..............................

Friday, December 17, 2010

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေး မြှင့်တင်ဖို့ ဒေါ်စု တိုက်တွန်း

မခင်ဖြူထွေး
ကြာသပတေး, 16 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံက အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ မိခင်နဲ့ကလေးငယ် သေဆုံးမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အခြေ အနေမှာ ရှိနေတဲ့အကြောင်း ကျန်းမာရေး ၀န်ထမ်းတွေက ထောက်ပြနေသလို ဒီလို ဆိုးရွားတဲ့ ကျန်းမာရေးနဲ့ ပညာရေး နိမ့်ကျမှု အခြေ အနေတွေ ပြန်လည် တိုးတက် ကောင်းမွန်လာဖို့မှာ အစိုးရအနေနဲ့ ငွေကြေး အလုံအလောက် သုံးစွဲပြီး တာဝန်ယူ ဆောင်ရွက် ရမှာဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ လိုက်ပါတယ်။ ဗွီအိုအေ Crossroads Asia အစီအစဉ်က ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆို လိုက်တာဖြစ်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ကမ္ဘာပေါ်က မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်း အမြင့်မားဆုံးနိုင်ငံ စာရင်းထဲမှာပါတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေဟာ ကမ္ဘာကပါ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေသလို ကျန်းမာရေး ပညာရှင်တွေကလည်း ဒါကို သတိပေး ထောက်ပြ နေကြတာပါ။ မြန်မာနိုင်ငံက ကလေးငယ် ၇ ယောက်မှာ တယောက်ဟာ အာဟာရချို့တဲ့မှု၊ ၀မ်းလျော ၀မ်းပျက် ရောဂါနဲ့ ငှက်ဖျား ရောဂါတွေနဲ့ သေဆုံး နေတယ်လို့ မကြာသေးခင်က ကျန်းမာရေး အစီရင်ခံစာ တွေကလည်း ထောက်ပြနေပါတယ်။ ဒီလို ရောဂါမျိုးတွေဟာ ပျောက်ကင်းအောင် ကုသ နိုင်ပါလျက်နဲ့ အစိုးရက တာဝန်ယူ ကူညီ ထောက်ပံ့ပေးတာမျိုး အားနည်းတာကြောင့် ကလေးငယ်တွေ မသေဆုံးသင့်ဘဲ သေဆုံး နေရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ စစ်အစိုးရအနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးလို အခြေခံ ကဏ္ဍတွေအတွက် အသုံးစာရိတ်ကို အခုထက်ပိုပြီး သုံးစွဲသင့်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြ ပြောဆိုပါတယ်။

“ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍနှစ်ခုကို တပြိုင်တည်းအတူတူ မြင့်တင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍနှစ်ခုက ဆက်စပ် နေပါတယ်။ ပညာတတ် မိခင်တွေဟာ ပညာအရည်အချင်း နည်းပါးတဲ့ မိခင်တွေထက် မိသားစု ကျန်းမာရေးကို ပိုပြီးတော့ ဂရုစိုက်နိုင်တာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေကို အခုထက်ပိုပြီး သုံးစွဲရပါလိမ့်မယ်။ ကျန်းမာရေး ၀န်ဆောင်မှုတွေ အားကောင်းလာအောင် လုပ်ရမယ်၊ စာသင်ကျောင်းတွေ တိုးတက် ကောင်းမွန်အောင် လုပ်ပေးရပါမယ်။ လူထုတွေ ပိုပြီး ပညာတတ်မယ်၊ ပိုပြီးတော့ ကျန်းမာမယ်ဆိုရင် သူတို့တွေ ပိုပြီးတော့ ကောင်းကောင်း မွန်မွန် နေထိုင် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့ အခါမှာလည်း ပိုပြီးတော့ လွယ်လွယ်ကူကူ ကိုင်တွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောသွားပါတယ်။

“အရည်အချင်းရှိတဲ့ ဆရာဝန်တွေ အတော်များများဟာ နိုင်ငံတွင်းမှာ သူတို့အတွက် ကျေနပ်လောက်စရာ လုပ်ကိုင်နိုင်တဲ့ အခြေအနေ အခွင့်အလမ်းတွေ မရှိတဲ့အတွက် နိုင်ငံခြားမှာထွက်ပြီး အလုပ်လုပ်ကြတယ်။ သူတို့အတွက် နောက်ဆုံးပေါ် ဆေးဝါး အကူအညီ ကိရိယာတွေ မရှိဘူး၊ နောက်ဆုံးပေါ် ဆေးဝါး ကုသမှုတွေကနေ သူတို့ အလှမ်းဝေးနေတယ်။ ဆေးရုံတွေ ဆိုရင်လည်း အားလုံး သိကြမှာပါ။ ဆေးရုံးအများစုမှာ လုံလောက်တဲ့ ပစ္စည်းကိရိယာနဲ့ ၀န်ထမ်း အရေအတွက် မရှိပါဘူး။ အခုအချိန်မှာ သိပ်ကောင်းတဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းသစ် တချို့ ရှိလာပြီဆိုပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် ဒါဟာ သိပ်ကို နည်းပါး လွန်းပါသေးတယ်။ ဒီလို ပုဂ္ဂလိက ဆေးခန်းတွေမှာ အလုပ်လုပ်နိုင်တဲ့ ဆရာဝန်ကလည်း အနည်းစုပဲ ဖြစ်ပါတယ်။”

မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေကြောင့်လည်း အလွယ်တကူနဲ့ အဆင်ပြေရမယ့် ကိစ္စတွေ မှာတောင် ငွေပေးမှ ဆေးကုသခွင့် ရတဲ့ အခြေအနေ မျိုးတွေလည်း ရှိနေပြီး ဒီလိုလာဘ်စားမှု ဟာလည်း ကြီးမားတဲ့ ပြဿနာတခု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မြန်မာ စစ်အစိုးရဟာ နိုင်ငံဘဏ္ဍာငွေရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်ရေး ကဏ္ဍမှာ သုံးနေချိန်မှာ ကျန်းမာရေး ကဏ္ဍ အတွက် ကိုတော့ ၁.၈ ရာခိုင်နှုန်းပဲ သုံးနေတာဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ မိခင်နဲ့ ကလေးငယ် သေပျောက်နှုန်းဟာ တခြားဒေသတွေထက် သုံးဆခန့် ပိုများတဲ့အကြောင်း မကြာသေးခင်က ကျန်းမာရေး လေ့လာ သုံးသပ်ချက်တွေက ထောက်ပြနေသလို အခုလိုဖြစ်နေတဲ့ အခြေအနေဟာ တစိတ်တပိုင်းအားဖြင့် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေပေးနေတဲ့ အဖွဲ့တွေကလည်း ထောက်ပြပြောဆိုနေကြပါတယ်။


Ref: VOA News

Read More...

မြန်မာဘက်မှ ခိုးသွင်းသော သစ်လုံး ၃ ထောင်ကျော်ဖမ်းမိ

ကိုဝိုင်း
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှ ခိုးသွင်းသော ထိုင်းဘတ် သန်း ၂၀၀ ကျော်တန် ကျွန်းသစ်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ထိုင်းပူးတွဲ စုံစမ်း စစ်ဆေးရေး တပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်စ်ပို့ သတင်းစာက ရေးသားသည်။

ချင်းမိုင် အနောက်ဘက် မယ်ဟောင်ဆောင် ခရိုင်မှ သွင်းလာသည့် မြန်မာကျွန်း အလုံး ၃,၀၀၀ ကျော်ကို ထိုင်းအထူး စုံစမ်းဆေးရေး ဌာနနှင့် သစ်တော အခွန် ဦးစီးဌာနတို့ ပူးပေါင်း ဖမ်းဆီးသည်ဟု သတင်းစာတွင် ပါရှိသည်။

ချင်းမိုင်ရှိ ပရိဘောဂနှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်သည့် Suksawat Group Co ပိုင် သစ်စက် ၂ လုံးကို စီးနင်းရာမှ သစ်များ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထိုင်းသွင်းကုန် ကုမ္ပဏီ Anton သည် မြန်မာအာဏာပိုင်များထံမှ အထောက်အထား အတု ၅၇ ခု ကိုသုံးပြီး ဖမ်းမိသော သစ်လုံးများကို ခွဲသားများအဖြစ် မဲဟောင်ဆောင် အခွန်ဦးစီးဌာနသို့ စာရင်း လိမ်ပြခဲ့သည်ဟု အထူး စုံစမ်း စစ်ဆေးရေး ဌာန DSI ဒုတိယ အကြီးအကဲ မစ္စတာ Narat Savetnant က စွပ်စွဲထားသည်။

ထိုင်းမြောက်ပိုင်းမှ သစ်ခိုးထုတ်မှုများကို DSI က ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စုံစမ်းနေပြီး Anton ကုမ္ပဏီ၏ မြန်မာခွဲသစ်များ တင်သွင်းမှုအပေါ် သံသယ ရှိနေခဲ့သည်။

ယခင်လက Anton ကုမ္ပဏီ၏ မယ်ဟောင်ဆောင်ခရိုင် သံလွင် သစ်တောကြိုးဝိုင်း အတွင်းမှ သစ် ဖြတ်သန်း သယ်ဆောင်ခွင့်ကို သစ်တောဌာနက သက်တမ်းတိုးပေးရန် ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းက ဆိုသည်။

သံလွင် သစ်တောအတွင်း ယခုနှစ် ဇန်နဝါရီလက ဖမ်းမိသော တရားမဝင် သစ်ကုဗ မီတာ ၃၂ဝဝ အမှုတွင်လည်း Anton ကုမ္ပဏီပါဝင်မည်ဟု သံသယရှိကြောင်း သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကလည်း ပြောဆိုထားသည်။

Anton ၏ သစ်သယ်လမ်းသည် သံလွင်သစ်တော ဥယျာဉ်နှင့် အလှမ်းဝေးသည်ဟု ကုမ္ပဏီ ဒု-စီမံညွှန်ကြားရေး မှူးက ငြင်းဆိုသည်။

အမည်မဖော်သည့် မယ်ဟောင်ဆောင် အခွန်ဦးစီးဌာန ဝန်ထမ်းတဦးကို ကိုးကား၍ ကုမ္ပဏီက ထိုင်း-မြန်မာနယ်စပ် ဘီပီ-၁၀ ထိုင်းဂိတ်နှင့် မြန်မာ သစ် ထုတ်လုပ်ငန်းတို့မှ လုပ်ကိုင်ခွင့် အထောက်ထားများဖြင့် သယ်ဆောင် နေကြောင်း ဘန်ကောက်ပို့စ်က ရေးသည်။

ထိုင်း-မြန်မာနယ်စပ် ဘီပီ-၁ဝ သည် ကယားပြည်နယ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ဌာနချုပ်ဟောင်းဘက်တွင် ဖြစ်ပြီး ယခုအခါ စစ်အစိုးရတပ်များနှင့် လက်နက်ချ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်-ကလလတ တို့ ထိန်းချုပ်သည် ဟု KNPP က ပြောသည်။

“ကျနော်တို့ သိုးသိုးသန့်သန့်တော့ သတင်းရတယ်။ နယ်စပ်ကို ဖြတ်ဆင်းသွားတဲ့ နမ့်ပန်ချောင်း တလျောက်ပဲ။ မယ်ဟောင်ဆောင် ဘက်ပေါ့။ ဗမာပြည်ထဲမှာ ဆိုရင်တော့ ဘောလခဲလား၊ မယ်စဲ့လား မပြောတတ်ဘူး” ဟု KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ပြောသည်။

ကယားပြည်နယ်၌ ရှားပါး ကျွန်းရွှေဝါများ ထွက်ပြီး ၁၉၉၅ နောက်ပိုင်း ဦးတေဇပိုင် ထူးကုမ္ပဏီက သစ်ခုတ်ခွင့်ကို လက်ဝါးကြီး အုပ်ထားသည်ဟု ကရင်နီဂျာနယ် ကန္တာရဝတီတိုင်း(မ်) က ယခင်နှစ်က ဖော်ပြသည်။

ယင်းမတိုင်မီက ကယားဖူး ကုမ္ပဏီနှင့် ဦးအောင်သန်းဖော သစ်လုပ်ငန်း ကုမ္ပဏီတို့ လုပ်ကိုင်ကြပြီး ကလလတ အဖွဲ့ကလည်း သစ်ခုတ်ခွင့် ပါမစ်ကို စစ်အစိုးရ သစ်တော ဝန်ကြီးဌာနက ရရှိကြောင်းသိရသည်။

ယခုနှစ်ဆန်းက စစ်အစိုးရ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သည်/စည်မှုအသင်းချုပ်၊ တာချီလိတ် ကုန်သည်/ စက်မှု အသင်းတို့မှ တာဝန်ရှိသူများနှင့် မယ်ဟောင်ဆောင် ကုန်သည်ကြီးများ အသင်း၊ ချင်းမိုင် ကုန်သည်ကြီးများ အသင်းတို့ နယ်စပ် ကုန်သွယ်ရေး တိုးချဲ့ရန် မယ်ဟောင်ဆောင်၌ ဆွေးနွေးခဲ့ကြသည်။

မယ်ဟောင်ဆောင်မှတဆင့် ကယားပြည်နယ် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူ၊ ပြည်၊ သံတွဲမြို့များသို့ ကူးသန်း သွားလာနိုင်ရေး လမ်းကြောင်းများ တရားဝင် ဖွင့်လှစ်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ရန်ကုန်အခြေစိုက် မော်ဒန် သတင်းဂျာနယ်က ဖေဖော်ဝါရီက ဖော်ပြသည်။


Ref: မဇ္ဈိမ

Read More...

ကြံ့ဖွံ့ကိုတိုင်သူ ပြန်လည်တရားစွဲခံရ

ဖနိဒါ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ၄ ဦးက အရက်မူးကာ ဆဲရေး တိုင်းထွာခဲ့သည်ဟု ရဲကို တိုင်တန်းခဲ့သော ရွေးကောက်ပွဲဝင် ပါတီ တခုအတွက် မဲဆွယ်စည်းရုံးသူ အမျိုးသမီးတဦးကို အသရေ ဖျက်မှုဖြင့် ပြန်လည် စွဲဆိုခံနေရသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေ အသက် ၄၃ နှစ်အရွယ် မလှကေသီဝင်းက ကိုသိန်းနိုင်၊ ကိုကျော်နိုင်၊ ကိုတင်ဦးနှင့် ကိုသန်းနိုင်တို့ကို အသရေဖျက်မှု၊ မူးယစ် ရမ်းကားမှုနှင့် ခြိမ်းခြောက်မှု တို့ဖြင့် နိုဝင်ဘာလ ၆ ရက်က မရမ်းကုန်း ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ မရမ်းကုန်းမြို့နယ် တရားရုံးက အမှုကို ကြားနာရန် လက်ခံထားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များဘက်ကလည်း ပုဒ်မ ၅ဝ၄ အသရေဖျက်မှုဖြင့် ထိုတရားရုံးတွင်ပင် ဒီဇင်ဘာ ၉ ရက်က တိုက်ရိုက် ဦးတည် လျှောက်ထားရာ တရားရုံးက လက်ခံထားသည်။

“ကျမက တရားလိုလုပ်တော့ ကျမကို တရားခံဖြစ်အောင် သူတို့က အကွက်ဆင်လိုက်တာ”ဟု မလှကေသီဝင်းက ပြောသည်။

မနေ့က မရမ်းကုန်း တရားရုံးတွင် မလှကေသီဝင်း အပေါ် ပြန်လည် စွဲဆိုထားသော အမှုကို ပထမဆုံး ကြားနာပြီး တရားလိုဘက်က ထွက်ဆိုခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက မရမ်းကုန်း အလက ၁ ကျောင်းဝင်း ရှေ့တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သော မဲဆွယ်ပွဲ၌ မလှကေသီဝင်း ပါဝင် ဟောပြောခဲ့သည်။

မလှကေသီဝင်း၏ ဟောပြောမှုကို ပြိုင်ဘက် ကြံ့ဖွံ့ပါတီက စည်းရုံးရေးမှူး ရာအိမ်မှူး ဦးခင်ရွှေက မကြိုက်၍ သူ့ တပည့်များကို ဆဲခိုင်းသည်ဟု မလှကေသီဝင်းက စွပ်စွဲထားသည်။

“ကျမကို ဘယ်နှတန်းတက်လို့လဲ။ အမျိုးမျိုးဆဲတာ ဖာတွေရော၊ ဖအေရော ဆဲတာသိလား။ နင်ထည့်တဲ့ မဲပုံးကို ငါတို့ မီးရှို့မယ်။ နင်ထည့်တဲ့ မဲရုံကိုလဲ ငါတို့ မီးရှို့မယ်ဆိုပြီး ပြောတာ။ ကျမ ခြံထောင့်မှာ စိမ်ပြေနပြေ ထိုင်ဆဲတာ တရပ်ကွက်လုံး ကြားတယ်” ဟု သူက ပြောသည်။

လာဆဲစဉ်က နေအိမ်တွင် သားနှစ်ယောက်နှင့် အလုပ်သမား တယောက်သာရှိပြီး သူ ခရီးလွန်နေသဖြင့် အခြားသူများ ပြန်ပြောပြမှ သိရသည် ဆိုသည်။

မရမ်းကုန်းတွင် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ကြံ့ဖွံ့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုတို့ ဝင်ပြိုင်ကြရာ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာစန်းပွင့် နိုင်ခဲ့သည်။

“အမှန်တကယ်တော့ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ သဘောတရားပါ ပါတယ်။ နိုင်ငံရေး ပြကွက် ဆန်တယ်ပေါ့ကွာ။ သူက ၈၈ အမြင်တွေ ပြောတော့ သူတို့ကို ထိခိုက်တယ် ထင်ပြီး အရပ်သားဆန်ဆန် တုံ့ပြန်တာက စတာပါ။ ဒါကို အသိအမှတ် မပြုချင်တာလဲ ပါမယ်ဗျ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။

ဦးအေးလွင်နှင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များဥက္ကဋ္ဌ ဦးရဲထွန်းမှာ ညီအကိုရင်းများ ဖြစ်ကြသည်။

ဒီဇင်ဘာ ၂၇ တွင် နှစ်ဖက်စလုံးမှ စွပ်စွဲချက်များအပေါ် တပေါင်းတည်း ကြားနာသွားမည်ဟု တရားရုံးက ရက်ချိန်းပေးလိုက်သည်


Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူမှုရေးလုပ်ငန်းများ အဟန့်အတားဖြစ်ဟု ပြော

ထက်အောင် Thursday, 16 December 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက် ပြည်သူများ၏ လူမှုရေး ပြဿနာများတွင် တက်တက် ကြွကြွ ပါဝင် ကူညီနေခြင်းသည် ၎င်းတို့ လုပ်ကိုင်နေသော လူမှုရေး လုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည်ဟု အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်း (NGO) တချို့က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ကို ပြောကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာနှင့် ပြည်တွင်း NGO များ၏ တွေ့ဆုံပွဲတွင် အဆိုပါ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုတွေ့ဆုံပွဲအတွင်း ရွေးကောက်ပွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူမှုပြဿနာများကို ဖြေရှင်းရာတွင် လူမှု အဖွဲ့အစည်း များကို လမ်းဖွင့် ပေးမည့် အလားအလာများကို ဆွေးနွေး ခဲ့ကြသည်ဟု ဧရာဝတီ သတင်းဌာနမှ ရရှိခဲ့သော အလွတ်သဘော မှတ်သားထားသည့် အစည်းအဝေး မှတ်စု တခုအရ သိရသည်။

မစ္စတာ နမ်ဘီယာနှင့် တွေ့ဆုံသူများထဲတွင် Myanmar Egress မှ ဦးနေ၀င်းမောင်၊ ပျိုးပင်အဖွဲ့မှ ဦးခင်မောင်ရင်နှင့် ဒေါက်တာ မျိုးလွင်၊ Phoenix Association (Myanmar) မှ ဦးသီဟကြိုင်၊ Local Resource Center မှ ဒေါ်မဉ္ဇူ၊ မေတ္တာ ဖောင်ဒေးရှင်းနှင့် International Development Enterprise တို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

ဆွေးနွေးပွဲမှတ်စုအရ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း ၎င်းတို့၏ လူမှုလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ပို၍ ခက်ခဲလာကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ တင်းမာသော နိုင်ငံရေး ရပ်တည်ချက် ကြောင့်ဟု ယူဆကြောင်း၊ ဥပမာ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုသည် အန္တရာယ် ကြီးကြောင်းကို ဦးနေ၀င်းမောင်နှင့် ဦးခင်မောင်ရင်တို့က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ကို ပြောကြားခဲ့သည်ဟု သိရသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရပ်တည်ချက်က ၎င်းတို့၏ လူမှုရေး လုပ်ငန်းများကို မည်ကဲ့သို့ ထိခိုက် စေနိုင်သည်ကို အဆိုပါ ဆွေးနွေးပွဲ မှတ်စုတွင် ဖော်ပြထားခြင်း မရှိပါ။ ယင်းပြောဆိုချက်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလို၍ ဧရာဝတီ မဂ္ဂဇင်းက ဦးနေ၀င်းမောင်ကို တယ်လီဖုန်းဆက် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ဦးနေ၀င်းမောင်သည် Myanmar Egress ကို တည်ထောင်သူတဦးဖြစ်ပြီး နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို တက်တက် ကြွကြွ ထောက်ခံခဲ့ကာ မဲဆန္ဒရှင်ပညာပေး အစီအစဉ်များ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အပတ်စဉ်ထုတ် ပြည်တွင်း ဂျာနယ် တခုဖြစ်သော The Voice Weekly ကိုလည်း ထုတ်ဝေနေသည်။

