..............................

Saturday, November 8, 2008

နိုင်ငံရေးအမှုလိုက်ရင်း ရှေ့နေက တရားခံဖြစ် အန်အယ်ဒီ ရှေ့နေကြီး ဦးအောင်သိန်းကို ထောင်(၄)လချ

၇ နိုဝင်ဘာ ၂၀၀၈

နိုင်ငံရေး အကျဉ်းသားများ၏ အမှုများကို ဥပဒေ အကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ၎င်းတို့၏ မျက်ကွယ်၌ တရားရုံးချုပ်က ထောင်ဒဏ် (၄) လစီအပြစ်ပေးလိုက်သည်။
ရှေ့နေကြီးဦးအောင်သိန်းကို ခေတ်ပြိုင်က မေးမြန်းရာ “Confirm ဖြစ်ပါတယ်။ မနေ့က သူတို့ သွားတွေ့တဲ့လူက ပြောပြလိုက်တာပဲ။ သူတို့ ဒါ တိုင်းကို စာတွေ ဘာတွေ ပို့ဦးမှာပေါ့။ တိုင်းကတော့ ဒီနေ့ပို့ရင် မနက်ဖြန်ဖြစ်ဖြစ် သဘက်ခါဖြစ်ဖြစ် လာခေါ်ရင်ခေါ်မှာပေါ့” ဟုပြော သည်။


ရှေ့နေကြီးများ ထွက်ပြေး တိမ်းရှောင်နေခြင်းမရှိပဲ ယခုကဲ့သို့ မျက်ကွယ်၌ စီရင်ချက်ချခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီပါသလားဟု မေးမြန်းရာ ဦးအောင်သိန်းက “တရားရုံးချုပ်က အမိန့် ချတယ်ဆိုတာက အမိန့် ချမယ့်ရက်ကို ကြိုမထုတ် ဘူးလေ။ ကြိုမထုတ်ပဲနဲ့ အမိန့်ချလိုက်တယ် ဆိုရင် အဲဒါ သူတို့က တိုင်းရဲကို အကြောင်းကြားမှာပေါ့။ အကြောင်းကြားရင် တိုင်းရဲက ကျနော့်ကို လာခေါ်ပြီး ထောင်ခေါ်သွားဖို့ပဲ ဒါပဲရှိတာပဲ။ အဲဒီအတိုင်းပဲသွားတာပါပဲ တရားရုံးချုပ်ကတော့” ဟုပြော သည်။

“တရားစီရင်ရေးကို မယုံကြည်တော့” ဆိုသည့် စကားလုံးသုံးသည့်အတွက် ရှေ့နေကြီး ဦးအောင်သိန်းအား တရားရုံးချုပ် ဒုတိယ ညွန်ကြားရေးမှူးချုပ် တဦးက တရားစွဲခြင်းဖြစ်သည်။ အဆိုပါ စွဲချက်နှင့်ပတ်သက်၍ ယမန်နေ့က တရားရုံးချုပ်သို့ လျှောက်လဲချက် သွားပေးခဲ့ပြီးနောက် စီရင်ချက် ချသည့်သတင်း ယနေ့ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် ၎င်းအနေဖြင့် အမှုသည်များ ပြောကြားချက်အတိုင်း ရုံးတော်မှာ တင်ပြခြင်း ဖြစ်သောကြောင့် ဤကိစ္စတွင် ရှေ့နေများပါသည်ဟု မယူဆကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ခေတ်ပြိုင်သို့ ယမန်နေ့က ပြောခဲ့သည်။ တရားရုံးချုပ်က ယခုကဲ့သို့ စီရင်ချက် ချခြင်းအတွက် ၎င်းအနေဖြင့် အယူခံဝင်ရန် အစီအစဉ်မရှိကြောင်း ရှေ့နေကြီး ဦးအောင်သိန်း ကပြောသည်။
၎င်းက “ကျနော် အယူမခံတော့ပါဘူး။ အယူခံဖို့ဆိုတာက အထူးရုံးပဲ ရှိတော့တယ်လေ။ လောလောဆယ်တော့ အယူခံဖို့ မခံဖို့ ဆိုတာ ကျနော့် စိတ်သဘောထား ပြောရရင်တော့ ကျနော် အယူခံဖို့ အစီအစဉ်မရှိပါဘူး” ဟုပြောသည်။

ရှေ့နေ ဦးအောင်သိန်းသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှုအတွက် အခမဲ့ ကူညီလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေများအနက် တဦးအပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အတွက် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေများမှာ ဦးကြည်ဝင်း (ယခု ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စလိုက်ပါ ဆောင်ရွက်ပေးနေသူ)၊ ဦးအောင်သိန်း၊ ဦးခင်မောင်အေး (ကွယ်လွန်) နှင့် ဦးမြင့်သောင်းတို့ ဖြစ်သည်။

ယခင်လကုန်ပိုင်း၌ တရားရင်ဆိုင်နေရသော နိုင်ငံရေး အကျဉ်းသားအချို့ အတွက် ဥပဒေ အကျိုးဆောင်ပေးနေသော ရှေ့နေများ ဖြစ်သည့် ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်း တို့ကိုလည်း တရားစီရင်ရေးကို အနှောက်အယှက်ပြုမှုဖြင့် မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် (၆) လစီ အပြစ်ပေးခဲ့သည်။ ထို့အပြင် တရားရုံးသို့ နိုင်ငံရေး အကျဉ်းသားများအတွက် အကျိုးဆောင် ပေးနေသော ရှေ့နေများ ၀င်ရောက်ခွင့်ကို ငြင်းပယ်မှုများလည်း ဖြစ်ပေါ်နေသည်။

ကိုဝိုင်း

Ref: ခေတ်ပြိုင်

Read More...

Friday, November 7, 2008

တာဝန်မဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကြောင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား ၂၀ ဒုက္ခဖြစ်

နိုဝင်ဘာ ၆၊ ၂၀၀၈

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုက စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လိုသူ လူ ၂၀ ကို အလုပ်အကိုင်နှင့် နေစရာအတွက် အာမခံ စာချုပ်ကာ ဝန်ဆောင်ခ စုစုပေါင်းကျပ်ငွေ ၄၂ သိန်းစီ ယူဆောင်ခဲ့သော်လည်း အလုပ်အကိုင် အဆင်မပြေသည့်အပြင် အခက်အခဲများနှင့် ရင်ဆိုင်ရသောကြောင့် ကာယကံရှင်များက ယင်းအေဂျင်စီအား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်ရှိ ယူနစ်ပါဝါ (Unique Power company) ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက အဆိုပါလူ ၂၀ ကို ဇူလိုင်လနှင့် သြဂုတ်လတွင် စင်ကာပူ နိုင်ငံသို့ အလည်အပတ် ဗီဇာဖြင့် ပို့ဆောင်ပေးခဲ့သော်လည်း ဗီဇာသက်တမ်း တလ ကုန်ဆုံးသည့်တိုင် အလုပ်အကိုင် မရရှိခဲ့ဟု ကာယကံရှင်တဦး ဖြစ်သူ ကိုနိုင်ဖြိုးအောင်၏အဒေါ် ဒေါ်သီတာလွင်က ပြောသည်။
“ကုမ္ပဏီပိုင်ရှင် ဒေါ်အေးနန္ဒာက စင်ကာပူမှာ ကုမ္ပဏီ အလုပ်ရမယ်။ စင်္ကာပူဒေါ်လာ ၈၀၀ နေစရိတ် ငြိမ်းရမယ်။ အချိန်ပို ကြေးလည်း ရနိုင်တယ်လို့ ပြောတယ်” ဟု ဒေါ်သီတာလွင်က ဧရာဝတီ သို့ပြောသည်။

ထိုသူတို့မှာ မြန်မာနိုင်ငံသို့ ပြန်ရန်လည်း လေယာဉ်လက်မှတ် အဆင်မပြေဘဲ စင်ကာပူနိုင်ငံရှိ ဘုန်းကြီးကျောင်း၌ တည်းခို နေခဲ့ရကာ အခက်အခဲ တွေ့နေစဉ် အေဂျင်စီကို အကြောင်းကြား သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရရာအလုပ်ကြမ်းကို လုပ်ကိုင်ခဲ့ရကြောင်း သိရသည်။

ကာယကံရှင် မိသားစုဝင်များကို ဒေါ်အေးနန္ဒာက အတွေ့မခံသဖြင့် ကျောက်တံတား ရဲစခန်းတွင် တိုင်ကြားရာ ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်ဟု ဒေါ်သီတာလွင်က ပြောသည်။
“ကျမတို့က စာချုပ်စာတန်းနဲ့ အလုပ်လုပ်ကြတာလေ။ ဒီစာချုပ်စာတန်းတွေနဲ့ ကျောက်တံတား ရဲစခန်းကို တိုင်တော့ စခန်းမှူး ဦးစိုးလွင်က လုံးဝ တာဝန်မယူဘူး။ ဒုရဲအုပ် သောင်းရင်နဲ့ ဒုရဲအုပ် အုန်းမြင့်တို့က သူတို့နဲ့ မဆိုင်ဘူးလို့ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ယမန်နေ့က နေပြည်တော်ရှိ သက်ဆိုင်ရာ လူကြီးများထံ တိုင်ကြားရန် ကြိုးစားခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
“မနေ့က နေပြည်တော်ကို ဆင်းသွားပြီးတိုင်တယ်။ ရဲမှူးကြီးဝင်းခေါင် နိုင်ငံခြားကိုသွားနေတယ်။ နောက် နှစ်ရက်လောက်ကျမှ လာပါလို့ ပြောတယ်။ နောက်နောင်ဒီလို လုပ်စားနေတဲ့ သူတွေ မရှိတော့အောင် တိုင်တာပါ။ ကျမတို့က ရှိလို့သွားတာ မဟုတ်ဘူး။ စီပွားရေး အဆင်ပြေ နိုးနိုးနဲ့ မရှိမဲ့ ရှိမဲ့ ချေးငှားပြီး ပို့ခဲ့ရတာပါ” ဟု ဒေါ်သီတာလွင်ကဆိုသည်။

