..............................

Saturday, October 9, 2010

ကေအိုင်အိုတပ်ဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးခံရ

ပေါက်ပေါက်
၀၈ အောက်တိုဘာ ၂၀၁၀

နအဖထိန်းချုပ်နယ်မြေထဲသို့ ခရီးသွားလာသည့် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) တပ်ဖွဲ့ ဝင်များကို နအဖ စစ်တပ်က ဖမ်းဆီးကာ စစ်ဆေး သတင်းရယူမှုများ ပြုလုပ်နေသည်။

စက်တင်ဘာ (၃ဝ) ရက်နေ့၌ ဝိုင်းမော်မြို့နယ် အင်ပေါန်ကျေးရွာအတွင်းရှိ ဆွေမျိုးအိမ်သို့ သွားရောက် လည်ပတ်နေသည့် ကေအိုင်အို တပ်ဖွဲ့မှ အရာခံဗိုလ် တဦးအား နယ်မြေခံ စစ်တပ်က ကျေးရွာအတွင်း ဖမ်းဆီးပြီး စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) မှ မြစ်ကြီးနားသို့ ခေါ်ယူ စစ်ဆေးနေသည်ဟု ကေအိုင်အို တပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အဲဒီအရာခံဗိုလ်က အဲဒီရွာနားမှာရှိတဲ့ ကေအိုင်အိုရဲ့ ရှေ့တန်းစခန်း တာဝန်ကျပဲ။ စခန်းက ကေအိုင်အေ ရဲဘော်တွေက ရွာထဲကို အရင်ကလည်း သွားနေကျ။ အခုလည်း သွားလည်နေတုန်းမှာ စစ်တပ်က ရောက်လာပြီး အိမ်ကို ဝိုင်းပြီး ဖမ်းလိုက်တယ်။ အရတ်ဝတ်နဲ့ပဲ သွားလည်တာ။ အခု စရဖက မြစ်ကြီးနား ခေါ်သွားတယ်” ဟု ပြောသည်။

စက်တင်ဘာ (၈) ရက်ကလည်း ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမှ ဗိုလ်ကြီးဇော်လီသည် စိုက်ပျိုးရေး ခြံသို့ သွားရောက်စဉ် လဂျားယန် စစ်ဆေးဂိတ်က ဖမ်းဆီးကာ မြစ်ကြီးနားသို့ ခေါ်ယူ စစ်ဆေးခံခဲ့ရပြီး ယခု အကျယ်ချုပ် သဘောမျိုး ချုပ်နှောင်ထားခြင်း ခံထားရသည်ဟု မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒေသခံတဦးက ပြောသည်။

၎င်းက “ဗိုလ်ကြီး ဇော်လီကို စရဖက စစ်ဆေးမေးမြန်းပြီး စက်တင်ဘာ (၂၁) ရက်နေ့က ပြန်လွှတ်ထားတယ်။ အခု မြစ်ကြီးနားမှာ ရှိတဲ့ သူ့အမျိုးအိမ်မှာ ရောက်နေတယ်၊ လိုင်ဇာကို ပြန်မသွားရဘူး။ အကျယ်ချုပ်လို ထားတယ်” ဟု ပြောသည်။

အောက်တိုဘာ (၁) ရက်နေ့ကလည်း ကေအိုင်အို၏ တပ်ရင်း (၆) အခြေစိုက်ရာ ဖားကန့်မြို့နယ် ဆန်ခါမှ မြစ်ကြီးနားမြို့သို့ ထွက်ခွာလာသည့် ဟိုင်းလတ်ကားနှင့် ယဉ်မောင်းကိုပါ ကားမိုင်းမြို့အနီး လယ်ပြင် စစ်ဆေးရေးဂိတ်က ဖမ်းဆီး ခဲ့သေးသည်။

မြို့ပေါ်သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခရီးသွားလာသည့် ကေအိုင်အိုတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အိုနှင့် ဆက်စပ်သည်ဟု ယူဆ သူများကို စရဖနှင့် စစ်တပ်က မကြာသေးမီ လပိုင်းကစ၍ ဖမ်းဆီးမှုများ တိုးမြင့်လုပ်နေပြီး စစ်ဆေး မေးမြန်းမှုများလည်း လုပ်နေကြောင်း ကေအိုင်အို တပ်ဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “အရင်ကလည်း သွားလာနေတာပဲ။ အခုတော့ သတင်းပို့ရမယ်ဆိုပြီး စည်းကမ်း တင်းကျပ် လိုက်တယ်။ အဲလို သွားတော့ ဖမ်းတာတွေ လုပ်လာတယ်။ မြစ်ကြီးနားမှာလည်း ကေအိုင်အို မိသားစု အိမ်တွေကို ဧည့်စာရင်း စစ်တာတွေ၊ သူတို့အိမ်မှာရှိတဲ့ ယာဉ်တွေ၊ စက်ပစ္စည်းတွေ စာရင်းကောက်တာတွေ လုပ်နေတယ်။ ကေအိုင်အိုကို တမင် ကျပ်နေတာ အသိသာကြီးပါ။ ကေအိုင်အို ဆက်ဆံရေး ရုံးတော့ ဖွင့်ထားတုန်းပဲ။ ဒါပေမယ့် နှစ်ဖက် ပြောဆို ဆက်ဆံတာ ပြတ်နေပြီ” ဟု ပြောသည်။

ယခုကဲ့သို့ ကေအိုင်အိုတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ ကေအိုင်အိုဘက်မှ သဘောထားကို သိရှိရန် တာဝန် ရှိသူများအား ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ် မရပေ။

Ref: ခေတ်ပြိုင်

Read More...

ဒီချုပ် ဖျက်သိမ်းခဲ့သည့်အတွက် စွဲဆိုထားမှု ကြားနာရန် ရက်သတ်မှတ်

သောကြာနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့သည့်အပေါ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာစစ်အစိုးရကို တရား စွဲဆိုထားခဲ့ရာ ယင်းအမှုကို ကြားနာရန် အောက်တိုဘာ ၁၈ ရက်နေ့ကို ချိန်းဆို ခဲ့သည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဤအမှု ပထမဆုံး ကြားနာသည့်နေ့တွင် ဒီချုပ်ကို ကိုယ်စားပြုရန် ရှေ့နေကြီး ဦးကြည်ဝင်း တဦးတည်း ကိုသာ ခွင့်ပြု ထားသည်။

ဤအမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ကိုယ်စားလှယ်များကို နောက်အပတ်တွင် တွေ့ဆုံဆွေးနွေး ခွင့်ပြုပါရန် ဒီချုပ်က အာဏာပိုင်များကို မေတ္တာ ရပ်ခံထားသည်။

စစ်အစိုးရက သြဇာလွှမ်းမိုးထားသော မြန်မာ့ တရားစီရင်ရေး စနစ်တွင် မမျှတသော စီရင်ဆုံးဖြတ်ချက် ကိုသာ ရရှိ လိမ့်မည်ဟု မျှော်လင့် ထားသော်လည်း နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် ပျက်ကွက်ခဲ့သည့် အတွက် စက်တင်ဘာလ ၁၄ ရက်နေ့ က ပါတီကို ဖျက်သိမ်းခဲ့သည့် အပေါ် စစ်အစိုးရအား တရားစွဲဆို ခဲ့ရာတွင် ယခုအမှုကို ပထမဆုံး လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။

ယခင်က အမှုစွဲဆိုမှုကို ပယ်ချခဲ့ရာတွင် စစ်အစိုးရ ပြဌာန်းထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခြေခံ၍ ပယ်ချခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေသည် အငြင်းပွါးဖွယ် ၂ဝဝ၈ ဖွဲ့စည်းပုံ၏ ကျောရိုးသဖွယ် အသုံးတော် ခံနေသည်ဟု စွပ်စွဲ ပြောဆိုမှုများ ရှိသည်။


Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအတွက် ကြားနာမည်

ဝီရ
၀၈ အောက်တိုဘာ ၂၀၁၀

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး အယူခံအတွက် လာမည့် အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြားနာမည် ဖြစ်ကြောင်း ရန်ကုန် ဗဟို တရားရုံးချုပ်က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ထားတဲ့အပေါ် ပြင်ဆင်ပေးဖို့ အထူးအယူခံ အမှုအတွက် ကြားနာမှာ ဖြစ်ပါတယ်။ ဒီအယူခံက လွန်ခဲ့တဲ့ (၄) လကတည်းက ကျနော်တို့ တင်ထားတာပါ။ အခု ကြားနာမယ်ဆိုတော့ ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင် တွေ့ရဖို့ လုပ်သွားပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်း လျှောက်ထား ခဲ့ရာမှ ယခုကဲ့သို့ ကြားနာရန် နေ့ရက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ပထမဆုံး ကြားနာတဲ့ရက်မှာ ကျနော်တို့ဘက်က ဘာကြောင့် အယူခံဝင်တာလဲ ဆိုတဲ့ လျှောက်လဲချက်ကို အရင် ကြားနာဖို့ ရှိပါတယ်။ ပြီးရင် အစိုးရဘက်က ရှေ့နေတွေ နှစ်ဘက် လျှောက်လဲတာ ရှိမယ်ထင်တယ်။ ဒီကြားနာပွဲကို သံတမန် အသိုင်းအဝိုင်းတွေလည်း တက်ခွင့်ရမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဟု ၎င်း၏ ရှေ့နေများက ဆိုသည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက် မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေး အာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိ တဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည့်ရက် စက်တင်ဘာ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည် ဖော်ပြထားခြင်း မရှိသော်လည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်နေ့ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့၍ ရွေးကောက်ပွဲ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးနိုင်ဖွယ် ရှိသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Friday, October 8, 2010

ကော်မရှင် (ဥပဒေ) အထက်မှာ ဘယ်သူတွေရှိသလဲ

နှောင်းလူ
အောက်တိုဘာ ၈ ရက် ၂၀၁၀

ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးလာပါပြီ။ ဥပဒေ ချိုးဖောက်မှုတွေ၊ မတရားမှု တွေကလည်း ပိုပြီး ရုပ်လုံး ပေါ်လာ နေတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိတာတွေကလည်း ပိုပိုပြီး၊ ထင်ရှား လာနေပါတယ်။ ဘယ့်ကလောက် မလွတ်လပ် ပါသလဲ ဆိုရင် ပါဝင် ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီနဲ့ မဲဆန္ဒရှင် ပြည်သူတွေ တင်မက၊ လွတ်လပ်ပြီး တရားမျှတဲ့ ရွေး ကောက်ပွဲကို တရားသူကြီး တယောက်လို၊ ဒိုင်လူကြီး တယောက်လို ဦးစီးကွပ်ကဲ ကျင်းပပေးရမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်က မလွတ်လပ်ပါ။

ထုတ်ပြန်ထားတဲ့ ဥပဒေလို့ ခေါ်ရမှာတောင် ခက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက် တွေကို စစ်ကောင်စီ က ကျောထောက် နောက်ခံ ပြုထားတဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီ ကိုတောင် လိုက်နာအောင် မလုပ်နိုင်ဘဲ လက်ပိုက် ကြည့်နေရပါတယ်။ ဒီလို တဖက်စောင်နင်း ဥပဒေမျိုးကို နိုင်ငံတော် လူကြီးတွေ ပါတဲ့ ကြံ့ဖွံ့ပါတီ ကိုယ်တိုင်က မလိုက်နာခြင်းဟာ မင်းမဲ့ စရိုက် အလေ့အထကို ထူထောင်နေတာပဲ ဖြစ်ပါတယ်။ သူတို့ ပြောနေတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဆိုတာက ဘယ်ရောက် သွားပြီလဲ။ ပြည်သူတွေနဲ့ အောက်ခြေ တပ်မတော် သားတွေကို ငြိမ်ဝပ် ပိပြားနေအောင် စည်းကမ်းနဲ့ နေခိုင်းပြီး နိုင်ငံတော် ခေါင်းဆောင် ဆိုသူတွေကတော့ ဥပဒေ စည်း ကမ်းတွေ အထက်မှာ ငါတို့ လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ သဘောလား။

စကတည်းက ယဉ်သကို ဆိုသလိုပါပဲ။ ကြံ့ဖွံ့အသင်းကနေ ပါတီ ပြောင်းတော့ နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေပါ ပုဒ်မ တွေနဲ့ ငြိစွန်း နေပေမဲ့ ခွင့်ပြုခဲ့တယ်။ ဘာကြောင့်လဲ ကော်မရှင် အဖွဲ့ကလည်း စစ်ကောင်စီက ဖွဲ့ပေးခဲ့တာကိုး။ ဒီတော့ စစ်ကောင်စီပါတီ ဖြစ်တဲ့ ကြံ့ဖွံ့ ပါတီတွေရဲ့လုပ်ရပ်ကိုလည်း မျက်ကွယ် ပြုရတာပေါ့။ သူနဲ့ ဥပဒေ အပေါ်မှာ စစ်ကောင် စီက ရှိနေတာလေ။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်မယ့် ဝံသာနု NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးထွန်းရွှေဟာ ပါတီရဲ့ကြေညာစာတမ်းနဲ့ ကိုယ်ရေးရာဇဝင် ဝေဖို့တွက် ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ အညီ (၇) ရက် ကြိုတင်ပြီး သက်ဆိုင်ရာ တိုင်းကော်မရှင်ကို တင်တဲ့ အခါ မိတ္တူအပိုပေးဖို့ သက် ဆိုင်ရာ စစ်တိုင်းကို တင်ပြပြီး စစ်တိုင်းရဲ့ ခွင်ပြုချက်ရမှ ဝေငှဖို့ ပြောလာတာဟာ ကော်မရှင် အပေါ် စစ်တပ်က ချုပ်ကိုင် ထားတာကို အထင်အရှား တွေ့နေရပါတယ်။ အဲဒီတော့ တပ်မတော် ဆိုတာကြီးက ဘာဖြစ်သွားသလဲ။ ပြည်သူကို အကာအကွယ် ပေးတဲ့ တပ်မတော် မဟုတ်ဘဲ။ စစ်အာဏာရှင် လူတစုကို အကာကွယ် ပေးနေရတဲ့ ဗိုလ်ချုပ်တွေရဲ့ ခါး ပိုက်ဆောင် အဖွဲ့စည်းမျိုး ဖြစ်မသွားဘူးလား။

နအဖဟာ သူတို့ရဲ့လူကြားကောင်းအောင်ပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးက တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး မပြိုကွဲရေး ဆိုတဲ့ အချက်ကိုတောင် ဂရု မထားနိုင်တော့ဘဲ မွန်အပစ်ရပ် အဖွဲ့က အသွင်ပြောင်းရေး၊ လက်နက်ချ ရေးကို လက်မခံဘဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့၊ ၂၀၀၈ အခြေခံ ဥပဒေရဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေ ပြင်ဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံ တည်ထောင်ဖို့ တောင်းဆိုတာကို စိတ်ဆိုး ဒေါသထွက်လို့ မွန်ပြည်နယ် မဲဆန္ဒရှင် ၁၂ သိန်း ကျော်မှာ မြန်မာ ၄ သိန်းကျော်၊ ပအိုဝ်း ၃ သောင်းကျော်၊ ကရင် ၁ သိန်းကျော် စုစုပေါင်း ၆ သိန်းကျော် စာရင်းကိုပဲ ဖော် ပြပြီး ကျန် ၆ သိန်းကျော်နဲ့ မွန်ပြည်သူ စာရင်းတွေကို ဖျောက်ပြီး ပြည်နယ် ကော်မရှင်က ထုတ်ပြန်ကျေညာ စေတာကို မွန်အမျိုးသား ဒီမိုကရေစီ ပါတီက ထောက်ပြ ပြောလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် နေတာတွေကိုလည်း ရေငုံနှုတ်ပိတ် နေသလို၊ ကိုယ်တိုင် ပါဝင် ဖောက်ဖျက် နေတာတွေလည်း တွေ့နေရပါတယ်။ ရန်ကုန်တိုင်း အတွင်း လမ်းသစ် ခင်းတာတွေကို မြို့တော်ဝင် စည်ပင် ဥက္ကဌ ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ဗိုလ်မှူးချုပ် ဟောင်း ဦးအောင်သိန်းလင်းနဲ့ ကြံ့ဖွံ့ပါတီ ပူးပေါင်းပြီး၊ ရပ်ကွက်မှာ ကောက်ခံတဲ့ ပြည်သူ့ငွေတွေ၊ စည်ပင်ငွေတွေနဲ့ လုပ်နေကြပြီး ကြံ့ဖွံ့ပါတီက ပြည်ခိုင်ဖြိုး ပါတီဝင်များ၏ လုပ်အားဖြင့် ဆောင်ရွက်သည်၊ ၂၀၁၀ ဆိုပြီး ကျောက်တိုင်တွေ စိုက်ထူပါတယ်။