ဦးခင်မောင်ရင်သည် ပျိုးပင်အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်ပြီး ထိုအဖွဲ့ကို ရန်ကုန်အခြေစိုက် ဗြိတိသျှ သံရုံးမှ တဆင့် ဗြိတိသျှ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (DFID) ၏ အထောက်အပံ့ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။

“သူတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်တာကို သိပ်အကောင်း မမြင်ကြဘူးဗျ။ သူတို့က ပြောတယ်ဗျ။ ဒေါ်စု မလွတ်ခင်က သူတို့ အလုပ် လုပ်ရတာ အခြေအနေ ပိုကောင်းတယ်။ ဒေါ်စုလည်း လွတ်ပြီးရော အခြေအနေတွေက မတည်မငြိမ် ဖြစ်လာပြီး အလုပ် လုပ်ရတာ ပိုခက်ခဲလာတယ်” ဟု ဦးသီဟကြိုင်က ပြောသည်။

ကျနော်ကတော့ ဒီလိုမမြင်ပါဘူးဟုလည်း ဦးသီဟကြိုင်က ဆိုသည်။ ၎င်းက “သူတို့တွေ အများစုက လူထုကြားမှာ တကယ် လုပ်ကိုင် နေကြသူတွေ မဟုတ်ပါဘူး၊ များသောအားဖြင့် ပေါ်လစီ အကြောင်းတွေပဲ ပြောနေကြသူတွေ ဖြစ်ပြီး လူထုကြားက တကယ့် ဖြစ်ရပ် အမှန်တွေကို မသိသလို ကိုယ်စားလည်း မပြုကြပါဘူး” ဟုပြောသည်။

ဦးသီဟကြိုင် ဦးဆောင်သည့် Phoenix Association သည် HIV/AIDS ဝေဒနာရှင်များဖြင့် ဖွဲ့စည်း ထားသော လူမှု အဖွဲ့အစည်း တခု ဖြစ်သည်။ HIV/AIDS ဝေဒနာရှင်များ ရင်ဆိုင်နေရသော လူမှုရေးနှင့် စီးပွားရေး ပြဿနာများကို ကူညီ ဖြေရှင်းပေးရန် အတွက် ထိုအဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Phoenix Association ၏ လုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး ကတည်းက ကြီးကြီးမားမား အခက်အခဲ ကြုံရမျိုး မရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာခြင်းကို အကောင်းမြင်ကြောင်း ဦးသီဟကြိုင်က ပြောသည်။

“တကယ်တော့ ဒေါ်စုရဲ့ သြဇာအရှိန်အ၀ါကိုသုံးပြီး ကျနော်တို့လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေကို မြှင့်တင် နိုင်ပါတယ်၊ ကျနော် အလုပ် လုပ်ကိုင်နေတဲ့ ရပ်ရွာတွေထဲက ပြည်သူတွေက ဒေါ်စုအပေါ် အပြည့်အ၀ ထောက်ခံကြပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုအလွတ်သဘော မှတ်သားထားသော အစည်းအဝေးမှတ်စုအရ ဒေါ်အောင်ဆန်းစုကြည် သည် ၇ နှစ်ကြာ ထိန်းသိမ်း ခံထားခဲ့ရစဉ်အတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်း အလဲများကို လေ့လာရန် လိုအပ် နေသေးကြောင်းကို ဦးနေ၀င်းမောင်နှင့် ဦးခင်မောင်ရင်တို့က ပြောဆိုခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ၎င်းတို့ အခွင့်အရေးမရခဲ့ဟု ဝေဖန်ပြောဆိုခဲ့သည့် အချက်အပေါ် တွေ့ဆုံမှုများကို စီစဉ် ပေးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူ ဦးသိန်းဦးကို ဧရာဝတီ သတင်းဌာနမှ မေးမြန်းရာတွင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို Egress အနေနဲ့ ပြောဆိုခဲ့တာမျိုး မရှိခဲ့ပါဘူး” ဟု ပြောသည်။

ပြည်တွင်းရှိ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် တာဝန်ရှိသူ တဦး ဖြစ်သည့် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကလည်း Egress နှင့် ပျိုးပင်အဖွဲ့တို့၏ ပြောဆိုချက်ကို အခြေအမြစ်မရှိ ပြောဆို ခြင်းသာ ဖြစ်သည်ဟု ငြင်းဆို လိုက်ပြီး “ဒေါ်စု လွတ်လာကတည်းက သူဟာ အဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သည့်လက လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အရပ်ဘက် လူမှု အဖွဲ့အစည်းများ အားကောင်း လာစေရန် ပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေးဖိုရမ် အစည်းအဝေး အတွက် ပေးပို့သော ဗီဒီယို မိန့်ခွန်းတွင်လည်း မြန်မာနိုင်ငံ၏ အရပ်ဘက် လူမှု အဖွဲ့အစည်းများကို ပိုပြီး ထောက်ပံ့ ကူညီမှုပေးကြရန်၊ သို့သော် ထိုအကူအညီများသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ပြီး တာဝန်ခံမှုလည်း ရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


Ref: ဧရာဝတီ်

Read More...

အရက်မူးသည့်တပ်ကြပ် ပစ်ခတ်၍ ရခိုင် ဒေသခံတဦးသေဆုံး

ခင်ဦးသာ
Thursday, 16 December 2010

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်း အုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း သေဆုံးခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ မင်းကြောင်း တံတားအနီး၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၀န်းကျင်က အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

“ကိုမောင်ဝင်းက မအီဘက်မှာ စပါးအငှား ရိတ်သိမ်းဖို့ စက်လှေနဲ့ လိုက်လာတဲ့အချိန်မှာ တံတားတာဝန် ကျနေတဲ့ တပ်ကြပ်က စက်လှေကို တားဆီးပြီး ပစ်လို့ သူ့ကို ထိသွားတာပါ” ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။

မင်းကြောင်းတံတား၌ တာဝန်ကျသော စစ်သားများသည် တံတားကို ဖြတ်ကျော် မောင်းနှင်ရသည့် စက်လှေ မော်တော်ဘုတ် စသည့် ရေယာဉ်များ ထံမှ အခကြေးငွေများကို အဓမ္မ ကောက်ခံနေကြောင်း၊ မကျေနပ်ပါက ဆဲဆို ကြိမ်းမောင်း တတ်ကြောင်း၊ ကိုမောင်ဝင်းအား ပစ်ခတ်သူ တပ်ကြပ်သည် အခင်းဖြစ်ပွားသည့်နေ့က အရက်မူး နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တံတားကို လုံခြုံရေး ချထားသည်မှာ ၄ လ ၀န်းကျင်သာ ရှိသေးကြောင်းလည်း သိရသည်။

ကိုမောင်ဝင်းနှင့်အတူ စက်လှေပေါ်၌ လူ ၁၅ ဦး ၀န်းကျင်ပါလာကြောင်း၊ ၎င်းတို့သည် မင်းတပ်ချောင်ဘ က်မှ စက်လှေဖြင့် ထွက်လာကြစဉ် တံတား အနီး ရောက်သောအခါ တာဝန်ကျ စစ်သားက စက်လှေကိုတား၍ အစစ်ဆေးခံရန် အမိန့်ပေးကြောင်း၊ စက်လှေ ကပ်သည့် အချိန် အနည်းငယ် နောက်ကျခြင်းကြောင့် စက်လှေကို ဦးတည် ပစ်ခတ်ရာ ကိုမောင်ဝင်း၏ ခြေထောက်ကို ကျည်ဆန် ထိမှန်ပြီး ကျောက်ဖြူ ဆေးရုံသို့ သယ်ယူလာစဉ် သွေးထွက်လွန်၍ သေဆုံးသွားကြောင်း၊ စက်လှေပေါ် ပါလာသူ နောက်တဦးလည်း ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“၁၅ ရက်နေ့မှာ ကိုမောင်ဝင်းရဲ့ အသုဘကို ကျောက်ဖြူ မြို့ပေါ်က မြို့မ သုဿာန်မှာပဲ ချက်ချင်း ချခိုင်းတယ်” ဟု ဒေသခံ တဦးက ဆိုသည်။

သေဆုံးသူ ကိုမောင်ဝင်းသည် အိမ်ထောင်သည် တဦးဖြစ်ပြီး ကလေး ၂ ဦး၏ ဖခင်ဖြစ်ကြောင်း သိရသည်။

ကိုမောင်ဝင်းအား ပစ်ခတ်သော စစ်တပ်သည် ကျောက်ဖြူမြို့ ကျောက်တလုံး ဘုရား အနီး၌ အခြေစိုက် တပ်စွဲ ထားသည့် စစ်တပ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များအား ဗျူဟာမှူးက ခေါ်ယူကာ လျော်ကြေးပေးမည်ဟု ပြောဆိုပြီး ပစ်ခတ်သူ စစ်သားအား အရေးယူမှုနှင့် ပတ်သက်၍ သေချာစွာ ပြောဆိုမှု မရှိသေးကြောင်း ကိုမောင်ဝင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ကျေးရွာဥက္ကဋ္ဌ တဦးအား နယ်မြေခံ စစ်တပ်တတပ် ဖြစ်သော ခမရ ၅၃၈ မှ စစ်ဗိုလ် ကျော်ကျော်အောင်က အနိုင်အထက်ပြုမှု တခု ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပဲခူးမြို့ အင်းတကော် အခြေစိုက် ခမရ ၁၀၁ မှ ဗိုလ်ကြီး သိဒ္ဓိစိုး၊ ခလရ ၅၉ မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးနှင့် တပ်သား မောင်ထွန်းတို့က ဒေသခံ မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့အား သေနတ်နှင့် ပစ်ခတ် ခံခဲ့ရသောကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး ခဲ့ကြသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ စစ်တပ်သည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်နှင့် ပြည်ပရန်ကို ကာကွယ်ရန် အင်အားကြီးသော ခေတ်မီ တပ်မတော်ကြီး ဖြစ်သည်အထိ တည်ဆောက်နေကြောင်း မကြာခဏ ပြောဆိုလေ့ ရှိသည်။

Ref: ဧရာဝတီ်

Read More...

တိုက်ပွဲကြောင့် မာနယ်ပလောဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်ပြေး ရောက်ရှိ

ဒီဇင်ဘာလ ၁၆ရက်။ စောခါးစူးညား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောနယ်မြေအနီးတ၀ိုက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် နေ့က နအဖ စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်ရှိ မူယူထာ့ (မိုင်းလုံးကြီးချောင်း) ချောင်းကမ်း နံဘေးတွင် ဒေသခံရွာသား ၆၅ ဦး ထွက်ပြေးလာသည်ဟု ယမန်နေ့က သိရသည်။

ယင်းသို့ထွက်ပြေးလာသည့် ရွာသားများမှာ လှိုင်းဘွဲမြို့နယ်၊ မာနယ်ပလော ဒေသအတွင်းရှိ နိုဒေးကျေးရွာမှ လူကြီး ၃၄ ဦးနှင့် ကလေး ၃၁ ဦးတို့ ဖြစ်ကြပြီး ၎င်းတို့ ရွာအတွင်း နအဖတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထွက်ပြေး လာရခြင်း ဖြစ်ကြောင်း အဆိုပါ ရွာသားများကို ကိုယ်တိုင် သွားရောက် တွေ့ဆုံခဲ့သည့် မယ်လအူး ဒုက္ခသည်စခန်း ဥက္ကဌ စောကော်ဝါးက ကေ အိုင်စီကို ယခုလို ပြောသည်။

သူက “အခု သူတို့လာတာက အိမ်ထောင်စု ၁၃စု၊ လူကတော့ ၆၅ ယောက်ပေါ့နော်။ အမျိုးသမီးနဲ့ ကလေးက အများစုပဲ။ တကယ်ဆိုရင် သူတို့ရွာမှာ အိမ်ထောင်စု ၃၈ စု ရှိတယ်။ ကျနော် သူတို့(ရွာသားတွေ) ကိုမေးတော့ သူတို့ရွာ အနီးအနားမှာ တိုက်ပွဲက ပြင်းထန် တာပေါ့နော်။ နောက် နအဖ တပ်ဖွဲ့ကလည်း သူတို့ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တော့ ထွက်ပြေး ရတာပဲလို့ ပြောတယ်။”ဟု ပြောသည်။

မာနယ်ပလောဒေသရှိ ပြောက်ကျားတိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းသို့ ရောက်ရှိလာသည့် စစ်ပြေး ဒုက္ခသည် များမှာ နယ်မြေ ကွာခြားမှုနှင့် ရာသီဥတု ဒဏ်ကြောင့် အချို့မှာ ကျန်းမာရေး ချို့တဲ့ နေကြောင်းလည်း စောကော်ဝါးက ဆက်လက် ပြောဆို သည်။

“အခုဒီမှာ ရောက်နေကြတဲ့သူတွေ တချို့ ဖျားတာ၊ ၀မ်းသွားတာ ဆယ်ယောက်လောက်ရှိတယ်။ နောက် သူတို့ ရောက်လာတဲ့ ရက်ကဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် မူယူထာ့မှာပဲ ကလေး မွေးဖွားခဲ့တယ်။ အခု သူတို့ မယ်လအူး ဆေးရုံမှာ ပို့ထားတယ်။”ဟု ဆိုသည်။

၎င်းစစ်ပြေးဒုက္ခသည် ရွာသားများအတွက် လိုအပ်သည့် အစားအစာ၊ ဆေးဝါးနှင့် အ၀တ်အထည်များကို ဒုက္ခသည် ရိက္ခာများ ကူညီ ပေးနေသည့် (Thai Burma Border Consortium-TBBC)၊ ကုလသမဂ္ဂ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ဆေးဝါးနှင့် ဆေးကုသရေး ဆောင်ရွက်သည့် အဖွဲ့(MI) စသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) က ကူညီ ထောက်ပံ့ ပေးနေကြောင်း ကရင်ဒုက္ခသည် ကော်မတီ(KRC)က ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသည့် ရွာသူရွာသားများကို ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ မယ်လ အူးဒုက္ခစခန်းမှ မိနစ် ၃၀ခန့်အကြာ စက်လှေစီးသွားရသည့် မူယူထာ့နေရာ၌ပင် ခိုလှုံနေထိုင်ခွင့်ပေးထားသည်ဟု သိရသည်။

နအဖနှင့် ကေအဲန်ယူတပ်များ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး လာသူများ ရှိသလို ဒီဇင်ဘာလ ၁၃ ရက် နေ့အထိလည်း အဆိုပါ ဒေသမှ ရွာသားများမှာ ၎င်းတို့ရွာနှင့် မနီးမဝေး တောတောင်ထဲတွင် ထွက်ပြေး ပုန်းရှောင်လျှက် ရှိသော်လည်း လူဦးရေ အတိအကျကို မသိရှိရသေးပေ။

ဒီဇင်ဘာလ ၁၁ရက်နေ့ နိုဒေးကျေးရွာပတ်ဝန်းကျင် အနီးတ၀ိုက်တွင် နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ် - ရတခ လက် အောက်ခံ ခမရ(၃၃၈)၊ ခမရ(၅၈၇)၊ ခလရ(၂၈)နှင့် ဗိုလ်မှူး စောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂)တို့ ၃ ကြိမ်ဆက် တိုက် ပြောက်ကျား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ထိခိုက် ဒဏ်ရာ ရမှုများ ရှိခဲ့သည်။

၁၉၉၄ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မာနယ်ပလော ဗဟိုဌာနချုပ် ကျခဲ့သည့် နောက်ပိုင်း တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားခဲ့ပြီး ၎င်းနယ်မြေ အတွင်းရှိ နိုဒေး ရွာသူ ရွာသားများမှာ စစ်ပြေး ဒုက္ခသည် အဖြစ် ယခုလို ပထမဦးဆုံးအ ကြိမ် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး လာခြင်း ဖြစ်သည်။

Ref: KIC News

Read More...

Thursday, December 16, 2010

နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ

ဗုဒ္ဓဟူး, 15 ဒီဇင်ဘာ 2010


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အာဏာပိုင်တွေ အနေနဲ့ သူ့ကို လွှတ်ပေး လိုက်တာဟာ နိုင်ငံတကာကို လှည့်စားချင်လို့ နိုင်ငံရေးအရ အမြတ် ထုတ်ချင်လို့ ဖြစ်စေဦးတော့ ဝေဖန်စရာ မဟုတ်ဘဲ ကိုယ်လုပ်ချင်ရာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်ဆိုရင် ကောင်းတဲ့ လုပ်ရပ်ပဲလို့ ပြောကြား လိုက်ပါတယ်။ ဗွီအိုအေ Crossroads Asia အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ VOA ဆက်သွယ်မေးမြန်းခန်း တတိယပိုင်းကို ဆက်လက်နားဆင်ကြပါရှင်။

"ကျမလွတ်လာတော့ ကျမရဲ့အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ နိုင်ငံရေး အမြတ် ထုတ်ချင်လို့ လွှတ်တာ ဖြစ်သည့်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွှတ်ပေးခံရမယ့် နိုင်ငံရေး အကျဉ်းသား အနေနဲ့ ဘာမလုပ်ရ ညာမလုပ်ရ ဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ ဖြစ်ရပ်ပဲ၊ ကိုယ်အလုပ်တွေကို ပိုလုပ်ခွင့် ရလာတာပါပဲ။"

သူ့အနေနဲ့ ပညာရှင်တယောက်အဖြစ်ကနေ နိုင်ငံရေးအကျဉ်းသား တယောက်အဖြစ် ထိန်းသိမ်းတာ ခံလိုက် ရတဲ့ အတွက် နိုင်ငံရေး သမားတဦး ဖြစ်လာရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေ အနေနဲ့ လူတွေကို နိုင်ငံရေး မလုပ်စေချင်ရင် မဖမ်းနဲ့ပေါ့ လို့လည်း ရယ်သွမ်းသွေးပြီး ပြောဆိုသွားပါတယ်။

ဖခင်ဖြစ်သူရဲ့ အစဉ်အလာကြောင့် နိုင်ငံရေးအစဉ်အလာ ဆက်ခံ ရရှိလာခဲ့တာလား အထုံ ပါရမီ ရလာတာလား ဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ကံတရားနဲ့သာ ဆိုင်ပါလိမ့်မယ်လို့ အခုလို ပြန်ဖြေ ခဲ့ပါတယ်။

"ကျမက ကံတရားလို့ပဲ ထင်ပါတယ်။ ကံတရားဆိုတာ တကယ်တော့ ကိုယ်လုပ်တဲ့ အလုပ်ပါပဲ။ အထုံပါရမီ ဆိုတာတွေကိုတော့ ကျမ သိပ် အယုံအကြည် မရှိပါဘူး။"

ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံရေးနဲ့ ပတ်သက်လာခဲ့တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲဒီလို ပြောလို့ရပါသလား ဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြန်ဖြေသွားပါတယ်။

"ကျမဟာ ကျမအဖေကို အဖေအနေနဲ့ရော နိုင်ငံရေးခေါင်းဆောင် အနေနဲ့ရော မှတ်ယူပါတယ်။ သူဟာ ကျမ ယုံကြည်တဲ့ နိုင်ငံရေး ခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ စစ်ခေါင်းဆောင် မဟုတ်ပါဘူး။ သူ့ရဲ့ နိုင်ငံရေးဘဝကို ကျောင်းသားခေါင်းဆောင် တယောက် အနေနဲ့ စတင်ခဲ့ပါတယ်။ နောက် ပါတီနိုင်ငံရေးသမား ဖြစ်လာခဲ့ပါတယ်။ အများသဘောတူ ဆုံးဖြတ်ချက်အရ ကမ္ဘာစစ် အတွင်းမှာ စစ်ရေး အကူအညီယူဖို့ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် သူစစ်ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင် အနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတာ မယုံကြည်လို့ အရပ်သား နိုင်ငံရေးသမား အဖြစ် ပြန်လည် ခံယူခဲ့ပါတယ်။"


Ref: VOA News

Read More...

မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုအခန်းကဏ္ဍ အင်ဒို ထောက်ခံ

ဒေါ်ခင်မျိုးသက်
ဝါရှင်တန် ဒီစီ ဗုဒ္ဓဟူး, 15 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဓိက အခန်း ကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (MARTY M. NATALEGAWA) က ထိုင်းတက္ကသိုလ် တခုမှာ ပြောကြား လိုက်ပါတယ်။

ဒီပြောကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်သလို အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ နှစ်ပေါင်း၂၀ ကျော် ဒေါ်အောင်ဆန်းစုကြည်က တစိုက်မတ်မတ် ပြောဆိုလာတာ ဖြစ်ပြီး ဒီလို ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ၂၀၁၁ ခုနှစ်ကျရင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် အင်ဒိုနီးရှား နိုင်ငံက ဦးဆောင်မယ်ဆိုရင် အာဆီယံအတွက် ဂုဏ်တက်မှာဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းမှု လည်း ရလာမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ထားပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတော့မယ့် အင်ဒိုနီးရှားနိုင်ငံက အဖွဲ့ဝင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လွန်ကာလအတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရဲ့ အပြောင်းအလဲ ကိစ္စရပ်တွေ အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ဖို့လိုအပ်တယ်လို့ ပြတ်ပြတ်သားသား ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ အာဆီယံ မူဝါဒရေးရာ ဆွေးနွေးပွဲအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ က ပြောကြားလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်စေဖို့အတွက် ရွေးကောက်ပွဲ ကျင်းပပေးဖို့ အပြင် ရွေးကောက်ပွဲလွန် ကာလမှာ တိုးတက်မှု တရပ်ကို ပြသဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ပြန်လည်သ င့်မြတ်ရေး ဆွေးနွေး ပြောဆိုမှုတွေ လုပ်ဖို့ ကြိုးစားမှုတွေနဲ့ စတင် ရမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီပြောကြားချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ အာဏာပိုင်တွေကို နှစ်ပေါင်းများစွာ တိုက်တွန်း လာတာမို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆို လိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်က လွတ်မြောက်လာပြီး နောက်တနေ့မှာ လူထုကို တွေ့ဆုံ ပြောကြားတဲ့ နေရာမှာကိုပဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် သူ ဆထက်ထမ်းပိုး တိုးပြီး ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာဟာ ဒီမိုကရေစီ ပြောင်းလဲရေးမှာ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ဖို့ အတွက် မဖြစ်မနေ သွားရမယ့်လမ်းပဲလို့ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာဟာ ၁၉၈၉ ကတည်းကပါ။ အဲဒီကတည်းက တွေ့ဆုံ ဆွေးနွေးရေးကိုရော အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုရော ကျနော်တို့က လုံးဝဥဿုံ လက်ခံ ထားတာဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ဒီလို ပြောလာတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရတဲ့အခါမှာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေကို ပါဝင်ဖြေရှင်းတာမျိုး အပြုသဘော ဆောင်တဲ့ လုပ်ရပ်တွေ မြင်ချင်ကြောင်း ပြောကြား ခဲ့တာမို့ ဒါဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ တက်လာစေမယ်လို့ ပြောပါတယ်။

“အာဆီယံအဖွဲ့ကြီးဟာ မြန်မာနိုင်ငံအရေးကို ဥပဒေချိုးဖောက်နေတာတွေကို ထိထိရောက်ရောက် ပါဝင် မကူညီနိုင်တဲ့ အတွက်ကြောင့် ကမ္ဘာက မေးငေါ့တာကို ခံနေရတာ အာဆီယံ တဖွဲ့လုံးလည်း အသိပါပဲ။ တကယ်လို့ အဲလိုသာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးရေးဖြစ်ဖို့ အဲဒီကတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဖြစ်ဖို့၊ အဲလို အမျိုးသားပြန်လည် သင့်မြတ်ရေးသာ ရသွားပြီဆိုရင်တော့ ဒီမိုကရေစီ ပြောင်းလဲမှုဟာ ငြိမ်းချမ်းစွာနဲ့ မြန်မြန်ဖြစ်ပေါ်မှာ သေချာပါတယ်။ အဲလိုသာ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ အာဆီယံအဖွဲ့ကြီးပါ ဂုဏ်သိက္ခာ တက်လာမှာ သေချာပါတယ်။ အာရှဒေသ ငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ကြီးက တကယ့်ကို ထိထိရောက်ရောက် အကျိုးပြုရာလည်း ရောက်သွားမှာ ဖြစ်ပါတယ်။”

မြန်မာ့အရေးဆောင်ရွက်နေတဲ့ AIPMC လို့ ခေါ်တဲ့ အာဆီယံအမတ်များအဖွဲ့ရဲ့ ပြောခွင့်ရ ထရီဆာ ကော့်က် (Tresa Kok) ကလည်း အင်ဒိုနီးရှား နိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာခဲ့ရင်၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အခုထက်ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်ပေးဖို့ လိုအပ်သလို အခုထက်ပိုပြီး ပြောဖို့ ဆိုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ တက်တက်ကြွကြွပါဝင် လှုပ်ရှားနေပါပြီ။ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ တခြား အာဆီယံနိုင်ငံတွေကို ဦးဆောင်ပြီးတော့ မြန်မာ စစ်အစိုးရကို ဖိအားတွေ ပေးနိုင်အောင် လုပ်သွား လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

မြန်မာအာဏာပိုင်တွေနဲ့သာမက ဒေသတွင်း အင်အားကြီး နိုင်ငံတွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် သြဇာ ညောင်းတဲ့ တရုတ် အစိုးရကို မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်ပေါ်စေဖို့ ဖိအား ပေးသင့်တဲ့အပြင် အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေကို မြန်မာနိုင်ငံနဲ့ ကုန်သွယ် ရင်းနှီးမြှုပ်နှံမှုတွေမှာ ဆုပေး ဒဏ်ပေးပုံစံမျိုး လုပ်လာအောင် ကြိုးပမ်း သင့်တယ်လို့လည်း ပြောပါတယ်။

“ကုန်သွယ်ရေးနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကတဆင့်လည်း လုပ်နိုင်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ အာဆီယံနိုင်ငံ တွေကြား စီးပွားဆက်ဆံရေးက တဆင့်ပါ။ သံတမန် ဆက်သွယ်ရေး ကနေလည်း တဆင့် လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ပေါ်အောင် တွန်းအားပေးတဲ့အနေနဲ့ အာဆီယံဘက်က ဆုပေး ဒဏ်ပေးစနစ်ကို ကျင့်သုံးသင့်ပါတယ်။”

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ အတွက် ဆောင်ရွက်ဖို့ ကြိုးစားလာချိန်ဟာ မြန်မာ စစ်အစိုးရအပေါ် အနောက်နိုင်ငံတွေက တိုက်ရိုက် တွေ့ဆုံမှုတွေနဲ့ ပျော့ပြောင်းစွာ ဆက်ဆံလာချိန်ြ ဖစ်သလို အာရှနိုင်ငံတွေက ဝေဖန်မှုတွေ တိုးလာနေချိန်လည်း ဖြစ်ပါတယ်။


Ref: VOA News

Read More...

ဘိန်းဘုရင်ဝေရှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင်

ကိုဇော်ဝင်းလှိုင်
ဝါရှင်တန် ဒီစီ ဗုဒ္ဓဟူး, 15 ဒီဇင်ဘာ 2010

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က မူးယစ်မှောင်ခိုကူးသူ ဝေရှောက်ခန်ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၂ သန်း အထိ ဆုငွေ ပေးမယ်လို့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ DEA နဲ့ ထိုင်း မူးယစ် နှိမ်နင်းရေး အဖွဲ့တို့က ကြေညာချက် ထုတ်ပြန် ထားပါတယ်။ သူ့ပုံပါတဲ့ ဘီယာခွက်တွေ၊ မီးချစ်တွေနဲ့ တခြား လက်ကမ်း စာဆောင်တွေကိုလည်း ထိုင်းနိုင်ငံအတွင်း သူသွားတတ်တဲ့ နေရာတွေနဲ့ ထိုင်းမြန်မာ နယ်စပ်ဒေသ တလျှောက်မှာ ဖြန့်ဝေထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်းမူးယစ်နှိမ်နင်းရေး အဖွဲ့တွေက ၀ မူးယစ် မှောင်ခို ခေါင်းဆောင် ဝေရှောက်ခန် (Wei Hsueh Kang) ကို ဖမ်းမိရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းအထိ ပေးမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ပူးတွဲ သတင်း ကြေညာချက် ထုတ်ပြန် ထားပြီးသားပါ။

အခုရက်ပိုင်းကျမှ သူ့ကို ဖမ်းမိနိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဘီယာခွက်တွေ၊ ပိုစတာတွေ၊ လက်ကမ်း စာစောင်တွေ၊ မီးခြစ်တွေမှာ သူ့ပုံတွေကိုကပ်ပြီး အရှိန်မြှင့် လုပ်ဆောင်လာနေတာနဲ့ ပတ်သက်လို့ DEA အရှေ့အာရှရေးရာ ညွန်ကြားရေးမှူး Tom Pasquarello က ရှင်းပြပါတယ်။

သူပြောသွားတာကတော့ - "ဝေရှောက်ခန် ဦးဆောင်နေတဲ့အဖွဲ့ဟာ အင်မတန်ကြီးတဲ့ အဖွဲ့အစည်း တခုပါတဲ့။ သူတို့ အဖွဲ့ အနေနဲ့ ဘိန်း၊ မက်သမ်ဖက်တာမဲင်းနဲ့ တခြား ထောင်နဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်နိုင် တဲ့ အဖွဲ့ဖြစ်ပါတယ်တဲ့။ မစ္စတာ ဝေရှောက်ခန် ကတော့ အဲဒီအဖွဲ့ကို နောက်ကွယ်ကနေ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ် ကွပ်ကဲ ပေးနေသူဖြစ်သလို ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်လို့ ပြောသွားတာပါ။ ”

သူ့ကို ဖမ်းမိနိုင်ဖို့ အမေရိကန်နဲ့ ထိုင်းအာဏာပိုင်တွေက အပတ်တကုတ် ကြိုးပမ်းနေကြပေမဲ့ သူဘယ်မှာ ရှိတယ် ဆိုတာကိုတော့ သူတို့ အနေနဲ့ သိထားတဲ့အကြောင်း Tom Pasquarello က ဆက်ပြောပါတယ်။

“သူမြန်မာပြည်ထဲမှာ ရှိနေပါတယ်တဲ့။ သူဘယ်မှာရှိတယ်ဆိုတာကို ကျနော် အကြမ်းဖျဉ်း အားဖြင့်တော့ သိထား ပါတယ်တဲ့။ ဒါကြောင့်လည်း သူ့ရဲ့ သွားလာ လှုပ်ရှားနိုင်တဲ့ နယ်မြေဟာ ကျဉ်းနေပါပြီတဲ့။ ဒါကြောင့် အခု လုပ်ဆောင်နေတဲ့ အစီအစဉ်က အရမ်းကို အရေးပါ ပါတယ်တဲ့၊ ဘာကြောင့်လဲ ဆိုတော့ အခုလို လုပ်လိုက်တဲ့ အတွက် မစ္စတာ ဝေရှောက်ခန် အနေနဲ့ တနေရာကနေ တနေရာကို ရွှေ့ပြောင်းသွားလာဖို့ ခက်ခဲ စေပါတယ်တဲ့။ သူဘယ်မှာ ရှိတယ်ဆိုတာကို ကူညီ ပြောပြပေးနိုင်မယ့် အစီအစဉ်တွေ သူတို့မှာ ရှိပါတယ်လို့ ပြောသွားတာပါ။ ”

အမေရိကန်နဲ့ ထိုင်းအစိုးရတို့က ဝေရှောက်ခန်ကို ဖမ်းဆီးနိုင်ဖို့ အခုမှ အရှိန်မြှင့် လုပ်ဆောင် နေတာဟာ အချိန်အခါ မှားနေတဲ့ အကြောင်းနဲ့ သူတို့အနေနဲ့ ဝေရှောက်ခန်ကို ဘာကြောင့် ပစ်မှတ်ထား ဖမ်းဆီးဖို့ ကြိုးစား ရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှမ်းသံတော်ဆင့် သတင်းစာက အယ်ဒီတာ ဦးခွန်ဆိုင်းက ရှင်းပြပါတယ်။

ဝေရှောက်ခန် မြန်မာနိုင်ငံအတွင်း ၀ အထူး အုပ်ချုပ်ရေးဒေသမှာ ရှိနေတယ် ဆိုတာကို အမေရိကန်ရော၊ ထိုင်း အာဏာပိုင်တွေ အပါအ၀င် မြန်မာ စစ်အစိုးရကပါ သိနေတဲ့ ကိစ္စပါ။ ဒါကြောင့်လည်း ဝေရှောက်ခန်ကို ဖမ်းမိနိုင်ရေး အတွက် မြန်မာ စစ်အစိုးရ ဖက်က အပေးအယူ လုပ်ဖို့ အခွင့်လမ်းကောင်း တခုပဲလို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

လောလောဆယ်မှာ ၀ ဒေသက ဘိန်းစိုက်ပျိုးတာမလုပ်တော့သလို အဲဒီနောက်ဆက်တွဲ အဖြစ် ဘိန်းထုတ် လုပ်မှုလည်း နည်းနေတာကြောင့် ဘိန်းမှောင်ခိုကူးတဲ့ လုပ်ငန်းမှာ ဝေရှောက်ခန် အပါအ၀င် ၀ တပ်ဖွဲ့ရဲ့ အခန်း ကဏ္ဍဟာ အရင်လောက် ထိပ်မှာ မရှိတော့ဘူးလို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း ယာဘအပါအ၀င် တခြား စိတ်ကြွဆေးပြားတွေထုတ်လုပ်တဲ့နေရာမှာတော့ ၀ တပ်ဖွဲ့ဟာ နံပတ်တစ် အဆင့်မှာ ရှိနေသေးပြီး သူတို့ထုတ်တဲ့ ဆေးပြားတွေဟာလည်း တခြား မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေထက် ပိုပြီး ဈေးကောင်း ရနေတုန်းပဲလို့ ဆိုပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ တရုတ်လူမျိုး ဝေရှောက်ခန်အပါအ၀င် တခြား ၀ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ ၈ ယောက်ကို အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရရဲ့ နယူးယောက်မြို့ အရှေ့ပိုင်း ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)

ရော်နီညိမ်း
တနင်္ဂနွေ, 12 ဒီဇင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၈)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး၊ ပြည်ပကို ထွက်ခွါလာခဲ့သူကတော့ မြန်မာ့ တပ်မတော်မှာ စစ်အင်ဂျင်နီယာ အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော် နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁) က ကျောင်းဆင်း ခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြား ချက်တွေကို ဒီသီတင်းပတ် ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး စိုင်းသိန်းဝင်းခင်ဗျာ။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကို ကျနော်တို့ ကို အရင်ဆုံး ပြောပြပေးပါ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် အမှတ်(၁) သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံမှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ စက်ရုံက ကျနော်တို့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ မဆိုင်ဘူး ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကပစ နဲ့ မဆိုင်ပါဘူး။ သူက “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသန ဌာနချုပ်” ရဲ့ လက်အောက်ခံ တပ် ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးတို့ ခေါ်ကြတာ “သသန” ဆိုတဲ့ဟာလား မသိဘူး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အတိုကောက် သသန လို့ခေါ်ပါတယ်။ ကျနော်တို့ စက်ရုံကိုတော့ အတိုကောက် သနလ(၁) လို့ ခေါ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အရှည်က ဘယ်လိုပါလဲခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံပါ။

ဦးရော်နီညိမ်း။ ။ သသန က အရာရှိချုပ်လား ဒါမှမဟုတ် ညွှန်ကြားရေးမှူးလား မသိဘူးခင်ဗျ၊ နေပြည်တော် စစ်ရုံးမှာ ထိုင်တာလေ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဌာနချုပ်မှူး လို့ ခေါ်ပါတယ် ခင်ဗျ။ တပ်မတော်သိပ္ပံနှင့်နည်းပညာ သုတေသန ဌာနချုပ်၊ ဌာနချုပ်မှူး ပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ Major General post နဲ့ တူတယ်နော်။ ဗိုလ်ချုပ် post နဲ့တူတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်ခင်ဗျာ Major General ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဗိုလ်မှူး မြန်မာနိုင်ငံထဲကနေ ထွက်လာတာကိုတော့ အားလုံးက သိထား ပြီးပြီပေါ့နော်။ ဗိုလ် မှူးပြောတဲ့ ဒီ Al Jazeera နဲ့ ပြီးခဲ့တဲ့ ဇွန်လ တုန်းက လွှင့်ထုတ်ခဲ့တာတွေ၊ ဗိုလ်မှူး ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Robert Kelley ၊ IAEA (ကုလသမဂ္ဂ အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ International Atomic Energy Agency) က တာဝန်ရှိလူကြီး ဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ Mr. Kelley ရဲ့ပြောပြချက် တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ နိုင်ငံထဲမှာ မြန်မာ စစ်အစိုးရဟာ အနုမြူဗုံး အနုမြူလက် နက်အထိ ထုတ်လုပ်ဖို့ ကြံစည်နေတယ် ဆိုတဲ့ အထောက် အထားတွေကို ဗိုလ်မှူး ရနိုင်သလောက် ယူလာခဲ့တယ်လို့ ကျနော်တို့က နားလည်သ ဘောပေါက် ထားပါတယ်။ အဲဒါတွေကိုလည်း ဒီ Robert Kelley နဲ့ စစ်ဆေးပြီးတော့ ကမ္ဘာက သိအောင် ထုတ်ဖော်ပြောကြား ပြသတယ်ပေါ့ နော်။ အခု ဗိုလ်မှူးနဲ့ ပတ်သက်ပြီးတော့ ဒီဇင်ဘာလ(၆)ရက်နေ့က မြန်မာ သတင်းစာထဲမှာ ပါပြီးတော့၊ အမေရိကားက PBS (Public Broadcasting Service) အသံလွှင့်ဌာန နဲ့ သြစတြီးယား (Austria) က ProPublica မဂ္ဂဇင်းတွေကနေ ရေးသားကြတဲ့ ကိစ္စမှာ၊ ဗိုလ်မှူးရဲ့ ပြောကြားချက် တွေကို ထပ်ဆင့်ပြီးတော့ Robert Kelley ရဲ့ ထောက်ခံချက်တွေကို သူတို့က ပယ်ချပြီး ပြောပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အသေးစိပ် မသွားခင်မှာ ဗိုလ်မှူးအနေနဲ့ ခြုံငုံပြီးတော့ ဘာများ ပြန်ပြောချင်ပါသလဲ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ရှေ့နေကောင်းလို့ရှိရင် ဘယ်အမှုပဲဖြစ်ဖြစ် ကွင်းလုံးကျွတ် လွတ်မယ် ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူးခင်ဗျ။ အခု သူတို့ PBS ၊ ProPublica ကနေပြီး ပြန်ချေပတာ ကတော့ ချေပတာပေါ့။ ဒါပေမယ့် ဒီအဖြစ်မှန်ကို သိတာက ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေ ရာနဲ့ ထောင်နဲ့ ချီပြီးရှိပါတယ်။ နောက်ထပ် လူသက်သေ၊ ပစ္စည်းသက်သေ ထွက်လာဖို့ ရှိပါတယ်။ အခု ProPublica ကနေပြီးတော့ ဒါကို မှားတယ် လို့၊ သူတို့ က “Robert Kelley မှားတယ်၊ ကျနော်မှားတယ်” ဆိုပြီးတော့ ပြောထားတဲ့ ဥစ္စာလေး တွေကတော့၊ သူတို့ အနေနဲ့ ကောက်ချက်ချတာ စောတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်တို့က စဉ်းစားရတာပေါ့လေ၊ ဆိုလိုတာက Robert Kelley နဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းတို့ ပြောဆို ထားချက်တွေကို ဟုတ်မဟုတ် စစ်ဆေးဖို့ ဆိုပြီးတော့ IAEA မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်လို့ ဆိုတယ်။ နောက် တခါ ဗိုလ်မှူးယူလာတဲ့ ဓါတ်ပုံထဲမှာပါတဲ့ စက်ကြီးတွေနဲ့ ပတ်သက်ပြီးတော့ “ဒါဟာ အနုမြူဗုံး လက်နက် စီမံကိန်းမှာ သုံးတာ မဟုတ်ဘူး။ ဂျာမန် အစိုးရပိုင်းကလည်း သူတို့ ဒီစက်တွေကို စစ်ဆေးပြီးသားပါ” ဆိုတဲ့ ဟာမျိုး ပြောသွားတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့၊ အဲဒါတွေကကော အဲဒီမှာ ပြောတဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ သူလည်းပဲ အရင်တုန်းက IAEA ရဲ့ ဒု ညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ Olli Heinonen ရဲ့ပြောဆိုချက်၊ သူတို့ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ specifically ပေါ့နော် ကျနော် ပြန်ပြီး မေးကြည့်ချင်ပါတယ်။ အဲဒီစက်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာ ပြောချင်ပါသလဲ ခင်ဗျ။ ဒီစက်ကြီး ရောက်လာတဲ့ အချိန်မှာ ဒီစက်ကြီးကို run လုပ်တာတို့ စစ်ဆေးတာတို့ကို ဗိုလ်မှူးနဲ့ အတူ ပါရှိနေတဲ့ဟာကိုပါ ကျနော်တို့ ဒီ Al Jazeera ရုပ်မြင် သံကြားမှာ မြင်ခဲ့ရတယ်လေ။

