ်မြောက် လာသူများတွင် နိုင်ငံရေး အကျဉ်းသား (၁၀၀) ကျော်သာ ပါသေးကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

“တဘက်က လွှတ်နေတယ်ဆိုသော်ငြားလည်း တဘက်မှာ ဒီရက်ပိုင်းမှာ တင် ဖမ်းတာလူ (၄၀) ကျော်သွားပြီ။ ဒီတော့ ကျနော်တို့ ကတော့ အရင် တောင်းဆိုခဲ့တဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးဂမ္ဘီရတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ရေးကိုပဲ ဆက်တောင်းမယ်” ဟု နှစ်ရှည် အကျဉ်းချခံခဲ့ရသူ ဦးဝင်းတင်က ပြောသည်။

ဇူလိုင်နှင့် သြဂုတ်လအတွင်း သံဃာတော် (၇) ပါး အဖမ်းဆီး ထိန်းသိမ်း ခံထားရပြီး မကြာမီကလည်း မရမ်းကုန်းမြို့နယ် အန်အယ်လ်ဒီ လူငယ် (၃) ဦးနှင့် မြင်းခြံမြို့မှ ပါတီဝင် မဟုတ်သည့် အရပ်သား (၅) ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ထုတ်ပြန်ချက် အရ ယခုလ (၁၈) ရက်မှစတင်ကာ ပြန်လည် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား (၁၂၇) ဦးရှိပြီး ၎င်းတို့အနက် သံဃာတော် (၄) ပါး၊ စာနယ်ဇင်း သမား (၄) ဦးနှင့် ရှေ့နေ (၁) ဦးတို့ ပါဝင်သည်။ လွတ်မြောက်သူများ အနက် အန်အယ်လ်ဒီ ပါတီမှ လွှတ်တော်အမတ် (၃) ဦး အပါအ၀င် (၄၃) ဦးရှိပြီဟု သိရသည်။

နအဖစစ်အစိုးရက ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ အကျဉ်းသားများ လွှတ်ပေး နေသော်လည်း ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသားများမှာ အနည်း အကျဉ်းသာပါပြီး ရာဇ၀တ်သား များသာ များသဖြင့် ရာဇ၀တ်မှု ပိုပေါများလာသည်သာ အဖတ်တင်သည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

“သိသာတယ်ဗျ။ သူတို့တခါလွတ်တိုင်းလွတ်တိုင်း ရာဇ၀တ်မှုက ပိုများ လာတယ်။ မြို့လယ်ခေါင်မှာ ကို လုယက်မှုလို အမှုကြီးတွေ များလာနေတယ်။ နောက်ပြီး အခုလို ရာဇ၀တ်သား တွေကို ခဏခဏ လွှတ်နေတော့ လူတွေက မဟုတ်တာ လုပ်ရမှာ မကြောက်ကြတော့ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာဆို ချဲဒိုင်တို့ ဘောလုံးဒိုင်တို့ များလာတယ်။ သူတို့က ဘာပြောလဲ ဆိုတော့ အဖမ်း ခံရလည်း နောက်နှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အခါ လွတ်မှာပဲတဲ့။ အဲလိုတွေ ဖြစ်လာ ကြတယ်ဗျ” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အစိုးရက ပြန်လွှတ်ပေးခဲ့သော အကျဉ်းသား (၆,၃၁၃) ဦးတွင် နိုင်ငံရေး အကျဉ်းသား (၃၁) ဦးပါဝင်ကာ ၂၀၀၈ ခုနှစ်အတွင်း ပြန်လွတ်လာသူ (၉,၀၀၂) ဦးတွင်မူ နိုင်ငံရေး အကျဉ်းသား (၉) ဦးသာ ပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများတွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရပါက ပါတီ မူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင်ပြော

မင်းနိုင်သူ / ၂၂ စက်တင်ဘာ ၂၀၀၉

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နေအိမ် အကျယ်ချုပ် ချထား ခံရသည့် ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရပါက ပါတီရှေ့ဆက်ရမည့် မူဝါဒများကို အဓိကထား ဆွေးနွေး ကြမည်ဟု ပါတီ ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောကြားသည်။

နေအိမ်အကျယ်ချုပ်ချထားခံရသည့် အန်အယ်လ်ဒီ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် စက်တင်ဘာ (၁၆) ရက်၌ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပါတီ ပြန်ကြားရေး အဖွဲ့က ယမန်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ယင်းသို့ နအဖဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးသော်လည်း ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို အခြေခံကာ ပါတီအတွက် ဆွေးနွေးသွားရန် လိုအပ်သည်ဟု ဦးဝင်းတင်က ပြောသည်။

“အနီးကပ်ဆုံးတာဝန်ဖြစ်နေတဲ့ မှတ်ပုံတင်ရေး ကိစ္စ၊ ပါတီရုံးတွေ ပြန်ဖွင့်ရေး ကိစ္စ၊ စည်းရုံး လှုပ်ရှားဖို့ ကိစ္စ ဒါတွေကို အခြေခံ ထား ဆွေးနွေးရမယ်။ အစိုးရက သိပ်တင်းခံရင် ကျနော်တို့ အတင်းဖွင့်မလား။ ဒီလို ဟာမျိုးတွေပေါ့ဗျာ။ နောက်တခုက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ကိုင်မလဲ။ ဘယ်လောက်မှာ ရပ်မလဲ။ နောက် တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းအရာတွေ ပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ရေရှည် ရပ်သွားမလဲ။ မတွေ့ဘူးဆို ဘယ်လို လုပ်မလဲ။ တွေ့မယ်ဆို ဘယ်လိုလုပ်မလဲ။ ဒါတွေ ကျနော်တို့ ဆွေးနွေးဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ပါတီ၏အနာဂတ်မူဝါဒ ချမှတ်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသော ပုဂ္ဂိုလ် ဖြစ်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

၎င်းက “အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းက လုပ်မှဖြစ်မှာကိုး။ ဥပမာ ကျနော် ရွေးကောက်ပွဲ မ၀င်ဘူး။ မ၀င်ချင်ဘူး ဆိုတာကို ကျနော့်ဟာ ကျနော် ပြောလို့ရတဲ့ အနေအထား ရှိတယ်ပေါ့ဗျာ။ ဒီလိုမျိုး ကျနော့်မှာ အသံထုတ်လို့ ရတာ ရှိသော်ငြားလည်း ဒီအသံဟာ အဖွဲ့တခုလုံးကို ကယ်ရီ လုပ်သွားနိုင်ဖို့ ခက်တယ်။ အလားတူပဲ အခြားသော ဗဟို အလုပ်အမှုဆောင် တွေမှာလည်း အဲလို အကန့်အသတ် လေးတွေ ရှိနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျတော့ သူပြောတာဟာ အဖွဲ့ရဲ့ လမ်းညွှန်ချက်၊ အဖွဲ့ရဲ့ ညွှန်ကြားချက် လို ဟာမျိုး ဖြစ်တယ်လေ” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် အကျယ်ချုပ် ကျ ခေါင်းဆောင်များနှင့် တွေ့ဆုံ လိုကြောင်း နအဖ ဥက္ကဋ္ဌထံ စာရေး တောင်းဆိုခြင်းသည် ယခုလအတွင်း ဒုတိယမြောက် တောင်းဆိုခြင်း ဖြစ်သည်။

