..............................

Friday, September 24, 2010

စစ်ရဟတ်ယာဉ်ကို ကချင်တပ်များ ပစ်ခတ်

ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ပျံသန်းနေသော စစ်ရဟတ်ယာဉ်တစီးကို ကချင်လွတ်မြောက်ရေး တပ်သားများက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်မှု ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ယနေ့မွန်းလွဲ ၁ နာရီကျော်က ဖြစ်ပွားသည်။

” စစ်တပ်ရှိတဲ့နေရာက တောင်ပေါ်ဆိုတော့ အဲဒီဘက်ကနေ ကြည့်ရင်တော့ နည်းနည်းတော့ နိမ့်မယ်။ လိုင်ဇာ တောင်ဘက်ကနေ မြောက်ဘက်ကို တက်ပြီးတော့ မြစ်ကြီးနားဘက် ပျံသွားတယ်။ လိုင်ဇာကို ပတ်သွားတယ်။ အဲဒါ ကေအိုင်အိုတွေက ခြောက်လိုက်တယ်လို့ ပြောတယ်” ဟု အမည်မဖော်လိုသော ကေအိုင်အို အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

” ကျနော်တို့ကို လာကြည့်တာ ထင်တယ်။ သူတို့လည်း လာခြောက်တဲ့ပုံစံ ထင်တယ်။ ဒေသခံတွေက ဘာမှ မစိုးရိမ်ပါဘူး။ ပုံမှန်ပါဘဲ” ဟု သူက ထပ်ပြောသည်။

လိုင်ဇာမြို့တောင်ထိပ်တွင် အပစ်ရပ် ကချင် လွတ်မြောက်ရေး (ကေအိုင်အို) အခြေချ စခန်းများ ရှိသည်။

ဤဖြစ်ရပ်ကို ကေအိုင်အိုက စုံစမ်းနေသည်ဟု ဒေသခံများက ပြောသည်။

” ရဲဘော်တွေဘက်က ပစ်ရင်ပစ်မယ်။ အထက်က တရားဝင် အမိန့်အရ ပစ်တာ မဟုတ်ပေမယ့် စစ်သားတွေ ပစ်သလား မသိဘူး၊ ကျနော်လည်း အပြင် ရောက်နေလို့။ နည်းနည်း ပစ်ခြောက်လိုက်တယ် ပြောတယ်” ဟု ကေအိုင်အေ အရာရှိတဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဖမ်းဆီးထားသည့် DKBA ကားများ ပြန်ပေး

သန်းထိုက်ဦး
Thursday, September 23, 2010

ကရင်ပြည်နယ် မြ၀တီမြို့ ရဲစခန်းတွင် ထိန်းသိမ်း ထားသော လိုင်စင်မဲ့ကား ၂၈ စီး အမှုနှင့် ပတ်သက်၍ ပြဿနာများ ဖြစ်ပွား ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်စောကျော်သက်ကို ပြန်ပေး လိုက်ကြောင်း သိရသည်။

အဆိုပါ ပြဿနာသည် ပြီးခဲ့သည့် အင်္ဂါနေ့ ညနေပိုင်းက ဗိုလ်စောကျော်သက် ဦးဆောင်သော တပ်ဖွဲ့ ၀င်များသည် ဖမ်းဆီး ထားသော ကားများကို ပြန်လိုချင်သည့် အတွက် ယင်း ရဲစခန်းသို့ သွားရောက် စီးနင်းခဲ့ရာမှ နအဖ စစ်သားများနှင့် ထိပ်တိုက် ရင်ဆိုင် တင်းမာမှု တရပ် ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးထားသော ကားများကို ပြန်ပေး လိုက်ခြင်းဖြစ်သည်ဟု DKBA နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

တင်းမာမှု ဖြစ်ပွားသည့် နေ့တွင် DKBA တပ်ဖွဲ့ဝင်များက လက်နက်မျိုးစုံ ကိုင်ဆောင်ကာ ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးသို့ ၀ိုင်းထားခဲ့ရာ နအဖ တပ်က ကား ၄ စီး ဖြင့် ရောက်ရှိလာပြီး DKBA တပ်ဖွဲ့ ၀င်များကို ပြန်လည် ၀ိုင်းခဲ့ခြင်း ဖြစ်သည်။

ဗိုလ်စောကျော်သက်၏ ကားများကို ယခုလ ၂၀ ရက်နေ့က သင်္ကန်းညီနောင် စစ်ဆေးရေးဂိတ်တွင် အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။ သိမ်းဆည်း ထားသော ကားများထဲတွင် ကျပ် သိန်းထောင်ချီ တန်သော ဂျပန်နိုင်ငံလုပ် တပတ်ရစ် စလွန်း ကားများ ပါဝင်ကြောင်း DKBA နှင့် နီးစပ်သူက ဆိုသည်။

ဗိုလ်စောကျော်သက်အဖွဲ့သည် စီးပွားရေး အဓိက လုပ်နေသော အဖွဲ့  တဖွဲ့ ဖြစ်ပြီး စစ်အစိုးရက ကမ်းလှမ်း ထားသည့် နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို လက်မခံသေးသော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရသည်။

DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းက လက်ခံခဲ့ကြသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA ထိန်းချုပ်ထားသော ၉၉၉ ဂိတ်များကို စစ်အစိုးရတပ်များက သြဂုတ်လ အစောပိုင်းတွင် DKBA အလံများကိုပါ ဖြုတ်ချ၍ မြန်မာနိုင်ငံ အလံကို လွှင့်တင်ခဲ့သည်။ ၉၉၉ ဂိတ် အမည်ကိုလည်း ဒေါနတောင် ဂိတ်ဟု ပြောင်းလဲခဲ့သည်။

နယ်ခြားစောင့်တပ်ကို DKBA အများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များ တွင် လှုပ်ရှား နေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအစီအစဉ်ကို စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ အတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။


Ref: ဧရာဝတီ်

Read More...

မြန်မာအလုပ်သမားများ မြ၀တီတွင် ငွေညှစ်ခံနေရဆဲ

ရဲရင့်
၂၃ စက်တင်ဘာ ၂၀၁၀

ထိုင်းနိုင်ငံ အတွင်းပိုင်းတွင် အဖမ်းခံရပြီး ထိုင်းလ၀ကမှ မြန်မာနယ်စပ် မြ၀တီသို့ ပြန်ပို့လိုက်သည့် မြန်မာ အလုပ် သမားများ ထံမှ မြ၀တီခရိုင် အာဏာပိုင် အဖွဲ့အစည်းများနှင့် မြန်မာ လူကယ်ရီများက ငွေကြေး ကောက်ခံမှု မပြုလုပ်ကြရန် လူကုန်ကူးမှု တားဆီးရေး အထူးအဖွဲ့ (နေပြည်တော်) က တားမြစ် ထားသော်လည်း လိုက်နာခြင်း မရှိဟု သိရသည်။

ဘန်ကောက်တွင် အဖမ်းခံရပြီး မဲဆောက်ရှိ ထိုင်းလူဝင်မှု အချုပ်ခန်းမှ တဆင့် မြန်မာနိုင်ငံ မြ၀တီဘက် ပြန်ပို့ ခံရသူများသည် မြန်မာဘက်ခြမ်း (၉၉၉) ဂိတ် အရောက်တွင် လူတဦးလျှင် ထိုင်းဘတ် (၁,၅၀၀) နှုန်းဖြင့် လူကယ်ရီများထံ မိမိကိုယ်မိမိ ပြန်ရွေး ယူကြရသည်ဟု ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဒိုင်းပြရွာမှ နန်းမူးမူးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ဒီနေ့ ထိုင်းလ၀က အချုပ်ကနေ ကျမတို့ကို မြ၀တီ (၉၉၉) ဂိတ်ကို ပို့လိုက်တယ်။ မြ၀တီ ဘက်လည်း ရောက်ရော အရပ်ဝတ်နဲ့ သေနတ် ကိုင်ထားတဲ့ လူတွေက ပြန်လာတဲ့လူ (၁၀၀) ကျော်ကို တန်းစီ ထိုင်ခိုင်းပြီး အသေးစိတ် စစ်ဆေးတယ်။ ပြီးတာနဲ့ တယောက်ကို ဘတ် (၁,၅၀၀) တောင်းတယ်။ မပေးနိုင်ရင် အဖမ်းခံရမယ်၊ နေပြည်တော် ပို့မယ်လို့ ပြောတယ်။ လူအတော် များများက ပိုက်ဆံ ပေးကြတယ်။ မပေးနိုင်တဲ့လူ (၄၀) လောက်ကိုတော့ ဘယ်ခေါ်သွားလည်း မသိဘူး” ဟု ပြောသည်။

အဆိုပါ အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ထားသူများမှာ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ကျ စစ်သားများနှင့် ဒီကေဘီအေ အဖွဲ့ဝင်များဟု သိရပြီး ငွေတောင်းခံ သူများမှာ ၎င်းတို့နှင့် ပူးတွဲ လုပ်ကိုင်ကြသည့် အရပ်သား လူကယ်ရီများ ဖြစ်သည်ဟု နန်းမူးမူးက ပြောသည်။

မဲဆောက်မြို့ရှိ တီကေလေးအထည်ချုပ်စက်ရုံမှ ကိုဌေးက “ညီမနဲ့ယောက်ဖ ဘန်ကောက်မှာ အဖမ်းခံရပြီး မြ၀တီ (၉၉၉) ဂိတ်မှာ ရောက်နေလို့ ဒီနေ့ သွားခေါ်တာ တယောက်ကို ဘတ် (၁,၅၀၀) ပေးခဲ့ရတယ်။ သူတို့ ပိုက်ဆံမပါတဲ့ အတွက် ရွာထဲက အိမ်တအိမ်မှာ သူတို့ကို ချုပ်ထားတယ်။ မြန်မာပြည်နဲ့ ထိုင်းဘက်မှာရှိတဲ့ ဆွေမျိုးတွေဆီကို ဖုန်းဆက်ပြီး ငွေလာပို့ခိုင်းတယ်” ဟု ပြောသည်။

ငွေပေးပြီးနောက် မဲဆောက်ပြန်ရောက်လာသည့် မရီရီချိုက “ကျမအစ်ကို ငွေလာပေးမှပဲ ပြဿနာက ပြီးသွားတယ်။ ငွေမရောက်ခင် အချိန်တွေမှာ ဆိုရင် ကျမတို့ကို အမျိုးမျိုး ခြိမ်းခြောက်တယ်၊ ထွက်ပြေးရင် သေနတ်နဲ့ ပစ်သတ်မယ်လို့ ပြောတယ်” ဟု ဆိုသည်။

မြ၀တီတွင် လူကုန်ကူးမှုတားဆီးရေးအထူးအဖွဲ့ (နေပြည်တော်) ရောက်ရှိနေပြီး လွန်ခဲ့သည့် တနင်္ဂနွေနေ့က စ၍ မြ၀တီရှိ လူကုန်ကူး နေသည့် အဖွဲ့များကို လိုက်လံ ဖမ်းဆီးလျက် ရှိပြီး လူကုန်ကူးမှု ကိစ္စတွင် အာဏာပိုင် အဖွဲ့အစည်းများ ပါဝင် ပတ်သက်မှု မရှိရန်၊ ထိုင်းမှ ပြန်လာကြသည့် မြန်မာ အလုပ်သမားများ ထံမှ ငွေကြေး တောင်းခံမှုများ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာခြင်း မရှိပါက အရေးယူခြင်း ခံရမည်ဟု ပြောကြားခဲ့ကြောင်း လ၀က ၀န်ထမ်း တဦးက ပြောသည်။

၎င်းက “ဒီကိစ္စက ပြောရမယ်ဆိုရင်တော့ အားလုံးသိထားကြသလို ဟန်ပြပဲဖြစ်တယ်။ ဒီလ (၁၆) ရက်နေ့က ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲ မန္တလေးမှာ လုပ်ပြီးတာနဲ့ အခုလို မြ၀တီကို နေပြည်တော်က အဖွဲ့လာပြီး ဟန်ရေး ပြတာပဲ။ ဘာမှ ထိရောက်မှု ရှိမှာမဟုတ်ဘူး။ အရင်ကလည်း ဒီလိုပဲ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ပြီးရင် အိတ်ပိုက် ပြန်ကြတာပဲ” ဟု ပြောသည်။

ယမန်နှစ် ဧပြီ (၂၄) ရက်၌ ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန် ရှိသူများက လက်မှတ် ရေးထိုးခဲ့ကြပြီး ပထမစီမံကိန်း အစနှစ် ၂၀၀၉-၂၀၁၀ ကို ရေးဆွဲ အကောင်အထည် ဖော်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုမှတ်တမ်းများအရ တရုတ်နိုင်ငံသည် လူကုန်ကူးမှုအများဆုံး တည်ရှိရာ ဖြစ်ပြီး လူကုန် ကူးသူများသည် မန္တလေး၊ ပြင်ဦးလွင်၊ လားရှိုး၊ မူဆယ်လမ်းများကို အသုံးပြုကြောင်း၊ ဒုတိယ လူကုန်ကူးမှု အများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး လူကုန်ကူးသူ များသည် မြ၀တီနယ်စပ် လမ်းကြောင်းကို အများဆုံး အသုံးပြုကြကြောင်း ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

နျူကလီးယားကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး အတွက်သာ ရည်ရွယ်

ကြာသပတေး, 23 စက်တင်ဘာ 2010


မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေ မရှိဘဲ ငြိမ်းချမ်းတဲ့ နျူကလီးယား အစီအစဉ်တွေသာ ရှိတယ်လို့ မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂကို ပြောဆို လိုက်ပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှာ ပြုလုပ်နေတဲ့ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂရဲ့ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညီလာခံမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးတင်ဝင်းက ကြာသပတေး နေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ပြည်ပ သတင်း မီဒီယာတွေ ကနေ ဒီနှစ် အစောပိုင်းက သတင်း ထုတ်ပြန်မှုတွေဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ နျူကလီးယားကို ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး သက်သက် အတွက်ကိုသာ အသုံးပြုနေတာ ဖြစ်တယ်လို့ ဦးတင်ဝင်းက ညီလာခံမှာပြောတဲ့ မိန့်ခွန်းထဲမှာ ပြောကြား သွားပါတယ်။

နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ထောက်ခံသလို နျူကလီးယား လက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးကို လိုလားတယ်လို့လည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ် ဆိုတာကို နျူကလီးယား အစီအစဉ်တွေမှာ ပါဝင် လုပ်ကိုင်ခဲ့ဖူးသူ အဖြစ် မြန်မာ စစ်တပ်က အရာရှိဟောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းရဲ့ ပြောပြချက်တွေ၊ အထောက်အထား မှတ်တမ်းတွေနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ Al Jazeera အစီအစဉ်တွေမှာ ဇွန်လဆန်း တုန်းက ထုတ်လွှင့် ပြသခဲ့ကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ

ကြာသပတေး, 23 စက်တင်ဘာ 2010

မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဖို့ အမေရိကန်က မျှော်လင့်တယ် ဆိုတာကို အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားကောင်း ပြောကြားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင်လုပ်ဖို့ လိုအပ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကိစ္စတွေကိုလည်း သမ္မတ အိုဘားမားက ပြောနိုင်တယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန် အကြီးတန်း တာဝန်ရှိသူ ဂျက်ဖ် ဘေဒါ (Jeff Bader) က ကြာသပတေးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တချို့နိုင်ငံတွေမှာ အစိုးရတွေ အပြောင်းအလဲဖြစ်ဖို့ နိုင်ငံစုံပါဝင်တဲ့ ဆွေးနွေးမှုနဲ့ ဖိအားပေးရသလို မြန်မာနိုင်ငံက အခြေအနေ တိုးတက်ဖို့ အတွက် အာဆီယံလို အဖွဲ့ကြီးက ကြိုးစားဆောင်ရွက်လို့ ရတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ နယူးယောက် မြို့မှာ ဒီကနေ့ သောကြာနေ့ တွေ့ဆုံ ဆွေးနွေးကြတဲ့ အခါ စီးပွားရေး၊ လုံခြုံရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြဖို့ရှိပြီး မြန်မာ့ အရေးကိုလည်း ဆွေးနွေး ကြဖွယ် ရှိပါတယ်။

Ref: VOA News

Read More...