ဧရာဝတီ မဂ္ဂဇင်းမှ ယူနစ်ပါဝါ ကုမ္ပဏီပိုင်ရှင် ဒေါ်အေးနန္ဒာ၏ လက်ကိုင်ဖုန်းကို ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ကုမ္ပဏီကို ဖုန်းဆက်သော်လည်း ရုံးတွင်မရှိကြောင်း ဝန်ထမ်းများက ဖြေကြားပြီး ဖုန်းဆက်သူ အမည်ကိုသာ ယူထားခဲ့သည်။
လူ၂၀ ထဲမှ ကိုအောင်မြတ်သူမှာလည်း မြန်မာပြည်ရှိအိမ်ကို ပေါင်နှံကာ စင်ကာပူသို့ သွားရောက်ခဲ့ရသည်။ ၎င်းမှာ အလုပ်မရဘဲ အနေအစား ဆင်းရဲစွာဖြင့် ၁ လနှင့် ရက်၂၀ ကြာ နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လာကာ အမှုဖွင့် တိုင်တန်းခဲ့သည်။
ကိုနိုင်ဖြိုးအောင်သည် တလကျော်ကြာ စင်ကာပူတွင် နေပြီးနောက် မလေးရှား နိုင်ငံဘက်သို့ ဆက်လက် ထွက်သွားသော်လည်း ကျန် ၁၉ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်ရောက် လာခဲ့ကြောင်း သိရသည်။

ကာယကံရှင်များမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအပါအဝင် အထူးစုံစမ်း စစ်ဆေးရေးဌာန၊ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် စသည့် နေရာများသို့ တိုင်စာ ပို့ခဲ့သော်လည်း အရေးယူခြင်း မရှိကြောင်း ဒေါ်သီတာလွင်က ဆိုသည်။

“အခုနောက်ပိုင်း စင်ကာပူမှာ အလုပ်အကိုင် ပိုပိုရှားလာတယ်။ ၆ လလောက်ရှိပြီ။ အခုက တကမ္ဘာလုံး စီးပွားရေးကျတဲ့ အချိန်ရောက်နေတော့ စင်ကာပူနိုင်ငံလည်း ထိခိုက်တယ်။ ကျနော်တို့လို နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ဖြုတ်တာ လခမပေးတာတွေ ရှိပါတယ်” ဟု လက်ရှိ စင်္ကာပူတွင် နေထိုင်သည့် မြန်မာပြည်သား တဦးက ပြောသည်။

အေးလဲ့

Ref: ဧရာဝတီ

Read More...

အန်အယ်ဒီ နှုတ်ထွက်လူငယ်များ ဦးဝင်းတင်နှင့်တွေ့ဆုံဆွေးနွေး

၆ နိုဝင်ဘာ ၂၀၀၈

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။
အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက် လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ချုပ် လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့များအပေါ် မကျေနပ်သည့် လူငယ်များက ၄င်းတို့၏ ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။



ဦးဝင်းတင်က လူငယ်များအား -
‘ကျန်တော့်အနေနဲ့ ဥက္ကဌ ဦးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ဥက္ကဌကိုပြောခဲ့တာက ဒီ လူငယ်တွေကို ထုတ်ပစ်တာကို လက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူ တွဲလုပ်စရာရှိတဲ့ ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲ ဆိုတာ စဉ်းစားကြရမှာဖြစ်တယ်။ ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ် လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဖွဲ့ ချုပ်ကိုလည်း ပြောခဲ့ပါတယ်။ အခုအပြင်ကို ရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲ ခေါ်ပါ။ လူငယ်အကြံပေး အဖွဲ့ကိုလည်း ပြောခဲ့တယ် ဒါကတော့ ဒီအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ့ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည် ပြောကြားခဲ့သည်။

သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့် လက္ခဏာ မရှိကြောင်း နှုတ်ထွက် လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့် ဖြစ်စေချင်သည့် ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံ ကိုခင်ထွန်းက “ကျနော်တို့အနေနဲ့ ကတော့ လူငယ်အဖွဲ့ကို ပြန်ဖွဲ့မယ်ဆိုရင် အသက်(၃၅)နှစ်အောက် လူငယ်များဖြင့်သာ ပြန်လည်ဖွဲ့ စည်းသင့်ကြောင်း၊ အခု ပြန်ဖွဲ့လိုက်တဲ့ လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်း လူငယ်ကို ပြန်လည် ဖွဲ့စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲစည်း သင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး လူငယ်များအနေနှင့် ပါတီသက်တမ်း အနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်း နေခဲ့ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ်ကြိမ် ပါယ်ချခဲ့ခြင်းကြောင့် ယခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။
နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မ လုပ်အားပေးခိုင်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။

မြင့်မိုးဇော်

Ref: ခေတ်ပြိုင်

Read More...

Thursday, November 6, 2008

စိတ်မပျက်နဲ့ အားတင်းပါ

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေး လုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော်နေပြီ ဖြစ်တာကြောင့် သားသမီးတွေလက်ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာလို့ ပြောပါတယ်။

အအိုမြန်လိုက်တာ
‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’
သူက မန္တလေးကိုလည်း ရောက်သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ ကို သွားတွေ့ ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။
‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ ဗျာ။ အအိုမြန်လိုက်ကြတာ’
သူက ညည်းသလိုလို စကားဆိုပါတယ်။ သူကတော့ အရွယ်တော်တော် တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက်သွက် လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လား မဆိုနိုင်ဘူး။ ၇၆နှစ်လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါပဲ။ သမီးရှိတဲ့ အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

သူများတွေနဲ့ ကွာလိုက်တာ
သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက် ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစား နေမိတယ်။ သူများနိုင်ငံက ၇ဝကျော် ပင် စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည် ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ဆီကနဲ့များ ကွာလိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေ ပြောသလို ပင်စင်ယူပြီးတာနဲ့ သေဖို့ပဲ စဉ်းစားနေကြတယ်နဲ့ တူပါရဲ့။ မိတ်ဆွေဖြစ်သူလို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြ တာလည်း အဓိက အကြောင်းတစ်ရပ်ဖြစ် မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျသွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ်သူ တချို့ကလွဲရင် အများစုက အအိုမြန်ကြ၊ အသေမြန် ကြတာကို သတိပြုမိတယ်။
‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက် မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်းလေပါပဲ’ လို့လည်း ပြောတတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ်ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျ လို့ အသေမြန်ရတာဖြစ်တယ်။

လူငယ်တွေလည်း စိတ်ကျတာပဲ
လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ် ကြတာပဲ။ ကျောင်းဆရာတစ်ယောက် အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့အထိ အတွေ့များလေတော့ ဒီခေတ်လူငယ်လေးတွေ တော်တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုးမြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့် အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့ နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အားမတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ် သုံးပြီး အရှုံးပေး၊ အညံ့ခံ လိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင်လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့ နေထိုင်ရတဲ့ ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုး မြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှ အရာရောက်မှာ မဟုတ်ဘူး။ ဘာမှမလုပ်ဘဲ နေလိုက်တာပဲ အေးတယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေတောင် ရှိနေကြတာ တွေ့ရတယ်။
သူတို့က အီရတ်နိုင်ငံ တစ်ခုလုံး သွေးချောင်းစီး ဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်း လူမျိုးတွေ ရာစုနှစ်တစ်ဝက် တိုင်တိုင် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခြင်း ပြုနေကြရ တာကိုလည်း စိတ်မကောင်း ကြပါဘူး။ နျူကလီးယား လက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြသလို ဖန်လုံအိမ် အာနိသင် လွန်ကဲမှုကြောင့် ကမ္ဘာကြီး တစ်ခုလုံး ပေါင်းအိုးကြီးထဲ ရောက်နေသလို ခံစားနေရတာကိုလည်း မလိုလားကြပါဘူး။

အနိဋ္ဌာရုံကမ္ဘာကြီး
လူငယ်တွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာ ကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် တိုက်ခိုက် သတ်ဖြတ်တာတွေ၊ ကြီးနိုင် ငယ်ညှဉ်းလုပ်တာတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးရော လုပ်တာ တွေချည်း မြင်တွေ့ နေရပါတယ်။ အနိဋ္ဌာရုံတွေ ကင်းစင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုး ပြစရာ တစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရေအောက်ရောက်သွားနိုင်တယ်
နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေး မျက်နှာစာကို ကြည့်တော့လည်း မြင်တွေ့ နေရတာတွေက စိတ်မချမ်းသာစရာ တွေချည်းပါပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာ ကောင်းလောက်အောင် မြင့် မားနေတယ်။ ဒီအတိုင်း ဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက် မြင့်တက်လာပြီး တချို့နိုင်ငံတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေး နေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေက မီးခိုးထုတ်လွှတ်မှုတွေ ကန့်သတ်တား ဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။

မိုက်တွင်းနက်နေကြ
ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံး ထုတ်လွှတ်နေတဲ့ စက်မှုနိုင်ငံကြီးတွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာ ကြည့်ရှုပြီး နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ထိန်းချုပ်တာကို လက်မခံ ငြင်းဆန် နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ် ကင်းမဲ့ရာ ကျတယ်။ ဖန်လုံအိမ် အာနိသင် ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ဒဏ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန်တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူလှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ် စတဲ့ အန္တရာယ်တွေကို ရင်ဆိုင် ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ်ကင်းနိုင် မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက်တွင်းနက် နေကြခြင်းသာဖြစ်တယ်။

ဖုန်းဆိုးတောတွေဖြစ်
ဒါတင်မက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုကြည့်ပြီး မြေပေါ် မြေအောက် သယံဇာတတွေကို အဆီး အတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံး လိုလိုမှာ တောတွေပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာ များလည်း မြင်တွေ့ ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီ သေကြရတဲ့ ငလျင် လှုပ်မှုကြီးတွေနဲ့ ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့်ပေါ်ပေါက် လာကြရတာလဲ ဆိုတာများကို သေသေ ချာချာ၊ လေးလေးနက်နက် သုတေသနပြု ဖို့လည်း ပျက်ကွက်နေကြဆဲ ဖြစ်တယ်။

ပြဿနာက အန္တရာယ်မဟုတ်
ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ်လို့ မရနိုင်တာတွေ မဟုတ်ဘူးလို့ လူငယ်တွေ သိစေချင်ပါတယ်။ ပြဿနာတစ်ရပ် ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေတယ်လို့ မသိခြင်းကသာ ကြောက်စရာ ကောင်းတာ ဖြစ်တယ်။ ပြဿနာရှိနေမှန်း သိရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။

အနိုင်ရမှာ သေချာတယ်
ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုးစုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေ တာကို လူတိုင်းတွေ့မြင် နေကြရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ် အကြောင်းရင်းကိုလည်း လူတိုင်း သိကြတယ်။ ဥပမာ-ဖန်လုံအိမ် အာနိသင်ရဲ့ဆိုး ပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင် ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကိုလည်း လူတိုင်း သိမြင်သဘော ပေါက်နေကြတာ ဖြစ်တယ်။ ဒီတော့ ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာပေါ်က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ ကမ္ဘာ ကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေက လက်တစ်ဆုပ်စာလောက်သာ ရှိတဲ့ လူ တွေဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြရင် ဒီ ၁ဝရာခိုင်နှုန်းရဲ့ အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ်တွေကို ပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။

လူထုစိန်ဝင်း

Ref: အခွင့်အလမ်း

Read More...