စက်တင်ဘာ (၄) ရက်တွင် ပထမအကြိမ် နအဖဥက္ကဋ္ဌထံ ပါတီရုံးခွဲများ ပြန်လည် ဖွင့်လှစ်ခွင့် ရရန် စာရေးသား တောင်းဆို ထားသော်လည်း ယင်း တောင်းဆိုချက်ကို နအဖဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ပါတီရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့်ရရေးနှင့်ပတ်သက်၍ ဦးဝင်းတင်က “မကြာခင်မှာ ပါတီ မှတ်ပုံတင်ရေးတို့၊ ဘာတို့ လာတော့မယ်။ အန်အယ်လ်ဒီ ပါတီ အောက်ခြေမှာ ရုံးတွေက အားလုံး ပိတ်ခံနေရတာ။ အဲတော့ ကျနော်တို့ ထဲမှာလည်း sentiment နှစ်မျိုးပေါ့ဗျာ။ ကျနော်တို့ ပြောတာ ကိုယ့်ဟာကို ဖွင့်မယ်ပေါ့ဗျာ။ အခု အပိတ်ခံထားရတာ ကျနော်တို့ အဖွဲ့ချုပ် တခုတည်းပဲရှိတယ်။ တချို့ ကတော့လည်း မဟုတ်ဘူး၊ ကန့်သတ်တုန်းက ပြောတဲ့ အတိုင်း အစိုးရဆီကို တင်မယ်၊ ဒီသဘောထား ရှိနေတယ်။ ကျနော်ကတော့ ဘာလို့ အစိုးရ ပြောနေတော့မလဲ ကိုယ့်ဟာကို ဖွင့်ချမယ်၊ အရေးကြီးတာ အောက်ခြေက ပါတီ ရဲဘော်တွေနဲ့ ညှိဖို့ပဲ” ဟု ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ ရုံးများကို အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ ဒေသ အာဏာပိုင် အသီးသီးက ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင်၍ ပိတ်ခိုင်းခဲ့သည်။

ယနေ့အထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့် အန်အယ်လ်ဒီ ပါတီကို နယ်ရုံးခွဲများ ပိတ်ပင် ထားခြင်းနှင့် လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် မရစေရန် ကန့်သတ်မှုများ ပြုလုပ်ထားပြီး ပခုက္ကူမြို့ တွင်မူ တရားဝင် မှတ်ပုံ မတင်ရသေးသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ဆိုသည့် အဖွဲ့တခု၏ ဆိုင်းဘုတ် တင်ခြင်းကို အာဏာပိုင်များက ခွင့်ပြုထားသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, September 22, 2009

ကိုးကန့်အရေးအခင်းတွင် တာဝန်ရှိသည့် နအဖ စစ်တပ် ဗိုလ်မှူးချုပ် တဦးအား အရေးယူ

ခိုင်လင်း / ၂၁ စက်တင်ဘာ ၂၀၀၉

ပြီးခဲ့သည့်လကုန်ရက်များက ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့် နယ်မြေ အရေးအခင်း အတွင်း အဓိက တာဝန်ရှိသည့် လောက်ကိုင်ဒေသ ဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သည် အရေးယူခြင်း ခံနေရသည်။

ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၊ ဖုန်ကြားဖုတို့အား ဖမ်းဆီးပြီး ကိုးကန့် တပ်ဖွဲ့အတွင်း ဖုန်မိသားစုတို့နှင့် သဘောထား ကွဲလွဲသည့် ပိုင်စုံချိန်ကို အာဏာသိမ်းခိုင်းရန် လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမောင်အား တာဝန် ပေးထားခဲ့ရာ အဆိုပါ တာဝန် မကျေပွန်သည့် အတွက် လာဘ်ငွေ ယူမှု စွဲချက်ဖြင့် အရေးယူထားသည်ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သူ လားရှိုး ကုန်သည် တဦးက ပြောသည်။

၎င်းက “ဖုန်ကြားရှင်တို့ကို လက်နက်ကိစ္စ၊ မူးယစ်ကိစ္စတွေနဲ့ အစောတည်းက ဖမ်းမယ်ဆို ဖမ်းလို့ရတယ်။ အဲလိုမလုပ်ဘဲ ပိုင်စုံချိန်ကို ဖုန်ညီအစ်ကို ကို ဖမ်းခိုင်းမယ်၊ ပြီးတော့ အာဏာ သိမ်းခိုင်းဖို့ စီစဉ်ခဲ့ကြတာ။ အဲလိုမဖြစ်ဘဲ တိုက်ပွဲတွေဖြစ်၊ ကိုးကန့်ကိစ္စက ဟိုလေး တကျော်ဖြစ်လာ၊ ဒါပေမယ့် ဖုန်ကြားရှင်တို့က လွတ်သွားတော့ အထက်က အတော်ကို ဒေါသထွက်တာတဲ့။ အခုတော့ ဖုန်ကြားရှင်တို့ ဆီက လာဘ်ငွေ ယူတယ်ဆိုပြီး စွဲချက်တင်ထားတာ။ အခု သူ့ကို ရမခ မှာပဲ ထိန်းထားတယ်” ဟု ပြောသည်။

ကိုးကန့်ဒေသ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဥက္ကဋ္ဌ တာဝန် ယူထားသည့် ကိုးကန့် တပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်သည် ကိုးကန့် ဒေသအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးကာ နအဖ ဒေသဆိုင်ရာ အာဏာပိုင်များထံ မကြာခဏ အပ်နှံမှုများ လုပ်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပိုင်စုံချိန်နှင့် ဖုန်မိသားစု အကြား လွန်ခဲ့သည့် တနှစ်ကျော် ကာလများ ကတည်းက မသင့်မမြတ် ဖြစ်နေကြပြီး ပိုင်စုံချိန်ကလည်း လောက်ကိုင်မြို့နှင့် ကွမ်းလုံရှိ ဒေသခံ နအဖ စစ်တပ်၏ အကာအကွယ်ကို ယူထားခဲ့ကြောင်း၊ နအဖဘက်ကလည်း တချိန်က ဖုန်နှင့်ရန် တိုက်ပွဲအတွင်း ရန်ကြားအဖွဲ့မှ ဖုန်ကြားဘက်သို့ ကူးပြောင်းသွားသည့် ပိုင်စုံချိန်ကို အသုံးချပြီး တိုက်ပွဲ ဖြစ်စရာ မလိုဘဲ အလွယ်တကူ အာဏာ သိမ်းခိုင်းနိုင်ရန် မျှော်မှန်းထားသော်လည်း မျှော်မှန်းသလို ဖြစ်မလာသည့် အတွက် အဓိက တာဝန်ရှိသူ လောက်ကိုင် ဒကစမှူးအား အရေးယူလိုက်ခြင်း ဖြစ်သည်ဟု စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

“ဒီနှစ်စထဲမှာ စကခမှူး ဗိုလ်မှူးချုပ် ကောင်းမြတ် ကရင် တပ်ဖွဲ့လက်ချက်နဲ့ ကျသွားတယ်။ အခု ကိုးကန့်နယ်ကို သိမ်းတာ၊ သိမ်းမိတာ သူတို့ အတော်လေး ရှုံးပါတယ်။ ဒီလောက် အင်အားနည်းတဲ့ အဖွဲ့လေးကိုတောင် သူတို့ဘက်က အတော်လေး ပေးဆပ်လိုက်ရတယ်။ တပ်ရင်းမှူးတွေကျ၊ ရဲမှူးတွေကျ ဖြစ်ခဲ့ရတယ်။ အားလုံးကို မျက်နှာ ပျက်ခဲ့ရတယ်။ အဲဒီအတွက် တာဝန်ရှိတဲ့ ဗိုလ်ဝင်းမောင်ကို လာဘ်ယူတယ် ဆိုပြီး အခြား အကြောင်းပြချက် ရှာပြီး အရေးယူ လိုက်ရတာ ဖြစ်ပုံရတယ်” ဟု စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယခုအခါ လောက်ကိုင် ဒကစမှူးနေရာတွင် ရမခ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် လှမြင့်အား ယခုလ (၁၄) ရက်မှ စတင် တာဝန်ပေး ခန့်အပ် ထားသည်ဟု စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း လျှို့ဝှက် တွေ့ဆုံဆွေးနွေး