(Al Jazeera ရုပ်မြင်သံကြား။ ။ Myanmar's Military Ambitions

http://english.aljazeera.net/programmes/general/2010/05/201053110470990951.html)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ CNC စက်တွေပါခင်ဗျ၊ အတိုကောက် ပြောမယ် ဆိုရင်တော့။ Computerized Numerical Control (ကွန်ပျူတာ ကိန်းဂဏန်းများဖြင့် ထိန်းချုပ်သည့် တွင်ခုံစက်တစ်မျိုး)။ အဲဒီစက်တွေက Turning & Milling တွင်ခုံ (ကွန်ပျူတာဖြင့် တွင်ခုံလုပ် ငန်း ပြုလုပ်ခြင်း) အမျိုးအစားတွေပါပဲ။ အဓိက သူ အားသာတာ ကတော့ designတွေကို၊ ကွန်ပျူတာထဲမှာ graphic designတွေကို အရင်ဆုံး ပုံစံ model တွေကို တည်ဆောက်ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီး program ဆွဲ၊ ဆွဲပြီး ရလာတဲ့ program တွေကို စက်မှာ ပြန်ပြီး ခိုင်းစေ လို့ရတယ်ပေါ့။ အဲဒီသဘောမျိုးပါ၊ အဲဒီစက်တွေက အဓိက ကတော့ ဘယ်လို ပစ္စည်းမျိုးကိုမဆို ပေါ့ နော်။ လုပ်နိုင်တဲ့ စက်တွေပါပဲ။ ဒါတွေက နျူကလီးယားဗုံး လုပ်မယ့် စက်တွေ rocket လုပ်မယ့်စက်တွေလို့ သွားပြောလို့တော့ မရဘူးပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆိုလိုတာက ထုတ်လုပ်ချင်တဲ့ ပစ္စည်းမျိုးကို ဘယ်ပစ္စည်းမျိုး ထုတ်လုပ်မယ် ဆိုတာ အရင်ဆုံး design ဆွဲ ပေးတဲ့နေရာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ အထောက်အကူ ပေးတဲ့ စက်ပစ္စည်းမျိုး သဘောပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒါ Machine Shop (စက်ပစ္စည်း အလုပ်ရုံ) ဆိုတော့ ဒီ စက်ရုံကနေ ထွက်တဲ့ ပစ္စည်းတွေဟာ ကား အစိပ်အပိုင်းတွေလည်း ဖြစ်နိုင်တယ်။ ကားအ စိပ်အပိုင်း ဖြစ်သွားမယ် ဆိုရင်လည်း ကားပစ္စည်း ထုတ်လုပ်ရေး စက်ရုံပေါ့။ မီးရထားနဲ့ဆိုင်တဲ့ ပစ္စည်းတွေ ထုတ်မယ် ဆိုလည်း ဒါ မီးရထား စက်ပစ္စည်းဆိုင်ရာ ပစ္စည်း ထုတ်လုပ်ရေး စက်ရုံပေါ့။ ကျနော်တို့က rocket အတွက် သုံးမယ်ဆိုရင်လည်း rocket အတွက် ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်တွေလို့ပဲ ကျနော်တို့ အကြမ်းဖျဉ်းပြောလို့ ရမှာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးက ရုရှ နိုင်ငံမှာ သင်ယူလာခဲ့တာက rocket နဲ့ ပတ်သက်တာ ဒုံးကျည်ပေါ့ နော်၊ အခု ပြောနေတဲ့ အတိုင်းဆိုရင်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒီ ဒုံးကျည်ပညာနဲ့ပတ်သက်လို့ရှိရင် အခုသူတို့ ပြောနေတဲ့ ဂျာမနီက ၀ယ်ယူလိုက်တဲ့ စက်ကြီးဟာ ဒုံးကျည် rocketနဲ့ ပတ်သက်ဖို့ရာအကြောင်း မြင်ပါသလား။ ဗိုလ်မှူးရဲ့ သင်ကြား တတ်မြောက်လာတဲ့ ပညာ အရရော၊ ကိုယ်ကိုယ် တိုင်လုပ်နေရတဲ့ အတွေ့ အကြုံအရရော၊ အဲဒီအချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိကရည်မှန်းချက်ကတော့ ဒီ rocket engine ရဲ့ အစိပ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စက်သာ အပြည့်အ၀ ရလာခဲ့မယ်ဆိုရင်၊ ကျနော်တို့ လုပ်ချင်တဲ့ အစိပ်အပိုင်းကို အပြည့်အ၀ လုပ်နိုင်မှာပေါ့။ အခုဟာက ကျနော်တို့ ၀ယ်လာတဲ့စက်တွေမှာ control ပိုင်းဆိုင်ရာ တစ်ချို့ module တွေကို ဖြုတ်ချထားတာရှိတယ်။ (modular = မတူညီတဲ့ ယူနစ် များစွာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခု။ module = modular ထဲက ယူနစ်တစ်ခု။ အစိပ်အပိုင်းများစွာပါဝင်တဲ့ ပစ္စည်းတစ်ခုထဲက အစိပ်အပိုင်း ပါ။ ဥပမာ modular က ‘အိမ်’ ဆိုလျှင်၊ ဧည့်ခန်းဟာ အိမ်ထဲက module တစ်ခု)။ ဒီ ဂျာမန်ကုမ္ပဏီ ကနေပြီးတော့ sanction (အနောက်နိုင်ငံ များ၏ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု) ကြောင့်မို့လို့ ပိတ်ထားတဲ့ အစိပ်အပိုင်းတွေပေါ့ဗျာ။ အဲဒီ အစိပ်အပိုင်း၊ အထူး special အစိပ်အပိုင်းတွေကို သူတို့က ထည့်မပေးလိုက်ဘူး။ အဲဒီ control unit တွေကိုပေါ့။ အဲဒါ တွေကိုလည်း ကျနော် တခါက သူတို့ရဲ့ technician ကို ကျနော်မေးကြည့်တယ်။ 5 axis control ကို ဘာလို့ မရောင်း တာလဲလို့ မေးတော့ အဲဒီ စင်္ကာပူ technician က ဘာပြော သလဲဆိုတော့၊ “မင်းတို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ ရောင်းမယ်” တဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကိုပြောလိုက်တာတော့၊ တခါ ကြားလိုက်ပါ တယ်။ (5 axis control = 5 axis CNC machines တွေရဲ့ control ပိုင်းများ။ မျက်နှာပြင် (၅) ခုမှာ ရွေ့လျှားနိုင်တဲ့ 5 axis CNC machines မှာ၊ ပုံမှန် machine တွေထက် axis နှစ်ခု အပို ပါဝင်သည်။ ဥပမာ X axis - ဘယ် နှင့် ညာ ၊ Y axis - အရှေ့ နှင့် အနောက်၊ Z axis - အပေါ် နှင့် အောက်၊ A axis - horizontal plane မှာ နာရီလက်တံ နှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း၊ B axis - vertical plane မှာ နာရီလက်တံနှင့် နာရီလက်တံ ပြောင်းပြန်လည်ခြင်း တို့ဖြစ်ပါတယ်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါက ကားတွေဝယ်လို့ရှိရင် basic အခြေခံပါရမယ့် ပစ္စည်းတွေနဲ့ ရောင်းတာက တစ်ဈေး၊ ပြီးတော့ ကား ထဲမှာ ဒီလိုမျိုး ဟောင်းလောင်းအပေါက်ကလေးတွေ အများကြီးပဲ၊ ကိုယ်က နောက်ထပ်တစ်ခု option ဟိုဟာ ထပ်ထည့်ချင်တယ် ဒီဟာ ထပ် ထည့်ချင်တယ် ဆိုရင်၊ အဲဒီအခါကျမှ ထပ်ပြီးထည့်လို့ရအောင် fixလုပ်လို့ရအောင် လုပ်ထားတဲ့ နေရာလေးတွေ ရှိတယ်။ အဲဒီတော့ အဲဒီစက်မှာ လည်း ဗိုလ်မှူးပြောတဲ့အတိုင်းဆို ဒီသဘောမျိုးပဲပေါ့။ ခုနပြောတဲ့ နောက်တဆင့်၊ ဒုံးကျည်ထုတ်လုပ်တဲ့အဆင့်ထိ လုပ်ရမယ့်နေရာမျိုး ထည့်မယ် ဆိုရင်လည်း၊ အဲဒီ ဟာမျိုး အဲဒီ program မျိုး ထည့်မယ်ဆိုရင်လည်း၊ အဲဒီ program မျိုး ထည့်ဖို့အတွက် ကျနော်တို့ အရပ်စကားနဲ့ ပြောမယ် ဆို နေရာလပ်တွေတော့ ချန်ထားတဲ့ စက်မျိုးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါပဲ။ ဟုတ်ကဲ့။

ဦးရော်နီညိမ်း။ ။ ခုနက စင်္ကာပူက agent ကတဆင့် ပြောလိုက်တာက “မင်းတို့ဆီက ဒေါ်အောင်ဆန်းစုကြည် ကို မင်းတို့ စစ်အစိုးရက လွှတ်ပေးမှ တို့က ရောင်းမှာပေါ့ကွ” ဆိုတဲ့ သဘောမျိုးပြောတာက၊ ဒါကတော့ သူက informalပေါ့နော်၊ အလွတ်သဘော ပြောတာနဲ့ တူပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။ informal သဘောမျိုးပါပဲ။ သူကလည်း ဒီလောက် အဆုံးအဖြတ် ပေးနိုင်တဲ့ လူရယ်လို့ မဟုတ်ပါ ဘူး။ သူက openly ပြောတတ်တဲ့ လူတစ်ယောက်မို့လို့၊ ဒါကို နားလည်အောင် သူက တိုတိုနဲ့ လိုရင်း ရှင်းပြပေး လိုက်တာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူး ၊ အဲဒီတော့ ကျနော်တို့ ဒီစက်ကိုပြောရင်းနဲ့ ပြန်ကောက်ရအောင်။ ဗိုလ်မှူးရဲ့ တာဝန်နဲ့ အဲဒီ ဗိုလ်မှူးလုပ် ခဲ့တဲ့ စက်ရုံရဲ့တာဝန်။ အဲဒီတော့ ဗိုလ်မှူးက အဲဒီစက်ရုံကို ရောက်သွားတဲ့ အဓိက တာဝန်ပေး အပ်ချက်က ဘာလဲ ခင်ဗျ။ ကျနော်တို့ စစ်ရုံးက၊ သသန က၊ ဗိုလ်မှူးကို ခေါ်ပြီးတော့ အဲဒီနေရာကို posting ပေးလိုက်တဲ့အခါမှာ ဘယ်လို အမိန့်ပေးလိုက်လဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့စက်ရုံရဲ့ အဓိကရည်မှန်းချက်တွေက ဒီ ‘သပိတ်ကျင်း သိပ္ပံနှင့် နည်းပညာတပ်’ က လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာ အစိပ်အပိုင်းတွေကို ထုတ်လုပ် ပေးဖို့ အတွက်၊ ဒီစက်ရုံတွေကို တည်ထားတာပါ။ ဒီ ‘သပိတ်ကျင်းတပ်’ က ပစ္စည်းတွေက တော့ ပြည်ပမှာ ၀ယ်လို့ မရနိုင်ဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဘာသာ ထုတ်လုပ်နိုင်မှဖြစ်မယ်၊ ပြည်တွင်းမှာ ကိုယ့်ဘာသာ ထုတ်လုပ်နိုင်အောင်၊ အမှီအခို ကင်းမဲ့စွာ ထုတ်လုပ်နိုင်အောင်၊ ဆိုပြီးတော့ ဒီစက်ရုံတွေကို တည်ထားတာပါ။ ကျနော်တို့ကို အဲဒီမှာ တာဝန်ချလိုက်တဲ့အချိန်ကလည်း ‘သပိတ်ကျင်းတပ်’ ရဲ့ လိုအပ်တဲ့ ပစ္စည်းအစိပ်အပိုင်းတွေကို အချိန်မှီ ထုတ်လုပ်ပေးဖို့၊ အရည်အသွေးမှီမှီ ထုတ်လုပ်ပေးဖို့၊ လျှို့ဝှက်ချက်တွေကို လည်း ထိန်းနိုင်ဖို့ပေါ့။ အဲဒီလိုမျိုး မှာလိုက်တာတွေ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ‘သပိတ်ကျင်းတပ်ရင်း’က အပြင်မှာ အရပ်ထဲမှာ ပြောပြောနေတဲ့ ‘နျူကလီးယား တပ်ရင်း’ ဆိုတာပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီနားက ကျေးရွာတွေတ၀ိုက် မြို့တွေရွာတွေကတော့ သပိတ်ကျင်းက တပ်ကို အရပ် စကားနဲ့ အလွယ်ပဲ ‘နျူကလီးယား တပ်ရင်း’လို့ ပြောနေကြတာပေါ့။ အဲဒီတော့ ဗိုလ်မှူးရဲ့အဆင့်နဲ့ တကယ့်‘သသန’ ရဲ့ ရည်ရွယ်ချက်၊ ‘သသန’ ရဲ့ အရာရှိ ချုပ်တို့ နောက် သူ့အပေါ်၊ အထက်က ရှိတဲ့ ကကကြည်း (ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး)တို့ ဘာတို့က ပါ၊ တကယ့် ရည်ရွယ်ချက်က ဒီ ‘သသန’ က ဘာလုပ်ဖို့လဲ၊ ဗိုလ်မှူးတို့ တရားဝင် သိထားတာရော တရားမ၀င်ပေမယ့် ကိုယ်ကတော့ နားလည်နေတယ်၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီသဘောမျိုး ကျနော်တို့ကို နည်းနည်းရှင်းပြလို့ ရမလား။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တကယ်တမ်း ဘာလုပ် ချင်တာလဲ၊ ဒီ ‘သသန’ တို့ ဘာတို့နဲ့။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့၊ တပ်မတော်အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို သုတေသန လုပ်ဖို့ အတွက် research center (သုတေသနဌာနကြီး)ကို ထောင်လိုက်တာပါ။ အဲဒီမှာ ဌာနတွေ ရှိပါတယ်။ ဌာနနံမည်တွေ ကြားလိုက်လို့ရှိရင်၊ ဒါ ပိုပြီးတော့နားလည် သွားပါလိမ့်မယ်။ ဥပမာ၊ ဌာနတစ်ခုဆိုရင် “မဟာဗျူဟာမြောက် လက်နက်ကြီးများ သုတေသနဌာန (ကြည်း-ရေ-လေ)” ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဌာနနံမည်ကိုက အစ၊ မဟာဗျူဟာမြောက်လက်နက်ကြီး (ကြည်း-ရေ-လေ) ဌာနလို့ တပ်ထားတော့၊ ဒီ မဟာ ဗျူဟာမြောက် လက်နက် မြန်မာစစ်တပ်က ပြောဆို သတ်မှတ်တာဟာ၊ အခု အမေရိကန်နဲ့ ရုရှ ပြန်ပြီး ချုပ်ဖို့လုပ်နေတဲ့ START (Strategic Arms Reduction Treaty - မဟာဗျူဟာမြောက် လက်နက်ကြီးများ လျှော့ချရေးစာချုပ်) လိုဟာမျိုးလား။ ဒုံကျည်တွေနဲ့ ဒုံးကျည်ပစ်စင် အရေ အတွက်တွေနဲ့၊ တကယ့်ကို တတိုင်းပြည်လုံး ပြာကျသွားနိုင်တဲ့ ဒီလိုမျိုး လက်နက်တွေအထိ၊ ဒီလိုမျိုး ထိပ်ဖူးတွေအထိ၊ ထုတ်ဖို့ အထိ ရည်ရွယ် ထားတဲ့ ဌာနပါလား ခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လောက်ထိ သိရှိထားပါသလဲ။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဆိုလိုတာက ‘မဟာဗျူဟာမြောက် လက်နက်ကြီးများ သုတေသနဌာန’ တပ်မတော် (ကြည်း) အတွက်၊ တပ်မ တော်(ရေ) အတွက်၊ တပ်မတော်(လေ) အတွက်၊ ဆိုပြီးတော့ အဲဒီလိုမျိုး ခွဲထားတဲ့ ဌာနပါ။ အဲဒီမှာ မဟာဗျူဟာမြောက် လက်နက်တွေထဲမှာ rocket ပါတယ်။ နျူကလီးယားပါတယ်။ နောက် ဌာနတစ်ခုဆိုရင် main frame computer တည်ဆောက်ဖို့ပေါ့။ အဲဒီလို research ဌာနတွေ ကိုပါ ထည့်ပြီးတော့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကျနော့်ရဲ့အတွေ့အကြုံ ဆိုလို့ရှိရင်တော့၊ ကျနော်တို့ ရုရှကို သွားကတည်းကိုက ကျနော်တို့ သင်ရတဲ့ ဘာသာရပ်တွေက၊ rocket နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ nuclear reactor တည်ဆောက်မှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေချည့်ပဲ တက်ရပါ တယ်။ ကျောင်းတော့ ကွဲသွားတာပေါ့။ ဒါပေမယ့် တက်ရတဲ့ subject တွေက အတူတူပဲ။ ဥပမာ ကျနော် Bauman (Bauman Moscow State Technical University) တက္ကသိုလ်မှာ ကျနော်က rocket engine design နဲ့ တက်တယ်။ ပြီးတော့ အဲဒီ Bauman တက္ကသိုလ်မှာ ပဲ၊ တချို့ကျောင်းသားတွေက ဒုံးပျံနည်းပညာကို တက်တယ်။ တချို့က nuclear reactor engineering ကိုတက်တယ်။ အဲဒီ တချိန်တည်းမှာ ပဲ Russia Chemical University (D. Mendeleyev University of Chemical Technology of Russia – MUCTR ဟုလည်းခေါ် သည်။ ၁၈၆၉ မှာ Periodic Tableကို တီထွင်သူ ရုရှသိပံ္ပပညာရှင် Dmitri Mendeleyev ကို ဂုဏ်ပြုတည်ထောင်ထားသော တက္ကသိုလ်) ကျနော့်သူငယ်ချင်း တချို့ကကျတော့ ဒုံးပျံလောင်စာနဲ့ ပတ်သက်တဲ့ subject တွေ သင်နေရတယ်။ ကျနော်တို့က mechanical engineer ဖြစ်တဲ့အတွက် rocket ဘာသာရပ် တက်ရတယ်။ nuclear ဘာသာရပ် တက်ရတယ်။ Chemical Engineering နဲ့ ဘွဲ့ရထားတဲ့ သူငယ်ချင်း တွေကျတော့၊ ဒုံးပျံလောင်စာတို့ nuclear နဲ့ ပတ်သက်တာတွေ လေ့လာရပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) က ကျောင်းဆင်း ခဲ့ပြီးတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြား ချက်တွေကို ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဆက်ပြီးတော့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။


Ref: VOA News

Read More...

လီကွမ်ယူက မြန်မာအစိုးရကို မိုက်မဲထုံထိုင်း ဒုံးဝေးသူများဟု ပြော

Wednesday, 15 December 2010 07

စင်္ကာပူ ၀ါရင့်ဝန်ကြီး လီကွမ်ယူက မြန်မာစစ်အစိုးရကို ‘မိုက်မဲ ထုံထိုင်းအန သူများ’ (stupid and dense) ဟု ပြောဆိုမှုပါသော အမေရိကန်သံရုံး လျှို့ဝှက် အစီရင် ခံချက်ကို ၀ီကီလိခ်မှ ယခုအပတ် ထပ်မံ ဖွင့်ချလိုက်သည်။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူနှင့် အရှေ့တောင်အာရှနှင့် ပိစိဖိတ်ရေးရာ အမေရိကန် လက်ထောက် တာဝန်ခံ Thomas Christensen တို့ ၂၀၀၇ ခုနှစ်တွင် ပြောဆို ဆွေးနွေးခဲ့တဲ့ စင်္ကာပူသံရုံး လျှို့ဝှက် အစီရင်ခံစာကို ယခုအပတ် ၀ီကီလိခ်စ်မှ ထပ်မံ ဖွင့်ချလိုက်ခြင်း ဖြစ်သည်။ သံရုံးလျှို့ဝှက် ပေးပို့ချက်တွင် လီကွမ်ယူက မြန်မာစစ်ခေါင်း ဆောင်တွေနဲ့ ဆက်ဆံရတာ “လူသေကောင်တွေကို ပြော နေရသလိုမျိုးပဲ” ဟု ပါရှိသည်။

စင်္ကာပူရှိ အမေရိကန် သံအမတ်ကြီး Patricia L.Herbold ရဲ့ ၀ါရှင်တန်သို့ ရေးသားပေးပို့ချက်တွင် လီကွမ်ယူက “တရုတ်ဟာ တခြား နိုင်ငံတွေထက်ပိုပြီး မြန်မာစစ်ခေါင်း ဆောင်များကို ဩဇာ အလွှမ်းမိုးဆုံး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပေါက်ကွဲ ပြိုလဲသွားရင် သူတို့ ရင်းနှီး မြှုပ်နှံမှုတွေ ဆုံးရှုံးမှာ တရုတ်တို့ အမြဲစိုးရိမ်ကြောင်း’’ပြောထားချက် ပါဝင်သည်။

လီက “စစ်ခေါင်းဆောင်တွေဟာ တန်ဖိုးကြီးလှတဲ့ မြန်မာ့သဘာဝရင်မြစ်တွေ အပေါ် အလွဲစီမံ ခန့်ခွဲနေကြောင်း၊ မြန်မာနိုင်ငံ အကျပ် အတည်းအတွက် ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းက ခပ်တုံးတုံး မဟုတ်တဲ့ နောက်ပေါက် စစ်တပ် အရာရှိငယ်တွေနဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အကြား အာဏာ ခွဲဝေမှုနဲ့ သွားမှဖြစ်နိုင်ကြောင်း” ပြောကြား ထားသေးသည်။

အသက် ၈၇ နှစ်ရှိ လီကွမ်ယူမှာ ၁၉၅၉မှ ၁၉၉၀ ခုနှစ်အထိ စင်္ကာပူဝန်ကြီးချုပ် ရာထူး ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ ၀န်ကြီးချုပ် သူ့သား လီရှိန်လွန်းကို အနီးကပ် အကြံပေးလျက်ရှိသည်။


Ref: မောက္ခ ဧရာဝတီ်

Read More...