ချင်းသမ္မတ ဖြစ်ချင်လို့ ကြံ့ဖွံ့က ၀င်ပြိုင်မယ့်ဒေါက်တာ

ဆလိုင်းထွန်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လျှင် ချင်းအမျိုးသားများ သမ္မတ ဖြစ်လာရန် အခွင့်သာ၍ ယင်းပါတီ အမတ်လောင်းအဖြစ် အရွေးခံရကြောင်း ဒေါက်တာမှုထန်က ပြောသည်။

အမတ်လောင်း ဦးရေ ၁,၁၀၀ ကျော်ဖြင့် တနိုင်ငံလုံး ပြိုင်မည့် ပါတီမှာ ကြံ့ဖွံ့ပါတီ ဖြစ်သောကြောင့် ချင်းအမျိုးသား အရေး ပိုလုပ်နိုင်မည့် အပြင် သမ္မတအထိ တက်လှမ်း နိုင်သဖြင့် ချင်းပြည်နယ် လွှတ်တော်အတွက် ထန်တလန်မှ ကြံ့ဖွံ့ ကိုယ်စားပြု ၀င်ပြိုင်မည် ဆိုသည်။

ဒေါက်တာမှုထန်သည် ၁၉၇၃ တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဘွဲ့ရကာ ၁၉၇၆-၈၆ တွင် ထန်တလန် ဆေးရုံတွင် အမှု ထမ်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အနေဖြင့် ထန်တလန်မှပင် ရွေးကောက်ပွဲဝင်ရာ အနိုင်ရခဲ့သည်။ စစ်အစိုးရ ကျင်းပသည့် အမျိုးသား ညီလာခံတွင် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များ တင်သွင်း ခဲ့သေးသည်။

“ချင်းတွေအတွက် အိပ်မက်မက်ချင်လို့။ ချင်းအမျိုးသား တယောက် ပါတီကြီးမှာ နိုင်ရင် တချိန်ချိန်မှာ ပြည်ထောင်စု အစိုးရထဲ ပါနိုင်မယ်။ သမ္မတတောင်မှ ချင်းလူမျိုးတွေ တက်ဖြစ် လောက်တယ် ဆိုတဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် နောင်လာ နောက်သားတွေ အတွက် အကောင်းဆုံးပါတီ ထင်လို့ ၀င်ရတာပါ” ဟု ဒေါက်တာမှုထန်က မဇ္ဈိမကို ပြောသည်။

ချင်းတိုးတက်ရေးပါတီ CPP (၃၉ နေရာ) ၊ ချင်းအမျိုးသားပါတီ CNP (အရေအတွက် မသိရသေး) စသော ချင်း ပါတီ ၃ ခုအပြင် နေရာ ၉၈၀ ပြိုင်မည့် တစညတို့လည်း ချင်းပြည်နယ်တွင် ဝင်ပြိုင်ကြမည်။

CPP နှင့် CNP ပါတီ ခေါင်းဆောင်များကမူ ကြံ့ဖွံ့တွင် ပါဝင်ခြင်းထက် ချင်းပါတီ သီးသန့်ထောင်၍ ပြိုင်မှသာ သမ္မတ ဖြစ်နိုင်သည် ဟုဆိုသည်။

“ညွန့်ပေါင်းအစိုးရမှာ ကျနော်တို့လည်း သမ္မလောင်းဝင်မယ်၊ ကြိုက်လို့ မဲပေးရင် ပိုဖြစ်နိုင်တယ်။ ကြံ့ဖွံ့မှာဆိုရင် အများစုက ဗမာတွေ ဖြစ်တော့ ချင်းလူမျိုး ဘယ်တော့မှ သမ္မတလောင်း ဖြစ်မှာ မဟုတ်ဘူး။ ကြံ့ဖွံ့ထက်တော့ ကျနော်တို့က ချင်းသမ္မတ ဖြစ်ဖို့ အခွင့်အရေး ပိုရှိတယ်” ဟု CPP အထွေထွေ အတွင်းရေးမှူး ဦးဇုမ်လှဲထန်း (Zung Hlei Thang) က မဇ္ဈိမကို ပြောသည်။

သူကဆက်ပြီး “စစ်တပ်နဲ့ ကြံ့ဖွံ့ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ ထက်ဝက်ကျော် ရရင်တော့ သူပြောတာ မှန်နိုင်တယ်။ ဒါပေမဲ့ ကြံ့ဖွံ့က မဲရမယ် မထင်ဘူး။ ကျနော်တို့လို တခြားပါတီတွေ မဟာမိတ်လုပ်ပြီး နိုင်ရင်တော့ သမ္မတလည်း ကျနော်တို့ပဲ ဖြစ်မယ်။ အလို အလျောက် ပြည်နယ် ၀န်ကြီးချုပ် ဖြစ်မယ်ဆိုတော့ ကိုယ်လူမျိုး၊ ကိုယ့်ပြည်နယ် အတွက် ပိုလုပ်နိုင်မယ်” ဟု ပြောသည်။

CNP ပါတီ ဒုဥက္ကဋ္ဌ ဦးချမ်ဟရဲ (Chen Hre) ကမူ “ကျနော်တို့ကတော့ တကယ့်ဒီမိုကရေစီ စနစ်ပဲ လိုချင်တယ်။ အခွင့်အရေးသမား ဖြစ်ရင်တော့ အခွင့်အရေး ရနိုင်တဲ့ အဖွဲ့မှာပဲ နေမှာပဲ။ CNP ပါတီအနေနဲ့ သမ္မတ မရနိုင်ရင်လည်း ဒီမိုကရေစီ အရေးတွက် ရပ်တည်တယ်။ ချင်းတိုင်းရင်းသား အနေနဲ့ သမ္မတ လုပ်နိုင်ရင်တော့ သိပ်ကောင်းပါတယ်” ဟု ပြောသည်။


Ref: မဇ္ဈိမ

Read More...

စစ်အစိုးရရာဇဝတ်မှုများ စုံစမ်းစစ်ဆေးမည့် ကော်မရှင်ဖွဲ့ရန် ထောက်ခံမှု များလာ

စိုင်းဇွမ်ဆိုင်း
Thursday, September 23, 2010

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံ လိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။

CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ စသည့် နိုင်ငံတို့က ထောက်ခံ ခဲ့ကြပြီး ယခုရက်ပိုင်း အတွင်း နယ်သာလန်၊ နယူးဇီလန်နှင့် ပြင်သစ် တို့ကပါ ထပ်မံ ထောက်ခံ လိုက်ကြသည်။

ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံ၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် လူအခွင့် အရေး ကောင်စီတွင် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သူက “မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး တွေကို အစီအစဉ် တကျနဲ့ ချိုးဖောက် ခံနေရပါတယ်၊ ကုလ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ အကြံပြုထားတဲ့ CoI ဖွဲ့စည်းဖို့ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း အခုလုပ်ရပ်နဲ့ ဖော်ပြ လိုက်တာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ပြင်သစ်နိုင်ငံက ယခုကဲ့သို့ ထောက်ခံလိုက်ခြင်းအပေါ်တွင် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ (NGOs) ဖြစ်သော Human Rights Watch (HRW) ၊ ပြင်သစ် အဖွဲ့အစည်းများ ဖြစ်သော Info Birmanie, Federation Internationale des ligues des droits de l’Homme (FIDH) နှင့် French Human Rights League တို့က ကြိုဆိုကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။

FIDH ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စ ဆူဟဲရ် ဘယ်လ်ဟက်ဆန် (Ms. Souhayr Belhassen) က“အခုဖွဲ့စည်းမယ့် CoI က စစ်အစိုးရ ရဲ့ ရာဇဝတ်မှုတွေ အတွက်ပဲ လိုအပ်တာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို တရား မျှတမှုတွေပါ ယူဆောင် ပေးနိုင်ဖို့ လိုအပ်ပါ တယ်”ဟု ပြောဆိုကြောင်း Burma Campaign UK ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

“ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထုတ်ဖော် စစ်ဆေးမည့် ကော်မရှင် တရပ် ဖွဲ့စည်းရန် စဉ်းစားသင့်ပါသည်” ဟု ကင်တာနာ က မတ်လအတွင်း၌ တင်သွင်းသော အစီရင်ခံစာတွင် တိုက်တွန်း ထားသည်။

ယင်းအစီရင်ခံစာသည် စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများနှင့် မြန်မာ အတိုက်အခံ အင်အားစုများ၏ မျှော်လင့်ချက်ကို မြင့်တက် စေကြောင်းလည်း လေ့လာ သုံးသပ်သူများက ဆိုသည်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်း ဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေ နဲ့တင် လုံလောက် နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး က ဧရာဝတီသို့ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ နှင့် ပြင်သစ်ကဲ့သို့ နိုင်ငံများ ကပါ CoI ဖွဲ့စည်းရေးကို ထောက်ခံ ထားကြသောကြောင့် စစ်အစိုးရကို ၎င်း၏ ရာဇဝတ်မှုများ အတွက် နိုင်ငံတကာခုံရုံးသို့ ပို့ဆောင်ရန် အားကောင်း နေကြောင်း ဦးသိန်းဦး က ပြောဆိုသည်။

ဥပဒေ အတိုင်ပင်ခံ ရှေ့နေကြီး ဦးအောင်သိန်းကလည်း လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် CoI ဖွဲ့စည်းရန် လိုအပ်နေသည့် အတွက်ကြောင့် ယခုကဲ့သို့ နိုင်ငံတကာမှ CoI ဖွဲ့စည်းရေးအား ထောက်ခံနေကြသည့် အပေါ်တွင် အားတက်သရော ကြိုဆိုသည်ဟု ဆိုသည်။

“နိုင်ငံတော်တော်များများက ထောက်ခံနေကြပြီဆိုတော့ CoI ကို ဖွဲ့စည်းကြလိမ့်မယ်လို့ ကျနော် ယူဆတယ်၊ ဒါပေမယ့် အရေးကြီးတာက စုံစမ်း စစ်ဆေးမှုတွေကို မြို့ပြတွေမှာပဲ မလုပ်ဘဲနဲ့ တိုင်းရင်းသား နယ်မြေတွေ အထိကိုပါ နက်နက်ရှိုင်းရှိုင်း လုပ်ဖို့ လိုပါလိမ့်မယ်”ဟုလည်း ဦးအောင်သိန်းက ပြောသည်။

လူ့အခွင့်အရေးအဖွဲ့အစည်း တချို့က ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကိုလည်း CoI ဖွဲ့စည်းရေးကို ထောက်ခံရန် မကြာသေးမီ က တိုက်တွန်း ထားသေးသည်။

Ref: ဧရာဝတီ်

Read More...

အခြားပါတီများအား မဲမထည့်ရန် ပြည်ခိုင်ဖြိုး စည်းရုံး

အောင်ထက်
၂၃ စက်တင်ဘာ ၂၀၁၀

ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ စည်းရုံးရေးမှူး များက အတိုက်အခံ အခြား ပါတီများအား ဆန္ဒမဲမထည့်ရန် လက်မှတ်များ ရေးထိုး ခိုင်းနေကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးစေမှုကို ကြံ့ဖွံ့စည်းရုံးရေးမှူးများက ၎င်းတို့အုပ်စုပိုင်၊ ၎င်းတို့နှင့်သင့်ရာ မိသားစု များကိုသာ အမည်စာရင်း ကောက်ခံခြင်း၊ လက်မှတ် ရေးထိုးခိုင်းခြင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်ကတ်များ ဝေငှခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

ယင်းသို့ လက်မှတ်များ ရေးထိုးစေသည့် လုပ်ရပ်အပေါ် ဒေသခံ တောင်သူတို့ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

“ကိုယ့်ပါတီအတွက် စည်းရုံးပေါ့။ သူများပါတီကို ပုတ်ခတ်ထိပါးပြီး မဲဆွယ်စည်းရုံးတာ နိုင်ငံကြီးသား မဆန်ဘူး။ လူ ဘယ်နှစ်ဦးကို ပါတီဝင်အဖြစ် စည်းရုံးနိုင်ရင် အခကြေးငွေ ဘယ်လောက်ရမယ် ဆိုပြီး ကြံ့ဖွံ့ပါတီမှာ အစီအစဉ် ရှိပုံရတယ်” ဟု သရက်ပင်ဆိတ် ကျေးရွာ တောင်သူတို့က ပြောဆိုကြသည်။

အဆိုပါ သရက်ပင်ဆိပ်ကျေးရွာသည် အုတ်ဖိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက် အပါအ၀င် ကျေးရွာအုပ်စု (၆၀) တွင် ပြည်ခိုင်ဖြိုး ကျေးရွာ ဆိုင်းဘုတ် စိုက်ထူထားသည့် တခုတည်းသော ကျေးရွာဖြစ်သည်။

ရန်ကုန်-ပြည် အဝေးပြေးကားလမ်းနံဘေး၏ သရက်ပင်ဆိပ်ရွာဦး ထိပ်များ၌ “ပြည်ခိုင်ဖြိုးကျေးရွာ” ဟု ဆိုင်းဘုတ် စိုက်ထူ သတ်မှတ်ခြင်း ခံရသည့်အတွက် ယင်းရွာသားတဦးက “မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း ဘယ်ကျေးရွာ အုပ်စုမှာမှ ကြံ့ဖွံ့ဆိုင်းဘုတ် အတင်မခံရဘူး။ အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ် ကျေးရွာမှာ ခုလို ပြည်ခိုင်ဖြိုးကျေးရွာ ဆိုင်းဘုတ် တင်ထားတာ (၅) နှစ်ကျော် သက်တမ်းရှိနေပြီ။ ရပ်မိရပ်ဖ အဆက်ဆက် အတိုက်အခံ မဖြစ်ချင်လို့ သည်းခံ နေခဲ့ကြတယ်။ ဘယ်သူမှ ကျေနပ်ကြတာ မဟုတ်ဘူး” ဟု ပြောသည်။

အဆိုပါကျေးရွာ၏ ကြံ့ဖွံ့စည်းရုံးရေးမှူးများဖြစ်ကြသော ဦးခင်စိန်နှင့် ဒေါ်ရီနွဲ့တို့သည် ကြံ့ဖွံ့ အခွင့် အာဏာနှင့် ရပ်ရွာ အုပ်ချုပ်ရေး အပိုင်းများကို အစဉ်သဖြင့် ဟန့်တား နှောင့်ယှက်နေသူများ ဖြစ်ကြသည်ဟု သိရသည်။

“ရပ်ရွာအတွင်း ပြေပျောက်ရမယ့် အမှုအခင်းကို ကြီးအောင်လုပ်တယ်။ ရုံးရောက်ဂတ် ရောက်ရင် သူတို့က ကူညီ သယောင်နဲ့ လာဘ်လာဘ ယူတယ်။ ကျေးရွာ ရယကတွေ ဦးဆောင်လုပ်တဲ့ လူမှုရေး ကိစ္စတွေကို သူတို့က မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် အတိုင်အတော တက်တယ်” ဟု သရက်ပင်ဆိပ် ရွာသား တဦးကပြောသည်။

ထို့အတွက် လိပ်ဥကုန်း၊ သရက်ပင်ဆိပ်၊ ဆင်မြီးတောက်ကုန်း ကျေးရွာအုပ်စုအပါအ၀င် အုတ်ဖို တမြို့နယ်လုံး၌ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီအနေဖြင့် လူထုထောက်ခံမှု ရရှိမည် မဟုတ်ကြောင်း ဒေသခံများက သုံးသပ်သည်။

“လူတွေမကြိုက်လို့ကို ကန့်ကွက်ကြမှာ။ အတော်များများလည်း မဲရုံမသွားကြဘူး။ မဲမပေးဘူး ကြားနေတယ်။ ရွေးကောက်ပွဲ နီးလို့ အာဏာပိုင်တွေက အတင်းအကျပ် ဖိအားမပေးဘူး ဆိုရင်ပေါ့လေ။ ဒါပေမယ့် နိုင်ငံရေး အသိအမြင် နည်းပါးသူတွေ၊ ပြီး-ပြီးရော သဘောထားသူတွေ၊ ကြံ့ဖွံ့ပါတီဝင် အင်အားတွေနဲ့ သူတို့ပဲ အနိုင်ရမှာပဲ” ဟု ဂုံညင်းတန်း ကျေးရွာ တောင်သူ တဦးက ပြောသည်။

အဆိုပါ မဲဆွယ်စည်းရုံးမှုပြုရန်အတွက် (၅) သိန်းတန် CDMA ကမ်းရိုးတန်းဖုန်းများကို ဖုန်းကတ်တန်ဖိုး (၂) သိန်း၊ ငွေဖြည့်ကတ် တန်ဖိုး (၃) သောင်းကျပ်ဖြင့် မြို့နယ်အဆင့် ကော်မတီဝင်များအား အငှား ချထား ပေးနေသည်ဟု သိရသည်။

“ပြည်ခိုင်ဖြိုး (ဗဟို) ကနေ မဲဆွယ်စည်းရုံးစရိတ် တမြို့နယ်ကို သိန်း (၁၀၀) သတ်မှတ်ထားတယ်လို့ သိရတယ်။ ဒါကြောင့် အစိုးရ သွင်းငွေ (၅) သိန်းအတွက် ကမ်းရိုးတန်းဖုန်းတလုံးကို (၃) သိန်းစိုက်ထုတ် ကုန်ကျနိုင်တာဖြစ်မယ်” ဟု ဒေသခံတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ရခိုင်ပြည်နယ်မှ ဆင်ဖြူတကောင် ဖမ်းဆီးရမိပြန်

တက်လူ
၂၃ စက်တင်ဘာ ၂၀၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဆင်ဖြူတကောင်ကို ထပ်မံ ဖမ်းဆီးရမိကြောင်း မောင်တောမြို့နယ် သစ်တော ဦးစီးဌာနမှ သိရှိရသည်။

ယင်းဆင်ဖြူမှာ ဆင်ထီးဖြစ်ပြီး စက်တင်ဘာ (၁၉) ရက်နေ့၌ မောင်တောမြို့နယ် ငါးခူရ ကျေးရွာ အုပ်စု အနီးမှ ဖမ်းဆီး ရမိကြောင်း မောင်တော သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “အခုလောလောဆယ်တော့ ဒီမှာပဲထားပါတယ်။ ယဉ်ပါးအောင်ပေါ့။ အရင်တခေါက်ကလိုမျိုး နေပြည်တော် ကိုပဲ ယူဆောင်မယ်လို့ သိရတယ်။ ဒါဟာ ကျနော်တို့ ရခိုင်မှာတော့ နိမိတ်ကောင်းတယ်လို့ ပြောနေကြတယ်” ဟု ဆိုသည်။

အဆိုပါဆင်ဖြူကို နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) အဖွဲ့များ၊ သစ်တောဦးစီးဌာန တာဝန် ရှိသူများက ပူးပေါင်း ဖမ်းဆီးခြင်းဖြစ်ပြီး ယခုအခါ ဆင်ဖြူကို မောင်တောမြို့နယ် ငါးခူရ ကျေးရွာအုပ်စုမှ သစ်တော စခန်းတွင် ယာယီ ထိန်းသိမ်း ထားကြောင်း သိရသည်။

ယခုရရှိသော ဆင်ဖြူကို မကြာမီ နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း၊ ဆင်ဖြူတော်၏ အသက် အရွယ်ကို ကျွမ်းကျင် သူများက စစ်ဆေးဆဲ ဖြစ်ကြောင်း သစ်တော အရာရှိတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့၌ မောင်တောမြို့နယ်က ရရှိထားသော ဘဒ္ဒ၀တီ အမည်ရှိအသက် (၃၇) နှစ်အရွယ် ဆင်ဖြူကို နေပြည်တော် ရွေတိဂုံ စေတီပုံတူ ဥပ္ပါတသန္တိ စေတီတော် ဝတ္တက မြေနေရာတွင် သြဂုတ်လ (၉) ရက်နေ့က အဆောင် တည်ဆောက်ကာ ထားရှိကြောင်း အစိုးရပိုင် သတင်း မီဒီယာများက ဖော်ပြသည်။

ယခုအကြိမ် ဖမ်းဆီးရမိသော ဆင်ဖြူအပါအဝင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင် မြို့နယ် တို့မှ ဖမ်ဆီးရမိသော ဆင်ဖြူ စုစုပေါင်း (၅) ကောင်ရှိပြီ ဖြစ်သည်။


Ref: ခေတ်ပြိုင်

Read More...