အောင်ကျော်မိုး / ၂၁ စက်တင်ဘာ ၂၀၀၉

စစ်အစိုးရက လွန်ခဲ့သည့် (၄) နှစ် အာဏာသိမ်းပွဲတွင် မအောင်မြင် ခဲ့သည့် အန်ဒီအေ (ကချင်) အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း အဖွဲ့နှင့် လျှို့ဝှက် ဆွေးနွေးနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိ တဦးက ပြောသည်။

အမည်မဖော်လိုသူ အဆိုပါအရာရှိက “ဦးဇလွန်းအဖွဲ့နဲ့ ကျနော်တို့ ဆွေးနွေးနေတယ်။ သူတို့အဖွဲ့ ရပ်တည်ရေးနဲ့ ဆိုင်တယ်” ဟု ပြောဆိုသည်။

အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူ တဦးကလည်း ယခုကဲ့သို့ ဦးဇလွန်း အဖွဲ့နှင့် စစ်အစိုးရ လျှို့ဝှက် ဆွေးနွေးမှုများ ရှိနေကြောင်း အတည်ပြု ပြောကြားသည်။

၎င်းက “လွန်ခဲ့တဲ့ (၄) နှစ် အန်ဒီအေ (ကချင်) ပန်ဝါ ဌာနချုပ်မှာ မအောင်မြင်တဲ့ အာဏာ သိမ်းပွဲ ဖြစ်ပွားပြီးနောက် ရှုံးနိမ့်သွားတဲ့ ဦးလယောက်ဇယ်လွန်းနဲ့ အဖွဲ့ကို ဘာအရေးယူမှုမှ မလုပ်ဘဲ မြစ်ကြီးနားကို ပြန်ပို့ပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်းဆိုခဲ့တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက အာဏာသိမ်း အဖွဲ့ကို မြစ်ကြီးနား ပို့ခဲ့တယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော် ရောက်ပြီး နောက်ပိုင်း ကချင် အရေးကိစ္စတွေ ရှိလာတိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စရဖ တာဝန်ခံနဲ့ တိုင်းမှူးကိုယ်တိုင် အကြိမ်ကြိမ် ခေါ်ယူ တွေ့ဆုံလေ့ရှိတယ်” ဟု ပြောသည်။

ယခုတကြိမ် ခေါ်ယူတွေ့ဆုံမှုမှာမူ ထူးခြားကြောင်း၊ ဦးလယောက်ဇယ်လွန်း နှင့် အဖွဲ့ကို သီးခြား အဖွဲ့တခု အဖြစ် ဖွဲ့စည်းပေးထားပြီး နယ်မြေတခု ပေးထားမည် ဖြစ်ကြောင်း၊ လက်ရှိ အန်ဒီအေ(ကချင်) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ အနေဖြင့် အလိုမကျ ဖယ်ရှားလိုပါက ဒေသလူထု ထောက်ခံမှု ရထားပြီး အဆိုပါဒေသကို နှစ် (၄ဝ) နီးပါး ခေါင်းဆောင်ခဲ့သည့် ဦးလယောက်ဇယ်လွန်းဖြင့် ချက်ချင်း အစားထိုးနိုင်ရန် ဖြစ်ကြောင်း အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။

အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း၏ အဖွဲ့တွင် ဦးမန်ကျီခေါင်လွန်း၊ ဦးစံဝေခေါင်လွန်း၊ ဦးချန်းလန်း၊ ဦးဇုံးလန်း စသည့် ခေါင်းဆောင်များ ပါဝင်ကြသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေက ခွဲထွက်ပြီး အန်ဒီအေ (ကချင်) အဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သည့် ကေအိုင်အေ ထောက်လှမ်းရေးမှူးဟောင်း လဆန်အောင်ဝါ ဦးဆောင်သည့် အဖွဲ့ကိုလည်း အန်ဒီအေ (ကချင်) နှင့် ပူးပေါင်းသည်ကို နအဖ စစ်အစိုးရက လက်မခံဘဲ နယ်မြေသီးသန့် သတ်မှတ်ပေးပြီး အဖွဲ့ငယ် တဖွဲ့အဖြစ် လက်ခံထားသည်။

အလားတူ ရှမ်းပြည်၊ ကရင်နီပြည်နှင့် ကရင်ပြည်နယ် တို့၌လည်း မူလ လက်နက်ကိုင် အဖွဲ့ကြီး တို့မှ ခွဲထွက် လာသူများကို အဖွဲ့ငယ်လေးများ အဖြစ် နေရာ သတ်မှတ်ပေးကာ အဖွဲ့ကြီးများအား စစ်ရေးအရ တိုက်ခိုက်ရာတွင် လည်းကောင်း၊ နိုင်ငံရေးအရ ဖြိုခွဲရာ၌ လည်းကောင်း အသုံးချလေ့ရှိသည်။

ပြီးခဲ့သည့် ကိုးကန့်အရေးအခင်းကာလတွင် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုကို အသုံးချခဲ့ရုံမက ယခင် မွေးမြူထားသည့် လက်နက်ကိုင် အဖွဲ့ငယ်လေးများကိုပါ အသုံးပြုပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသည့် ဦးဖုန်ကြားရှင်နှင့် အဖွဲ့ကို ဖြုတ်ချခဲ့သည်။

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) အတွင်းတွင် စစ်အစိုးရ တပ်ဖွဲ့အချို့နှင့် အစိုးရ ဝန်ထမ်းအချို့ လာရောက် နေရာယူထား သကဲ့သို့ အစိုးရတပ်မှ အရာရှိများပါဝင်သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလည်း အကောင်အထည် ဖော်နေကြောင်း စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

Read More...

တရုပ်ပြည်နှစ် ၆၀ ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိ

တနင်္လာနေ့၊ 21 စက်တင်ဘာလ 2009

တရုပ်ပြည်ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲပြီးလျှင် အထူးဒေသ ၂ UWSA ၀ တပ်ဖွဲ့အား စစ်အစိုးရ ထိုးစစ်ဆင် တိုက်ခိုက်ဖွယ် ရှိသည်ဟု အပစ်ရပ် ထိပ်ပိုင်းအရာရှိ အသိုင်းအ၀ိုင်းက ပြောဆိုကြပါသည်။

“အကြောင်းရင်း ၃ ရပ်တွေ့ရတယ်။ (၁) နအဖ သျှမ်းပြည် တပ်မတော်ကို ထိုင်း အစိုးရကနေ တဆင့် ဆွေးနွေး ခိုင်းတယ်။ (၂) သံလွင် အရှေ့ခြမ်း မော်ဖှဒေသမှာ လမ်းတွေ ပြုပြင် တိုးချဲ့တယ်။ လက်နက်ကြီးတွေ သံချပ်ကာ ကားတွေနဲ့အတူ တပ်အင် အားတချို့ ထပ်ဖြည့် နေတယ်။ (၃) တရုပ်ပြည် ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲ ပြီးမြောက်တဲ့ အချိန်နဲ့ အပစ်ရပ်တွေ အသွင် ပြောင်းဖို့ သတ်မှတ်ချိန် အတူတူဘဲ ဖြစ်နေတယ်။” - ဟု အမည် မဖေါ်လိုသည့် အပစ်ရပ် အရာရှိတဦးက သျှမ်းသံတော်ဆင့် သို့ ပြော၏။

ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့အား ထိုင်းအစိုးရမှ တဆင့် ကမ်းလှမ်း ကြည့်ရန် ဗမာစစ် အစိုးရ လှစ်ဟခြင်းသည် ဒွိဟ ဖြစ်နေသည့် တောင်ပိုင်း ၀ တပ်ဖွဲ့အား လွန်ဆွဲ ထားခြင်းနှင့် စိတ်ဓါတ် စစ်ဆင်ရေး ဆင်နွဲ နေခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသည့် ထိုင်းလုံခြုံရေး အရာရှိ တဦးကလည်း ဤကဲ့သို့ ပြောပြ၏။

“၁၈ ရက်နေ့ညက ၀ စစ်ယာဉ်တန်း ၈ စီး လောက် မိုင်းဆတ် ၀မ့်ဟုန့် ဘက်ကနေ မိုင်းကျွတ်ဘက် ဆင်းသွားတယ်။ SSA သွားတိုက်ဖို့ ၀မ့်ဟုန့်ကို စစ်အစိုးရထံ လွှဲပေး လိုက်တာလား၊ ဒါမှမဟုတ် ၀မ့်ဟုန့်ကို စွန့်ပြီး - SSA နဲ့ သွားပေါင်းမှာလား၊ စစ်အစိုးရကို ပြန်တိုက်မှာလား။ အခု စစ်အစိုးရက သျှမ်းတပ်ကို ဆွေးနွေးဖို့ ထိုင်းအစိုးရကို ကမ်းလှမ်း ထားခိုင်းတယ် ဆိုတော့ တကယ်တမ်း ၀ က သျှမ်းနဲ့ ပေါင်းဖို့ စိတ်ကူးရှိရင် အခြေအနေက တမျိုး ပြောင်းသွားနိုင်တယ်”

မြောက်ပိုင်း ၀ အရာရှိ တဦးကလည်း - “အခု နယ်စပ် ဘက်မှာလဲ တရုပ်လုံခြုံရေး တပ်တွေ ရှိတုန်းဘဲ၊ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ တုန်းကလဲ တရုပ် အာဏာပိုင်တွေ အစည်းအဝေး လုပ်တယ်။ ကိုးကန့် ဒေသထဲက တရုပ်လူမျိုးတွေ ဒီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တရုပ်ပြည်ထဲ ပြန်ဖို့ပြောတယ်။ အဲဒီ အခြေအနေကို ကြည့်ရင် ကျနော်တို့ ဘက်ကလည်း စိတ်မချရတော့ ဘူး” - ဟု ဆို၏။

ထိုအရာရှိကဆက်၍- ကိုးကန့် အရေးအခင်းမှ ရသော သင်ခန်းစာ အရ စစ်အစိုးရကို ပေါ့ပေါ့ တန်တန် တွက်ချက်၍ မရကြောင်း၊ ၀ ဘက်ကလည်း လုံခြုံရေး အတွက် တရုပ်ငွေ သန်းပေါင်း ဆယ်ချီသုံးပြီး နယ်ခြားမျဉ်း တလျှောက် နေရာ အသီးသီး၌ ကတုတ် ကျဉ်းများ ခံတပ်များ ဘန်ကာကျဉ်းများ ပြင်ဆင် ထားကြောင်း၊ ခံစစ်အတွက် အရံ အင်အားဖြစ်သည့် ကျေးရွာ ပြည်သူ့စစ် အိမ်တိုင်းအား သေနတ်များ၊ ကျဉ်ဆံများ ထုတ်ပေးထားကြောင်း၊ ၀ တမျိုးသားလုံး အတွက် ခုခံ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဆက်ပြောပါသည်။

နယ်စပ်ရှိ အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် အတွက် ၆ လ အချိန် ပေးထားသည်မှာ အောက်တိုဘာလက နောက်ဆုံး သတ်မှတ်ရက် ဖြစ်ကြောင်း၊ တရုပ်ပြည် ထူထောင်သော နေ့မှာ အောက်တိုဘာ ၁ ရက်နေ့ ဖြစ်ကြောင်း ၀ အရာရှိက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

သတင်းစာများ မလိမ့်တပတ်လုပ်နေဟု သတင်းဆရာကြီး နှင့် ကျောင်းသား အဖွဲ့ ပြောဆို

ကျော်ခ
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ အာဘော်ထုတ် သတင်းစာများသည် ပြည်သူများ စဉ်းစားရ ခက်စေရန် မလိမ့်တပတ် လုပ်၍ ရေးသား လိမ်လည်နေကြောင်း ဝါရင့်သတင်းစာ ဆရာကြီးနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က ပြောသည်။

အကျဉ်းသားများကို စတင်လွှတ်ပေးသည့် ယခုလ ၁၈ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် “နိုင်ငံသား အကျဉ်းသား” ဟု ခေါ်ဝေါ် သုံးစွဲသွားမှုသည် မိမိအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရကြောင်း ရန်ကုန်ရှိ ဝါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က စတင်ပြောဆိုသည်။

“ဘာဖြစ်လို့ ဒီအချိန်မှာ သုံးလည်း ကျနော်လည်း နားမလည်နိုင်ဘူး။ ကျနော် အဓိပ္ပာယ် အမျိုးမျိုး စဉ်းစားကြည့်တယ်။ တော်တော် စဉ်းစားရ ခက်တဲ့ အနေအထားကို ဖြစ်နေတယ်။ နိုင်ငံရေး အကျဉ်းသားလို့ မသုံးချင်လို့ နိုင်ငံသားလို့ ပြောင်းသုံးတယ် ဆိုရင်လည်း မလွတ်တဲ့ လူတွေက နိုင်ငံသား မဟုတ်ဘူးလား” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ ရေးသားခြင်းသည် ပြည်သူလူထုကို မလိမ့်တပတ်ဖြင့် ဇဝေဇဝါ ဖြစ်စေရန် လှည့်ပတ် ရေးသားခြင်းသာ ဖြစ်ကြောင်း ဗကသ မှ ပြောရေး ဆိုခွင့်ရှိသူ ကိုဇာနည်က ပြောသည်။

“နိုင်ငံသား အကျဉ်းသားလို့ အဲဒီလို သုံးခြင်းအားဖြင့် ဇဝေဇဝါ ပေါ့ဗျာ။ ရုတ်တရက် လူက ဖတ်လိုက်ရင် နိုင်ငံရေး အကျဉ်းသား ဆိုပြီးတော့ ဒီတခါ ၇၀၀၀ ကျော် လွှတ်ပေးတာမျိုးလို့ ထင်အောင်ပေါ့ဗျာ။ ဒါက လူထုကို လိမ်ညာတဲ့ ပုံစံအတိုင်းပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရအနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို အမှန်တကယ် ပြုလုပ်လိုပါက အမျိုးသား ညီလာခံ၌ တိုင်းရင်းသား လူမျိုးစုများ၊ ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ပြည်တွင်းပြည်ပ အတိုက်အခံ အဖွဲ့များ အားလုံး ပါဝင်ပြီး ညှိနှိုင်းဆောင်ရွက်မှ ရရှိမည်ဟု သူက ဆက်ပြောသည်။

သူက “အဲလိုမဟုတ်ဘဲနဲ့ အတုအယောင်ညီလာခံ၊ အတုအယောင် အခြေခံ ဥပဒေကလည်း တကယ့် စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဘယ်လိုမှ သွားလို့ မရပါဘူး။ အားလုံး တညီတညွှတ် စုစုစည်းစည်း လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည် အနာဂတ်က ထွန်းလင်း တောက်ပလာမယ်။ အဲလို မဟုတ်ဘဲနဲ့ တဖက်သတ် ဆန်ဆန် လုပ်နေမယ်ဆိုရင် ဒါဟာ အဲဒီ အကျိုးဆက်တွေက ရလဒ်တွေ မကောင်းလောက်အောင် တိုင်းပြည်ကလည်း အများကြီး ဆုံးရှုံးတာပဲ” ကိုဇာနည်က ပြောသည်။

ယခုလ ၁၈ ရက်နေ့တွင် စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းသား ၇၁၁၄ လွှတ်ပေးမည်ဟု ရေးသား ထားသော်လည်း လွှတ်ပေးသည့် အကျဉ်းသားများ ထဲတွင် အများစုမှာ မူးယစ်မှု၊ လာဘ်စားမှုနှင့် အစိုးရ အမှုထမ်းဟောင်း ရာဇဝတ်သားများ သာဖြစ်ပြီး ယနေ့အထိ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်သာ ပါဝင်သေးသည်။

Ref: မဇ္ဈိမ

Read More...