အလင်းဝင် သတင်း ဖော်ပြချက် ၀ါဒဖြန့်ခြင်းဖြစ်ဟု DKBA ပြော

သန်းထိုက်ဦး
Wednesday, 15 December 2010

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တချို့ စစ်အစိုးရဘက် ကူးပြောင်း သွားသည့် သတင်းအား သတင်းစာများ၌ ဖော်ပြချက်သည် ၀ါဒဖြန့် လုပ်ရပ်သာ ဖြစ်သည်ဟု DKBA တပ်မဟာ (၅)မှ ဗိုလ်မှူးကြီး စောကျော်သက်က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က စစ်အစိုးရ သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) အကြမ်းဖက် သောင်းကျန်းသူ စောလားပွယ် အဖွဲ့မှ နိုင်လွင်၊ စောလှဒါး၊ စောအောင်ဆန်း၊ နော်တရာ၊ ချင်းလုံ၊ စောစိန်သန်း၊ စိုးမိုး ဦးစီးသော စုစုပေါင်း အင်အား ၅၁ ဦးတို့ သည် ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်နေ့ အထိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်းသို့ လာရောက် ပူးပေါင်းခဲ့ကြ ကြောင်း ဖော်ပြထားသည်။

သတင်းစာတွင် ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) DKBA တပ်မဟာ (၅) အဖွဲ့ကို KNU အကြမ်းဖက် သောင်းကျန်း သူ ဟု ဖော်ပြ ထားခြင်းသည် နအဖ နှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား အဖွဲများတွင် နအဖ ၏ အစီအစဉ်များကို မကြိုက် သဖြင့် ပြန်တိုက်သော အဖွဲ့မှာ DKBA ဖြစ်နေသည့် အတွက် ၎င်းတို့အား KNU ဟူ၍ သုံနှုန်း ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရ က နိုင်ငံရေး ထိုးနှက်ချက်အရ ယင်းသို့ တမင် သုံးနှုံးခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်သက်က ပြောဆိုသည်။

“နအဖ သတင်း စာထဲမှာ အခုပြန်တဲ့ လူတွေဟာ KNU အဖွဲ့ကလို့ ပြောတယ်။ ဒါက နိုင်ငံရေးအရ ထိုးနှက်တာ ဖြစ်တယ်။ နိုင်ငံတကာနဲ့ လူထုကို နအဖ လိမ်တာ အားလုံးသိတယ်။ DKBA တပ်မဟာ ၅ ဟာ သီးခြားရပ် တည်တဲ့ အဖွဲ့ ဖြစ်တယ်၊ KNU နဲ့ ပြန်လည် ပေါင်းစည်းမှု မရှိပေမယ့် သူတို့နဲ့ နားလည်မှု ယူထားတယ်”ဟု ၎င်းက ဆိုသည်။

သတင်းစာ၌ ယခု ပူးပေါင်းလာသည့် DKBA တပ်ဖွဲ့ဝင် ၅၁ ဦး ရှိကြောင်း ဖော်ထားသော်လည်း အမှန်တွင်၂၃ ဦးသာ ဖြစ်ပြီး လက်နက်များ ယူဆောင်သွားခြင်းလည်း မရှိကြောင်း ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။

“သူတို့ အဓိက ပြန်ကြတာက တောထဲမှာ ပင်ပန်း ဆင်းရဲမှု မခံနိုင်ကြဘူး၊ နောက်ပြီးတော့ သူတို့မှာက တိုက်တွေ ကားတွေ၊ ပိုင်ဆိုင်မှုတွေက များတော့၊ အမျိုးသားရေး အတွက် ဘာမှ မစွန့်လွှတ် နိုင်ကြလို့ ပြန်သွားတာ ဖြစ်တယ်။ ဒီလိုလူတွေ မြန်မြန် ပြန်တာ ကောင်းတယ်၊ မဟုတ်ရင် တော်လှန်ရေး အတွက် အနှောင့် အယှက်ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

စစ်အစိုးရ ထံသို့ ပူးပေါင်းလာသူများကို တာဝန်ရှိသူများက လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက် ပေးကြောင်း၊ KNU အဖွဲ့ အတွင်းတွင်လည်း ဥပဒေ ဘောင်အတွင်းသို့ ၀င်ရောက်လာရန် ကျန်ရှိနေကြောင်းလည်း အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုတပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာသူများ ရှိသကဲ့သို့ တချို့မှာ နီးစပ်ရာ အသိမိတ်ဆွေများ ထံနှင့် တော ထဲတွင် ပုန်းအောင်း နေကြရကြောင်း သိရသည်။

စစ်ပြေး ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) နှင့် တချို့NGO အဖွဲ့ ၀င်များ ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ ပေးကြောင်း အကူအညီ ပေးသူများက ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူ မြို့နယ်နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Wednesday, December 15, 2010

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

ဦးသားညွန့်ဦး
အင်္ဂါ, 14 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံတွင်း ဖမ်းဆီး ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုဟာ အကျဉ်းထောင်တွင်း အခြေ အနေတွေကြောင့် ကျန်းမာရေး ဆိုးဝါးမှုတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို မြန်မာအစိုးရ အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း မစ္စတာ ကင်တားနားက ထပ်မံ တောင်းဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့တုန်းက မော်လမြိုင်ထောင်မှာ နိုင်ငံရေး အကျဉ်းသား ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်နေမိန္ဒ ပျံလွန်တော် မူသွားတာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်တယ်လို့ မစ္စတာ ကင်တားနားက ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်းမာရေး ဆိုးဝါးနေတယ် ဆိုတဲ့ အခြား သတင်းတွေလည်း သူ ရရှိထားတယ်လို့ ဆိုပါတယ်။

ဒီ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာဇ၀တ် အကျဉ်းသားတွေ မဟုတ်ဘဲ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူ အကျိုး အတွက် အစိုးရကို အတိုက်အခံ လုပ်ပြီး အကျဉ်းကျ ခံရတာကြောင့် ဒီလူတွေ အမြန်ဆုံး ပြန်လွတ်လာဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက မကြာခင်ကပဲ ပြောခဲ့ပါတယ်။

“ဒီနှစ်ဆန်း ဖေဖော်ဝါရီ လတုန်းက မြန်မာနိုင်ငံက အကျဉ်းထောင် ၃ ခုကို ကျနော် ရောက်ခဲ့ပါတယ်။ အဲဒီက နိုင်ငံရေး အကျဉ်းသား တွေဟာ လူမှု အဖွဲ့အစည်းပိုင်းက ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ သီလရှင်တွေ၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဖြစ်ဖို့ ပြောဆိုကြသူတွေ ဖြစ်ကြပါတယ်။

“သူတို့ဟာ ရာဇ၀တ် အကျဉ်းသားတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ပြည်သူတွေအတွက် ကိုယ်စားပြု ဆောင်ရွက်သူတွေ၊ စစ်အစိုးရနဲ့ ပတ်သက်လို့ မိမိတို့ အမြင်ကို ထုတ်ဖော်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ကျနော် အမြဲပဲ တောင်းဆို နေရတာပါ။” လို့ မစ္စတာ ကင်တားနား ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား အချို့ကို လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ဆိုခဲ့ပေမဲ့ အခု အချိန်ထိ ဖြစ်မလာခဲ့ဘူး လို့လည်း မစ္စတာ ကင်တားနားက ထောက်ပြခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများဟာ မိမိတို့ မိသားစုတွေနဲ့ ဝေးလံတဲ့ နယ်ထောင်တွေမှာ ပြောင်းရွှေ့ခံထားရပြီး တချို့ဆို သွားရေး လာရေး ခက်တဲ့ နယ်စွန်နယ်ဖျား တွေမှာမို့ တနှစ်လုံးကိုမှ မိသားစုက နှစ်ခေါက် သုံးခေါက် လောက်သာ တွေ့နိုင် ကြပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှု အထောက် အကူပြု အဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးစောနိုင်းနိုင်းက နယ်ထောင်တွေမှာ ပြောင်းပို့ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ တွေဟာ စိုးရိမ်စရာ ရှိတယ်လို့ ပြောပါတယ်။

“အထွေထွေ အနေနဲ့ ပြောမယ်ဆိုရင်တော့ တော်တော်လေးကို စိုးရိမ်စရာ ရှိတယ်။ တချို့ဆိုရင် နှစ်ပေါင်း တော်တော် ကြာကြာ ရှိနေပြီ။ အဲဒီမှာ ဆေးကုသမှုနဲ့ အစာ အာဟာရ ချို့တဲ့မှုတွေ ရှိတာတော့ ကျန်းမာရေး အတွက် မကောင်းဘူးပေါ့ဗျာ။ ဝေးတဲ့ နေရာဆိုတော့ မိသားစုလည်း ၂ လ၊ ၃ လတခါမှ သွားတော့ အခက်အခဲ ရှိတယ်ဗျ။”

အခု ဒီလဆန်းပိုင်းက မော်လမြိုင်ထောင်မှာ အရှင် နေမိန္ဒ ပြန်လွန်တော် မူသွားပါတယ်။ သူက နိုင်ငံရေး အကျဉ်းသား တဦး ဖြစ်ပါတယ်။ အဲဒီတော့ နယ်ထောင်တွေမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲ။

“နယ်ထောင်တွေမှာဆိုရင် နယ်ထောင်က ထောင်ကြီးတွေလည်း ရှိတာပေါ့။ ဥပမာဆိုရင် သာယာဝတီ တို့လို၊ မန္တလေးတို့လို ထောင်ကြီး တွေပေါ့။ ထောင်လေးတွေ ကျတော့၊ ဥပမာ ခရိုင်အဆင့်လောက် ရှိတဲ့ဟာ၊ ဂ အဆင့်လောက် ရှိမှာပေါ့။ အဲဒီကျတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကတော့ တော်တော်လေးကို လိုအပ်မယ်လို့ ကျနော် ထင်တယ်။

“ခုန မော်လမြိုင်ကိစ္စ ပြောမယ်ဆိုရင် မော်လမြိုင် ဆိုတာကတော့ မြို့ကြီးပဲဗျာ။ ဆေးရုံကြီးလည်း ရှိတယ်ဗျာ။ ဆေးရုံကြီးလည်း ရှိပေမဲ့ ကုသမှု မပြုပေးဘူးလို့ ကျနော် ယေဘုယျ ကြားရတယ်။ ကွယ်လွန်တဲ့ ၈ ရက်နေ့၊ သဂြုင်္ိဟ်တဲ့ ၉ ရက်နေ့၊ ကျနော်တို့ ဒီမှာ သောကြာနေ့ ၁၀ ရက်နေ့မှာ သတင်း ရောက်လာတယ်။ ပြန်လွန်တော် မူသွားပြီတဲ့၊ ဆရာတော်က။ ကာယကံရှင် အသိတွေ ပြောတာတော့ သူတို့ ကုသမှု ခံယူဖို့ကို ပြောပေမဲ့ ဒီဥစ္စာကို လျစ်လျူရှုတဲ့ သဘောတွေ ကြားတယ်ဗျ။”

အရင်တုန်းကတော့ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်း ရှိတဲ့အခါကြတော့၊ သူတို့လည်း ထောင်ထဲ သွားခွင့်ရတော့ တစုံတရာ အကူအညီ ပေးနိုင်တယ်လို့ သိရပါတယ်။ အခု ICRC အခြေအနေရော သွားရောက်နိုင်တဲ့ အလားအလာရှိလား။ သူတို့ကရော ဘယ်လောက် အထိ ကူညီနိုင်လဲခင်ဗျ။

“ICRC ကတော့ ကျနော်ထင်တယ်၊ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ကျန်းမာရေးကိစ္စ အ၀၀နဲ့ အထွေထွေ ကိစ္စတွေကို လာရောက် စစ်ဆေးခွင့် မရတော့ဘူးဗျ။ ICRC က အရင်တုန်းက ဆိုရင် ဆေးတွေအများကြီး လှူတယ်ဗျ။ အင်းစိန် ဆေးရုံကြီးရော၊ နယ်ဆေးရုံကြီး တွေရော လှူတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့ ၀င်ခွင့်မရတော့ ဆေးဝါး ထောက်ပံ့မှုတွေလည်း မရှိတော့ဘူးပေါ့ဗျာ။ မရှိတော့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် ကျန်တဲ့ အကျဉ်းသားတွေလည်း တော်တော်လေးကို ဆေးဝါး ပြတ်လပ်မှုတွေ ရှိတယ်။”

ဒီဇင်ဘာ ၈ ရက်နေ့တုန်းက မော်လမြိုင်ထောင်မှာ ပျံလွန်တော်မူသွားတဲ့ အရှင်နေမိန္ဒ ကိစ္စနဲ့ ပတ်သက်လို့ AHRC ခေါ်တဲ့ အာရှ လူ့ အခွင့်အရေး ကော်မရှင်ကလည်း အခုလို ဆရာတော် ပျံလွန်တော် မူတာဟာ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ လျစ်လျူပြု ပေါ့ဆမှုကြောင့် ဖြစ်ရတာလို့ အပြစ်တင်ပါတယ်။ ကုသလို့ရတဲ့ အရေပြား ရောဂါကြောင့် ဆေးဝါး ကုသခွင့်ရဖို့ ဆရာတော်ဟာ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး အဲဒီနောက် ပျံလွန်တော်မူခဲ့ရတာ လို့လည်း ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ၂,၂၀၀ လောက် ရှိမယ်လို့ ခန့်မှန်း ထားကြပါတယ်။ မြန်မာ စစ်အစိုးရကတော့ ဒီလူတွေကို နိုင်ငံရေး အကျဉ်းသားလို့ မသတ်မှတ်ဘဲ သာမန် ရာဇ၀တ်မှုကြောင့် ပြစ်ဒဏ် ခံရသူတွေလို့ပဲ အမြဲ တုံ့ပြန်လေ့ ရှိပါတယ်။

Ref: VOA News

Read More...

စီးပွားရေး တိုးတက်အောင် အစိုးရက ဥပဒေချမှတ် လုပ်ဆောင်ရမည်

အင်္ဂါ, 14 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံမှာ ကမောက်ကမ ဖြစ်နေတဲ့ စီးပွားရေးစနစ်ကြောင့် အာဏာရှိ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေ အကျိုး အမြတ် ဖြစ်ထွန်း နေကြတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ စီးပွားရေး စနစ်ကို အစိုးရက ဥပဒေနဲ့ တကွ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမဲ့ လူထုအနေနဲ့ ကိုယ့်ဟာကိုယ် လုပ်ကိုင် ပြောင်းလဲနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ် လို့လည်း ဆိုပါတယ်။ ဗွီအိုအေ အမေရိကန်အသံရဲ့ Crossroads Asia အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြား လိုက်ပါတယ်။

“တိုင်းပြည်တခုရဲ့ နိုင်ငံရေးမှာ စီးပွားရေး မူဝါဒဟာ သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ပါတယ်။ ဒီစီးပွားရေး မူဝါဒကို ပြောင်းလဲဖို့ ဆိုတာ အစိုးရက လုပ်မှ ဖြစ်မှာပါ။ အစိုးရ ကိုယ်တိုင် မလုပ်ဘဲ စီးပွားရေး စနစ်ဆိုတာ မပြောင်းလဲ နိုင်ပါဘူး။ ဥပမာ ဗမာကျပ်ငွေ လဲလှယ်နှုန်း မမှန်မကန် ဖြစ်နေတဲ့ ကိစ္စမျိုးပါ။ ပြည်သူတွေ ဘာမှ မတတ်နိုင်ပါဘူး။ အလားတူပဲ ဘဏ်စနစ်ကို ပြုပြင် ပြောင်းလဲဖို့ ဆိုတာ အစိုးရက ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။”

အဲဒီလို မမှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေ ဘာ့ကြောင့် ရှိနေရသလဲ ဆိုတဲ့ မေးခွန်းကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“ဒီစနစ်ကြောင့် လူတချို့ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ထင်ပါတယ်။ သူတို့နဲ့ နီးစပ်သူတွေ၊ အာဏာ အသိုင်းအ၀ိုင်းနဲ့ နီးစပ် သူတွေလည်း အကျိုး ရှိနေကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီမူဝါဒတွေကို ပြောင်းလဲပစ်ဖို့ စိတ်မ၀င်စား ကြပါဘူး။”

ဒီလို အခက်အခဲတွေ ရှိနေပေမဲ့ အပြောင်းအလဲတွေ ဖြစ်လာရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်လက် ရှင်းပြသွားပါတယ်။

“ကျမတို့ လုပ်နိုင်သမျှ အကုန် လုပ်နေကြပါတယ်။ ဥပမာအားဖြင့် စာနာမှု လုပ်ငန်းတွေ ရှိပါတယ်။ ကိုယ်က ထိုင်နေပြီး လူတွေကို ဘာလုပ်ကြ၊ ညာလုပ်ကြ ပြောလို့ မရပါဘူး။ ကိုယ်တိုင် လုပ်ပြရပါတယ်။ HIV စီမံကိန်း၊ ဥပဒေ အထောက်အကူပြု စီမံကိန်း၊ နိုင်ငံရေး အကျဉ်းသား ထောက်ပံ့ရေး၊ ကလေးသူငယ် အာဟာရဓာတ် ပြည့်ဝရေး စတဲ့ လုပ်ငန်းတွေ၊ ရေတွင်းတူးဖော်ရေး လုပ်ငန်းတွေ ရှိပါတယ်။ ဒါတွေဟာ လူထုအနေနဲ့ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်ဆိုတာ ပြတဲ့သဘောလည်း ဖြစ်ပါတယ်။ အရာရာအတွက် အစိုးရကိုချည်း အားကိုးနေလို့ မရပါဘူး။”

ဗွီအိုအေ အမေရိကန်အသံ Crossroads Asia အစီအစဉ်ရဲ့ ဆက်သွယ် မေးမြန်းခန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြေကြား သွားခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဂီရိလေဘေး ဒေါ်စု သိန်း ၁ဝဝ လှူ

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၀

နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဂီရီ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ငွေကျပ်သိန်း ၁၀၀ မနေ့က လှူသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် လှူဒါန်းတဲ့ ပိုက်ဆံတွေ၊ သူ့အတွက် ရထားတဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို ဘယ်မှာမှ မသုံးဘူး၊ အဖွဲ့ချုပ် အတွက်ပဲ သုံးတယ်။ အဖွဲ့ချုပ် သုံးတာကလဲ ပြည်သူလူထု အကျိုးအတွက်ပဲ သုံးနေတာပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် လှူတယ်ပဲ ပြောပြော၊ အဖွဲ့ချုပ်က လှူတယ်ပဲ ပြောပြော အတူတူပဲ” အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီနှင့် ရွေးကောက်ပွဲ ဝင်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင် လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၁၅ဝ ခန့် ရရှိသည်။

မုန်တိုင်းဒဏ်ခံရသူများအတွက် အမိုးအကာနှင့် အစားအသောက်များ ကိုယ်တိုင် သွားလှူရန် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် ဦးဆောင်သော အဖွဲ့ ယနေ့ နေ့လယ်က ကျောက်ဖြူသို့ ရောက်ရှိလာသည်။

“ အမိုးအကာ လုပ်လို့ရတဲ့ မိုးကာစ အလိပ်ကြီး ၁၃ လိပ်လောက် ဝယ်လာတယ်။ သံဃာတော်တွေ အတွက် သင်္ကန်းတွေ ပါတယ်။ အင်္ကျီနဲ့ အဝတ်အစားတွေ ပါလာတယ်” ဟု ဦးအေးသာအောင်က တယ်လီဖုန်းမှ တဆင့် ပြောသည်။

ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်များရှိ ရွာများတွင် ရေတွင်းများ တူးပေးရန်လည်း အလှူရှင်များ စီစဉ်ထားသည်။

“တချို့ ရွာစာရင်း မပေါက်တဲ့ ရွာလေးတွေရှိတယ်။ အဲဒီရွာတွေကို ဘယ်အဖွဲ့မှ မကူညီဘူး။ ဘာမှလဲ စားစရာ မရှိဘူး။ အဲဒီလို ရွာတွေကို အဓိကထား လှူတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ် များတွင် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေ ပျောက်ဆုံးကာ လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ထုတ်ပြန် ထားသည်။


Ref: မဇ္ဈိမ

Read More...

စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

စိုင်းဇွမ်ဆိုင်း
Tuesday, 14 December 2010

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည် အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ် တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲတွင် NDAA ခေါင်းဆောင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဒုတိယ ခေါင်းဆောင် ကျောက်ကြုံးတန်းနှင့် အဖွဲ့၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ယခင် ရက်သတ္တပတ်က မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခြေအနေကို ဝိုင်းပြီး သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ဘာတွေ လုပ်နိုင်ခဲ့ကြသလဲ ဆိုတာတွေ၊ ရှေ့လျှောက် ဘာဆက်လုပ်ကြမလဲ ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု ဦးစိန်ကြည်က ဆက်လက်ပြောသည်။

စစ်အစိုးရက ဖိအားပေးလျှက်ရှိသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း၊ ၎င်း အစီအစဉ်ကို စစ်အစိုးရ မပြုလုပ်ခဲ့ပါက တိုင်းရင်းသား အဖွဲ့များ နိုးကြား နိုင်ဦးမည် မဟုတ်ကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် တဖွဲ့ကို တဖွဲ့ ပိုမို အားကိုးရမည်ဟု သိမြင်လာကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုကြသည်ဟု သိရှိရသည်။

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ၂၀၀၉ ခုနှစ် ဧပြီလမှ စတင်ကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ဖိအား ပေးခဲ့သည်။

UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှ အမည်မဖော်လိုသူ အရာရှိတဦးက “ဆွေးနွေးပွဲကတော့ ပုံမှန် ဆွေးနွေး ပွဲပါပဲ။ အဆုံး အဖြတ်တွေ ဘာတွေလည်း အစည်းအဝေးက တဆင့် မချမှတ် ရသေးပါဘူး။ ဒါပေမယ့် တဖွဲ့ကို တဖွဲ့ နိုင်ငံရေး အရရော စစ်ရေးအရပါ ကူညီမယ် ဆိုတာကတော့ အစကတည်းက ကျနော်တို့မှာ ရည်ရွယ်ချက် ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့တွေက တိုင်းရင်းသားတွေ၊ အစိုးရ တခုတည်းရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ သူတွေမို့လို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။

မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို စစ်အစိုးရက ချေမှုန်းခဲ့သည့် အချက်ကို နမူနာ ယူသင့်သည် ဟုလည်း ပြောဆိုကြောင်း သိရသည်။

ကိုးကန့်အဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သဖြင့် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက တိုက်ခိုက် ချေမှုန်းခဲ့သည်။ တိုက်ပွဲများအပြီး MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ MNDAA နှင့် စစ်အစိုးရ တပ်များအကြား တိုက်ပွဲကြောင့် ဒေသခံ လူပေါင်း ၂၀၀ ခန့် စစ်အစိုးရ ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

MNDAA နှင့် စစ်အစိုးရတပ်များအကြား ၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၃ သောင်းခန့် တရုတ်နိုင်ငံ ဘက်သို့ ထွက်ပြေး ခဲ့ရကြောင်း၊ တရုတ် အစိုးရက ယွမ် ၁၀ သန်းခန့် အသုံးပြုပြီး ဒုက္ခသည်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

UWSA ၊ NDAA ၊ SSA-N အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ သည်လည်း ယခုချိန် အထိ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်နေသည့် အဖွဲ့များဖြစ်သည်။

မကြာသေးမီက KIA နှင့် NDAA ထိန်းချုပ်ဒေသများသို့ ကုန်စည်စီးဆင်းမှုများ တားမြစ်ခြင်းဖြင့် စစ်အစိုးရက ၎င်းတို့ကို ဖိအား ပေးခဲ့သေးသည်။

အစိုးရက ကုန်စည်စီးဆင်းမှုများကို ကန့်သတ်လိုက်သော်လည်း NDAA အဖွဲ့ကို တစုံတရာ မထိခိုက်နိုင်ကြောင်း၊ ၎င်း အဖွဲ့ အစည်းသည် ရာဘာခြံများ၊ ကာစီနို လောင်းကစားဝိုင်းများ၊ နယ်စပ်ဖြတ်ကျော် သူများမှ ရရှိမည့် အခွန်များ၊ မော်တော်ကား အခွန်များနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းရှိ မဂ္ဂနီစီယမ် သတ္ထုတွင်းတို့မှ ပုံမှန် ဝင်ငွေ ရရှိနေကြောင်း မိုင်းလား ဒေသခံတဦးက ဆိုသည်။

NDAA အဖွဲ့ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်အား ၁ ထောင်မှ ၂ ထောင်ကြား ရှိသည်ဟု စစ်ရေးလေ့လာ သူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

Read More...