ဒီမိုကရက်တစ်ပါတီ ဟောပြောမည့် စာမူ အပယ်ခံရ

မင်းနိုင်သူ
Thursday, September 23, 2010

ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခွင့် အတွက် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသည့် စာမူ ပယ်ချခံခဲ့ရ သောကြောင့် ယနေ့ထပ်မံ၍ စာမူသစ် တင်ပြရကြောင်း သတင်းရရှိသည်။

“ဒီနေ့ ပါတီဥက္ကဋ္ဌ ဦးသုဝေ ကိုယ်တိုင် နေပြည်တော်မှာ စာမူ သွားပြန်တင် နေပါတယ်။ ၂၆ ရက်နေ့မှာ ပါတီရဲ့ ဟောပြော ချက်တွေ ရုပ်သံလွှင့်ဖို့ လာတင်ပါ ဆိုတဲ့အတွက် ၂၃ ရက်နေ့ လောက်က လျှောက်လွှာ စာရွက် ၇ မျက်နှာ တင်ပြ လိုက်ပါတယ်။ အဲဒါကို မူဝါဒတွေနဲ့ မညီညွတ်ဘူး ဆိုပြီး ပယ်ချလိုက်တဲ့ အတွက် အခု သွားပြန်တင် တာပါ” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဗဟို အလုပ် အမှုဆောင် ဦးသန့်ဇင်မြင့်က ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ပါတီကို နိုင်ငံပိုင် အသံလွှင့်ဌာနနှင့် ရုပ်သံဌာနများမှ ပါတီမူဝါဒ သဘောထားများ ဟောပြောခွင့် ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်က ကြေညာခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်စေရန်၊ နိုင်ငံတော်အား အကြည်ညို ပျက်စေရန်၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောခြင်းများ မပြုလုပ်ရန် စသည့် ကန့်သတ်ချက် ၉ ချက်ကို ဖော်ပြထားသည်။

ပါတီများ၏ ဟောပြောမှုကို ၁၅ မိနစ်စာ ခွင့်ပြုမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသာ ဟောပြောခွင့် ရမည် ဖြစ်ကြောင်း၊ ဟောပြောမည့် အကြောင်း အရာသည် လျှောက်လွှာစာရွက် ၇ ရွက်ထက် မပိုစေရဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ ကြို တင်ပြရမည်ဖြစ်ပြီး ကော်မရှင်က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း စိစစ်မည် ဖြစ်ကြောင်း သိရသည်။

“ပါတီရဲ့ ဟောပြောချက်မူကြမ်းဟာ နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနဲ့ ငြိတယ်လို့ အကြောင်း ပြတယ်လို့ သိရတယ်။ ပါတီရဲ့ ဟောပြောချက် မူကြမ်းကို နေပြည်တော်မှာ ရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရတာပါ။ ပြန်ကြားရေးကို တိုက်ရိုက် တင်ရတာ မဟုတ်ပါဘူး။ ဘယ်အချိန် လွှင့်ပေးမယ် ဆိုတာလည်း မသိရသေးပါဘူး” ဟု ဦးသန့်ဇင်မြင့်က ပြောသည်။

ပါတီများ၏ မူဝါဒ သဘောထား ဟောပြောမှု မတိုင်မီ သို့မဟုတ် ဟောပြောမှုအပြီးတွင် သီချင်းလွှင့်ခွင့် ရမည် ဖြစ်သော်လည်း ထို သီချင်းများကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ သီးသန့် တင်ပြကြရဦးမည် ဖြစ်ကြောင်းလည်း သိရသည်။

ပါတီများ ဟောပြောခွင့်ကို တရက်လျှင်၂ ပါတီ ဖြင့် ၂ သုတ်ခွဲ ထုတ်လွှင့်မည်ဖြစ်ပြီး ပထမ အသုတ်မှာ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိ ဖြစ်သည်။ မြို (ခေါ်) ခမီ အမျိုးသား ညီညွှတ်ရေး ပါတီက ပထမဆုံး ဟောပြောခွင့် ရမည် ဖြစ်ကြောင်း၊ ဒုတိယ အသုတ် ဟောပြော တင်ပြခွင့်ကို အောက်တိုဘာ ၁၂ ရက်တွင် တကျော့ပြန် စတင်မည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက် ၅ ပါတီကို လွှတ်တော် သုံးရပ် စလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် ဖျက်သိမ်းခဲ့ရာ ယခုအခါ ၃၇ ပါတီသာ ကျန်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် တည်ဆဲပါတီဟောင်း ၅ ပါတီကိုလည်း ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်သောကြောင့် ဟုဆိုကာ ဖျက်သိမ်းခဲ့သည်။

ကျန်ရှိသော ပါတီများအနက် ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် သုံးရပ်စလုံးတွင် မဲဆန္ဒနယ် ၁၁၀၀ ကျော်တွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ အင်အား အကြီးဆုံး ပါတီဖြစ်နေပြီး ပါတီ မူဝါဒများကို ရောင်စုံ စာမျက်နှာများဖြင့် ဖော်ပြထားသည့် သတင်းလွှာ စောင်ရေ တသိန်းအား စက်တင်ဘာ လ နှောင်းပိုင်းမှစ၍ အခမဲ့ ဖြန့်ဝေနေပြီ ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်းများ ဆက်လက်တင်ပြလျက် ရှိရာ နောက်ဆုံး တင်ပြသည့် ပါတီမှာ ကမန် အမျိုးသား တိုးတက်ရေး ပါတီ ဖြစ်ပြီး ပါတီဝင်အင်အား တင်ပြပြီးသည့်ပါတီ ၃၅ ပါတီ ရှိပြီ ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ်

Read More...

Thursday, September 23, 2010

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားခဲ့ကြစဉ်က ……

စက်တင်ဘာ ၂၂၊ ၂၀၁၀

တပ်မှူးတပ်သား ပြောစကား (၀၂၆)
၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းခဲ့ပြီးတဲ့နောက်၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ကြားက အာဏာ လွန်ဆွဲမှုတွေနဲ့၊ ၁၉၉၂ ဧပြီလမှာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေကို၊ အပိုင်း ၂ ပိုင်း ခွဲပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောပြ ခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ၊ ဦးအောင်လင်းထွဋ်ရဲ့ ပြောစကား နောက်ဆုံးအပိုင်းကို ဦးရော် နီညိမ်းက စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီး စောမောင် လူလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး ပေါ့လေ။ နောက်တယောက်က (ဒုတိယ) ဗိုလ်မှူးကြီး ခင်မောင်သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီ အချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကော၊ ဗိုလ်မှူးကြီး ခင်မောင်သန်း [နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း] ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံးမှာ မမြင်ချင်ဘူး” ဆိုတဲ့ အခါကျတော့ ဗိုလ်ချုပ်ကြီး တင်ဦးက ဘယ်သူမှ ရာထူး မပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး ဆိုပြီး တော့မှ ကရင်ပြည် နယ်ဘက်ကို သွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုး ရှိပါတယ်။ [ကစထမှူး= ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများ အထက်မှ ကွပ်ကဲရသော စစ်ရာထူး]

နောက်တယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီး ဗိုလ်မှူးကြီး [ကက(ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦးစီး ဗိုလ်မှူးကြီး(ကြည်း) အဖြစ် ရာထူး တက်ခဲ့ပြီးနောက်] ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅) ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီ အချိန်အခါ တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်က လုပ်တယ် ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံနေရတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလို ပြောရသလဲ ဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြ အရာရှိပေါ့လေ၊ ဒီ ကကလှမ်း [ကာကွယ်ရေး ၀န်ကြီးဌာန တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံး] နဲ့တော့ အမြဲ သွားဟယ် လာဟယ် အဆက်အသွယ် ရှိတယ်။ ဗိုလ်ချုပ်ကြီးစောမောင် အနားမှာ နေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင်စိုး [ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကိုယ်ရေး အရာရှိများ] တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့က အမြဲတမ်း ထိတွေ့ ဆက်ဆံ ပြောဆို နေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့ အခါကျတော့ ပိုသိရပါတယ်။

[ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း = "နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ" အဖွဲ့ဝင် အဖြစ်၊ အဆိုပါ စစ်ကောင်စီ စတင် ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃ )၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၈ တွင် ကစထမှူး အဖြစ်မှ ဖယ်ရှားခံရပြီး "နအဖ ကောင်စီ"၀င် အဖြစ်မှပါ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားပေး ဖယ်ရှားခြင်း ခံခဲ့ရသူ]

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကို ပြန်မယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီး စောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တယောက်ထဲမှာ ရှိတာလား၊ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်”ဟာ၊ (၈၃) ရာခိုင်နှုန်း လောက်နဲ့ အပြတ်အသတ် အနိုင်ရ သွားတဲ့ အချိန်မှာ အဲဒီ အနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ် ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး စောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူတကယ် ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ် ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ ကလိမ်ကကျစ် လုပ်ပြီးတော့မှ ပြောတဲ့ အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်း နေတဲ့ အေဒီလမ်း အရှေ့က အင်းလျားလေးစခန်း ဆိုတာ ရှိပါတယ်။ သနက(၅) [ဗမာ့သေနတ်ကိုင်တပ်ရင်း - ၅] တပ်ရင်းက၊ ဒေါက်တာ မောင်မောင်ရဲ့သား အငယ် ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင် ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာ ၂ လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါတယ်။ int. cover (intelligence cover = ထောက်လှမ်းရေး အကာအကွယ်) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့ အချိန်ခါမှာ ဗိုလ်ချုပ်ကြီး စောမောင်ကော၊ ဗိုလ်မှူးကြီး ခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်ကို မကြာမကြာ အ၀င်အထွက် ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီး သန်းရွှေ golf ရိုက် တော့ အနီးကပ် လုံခြုံရေး လိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golf ရိုက်တာ ကို ရပ်ပြီးတော့၊ သူတို့ golf clubကို ပြန်ပါတယ်။ golf club ရောက်ပြီးတော့မှ ဦးနေ၀င်းရဲ့ကား ယာဉ်တန်း ၀င်လာပါတယ်။ ဘာလုပ်ရလဲ ဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန်မြို့မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လို လုပ်မယ် ဆိုတာကို ကျူတံ ထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီး သန်းရွှေက ရှင်းပြ ခဲ့ရပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီ အချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

[ကိုကျော်သူ = အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် (၁၃)၊ ၁၉၇၁ = လက်ရှိ ၀န်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး]

[ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆)၊ ၁၉၇၆ = ဒေါက်တာမောင်မောင်၏ သားငယ်]

[ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၂) ကစထမှူး နှင့် နောက်ပိုင်း သစ်တောရေးရာ ၀န်ကြီးဟောင်း]

[ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် နောက်ပိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်း]

[ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် စစ်ထောက်ချုပ် နှင့် နောက်ပိုင်း ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဟောင်း]

[ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် တို့အား ၁၉၉၇ခုနှစ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်ခင်အား ၂၀၀၁ ခုနှစ်တွင် ၎င်းတို့ ၏ ၀န်ကြီးအဖွဲ့ (Cabinet) အတွင်း နောက်ဆုံး ရာထူးများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖယ်ရှား အနားပေးခဲ့သည်။]

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထု အုံကြွမှု အရေးတော်ပုံကြီး နောက်ပိုင်းမှ ပေါ့နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီ ပြောသလို ပြောထား ပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင် မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော် ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူး သဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ်ကြီး မြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည်းပဲ လေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာ လွှဲပေးရမှာလဲ” ဆိုတဲ့ အတွေး အခေါ်မျိုး တော်တော် များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့ အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေ ထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာ လွှဲမပေးချင်တဲ့ အုပ်စုက တစု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ် ဆိုတာ ဗိုလ်ချုပ်ကြီး စောမောင် တယောက်တည်း ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အဲဒီအချိန်ခါ ကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့ အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဲဒီခြံထဲ ၀င်သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထား မိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗိုလ်မှူးကြီး ကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရသေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်က ပေါ့ဗျာ။

[ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ် အနိုင်ရ ခဲ့ပြီးနောက်၊ ပါတီဥက္ကဋ္ဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီး ကြည်မောင်က၊ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး နာဇီဂျာမန် ခေါင်းဆောင်များအား စစ်နိုင် မဟာမိတ် နိုင်ငံများက၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့(Nuremberg) တွင် စစ်တရားခုံရုံး တင်ပြီး စစ်ဆေး အပြစ်ပေး သကဲ့သို့၊ NLD က ဦးဆောင်၍ အစိုးရသစ် ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့ တပ်မတော်မှ စစ်ခေါင်းဆောင် တချို့အား၊ “နုရင်ဘတ် ခုံရုံး” ကဲ့သို့ ခုံရုံးတင် စစ်ဆေး အပြစ်ပေးတာတွေ လုပ်ကောင်း လုပ်ဘွယ်ရှိမည် ဟု၊ လူသိရှင်ကြား ပြောဆိုခဲ့သည့်ကိစ္စ]

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တ အထဲမှာ နှစ်ခြမ်း ဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှ တပါး ကျန်တဲ့ လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ သြဇာ၊ အာဏာ ကျသွားပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီး စောမောင်က ရုတ်တရက် ကောက်ပြီး အာဏာ ယူလိုက်တဲ့ အခါကျတော့ အာဏာ တည်ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာဏာ တည်ဆောက် လို့ရမယ်၊ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာ မရှိဘူး၊ သူကိုယ်တိုင် အဖြုတ် ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီး စောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ်လို ဖြစ်လာတာလဲ ခင်ဗျ၊ အားလုံး အတူတူ လက်ဝါး ရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့ အကြံအစည်နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့လည်း ပါတယ်ခင်ဗျ၊ တဖက်မှာလည်း ဗိုလ်ချုပ်ကြီး စောမောင်အနေနဲ့ ဦးနှောက် ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီး စောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီး စောမောင် မသိအောင် အရင် အင်္ဂလန် သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ် ကျော်ဝင်း၊ အဲဒီ အချိန်တုန်းက (တပ်မတော်) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာ ရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့် အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင် စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့ စစ်ထောက်ချုပ်တို့ အဲဒီ “ချုပ်”တွေနဲ့ ညွှန်ကြားရေးမှူး တွေနဲ့ သူတို့ ယုံကြည်တဲ့လူ လက်တဆုတ် စာလောက် နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘောလား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ် ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လို လုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီး သန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီး စောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေးမယ် ဆိုတာ သူကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူ သဘောမျိုး၊ အခု ပြန်စဉ်းစား ကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲ ဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေး အရာရှိတွေ တပ်မတော်(လေ) လေယာဉ်လေးတွေ PC လေးတွေနဲ့ တိုင်းတတိုင်းကို တယောက် စာအိတ် တအိတ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီ စာအိတ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေး အရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀) တိုင်းရှိတယ်နော်၊ မန္တလေးကို အဲဒီ အချိန်တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ။

[၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း (၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက်ပိုင်း ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ - တောင်ငူ) မှ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ - တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ၁၉၉၇ နောက်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ - တောင်ကြီး) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ - တောင်ကြီး) နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် (တသခ - ကျိုင်းတုံ) ဟူ၍ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ - မော်လမြိုင်) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ - မော်လမြိုင်) နှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် (ကရခ - မြိတ်) ဟူ၍ ဖြစ်ပေါ်လာသည်။ ၂၀၀၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ - တောင်ငူ) တို့မှ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်းမြို့နယ်တို့ အပါအ၀င် ငါးမြို့နယ်ကို ထုတ်နှုတ်ပြီး၊ အရပ်ဘက် အုပ်ချုပ်ရေးတွင်လည်း နေပြည်တော်တိုင်းဟု လည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင်လည်း နေပြည်တော်တိုင်း စစ်ဌာနချုပ် (နပတ) ဟု စစ်တိုင်းအသစ် ထပ်ဖွင့်ခဲ့သည်။ ယခုအခါ ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် စုစုပေါင်း စစ်တိုင်း (၁၃)တိုင်း ရှိသည်။ နေပြည်တော်တိုင်း စစ်ဌာနချုပ် (နပတ) အား ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) (ကက-ကြည်း) ရုံးက တိုက်ရိုက် ကွပ်ကဲပြီး၊ ကျန် စစ်တိုင်း (၁၂) အား ကစထ (၆)ခုက ကွပ်ကဲသည်။]

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်းမှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေလား။ နောက်တသုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တသုတ် ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ် ကက်စိန်တို့ အသုတ်လား ခင်ဗျ။

[ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = န၀တ အဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွား ကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများ ထဲတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ် ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် ယခု အကျဉ်းချ ခံထားရသည်။]

[ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = န၀တ အဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွား ကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယ အသုတ် စစ်တိုင်းမှူးများ ထဲတွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူ သွားခဲ့သည်။]

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တ အဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည် တို့ပဲ ရှိသေးတယ်။ အဲဒီ အချိန် တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေး ၀န်ကြီး မဖြစ်သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေးတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ် ဆိုရင်၊ ဟို တခါ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စတုန်းက လိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံး အရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့်ကို လာပြီး စည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီ လိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံး အစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှ ဖြစ်မယ်ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှ မဟုတ် တဦးတယောက် လောက်က သဘောမတူဘူး၊ ဒီလိုတော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

[ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ ကိုယ်ရေး လုံခြံရေး အရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်၍ လူငယ် အရာရှိများမှ၊ ထိုစဉ်က မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် ထိပ်တန်း ခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီး တချို့က ကာကွယ်ရေး ဦးစီးချုပ်နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံ အစည်တွင် ပါဝင်နေမှု ရှိမရှိ သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ်တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲဘဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်]

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့ သဘောပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာ လိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ်တိုင်းမှူးတွေကိုပါ လက်ဝါး ရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများ ရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေ ဆီက။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီး သန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုး ပြီးတော့မှ ဆူပူ တာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေ ရှိနေတော့ ကျနော်တို့ ပြန်သိ သလောက်ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တယောက်နဲ့ တယောက် အတူ တွဲလုပ်လာပြီးမှ၊ သစ္စာ မဲ့ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာ ယူမယ် ဆိုရင်လည်း၊ သူ့ကိုပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ”၊ အခု ရေဒီယို တီဗီတို့က သတင်း ထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထားလိုက် တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာ ရှိတဲ့ တပ်မတော် ဧည့်ဂေဟာမှာပဲ နေပါတယ် ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်းက အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီး စောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေးပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေ များလွန်းတဲ့ အတွက်ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ်လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင် အိမ်က ကျနော်တို့ စစ်ရုံး ၀င်းထဲမှာ ရှိတဲ့ အတွက်ကြောင့် မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီဝင်းထဲမှာ ထိန်းထား လိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ အကျယ်ချုပ် သဘောမျိုး ချထား တယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီ ဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လိုများ ဆက်ဖြစ်ပါသလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “One” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်း ပေးလိုက်ရင် သူလည်း နံ ပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီ အချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ် မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူးလို ဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယဥက္ကဋ္ဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီး သန်းရွှေ နေရာကို ဘယ်သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန်တွေ ကြားထဲမှာကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနနဲ့ဆိုင်တဲ့ သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီး ကျော်သိန်း [ဗိုလ်မှူးအောင်လင်းထွဋ်၏ အထက်မှ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲ ထောက်လှမ်းရေး’ ဌာနမှူး] တို့ ခရီးသွားတဲ့ အခါမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ကိုယ်တိုင် တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြား ဆက်ဆံရေးပေါ့၊ နိုင်ငံခြား သံရုံးတွေက လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် တခါ ၀င် သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်”ဆိုတဲ့ ကြောက်ကြောက်နဲ့ပါပဲ။ ကျနော် တို့က အဆင့်အများကြီး ကွာတဲ့ အခါကျတော့ ၀င်သတင်းပို့တယ်။ ပို့တဲ့ အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင်လဲ” ဆိုပြီး မေးတော့ ကျနော်တောင်မှ “ကျနော် မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ် ဖြစ်မလာတဲ့ အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက် စစ်အာဏာ သိမ်းချိန်က ဖြစ်စဉ် နဲ့ ၁၉၉၂ ဧပြီလ မှာ ဗိုလ်ချုပ်ကြီး စောမောင်ကို ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဦးဆောင် ပြီးတော့ အဲဒီအချိန်က “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” တဖွဲ့လုံး စိတ်တူ သဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေ အကြောင်း ဗိုလ်မှူးအောင်လင်းထွဋ် ရဲ့ ပြောစကားတွေကို ၂ ပိုင်း ခွဲပြီး တင်ဆက် ခဲ့တာပါ ခင်ဗျာ၊ နောက်သီတင်းပတ် စက်တင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့ နံနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ရှစ်လေးလုံး အရေး တော်ပုံကြီး ကာလမှာ ပြည်သူလူထု ဘက်ကို ကူးပြောင်းလာခဲ့တဲ့ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခြေမြန် တပ်ရင်း တရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို တင်ဆက် ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ၊ စောင့်မျှော် နားဆင်ကြပါ၊ ကျနော် ရော်နီညိမ်းပါ။

Ref: မိုးမခ

Read More...

မဲမရနိုင်မည်ကို သိ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ဒေသခံများ ပြောကြား

ဗုဒ္ဓဟူးနေ့, 22 စက်တင်ဘာလ 2010


ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာထားသည့် ကရင်နီပြည် မြို့နယ် နှစ်မြို့နယ်မှ ကျေးရွာများသည် တောကျသည့် ဒေသ ဖြစ်သည့်အပြင် မဲမရနိုင်သည့် ဒေသလည်း ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပ မပေးနိုင်ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောကြပါသည်။

“အဲဒီဒေသတွေက အရင်တုန်းက သူတို့အတွက် မဲမရတဲ့ဒေသ ဖြစ်တယ်။ ဒီလိုပါဘဲ သူတို့ ခေတ် ဆိုတော့လည်း အရင်က သူတို့ကဘဲ ကောက်လိုက် တာလေ။ ရုံးက စာရင်းတွေမှာ အခုလည်း သူတို့ ကိုယ်တိုင် ကွင်းမဆင်း နိုင်လို့ ဖြစ်မှာပါ။ နောက်ဆုံးတော့ လုံခြုံရေး မနိုင်ဘူး ပြောလာမယ်လေ သူတို့က” ဟု လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါသည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့်ဟု ဆိုကာ ကရင်နီပြည်နယ် အပါအ၀င် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဒေသအချို့တို့၏ နာမည်စာရင်းများကို ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်ပါသည်။

“လုံခြုံရေးအရ ဖြစ်မှာပေါ့။ သူတို့ဘယ်လာ၊ မိုင်းဗုံးဘယ်လာထောင်ရဲပါ့မလဲ။ သူလာရင် စစ်တပ်နဲ့ လာရမှာပဲ။ စစ်တပ်နဲ့ လာရင် စစ်ဖြစ်မယ်။ ဆိုတော့ ရွေးကောက်ပွဲ ဘယ်လုပ်လို့ ဖြစ်မလဲ။ ဒါက သူ့ဟာသူ ပြောပဲလေ။ သူရွေးတယ်၊ မရွေးဘူး ဆိုတာ ဘာမှ မဆိုင်ဘူး။ သူတို့ဟာ သူတို့ နိုင်ပြီးသား။ သူလုပ်ထားပြီးသား။ စရင်းဇယား သူလက်ထဲမှာ ရှိပြီးသားပဲလေ။ ဒါပေမယ့် မျက်နှာလှည့်သွားတာပဲသူ” ဟု ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးမှ ပြောကြားသွားပါသည်။

ရွေးကောက်ပွဲ မကျင်းပပေးနိုင်သည့် ဒေသများမှာ ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကေကော ကျေးရွာအုပ်စု၊ သိုသီဖို ကျေးရွာအုပ်စု၊ ရောဒေါ်ခေါ ကျေးရွာအုပ်စု၊ ဒိုမိုစော ကျေးရွာအုပ်စုနှင့် ဖာဆောင်းမြို့နယ်အတွင်းရှိ ကရယ်ခီး ကျေးရွာအုပ်စု၊ မိုဆာခီး ကျေးရွာအုပ်စု၊ ကွာခီးကျေးရွာအုပ်စု၊ ကော်သူဒိုးကျေးရွာအုပ်စု၊ ဘဟန်းလော ကျေးရွာ အုပ်စုများ ဖြစ်သည်။

ကြေညာထားသည့် ဒေသများမှ ဒေသခံများသည် နိုင်ငံသားကဒ် (မှတ်ပုံတင်) တဦးမျှ မရှိပဲ တရွာလျှင် မြို့ရောက်ဖူးသည့် သုံး၊ လေးယောက်ခန့်သာ မှတ်ပုံတင်များ ရှိကြပြီး ၎င်းဒေသခံများ မြို့သို့ တက်လျင်လည်း စစ်တပ်များက သူပုန် (တော်လှန်သူ) အဖြစ် သတ်မှတ်ကြသည်ဟု ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။

Ref: ကန္တာရဝတီတိုင်းမ်

Read More...

DKBA နှင့် နအဖတပ် တင်းမာမှုဖြစ်

ဘစောတင်
Wednesday, September 22, 2010

ကရင်ပြည်နယ် မြ၀တီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ မှူး စခန်းအနီးတွင် ယမန်နေ့ ညနေပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များနှင့် နအဖ စစ်သားများ ထိပ်တိုက်ရင်ဆိုင် တင်းမာမှု တရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တင်းမာမှု ဖြစ်ပွားသူများမှာ ကလိုသူးဖော အခြေစိုက် DKBA (၉၀၇) မှ ဗိုလ်စောကျော်သက် ဦးဆောင်သော တပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်နှင့် သင်္ဃန်းညီနောင် ဗျူဟာမှူးရုံးမှ နအဖ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်တို့ ဖြစ်ကြောင်း သိရှိရသည်။

ယင်း DKBA တပ်ဖွဲ့ဝင်များသည် လက်နက်မျိုးစုံ ကိုင်ဆောင်ကာ ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးကို ၀ိုင်းထားခဲ့ရာ နအဖ တပ်က ကား ၄ စီး ဖြင့် ရောက်ရှိလာပြီး DKBA တပ်ဖွဲ့ ၀င်များကို ၀ိုင်းခဲ့ခြင်း ဖြစ်သည်ဟု မြ၀တီမှ ရဲဝန်ထမ်း တဦးက ဧရာဝတီသို့ ပြောပြသည်။

“၀ိုင်းရတဲ့ အကြောင်းရင်းကတော့ ၂၀ ရက်နေ့က ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနဲ့ အဖွဲ့စုံ ဒေသခံ အာဏာပိုင် အဖွဲ့အစည်း တွေက တံတားကျိုး ဂိတ်မှာ စောင့်ဖမ်းတဲ့ ကားကိစ္စပါ။ ဖမ်းထားတဲ့ ကား ၄၇ စီးထဲမှာ သူတို့ကား ၇ စီးပါတယ်။ အဲဒီ ကား ၇ စီးကို ပြန်လိုချင်လို့ လာတောင်းတာ”ဟု ၎င်းက ဆိုသည်။

ဗိုလ်စောကျော်သက် အဖွဲ့သည် စီးပွားရေး အဓိက လုပ်နေသော အဖွဲ့ဖြစ်ကြောင်း နီးစပ်သူ တဦးက ပြောသည်။

မြ၀တီ မြို့ခံတဦးကလည်း “မနေ့ကတော့ ချကြပြီထင်တာ။ မြ၀တီတမြို့လုံး ဟိုးဟိုး ကျော်သွားတယ်။ တခါမှ မြို့ထဲမှာ ဒီလို ရင်ဆိုင်ပြီး တင်းမာတာကို မတွေ့ဘူးကြတော့ အားလုံးက ထိတ်လန့် သွားကြတယ်”ဟု ပြောဆိုသည်။

နအဖ စစ်သားများ ၀ိုင်းထားပြီးနောက် အခြေအနေပိုမို တင်းမာလာခဲ့ရာမှ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စဖရ) မှ ဗိုလ်ကြီး ညီညီလွင်နှင့် ဗိုလ်စောကျော်သက် တို့ ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း၊ ထို့နောက် DKBA တပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်း သွားခဲ့ကြောင်း သိရသည်။ နှစ်ဘက် ညှိနှိုင်းမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရပေ။

ဗိုလ်စောကျော်သက်တို့ အဖွဲ ည် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးကို မ၀ိုင်းမီ မြ၀တီ စရဖ ရုံးကို ၀ိုင်းခဲ့သေးသည်ဟု စရဖ နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

“စရဖ ရုံးကနေ ခရိုင်ရဲရုံးကို အပ်လိုက်လို့ သူတို့ ခရိုင်ရဲရုံးကို သွားပြီး ဆက်ဝိုင်းကြတာ။ အခု ဖမ်းတာက စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) မှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး ကိုယ်တိုင်ဖမ်းတာ ဆိုတော့ စရဖ ဖြစ်ဖြစ် ရဲဖြစ်ဖြစ် ဘယ်လို ပြန်ထုတ်ပေးလို့ ရမလဲ”ဟု ၎င်းက ဆိုသည်။

ဗိုလ်စောကျော်သက်တို့ ထံမှ သိမ်းဆည်းထားသော ကားများထဲတွင် ကျပ် သိန်းထောင်ချီ တန်သော မှန်လုံကားကြီး များ ပါဝင်သည် ဟုလည်း စရဖ နှင့် နီးစပ်သူက ပြောသည်။

DKBA တပ်ဖွဲ့ ဝင်များ ပြန်လည် ဆုတ်ခွာသွားခဲ့သော်လည်း နအဖ တပ်ဖွဲ့ဝင်များက ခရိုင် ရဲတပ်ဖွဲ့ မှူး ရုံးကို လုံခြုံရေး ဆက်လက်ယူထားကြောင်း သိရသည်။

DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းက လက်ခံခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA ထိန်းချုပ်ထားသော ၉၉၉ ဂိတ်ကို စစ်အစိုးရ တပ်များ က သြဂုတ်လ အစောပိုင်းတွင် ထိန်းချုပ်ခဲ့သည်။ DKBA အလံကို ဖြုတ်ကျ၍ မြန်မာနိုင်ငံတော် အလံကို လွှင့်တင်ကာ ၉၉၉ ဂိတ် အမည်ကိုလည်း ဒေါနတောင် ဂိတ်ဟု ပြောင်းလဲခဲ့သည်။

နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်းအစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေး အစီအစဉ်ကို စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ အတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

စုံစမ်းစစ်ဆေးရေး ဆွေးနွေးရန် ဦးဝင်းတင် တိုက်တွန်း

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၂ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရန် ထောက်ခံဆွေးနွေး သင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် ဦးဝင်းတင်က တိုက်တွန်း လိုက်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်သော အဖွဲ့ဝင် ၁ဝ နိုင်ပါ အာဆီယံ ခေါင်းဆောင်များနှင့် မစ္စတာအိုဘားမား လာမည့် သောကြာနေ့တွင် ၂ နာရီခန့်ကြာ သီးသန့် တွေ့ဆုံမည်ဖြစ်ပြီး လုံခြုံရေး၊ သံတမန် ဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်စီးပွားရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ရာသီဥတု ပြောင်းလဲမှု ကိစ္စတို့ကို ထည့်သွင်း ဆွေးနွေးမှာ ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ဤအစည်းအဝေးတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းလည်း တက်ရောက်ဖွယ် ရှိသည်။

“၁၉၉ဝ မှာ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ဆန္ဒသဘောထားကို ဖျက်သိမ်း လိုက်တယ်။ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုကြီး တခု ဖြစ်တယ်။ လူ့အခွင့်အရေး ပြဿနာတွေကို ပါဝင် ဖြေရှင်း ပေးရမယ်လို့ ရပ်တည်ပြီး ICC မှာ တင်ဖို့အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့သင့်တယ် ဆိုတာ ထောက်ခံမှု ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ် အလိုအလျောက် ”ပျက်ပြယ်” သွားပြီဟု နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ထိုး ထုတ်ပြန် ခဲ့သည်။ NLD ကမူ ပြည်သူ့ လွှတ်တော်ကို ခေါ်ယူ ဖွဲ့စည်းပေးခြင်း မရှိသေးသောကြောင့် ရွေးကောက်ပွဲ ရလဒ်သည် မပျက်ပြယ်ဟု ဆိုသည်။

စစ်အစိုးရ၏ ရာဇဝတ်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် တောင်းဆိုသည့် နိုင်ငံများ တိုးပွား လာနေရာ ယခုနောက်ဆုံး နယူးဇီလန် နိုင်ငံကလည်း ထောက်ခံသကဲ့သို့၊ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen ကလည်း သဘောတူကြောင်း မဇ္ဈိမကို ယမန်နေ့က အတည်ပြုပြောသည်။ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်၊ ချက်သမ္မတနိုင်ငံ၊ စလိုဗေးကီးယား၊ ဟန်ဂေရီ တို့ကလည်း တောင်းဆိုထားသည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသည့် US Campaign for Burma (USCB) မှ မူဝါဒရေးရာ ဒါရိုက်တာ ဦးအောင်ဒင်က သမ္မတ အိုဘားမား အနေဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သပိတ် မှောက်ထားသော ရွေးကောက်ပွဲကို မထောက်ခံကြောင်း ထုတ်ပြောရန် မျှော်လင့်ထားသည်။ သို့သော်လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် တောင်းဆိုမှု အာဆီယံအတွင်း တသံတည်း ထွက်ရန် ခဲယဉ်းလိမ့်မည်ဟု သူက ထင်သည်။

အာဆီယံကို အလေးထားကြောင်း ပြသသည့်အနေဖြင့် သမ္မတအိုဘားမားက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အာဆီယံ ခေါင်းဆောင်များနှင့် စင်္ကာပူနိုင်ငံ၌ တွေ့ဆုံခဲ့သည်။ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်လည်း ထိုအစည်းအဝေး ခန်း၌ ရှိနေခဲ့သည်။
ယခု အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများအနက် တောင်တရုတ် ပင်လယ်ရှိ စပရက်လီကျွန်း ပိုင်နက် အငြင်းပွားမှု ကိစ္စလည်း ပါဝင်မည်။

တောင်တရုတ်ပင်လယ် တခုလုံးကို ပိုင်ဆိုင်သည်ဟု တရုတ်က ကြေညာထားသလို ဗီယက်နမ်၊ တိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် တို့ကလည်း နယ်မြေ ပိုင်ဆိုင်မှု ရှိသည်ဟု ပြောဆို ထားကြသည်။

ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာမှု များပြားလွန်းသော အငြင်းပွား ဒေသသည် ငါးဖမ်းလုပ်ငန်း အတွက် ကောင်းမွန်ရုံမက ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက်ကြီးများကြောင့် နိုင်ငံများက အာရုံ ပိုမိုစိုက်လာကြသည်။

Ref: မဇ္ဈိမ

Read More...