Monday, September 21, 2009

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

ဂါမဏိ
post by Sunday, September 20, 2009

၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွားတယ် ဆိုတာက တကမ္ဘာ လုံးရဲ့ စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက်တည်း ဖြစ်သွားပြီလို့ ပြောတာ ဖြစ်ပါတယ်။ စက်ရုံ အလုပ်ရုံတွေကို မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေမှာ လာဖွင့်ကြတယ်၊ သူဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခ နိမ့်ကျ ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲ တွင်းက လွတ်လာကြတယ်လို့ ကမ္ဘာပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့် ကြော်ငြာနေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီ ဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှု လုပ်ငန်းတို့ နေရာမှာ နည်းပညာ အဆင့်မြင့် လုပ်ငန်းတွေ၊ အသိဉာဏ်လုပ် ငန်းတွေက အစားထိုး လွှမ်းမိုး သွားပြီလို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော် နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေတွေကို လေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကို ကြည့်တဲ့အခါ အမေရိကန် နိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ၊ ၈ဝဝဝ ရှိကြပါတယ်။ တောင်ကိုးရီးယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင်ဝမ် မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တလကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ အဲဒီ နိုင်ငံတွေက အထည်ချုပ် စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံတွေဆီ ရွှေ့ပြောင်း ဖွင့်ကြတဲ့ အခါ တရုတ်ပြည်မှာ သွားဖွင့်ရင် လုပ်အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေ အတွက် ကွန်ပျူတာ အင်တာနက် တယ်လီဖုံး စတဲ့ အဆင့်မြင့် ဆက်သွယ်ရေး ဝန်ဆောင် လုပ်ငန်းတွေကို လက်ခွဲ လုပ်ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန် နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရပါ တယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက် ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေ ရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက်ပျိုးရေး အလုပ်သမားတွေ နေရတဲ့ ဘဝက ပိုဆိုးပါတယ်။

တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့် အိပ်လောက်အောင်ဘဲ ကျယ်တဲ့ တဲအိမ် ကလေးတွေမှာ ကြယ်မြင်လမြင် နေရ ပါတယ်။ ထရံကို စက္ကူတွေ ဆာလာ အိပ်ခွံတွေ ကာထားပြီး ကျနော်တို့ တိုင်းပြည်က လယ်တဲ သာသာဘဲ ရှိပါတယ်။ ပညာရေး ကျန်းမာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ကျောင်းကလေးတွေ ပေါ်လာပေမဲ့ ကျန်းမာရေး အတွက် အားကိုးစရာ မယ်တော် ဆေးခန်းကိုတော့ ထိုင်းရဲ အဖမ်းခံရမယ့် အန္တရာယ်ကြားက စွန့်စား သွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်း လဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျ နှိပ်စက်တာကလည်း ရှိပါသေးတယ်။

ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့ လိုက်ရတဲ့ မြန်မာ အလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ်စရာ ခေါင်းရှိသေးလား စမ်းနေရတဲ့ ဘဝမှာ ခပ်များများ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပြားတဲ့ အကျိုးအမြတ် အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့ စက်ရုံပိုင် သူဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့ အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်း ပိုမြတ် သွားပါတယ်။ တိုင်ဝမ် သူဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်း ပိုမြတ်ပါလိမ့်မယ်။ မြန်မာ အလုပ်သမားတွေ အနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ်နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ် အလုပ်သမားတွေ ဆိုရင် ၂၄ နာရီ လျှပ်စစ်မီးနဲ့ နေနိုင်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေ ပိုလာပြီး မလေးရှားမှာ ဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် အလုပ်သမားရဲ့ အစွန်းထွက် လောက်ဘဲ ရတာဖြစ်ပြီး သူတို့ထက် ဒေါ်လာ ၁ဝဝဝဝ ကျော် လျော့နေ ပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ် ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင် သူဌေးတွေ အတွက်ဘဲ အဓိက ဖြစ်နေပါတယ်။

လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး စတဲ့ အသိဉာဏ်ပညာ အခြေခံ လုပ်ငန်းတွေက ရှေ့ဆောင် အခန်းမှာရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ ကွင်းထဲမှာတော့ စက်မှု လုပ်ငန်းကဘဲ အဓိကလွှမ်းမိုး နေပြီး ထမင်းကျွေးနေတာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည် နေရတာဟာ အထည် ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့ လုပ်ငန်းတွေဘဲ ဖြစ်ပါတယ်။ အမေရိကန် ရောက်သွားတဲ့ မြန်မာဆရာဝန် ဆူရှီ လိပ်နေရတာ၊ ဂျပန်ရောက်သွားတဲ့ မြန်မာ အင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာပြား တတိယလှိုင်း ဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်း တန်ဖိုး အကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင် စီးပွားရေး နယ်ပယ်မှာ ရေနံ ထုတ်လုပ်ရေး၊ မော်တော်ကား ထုတ်လုပ်ရေး၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင် စီးပွားရေး နယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက် ကုန်ကူးလုပ်ငန်းနဲ့ မူးယစ်ဆေး ကုန်ကူးလုပ်ငန်းတို့ ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံး လုပ်ငန်းတွေ မဟုတ်ပါဘူး။ စတော့ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာ လုပ်ငန်းက ရှယ်ယာတွေက တန်ဖိုး မြင့်နေပြီး ကွန်ပျူတာ လုပ်ငန်းနယ်ပယ်က အလုပ်သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေး လောက တခုလုံးထဲမှာတော့ အင်အား အကြီးဆုံး မဖြစ်သေးပါဘူး။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီအီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ်ငန်း) တို့ အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့်ဘဲ ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့် နည်းပညာ လုပ်ငန်းက အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲ ပါပါတယ်။

ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ် ရောက်တာ တွေဟာ ကျနော်တို့ အလုပ်သမားတွေ အထူးသဖြင့် မြန်မာအလုပ် သမားတွေ အတွက် လက်တွေ့မကျတဲ့ စိတ်ကူးယဉ် အိပ်မက်တွေသာ ဖြစ်ပါတယ်။ မဲဆောက်က မြန်မာ အလုပ်သမား တယောက်ဟာ အမေရိကန်က အလုပ်သမား တယောက်နဲ့ တန်းတူ လုပ်ခ မရသရွေ့၊ အိန္ဒိယက ကွန်ပျူတာ ပညာရှင် အလုပ်သမား တယောက်ဟာ အမေရိကန်က ကွန်ပျူတာ ပညာရှင် အလုပ်သမားတယောက် ရတဲ့ လစာ မရသေးသရွေ့ ကမ္ဘာကြီး ပြားနေတယ်လို့ မပြောနိုင် သေးပါဘူး။ အလွန်ဆုံး ပြောရရင် အပြားလိုက်ကြီး စောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူဌေးတွေက ပုံစံသစ် နဲ့ လူလည်ကျတာလို့ဘဲ ပြောချင်ပါတယ်။

ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ် လိုက်ဇေးရှင်းလို့ ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှုတွေ လွှမ်းမိုး လာပြီလို့ ပြောနေ ဟောနေပေမဲ့ ကမ္ဘာ့ အလုပ်သမား အများစုကြီးရဲ့ဘဝကတော့ အဲဒီ ကမ္ဘာပြားတွေ တတိယ လှိုင်းတွေနဲ့ အလှမ်းဝေး နေဆဲပါဘဲ။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ မြန်မာပြည်တွင်း အလုပ်သမားတွေ ဆိုရင် နအဖ စစ်အစိုးရ လက်ချက်ကြောင့် နိုင်ငံ တကာ အလုပ်သမား တွေထက် ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။

ဂါမဏိ

သင့်ရဲဘော်ဂျာနယ် - အတွဲ (၃) အမှတ် (၁)၊ သြဂုတ်လ ၂၀၀၉ ခုနှစ်ထုတ်မှ

Ref: နေ့သစ်

Read More...