ဒီလိုပဲ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ လက်ရှိ အစိုးရ တာဝန်ရှိသူတွေဟာ နိုင်ငံတော် စရိတ်နဲ့ နိုင်ငံ အဝှမ်း သွားရောက်ပြီး အစိုးရတိုင်း လုပ်ဆောင်ရမယ့် တာဝန်ကို သူတို့ ကြံ့ဖွံ့ပါတီသာ လုပ်ဆောင် နိုင်တယ်လို့ သွယ်ဝိုက် စည်းရုံး လုပ်ဆောင် နေတာကိုလည်း နိုင်ငံတော်ပိုင် သတင်းစာတွေမှာ နေ့စဉ် တွေ့နေရပါတယ်။ ၀န်ကြီးချုပ် ဦးသိန်းစိန် ဆို စက်တင်ဘာလ ၂ ရက်က ကြံ့ဖွံ့ကိုသာ မဲပေးကြရန် ဆိုတဲ့ ညွှန်ကြားချက် တရပ်ကို ၀န်ကြီးဌာနတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ပေးပို့ပြီး၊ မဲပေး မမှားကြဖို့နဲ့ တိုင်းပြည်အေးချမ်း တည်ငြိမ်ရေးကို ပြည်ခိုင်ဖြိုး ပါတီကပဲ လုပ်ဆောင်နိုင်တယ် ဆိုတဲ့ ၀န်ကြီးချုပ် မိန့်ခွန်းကို သက်ဆိုင်ရာ ဌာန အကြီးအကဲတွေ၊ ပါမောက္ခ ချုပ်တွေက သူတို့ ၀န်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ဖတ်ကြား စေခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရက်တစ်အင်အားစု ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း ကလည်း “အခု ရွေးကောက် ပွဲ ဝင်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေက အစိုးရထဲမှာပဲ ရှိသေးတယ်။ သူတို့က မြို့တွေကို ဆင်းပြတယ်။ ဟိုကျောင်းတွေ ဒီဆေးရုံ တွေသွားပြီး ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေး ဟိုပြောဒီပြော အများကြီးပေါ့။ ဒါကတော့ လက်ရှိ ကိုယ့်ရဲ့အနေအထား ကိုအခွင့်အရေး ယူပြီး အထက်စီး ယူတဲ့ သဘောဖြစ်နေတယ်။ ဒါမျိုးက မလုပ်သင့်ဘူးလို့ ယူဆတယ် ဟု လည်းကောင်း၊ မဲဆွယ် စည်းရုံးတဲ့ နေရာမှာ အမှန်တရားကို နားလည် သဘောပေါက်အောင် ကိုယ့်ရဲ့ အယူအဆကို လက်ခံအောင် လုပ်ရမှာ။ ဒီလို မလုပ်ဘဲနဲ့ ငွေရေး ကြေးရေးနဲ့ လာဘ်ထိုး၊ တဖက်ကနေ ကြောက်လန့်အောင် ခြိမ်းခြောက်။ အဲ့ဒီလိုမျိုးက နိုင်ငံ အတွက် အရှည်မှာ မကောင်းဘူး” ဟုလည်းကောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဒါတွေဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါအချက်တွေနဲ့ လွှတ်တော်သုံးရပ် အတွက် ပြဋ္ဌာန်း ထားတဲ့ ဥပဒေပါ အချက်တွေ။ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေ။ ပြည်ထောင်စု ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် အချက်တွေကို ချိုးဖောက် နေတယ် ဆိုတာကို ပြနေပါတယ်။ ပြစရာ သာဓကတွေကတော့ အများကြီးပါ။ ပြရရင် တစ်ထောင့် တည ပုံပြင်ထက်၊ ဦးကုလားရဲ့ မှန်နန်းရာဇဝင်ထက် ရှည်မှာမို့ လိုအပ် သလောက်သာ ထုတ်ဖော်ပြတာပါ။

တင်ပြခဲ့တဲ့ သာဓကလေးတွေလောက်နဲ့တင် ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ် သန့်ရှင်းမှာ မဟုတ်ဘူး ဆိုတာ ထင်ရှားနေသလို၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေရဲ့ အပေါ်မှာ စစ်ကောင်စီ ရှိနေတယ် ဆိုတာကိုလည်း ထင်ရှားစေပါတယ်။




Read More...

၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူဗိုလ်ကြီးစိုင်းဝင်းကျော် (၂)

ရော်နီညိမ်း
တနင်္ဂနွေ, 03 အောက်တိုဘာ 2010

တပ်မှူး တပ်သား ပြောစကား (၀၂၈)