ရှမ်း အပစ်ရပ်တပ်နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ တဦး ကျဆုံး

သန်းထိုက်ဦး
Wednesday, September 22, 2010

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ် ဖွဲ့ဝင်များ တနင်္လာနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ တဦး ကျဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေရှိ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ်ရင်း (ခလရ) ၆၇ တပ်ဖွဲ့ ၀င်များနှင့် ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်း က ဧရာဝတီသို့ ပြောသည်။

SSA-N တပ်သား ၃ ဦးသည် ၎င်းတို့၏ စိုက်ပျိုးရေးသီးနှံ ခြံမှအပြန် နအဖ တပ်သားများက စတင် ပစ်ခတ်ခဲ့ သောကြောင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲတွင် နအဖ ဘက်မှ တဦး ကျဆုံးခဲ့ပြီး လက်နက် တလက်ပါရရှိခဲ့ကြောင်း၊ SSA-N တပ်သားများ ထိခိုက် သေဆုံး မှု မရှိဟု ကြားသိရကြောင်း စိုင်းဆိုင်မိဏ်းက ပြောသည်။

ယခုအခါ စစ်ရေး အရ နှစ်ဘက် တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားသည့် အသံများ မကြားမိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သော တပတ် အင်္ဂါနေ့ကလည်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒုတိယ အကြိမ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခင် တိုက်ပွဲ၌ SSA-N တပ်သား တဦး ဒဏ်ရရရှိခဲ့ကြောင်း ကြားသိရသည်။

SSA-N ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖ က ၎င်း ထိန်းချုပ်ထားသော ရှမ်းပြည်နယ် တောင်ပိုင်း တပ်မဟာ ၁ ဒေသရှိ တပ်ဖွဲ့ဝင်များ ကို အဆင်သင့်ဖြစ်ရန် ပြီးခဲ့သည့် အပတ်က တပ်လှန့်ထားသည်။

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ယခုလဆန်း ပိုင်းတွင် နအဖ တပ်အင်အားများ ဖြည့်ဆည်းထားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

တပ်အင်အား ဖြည့်ဆည်းထားသော တပ်များသည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ မှ တပ်ရင်း တချို့တို့ ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိအခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များ အရ
သိရသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

ကေအိုင်အိုအပေါ် နအဖက ဆက်ဆံရေးဖြတ်

ပေါက်ပေါက်
၂၂ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်ရန် လက်မခံကြောင်း ငြင်းဆိုပြီး နောက်ပိုင်း မြို့ပေါ်ရှိ ကေအိုင်အို ဆက်ဆံရေးရုံးများနှင့် နယ်မြေခံ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့အကြား ဆက်သွယ်ရေး ပြတ်တောက် နေသကဲ့သို့ ကေအိုင်အို တပ်မဟာ (၁) နယ်မြေသို့ စက်လှေ သွားလာမှုကိုလည်း နအဖက ထိန်းချုပ်ထားသည်။

မြစ်ကြီးနား၊ မိုးညှင်း၊ ဟိုပင် အပါအဝင် မြို့ပေါ်ရှိ ကေအိုင်အို ဆက်ဆံရေးရုံးများသို့ နယ်မြေခံ စရဖတပ်ဖွဲ့ဝင်များ လာရောက်ခြင်း မရှိကြတော့ဘဲ ကေအိုင်အို ဆက်ဆံရေးရုံး တာဝန်ရှိသူများက နယ်မြေခံ စရဖနှင့် သွားရောက် တွေ့ဆုံလျှင်လည်း လက်ခံတွေ့ဆုံခြင်း မရှိတော့ကြောင်း ကေအိုင်အို ဆက်ဆံရေး ရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ဆက်ဆံရေး ပြတ်သွားတာပေါ့။ နယ်မြေခံ စရဖတွေကို နေပြည်တော်က အမိန့်ပေးထားလို့ အခုလို လက်ခံ တွေ့ဆုံခြင်း မလုပ်တာလို့ ယူဆရတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် ဇေယျာအောင် ပြောင်းရွှေ့လာတာ တစ်လ ပြည့်တော့မယ်။ တိုင်းမှူးအသစ် ရောက်ပြီဆို (၁) ပတ် (၂) ပတ်အတွင်း သူတို့က လာတွေ့တာပဲဖြစ်ဖြစ်၊ ဒီက သွားတွေ့တာပဲ ဖြစ်ဖြစ် အရင်က ရှိခဲ့တယ်။ အခု တိုင်းမှူးကျတော့ အခုချိန်ထိ တွေ့ဖို့ မပြောလာဘူး” ဟု ပြောသည်။

မေခနှင့် မလိခမြစ်နှစ်သွယ်အကြားရှိ ကေအိုင်အိုတပ်မဟာ (၁) နယ်မြေဘက်သို့ မြစ်ကြီးနားရှိ ဧရာဝတီ မြစ်ဆိပ်မှ စက်လှေ များကိုလည်း ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာနှင့် ဆေးဝါးများ သယ်ဆောင်မှု ကန့်သတ်ထားပြီး မြစ်ဆုံကိုဖြတ်၍ မလိခ မြစ်အတိုင်း ဆန်တက်မှုကိုလည်း နအဖ က ထိန်းချုပ် ထားကြောင်း မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

၎င်းက “ကချင်အဖွဲ့က အရာရှိတဦး ဆေးဝါးပစ္စည်းတွေနဲ့ စက်လှေဂိတ်မှာ ဖမ်းမိကတည်းကစလို့ ဆေးဝါး သယ်တာ ပိတ်ထားပြီ။ ဆန်ကို တခွဲလောက်ပဲ သယ်ရတော့တယ်။ ဆားဆို တပိဿာလောက် အဲလို ကန့်သတ် လိုက်တယ်။ စစ်တပ် ထိုင်ထားတဲ့ မလိခ မြစ်ပေါ်က တီယန်ဇွပ် ကျေးရွာအထိ စက်လှေ သွားရတယ်။ ဟိုဘက်ဆို ကေအိုင်အို နယ်မြေ ရောက်ပြီလေ။ အဲဒါ ရှေ့ဆက် မသွားခိုင်းတော့ဘူး” ဟု ပြောသည်။

ယခုလ အစောပိုင်း၌လည်း ကေအိုင်အိုတပ်ဖွဲ့ဝင်များအား စရဖကတဆင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ သတင်းပို့ပြီး ခွင့်ပြုချက် ရမှသာ ခရီးသွားခွင့် ရှိကြောင်း၊ မြို့ပေါ်ရှိ ဆက်ဆံရေး တာဝန်ကျ ကေအိုင်အို ရဲဘော်များ ယူနီဖောင်း ဝတ်ခွင့် မရှိကြောင်း နအဖဘက်မှ စည်းကမ်း တင်းကျပ်ခဲ့သည်။

ကေအိုင်အိုအဖွဲ့အား နအဖက နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ယမန်နှစ် ဧပြီလမှစ၍ ဖိအား ပေးလာခဲ့ရာမှ စက်တင်ဘာ (၁) ရက် နောက်ဆုံးထား လက်နက်စွန့်ရန် ပြောဆိုမှုအပေါ် ကေအိုင်အိုက လက်မခံနိုင်ကြောင်း ငြင်းပယ်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, September 22, 2010

NLD ရွေးကောက်ပွဲသပိတ် စည်းရုံးရေး ကွင်းဆင်းကြပြီ

ဦးမိုးဇော်
အင်္ဂါ, 21 စက်တင်ဘာ 2010

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ လူထုအနေနဲ့ ရွေးကောက်ပွဲမှာ မိမိတို့ နှစ်သက်ရာပါတီ မပါဘူးဆိုရင် မဲမပေးဘဲ နေလိုက နေနိုင်ကြောင်း ရှင်းလင်း ဆွေးနွေးတာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုးမြှင့် ဆောင်ရွက် လာနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုကော်မတီ ၀င်တွေဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေ ဘက်ကို သွားရောက် ဆွေးနွေးနေကြသလို ချင်းပြည်နယ် ဘက်မှာလည်း သက်ဆိုင်ရာ ပါတီ ခေါင်းဆောင်တွေက လူထုအကြားမှာ ဆွေးနွေးတာတွေ ဆောင်ရွက် နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြ ပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ ပြီးတဲ့နောက် ဒီလပိုင်းတွေ အတွင်းမှာတော့ ပါတီဝင်တွေနဲ့ လူထုအကြားမှာ ရှင်းလင်း ဆွေးနွေးတာတွေကို တိုးမြှင့် လုပ်ဆောင်လာပါတယ်။

ဒီရက်ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် ဘက်တွေကို သွားရောက် ဆွေးနွေး နေကြပါတယ်။

လောလောဆယ် မကွေးတိုင်း ပခုက္ကူဒေသဘက်ကို ရောက်ရှိနေတဲ့ ဦးဟံသာမြင့်က သူတို့ရဲ့ လက်ရှိ ရှင်းလင်း ဆွေးနွေးတဲ့ အချက်တွေကို အခုလို ပြောပြပါတယ်။

“အဖွဲ့ချုပ်က နေပြီးတော့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ကိစ္စတွေကို လိုက်ဆွေးနွေးတာပါ။ ကျနော်တို့ အဖွဲ့ဝင်တွေ နဲ့ရော၊ စိတ်ဝင်စားတဲ့ သူတွေနဲ့ရော ဆွေးနွေးခဲ့ပါတယ်။ သူတို့ ဥပဒေအရ ပြည်သူလူထုက ပိုင်ခွင့်တွေ ရှိပါတယ်။ အဲဒီ ပိုင်ခွင့်တွေကိုပဲ ရှင်းပြတာပါ။ နောက် ပြည်သူလူထု အနေနဲ့က ကိုယ်ကြိုက်တဲ့လူ မပါဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပါတီ မပါဘူးဆိုရင် မဲမပေးဖို့ ဆိုတဲ့ ကိစ္စကို ပြောတာပါ။ အဲလောက်ပဲ လုပ်ပါတယ်။”

မကွေးတိုင်း ခရီးစဉ်မှာ မနေ့က ရေနံချောင်းမြို့မှာ ရှင်းလင်း ဆွေးနွေးရာမှာတော့ လူ ၁၀၀ ကျော်လောက် တက်ရောက် ခဲ့တယ်လို့ ရေနံချောင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တယောက်က ပြောပါတယ်။

“ကျနော်တို့ မနေ့က လူ ၁၀၀ လောက် တက်ရောက်တယ်ဗျ၊ ရေနံချောင်းမြို့နယ်မှာပေါ့။ ရွာကလူတွေလည်း များတယ်။ ကျေးလက်က များတယ်။ ကျနော်တို့ ရဲဘော်တွေ များတယ်ပေါ့။ မဲမပေးရေးကိစ္စပါပဲ။ အဲဒီကိစ္စကို ရှင်းတာပါ။ လူထုရဲ့ သဘောထားက အရင်ထက် စာရင်တော့ မဲမပေးရေးကိစ္စကို အာရုံ နည်းနည်း များလာပြီပေါ့နော်။ ကိုယ့်အိမ်မှာပဲ ကိုယ်နေလိုက် တော့မယ်ဆို ပြောလာကြပြီ၊ သူတို့ သဘောပေါက် လာပြီပေါ့။ အရင်ထက် စာရင်ပေါ့နော။ သဘောပေါက် လာကြပြီ။”

အမျိုးသမီးခေါင်းဆောင် ဒေါ်မေ၀င်းမြင့်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ ဦးဆောင်တဲ့ အဖွဲ့ကတော့ ရခိုင်ပြည်နယ် ဘက်ကို သွားရောက်ပြီး ဆွေးနွေးနေပါတယ်။

ဒီလို ဗဟိုခေါင်းဆောင်တွေက တိုင်းနဲ့ပြည်နယ်တွေကို သွားရောက်ပြီး ဆွေးနွေးတာတွေ ရှိနေချိန်မှာ ချင်းပြည်နယ် အတွင်းမှာလည်း သက်ဆိုင်ရာ ခေါင်းဆောင်တွေက မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတာကို လူထုကြားမှာ ဆွေးနွေးတာတွေ လုပ်ဆောင်နေပါတယ်။

“ကျနော်တို့ NLD ဌာနချုပ်က သပိတ်မှောက်တယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးမှ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အတိုင်းပဲ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသလို မပေးပိုင်ခွင့်လည်း ရှိတယ်။ အဲဒါပဲ ပြည်သူကြားမှာ NLD အဖွဲ့ဝင်တွေက လက်ဆင့်ကမ်းတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားကိုပဲ လက်ဆင့် ကမ်းနေတာပါ။

“ကြားသလောက် လူတွေကတော့ မပေးဖို့ ဆုံးဖြတ်ထားတဲ့ လူတွေလည်း ရှိသလိုပေါ့လေ၊ ပေးမှ ဖြစ်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ သူတွေလည်း ရှိတယ်။ ဒါလည်း သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ပေါ်မှာပဲ မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာကို ကြားတဲ့ သူတွေကတော့ ထောက်ခံတဲ့ သူတွေ များပါတယ်။”

ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဘန်လျန်း ပြောသွားတာ ဖြစ်ပါတယ်။

ဒီလ ၉ ရက်နေ့ကလည်း ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေကို သွားရောက် ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခုလို ဆွေးနွေးတာတွေ ရှိနေချိန်မှာ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေ မှာတော့ ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ ရတယ်လို့ ဖော်ပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန် ရှိသူတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက် တာဟာ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး၊ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ကျင့်သုံးတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း သင်တန်းတွေကို မြန်မာပြည်အနှံ့မှာ ပို့ချနေပါတယ်။

ပြည်သူအများစုကတော့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေ ထုတ်ပြန်နေပေမဲ့ ထူးထူးခြားခြား စိတ်ဝင်စားသူ သိပ်မရှိဘူးလို့ သိရပါတယ်။

Ref: VOA News

Read More...

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို ပြိုင်ဘက်အဖြစ် သတ်မှတ်

NEJ / ၂၁ စက်တင်ဘာ ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို မိမိတို့ ပြိုင်ဘက်ဟု သတ်မှတ်မည် ဖြစ်ကြောင်း ပြည်တွင်းပြည်ပ သတင်း မီဒီယာများအား ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ ကုန်းဘောင်ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်လောင်း (၁၄) ဦးမှာ ဦးဘတင့်ဆွေ (မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးဇော်မင်းသိန်း (လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁)၊ ဒေါက်တာစောနိုင် (တောင်ဥကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးရန်ကျော် (ပုစွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာစိုးလွင် (လေးမျက်နှာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါက်တာသန်းမြင့် (အမရပူရ မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁)၊ ဦးဝင်းချို (ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းကိုကို (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၊ သန်လျင်မြို့နယ် ကိုယ်စားလှယ်)၊ ဦးကြည်သိန်းဦး (မြောက်ဥက္ကလာပ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်၂)၊ ဦးသိန်းဌေး (သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးတင်အေး (လယ်ဝေးမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကောင်းမြတ်ထွဋ် (တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ဦးသန်းဇော်ဦး (ဒလမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးလှရှိန် (မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်၁) တို့ ဖြစ်ကြကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများအနက် ဦးဇော်မင်းသိန်း၊ ဦးတင်အေးနှင့် ဦးကြည်သိန်းဦးတို့ (၃) ဦးသာ နိုင်ငံရေးနှင့် ဆက်နွှယ်သူများ မဟုတ်ကြောင်း ၎င်းတို့ဝေငှသော စာရွက် မှတ်တမ်းများ အရ သိရသည်။

ကိုယ်စားလှယ်လောင်းများအားလုံးက မိမိတို့ယှဉ်ပြိုင်ကြမည့် မြို့နယ်တိုင်းရှိ ပါတီများအားလုံးမှာ မိမိတို့၏ ပြိုင်ဘက် ဖြစ်ကြောင်း ဦးရန်ကျော် (ပုစွန်တောင်မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) က “ပြေးလမ်းတိုင်းက အပြေးသမားတွေက ကိုယ့်ပြိုင်ဘက် လိုပဲပေါ့” ဟု ဥပမာပေးပြောဆိုသည်။

တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်း (၇) ချက်ကိုလည်း ဦးရန်ကျော်က ကြေညာခဲ့သည်။

အဆိုပါအချက်များမှာ (၁) အနာဂတ်မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်မပေါ်ပေါက်ရေး၊ (၂) ဒီမိုကရေစီ စနစ် ရှင်သန် ထက်မြက်ရေး၊ (၃) နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးမရှိသော ဒီမိုကရေစီ လမ်းကြောင်းများနှင့် သွေဖည်နေသော ဥပဒေများ ပယ်ဖျောက်ရေး၊ အကျိုးရှိသော ဥပဒေများ အတည်ပြုရေး၊ (၄) အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးစားပေး ဖော်ဆောင်ရေး၊ (၅) သာတူညီမျှ အခြေချလုပ်နိုင်သောစီးပွားရေးစနစ် ပေါ်ထွန်းရေး၊ (၆) ရွေးကောက်ပွဲနေ့တွင် ပြည်သူများ မဲရုံသို့ရဲရဲသွား၊ ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး ရဲရဲမဲပေးရေး၊ (၇) ယင်းသို့မဲပေးရာတွင် (က) ကျားသေကို အသက်သွင်းမည့်၊ ရာဇ၀င်ဘီးကို နောက်ပြန်လှည့်မည့် ကိုယ်စားလှယ် လောင်းများ၊ (ခ) လက်ညှိုးထောင် ခေါင်းညိတ်သာ လုပ်တတ်မည့် ကိုယ်စားလှယ်လောင်းများ၊ (ဂ) ငါးသိန်းတန် ၀င်ခွင့် လက်မှတ်များ ကိုင်ပြီး ရွေးကောက်ပွဲ ၀င်မည့် ခါတော်မီ ဝေလေလေ ကိုယ်စားလှယ် လောင်းများကို လုံးဝ မဲမပေးရေးတို့ ဖြစ်ကြောင်း သိရသည်။


Read More...

