..............................

Friday, February 25, 2011

တော်လှန်ရေးအောင်ရာသောအကြောင်းများ

February 24, 2011

ဂါမဏိ

လွန်ခဲ့တဲ့ ၃၂ နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အီရန်တော်လှန်ရေး အောင်ပွဲ ခံကြောင်း ကြေညာ လိုက်ပါတယ်။ အမေရိကန် ကျောထောက် နောက်ခံ ပေးထားတဲ့ ရှားဘုရင်က ထွက်ပြေး သွားပြီ၊ စစ်တပ်ကလဲ ခေါင်းပြုတ် သွားပြီ၊ ဆိုတော့ ခေတ်သစ်တခု ပေါက်ဖွားတော့မယ် အခြေအနေ။

ဒါပေမဲ့ အများ သိကြတဲ့အတိုင်း အီရန်မှာ နောက်ပိုင်း ဖြစ်လာတာတွေက အခု အီဂျစ်၊ ကျူနီးရှား၊ လစ်ဗျား ပြည်သူတွေ မျှော်မှန်း နေသလို ဖြစ်မလာခဲ့ပါဘူး။ ဘယ်လိုပဲ ရှိပစေ၊ ၁၉၇၉ အီရန် တော်လှန်ရေးဟာ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး တော်လှန်ရေး တခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ အာရပ်ကမ္ဘာက အပြောင်းအလဲတွေမှာ အီရန်တော်လှန်ရေးက အသုံးဝင်တဲ့ သင်ခန်းစာ တချို့ ပေးနေပါတယ်။

သင်ခန်းစာ ၁၊
တော်လှန်ရေး ဆိုတာ အချိန်ယူရတယ်

အီရန်နိုင်ငံရဲ့ ရေနံမြို့တော် အဘာဒန်မှာ ရုပ်ရှင်ရုံ မီးလောင်လို့ လူ ၄၀၀ သေသွား ခဲ့တာဟာ အီရန် တော်လှန်ရေးရဲ့ ကနဦး မီးပွားစ အဖြစ် ဒီကနေ့မှာ ယေဘုယျ သတ်မှတ် ထားကြပါတယ်။ အဲဒီနေ့ အဲဒီရက်ကနေ တော်လှန်ရေး အောင်ပွဲခံကြောင်း ကြေညာတဲ့ ဖေဖော်ဝါရီ ၁၂ ရက်အထိ တနှစ်နဲ့ တလ ကြာပါတယ်။

ဒီ ၁၃ လအတွင်းမှာ နွေရာသီချစ်ချစ်တောက် နေပူအောက်၊ ဆောင်းရာသီ အရိုးကွဲမတတ် အေးတဲ့ ဆီးနှင်းမိုးအောက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတယ်၊ ဆန္ဒပြသမားတွေ ပစ်သတ် ခံရတယ်၊ ဒီ ဆန္ဒပြအုံကြွမှု တွေဟာ အစောပိုင်း မှာတော့ မီဒီ ယာတွေမှာ ပါပေမဲ့ နောက်ပိုင်းတော့ နိုင်ငံတကာ မီဒီယာက အရေး မလုပ်တော့ပါဘူး။ နိုင်ငံတကာ သတင်းမှာ ရိုးသွားလို့ မထည့်ပေမဲ့ ဆန္ဒပြ စုဝေးပွဲတွေဟာ ဆက်ဖြစ်ခဲ့ပြီး ကြီးထွား လာခဲ့ပါတယ်။ ပြည်သူတွေက ဇွဲနဘဲနဲ့ ဆက်နွှဲကြပါတယ်။ စွန့်လွှတ် စတေး ထားတာတွေ အနစ်နာ ခံထားတွေက စစ်အစိုးရကို မှောက်လှန်ပစ်ဖို့ တွန်းအားတွေ ပေးနေခဲ့ပါတယ်။

အီဂျစ်မှာလဲ တောင်းဆိုချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာပြီး အုံကြွမှုကြီးရဲ့ တကယ့် ရည်မှန်းချက် ဟာ ရှင်းလာ ပါတယ်။ ဒါကတော့ ဟိုတစဒီတဖဲ့ ပြဿနာတွေ ရှင်းပေးဖို့ မဟုတ်၊ စနစ် တခုလုံး ဖယ်ရှားပစ်ဖို့ ဆိုတာပါပဲ။ ဒါကြောင့် မူဘာရတ် ထွက်ပြီး စစ်တပ်လက်ထဲ အာဏာ ရောက်သွားတာဟာ စနစ် အပြောင်းအလဲ regime change မဖြစ်သေးပါ ဘူး။ စနစ်တခုလုံး ပြောင်းဖို့ဆိုတာ အချိန် ရှည်ကြာတဲ့ ဖြစ်စဉ်ဖြစ်ပြီး အမြော်အမြင်၊ စည်းရုံး ဖွဲ့စည်းမှု၊ ဇွဲရှိမှု တို့ လိုအပ်ပါ တယ်။

သင်ခန်းစာ ၂၊
အခိုင်အခန့်တပ်စွဲထားတဲ့ အာဏာရှင်စနစ်တွေဟာ အေးအေးသက်သာ ဆင်းမသွားတတ်

အီဂျစ်မှာ ၃ ပတ်လောက် အုံကြွလိုက်ပြီးနောက် မူဘာရတ်ဟာ တကယ် ထွက်သွား တာလား၊ မထွက်သေး ဘူးလား မသိ သေးပါဘူး။ ထူးခြားတာက မူဘာရတ်ဟာ အီဂျစ် နိုင်ငံထဲမှာဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ထွက်သွားတဲ့ သမတ တွေ၊ ခေါင်းဆောင်တွေဟာ ကျူနီးရှား သမတပြုတ် ဘင်အလီ လို နိုင်ငံ့အပြင်ကို ပြေးမသွားမချင်း တကယ် ‘ထွက်’ တာလို့ ပြောမရ သေးပါဘူး။ “ရှားဘုရင်ကို သတ်ပစ်” လို့ တောက်လျှောက် ကြွေးကြော်သံတွေ အော်နေတဲ့ကြားက ရှားဘုရင်ဟာ တနှစ်လောက် ကုတ်ကပ် နေသွားပါတယ်။ မူဘာရတ်လိုပဲ ရှားဘုရင်ကလဲ လက်ရှိ အစိုးရထဲကနေ ဝန်ကြီးချုပ်ကို ဖယ်ပြီး စိတ်ချရတဲ့ မျက်နှာသစ် တယောက်နဲ့ ကြားဖြတ် အစိုးရ ဖွဲ့ဖို့ ကြိုးစား ခဲ့ပါသေးတယ်။

ရှားဘုရင်ဟာ ဝန်ကြီးချုပ် ၃ ယောက်ကို ပွဲထုတ်ခဲ့ပါတယ်၊ ပထမ တယောက်က ဒီမိုကရေစီ နာမည် ရှိတဲ့သူ၊ ဒုတိယက ဗိုလ်ချုပ်ကြီး တယောက်၊ နောက်ဆုံးလူက အီရန်နိုင်ငံရဲ့ မျိုးနွယ်စုကြီးတခု ခေါင်းဆောင်လဲဖြစ်၊ အဓိက အတိုက်အခံ ပါတီ ခေါင်းဆောင်လဲ ဖြစ်တဲ့လူပါ။ (အဲဒီအချိန်မှာ အတိုက်အခံပါတီက အခွံပဲ ရှိပါတော့တယ်။)

လမ်းမပေါ်ကပြည်သူတွေက အဲဒါတွေ ဘယ်သူ့ကိုမှ လက်မခံပါ။ အီဂျစ် ဒုသမတ အိုမာဆူလေမန် လိုပဲ ရှားဘုရင် လက်သပ် ခေါ်ထားတဲ့ ခေါင်းဆောင်တွေက မဖြစ်စလောက် လိုက်လျောမှု လေးတွေ ပေးပြီး တဖက်က ခြိမ်းခြောက် တာတွေလုပ် ကြပါတယ်။ “လူတွေ အိမ်ပြန်ကြတော့၊ စစ်တပ်က အခြေအနေကို ထိန်းထားပြီ၊ စစ်တပ်က စိတ်မရှည်တော့ ဘူးနော်၊ အနောက်တိုင်း ပုံစံ ဒီမိုကရေစီက ဒို့အရှေ့အလယ်ပိုင်းနဲ့ မသင့်တော်ဘူး” စသဖြင့်ပေါ့။

အခု အီဂျစ်ပြည်သူတွေလိုဘဲ ၁၉၇၉ တုံးက အီရန်ပြည်သူတွေအတွက် အဓိက ကျတာက ဘယ်သူက ခေါင်းဆောင် တက်လုပ် နေတာဖြစ်ပစေ၊ အကျင့်ပျက် ခြစားနေတဲ့ ရေပေါ်ဆီ အထက်လွှာ အစိုးရ စနစ်ကို ဖယ်ရှားပစ်ဖို့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှားဘုရင် ထွက်ပြေးတဲ့ အထိ ဆန္ဒပြပွဲတွေကို ဇွဲနဘဲကြီးကြီးနဲ့ ဆက်လုပ် ခဲ့ကြပါတယ်။ ဒီလိုနဲ့ တည်ဆဲ အထက်လွှာ စုလစ်မွန်းချွံ ပြသဒ်တဆောင်လုံးကို လုံးဝ ဖြိုချပစ်နိုင် ခဲ့ပါတယ်။

သင်ခန်းစာ ၃၊
စစ်တပ်ကို မယုံရ

ဒီကနေ့ အီဂျစ်နိုင်ငံနဲ့မတူတာက ဟိုတုံးက ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အင်အား အကြီးဆုံး ဖြစ်ခဲ့တဲ့ အီရန် စစ်တပ်ဟာ လူထုကို ပစ်သတ်ဖို့ ဝန်မလေး ခဲ့ပါဘူး။

၁၉၇၈ ခု အောက်တိုဘာလ သောကြာနေ့လူသတ်ပွဲဟာ လူထုတွေကို စစ်တပ်က ကျည်ဆံ အစစ်နဲ့ ပစ်သတ်ခဲ့တဲ့ အရေး အခင်း အများအပြား ထဲက တခုပဲ ဖြစ်ပါတယ်။ အီဂျစ် တပ်မတော်ကတော့ အခုထိ အဲသလို ဗြောင်အတိအလင်း သတ်ဖြတ်တာ မရှိသေးပေမဲ့ အကြမ်းဖက် လာနိုင်တဲ့ အန္တရာယ်က လမ်းမပေါ်က ပြည်သူတွေအပေါ် တောက်လျှောက် ရှိနေပါတယ်။

အခု အစိုးရကို ထိန်းချုပ်ထားတဲ့ အီဂျစ်စစ်တပ်က တည်ငြိမ်ရေးကို တအား ပြောနေပါတယ်၊ လူထု စုဝေးပွဲတွေ ဆက်လုပ်နေရင် ဝရုန်းသုန်းကား ဖြစ်မယ်လို့ သတိပေးတဲ့ သဘော ဖြစ်ပါတယ်။ အီရန် နိုင်ငံမှာတုံးကတော့ စစ်တပ်က အဲသလို ကြေညာချက်တွေ ထုတ်ပေမဲ့ ဆန္ဒပြသမားတွေက ဆက်လက် တိုက်ပွဲ ဝင်ကြပါတယ်။ သွေးမြေ ကျမှုတွေရှိပေမဲ့ ဆန္ဒပြ သမားတွေဟာ စစ်တပ်အပေါ် ဒေါသပြောင်း မလှည့်၊ ဒေါသ မပေါက်ကွဲကြလို့ နောက်ဆုံးမှာ စစ်သားတွေ ခြေကုန်လက် ပန်းကျ ဒူးထောက် သွားပါတော့တယ်။

သေနတ်ပြောင်းတွေထဲ ပန်းတွေထိုးထည့်ခဲ့ကြ၊ လူထုတွေ၊ စစ်သားမိသားစုတွေ၊ စစ်သား မိတ်ဆွေတွေ၊ စစ်သား အိမ်နီး ချင်းတွေက လမ်းမတွေပေါ် ချီတက်လာတဲ့ စစ်သားတွေကို ဖက်နမ်းကြ၊ ဝိုင်းဖွဲ့ စကားပြောကြ၊ ရပ်ထားတဲ့ တင့်ကားတွေ ပေါ် ကြွေးကြော်သံ နဖူးစည်း တံခွန်တွေ ချိတ်ဆွဲကြ၊ တင့်ကား ကိုယ်ထည်ပေါ် ကြွေးကြော် သံတွေမှုတ် ဆေးနဲ့ ဖြန်းကြ၊ တင့်ကားတွေ စစ်ကားတွေပေါ် ပိုစတာတွေ ကပ်ကြ လုပ်ခဲ့ကြပါတယ်။

စစ်တပ်ဆိုတာ အရေးထားလောက်တဲ့ လူသတ်အား၊ လက်နက်ပစ်အား ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အခု အီဂျစ် စစ်တပ်ဟာ ဟိုလိုလို ဒီလိုလို လုပ်နေပါတယ်။ ဒီဘက် လိုက်မလိုလို ဟိုဘက် ပြန်မလိုလို လက္ခဏာတွေ ပြနေပါတယ်၊ ဒါဟာ အန္တရာယ် အလားအလာ ရှိတဲ့ အချိန် ဖြစ်ပါတယ်။ လူငယ်ရဲဘော်တွေ ဆန္ဒပြ သမားတွေနဲ့ ပေါင်းတဲ့ သတင်းတွေ တော့ ကြားရပါတယ်။ စစ်အင်အားကြီး ရှေ့မှောက်မှာ ငြိမ်းငြိမ်းအေးအေး နေပြတာဟာ ဆန္ဒပြသူတွေ လက်ထဲက အကောင်းဆုံး လက်နက် ဖြစ်နိုင်ပါတယ်။ လျစ်လျူရှု နင်းချေပစ်လို့ မဖြစ်တဲ့ လက်နက် ဖြစ်ပါတယ်။

သင်ခန်းစာ ၄၊
သပိတ်တွေဟာ အောင်ပွဲအတွက် သော့ချက်

အီဂျစ်မှာ နောက်ဆုံးရက်သတ္တပတ်အတွင်း အနိုင်အရှုံး အမှတ်တွေ ပြောင်းသွားစေတဲ့ ဖြစ်ပေါ်မှု ကတော့ လစာ တိုးရေး နဲ့ အလုပ်သမား အခွင့်အရေး အတွက် စက်ရုံ အလုပ်သမားတွေက ပြည်နယ် မြို့တော် အများအပြားမှာ သပိတ်မှောက်ခဲ့ တာတွေ ဖြစ်ပါတယ်။

အီရန်နိုင်ငံတုံးကလဲ ရေနံမြေတွေမှာစပြီး တပြည်လုံးပျံ့သွားတဲ့ အလုပ်သမား သပိတ်တွေဟာ အစိုးရ ဒူးထောက်သွား စေဖို့ အချက်အခြာ ကျခဲ့ပါတယ်။ ရေနံဆီနဲ့ ဓာတ်ငွေ့ ပြတ်လပ် သွားတဲ့အတွက် ဓာတ်ဆီဆိုင် တွေမှာ တန်းအရှည်ကြီး စီ ရတာတွေ ဖြစ်ခဲ့ပါတယ်။ နေရာ တော်တော်များများမှာ ဓာတ်ဆီရဖို့ ၄၈ နာရီကြာ တန်းစီရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ညလုံး ပေါက် ကားထဲမှာ၊ ကားအောက်မှာ၊ ဆိုင်ကယ်အောက်မှာ၊ တွန်းလှည်းတွေ အောက်မှာ အိပ်စောင့် ခဲ့ကြရပါတယ်။ တဖက်မှာတော့ စစ်တပ်နဲ့ အထက်လွှာ ရေပေါ်ဆီ အသိုင်းအဝိုင်းကတော့ ဓာတ်ဆီတွေ ရနေပြီး ကားတွေရှင်းနေတဲ့ လမ်းတွေပေါ် ခတ်ကြွားကြွား မောင်းနေကြပါတယ်။ အဲဒါကြောင့် လူထုတွေက ပိုစိတ်နာ ပြတ်သား လာပါတယ်။

သပိတ်တွေဟာ ပြတ်တောင်းပြတ်တောင်းနဲ့ စက်ရုံတွေ၊ စက်မှုဇုံတွေကို ပျံ့သွားပြီး အရေးပါတဲ့ လျှပ်စစ် ဓာတ်အားပေး ရုံတွေကို ရောက်သွားတဲ့ အခါ လျှပ်စစ် လုပ်သားတွေက တရက်ကို ၄ နာရီ သပိတ်မှောက် မီးဖြတ် ပစ်ပါတယ်။ မီးဖြတ်တဲ့ အချိန်က အစိုးရ ရုပ်မြင်သံကြားလိုင်း ညဖက် သတင်းကြေညာချိန် ဖြစ်တဲ့ အတွက် ဗျူဟာမြောက် တိုက်ကွက် ဖြစ်သွားပါတယ်။ အီရန် ပြည်သူတွေဟာ ဖယောင်းတိုင်မီးနဲ့ ညစာ စားရပြီး သတင်းတွေကို ရေဒီယိုကပဲ ရပါတော့တယ်။ ရေဒီယို ဆိုတော့ ဘီဘီစီ ပေါ့။

သပိတ်တွေဟာ လှုပ်ရှားမှုကြီးတခုလုံးအတွက် ကျောရိုးဖြစ်သွား ခဲ့ပါတယ်။ တချိန်ထဲမှာ သပိတ် သမားတွေကလဲ ဆန္ဒ ပြပွဲတွေထဲ ဝင်ပါ နိုင်ခဲ့ကြပါတယ်။ ဒါဟာ တော်လှန်ရေး လှုပ်ရှားမှုကြီးကို စိတ်ဓာတ်ရေး အင်အားရော၊ စီးပွားရေးအင်အားပါ ပေးလိုက်တာ ဖြစ်ပါတယ်။ အခု အီဂျစ်ပြည်သူတွေလိုဘဲ ဟိုတုံးက အီရန် ပြည်သူတွေ ကလဲ အာဏာရှင်စနစ် ဖယ်ရှားနိုင်ဖို့ ဆိုရင် ယာယီ ဒုက္ခမျိုးစုံခံဖို့ အသင့် ရှိခဲ့ပါတယ်။

သင်ခန်းစာ ၅၊
နိုင်ငံပိုင်မီဒီယာ ဘက်ပြောင်းမှုဟာ အရေးပါတဲ့ အောင်မြင်မှု

အီဂျစ်နိုင်ငံမှာ ပုန်ကန်ထကြွမှုဟာ ခေတ်နဲ့အညီ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ ဘလော့တွေ တွီတာတွေ ကနေ စခဲ့ပြီး ဖေ့စ်ဘွတ်က်၊ တိုက်ရိုက် အင်တာနက် ရုပ်သံလွှင့်ချက် webcast၊ လက်ကိုင်ဖုံး တို့ကတဆင့် အရှိန်အဟုန် ကြီးလာပါ တယ်။ မူဘာရတ်က အင်တာနက်နဲ့ လက်ကိုင်ဖုံးတွေ ပိတ်ပစ် လိုက်တာတောင် အဆင့်မြင့် နည်းပညာ ဆက်သွယ်ရေး တွေ ဆက်လုပ် နိုင်ခဲ့ပါတယ်။

၁၉၇၉ အီရန်တော်လှန်ရေးတုံးက ဒါတွေမရှိခဲ့ပါဘူး။ ကက်ဆက် တိတ်ခွေတွေ ကိုပဲ အဓိကအားကိုး တွင်ကျယ် ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ချုပ်ကိုင်ထားတဲ့ မီဒီယာအရွေ့အပြောင်းက တော်လှန်ရေး အခြေအနေကို ပြပေးပါတယ်။ အီရန်ရဲ့ နိုင်ငံပိုင် ခေဟန် သတင်းစာနဲ့ အက်တယ်လာအာ့တ် သတင်းစာတွေမှာ ရှားဘုရင် ဓာတ်ပုံတွေကို လူထုက လမ်းမ တွေပေါ် မီးရှို့နေတဲ့ ပုံတွေ ပါလာတဲ့ အခါမှာတော့ အစိုးရရဲ့ ချုပ်ကိုင်မှု ပျယ်သွားပြီဆိုတာ သိနိုင်ပါပြီ။

အီဂျစ်က နိုင်ငံပိုင် အယ်လ်အာရမ်သတင်းစာမှာလဲ အခု နောက်ဆုံးပတ်မှာ သတင်းတွေကို ပိုပြီး မျှမျှတတ ရေးလာတာ တွေ့ရပါတယ်။ လူထုတွေ တိုက်ပွဲဝင် တောင်းဆိုတဲ့ လွတ်လပ်ခွင့် ပေါင်းစုံထဲမှာ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ လွတ်လပ် စွာစုဝေးခွင့် ရလာတာဟာ တကယ့်အောင်ပွဲရဲ့ ပထမဆုံး လက္ခဏာတွေ ဖြစ်ပါတယ်။

သင်ခန်းစာ ၆၊
တော်လှန်ရေးအောင်ပွဲကို နှစ်နဲ့ချီထိန်းထား

ပျော်ရွှင်နေတဲ့လူအုပ်ကြီးတွေ လမ်းမတွေပေါ်ကနေ အိမ်ပြန်သွားပြီး နှစ်အတော် ကြာတဲ့ အထိ တော်လှန်ရေးကို ဆက်ကာကွယ် ထားဖို့ လိုပါတယ်။ နို့မဟုတ်ရင် အာဏာရှင် အုပ်စုတွေဟာ အားပြန်မွေး လူပြန်စုပြီး ဒီမိုကရေစီ အဆောက် အ အုံတွေကို အသုံးချ နေရာ ပြန်ယူနိုင်ပါတယ်။ အကျင့်ဟောင်း စရိုက်ဟောင်းတွေ ပြန်ပေါ်လာနိုင်တယ်။ စိတ်ထား မကောင်းတဲ့ အိမ်နီးချင်းတွေ သို့မဟုတ် နိုင်ငံကြီးတွေကလဲ ဝင်စွက် လာနိုင်ပါတယ်။