၁၉၈၈ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူ၊ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်က သူ့ရဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်း မှုနဲ့ နိုင်ငံရေး အကျဉ်းသားဘ၀ အတွေ့ အကြုံတွေ၊ နိုင်ငံရေး အမြင်တွေကို ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ၊ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းခဲ့ပြီး မကြာခင်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ဖြစ်ပြီးတဲ့အခါမှာ ဗိုလ်ကြီး ရွှေ့ ပြောင်းပုန်းအောင်း နေထိုင် နေရတယ်ပေါ့။ ဗိုလ်ကြီး အဖမ်း ခံခဲ့ရပြီးတော့ ဗိုလ်ကြီးကို သေဒဏ် ချမှတ်ခံရတယ်။ နောက်ပိုင်းမှာ ဗိုလ်ကြီးက ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတယ် ဆိုတာ တော့ ကျနော်တို့ သိထားပါတယ်။ အဲဒါလေးကို အကျဉ်းချုံးပြီးတော့ ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော့်အနေနဲ့ ရွှေ့ပြောင်းပြီး ပုန်းအောင်းနေထိုင် ရတဲ့ ကာလ တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် အဆက်အသွယ် ရှိပါတယ်။ နိုင်ငံရေး အခင်း အကျင်းက ဘယ်လို ဖြစ်သွားသလဲ ဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင်က ပါတီတွေ မှတ်ပုံတင်ခွင့် ပြုပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ ကျင်းပမယ် ဆိုတာကို သူက တစ်နှစ် ကျော်ကျော်လောက် စောပြီးတော့မှ ကြေညာ ခဲ့ပါတယ်။ အဲဒီတော့ ဒေါ်စု အပါအ၀င် လူကြီးတွေကို ကျနော်တင်ပြပါတယ်။ ကျနော်တို့က အခုချိန်မှာ နိုင်ငံရေးကို တရားဝင် လုပ်လို့လည်း မရဘူး၊ မည်သည့်ပါတီ အဖွဲ့အစည်းကိုမှ ကျနော်တို့ ၀င်လို့မရဘူး၊ ကျနော်တို့က တပ်ပြေးတွေ ဖြစ်နေတယ်၊ ကျနော်တို့အတွက် ဘယ်လို စဉ်းစားပါသလဲလို့ မေးတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က အစ ခေါင်းဆောင်တွေ အားလုံးကလည်း “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်” ကို ဖွဲ့စည်းပြီးတော့မှ နိုင်ငံရေး လှုပ်ရှားမှုတွေကို သူတို့ စတင်နေပါပြီ။ သူတို့က ကျနော်တို့ အနေအထားနဲ့ ပတ်သက်ပြီး စဉ်းစားတာကတော့ ဒီကိစ္စတွေဟာ ဒီအချိန်မှာ ကိုင်တွယ် ဖြေရှင်းလို့ မရသေးဘူးပေါ့။ ဒီအချိန်ဟာ စစ်တပ်က အာဏာ သိမ်းထားတဲ့ အချိန် ဖြစ်နေတဲ့ အတွက်ကြောင့် ဘယ်လိုမှ ဖြေရှင်းလို့ မရသေးဘူး။ အဲဒီတော့ အကျပ်အတည်း ကာလလေးကို ကြိုးစားပြီးတော့မှ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပဲ ရုန်းကန်ပြီးတော့မှ ဖြေရှင်းပါ။ လှည့်လည်ရွှေ့ပြောင်း ပုန်းအောင် သွားလာပြီး နေထိုင်ပါ။ သူတို့နဲ့လည်း ကျနော်က တရားဝင် အဆက်အသွယ် လုပ်လို့လည်း မရပါဘူး။ ကြားလူတွေက တဆင့် ကျနော် မေးရတာပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုး သူတို့ဆီက သဘောထားတွေကို တိတိလင်းလင်း မဟုတ်ပေမယ့် အရိပ်အမြွက်တချို့ ကျနော် သိလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ကျနော် အခုလိုမျိုး လှည့်လည်ရွှေ့ ပြောင်း ပုန်းအောင်း နေထိုင်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော် ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးကို မရောက်ဖြစ်ခဲ့ သလဲ ဆိုတော့၊ အဲဒီလိုမျိုး နိုင်ငံရေး အခြေအနေ အခင်း အကျင်းတွေနဲ့ ဆက်စပ်ပြီးတော့မှ သူတို့ရဲ့ မှာကြားချက်အရ ဒီကိစ္စတွေဟာ ရွေးကောက်ပွဲ ပြီးသွားရင် အားလုံး ပြေလည်သွားမှာပါ ဆိုတော့၊ ကျနော့်အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အပေါ်မှာ မျှော်လင့် ပြီးတော့မှ ဒီကြားထဲမှာပဲ တစ်နှစ်လောက် ကာလလေးကို ရွေ့ပြောင်း ပုန်းအောင်း နေထိုင်ပြီး တကယ်လို့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် ၉၀ ခုနှစ်နောက် ပိုင်းမှာ အခြေနေတွေ ပြောင်းလဲ သွားမယ် ဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာပြည် နိုင်ငံရေးမှာ တတပ်တအား၊ တင်းပြည့် ကျပ်ပြည့် အချိန်ပြည့် ပါဝင် ထမ်းဆောင်မယ်။ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေး ကြိုးပမ်းမှုတွေနဲ့ နိုင်ငံသစ် တည်ထောင်ရေး လုပ်ငန်းတွေမှာ ကျနော်တို့ ကိုယ်တိုင် တတ်အားသရွေ့ကိုယ်စွမ်း ညာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင် ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကလေးနဲ့ ကျနော် ပုန်းအောင်း နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပုန်းအောင်း နေထိုင်စဉ် ကာလမှာလည်း အဓိက ကူညီ ပေးခဲ့တာကတော့ ကျောင်းသားနဲ့ ပြည်သူ တွေ ပါပဲ။ ပြည်သူတွေရဲ့ ထမင်းကို ကျနော် စားရပါတယ်။ ကျောင်းသားတွေလည်း သူတို့ အသက်နဲ့ ရင်းပြီး ကာကွယ် ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ကျေးဇူးတွေလည်း ကျနော် မမေ့ပါ ဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ရွေးကောက်ပွဲ ပြီးသွာတော့လည်း ဗိုလ်ကြီး မျှော်လင့်သလို ဖြစ်မလာခဲ့ ဘူးပေါ့နော်။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီမတိုင်ခင် ကျနော်က ၁၉၈၉ခုနှစ် ဧပြီလမှာပဲ ရန်ကုန်မြို့တွင်း တနေရာမှာ အဖမ်း ခံရပါတယ်။ နောက်ဆုံး ကျနော် ပုန်းအောင်း တိမ်းရှောင်ဖို့ အခက်အခဲ ဖြစ်လာတဲ့ အချိန်၊ ကျနော်နဲ့ နီးစပ်တဲ့ ဆွေမျိုးအိမ် မှာ သွားရောက် ပုန်းအောင်းစဉ် ကာလမှာ သူတို့ သတင်း ရသွားပြီးတော့ ကျနော့်ကို လက်ရ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့ နောက်ပိုင်းလည်း အပြင်းအထန် နှိပ်စက်ပြီးတော့မှ ခုနကပြောတဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို သူတို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော် ဖြတ်သန်းခဲ့ရတဲ့ ထောင်မကျသေးခင် ကာလက တော့ အဲဒီလို အခြေအနေ တွေပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ကိုယ်မျှော်လင့်ခဲ့သလို မြန်မာ့နိုင်ငံရေးဟာ ဖြစ်မလာဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် ကိုယ့်လုံခြုံရေး ကိစ္စ ပြေလည်သွားမယ် ဆိုတာ မြန်မာ့နိုင်ငံရေး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ မပြေလည်မှုပေါ့။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေး တစ်ခုလုံး မပြေမလည် ဆက်ဖြစ်နေတာကို ဗိုလ်ကြီး အကျဉ်းကျနေစဉ် ကာလမှာ တနိုင်ငံလုံး အတွက် ဘယ်လို ဖြစ်ပေါ် ခံစားမိပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ထောင်ထဲမှာ ကျနော့်ရဲ့အတွေ့အကြုံတွေ ကတော့ တန်ဖိုး မဖြတ်နိုင်ပါဘူး ခင်ဗျ။ မြန်မာပြည် နိုင်ငံရေးကို ထောင်ထဲရောက်မှ ကျနော်လည်း နားလည်တာပါ။ အစက ကျနော် နားမလည်ပါဘူး။ ကျနော် စာဖတ်ခဲ့တဲ့ အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ဒါတွေလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘ၀တက္ကသိုလ် ထောင်ထဲမှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ရဲဘော်တွေနဲ့ ကျနော် တွေ့ဆုံပြီး သူ့အမြင် ကိုယ့်အမြင် ဆွေးနွေး ဖလှယ်ကြပြီး တဖြည်းဖြည်း တည်ဆောက် ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီအချိန် မှာပဲ ကျနော့် ယုံကြည်ချက်က ပိုပြီးတော့ ခိုင်မာလာပါတယ်။ ထောင်ထဲမှာ ကျနော် အဘဦးသော်က တို့၊ ဗိုလ်မှူးဂျွန်လှဝင်း တို့၊ အဲဒီလူတွေနဲ့လည်း ကျနော် တွေ့ခဲ့ပါတယ်။ ဗိုလ်မှူးသူရ ဦးငွေလှိုင် ဆို အန်အယ်လ်ဒီ ကပါပဲ။ အင်းစိန် အမတ်ပေါ့၊ အဲဒီတုန်းက သူတို့နဲ့ ကျနော် တွေ့ခဲ့ပါတယ်။ နောက်တစ်ခုက ၄၈၂၈ (ဗမာပြည် ကွန်မြူနစ်ပါတီ၏ မြေအောက် ကလပ်စည်း) ကိုသက်ခိုင် အမှုတွဲတွေ ဗိုလ်စက်ရောင်တို့ နောက်ပြီးတော့ ပဲခူးရိုးမ ထိုးဖောက် အဖွဲ့တွေ ၊ ဘီဘီစီ သတင်းထောက် ဦးနေမင်းတို့၊ တိုက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပေါင်းစုံ ကျနော်တို့ အတူတကွ လက်ရည် တပြင်တည်း စစ်အာဏာရှင် စနစ်ရဲ့ ဖိနှိပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတော့ ဖြတ်သန်း ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီမှာ တဖြည်းဖြည်း ကျနော် အတွေ့အကြုံတွေ ပို ရလာတယ်။ ယုံကြည်ချက်တွေ ပိုခိုင်မာလာတယ်။ အဲဒီမှာ ကျနော်တို့ သတင်းတွေနဲ့လည်း အဆက် မပြတ်ပါဘူး ခင်ဗျ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ကျနော်တို့ အားလုံးက မျှော်လင့် တကြီးနဲ့ စောင့်စားခဲ့ပါတယ်။ ကျနော်တို့ မျှော်လင့်ခဲ့တဲ့ အတိုင်းလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲ မ၀င်ပေမယ့်လည်း ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက န၀တက ဘယ်လောက်ထိ ညစ်ပတ်သလဲဆိုလျှင် ရွေးကောက်ပွဲ အဖြေရလဒ်ကို (၃) လ ကြာအောင် အချိန် ဆွဲပြီးတော့ ရေဒီယိုကနေ တစ်ခုချင်း ကြေညာ သွားတယ်ဆိုတာ ကျနော် မှတ်မှတ်ရရ ရှိနေပါတယ်။ ဆက်သွယ်ရေး၊ ရာသီဥတု အကြောင်းပြချက် တွေနဲ့ တစ်ညမှာ တစ်မြို့နယ်၊ နှစ်မြို့နယ်လောက် ကြေညာ သွားပြီး မြို့နယ် အားလုံးပေါင်း သုံးရာကျော်ကို သုံးလလောက် အချိန်ဆွဲပြီး ကြေညာ သွားတာပါ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ကတိအတိုင်း သူတို့အားလုံးဟာ စစ်တမ်းလျားကို ပြန်သွားပြီးတော့မှ နိုင်ငံတော် အာဏာကို အနိုင် ရရှိထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ထံ လွှဲပေးမှာပဲလို့ ကျနော်တို့ မျှော်လင့် ခဲ့ကြပါတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့ အခါ ၁၉၉၀ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ထောင်တွင်းဆူပူမှု ဖြစ်ပါတယ် ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဒီ ဆူပူမှုတွေဟာလည်း ချက်ချင်း ထပြီးဖြစ်တာ မဟုတ်ပါဘူး။ ထောင်အာဏာပိုင် တွေရဲ့ မတရား ဖိနှိပ်မှုတွေကို နောက်ဆုံး ဘယ်လိုမှ မခံနိုင်တဲ့ အဆုံးမှာ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပါတဲ့၊ တခြားအဆောင်က ရာဇ၀တ်မှု အကျဉ်းသားတွေ မပါတဲ့ နိုင်ငံရေး လှုပ်ရှားမှုကြီး တစ်ခု ထောင်ထဲမှာ ဖြစ်ခဲ့တာပါ။ သေဒဏ်ကျတဲ့ အကျဉ်းသား တွေလည်း ပါပါတယ်။ ကျနော်တို့လို နှစ်ကြီးကျတဲ့ တိုက်ထဲမှာ ရှိနေတဲ့ အကျဉ်းသားတွေ အားလုံက ပါဝင်ပြီး (၉၀) ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော် ပေးဖို့ ၊ အမြန်ဆုံး အာဏာ လွှဲပြောင်းပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ဆိုတဲ့ အော်ဟစ် ကြွေးကြော်ပြီးတော့ တောင်းဆိုတာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်း နဲ့ ဆန္ဒပြပြီး ကျနော်တို့ တောင်းဆိုတာပါ။ အဲဒီ အတွက်ကြောင့်လည်း ထောင်အာဏာပိုင် တွေက ၁၉၉၀ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကျနော်တို့ကို အကြီးအကျယ် တနေကုန် ရိုက်နှက်ပြီးတော့မှ စစ်ခွေး တိုက်ထဲထည့် နောက်တစ်နေ့ မနက် အစောကြီးမှာ သရက်ထောင်ကို ပြောင်းတဲ့ အနေအထားမျိုးထိ ဖြစ်သွားပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့က တော့ နောက်ပိုင်းမှာ တိုက်ပွဲဟာ ဆက်လက် တည်ရှိ နေဦးမှာပါလား၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးအခင်းဟာ မပြီးဆုံးသေးဘူး။ အကျပ်အတည်းတွေဟာ ရှေ့မှာ အများကြီး ရှိနေတယ်။ အဲဒီ အတွက်ကြောင့် ကျနော်တို့ အများကြီး ဖြတ်သန်း ရဦးမယ်ဆိုတာ ကျနော် သဘောပေါက် ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီးရဲ့ အခုလို နိုင်ငံရေး အကျဉ်းသား အဖြစ် ဖြတ်သန်းခဲ့မှု အတွေ့အကြုံ၊ နောက်တခါ လွတ်မြောက် နယ်မြေကို ရောက်ရှိလာတဲ့ အချိန်မှာလည်း ဗိုလ်ကြီးဟာ ဒီအတိုင်းမနေဘူး၊ နိုင်ငံအတွက် ဆက်လုပ်တယ်။ ပြည်ပမှာ အခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ် စစ်သည်ဟောင်းများ အစည်းအရုံး” ကို ဗိုလ်ကြီးဟာ စတင် လှုံ့ဆော်တည် ထောင်သူ တစ်ဦးလည်း ဖြစ်တယ်။ ခုနက ဗိုလ်ကြီးပြောသလို ကိုယ်က ပြည်သူ့ ရင်ခွင်ထဲကို ကူးပြောင်းတယ် ဆိုပြီးတော့ ရှစ်လေးလုံးအချိန် ကူးပြောင်း လိုက်စဉ်တုန်းကတော့ emotion (စိတ်ခံစားမှု) အရ မတရားမှုတွေ ဒီလောက် ဖြစ်နေတာ ငါ မတရားတဲ့ ဘက်မှာတော့ မနေချင်ဘူး ဆိုတဲ့ စိတ်ဓာတ် ခံယူချက်မျိုးနဲ့ ကူးပြောင်း ခဲ့ပြီးတော့ နောက် နှစ်ရှည်နိုင်ငံ ရေးအကျဉ်းသား ဖြစ်လာတဲ့အခါမှာ နိုင်ငံရေးကို ပိုနားလည်လာတယ်၊ ပိုရင့်ကျက်လာတယ် ပိုသိလာတယ် ဆိုတော့ အဲဒီအနေအထား ကနေ အခု မြန်မာပြည် နိုင်ငံရေး အခင်းအကျင်း ကို ဗိုလ်ကြီး ဘယ်လိုမြင်ပါသလဲ၊ အထူးသဖြင့်ပေါ့နော်၊ ဗိုလ်ကြီးက တပ်မတော် အထဲမှာ နေခဲ့တဲ့လူ ဖြစ်တဲ့ အတွက်ကြောင့်မို့ ကိုယ့်အထက် တပ်မှူးတွေရဲ့ mentality စိတ်နေ စိတ်ထား၊ သဘောထား လုပ်နည်း ကိုင်နည်းတွေ ဗိုလ်ကြီး သိနေမယ်လို့ ကျနော် ထင်ပါတယ်။ အခု လက်ရှိ စစ်ခေါင်းဆောင်တွေဟာ ဗိုလ်ကြီးတို့ ရှိစဉ်အခါတုန်းက ဗိုလ်ကြီးတို့နဲ့ သိပ်မကွာတဲ့ စစ်ခေါင်းဆောင်တွေပါ။ အဲဒီတော့ ဒီအချက်တွေပေါ် မူတည်ပြီးတော့ ယနေ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နောက်လာမယ့် အလားအလာ၊ အခု ၂၀၁၀ ရွေးကောက်ပွဲကို ပြ ထားပြီးတော့ စစ်အစိုးရ လှုပ်ရှားနေမှု အပေါ်မှာ ဗိုလ်ကြီး သုံးသပ်ပေးပါ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး၊ ကျနော်က ခလရ (၅၁) မှာ တပ်စုမှူး၊ အဲဒီတော့ သူ ကျနော်တို့ တပ်ကို လာ စစ်တဲ့ အချိန်မှာ ကျနော်တို့ တွေ့ဖူးပါတယ်။ သူ ဦးဆောင်တဲ့ စစ်ဆင်ရေး တွေမှာလည်း ကျနော်တို့ ပါဝင် ခဲ့ရပါတယ်။ အခုအချိန်မှာ ကျနော် မြင်တာကတော့ ဗမာ့ တပ်မတော်ဟာ အကြီး အကျယ် ပြောင်းလဲသွားပြီ ခင်ဗျ၊ ပြောင်းလဲ သွားတဲ့ နောက်ပိုင်းမှာ တစ်ဦးတစ်ယောက် ခေါင်းဆောင်မှုဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဦးဆောင်မှုကို ဘယ်သူမှ မတွန်းလှန်ရဲတဲ့ အနေ အထား ဖြစ်နေပါတယ်။ ဒီလို အနေအထား ဖြစ်နေတယ် ဆိုတာ သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီးတော့မှ တပ်မတော်ကို တည်ဆောက် နေတယ်။ နိုင်ငံတော်ကို လုပ်ချင်သလို လုပ်နေတယ် ဆိုရင်၊ ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်သားဆိုရင် ကတိ တည်ရပါတယ်။ ကိုယ်ပေးတဲ့ ကတိကို အောင်မြင်အောင် အကောင်အထည် ဖော်ရပါတယ်။ အဲဒီတော့ ကောင်းကောင်း ဆိုးဆိုး ကိုယ့်ကတိအတိုင်း ဖြစ်လာတဲ့ ရလဒ်တွေအပေါ် မူတည်ပြီးတော့ ဆက်လက် လုပ်ဆောင် သွားဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ တပ်မတော် ခေါင်းဆောင် အများစုက ဘာဖြစ်နေသလဲ ဆိုလျှင် ကျနော် လေ့လာ မိသလောက် အခုအချိန်မှာ အများကြီးလည်း ပျက်စီးသွားပြီ။ ပြည်သူလူထုကို ရင်ဝယ်သားလို သဘော မထားနိုင်တော့ဘူး အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်၊ နှိပ်ကွပ်နေတယ်။ နိုင်ငံရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီ လွတ်လပ်ခွင့်၊ လူ့အခွင့် အရေးတွေက အစ ဘာမှ ဂရုမစိုက်တော့ဘူး။ တိုင်းရင်းသား အခွင့်အရေး၊ ပြည်နယ်တွေရဲ့ အခွင့်အရေး၊ ပြည်သူလူထုရဲ့ ဘ၀တွေကိုလည်း မစာနာတော့ဘူး။ ဒီအချိန်မှာ ကိုယ့်မိ သားစု ကိုယ့်ဆွေမျိုးသားချင်း ကောင်းစားရေးတွေပဲ လုပ်နေကြတယ် ခင်ဗျ။ အဲဒီတော့ အခုချိန်မှာ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ မိသားစုတွေ ဆွေမျိုးသားချင်း တွေက အရမ်းကို ကြွယ်ဝ ချမ်းသာ လာပြီးတော့ မြန်မာပြည်ရဲ့ ကျန်တဲ့ သာမန် ပြည်သူလူထု အများစုက ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ မွဲတေပြီး နိမ့်ကျသွားတဲ့ အနေအထား ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော် စိတ်မကောင်းပါဘူး။ ဒါတွေဟာ စစ်အာဏာရှင် စနစ်ဆိုးရဲ့ ပြယုဂ်တွေပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ဗိုလ်ကြီး အုန်းကျော်မြင့်တို့က အစ အမှန်တရားကို ဦးတည်ပြီးတော့မှ ပြောခဲ့ ဆိုခဲ့တာတွေ ရှိပါတယ်။ (၈၈) အရေးအခင်းမှာ ကျနော် ပါဝင်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ အမှန်တရား ပြောဆိုမှုတွေဟာ ရလဒ်တွေ အနေနဲ့ အခု တပ်မတော် ထဲမှာ မျိုးဆက်သစ်တွေ ကကော၊ ကျနော့်ထက် စီနီယာကျတဲ့ အစ်ကိုကြီးတွေ ကကော၊ ကျနော့်ထက် ဂျူနီယာကျတဲ့ ညီငယ်တွေ ကကော၊ ကျနော်နဲ့ level တန်းတူ အဆင့်ရှိတဲ့ တချို့သော အရာရှိတွေ ကကော၊ အတွေး အမြင်တွေ ပြောင်းလဲပြီး၊ အမှန်တရားကို ဖော်ထုတ် ပြောဆိုရဲတဲ့ သတ္တိတွေ ရှိလာတယ်။ အင်မတန်မှ အားရစရာ ကောင်းတဲ့ လေးစားထိုက် တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတယ်။ နောက်ပြီး သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ကျသွားတဲ့ တချို့ ပုဂ္ဂိုလ်တွေလည်း ထွက်လာတယ် ဆိုတော့ အမှန်တရားကို မူတည်ပြီး ပြောရဲ ဆိုရဲလုပ် ရဲကိုင်ရဲရှိတဲ့ အရာရှိ အကြပ် စစ်သည်တွေ တပ်မတော်ထဲမှာ အများကြီး ပေါ်ပေါက်လာဖို့ ကျနော့်အနေနဲ့ အများကြီး ဂုဏ်ယူပါတယ် ခင်ဗျ။ ၀မ်းသာပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံ ပြု ပြင်ပြောင်းလဲ တိုးတက်ဖို့ အတွက် ကောင်းတဲ့ အလားအလာပဲလို့ ကျနော်တော့ ယူဆပါတယ် ခင်ဗျ။ အမှန်တရာကို လိုလားပြီး အမှန်တရားကို ပြောရဲ ဆိုရဲ သတ္တိရှိတဲ့၊ အမှန်တရားဘက် က ရပ်တည်တဲ့၊ ပြည်သူလူထုနဲ့ နိုင်ငံတကာ အခြေအနေတွေကို နားလည်တဲ့၊ တိုးတက်တဲ့ အသိအမြင် အတွေး အခေါ်ရှိတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာ တန်ဘိုး ထားတတ်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားမြတ်နိုးတဲ့ တပ်မတော်သားနဲ့ ပြည်သူတွေ အများစုက သာလျှင် မြန်မာပြည် နိုင်ငံရေးကို အဓိကကျတဲ့ နေရာမှာ အဆုံးအဖြတ် ပေးပြီး အပြောင်း အလဲကြီး တစ်ခုဟာ မကြာခင် ကာလအတွင်းမှာ ဖြစ်ပေါ်လာမယ်လို့ ကျနော့်အနေနဲ့ အကောင်းဆုံး ကို မျှော်လင့် ထားပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုကို ပစ်ခတ် နှိမ်နင်းဖို့ တာဝန် ပေးခြင်း ခံထားရတဲ့ တပ်မတော် အရာရှိ အဖြစ်ကနေ ပြည်သူ လူထုဘက် ကို ကူးပြောင်း ပါဝင်ခဲ့သူ၊ အခုအခါ ပြည်ပမှာ အခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ကို စတင် တည်ထောင်သူတွေ ထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ စစ်သား ဘ၀ကနေ မမျှော်လင့်ဘဲ နိုင်ငံရေး အကျဉ်းသားအထိ ဖြစ်လာတဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ မကြာသေးခင်က အသစ်ခန့်အပ် လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ ဖြစ်ကြသူ စစ်တိုင်းမှူး (၁၃) ဦးထဲမှာ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော် တက်ရောက်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အ ပတ်စဉ် (၂၄) က ကျောင်းဆင်းတဲ့ စစ်တိုင်းမှူး (၅) ဦး ပါရှိပါတယ်။ ကျန်တဲ့ စစ်တိုင်းမှူးတွေ ဟာလည်း ဗိုလ်ကြီး စိုင်းဝင်းကျော်ထက် နှစ်အနည်းငယ်ပဲ စောပြီး ဗိုလ်သင်တန်း ဆင်းသူ၊ နှစ်အ နည်းငယ်ပဲ နောက်ကျပြီး ဗိုလ်သင်တန်း ဆင်းကြသူတွေပါ။ လာမယ့် အောက်တိုဘာလ (၁၀) ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား ” အပတ်စဉ် ကဏ္ဍမှာတော့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်က သူနဲ့ခေတ်ပြိုင် လက်ရှိ စစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး သုံးသပ် တင်ပြ ထားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။



အပိုင်း (၁) သို့


Ref: VOA News

Read More...