လယ်သိမ်းသည့် ဇေကမ္ဘာဦးခင်ရွှေကို ဗိုလ်ချုပ်မှူးကြီးထံတိုင်မည်

ခင်ဦးသာ
Tuesday, 14 December 2010

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ လယ်မြေဧက ၄၀၀ ခန့်ကို ဇေကမ္ဘာကုမ္ပဏီက သိမ်းယူထားသည့် အတွက် ဒေသခံများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်ကြားရန် ပြင်ဆင် နေကြောင်း သိရသည်။

အဆိုပါ လယ်မြေများအား ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်ဦးခင်ရွှေက ဘိလပ်မြေ စက်ရုံတည်ရန် လွန်ခဲ့သည့် လ အနည်းက သိမ်းယူခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီးကို တိုင်တော့ ပိုတောင်ကောင်းပါသေးတယ်။ ကျနော် အလုပ် လုပ်နေတာ သိသွားတာပေါ့။ ဒီလယ်မြေတွေကို အတင်း သိမ်းတာ မဟုတ်ပါဘူး၊ လျော်ကြေး ပေးပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဘိလပ်မြေ စက်ရုံတခု ဖြစ်လာမှာပါ။ အလုပ်အကိုင်တွေ ရလာကြမှာပါ” ဟု ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

သိမ်းယူချိန်တွင် ငွေကြေး တစုံတရာမပေးခဲ့သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ရှိ စစ်အစိုးရ အဖွဲ့ တာဝန် ရှိသူများထံ လယ်သမားများက တိုင်ကြားခဲ့ရာ လယ်တဧကလျှင် ကျပ် ၃ သိန်း လျော်ကြေး ပေးကြောင်း၊ သို့သော် အဆိုပါ လယ်မြေမှာ တဧကလျှင် ကျပ် ၁၀ သိန်းခန့် တန်ကြောင်း၊ လယ်မြေများ အဆုံး ခံခဲ့ရသည့် အပြင် တန်ရာတန်ကြေး မရကြ၍ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ယခု ရက်ပိုင်းအတွင်း ထပ်မံတိုင်ကြား သွားမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ပထမတကြိမ် နေပြည်တော်တိုင်တော့ တဧကကို ကျပ် ၃ သိန်း လာလျော်တယ်။ ကျနော်တို့က ငွေကို မလိုချင်ပါဘူး။ ဘိုးစဉ် ဘောင်ဆက် လုပ်စားလာတဲ့ ကိုယ့်လယ်မြေတွေပဲ လိုချင်တာပါ။ တသက်စာအတွက် နစ်နာတယ်လို့ ခံစားရပါတယ်” ဟု လယ်သိမ်း ခံထားရသည့် ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ဦးခင်ရွှေက ၎င်း သိမ်းယူထားသည့် လယ်မြေများသည် စပါးစိုက်ပျိုး၍ ကောင်းမွန်သည့် လယ်မြေများ မဟုတ်ကြောင်း၊ တောင်ကုန်း တောင်တန်းများသာ ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

“လယ်တဧက လုပ်ရင် မိသားစု ထမင်းမ၀ဘူးလေ၊ စက်ရုံဆောက်တော့ လူတွေအများကြီး အလုပ်ရတာပေါ့” ဟု သူက ဆိုသည်။

ဦးခင်ရွှေ သိမ်းယူထားသည့် မြေများထဲတွင် စပါး စိုက်ပျိုးနိုင်သည့် လယ်ဧက များစွာပါရှိကြောင်း၊ လယ်မြေဖြင့် သားစဉ် မြေးဆက် လုပ်ကိုင် စားသောက်နိုင်ကြောင်း၊ စက်ရုံ၌ အလုပ်ရမည် ဆိုသော်လည်း လယ်ပိုင်ရှင် ဘ၀မှ တပါးသူ လက်အောက်ခံ အလုပ်သမား ဘ၀ကို မရောက်လိုကြောင်း ဒေသခံ တဦးက ရှင်းပြသည်။

လယ်သိမ်းခံရသည့် လယ်သမား ၃၀ ၀န်းကျင်နှင့်မိသားစုများမှာ လယ်ယာမဲ့သည့် ဘ၀သို့ ရောက်ရှိသွားမည်ကို အထူး စိုးရိမ် နေကြကြောင်းလည်း သိရသည်။

ပထမ အကြိမ် သိမ်းယူထားသည့် လယ်မြေဧက ၄၀၀ ၀န်းကျင်အပြင် နောက်ထပ် ဧက ၂၀၀ ကျော်ကို ဒေသ အာဏာပိုင် များနှင့် ပေါင်း၍ သိမ်းယူ ထားသေးကြောင်း ဒေသခံများက ပြောသည်။

မြေသိမ်းခံရသည့် လယ်သမားများက ဗိုလ်ချုပ်မှူးကြီးထံ တိုင်ကြားရန် တရားဥပဒေ နားလည်သူ ရှေ့နေနှင့် ဆွေးနွေးနေပြီ ဖြစ်သကဲ့သို့ ဦးခင်ရွှေ ကလည်း ဘိလပ်မြေ စက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွက် လမ်းများ ဖောက်လုပ် ပြင်ဆင်နေပြီဟု သိရသည်။

အဆိုပါ စက်ရုံအား လက်ရှိတွင် ဇေကမ္ဘာကုမ္ပဏီ တခုတည်းက တာဝန်ယူ ဆောင်ရွက်နေပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ ဗီယက်နမ် ကုမ္ပဏီ တခုကလည်း စိတ်ဝင်စားသည်ဟု ပြောဆိုနေ၍ ၎င်းတို့နှင့် ပူးပေါင်း လုပ်ဆောင်မည် ဆိုပါက ဒေါ်လာ သန်း ၂၀၀ အထိ ကုန်ကျရန် ခန့်မှန်းထားပြီး မြန်မာ တနိုင်ငံလုံး၌ အကြီးဆုံး ဘိလပ်မြေ စက်ရုံ တခု ဖြစ်လာမည်ဟု ဦးခင်ရွှေက ဆိုသည်။

စက်ရုံကို အမြန်ဆုံး တည်ဆောက်၍ ဒေသအတွက် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေ အဆောက် အအုံများ ဆောက်လုပ်ကာ စက်မှုဇုန်ကြီး တခုအဖြစ် လုပ်ဆောင် သွားမည်ဟုလည်း၎င်းက ပြောသည်။

ဘိလပ်မြေ စက်ရုံတွင် ၀န်ထမ်း ၂၀၀၀ ကျော်အထိ ခန့်ထားနိုင်မည် ဖြစ်ပြီး တရက်လျှင် ဘိလပ်မြေ တန်ချိန် ၆၆၀၀ ခန့် ထုတ်လုပ် သွားမည်ဟု ဦးခင်ရွှေက ဆိုသည်။

စက်ရုံတည်ဆောက်မည့် နေရာသည် အချက်အချာကျသည့် နေရာဖြစ်ပြီး အာဆီယံ ဒေသတွင်း ဖောက်လုပ် နေသည့် လမ်း၏ တစိတ်တပိုင်း နှင့်လည်း ဆက်စပ်နေသည့် အပြင် ဗီယက်နမ် နိုင်ငံနှင့် မြန်မာ ဆက်သွယ်မည့် လမ်းကြောင်းတွင် ပါဝင်နေ ကြောင်း သိရသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် စစ်အစိုးရနှင့် နီးစပ်သည့် စီပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲ ၌လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု၍ တွံတေး ဒေသမှ ၀င်ရောက် အရွေးခံခဲ့ရာ အနိုင်ရ ထားသည့် ကိုယ်စားလှယ်တဦး ဖြစ်သည်။

ဇေကမ္ဘာဦးခင်ရွှေ သိမ်းယူထားသည့် ဒေသတွင် ဘိလပ်မြေ ထုတ်လုပ်ရန် ကောင်းမွန်သော ပျားတောင်ကြီး အပြင် တခြားသော ထုံးကျောက်တောင်များ ရှိနေကြောင်း၊ တောင်များကို ဖြိုဖျက်ပါက သဘာဝ ပတ်ဝန်းကျင်ပါ ပျက်စီးမှု ရှိလာမည် ဖြစ်ကြောင်း လေ့လာသူများက ပြောကြသည်။

ဦးခင်ရွှေ ဆောက်လုပ်မည့် ဘိလပ်မြေ စက်ရုံစီမံကိန်းကို လုပ်ကိုင်ရန် ၁၉၉၆ ခုနှစ် ၀န်းကျင်က အင်ဒိုးနီးရှား အစိုးရနှင့် မြန်မာ စစ်အစိုးရတို့ သဘောတူခဲ့ကြပြီး နောက်ပိုင်းတွင် စီမံကိန်း ပျက်သွားခဲ့ကြောင်း မွန်သတင်း အေဂျင်စီ တခုဖြစ်သော ကောင်းဝါ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အလားတူ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ယုဇန ဦးဌေးမြင့်သည်လည်း ကချင်ပြည်နယ်၌ လယ်မြေဧက များစွာ သိမ်းယူထားရာ ဒေသခံများက မကျေနပ်၍ တရား စွဲဆိုထားခြင်းကို ခံနေရသည်။ ယုဇန ဦးဌေးမြင့်သည် တနင်္သာရီ ဒေသတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု အနိုင် ရထားသူဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

13 December 2010
ဒီဇင်ဘာလ ၁၃ရက်။ စောသိန်းမြင့်

ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲ အခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက် ရှိသည်ဟု ကေအိုင်စီက စုံစမ်း သိရှိရသည်။

ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ၀င်ရောက် လှုပ်ရှားလာသည့် စကခ(၁၉) လက်အောက်ခံ ခလရ (၂၉၉)၊ ခမရ (၅၈၆)နှင့် ဝေါ်လေကျေးရွာ သုခမြိုင် ဘုန်းကြီးကျောင်းရှိ နအဖ စကခ (၈) လက်အောက်ခံ ခမရ(၄၀၉) တပ်ဖွဲ့အား ဒီကေဘီ အေ ကလို့ထူးဘော ဗျူဟာမှ ၃ကြိမ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ချူကလီးဒေသတွင် လှုပ်ရှားနေသော ဒီကေဘီ အေ ကလို့ထူးဘော ဗျူဟာ လက်နက်ကြီး တပ်ဖွဲ့မှ ဒုဗိုလ် စောစမင်းက ပြောသည်။

သူက “ဒီနေ့ နေ့လည် ၁၂း၁၅မိနစ်အချိန်မှာ ချူကလီးဒေသ မော်ကနော်ခီးမှာ ကျနော်တို့ တပ်ဖွဲ့နဲ့ နအဖ ခလရ (၂၉၉) ကြား လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။ ၁၂း၄၅ မိနစ် အချိန်မှာလည်း ဝေါ်လေမှာ ရှိတဲ့ နအဖ ခမရ (၄၀၉) တပ်ရင်းကို ၅ မိနစ်လောက် ကျနော့်လူတွေ တက်ပစ်တယ်။ ဒီညနေ ၄း၄၅ မိနစ် မှာလည်း မော်ကနူခီး တ၀ိုက် မှာပဲ ခမရ (၅၈၆)နဲ့လည်း ၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် နအဖဘက်က ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း စာရင်းအတိအကျ သိရှိရန် အတွက် စုံစမ်းနေဆဲ ဖြစ်သလို ပြောက်ကျား စစ်နှင့် ချုံခို တိုက်ပွဲဖြစ်သည့် အတွက် ဒီကေဘီအေ ဘက်က ထိခိုက်မှု တစုံတရာ မရှိကြောင်း ဒုဗိုလ်စောစ မင်းက ဆက်ပြောသည်။

ထို့အပြင် ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက်တွင် လွန်ခဲ့သည့် ၃ရက်ခန့်ကတည်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု ခေတ္တ ရပ်တန့် သွားသော်လည်း ယခု ရက်ပိုင်းအတွင်း နအဖ စစ်တပ်ဘက်မှ စစ်သည်အင်အား ဖြည့်ဆည်းလျှက် ရှိသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်မည့် အခြေအနေ ရှိကြောင်းလည်း ဖလူးရွာသား တဦးက ပြောသည်။

ယခုလို ဝေါ်လေကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဝေါ်လေရွာသူ ရွာသား အားလုံးနီးပါးမှာ မိမိတို့၏ ကျေးရွာမှ ထိုင်း ဘက်ခြမ်းသို့ ယနေ့ ထပ်မံ ထွက်ပြေး လာရပြန်သည်ဟု အမည် မဖော်လိုသည့် ဝေါ်လေရွာသား တဦးက ကေအိုင်စီကို ပြော သည်။

အလားတူ ကရင်ပြည်နယ် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် နိုဒေးဂွင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က နအဖ စစ်တပ်နှင့် ဗိုလ်မှူး စောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂) တို့ ၃ကြိမ်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီး တဦးနှင့် တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ် မှူးစောအဲဆဲဆဲက ပြောသည်။

“အဲဒီနေ့က သုံးကြိမ်ဖြစ်တာ။ ဒီနိုဒေးဂွင်တစ်ခုထဲမှာပဲ ကျနော်တို့ရဲ့ တပ်ရင်း(၂၀၂)က ဒုရင်းမှူး ဗိုလ်တာမလာရဲ့ အဖွဲ့နဲ့ ခမရ (၃၃၈) တို့ မနက် ၉း၁၅ နာရီမှာ တကြိမ်။ ခမရ(၅၈၇)နဲ့ မနက် ၉း၃၀နာရီမှာ တကြိမ်ဖြစ်တယ်။ နောက်ပြီး အူးမိုးခီးရွာရဲ့ အပြင် ဖက်မှာတော့ ကျနော်တို့ (၂၀၂)တပ်ဖွဲ့နဲ့ ခလရ(၂၈)နဲ့ ၉း၃၀နာရီ မှာပဲ ဖြစ်ကြတော့ အဲဒီသုံးပွဲမှာ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ နအဖ ဘက်ကတော့ အရာရှိ အပါအ၀င် ၄ ဦး ထိခိုက်မှုရှိတယ်။”ဟု ဆိုသည်။

၎င်းအပြင် ယနေ့မနက် ၁၀နာရီဝန်းကျင်တွင် အဆိုပါ ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၂) တပ်ဖွဲ့သည် ပိုင်ကျုံ (တာကရယ်) မြို့နယ် ပွိုင့် ၉၁၃ နေရာရှိ နအဖ ခမရ( ၅၈၇)ကို ပြောက်ကျား ပစ်ခတ်ခဲ့သော်လည်း နှစ်ဖက် ထိခိုက်မှု မရှိဟု သိရသည်။

Ref: KIC News

Read More...

Tuesday, December 14, 2010

စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ

ဘစောတင်
Tuesday, 14 December 2010


ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြီး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင် နေရကြောင်း သိရသည်။

တိမ်းရှောင်နေကြရသည့် မဲကသာရွာသား ၅၀၀ ခန့် ရှိသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူးကြီး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်း ဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး အာကာ၏ ဘယ်ဘက် လက်ကောက် ၀တ် ကို သေနတ် ထိမှန် သွားကြောင်း သိရသည်။

“ဘော်လီဘော ကစားနေတုန်း ဘယ်အဖွဲ့ ကမှန်းမသိတဲ့ သေနတ်သမားတဦးက ၀င် ပစ်သွားလို့ ဗိုလ်မှူးကြီး အာကာ ကို မှန်သွားတယ်။ ဒါကြောင့် သူက ရွာကို မီးရှို့ ဖို့ အမိန့် ပေးလိုက်လို့ ရွာသားတွေ မနေရဲတော့ဘူး။ အားလုံး ထွက် ပြေး ကုန်ကြတယ်။ မဲကသာမှာ အိမ်ထောင်စု ၈၃ စု ရှိတဲ့အထဲက ၆၁ စုက တောထဲကို ၀င်ပြေးကြတယ်။၂၁ စု က တော့ ဘုရားသုံးဆူ နဲ့ သဘာဝ ရွာဘက်ကို ပြေးကြတယ်။ ရွာသူကြီးအိမ်တအိမ် ကျန်တယ်”ဟု ဗိုလ်ကြီး စောထဲနေက ဆိုသည်။

ယင်းကိစ္စဖြစ်ပွားပြီး နောက်တနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ခမရ ၄၀၂ စစ်ကြောင်း ၁ မှ စစ်ကူပေးရန် လာရောက်စဉ် အချင်းချင်း မှားယွင်း ပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။

“ဗိုလ်မှူးကြီး အာကာ ဒဏ်ရာရသွားတဲ့ နောက်ပိုင်း စစ်ကြောင်း၂ ကို ကူဖို့ စစ်ကြောင်း ၁ က မဲကသာ ကို လိုက် လာတယ်။ အဲဒီမှာ ရွာမှာ အရင် ရောက်နေတဲ့ စစ်ကြောင်း၂ က တတပ်နဲ့ တတပ် နားလည်မှု လွဲသွားတယ် ထင်တယ်။ ရန်သူထင်လို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လေးချက်ပစ်တယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ မကြား ရဘူး”ဟု ကောင်းဝါ(Kaowao) မွန်သတင်းဌာန သတင်းထောက် ကိုမင်းထက်အောင်က ပြောပြသည်။

ယခုအခါ မဲကသာရွာတွင် တပ်စွဲထားသော ခမရ ၄၀၂ စစ်ကြောင်း ၂ ကို ဘုရားသုံးဆူမြို့သို့ ပြန်လည် ခေါ်ယူပြီး ခမရ ၄၀၅ မှ စစ်ကြောင်း ၁ ဖြင့် အစားထိုး လိုက်ကြောင်းနှင့် ထွက်ပြေး တိမ်းရှောင် နေကြသူများမှာ ရွာသို့ ပြန်မသွားကြသေး ဘဲ တောထဲတွင် တိမ်းရှောင် နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

“ရွာသားတွေဟာ ကြောက်ကြောက်နဲ့ တောထဲကို ထွက်ပြေးနေကြတော့၊ အခုအချိန်မှာ စားရေရိက္ခာလည်း ခက်ခဲတယ်။ သူတို့တွေ အတော်လေး ဒုက္ခ ရောက်နေတယ်လို့ သိရတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် ၌ တာဝန်ကျနေသော ထိုင်း ထောက်လှမ်းရေးနှင့် နီးစပ်သူ ဖိအာနွန် ဆိုသူက ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း စစ်အစိုးရ တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည် များစွာ ထိုင်း နိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသေးသည်။ ယင်းနောက်ပိုင်းမှ စ၍ စစ်အစိုးရ တပ်များ ဘုရားသုံးဆူ ဒေသတွင် တိုးချဲ့ ချထားခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

Read More...