ယူကရိန်းနိုင်ငံက ၂၀၀၄ ခု လိမ္မော်ရောင်တော်လှန်ရေးဟာ အခုဆိုရင် နောက်ပြန် ဆုတ်သွားပါပြီ။ တော်လှန်ရေး ခေါင်းဆောင် ဒီမိုကရေစီ အုပ်စုအတွင်း ဂိုဏ်းတိုက်ပွဲ တွေနဲ့ အရည်အချင်း ညံ့ဖျင်းမှုတွေကြောင့် ၂၀၀၄ တော်လှန်ရေးမှာ ဖြုတ် ချခံရသူက အခုနောက်ဆုံး ရွေးကောက်ပွဲမှာ မဲခိုးစရာ မလိုဘဲ အာဏာ ပြန်ရလာခဲ့ပါပြီ။ ဥရောပသမဂ္ဂ ဝင်ရေးနဲ့ တခြား စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ၊ ဗျူရိုကရေစီ ယန္တရား လျှော့ချရေးတွေ တဖက်က လုပ်ပြပြီး တဖက်မှာတော့ သခင်ဟောင်း ရုရှားကို ပင်လယ်နက် ရေတပ်စခန်း ချခွင့် နောက် ၂၅ နှစ်ပေး၊ လိမ္မော်ရောင် ခေါင်းဆောင် အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း ကို တရားစွဲ၊ တခြား ခေါင်းဆောင်တွေ ထောင်ချ၊ မီဒီယာတွေကို ကန့်သတ် လုပ်လာပါတယ်။

အီရန်တော်လှန်ရေးမှာတော့ လူဟောင်းတွေ အာဏာပြန်မရပေမဲ့ အကျင့် ဟောင်းတွေက တော်လှန်ရေး ခေါင်းဆောင် တွေကို တိုက်စား သွားလို့ အီရန်ရဲ့အနာဂတ်ဟာ မှုံမှိုင်း သွားခဲ့တာ ဖြစ်ပါတယ်။

နိုင်းမြစ်ပေါ်ကလှိုင်းလုံးဟာ အောင်နိုင်တဲ့ပုံ ပေါက်နေပေမဲ့ အခုထိတော့ အပြောင်း အလဲကို အာမခံ ပေးထားတာ နည်းနည်း ပါးပါးဘဲ ရှိပါသေးတယ်။ လူထုတွေဟာ အောင်ပွဲခံပြီး ပျော်ရွှင်မြူးတူး နေကြပေမဲ့ အရင် ဗိုလ်ချုပ်တွေပဲ နေရာ မြဲနေပါတယ်။ တကယ့် အောင်သီး အောင်နှံတွေ ဆွတ်ယူနိုင်ဖို့ဆိုရင် အီရန်ရဲ့ အတိတ် ဇာတ်လမ်းကို နည်းယူပြီး အီဂျစ်ရဲ့ အနာဂတ်ကို ထွန်းပြောင် စေနိုင်ကောင်းပါရဲ့။

ဂါမဏိ
(ရည်ညွှန်း။ ကိမ်းဘရစ်တက္ကသိုလ် နိုင်ငံရေးနှင့်နိုင်ငံတကာလေ့လာရေးဌာနကထိက ဒေါက်တာရိုဇန်းဖာမန်ဖာမေယန် ၏ ၂၀၁၁ ဖေဖော်ဝါရီ ၁၄ ရက် အယ်လ်ဂျာဇီးရားသတင်းဌာန ဆောင်းပါး နှင့် ဖေဖော်ဝါရီ ၂၃ ရက်ထုတ် ဝါရှင်တန်ပို့စ် သတင်းစာ)

Ref: နေ့သစ်


Read More...

လောင်းကစားဒိုင် မိသားစု ပိုးသတ်ဆေးသောက်သေ

ကျော်ခ |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁


ချင်းမိုင် (မဇ္ဈိမ) ။ ။ အကြွေးများစွာတင်ရှိရာက ၃ နှစ်ခွဲအရွယ် သမီးငယ်ကို သတ်ပြီး မိသားစုလိုက် ပိုးသတ်ဆေး သောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက် မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။

ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းနေ ဦးတီပွား (၃၉ နှစ်) နှင့် ဇနီး ဒေါ်ကေခိုင်ဝင်း (ခ) မီးငယ် (၃၇ နှစ်) သည် ဘောလုံး၊ ၂ လုံးထီ၊ ၃ လုံးထီများ ဒိုင်ကိုင်ရာမှ အနည်းဆုံး ကျပ်သိန်း ၃ဝဝဝ ကျော် အကြွေးတင်သဖြင့် ၃ နှစ်ခွဲအရွယ် သမီး မပွန်း ပြည့်စုံနှင့် အတူ အဆုံး စီရင်ခဲ့ခြင်းဖြစ်သည်။

“မသေခင် အရင်တနေ့မနက် ကြွေးရှင်တွေက စာချုပ်လာချုပ်ခိုင်းတယ်လေ။ အဲဒါ သူတို့ မဖြေရှင်း တတ်တော့လို့ လုပ်သွားတဲ့ ပုံစံမျိုးပေါ့။ သူတို့ သမီးလေးကိုလည်း လူ့လောကအလယ်မှာ မျက်နှာငယ်မှာကို မခံနိုင်လို့ တခါတည်းပဲ ခေါ်သွားတယ် ဆိုပြီး လင်မယား နှစ်ယောက်က လက်မှတ်ထိုးပြီး စာရေး ချန်ခဲ့တယ်” ဟု သေဆုံးသူ မိသားစု၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။

ဦးတီပွားမှာ ကြို့ပင်ကောက်ဈေးတွင် အဓိပတိ ရွှေဆိုင်နှင့် ရွှေပန်းတိမ် ဆိုင်ကိုပါ ပိုင်ဆိုင်ခဲ့သည်။

“သူတို့အိမ်မျက်နှာချင်းဆိုင်မှာနေတဲ့ မီးငယ်ရဲ့အမေက သူမြေးလေးကို ဆီထမင်း ကြွေးဖို့ ဆိုပြီး အိမ်ထဲ ဝင်သွားတော့၊ မီးငယ်က ကုတင်ပေါ်မှာ စောင်တွေ၊ ခြင်ထောင်တွေနဲ့ လုံးရစ်နေပြီး ကိုတီပွားကတော့ ပါးစပ်က အမြှုပ်တွေ အန်နေတဲ့ ပုံနဲ့ ရေအိုးစင် ဘက်ကို သွားနေတဲ့ ပုံနဲ့ သေနေတယ်။ သမီးလေးကတော့ ကုတင်အောက်မှာ နှုတ်ခမ်းတွေပြာပြီး ဆုံးနေတာကို တွေ့တာ” ဟု အိမ်နီးချင်းတဦးက မဇ္ဈိမသို့ ပြောသည်။

အလောင်းများအနီး စားပွဲပေါ်ရှိ စာအုပ်တွင် ဦးတီပွားနှင့် ဒေါ်ကေခိုင်ဝင်း လက်မှတ် ထိုးထားသည့် စာတစောင်နှင့် ပိုးသတ် ဆေးပြားများ စာရွက်ထဲ ထည့်၍ အမှုန့် ကြိတ်ထားသည်ကို စားပွဲပေါ်တွင် တွေ့ရပြီး စီဒီစက်ဖြင့် တရားခွေ ဖွင့်ထားသည်ဟု မျက်မြင် တွေ့ရှိသူများက ပြောပြသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မဇ္ဈိမက မြို့နယ်ရဲစခန်းသို့ မေးမြန်းခဲ့ရာ တာဝန်ကျ ရဲက ဖြေဆိုရန် ငြင်းဆိုသည်။ ကလေး သတ်မှုကြောင့် မိဘနှစ်ဦး၏ ရုပ်အလောင်းများအား ရဲက လက်ထိပ် ခတ်ခဲ့သည်ဟု မျက်မြင် တွေ့သူများက ပြောသည်။

ရုပ်အလောင်းများအား သဂြိင်္ုဟ်ရန် ဗုဒ္ဓဟူးနေ့တွင် သုသာန်သို့ ပို့ဆောင်ရာ မြို့ခံ ၂ဝဝ ခန့် လိုက်ပါ ပို့ဆောင်ခဲ့ပြီး သေဆုံးမှုမှာ နီးစပ်ရာ မြို့များအထိသို့ပါ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။

“ဒီဖြစ်ရပ်က ကျမတို့မြို့တခုလုံး ထိတ်လန့် သွားပါတယ်။ မြို့ပေါ်မှာ တကယ့်ကို မမေ့နိုင်တဲ့ ဖြစ်ရပ် တခုပေါ့နော်။ သူ့သမီးလေးဆို မူကြိုကျောင်း တက်နေတုန်း ရှိသေးတယ်။ အရမ်း ချစ်စရာကောင်းတယ်။ မနေ့က မီးသင်္ဂြိုဟ်ဖို့ လိုက်ပို့တော့ ကျမ သူတို့မိသားစု ၃ ယောက် အလောင်းကို ကြည့်ပြီး ရင်ထဲက ဆို့လာပြီး မျက်ရည်တောင် ကျတယ်” ဟု ဒေသခံ အမျိုးသမီးက မဇ္ဈိမသို့ ပြောပြသည်။

ယင်းဖြစ်ရပ်မျိုး ကြို့ပင်ကောက်တွင် ၂ဝ၁ဝ ခုနှစ်ထဲ၌ ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ ဇူလိုင်လတွင် ကျောင်းဆရာမ တဦး ၂ လုံးထီ ထိုးရာမှ အကြွေး မဆပ်နိုင်သဖြင့် ပိုးသတ်ဆေး သုံးစွဲ၍ အဆုံး စီရင်ခဲ့သေးသည်ဟု မြို့ခံ စိုက်ပျိုးရေး ဝန်ထမ်းတဦး အဆိုအရ သိရသည်။

ဗုဒ္ဓဟူးနေ့မှစ၍ မြို့ပေါ်ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနနှင့် ရဲ ပူးပေါင်း၍ စိစစ် ရောင်းချမှုများ ပြုလုပ် လာသည်။

“ဒီကြို့ပင်ကောက်မြို့မှာ ၂ လုံးထီ၊ ၃ လုံးထီတွေက လုံးဝ ထိန်းချုပ်လို့ မရဘူး ဖြစ်နေတယ်။ အာဏာပိုင်တွေက... သူတို့ ဘက်ကသာ ပြတ်ပြတ် သားသား အရေးယူရင် ဒီလောက် အခြေအနေ ဆိုးလာမှာ မဟုတ်ဘူး။ ဒီမှာက လူ ၁ဝ ယောက်မှာ ၈ ယောက်နှုန်းလောက် ကစားကြတယ်။ တရားဝင်လို ဖြစ်နေတယ်” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကြို့ပင်ကောက်တွင် အဆိုပါ လောင်းကစား ဒိုင်များသည် စစ်ထောက်လှမ်းရေး စရဖ၊ ရဲနှင့် မြို့နယ် အာဏာပိုင်များ သို့ပါ လာဘ်ပေး၍ လုပ်ကိုင် နေကြသည်ဟု မြို့ခံအများက စွပ်စွဲကြသည်။ လောင်းကစားခြင်းမှာ တရားမဝင် ဖြစ်သော်လည်း နိုင်ငံအဝှမ်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် နေကြသည်။


Ref: မဇ္ဈိမ

Read More...

အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်

Luke Hunt's Report in Burmese
ကြာသပတေး, 24 ဖေဖော်ဝါရီ 2011

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှု တွေကို မြန်မာနိုင်ငံက လူထုတွေ ကလည်း နီးနီး ကပ်ကပ် စောင့်ကြည့် နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှု တွေကတဆင့် အစိုးရတွေကို ဖြုတ်ချ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကနေ သတင်း ပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်ကပြေးနေတဲ့ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံ သားတွေ အနေနဲ့ လက်လှမ်းဝေးအောင် မြန်မာ စစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစား ပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းက တဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံ သူတွေနဲ့ အစိုးရ ဆန့်ကျင် သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှု တွေကို မြန်မာနိုင်ငံ သားတွေ အနေနဲ့ နီးနီး ကပ်ကပ် စောင့်ကြည့် နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။

“မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေ အပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထား မိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထား မိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ် နိုင်ငံထက် စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာ စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ် အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာ စစ်အစိုးရက အာဏာ လွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှု အတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော် အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ် အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲများ ကျင်းပ အပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ် ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီနည်း မကျဘဲ မြန်မာ စစ်ခေါင်းဆောင် အာဏာ တည်မြဲရေး အတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန် ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာ စစ်တပ်က ရက်ရက် စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချ ခဲ့တာတွေ ရှိခဲ့ပါတယ်။

အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိ ဒုက္ခ ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှု ကတော့ မြန်မာ စစ်တပ်က ပြည်သူတွေ အပေါ် ရက်ရက် စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေ အပေါ် နှိမ်နင်းရာမှာ စစ်တပ် အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူ လူထုကို ပစ်ခတ် ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေ ကတော့ စစ်တပ် ကိုယ်တိုင်က အခြေအနေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်း ကွဲနေကြပုံ ရပါတယ်။ မြန်မာ နိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံး နိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေက တဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ် ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှု တွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲ ဆီကို မြန်မာ အစိုးရ အနေနဲ့ ရောက်လာအောင် ဖိအား ပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

မြန်မာ့ လူအခွင့်အရေး ချိုးဖောက်မှု ဒေသတွင်း ၀န်ထုပ်ဝန်ပိုး ဖြစ်နေ

ကြာသပတေး, 24 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံတလွှား လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်မှု တွေကြောင့် ဒေသတွင်း နိုင်ငံတွေ အတွက် ၀န်ထုပ် ၀န်ပိုးတွေ ဖြစ်လာနေတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ပြောကြား လိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ အဓမ္မ လုပ်အားခိုင်းစေမှု၊ ပေါ်တာဆွဲမှု၊ မြေယာ အဓမ္မ သိမ်းယူမှုတွေ အပြင် ဥပဒေမဲ့ ဖမ်းဆီးမှု တွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင် လာကြတဲ့ မြန်မာနိုင်ငံ သားတွေထဲက မလေးရှားနိုင်ငံမှာ ရောက်ရှိ နေသူတွေကို တွေ့ဆုံခဲ့တဲ့ မစ္စတာ ကင်တားနားက သူ့ရဲ့ ၈ ရက်ကြာ အချက်အလက် စုဆောင်းတဲ့ ခရီးစဉ် အပြီးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ မြန်မာနိုင်ငံသား ၈၅,၀၀၀ လောက် ရှိနေတာမို့ မြန်မာ စစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ ကတိ ပေးထားပေမဲ့ ဆက်လက် ကျူးလွန်မှု ရှိနေတာ ပြနေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံတင် မကဘဲ တခြား အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေတာမို့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင် အစိုးရဘက်က အရေးယူ ဆောင်ရွက်တာကို မြင်ချင် နေကြတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ တွေ့ရှိချက်တွေကို ရှေ့လထဲ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြဖို့ ရှိပါတယ်။


Ref: VOA News

Read More...

အယ်လ်ဂျီးရီးယားမှာ ၁၉ နှစ်ကြာ အရေးပေါ်အမိန့် ရုပ်သိမ်းပြီ

ကြာသပတေး, 24 ဖေဖော်ဝါရီ 2011

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ၁၉ နှစ်ကြာ ချမှတ်ထားတဲ့ နိုင်ငံတော် အရေးပေါ် ကြေညာ ထားချက်ကို ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

အာရပ်ကမ္ဘာမှာ အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြမှုတွေကနေ အယ်လ်ဂျီးယား သမ္မတ အက်ဘ်ဒယ်လ်လာဇစ် ဘုတ်တီ ဖလစ်ကာ (Abdelaziz Bouteflika) အစိုးရ ပြုတ်မကျအောင် ကာကွယ်တဲ့ အနေနဲ့ အတိုက်အခံတွေ တညီတညွတ်တည်း တောင်းဆို ခဲ့တဲ့အတိုင်း အရေးပေါ် ကြေညာချက်ကို ရုပ်သိမ်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကို ရုပ်သိမ်းကြောင်း ကြာသပတေးနေ့မှာ သမ္မတရဲ့ အမိန့်ကြော်ငြာစာနဲ့ အစိုးရ ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းက အီဂျစ်နဲ့ အိမ်နီးချင်း တူနီးရှား နိုင်ငံတွေက လူထုအုံကြွမှုတွေလိုပဲ ပြည်သူတွေက အယ်လ်ဂျီးရီးယား မြို့တော်မှာ အပတ်စဉ် ဆန္ဒပြခဲ့ကြပြီး ၁၉ နှစ်ကြာ တည်ရှိနေတဲ့ အရေးပေါ် အခြေအနေ ရုပ်သိမ်းပေးဖို့ တောင်းဆို ခဲ့ကြတာပါ။

အစ္စလာမ် အစွန်းရောက်တွေကို နှိမ်နင်းနိုင်ဖို့ လွန်ခဲ့တဲ့ ၁၉ နှစ်က ဒီဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေး လွတ်လပ်ခွင့် တွေကို ဖိနှိပ်ရာမှာပါ အစိုးရက သုံးလာခဲ့တယ်လို့ ဝေဖန် ခဲ့ကြပါတယ်။

အခုလို ရုပ်သိမ်းပေးတာဟာ သမ္မတ ဘုတ်တီဖလစ်ကာ ကတိပေးခဲ့တဲ့ အပြောင်းအလဲ လုပ်ပေးမယ့် အချက်တွေ ထဲက တခုဖြစ်ပါတယ်။

အီဂျစ်နဲ့ တူနီးရှားမှာ အာဏာရှင်တွေကို ပြုတ်ကျစေခဲ့တဲ့ အလုပ်လက်မဲ့များတဲ့ ပြဿနာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ပြဿနာကို ဖြေရှင်း ပေးဖို့လည်း အယ်လ်ဂျီးရီးယား နိုင်ငံသားတွေက တောင်းဆို နေကြပါတယ်။


Ref: VOA News

Read More...

ကန့်ကွက် ဆန္ဒပြမှုတွေအတွက် အယ်လ်ကိုင်းဒါးကို ကဒါဖီ အပြစ်တင်

ကြာသပတေး, 24 ဖေဖော်ဝါရီ 2011

လစ်ဗျားနိုင်ငံက အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေဟာ အိုစမာ ဘင်လာဒင် (Osama bin Laden) နဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက် သမားတွေကြောင့်လို့ လစ်ဗျား သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) က အပြစ် တင်လိုက်ပါတယ်။

နိုင်ငံထဲမှာ မငြိမ်သက်မှုတွေ ဖြစ်အောင်လို့ အယ်လ်ကိုင်းဒါး အင်အားစုတွေက လစ်ဗျား လူငယ်တွေကို မူးယစ် ဆေးဝါးတွေ ကျွေးပြီးတော့ လှုံ့ဆော်ခိုင်းတာ ဖြစ်တယ်လို့ ဒီနေ့ ကြာသပတေးနေ့မှာ အစိုးရ ရုပ်သံက တဆင့် တယ်လီဖုန်းနဲ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ ကဒါဖီက ပြောကြား သွားပါတယ်။

ဦးနှောက်ရှိတဲ့သူ ဆိုရင်တော့ ဆန္ဒပြပွဲတွေမှာ ပါမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ မိဘတွေ အနေနဲ့ ကိုယ့်ရဲ့ကလေးတွေ အိမ်ပြင် မထွက်အောင် ထိန်းကြဖို့ကိုလည်း တိုက်တွန်း ခဲ့ပါတယ်။

သူ့ကို သစ္စာခံသူတွေနဲ့ ဆင်းပေးဖို့ တောင်းဆိုနေကြသူတွေ ကြားမှာ အဓိကရုဏ်းတွေ နောက်ထပ် ဖြစ်နေချိန်မှာ သမ္မတ ကဒါဖီက အခုလို မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထရီပိုလီ (Tripoli) မြို့တော် အရှေ့ဘက် မိုင် ၁၂၀ ကျော်မှာရှိတဲ့ မီစ်ထရာတာ (Misrata) မြို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သူဆင်းသွားဖို့ တောင်းဆိုသူတွေနဲ့ သူ့အပေါ် သစ္စာခံသူတွေကြား ပဋိပက္ခ ဖြစ်ခဲ့တဲ့ နိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့မှာ အစိုးရ ဆန့်ကျင်သူတွေက သူတို့ ချုပ်ကိုင် ထားနိုင်ပြီလို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ကြတာပါ။ ထရီပိုလီမြို့တော် အနောက်ဘက်မှာ ရှိတဲ့ ဇာဝီယာ မြို့မှာလည်း နောက်ထပ် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရဲ့ အရှေ့ဘက်မှာရှိတဲ့ အဓိက မြို့တွေမှာ အစိုးရ ဆန့်ကျင်သူတွေက ထိန်းချုပ် လိုက်နိုင်ပြီလို့ ကြေညာ ခဲ့ကြပြီး မြို့တော်ကို လွတ်မြောက်အောင် လုပ်ပေးမယ်လို့ ကတိပြု ထားကြပါတယ်။

Ref: VOA News

Read More...

အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်

ဇာနည်မာန်
Thursday, 24 February 2011

အီဂျစ်နှင့် အာရပ်နိုင်ငံများကဲ့သို့ လူထုလှုပ်ရှားမှု စတင်ရန် လှုံ့ဆော်သည့် စာများကို ယမန်နေ့ ညက ရန်ကုန် တာမွေ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့် မြို့နယ်များရှိ လူစည်ကားရာ အရပ် များတွင် လူငယ်များက ဖြန့်ကြဲ သွားကြောင်း သတင်း ရရှိသည်။

အီဂျစ်နှင့် တူနီးရှားနိုင်ငံများ၌ အာဏာရှင်ဖြုတ်ချရေးတွင် လူထု အုံကြွမှုဖြင့် အောင်ပွဲများ ရခဲ့ပြီး အာရပ် နိုင်ငံများ တွင်လည်း အာဏာရှင် တော်လှန်ရေး အတွက် လူထု အုံကြွမှုများ စတင်နေပြီ ဖြစ်ရာ မြန်မာ စစ်အစိုးရ ပြုတ်ကျရေး အတွက်လည်း မြန်မာ ပြည်သူတို့က လူထု အုံကြွမှုဖြင့် စတင်ကြရန် နှိုးဆော်ကြောင်း အဆိုပါ ဖြန့်ဝေစာတွင် ရေးသားထားသည်။

စာလက်ခံ ရရှိသူများက စာပါအကြောင်းအရာ များကို စိတ်ဝင်တစား ရှိကြသော်လည်း လူထု လှုပ်ရှားမှု ဖြစ်ပေါ် လာရန်မှာမူ အချိန်ကာလ တခု ကြာမြင့်ဦးမည်ဟု စာများဖြန့်ဝေခဲ့သည့် တက်ကြွ လှုပ်ရှားသူ ကိုဖိုးတေက ဆိုသည်။

“ချက်ခြင်းကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ အခု လွှတ်တော်ကလည်း လုပ်နေတော့ အားလုံးရဲ့အာရုံက အဲဒီဘက်ကို ရောက်နေတယ်။ တနေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့၊ ဒေါ်အောင်ဆန်း စုကြည်တို့ကို ထိပါး လာလိမ့်မယ်။ အဲဒီ အချိန်မျိုး ရောက်လာရင် နိုင်ငံရေး ဒီဂရီ ချက်ခြင်း မြင့်လာလိမ့်မယ်။ အဲ့ဒီအတွက် ကြိမ်မီးအုံး ဖြစ်နေတဲ့ လူထုကို ကြိုတင် ပြင်ဆင်ထားဖို့ လှုံ့ဆော်တာပါ” ဟု သူက ဧရာဝတီသို့ပြောသည်။

အာဏာရှင် သမ္မတ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် အီဂျစ်လူထုအုံကြွမှုနှင့် အာရပ်နိုင်ငံများမှ လူထု လှုပ်ရှားမှုများ အကြောင်း ပြည်တွင်း သတင်း ဂျာနယ်များတွင် အသေးစိတ် ဖတ်ရှုခွင့် မရသော်လည်း မြန်မာလူငယ်ထု အနေဖြင့် စိတ်ဝင်တစား ရှိကြကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးကဆိုသည်။

“ကျနော့် သူငယ်ချင်းတွေဆို အီဂျစ်က အကြောင်း စိတ်ဝင်စားကြတယ်။ အင်တာနက်ကနေ ရှာဖတ်ကြ၊ မေးကြတယ်။ အဲဒီလို လူထု လှုပ်ရှားမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့က ၀င်ပါပြီး စစ်အစိုးရ ပြုတ်ကျအောင် လုပ်မှာပဲ။ ကျနော်တို့ကို ဦးဆောင်မယ့်သူ ကောင်းကောင်းတော့ လိုတာပေါ့” ဟု သူက ပြောသည်။



Ref: ဧရာဝတီ်

Read More...

SSA တောင်ပိုင်းနှင့် နအဖတပ် တိုက်ပွဲဖြစ်

သန်းထိုက်ဦး
Thursday, 24 February 2011

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်း အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၃ ဦး ကျဆုံး၍ SSA တပ်သား တချို့လည်း ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ မိုင်းထားမြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် မိုင်းထား အခြေစိုက် နအဖ ခြေမြန် တပ်ရင်း (ခမရ) ၃၂၈ တပ်ဖွဲ့ ၀င်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSA-S တပ်သားများသည် ယင်း ဒေသတ၀ိုက် လှည့်လည် သွားလာနေစဉ် လမ်းဆောက်လုပ်ရေး စီမံကိန်း အတွက် လုံခြုံရေး ယူပေးထားသော နအဖ တပ်ဖွဲ့ဝင်များနှင့် ၁ နာရီခွဲခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၃ ဦးကျဆုံးခဲ့ပြီး SSA-S တပ်သားတချို့ အနည်းအငယ် ထိခိုက် ဒဏ်ရာ ရရှိကြောင်း ၎င်းက ဆို သည်။ ယင်း တိုက်ပွဲ ဖြစ်ပွားခဲ့သော ဒေသသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင် ပန်မဖ မြို့နယ်စပ်မှ ခန့်မှန်းခြေ ၁၅ ကီလို မီတာ ခန့် အကွာအဝေးတွင် ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တနေ့တွင် နအဖ တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ရာ SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့အနောက်မြောက်ဘက်ရှိ ကျေးရွာ ဒေသ များတွင် အသက် ၁၈ နှစ် အထက် ရှိသူများကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)က ယခုရက်ပိုင်း အတွင်း တပ်ဖွဲ့ဝင် အသစ်များရရှိရန် လိုက်လံစည်းရုံး နေကြောင်း ဦးစိန်ကြည်က ပြောသည်။

“၀ တပ်ထဲမှာလည်း ရှမ်းစစ်သားတွေ ရှိတာကိုး၊ ရှမ်းစစ်သား တွေကနေ တဆင့် အဲဒီ ကျေးလက် ဒေသက လူငယ်တွေကို စစ်ထဲ ၀င်ဖို့ လိုက်စည်းရုံး ခိုင်းတာပေါ့၊ အတင်း အဓမ္မကောက်တာတော့ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

UWSA တပ်ဖွဲ့ ထဲသို့ ၀င်ရောက်ပါက စစ်သင်တန်း ၆လခန့် တက်ရမည် ဖြစ်ကြောင်း၊ သင်တန်းပြီးပါက အိမ်ပြန်၍ သော်လည်းကောင်း စစ်တိုက်ရန် အရေး ကြုံလာပါက စစ်သား အရံ သဘောမျိုး အဖြစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းရသူ၏ မိသားစုဝင်များကို ဘတ်ငွေ ၅ သောင်း ထောက်ပံ့ပေးပြီး UWSA တပ်ထဲသို့ အပြီးအပိုင် ၀င်သွားပါက ဘတ် ၇ သောင်းခွဲခန့် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး သတင်းအရ UWSA တပ်ဖွဲ့ ထဲသို့ စစ်မှုထမ်းရန် အနည်းဆုံး ၈ ဦးခန့် ရှိကြောင်း ဦးစိန်ကြည် က ပြောသည်။

ဒေသခံများကလည်း နအဖ လက်အောက်ခံ လားဟူ ပြည်သူ့စစ်တပ်နှင့် တခြားသော နယ်ခြားစောင့် ထဲသို့ ၀င်မည့် အစား UWSA တပ်ထဲ ၀င်ပါက ၎င်းတို့၏ မိသားစုဝင်များ ပို့၍ အဆင်ပြေနိုင်ကြောင်း ပြောဆိုကြသည်။

UWSA တပ်က တပ်သားအသစ် ခေါ်ယူခြင်းနှင့် ပတ်သက်၍ စစ်အစိုးရက တစုံတရာ ဖိအားပေးမှုများ ကြုံလာပါက UWSA အနေနှင့် စစ်ရေးအရ ပြန်လည် ကာကွယ်ရန် အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများ က ဆိုသည်။

“တပ်ထဲမှာ ကာကွယ်ဖို့ အတွက် စစ်သားတွေ လိုတာကိုး၊ စစ်အစိုးရက တောင်းဆို ထားတဲ့ အတိုင်း ဒီနယ်ခြားစောင့် တပ်ဖွဲ့ဖို့ ကိစ္စကို မလိုက်လျောနိုင်ဘူး ဆိုရင် စစ်ရေးအရ စပြီး တိုက်လာမယ် ဆိုရင်တော့ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ အင်အားတွေလို တယ်”ဟု အမည်မဖော်လိုသူ ရှမ်းပြည် တပ်မတော်မှ အရာရှိတဦးက ပြောသည်။

သို့သော် UWSAတပ်ဖွဲ့ဝင်များက စစ်သားအသစ် ခေါ်ယူနေသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

ပြီးခဲ့သည့် နှစ်၌ UWSA က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း နယ်စပ် ဒေသ တလျှောက်တွင် စစ်အစိုးရက စစ်အင်းအား တိုးချဲ့ နေသကဲ့သို့ UWSA ကလည်း စစ်သားအသစ် ခေါ်ယူနေခြင်း ဖြစ်သည်။

UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။


Ref: ဧရာဝတီ်

Read More...

Thursday, February 24, 2011

ယီမင်နိုင်ငံက လူထုတိုက်ပွဲ

KMMM ၊
ဖေဖော်ဝါရီလ ၂၂ ၊ ၂၀၁၁ ခုနှစ်

ယီမင် နိုင်ငံမှာ သမ္မတ Ali Abdullah Saleh ရဲ့ အာဏာရှင် ဘက်တော်သားတွေက ဓားမြောင်တွေ၊ နံပါတ် တုတ်တွေ ကိုင်ဆောင်ပြီး မြို့တော် Sanaa မှာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အဂါင်္နေ့မှာ တိုက်ခိုက် ခဲ့ကြပါတယ်။ အဆိုပါ တိုက်ခိုက် မှုတွေကြောင့် လူငါးဦး ဒဏ်ရာ ရခဲ့ကြောင်း AFP သတင်း ထောက်က ပြောကြား ခဲ့ပါတယ်။

ကျောင်းသားတထောင်ကျော်ဟာ Sanaa တက္ကသိုလ်အနီးမှာရှိတဲ့ Al-Huriya (Liberty) ရင်ပြင်မှာ စု ဝေးပြီး အာဏာရှင် သမ္မတ နှုတ်ထွက် ပေးရေး တောင်းဆိုတဲ့ ကင်ပိန်းကို ပြုလုပ် ခဲ့ကြပါတယ်။ တစတ စနဲ့ လူအင်အား လေးထောင်ကျော် အထိ ကြီးထွား လာချိန်မှာ အာဏာရှင် ဘက်တော်သားတွေက ဓား မြောင်တွေ၊ နံပါတ်တုတ်တွေနဲ့ လူထုကြီးကို တိုက်ခိုက် ခဲ့ပါတယ်။ ရဲတွေ ရောက်လာပြီး လူစုမခွဲခင်အ ချိန်မှာ ကျောင်းသား ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။ တောင်ပိုင်းဒေသက Aden မြို့ အနီးပတ်ဝန်း ကျင်မှာလဲ ထောင်ပေါင်း များစွာသော ဆန္ဒပြ ပြည်သူ လူထုကြီးက အာဏာရှင် သမ္မတ နှုတ်ထွက်ပေး ရေးကို တောင်းဆို နေကြပါတယ်။

Sheikh Osman, Al-Tawahi နဲ့ Mualla ဒေသတွေမှာ လုံခြုံရေးတွေက လူစုခွဲပေးဖို့ သတိပေး ပစ်ခတ် မှုတွေ ပြုလုပ်ခဲ့ပြီး၊ ထိခိုက် သေဆုံးမှုတွေ မရှိကြောင်း မျက်မြင် သက်သေများက ဆိုကြပါတယ်။ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ သတင်းပို့ ချက်တွေပေါ်မှာ အခြေခံတဲ့ AFP ထိခိုက် သေဆုံးမှု စာရင်းအရ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကစပြီး ဒီကနေ့ အချိန်ထိ သေဆုံး သူ ၁၂ ဦးရှိခဲ့ပြီး၊ မြို့တော် Aden မှာ ထိခိုက် ဒဏ်ရာရသူ အရေအတွက်ကတော့ ဒီထက် ပိုများနိုင်ဖွယ်ရာ ရှိပါတယ်။

အာဏာရှင် သတင်း မီဒီယာများမှာတော့ သေဆုံးသူ လေးဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက တနင်္လာနေ့မှာ ပြောကြား ခဲ့ပါတယ်။ ယီမင် ကို (၃၂) နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင် Saleh က လူထု လှုပ်ရှားမှုများကြောင့် နှုတ်ထွက်သွားမှာ မဟုတ်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး၊ အတိုက်အခံတွေက ဆန္ဒပြပွဲကို လှုံ့ဆော် သွေးထိုးနေတာ ဖြစ်ကြောင်း စွပ်စွဲ ပြောဆို ခဲ့ပါတယ်။


Ref: နေ့သစ်

Read More...

ဗေဒါကျောင်း နေရာသစ်မှာလည်း ဖိအားပေးခံနေရ

2011-02-23

ကိုမျိုးရန်နောင်သိန်းနဲ့ စေတနာရှင် လူငယ်တစု စီစဉ် ဖွင့်လှစ်ထားတဲ့ ဗေဒါ သင်တန်းကျောင်း နေရာ အသစ်မှာလည်း မယက ဥက္ကဋ္ဌက ဖိအား ပေးနေတဲ့ အတွက် အခက်အခဲ ရှိနေကြောင်း သတင်းရရှိပါတယ်။

တာမွေမြို့နယ် မယက ဥက္ကဋ္ဌက နေအိမ်ရှင်ကို အိမ်မငှားဖို့ ဖိအားပေးနေပြီး၊ ယာယီ အိမ်ထောင်စု စာရင်းနဲ့ ညအိပ်ခွင့် ဧည့်စာရင်း တွေကို ထုတ်မပေးဖို့ ရယကတွေကိုလည်း ညွန်ကြား ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဗေဒါ သင်တန်း နေရာကို တာမွေကနေ အမှတ် ၇ စမ်းချောင်း လမ်းကို ပြောင်းရွှေ့ခဲ့တာပါ။ ၁၆ ရက် နေ့မှာပဲ စမ်းချောင်းလမ်းက ရပ်ကွက် လူကြီးတွေကနေ ယာယီ အိမ်ထောင်စု စာရင်းကို ထုတ်ပေးခဲ့တာ ဖြစ်ပေမဲ့။ ၁၉ ရက်နေ့မှာ ပြန်သိမ်း သွားနောက် မြို့နယ် ဥက္ကဋ္ဌက အိမ်ရှင်ကို စတင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

၂၀ ရက်နေ့မှာ မယက ဥက္ကဋ္ဌ ဦးတင့်လွင်က အစည်းအဝေးခေါ်လို့ အိမ်ရှင်ရော။ အိမ်ငှားသူ ကိုမျိုးရန်နောင်သိန်း တို့ပါ မယက ရုံးကို သွားခဲ့ ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ကိုလင်းနိုင်ဦးက အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ကို ဒီကနေ ဖယ်ခိုင်းဖို့အတွက် ကျွန်တော်တို့ အိမ်ရှင်နဲ့ တွေ့ဖို့ ၂၀ ရက်နေ့က ကျွန်တော် တို့ကို ချိန်းလိုက်တယ်။ ၂၀ ရက်နေ့က ချိန်းလိုက်တော့ အဲဒီ မနက်ပိုင်းမှာပဲ ကျွန်တော်တို့ သွားတဲ့ အချိန်မှာပဲ သူတို့ အိမ်ရှင်ကို နည်းနည်းပဲ ကျပ်လိုက်တယ်ပေါ့။ ကျွန်တော်တို့ အချိန်မီ ရောက်သွားတဲ့ အတွက်။ အချိန်မီ ရောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ကို ဘေးကို ခေါ်ပြီးတော့ သူက ကျွန်တော်တို့နဲ့ အရင်ဆုံး တွေ့တယ်ပေါ့နော်။ ဟို မင်းတို့မှာ ပိုက်ဆံ ၁၅ သိန်း ရှိသလားတဲ့ ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်က ဘာကိစ္စ မေးတာလဲ ဆိုတော့ မဟုတ်ဖူးတဲ့၊ ငွေရှိရင် ကိစ္စ တော်တော်များများကို ဖြေရှင်းနိုင်တယ်တဲ့။ မယက ဥက္ကဋ္ဌက ကျွန်တော်တို့ကို အဲလို ပြောတယ်။”

မယက ဥက္ကဋ္ဌက စစ်တိုင်းမှူးက ခိုင်းလို့ လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုမျိုးရန်နောင်သိန်းတို့ ဖက်က နိုင်ငံရေး လုပ်နေတာ မဟုတ်ကြောင်း၊ ပညာအခမဲ့ ဖြန့်ဝေတာသာ ဖြစ်ကြောင်း မယက ဥက္ကဋ္ဌ ကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကိုမျိုးရန်နောင်သိန်းက အခုလို ရှင်းပြပါတယ်။

“စောစောပိုင်းတုန်းကဆိုတော့ ကျွန်တော်တို့ဆီက သူတို့ ငွေရဖို့ ကြိုးစား နေတယ်။ မရတဲ့ အခါမှာ သူက ပရက်ရှာ ပေးတယ် ဆိုတဲ့ဟာမျိုး။ ကျွန်တော်တို့တွေ ကတော့ အခု လောလောဆယ်မှာ ရယကကို အကြောင်း ကြားထားတယ်၊ ညဖက် ဆိုလို့ရှိရင် ဒီမှာ နေထိုင်မဲ့ လူစာရင်းပေါ့၊ မဝတကိုလည်း အကြောင်းကြားတယ်၊ ပြီးတော့ ကျွန်တော်တို့ စခန်းမှူးကိုလည်း အကြောင်းကြားတယ်။ ပြီးတော့ ရယကက ကျွန်တော်တို့ကို သန်းခေါင်စာရင်း ထုတ်မပေးဘူး။ ဘာကြောင့်လဲ ဆိုတော့ အမိန့် မရလို့တဲ့။ ဆိုတော့ ကျွန်တော်တို့ ကတော့ ဆက်နေ သွားမယ်။ ဒီမှာ အိပ်တဲ့ လူတွေကလည်း ဆက်အိပ် သွားမယ်။ သူတို့က မထုတ်ပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို မှတ်ပုံတင် မိတ္တူရယ်၊ ဧည့်စာရင်း တိုင်ကြားခြင်း ဆိုပြီးတော့ တရားဝင် အကြောင်း ကြားတယ် ခင်ဗျ။”
ရယက က ဧည်စာရင်း ထုတ်မပေးတဲ့ အတွက် နယ်က သင်တန်းသားတွေ အတွက် အခက်အခဲ ရှိနေပြီး၊ နယ်က တချို့ သင်တန်းသားတွေ ပြန်သွား ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

အာဏာသုံးရပ်လုံး ပိုင်တဲ့ အတွင်းရေးမှူး – ၁

February 23, 2011

ဗမာပြည်မှာ အာဏာအရှိဆုံး ဘယ်သူလဲ မေးရင် ယှဉ်ပြိုင်သူ ရှားတဲ့ အတွင်းရေးမှူး (၁) နာမည် ရှစ်လုံး ပိုင်ရှင်ပဲ ပြောရင် ရာနှုန်းပြည့် မှန်မယ်။ ယခင် အတွင်းရေးမှူး (၁) တာဝန် ထမ်းဆောင် သူများနှင့် မတူ အာဏာ အရပ်ရပ်ကို ခွဲကိုင် ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကြီးအကဲဟု ဆိုသော်လဲ မူဝါဒသာ ကိုင်တယ်။ လက်တွေ့ အကောင် အထည်ဖေါ် ဆုံးဖြတ်ခွင့် ပြုသူက အတွင်းရေးမှူး (၁) ပဲ၊ အမိန့် ပြန်တမ်း ထုတ်ပြန်တာလဲ သူပဲ၊ ခန့်အပ်ခြင်းလဲ သူပဲ၊ စီမံကိန်း လုပ်ငန်း စာချုပ်များ ကိုလဲ သူပဲ အတည် ပြုရင်ပြီးရော၊ ဒီနေရာမှာ မလိုတမျိုး၊ လိုတမျိုးပေါ့။ သူ့ကို လိုလေသေး မရှိ ပေးကျွေးနေတဲ့ ဇော်ဇော်၊ ထွန်းမြင့်နိုင် တို့နှင့် ပတ်သက်တဲ့ စာချုပ်ဖြစ်ရင် မစိစစ်ဘဲ တင်လိုက်တာနဲ့ ခွင့်ပြုပြီးသားပဲ၊ သူတို့ (၂) ဦး မဟုတ်လို့ ကတော့ ကျန်ဘယ်သူဖြစ်ဖြစ် အာဏာနှင့် အနိုင်ကျင့်ပြီး ရက်ရက် စက်စက်၊ ပက်ပက် စက်စက်၊ ကြမ်းကြမ်း တမ်းတမ်း ဆိုလိုက် ပြောလိုက်တာ ဘေးကလူတွေ မကြားဝံ့ မနာသာပါ။ ဘယ်လိုပဲ မှန်မှန်ကန်ကန် အစီအစဉ် ကျကျ တင်စေ အုံးတော့ ခဏထားအုံး ပြန်စိစစ်ပါအုံး၊ အမိန့် ချလိုက်တာပဲ။

ဝန်ကြီးများက ဒီလိုကိစ္စမျိုးကို ဇော်ဇော်၊ ထွန်းမြင့်နိုင် အနေနဲ့ တင်ပြရင် စက္ကန့် (၃၀) အတွင်း အတည်ပြုပြီး ဖြစ်မည်ဟု ငြီးတွားပြသည်။

ဒီဘ၀မှာ အတွင်းရေးမှူး (၁) ချစ်သော ဇော်ဇော်၊ ထွန်းမြင့်နိုင် မဖြစ်ရလေချင်း၊ သူတို့လို မပေးကမ်း နိုင်လို့ အဆဲအဆို ဘ၀ လူကြားသူကြား မရှောင် ရုတ်ရင်း ကြမ်းတမ်းစွာ အပြောခံရတဲ့ ဘ၀မှ ဘယ်တော့ လွတ်ကင်း ပါ့မလဲလို့ အချင်းချင်း ဖွင့်ဟ ပြောနေတယ်လို့ နေပြည်တော် အရာရှိတဦးထံမှ သိရှိရပါတယ်။

ပေးပို့သူ … ဒင်္ဂါး

Ref: နေ့သစ်

Read More...