လွှတ်တဲ့အထဲ စစ်တပ်အရာရှိဟောင်းတွေ ပါဝင်

20 September 2009

မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၇၀၀၀ကျော် ထဲမှာ လုံခြုံရေး အရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင် တယ်လို့ အကျဉ်းဦးစီး ဌာန ညွန်ကြားရေးမှုး ချုပ်က ပြောခဲ့ပေမဲ့ အခုအချိန် အထိတော့ နိုင်ငံရေး အကျဉ်းသား ၁၃၀ လောက် ပဲ လွတ်မြောက် ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု လွတ်တဲ့ အထဲမှာ အရင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အတူ ဖမ်းဆီး ထောင်ချခံရသူတွေ အတော်များများ ပါဝင်တယ်လို့လည်း သိရပါတယ်။ အကြောင်းစုံ ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပါတယ်။

အခု လွတ်တဲ့အထဲမှာ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင်မယ်လို့ အကျဉ်းဦးစီး ညွန်ချုပ်က ပြောခဲ့လို ဟိုလူပါနိုးနိုး ဒီလူ ပါနိုးနိုးနဲ့ သတင်းတွေက အမျိုးမျိုး ထွက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး အတည်ပြုရတဲ့ အထဲမှာတော့ AAPP နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း အဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၁၅ဦးပဲ ရှိပါသေး တယ်။ အချို့ နယ်ထောင်တွေက လွှတ်ကြတော့ လွတ်တယ်လို့သာ သတင်းကြားတယ်၊ သက်ဆိုင်ရာ မိသားစု အိမ်တွေဆီကို ရောက်မလာ ကြသေးပါဘူး။ သက်ဆိုင်ရာကလည်း ဒီလူ ဒီလူ လွတ်တယ်ဆိုတာ မိသားစုတွေကို အကြောင်း ကြားတာမျိုးလည်း မရှိပါဘူး။ မိသားစုဝင်တွေ ကပဲ ထောင်တွေဆီ လှမ်းဆက်သွယ် တာတို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ် သတင်းမေး နေကြပါတယ်။ အခု လွတ်မြောက်လာတဲ့ အရေအတွက်နဲ့ ပတ်သက်လို့တော့ အေအေပီပီ နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း အတွင်းရေးမှုး ကိုတိတ်နိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီနေ့အထိ အတည်ပြုလို့ရတာကတော့ ၁၁၁ ဦးက အတည်ပြုလို့ ရတယ်။ အတည် မပြုရသေးတာ ကတော့ ၂၀ ကျော်ကျော် ကျန်ပါသေးတယ်။”

ဘယ်လို အတည်မပြုနိုင်တာလဲခင်ဗျ။

“အဓိက က မုံရွာက ၃ဦး ကျန်တယ်။ နောက်တခါ ရခိုင်ပြည်နယ် ဘက်က ထောင်တွေ ထဲမှာ ၂၀ လောက် ကျန်ပါတယ်။ အဲဒါတွေက ကျွန်တော်တို့က လွတ်မှန်းတော့ သိတယ်။ သို့ပေမဲ့ ဘယ်သူတွေလဲ ဆိုတာကို အတည် မပြုနိုင်တဲ့ ကိစ္စတွေ ရှိနေလို့ ဒီအတိုင်း ထားထားတာပါ။”

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောသွားတဲ့ အထဲမှာ လုံခြုံရေး အရ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့သူတွေ အခု လွှတ်တဲ့ အထဲမှာ ၂၅၀လောက် ပါမယ်လို့ ပြောပါတယ်။ အခုဆိုရင် တ၀က်လောက်ပဲ ဖြစ်နေတော့ ဒါဟာ ဘယ်လို ဖြစ်တာလဲခင်ဗျ။

“ကျွန်တော်တို့ အခု လွတ်လာတဲ့သူတွေကို ပြန်လေ့လာ ကြည့်တဲ့ အခါ ဘိုးတော် သန်းလှ အပါအ၀င် ဗိုလ်ချုပ် ခင်ညွှန့်တို့နဲ့ ပတ်သက်ပြီး၊ နောက်ပိုင်း ဖမ်းဆီးထားတဲ့ အကောက်ခွန် ဌာနက လူတွေပါမယ်။ သတင်းတပ်ဖွဲ့က လူတွေပါမယ်။ လ၀က က လူတွေပါမယ်။ အဲဒီလူတွေထဲက ပြန်လွတ်လာတာတွေ ရှိပါတယ်။”

အခုလို လွှတ်လိုက်တဲ့အထဲ တပ်မတော်သားဟောင်းတွေအတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ သီးသန့် မှာကြားချက် ပါဝင် တယ်လို့လည်း အခု အသုတ် လွတ်မြောက်တဲ့ အထဲ ပါဝင်တဲ့ ကျောင်းသား သမိုင်း စာအုပ် ပြုစုလို့ နှစ်ရှည် ဖမ်းဆီး ထောင်ချ ခံခဲ့ရတဲ့ ကိုအောင်ထွန်းကလည်း ပြောပါတယ်။

“ပဲခူးထောင် အုပ်စု ညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဖတ်ပြသွားတဲ့ အထဲမှာ တပ်မတော်သားတွေ ပါပါတယ်တဲ့။ ပါတယ်ဆိုပြီး ပြောပြီးတော့ တပ်မတော်သားတွေကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာကြားလိုက်ပါတယ် ဆိုတဲ့ စကား ကို ပြောပါတယ်ခင်ဗျ။ ပြီးတဲ့အခါမှာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက ဘာပြောသလဲဆိုတော့ နိုင်ငံတော် က စေတနာ သဘောထားမှန်နဲ့ လွှတ်လိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အတွက်ရော၊ သတင်းစာထဲမှာ ပါတဲ့ မိသားစု အခြေအနေကို ငဲ့ညှာတာ ဘာညာပေါ့၊ အဲဒါတွေ ပါပါတယ်။ ”

တပ်မတော်သား အများစုလို့ ဆိုလိုတာက အခု ကိုအောင်ထွန်းနဲ့ အတူ လွတ်တဲ့ အချိန်မှာ တပ်မတော် ဘက်က အရာရှိတွေ ပါသလား။

“ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ပတ်သက်တဲ့ အမှုတွဲက တချို့လည်း ပါကောင်းပါမယ်။ လူတွေတော့ မသိဘူး။”

တပ်မတော်သားများ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာတယ်ဆိုတာ ဘာကို မှာတာလဲခင်ဗျ။

“တပ်မတော်သားတွေက တပ်မတော်ရဲ့ စည်းကမ်းနဲ့ လိုက်နာပြီး တပ်မတော်ရဲ့ သဘောထား အစစ်အမှန်ကို နားလည်ပြီး တိုင်းပြည်ရဲ့ တတပ်တအား တနေရာရာကနေ ပါဝင် ဆောင်ရွက်ကြဖို့ အတွက်ဆိုပြီးတော့ ပြောသွားပါတယ်။”

အခု လွတ်တဲ့အထဲမှာ တရားဝင်နိုင်ငံရေးပါတီတခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃၈ဦး ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာတော့ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ် သုံးဦးနဲ့ အချို့ တိုင်းနဲ့မြို့နယ် တာဝန်ရှိသူတွေ လူငယ်ပိုင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ထဲက ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦးအပါအ၀င် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် သံဃာ့ လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အစရှိသူတွေကတော့ မလွတ်သေးပါဘူးး။

Ref: VOA News

Read More...