မြန်မာနိုင်ငံအတွက် အပြောင်းအလဲဆိုသည့် အိုဘားမား၏ သတင်းစကား

05 နိုဝင်ဘာလ 2008

ဘားရက်အိုဘားမားသည် သမိုင်းဝင် သမတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အီလီနှိုက်စ် ပြည်နယ်တွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက် ၄ နှစ်အကြာတွင် ၄၄ ဦး မြောက် အမေရိကန်သမတအဖြစ် ရွေးချယ် တင်မြှောက်ခံလိုက်ရခြင်း ဖြစ်သည်။ သမတ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလ တလျှောက်လုံး သူ့မဲဆွယ်စကားလုံးက တခုတည်း ဖြစ်သည်၊ အပြောင်းအလဲတဲ့။ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် သူ့သတင်းစကားကို ပြောကြားရန် ၂ဝဝ၄ မှ ၂ဝဝ၈ ခုနှစ်အတွင် သမတအဖြစ် ရွေးကောက်တင်မြှောက် ခံရသူ မစ္စတာ ဘားရက်အိုဘားမား အခွင့်အရေး ၂ ကြိမ် ရခဲ့သည်။ ထို ၂ ကြိမ်လုံးတွင် ထိုသတင်းစကားကို မြန်မာပြည်သူများထံ သူပါးခဲ့ပါသည်။

ရွှေဝါရောင် တော်လှန်ရေးအတွင်းက ပထမအကြိမ် အခွင့်အလမ်း ပေါ်ပေါက်ခဲ့ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို လူမဆန်စွာ တိုက်ခိုက်ခဲ့ခြင်းအတွက် ရှုတ်ချသည့် ပြင်းထန်သည့် ကြေငြာချက်တရပ်ကို အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်တဦးအနေဖြင့် သူ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေငြာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၍ အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းကို စတင်ပါရန် စစ်အစိုးရကို သူတောင်းဆိုခဲ့သည်။

ဒုတိယအကြိမ် အခွင့်အလမ်းမှာမူ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင် ပေါ်ပေါက် လာခဲ့သည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပွါးခဲ့သည့် ကြေကွဲဘွယ် ဖြစ်ရပ်သည် စိတ်ထိခိုက်ဖွယ် ဖြစ်ကြောင်း သူပြောခဲ့ပါသည်။ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအား လူသားချင်း စာနာ ထောက်ခံသည့် အကူအညီများ ပေးရေးအတွက် တောင်းဆိုသည့် ဆီးနိတ်လွှတ်တော်၏ ဆုံးဖြတ်ချက်တရပ် ကျလာစေရန် အခြား ဆီးနိတ်လွှတ်တော် အမတ်တဦးဖြစ်သူ ဂျွန်ကယ်ရီ (John Kerry) နှင့်အတူ ပူးတွဲ၍ ၂ဝဝ၈ ခုနှစ် မေလက သူဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဒုသမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင် (Joe Biden) သည်လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကြာရှည် ကြာများ ထောက်ခံခဲ့သူ ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်ဂျူလိုင်လက ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့သော တွမ်လန်းတော့စ် မြန်မာနိုင်ငံ ပိတ်ဆို့ အရေးယူရေး ဥပဒေ (Tom Lantos Block Burmese JADE Act) သည် သူ့ဦးဆောင်မှုနှင့် တင်သွင်းချမှတ်ခဲ့ခြင်း ဖြစ်သည်။ "ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့ မြန်မာနိုင်ငံ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း အပြည့်အဝ ပြန်လည် ပူးပေါင်း ပါဝင်လာနိုင်မယ့် နေ့ကို ကျနော် မျှော်လင့် စောင့်စားနေပါတယ်" ဟု ဘီဒင်ကပြောပါသည်။ ဒုသမတအနေဖြင့် ဘိုင်ဒင်သည် အိုဘားမား၏ မြန်မာနိုင်ငံအတွက် အပြောင်းအလဲ ဆိုသော သတင်းစကားကို ပိုမိုခိုင်မာအောင် လုပ်ပါလိမ့်မည်။

အိုဘားမားကို ရွေးကောက် တင်မြှောက်ခဲ့သော အမေရိကန် မဲဆန္ဒရှင်များကမူ နိုင်ငံခြား ရေးရာများထက် စီးပွါးရေးကိစ္စ များကိုပိုမို အာရုံစိုက် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဘဏ္ဍာရေးစနစ် ပြိုလဲပျက်စီးခြင်းနှင့် အလုပ်လက်မဲ့နှုံးများ ပြားလာခြင်းတို့က အမေရိကန်နိုင်ငံကို လမ်းကြောင်းသစ်အတိုင်း သွားရန် အခွင့်အလမ်းကို သူ့အား ပေးအပ်ခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် သမတရာထူးကို လက်ခံအပြီး ပထမ ရက်ပေါင်း ၁ဝဝ အတွင်းတွင် စီးပွါးရေး ပြန်လည် နာလန်ထူရေးအတွက် အစီအစဉ်များကို သူချက်ချင်း စတင် လုပ်ဆောင် ရပါလိမ့်မည်။ ထို့ကြောင့် သမတဟောင်း ဘီလ်ကလင်တန် လက်ထက်တုံးကလိုပင် ဤ ၄၄ ဦး မြောက် သမတ၏ ပြည်တွင်းလုပ်ဆောင်စရာ အစီအစဉ်များတွင် စွမ်းအင်လွတ်လပ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားကိစ္စရပ်များသည် သူ့သမတ သက်တမ်း ၄ နှစ်အတွင်းတွင် ထူးထူးခြားခြား နေရာယူထားကြပါလိမ့်မည်။ ဤသို့ ကြိုးပန်းစရာကိစ္စများ ရှိနေလင့်ကစား သမတသစ် အိုဘားမားအတွက် နိုင်ငံတကာ မျက်နှာစာတွင်လည်း လုပ်ကိုင် ဆောင်ရွက်စရာများ ရှိပါလိမ့်ဦးမည်။

အမှန်စင်စစ် အိုဘားမား အုပ်ချုပ်ရေးသည် အီရတ်စစ်ပွဲ အဆုံးသတ်ရေးအတွက် ကြိုးစားရင်း အယ်လ်ကိုင်ဒါး အဖွဲ့ကို လိုက်လံ ချေမှုံးရေးကို လုပ်ဆောင်ပါလိမ့်မည်။ သူ့ပထမ သက်တမ်းအတွင်း ပင်ဆာဗေးနီးယား ရိပ်သာလမ်းမကြီး အမှတ် ၁၆ဝဝ ရှိ အိမ်တော်၌ နေထိုင်စဉ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်ရေး ကိစ္စများသည် အလယ်အလတ် အဆင့် အစီအစဉ်များသို့ပင် တက်လာစရာအကြောင်း မရှိပါ။ သို့သော် ၂ဝဝ၅ ခုနှစ်ကတဲက သူ့ရင်ထဲနှင့် နှလုံးသားထဲတွင် ကိန်းအောင်းနေခဲ့သော ဒါဖေါ (Darfur) လူမျိုးတုံး သုတ်သင်မှုလို ကိစ္စမျိုးအတွက်တော့ သူလုပ်ကိုင်ဆောင်ရွက်ဖွယ် ရှိပါသည်။ ဤကဲ့သို့သော အချိန်တွင် အုပ်ချုပ်မှုသစ်သည် တရုတ်နိုင်ငံနှင့် စကားပြောရပါလိမ့်မည်။ ဤကိစ္စသာ ဖြစ်လာလျှင် ခဲ တလုံးတည်းနှင့် ငှက် ၂ ကောင် ပစ်သည့်အနေနှင့် အိမ်ဖြူတော်သည် မြန်မာ့အရေးကိစ္စကိုလည်း တချိန်တည်းတွင် ထုတ်ဖေါ် ပြောဆိုနိုင်ပါလိမ့်မည်။

အိုဘားမား၏ နိုင်ငံရေးခြားရေး မူဝါဒရေးရာ အကြံပေးအရာရှိဟောင်း ဆာမန်သာပါဝါ (Samantha Power) ကမူ လက်ရှိ ကုလသမဂ္ဂ၏ မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ချဉ်းကပ် ဆောင်ရွက်မှုများသည် လက်ဆုပ်လက်ကိုင် ပြနိုင်သော ရလဒ်တစုံတရာ ထွက်ပေါ် လာလိမ့်မည်ဟု မယုံကြည်ပါ။ "လုံခြုံရေးကောင်စီက သူ့နောက်တွင် တညီတညွတ်တည်း မရှိဘဲနှင့် သံတမန်များ၏ ကြိုးပန်းမှုများသည် ရှားရှားပါးပါးသာ အောင်မြင်မှုရခဲ့သည် ဆိုသည်ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်" ဟု သူမက တိုင်းမ် (Time) မဂ္ဂဇင်းကြီးတွင် ၂ဝဝ၇ ခုနှစ်အောက်တိုဘာလက သူမ ရေးသားခဲ့ပါသေးသည်။

အိုဘားမား၊ ဘိုင်ဒင် နှင့် ပါဝါတို့ ၃ ဦးလုံးသည် (လက်နက် ဖျက်သိမ်းရေးအတွက်) အားလုံးကုန် ပါဝင်ရေးမူဝါဒ (Multilateralism) ကို အတူတကွ ယုံကြည် စွဲကိုင်ကြသူများ ဖြစ်သည်။