လစ်ဗျားရောက် နိုင်ငံခြားသားတွေ ကယ်တင်ရေး နိုင်ငံတကာ ကြိုးပမ်း

ဗုဒ္ဓဟူး, 23 ဖေဖော်ဝါရီ 2011

လစ်ဗျားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေလို့ လစ်ဗျားမှာ ရောက်နေတဲ့ နိုင်ငံခြားသား အမြောက် အမြားကို ကယ်ထုတ်ဖို့ ရေကြောင်း၊ ကုန်းကြောင်းနဲ့ လေကြောင်းတွေက ကြိုးစား နေကြပါတယ်။

လစ်ဗျားမှာရှိနေတဲ့ နိုင်ငံခြားသားတွေဟာ လစ်ဗျားက အမြန်ထွက်နိုင်ဖို့ လေယာဉ်တွေ၊ သင်္ဘောတွေပေါ် အလုအယက် တက်နေ ကြပါတယ်။ တချို့နေရာတွေမှာ လူတွေက ပြည့်ကျပ် နေတာပါ။

တူရကီက သင်္ဘော ၂ စီးနဲ့ လစ်ဗျားရောက် တူရကီနိုင်ငံသား ၃,၀၀၀ ကို မနေ့က လာသယ် သွားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အရှေ့ပိုင်း ဘန်ဂါဇီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး သယ်သွားတာပါ။ ဒါဟာ တူရကီ သမိုင်းမှာ သူ့နိုင်ငံ သားတွေကို အများဆုံး ကယ်တင် ခဲ့ရတာပဲလို့ တူရကီ နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

နိုင်ငံတကာက လေယာဉ်တွေ လာပြီး သူတို့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အတင်း ကြိုးစား နေတာကြောင့် ဘန်ဂါဇီမြို့က လေဆိပ် ကိုလည်း ပိတ်ထားတာ ရက် တော်တော် ကြာနေပါပြီ။

တူရကီနိုင်ငံသား ၂၅,၀၀၀ လောက် လစ်ဗျားမှာ ရှိနေတာပါ။ တရုတ်ပြည် ကလည်း လစ်ဗျားရောက် သူ့နိုင်ငံ သားတွေကို ကယ်တင်ဖို့ လေကြောင်းရော၊ ရေကြောင်းရော၊ ကုန်းကြောင်းကပါ ကြိုးစား နေပါတယ်။ လစ်ဗျားမှာ တရုတ်နိုင်ငံသား ၃၃,၀၀၀ လောက် ရှိနေတာပါ။ တရုတ် နိုင်ငံသားတွေ ၁၃,၀၀၀ လောက်အထိ ကယ်ထုတ် ပေးမယ်လို့ ဂရိ အစိုးရက ပြောတဲ့ အကြောင်း ဂရိ သတင်းတွေမှာ ဖော်ပြပါတယ်။

Ref: VOA News

Read More...

အမေရိကန် သံရုံးတာဝန်ခံနှင့် ဒေါ်စု ဆွေးနွေး

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စ္ဈိမ) ။ ။ စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အမေရိကန်က အကူအညီများ ပေးရေးနှင့် ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင် ဆွေးနွေးနေကြောင်း ရန်ကုန် အမေရိကန် သံရုံး တာဝန်ခံ မစ္စ္စတာ လာရီ အမ်ဒင်းဂါးက ပြောကြား ခဲ့သည်ဟု နယူးယော့ခ်တိုင်းမ် သတင်းစာက ဗုဒ္ဓ္ဓဟူးနေ့ ညနေပိုင်းတွင် ရေးသားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောကြားရာတွင် အင်္ဂါနေ့က တွေ့ဆုံခဲ့သည် ဆိုသည်။ သို့သော် ပြောခွင့် မရှိသဖြင့် အသေးစိတ်ပြောရန် ငြင်းဆိုသည်။

လာရီဒင်းဂါးက မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရ သစ်နှင့်လည်း ဆွေးနွေးလျက် ရှိကြောင်းနှင့် ဆွေးနွေးရာတွင် အမေရိကန်က မြန်မာနိုင်ငံ အပေါ် နှစ်ပေါင်းများစွာ အရေးယူ ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုလည်း ပါဝင်ကြောင်း ပြောဆို ခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်က ဆိုသည်။

မြန်မာနိုင်ငံ၌ ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂ဝ အကြာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို မနှစ် နိုဝင်ဘာက ကျင်းပခဲ့ပြီး အမည်ခံ သက်သက် ပါလီမန်စနစ်ကို အကောင်အထည် ဖော်နေသလို ရွေးကောက်ပွဲကိုလည်း အကွက်ချ စီစဉ်ထားမှုဟု ဝေဖန်နေကြသည်။

အိုဘားမား အစိုးရက မြန်မာ အစိုးရသစ်နှင့် မြန်မာ့ ဒီမိုကရေစီရေးတွင် ပါဝင် ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေနေသည်။ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ပိတ်ဆို့ အရေးယူမှုများ ဆောလျင်စွာ မရုပ်သိမ်း ကြရန် သတိပေးခဲ့သည်။

Ref: မဇ္ဈိမ

Read More...

လစ်ဗျားအစိုးရ နှိမ်နင်းမှု အိုဘားမား ဝေဖန်

ဗုဒ္ဓဟူး, 23 ဖေဖော်ဝါရီ 2011

လစ်ဗျားမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်နေတာဟာ နိုင်ငံတကာ ကျင့်ဝတ်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ မနေ့က ပြောလိုက်ပါတယ်။

လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ အားလုံးကို အပြည့်အ၀ ပြင်ဆင် ထားဖို့လည်း အမျိုးသား လုံခြုံရေး အဖွဲ့ကို သမ္မတ အိုဘားမားက အမိန့် ပေးထားပါတယ်။

လစ်ဗျားအစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေ အားလုံးက တသံတည်း ပြောဆိုဖို့ လိုအပ် နေပြီလို့လည်း သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ ဒါဟာ အခုဖြစ်နေတဲ့ လစ်ဗျား အရေးအခင်းနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားရဲ့ ပထမဆုံး ပြောဆိုချက်ပါ။

လစ်ဗျားမှာ ဖြစ်နေတာတွေက တရားလက်လွန်နဲ့ လက်မခံနိုင်အောင် ဖြစ်နေပြီလို့ ဆိုပါတယ်။ လစ်ဗျားက အကြမ်းဖက် နှိမ်နင်း မှုတွေကို ရပ်တန့်စေရေး နိုင်ငံတကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို ဂျနီဗာကို စေလွှတ် ထားတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

လစ်ဗျားအစိုးရက လုပ်နေတဲ့ အကြမ်းဖက်မှုတွေဟာ လက်ခံနိုင်စရာ မရှိဘူး၊ ဒီအကြမ်းဖက်မှုတွေကို လစ်ဗျား ခေါင်းဆောင် ကဒါဖီ (Moammar Gadhafi) က ရှင်းပြ ရလိမ့်မယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အသိပေးဖို့ အမေရိကန်က နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အနီးကပ် ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မနေ့ကပဲ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရိုလီ (P.J Crowley) ကလည်း လစ်ဗျား အစိုးရကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်က စဉ်းစား နေတယ်လို့ ဆိုပါတယ်။

လစ်ဗျားခေါင်းဆောင် ကဒါဖီကို ထောက်ခံသူတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက် နေကြတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အပြစ်တင် ဝေဖန်တာတွေက တိုးမြင့် လာနေတာပါ။

EU ဥရောပသမဂ္ဂကတော့ လစ်ဗျားကို အရေးယူ ဒဏ်ခတ်ရေး ပြင်ဆင်ဖို့ ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ ပြင်သစ် သမ္မတ ဆာကိုဇီ (Nicolas Sarkozy) ကလည်း ထိရောက် ခိုင်မာတဲ့ အရေးယူမှုတွေကို ပီပီပြင်ပြင် လုပ်ဖို့ EU အဖွဲ့ကို တိုက်တွန်း ထားပါတယ်။

ကုလသမဂ္ဂရဲ့ တုံ့ပြန်ချက် တခုကတော့ မစ္စတာ ကဒါဖီရဲ့ သမီးတဦးဖြစ်တဲ့ အီရှာ အယ်လ်-ကဒါဖီ (Aisha al-Gadhafi) ကို UNDP လို့ခေါ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှာ လစ်ဗျားရဲ့ ချစ်ကြည်ရေး သံတမန်နဲ့ ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်ထားတဲ့ တာဝန်ကို ရပ်တန့် လိုက်တာပါပဲ။

သူ့ကို ၂၀၀၉ ခုနှစ်က ဒီရာထူးကိုပေးပြီး HIV/AIDS ကာကွယ်ရေးနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ ကိစ္စတွေ ဆန့်ကျင်ရေး ဆောင်ရွက်ဖို့ ကုလသမဂ္ဂက ရွေးချယ် ခန့်အပ်ခဲ့တာပါ။ ဒီတာဝန်ကို အခု ရပ်လိုက်ပြီလို့ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

Ref: VOA News

Read More...

ကဒါဖီ ခြိမ်းခြောက်မှုကြောင့် ထရီပိုလီမြို့တော် ခြောက်ကပ်

ဗုဒ္ဓဟူး, 23 ဖေဖော်ဝါရီ 2011

လစ်ဗျားနိုင်ငံ ခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က သူ့ကို ထောက်ခံသူတွေ အနေနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့ တိုက်တွန်း အပြီး နောက်တနေ့ ဖြစ်တဲ့ ဒီကနေ့မှာတော့ မြို့ခံတွေ နေအိမ်တွေက မထွက်ရဲကြတဲ့ အတွက် ထရီပိုလီ မြို့တော်တ၀န်း ခြောက်ကပ် နေတယ်လို့ မျက်မြင် တွေ့သူတွေက ပြောပါတယ်။

လစ်ဗျားခေါင်းဆောင်ကို သစ္စာခံသူ လက်နက်ကိုင်တွေနဲ့ အာဖရိကနိုင်ငံက ကြေးစား တပ်တွေက လူစု လူဝေးတွေကို ခြိမ်းခြောက် တာတွေ၊ ပစ်ခတ်တာတွေလည်း ရှိခဲ့တဲ့ အကြောင်း သတင်းတွေမှာ ဖော်ပြကြတာပါ။

အရင်တပတ်က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်ကစလို့ ပထမဆုံး အကြိမ် အဖြစ် ရုပ်မြင် သံကြားက မိန့်ခွန်း ပြောရာမှာတော့ လစ်ဗျား ခေါင်းဆောင်က အာဏာကို ဆက်လက် ဆုပ်ကိုင်ထားမယ့် အကြောင်း ပြောဆိုခဲ့တာ ဖြစ်သလို ဆန္ဒပြ သမားတွေကို ရာဇ၀တ် ဂိုဏ်းသားတွေ၊ အကြမ်းဖက် သမားတွေအဖြစ် ရည်ညွှန်း ပြောဆိုပြီး တိုက်ခိုက်ကြဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။

လစ်ဗျားနိုင်ငံကို ဆန့်ကျင်ပြီး လက်နက်ကိုင် သူတွေနဲ့ နှောင့်ယှက် ဖျက်ဆီးဖို့ ကြိုးပမ်းသူတွေကို သတ်ပစ်မယ် ဆိုပြီးတော့လည်း ခြိမ်းခြောက်ခဲ့တာပါ။

ဒါပေမဲ့လည်း တိုင်းပြည်ရဲ့ အရှေ့ပိုင်းဒေသ ထက်ဝက်လောက်ကို ဆန္ဒပြသူတွေ ဘက် ပူးပေါင်းသွားတဲ့ စစ်တပ်နဲ့ ဆန္ဒပြသူတွေ လက်ထဲ လက်လွတ် ဆုံးရှုံးနေတဲ့ လက္ခဏာတွေကိုလည်း တွေ့မြင် နေရပါတယ်။

အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ ဘန်ဂါဇီ (Benghazi) နဲ့ တိုးဘရွတ်ခ် (Tobruk) မြို့တွေမှာ ဒေသခံတွေက ထိန်းချုပ် လိုက်ပြီး ကဒါဖီရဲ့ တပ်တွေကို အနိုင်ယူ လိုက်နိုင်ပြီ ဖြစ်တဲ့ အကြောင်း မျက်မြင် တွေ့သူတွေက ပြောပါတယ်။

Ref: VOA News

Read More...

DKBA နယ်ခြားစောင့် တပ်ပြေးများကို မက်လုံးပေး စည်းရုံး

Wednesday, 23 February 2011

ကရင်ပြည်နယ် အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများနှင့် အတူ ထွက်ပြေးမှု အရေအတွက် များပြား လာသည့်အတွက် ပြန်လည် စည်းရုံးမှု ပြုလုပ်နေ ရသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ် အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင် ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တာဝန် ရှိသူများက ပြောဆိုသည်။

“နယ်ခြားစောင့်တပ်က လူတွေ တပ်ကနေ ထွက်ပြေးပြီး KNU နဲ့ DKBA (နယ်ခြားစောင့်တပ် ဖွဲ့ရန် လက်မခံသည့် အဖွဲ့) အဖွဲ့တွေဆီ သွားပေါင်းတာတွေ အခြား နည်းတွေနဲ့ တပ်ကနေ ထွက်ပြေး တာတွေက တလ တလ မနည်းဘူး၊ တချို့တပ်တွေ ဆိုရင် ဖွဲ့စည်းပုံ မပျက်တပျက်ပဲ၊ ဒါကြောင့် အထက်အမိန့်နဲ့ မက်လုံးပေး စည်းရုံးမှုတွေ လုပ်နေကြတယ်”ဟု မြ၀တီ ခရိုင်တွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော DKBA တပ်မှူးတဦးက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များကို မက်လုံးပေးစည်းရုံးရာတွင် အစိုးရအသစ်မှ မကြာမီ လစာများ အဆပေါင်း များစွာ တိုးပေးမည် ဖြစ်ပြီး ရေမီး အစုံပါရှိမည့် နေအိမ် တန်းလျားများနှင့် သားသမီးများ အတွက် အခမဲ့ ပညာသင်ကြားခွင့် အပါအ၀င် တခြား ခံစားခွင့်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် အစီအစဉ်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

နယ်စပ်သို့ ထွက်ပြေးလာသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးက“အောက်ခြေရဲဘော်က လက်ရှိ ကျပ် ၃ သောင်း ခွဲ ရတယ်၊ တပ်ရင်းမှူး ပြောတာက အစိုးရအသစ် ကနေ လစာ ၅ ဆ တိုးပေးမယ်လို့ ပြောတယ်၊ မင်းတို့ ၁ သိန်းခွဲရမယ် လို့ပြောတယ်၊ သူ့စကားကို ဘယ်သူမှ မယုံဘူး၊ ဒါကြောင့် ထွက်ပြေးလာတာ"ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်များကို ခေတ်မီတပ်ရင်း တပ်ဖွဲ့များ တည်ဆောက်ရန် နေပြည်တော်မှ တပ်ရင်း တရင်းလျှင် ကျပ် သိန်း ၁၀၀၀ ကျော်နှုန်းဖြင့် DKBA ၉၉၉ ဗျူဟာမှူးဟောင်း ဗိုလ်ချစ်သူနှင့် ကရင်နယ် နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်မောသိုတို့ကို လုပ်ပိုင်ခွင့်နှင့် ငွေကြေးများ ချပေးထားကြောင်း သိရသည်။

လက်ရှိအခြေအနေအရ DKBA နယ်ခြားစောင့် တပ်များတွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်ဟု ကရင်ပြည်နယ် အခြေစိုက် ဆောက်လုပ်ရေး အဖွဲ့ တခု၏ အငယ်တန်း အင်ဂျင်နီယာ တဦးက ပြောပြသည်။

“ကျနော်တို့အဖွဲ့ကို ဗိုလ်ချစ်သူ တို့ ဗိုလ်မောသိုတို့က တဆင့် ကန်ထရိုက် ပေးတယ်၊ အခု လက်ရှိ ဆောက်နေတဲ့ ဦးစားပေး တဲ့ အထဲမှာတော့ အိမ်ထောင်သည် လိုင်းခန်းတွေ မဆောက်ရသေးဘူး၊ စုပေါင်း နေထိုင်လို့ရမယ့် ဘားတိုက် လိုမျိုးတော့ ဆောက်တဲ့ အထဲမှာ ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆောက်လုပ်ရေး စီမံကိန်းကြောင့် အကျိုးအမြတ်များရရှိ ခံစားရမည့် သူများမှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ မဟုတ် ဘဲ လုပ်ငန်း လုပ်ပိုင်ခွင့် ရရှိသူများသာ ဖြစ်လိမ့်မည် ဖြစ်ကြောင်း နယ်ခြားစောင့် တပ်ဖွဲ့ ၀င်များက ပြောကြသည်။

ထို့အပြင် စည်းရုံးမှုများကို တပ်ဖွဲ့ဝင်များက အယုံအကြည်မရှိသည့်အပြင် တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုမှာ လျှော့နည်း သွားခြင်း မရှိကြောင်း၊ ယခုရက်ပိုင်း အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ သို့ ထွက်ပြေး လာသည့် နယ်ခြား စောင့်တပ်မှ တပ်မှူး တဦးက ပြောသည်။

“နယ်ခြားစောင့်တပ်က လူတွေကို တိုက်တန်းလျားတွေပေးမယ် ဆိုပြီးပြောတယ်၊ အခု သူတို့ ဆောက်နေတာ တွေက တပ်ရင်း တပ်ဖွဲ့ရုံးတွေ သင်တန်း ခန်းမတွေ လေ့ကျင့်ရေး တွေပဲ ဆောက်နေကြတယ်၊ သူတို့ ပြောနေတာနဲ့ လက်တွေ့ တခြားစီပဲ၊ လက်တွေ့မှာက ရှေ့တန်းက ရဲဘော်တွေ စားစရာ ရိက္ခာမရှိလို့ ရွာသားတွေဆီက တောင်းနေရတယ်၊ အခေါက်ပေါင်းများတော့ ရွာသားတွေလည်း မပေးနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ကရင်နယ် ခြားစောင့်တပ်ဖွဲ့များမှ ထွက်ပြေးသည့်တပ်ဖွဲ့ဝင်အများစုမှာ အောက်ခြေတပ်သား အများစုဖြစ်ပြီး ၎င်းတို့နှင့် အတူ တပ်မှူးငယ်တချို့သာပါရှိကြောင်း၊ တပ်ဖွဲ့အတွင်း အထက်နှင့်အောက် အကျိုးခံစားခွင့် ကွာခြားမှု ကြီးမားခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့် မမျှတခြင်း၊ ကရင် တိုင်းရင်းသားချင်း ပြန်လည် တိုက်ခိုက်မှု မပြုလုပ်လိုခြင်း များကြောင့် ထိုသို့ ထွက်ပြေးကြခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၅၀ ကျော်၍ DKBA အဖွဲ့မှ ထုတ်ပယ်ခံရပြီး မြ၀တီမြို့တွင် နေထိုင်သူ တဦးက“နအဖ မဟုတ်တာ DKBA လည်း သိတယ်၊ နယ်ခြားစောင့် တပ်လည်း သိတယ်၊ ခက်တာက ပိုင်ဆိုင်မှုနဲ့ မိသားစု အရေးက အမှန်တရားကို မမြင်နိုင်ကြတော့ ဘူး၊ ဗိုလ်ချစ်သူတို့ မောသိုတို့ ဆိုရင် ကရင်ပြည်နယ်မှာ လူချမ်းသာတွေ ဖြစ်ကုန်ပြီ၊ ကရင်တွေရဲ့ အားနည်းချက်ကို နအဖ ကောင်းကောင်း သိတယ်”ဟု ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ထိုင်းတွင် ဖမ်းမိ လက်နက်များ “ဝ” ကို ရောင်းချရန်ဟု ဆို

Wednesday, 23 February 2011

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ်ရေး လုပ်ကိုင် နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ယခု ရက်ပိုင်း အတွင်း ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ဒေသခံ ထိုင်းနိုင်ငံသား ၂ ဦး၏ နေအိမ်များတွင် ထိုင်းရဲနှင့် စစ်တပ် အာဏာပိုင်များ ပူးပေါင်း၍ ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သက်သေခံ ပစ္စည်းများ အဖြစ် ရောင်းချ ထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာနှင့် သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်း ရမိကြောင်း ထိုင်း အခြေစိုက် Krobkruakao သတင်း ၀က်ဘ်ဆိုက်တွင် ရေးသားထားသည်။

အဆိုပါ သတင်းတွင် ဖော်ပြချက်အရ UWSA တပ်ဖွဲ့ဝင်များတွင် လက်နက် ထုတ်လုပ်သည့် စက်ရုံများ ရှိသည်ဟု သိရှိ ထားသော်လည်း အဖမ်း ခံရသူများ၏ ထွက်ဆိုချက် အရ လက်နက်များကို နယ်စပ်ဒေသရှိ “၀” တပ်ဖွဲ့ ၀င်များထံသို့ ပေးပို့ရန် သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်သော “အထွန်း” ဆိုသူနှင့် မြန်မာနိုင်ငံ ဘက်ခြမ်းမှ လူတဦး ပူးပေါင်း၍ ခိုင်းစေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်များကို စစ်ဆေးတွေ့ရှိချက် အရ တချို့ လက်နက်များကို နခွန်စဝမ် (Nakhon Sawan) ခရိုင်မှ တဆင့် သယ်ယူခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ထိုင်းထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက လက်နက်ရောင်းဝယ် သူများ ဖမ်းဆီး မိသည်ဟု ကြားသိ ရသော်လည်း မြန်မာ ဘက်အခြမ်းမှ ပါဝင် ပတ်သက်မှုများနှင့် ပတ်သက်၍ အသေးစိတ် မသိကြောင်း ဧရာဝတီသို့ ပြောသည်။

လက်နက်များ ဖမ်းဆီးရရှိမှုကို မယ်ဆိုင်မြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ လက်နက် ကိစ္စနှင့် ဖမ်းဆီးထားသော တရားခံများ ယင်းတို့ စခန်းတွင် ထိန်းသိမ်း ထားခြင်း မရှိကြောင်း ပြောသည်။

UWSA တွင် စစ်သည်အင်အား နှစ်သောင်းမှ နှစ်သောင်းခွဲကြား ရှိကြောင်း၊ ၎င်းတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

လူငယ် ၁ဝဝ ခန့် KIO ထံ ဝင်ရောက်လာဟု အရာရှိ ပြော

ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ)။ ။ စစ်အစိုးရက တပ်သားသစ် စုဆောင်းနေသဖြင့် ဒေသခံ လူငယ် ၁ဝဝ ခန့်သည် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ထံ လွန်ခဲ့သည့် ၇ ရက်အတွင်း ထွက်ပြေး ဝင်ရောက်လာကြောင်း KIO အရာရှိ တဦးက ပြောသည်။

ယခုလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က လက်အောက်ခံ တပ်ရင်းများကို တပ်သားသစ် စုဆောင်းရန် ညွှန်ကြား ခဲ့သဖြင့် KIO လက်အောက်ခံတပ် ကချင် လွတ်မြောက်ရေး တပ် KIA တပ်ရင်း ၁၁ သို့ ဝင်ရောက် လာကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“မပခက စစ်သားသစ် စုဆောင်းလာမယ်ဆိုတာတွေ၊ အရင် ပြန်တမ်းမှာလည်း စစ်မှုမထမ်း မနေရ ဆိုတာ ထုတ်ပြန် ထားပြီးတဲ့ အချိန်မှာပဲ စစ်သား ပြန်စုဆောင်း လာတော့ မကြောက်တဲ့ လူတွေက KIO စစ်သား လုပ်မှာပေါ့။ ဒီမှာလည်း ကျောင်းရှိတယ်လေ။ ကျောင်းပြန်တက်လို့ ရတယ်လေ” ဟု KIO အရာရှိက မဇ္စျိမကို ပြောသည်။

တပ်သားသစ် စုဆောင်းရေးကို ဆုပေးဒဏ်ပေး စနစ် ကျင့်သုံးသွားမည် ဖြစ်ပြီး၊ မစုဆောင်း နိုင်သော တပ်ရင်းများက တလလျှင် ကျပ် ၃ သိန်း ပေးရမည်ဖြစ်ကာ ထိုငွေများကို စုဆောင်းနိုင်သော တပ်များသို့ ဆုလာဘ် အဖြစ် ပေးမည်ဟု စစ်တပ် အတွင်း ညွှန်ကြားချက်များ ရှိနေသည်ဟု ဆိုသည်။

အချို့ကို မိဘများကိုယ်တိုင် လာအပ်သလို၊ အချို့ လူငယ်များမှာ ကိုယ်တိုင် ထွက်ပြေးလာကြရာ အချို့မှာ အသက် ငယ်သောကြောင့် တိုက်ပွဲတွင် အသုံး မပြုနိုင်သဖြင့် လက်ခံရန် ခက်ခဲသည်ဟု KIO အရာရှိက ပြောသည်။

“၁၇၊ ၁၈ (နှစ်) တွေကို ဘယ်မှာ သွားသုံးမှာလဲ။ တိုက်ပွဲမှာလည်း အသုံးပြုလို့ မရသေးဘူး။ KIO ကို ကလေးစစ်သား အသုံးပြုတယ် ဆိုပြီး ပြောမှာပေါ့။ ဒါကြောင့် ကျောင်း ဆက်တက်မယ် ဆိုရင် လက်ခံတယ်။ ကျောင်းမတက်တဲ့ လူတွေကို လက်မခံဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက် နေ့စွဲဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့် ရှိသော ပြည်သူ့ စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ်အကြား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

KIO ကလည်း ယခုလ ၂၁ ရက်နေ့တွင် ဌာနချုပ် လိုင်ဇာ၌ ပြည်သူ့စစ်ဖွဲ့စည်းရေး လူထု ရှင်းလင်းပွဲ လုပ်ခဲ့သေးသည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်သျှောင်က ပြည်သူ့ တော်လှန်ရေး လမ်းစဉ် ဖြစ်သဖြင့် ပြည်သူ တရပ်လုံး ပါဝင်ရမည်ဟု လူထု ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။


Ref: မဇ္ဈိမ

Read More...

အတိုက်အခံ ၅ ဦးကို ထောင်ချ

မြင့်မောင် |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦးကို အလုံနှင့် ကမာရွတ်မြို့နယ် တရားရုံး များက အင်္ဂါနေ့တွင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၁၁ နှစ်အထိ ချမှတ်လိုက်သည်ဟု နိုင်ငံရေး သတင်း ရပ်ကွက်များ အရ သိရသည်။

ထောင်ချ ခံရသူများမှာ ကိုမျိုးမင်းသူ၊ ကိုသော်ဇင်၊ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုး ဖြစ်သည်။

ကိုမျိုးမင်းသူ၊ ကိုသော်ဇင်တို့ကို အလုံတရားရုံးက အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁)၊ မတရား အသင်း ဆက်သွယ်မှု ၁၇ (၁) (၂) နှင့် ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့ပြီး၊ ကမာရွတ် တရားရုံးက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံရမှာဖြစ်သည်။

ကိုဗိုလ်ဗိုလ်သိန်းကိုမူ ကမာရွတ်တရားရုံးက မူးယစ်ဆေးဝါး သုံးစွဲမှုပါ ထပ်တိုးပြီး၊ ထောင်ဒဏ် ၃ နှစ် ထပ်ဆောင်းခဲ့ သဖြင့် ၁၁ နှစ် ဖြစ်သွားသည်။

ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုးကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်မှုဖြင့် ၂ နှစ်စီ ပြစ်ဒဏ်ချသည်။

လူငယ် ၅ ဦးလုံးကို ဖမ်းဆီးစဉ်က သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ခွဲမှုတွင် ပတ်သက်သည် ဆိုသော သံသယဖြင့် ရဲက ဖမ်းဆီး ခဲ့သော်လည်း ပါဝင် ပတ်သက်သော အထောက်အထား မတွေ့ရသဖြင့် နောက်ပိုင်းတွင် ပြည်ပ အခြေစိုက် စစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်မှု ပြုခဲ့သည်ဟု စွဲချက် ပြောင်းလဲ ခဲ့သည်ဟု ရန်ကုန်မြို့မှ ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

“ထိုင်းမှာ အခြေစိုက်တဲ့ NLD (L/A) (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ) ရယ်၊ Generation Wave နဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ တရားစွဲတယ်။ သူတို့က အစိုးရကို ဆန့်ကျင်တဲ့ စာတွေ ဖြန့်တယ် ဆိုပြီး စွပ်စွဲတယ်” ဟု သူက ဆိုသည်။

၂ဝ၁ဝ ဧပြီလ ၂၄ ရက်နေ့တွင် လှည်းတန်းဘူတာအနီး ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်၊ ၁ လမ်းရှိ အိမ်နံပါတ် ၂၉ မြေညီထပ် တိုက်ခန်း တခုထဲ၌ ကိုမျိုးမင်းသူ၊ ကိုသော်ဇင်နှင့် ကိုဗိုလ်ဗိုလ်သိန်းသည် အခြားလူငယ် ၄ ဦးနှင့် အတူ ရှိနေစဉ် နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ၇ ဦးလုံးကို ရဲက ဖမ်းဆီးခဲ့သည်ဟု ဦးကျော်ဟိုးက ပြောသည်။ ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုး ကိုမူ အခြားနေရာများမှ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ ၇ ဦးအသုတ်ထဲမှ ကျန် ၄ ဦးမှာ အမှု စစ်နေဆဲဖြစ်သည်။

အားလုံးအတွက် ရှေ့နေ ဦးမြင့်ဦးက လိုက်ပါဆောင်ရွက်ခဲ့ပြီး ခရိုင်တရားရုံးများတွင် ဆက်လက်၍ အယူခံ တက်မည်။

၂ဝ၁ဝ ဧပြီလ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့၌ X2O ရေကစားမဏ္ဍပ်ရှေ့ လက်ပစ်ဗုံး ၃ လုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အဖမ်းခံရသူ နောက်တဦး ဖြစ်သည့် တောင်ဒဂုံ ၅၂ ရပ်ကွက်နေ ၂၂ နှစ်အရွယ် ကိုကောင်းမြတ်လှိုင်ကို ယခုလ ၂ ရက်နေ့တွင် ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့သေးသည်။

ထို့ပြင် သတင်းထောက် ဦးမောင်မောင်ဇေယျနှင့် သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများကို ဓာတ်ပုံ ရိုက်သဖြင့် ထိုဧပြီလ အတွင်း ဖမ်းဆီးခဲ့ကာ၊ သားဖြစ်သူကို မင်္ဂလာတောင်ညွန့် တရားရုံးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ် ချခဲ့သည်။

ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် မတရား အသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) ဖြင့် ၅ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထပ်တိုး အမှုတမှုဖြင့် တရားစွဲထားသေးသည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ မတရား အသင်းနှင့် ဆက်သွယ်မှုများဖြင့် ယခုလ ၄ ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဗုံးခွဲတရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ်ခင်ရီက ၂ဝ၁ဝ မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဗုံးဖောက်ခွဲနိုင်ရေးအတွက် စောင့်ကြည့်ပေးခဲ့သော VBSW အဖွဲ့ဝင်တဦး ဖြစ်သည်ဆိုသော စွပ်စွဲချက်ဖြင့် လျှပ်စစ် အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးထားရာ ယခုအခါ အင်းစိန် ထောင်တွင်းမှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကိုဖြိုးဝေအောင်က ပါဝင်ပတ်သက်မှု မရှိဟု ငြင်းဆန်ထားသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, February 23, 2011

စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်ကို စာရင်းစစ်ချုပ်သစ် အဖြစ် လွှတ်တော် အတည်ပြု

2011-02-22

ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ခန့်အပ် အတည် ပြုလိုက်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ဟာ အရင်ကလည်း စစ်အစိုးရ စာရင်းစစ်ချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ သမတ ဦးသိန်းစိန်က ပြည်ထောင်စု တရားသူကြီးအဖွဲ့ဝင် ၆ ဦး စာရင်းကို အဆို တင်သွင်းခဲ့တယ်လို့ လွှတ်တော် တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဦးခိုင်မောင်ရီက RFA ကို ပြောပါတယ်။

“အဲဒီတော့ အားလုံးက အဲလောက်အထိဆိုရင် ၇ ယောက်မှ ၁၁ ယောက်အထိ ခန့်ထား နိုင်တယ် ဆိုတဲ့ ဥစ္စာကို ၇ ယောက်နဲ့ အဆို တင်သွင်းတာပေါ့။ ၁၁ ယောက်အထိ ခန့်လို့ ရတာကိုး။ ၇ ယောက်နဲ့ တင်သွင်း လိုက်တယ်။”

“ပထမတော့ တရားသူကြီးအနေနဲ့တော့ တရားရေးဖက်ကနေ လာတဲ့လူ၊ မျှမျှတတ ရှိတဲ့လူ၊ သမာသမတ် ရှိတဲ့လူ ဆိုရင်တော့ ပြီးတာပါပဲ ပေါ့နော်။ ဒါပေမဲ့ ဒီလူတွေက တဦးချင်း တဦးချင်းစီကို လေ့လာဖို့အတွက်ကို ကျွန်တော်တို့ အတွက် အချိန်က တော်တော် နည်းပါတယ်။”

“နောက် ဒီ ၆ ယောက်အတွက်က ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူ ပေါ့နော်၊ တိုင်း တရားသူကြီးတွေ ဘာတွေ လုပ်လာတဲ့ လူတွေ ပါတယ် ဆိုတော့ သူ့လိုင်းက နေသူ လာတာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့လည်း မမြင်တော့ဘူးပေါ့။”

အဲဒီ အဆိုတင်သွင်းခဲ့တဲ့ တရားသူကြီးအဖွဲ့ဝင်တွေကတော့ ဦးဘဌေး (လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်)၊ ဦးစိုးညွန့်(လက်ရှိ အငြိမ်းစား ညွန်ကြားရေးမှူးချုပ်)၊ ဦးမြသိန်း (လက်ရှိ အထက်တန်း ရှေ့နေ၊ တွဲဖက် ညွှန်ကြားရေးမှူး)၊ ဦးမြင့်အောင် (လက်ရှိ ရန်ကုန်တိုင်း တရားသူကြီး)၊ ဦးအောင်ဇော်သိန်း (လက်ရှိ ဒုအထွေထွေ မန်နေဂျာ - စာချုပ်စာတမ်းနဲ့ စီမံကိန်း ရေးရာ စီမံ ခန့်ခွဲရေးရာ ဌာနခွဲ) နဲ့ ဦးမြင့်ဟန် (လက်ရှိ ဒု ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်း ဝန်ကြီးဌာန) တို့ ဖြစ်ပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး နားပြီး နောက်တကြိမ် ကျင်းပတဲ့ အခါမှာ သူတို့ကို ကန့်ကွက်သူ မရှိရင် အတည်ပြုမယ်လို့ သိရပါတယ်။ သူတို့ အားလုံးဟာ ဥပဒေ ဖက်က လာသူအများစု ဖြစ်တဲ့ အတွက်နဲ့ အချိန် လုံလောက်အောင် မရတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အနေနဲ့ ကန့်ကွက်မှာ မဟုတ်ကြောင်း သိရပါတယ်။

Ref: RFA News

Read More...

တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရနိုင်

ဦးသားညွန့်ဦး
အင်္ဂါ, 22 ဖေဖော်ဝါရီ 2011

ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ လူ့အဖွဲ့အစည်း တရပ်မှာ လုံခြုံဘေးကင်းမှု မရနိုင်သလို လွတ်လပ်မှု ဆိုတာလည်း အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကနေဒါနိုင်ငံ ကာလ်တန် (Carleton) တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းတဲ့ အခမ်းအနား အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေ စိုးမိုးမှုအတွက် ရပ်တည် ဆောင်ရွက် သွားမယ်လို့ အဲဒီ အခမ်းအနားကို ပေးပို့ခဲ့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ အဲဒီ မိန့်ခွန်းနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ကနေဒါနိုင်ငံ ကာလ်တန် တက္ကသိုလ်မှာ ကျင်းပတဲ့ အဲဒီ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ပွဲကို တက္ကသိုလ် အဓိပတိ အပါအ၀င် ကနေဒါ လွှတ်တော် အမတ်တွေ၊ ကနေဒါ အစိုးရပိုင်းက အရာရှိတွေပါ တက်ရောက် ခဲ့ကြပါတယ်။ ဆုချီးမြှင့်ခံရသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီပွဲကို ရောက်မလာနိုင်ပေမဲ့ ဗွီဒီယိုက တဆင့် တတ်ရောက် လာသူတွေကို မိန့်ခွန်းစကား ပြောပါတယ်။ လွတ်လပ်မှုနဲ့ လုံခြုံမှုဟာ တပြိုင်နက်တည်း ရှိဖို့လိုသလို အဲဒီအတွက်ဆိုရင် ဥပဒေ စိုးမိုးမှုဟာ မဖြစ်မနေ အရေး ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဥပဒေဆိုတာ လူသားတွေရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေ အနက် တခုဖြစ်တယ် ဆိုတာကို လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ကျမ အခိုင်အမာ သဘောပေါက် ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေ ဆိုတာဟာ တရားမျှတတဲ့ ဥပဒေ ဖြစ်ရပါမယ်။ အဲဒီလို တရားမျှတတဲ့ ဥပဒေတွေကို ကျင့်သုံးမှသာ လူသားတွေဟာ တကယ့်ကို ယဉ်ကျေးတဲ့ လက္ခဏာ ပေါ်လာမှာပါ။ အခုလို ကျမကို ဥပဒေရေးရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့် လိုက်တာဟာ ကျမကို ယဉ်ကျေးတဲ့ လူသားတဦး အနေနဲ့ ယူဆ သတ်မှတ်တဲ့ အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှု အတွက် ဥပဒေ အထောက်အကူပြု အဖွဲ့ ဆိုတာကို ဖွဲ့စည်းခဲ့သလို ဒီအဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသား အမှုတွေအတွက် အထူးတာဝန်ယူ ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။ တရားရေး လွတ်လပ်ခွင့် မရှိတဲ့ မြန်မာနိုင်ငံမှာ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့က ဆောင်ရွက်တဲ့ အမှု အတော် များများဟာ အနိုင် မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီအတွက် စိတ်ဓာတ်မကျဘဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေ အတွက် ရပ်တည်မှု ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် အခုချီးမြှင့်တဲ့ ဆုကိုလည်း အဖွဲ့ချုပ် ဥပဒေ အထောက် အကူပြု အဖွဲ့ ကိုယ်စား လက်ခံ ရယူလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူ ပြုရေး အဖွဲ့ရဲ့ ကိုယ်စား လက်ခံ ရယူတယ်လို့ ခံစားရပါတယ်။ ဒီအဖွဲ့အကြောင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒါမျိုးဟာ ပထမဆုံး ဖွဲ့စည်းတဲ့ ဥပဒေရေးရာ အဖွဲ့ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက စတင် ဖွဲ့ခဲ့ပါတယ်။

“နိုင်ငံရေး ရာဇ၀တ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ အမှုကို ကူညီ ဆောင်ရွက် ပေးဖို့ ဖွဲ့စည်းခဲ့တာပါ။ ဒီအမှုမျိုးတွေကို ကျမကတော့ ရာဇ၀တ်မှုရယ်လို့ မမြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေး အကြောင်းပြချက်နဲ့ စွပ်စွဲ ဖမ်းဆီးခံရတဲ့ အမှုတွေ ဖြစ်တာကြောင့် နိုင်ငံရေး ရာဇ၀တ်မှုတွေလို့ ကျမကတော့ ခေါ်ချင်ပါတယ်။ အာဏာပိုင်တွေ ကတော့ သူတို့ကို ရာဇ၀တ်မှု ကျူးလွန်တယ် ဆိုပြီး ထောင်ထဲ ထည့်ခဲ့ပါတယ်။”

ဥပဒေဆိုတဲ့နေရာမှာ တရားမျှတမှု လိုအပ်သလို တရားမျှတတဲ့ ဥပဒေ ဖြစ်မှသာ လူ့ယဉ်ကျေးမှု လက္ခဏာရပ် ဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဥပဒေ စိုးမိုးရေးအတွက် ကျမတို့ ရပ်တည် ဆောင်ရွက်ပါတယ်။ ဘယ်တိုင်းပြည် ဘယ်လို လူ့အဖွဲ့ အစည်းမှာ မဆို ဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံ ဘေးကင်းမှု မရှိနိုင်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။ စစ်မှန်တဲ့ လုံခြုံမှု မရရင်တော့ စစ်မှန်တဲ့ လွတ်လပ်မှု မရှိနိုင်ပါဘူး။ လုံခြုံမှုမရှိတဲ့ လွတ်လပ်မှု ဆိုတာဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုတွေ ဖယ်ထုတ်ထားတဲ့ လုံခြုံဘေးကင်းမှု သက်သက် ဆိုတာဟာလည်း ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုနဲ့ လုံခြုံ ဘေးကင်းမှုဟာ တပြိုင်နက်တည်း ရှိရမယ်လို့ ကျမတို့ ယုံကြည် ထားပါတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေး အတွက် ကျမတို့ အနေနဲ့ အခိုင်အမာ ရပ်တည် ဆောင်ရွက်နေပါတယ်။”

ကနေဒါနိုင်ငံ အော်တ၀ါမြို့က ကာလ်တန် တက္ကသိုလ်မှာ ကျောင်းသားဦးရေ ၂၄,၀၀၀ လောက်ရှိပြီး အဲဒီက ကျောင်းသားတွေဟာ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ ဆောင်ရွက်ပေးလေ့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ရေးဆိုတဲ့ ယုံကြည်ချက် အပေါ်မှာ သူမကိုယ်တိုင် လွတ်လပ်မှုကို အနစ်နာခံ ပေးဆပ်ပြီး ဆောင်ရွက်နေတဲ့ ရာစုနှစ် အတွင်း ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုချီးမြှင့်တဲ့ တက္ကသိုလ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ်လည်း ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

Ref: VOA News

Read More...