တိုင်းရင်းသားများအရေး မိတ်ဖက် ၆ ပါတီ ပူးတွဲ လုပ်ဆောင်မည်

ဆလိုင်းထွန်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲဝင်မည့် ရန်ကုန်အခြေပြု ဒီမိုကရေစီမိတ်ဖက် ၆ ပါတီက တိုင်းရင်းသား ရေးရာ ကိစ္စများ အပါအဝင် အခြား လုပ်ငန်းရပ်အချို့တွင် ပူးပေါင်း လှုပ်ရှားသွားမည်ဟု ဆိုသည်။

ယခုလ ၂ ရက်နေ့တွင် ရန်ကုန်၌ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ၊ ချင်းအမျိုးသားပါတီ CNP နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ PDP မှ ခေါင်းဆောင် ၃ဝ ခန့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မိတ်ဖက်များအဖြစ် သဘောတူခဲ့သည်။

၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ၊ တိုင်းရင်းသား လူမျိုးများ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ လွှတ်တော်အတွင်း ညှိနှိုင်းဆောင်ရွက်ရေးတို့ ပူးတွဲ လုပ်ကိုင်သွားမည်ဟု ယနေ့တွင် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားညီအကိုများနဲ့ ပူးတွဲပြီး ဆက်လုပ်သွားမယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြဌန်းခွင့်၊ တန်းတူ ညီမျှခွင့်တွေကို အလေးအနက် ထားပြီး ဖော်ဆောင်ဖို့ ကြိုးပမ်းသွားမယ်။ မြို့နယ်အလိုက်ရှိတဲ့ မဟာမိတ် မိတ်ဆွေပါတီများက ပုဂ္ဂိုလ်တွေ အချင်းချင်း ညှိနှိုင်းပြီး မဲဆွယ် စည်းရုံးရေးတွေ လုပ်ဆောင်သွားမယ်’’ ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’နောင်အခါမှာလည်း စစ်မှန်တဲ့ ဒီမိုကရေစီရအောင် အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြု အာဏာကြားမှာ အပြန်အလှန် ထိန်းကြောင်းတဲ့ စနစ်ကို ပူးတွဲ ဆောင်ရွက်သွားမယ်။ လွှတ်တော်ထဲ ရောက်တဲ့အထိ လွှတ်တော်ထဲမှာ ပြည်သူ အကျိုးပြုမယ့် ကိစ္စတွေကို ပူးတွဲဆောင်ရွက်ဖို့ လမ်းကြောင်းတွေ ချထားတယ်။ ပူးတွဲညှိနှိုင်းရေး ကော်မတီတခုနဲ့ ဦးစီးနာယက ကော်မတီ တခုလည်း ဖွဲ့ဖို့ ရာထားပါတယ်” ဟု ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုကို စတင်ပြသသည့်အနေဖြင့် NDF နှင့် UDP ပါတီတို့၏ ရုံးများကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၌ ဖွင့်လှစ်ခဲ့ရာ နှစ်ပါတီ ခေါင်းဆောင်များ အပြန်အလှန် တက်ရောက်ခဲ့ကြသည်။

“ပူးတွဲလှုပ်ရှားမှုအနေနဲ့ ပဲခူးမြို့မှာ NDF ရုံး ဖွင့်တယ်။ UDP ရဲ့ ရုံးလည်း ဖွင့်တယ်။ အချင်းချင်း ပူးပေါင်း သွားတာပေါ့။ အစည်းအဝေးကို ဟိုဘက်ဒီဘက် မျှဝေပြီးတော့ လုပ်တယ်။ အမေရိကန်သံရုံးက သံအရာရှိ တဦးလည်း တက်လာတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယနေ့ ရုံးများ ဖွင့်လှစ်ရာသို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ဒုခေါင်းဆောင် ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိန်ဝင်းနှင့် UDP ပါတီမှ ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေး၊ အတွင်းရေးမှူး ဦးသိန်းတင်အောင်နှင့် ဗဟိုအဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၁၃ဝ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခြား ၄ ပါတီမှ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

အခြား မြို့နယ်ဒေသများတွင်လည်း ၎င်းတို့ ၆ ပါတီမှ ပါတီများ ရုံးခန်းဖွင့်လှစ်ကြမည်ဆိုပါက ပူးတွဲ လုပ်ကိုင် သွားရန်လည်း အစီအစဉ်များ ရှိနေကြောင်း သိရသည်။

ပူးတွဲဆောင်ရွက်ရန် သဘောတူခဲ့ကြသည့် ဒီမိုကရေစီမိတ်ဖက် ၆ ပါတီသည် လွှတ်တော် ၃ ရပ်တွင် ယှဉ်ပြိုင်မည့် အမတ်လောင်း စုစုပေါင်း ၃၉၆ ဦး ရှိသည်။


Ref: မဇ္ဈိမ

Read More...

ဟူးကောင်းတောင်ကြား ဒေသခံတို့ လယ်မြေ အသိမ်းခံရ

နူးပန်
ကြာသပတေး, 07 အောက်တိုဘာ 2010

ကချင်ပြည်နယ် တနိုင်း ဟူးကောင်းချိုင့်ဝှမ်းက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို ယုဇနကုမ္ပဏီရဲ့ လုပ်ငန်း တိုးချဲ့မှုမှာ မတရား သိမ်းယူ ခံထားရတဲ့အတွက် ဒေသခံတွေ တရားစွဲဆို ထားသူတွေ အခု ထပ်တိုး လာနေပါတယ်။ အဓမ္မ လယ်ယာမြေ သိမ်းယူမှု ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့အတွက် တရားစွဲသူတွေ ထပ်တိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာအမှုတွေနဲ့ ဘယ်လို ထပ်ပြီး တရားစွဲဆိုထားတယ်ဆိုတာ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က တင်ပြ ထားပါတယ်။

စစ်အစိုးရနဲ့ ပူးပေါင်းပြီး တနိုင်း ဟူးကောင်းချိုင့်ဝှမ်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကို သူ့ရဲ့ စိုက်ပျိုးရေး နယ်မြေ ချဲ့ထွင်ရာမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို မတရား သိမ်းယူမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက တရားစွဲဆို ထားတာပါ။

ယုဇနကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကြောင့် အဆိုးဝါးဆုံး ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဟူးကောင်း တောင်ကြား ကျေးရွာ ၅ ရွာက လယ်သမားတွေ ၁၀၀ ကျော် လျော်ကြေး ရဖို့အတွက် စက်တင်ဘာ လကတည်းက မြစ်ကြီးနားမှာ လျှောက်ထား ခဲ့ရာကနေ အခု လျော်ကြေးတောင်းသူတွေ ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဘယ်လိုအမှုတွေနဲ့ ဘယ်လောက် ထပ်တိုးလာတယ် ဆိုတာကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လယ်သမားတွေအတွက် ကူညီပေးနေသူ ရှေ့နေ ဦးမြင့်သွင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ နောက်ထပ် တိုးပါသေးတယ်၊ ရွာတွေ၊ ရွာသစ်တွေကရော ဒီ ယုဇနကုမ္ပဏီက ရွာတွေ ဖျက်ပြီးတော့ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ အဖျက်ခံရတဲ့ ပုဂ္ဂိုလ် နောက်ထပ် အယောက် ၃၀ ရှိသေးတယ်ခင်ဗျ။ ဘာလျော်ကြေးမှ မရသေးသူတွေလို့ ပြောပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ ထပ်ဆွဲ ပေးဖို့လည်း ပြင်ဆင်နေပါတယ် ခင်ဗျ။ အခုဆိုလို့ရှိရင် ၁၇ ယောက် တသုတ်ရယ်၊ အယောက် ၂၀ တသုတ်ရယ်၊ နောက်ထပ်အယောက် ၃၀ တသုတ်ရယ် ပေါ်နေပါတယ်ခင်ဗျ။”

တရားပြိုင်ဘက်ကတော့ ဦးဌေးမြင့် နာမည်ကို အသုံးပြုပြီး တရားမစွဲဘို့ တင်ပေမဲ့ ဒေသခံတွေ ကတော့ ဥက္ကဋ္ဌ တယောက် အနေနဲ့ တာဝန် ရှိသူဖြစ်တယ် ဆိုပြီး လူတွေ ထပ်တိုးပြီး တရားစွဲ လာကြတာပါ။ စွဲဆိုခွင့်အတွက် ကိစ္စတွေကို ထပ်ပြီး တရားပြိုင်ကို ခေါ်ထားဆဲဖြစ်ပြီး နောက်ထပ် အယောက် ၃၀ အမှုတင်ထားတာ မတင်ဖြစ်သေးတဲ့ အတွက် လာမယ့် တနင်္လာ၊ အင်္ဂါလောက်မှ ပြန်တင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ကျနော်တို့ နောက်ထပ် ချိန်းထားတာက ၇ ရက်နေ့ကို တမှု ချိန်းထားပါတယ်။ ၁၂ ရက်နေ့ကို တမှု ချိန်းထားပါတယ်။ ဒီ နစ်နာကြေးတွေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေတွေနဲ့ ပတ်သက်တဲ့ နစ်နာကြေးတွေ ဆွဲထားတဲ့ တပြားမှ နစ်နာကြေး မယူရသေးတဲ့ ၁၇ ယောက်က ဆွဲတာ တမှု၊ ဘာမှ မယူရသေးတဲ့ အယောက် ၂၀ က ဆွဲထားတာ တမှု၊ အဲဒီနှစ်မှုကို ၇ ရက်နေ့တချိန်း၊ ၁၂ ရက်နေ့တချိန်း၊ တရားပြိုင်လာဖို့ ချိန်းထားပါတယ် ခင်ဗျ။”

အခုလို တရားစွဲဆိုရာမှာလည်း အဝေးက ရောက်လာကြတဲ့ ဟူးကောင်း ဒေသခံတွေကို စိတ်ပျက်သွားအောင် ရုံးချိန်း ရက်တွေ ကြန့်ကြာအောင် လုပ်နေတယ်လို့ ဒေသခံတွေကို စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် ကူညီပေးနေသူ ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။

“ဒီကိစ္စကတော့ သူတို့လည်း တောင်သူတွေကို ညစ်ပတ်တာလည်း ပါတာပေါ့လေ။ တောင်သူတွေ ဒုက္ခရောက်အောင်၊ စိတ်ကုန် သွားအောင်၊ အမျိုးမျိုး လုပ်နေတဲ့ ပုံစံမျိုးလည်း ပါတယ်။ ပြီးတော့ ဒီကြားထဲမှာလည်း တောင်သူတွေကို ရွာတွေမှာ လိုက်ညှိတာလည်း ရှိတယ်။ ပိုက်ဆံ ယူမလားပေါ့။ အဲဒီလို ပိုက်ဆံ အထုတ်လိုက် ပေးပြီးတော့ ထုတ်ပေးမယ် ဆိုပြီးတော့လည်း လုပ်သေးတယ်။ တချို့လည်း ခြိမ်းခြောက်တာလည်း ရှိသေးတယ်။ ပြီးတော့ အခုလည်း ရုံးချိန်းကို သုံးရက်ချိန်းလိုက်၊ လေးရက်ချိန်းလိုက်၊ အမျိုးမျိုး လှည့်ပတ် လုပ်နေတာက သူတို့ရဲ့ သက်သက် ညစ်ပတ်တဲ့ ပုံစံပဲ။”

ဒေသခံတွေရဲ့ လယ်ယာမြေတွေကို အဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မရောင်းမနေရ ခြိမ်းခြောက်မှုတွေနဲ့ သိမ်းယူ ထားတာတွေရှိပြီး တချို့ကိုတော့ ပေါက်ဈေးထက် အဆမတန်လျှော့ပြီး တဧကမှာ ကျပ် ၈၀,၀၀၀ နဲ့သာ ချပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုရက်ပိုင်းမှာလည်း ယုဇနကုမ္ပဏီ ဝန်ထမ်း ၅ဝဝ ခန့်ကို တနိုင်းဒေသ ကွပ်ကဲမှုဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် ကြီးကြပ်မှုနဲ့ ယုဇန ကုမ္ပဏီရုံးမှာ ပြည်သူ့စစ် သင်တန်းပေးပြီး လက်နက်တွေ ထုတ်ပေးခဲ့တဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေတယ်လို့ ပြောပါတယ်။

အခုလို အခက်အခဲကြားမှာ ဒေသခံတွေ အနေနဲ့ တရားစွဲဆိုနေရတဲ့အတွက် ပြသနာတွေ ရှိပေမဲ့ အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို မအောင်မြင်ခဲ့ဘူး ဆိုရင်လည်း အထက်ကို ဆက်တက်သွားမှာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ယုဇန ကုမ္ပဏီက ကြံနဲ့ ပလောပီနံ စိုက်ပျိုးရေးအတွက် ချဲ့ထွင်ထားတဲ့ မြေတွေဟာ ဘိုးဘွားစဉ်ဆက် မိသားစုပေါင်း ၂,ဝဝဝ ကျော် လုပ်ကိုင်လာခဲ့တဲ့ မြေစုစုပေါင်း ဧက ၄၀၀,၀၀၀ ကျော် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမားတွေအတွက် နေ့စဉ် စားဝတ်နေရေး လှုပ်ရှားတဲ့ ဘဝတွေ ပျက်စီးသွားခဲ့ရုံ သာမက နေအိမ်တွေလည်း ပြောင်းရွှေ့ ခံရပြီး ဆက်လက် လုပ်ကိုင်စားသောက်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန် နေရပါတယ်။

ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်ကတည်းက တနိုင်း ဟူးကောင်းချိုင့်ဝှမ်းမှာ ၀င်ရောက်လာတာ ဖြစ်ပြီး အဲဒီ အချိန်ကတည်းက စလို့ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူမှု ပြဿနာတွေ ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ရှမ်းပြည် မြောက်ပိုင်း၌ အစိုးရတပ်များ ထပ်မံတိုးချဲ့

သန်းထိုက်ဦး
Thursday, October 07, 2010

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရ တပ်များ အပြင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကိုပါ စစ်အရေးအရ ပူးတွဲလှုပ်ရှားရန် ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း ဒေသ အခြေစိုက် ဗိုလ်မွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့၊ စိန်ကျော့ အခြေစိုက် ပြည်သူ့စစ် တပ်ဖွဲ့ ၀င်များနှင့် တချို့ ပြည်သူ့စစ်တပ်ဖွဲ့များကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ဒေသ အနီးတ၀ိုက်တွင် ယခုလဆန်း ပိုင်းက ဆင့်ခေါ်ထားကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA -S) ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် တပ်မဟာ ၁ ဒေသကို တိုက်ခိုက်ရန်အတွက် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ထား သကဲ့သို့ ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။ ယခု ဆင့်ခေါ်ထားသော ပြည်သူ့စစ် တပ်ဖွဲ့ ၀င်များတွင် ယခင် SSA-N မှ ခွဲထွက် ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော လဆန်းပိုင်းတွင်လည်း ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေ စိုက် (စကခ) ၂ မှ တပ်ရင်းတချို့ကို တိုးချဲ့ချထားပြီးနောက် ပြည်သူ့စစ် တပ်များကို ထပ်မံ တိုးချဲ့ထားခြင်း ဖြစ်သည်။

စစ်အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ခေါ်ယူခြင်းနှင့် ပတ်သက်၍ တပ်မဟာ ၁ နယ်မြေတွင် စစ် ဖြစ်လာပါက အချင်းချင်း ပြန်လည် တိုက်ခိုင်စေရန် အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။

သို့သော် စစ်အစိုးရက ပြည်သူ့စစ် တပ်ဖွဲ့များကို ဆင့်ခေါ်သည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရ သေးပေ။

SSA-N ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖကလည်း ၎င်း ထိန်းချုပ်ထားသော ဒေသရှိ တပ်ဖွဲ့ဝင်များကို အဆင်သင့် ဖြစ်ရန် ပြီးခဲ့သော စက်တင်ဘာလ ကုန်ပိုင်းက တပ်လှန့်ထားသည်။ ယင်းတပ်တွင် တပ်အင်အား ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင် ကူးပြောင်းရန် အတွက် ကြိုးပမ်းလျက် ရှိရာ ၎င်းအဖွဲ့က လက်မခံ သဖြင့် နှစ်ဘက် စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။

“အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ လွန်ခဲ့တဲ့ လတုန်းကလည်း နအဖ ဘက်ကနေ တပ်မဟာ ၁ ကို ၃ ကြိမ် အထိတောင် တိုက်ခိုက်ခဲ့ပြီးပြီ၊ ဆိုတော့ နအဖ တပ်တွေကလည်း အဲဒီတပ်မဟာ ၁ ကို တစုံတရာ တိုက်ခိုက်ဖို့ ဆောင် ရွက်နေတယ်လို့ သတင်းတွေ ကြားသိရပါတယ်”ဟု စိုင်းလောင်ဆိုင်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲ ၃ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်း ဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ပြီးခဲ့သည့်လအတွင်း နအဖ တပ်အင်အားများ ဖြည့်ဆည်း ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကလည်း နအဖ တပ်၏ ခြေမြန် တပ်ရင်း (ခမရ) ၃၂၅ တပ်များ ယခု ရက်ပိုင်းအတွင်း ထပ်မံ တိုးချဲ့လာသည့် အတွက် ယင်း ဒေသရှိ ရွာသားများကလည်း စစ်တပ် လုံခြုံရေး အတွက် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိကြောင်း ပြောသည်။

“ရွာသားတွေ ၂၀၀ ကျော်တယ်၊ သူတို့ကို အဓမ္မလုပ်အားပေးခိုင်းတယ်၊ သစ်တွေ ၀ါးတွေ ခြုံတွေ ရှင်းခိုင်းတယ်၊ တဲတွေ ဆောက်ခိုင်းတယ်၊ ပြီးလို့ရှိရင် ကတုတ်ကျင်းတွေ တူးခိုင်တယ်”ဟု ၎င်းက ဆိုသည်။ အဓမ္မ လုပ်အားပေး ခိုင်းစေခံရသော ရွာသားများသည် မိုင်းရယ်မြို့နယ်အတွင်းရှိ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှထွက်ပြေး

ရဲရင့်
၀၇ အောက်တိုဘာ ၂၀၁၀

ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သွားရောက်ပူးပေါင်းမည့် ကရင်ပြည်နယ် အခြေစိုက် နယ်ခြားစောင့် တပ်ဖွဲ့ ၀င်များကို လက်ဦးမှုယူ၍ သုတ်သင်ရန်နှင့် ၎င်းတို့ သွားရောက်သည့် အဓိက နယ်စပ် လမ်းကြောများကို ပိတ်ဆို့ထားရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အမိန့် ပေးထားသည်ဟု နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။

၎င်းက “ဒီကေဘီအေ ကနေ ကရင်နယ်ခြားစောင့်တပ် အသွင်ပြောင်းထားတဲ့အထဲက တပ်ဖွဲ့ဝင် (၁၀၀) ကျော်ဟာ အသွင် ပြောင်းပြီးတာနဲ့ တလကျော် ကာလအတွင်းမှာ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး တပ်ဘက်ကို လက်နက်တွေနဲ့ အတူ သွားပူးပေါင်း တာတွေကို ထိန်းချုပ်ဖို့အတွက် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းက အောက်ခြေ တပ်မှူးတွေကို အမိန့် ပေးထားတယ်” ဟု ပြောသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် နအဖစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှု အောက်တွင် မနေလို၍ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇)၊ တပ်မဟာ (၆) နှင့် ခွဲထွက် ဒီကေဘီအေ တပ်မဟာ (၅) စသည့် တပ်များနှင့် လာရောက် ပူးပေါင်းခြင်း ဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။

ကေအန်ယူ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်မဟာ (၇) တွင် လာရောက်ပူးပေါင်းသည့် လှိုင်းဘွဲ့ အခြေစိုက် နယ်ခြားစောင့် တပ်မှ အရာရှိတဦးက “လွန်ခဲ့တဲ့သြဂုတ်လ (၁၈) ရက်နေ့က ဒီကေဘီအေကို နယ်ခြားစောင့်တပ် အဖြစ် စပြီး ပြောင်းခဲ့တယ်။ အဲဒီ အချိန်ကစပြီး ကျနော်တို့ အားလုံးဟာ နအဖ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အဖြစ် သစ္စာခံကြရတယ်။ ကရင် အမျိုးသား အလံတော်နဲ့ အဆောင်အယောင်တွေ ဘာတခုမှ အသုံးပြုခွင့် မရှိတော့ဘူး။ ဘာလုပ်ပိုင်ခွင့်မှလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကိုပြန်လာတာပါ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူများအနက် လိုက်လံဖမ်းဆီးရမိသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးမိသည့် တောထဲ၌ပင် လက်နက်များကို သိမ်းကာ သတ်ပစ် လိုက်သည့် ဖြစ်ရပ်များ လှိုင်းဘွဲ့နှင့် မြ၀တီ မြို့နယ်တို့တွင် ယခင်လ အတွင်း၌ ဖြစ်ပွား ခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသူ (၁၀၀) ခန့်သည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် နအဖ က တပ်ဆင် ပေးသည့် လက်နက်ငယ် များနှင့် အခြား လက်နက်ကြီး အချို့ အပါအ၀င် လက်နက် အရေအတွက် (၁၀၀) ကျော် ပါရှိသည်ဟု ကေအန်အယ်လ်အေ တပ်မှူးတဦးက ပြောသည်။

လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့် တပ်ရင်းမှူးတဦးက ကေအန်အယ်အေ တပ်မဟာ (၇) ဒေသတွင် ရောက်ရှိနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် လွှဲပြောင်းပေးရန် တပ်မဟာ (၇) ၏ အဆင့်မြင့် တပ်မှူးများထံ ဆက်သွယ် ခဲ့သော်လည်း ကေအန်အယ်လ်အေမှ ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ကေအန်ယူမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက “ပြန်လာတဲ့လူတွေကို ကောင်းမွန်စွာ လက်ခံတယ်။ သူတို့ ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဦးစားပေးတယ်။ အများစုကတော့ အပြင်မှာပဲ သာမန် အရပ်သား အနေနဲ့ နေကြတာ များတယ်။ သူတို့ ယုံကြည်ချက်နဲ့ သူတို့လာတာ ဘာမှပြန်ပို့စရာ အကြောင်းမရှိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေအဖွဲ့ကို နအဖက ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်း ပေးခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, October 7, 2010

အန်အယ်လ်ဒီ ရပ်တည်ခွင့် လျှောက်ထားချက် တရားရုံးက မှတ်ပုံတင်ခွင့်ပြု

ဝီရ
၀၆ အောက်တိုဘာ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို စစ်အစိုးရက ပယ်ဖျက်လိုက်သည့် အတွက် ပါတီ ဆက်လက် ရပ်တည်ခွင့်နှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအား တရားစွဲဆိုရန် ယမန်နေ့၌ ဗဟို တရားရုံးချုပ်တွင် အမှု တင်ပြလျှောက်ထားချက်ကို တရားရုံးချုပ်က ယနေ့ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ဒီအမှုအတွက် တရားရုံးချုပ်က မှတ်ပုံတင်ခွင့်တော့ ဒီနေ့ ပေးလိုက်ပြီ။ ကျန်တဲ့အပိုင်းက တရားရုံးက သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုစာရင်းမှာ ကျနော်တို့ သွားကြည့်ပြီး ဘယ်နေ့ ကြားနာမလဲ ဆိုတာ ထပ်ပြီး သိရမှာ ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီကို ကိုယ်စားပြု၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အနေဖြင့် လက်မှတ် ရေးထိုးကာ စစ်အစိုးရအား ပါတီ၏ သီးခြားသက်သာခွင့် ဥပဒေနှင့် ဆိုင်သော ပုဒ်မ (၄၅) နှင့် ပုဒ်မ (၅၄) စွဲချက်တို့ဖြင့် တရားမ အထွေထွေ လျှောက်လွှာကို ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ကိုယ်စား သွားရောက်၍ လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “အခု လျှောက်ထားတဲ့ အချက်ထဲမှာ ပထမအကြိမ်ထက် ထူးခြားတာက အဓိက အစိုးရ တရပ်ရပ်ကို အမှုစွဲရင် နို့တစ်စာ ပါရမယ်။ အခု အဲဒါတွေပါ ပူးတွဲပြီး လျှောက်ထားတာ ဖြစ်တယ်။ ၈၈ ခုနှစ်ကတည်းက ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ကော်မရှင်က အခု ပြဋ္ဌာန်းလိုက်တဲ့ ထပ်မံပြီး မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ် ဆိုတဲ့ ဥပဒေဟာ အန်အယ်ဒီအပေါ် အကျိုး သက်ရောက်မှု မရှိဘူးဆိုတာ တရားရင်ဆိုင်ဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ တရားဝင် ရပ်တည်ခြင်း အပေါ် ဒီလို ပယ်ဖျက် လိုက်တာဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူး။ ဒါကြောင့် အခုလို တရားစွဲရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အသစ်ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ သတ်မှတ်ချိန်အတွင်း ပြန်လည် မှတ်ပုံတင်ခြင်း မရှိသည့် နိုင်ငံရေး ပါတီများသည် ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်နှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီက ၎င်းတို့ပါတီ ဆက်လက်၍ တရားဝင် ရပ်တည်နိုင်ရေး အတွက် စစ်အစိုးရကို ဒုတိယအကြိမ် တရားစွဲဆိုခြင်းဖြစ်သည်။

ပါတီဖျက်သိမ်းကြောင်း ဥပဒေသစ်အရ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ (၁၀) ပါတီကို တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက်နေ့က ကြေညာခဲ့သည်။

ရှေ့နေကြီး ဦးဉာဏ်ဝင်းက “၁၉၇၄ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေပုဒ်မ (၁၄) ရဲ့ ပုဒ်မခွဲ (က၊ ခ၊ ဂ၊ ဃ) ထဲမှာ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို ယခင် ရရှိပြီးသား အခွင့်အရေး၊ အကျိုး ခံစားခွင့်တွေကို နောက်ဥပဒေများကြောင့် ဆုံးရှုံးနစ်နာမှု မဖြစ်စေရ၊ မထိခိုက်စေရ ဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒီ ဥပဒေအတိုင်း နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေချင်ရင် ဥပဒေအရ ပြဋ္ဌာန်းပြီး ဖော်ပြ ရမယ်ပေါ့။ လက်ရှိ ဥပဒေထဲမှာက အဲဒီလို ဖော်ပြထားတာ မရှိသေးတော့ အန်အယ်လ်ဒီ အပေါ် အကျိုးသက်ရောက်မှု မရှိဘူး” ဟု ပြောသည်။

အန်အယ်လ်ဒီသည် ၎င်းတို့ပါတီ၏ တရားဝင် ရပ်တည်မှုအပေါ် ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ စစ်အစိုးရကို ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်က ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ၎င်းတို့၏ လျှောက်လွှာကို ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံရန် ငြင်းပယ်ခြင်း ခံခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံတစ်ဝှန်း စစ်တပ်ရာထူး အပြောင်းအလဲတွင် ရမခ ဒုတိုင်းမှူးပါဝင်

Wednesday, 06 October 2010

ယနေ့ပြုလုပ်သည့် နအဖစစ်တပ်တွင်း ရာထူးပြောင်းရွေ့မှုတွင် လားရိုး အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ် (ရမခ) ဒုတိုင်းမှူး ၀င်းသိန်း ပါဝင်ကြောင်း ခိုင်လုံသည့် စစ်ဘက် သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နိုင်ငံတစ်ဝှန်းရှိ စစ်အရာရှိ ၁၀၀ ၀န်းကျင်ခန့်ကို ရာထူး ပြောင်းရွေ့လိုက်ခြင်း ဖြစ်သည်။

ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းသိန်း သည် သိန္နီမြို့ အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် (စကခ) မှူး အဖြစ် လည်းကောင်း စကခ (၁၆) မှူးသည် မန်ကပ်အခြေစိုက် အမှတ် (ဂ) တန်းမြင့် တပ်မတော် လေ့ကျင့်ရေး ကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း ပြောင်းရွေ့ရမည် ဖြစ်သည်။

“ဒီနေ့အပြောင်းအလဲက တစ်နိုင်ငံလုံး ၁၀၀ ၀န်းကျင်လောက် ရှိတယ် ဒုတိုင်းမှူးတွေ အများစုပါတယ်။ ရမခ ဒုတိုင်းမှူး နေ ရာတော့ လောလောဆယ် မလာသေးဘူး လစ်လပ်နေတယ် ” ဟု စစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထို့အပြင် ရမခစစ်တိုင်းအတွင်း ဗိုလ်မှူးကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင် နေသော အရေးပါသည့် စစ်ဘက် ရာထူးများ ဖြစ်သည့် ဗျူဟာမှူး၊ စစ်ဦးစီးမှူးများ အပါအ၀င် စုစုပေါင်း ဂ ဦးခန့် ပြောင်းရွေ့မှုတွင် ပါဝင်ကြောင်း သိရသည်။

လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးများကို သြဂုတ်လပိုင်းမှ စ၍ အနားပေး လိုက်ပြီး တိုင်းမှူး၊ တပ်မမှူး၊ ဒကစမှူးနှင့် ဗျူဟာမှူးများအား တဆင့်မြှင့်ရာထူး တိုးမြှင့်မှုများ ပြုလုပ်ခဲ့သည်။


Ref: သျှမ်းသံတော်ဆင့်

Read More...

ပါတီရုံးနေရာ မငှားရန် ကြံ့ဖွံ့က ခြိမ်းခြောက်

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီ ၂ ရပ် ပူးတွဲဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရုံးခန်း နေရာ မငှားရန် ကြံ့ဖွတ် ပါတီဝင်များ ဦးဆောင်သည့် လမ်းကော်မတီက ရုံးခန်းငှားရမ်းသူ အိမ်ရှင်ကို ပြောဆိုကြောင်း သိရသည်။

ယခုလ ၃ ရက်နေ့ နံနက်တွင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မင်းစေတီလမ်း၌ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၏ ရုံးခန်းကို လက်မခံရန် ကြံ့ဖွတ်ပါတီဝင် ဒေါ်တင်တင်ဝင်း ဦးဆောင်သည့် လမ်းကော်မတီဝင် ၁၇ ဦးက ထိုနေ့ ညပိုင်းတွင် အိမ်ရှင်ကို ပြောဆိုခြင်း ဖြစ်သည်။

“ညကျတော့ လမ်းကော်မတီဝင် ၁၇ ယောက်က အိမ်ရှင်ကို လာပြောတယ်။ အဲဒီထဲမှာ ဒေါ်တင်တင်ဝင်း ဆိုတာက ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီဝင်၊ ရပ်ကွက် ကော်မရှင်မှာလည်း ပါတယ်။ သူပြောတာက ပြည်ခိုင်ဖြိုး ပါတီက နိုင်မှာ။ ဒီပါတီကို လက်ခံထားရင် တချိန်မှာ ပြဿနာ ဖြစ်မယ်ဆိုပြီး လာခြိမ်းခြောက်တယ်” ဟု UMFNP ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

“လမ်းခင်းတဲ့ကိစ္စတွေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး လုပ်ပေးနေတာ။ ဒီပါတီကို လက်ခံလိုက်ရင် ရပ်ကွက်ထဲမှာ လမ်းခင်းတဲ့ ကိစ္စကို ပြည်ခိုင်ဖြိုးက ရပ်ပစ် လိုက်လိမ့်မယ်။ အဲဒီအခါ ရပ်ကွက်သူ ရပ်ကွက်သားတွေက အိမ်ရှင်ကို ဝိုင်းမဲ ကြလိမ့်မယ်ပေါ့နော်။ ဒီလို လာပြောတယ်။ အိမ်ရှင်က လူကြီးတွေဗျာ။ သူတို့ တော်တော် စိတ်ညစ်သွားတာပေါ့” ဟု သူက ဆိုသည်။