အိုဘားမားသည် မြန်မာနိုင်ငံအပေါ်ချမှတ် အရေးယူခဲ့သော ပိတ်ဆို့မှုများကို ထောက်ခံခဲ့ပါသည်။ သူသည် သမတ ဘုရှ်၏ လုပ်ဆောင်မှု များနှင့် မြန်မာ့အရေးနှင့်စပ်လျဉ်းသည့် စကားကြီး စကားကျယ်များကို ထောက်ခံခဲ့သူ ဖြစ်ပါသည်။ သို့သော် မြန်မာ့အရေးကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်မည် ဆိုသည်နှင့် ပတ်သက်၍မူ သူ့တွင် ဘုရှ်အုပ်ချုပ်ရေးအဖွဲ့ နှင့်မတူဘဲ အခြေခံ ကွဲပြားခြားနားချက်များ ရှိပါသည်။ ဤသို့နိုင်ငံခြားရေးမူဝါဒတွင် ကွဲပြားခြားနားမှုကို ၂ဝဝ၃ ခုနှစ် က အီရတ်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်က ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်းတွင် ရောင်ပြန်ဟပ်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ယင်းအစား အခြားနိုင်ငံများနှင့်ပူးတွဲ၍ နိုင်ငံစုံ အကျိုးတူ ချဉ်းကပ်သည့် မူဝါဒကို ပိုမို ကျင့်သုံးဖွယ်ရှိပါသည်။ သူ့အစိုးရသည် အာဆီယံနိုင်ငံများ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အိန္ဒိယ နှင့် တရုတ်စသော နိုင်ငံများနှင့် အတူလက်တွဲ လုပ်ဆောင်မည့် သဘောရှိပါသည်။ အမှန်စင်စစ် အိုဘားမားက မြန်မာ့အရေး ကိစ္စတွင် နိုင်ငံစုံ အကျိုးတူ ကြိုးပန်းမှုအဖြစ် အဓိကကျသော နိုင်ငံတကာ ကာယကံရှင်များကို အမေရိကန် ပြည်ထောင်စုမှ ဦးဆောင်ကာ လုပ်ဆောင်ရန် အကြံပေးခဲ့ပါသည်။

သမတအဖြစ်ရွေးကောက် တင်မြှောက်ခံထားရသော အိုဘားမား၏ အလွန်ရှင်းလင်းလှသော သတင်းစကားသည် မြန်မာအတိုက်အခံ အဖွဲ့များ အတွက်လဲ ပါဝင်ပါသည်။ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော သူ၏ကြေငြာချက်၌ အပြောင်းအလဲသည် မြန်မာနိုင်ငံ တွင်းမှပင် လာရမည်ဟု ဆိုခဲ့ပါသည်။

အကယ်၍ အပြောင်းအလဲများသည် မြန်မာနိုင်ငံတွင်းမှ စတင်ဖြစ်ပေါ်လာခဲ့ခြင်း မရှိပါက အိုဘားမားအတွက်လည်း လက်များ အတုပ်နှောင် ခံထားရသကဲ့သို့ ဘာမှ မလုပ်နိုင် ဖြစ်နေပါလိမ့်မည်။ သူက မြန်မာ့အပြောင်းအလဲများအတွက် ယုံကြည်သလိုပင် မြန်မာပြည်သူ များကလည်း သူပါဝင် ဆောင်ရွက်လာနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးဘို့ လိုပါသည်။

ဇိုထွန်မှုံး

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံအရှေ့ဖက်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲ ယခင်ထက်ပို၍ လျို့ဝှက်ပြီး စနစ်တကျ ကျူးလွန်နေ

၅ နိုဝင်ဘာ ၂၀၀၈

နအဖစစ်အစိုးရက ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာပြီးနောက် ယခုကာလတွင် မြန်မာနိုင်ငံ အရှေ့ဖက် ဒေသများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာဥပဒေ ချိုးဖောက်မှု စသည့် ရာဇ၀တ်မှု ကျူးလွန်မှု များသည် ယခင်ကထက်ပို၍ လျို့ဝှက်စွာ စနစ်တကျ ဖြစ်ပေါ်နေသည်ဟု ထိုင်းမြန်မာနယ်စပ်၌ အကူ အညီပေးရေး လုပ်ငန်းများ လုပ်ဆောင်နေသော the Thailand Burma Border Consortium (TBBC) အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားသည်။

ယခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ (၇၀) ပါ Internal Displacement and International Law in Eastern Burma အမည်ရှိ အစီရင်ခံ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

TBBC သည် မြန်မာနိုင်ငံအရှေ့ဖက်ရှိ ဒေသခံ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လွန်ခဲ့သည့် (၆) နှစ်မှစ၍ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက် စုဆောင်းပြီးတင်ပြနေသည့် အဖွဲ့ဖြစ်သည်။ ယခုနှစ်တွင်လည်း နအဖ၏ အခွင့်အရေး ချိုးဖောက်မှုများကို ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်နေသည့် အခြေအနေ ဘောင်အတွင်းမှချဉ်းကပ် စုဆောင်းခဲ့ပြီးမှုများကို ပြုလုပ်ပြီး ထပ်မံ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသအတွင်း လူ့အခွင့်အရေးနှင့် လက်နက်ကိုင်ပဋိပက္ခ မပျံ့ပွားရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇ၀တ်မှုမြောက်ကြောင်း တင်ပြခဲ့သည်။

ကရင်ပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ် စသည့်ဒေသများသည် ရာဇ၀တ်မှု အဓိကချိုးဖောက်ခံရသည့် နေရာများဖြစ်ပြီး စစ်ပွဲများကြောင့် ထွက်ပြေးရခြင်း၊ ကျေးရွာများ အဓမ္မရွှေ့ပြောင်းခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ အဓမ္မ ငွေကောက်ခံခြင်း၊ မြေယာများသိမ်းခြင်း၊ အဓမ္မစိုက်ပျိုးခိုင်းခြင်း၊ လယ်ယာစိုက်ခင်းများသို့ သွားလာခြင်းနှင့် ဈေးကွက်အတွင်း ၀င်ရောက် ယှဉ်ပြိုင်ခြင်းကို တင်းကျပ်ထားခြင်း စသည်တို့ကြောင့် မိသားစု ဘ၀များ အတွက် ၀င်ငွေများထိခိုက်ပြီး လူဦးရေအားလုံး အပေါ်လည်း မတည်ငြိမ်ဖြစ်စေကြောင်း TBBC က အစီရင်ခံစာအတွင်း ထောက်ပြထားသည်။

မည်သည့်အရပ်သားကိုမဆို လျို့ဝှက်၍ စနစ်တကျ တိုက်ခိုက်မှုများရှိပါက နိုင်ငံတကာဥပဒေအရ ပြည်သူများအပေါ် ရက်ရက်စက် ကျူးလွန်နေသည့် အခြေအနေမျိုးနှင့် အကျိုးဝင်ကြောင်း၊ အရပ်သားကို တိုက်ခိုက်သည်ဆိုရာတွင် စစ်ရေးအရသာမကပဲ အစိုးရ၏ မူဝါဒအောက်၌ လူသတ်မှု ကျူးလွန်ခြင်း၊ ကျေးကျွန်သဖွယ် ခိုင်းစေခြင်း၊ အဓမ္မ ရွှေ့ပြောင်းနေရာချထားခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း စသည်တို့လည်း အကြုံးဝင်ကြောင်း TBBC ကအချက်အလက်နှင့်တကွ ထောက်ပြထားသည်။

ကိုဝိုင်း

Ref: ခေတ်ပြိုင်

Read More...

အာဏာလွှဲပြောင်းရေး ချောမွေ့အောင် သမ္မတ ဘုရှ် ကူညီမည်

သမိုင်းတွင်ကျန်ရစ်မဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရခဲ့သူ ဘရက်ခ် အိုဘားမားကို လက်ရှိသမ္မတ ဂျော့ဘုရှ်က အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ မစ္စတာ အိုဘားမား သမ္မတ တာဝန်မယူခင် စပ်ကြားကာလမှာ ဘုရှ် အစိုးရအနေနဲ့ တာဝန်အကူးအပြောင်းကို ချောချောမွေ့မွေ့ဖြစ်အောင် မစ္စတာ အိုဘားမားနဲ့ အနီးကပ် ဆက်ဆံသွားမယ်လို့ သမ္မတဘုရှ်က ကတိပေးခဲ့ပါတယ်၊ ဒီအကြောင်းတွေကို VOA သတင်းထောက် မစ်ရှဲလ်ဘိုမန် က ဘယ်လို သတင်းပို့ထားသလဲဆိုတာကို မစုမြတ်မွန်က တင်ပြပေးပါတယ်။

အင်္ဂါနေ့က သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီက မစ္စတာ ဘရက်ခ် အိုဘားမား အနိုင်ရသွားပြီ ဆိုတာသိရပြီး မကြာခင်မှာဘဲ သမ္မတဘုရှ် က မစ္စတာ အိုဘားမား ကိုရော ရွေးကောက်ပွဲမှာ အရေးနိမ့်သွားတဲ့ ရီပတ်ဗလစ်ကန် အမတ် ဂျွန်မက်ကိန်းကိုပါ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး နာရီပိုင်းအကြာမှာပဲ သမ္မတဘုရှ် က အိမ်ဖြူတော်ဝန်းထဲက နှင်းဆီပန်းခြံထဲမှာ မစ္စတာ အိုဘားမားရဲ့ အောင်မြင်မှုနဲ့ ပါတ်သက်ပြီး မိန့်ခွန်းပြောတာမှာ