ရွေးကောက်ပွဲလွန် အတွေးအခေါ် ရေးထိုးစစ် တခုလေလား

ရဲဘော်ဖိုးသံချောင်း

သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀

ရွေးကောက်ပွဲကို သူတို့လုပ်ချင်တိုင်း လုပ်လိုက်လို့ရပြီဆိုတော့ နအဖ စစ်အစိုးရ အင်မတန် လက်မထောင်မှာ သေချာပါတယ်။ ဒါပေမဲ့ အခုအထိတော့ သတိကြီးကြီးနဲ့ စာရင်း ကြေညာတာလောက်ပဲ တွေ့နေရ ပါသေးတယ်။ ပြည်တွင်းပြည်ပ တုန့်ပြန်မှုတွေကို နားစွင့်ရင်း တလှမ်းချင်း လှမ်းနေတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကာလ တဝိုက်မှာ ငြိမ်နေခဲ့တဲ့ သူတို့ရဲ့ အဓိက သဘောတရား ဆရာကြီးများ ကတော့ အခုအခါမှာ အကြီးအကျယ် လက်မထောင်ပြီးခုန်ထွက် လာကြတာ တွေ့ရပါတယ်။

သူတို့ရေးတာဟာ နအဖထုတ်တဲ့ စာနယ်ဇင်းတွေထဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုသူတို့ရေးတာ တွေဟာ မြန်မာ့အလင်း အပါအဝင် နအဖရဲ့ တရားဝင် စာနယ်ဇင်းတွေ ထဲမှာရေးတဲ့ အယူအဆ တွေနဲ့ တထပ်တည်းလိုလို ပါပဲ။ သူတို့က ပညာရှင်ဟန် ပိုပေါက်တာပဲ ကွာပါတယ်။ နအဖနေရာက နေကြည့်ရင် သူတို့ရေးတာတွေဟာ မြန်မာ့ အလင်းထဲက ဆောင်းပါးတွေထက် အကျိုးပြုတဲ့ ဆောင်းပါးတွေ ဖြစ်နေပါတယ်။

ဒီလိုနဲ့ဒီတလော ဖြစ်စဉ်တွေ၊ ဥပမာ ကြံ့ဖွတ်ကနေ “သူတို့ကို ထောက်ခံတဲ့ လူထုကြီးကို ကျေးဇူးတင်ရှိကြောင်း” ထုတ်ပြန်တာ၊ ရွေးကောက်ပွဲ ရလဒ်ဆိုတာတွေကို စာရင်းချုပ်ပြတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်၊ နောက်ပြီး အခုပြောခဲ့တဲ့ ဆောင်းပါးတွေ။ စက်ရုံ တခုထဲကနေ အစီအစဉ်တကျ အစီအရီ ထွက်လာသလား အောက်မေ့ရပါတယ်။ နအဖ ချိုသွေးနေပါတယ်။ အဲဒီအတွက် သဘောတရား နယ်ပယ်မှာ ခတ်ကွင်း ရှင်းပေးနေကြတာပါ။

သူတို့ရေးတာတွေကို အလွယ်ဆုံး ချုပ်ကြည့်လိုက်ရင် နအဖ လုပ်သမျှကို မဆန့်ကျင်ရေး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ သွယ်ဝိုက်တဲ့ နည်းနဲ့ နအဖ လုပ်တာ မှန်ကြောင်း ပြောရပါတယ်။ နောက်ပြီး တပ်မတော်ရဲ့ အခန်းဆိုတာကို အထူးပြု မျဉ်းသား ပြရပါတယ်။ ဒိနောက်တော့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား တွယ်ပြရပါတယ်။ အမျိုးသားရင် ကြားစေ့ရေး၊ အမျိုးသား သင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး စတဲ့ စကားလုံးတွေကို တခွန်းတပါဒမှ၊ တခါမျှ ယောင်လို့တောင် မဟဖူးတဲ့ နအဖ စစ်ဗိုလ်တွေကိုတော့ ခြောက်ပြစ်ကင်း သဲလဲစင်လို ဖော်ပြကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား သင့်မြတ်ရေးလို့ ပြောတာကိုတော့ ရိုးသားရဲ့လားလို့ မေးခွန်း ထုတ်ပါတယ်။

သူတို့ပြောလေ့ရှိတဲ့နောက်တချက်ကတော့ အတိုက်အခံမကလို့ ဘာကြီးဖြစ် နေနေ နအဖ သတ်မှတ် ပေးထားတဲ့ ဘောင်ထဲမှာ နအဖ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ကိုင်လှုပ်ရှားဖို့ ပြောတာပါပဲ။ ရွေးကောက်ပွဲ ပြီးသွားတဲ့ အတွက် ပွဲကပြတ်သွားပြီ၊ ပြီးသွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာ ၂ဝ၁ဝရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာခံထားရ သူတွေပြောတဲ့အတိုင်း လိုက်နာ၊ အဲဒီက ပေါ်လာမယ့် အစိုးရကိုသစ္စာရှိ။ ဘာမှ လျှာမရှည်နဲ့လို့ ဆိုနေတာပါ။ ဒါကို ဒီခေတ် အနောက်တိုင်းက နိုင်ငံရေး ဂုရုတွေ သုံးတဲ့ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ရောသမမွှေပြီး ပြောလာတာပါ။ “ဂိမ်း စည်းမျဉ်းနှင့်အညီ ကစားရမည်”လို့ အမိန့်ပေးပါတယ်။ သူတို့တတွေ အဲဒီလို စည်းကမ်းတွေနဲ့အညီ နအဖကို ခစားနေကြတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေ သတ်မှတ်ထားတဲ့ ဘောင်စည်းကမ်း တွေကို ဘယ်တုန်းကမှ အသိအမှတ် မပြုပါဘူး။

ဒီနေရာမှာ ဒီသဘောတရား ဆရာတွေချင်း တူညီတဲ့နောက် အရေးကြီး အချက်တချက်ကို ထောက်ပြဖို့ လိုပါတယ်။ အဲဒါကတော့ တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်လို့ သူတို့က ခေါ်တဲ့ စစ်အာဏာရှင်ကို တက်တက်ကြွကြွ ဆန့်ကျင်သူတွေကို အဓိက ပစ်မှတ်၊ အဓိက တရားခံ၊ အဓိက ချိုးနှိမ်ရမယ့် လူတွေလို့ သတ်မှတ်ပြီး စစ်အာဏာရှင်တွေ (လက်ရှိရော-လာမယ့်ရော) ကို မီးမောင်းထိုးပြ၊ လက်ထောက် ချတာပါပဲ။ တကယ်က သူတို့ရဲ့အကြံဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံတွေကို အကြီးဆုံး ပုဒ်မနဲ့ ကြိုးစင် ပို့ချင်ကြတာပါ။ တဦးကဆိုရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်ကို ဖျက်ဆီးခဲ့တာဟာ အဲဒီရယ်ဒီကယ် အတွေးအခေါ်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူပြောတဲ့အတိုင်းဆိုရင် သမိုင်းမှာရှိခဲ့တဲ့ ဖိနှိပ်သူနဲ့ ပြန်တွန်းလှန်သူ အထဲမှာ ဖိနှိပ်သူတွေက မှန်ပြီး ပြန်တွန်းလှန်ဖို့ လုပ်သူတိုင်း မှားတာ ဖြစ်နေပါတယ်။ သတိထားရမှာက သူတို့ဟာ အတိတ်တုန်းက ပြီးခဲ့တာကိုတင် ပြောတာ မဟုတ်ပါဘူး။ လက်ရှိဖြစ်နေတာ၊ မကြာမီ ဖြစ်လာတော့မှာနဲ့ နောင်ဖြစ်လာမယ့် အခြေအနေတွေ အတွက်ပါ ပြောသွားတာ ဖြစ်ပါတယ်။

ဒီနေရာမှာဆွေးနွေးဖို့ ကောင်းတာဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးဘောင်၊ နိုင်ငံရေးဂွင်ဆိုတာ တခုထဲ ရှိသလားဆိုတဲ့ အချက်ပါ။ အာဏာရ အုပ်စိုးသူတွေ သတ်မှတ်ထားတဲ့ ဘောင်-ဂွင်ဆိုတာတွေ အပြင် တခြား မရှိတော့ဘူးလား။ မှန်ပါတယ်။ အာဏာရနေသူတွေ၊ အထူးသဖြင့် ဖိနှိပ်သူတဲ့ အုပ်စိုးသူတွေ၊ အာဏာရှင်တွေဟာ (စစ်ပွဲမှာ သတ်ကွင်း ပြင်ထားသလို) သူတို့နဲ့ မတူသူတွေကို သူတို့ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ၊ သူတို့မျက်စိအောက်မှာပဲ လှုပ်ရှား လုပ်ကိုင်စေချင်ကြတာ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ် တွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတို့ကို ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာ ဖြစ်သလို အထက်မှာ ပြောခဲ့တဲ့ ဗမာ့ ဂုရုများကလဲ ဒါကြောင့် အတော်စောစော ကထဲကပဲ နောင်ကျရင် ဒီဂွင်ထဲမှာပဲ လုပ်ကိုင်ကြ၊ စည်းမကျော်ကြနဲ့လို့ မယ်ဘော်ကကဲ ပြောခဲ့၊ ရေးခဲ့ကြတာပါ။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးလုပ်စရာဂွင်ဟာ အုပ်စိုးသူတွေက သတ်မှတ်ထားတဲ့ ဂွင်တခုထဲသာ ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ နိုင်ငံရေး လုပ်တယ်ဆိုတာဟာလဲ လူတချို့ပြောတဲ့အတိုင်း လုပ်တာကမှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို လုပ်ဖို့အတွက် ရေရှည်မျှော်မှန်းချက်နဲ့ လုပ်ငန်းမှန်သမျှဟာ နိုင်ငံရေးဖြစ် ပါတယ်။ အထူးသဖြင့် အာဏာရှင်တွေရဲ့ လက်အောက်မှာ လှုပ်ရှားရ သူတွေအဖို့ ဂွင်တွေ၊ နည်းနာတွေဟာ အမျိုးမျိုး အဖုံဖုံ ဖြစ်မှာပါပဲ။ ဒါကို ဗမာပြည် ပြည်သူတွေနဲ့
နိုင်ငံရေး လုပ်သူတွေဟာ ရာစုနှစ်တဝက် အာဏာရှင် လက်အောက်ဘဝ အတွေ့အကြုံအရ ခါးသီးစွာ နားလည် တတ်မြောက် ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး အဖွဲ့အစည်း တခုအနေနဲ့ လူထုကိုအောင် အောင်မြင်မြင် ရှေ့ဆောင်ဖို့ဆိုရင် ရပ်တည်ချက် ကြံ့ခိုင် ပြတ်သားဖို့ သာမက ကိုယ့်အတွက် အကျိုးရှိမယ့် ဂွင်တွေ၊ နည်း နာတွေ ဖော်တတ်ဖို့လဲ လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဖော်ထုတ် ဖြတ်သန်းလာတဲ့ ဗမာပြည် ပြည်သူတွေမှာ ဒါတွေနဲ့ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ လုပ်တတ် ကိုင်တတ်တယ်ဆိုတာ နအဖ ဗိုလ်ချုပ်တွေ သိပါတယ်။ ဒါကြောင့်မို့ သူတို့ကြောက်တဲ့ အဲဒီ လုပ်နည်းမျိုးတွေ မလုပ်အောင် အမျိုးမျိုး လှည့်ပတ် ပြောနေကြတာ ဖြစ်ပါတယ်။

နောက်တချက် မဖြစ်မနေ ပြောရမယ့်အချက်က တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်နည်း တွေနဲ့ လုပ်လို့ မရတော့ဘူး၊ အဲဒီခေတ် မဟုတ်တော့ဘူး ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ တည့်တည့် ပြောရင် နအဖကို အံမတုကြနဲ့ ဆိုတာပါ။ ဗမာပြည် မှာရော၊ ကမ္ဘာမှာပါ တက်ကြွ လှုပ်ရှားတာတွေ မလုပ်ပဲနဲ့ အောင်မြင်ခဲ့တဲ့ အမျိုးသား လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး အရေးတော်ပုံ ရယ်လို့ ဘယ်တုန်းက ဘယ်မှာများ ရှိခဲ့ဖူးပါသလဲ။ ဗမာပြည်ကို လွတ်လပ်ရေး ပေးတာဟာ ဗြိတိသျှ အစိုးရ အနေနဲ့ ဗမာပြည်ကို အုပ်ချုပ်ရတာ ကြာပြီဖြစ်လို့ စိတ်ငြီးငွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာလွှဲပေးတာ မဟုတ်ပါဘူး။ မတတ်သာ၊ မလွှဲသာလို့ ပေးတာပါ။ သူတို့ အဲဒီလို မတတ်သာ၊ မလွှဲသာ ဖြစ်လာအောင် ဘယ်သူတွေက လုပ်တာလဲ။ ဗမာပြည် ပြည်သူတွေက လုပ်တာပါ။ ဗမာပြည် ပြည်သူတွေက ဘယ်လိုလုပ်တာလဲ။ ဗြိတိသျှ အင်ပါယာကြီးက သတ်မှတ်တဲ့ ဂိမ်းစည်းကမ်းများ အတိုင်း လုပ်တာလား။ တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်တွေရဲ့ နည်းတွေကို သူတို့အသုံး မပြုခဲ့ကြဘူးလား။ ဒီနေ့ စစ်အာဏာရှင်တွေ ဖိနှိပ်ပုံ၊ ဒီမိုကရေစီကို ချုပ်ချယ်ပုံတွေဟာ ဗြိတိသျှ အစိုးရထက် သက်သာတယ်၊ တော်သေးတယ် လို့ ပြောနိုင်ပါသလား။

မှန်ပါတယ်။ အဲဒီလိုတက်တက်ကြွကြွနဲ့ ဆန့်ကျင် လှုပ်ရှားတာ တွေ့တိုင်း အောင်မြင်မှု ရချင်မှရမှာပါ။ စကားအဖြစ် ပြောရင် အောင်တာထက် ရှုံးနိမ့်တာက ပိုများတယ် လို့တောင် ပြောရင် ရပါတယ်။ အမှန်က နောက်ဆုံးပိတ် အောင်ပွဲတခါရဖို့ အတွက် ကျဆုံးမှုတွေ အရင်းအနှီး ပေးရတာဟာ ဓမ္မတာပါ။ မအောင်မြင်သေးတာနဲ့ အကုန်မှားတယ် ဆိုတာကတော့ ပျဉ်ဖိုး နားလည်သွားသူတွေရဲ့ စဉ်းစားနည်းနဲ့ ပြောကြားနည်းသာ ဖြစ်ပါလိမ့်မယ်။ သူတို့ပြောသလို ဆိုရင် ဆရာစံဟာ ရူးမိုက်လှသူ တဦးသာ ဖြစ်နေပါတယ်။

နအဖရွေးကောက်ပွဲရဲ့ ပြောင်ကျလှတဲ့ ညစ်ပတ်မှုကြောင့် တပြည်လုံး မကျေမနပ် ဖြစ်နေချိန်၊ ရွေးကောက်ပွဲ ဝင်မိ သူတွေတောင်မှ ခြေလှမ်း ပြောင်းနေချိန်မှာ အခုလို စကားတွေ ပြောလာတာဟာ နအဖကို ကာကွယ်တာ၊ အလုပ်အကျွးပြုတာ ကလွဲလို့ ဘာဖြစ်အုံးမှာလဲ။

အာဏာရှင်တွေကို အောက်ကျို့မိရင် တသက်လုံး အောက်ကျို့နေရတတ်တယ် ဆိုတာ မမေ့သင့်ပါဘူး။ အဲဒီလို သာဓကတွေ ဗမာပြည်မှာ မနည်းဘူးဆိုတာ ဗမာပြည်သားတွေ ကောင်းကောင်း သိပါတယ်။


Ref: မဇ္ဈိမ

Read More...

မြန်မာလူထု နိုင်ငံရေး နိုးကြားမှု တိုးလာ၊ ဒေါ်စု ရှုမြင်

တနင်္လာ, 13 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လတ်တလော အပြောင်းအလဲတွေ ပေါ်မလာနိုင်ဘူး ဆိုရင်တောင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ နောက်ပိုင်း လူထုရဲ့ နိုင်ငံရေး နိုးကြားမှုဟာ မြင့်မားလာခဲ့ပြီး ဒီနိုးကြားမှုဟာ အပြောင်းအလဲတွေ ပေါ်လာဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေနဲ့ နိုင်ငံရေး အလားအလာကို ဗွီအိုအေ သတင်းထောက်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်း ထားတာတွေကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

Cross Road Asia လို့ခေါ်တဲ့ ဗွီအိုအေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်း ခဲ့တာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ တွေရော၊ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သုံးသပ်ချက်တွေ တော်တော်များများကို မေးမြန်း ခဲ့ပါတယ်။

မေးမြန်းခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ခဲ့တဲ့ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရတာကို သူ့အနေနဲ့ မအံ့သြဘူး၊ ဒါပေမဲ့ စိုးရိမ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီးမှာ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအရ မြန်မာနိုင်ငံက လောလောဆယ်မှာ အပြောင်း အလဲတွေ ပေါ်မလာသေးဘူး ဆိုပေမဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေတော့ ရှိခဲ့တယ် ဆိုတဲ့အကြောင်း သူက အခုလို ပြောပါတယ်။

“ချက်ချင်းဆိုသလိုတော့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ အပြောင်းအလဲ တခုက လူတွေ တော်တော်များများရဲ့ စိတ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်လာစေခဲ့တာပါ။ ဒါက သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာ အတွက် အရေးကြီးတဲ့ ပြောင်းလဲမှုလို့ ကျမထင်ပါတယ်။

“အရင်က လူတော်တော်များများက နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှု သိပ်မရှိခဲ့ပါဘူးလို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်း ခံခဲ့ရတာကို ကြည့်ပြီး တော်တော်လေး အံ့အားသင့် တုန်လှုပ် ခဲ့ကြတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတာ မြင်လာကြပါတယ်။”

နောက်ထပ် မေးခွန်းတခုကတော့ ဒီနေ့ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပတ်သက်လို့ပါ။ လူငယ်တွေ တော်တော်များများ တိုင်းပြည် အပြင်ကို ထွက်သွားတဲ့ အချိန်မှာ နိုင်ငံရေးမျိုးဆက် ခါးဆက်ပြတ်သွားတဲ့ အနေအထားမျိုးတွေ ကြုံရ နိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း ဗွီအိုအေ သတင်းထောက်က မေးခဲ့ပါတယ်။ လူငယ်တွေ တော်တော်များများ၊ ပညာတတ် တော်တော် များများက တိုင်းပြည် ပြင်ပကို ရောက်နေတဲ့ အချိန်မှာ လက်ရှိ မြန်မာနိုင်ငံထဲက လူငယ်တွေက ဆက်ပြီးတော့ နိုင်ငံရေးအရ နိုးကြားမှု ရှိပါ့မလား၊ တာဝန်ယူနိုင်တဲ့ အနေအထား ရှိပါ့မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်ခွာသွားတဲ့အတွက် ကျန်နေတဲ့ လူငယ်တွေက တာဝန်တွေ မယူနိုင်ဘူး၊ ယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အခုဆိုရင် ပြည်တွင်းမှာ လေ့လာချင်တဲ့၊ သတိထား စောင့်ကြည့်နေသူတွေ ရှိပါတယ်။

“ပြည်တွင်းက လူငယ်တွေဟာ အပြင်မှာ ရောက်နေတဲ့ သူတွေလောက် အခွင့်အလမ်းတွေ မရတဲ့အတွက် ပြည်ပက လူငယ်တွေလောက် မသိတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ လေ့လာသင်ယူချင်တဲ့ စိတ်တွေ ပြင်းပြ နေကြပါတယ်။

“ပညာအတတ်ဆုံးသူတွေ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်သွားကြပေမဲ့ ကျန်နေတဲ့ အဲဒီ လူငယ်တွေနဲ့ လက်တွဲပြီး ကျမတို့ ဆက်အလုပ် လုပ်ရပါလိမ့်မယ်။ တော်တော်များများက နိုင်ငံခြားမှာ အခွင့်အလမ်းတွေ ပိုရတယ်ဆိုပြီး ထွက်သွားကြတာပါ။ ဒါပေမဲ့လည်း ဒီလို အခွင့်အလမ်းတွေ အပြင်မှာ ပိုရမယ်ဆိုတာ သိရက်နဲ့ ပြည်တွင်းမှာပဲ နေပြီး တခုခု ကောင်းအောင် လုပ်နေတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သတင်းထောက် တွေ့ဆုံ မေးမြန်းခဲ့တဲ့ တွေ့ဆုံ မေးမြန်းချက် တစိတ်တဒေသ ဖြစ်ပါတယ်။


Ref: VOA News

Read More...

Monday, December 13, 2010

ဒုတိယပင်လုံ တပ်မတော်ပါမှ အောင်မြင်မည်ဟု အမေရိကန်သံကိုပြော

မျိုးသန့်
သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင်များ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒုတိယ ပင်လုံ ညီလာခံမှာ တပ်မတော်ပါဝင်မှ အောင်မြင်မည်ဟု ထောက်ပြခဲ့ပြီး ပါဝင် ဆွေးနွေးစေလိုကြောင်း ပြောခဲ့ကြသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ဒုတိယ ပင်လုံညီလာခံက ပြည်ထောင်စု စိတ်ဓာတ်ကို အတည်ပြုဖို့ ဖြစ်တယ်၊ အဲဒါ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ဆန့်ကျင်ဖို့မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်းကိုမှ ဆန့်ကျင်ဖို့ ရည်ရွယ်တာမရှိဘူး၊ တကယ့်တကယ် လက်တွေ့ သဘောအရ ပြောမယ်ဆိုရင် တပ်မတော်လဲ ပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်၊ တပ်မတော်ကိုလဲ ပါဝင်စေချင်တယ်၊ အတူတူ လက်တွဲပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

မစ္စတာယွန်း၏ ၄ ရက် ခရီးစဉ် နောက်ဆုံးနေ့တွင် NLD၊ CRPP ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ထို့အစည်းအဝေး အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ ထပ်မံ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအတွက် NLD တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

တပ်မတော်၊ ဒီမိုကရေစီ အင်အားစုများနှင့် လက်နက်ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းစေနိုင်သော ဒုတိယ ပင်လုံပင်ဖြစ်ကြောင်း CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပြောသည်။

“အခြေခံ သဘောတူညီချက် ရအောင်၊ အဲလို သဘောတူညီချက် ရရင်၊ တပ်မတော်ဘက်ကလဲ သူတို့ ပြင်စရာရှိတာ သူတို့ပြင်ရမယ်၊ နိုင်ငံရေးပါတီ တွေကိုလဲ သိက္ခာရှိရှိ ရပ်တည်နိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးရမယ်၊ အားလုံး ပါဝင်ဆွေးနွေးပြီးရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အဓိက ပဲပေါ့၊ အဲဒါ ဒုတိယ ပင်လုံညီလာခံပဲပေါ့” ဟု ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးအေးသာအောင်က ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်သည့် CRPP အဖွဲ့ဝင် ဦးထောင်ကိုထန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် တိုင်းရင်းသား များနှင့် ပြည်သူ တရပ်လုံးက စိုးရိမ်နေကြသည်ကို ကမ္ဘာ့နိုင်ငံများက ကူညီ ပေးစေလိုကြောင်း ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

မေလတွင်းက မြန်မာနိုင်ငံလာခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်နောက် အဆင့်မြင့်ဆုံး အမေရိကန် အစိုးရ ကိုယ်စားလှယ် မစ္စတာယွန်း ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော် သွားကာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ဗံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ရဲချုပ် ခင်ရီအပါအဝင် အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။

သံတမန် သတင်းရပ်ကွက်တခုအရ မစ္စတာယွန်းက သိပံ္ဗနှင့် နည်းပညာဝန်ကြီး ဦးသောင်းကို အမေရိကန် သံတမန် ကြေးနန်းများ ဝီကီလိခ် ဝက်ဆိုက်တွင် ပေါက်ကြားပုံကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် မြန်မာနိင်ငံတွင် လူ့အခွင့်အရေး တိုးတက် ကောင်းမွန်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် အဓိက စိုးရိမ်မကင်းဖြစ်နေသော ကိစ္စရပ်များ အတွက် အမေရိကန် အနေဖြင့် မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း ထပ်မံ ပြောကြားခဲ့သည်ဟု ပါရှိသည်။

မြန်မာဘက်က တုံ့ပြန်မှုကို မသိရသော်လည်း မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များ အတွက် ဆွေးနွေး ခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

အမေရိကန် ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံးနေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ကျားဖြူပါတီမှ လွဲ၍ ကျန်သည့် အရွေးခံ ပါတီသစ်များနှင့် တွေ့ဆုံခဲ့သည်။ ကျားဖြူနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကဲ့သို့ အရွေးခံ ပါတီသစ် တချို့က ၂၁ ရာစု ပင်လုံ ညီလာခံ ကိစ္စကို စောလွန်းသည်ဟု မကြာခင်က ကန့်ကွက်ထားသည်။

Ref: မဇ္ဈိမ

Read More...

