..............................

Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Tuesday, March 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်

Read More...

Monday, March 26, 2012

KIO ၏ ကြေညာချက်

KIO (Statement)-1

Read More...

Friday, January 13, 2012

လွှတ်တော်ကိုယ်စားလှယ်လောင်းများစရင်း NLD ထုတ်ပြန်






Read More...

Wednesday, January 11, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်



Read More...

Monday, September 5, 2011

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင် ကွန်ယက်

ကြေငြာချက်အမှတ် ၁/၂၀၁၁
၁၃၇၃ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်
( ၂၀၁၁ ခုနှစ် ၊ စက်တင်ဘာလ ၄ ရက် )

ပြည်သူလူထုကြီးသည် အမိမြန်မာနိုင်ငံတော်ကြီးနှင့် အမျိုးသား အကျိုးစီးပွား အတွက် နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်၍ သမိုင်းရေး တာဝန်များကို ကျေပွန်စွာ ဆင်နွှဲခဲ့ ကြပါသည်။ ထိုကဲ့သို့ ပြည်သူ လူထုကြီး၏ တရားသော တောင်းဆို အုံကြွမှုများအား နယ်ချဲ့နှင့် အာဏာရှင် အစိုးရ အဆက်ဆက် တို့သည် နည်းမျိုးစုံ သုံးကာ ဖိနှိပ်ဖြိုခွဲ ခဲ့ကြပါသည်။ သိသာ ထင်ရှားသော ဖိနှိပ်ဖြိုခွဲမှု ပုံစံမှာ လက်နှက်အားကိုး သတ်ဖြတ်ခြင်းနှင့် နှစ်ရှည် ထောင်သွင်း အကျဉ်းချ ညှဉ်းဆဲခြင်းတို့ ဖြစ်ပါသည်။

နယ်ချဲ့နှင့်ဖက်ဆစ်ကိုတော်လှန်ခဲ့သည့်ကာလနှင့်ပြည်သူ့ လွတ်မြောက်ရေး တိုက်ပွဲစဉ်ကြီးတွင် ဆရာတော် ဦးဥတ္တမ၊ အာဠာဝက သခင်ဖိုးလှကြီး၊ ဆရာစံ၊ သခင်ဗဟိန်းတို့ အပါအ၀င် ယနေ့ အချိန်ထိလည်း ဆရာတော် ဦးဣန္ဒက၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ မုံရွာ ဦးတင်ရွှေ၊ ကိုအောင်ကျော်မိုး အပါအ၀င် အာဇာနည် ရာထောင် သောင်း တို့သည် အသက်စွန့် ခဲ့ကြသလို နိုင်ငံရေး အကျဉ်းသားများ၊ စစ်သုံ့ပန်းများ အဖြစ်ဖြင့် ပေးဆပ် စွန့်လွှတ် ခဲ့ကြသည်မှာ သမိုင်း သက်သေ ထင်ရှား ခဲ့ပြီးဖြစ်ပါသည်။