အိမ်ရှင်က ဦးအေးလွင်ထံသို့ အကြောင်းကြားသဖြင့် ပြဿနာများ ဖြေရှင်းရန် အင်းစိန်မြို့နယ် ပြည်သူ့ လွှတ်တော်တွင် ၈၈ မျိုးဆက် ကျောင်းသားလူငယ် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးစောလှထွန်းကို ယခုလ ၄ ရက်နေ့တွင် စေလွှတ်ခဲ့သည်။

ယင်းနေ့တွင် လမ်းကော်မတီဝင် ၁၇ ဦးက ၎င်းတို့နှင့် လာရောက်တွေ့ဆုံရန် နံနက် ၁ဝ နာရီနှင့် ၁၂ နာရီတို့တွင် ချိန်းဆို ခဲ့သော်လည်း သတ်မှတ်နေရာသို့ လမ်းကော်မတီ ဘက်မှ လာရောက်ခဲ့ခြင်း မရှိဟု သိရသည်။

အင်းစိန် ပြည်သူ့လွှတ်တော်တွင် ကြံ့ဖွတ်ပါတီ၏ ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှူး ဦးအေးမြင့် ဝင်ရောက်မည် ဖြစ်သဖြင့် ၎င်းတို့နှင့် ပြိုင်ဘက် ဖြစ်လာမည့် ၈၈ မျိုးဆက်ပါတီကို အခြေချခွင့် မရစေရန် ကြံ့ဖွံ့က နိုင်ငံရေး အောက်လမ်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်းဖြစ်ကြောင်း ဦးအေးလွင်က စွပ်စွဲလိုက်သည်။

“ဘာကြောင့် သူတို့ ဒီလိုလုပ်သလဲဆိုတာက ရှင်းရှင်းလေးပါဗျာ။ ဒီနယ်မှာ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ ပါတီဝင်မယ် ဆိုတော့ သူတို့ အခြေအနေ မကောင်းဘူးလေ။ အဲဒီတော့ ဒီပါတီ အခြေချလို့ မရအောင် နိုင်ငံရေး အောက်လမ်းနည်းနဲ့ လုပ်တာပေါ့ဗျာ” ဟု သူက ပြောသည်။

UMFNP ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းတို့မှာ ညီအကို တော်စပ်ပြီး၊ ၎င်းပါတီ ၂ ရပ်မှာလည်း မဟာမိတ် ပါတီများ အဖြစ် ပြီးခဲသည့် သြဂုတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်း ထားသည်။

UMFNP သည် ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် မင်းတပ်ခရိုင်မှ ကိုယ်စားလှယ် ၄၆ ဦးဖြင့် ယှဉ်ပြိုင်မည်။ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ ပါတီက ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ရေနံချောင်းခရိုင်နှင့် ပဲခူးတိုင်း မိုးညိုခရိုင်တို့မှ ကိုယ်စားလှယ်ပေါင်း ၃၉ ဦးဖြင့် ယှဉ်ပြိုင်သွားမည်။

ပါတီ ၂ ရပ်မှ ခေါင်းဆောင်များသည် ရုံးခန်းကို အိမ်ရှင်နှင့် နှစ်ဦးနှစ်ဘက် သဘောတူညီကာ တရားဝင် ငှားရမ်းခဲ့ပြီး၊ ယခုလို့ ရုံးခန်း ပိတ်သိမ်းစေရန် ခြိမ်းခြောက်သည့် ကိစ္စကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် တယက ကောင်စီကို မနက်ဖြန်တွင် တိုင်ကြားသွားမည်ဟု ဦးအေးလွင်က ပြောသည်။

“ရွေးကောက်ပွဲ ဥပဒေတွေအရ ပေးထားတဲ့ နိုင်ငံရေးပါတီရဲ့ အခွင့်အရေးတွေ၊ ရွေးကောက်ပွဲ ဆိုင်ရာ အခွင့် အရေးတွေကို ပါတီက မခံစားရအောင် လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ တပ်မတော်ရဲ့ အရှိန်အဝါကို သုံးပြီးတော့ လုပ်နေတဲ့ ကိစ္စတွေကို ထောက်ပြ ပြီးတော့ နောက်နောင် ဒီလိုမျိုး မဖြစ်အောင် ထိန်းကျောင်းပေးဖို့ တိုင်ကြားသွားမယ်” ဟု သူက ပြောသည်။

စစ်အစိုးရသည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတဝှမ်းရှိ မြို့နယ် ၃၃ဝ ၌ ရွေးကောက်ပွဲများ ကျင်းပရန် ကြေညာထားသည်။ ယင်းရွေးကောက်ပွဲများသို့ ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို

မျိုးဝင်းဇော်
၀၆ အောက်တိုဘာ ၂၀၁၀

ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၌ ကျင်းပသည့် (၆၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လွှတ်တော်နေရာ (၁,၁၇၁) နေရာ ရှိသည်ဟု မှားယွင်း ပြောဆိုခဲ့မှုအပေါ် ပြည်တွင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် သတင်းဂျာနယ် အယ်ဒီတာများ အံ့သြ နေကြကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) ရပ်ကွက် မဲရုံတွင် ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်နေ့၌ ကျင်းပသည့် သရုပ်ပြ မဲပေးပွဲ ရွေးကောက်ပွဲ တာဝန်ရှိသူ တဦးက “တပြည်လုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာရှိပါတယ်။ အဲဒါ သတင်းစာကနေ အတိအလင်း ကြေညာ ထားပြီးသားပါ။ လွှတ်တော်နေရာ (၁,၁၆၃) နေရာကို ဆိုလိုတာပါ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဘာကြောင့် (၁,၁၇၁) နေရာလို့ ပြောဆိုသလဲ ကျနော်တို့ မသိပါဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းအယ်ဒီတာ တဦးကလည်း “ဂျာနယ်တွေ အားလုံးမှာရော၊ အစိုးရ ဝါဒဖြန့် ဆောင်းပါးတွေ မှာပါ မဲဆန္ဒနယ် (၁,၁၆၃) ဆိုပြီး ရေးနေကြတယ်။ ဒါက မှားစရာလည်း ဘာအကြောင်းမှ မရှိဘူး။ ဦးဉာဏ်ဝင်းက ဘာကြောင့် ကုလသမဂ္ဂမှာ (၁,၁၇၁) နေရာလို့ ပြောရလဲ။ အခု သူ့မိန့်ခွန်းအတိုင်း (၁,၁၇၁) နေရာဆိုပြီး ဂျာနယ်တွေမှာ ဖော်ပြတော့ စိစစ်ရေးက ခွင့်ပြုတယ်။ သတင်းတွေ ဆောင်းပါးတွေမှာ အမှန်အတိုင်း (၁,၁၆၃) နေရာဆိုလည်း ခွင့်ပြုထားတယ်။ အစိုးရဟာ လုပ်ချင်တာ လုပ်နေတဲ့ သဘောပဲ” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်၌ လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒ နယ်မြေများကို သတ်မှတ် ကြေညာခဲ့ပြီး ကြေညာချက် အပြည့်အစုံကို သြဂုတ် (၁၂-၁၃-၁၄-၁၅) ရက် သတင်းစာတို့တွင် (၄) ရက်ဆက်တိုက် ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်များအရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၃၃ဝ)၊ အမျိုးသား လွှတ်တော် အတွက် မဲဆန္ဒ နယ်မြေပေါင်း (၁၆၈)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များ အတွက် မဲဆန္ဒနယ်မြေပေါင်း (၆၃၆) နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်အတွက် လူမျိုးစု မဲဆန္ဒနယ်မြေပေါင်း (၂၉) နေရာ၊ စုစုပေါင်း မဲဆန္ဒ နယ်မြေပေါင်း (၁,၁၆၃) နေရာအဖြစ် သတ်မှတ် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက “ဝန်ကြီးဦးဉာဏ်ဝင်းက မဲဆန္ဒနယ်မြေ စာရင်းတွေ တရားဝင် မထုတ်ပြန်ခင်က ရရှိထားတဲ့ စာရင်းကို အသုံးပြုမိတာ ဖြစ်နိုင်တယ်။ ဝ တိုင်းဒေသ အတွင်းက မြို့နယ် (၄) ခုရဲ့ ရှမ်းပြည်နယ် လွှတ်တော် အတွက် (၈) နေရာရှိပြီး အဲဒီ နေရာတွေပါ ပါမယ်ဆိုရင် မဲဆန္ဒနယ် စုစုပေါင်း (၁,၁၇၁) နေရာရှိမှာ ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်း စစ်အစိုးရက ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ပေါ်ပေါက် မလာအောင် အဲဒီ မဲဆန္ဒနယ် (၈) နေရာကို မထည့်သွင်းတော့ဘဲ မဲဆန္ဒနယ်မြေ စာရင်း ထုတ်ပြန်ခဲ့တယ်” ဟု သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်ကွဲပြားမှုနှင့် ပတ်သက်၍ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မေးမြန်း ကြည့်ရာ သတင်းစာပါ ထုတ်ပြန် ကြေငြာချက်များ အတိုင်းသာ ဖြစ်ပါသည်ဟု ပြောဆိုပြီး ကိန်းဂဏန်း အမှန်ကိုမူ ပြောဆိုဖြေကြားခြင်း မပြုပေ။

စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခုကဲ့သို့ပင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း ဆိုင်ရာ ကိစ္စများကို ထုတ်ပြန်ပြောဆို ရှင်းလင်း ဖြေကြားခြင်း မပြုသည့်အတွက် ကော်မရှင် အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများနှင့် သတင်း သမားများပါ အမြဲတစေ အခက်အခဲ ကြုံကြရကြောင်း သိရသည်။


Ref: ခေတ်ပြိုင်

Read More...

မြ၀တီတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ဘစောတင်
Wednesday, October 06, 2010

ကရင်ပြည်နယ် မြ၀တီမြို့အမှတ် (၄) ရပ်ကွက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တိုင် အနီးတွင် ယမန်နေ့ ည ၁၀ နာရီ ကျော်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပေါက်ကွဲမှုကြောင့် လူ အသေအပျောက် မရှိဟု သိရသည်။

မြ၀တီမြို့ တွင်းသို့  ဖောက်ခွဲရေးသမားများ ၀င်ရောက်နေသည်ဟု သတင်းရရှိထားသောကြောင့် ပုံမှန်ထက် လုံခြုံရေး တင်းကျပ် ထားသည့်ကြားမှ ယခုကဲ့သို့ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမှ ရဲဝန်ထမ်း တဦးက ဧရာဝတီသို့ ပြောသည်။

“ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တိုင်အနီးမှာ ကွဲတာ၊ အဲဒီအနီးအနားမှာ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့) ရုံးလည်း ရှိတယ်၊ ညက ၁၀ နာရီ ကျော်လောက်မှာ ချိန်ကိုက်မိုင်း ကွဲတယ်၊ ညဆိုတော့ လူသွားလူလာလည်း မရှိတဲ့ အချိန်မို့လို့ ထိခိုက် ဒဏ်ရာ ရတာတော့ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ကရင်သတင်းစဉ် အယ်ဒီတာချုပ် နန်းဖော့ဂေကလည်း မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း ပြောသည်။

“ညက မြ၀တီမှာ မိုက်ခရိုဝေ့ဗ် တိုင်နားမှာ ဗုံးတလုံးပေါက်ခဲ့တယ်၊ လူသွားလူလာ နည်းတဲ့အချိန် မို့လို့ ထိခိုက်တာ တော့ မရှိဘူး”ဟု နန်းဖော့ဂေ က ပြောဆိုသည်။

ယခု ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။

ထိုပေါက်ကွဲမှုကြောင့် မြ၀တီမြို့ခံများ အထိတ်တလန့်ဖြစ်ကြရပြီး အာဏာပိုင်များက လုံခြုံရေးပိုမို တင်းကျပ် ထားကြောင်း သိရသည်။

ယင်း မြ၀တီမြို့  အမှတ်(၄) ရပ်ကွက်ရှိ ဘုရင့်နောင် လမ်းမကြီးပေါ်၌ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားမှု ဖြစ်ပွားခဲ့သေးသည်။ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူခဲ့ရသည်။

Ref: ဧရာဝတီ်

Read More...

လပွတ္တာအနီး စက်လှေမှောက်၊ လူ ၃၀ ကျော် သေဆုံး

ဇာနည်မာန်
Wednesday, October 06, 2010

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မိကျောင်းအိုင် ရွာရှိ ကျောင်းသား စုံညီ ပွဲသို့ သွားသည့် စက်လှေတစီး ယနေ့ နံနက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူအသေ အပျောက် ရှိခဲ့ကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့နယ် ပြင်စလူကုန်း၊ ပိတောက်ကုန်း၊ ဖလူဆိပ်နှင့် ပတဲကောရွာများရှိ အလယ်တန်း ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အပါအ၀င် လူ ၈၀ ၀န်းကျင်ကို တင်ဆောင်လာသည့် စက်လှေသည် ပတဲကောရွာမှ မိကျောင်းအိုင်ရွာသို့ အထွက်တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။

“ဒီမှာ လေတွေကလည်း ပြင်းနေတာ၊ ပတဲကောရွာက အထွက်မှာ လူးပြီး မှောက်သွားတာ၊ မနက် ၇ နာရီ လောက်က၊ အခု လောလောဆယ် ဆယ်ထားမိတာ ၃၆ ယောက်ရှိပြီ၊ ဆရာမ ၂ ယောက်နဲ့ ကျောင်းသား ကျောင်းသူတွေ ချည်းပဲ၊ ဆက်ရှာ နေကြတုန်းပဲ”ဟု ပတဲကောရွာခံ တဦးက ဧရာဝတီသို့ ပြောသည်။

စက်လှေမှာ ကျောင်းသားစုံညီပွဲတော် သွားရန်အတွက် ကျောင်းများစု၍ ရွာနီးချုပ်စပ်မှ ငှားရမ်း ထားသော စက်လှေဖြစ်ပြီး စက်လှေတွင် လူတင်ဆောင်မှု များသောကြောင့် တိမ်းမှောက် သွားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လပွတ္တာ ရဲ စခန်းကမူ စက်လှေ မှောက်ကြောင်း အတည်ပြုသော်လည်း သေဆုံးသူ စာရင်းကို အတိအကျ မသိရှိရသေး ကြောင်း ဧရာဝတီ သို့ ပြောသည်။

“ရေကူးနိုင်တဲ့ ဆရာ၊ ဆရာမတချို့နဲ့ ကျောင်းသားအကြီး တချို့တော့ ရှင်တယ်၊ သေသူ ရှင်သူ ဘယ်လောက်လည်း အတိ အကျ မသိရသေးဘူး၊ စကတည်းက ဘယ်နှစ်ယောက် ဆိုတာကို အတိအကျ မသိသေးတာ၊ အခု ဆယ်မိထားတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေ တချို့တော့ ရောက်နေကြပြီ”ဟု ပတဲကောရွာခံ က ဆက်ပြောသည်။

လက်ရှိအခြေအနေအရ သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ် ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

စစ်တပ်က ယုဇနကို လက်နက်ဆင်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရနှင့် နီးစပ်သည့် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီ ဝန်ထမ်း ၅ဝဝ ခန့်ကို ပြည်သူ့စစ် သင်တန်း ပေးကာ စစ်လက်နက် ၆ဝ တပ်ဆင် ခဲ့ကြောင်း ဒေသခံများနှင့် ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ယက်က ပြောသည်။

မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဘန်ကောက်ရွာ ယုဇနကုမ္ပဏီရုံး၌ ယခုလ ၂ ရက်က တနိုင်းဒေသ ကွပ်ကဲမှု ဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် (ဒကစ) ကြီးကြပ်မှုဖြင့် ပြည်သူ့ စစ်သင်တန်း ပေး၍ အမ် ၂၂ မောင်းပြန်ရိုင်ဖယ် သေနတ်အလက် ၆ဝ ထုတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဖွဲ့စည်းပုံအသေးစိတ်တော့မသိဘူး။ ဒါပေမဲ့ ဒကစမှူးနဲ့ ၂၉၇ တပ်ရင်းမှူးတွေက သင်တန်းပေးတယ်။ လက်နက်တွေ ပေးတယ်။ တကယ်တော့ ကျည်ဆံက အစိုးရဘဲ ကိုင်ရတယ် မဟုတ်လား။ ပြည်သူ့စစ် ဆိုရမှာလည်း လက်နက် အကောင်းတွေပေးတယ်။ တကယ်လို့ ကုမ္ပဏီကနေ ပေးတယ်ဆိုရင် ကုမ္ပဏီက အစိုးရဖြစ်တဲ့ သဘောပေါ့”ဟု လက်နက် အပ်နှင်းပွဲ ဖိတ်စာရသူ အောင်ရာရွာ ဒေသခံတဦးက ပြောသည်။