အဆုံးအဖြတ် နေရာတွင် ဒေါ်စု ရှိဟု မကဒတ ပြော

မြင့်မောင် |
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံ ပြဿနာများကို ဖြေရှင်းရာတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အဆုံးပေးမည့် နေရာတွင် ရှိနေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ပြောဆို လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာရှိ မကဒတ ဗဟိုဌာနချုပ် တည်ရှိရာ ဒေါင်းဂွင်၌ နဝမ အကြိမ် ညီလာခံကို ယခုလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးမှာ မလွဲမသွေ အဆုံးအဖြတ်ပေးမယ့် နေရာမှာ ပါဝင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီယူဆချက် အောက်မှာ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေ၊ လူထုခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ်ပိုင် အခွင့်အလမ်းတွေ အတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထု လှုပ်ရှားမှုတွေက အရှိန်မြင့် လာတော့မယ်လို့ ထင်တယ်’’ ဟု မကဒတ ခေါ် ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်း အရ ဖြေရှင်းမည့် တွေ့ဆုံ ဆွေးနွေးရေးကို စစ်အစိုးရ လုပ်ဆောင်ရန် လိုအပ်လျက်ရှိရာ၊ ဆက်လက်၍ လျစ်လျူရှုပါက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများ ပိုမို ကြီးထွား လာနိုင်သည်ဟု သူက ဆိုသည်။

တပ်ရင်း ၉ ရင်းမှ ကိုယ်စားလှယ်များ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း တပ်ရင်းတပ်ဖွဲ့ တာဝန်ခံ များနှင့် ဗဟို ကော်မတီဝင် အဟောင်းများပါ တက်ရောက်ခဲ့သော မကဒတ ညီလာခံကြီးက လူထု တိုက်ပွဲနှင့် လက်နက်ကိုင် တိုက်ပွဲ ပေါင်းစပ်ရေး ဆက်လုပ် သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

’’လူထုတိုက်ပွဲဆိုတာ လူထုက မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ကြိုးပမ်းရုန်းကန်တာ ဖြစ်တယ်။ အခွင့်အရေး ဆိုင်ရာ တိုက်ပွဲတွေ၊ အစုအဖွဲ့ တိုက်ပွဲတွေ ရှိနိုင်တယ်။ တပြိုင်ထဲမှာ နိုင်ငံရေး အခွင့်အရေး လွတ်လပ်ခွင့်တွေ တောင်းဆိုတဲ့ တိုက်ပွဲတွေ ရှိတယ်၊ အလုပ်သမား တိုက်ပွဲတွေ ရှိတယ်။ ဒီဟာတွေရဲ့ ပေါင်းစပ်မှုတွေဟာ လူထု တိုက်ပွဲတွေလို့ ကျနော်တို့ နားလည်တယ်။ လက်နက်ကိုင် တော်လှန်ရေး ဆိုတာကလည်း လူထု တိုက်ပွဲတွေ ထဲမှာ ပုံသဏ္ဍာန် ဝင်တဲ့ တိုက်ပွဲ တခုသာ ဖြစ်တယ်။ လူထု တိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲ ဆိုတာ ခွဲခြားထားလို့ မရဘူး’’ ဟု ရဲဘော်သံခဲက ဆိုသည်။

စစ်အာဏာရှင် ဖိနှိပ်မှု ကြီးမားသည့် ကာလတွင် အချိန်မရွေး လူထုတိုက်ပွဲ ဖြစ်နိုင်ပြီး၊ နောက်ဆက်တွဲ လက်နက်ကိုင် တိုက်ပွဲ များပါ တဆင့်တက် ပေါ်ပေါက် လာနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်း အာရပ် နိုင်ငံများတွင် လူထု တိုက်ပွဲများ ဖြစ်ပွားရာနောက် လက်နက်ကိုင် တိုက်ပွဲများ ရှိနေသဖြင့် လူထုတိုက်ပွဲ၊ လက်နက်ကိုင် တိုက်ပွဲ စည်းမခြားဘဲ စစ်အာဏာရှင် ဖြုတ်ချရာ၌ ပူးတွဲ သွားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်များနှင့် ကြံ့ဖွံ့ အစိုးရက လက်ရှိ နိုင်ငံရေး ပြဿနာများကို မဖြေရှင်း နိုင်သည့် အပြင်၊ မြန်မာပြည်လူထု အနေဖြင့် နိုင်ငံရေး အကျပ်အတည်းများ ပိုမို ကြီးထွား လာနိုင်သည်ဟုလည်း ဆိုသည်။

မကဒတ သည် ဘဏ္ဍာငွေ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့သော်လည်း နိုင်ငံတကာရောက် မြန်မာ အဖွဲ့ အစည်းများနှင့် ရဲဘော်ဟောင်းများ၏ ကူညီ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။

မကဒတ ညီလာခံက ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ ရဲဘော်မြင့်ဦး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ရဲဘော် ခင်ကျော် အပါအဝင် ဗဟို ကော်မတီဝင် ၁၅ ဦးနှင့် အရံ ကော်မတီဝင် ၃ ဦးကို ရွေးချယ်ခဲ့ကြသည်။

မကဒတကို ၈ လေးလုံး အရေးတော်ပုံ အပြီး ၁၉၈၈ နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အတူ လက်နက်ကိုင် တိုက်ပွဲကို ယနေ့ထိ ဆင်နွှဲနေခြင်း ဖြစ်သည်။

ဖွဲ့စည်းချိန်မှ ၂ဝဝ၈ သြဂုတ်လအထိ ကျဆုံးသူနှင့် သေဆုံးသူ ရဲဘော် ၆၁ဝ ဦး ရှိပြီဖြစ်ကြာင်း မကဒတ အင်တာနက် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး လှုပ်ရှားမှု ၈၈ မျိုးဆက်အဖွဲ့ ကန့်ကွက်

လင်းသန့်
Tuesday, 22 February 2011

နိုင်ငံရေး ပါတီ ၁၁ ခု ၏ မကြာသေးခင်က စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး လှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ၌ ယင်း ပြည်တွင်း နိုင်ငံရေး ပါတီ ၁၁ ခုက အမေရိကန်၊ ဥရောပ အပါအ၀င် အနောက် နိုင်ငံများ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု များ အမြန်ဆုံး ရုပ်သိမ်းရန် ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်၍ တောင်းဆိုမှုကို ကန့်ကွက်ခြင်း ဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက “သူတို့ ပါတီတွေ အနေနဲ့ ပြောသင့်တာက နအဖ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကိုလည်း လေ့လာ သုံးသပ် ထောက်ပြတာမျိုး လိုတယ်။ ပြည်သူ လူထု အကျိုးစီးပွား လိုလားလို့ Sanction (စီးပွားရေး ပိတ်ဆို့မှု) မရှိသင့်ပါဘူး ဆိုရင် ဒါက ဘာကြောင့် ဖြစ်ပေါ်လာသလဲ ဆိုတာ သေချာ လေ့လာ သုံးသပ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ စီးပွားရေး တကယ်ထိခိုက်၊ မထိခိုက် ဆိုတာကို သေချာလေ့လာ ပြီးမှ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ပြောတဲ့ ပုံစံမျိုးတွေလို သေချာ ပြောဖို့လိုတယ်၊ အခုဟာ က Sanction မရှိသင့်ပါဘူး ဆိုပြီး ယေဘုယျ ပြောနေတာတွေက မဖြစ်သင့်ဘူး”ဟု ဧရာဝတီ ကိုပြောသည်။

စီးပွားရေး ပိတ်ဆို့မှု နှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၏ သဘောထား အမြင်ကို အဆိုပါ နိုင်ငံရေး ပါတီ တပါတီချင်း ဆီသို့ စာပေးပို့ အကြောင်း ကြားထားသည် ဟုလည်း သိရသည်။

နိုင်ငံရေးပါတီ ၁၁ ခုက ထုတ်ပြန်သည့် ကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန် နိုင်ငံသည် နှစ်စဉ် ပို့ကုန် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ နှင့် ၁၉ ဘီလီယံ အကြား နစ်နာပြီး အမေရိကန် လုပ်သားများ အတွက် လုပ်ခလစာ ၁ ဘီလီယံကျော် ဆုံးရှုံး ရကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့် ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးရပြီး အလုပ်အကိုင် သိန်းချီ ဆုံးရှုံးရကြောင်း ၊ ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း သင့်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးတောင်းဆိုသော နိုင်ငံရေးပါတီ ၁၁ ခုမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမို ကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ပြည်ထောင်စု ကရင် အမျိုးသား အဖွဲ့ချုပ်၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ၊ ၀ံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ် အဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

ကိုစိုးထွန်းက ဆက်လက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သည် NLD က ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန် လိုက်သော စီးပွားရေး ပိတ်ဆို့မှု ဆိုင်ရာ ကြေညာချက်နှင့် တသားတည်း ရှိကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ကလည်း ကြေညာချက် ထုတ်ပြီး ထောက်ခံကြောင်း ပြသခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများထဲမှ ဂျာမနီ နှင့် အီတလီ နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း စေလိုသည် များကို ကြားလာ ရသည်ဟုလည်း ၎င်းက ပြောသည်။

“စီးပွားရေးပိတ်ဆို့မှုကို အခုအနေမှာရှိနေသင့်သေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ တသားတည်း ရှိတယ်၊ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်၊ ဒါကို တောင်းဆိုထားတယ်။ ဒီလို နိုင်ငံရေးအကျဉ်း သားတွေကို စပြီး လွှတ်ပေးမယ်ဆိုရင် နိုင်ငံတကာကလည်း တဖြည်းဖြည်းချင်း လျှော့ပေး လာမှာပဲ၊ ဘာတိုးတက်မှု တစုံ တရာမှ မရှိသေးဘဲ ဖယ်ရှားဖို့ မသင့်ဘူး”ဟု ကိုစိုးထွန်းက ပြောဆိုသည်။

NLD ကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်းမှ အမေရိကန် ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ၀င်ငွေ ရရှိနေသော်လည်း လူထု၏ ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့် အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံသည် လူသားရင်းမြစ် ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံး ဖြစ်နေပြီး အရှေ့တောင် အာရှတွင် ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့ကပင် ကျော်တက် သွားပြီ ဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုသည် စစ်အစိုးရ ကိုသာ အဓိက တိုက်ရိုက် ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှု မရှိကြောင်း ထုတ်ပြန် ထားသည်။

“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ထားတဲ့နိုင်ငံတွေ ကိုယ်တိုင်က Sanction ကို အမြဲ လုပ်ထားမှာ မဟုတ်ဘူး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာလာဖို့တွေ အတွက် တိုးတက်တဲ့ အခြေအနေ တစုံ တရာကို မမြင်တွေ့ရ သေးလို့သာ သူတို့က ဆက်ထားချင်တာ၊ ဒါဟာ မှန်တယ်”ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကလေးစစ်သား အသုံးပြုမှု အပါအ၀င် ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်အစိုးရက ကျူးလွန် နေခြင်းကြောင့် ၁၉၉၇ ခုနှစ်မှ စတင်ကာ အမေရိ ကန် နိုင်ငံ၊ ဥရောပ သမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

တိုင်းရင်းသားအဖွဲ့များနှင့် ပိုမိုပူးပေါင်းရန် ABSDF ဆုံးဖြတ်

လင်းသန့်
Tuesday, 22 February 2011

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပိုမို ကျယ်ပြန့်သည့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

မကြာသေးမီက စစ်ရေး မဟာမိတ်အဖြစ် ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသရှိ တိုင်းရင်းသား အဖွဲ့ ၁၅ ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဟု ထိုင်း-မြန်မာနယ်စပ် တနေရာရှိ ဗဟို ဌာနချုပ်တွင် ကျင်းပသော ABSDF ၏ ၉ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ယင်း တိုင်းရင်းသား စစ်ရေး မဟာမိတ်အဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက် အထိ လွတ် မြောက်နယ်မြေ တနေရာ၌ ကျင်းပသည့် ညီလာခံက ဖွဲ့စည်းခဲ့သည်။

ABSDF ဗဟို ဦးဆောင် ကော်မီတီဝင် ဆလိုင်းယောအောင် က“ကျောင်းသား တပ်မတော် အနေနဲ့ စစ်ရေး မဟာမိတ်များ အဖြစ် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့လည်း ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပြီး ပိုမို ကျယ်ပြန့်တဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့် လုပ်သွားဖို့ လဲရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ABSDF အနေနှင့် လက်ရှိ စစ်ရေးမဟာမိတ် အဖွဲ့များမှာ ကရင်မျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) စသည်တို့ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အင်အားစုအားလုံးနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက် မှုတွေက ပိုအားကောင်း လာတယ်လို့ ပြောလို့ရတယ်၊ ဒါကို ပိုအရှိန်မြှင့် ဆောင်ရွက် သွားကြမယ်”ဟု ဆလိုင်းယောအောင် က ဆက်လက် ပြောကြားသည်။ အသေးစိပ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။

ABSDF ကို မကြာသေးမီက အမေရိကန်နိုင်ငံက ယခင် အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ် ထားရာမှ ဖျက်သိမ်းကြောင်း ကြေညာ ချက်နှင့် ပတ်သက်ပြီး ညီလာခံ၌ ဆွေးနွေးမှုများ လုပ်ဆောင် ခဲ့သည်ဟုလည်း ဆလိုင်းယောအောင် က ပြောသည်။

“ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် ခုခံကာကွယ်နေရတဲ့ လက်နက်ကိုင် အဖွဲ့လည်း ဖြစ်တယ်။ သက်ဆိုင်ရာ အမေရိကန် တာဝန် ရှိသူတွေကို ဒါတွေနဲ့ ပတ်သက်ပြီး ချဉ်းကပ် ဆောင်ရွက် နေတာတွေလည်း ရှိတယ်။ လက်ရှိ အချိန်မှာ ထိုင်း အစိုးရရဲ့ ဖိအားပေးမှုတွေ က ကျနော်တို့ အပေါ် တိုက်ရိုက်တော့ မရှိသေးဘူး၊ ဒါပေမယ့် ရှေ့မှာ ပိုလာစရာ ရှိတာတွေကိုလည်း ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်”ဟု ၄င်က ဆက်လက် ပြောကြားသည်။

ABSDF ညီလာခံ ကျင်းပနေသည့် တချိန်တည်းတွင် ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင်ဝန်က တာ့ခ် ခရိုင်အတွင်း ခိုလှုံနေသည့် မြန်မာ အတိုက်အခံများနှင့် တိုင်းရင်းသား လူမျိုးစု အတိုက်အခံများ အနေနှင့် မြန်မာ စစ်အစိုးရ စစ်တပ်ကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ခြင်းများကို ထိုင်း အစိုးရက တင်းကျပ်စွာ ကိုင်တွယ် သွားမည်ဟု ပြောဆိုထားသည်။

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံမှ ပေါ်ပေါက်ခဲ့သည့် ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင် ခဲ့ပြီး နယ်စပ် ဒေသများတွင် အခြေစိုက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ပြည်တွင်းငြိမ်းချမ်း ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး တို့အတွက် ရပ်တည် လှုပ်ရှားခဲ့သည်။

ABSDF စတင်တည်ထောင်စဉ်က အဖွဲ့ဝင် သောင်းဂဏန်း ရှိခဲ့သော်လည်း၂၂ နှစ် ကျော်ကြာပြီး ယခု အချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် အဖွဲ့ဝင် များစွာလျော့နည်း သွားကြောင်း နီးစပ်သူများ က ဆိုသည်။

ယမန်နေ့က ပြီးဆုံးသွားပြီး ၅ ရက်ကြာကျင်းပသည့် ABSDF ညီလာခံ၌ လက်ရှိ ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများ အပါအ၀င် ရပ်တည်ရေး အခက်အခဲ များနှင့် ပါတ်သက် ၍ အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း၊ ဗဟို ကော်မီတီဝင် များကို ပြန်လည် ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ကိုသံခဲ ကို ဆက်လက် တာဝန် ပေးခဲ့ကြောင်း၊ ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစိုးရ ဆန့်ကျင်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD)ကို ပြည်တွင်း ပြည်ပရှိ အင်အားစုများက အပြည့်အ၀ ၀န်းရံရေး အပါအ၀င် ဆက်လက် လုပ်ဆောင်မည့် နိုငံရေး၊ စစ်ရေး လုပ်ငန်းစဉ်များကို သဘောတူ ဆုံးဖြတ်ကြကြောင်း သိရသည်။


Ref: ဧရာဝတီ်

Read More...

နအဖတပ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ မိုင်းထားမြို့နယ်ခွဲသစ် ဖွင့်ပွဲ အစီအစဉ် ဖျက်သိမ်း

Tuesday, 22 February 2011

အမည်မသိလက်နက်ကိုင် လူတစုက လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်သောကြောင့် ယနေ့ ဖွင့်လှစ်ရန် စီစဉ်ထားသော မိုင်းထားမြို့နယ်ခွဲ ဖွင့်ပွဲ ဖျက်သိမ်း လိုက်ရကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

၁၈ ရက်ည ၉ နာရီနှင့် ၁၀ နာရီအကြား မိုင်းထား အခြေစိုက် နအဖတပ် စခန်းအား မနီးမဝေး တောင်မြင့် ပေါ်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း ခံရသဖြင့် မြို့နယ်ခွဲဖွင့်ပွဲ အခမ်းအနား ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ ဗမာစစ်တပ်ဘက် သေကြေဒဏ်ရာရ များတယ် ကြားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” – ဟု နားကောင်းမူး ဒေသခံတဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအား ဝ တပ်ဖွဲ့က ၎င်းတို့ လက်နက် မဟုတ်ကြောင်း ပြော၏။ သျှမ်းပြည် တပ်မတော် ခေါင်းဆောင် စဝ်ယွက်စစ် ကလည်း ၎င်းတို့ သွားလာ ဖြတ်သန်းရေး အတွက် မိုင်းထားမြို့နယ်ခွဲ နအဖ တပ်က အဟန့်အတား မဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သို့ပြောပါသည်။

မြို့နယ်ခွဲအဆင့် စတင်သတ်မှတ်စဉ်က မိုင်းထားမြို့နယ်ခွဲသို့ လာရောက် အခြေချ နေထိုင်မည့် မည်သူ့ကို မဆို အိမ်ထောင်စု စာရင်း မှတ်ပုံတင် ထုတ်ပေးမည် ဖြစ်ပြီး ၆ နှစ် ကာလအတွင်း အထူး အခွင့်အရေး နှင့် လုပ်ပိုင်ခွင့်များ ပေးမည်ဟု နအဖ အာဏာပိုင်တို့ ပြောဆိုခဲ့သည်။

“အထူးအခွင့်ဆိုတော့ ဘိန်းစိုက်ပျိုး ရောင်းဝယ်ခွင့်လဲ ရှိတယ်လို့ အများစုက နားလည်တယ်။ မိုင်းတုံ မြို့နယ် လက်အောက်မှာ မိုင်းထား အပြင် မိုင်းဟန်နဲ့ မိုင်းတော့လဲ မြို့နယ်ခွဲ ထပ်လုပ်သွားဖို့ ရှိတယ်လို့တောင် ကြားတယ်။ အဲ့ချိန်ကျရင် မြို့နယ်ခွဲ ရုံးတွေကို ပုံပါကျင်ကနေ မိုင်းဟန်ကို ပြောင်းသွားမယ် ဆိုဘဲ” - ဟု ပုံပါကျင် ဒေသခံတဦး ကလည်း ပြောသည်။

ဖွင့်ပွဲ မလုပ်ဖြစ်သော မိုင်းထားမြို့နယ်ခွဲသစ်ရှိ SURA/MTA မူလ ဘုန်းကြီးကျောင်း ဟောင်း၌ ဗမာပြည်မှ ဘုန်းတော်ကြီး ၃ ပါးအား နအဖ တပ်မှ ပင့်ဖိတ် သီတင်းသုံးစေကြောင်း၊ သို့သော် မကြာခဏ ဆွမ်းဆေး ပြတ်လေ့ရှိသဖြင့် နားကောင်းမူး ပုံပါကျင်သို့ သွားရောက် အလှူခံရကြောင်း ဒေသခံများ ပြောပြချက် အရ သိရပါသည်။

ယနေ့ ၂၂ ရက်၌ မိုင်းထားမြို့နယ်ခွဲ ဖွင့်ပွဲ တက်ရောက်ရန် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သန်းထွဋ်ဦး အဆိုပါ လက်နက်ကြီး ပစ်ခတ်မှု သတင်းကြောင့် မိုင်းတုံအထိ မရောက်တော့ဘဲ မိုင်းဆတ်၌ပင် သောင်တင်နေကြောင်း အတည် မပြုနိုင်သည့် သတင်းအရ သိရသည်။


Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, February 22, 2011

လူကြီးသူမများရဲ့ဆုံးမစကား

လူထုစိန်ဝင်း

အခုတလော စာရေးဖို့ စားပွဲမှာ သွားထိုင်တိုင်း ဒေါ်ဒေါ့် (လူထုအမေမာ) ကို ပြေးပြီး သတိရ နေမိတယ်။ ဒေါ်ဒေါ့် အသံကိုလည်း နားထဲမှာ ကြားယောင်နေတယ်။ ဒေါ်ဒေါ်က အသက် ကြီးလာလေလေ သံယောဇဉ် ကြီးလေဖြစ်ပြီး သူ့ဆီကို နေ့စဉ်လိုလို ဖုန်းဆက်စေချင်တယ်။


ဆရာတွေကိုသာလွမ်း
ဖုန်းပြောရင်မောမှာစိုးလို့ တစ်ခါတလေ အမေ့ ကောင်းပြီး မဆက်ဘဲ နေလိုက်ရင် သူက ကောက်ဆက် တော့တာ။ ဆက်တဲ့ အခါတိုင်းလည်း "စာရေးတဲ့အခါ သတိထားရေး၊ ကိုယ်က စေတနာနဲ့ ရေးပေမယ့် ဝေဒနာ ဖြစ်သွားတတ်တယ်။ ဘာအကြောင်း ရေးရေး သူတစ်ပါး နားခံသာအောင် ပျော့ပျော့ ပျောင်းပျောင်းနဲ့ ချိုချိုသာသာရေး"လို့ အမြဲ ဆုံးမလေ့ရှိတယ်။ အသက်ကြီးလာတော့ စိုးရိမ်စိတ်လည်း ပိုကြီးလာတယ်။ အခုတော့ အဲဒီ လိုဆုံးမမယ့်သူ မရှိတော့ဘူး။ ကိုယ်တိုင်က သက်ကြီးတန်း ဖြစ်နေပြီ။ ဒါပေမယ့် ဆုံးမတာ ခံချင်သေးတယ်။ ဦးကြီး(ရွှေဥဒေါင်း)၊ ဦးလေး(လူထုဦးလှ)နဲ့ ဒေါ်ဒေါ်တို့ကို လွမ်းလိုက် သတိ ရလိုက်တာ။

ကျားမြီးဆွဲရမှာထက်ကြောက်
ဦးကြီးရွှေဥဒေါင်းက စာရေးတဲ့အခါ အဆွဲအငင် အသတ်တွေ တိုနန့်နန့်နဲ့ မပီမသ ဖြစ်နေရင် အမြဲတမ်း ဆူလေ့ ငေါက်လေ့ ရှိတယ်။ သူ့စာလည်း လိုက်ရေးရသေး၊ နေ့တိုင်း အငေါက် အငမ်းလည်း ခံရသေး ဆိုတော့ ငယ်စဉ်က ဆိုရင် သူ့အနား သွားရမှာ ကျားမြီး ဆွဲရမှာ ထက်တောင် ကြောက်သေးတယ်။ အခုတော့လည်း အမြဲတမ်းလို သတိရ နေမိတယ်။ ဦးလေးလှ ကတော့ ဦးကြီးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်။ အောက်သား ဖြစ်ပေမယ့် အပြောအဆို၊ အနေအထိုင်၊ အစားအသောက်၊ အမူ အကျင့် အားလုံး မန္တလေးသားတွေ ထက်တောင် ယဉ်ကျေး သိမ်မွေ့တယ်။ သားသမီးတွေနဲ့ တပည့်သား မြေးတွေ ကိုတောင် ဆူတယ် ငေါက်တယ် မရှိဘူး။ "မင်းသားတွေ၊ မင်းတူတွေကို ကြည့်ပြောဦး" ဆိုတဲ့စကားဟာ ဦးလေး အလွန်ဆုံး ပြောတဲ့စကားပဲ။