“အမေရိကန်တွေအနေနဲ့ မဲတွေကို ဘယ်လိုပဲ ပေးခဲ့ ပေးခဲ့ အင်္ဂါနေ့က သမိုင်း တွင်ရစ်တဲ့ ဖြစ်ရပ်ကိုတော့ ပြည်သူတွေ အားလုံး ဂုဏ်ယူနိုင်ပါတယ်။ နိုင်ငံတ၀န်းမှာ ပြည်သူတွေ အမြောက်အများ မဲတွေပေးခဲ့ ကြပါတယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ် အားကောင်းမှု၊ ပိုပြီးတော့ ကောင်းမွန်ပြည့်စုံတဲ့ စည်းလုံးမှုရှိတယ် ဆိုတာကို စောင့်ကြည့်နေကြတဲ့ ကမ္ဘာကို အမေရိကန်ပြည်သူတွေ ပြသခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အောင်မြင်မှု၊ ကြိုးစားအားထုတ်မှု၊ အကောင်းမြင်မှု၊ ကျွန်တော်တို့တိုင်းပြည်မှာ ဟိုးအရင်ထဲက ပေးခဲ့တဲ့ ကတိက၀တ်တွေအပေါ် ယုံကြည်မှုတွေ အားလုံးကို ကိုယ်စားပြုတဲ့ သမ္မတကို ပြည်သူတွေက ရွေးချယ်ခဲ့ ကြပါပြီ။”
၁၉၅၀ နဲ့ ၁၉၆၀ ပြည့် လွန်နှစ်တွေ တုန်းက အမေရိကန်မှာဖြစ်ခဲ့တဲ့ အသားအရောင်ခွဲခြားမှု ပပျောက်ရေး၊ အရပ်သား တန်းတူ အခွင့်အရေး ရရှိရေး လှုပ်ရှားမှု ကာလကို ဖြတ်သန်းခဲ့ကြတဲ့ သူတွေအတွက် မစ္စတာ အိုဘားမား သမ္မတဖြစ်လာတဲ့ ကိစ္စဟာ အထူးပိုပြီး ၀မ်းသာစရာ ဖြစ်တယ်လို့လဲ သမ္မတ ဘုရှ်က ပြောခဲ့ပါတယ်။ အခုအချိန်ဟာ စည်းလုံးမှုရှိတဲ့ နိုင်ငံတခုအနေနဲ့ ရှေ့တိုး ဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့လဲ ပြောခဲ့ပါတယ်။

“အမေရိကန် အစိုးရ အပြောင်းအလဲဖြစ်မဲ့ ကာလ စပြီဖြစ်ပေမဲ့ မပြောင်းလဲတဲ့ အရာကတော့ အမေရိကန် ပြည်သူတွေကို ကာကွယ်ရမယ့် အရေးအကြီးဆုံး တာဝန်တွေကို ကျေပွန်အောင် အစိုးရက စွမ်းစွမ်းတမန် ဆက်ပြီး ထမ်းဆောင် သွားပါမယ် ဆိုတာပါ၊ ဒီတာဝန်ကို အသစ်ဖြစ်လာမဲ့ နိုင်ငံရဲ့ စစ်သေနာပတိချုပ်၊ သမ္မတသစ်ကလဲ ဆက်ပြီး ကျေပွန်အောင် ထမ်းဆောင်သွားမှာပဲဆိုတာ ကမ္ဘာကသေသေချာချာ သိမှတ်ထားနိုင်ပါတယ်။”

သမ္မတ ဘုရှ်က သူ့ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးခင် ကျန်နေတဲ့လတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်ဆိုရင် မစ္စတာ အိုဘားမားကို အသိပေးမှာဖြစ်တယ်လို မစ္စတာ ဘုရှ် က ပြောပါတယ်။ နောက်ပြီး မစ္စတာ အိုဘားမားနဲ့ မစ်ရှဲလ် အိုဘားမားတို့ အဆင်ပြေတဲ့ အချိန်မှာ အိမ်ဖြူတော်ကို ဖိတ်ခေါ်မယ်လို့ ပြောပါတယ်၊ မစ္စတာ အိုဘားမား ရွေးကောက်ပွဲ စည်းရုံးမဲဆွယ် ခဲ့စဉ်က လက်ရှိသမ္မတ ဘုရှ် ရဲ့ မူဝါဒတွေအပေါ် မစ္စတာ အိုဘားမား ကဝေဖန်ခဲ့ပြီး သူ့ရဲ့ပြိုင်ဖက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဟာလဲ ဒီမူဝါဒမျိုးတွေရှိသူလို့ ဆက်နွယ်ပြောဆိုခဲ့တာပါ၊ သမ္မတ ဘုရှ် ရဲ့မိန့်ခွန်းထဲမှာ မစ္စတာ မက်ကိန်းရဲ့ တိုင်းပြည်ကို ချစ်စိတ်နဲ့ တိုင်းပြည်အတွက် ဆောင်ရွက်မှုတွေကို အမေရိကန် ပြည်သူတွေက ဂုဏ်ယူနေကြမှာပါလို့ ချီးကျူး ပြောဆိုသွားခဲ့ ပါတယ်။

Ref: Voa News

Read More...

Wednesday, November 5, 2008

စေ့စပ်ညှိနှိုင်းဆွေးနွေးရေး မဟာဗျူဟာများ

ရွှေနွယ်
11/5/08

အောင်မြင်စွာ စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သူတိုင်းသည် အယူရှိသလို အပေးရှိရစမြဲ ဖြစ်သည်ကို ကောင်းစွာ နားလည်ကြပါသည်။ တကယ်ကျွမ်းကျင်သူများ အနေနှင့် မည်သည့်အရာကို ပေးရမည်၊ မည်သည့်အချိန်ပေးရမည်၊ မည်သည့် အတွက်ကြောင့် ပေးရမည်၊ မည်သည့် အတိုင်းအတာအထိ ပေးရမည်၊ မည်သည့်အချက်များ ပြန်လည် အရယူနိုင်သည် တို့ကို စေ့စေ့ငါ့ငါ့ သဘောပေါက်ကြပါသည်။

ထို့ကြောင့် အောင်မြင်စွာ စေ့စပ်ညှိနှိုင်းနိုင်ရန်အတွက် မည်ကဲ့သို့ သိုင်းဝိုင်းလွှမ်းခြုံရမည်၊ ကိုယ့်ဘက်က မည်သည့်အရာများကို မည်သည့် အတိုင်းအတာအထိ ပေးပြီးနောက် ကိုယ့်လိုအပ်ချက် များပြည့်ဝစေရေးအတွက် မည်သည့်အရာများကို အရယူနိုင်သည် ဆိုသည့်အချက်များကို ကြိုတင်ပြင်ဆင်ကာ သိရှိနားလည်ထားရန် လိုပါသည်။

ဤအရာများကို ကြိုတင်ပြင်ဆင်ရန် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းဆိုင်ရာ မဟာဗျူဟာကို သိရှိ ထားသင့်ပါသည်။ ဤမဟာဗျူဟာများကို လေ့လာကြည့်သည့်အခါ အဓိကဗျူဟာ ၁၄ခု ရှိကြောင်းတွေ့ရပြီး ဤဆောင်းပါး၌ အဆိုပါမဟာဗျူဟာ ၁၄ခု ကို အကျဉ်းမျှ တင်ပြ ဆွေးနွေး ထားပါသည်။

(၁) လွှမ်းခြုံထားခြင်း (Blanketing)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ဤမဟာဗျူဟာကိုအသုံးပြုသည့်အခါ တောင်းဆိုချက် များကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြလေ့ရှိသည်။ ထို့အပြင် သာမန်တောင်းဆိုချက်များသာမက အိပ်မက်ထဲက တောင်းဆိုချက်များပါ ပါလာသည်အထိ ဖြစ်တတ်သည်။ ဤ မဟာဗျူဟာကို အသုံးပြုခြင်းဖြင့် တောင်းဆိုချက် အများကြီးထဲက အနည်းဆုံး တစ်ခုခုကိုဖြင့် ရမှာသေချာသည်။ ထို့အပြင် အခြား တစ်ဖက်က စေ့စပ်ညှိနှိုင်း ဆွေးနွေးသူအနေနှင့် မည်သည့် အတိုင်း အတာအထိ လိုက်လျော အလျှော့ ပေးလိုသည်ကို သိလိုသည့် အခါ၌လည်း ဤဗျူဟာကို သုံးလေ့ရှိသည်။

(၂) ဝိုင်းပြ၊ ရွေးပြ၊ ချုံ့ပြခြင်း (Bracketing)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ဘက်နှစ်ဘက်အမြဲရှိသည်။ အခြားဘက်၏ လိုလားချက်များ၊ တောင်းဆို ချက်များ အနက် အမှန်တကယ် လိုအပ်ချက်များ (Needs) သည် မည်သည့် အရာများ ဖြစ်သည်၊ မည်ကဲ့သို့ ဖြည့်ဆည်း ဆောင်ရွက် လိုက်လျော ပေးနိုင်သည်ကို ဝိုင်းပြ၊ ရွေးပြ၊ နယ်ပယ် ချုံ့ပြခြင်းဖြစ်၏။ ဤမဟာဗျူဟာကို အသုံးပြုသည့် အခါ မည်သည့် အဆိုပြုချက်များက တစ်ဖက်သား စေ့စပ်သူအား ကျေနပ်စေနိုင်သည် ဆိုသောအချက်ကို စနစ်တကျ လေ့လာဖို့ လိုပါသည်။

(၃) တဖြည်းဖြည်းအားနည်းပျက်စီးစေခြင်း (Undermining)
အခြားတစ်ဖက်သား စေ့စပ်ဆွေးနွေးသူကို အမြဲတမ်း ခံစစ်အနေအထား ၌သာ ရှိစေကာ တဖြည်းဖြည်း အားနည်းအောင် လုပ်ပြီး အပိုင်ကိုင် စေ့စပ်ဆွေးနွေးသည့် မဟာဗျူဟာ ဖြစ်သည်။

(၄) အံ့အားသင့်စေခြင်း (Surprise)
ဤမဟာဗျူဟာသုံးသည့်အခါ ရုတ်တရက်ချက်ချင်းဆိုသလို အကြောင်း အရာသစ် တစ်ခုကို တင်ပြ ဆွေးနွေးခြင်း၊ အဆိုပြုချက် အသစ်တစ်ခုကို ကမ်းလှမ်းခြင်း၊ ထင်မှတ် မထားသော အနေ အထားနှင့်ရှုထောင့်မှ ချဉ်းကပ် ဆွေးနွေးခြင်း တို့ကို ပြုလုပ်လေ့ရှိ၏။ ဤကဲ့သို့ မိမိတို့၏ ရုတ်တရက် ကမ်းလှမ်း တင်ပြချက်ကို အံ့အားသင့် အငိုက်မိအောင် ပြုလုပ်ခြင်းဖြင့် တစ်ဖက်သား ရှောင်တိမ်းချိန်၊ ပြင်ဆင် ကြံဆချိန် မရဘဲ လက်ခံလာအောင် ပြုလုပ်နိုင်၏။