“လစာကတော့ ယုဇနကဘဲ ပေးမှာပေါ့၊ ဒကစမှူးတွေကိုတောင် ယုဇနက ခေါ်ပြီး စောင့်ကြပ် ခိုင်းတယ်လေ။ ယုဇန ကုမ္ပဏီရဲ့ အစောင့်လို ထားတယ် ဆိုပါတော့။ ကျနော်တို့ ရွာသားတွေတောင် ရပ်ကွက်မှူး အိမ်မှာ လက်နက် အပ်နှင်းပွဲ ဖိတ်စာ တွေ့လို့ သိရတာ”ဟု သူက ဆက်ပြောသည်။

ရှရုဇွပ်ရွာတွင် မြောက်ပိုင်းတိုင်း လက်အောက်ခံ ၂၉၇ တပ်ရင်းရှိပြီး တပ်ရင်းမှူးနှင့် ဒကစမှူးတို့ ဦးစည်း ကွပ်ကဲကြောင်း ဒေသခံများမှ သိရသည်။

ယုဇနကုမ္ပဏီတွင် ဝန်ထမ်း သောင်းဂဏန်းရှိပြီး အဓိကအားဖြင့် နာဂစ်ဒဏ်ခံရသော ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်များမှ လာလုပ်ကိုင်နေကြ သည်။

“သူတို့ ရိုးရိုးသားသား ပလောပီနံဘဲ စိုက်မယ်ဆိုရင် ဘာမှကြောက်စရာ မလိုဘူး။ အခုလို သင်တန်းတွေ ပေးတာက လုံခြုံရေး အပြည့်အဝ ထားတဲ့ သဘောဖြစ်နေတယ်။ တကယ်က သေနတ် ကိုင်စရာ မလိုဘူးလေ။ ယုဇနကုမ္ပဏီက အစိုးရလား၊ သူတို့ ကိုင်ထားတဲ့ သေနတ်က ရိုးရိုးလက်နက် မဟုတ်ဘူး”ဟု ဖားကန့်မြို့နယ် NDF ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

ကချင်လူမှုကွန်ယက်အဖွဲ့မှ တာဝန်ခံ ကိုအောင်ဝါကလည်း “ပြည်သူ့စစ်သင်တန်း ဆိုကထဲက ယုဇန ကုမ္ပဏီရဲ့ လုံခြုံရေးနဲ့ ရွေးကောက်ပွဲတွင်း ပြည်သူတွေကို လက်နက်နဲ့ ချိန်းခြောက်ပြီးတော့ မဲထည့်ခိုင်းဖို့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်လာရင် အသုံးပြုဖို့ ဖြစ်နိုင်တယ်”ဟု သုံးသပ်သည်။

၂ဝဝ၇ မှစ၍ ဖားကန့်မြို့နယ် ကျေးရွာများမှ လယ်ယာ ဥယျာဉ်ခြံမြေများကို စစ်တပ်နှင့် ယုဇနကုမ္ပဏီက အဓမ္မ သိမ်းယူခဲ့ကာ ပလောပီနံနှင့် ကြံ စိုက်ပျိုးနေကြသည်။

ဒေသခံ တောင်သူ ၁၇ ဦးက ယုဇန ကုမ္ပဏီနှင့် ပိုင်ရှင် ဦးဌေးမြင့်အား နစ်နာကြေး ရရှိရန် ပြည်နယ် တရားရုံးတွင် လျှောက်ထား ခဲ့ပြီးနောက် ယင်းကုမ္ပဏီက ဦးဌေးမြင့်အမည် ဖြုတ်ခိုင်းမှုကို မနက်ဖြန် အမိန့် ချမည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, October 6, 2010

အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ

ဝင်းတင်
၀၅ အောက်တိုဘာ ၂၀၁၀

ကုလသမဂ္ဂအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက မြန်မာနိုင်ငံမှာ မကြာမီ ကျင်းပ ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ကမ္ဘာကြီးက “အစွမ်းကုန် သတိထား စောင့်ကြည့်” ဖို့ လိုတယ်ဆိုပြီး မကြာသေးမီက ပြောကြား သွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘဲလျက် မြန်မာနိုင်ငံ အတွက် အရေးကြီး သယောင် လေ့လာ စောင့်ကြည့်ဖို့ လိုအပ်သယောင် အဲဒီ ရွေးကောက်ပွဲ အပေါ် အာရုံစိုက် ပြောကြား တာမျိုးကို ကျနော်တို့ ဘ၀င် မကျလှပါဘူး။

နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီရွေးကောက်ပွဲဟာ ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင် စနစ် ထာဝရ တည်တံ့ ခိုင်မြဲရေး အတွက် ဖန်တီးရေး ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ မြန်မာနိုင်ငံမှာ စစ်တပ် အုပ်စိုးရေးကို တရားဝင်ဖြစ်အောင် ရည်ရွယ် ကျင်းပ ပြုလုပ်တာသာ ဖြစ်တယ်။

ရွေးကောက်ပွဲကျင်းပပြီးရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသက်ဝင်လာမှာ ဖြစ်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထိမ်းချုပ် ကွပ်ကဲမှု အောက်မှာရှိတဲ့ လက်ရှိ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်း တွေနဲ့ မည်ကာမတ္တ အရပ်သား အစိုးရ ဆိုတာကို ဖွဲ့စည်း ကြပါလိမ့်မယ်။ အဲဒီ နောက်မှာတော့ မြန်မာပြည်သူ လူထုကြီး တရပ်လုံး စစ်တပ်ရဲ့ ထားရာနေ စေရာသွား ဘ၀ကို တရားဝင် သက်ဆင်း ကျရောက် သွားတော့မှာ ဖြစ်ပါတယ်။

ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားမဟာမိတ် ပါတီတွေက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ ငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ဆန့်ကျင် သပိတ်မှောက်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အကြီးအကျယ် ကန့်သတ် ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေက ဒီရွေးကောက်ပွဲ ပြုလုပ်ရတဲ့ စစ်အစိုးရရဲ့ ရည်ရွယ်ချက် သဘောထား အမှန်ဟာ ကျနော်တို့ တိုင်းပြည်မှာ စစ်တပ် အုပ်စိုးမှု တရားဝင်ဖြစ်အောင် အတည်ပြု ပေးရေးပဲ ဆိုတာကို ကျနော်တို့ အားလုံး ရှင်းရှင်းလင်းလင်း သိအောင် ဖော်ထုတ် ပြသ ထားပြီးပါပြီ။

ကျနော်တို့ရဲ့ ဒီမိုကရေစီရေးလိုလားတောင့်တမှုကို စွန့်လွှတ်ဖို့ ကျနော်တို့ ငြင်းဆန် သလို ရွေးကောက်ပွဲက တဆင့် စစ်အစိုးရကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့ ကိုလည်း ကျနော်တို့ ငြင်းဆန်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက် အနေအထားကို ထောက်ခံ အားပေးနေတဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာနဲ့ အတူ ကျနော်တို့တတွေ မျှော်လင့်ထားတာက နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ စစ်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို ကျနော်တို့လိုပဲ ရှင်းရှင်းလင်းလင်း သိမြင်ပြီး စစ်အစိုးရရဲ့ ဒီမိုကရေစီ နည်းလမ်း မကျဘဲ တဖက်သတ် နိုင့်ထက် စီးနင်း ဆောင်ရွက်မှုတွေကို ရပ်တန့် သွားစေဖို့ ဖိအားပေး ဆောင်ရွက် သွားနိုင်လိမ့်မယ် ဆိုတာပါပဲ။

မကြာသေးခင်ကအထိ ကုလသမဂ္ဂအဖွဲ့ကြီးက အတိုက်အခံဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး သက်ဆိုင်သူ အားလုံး ပါဝင်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ဖြစ်ပေါ်လာအောင် တာဝန်ယူ ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို တိုက်တွန်း တောင်းဆို ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အခု သူတို့ရဲ့ ကြေညာချက်နဲ့ မိန့်ခွန်းတွေမှာ အရေးကြီးတဲ့ စကားရပ်ဖြစ်တဲ့ “သက်ဆိုင်ရာပါတီ အဖွဲ့အစည်း အားလုံးပါဝင်ရေး” ဆိုတဲ့ စကားရပ်ကို ချန်လှပ် ပစ်ခဲ့တာကတော့ အံ့သြစရာပါပဲ။

မစ္စပီလေးက ကမ္ဘာကြီးကို မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် “အစွမ်းကုန် သတိထား စောင့်ကြည့်” ဖို့ တိုက်တွန်း ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရွေးကောက်ပွဲနေ့ အထိ အကဲဖြတ် စောင့်ကြည့်စရာ မလိုပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရ စိတ်ကြိုက် ခန့်အပ်ခဲ့တာ ဖြစ်ပြီး သူတို့ အားလုံးကလည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တော်တော်များများ ၀င်ပြိုင်လို့ မရအောင် ဆုံးဖြတ်ချက်တွေ တဖက်သတ် ချမှတ်ပေးနေတဲ့ စစ်အစိုးရရဲ့ သစ္စာရှိ လူယုံတွေပဲ ဖြစ်တယ်။ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေ တွေဟာလည်း နိုင်ငံရေးပါတီတွေ အပေါ်မှာ အကြီးအကျယ် ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ် ထားတာ ဖြစ်တယ်။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ဒါမှမဟုတ် ပါတီ အဖွဲ့အစည်းတွေမှာ ပါဝင် လှုပ်ရှားဆောင်ရွက်ခွင့် မရအောင် ပိတ်ပင် တားမြစ် ထားပါတယ်။

စစ်အစိုးရဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့ဝင်တွေဟာ မြန်မြန်ဆန်ဆန် အရပ်ဝတ်လဲ၊ သူတို့ရဲ့ လူထု အဖွဲ့အစည်းကြီးကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲ လိုက်ပြီး နိုင်ငံတော်ပိုင် ပစ္စည်းတွေ၊ သယံဇာတတွေ၊ ငွေကြေး ဥစ္စာတွေနဲ့ ခြိမ်းခြောက်မှုတွေကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် နေကြတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ ၀န်ကြီးချုပ်ရဲ့ ပါတီနဲ့၊ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားတဲ့ အခြား သစ္စာခံ နောက်လိုက်ပါတီတွေ အလိုကျစေဖို့ သူတို့ကိုယ်တိုင် ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အရှက်မရှိ ကျူးလွန် ဖောက်ဖျက် နေကြတယ်။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အဲဒီရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆိုတာကို ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အထိ စောင့်ကြည့်ဖို့ အမှန်တကယ် လိုအပ် ပါသေးရဲ့လား။

ကံမကောင်းအကြောင်းမလှစွာဘဲ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲ ကို စောင့်ကြည့်ရုံ သာမက သူတို့ကို အားပေးအားမြှောက် ပြုနေကြတယ်။ အဲဒီနိုင်ငံတွေက ရွေးကောက်ပွဲသာလျှင် တခုတည်းသော ရွေးချယ်စရာ လမ်းအဖြစ် သူတို့ ယုံကြည်တဲ့ အကြောင်း ကျနော်တို့ကို ဆွေးနွေး ပြောဆိုခဲ့ကြပြီး ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ရွေးကောက်ပွဲ ၀င်သင့်ကြောင်း အကြံပြုခဲ့ကြတယ်။

စစ်တပ်အုပ်စိုးမှုကို ဒီနည်းနဲ့တရားဝင်ဖြစ်အောင် ကျနော်တို့ မလုပ်နိုင်တဲ့ အကြောင်း ကျနော်တို့ရဲ့ ရပ်တည်ချက် သဘောထားကို အခိုင်အမာ ရှင်းလင်း ပြောပြခဲ့လို့ အခြားသူတွေဘက် ဦးလှည့်သွားပြီး အခု အဲဒီသူတွေကို သူတို့ပြောတဲ့ အတိုင်း စစ်အစိုးရဲ့ ရွေးကောက်ပွဲ ကစားပွဲမှာ ပါဝင်ဖြစ်အောင် အားပေးကူညီမှုတွေ လုပ်နေတယ်။ စစ်အစိုးရကို လိုလား ထောက်ခံတဲ့ ပညာရှင် တချို့နဲ့ အခွင့်အရေး သမား တချို့ကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အမွှန်းတင်ဖို့အတွက် ဥရောပကို ခရီးထွက်နိုင်အောင် ကူညီတာမျိုး၊ သူတို့လိုလားတဲ့ ပါတီတွေကို ကူညီထောက်ပံ့ပေးတာမျိုး စသည်ဖြင့်ပေါ့။

ဒီမိုကရေစီပါတီအချို့အနေနဲ့ ဥရောပရဲ့ အားပေးကူညီမှုတွေရထားသည့် တိုင်အောင် သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေ အပေါ် ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို ပြင်းထန် လာနေတာ နေ့စဉ်နဲ့အမျှ တွေ့မြင်ကြားသိနေရတာမို့ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်မယ့် အခွင့်အလမ်းလည်း အတော့်ကို မှေးမှိန် လာနေပါပြီ။ စစ်အစိုးရ အနေနဲ့ လိမ်လည်မှုတွေ ခြိမ်းခြောက်မှုတွေ သုံးပြီး ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နေရာ အားလုံးနီးပါးကို သိမ်းပိုက်ရယူဖို့ ဆုံးဖြတ် ထားပြီးပါပြီ။

စစ်တပ်အတွက် သီးသန့်ဖယ်ထားပေးတဲ့ လွှတ်တော်နေရာ (၂၅) ရာခိုင်နှုန်းနဲ့ အတူ လွှတ်တော်နေရာ အားလုံးနီးပါးကို စစ်တပ်နဲ့ သူ့အပေါင်းအပါ တွေကသာ ချုပ်ကိုင် ခြယ်လှယ် သွားမယ်ဆိုတာ ထင်ရှား သထက် ထင်ရှား လာနေပါပြီ။ ကိုယ်စားလှယ်အချို့ ကံကောင်း ထောက်မစွာ ရွေးကောက်ခံရမယ် ဆိုရင်တောင်မှ အပြောင်းအလဲ ဖြစ်ပေါ်အောင် လုပ်နိုင်မယ့် ဘာလုပ်ပိုင်ခွင့် အာဏာမှ သူတို့မှာ ရှိမှာ မဟုတ်ဘူး။ ဒီလွှတ်တော်မှာ အစိုးရ ဖွဲ့နိုင်တဲ့ အခွင့် အာဏာ မရှိပါဘူး။ စစ်ဘက်ရေးရာ ကိစ္စနဲ့ ပတ်သက်လို့လည်း ဥပဒေပြုခွင့် မရှိပါဘူး။ သမ္မတက ခန့်အပ်သူတွေနဲ့ ဘတ်ဂျက်လျာထားမှုတွေ အပေါ် ငြင်းဆို ကန့်ကွက်ခွင့် မရှိပါဘူး။

ကောင်းပြီ။ ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးဆိုရင် အဖြေက ဘာလဲလို့ တစုံ တယောက်က မေးခွန်း ထုတ်နိုင်ပါတယ်။ အဖြေက ကျနော်တို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးရေးပါပဲ။ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကြား အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုက သာလျှင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

စစ်တပ်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒလုံးဝမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ စစ်အစိုးရ အပေါ်မှာ ပြင်းထန်ထိရောက်တဲ့ ဖိအားတွေကို အလေးထား ဆောင်ရွက် သွားမယ်ဆိုရင် အဲဒီပြင်ပ ဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာ ခုခံတွန်းလှန်မှုတွေ ပေါင်းစပ်ပြီး စစ်အစိုးရကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းပေါ် အရောက် တွန်းပို့ နိုင်ပါလိမ့်မယ်။