သို့သော်လည်း လူထုသမိုင်းကို ဖျောက်ဖျက် ချင်သူများနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး များကို ဟန့်တား ပိတ်ပင် လိုသူများသည် မျိုးချစ် သူရဲကောင်းများနှင့် နိုင်ငံရေး အကျဉ်းသားများအား ပုံဖျက် မသိကျိုးကျွံ ပြု၍ ဆူပူရေး သမားများ ဥပဒေ ချိုးဖောက်သူ ရာဇ၀တ် အကျဉ်းသားများ အဖြစ် အစဉ်တစိုက် ပြောဆို သတ်မှတ်နေကြသည်မှာ ပြည်သူ လူထုကြီး၏ ပေးဆပ်မှု အရပ်ရပ် ကို သမိုင်းသိက္ခာမဲ့စွာ ကျေးဇူးကန်း စော်ကားခြင်းပင် ဖြစ်ပါသည်။ သူရဲကောင်း ပြည်သူလူထုကြီး၏ ပေးဆပ်၊ စွန့်လွှတ် အကျဉ်းကျခံ ခဲ့ရမှုများကြောင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များကို ခံစား နားလည်ခံယူရင်း ယနေ့လို အမျိုးသား လွတ်မြောက်ရေးနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်နေချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရ အနေနှင့် အာဏာရှင်အုပ်ချုပ်ရေး သမားဟောင်းများ၏ အဆိုးမြင်၊ အသုံးမှားများကို အတုမယူ ရှောင်ရှားရန် လိုအပ်ပါသည်။ ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် အာဏာရှင် တို့၏ ထောင်သွင်း အကျဉ်းချ ခံထားရဆဲ ဖြစ်သော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတို့၏ တန်ဖိုးများကို ခံယူချက်ပြောင်း အသိအမှတ် ပြု၍ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အင်အားစုံ ပါဝင်နိုင်ရန် ချွင်းချက် မရှိ ပြန်လည်လွှတ်ပေးရန် လိုအပ်ပါသည်။

အထူးသဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍ နိုင်ငံသားတို့၏ လွတ်လပ်၊ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခွင့်ကို လက်ခံ ကျင့်သုံးမှသာ တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးမှု တို့ကို တည်ဆောက် တွေ့မြင်နိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ အချိန်အခါလို ဒီမိုရေစီ နိုင်ငံသစ် ပေါ်ထွန်းရေး ကာလတွင် နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော်အား ဝေးလံလှသော ထောင်များ တွင် ဆက်လက် အကျဉ်းချထားခြင်းနှင့် ထောင်လက်စွဲ ဥပဒေပါ အခွင့်အရေးများ၊ လျှော့ရက်ခံစားခွင့်များ ကို ပိတ်ပင် ထားခြင်းများမှာ ပြည်သူ လူထုကြီးနှင့် အစိုးရကြား ပဋိပက္ခ အမြင်များကို ဆက်လက် ဖြစ်ပေါ်စေပြီး ဟန်ဆောင် ရင်ကြားစေ့ရေးကို ဦးတည် သွားနိုင်ပါ သည်။

သို့ဖြစ်ပါ၍
နိုင်ငံရေးအရလေးနက်အကျိုးရှိသော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးခြင်းဖြင့် သက်သေပြရန်။

ပြည်သူလူထုကြီးနှင့် အစိုးရတိ့ အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ရေး လုပ်ငန်းများအတွက် နိုင်ငံရေး အကျဉ်းသား များကို လွတ်မြောက် စေခြင်းဖြင့် လွတ်လပ်စွာ ပါဝင်လာစေရန်။

ဥပဒေချိုးဖောက်သော အစိုးရမဖြစ်စေရန် ထောင်လက်စွဲ ဥပဒေပါ လျှော့ရက် ခံစားခွင့်များကို ပြန်လည် ရရှိစေရန်။

ပြည်သူလူထုကြီးနှင့် အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး အဆင့် တစ်ဆင့် အနေဖြင့် ဒီမိုကရေစီရေး လှုပ်ရှား သူများအား ဥပဒေမဲ့၊ ဖမ်းဆီး၊ စစ်ကြော၊ အရေးယူမှု များကို လုံးဝ ရပ်တန့်ရန် လိုအပ်ပါသည်။

ထို့ကြောင့် ပြည်သူလူထုကြီး အနေဖြင့် အမြင်ရှင်း စိတ်ချရသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အစိုးရတွင် အဓိက တာဝန်ရှိကြောင်း တောင်းဆို အသိပေး အပ်ပါသည်။



နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ( ၄.၉.၂၀၁၁)


Read More...

Thursday, December 10, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၂၉ / ၁၂ / ၀၉



Read More...

Thursday, December 3, 2009

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော နှစ် (၉၀) ပြည့်မွေးနေ့



Read More...

Friday, September 25, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၅ / ၀၉ / ၀၉

Read More...