(၅) တိတ်တိတ်နေခြင်း (Silence)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာ၌ ရံဖန်ရံခါ တစ်ဖက်သား၏ဆွေးနွေးချက်ကို စိတ်ဝင်စားဟန်၊ ဂရုစိုက်ဟန် မပြဘဲ မခန့်လေးစား လုပ်ခြင်း၊ ကိစ္စ တစ်ခုခုကို ယာယီအားဖြင့် ဆွေးနွေးရန် စိတ်ဝင်စားမှု မရှိဟန်ပြကာ ဆိတ်ဆိတ်နေခြင်း ဖြင့်လည်း တစ်ဖက်သား မိမိဘက်ပါအောင် လုပ်ယူနိုင်သည်။

(၆) ဟန်ဆောင်ခြင်း (Feinting)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် အခြေခံမူရင်း လိုချင်သည့် ရည်ရွယ်ချက်မှာ “က” ဖြစ်နေသော်လည်း “က” ကို လိုချင်ဟန် လုံးဝ မပြဘဲ အခြား ကမ်းလှမ်းချက် “ခ” ကိုသာ လိုချင်စိတ် ရှိသည့် ဟန်ဆောင်ကာ ဆွေးနွေးစေ့စပ်သည့် မဟာဗျူဟာ ဖြစ်သည်။

(၇) လုပ်ပိုင်ခွင့်အကန့်အသတ်ဖြင့်သာရှိခြင်း (Limited authority)
စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့်အခါ မိမိ၏လုပ်ပိုင်ခွင့် ဘောင်ထဲက လိုက်လျောခွင့် ပြုနိုင်သမျှ လိုက်လျော ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုထက် ပိုကျော်လွန်လာပါက အဆင့်မြင့် သူများထံ တင်ပြကာ အတည်ပြုချက် ရမှ လိုက်လျောနိုင်ကြောင်း၊ အပေးအယူ လုပ်ရန် အလားအလာ ရှိကြောင်း၊ ထိုသို့ တင်ပြအတည်ပြုချက် ရရေးမှာ မသေချာကြောင်းကို တစ်ဖက်သားအား သိစေခြင်းဖြစ်သည်။

(၈) နောက်ဆုတ်ခြင်း (Withdrawal)
စေ့စပ်ညှိနှိုင်း ဆွေးနွေးနေချိန်တွင် မိမိဘက်က မည်သည့်ကမ်းလှမ်းမှု၊ စဉ်းစားမှုမျှ မလုပ်တော့ဘဲ နောက်ဆုတ်နေခြင်း၊ မဆွေးနွေးတော့ဘဲ ရပ်တန့်နေခြင်း၊ ဆွေးနွေးရန် စိတ်ဝင်စားဟန် မပြတော့ခြင်း သည်လည်း ထိရောက်သော၊ အသုံးပြုလေ့ရှိသော မဟာဗျူဟာ တစ်ခုဖြစ်သည်။ တကယ်လက်တွေ့၌ နောက်ဆုတ်ခြင်း မဟုတ်။ နောက်ဆုတ်ဟန် ပြခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ လုပ်ရသည့် ရည်ရွယ်ချက်မှာ အခြားတစ်ဖက်သား စေ့စပ်ညှိနှိုင်း ဆွေးနွေးသူအား ၎င်း၏ အနေအထားနှင့် ကမ်းလှမ်းချက်ကို ပြောင်းစေလိုသော သဘောဖြင့် လုပ်ခြင်းဖြစ်၏။

(၉) သည်းခံညှာတာချုပ်တည်းခြင်း (Forbearance)
စေ့စပ်ဆွေးနွေးညှိနှိုင်းနေစဉ် တစ်ဖက်သားအားသည်းခံစိတ်၊ ညှာတာစိတ်ဖြင့် မပေါက် မကွဲဖြစ်အောင် စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သည်။ ဤစိတ်ဖြင့် ဆွေးနွေးရာ၌ ရံဖန်ရံခါ ဆုံးဖြတ်ရန်ရှိသည့် ကိစ္စများကို ချက်ချင်းမဆုံးဖြတ်ဘဲ အဖြေပေးရန်၊ စဉ်းစားရန် အချိန်ယူခြင်း နည်းလမ်းကို အသုံးပြုနိုင်သည်။ ဤဗျူဟာကို အသုံးပြုခြင်းသည် တစ်ဖက်သားအား ဖိအား ဝင်စေသည်ဟု ဆိုကြသည်။

(၁ဝ) ပြီးတာပြီးပြီ (Fait Accompli)
နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့်အခါ တစ်ဖက်ဖက်က လိုချင်သည့် ရည်မှန်းချက်များ ရရှိပြီးမြောက် အောင်မြင်သွားသည့်အခါ ရောက်ရှိနေသော အခြေအနေနှင့် သဘောတူညီပြီးချက်များကို အခြားတစ်ဖက်က လျင်လျင်မြန်မြန် လက်ခံ ဆောင်ရွက်စေသည့် မဟာဗျူဟာ ဖြစ်သည်။ ရှေ့လျှောက်ပြီး အပေးအယူ၊ အတိုးအလျှော့၊ အပြောင်းအလဲ လုပ်လျှင် အချိန်ပိုလိုမည် ဖြစ်ကြောင်း၊ အားစိုက်မှု ပိုလိုလာနိုင်ကြောင်း၊ သဘောတူညီပြီးချက်များကို ပြန်ပြင်ရန် ခက်ခဲကြောင်း တင်ပြဆွေးနွေးသည့် မဟာဗျူဟာဖြစ်သည်။

(၁၁) နောက်ဆုံးအချိန် /ရက် /ကိစ္စ သတ်မှတ်ခြင်း (Deadlines)
အကြောင်းအရာ ကိစ္စတစ်ခုခုကို နှစ်ဖက်သား စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ထိုကိစ္စအတွက် နောက်ဆုံးအချိန်၊ နောက်ဆုံးရက်ကို သတ်မှတ်ပြီး ဆွေးနွေးရန်လိုသည်။ တစ်ဖက်သား၏ လိုက်လျောနိုင်သော၊ ဆွေးနွေးနိုင်သော ရက်/အချိန်နှင့် ကိစ္စအတိုင်းအတာကို တစ်ဖက်သားက သိရှိလေ ထိုသို့သိထားသူ အတွက် ဖိအားဝင်လေဖြစ်သည်။

(၁၂) လူကောင်း/လူဆိုး (Good guy/bad guy)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် အဖွဲ့နှင့် ဆွေးနွေးလေ့ရှိ၏။ ထိုအခါ အဖွဲ့ထဲ၌ လူကောင်းများ၊ သဘောထား ပျော့ပျောင်းသူများပါသလို၊ လူဆိုးများ၊ သဘောထားတင်းမာသူများ ပါလေ့ရှိ၏။ သဘောထား တင်းသူများက ခပ်တင်းတင်း၊ ခပ်မာမာပြောနေချိန်၌ အဖွဲ့ထဲရှိ သဘောထား ပျော့ပျောင်းသူများက အလျှော့ပေးလေဟန်ဖြင့် တစ်ဆင့်နိမ့်ပြီး ကမ်းလှမ်းချက်လုပ်သည့် ညှပ်ပူးညှပ်ပိတ် မဟာဗျူဟာကို သုံးခြင်းဖြင့် တစ်ဖက်စေ့စပ် ညှိနှိုင်းဆွေးနွေးသူအဖွဲ့ ငြင်းပယ်ရန် ခဲယဉ်းသော အခြေအနေကို ရောက်စေ၏။

(၁၃) တစ်စစီဖဲ့ယူခြင်း (Salami)
စေ့စပ်ညှိနှိုင်းဆွေးနွေးရာ၌ အားလုံးက တစ်ပြိုင်နက် အပြီးအစီးရဖို့ရန်မှာ ခဲယဉ်းသည်။ ထို့ကြောင့် လိုတာအကုန်လုံး ယူမည့်အစား တစ်ပိုင်းစီ၊ တစ်စစီအရ ဖဲ့ဖဲ့ယူကာ စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သည်။

(၁၄) ပြောင်းပြန်လုပ်ခြင်း (Reversal)
ကိုယ်လိုချင်၊ ရချင်သည်က “အပေါင်း” ဖြစ်သော်လည်း “အပေါင်း” ကိုလိုချင်ဟန်မပြဘဲ “အနုတ်” ကိုသာလိုချင်ကြောင်း ဟန်ဆောင် ဆွေးနွေးကာ ပြောင်းပြန်လုပ်သည့် မဟာဗျူဟာ ဖြစ်၏။ ထိုအခါ တစ်ဖက်သား စေ့စပ်ညှိနှိုင်းဆွေးနွေးသူက “အနုတ်” ဘက်ကို မပေးနိုင်သည့်အခါ သူပေးနိုင်သည့် “အပေါင်း” ကို ကမ်းလှမ်းလာ၏။ ဤအချိန်တွင် ရလာသည့် “အပေါင်း” သည် မိမိလိုချင်သည့်အရာဖြစ်၏။

နိဂုံး
စေ့စပ်ညှိနှိုင်း ဆွေးနွေးရာတွင် မဟာဗျူဟာမျိုးစုံကို သုံးစွဲနိုင်ပါသည်။ မည်သည့်အခြေအနေတွင် မည်သည့် မဟာဗျူဟာကို အသုံးပြုရမည် ဆိုသည့်ကိစ္စမှာ သက်ဆိုင်ရာ စေ့စပ် ညှိနှိုင်း ဆွေးနွေးသူနှင့် အဖွဲ့၏ စိတ်ဓာတ်ရေးရာ အသိမြင့်မားမှု၊ ကျွမ်းကျင်မှု ရှိမှုတို့ အပေါ်တွင် မူတည်နေပါသည်။


အောင်မြင်စွာ စေ့စပ်ညှိနှိုင်းဆွေးနွေးနိုင်သူများ ဖြစ်ကြပါစေ... ဟုဆန္ဒပြုပါသည်။

Read More...