လက်ညှိုးထောင် ခေါင်းညိမ့်သူများကို မဲမပေးနဲ့

အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ညိုးထောင် ခေါင်းညိမ့်သာ လုပ်တတ်မည့် ကိုယ်စားလှယ်လောင်းများကို မဲမပေးမိစေဖို့ လိုအပ်သည်ဟု တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဦးရန်ကျော်က ယနေ့ ပြောကြား သွားသည်။

ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၄ ဦးက ယင်းတို့ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်း ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် အင်္ဂါနေ့မွန်းလွဲ ၂ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်သူ့ လွှတ်တော်အတွက် ပုဇွန်တောင်မြို့နယ်မှ ဝင်ပြိုင်မည့် တသီးပုဂ္ဂလ ဦးရန်ကျော်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မဲပေးရာတွင် ကျားသေကို အသက်သွင်းမည့်၊ ရာဇဝင်ဘီးကို နောက်ပြန်လှည့်မည့် ကိုယ်စားလှယ် လောင်းများ၊ လက်ညှိုးထောင် ခေါင်းညိမ့်သာ လုပ်တတ်မည့် ကိုယ်စားလှယ် လောင်းများ၊ ငါးသိန်းတန် ဝင်ခွင့်လက်မှတ်များ ကိုင်ပြီး ရွေးကောက်ပွဲ ဝင်မည့် ခါတော်မှီ ဝေလေလေ ကိုယ်စားလှယ်လောင်းများကို လုံးဝမဲမပေးရေး ” ဟု ဦးရန်ကျော်က ပြောသွားသည်။

ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို ဝေဖန်ပြောဆိုခြင်း မပြုရဟု ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ် ထားစဉ်တွင် သူ၏ ပြောစကားမှာ စစ်အစိုးရ၏ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များနှင့် မဟာမိတ်များကို ရည်ညွန်းနေသည်ဟု အများက ယူဆကြပြီး လက်ခုတ်သံများ ညံစီသွားသည်။

ရွေးကောက်ပွဲ ဝင်ရခြင်းမှာ အနာဂတ် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ဆက်လက် မပေါ်ပေါက်ရေးအတွက် ဖြစ်သည်ဟု ပြောသည်။

နေပြည်တော်လယ်ဝေးတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အလယ်တန်း ကျောင်းအုပ်ဆရာ ဦးတင်အေးက လယ်ယာမြေ သိမ်းခံရစဉ် စစ်အစိုးရက ပေးလျော်သော ကြေးငွေဖြင့် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်း ၁၄ဦးမှာ ဦးရန်ကျော်(ပုစွန်တောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးဘတင့်ဆွေ (မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကြည်သိန်းဦး (မြောက်ဥက္ကလာပ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်၂)၊ ဦးသိန်းဌေး (သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁)၊ ဦးဇော်မင်းသိန်း (လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ )၊ ဦးတင်အေး(လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကောင်းမြင့်ထွဋ် (တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါက်တာသန်းမြင့် (အမရပူရမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁)၊ ဒေါက်တာစိုးလွင် (လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဝင်းကိုကို (ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်၁၊ သန်လျင်မြို့နယ် ကိုယ်စားလှယ်)၊ ဒေါက်တာစောနိုင်(တောင်ဥကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးသန်းဇော်ဦး (ဒလမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးလှရှိန် (မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းချို (ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁) တို့ဖြစ်ကြသည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်များ အတွက် ရွေးကောက်ပွဲကို မဲထည့်ခွင့် ရသူစာရင်းများ ယမန်နေ့က စတင် ထုတ်ပြန်သည်။

အချို့ရပ်ကွက်များတွင်တော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည် ကိုလည်း တွေ့ရသည်။

မဲပေးခွင့်ရစေရန် မှတ်ပုံတင် မရှိသူများကိုလည်း ယာယီမှတ်ပုံတင် ထုတ်ပေးမည်ဟု ရပ်ကွက် အာဏာပိုင်များက လိုက်လံ ကြေညာမှုများလည်း ရှိနေသည်။

ဝင်ပြိုင်မည့် ပါတီ ၃၇ ပါတီအနက် ကြံ့ဖွံ့က လွှတ်တော်သုံးရပ်လုံးတွင် ၁၁၃၄ နေရာတွင် ဝင်ပြိုင်မှာဖြစ်ပြီး အာဏာရှင်ဟောင်း ဦးနေဝင်း၏ အမွေဆက်ခံသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၉၈ဝ ဖြင့် ဒုတိယ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ၁၆၄ ဖြင့် တတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁၅၆ ဖြင့် စတုတ္ထ လိုက်သည်။

Ref: မဇ္ဈိမ

Read More...

စစ်ကိုမလို ငြိမ်းချမ်းရေးလိုသည်ဟု ကချင်အမျိုးသမီးများ ပြော

ကိုဝိုင်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်အတွင်း စစ်ငွေ့သမ်းနေချိန်တွင် စစ်ဖြစ်မှာကို မလိုလားကြောင်း ပြသကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ကို ကချင် အမျိုးသမီးများက ကျင်းပ ခဲ့ကြသည်။

“ကျမတို့ ကချင်အမျိုးသမီး လူငယ်တွေကလည်း စစ်ကို မလိုချင်ဘူးလေ။ အခုလောလောဆယ်က စစ်ပွဲဖြစ်မလို ဖြစ်နေတယ်လေ။ အနိုင်ကျင့်တာ ဖိနှိပ်တာတွေ မလိုချင်ဘူး” ဟု အခမ်းအနားကို ဦးဆောင်ကျင်းပသူ အမျိုးသမီးတဦးက ပြောသည်။

သူမအပါအဝင် လူငယ် ၂ဝ ကျော်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲနှင့် ဆုတောင်းခြင်း အခမ်းအနားလေး တခုကို လုပ်ခဲ့ကြသည်ဟု ဆိုသည်။ အလားတူပင် မိုးမောက်မြို့နယ်တွင် လုပ်သော အခမ်းအနားကို လူ ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။

“ဥပမာ ကိုယ့်သူငယ်ချင်းတယောက်ကို ခေါ်ပြီးမှ သူ့သူငယ်ချင်းတွေကို ပြန်ခေါ်ခိုင်း အဲဒီလိုမျိုးပေါ့။ လာတဲ့လူ အားလုံးကိုတော့ မသိဘူး” ဟု စစ်အစိုးရက အတိုက်အခံ လှုပ်ရှားမှုကို ဒေါက်ထောက် ကြည့်နေသော ကာလတွင် လူစုရပုံကို သူမက ပြောပြသည်။

နေပြည်တော်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းခိုင်းခြင်းကို လက်မခံဘဲ တင်းမာမှုများကြောင့် ဒေသရှိ ရွှေမှော်များတွင် လုပ်ကိုင်နေသူများ စွန့်ခွာသွားကြပြီ ဖြစ်သည်။

ရန်ကုန်တိုင်းတွင်လည်း နီးစပ်ရာ လူငယ်အမျိုးသမီးများက ဦးဆောင်၍ အစုအဖွဲ့လိုက် ဆွေးနွေးပွဲ ဆုတောင်းပွဲများ ကျင်းပခဲ့သည်ဟု သတင်း ပေးပို့ကြသည်။

မြေအောက် အစုအဖွဲ့တခုဖြစ်သော “သဲတပွင့်နှင့် သူငယ်ချင်းတစု” ကွန်ယက်မှ အမျိုးသမီး ၃ဝ ဦး (စစ်တပ်မှ အမျိုးသမီးများ အပါအဝင်) သည် မရမ်းကုန်းမြို့နယ်အတွင်း၌ ဝါယာလက်ဈေး၊ မင်္ဂလာဒုံဈေး၊ ထောက်ကြံ့ဈေးနှင့် လှည်းတန်း ဇေယျာသီရိ လမ်းတို့တွင် ပို့စ်ကဒ်များ ဖြန့်ဝေခဲ့ကြသည်ဟု မဇ္ဈိမက ဆက်သွယ်ရရှိသော အဖွဲ့ဝင်တဦးက ပြောသည်။

“ကျမအမျိုးသားက တပ်ထဲက အရာရှိတယောက်ပဲ။ ဒီကွန်ယက်က အမျိုးသမီးလူငယ်တွေ လူမှုရေးတွေ နိုင်ငံရေးတွေ တက်ကြွတာ အားရပြီး တပ်မတော်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ချင်တယ်ဆိုလို့ ကျမလည်း စိတ်အားတက်ကြွပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာ” ဟု သူမက မဇ္ဈိမကို ပြောသည်။

ပို့စ်ကဒ်လေးမျိုး ၂,ဝဝဝ ခန့် ဖြန့်ဝေခဲ့ပြီး ထိုပို့စ်ကဒ်များထဲတွင် ဒေါင်းအလံ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ သင်္ကေတ ဂျိုးငှက်ပုံ၊ တပ်နဲ့ပြည်သူ လက်တွဲကူ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်စို့ စာသား၊ ရွေးကောက် ပွဲဆန့်ကျင်ရေး၊ မဝင်းမော်ဦးကို ရည်စူး၍ ဒေါင်းပျို မလေးအတွက် တမ်းခြင်း တို့ပါဝင်သည်။

၁၉၈၁ ခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှ စက်တင်ဘာ တတိယပတ်၏ အင်္ဂါနေ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ဟု သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် စက်တင်ဘာ ၂၁ ရက်ကိုသာ အတည်ပြုပြီး ယင်းနေ့တွင် ကမ္ဘာတလွှား အပစ်အခတ်နှင့် အကြမ်းဖက်မှုများ ရပ်ဆဲထားကြလေ့ရှိပြီး အခမ်းအနားများလည်း ကျင်းပကြသည်။

ကုလအထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းကလည်း “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လူငယ်များ” ဟူသည့် ယခုနှစ် ဆောင်ပုဒ်နှင့် အညီ ကမ္ဘာတလွှားရှိ လူငယ်များအား ငြိမ်းချမ်းရေး အတွက် ရပ်တည် ဆောင်ရွက်ကြရန် တိုက်တွန်း ထားသည်။

မြောက်ဥက္ကလာပမြို့နယ်မှ လူငယ်အမျိုးသမီး ၂၂ ဦးကလည်း တပ်နှင့်ပြည်သူလက်တွဲ၍ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ပြီး သူငယ်ချင်း အိမ်တအိမ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြသည်။

“စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်စို့” စာတန်းပါ ဂျိုးငှက် ပျံနေသောပုံ ၅ဝဝ ကိုလည်း ဆူးလေဘုရား၊ ကျောက်တံတား၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ သာကေတ မြို့နယ်များတွင် ဝေခဲ့သည်ဟု ဆိုသည်။

ယင်းအစုအဖွဲ့ ပြောခွင့်ရ အမျိုးသမီးက “ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြတယ်။ မဲပေးတာဟာ တကယ် ဟုတ်ပါ့ မလားဆိုတာ ပြောဆိုကြတယ်။ သူငယ်ချင်း တယောက်အိမ်မှာ မွေးနေ့ဆုတောင်း ပွဲပုံစံမျိုးလိုလို လုပ်ခဲ့ရတာပါ” ဟု ပြောသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း ဂျိုးငှက် ၅ ကောင်လွှတ်၍ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ ဒုဥက္ကဌ ဦးတင်ဦး အပါအဝင် NLD ပါတီဝင်များ၊ အင်္ဂါဝတ်ပြု ဆုတောင်း အဖွဲ့ဝင်များ၊ မဝင်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် မိသားစုဝင်များနှင့် အခြားသော ဒီမိုကရေစီ အင်အားစုများ တက်ရောက် ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

နအဖ တပ်နှင့် KNU တိုက်ပွဲဖြစ်၊ ၄ ဦးကျဆုံး

သန်းထိုက်ဦး
Tuesday, September 21, 2010

နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ သရီးဖိုးကွီး ကျေးရွာအနီး တ၀ိုက်တွင် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (KNLA) တပ်မဟာ ၇ မှ တပ် ရင်း၂၁ တပ်ဖွဲ့များနှင့် နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၉ လက် အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၄၃ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နအဖ တပ်များက ယင်းဒေသ၌ နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားနေစဉ် KNLA က ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ သောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

“နအဖဘက်က ၄ ယောက် ကျသွားပြီးတော့ ၇ ယောက် ဒဏ်ရာရတယ်၊ ကျနော်တို့ဘက်က ဘာမှ မဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၁၀၀ ခန့်ရှိကြောင်း၊ နအဖဘက်မှ ဒဏ်ရာရသူများကို ဘားအံမြို့ နယ်ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်အတွင်း၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)နှင့် KNLA တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားရာ DKBA ဘက်မှ ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

DKBA သည် လွန်ခဲ့သည့်လအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်း ထားသည်။

ယခုအခါ KNLA တပ်မဟာ ၆ နှင့် တပ်မဟာ ၇ နယ်မြေများတွင်လည် စစ်ရေး လှုပ်ရှားမှုများ ပိုမို ပြုလုပ်လာပြီး ကရင် အချင်း ချင်း ပဋိပက္ခ ဖြစ်ရန် လှုပ်ရှားမှုများလာသည်ဟု ယူဆရကြောင်း KNUမှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ပြောသည်။

“လူ ၄၀၀၀ လောက်ရှိတဲ့ အင်အားကို လခပေးပြီး ထမင်းကျွေးထားတာ ဒီအတိုင်း ကြည့်ထားမလား KNU နဲ့ လှည့်ပြီး တိုက် ခိုင်းမှာပေါ့”ဟု ၎င်းက ဆိုသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

မဲစာရင်းစစ်ဆေးရန် အခက်အခဲဖြစ်

လင်းနိုင်ဦး
၂၁ စက်တင်ဘာ ၂၀၁၀


စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၂ဝ) ရက်မှစ၍ မဲပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင်များ စာရင်းကို ကြေညာ လိုက်ပြီဖြစ်သော်လည်း မဲစာရင်း စစ်ဆေးရန် အခက်အခဲ ရှိကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပါတီများအနေဖြင့် မဲစာရင်း စစ်ဆေးရန် မဲစာရင်း မိတ္တူစာရွက်များ လိုအပ်ကြောင်း၊ သို့သော် ကော်မရှင်က မဲစာရင်း မိတ္တူစာရွက် တရွက် ကူးခ ကျပ် (၂ဝဝ) သတ်မှတ် ထားသည့်အတွက် မဲစာရင်းကူးရန် ငွေကြေး မတတ်နိုင်ကြောင်း ပြောကြားသည်။

၎င်းက “စာတမျက်နှာမှာ မဲဆန္ဒရှင် (၁ဝ) ဦးရဲ့ စာရင်းသာ ပါတဲ့အတွက် တယောက်ကို ကျပ် (၂ဝ) နှုန်း ကျသင့်မှာ ဖြစ်တယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တနယ်မှာ မဲပေးနိုင်သူ (၉) သောင်း (၁) သိန်း ရှိမှာမို့ မဲဆန္ဒနယ် တခုအတွက် မဲစာရင်း ကူးရင်ပဲ ကျပ်ငွေ သိန်း (၂ဝ) လောက် ကုန်ကျ နိုင်တာကြောင့် ဒီလောက် ငွေ မတတ်နိုင်ဘူး။ ဒါကြောင့်မို့ မဲစာရင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အကူအညီ တောင်းခံလာမှသာ ကူညီပေးနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မဲစာရင်း ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ယခင် ပါလီမန်ဒီမိုကရေစီ ခေတ်က ရွေးကောက်ပွဲ များတွင် ပါတီ မဲအောင်နိုင်ရေး ကော်မတီဝင်များက မဲစာရင်းများကို ကူးယူခြင်း၊ မှန် မမှန်၊ ကျန်ခဲ့ မကျန်ခဲ့ တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးခြင်းတို့ ပြုလုပ် နိုင်ခဲ့သော်လည်း ယခု ရွေးကောက်ပွဲတွင်မူ ပါတီများကို မဲစာရင်း စစ်ဆေးရန် လုပ်ပိုင်ခွင့် ပေးမထားကြောင်း သိရသည်။

“ပြည်သူတွေ တဦးချင်း ကိုယ့်အစီစဉ်နဲ့ကိုယ် မဲစာရင်းစစ်ဆေးတာ၊ ကန့်ကွက်တာ၊ လျှောက်လွှာတင်တာ စတာတွေ ပြုလုပ်ရမှာမို့ မဲစာရင်း အမှန်ဖြစ်ဖို့ မလွယ်ကူဘူး” ဟု နိုင်ငံရေးသတင်း အယ်ဒီတာတဦးက ပြောသည်။

ရပ်ကွက်ကော်မရှင်ရုံးတို့တွင် မဲဆန္ဒရှင်စာရင်းသာမက ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်း အမည်များ ကိုလည်း ဖော်ပြ ထားကြောင်း၊ လွှတ်တော် (၃) ခုနှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်များ မဲရုံတရုံတွင် စုစုပေါင်း (၁၅) ယောက်မှ အယောက် (၂ဝ) ကျော်အကြား ရှိကြောင်း၊ ထို့အပြင် အမတ်လောင်းများနှင့် ပတ်သက်ပြီး အမည်နှင့် ပါတီ အမည်သာ ဖော်ပြ ထားခြင်းကြောင့် မည်သူမည်ဝါ ဖြစ်သည်ကို ပြည့်ပြည့်စုံစုံ မသိနိုင်သည့်အတွက် ပြည်သူများက မဲပေးရန် စိတ်မဝင်စား ကြကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဒီနေ့ပဲ ရပ်ကွက်ရုံးမှာ မဲစာရင်းဆိုလို့ သွားကြည့်တယ်။ ကျနော်တို့ ရပ်ကွက် တခုတည်း မှာကို မဲရုံ (၁၁) ရုံရှိတယ်။ လမ်းတိုင်းမှာ မဲရုံရှိမယ့် သဘောပဲ။ မဲရုံတရုံမှာ မဲပေးပိုင်ခွင့်ရှိသူ (၄ဝဝ) ကျော်ကနေ (၆ဝဝ) ကျော် အကြားပဲ ရှိတယ်။ လူနေ ထူထပ်တဲ့ တချို့လမ်းတွေ မဲရုံ (၂) ရုံတောင် ရှိနိုင်တယ်။ ဘယ်သူမှ စိတ်တဝင်စား လာကြည့်တာ မရှိဘူး။ တကယ်လို့ ကိုယ့်နာမည် မဲစာရင်းထဲ မပါရင် တပတ်အတွင်း လျှောက်လွှာနဲ့ တင်ပြ နိုင်တယ်လို့ ပြောတယ်၊ တပတ်ကျော်ရင်တော့ မရတော့ဘူး။ ဘယ်သူမှ စိတ်တဝင်စား လာမကြည့်တော့ မဲစာရင်းထဲ မပါတဲ့ သူတွေတော့ မဲပေးပိုင်ခွင့် ဆုံးရှုံးရနိုင်တယ်” ဟု ပြောဆိုသည်။

နိုဝင်ဘာ (၇) ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီပေါင်း (၃၇) ပါတီက မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာ အတွက် ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်ပြီး ပါတီများအနက် ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ် (၁,ဝဝဝ) ကျော်၊ တစည က မဲဆန္ဒနယ် (၉၈ဝ) ကျော်နှင့် အန်ဒီအက်ဖ် ပါတီက မဲဆန္ဒနယ် (၁၆ဝ) ကျော်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်း ထားကြကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, September 21, 2010

တော်တော်ညံ့တယ်

နေပြည်တော်တပ်ချုပ်ကြီး တရုပ်ပြည်သို့ သွားရာတွင် ဂုဏ်ပြုတပ်ဖွဲ့မှ အမြောက်ပစ်ဖေါက် ကြိုဆိုကြသည်။

ပထမတစ်ကြိမ်ဖေါက်သည်။ ဒုတိယတစ်ကြိမ်ဖေါက်သည်။ တတိယအကြိမ်မြောက် ဖေါက်ပြီးသော အခါတွင် လူအုပ် ကြားထဲမှာ အဖွါးအိုတစ်ဦး ထွက်လာကာ ဘေးမှလူကိုမေးသည်။

“ဘာဖြစ်လို့ အမြောက်ပစ်တာလဲ”

“ဟိုဖက်တိုင်းပြည်က တပ်ချုပ်ကြီးဆိုသူ လာလို့လေ”

အဖွားအိုက ပြန်မေးလိုက်ပုံမှာ……..