နိုင်ငံရေးဆက်မလုပ်ရန် လက်မှတ်မထိုးသူကို အာဏာ ပိုင်များက ဆက်လက် ချုပ်နှောင်ထား

Sunday, 20 September 2009 09:40 ရိုးမ ၃

စစ်အစိုးရ အာဏာပိုင်များက အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် နိုင်ငံရေး မလုပ်ရန် လက်မှတ် မထိုးသူ နိုင်ငံရေး အကျဉ်းသား ကိုဘမျိုးသိန်းကို အကျဉ်းထောင်ထဲတွင် ဆက်လက် ချုပ်နှောင်ထားလျှက် ရှိသည်။

စစ်အစိုးရ အာဏာပိုင်များက သရက် အကျဉ်းထောင်မှ ကိုဘမျိုးသိန်းအား ပုဒ်မ (၄၀၁) အရ အပြင်ရောက်လျှင် နိုင်ငံရေး မလုပ်တော့ကြောင်းနှင့် အကယ်၍ အလားတူ ပြစ်ဒဏ်မျိုး အပြင်တွင် ကျူးလွန် ဖောက်ဖျက်ပါက ကျန်ရှိနေသော ပြစ်ဒဏ် ကျရက်များကို ထပ်လောင်း၍ ခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုး ခိုင်းခြင်းကို ငြင်းဆန်သဖြင့် ဆက်လက် ချုပ်နှောင်ထားခြင်း ဖြစ်သည်။

သရက်အကျဉ်းထောင်မှ ကိုဘမျိုးသိန်းအပါအဝင် လွှတ်ပေးမည့် နိုင်ငံရေး အကျဉ်းသား ၈ ဦးကို ယခုလ (၁၈) ရက်နေ့ညတွင် လက်မှတ် ရေးထိုးလျှင် လွှတ်ပေးမည်ဟု လာရောက် အကြောင်းကြားပြီး အကျဉ်းထောင် ရိပ်သာတွင် တည အိပ်စေကာ လက်မှတ် ထိုးရန် ငြင်းဆန် ခဲ့သည့် ကိုဘမျိုးသိန်းကို လွှတ်မပေးနိုင်ကြောင်း ပြောဆိုတာ (၁၉) ရက်နေ့ နံနက်တွင် ထောင်ထဲသို့ ပြန်သွင်း ခဲ့ကြောင်း ၎င်း၏ ညီဖြစ်သူက ပြောသည်။

ယင်းကဲ့သို့ ထောင်ထဲသို့ ပြန်မသွင်းမှီ အာဏာပိုင်များ ဘက်မှ မိသားစုများနှင့် ဆက်သွယ်ခွင့် ပေးသည့် အချိန်တွင် ပြည်မြို့တွင် နေထိုင်သည့် ညီဖြစ်သူအား ကိုဘမျိုးသိန်းက ဆက်သွယ် အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုဘမျိုးသိန်းသည် ၁၉၉၀ ခုနှစ် အောက်တိုဘာလတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ ဦးဆောင်သော ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့နှင့် ဆက်သွယ်ကာ ၁၉၉၀ ခုရွေးချယ်ခံ အမတ်များအား ပြည်ပသို့ ပို့ဆောင် ပေးခဲ့သဖြင့် အဖမ်းခံရပြီး ပုဒ်မ ၅(ည)၊ ၁၇(၁) တို့ဖြင့် စွဲချက်တင်ကာ အင်းစိန်ထောင် စစ်ခုံရုံးမှ ၁၉၉၁ ခုနှစ် ဇန္နဝါရီလ (၅) ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

ထို့အပြင် အင်းစိန်ထောင်တိုက်ဝင်း အတွင်း၌ လျှို့ဝှက်စွာ ဖွဲ့စည်းထားသော အကျဉ်းသား အခွင့်အရေး ကာကွယ်ရေး အဖွဲ့၏ ဦးစီး အဖွဲ့တွင် NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း ဟံသာဝတီ ဦးဝင်းတင်နှင့် အတူ ကုလသမဂ္ဂ ညီလာခံသို့ အင်းစိန်ထောင်တွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းများကို စာရေးသား ပေးပို့ခဲ့သဖြင့် ၁၉၉၆ ခု မတ်လတွင် ထောင်တွင်း နောက်ထပ် ပြစ်ဒဏ် ၁၂ နှစ် ချမှတ် ခံရပြီး သရက်ထောင်သို့ ရွှေ့ပြောင်း ခံခဲ့ရကာ စုစုပေါင်းပြစ်ဒဏ် ၁၉ နှစ်တွင် ၁၈ နှစ်နှင့် ၉ လကျော် ပြစ်ဒဏ် ကျခံပြီး ဖြစ်ပါသည်။

အလားတူ ၂၀၀၃ ခုနှစ်က ကိုဘမျိုးသိန်းအား ပုဒ်မ ၄၀၁(၁) ကို လက်မှတ် ရေးထိုး ခိုင်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် ၎င်းက လွှတ်မပေးခဲ့ခြင်း ဖြစ်သည်။

ကိုဘမျိုးသိန်းသည် မွေးချင်းညီအကို ၅ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ညီဖြစ်သူ ကိုဘစိုးသိန်းမှ ထောင်ဝင်စာ သွားတွေ့နေပြီး အဖမ်း မခံရမှီက လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) ဆီထွက်သီးနှံနှင့် အစေ့ထုတ်ပြောင်း ဌာနတွင် ကျေးရွာ အုပ်စု မန်နေဂျာ တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းထောင် လက်စွဲ ဥပဒေအရ အခြား အကျဉ်းသားများ နည်းတူ ဆုမှတ်ရက်များကို ခံစားခွင့် မရှိသည့် အပြင် လွှတ်ရက်နီးပြီး ၃ လသာ ကျန်တော့သည့် ကိုဘမျိုးသိန်းကဲ့သို့ ၁၈ နှစ်ကျော် နှစ်ရှည် အကျဉ်းကျခံပြီးသည့် သူများအား ၄၀၁(၁) တွင် အကြပ်ကိုင် လက်မှတ် ရေးထိုးခိုင်းပြီး လွှတ်ပေး နေခြင်းသည် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်ကာ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရခြင်းပင် ဖြစ်သည်။

Ref: ရိုးမ ၃

Read More...