မြောက်ကိုရီးယား-မြန်မာ အနုမြူ ပဟေဠိ

သောမတ်စ်မောင်ရွှေ
စနေနေ့၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၀

ရန်ကုန်ရှိ သြစတြေးလျ သံအမတ်ကို မြန်မာ အစိုးရ အရာရှိတဦးက `မြန်မာနဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမတ နိုင်ငံ (မြောက်ကိုရီးယား) တို့ ဆက်သွယ် ဆောင်ရွက်မှုတွေဟာ သမရိုးကျ လက်နက် သက်သက်အတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကြာရှည် ကြုံတွေ့နေရတဲ့ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဘို့ အနုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရေးလဲ ပါဝင်တယ်´ ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးက ၂ဝဝ၉ သြဂုတ်လတွင်း ဝါရှင်တန်သို့ ပေးပို့ခဲ့သည့် သံတမန်ကြေးနန်း တခုတွင် ဖော်ပြထားသည်။

ဝီကီလိခ်တွင် ထွက်လာသော ကြေးနန်းအရ ဤမယုံနိုင်ဖွယ် ပြောကြားချက်ကို သံအမတ် မစ်ချန်း က `မြန်မာ-ရုရှ ငြိမ်းချမ်းစွာ အနုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘော တူညီချက်ကို ရည်ညွှန်းပြီး တုံ့ပြန် ပြောဆိုသော အဆိုပါ မြန်မာအရာရှိက ရုရှနှင့် ရရှိ ထားသော သဘောတူညီချက်သည် `ဆော့ဖ်ဝဲနှင့်သင်တန်း´ အတွက်သာဖြစ်ပြီး မြောက်ကိုရီးယားနှင့် သဘော တူညီချက်မှာမူ `ဟာ့ဒ်ဝဲ´ ဒုကြီးဒယ်ကြီး ပစ္စည်းများ အတွက်ဟု ပြောသွားကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာ အရာရှိ အမည်ကို ဝီကီလိခ်က မဖော်ပြဘဲ လျှို့ဝှက်ထားသည်။ ယင်းကြေးနန်းနောက် ၂ဝ၁ဝ နိုဝင်ဘာက ပေးပို့ခဲ့သော ကြေးနန်းတွင်မူ ချန်းက အမည် မဖော်ပြသည့် မြန်မာ အစိုးရ အရာရှိနှင့် နိုဝင်ဘာ ၉ ရက်က ထပ်တွေ့ရာတွင် ထိုသူက နေပြည်တော်တွင် သူ စစ်ဆေး ကြည့်ရှုခဲ့ကြောင်း၊ သူယခင်ပြောခဲ့သော စကားများမှာ`နားလည်မှုလွဲခြင်း´ သာဖြစ်ပြီး (အသေးစိတ်များကို ဖျက်ထားသည်) မြန်မာ အစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံတို့ အကြောင်း ပြောကြားချက်များသည် `စမ်းတဝါးဝါး´ ပြောခြင်းများသာ ဖြစ်သည်ဟု ဆိုပြန်ကြောင်း ပါရှိသည်။

ကြေးနန်းက ဆက်လက် ဖော်ပြထားရာတွင် `(အမည်ဖျောက်ထား) က မည်သည့် တိုက်ရိုက် အနုမြူ ပူးပေါင်း ဆောင်ရွက်မှု ကိုမျှ အတည် မပြုနိုင်ကြောင်း၊ (အသေးစိတ်ကို ဖျောက်ထားသည်) မည်သို့ဖြစ်စေ၊ ကင်နန်း ၁ အရေးအခင်းနှင့် ဇူလိုင်လ အတွင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ဖူးခက်တွင် ပြောကြားခဲ့သော မှတ်ချက်စကားတို့ကြောင့် `အားလုံးကိုရပ်ဆိုင်းထားသည်´ ဟု ဆိုသည်။ ကင်နန်း ၁ ဆိုသည်မှာ ၂ဝဝ၉ ဇွန်လအတွင်း အမည်မသိ ကုန်ပစ္စည်းများ တင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ခုတ်မောင်း လာနေသည်ဆိုသော သင်္ဘောဖြစ်ပြီး နိုင်ငံတကာမှ ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် ပြန်လှည့်သွားခဲ့ရသည်။ ဖူးခက်တွင် ၂ဝဝ၉ ဇူလိုင်လ အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်က မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေးအကြောင်း ကြားရသည့်အတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

အဆိုပါ အရာရှိ၏ ရှေ့နောက် ပြောင်းပြန်ပြောကြားမှုကို အဆိုပါကြေးနန်းကို ရေးသားသူ သံတမန်က မှတ်ချက်ပေးရာ၌ `မြန်မာနိုင်ငံမှ ကိစ္စ အများအပြားလိုပင် (နာမည်ဖျောက်ထား)၏ ယခင်ပြောကြားချက်နှင့် မကြာခင် ပြန်ပြင်ပြောချက်များကြား အဖြစ်မှန်နှင့် နောက်ကွယ်က ဖြစ်နိုင်ဖွယ် အကြောင်းရင်းများကို ဖော်ထုတ်ရန် မလွယ်ပါ´ ဟုဆိုထားသည်။

အဆိုပါ အမေရိကန် သံတမန်က `ကျနော်တို့အဖို့မူ (အမည်ဖျောက်ထား) ၏ ပြန်ပြင်ပြောကြားချက်သည် ယခင်ပြောကြားချက်ကို လုံးဝငြင်းပယ်ရန်ထက် ယခင် သုံးသပ်ချက်ကို အကဲဖြတ်ရန် လိုသဖြင့် ပြန်ပြင်ပြောခြင်းက ပို ဖြစ်ဖွယ်ရှိသည်´ ဟု သူ့အမြင်ကိုမှန်းဆပြောခဲ့သည်။

ဒုတိယကြေးနန်းကိုရေးသားသူ အမေရိကန်သံတမန်က သူ့ကြေးနန်းကိုနိဂုံးချုပ်ရာတွင် `လိုရင်းအချက်။ မြန်မာအစိုးရနှင့်မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှု အတိအလင်းမရှိသေး။ တခုခုဖြစ်နေသည်မှာ သေချာသည်။ ထို တခုခုထဲတွင် `အနုမြူလက်နက်´ ပါ မပါ ဆိုသည်က မရှင်းမလင်း အဖြေမထွက်သေးသည့် ကိစ္စဖြစ်ပြီး သံရုံးအတွက် အထူးဦးစားပေး စုံစမ်းရမည့်ကိစ္စ´ဟု ရေးသားထားသည်။

ဝီကီလိခ် ဝက်ဆိုက်မှ ဖွင့်ချခဲ့ပြီး ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြခဲ့သော နောက်ထပ် အမေရိကန် ကြေးနန်းတစောင်တွင် `မြောက်ကိုရီးယား အလုပ်သမားများ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ထုတ်လုပ် တပ်ဆင်နေကြသည်ဟု သိရှိရကြောင်း၊ မကွေးတိုင်းအတွင်း စစ်တပ်ပိုင် နယ်မြေ၌လည်း မြေအောက် စက်ရုံတခု တည်ဆောက်နေကြောင်း´ သတင်းများ အမေရိကန် သံရုံးမှ လက်ခံရခဲ့သည်ဟု ဆိုသည်။

အဆိုပါ မကွေးတိုင်းက စက်ရုံတွင် မြောက်ကိုရီးယား အလုပ်သမား ၃ဝဝ မျှ အလုပ်လုပ်နေသည်ဆိုသည့် မြန်မာသတင်းရင်းမြစ်၏ ပြောဆိုချက်ကိုမူ အမေရိကန် သံတမန်များက သံသယ ရှိကြောင်း ၂ဝဝ၄ သြဂုတ်လအတွင်း ပေးပို့ခဲ့သော သံရုံးကြေးနန်းတွင် ဆက်လက်ရေးသားထားသည်။

အစောပိုင်း၂ဝဝ၄ ဇန်နဝါရီက ပို့ခဲ့သော ကြေးနန်းတွင်မူ ပြည်ပရောက် မြန်မာ စီးပွားရေးသမား တဦးက သံရုံးကို ပြောကြားသည့် စကားကို ကိုးကားကာ `အလွန်ကြီးမားသော´ တွဲသင်္ဘောကြီးပေါ်မှ အလွန် အရွယ်အစားကြီးသည့် ပေါင်းအိုးကြီးတလုံး ချနေသည်ကို သူတွေ့ခဲ့ရကြောင်း၊ ဤသို့သော ပစ္စည်းများ မကြာခဏ သယ်ယူနေကြသည်ကို တွေ့ရသည်ဟု ဒေသခံများက သူ့ကို ပြောပြကြောင်း သူက အမေရိကန် သံတမန်များကို ရှင်းပြခဲ့သည်ဆိုသည်။ အဆိုပါ ပေါင်းအိုးမှာ အရွယ်အစား အလွန်ကြီးနေသဖြင့် စက်ရုံအတွက် မဖြစ်နိုင်ကြောင်း၊ မကွေးတိုင်း မင်းဘူးမြို့အနီး တည်ဆောက်နေသည်ဟု ကောလဟလ ထွက်နေသည့် အနုမြူစက်ရုံအတွက် ပိုဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ယုံကြည်သည်။

မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် သတင်းများအပေါ် ဤကြေးနန်းရေးသားသူက `ဤသို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် အချက်အပေါ် တိုက်ရိုက် အထောက်အထား မရှိသော်လည်း အနုမြူ ဓာတ်ပေါင်းဖိုတလုံး တည်ဆောက်နေသည်ဟူသော ကောလဟလများ ဆက်ထွက်နေပြီး အံ့အားသင့်စရာ ကောင်းအောင် တသမတ်တည်း တူညီနေခြင်း ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော လှုပ်ရှားမှုများအပေါ် စောင့်ကြည့် လေ့လာနေမှုများလည်း တိုး၍သာ လာသည်။ မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယား `ပညာရှင်များ´ တွေ့နေရသည်ဟူသည့် အပြောမျိုးဖြစ်သည်´ဟု ကောက်ချက်ချသည်။

မြန်မာ့ ယူရေနီယံအကြောင်း ယခုထိ ပေါ်ထွက်ပြီးသမျှ နောက်ထပ် ကြေးနန်းနှစ်စောင် ရှိသေးသည်။ မည်သူမည်ဝါမှန်း မသိရသည့် မြန်မာလူမျိုးတဦးက အမေရိကန် သံတမန်များထံ ချဉ်းကပ်ပြီး ယူရေနီယံ ရောင်းလိုကြောင်း ကမ်းလှမ်းခဲ့သည် ဟု ၂ဝဝ၈ အတွင်းပေးပို့ခဲ့သော ကြေးနန်းတွင် ရေးသားထားသည်။ ယူရေနီယံဟု သူကဆိုသော ကရင်နီပြည်နယ်မှ ယူဆောင်လာသည့် သတ္တုနမူနာကို ထိုသူက ပေးကာ ထိုနေရာတွင် ယူရေနီယံသတ္တု ခိုအောင်းနေသည့် ကျောက်တုံး ကီလို ၂ဝဝဝ မျှရှိသေးသည်ဟု ဆိုသည်။ အဆိုပါနမူနာကို ဆက်လက် စစ်ဆေးစမ်းသပ်ရန် သံတမန် ချောအိတ်ဖြင့် အမေရိကသို့ ပေးပို့ခဲ့သည်။ နမူနာတွင် မည်သည့် သတ္တုများပါသည်နှင့် အဆိုပါ မြန်မာအမျိုးသားသည် ကြေးနန်းရေးသားသူ ထင်သလို မြန်မာအစိုးရ ထောက်ချောက်ဆင် ဖမ်းလိုသည့် အလုပ်တွင် ကူညီ ဆောင်ရွက်နေသူဟုတ် မဟုတ် ဆိုသည်ကိုမူ မသိရသေးပါ။

၂ဝဝ၇ တွင် ပို့ခဲ့သော ကြေးနန်း တစောင်တွင်မူ အမေရိကန်သံရုံး နှင့် အဆက်အသွယ်ရှိသော သင်္ဘောလုပ်ငန်း လုပ်နေသူတဦး အပြောအရ မြန်မာစစ်အစိုးရသည် `သတ္တုရိုင်းအရော´ ၁၁၂ မက်ထရစ်တန်ကို တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် ဇန်နဝါရီ ၂၅ က ပို့ခဲ့သည်ဟု ဆိုသည်။ `အာဏာပိုင်များ ဤကုန်စည်များကို အထူးဂရုပြု ကိုင်တွယ်နေသည်ကို သူတို့ သတိထားမိကြောင်း၊ ထိုအထဲတွင် ယူရေနီယံပါသည် ဟု သံသယဖြစ်မိကြောင်း အဆိုပါ မြန်မာအမျိုးသားက အမေရိကန် သံတမန်များကို ပြောကြားခဲ့သည်။

အမေရိကန် သံရုံး အဆက်အသွယ်များ၏ ပြောကြားချက်အရ သတ္တုရိုင်းများ မြန်မာပြည်မှ ပို့ရာတွင် `လုံခြုံရေးခါတိုင်းထက် ပိုချထားကြောင်း၊ အစောင့် အကြပ်လဲ ထူထပ်ကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းနှင့် သင်္ဘောတင်ရာတွင် အာဏာပိုင်များ ကိုယ်တိုင် အထူး သတိထား ကိုင်တွယ်နေကြောင်း´ ပြောကြားခဲ့သည်။ သတ္တုများပို့ရာတွင် သာမန်အားဖြင့် ဘလောက်တုံးများ အနေဖြင့်သာ ပို့လေ့ရှိသော်လည်း ယခုမူ မြေမှုန့်များနှင့် ရွှံ့များကို အိတ်ဖြင့်သွတ်ပြီး ပို့ခဲ့ကြောင်း အဆိုပါ သံရုံး သတင်းရပ်ကွက်များက ပြောသည်။ အဆိုပါ ရောနှော သတ္တုရိုင်းများ မော်ချီးက ထွက်ပြီး ထိုဒေသတွင် ယူရေနီယံလည်း ထွက်သည်ဟု သူတို့ကပြောသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံတစ်ဝန်း ရဲအရာရှိ ၅၀၀ ကျော် ပြောင်းရွေ့မှု မူစယ်ရဲအရာရှိများ ပါဝင်

Saturday, 11 December 2010

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူ အရာရှိ ၅၀၀ ကျော်ခန့်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှ နေရာ ပြောင်းရွေ့လျှက် ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ်မှ ရဲအရာရှိ ၁၀ ဦးခန့် အဆိုပါ ပြောင်းရွေ့မှုတွင် ပါဝင်ကြောင်း သိရသည်။

ရွေးကောက်ပွဲအပြီး ရဲတပ်ဖွဲ့အတွင်း အရေအတွက်အများဆုံး ပြောင်းရွေ့မှုဖြစ်ပြီး ယခုပြောင်းရွေ့မှုသည် အဆင့် မြင့် ရာထူး တိုးမြှင့်ခြင်း မဟုတ်ပဲ နေရာပြောင်းရွေ့မှုသာဖြစ်ကြောင်း မူစယ် ရဲသတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

“တစ်နိုင်ငံလုံး ၅၀၀ ကျော်တယ် တစ်နေရာကနေ တစ်နေရာကို ရွေ့လိုက်တာပါ ဒီနယ်စပ်တွေမှာ ကျတဲ့သူတွေ ကို အတွင်းပိုင်းကို ပြန်ပို့တယ် ရဲတပ်ရင်း တို့မှာ တာဝန်ကျတဲ့ သူတွေကို နယ်စပ်ဘက် ပြန်ပို့တယ် နေရာအသီးသီး ပေါ့ တချို့လည်း ရုံးမှာ ပြန်ထားတယ် တချို့လည်း သင်တန်း ကျောင်းပေါ့ ” ဟု မူစယ် ရဲဝန်ထမ်း တစ်ဦးက ဆိုသည်။

ရဲမှူးများတွင် မြို့နယ်မှူးတာဝန်ထမ်းဆောင်သူ အချို့ ပါဝင်ပြီး မူစယ်မြို့နယ်ရဲမှူးသည် သင်တန်းကျောင်း တစ်ခုသို့ ပြောင်း ရွေ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့အတွင်း စားဝတ်နေရေးကျပ်တည်းလျှက်ရှိရာ ၀င်ငွေရပေါက်ရလမ်းရှိသည့် နေရာနှင့် ၀င်ငွေ မရှိသည့်နေရာများ တွင် အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတစ်ဦးက ဆိုသည်။

နယ်စပ်ဒေသများတွင် တာဝန်ကျပါက ရဲဝန်ထမ်းများသာမက စစ်ဘက်ဝန်ထမ်းများလည်း ၀င်ငွေ ဖြောင့်ကြောင်း တပ်ရင်းမှူး တာဝန် ယူသည့် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူများဆိုလျှင် ကျပ်ငွေ သိန်းထောင်ချီ ကိုင်နိုင်သည့် လူချမ်းသာ စာရင်းဝင် များဖြစ်ကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာသင်္ဘောသား ၂၃ ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ

စနေ, 11 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံသား သင်္ဘောသားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ် ဓားပြတွေက ပြန်ပေး ဆွဲသွား ခဲ့ပါတယ်။ မြန်မာ သင်္ဘောသား ၂၃ ယောက်ပါတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama သင်္ဘောကို တန်ဇန်းနီးယား အရှေ့ပိုင်းမှာ သောကြာနေ့က အမြန်ရေယာဉ် ၂ စင်းနဲ့ ဆိုမာလီ ပင်လယ်ဓားပြတွေက စီးနင်း သိမ်းပိုက်ခဲ့တာလို့ ဥရောပသမဂ္ဂ (EU) ရဲ့ ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် Paddy O’Kennedy က အတည်ပြု ပြောဆိုလိုက်တာပါ။

တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ် ၂ နိုင်ငံ နယ်စပ်အရှေ့ပိုင်း ရေမိုင် ၈၀ လောက်အကွာမှာ ရော့ကတ် လက်နက်တွေကိုပါ အသုံးပြုပြီး ပြန်ပေး ဆွဲသွားခဲ့တာလို့လည်း ပြောခွင့်ရသူက ကြေညာချက်မှာ ဖော်ပြ ခဲ့တာဖြစ်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံ Dar es Salaam ကနေ မိုဇမ်ဘစ်နိုင်ငံ Beira ကို ဦးတည် မောင်းနှင်နေစဉ် အမေရိကန်ပိုင် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ ဒီသင်္ဘော တိုက်ခိုက် ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံး အခြေအနေကိုတော့ မသိရသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ EU ရေတပ်က ပြောဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် ဆိုမာလီမြစ်ဝှမ်းဒေသမှာ ပင်လယ်ဓားပြတွေရဲ့ လှုပ်ရှားမှုတွေ ချဲ့ထွင်လာတဲ့ နမူနာတခု ဖြစ်တယ်လို့လည်း EU ရေတပ် ပြောခွင့်ရသူက ဆိုပါတယ်။ အိန္ဒိယနိုင်ငံနားမှာ ဒီတပတ် အစောပိုင်းတုန်းက ပြန်ပေး ဆွဲခံခဲ့ရတဲ့ သင်္ဘော တစင်းကိုလည်း ဆိုမာလီ ကမ်းလွန်မှာ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MV Jahan Moni သင်္ဘောပိုင် ကုမ္ပဏီက ဂြိုဟ်တု ဓါတ်ပုံတွေရဲ့ အကူအညီနဲ့ သင်္ဘောရှိရာ နေရာကို စနေနေ့ကပဲ အတည်ပြု ပြောဆို နိုင်ခဲ့တာဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့