“ဘာလဲ တစ်ချက်တည်းနဲ့ မှန်အောင်မပစ်နိုင်လို့လား ” ဟူသတည်း။

Read More...

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု

မခင်ဖြူထွေး
တနင်္လာ, 20 စက်တင်ဘာ 2010

အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနား တရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ် ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။

“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။

“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာ လုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာ ဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စား လာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”

ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည် အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး အတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။

“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက် ပိုပြီးတော့ ထောက်ပံ့ ပေးနိုင်အောင်၊ ကူညီ ပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆို ခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေး ၀န်ကြီးက ကမ်းလှမ်း လိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက် နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။

Ref: VOA News

Read More...

အပစ်ရပ် သျှမ်းတပ်အားမှားပစ်ကြောင်း နအဖတပ်တောင်းပန်

Monday, 20 September 2010

အပစ်ရပ်သျှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ တပ်မဟာ ၁ အား နအဖတပ်က နယ်ကျွံ၍ မှားပစ်မိကြောင်း ဒေသခံ လူထုမှ တဆင့် တောင်းပန်စကား ပြောခိုင်းခဲ့သည်ဟု ဆိုသည်။

“၁၄ ရက်နေ့က နအဖတပ်နဲ့ တပ်မဟာ ၁ (အပစ်ရပ် သျှမ်းပြည်တပ်မတော်) တိုက်ပွဲဖြစ်ပြီး နှစ်ရက် လောက်တော့ နအဖ တပ်ကနေ မှားပြီး နယ်ကျွံမိတဲ့ကြောင်း ဒေသခံ အကြီးအကဲက တဆင့် တောင်းပန် စကား ပြောခိုင်းတယ်” -ဟု အမည် မဖေါ်လိုသည့် လားရှိုးရောက် ဒေသခံတဦး ကပြောပါသည်။

စက်တင်္ဘာ ၁၄ ရက်နေ့ ညနေပိုင်း သီပေါမြို့နယ် နောင်ကော့အခြေစိုက် ခလရ ၁၄၅ အင်အား ဆယ်ဂဏန်း က အပစ်ရပ် SSA တပ်မဟာ ၁ ၊ အမှတ် ၁ စစ်ဒေသ လုံခြုံရေးတပ်ဖွဲ့ လှုပ်ရှားနယ်မြေ အတွင်း ကျွံဝင်ခဲ့ပြီး ဦးစွာ တိုက်ခိုက် ခဲ့ကြောင်း အမည်မဖေါ်လိုသည့် တပ်မဟာ ၁ တပ်ဖွဲ့ဝင် တဦးက ဤကဲ့သို့ ပြောပြပါသည်။

“တိုက်ပွဲဖြစ်တာက သီပေါမြို့နယ် တုန့်ကျိုင်းအုပ်စု ၀မ့်ဖက်တွပ် ကျေးရွာနားက နမ့်မချောင်း အနားမှာ၊ သူတို့ဘက်က ပွဲဦး စတိုက်ပေမယ့် သေနတ် ၄ ချက်ဘဲ ပစ်တယ်။ ကျနော်တို့ကို စပစ်တယ်ဆိုတော့ ပြန်လည် ခုခံ တိုက်ခိုက်ရတာပေါ့၊ ကျနော်တို့ ဘက်က တယောက် ဒဏ်ရာ အပြင်းအထန်ရတယ်၊ ပြည်သူတွေ ပြန်လည် ပြောပြချက် အရတော့ သူတို့ဘက်လဲ အနည်းဆုံး ၃ ယောက် သေကြေ ဒဏ်ရာရတယ် ဆိုဘဲ၊ အသေးစိတ်တော့ ကျနော်တို့လဲ မသိဘူး”

သီပေါအခြေစိုက် ခလရ ၁၄၈ နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့မှာ အင်အား ၁၀ ကျော်ဖြင့် ဗိုလ်ဆိုင်ဟန် ဦးဆောင် ကင်းလှည့်နေသော အမှတ် ၁ စစ်ဒေသ လုံခြုံရေး စစ်ကြောင်း ဖြစ်သည်ဟုဆို၏။

စက်တင်္ဘာ ၁၄ ရက် နယ်ကျွံတိုက်ခိုက်မှုအား နအဖ တပ်က ကျူးကျော် ရန်စခြင်းသာ ဖြစ်ကြောင်း၊ တန့်ယန်း မြို့နယ် ၀မ့်နောင်ခမ်း ကျေးရွာအုပ်စု ဘက်တွင်လည်း ခလရ ၃၃ လက်အောက်ခံ ဗိုလ်ကြီး အောင်နိုင် ဦးဆောင်သည့် စစ်ကြောင်း ကလည်း ဒေသခံ လူထုအပြင် မြင်းများပါ ချောခေါ်၍ ကင်းလဲ မွေနှောက် နေကြောင်းလည်း ပြောပြပါသည်။

ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သော အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ သည် နအဖ စစ်အုပ်စု၏ အသွင် ကူးပြောင်းရေး အဆိုကို ငြင်းပယ် ထားသောကြောင့် ၎င်း၏ ထိန်းချုပ်နယ်မြေအား နအဖတပ်များ က ယခုလဆန်းပိုင်းမှ စ၍ ၀ိုင်းရံပိတ်ဆို့ထားခြင်း ဖြစ်သည်။ နအဖ တပ်များ တပ်ရုပ် ဆုတ်ခွာပေးခြင်း မရှိပါက တိုက်ပွဲများ ထပ်မံဖြစ်ပွား လာဖွယ်ရှိ သည် ဟုလည်း သုံးသပ်ပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

စစ်ငွေ့ကြောင့် ကချင်စီးပွားကူးသန်းရပ်ဆိုင်း

ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၀

နယ်ခြားစောင့်တပ်ကူးပြောင်းရေးကို ငြင်းဆိုထားသော ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နှင့် စစ်အစိုးရ တင်းမာနေ၍ မြောက်ပိုင်း ဒေသမှ ကေအိုင်အို ထိန်းချုပ်ထားသည့် ရွှေမှော်များ ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန်လိုက်သည်။

မြစ်ဆုံရေကာတာ စီမံကိန်း အထက်ပိုင်း အင်ဂျားယန်မြို့နယ်တွင်း ဧရာဝတီ မြစ်တလျောက် လုပ်ကိုင်နေသော ရွှေမှော်များ ပိတ်လိုက်သဖြင့် ရွှေကျင်သမား ၅,၀၀၀ ကျော် ထွက်ခွာ သွားပြီဖြစ်သည်။

“ အရင်တပတ် ကြာသပတေးနေ့က အကုန်ပြန်ကုန်ပြီ။ သူဌေး၊ ကျင်းသားတွေ အကုန်ပြန်ကုန်ပြီ၊ အကုန် ရပ်ခိုင်းတော့ ရပ်လိုက်ရတယ်။ တန်ယန်ဇွပ် အထက် ရွှေမှော် အကုန်လုံးဘဲ״ ဟု မကြာခင်က ရွှေမှော်က ပြန်လာသူတဦးက မဇ္စျိမကို ပြောသည်။

“ဧရာဝတီမြစ်ဘေးတလျောက်က ရွာသားတွေတောင် အပြင်မထွက်ရတော့ဘူး။ စီးပွားရေးလည်း ကျမယ်။ အကုန်လုံးက စိုးရိမ် နေကြတယ်၊ စက်အသံ မထွက်ရဘူး။ ဟွန်ဒါစက်တောင် မမြည်ရဘူး״ဟု သူက ဆက်ပြောသည်။

ကေအိုင်အိုအဖွဲ့များလည်း လိုင်ဇာမှ ရုံးပစ္စည်းများကို ယခင် ဌာနချုပ်ဟောင်း လိုင်စင်တောင်သို့ ပြောင်းရွှေ့ နေပြီ ဖြစ်ပြီး အလားတူ ဒေသခံ ပြည်သူများသည်လည်း တဖက်ကမ်း တရုတ်ဘက်ခြမ်းသို့ ပစ္စည်းများ ပြောင်းရွှေ့ထားပြီး ဖြစ်သည်။

ယခုလဆန်းပိုင်းက ကေအိုင်အိုအဖွဲ့ဝင်များ ခရီးသွားပါက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့- စရဖသို့ သတင်းပို့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခွင့်ပြုချက်ဖြင့်သာ ခရီးသွားရမည် ပြောဆိုခဲ့ပြီးနောက် မြစ်ကြီးနား - ဗန်းမော် ကားလမ်းတလျှောက် ယခုလဆန်းမှ စ၍ ဆန်တင်ပို့မှု နည်းပါးလာပြီး တချို့ ကုန်များ ဈေးနဲနဲ တက်နေကြောင်း လိုင်ဇာမှ ကုန်သည်တဦးက ပြောသည်။

“အခုတလော ဆန်တွေ မပို့တော့ဘူး။ ဖြတ်ခွင့်မှ ပေးမထားတာ။ ခရမ်းချဉ်သီး တပိဿာ ၆၀၀ ကနေ ၈၀၀ ဖြစ်သွားပြီ၊ အာလူးက ၅၅၀ ကနေ ၆၅၀ ဖြစ်သွားတယ်။ ကြက်သွန်နီ ၁၄,၀၀၀- ၁၆,၀၀၀ ကျပ်၊ ဆီဈေးက ၁၂ လုံးပါ တဖာကို ၁၅,၀၀၀ ကနေ ၁၆,၅၀၀ ဈေးရှိနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယခုလဆန်းကတည်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမိန့်နှင့် မြစ်ကြီးနားမှ ဧရာဝတီ အထက်ပိုင်းသို့ ဆန်နှင့် စက်သုံးဆီ ပို့ခွင့် ပိတ်ခဲ့သဖြင့် ဆန်တတင်းခွဲ တအိတ်လျှင် ၃ သောင်းမှ ၄၈,၀၀၀ ကျပ်၊ ဒီဇယ် တပီပါလျှင် ၂ သိန်း ၂ သောင်းမှ ၃ သိန်းထိ ဈေးပေးဝယ်ရကြောင်း မနေ့က ရွှေမှော်မှ ပြန်လာသူက ဆိုသည်။

တဆက်ထဲမှာပင် လိုင်ဇာအထွက် စစ်အစိုးရ၏ လဂျားယန်ဂိတ်တွင် သံဆူးကြိုးများချထားကာ မြောက်ပိုင်းတိုင်း လက်အောက်ခံ ခလရ ၁၄၂ က မနက် ၇ နာရီမှ ညနေ ၇ နာရီအတွင်း သွားလာမှု ကန့်သတ်ထားသည်။

ကေအိုင်အို ထိန်းချုပ်ရာဒေသရှိ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲကျင်းပခြင်း မပြုသည့် နယ်မြေများ အဖြစ် စက်တင်ဘာ (၁၆) ရက် က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မဲမပေးရေး စည်းရုံးမှု NLD ဆက်လုပ်မည်

ရန်ပိုင်
Monday, September 20, 2010

မဲမပေးရေး လှုံ့ဆော်မှုများကို အရေးယူနိုင်သည်ဟု စစ်အစိုးရက သတင်းစာမှ အတိအလင်း ခြိမ်းခြောက် ရေးသား ထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုကော်မတီ ၀င်များက မဲမပေးရေး အတွက် စည်းရုံး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့်က “ထောင်ဒဏ်တွေ ဘာတွေနဲ့ ခြိမ်းခြောက်လည်း လှုပ်ရှားမှုကို လျှော့ချဖို့၊ ရပ်သွားဖို့ အစီအစဉ် မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလော မကွေးတိုင်းအတွင်း စည်းရုံးလှုပ်ရှားမှုတွင် ဦးဟံသာမြင့် ဦးဆောင်ပြီး ပဲခူးတိုင်း မင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုး၊ လူမှု အထောက်အကူပြု အဖွဲ့မှ မဖြူဖြူသင်းတို့ ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရွေးကောက်ပွဲကို ပျက်ပြားရန် လုပ်ဆောင်မှုများသည် ဥပဒေအရ အရေးယူခြင်း ခံရနိုင်သည်ဟု ရေးသားထားသည်။

သတင်းစာများတွင် ပါရှိသည့် ဆောင်းပါး၌ မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေး၊ မဲပေးခြင်း မပြုဘဲနေနိုင်သည့် အခွင့် အရေးများ ရှိသည် ဆိုသော်လည်း ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဃ) အရ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်၊ ရွေးကောက်ပွဲ ပျက်ပြား စေရန် စည်းဝေး ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်း များဖြင့် အားထုတ် ကြိုးပမ်းခြင်း ပြုလုပ်လျှင် ထိုသူအား တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်မည်ဟု ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။

NLD ပါတီမှ ဥပဒေပြု ရှေ့နေကြီး ဦးအောင်သိန်းကမူ NLD ပါတီသည် စစ်အစိုးရ စွပ်စွဲနေသကဲ့သို့ ရွေးကောက်ပွဲ ပျက်ပြား စေရန် လိုက်လံ လှုံ့ဆော်နေခြင်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို သပိတ် မှောက်ရသည့် NLD ပါတီ၏ သဘောထားကို ပါတီဝင်များနှင့် ပါတီ လိုလားသူများကို ရှင်းပြ နေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“NLDကိုမှ မဲပေးချင်တဲ့ ပြည်သူကိုတွေ NLD မပါရင် မပေးနဲ့လို့ပြောတာ ဥပဒေနဲ့ ငြိစွန်းစရာ ဘာအကြောင်းမှ မရှိဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

စစ်အစိုးရ၏ ဥပဒေများတွင်လည်း နိုင်ငံသားတဦး၏ မဲမပေးဘဲ နေပိုင်ခွင့်ရှိမှုကို အတိအလင်း ပြဋ္ဌာန်း ထားကြောင်း၊ မဲမပေး လိုသည့် ပြည်သူများကို မဲမပေးဘဲ နေရန် ပြောဆိုခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရက ခြိမ်းခြောက် ပြောဆို နေသော်လည်း NLD ပါတီအနေနှင့် ယခုကဲ့သို့ လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးအောင်သိန်းက ဆက်လက် ပြောသည်။

NLD ၏ ဆုံးဖြတ်ချက်အတိုင်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ ပြည်သူလူထု အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခွင့် အရေးများကို သိရှိစေရန်၊ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာမည့် မသမာမှုများကို စောင့်ကြည့်ရန်၊ တိုင်ကြားရန်၊ ထောက်ပြ ပြောဆိုနိုင်သည့် အခွင့်အရေးများ ရှိသည့်အကြောင်းကို ရှင်းလင်းခြင်း ဖြစ်သည်ဟု ဦးဟံသာမြင့်ကလည်း ဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စတင်သည့် NLD အဖွဲ့ဝင်များ၏ စည်းရုံးရေးခရီးစဉ်တွင် အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက် စသည့် မြို့နယ်များကို ၀င်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်နေသည့် မဲမပေးရေး ဆောင်ရွက်ချက် များသည် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးချက်ကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးကလည်း မိမိတို့ NLDပါတီဝင်များအနေဖြင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှုများ မည်သို့ပင် ရှိနေစေကာမူ မဲမပေးလိုသူများ မဲမပေးရေး စည်းရုံးလှုံ့ဆော်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆို သည်။

မဲမပေးရေး လှုပ်ရှားစည်းရုံးမှုများကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက နိုင်ငံတ၀န်းလုံးတွင် သွားရောက် လုပ်ဆောင် နေကြရာ ဦးအုန်းကြိုင်နှင့် ဒေါက်တာ ဒေါ်မေ၀င်းမြင့် ဦးဆောင်သည့် အဖွဲ့သည်လည်း ရှမ်းပြည်မြောက်ပိုင်း ဒေသများမှ ယမန်နေ့က ပြန်ရောက်လာသည် ဟု သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က NLD ပါတီအပါအ၀င် နိုင်ငံရေးပါတီဟောင်းနှင့် ပါတီသစ် ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