Sunday, September 20, 2009

၇၁၁၄ ဦး လွှတ်မြောက်ပေမယ့် နိုင်ငံရေး အကျဉ်းသား ၁၁၀ လွတ်မြောက်လာသည့် စာရင်း

The list of political prisoners released will be continually updated at our web site www.aappb.org as AAPP receives more information. In alphabetical order:

1. Angaelay (Mandalay prison) - student
2. Aung Gyi (Insein prison) - student
3. Aung Gyi (a) Aung Thwin (Shwebo prison) – journalist, former political prisoner, 88 Generation Students
4. Aung Ko Oo (Tharawaddy prison) - student
5. Aung Lwin (Thandwe prison)
6. Aung Myint (Myaungmya prison) - NLD member; Human Rights Defenders and Promoters member
7. Aung Myo (Shwebo prison) – NLD Township Organiser
8. Aung Naing (Insein prison) – NLD member
9. Aung Swe (Shwebo prison) - NLD member
10. Aung Tun (Tharawaddy prison) – student; member of the All Burma Federation of Student Unions
11. Aye Min (a) Aye Min Min (Tharawaddy prison) – private tutor
12. Aye Myint Mar (female) (Monywa prison) - All Burma Students Democratic Front (Western)
13. Ba Chit (Tharawaddy prison) – Ex-captain in the army
14. Ba Min (Kale prison) – NLD member
15. Bo Bo (Myingyan prison)
16. Bo Gyi (Pegu prison)
17. Chan Aung (Monywa prison) - NLD township organiser
18. Chit Thein Tun (Monywa prison) - All Burma Students Democratic Front (Western)
19. Cho Mar Htwe, (Female) (Moulmein prison) – NLD member
20. Eimt Khaing Oo, Female (Insein prison) – journalist; Cyclone Nargis volunteer
21. Hla Shein, (Hinzada prison) , Human Rights Defenders and Promoters
22. Hlaing Aye (Kale prison) - NLD MP, Former Political Prisoner
23. Hnin Hnin (female) (Monywa prison) - All Burma Students Democratic Front (Western)
24. Htay Naing Lin (Monywa prison) - Human Rights Defenders and Promoters Network
25. Htay Win (Thayet prison) – NLD Township Organizer
26. Khaing Kaung Zan, (Thayet prison) – Arakan League for Democracy in exile member
27. Khin Khin Lay (a) Khin Lay, (Female) (Pegu prison) – NLD member
28. Khin Maung Chit (Meiktila prison) - NLD Local Secretary
29. Khin Maung Thein (Shwebo prison) – NLD member
30. Khin Moe Aye (a) Moe Moe (Female), (Myingyan prison) – 88 Generation Students member; former political prisoner
31. Kyaw Kyaw Thant (Insein prison) – journalist; Cyclone Nargis volunteer
32. Kyaw Lwin, (Hinzada prison) , Human Rights Defenders and Promoters
33. Kyaw Maung (Myitkyina prison) – NLD MP
34. Kyaw Thu Htike (Taunggyi prison)
35. Kyaw Win (Tharawaddy prison) – All Burma Students Democratic Front
36. Kyi Kyi Min, (Female) (Insein prison) – NLD member
37. Kyi Lin (Myintkyina prison) – NLD member
38. Ma Ei (female) (Paungde prison)
39. Ma Htay (a) San San Myint, (Female) (Insein prison)
40. Ma Mi Mi Swe (female) (Henzada prison)
41. Maung Maung Htwe (Shwebo prison)
42. Maw Si (Shwebo prison) – NLD Youth member
43. Mi Mi Sein, (Female) (Insein prison) – NLD Township Joint-Secretary
44. Michael Win Kyaw (Kale prison) – 88 Generation Students member; former political prisoner
45. Min Min (a) La Min Tun, (Hinzada prison) , Human Rights Defenders and Promoters
46. Min Min Soe (Myingyan prison) – 88 Generation Students member
47. Moe Hlaing (Moulmein prison)
48. Moe Kyaw Thu (a) Bo Bo (Mandalay prison)
49. Moe Lwin (Moulmein prison) – individual activist
50. Monywar Aung Shin (a) U Aye Kyu (Insein prison) - Member of NLD and poet
51. Mya Sein, (Hinzada prison) , Human Rights Defenders and Promoters
52. Myint Oo (a) Ni Ni (Mandalay prison) – NLD Township organizer; former political prisoner
53. Myint Oo (Thayet prison) – NLD Township Joint Secretary
54. Myo Min Lwin (Moulmein prison)
55. Myo Yan Naung Thein (Thandwe prison) – 88 Generation Students member, former political prisoner
56. Nay Win (Myintkyina prison) – NLD Township Organizer
57. Nine Nine (Insein prison) – NLD MP, Former Political Prisoner
58. Nu Nu Swe @ Pauk Pauk (female) (Myaungmya prison)
59. Nyi Nyi Min (Buthidaung prison) – NLD member
60. Nyo Mya (Kale prison) – NLD member
61. Pe Tin (Pegu prison) – NLD member
62. Pyae Phyo Aung (a) Hnan Mue (Pa-An prison)
63. San Pwint (Kale prison) – NLD member; teacher
64. San Ya (Tharawaddy prison) – NLD member
65. Sandar Min (a) Shwee, (Myaungmya prison) – 88 Generation Students, Former Political Prisoner
66. Sandar, (Female) (Myingyan prison) – NLD member
67. Saw Myo Min Hlaing @ James (Thaton prison) - Private Tutor
68. Saw Taw Kyi (Thayet prison) – Karen National Union member
69. Shin Sandaw Batha, Monk (Insein prison) – All Burma Monks’ Alliance
70. Shwe Thar (a) Tin Win (Tharawaddy prison) – Karen National Union member
71. Soe Han (Lashio prison) – lawyer; Chair of the National League for Democracy’s (NLD) legal advisory body
72. Soe Wai (a) Than Zaw (Myitkyina prison)
73. Than Min (a) Tin Tun Aung, (Taungoo prison) – NLD member
74. Than Than Htay, (Female) (Insein prison) – student
75. Than Than Sint, (Female) (Insein prison)
76. Than Tun (Shwebo prison)
77. Than Zaw Oo (Tharawaddy prison) – NLD member
78. Thar Cho, (Thayet prison) – NLD Township Organizer
79. Thein Zaw (Tharawaddy prison)
80. Thet Oo (Taungoo prison) – Human Rights Defenders and Promoters member
81. Thet Zin (a) Maung Zin (Kale prison) – journalist; former political prisoner; member of the All Burma Federation of Student Unions and the Democratic Party for a New Society
82. Thin Min Soe, (Female) (Insein prison) – labour activist
83. Thura Win @ Thura Lin (Buthidaung) – Student
84. Tin Mar Swe (female) (Mandalay prison)
85. Tin Maung Nyunt (Shwebo prison) – NLD Township Organiser
86. Tin Mya (Insein prison) - National League for Democracy Township chairperson, Former Political Prisoner
87. Tin Myint (Insein prison) – NLD member
88. Tin Myint (Tharawaddy prison)
89. Tin Myo Htut (a) Kyaw Oo (Insein prison) – Generation Wave; former political prisoner
90. Tin Tin Myint, (Female) (Insein prison) – third year chemistry student
91. Tin Tun (a) Kyaw Swa (Tharawaddy prison) – UN Development Program staff (New Era journal distributor)
92. Tun Hla (Tharawaddy prison)
93. Tun Oo (a) Ngar Kalar (Taungoo prison)
94. Tun Tun Nyein, (Thayet prison) – NLD Youth member
95. Tun Tun Oo (a) Nanda Malar (Taungoo prison) – monk
96. Tun Tun Oo (Thandwe prison)
97. U Han Sein (Tharawaddy prison) – NLD member
98. U Myint, (Hinzada prison) , Human Rights Defenders and Promoters
99. U Pannita (a) Myint Aye (Taungoo prison) – monk; Human Rights Defenders and Promoters member
100. U Peter (Loikaw prison)
101. U Win, (Hinzada prison) , Human Rights Defenders and Promoters
102. U Zawana (a) Soe Myint (Taungoo prison) - monk
103. Win Myint (Insein prison)
104. Wunna Soe (Pa-An prison) – Democratic Party for a New Society member
105. Yan Aung Shwe (Thayet prison) – All Burma Students Democratic Front member
106. Yan Naing Min (a) Nan Wai (Mandalay prison) – student
107. Zaw Htet Aung (Kale prison) - student
108. Zaw Lin Tun (a) Phu Zaw (Monywa prison) - All Burma Students Democratic Front (Western)
109. Zaw Tun (Taungoo prison)
110. Zin Mar Aung (female) (Mandalay prison) – student; NLD member

Ref: AAPPB

Read More...

အပေါ်သို့