ဘင်္ဂလား-မြန်မာနှစ်နိုင်ငံအငြင်းပွားနေသည့် နေရာအတွင်း ဂတ်(စ်)ရှာဖွေမှုကို မြန်မာဘက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြား

11/4/2008

ဘင်္ဂလား-မြန်မာနှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ပြင်တွင် မြန်မာဘက်မှ ဆက်လက် ဂတ်(စ်)ရှာဖွေ တူးဖော်မှုကို ပြုလုပ်သွားမည်ဟု မြန်မာဘက်မှ ပြောကြားလိုက် ကြောင်း သိရသည်။

ယခု မြန်မာဘက်မှာ ဂတ်(စ်)တူးဖော်နေသည့် နေရာကို ဘင်္ဂလားဒေ့ နိုင်ငံပိုင်ဖြစ်ကြောင်း ဘင်္ဂလားအစိုးရ ပြောကြားချက်ကို မြန်မာဘက်မှ အသိအမှတ်မပြုဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးဖေသန်းဦးမှ ယနေ့တွင် အတည်ပြုပြောဆိုသည်။
အဆိုပါနေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးဇုန်ဖြစ်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်စရာမလိုဘဲ ဆက်လက် ရှာဖွေသွားမည်ဟု မြန်မာ ထိပ်တန်းအရာရှိတဦးမှ ပြောကြားသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေးရာအတွင်းဝန် တိုးဟေးဟူစိန်ကဆင့်ခေါ်ပြီး ဘင်္ဂလာရေပိုင် နက်ကို ကျူးကျော်ဝင်ရောက်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေမှုကို ကန့်ကွက်ကြောင်းနှင့် ချက်ချင်းထွက်ခွာ သွားရန် တောင်းဆို ထားသည့် စာတစောင်ကို မြန်မာသံအမတ်သို့ ပေးအပ်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျဘက်မှလည်း ရေတပ်သင်္ဘောများကို အငြင်းဖြစ်ပွား နေသည့် နေရာသို့ စေလွတ်ထားပြီး အဆိုပါ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဘင်္ဂလား ဒေ့ခ်ျဘက်မှ ရေတပ်အရာရှိများအပါအ၀င် သံတမန်တဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ထားသည်။
နယ်နိမိတ်အငြင်းပွားမှု ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလား- မြန်မာ နှစ်နိုင်ငံအနေဖြင့် အလျော့ပေးမည့် ပုံမရှိကြောင်းနှင့် ဆက်လက်တင်းမာလာမည့် အခြေအနေ ရှိကြောင်း လေ့လာစောင့်ကြည့်နေသူများက သုံးသပ်နေကြသည်။

Ref: သျှင်ထွီးခိုင် (နိရဉ္စရာ)

Read More...

Tuesday, November 4, 2008

ဒီကေဘီအေဦးစီးမည့် ကရင်နှစ်သစ်ကူးပွဲကို စစ်အစိုးရပိတ်

၃ နိုဝင်ဘာ ၂၀၀၈

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေ အရှေ့ဘက် ခလောက်နို့ရွာဘက်ခြမ်းတွင် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အဖွဲ့ (ဒီကေဘီအေ) မှ ကမကထပြု ကျင်းပမည့် ကရင်မျိုးနွယ်စု အားလုံးနှင့် နိုင်ငံတကာရောက် ကရင်များ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းများ ပါဝင်နိုင်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်သည်။
ပွဲတော်ကျင်းပရေး ကော်မတီဝင် တဦးက “ဒီပွဲလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်။

ကရင်ပြည်နယ်၏အလှ ဇွဲကပင်တောင်

ပြီးခဲ့တဲ့ လလယ်လောက်က အကြောင်းပြချက်မရှိဘဲ ပွဲကျင်းပခွင့်ကို ပိတ်လိုက်တယ်။ ဒီနှစ် ကျင်းပမယ့်ပွဲဟာ မြန်မာပြည် ကရင့်သမိုင်းမှာ အတော့်ကို ထူးထူးခြားခြား ဖြစ်ဖို့အတွက် စီစဉ်ထားတဲ့ပွဲ ဖြစ်တယ်။ မြန်မာပြည်အနှံ့မှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား မျိုးနွယ်စုတွေအပြင် နိုင်ငံတကာရောက် ကရင်တွေကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကိုလည်း ဖိတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကို မြန်မာအာဏာပိုင်တွေဘက်က မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကို စိုးရိမ်တာရယ်၊ နိုင်ငံရေး အဖွဲ့အစည်းတွေကိုပါ ဖိတ်မှာဆိုတော့ ကရင်တွေ ရင်းနှီး စည်းလုံးသွားမှာကို မလိုလားလို့ ပိတ်တယ်လို့ပဲ ထင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အမည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးကလည်း “ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို မြန်မာ အာဏာပိုင်တွေဘက်က ကျင်းပခွင့်မပြုတာကတော့ သေချာသွားပြီ။ အကြောင်းပြန်တာ ရက်ပိုင်းလောက်ပဲရှိ သေးတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ဘက်က ဖြစ်အောင်လုပ်မှာပါ။ အရင်စီစဉ်ထားတဲ့အတိုင်းပဲ ပွဲကိုကျင်းပမယ်၊ အားလုံးကိုလည်း ဖိတ်မယ်။ နေရာကိုတော့ ဇွဲကပင်တောင်ခြေမှာ မဟုတ်တော့ဘူး ဒီကေဘီအေ (၉၉၉) တပ်မဟာ ဌာနချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်က ကွမ်ဘီရွာမှာပဲ ကျင်းပမှာဖြစ်တယ်။ ကရင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးဖိတ်မယ်၊ အကုန်လုံးလာလို့ရတယ်။ လက်နက်တွေ ဘာတွေတော့ ယူဆောင်ခွင့်မပေးဘူး” ဟု ပြောသည်။

ဒီကေဘီအေမှကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “အခုလို ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတာကတော့ နအဖဟာ ဒီကေဘီအေကို တပည့်ပီပီ လက်အောက်ခံ အဖြစ်ပဲ နေစေချင်တယ်။ နအဖက ဖက်ဆစ်ဆိုတော့ ဖက်ဆစ်ဝါဒအတိုင်း လူတွေနဲ့ လူတွေရဲ့ အတွေးအခေါ်ကို ထိန်းချုပ်မယ်။ ဒီကေဘီအေက တမူဆန်းပြီး ဟိုလူဖိတ်မယ်၊ ဒီလူဖိတ်မယ် ကြီးကြီးကျယ်ကျယ်တွေ လုပ်တော့ သိကြတဲ့အတိုင်းပဲ နအဖဆိုတာက ကရင်တွေကို မျိုးဖြုတ်ဖို့ပဲရှိတယ်။ ဒီပွဲကို ဒီကေဘီအေနဲ့ နအဖလိုလားသူ တစုကနေ ကျင်းပမှာဖြစ်တယ်။

သူတို့ရည်ရွယ်ချက်က နအဖကို လူထုထောက်ခံမှု ပိုရအောင် လုပ်ပေးတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဇွဲကပင်တောင်ခြေ အရှေ့ဘက်ခြမ်းတွင် ဒီကေဘီအေမှ ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကျင်းပမည့်သတင်းများကို ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် Bi Weekly Eleven သတင်းဂျာနယ်နှင့် အခြားပြည်တွင်း ဂျာနယ်အချို့တွင် ဖော်ပြထားပြီးဖြစ်သည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့သည် ကရင်သက္ကရာဇ် ၂၇၄၈ ခုနှစ် သလေထိုင်ခေါင်ဖိုး၊ လဆန်း (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု

နိုင်ငံတခုမှာ အစိုးရရယ်၊ ပြည်သူရယ်၊ စစ်တပ်ရယ်ဆိုတဲ့ တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု တခု ရှိတယ်။ အစိုးရဆီမှာ ပြည်သူ့အာဏာ သက်ဆင်းမှုရှိရတယ်။ စစ်တပ်ဆိုတာကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ထားရှိရတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ ကျ တော့ ပြည်သူလူထုကို စောင့်ရှောက်ရမယ့် စစ်တပ်က ပြည်သူကိုသတ်ပြီး ပြည်သူ့အာဏာ သက်ဆင်းရမယ့် အစိုးရနေရာကို အတင်း လုယူထားတယ်။ ဒီတော့ တြိဂံပုံသဏ္ဍာန်ဟာ ပျက်ယွင်း သွားပြီ။ အာဏာသိမ်း စစ်အစိုးရနဲ့ ပြည်သူလူထုဆိုတဲ့ ဘက်နှစ်ဘက် ထိပ်တိုက်ဖြစ်နေပြီ။

အတိုက်အခံဆိုတာက ဖိနှိပ်ခံလူတန်းစားတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်တိုက်ပွဲဝင်ဖို့ ပေါ်ထွက်လာ သူတွေဖြစ်တယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ စစ်အစိုးရနဲ့ အတိုက်အခံများကြားက အားပြိုင်တဲ့ပွဲ မဟုတ်ဘူး။ ဖိနှိပ်တဲ့ စစ်တပ်နဲ့ အဖိနှိပ်ခံ ပြည်သူများအကြားက တိုက်ပွဲတရပ်သာ ဖြစ်တယ်။ ဒီတော့ ကြားနေဆိုတာ မရှိဘူး။ ဖိနှိပ်တဲ့ စစ်တပ်ဘက်က ရပ်တည်မှာလား၊ အဖိနှိပ်ခံရတဲ့ ပြည်သူ ဘက်က ရပ်တည်မှာလားဆိုတဲ့ ရွေးချယ်မှုကိုသာ ရွေးချယ်ရတော့မှာ ဖြစ်တယ်။ အဖိနှိပ်ခံ ပြည်သူ တွေကို မျက်ကွယ်ပြုပြီး ကြားနေတယ်ဆိုရင်တော့ ဖိနှိပ်တဲ့ စစ်တပ်ကို အားပေးရာကျနေလိမ့်မယ်။

ပြည်သူလူထုထဲမှာလည်း ဖိနှိပ်သူကိုမှ အားပေးအားမြှောက်လုပ်ပြီး အခွင့်အရေး ယူနေသူတွေ ရှိတယ်။ ဒီလူတွေဟာ လူထု သစ္စာဖောက်တွေဖြစ်တယ်။ တပ်မတော်သားတွေ ထဲမှာလဲ ပြည်သူနဲ့ ပူးပေါင်းပြီး၊ တြိဂံပုံသဏ္ဍာန် တည်ဆောက်ချင်သူတွေ ရှိနေမယ်။ ဒီလိုမျိုးချစ်သူရဲကောင်းတွေကို လူထုနဲ့ အမြန်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍဆိုတာ တြိဂံပုံသဏ္ဍာန်အနေနဲ့ အမြဲတည်ရှိနေပြီးသားပါ။ ဒီအခန်းကဏ္ဍကို မြောင်းထဲရောက်အောင်၊ ပြည်သူ့ ချဉ်ဖတ်ဘ၀ ရောက်အောင် ပြည်သူတွေဆီ သေနတ်ပြောင်းကို ဘယ်သူတွေ ချိန်ခိုင်းခဲ့တာလဲ။ ပြည်သူ့ သားကောင်းပီသစွာ သေနတ်ပြောင်းတွေကို နောက်ပြန်လှည့်လိုက်ပါ။
သူ့နေရာနဲ့သူ လှပပြီး၊ အဓိပ္ပာယ်ပြည့်ဝနေတဲ့ တြိဂံပုံသဏ္ဍာန် ဖြစ်တည်မှုကို နိုင်ငံသစ်ဆီမှာ ပြန်လည်တည်ဆောက်ကြပါစို့။

Ref: ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၀၈)

Read More...