စစ်အစိုးရက ယနေ့ထုတ်ပြန်လိုက်သော မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိကြောင်းလည်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

ကြံ့ဖွံ့ ပါတီ ၀ါဒဖြန့်သတင်းလွှာ လစဉ်ထုတ်မည်

မျိုးချစ်သူ
၂၀ စက်တင်ဘာ ၂၀၁၀

ကြံ့ဖွံ့ပါတီမှ လစဉ်ထုတ် ဝါဒဖြန့်သတင်းလွှာ (၁) သိန်းကို ယခုလကုန်တွင် ထုတ်ဝေနိုင်ရန် စာပေစိစစ်ရေးသို့ တင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကြံ့ဖွံ့ပါတီဝင်တဦးက ပြောကြားသည်။

အဆိုပါ ပါတီသည် ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက်မှ စတင်ကာ ၀ါဒဖြန့်အပတ်စဉ် သတင်းလွှာကို စောင်ရေ (၁) သိန်းထုတ်ဝေကာ အခမဲ့ ဖြန့်ဝေပေးနေကြောင်း သိရသည်။

အများဆုံးဝေငှသောနေရာများမှာ ရန်ကုန်တိုင်း မြို့စွန် ဆင်ခြေဖုံးအရပ်များတွင်ဖြစ်ပြီး လက်လုပ် လက်စားများ၊ ဗဟုသုတ နည်းပါးသော ပြည်သူများ၊ လယ်သမားများ စသည်တို့ကို အခမဲ့ ဝေငှနေကြောင်း သိရသည်။

“ရန်ကုန်မှာ ကြံ့ဖွံ့က စာစောင်တွေကို တောင်ဒဂုံ၊ ဒဂုံအရှေ့၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ ထောက်ကြန့်၊ မင်္ဂလာဒုံ၊ ဒလ၊ ခရမ်း၊ ကော့မှူး၊ ကွမ်းခြံကုန်း စတဲ့မြို့နယ်တွေက ရွာတွေမှာ ဝေပါတယ်။ နောက်ကျတော့ မြို့ပေါ်တွေမှာ ဝေဖို့ရှိပါတယ်” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့စည်းရုံးရေးမှူး တဦးက ပြောသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များတွင် နေထိုင်သူများပြောပြချက်အရ ရန်ကုန်မြို့တွင်းတွင် ကြံ့ဖွံ့မှဝေသော အပတ်စဉ်ထုတ် စာစောင်ကို စိတ်ဝင်စားမှု မရှိကြကြောင်း သိရသည်။

“ကျနော် လမ်းမတော်မှာ နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ ကျနော့်မိတ်ဆွေပါပါတယ်။ သူတို့က အဲဒီ စာစောင်ကို ပေးတယ်၊ ကျနော်က မယူခဲ့ဘူး၊ သူတို့က ပေါ်တင်ဝေငှတာ မဟုတ်ဘူးဗျ၊ သိတဲ့အတိုင်းပဲ၊ ခိုးကြောင်ခိုးဝှက် လုပ်ရမှ ကျေနပ်တာလေ။ သူတို့က အခု ပါတီဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ရပ်ကွက်လမ်းတွေကိုပဲ ဖြစ်ဖြစ် စာစောင်ကိုပေးရင် ရယက က တဆင့် ပေးမယ်ပြောတယ်” ဟု လမ်းမတော် မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါသတင်းလွှာကို နေပြည်တော်ကထုတ်ဝေခြင်းဖြစ်ကာ ရန်ကုန်တွင်ရှိသော မြို့နယ်အသီးသီးမှ ပါတီဝင်များက သတင်းလွှာကို ဖြန့်ဝေ ပေးရခြင်းဖြစ်သည်။

“အခု လကုန်ရင် ထွက်တော့မယ်။ အဲဒါက တလ တခါ စာစောင်ပါ။ အခု အပတ်စဉ်ကတော့ ဒီလ (၁) ရက်နေ့က ထွက်ပါတယ်” ဟု ကမာရွတ်မြို့နယ် ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

ယင်းသတင်းလွှာကို အရောင်ဖြင့်ထုတ်ပြီး သတင်းစာတွင်ပါသော စာသားများ ပါဝင်သည့်အတွက် အခမဲ့ ပေးဝေသော်လည်း နှစ်သက်သူ မရှိကြောင်း လှည်းကူးမြို့ခံ တဦးက ပြောသည်။

“ကျနော်တို့ ဆီကို လာဝေတယ်၊ စာစောင်ပေါ့။ ကြံ့ဖွံ့ကပဲ။ ကျနော်ကတော့ သူတို့စာစောင်ကိုမဖတ်ဘူး။ သူတို့ဟာက သတင်းစာလိုပါပဲ” ဟု လှည်းကူးမြို့မှ ကုန်စုံဆိုင် ရောင်းသူ တဦးက ပြောသည်။

ယခုလကုန်တွင် ထွက်လာမည့် လစဉ်ထုတ်သတင်းလွှာတွင် ပါဝင်မည့် စာမျက်နှာ အရေအတွက်ကို မသိရ သေးကြောင်း၊ (၈) မျက်နှာထက် ပိုနိုင်ကြောင်း စမ်းချောင်းမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

တိုတယ်ကုမ္ပဏီ အကြောင်းပြုပြီး နစ်နာဆုံးရှုံးမှုများ ရှိနေဆဲ

မြတ်ခိုင်ဦး
၂၀ စက်တင်ဘာ ၂၀၁၀

ထိုင်းနိုင်ငံသို့ ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်က အဓမ္မ စေခိုင်း ခံရမှုများ၊ အဓမ္မ နေရာ ပြောင်းရွှေ့မှု များကြောင့် နစ်နာခဲ့ရသည့် မြန်မာပြည် သားများအား ပြင်သစ်တိုတယ် ရေနံကုမ္ပဏီမှ တရားရုံးပြင်ပ အမှုကျေအေးမှု လျော်ကြေးငွေ ပေးအပ်ရာတွင် အမှန်တကယ် နစ်နာပြီး လျော်ကြေး မရသေးသူများ ရှိနေကာ နစ်နာကြေး ရရှိရေးအတွက် လိမ်ညာမှုများလည်း ဖြစ်ပွားနေသည်။

(၁၉၉၄-၉၇) ကာလများက ပြင်သစ်ရေနံကုမ္ပဏီမှ အကောင်အထည် ဖော်သော ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုတွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း အတွင်းမှ ကျေးရွာသားများ ထောင်သောင်းချီ၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နှင့် လူ့အခွင့်အရေး အဖွဲ့များမှ တရားစွဲဆို၍ တိုတယ် ကုမ္ပဏီမှ တရားရုံးပြင်ပ လျော်ကြေးပေး ကျေအေးရန် ကမ်းလှမ်းခဲ့သည်။

သို့အတွက် အဆိုပါတိုတယ်ကုမ္ပဏီမှ လျော်ကြေးငွေပေးအပ်ရန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့၌ ရုံးခန်း ဖွင့်လှစ်၍ နစ်နာခဲ့ရသော ကျေးရွာ သားများအား ရှာဖွေမေးမြန်းပြီး လျော်ကြေးငွေ ပေးအပ်မှု အချို့ကို (၂၀၀၅-၂၀၀၆) ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည်။ ထို့နောက် ဖွင့်လှစ်ထားသော ရုံခန်းကို တနှစ်ခန့် အကြာတွင် ပိတ်သွားခဲ့သည်။

ထိုသို့ ရုံးပိတ်သွားသည်ကို မသိကြသေးသည့် နစ်နာခဲ့သူများအား တိုတယ်ကုမ္ပဏီမှ လျော်ကြေးရရန် ထပ်မံ တောင်းခံ ပေးမည်ဟု ဆိုကာ ကျေးရွာသားများ ထံမှ တဦးလျှင် ဝန်ဆောင်ခ ဘတ် (၂၀၀) စီ တောင်းခံ လိမ်လည်ထားသည့် ကိစ္စအား အလိမ်ခံရသူ တဦးက ခေတ်ပြိုင်သို့ ဖွင့်ဟ ပြောဆိုသည်။

လိုအပ်သောငွေကြေးများကို စုကောက်၍ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးခဲ့ရသည့် ဒေါ်မြက “ကျမ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း (၁၃) ရက်နေ့က ဟွေ့မလိုင်၊ စံခ၊ ဘမိုင်၊ မွန်ကျထေနဲ့ ဘန့်ဒုံယမ်း ဒုက္ခသည်စခန်းက လူပေါင်း (၄၀၂) ယောက်အတွက် ဘတ်ငွေပေါင်း (၈၀,၄၀၀) ကို မင်းနိုင်ဦး ဘဏ်အကောင့်ထဲကို လွှဲထည့် ပေးလိုက်ပါတယ်။ ကျမမှာ ငွေလွှဲပြေစာတွေ အကုန် သိမ်းထားပါတယ်” ဟု ဆိုသည်။

ထိုသို့ ငွေကြေး ယူဆောင်သွားသူမှာ ယခင်က အဆိုပါလျော်ကြေးငွေ ပေးအပ်မှုကိစ္စတွင် ပါဝင် လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကန်ပေါက်ဒေသမှ အသက် (၃၅) နှစ်အရွယ် မင်းနိုင်ဦး ဆိုသူ ဖြစ်ပြီး ၎င်းသည် စံခရဘူရီ မြို့နယ် ထပ်ခနွန်တွင် နေထိုင်ကြောင်း၊ သို့သော် ၎င်းအား ဆက်သွယ်၍ ရသည်မှာ လွန်ခဲ့သည့် တလက နောက်ဆုံးဖြစ်ကြောင်း ဒေါ်မြက ပြောကြားသည်။

အဆိုပါငွေကြေးမှာ လိုအပ်သော စာရွက်စာတမ်းကြေးနှင့် ဝန်ဆောင်ခများ အတွက် တဦးလျှင် ဘတ်ငွေ (၂၀၀) စီ နစ်နာကြေး တောင်းခံ သူများထံမှ ကောက်ယူခြင်းဖြစ်သည်။

တိုတယ်ပိုက်လိုင်းဖောက်စဉ်က သူမတို့ကိုယ်တိုင် နစ်နာခဲ့ရမှုများနှင့် ပတ်သက်၍လည်း “သူတို့ က တိုက်မှာ သင်္ဘောဆိပ် ဆောက်တော့ ကျမတို့ ဝပြဲချောင်းမှာ လှိုင်းပုတ်လို့ တမံတွေကျိုးပြီး ရေချိုလယ်၊ ရေငန်လယ်တွေ အကုန်ပျက် ကုန်ရော။ အဲဒီအချိန်က စပါးကလည်း ပွင့်တော့ ရေတင်တာနဲ့ အကုန်ဆုံးကုန်တာ ဘာမှကို မကျန်ခဲ့ဘူး” ဟု ဒေါ်မြက ပြောဆိုသည်။

ထို့နောက် မင်းနိုင်ဦးမှ ကော်မတီဖွဲ့ကာ တောင်းဆိုမှ အဆင်ပြေမည်ဟု ဆိုကာ အဖွဲ့ဝင် (၁၃) ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် ဒေါ်မြနှင့်ခင်ပွန်း ဦးဝင်းမြင့်၊ ဒေါ်မြ၏ သမီးတဦး၊ ဦးမင်းနိုင်၊ ဦးကြင်လေး စသည့်သူများ ပါဝင်ကြကြောင်း၊ ထို့နောက် လျော်ကြေးငွေ သွားယူရန် ပြင်သစ်နိုင်ငံသို့ ၂၀၀၉ ခုနှစ် မေလ (၂၃) ရက်တွင် သွားရောက်ရမည် ဖြစ်သည့်အတွက် ပတ်စပို့စ် လုပ်ရန်ဟု ဆိုကာ တယောက်လျှင် ဘတ်ငွေ (၃၇,၀၀၀) ကို ကော်မတီဝင် (၁၃) ဦးစာအတွက် ထပ်မံ တောင်းယူ၍ အကြိမ်ခွဲကာ ငွေထပ်ပေးခဲ့ရကြောင်း ဒေါ်မြက ဆက်လက် ပြောပြသည်။

၎င်းတို့အားလုံးမှာ ခြံပေါင်၊ အိမ်ရောင်း၊ ဆိုင်ကယ်များ ရောင်းချ၍ ထိုငွေကို ပေးအပ်ခဲ့ရကြောင်း ဒေါ်မြက ပြောသည်။

“ကျမအိမ် (၂) လုံးကိုပေါင်၊ ခြံ (၃) ကွက်ကိုရောင်း၊ ဆိုင်ကယ် (၃) စီးကိုလည်း ရောင်းပြီး ပေးခဲ့ရတာပါ။ အခုတော့ အိမ်လည်း ဆုံးသွားပါပြီ” ဟု ၎င်းက ပြောသည်။

၂၀၀၅-၀၆ ကာလက လျော်ကြေးငွေ ပေးအပ်ရာတွင် လုပ်အားပေးအဖြစ် လူရှာပေးခဲ့သူ ထားဝယ်လူငယ် အစည်းအရုံးမှ ကိုထွန်းလွင်က “ပေးတာက NCCM နဲ့ တိုတယ် ဘုတ်အဖွဲ့ကနေ ပေးတာပါ။ ကျနော်တို့ မွန်၊ ထားဝယ်၊ ကရင် စုစုပေါင်း လူ (၂၀၀) ကျော်ကို တရက် ကျပ် (၅၀၀) နှုန်းနဲ့ ပေးခဲ့ပါတယ်။ တချို့က ဘတ်ငွေ (၃-၄) သောင်းလောက် ရမယ့် သူတွေပါပါတယ်။ ဒါပေမယ့် အပြည့် မရကြပါဘူး။ လူတွေကတော့ ဘန်ကောက်၊ မဟာချိုင်၊ စံခ၊ ထပ်ခနွန် စတဲ့ နေရာတွေမှာ ရောက်နေတဲ့ အမှန်နစ်နာခဲ့ရတဲ့ သူတွေပါ” ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။

သို့ရာတွင် လျော်ကြေးငွေ မရရှိသေးသည့်သူများလည်း ရှိနေကြသေးသည့်အပြင် စုစုပေါင်းငွေကြေး မည်မျှကို လျော်ကြေး ပေးခဲ့သည်၊ လျော်ကြေးပေးရန် ကျန်ရှိသည့်ငွေမှာ မည်မျှ ကျန်ရှိနေသေးသည်ကို မိမိတို့ မသိရှရကြောင်း ၎င်းက ဆက်ပြောသည်။ “ကျနော်ထင်တာကတော့ ဘတ်သန်း (၃၀၀) လောက် လျော်ကြေးပေးဖို့ ရှိတယ်။ ဒါပေမယ့် ပေးသွားတာက ဘတ်သန်း (၁၀၀) တောင် မရှိပါဘူး” ဟု ဆိုသည်။

တိုတယ်မှ လျော်ကြေးကိစ္စတွင် လိုအပ်သည့် အကူအညီများ ပေးခဲ့သည့် National Catholic Council of Migration (NCCM) မှ အဆင့်မြင့် တာဝန်ရှိသူ တဦးက “၂၀၀၅-၂၀၀၆ ခုလောက်မှာ ကျနော်တို့နဲ့ တိုတယ်နဲ့ သီးခြားကော်မတီ တခုဖွဲ့ပြီး လုပ်ခဲ့ပါတယ်။ တနှစ်လောက် နေတော့ ရပ်သွားပါတယ်။ ကျနော်တို့ ကတော့ မရတာထက် ရတာ ကောင်းတယ်ဆိုပြီး သက်သက် ကူညီပေးခဲ့ရုံပါ၊ အမည်ခံပေးရုံပါ။ သူတို့ပြန်သွားတော့ ဘာမှတ်တမ်း မှတ်ရာ တခုမှ ဓာတ်ပုံတပုံတောင် ချန်မထားခဲ့ပါဘူး” ဟု ဆိုသည်။

ထို့နောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် NCCM ထံသို့ စာတစောင်ရောက်လာကာ ထိုစာတွင် နစ်နာသူများကို စုထားကြောင်း၊ အဆက်အသွယ် လိုကြောင်း ပါရှိခဲ့သော်လည်း တိုတယ်အုပ်စုမှ မည်သည့် အဆက်အသွယ်မှ ချန်ထားခဲ့ခြင်းမရှိ၍ မိမိတို့အနေဖြင့် မည်သို့မှ အကြောင်း မပြန်နိုင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ထို့နောက် ၂၀၀၉ ခုနှစ်တွင် ကော်မတီတခုက လူများလိုက်စုနေသည်ကို ကြားသိရ၍ မိမိတို့နှင့်မဆိုင်ကြောင်း နီးစပ်ရာသို့ အသိပေး ခဲ့သေးသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“သူတို့လက်ရေးနဲ့ ရေးထားတဲ့ကြေညာစာမှာ ကျနော်တို့တွေ့ပါတယ်။ စာလုံးပေါင်း သတ်ပုံတောင် မမှန်ဘူး။ ကျနော်တို့ NCCM နာမည်ကိုလည်း သုံးထားသေးတယ်” ဟု ဆိုသည်။ အဆိုပါစာမှာ မင်းနိုင်ဦး ရေးသား၍ ဖြန့်ဝေသော စာများကို ဆိုလိုခြင်း ဖြစ်သည်။

အဆိုပါတိုတယ်ကုမ္ပဏီ၏ လျော်ကြေးငွေ ပေးအပ်မှုသည် တရားရုံးပြင်ပတွင် နှစ်ဘက်သဘောတူခဲ့ကာ ပေးအပ်ခြင်း ဖြစ်၍ မည်မျှ ပေးအပ်မည်၊ မည်သို့ ပေးအပ်မည်ကို မြန်မာပြည်သားများ တိတိကျကျ မသိရှိခဲ့ကြချေ။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့