Thursday, September 10, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၂၅ / ၀၉ / ၀၉




26 09 2009.jpg

Read More...

Monday, September 7, 2009

“ကိုးကန့်အထူးဒေသ(၁) ဥက္ကဋ္ဌ၊ ဦးဖုန်ကြားရှင်မှ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသို့ ထုတ်ဖော်ရှင်းလင်းချက်”

September 7, 2009












-------

Read More...

Friday, August 28, 2009

ကိုးကန့် ကြေညာချက်

August 28, 2009





Read More...

Thursday, June 4, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် (၁ / ၆/ ၀၉)

Read More...

Friday, May 29, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက် (၁၅/ ၀၅/ ၀၉)

Read More...

Tuesday, May 26, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက် - ၁၁/ ၀၅/ ၀၉



Read More...

Thursday, May 21, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက် - ၉/ ၀၅/ ၀၉


Read More...

Friday, May 15, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်- ၈/ ၀၅/ ၀၉

Read More...

Thursday, April 30, 2009

အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ကိုဝိုင်း
ဧပြီလ 29 2009

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက် နေ့များ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီ အစည်းအဝေး အပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်းကို တင်ပြလိုက်ပါသည်။


စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ သတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။

-------------------------------

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့် အညီ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော - ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထု အပေါင်း မျှော်မှန်းထားသည့် အတိုင်း ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်း ကြုံတွေ့နေရသော နိုင်ငံရေး အကြပ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့် အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် တင်ပြခြင်း၊ အခြေအနေ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည် သွားစေရေး အကောင်းဆုံး နည်းလမ်းဖြစ်သော တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာစေရေး အတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘော တူညီကြသည့် အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ထုတ်ပြန် ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့ နေရသော နိုင်ငံရေး အကျပ်အတည်းများ ဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး အခွင့်အရေး တန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး တို့သည် လက်ငင်းဖြေရှင်းရမည့် အဓိက ပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီ နိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများ အပေါ် အခြေခံသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်း မရှိသေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီ အခြေခံ မူဝါဒများနှင့် မကိုက်ညီသည့် အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံ ကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများ အားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ် စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူး လိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိ နေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေး လိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်း ရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြား ထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးတာဟာ အဖွဲ့ချုပ် ကောင်းစားဖို့ ဦးတည် ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များ ကောင်းစားဖို့ ဦးတည် ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူ လူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံ ဆွေးနွေးပွဲများ မဖြစ် မနေ ကျင်းပရေး စီစဉ် ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံ တိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန် လေးစားမှုနှင့် အမျိုးသား ပြန်လည် သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများ အားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည် သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများ အရေး၊ လက်ရှိ ပြည်သူလူထု ဘဝ အခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့ လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေး လမ်းကြောင်းအတိုင်း သက်ဆိုင်သူများ အားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက် ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည် တည်တံ့မည့် နိုင်ငံရေး တည်ငြိမ်မှု၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ အနေဖြင့် တွေ့ဆုံ ဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာ မမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည် ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည် ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင် ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိ အစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည် ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက် မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူး ကိစ္စတရပ် အနေဖြင့် အလေးထား စဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, March 24, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ်- ၄/ ၀၃/ ၀၉

Read More...

Monday, October 13, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၈/၀၉/၀၈






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၆/၀၉/၀၈




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၅/၀၈/၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် အမှတ်- ၁၉/၀၈/၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၅/၀၇/၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၄/ ၀၆/ ၀၈



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၃/၀၆/၀၈




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၀/၀၅/၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၈/၀၅/၀၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏(၆၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ကြေညာချက်





Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀) နှစ်မြောက် အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀) နှစ်မြောက်
အခမ်းအနား၏ သဘာပတိမိန့်ခွန်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀) နှစ်မြောက်
ကြေညာစာတမ်း





Read More...

အပေါ်သို့