ရင့်သီးကြမ်းတမ်းတဲ့စကားမသုံး
စာရေးတဲ့အခါမှာလည်း ဦးလေးက သိမ်မွေ့ ယဉ်ကျေးတာပဲ။ စကားလုံး ရင့်ရင့်သီးသီး ဘယ်တော့မှ မသုံးဘူး။ မင်္ဂလာ မရှိတဲ့ အသုံးအနှုန်း မျိုးလည်း ဘယ်တော့မှ သတင်းစာထဲမှာ မပါစေရဘူး။ 'မိုးခေါင်လို့ လယ်သမားတွေ ဒုက္ခ ရောက်နေကြတယ်'လို့ ကျွန်တော်တို့ အယ်ဒီတာတွေက ရေးလိုက်မိရင် ဦးလေးက ဒုက္ခ ဆိုတဲ့ စကား အစား အခက်အခဲနဲ့ ရင်ဆိုင် နေကြတယ်လို့ ပြင်ပေး လိုက်တယ်။ မုဒိမ်းကျင့် ဆိုတဲ့ စကားလည်း ဦးလေးက သိပ်စက်ဆုပ်တယ်။ လူထု သတင်းစာမှာ ဘယ်တော့မှ မသုံးစေရဘူး။ အဲဒီလို သတင်းမျိုးလည်း ဘယ်တော့မှ မထည့်ဘူး။ ဆက်စပ် အကြောင်းရှိလို့ မတတ်သာဘဲ ထည့်ရတဲ့ အခါမျိုး(ဥပမာ ပြူစောထီးဗိုလ်က ရွာသူ တစ်ဦးကို ခင်ပွန်း မရှိခိုက် အနိုင်ကျင့်တဲ့ သတင်းမျိုး) မှာတောင် ကြမ်းတမ်းတဲ့ စကားလုံးကို မသုံးဘဲ မတော်မလျော် ပြုသည်၊ အနိုင်အထက် ပြုသည် ဆိုတဲ့ စကားမျိုးနဲ့ ရေးစေတယ်။

တည့်တည့်ကြီးမှန်အောင်
ဆရာကောင်း သမားကောင်းများရဲ့ အဆုံး အမ အောက်မှာ ကြီးပြင်း ခဲ့ရတာ ဖြစ်ပေမယ့် အခုထိ မလိမ္မာသေးတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဒေါသ ဖြစ်ရတဲ့ အခါတွေလည်း မနည်းလှပါဘူး။ စာရေးတဲ့အခါ ဒေါ်ဒေါ် ဆုံးမသလို သူတစ်ပါး နားခံသာအောင် ချိုချိုသာသာ ရေးမယ့်အစား ပိဿာလေးနဲ့ နံဘေးပစ်သလို တည့်တည့်ကြီး မှန်အောင် ပစ်ထည့်လေ့ ရှိတော့ အနာပေါ် တုတ်ကျ ခံရသူတွေ မခံမရပ်နိုင် ဖြစ်သွား တတ်ကြတယ်။ NGO ဆိုင်းဘုတ်ထောင် လုပ်စား နေကြသူတွေ အကြောင်း ထုတ်ဖော် ရေးတော့ ပြည်တွင်း ပြည်ပက အဲဒီလို လုပ်စားနေကြသူတွေ တီကို ဆားနဲ့ တွန့်သလို ထွန့်ထွန့်လူး ဖြစ်ကုန်ကြတယ်။ အတင်းအဖျင်း မီဒီယာ လုပ်သူတွေ၊ ကြော်ငြာ ဆောင်းပါးရေး စီးပွားရှာသူတွေ၊ ဖွင့်ပွဲ မှန်သမျှ လည်တက်ပြီး လက်ဆောင် ယူသူတွေ၊ ကံစမ်းမဲ နှိုက်ပေးတာနဲ့ အခမ်းအနား မိန့်ခွန်း ခြွေပေးတာကိုပဲ တကယ့် စာနယ်ဇင်း အလုပ်ကြီး ထင်နေသူတွေ အကြောင်းတွေ ရေးတော့ အဲဒီလို လုပ်စား နေသူတွေက မလိုတမာနဲ့ အောက်ကလိအာ စကားတွေ၊ မကြားတကြား ပြန်ပြောကြတယ်။

နေ့မြင်ညပျောက်
"ကိုယ်ရေးနေလို့လည်း ဘာမှ ပြောင်းလဲတာ မဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီး အေးအေးသာ နေပါတော့။ စာတွေ ရေးမယ့်အစား ဖတ်ချင်တာတွေသာ ဖတ်နေစမ်းပါ" ဇနီးသည် ရှိစဉ်က မကြာခဏ အဲဒီလို ပြောလေ့ရှိတယ်။ သူကလည်း ကိုယ့် ကျန်းမာရေးကြောင့် စိုးရိမ်တာကိုး။ ဒါပေမယ့် သေမလိုဖြစ်လို့ ဆေးရုံ တက်ရတဲ့ ကိုယ်က ကျန်ရစ်ပြီး အကြာကြီး နေရလိမ့်ဦးမယ် ထင်ထားတဲ့ သူက ကွယ်လွန် သွားရှာတယ်။ လူ့ဘ၀ဆိုတာ ဘာမှ သေချာ ရေရာတာ မဟုတ်ဘူး။ အသက် အိုးအိမ် စည်းစိမ် ချမ်းသာတွေ၊ ရာထူး အာဏာတွေ၊ ဂုဏ်သတင်း ကျော်စောခြင်းတွေ၊ ချီးမွမ်းကဲ့ရဲ့ ဆိုတာတွေ အားလုံး 'ရေပွက်ပမာ တစ်သက်လျာတည်း' ဆိုသလို နေ့မြင် ညပျောက်တွေချည်း မဟုတ်ပါလား။

ဘာလုပ်ရမှာလဲ
အလိမ္မာဖက်ပြီး လောကီသားတိုင်း လိုချင် မက်မောတဲ့ အရာတွေ စုဆောင်းနေလို့ ဒီ အသက်အရွယ် ကျမှ ဘာလုပ် ရတော့မှာလဲ။ ပြင်သစ်က နာမည်ကျော် စားဖိုမှူးကြီး ကိုယ်တိုင် လာချက်ကျွေးလည်း ပန်းကန် တစ်ဝက်ထက် ပိုပြီး မစားနိုင်တော့ ပါဘူး။ ပုပ်ရဟန်းမင်းကြီးက မာသာထရီဇာကို လက်ဆောင်ပေးတဲ့ ရိုးလ်ရွိုက်စ် ကားကြီးမျိုး လက်ဆောင် လာပေးလည်း အိမ်ပေါ်က အိမ်အောက်တောင် မဆင်းနိုင်တော့တာ ဘာလုပ်ရမှာလဲ။ ဒီခေတ် မြို့သား လူလည်တွေလို ဆိုင်းဘုတ်ထောင်ပြီး ဒေါ်လာ ရှာတာများ ဘာခက်လို့လဲ။ ဒါပေမယ့် ဒီအသက်အရွယ် ရောက်မှ လူတကာကို မျက်နှာချိုသွေးပြီး ခြေထောက် လိုက်ဖက် နေရတာ ဘာလုပ်ဖို့လဲ။ သေရာ ပါသွားတာမှ မဟုတ်တာပဲ။ ကျန်ရစ်တဲ့ ကိုယ့်သားသမီး တွေလည်း ကိုယ့်ကြောင့် လက်ညှိုး ထိုးခံရပြီး လူတော မတိုးတဲ့ ဘ၀ မရောက်စေချင် ပါဘူး။

ဒေါသမချုပ်နိုင်သေး
လူကြီးသူမများ အဆုံးအမကြောင့် လူကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မမြဲနိုင်ပေမယ့် အတော် အသင့်တော့ ဆင်ခြင် နိုင်တယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ထောင်းကနဲ ထောင်းကနဲ ထွက်လာတတ်တဲ့ ဒေါသကိုတော့ ခုထိ မချုပ်ထိန်းနိုင် သေးဘူး။ အထူးသဖြင့် ကြောင်ဖြူတာ မည်းတာက အရေးမကြီးဘူး ကြွက်မိဖို့သာ လိုရင်းပဲ ဆိုတဲ့ ဘယ်သူသေသေ ငတေမာ ပြီးရော လူစားမျိုးတွေနဲ့ အိုဘားမားလို ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင်မူ ဘာတစ်ခုမှ မရှိဘဲ ပေါ်ပြူလာ ဖြစ်ရင်ပြီးရော ဆိုပြီး လူတိုင်းကို မျက်နှာချို လိုက်သွေးနေတဲ့ လူစားမျိုးတွေရဲ့ လုပ်ရပ်တွေကို မြင်တိုင်း ဒေါသက ခေါင်းပြူပြူ လာလေ့ ရှိတယ်။ အာဖဂန် နစ္စတန်က မူလတန်း ကျောင်းကလေးပေါ် ဗုံးကြဲချလို့ ကလေးတွေ အတုံးအရုံး သေကြရတဲ့ သတင်းတွေ ဖတ်ရတဲ့ အခါမျိုးမှာလည်း ဒေါသက ထောင်းကနဲ ထွက်လာတယ်။ ကမ္ဘာကြီး တစ်ခုလုံးကို ကယ်တင်နေတဲ့ ကယ်တင်ရှင်ကြီးများ သဖွယ် အရှက်မရှိ မျက်နှာပြောင် တိုက်ပြီး လိမ်ညာ နေတာတွေ ကြားရတဲ့ အခါမှာလည်း နားကလောပြီး ဒေါသက ၀ုန်းကနဲ ထလာ တတ်တယ်။

ကျွဲပါးစောင်းတီး
ဒါပေမယ့် ထွက်လာတဲ့ ဒေါသကို ချွန်းအုပ်ပြီး လူယဉ်ကျေးစကား ပြောပါ ရေးပါတယ်။ ခက်တာက ကောင်းဘွိုင် တွေက လူကြီး လူကောင်းစကား နားမလည်တာပဲ။ ဘယ်လောက်ပြောပြော ဘယ်လောက်ရေးရေး 'ကျွဲပါးစောင်းတီး'ဆိုသလို ပြောရင်းသာ ပျံတော်မူရမယ့်ကိန်း ဆိုက်နေတော့တယ်။

လိမ္မာချင်ပေမယ့်
ရေးလိုက်ရပေမယ့် စိတ်ချမ်းသာတာတော့ မဟုတ်ဘူး။ လူကြီးတွေရဲ့ ဆုံးမ စကားက နားထဲမှာ ပဲ့တင် ထပ်နေတာကြောင့် စိတ်မလုံမလဲ ဖြစ်ရတယ်။ လူလိမ္မာ မဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရ ဖြစ်မိတယ်။ အသက် ၇၀ တန်း ရောက်ပြီ ဆိုတော့ လိမ်လိမ်မာမာနဲ့ အေးအေးချမ်းချမ်း နေချင်ပါပြီ။

Ref: EMG News

Read More...

လစ်ဗျား လေတပ် အာဏာရှင်အမိန့်ကို ငြင်းဆန်

VALLETTA (ရိုက်တာ)။

တနလာင်္နေ့မှာ လစ်ဗျား လေတပ်မတော်က လေတပ် ပိုင်းလော့ အရာရှိ နှစ်ဦးဟာ ဂျက် တိုက်လေယာဉ် နှစ်စင်းကို မော်လ်တာ နိုင်ငံသို့ မောင်းနှင်ပြီး၊ တပ်မတော်ကို စွန့်ခွာ လာခဲ့ကြပါတယ်။ ဆန္ဒပြ သူများကို ဗုံးကြဲ တိုက်ခိုက်ဖို့ အမိန့်ပေး ခံရတဲ့အတွက် အခုလို စွန့်ခွာ လာခဲ့တာ ဖြစ်ကြောင်း မော်လ်တာ အာဏာပိုင်များကို သူတို့နှစ်ဦးက ပြောကြား ခဲ့တယ်လို့ အစိုးရ တာဝန် ရှိသူများက ပြောကြပါတယ်။

ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ လေတပ်ပိုင်းလော့ နှစ်ဦးဟာ လစ်ဗျားမြို့တော် Tripoli မှာ အခြေစိုက်တဲ့ လေတပ် စခန်းကနေ ထွက်ခွာ လာခဲ့ကြတာပါ။ အရာရှိ တဦးကတော့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ထားပါတယ်။

ပိုင်းလော့ အရာရှိနှစ်ဦးကို မော်လ်တာနိုင်ငံ ရဲအဖွဲ့က စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ် နေပါတယ်။ လစ်ဗျား နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့တော် Benghazi မှာ ရှိတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ နေသူများကို ဗုံးကြဲ တိုက်ခိုက်ဖို့ အမိန့် ပေးခံရပြီး နောက်ပိုင်းမှာ မော်လ်တာ နိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့ကြတယ်လို့ သူတို့ နှစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ မော်လ်တာ နိုင်ငံကို လစ်ဗျား နိုင်ငံကနေ ပြင်သစ် မှတ်ပုံတင် ရဟတ်ယာဉ် နှစ်စီးနဲ့ ဆင်းသက် ရောက်ရှိလာကြတဲ့ ခရီးသည် ခုနစ်ဦးကိုလဲ ရဲအဖွဲ့က စုံစမ်း မေးမြန်းမှုတွေ ပြုလုပ် နေပါတယ်။

ဒီရဟတ်ယာဉ်တွေဟာ လစ်ဗျား လေကြောင်း အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မပါပဲ လစ်ဗျား နိုင်ငံကနေ ထွက်ခွာ လာခဲ့တာ ဖြစ်ပြီး၊ ပြင်သစ် နိုင်ငံသားလို့ ဆိုကြတဲ့ ခရီးသည် ခုနစ်ဦးအနက် ခရီးသည် တဦးတည်းမှာပဲ နိုင်ငံကူး လက်မှတ် ပါရှိလာပါတယ်။

ပြင်သစ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ကတော့ သတင်း အချက်အလက် တွေကို လေ့လာ စစ်ဆေးနေဆဲ ဖြစ်တဲ့ အတွက် ချက်ချင်း အတည် မပြုပေးနိုင်သေးကြောင်း ပြောကြား ခဲ့ပါတယ်။

တနလာင်္နေ့မှာ မြို့တော် Tripoli ကို ပထမဆုံး ပျံ့နှံ့ ရောက်ရှိ လာခဲ့တဲ့ လူထု တိုက်ပွဲတွေဟာ အခုဆိုရင် လစ်ဗျား နိုင်ငံကို နှစ်လေးဆယ်ကြာ အုပ်ချုပ်ခဲ့တဲ့ လစ်ဗျားခေါင်းဆောင် Muammar Gaddafi ကို ခြောက်လှန့်နေပြီ ဖြစ်ပါတယ်။

Ref: WFWW

Read More...

ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ ချီးမြှင့်

မခင်ဖြူထွေး
တနင်္လာ, 21 ဖေဖော်ဝါရီ 2011

ကနေဒါနိုင်ငံ အော်တ၀ါမြို့မှာရှိတဲ့ ကာလီတန် (Carleton) တက္ကသိုလ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် တခု အတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲ ၀င်နေတဲ့သူ၊ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ အတွက် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့် ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O’Reilly Runte က ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ကနေဒါ စံတော်ချိန် နေ့လယ် ၁၂ နာရီမှာ ကာလီတန် တက္ကသိုလ်ရဲ့ Kailash Mital ခန်းမမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ တက္ကသိုလ် တခုလုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte က အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ယုံကြည်ချက်အတွက်၊ လွတ်လပ်ခွင့် အတွက် တိုက်ပွဲ ၀င်နေတဲ့သူပါ။ စိတ်ထဲ ပေါ်လာမှ သတ္တိမွေးပြီး လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ အရာရာကို သေချာစဉ်းစား သုံးသပ်ပြီးမှ စိတ်ရှည် သည်းခံမှု အပြည့်နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင် မာမာချပြီး လုပ်သင့်တာကို လုပ်နေသူပါ။ သူ့ရဲ့ ယုံကြည်ချက် ကြောင့်ပဲ မိသားစု၊ မိတ်ဆွေ သင်္ဂဟတွေနဲ့ နေရတဲ့ အချိန် မရှိဘဲ နှစ်ပေါင်းများစွာ တယောက်တည်း အကျယ်ချုပ် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အရာရာကို ပေးဆပ် ထားသူပါ။

“ဒါကြောင့် ကျမတို့ ရှင်သန်နေတဲ့ ဒီရာစုနှစ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှ မတူ ထူးခြားလှတဲ့ ပုဂ္ဂိုလ် တယောက်ပါ။ ဆုံးဖြတ်ချက် ခိုင်မာပြီး ရဲစွမ်း သတ္တိရှိတဲ့ အမျိုးသမီး တဦးပါ။ အကြမ်း မဖက်တဲ့ နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာ ရှိရှိ တိုက်ပွဲ ၀င်နေသူ ဖြစ်ပါတယ်။ ကျမတို့ အားလုံးအတွက် သတ္တိ ခွန်အားတွေနဲ့ ငြိမ်းချမ်းခြင်းရဲ့ အလှ တရားတွေကို ဦးဆောင် လမ်းပြနေသူလို့ ဆိုရမှာပါ။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် လုပ်ရပ် တွေကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာ ဖြစ်သလို ဒီလို ချီးမြှင့် ဂုဏ်ပြုခွင့် ရတဲ့ အတွက်လည်း ၀မ်းသာ ဂုဏ်ယူ ရတယ်လို့ ကာလီတန် တက္ကသိုလ် အဓိပတိက ပြောခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ တက္ကသိုလ် ၀န်ထမ်းတွေ အားလုံး အတွက် အားကျ ဂုဏ်ယူစရာ ပုဂ္ဂိုလ်တဦးပါ။ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ ငြိမ်းချမ်းတဲ့ စိတ်ခွန်အား တွေနဲ့အတူ ဆက်လက်ပြီး အောင်အောင်မြင်မြင် တိုက်ပွဲ ၀င်သွားနိုင်ဖို့လည်း ကျမ မျှော်လင့်ပါတယ်။”

ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte ပြောသွားခဲ့တာပါ။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိတဲ့ အတွက် သူမကိုယ်စား နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ နှစ်မြှုပ် လုပ်ကိုင်နေတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင် တွေ့ဆုံ စကား ပြောခဲ့ဖူးတဲ့ ကွန်ဆာဗေးတစ် ပါတီက လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်တဲ့ ဖလော်ရာ မက်ဒေါ်နယ် (Flora Mac Donald) က ဂုဏ်ပြု မိန့်ခွန်းနဲ့အတူ ဆုကို လက်ခံပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ ကနေဒါနိုင်ငံ တိုရွန်တို (Toronto) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၁၉၉၅ ခုနှစ်မှာ ကွင်းစ် (Queens) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ၁၉၉၅ ခုနှစ်မှာပဲ ဆိုင်မွန် ဖရာစာ (Simon Fraser) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂန္ဒီဆုတွေ အပါအ၀င် ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ များစွာကို ရရှိထားသူပါ။ ၂၀၀၇ ခုနှစ်ကတော့ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား ဆုကို ချီးမြှင့် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအ၀င် လွတ်လပ်စွာ တွေးခေါ်မှု ဆိုင်ရာ Sakharov ဆု၊ Rafto လူ့အခွင့်အရေးဆု၊ အမေရိကန် ပြည်ထောင်စုမှာ အရပ်သူ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ လွတ်မြောက်ရေးဆု၊ Jawaharlal Nehru ဆု စတဲ့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။


Ref: VOA News

Read More...

လစ်ဗျား ဆန္ဒပြပွဲအတွင်း အစိုးရ အဆောက်အဦးတချို့ မီးရှို့ခံရ

တနင်္လာ, 21 ဖေဖော်ဝါရီ 2011

လစ်ဗျားနိုင်ငံမှာ သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ တိုးမြင့် လာနေတာနဲ့ အတူ လုံခြုံရေးတွေ၊ အစိုးရ လိုလား သူတွေနဲ့ ဆန္ဒပြသူတွေ ကြားမှာ အဓိကရုဏ်း ဖြစ်ပွားပြီး အစိုးရ အဆောက်အဦး တချို့လည်း မီးလောင် ကျွမ်းခဲ့တယ်လို့ ထရီပိုလီ မြို့တော်က မျက်မြင်တွေက ပြောပြပါတယ်။

တနင်္လာနေ့မှာတော့ နိုင်ငံရဲ့ ပါလီမန် အဆောက်အဦးနဲ့ အဆင့်တူတဲ့ ပြည်သူ့ခန်းမ အပါအ၀င် အစိုးရ အဆောက်အဦး တော်တော်များများ မီးလောင် ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့က သမ္မတ ကဒါဖီကို သစ္စာခံသူတွေ နေရာယူထားတဲ့ အချက်အချာ ကျတဲ့ မြို့လယ်ကို ဆန္ဒပြ သူတွေက ဝင်ရောက် သိမ်းပိုက်ဖို့ ကြိုးစားစဉ်မှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြမှု အတွင်း မြို့တော်ထဲမှာ ပထမဆုံး သေနတ် ပစ်သံတွေ ကြားရတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲတဲ့ အနေနဲ့ ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီမြို့မှာတော့ ဆန္ဒပြသူတွေက မြို့ကို သူတို့ ထိန်းချုပ် ထားနိုင်ပြီလို့ ဆိုပြီး ဒီနေ့မှာ အောင်ပွဲ ခံနေကြပါတယ်။

သမ္မတ ကဒါဖီရဲ့သား ဆာအိဖ် အယ်လ်-အစ်စ်လာမ် ကဒါဖီ (Saif al-Islam Gadhafi) ကလည်း တနင်္ဂနွေနေ့က ရုပ်မြင် သံကြားပေါ်ကနေ သူ့ဖခင်ဟာ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ် နေဆဲပဲလို့ ပြောကြား ခဲ့ပါတယ်။

တနင်္လာနေ့ကစပြီး နိုင်ငံအရှေ့ပိုင်းမှာ စခဲ့တဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေဟာ ပြည်ပရောက် လစ်ဗျားတွေ၊ အစ္စလာမ် ဝါဒီတွေ၊ နိုင်ငံခြား သတင်း မီဒီယာတွေ၊ မူးယစ်ဆေး စွဲနေသူနဲ့ ဒုစရိုက် သမားတွေကြောင့် လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လစ်ဗျား လုံခြုံရေးတွေဘက်ကလည်း ဒီလို အခြေအနေမျိုး ကိုင်တွယ် ဖြေရှင်းဖို့ ကျကျနန လေ့ကျင့် ထားတာမျိုး မရှိတဲ့ အတွက် ဆန္ဒပြ သမားတွေ အပေါ် နှိမ်နင်းတဲ့ နေရာမှာ အမှားတချို့ လုပ်ခဲ့တယ်လို့ သူက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်ပြော ခဲ့ပါတယ်။

အခုလို သမ္မတ ကဒါဖီကို ဆန့်ကျင် ဆန္ဒပြမှုတွေဟာ မြို့တော် ထရီပိုလီ အထိ ပျံ့နှံ့ ရောက်ရှိနေတဲ့ အတွက် လစ်ဗျားမှာ ရှိနေတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသားတွေကို ကယ်ထုတ် နိုင်ရေးအတွက် ဘရပ်ဆဲလ်မှာ ဆွေးနွေး နေကြပါတယ်။


Ref: VOA News

Read More...