Monday, November 3, 2008

ပြုံးအလှပိုင်ရှင်လေးများ ဖြစ်တော့မည့် မွေးရာပါ နှုတ်ခမ်းကွဲလေးများ

မနေ့က မဲဆောက်မြို့နှင့် နယ်စပ်ဒေသများမှ မြန်မာပြည်သား ၃၀၀ ကျော်တို့၏ မွေးရာပါ နှုပ်ခမ်းကွဲများအား Operation Smile Thailand မှ အခမဲ့ ခွဲစိတ်ကုသ ပေးပါသည်။

ခွဲစိပ်ကုသရန် စောင့်ဆိုင်း နေကြသော မြန်မာပြည်သား ကလေးငယ်များ

လူတို့၏စိတ်ကို ပင်ပမ်းနွမ်းနယ် စေသော ထို မွေးရာပါ နှုပ်ခမ်းကွဲများအား Operation Smile Thailand အဖွဲ့မှ ကျွမ်းကျင်သော ခွဲစိပ်ဆရာဝန်များမှ အခမဲ့ကုသပေးခဲ့ကြသည်။

Central Retail Corporation မှ ဒုဥက္ကဌ Busaba Chirathivat က “သူတို့ဟာ လှပတဲ့ အပြုံးပိုင်ရှင်ဖြစ်တဲ့ ဘ၀တခုကို ရရှိကြလိမ့်မယ် သူတို့က သာမန်အတိုင်း မဟုတ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို မလိုချင်ကြဘူးလေ” ဟု ဆိုပါသည်။

ခွဲစိတ်ပြုပြင်လိုသူများအနေဖြင့် နိုဝင်္ဘာလ (၂) ရက်နေ့တွင် စတင် စာရင်း ပေးသွင်းနိုင်ပြီး ခွဲစိတ်မှုကို နိုဝင်္ဘာ (၃) ရက်နေ့မှ စတင်ကာ နိုဝင်္ဘာ (၇) ရက်နေ့ထိတိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်၊

လာရောက်စာရင်းပေးသွင်းစဉ် ခွဲစိတ်ကုသရန် လိုအပ်သူများကို မဲဆောက်ဆေးရုံကြီးတွင် နေရာချ ထားပြီး လိုအပ်သော တကိုယ်ရေသုံး ပစ္စည်းများ နှင့် အရန်သုံး ဘတ်ငွေ (၂၀၀) ထုတ်ပေးခဲ့ ကြောင်းလည်း သိရှိရပါသည်။

Read More...

နာဂစ် ၆ လအလွန် မုန်တိုင်းဒဏ် သင့်သူတွေရဲ့ ဘ၀ နာလံ မထူသေး

02 November 2008

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့တာ ဒီနေ့နိုဝင်ဘာလ ၂ ရက်ဆို ၆ လ တင်းတင်းပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၆ လအတွင်း ကူညီကယ်ဆယ်ရေးတွေ အခက်အခဲတွေကြား ရောက်ရှိလာခဲ့ပေမယ့် ခုချိန်အထိ မုန်တိုင်းဒဏ်သင့် ပြည်သူတွေထဲမှာ နေ့စဉ် မှီဝဲဖို့ အစားအသောက်ကိုပင် အလုံအလောက်ရဖို့ မလွယ်ကူသေးဘူး။ နေ့စဉ် သောက်သုံးစရာတွေ အလုံအလောက်ရှိမှာသာ လူတွေရဲ့  ဘ၀ ပုံမှန်ပြန်လည် လည်ပတ်နိုင်တဲ့ အဆင့်ရောက်နိုင်မှာမို့ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ ထပ်လိုသေးတယ်လို့ မနေ့ ကထုတ်စေတဲ့ World Vision အဖွဲ့ရဲ့ ၆ လပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး World Vision ကို ဆက်သွယ် မေးမြန်းထားတဲ့ မနော်ရှိုးက အကြောင်းစုံကို ပြောပြပေးပါပါတယ်။

World Vision အဖွဲ့ရဲ့ မကြာခင်က ကွင်းဆင်းကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မုန်တိုင်း ဒဏ်သင့် ပြည်သူအများဟာ မုန်တိုင်း တိုက်ခတ်ခဲ့ပြီးလို့ ၆ လအကြာမှာတောင် ပုံမှန် အတိုင်း ပြည်လည် မလှုပ်ရှား နိုင်ကြပဲ အခြေခံကျတဲ့ လိုအပ်မှုတွေ အများကြီး ရှိသေးတယ်လို့ ဆိုပါ တယ်။ ဒာဓိက ကတော့ အစားအသောက် မလုံလောက်မှုပါပဲ။ မုန်တိုင်းဒဏ်သင့် ဒေသမှာ ရှိတဲ့ ပြည်သူထဲက သုံးပုံနှစ်ပုံနီးပါးပဲ သန့်ရှင်းတဲ့ သောက်သုံးရေကို ရနိုင်သေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ သုံးပုံတပုံကတော့ သောက်သုံးရေ အလုံအလောက် မရရှိတဲ့ အပြင် ပြီးခဲ့တဲ့ တလတာအတွင်း နေ့စဉ် ထမင်းနပ်မှန်အောင် မစားခဲ့ရဘူးလို့ တွေ့ရ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ World Vision အဖွဲ့က အရေးပေါ်ဆိုင်ရာ အကြံပေးဖြစ်သူ Mr. Ashley Clenments ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက အခုလိုရှင်းပြ ပါတယ်။

“မကြာခင်တုန်းက ကျွန်တော်တို့ ကောက်ယူတဲ့ စစ်တမ်းတွေအရ မုန်တိုင်းဒဏ်သင့် မိသားစုတွေ တော်တော်များများ နေ့စဉ် စားသုံးတဲ့ အစားအစာ ပမာဏကို လျှော့ချကြရတယ်။ ဒီလို ထမင်း နပ်မှန်အောင်မစားရတာဟာ တချို့ဆို ၁ လ ၂ လလောက်တောင် ရှိပါပြီ။ ဆိုတော့ ကောင်းလာတဲ့ အခြေအနေတွေရှိသလို ပိုဆိုးသွားတဲ့ အခြေအနေတွေကိုလည်း တွေ့ရပါတယ်။” ဒီလို အစားအသောက် ပြတ်လပ်မှုတွေကြောင့် မုန်တိုင်းဒဏ် သင့်သူတွေအများစုဟာ နေ့စဉ် အသက်ဆက်ရေးအတွက် အဖွဲ့အစည်းတွေက ပေးလှူတဲ့ အစားအသောက် အထောက်အပံ့တွေ ကိုပဲ အားကိုးနေရတုံးပဲလို့ ဆိုပါတယ်။ နောက်တခါ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေရဲ့ ၃၀% နဲ့ အသက် ၁၂ နဲ့ ၁၇ နှစ်အရွယ်ထဲက ၅၀% ဟာလည်း ခုချိန်ထိ ကျောင်းမတက်နိုင် သေးဘူးလို့ ဆိုပါတယ်။ နောက်ထပ် ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုတွေပဲ ဖြစ်ပါတယ်။ ဒါဟာ လူတွေသာမက လယ်ယာသုံး ကျွဲနွားတွေ အထိတောင် ဂယက်ရိုက်မှု ရှိတယ်လို့ မစ္စတာ ကလန်မန့် က ဆက်ပြီးရှင်းပြပါတယ်။

“မုန်တိုင်းကို ရင်ဆိုင်ခဲ့ရတဲ့ လူကြီးရော ကလေးပါ စိတ်ပိုင်းဆိုင်ရာ ဖိစိးမှုတွေ အခက်အခဲတွေကို ကြုံရပါတယ်။ ဒီနေ့ပဲ ကျွန်တော် လယ်သမား တော်တော်များများဆီက ကြားခဲ့ရတာကတော့ မုန်တိုင်းတိုက်ပြီးကတည်းက သူ့ရဲ့  သက်ရှင်ကျန်ရစ်တဲ့ ကျွဲတွေတောင် မုန်တိုင်းရဲ့ ခြောက်လှန့် မှုတွေကြောင့် ပုံမှန်အတိုင်း အလုပ်မလုပ်တော့ဘူး။ တိရိစ္ဆာန်တောင် ဒီလိုဖြစ်တယ်ဆိုရင် လူဆိုရင် မပြောပါတော့နဲ ဗျာ။”

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရုံသာမက လယ်ယာလုပ်ငန်းတွေမှာ သုံးတဲ့ ကျွဲနွားပေါင်း ၂ သန်းဆုံးရှုံးခဲ့ရပါတယ်။ ဆန်စပါးစိုက်ပျိုးတဲ့ လယ်ဧက ၁ သန်းဟာလည်း ဆားငံရေအောက် နှစ်မြုပ်ခဲ့ရသလို ငါးဖမ်းလှေ ရာပေါင်းများစွာနဲ့ အရေးကြီးတဲ့ အခြေခံ လူမှု အဆောက်အအုံတို့လည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့