ကိုယ်ရေးအကျဉ်း မပြည့်စုံသဖြင့် ကန့်ကွက်ရန် ခက်ခဲ

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေး အကျဉ်း မပြည့်စုံ သဖြင့် ကန့်ကွက်ရန် ခက်ခဲကြောင်း အမတ်များက ပြောသည်။

ကန့်ကွက်ရန် လေ့လာချိန်နှင့် တိုင်ပင်ချိန်များလည်း တိုတောင်း ကြောင်းနှင့် တင်သွင်း ခံရသူများ၏ အရည် အချင်းကို သတ်မှတ် ထားရာတွင်လည်း ကန့်ကွက်ရန် အဟန့်အတားများ ဖြစ်နေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီနေ့ ဦးလွန်းမောင်ကလည်း အချက် ၁ဝ ချက်ပဲ ပါတယ်။ ၁- အမည်၊ ၂- မွေးသက္ကရာဇ်၊ ၃- ပညာ အရည်အချင်း၊ ၄-လူမျိုး ဘာသာ၊ ၅- မွေးဖွားရာ ဇာတိ၊ ၆- အဖ၊ ၇- အမိ၊ ၈- ဇနီး၊ ၉- ဇနီးအဖ အမည်၊ ၁ဝ- ဇနီးအမိ အမည်၊ သားသမီးတောင် မပါဘူး။ ဘာကိုကြည့်ပြီး ကန့်ကွက်ရမှာလဲ” ဟု နေပြည်တော်မှ အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက က ကန့်ကွက်လိုသူ၏ အမည် စာရင်းကို “ညနေ” အထိ သွားပေး၍ ရသည်ဟုသာ ဆိုပြီး အချိန် အတိအကျ မပြောထား သဖြင့် ရုံးအချိန်အတွင်း ဟုသာ အမတ်များက နားလည် ထားသည်ဟု အမတ်တဦးက ဆိုသည်။

“ညနေ ၄ နာရီလောက်အထိပဲ ဆိုတော့ အချိန် မလောက်ဘူး ဖြစ်နေတယ်။ သူတို့ပေးတဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်း ဆိုတာ ကလည်း အပြည့်အစုံ မဟုတ်ဘူး။ ဘယ်လို လေ့လာမလဲ။ အကုန်လုံးကို ထောက်ခံ ပေးရမှာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

အခြားအမတ်တဦးကမူ “ကိုယ်ရေး အကျဉ်းထဲမှာ ဘာမှ မရှိတာဘဲကိုး။ အချက်အလက် ကိုယ့်ဆီမှာ တော်တော်လေးကို ပြည့်စုံမှ ဖြစ်မှာပေါ့။ မပြည့်စုံ ဘဲနဲ့တော့ ဘယ်သူမှလည်း ရမ်းမတင်ရဲ ဘူးလေ” ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တနင်္လာနေ့အထိ ရန်ကုန်တိုင်းမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ မြဥာဏစိုး တဦးသာ ယခုလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနနှင့် ဝန်ကြီး အရေအတွက်ကို ကန့်ကွက်ခဲ့ပြီး တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန အသစ်တခု ဖွဲ့စည်းရန် အဆိုပြုခဲ့ဖူးသည်။ သို့သော် မအောင်မြင်ဘဲ ပြန်လည် ရုပ်သိမ်း ခဲ့ရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးပူးဟုန်ငိုင်းက ဝန်ကြီးအဖြစ် တင်သွင်းသည့် သတ်မှတ် အသက် မပြည့်သည့် ဦးပူးကွီးထန်းကို ချင်း တိုးတက်ရေး ပါတီ CNP နှင့် ချင်း အမျိုးသား ပါတီ CNP မှ ကိုယ်စားလှယ်များက လက်မှတ်ထိုး ကန့်ကွက် ခဲ့မှုမှာမူ အောင်မြင်ခဲ့သည်။

အချိန်မလုံလောက်မှုနှင့် ပတ်သက်၍ နေပြည်တော်ရောက် အခြား အမတ်တဦး ကလည်း “လွှတ်တော် ပြီးတာနဲ့ ကိုယ်ရေး အကျဉ်းကို ချက်ချင်း သွားထုတ်ရင် သူတို့ မပြီးသေးဘူး စောင့်နေရတယ်။ ထမင်းစားပြီး လောက်မှ သွားရင် ရမယ်ပေါ့။ ထမင်းစားပြီးတော့ ကိုယ် ကန့်ကွက်မယ့် လူရဲ့ ကိုယ်ရေး အကျဉ်းကို သွားတောင်းရတယ်” ဟု မဇ္ဈိမကို ပြောသည်။

“ထုတ်ပြီးရင် လမ်းကြောင်းကားတွေနဲ့ အတူတူ ပြန်ခဲ့ရတယ်။ လူမစုံရင် စောင့်ရတယ်။ တည်းခိုဆောင် ရောက်ပြီဆိုရင် တိုင်ပင် ကြတယ်။ အဲဒီတော့ ၃ နာရီ ကျော်ပြီ။ ဟိုအစီရင်ခံ၊ ဒီအစီရင်ခံနဲ့၊ တိုင်းရင်းသားတွေ ဆီလည်း တဖွဲ့ချင်း သွားတိုင်ပင် ရတယ်” ဟု သူက ဆက်ပြောသည်။

ဇန်နဝါရီလကုန်မှစ၍ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တိုင်း/ပြည်နယ် လွှတ်တော် အစည်းအဝေး များကို နားလိုက် ပြန်စလိုက်ဖြင့် ခေါ်ယူ လာခဲ့ပြီး ၂၂ ရက် ကြာမြင့်ပြီ ဖြစ်သော်လည်း တနေ့လျှင် အများဆုံး ၁၅ မိနစ်သာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် သမ္မတနှင့် ဒုသမ္မတများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ကို အတည်ပြုပြီး သော်လည်း ပြန်ထောင်စု ဝန်ကြီးများ အတွက်မူ အမည်များသာ သိရသေးပြီး ဝန်ကြီးဌာန လက်ကိုင်များကို မသတ်မှတ် နိုင်သေးပေ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော် ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကို ဖွဲ့စည်းရန် ကျန်နေ သေးသည်။

လွှတ်တော်ချုပ် တရားသူကြီးများ၊ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ဒုဝန်ကြီးများ၊ ဒုရှေ့နေချုပ်၊ ဒုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ၊ သမ္မတ၏ အကြံပေး အဖွဲ့နှင့် ပြောဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့တို့လည်း လိုသေးသည်။

တိုင်း/ ပြည်နယ် လွှတ်တော်များတွင်လည်း ခန့်အပ်တာဝန်ပေးနေသည့် လုပ်ငန်းများ မပြီးပြတ်သေး သဖြင့် အစိုးရ အသစ် တရပ် ကျမ်းကျိန်ရန်ပင် မဆိုနှင့် ရုပ်လုံးပင် မပေါ်သေးကြောင်း လေ့လာသူများနှင့် အမတ်များက ဝေဖန်ကြသည်။

လွှတ်တော်အမတ်တဦးကမူ “မြန်မာပြည်က ဘတ်ဂျက်နှစ်က မတ်မှာ ပိတ်တယ်။ ဧပြီမှာ အသစ်စတဲ့ ပုံစံမျိုး လုပ်ကြ တာကိုး။ မတ်လကုန် ဒါမှမဟုတ် ဧပြီမှာ သူတို့ အပြန်အလှန် လွှဲကြလိမ့်မယ်လို့ မျှော်မှန်းထားကြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

တနင်္လာနေ့တွင် ကျင်းပသည့် ဒဿမနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက် နိုင်သူ ၆၅၈ ဦးအနက် ၆၅၄ ဦး တက်ရောက်ခဲ့ပြီး အင်္ဂါနေ့ မနက် ၁၁ နာရီတွင် ဆက်လက်ကျင်းပမည်။


Ref: မဇ္ဈိမ

Read More...

လစ်ဗျားအာဏာရှင် အဆုံးသတ်ရေးလူထုဆန္ဒပြပွဲ မြို့ကြီးများသို့ ကူးစက်နေ

February 21, 2011

WFWW ၊ နေ့သစ်၊ ၂၁ ဖေဖော်ဝါရီလ ၂၀၁၁

လစ်ဗျားအာဏာရှင် အဆုံးသတ်ရေး လူထု ဆန္ဒပြပွဲမှာ လူဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဆန္ဒ ပြသူများက စစ်အခြေစိုက် တခုကို သိမ်းပိုက်ခဲ့ကာ လက်နက်များ၊ တင့်ကားများ ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။ လစ်ဗျား အာဏာရှင် ကဒါဗီ ရဲ့ သားက အစိုးရ ရုပ်မြင်သံကြား ကနေ သူ့အဖေဟာ တိုင်းပြည်မှာပဲ ဆက်လက် ရှိနေသေးကြောင်း၊ အာဏာကို ဆက်လက် ထိမ်းချုပ်နိုင်ဖို့ နောက်ဆုံး သေတဲ့အထိ တောင့်ခံသွားမည် ဖြစ်ကြောင်း ခုခံ ပြောဆို သွားပါတယ်။

တိုင်းပြည်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ် လို့လည်း သတိပေး ပြောကြား သွားတယ်။ အာဏာရှင်ရဲ့ သားကတော့ တိုင်းပြည်ကြီး ပြိုကွဲမှာမို့၊ သူတို့ အနေနဲ့ အာဏာကို ဆက်လက် ထိမ်းချုပ်ရမှာ ဖြစ်ကြောင်း ပြောကြား သွားသလို၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ပေးဖို့လည်း ဂတိပြု ထုတ်ဖော် ပြောကြား သွားပါတယ်။

ဆန္ဒပြသူတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ရာမှာတော့ လစ်ဗျား စစ်တပ်ဟာ လူထု အုံကြွမှုကို ထိန်းသိမ်းဖို့ အတွက် လေ့ကျင့် ထားတာမျိုး မပြင်ဆင် ထားခဲ့တဲ့ အတွက် ပစ်ခတ် မိပါတယ်လို့ အာဏာရှင် ကဒါဗီ ရဲ့ သားက တိုင်းပြည်ကို မိန့် ခွန်း ပြောကြား ခဲ့ရာမှာ ၀န်ခံ သွားခဲ့ပါတယ်။

လစ်ဗျားဟာ အခု ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လစ်ဗျား နိုင်ငံမှာ ဆန္ဒပြ သူတွေကို နှိမ်နင်း ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ လစ်ဗျား ကိုယ်စားလှယ် Abdel Moniem el- Honey က ဒီနေ့ နှုတ်ထွက် လိုက်ပါတယ်။ သူက ဘာကြောင့် နှုတ်ထွက်လဲ ဆိုတာကို မေးမြန်း ရာမှာတော့ အခုလို ပြောဆို သွားပါတယ်။ “El-Honey expressed his refusal to kill unarmed protestors, saying” as a Libyan citizen, I condemn all these crimes which are close to the genocide acts.”

လစ်ဗျားမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ရက်အနည်းငယ် အတွင်း မြင်တွေ့ လာကြ ရတော့မှာပါ။ မျက်မြင် တဦးကတော့ မြို့တော် လမ်းမတွေမှာ လူသေ အလောင်းတွေ ပြည့်နေပြီး၊ ဆေးရုံတွေမှာ ဒဏ်ရာ ရသူတွေနဲ့ ပြည့်နှက် နေတယ်လို့ နိုင်ငံခြား သတင်းဌာန တွေကို ပြောပြ သွားပါသည်။ မြို့တော် ထရီပိုလီမှာ အာဏာရှင် ကဒါဗီကို ဆန့်ကျင်သူနဲ့ ထောက်ခံ သူကြား အဓိကရုဏ်းတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။

လစ်ဗျား အာဏာရှင် အဆုံးသတ်ရေး လူထု ဆန္ဒပြပွဲဟာ မြို့ကြီးများဆီသို့ ဆက်လက် ကူးစက်နေပြီး၊ သေဆုံးမှု များစွာ ရှိခဲ့ကြောင်း ကြားသိရ ပါသည်။ အနှစ် ၄၀ ကျော် လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတကာမှာ အကြမ်းဖက်မှုကို အားပေးခဲ့တဲ့ အာဏာရှင် ကဒါဗီ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများ နိုင်ငံတကာ မြို့ကြီးများမှာလည်း ကျင်းပ နေကြပါတယ်။

Ref: နေ့သစ်

Read More...

ရွှေဓာတ်ငွေ့စီမံကိန်း ဒေဝူးတွင်းများ စတင်

သီယာဖိုးဘီးစ် (Thea Forbes) |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေဝူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ရခိုင်ကမ်းလွန်နေရာ နှစ်နေရာတွင် ရေနံနှင့် ဓာတ်ငွေ့များ စတင် တူးဖော်ပြီ ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနလက်အောက် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းနှင့် ချုပ်ဆိုထားသော `ဓာတ်ငွေ့ ရောင်းချရေး သဘော တူညီချက်´ အရ ထိုကိုရီးယား ကုမ္ပဏီက လုပ်ကွက် အမှတ် အေ ၁ နှင့် အေ ၃ တွင် ရေနံတွင်းတူး လုပ်ငန်းများ စတင် လိုက်သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် တနင်္ဂနွေနေ့၌ ဖော်ပြ ထားခြင်း ဖြစ်သည်။

ဒေဝူးသည် `ရွှေစီမံကိန်းမှ ဓာတ်ငွေ့များကို ၂ဝ၁၃ တွင် စတင် ထုတ်လုပ်နိုင်မည်´ ဟု သတင်းစာက ရေးသည်။ ထို့ပြင် အေ ၁ နှင့် အေ ၃ လုပ်ကွက်များတွင် ဓာတ်ငွေ့ ကုဗပေ ၅.၃၃ ထရီလျံမျှ ရှိကာ၊ အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံး ဓာတ်ငွေ့သိုက် တခုဟု ဆိုသည်။

တနင်္ဂနွေနေ့တွင် ရခိုင်ကမ်းလွန် လုပ်ကွက် အမှတ် အေ ၃ Hakuryu 5 ရေနံတွင်း တူးစင်တွင် ကျင်းပသော ရေနံတွင်း စတင် တူးဖော်ခြင်း အခမ်းအနားသို့ မြန်မာ စွမ်းအင်ဝန်ကြီး ဦးလွန်းသီ တက်ရောက်ခဲ့ပြီး၊ မြန်မာပြည်ရှိ ဒေဝူးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ စီဘိုဂျူး တင်ပြသော ရေနံတွင်းတူး လုပ်ငန်းနှင့် စပ်လျဉ်းသည့် ပြင်ဆင်မှုများကိုလည်း ကြားနာခဲ့သည်။

ရေနံတွင်းတူးလုပ်ငန်းများ အချိန်ဇယားအတိုင်း ပြီးစီးရေး လုပ်ဆောင်ရန်လည်း ဝန်ကြီးက ကုမ္ပဏီကို မှာကြားခဲ့သည်။ ထို့ပြင် အထွေထွေ ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ လုပ်ဆောင် ထားရန်နှင့် `ပေါ်ပေါက်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး အတွက် လုပ်ဆောင်ထားရန်´ ကိုပါ မှာကြားခဲ့သည်ဟု စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

၂ဝ၁၃ ခုနှစ်တွင် ထုတ်လုပ်ရေးလုပ်ငန်းများ စတင်သည့်အခါ ဓာတ်ငွေ့များကို တရုတ် အမျိုးသား ယူနိုက်တက် ရေနံ ကော်ပိုရေးရှင်း သို့ ရောင်းချသွားမည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ AOW က ပြောသည်။ AOW သည် ရွှေဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ဝင်လည်း ဖြစ်ကာ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ရခိုင်နှင့် ကျန်မြန်မာနိုင်ငံ ဒေသတဝှန်းတွင် သတ္တု သယံဇာတ တူးဖော်ရေး လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး ရည်မှန်း လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

ရွှေဓာတ်ငွေ့စီမံကိန်းတွင် ဒေဝူးက အစုရှယ်ယာ ၅၁ % ပိုင်ဆိုင်ထားပြီး၊ အခြား အစုရှယ်ယာ ပိုင်ရှင် များမှာ အိန္ဒိယ အမျိုးသား သဘာဝ ဓာတ်ငွေ့အဖွဲ့ National Natural Gas Clearinghouse က ၁၇ %၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ၁၅ %၊ ကိုရီးယား ဓာတ်ငွေ့ ကော်ပိုရေးရှင်းက ၈.၅ % နှင့် အိန္ဒိယ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းက ၈.၅ % အသီးသီး ပိုင်ဆိုင် ထားကြသည်ဟု AOW အဆိုအရ သိရသည်။

စစ်အစိုးရကို တရားမဝင် လက်နက် ရောင်းချရာတွင် ပူးပေါင်းပါဝင်ခဲ့မှု၊ လက်နက် စက်ရုံ တရုံ ဆောက်လုပ် ရာတွင် ပါဝင် ပတ်သက်ခဲ့မှု တို့ဖြင့် ဒေဝူးကုမ္ပဏီမှ ၁၄ ဦးကို ကိုရီးယား တရားရုံးတခုက ၂ဝဝ၇ ခုနှစ်ထဲတွင် အပြစ် ပေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ၂ဝဝ၇ ခုနှစ်တွင် ရေးသား ဖော်ပြခဲ့ဖူးသည်။ ရခိုင်ပြည်နယ်မှ ထွက်ရှိနိုင်သော အကျိုး အမြတ်များနှင့် ကမ်းလွန် လုပ်ကွက်များ အတွက် အပြန်အလှန် လုပ်ပေးခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိသည်။

ဒေဝူးကုမ္ပဏီမှ ပြုလုပ်ခဲ့သော `ထိခိုက်မှု လေ့လာချက်´ တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ မေးမြန်း လေ့လာမှုများ ပါဝင်သော်လည်း ရွှေပိုက်လိုင်း စီမံကိန်းကြောင့် အောက်ခြေ ပြည်သူလူထု အပေါ် ထိခိုက်နိုင်သော အချက်အလက် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိဟု ရွှေဓာတ်ငွေ့ လှုပ်ရှားမှု ညှိနှိုင်း ဆက်သွယ်ရေးမှူး ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။

`သူတို့က ပိုက်လိုင်းစီမံကိန်းနဲ့ ဒါကြောင့် ထိခိုက်မယ့် ဟာတွေကို ဘယ်တော့မှ ထုတ်ဖော် ပြောတာ မရှိဘူး။ ဒါဟာ ဒေဝူး အင်တာ နေရှင်နယ်နဲ့ တခြားတွဲဘက် ကုမ္ပဏီတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်း တွေကို လိုက်နာ လုပ်ဆောင်တာ မရှိဘူး၊ သူတို့ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ကြေညာတာမျိုး မလုပ်ဘူးဆိုတာ ပြနေတာပဲ´ ဟု သူက ပြောသည်။

အတင်းအကျပ် ဖယ်ရှားမောင်းထုတ်ခြင်း၊ မြေသိမ်းခြင်းများမှာ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်း နယ်မြေ တလျှောက် ပေါ်ပေါက် နေပြီဟု သူက ပြောသည်။ `လူတွေက သူတို့ရဲ့ ဆန္ဒမပါဘဲ သူတို့ မြေယာတွေက ထွက်ပေးရတယ်။ ဒီလို မောင်းထုတ် ခံရတဲ့ မြေပိုင်ယာပိုင် အတော်များများ လျော်ကြေးလည်း မရကြဘူး´။

မြန်မာနိုင်ငံ သတ္တုကဏ္ဍကြောင့် မြန်မာပြည်သူများအတွက် အဖိုးတန် သယံဇာတများ ဆုံးရှုံး သွားခဲ့ရသည်ကို ကြာမြင့်စွာ ကပင် တွေ့မြင် ခဲ့ကြရပြီး ဖြစ်သည်။ စစ်အစိုးရက သယံဇာတများကို လေလံပစ်ကာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများကို လုပ်ကွက်များ ပေးလိုက်သည့် အခါ စစ်အစိုးရနှင့် အကျိုးတူ လုပ်ဆောင်သူများ အတွက်လည်း စာရင်းပျောက် အင်းပျောက် ဒေါ်လာ ဘီလျံများစွာ ရခဲ့သည်ကို ယခင်က ကြုံခဲ့ရပြီးဖြစ်သည်။

`ဓာတ်ငွေ့အားလုံးက တရုတ်ပြည်ကို ပို့မှာ။ ဒါကြောင့် ကန်ထရိုက် စာချုပ်မှာကော၊ ဘဏ္ဍာရေး ကဏ္ဍမှာပါ ပွင့်လင်း မြင်သာမှု ဆိုတာ မရှိဘူး။ လူထုအနေနဲ့လည်း ဒီလို စီမံကိန်းမျိုးနဲ့ ပတ်သက်ရင် တာဝန်ခံမှုရှိဖို့ တောင်းဆိုပိုင်ခွင့် ရှိပါတယ်၊ သိခွင့် ရှိပါတယ်´ ဟု ဦးဝင်းအောင်က သူ့ထင်မြင်ချက်ကို ထုတ်ဖော် ပြောဆိုသည်။


Ref: မဇ္ဈိမ

Read More...

အပေါ်သို့