ဥရောပက ကျနော်တို့မိတ်ဆွေများအနေနဲ့ ဘာတခုမှ ပေါ်ထွက် မလာနိုင်တဲ့ ရွေးကောက်ပွဲ အပေါ် မျှော်လင့် အိပ်မက်မက်နေတာကို စွန့်လွှတ်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ အစပြု နိုင်ဖို့အတွက် စစ်အစိုးရ အပေါ် ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ် ကြပါတော့လို့ ကျနော် ဆန္ဒပြုချင်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း ပေါ်ပေါက်လာရေးကို အားထုတ် ဆောင်ရွက်ရင်း အဲဒီအရေးယူ ဆောင်ရွက်မှုတွေကို စတင်သင့်ပါပြီ။ ။

မှတ်ချက်။ ။ ၂၀၁၀ စက်တင်ဘာ (၃၀) ရက်ထုတ် နယူးယောက်တိုင်း သတင်းစာပါ သတင်းစာ ဆရာကြီး ဦးဝင်းတင်၏ “An Election Not Worthy of Support” ဆောင်းပါးအား ဖိုးဇော် ဘာသာပြန် ဆိုထားခြင်း ဖြစ်ပါသည်။

စာရေးသူ ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် ထူထောင်ရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်ခဲ့ပြီး လက်ရှိ NLD ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်သည်။ သူသည် ၁၉၈၉ မှ ၂၀၀၈ ခုနှစ်အထိ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသူဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

စစ်ပြေးတဦးရဲ့ စာ

တပ်မတော် (လေ) တပ်ကြပ်ကြီးတဦး၊ ပုသိမ်လေတပ်စခန်း

အောက်တိုဘာ ၂၊ ၂၀၁၀

ကျနော်ဟာ တပ်မတော်(လေ) မှာ စစ်မှုထမ်းဆောင်ခဲ့တာ အနှစ် ၂၀ ရှိခဲ့ပါပြီ။ တပ်မတော်မှာ အနှစ် ၂၀ တာဝန် ထမ်းဆောင် ခဲ့သော်လည်း ဘာမှ ပြောင်းလဲ တိုးတက်မှု မရှိခဲ့ပါ။ အခုဆိုရင် ကျနော်ဟာ ကလေး (၄) ယောက် နှင့် ဒုက္ခတွေ ရောက်ပြီး အုပ်ခွဲတပ်ကြပ်ကြီး အဆင့်ဖြင့် စစ်ပြေးဘ၀ကို ရောက်ရှိနေပါပြီ။

ကျနော် ဒုက္ခရောက်ပြီး စစ်ပြေးဘ၀ကို ရောက်ရှိခဲ့ရတာကတော့ ပုသိမ် - လေတပ်စခန်း ဌာနချုပ် မှ အုပ်ချုပ်ရေး တပ်မှုး ဒု-ဗိုလ်မှူးကြီး လှညွန့်ရဲ့ ညှင်းပန်း နှိပ်စက်မှုကြောင့် စစ်သက် ၂၀၊ အုပ်ခွဲ တပ်ကြပ်ကြီး အဆင့်ဖြင့် စစ်ပြေး ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ ကျနော့်ကို ဓါတ်ဆီ/ဒီဇယ်ဆီ များကို ကိုင်တွယ်ခိုင်းပြီး တပ်မှုးတယောက် သုံးစွဲပိုင်ခွင့်ထက် ပိုမို သုံးစွဲခဲ့သည့် အပြင် သူတို့ရဲ့ ကိုယ်ပိုင် အရပ်ကားကိုလည်း ဆီအပြည့် ဖြည့်ပေး ခဲ့ရပါတယ်။

ဒီလိုနဲ့ ကျနော်ဟာ လကုန်ရင် မိမိရဲ့လစာကို မိသားစုအတွက် မသုံးစွဲရဘဲ၊ အပြင်က ဓါတ်ဆီ / ဒီဇယ်ဆီ များကို ၀ယ်ယူပြီး စာရင်းဇယား ကိုက်ညီအောင် ပြန်လည် ဖြည့်ဆီး ပေးခဲ့ရပါတယ်။ ဒီလိုဝယ်ယူပြီး ဖြည့်ပေး ခဲ့ရတဲ့အတွက် ဒုဗိုလ်မှုးကြီး လှညွန့်နှင် အလိုတူ အလိုပါ ငွေစာရင်း အရာရှိ ဗိုလ်ကြီး ဇော်လင်းဦး ထံတွင် လစာများကို ကြိုတင်ရောင်းချပြီး ငွေအတိုးကိုလည်း ၂၀ ကျပ် တိုးဖြင့် ဗိုလ်ကြီးဇော်လင်းဦး ထံမှ ချေးယူပြီး၊ စာရင်းဇယား ကိုက်ညီအောင် လုပ်ပေးခဲ့ရပါတယ်။

ဒီလိုမျိုးမလုပ်ရင် မဖြစ်အောင် သူတို့အရာရှိတွေက အမျိုးမျိုး ဖိအားပေးပြီး ထွက်ပေါက် မရှိအောင် လုပ်ထားပါတယ်။ ကျနော်ဟာ မိမိရဲ့ချွေးနဲ စာလစာကို မသုံးစွဲရတဲ့ ဘ၀နဲ့ အတိုးငွေ သံသရာထဲမှာ မိသားစု ၄ ယောက်ရဲ့ စားဝတ် နေရေးအတွက် ငွေတိုးပေး၊ ချေးယူ သုံးစွဲခဲ့ရတဲ့ အတွက် အခုဆိုရင် ငွေ ၃၄ သိန်း အကြွေး တင်ခဲ့ရပါတယ်။ လကုန်ရက်ကို ရောက်လာပြီ ဆိုရင်လည်း ဗိုလ်ကြီး ဇော်လင်းဦးမှ ကျနော့်ရဲ့ လစာကို ထုတ်ယူပြီးသည့် အပြင် (၂၀ိ-ကျပ်) နှုန်း အတိုးဖြင့်  ချေးငွေကိုလည်း ပြန်လည် တောင်းရမ်းမှာကို မပေးဆပ် နိုင်သဖြင့် စစ်သက် ၂၀ နှစ် ရောက်မှ၊ အုပ်ခွဲ တပ်ကြပ်ကြီး အဆင့်ဖြင့် မိသားစုနှင့် ကလေး ၄ ယောက်ကို မငဲ့ကွက်နိုင်ဘဲ၊ စစ်တပ်မှ ထွက်ပြေး ခဲ့ရတဲ့အဖြစ်ဟာ အဲဒီကောင်တွေရဲ့ ယုတ်မာ ရက်စက်မှုကြောင့် ဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီးလှညွန့် နှင့် အလိုတူ အလိုပါ ဗိုလ်ကြီးဇော်လင်းဦး ဟာလည်း စစ်သည် မိသားစု တွေရဲ့ ရိက္ခာ ငွေများကို ၁ လ ကြိုတင် ထုတ်မပေးဘဲ သိန်း ၆၀ ကျော် လောက်ကို ဘောလုံးတွေ လောင်းပြီး အလွဲသုံးစား ပြုလုပ် ခဲ့ကြပါတယ်။

ပုသိမ်လေတပ်စခန်း ဌာနချုပ်မှာ အဲဒီတပ်မှူးနှင့် သူ၏ တပည့် ဗိုလ်ကြီးဇော်လင်းဦး တို့၏ ဖိနှိပ် ညှင်းပန်းမှုကြောင့် ဒုက္ခတွေ ရောက်ပြီး စစ်တပ်မှ ထွက်ပြေးကြတဲ့ စစ်သားဟာ ၃ နှစ် အတွင်းမှာ စစ်ပြေး ၁၀၀ နီးပါး ရှိနေပါပြီ။

အထက်အကြောင်းအရာပါ အချင်းဖြစ်ပွားခဲ့ပုံတွေကို စစ်ဘက်မှ အကြီးအကဲများ သိရှိအောင်၊ တပ်မှူးရဲ့ ယုတ်မာ ပက်စက်မှုတွေကို အမှန်တရား အတိုင်း သိစေချင်လို့ စစ်သည် ရဲဘော် မိသားစုများရဲ့ ကိုယ်စား တင်ပြရခြင်း ဖြစ်ပါတယ်။

ဖြည့်စွက်ပြီး ပြောရရင် တပ်မှူးဟာ လမ်းလျှောက်တာ ခြေသံ ကျယ်သွားရင်တောင် လှမ်းခေါ်ပြီး ခါးပတ်နဲ့ ရိုက်ပါတယ်။ ။


Ref: မိုးမခ

Read More...

SSA-S တပ်မဟာ ၁ အခြေချလှုပ်ရှားတပ်ဖွဲ့များအား မိုင်းရယ်-သီပေါ ကားလမ်း မြောက်ဘက်မှ တပ်ရုပ်ပြန်ခိုင်း

Tuesday, 05 October 2010

ပြည်သူ့စစ်လုပ်ရန် ငြင်းဆန်သည့် တပ်မဟာ ၁ နှင့် နအဖ စစ်တပ်ကြား တတိယ အကြိမ် တိုက်ပွဲဖြစ်ပွါးသည့် နောက်ပိုင်း သီပေါ-လားရှိုးကြား ကားလမ်း တ၀ိုက် အခြေစိုက် လှုပ်ရှားနေကြသည့် တပ်ဖွဲ့အားလုံး တပ်ရုပ် ဆုတ်ခွါရန် ရမခတိုင်းမှူးက အောက်တိုဘာ ၂ ရက်၌ ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။


ပြည်သူ့စစ်လုပ်ရန် ငြင်းဆန်သည့် တပ်မဟာ ၁ နှင့် နအဖ စစ်တပ်ကြား တတိယအကြိမ် တိုက်ပွဲဖြစ်ပွါးသည့် နောက်ပိုင်း သီပေါ-လားရှိုးကြား ကားလမ်းတ၀ိုက် အခြေစိုက် လှုပ်ရှား နေကြသည့် တပ်ဖွဲ့အားလုံး တပ်ရုပ် ဆုတ်ခွါရန် ရမခတိုင်းမှူးက အောက်တိုဘာ ၂ ရက်၌ ညွှန်ကြား လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

“အထူးသဖြင့် မိုင်းရယ်-သီပေါကားလမ်းမြောက်ဘက်ခြမ်း၊ မိုင်းရယ်-ဟိုယ-လားရှိုး ကားလမ်း အနောက်ဘက်ခြမ်း အားလုံးနဲ့ ဟိုယ-နမ့်ပေါင် ကားလမ်း တောင်ဘက်ခြမ်း တွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ တပ်မဟာ ၁ တပ်ဖွဲ့အားလုံး တပ်ရုပ်ခိုင်းတာ” ဟု တပ်မဟာ ၁ မိသားစုဝင် တစ်ဦးက ပြော၏။

အဆိုပါနေရာအချို့၌ နအဖစစ်တပ်ကဆင့်ခေါ်သဖြင့် မိုင်းဟိုင်းအခြေစိုက် လောမားဦးဆောင်သော ဌာနေ ပြည်သူ့စစ် မန့်ပန် အခြေစိုက် ဗိုလ်မွန်းဦးဆောင်သော မန့်ပန် ဌာနေပြည်သူ့စစ် တပ်ဖွဲ့နှင့် စိန်ကျော့ ပြည်သူ့စစ် အချို့ ပူးပေါင်း၍ လှုပ်ရှားလာသည် ဟုလည်း မိုင်းရယ်ဒေသခံ တစ်ဦးက ပြောပြ၏။

“ဦးလွယ်မောဝ်ရဲ့အိမ်ရှိတဲ့ ဟန်နားက ပြည်သူ့စစ်တွေက ခလရ ၁၄၇ တပ်နဲ့ ပူးပေါင်းလှုပ်ရှားတယ်၊ မိန်းခေး ပြည်သူ့စစ်နဲ့ နအဖစစ်တပ် ပူးပေါင်းပြီးတော့လဲ ကားလမ်း လုံခြုံရေးဆိုပြီး လှုပ်ရှား တာတွေ့ရတယ်” ဟုအဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော် ဆင့်သို့ ပြောပြပါသည်။

SSA-N တပ်မဟာ ၁ တပ်ဖွဲ့များ တပ်ရုပ်ခြင်းမရှိပါက မည်သို့မည်ပုံအရေးယူမည် ကိုမူ မပြောဟုဆို၏။ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် သျှမ်းပြည် တပ်မတော် တပ်ဖွဲ့ကလည်း ယနေ့ထိ တပ်ရုပ် ထွက်ခွါပေးခြင်း တစုံတရာ မရှိသေးကြောင်း လားရှိုးရောက် ကုန်သည် တဦးကပြောပါသည်။

ထို့အတူ အောက်တိုဘာ ၃ ရက်နေ့က လားရှိုးမှလာသော နအဖ တုန်းဖုန်း စစ်ကား ၄ စီးကလည်း စစ်သား အပြည့်ဖြင့် မိုင်းရယ်ဘက် ထပ်မံ ရောက်ရှိနေသော်လည်း - “တပ်မဟာ ၁ ကတော့ လွယ်လွယ်နဲ့ တပ်ရုပ်ပြန်မယ့်ပုံ မပေါ်ဘူး” ဟု အသက် ၃၀ ကျော် မိုင်းရယ် လူငယ် အမျိုးသား တဦးက ပြောပြပါသည်။

စက်တင်ဘာ ၃၀ ရက် ပြည်သူ့စစ်အသွင်ပြောင်းလိုက်သည့် ဌာနချုပ်စိန်ကျော့၏အရှေ့ဖက် မိုင်းရယ်နှင့် သီပေါကြား မိုင်းရယ် အနောက်ဘက် ကောင်းနျုရွာ အနီး ခမရ (၃၂၅) အင်အား ၅၀ ကျော်ပါ စစ်ကြောင်းက အင်အား ၇ ယောက်သာရှိသည့် သဋမ်း တပ်ဖွဲ့ တပ်စခန်း တခုကိုဝင်စီးခဲ့ရာ မိနစ်ပိုင်း တိုက်ပွဲဖြစ်ပြီး အင်အားချင်း မမျှသဖြင့် စခန်းက ဆုတ်ခွာ ပေးခဲ့ရသည်။ နှစ်ဘက်စလုံး သေကြေဒဏ်ရာ ရခြင်းမရှိဟု သျှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပါသည်။

ထို့အတူတောင်ပိုင်း ၀ တပ်ဖွဲ့အားလည်း မြောက်ပိုင်းသို့တပ်ရုပ်ပြန်ရန် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံ အခြေချ စစ်ဗျူဟာမှူး က -
“အသွင်ပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ ဆိုတာ ခင်ဗျားတို့ အတွက် အချိန်လွန်သွားပြီ။ ခင်ဗျားတို့လမ်း ၃ ခုဘဲ ရွေးဖို့ရှိတယ်။ မြောက်ပိုင်းကို တပ်ရုပ်ပြန်မလား။ လက်နက် အပြီးချမှာလား၊ ဒါမှမဟုတ် ပြန်တိုက်မလား” ဟုပြောကြောင်း တောင်ပိုင်း ၀ တပ်မှူး ကပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဒေါ်စုက ပါတီရပ်တည်ခွင့်အတွက် လျှောက်ထား

မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဆက်လက် ရပ်တည်ခွင့် ရရှိရေးအတွက် ကြားနာပေးရန် ရန်ကုန်တိုင်း ဗဟို တရားရုံးချုပ်သို့ ရှေ့နေများမှ တဆင့် ယနေ့ လျှောက်ထား လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိထားသည့် ရှေ့နေ ဦးကြည်ဝင်းနှင့် ရှေ့နေ ဦးဥာဏ်ဝင်းက ယနေ့ နံနက် ၁၁ နာရီတွင် တင်ပြ လျှောက်ထားခဲ့ပြီး တရားရုံး မှတ်ပုံတင် အရာရှိက တင်သွင်းခွင့် ပြုမပြုကို မနက်ဖြန် နံနက်တွင် အကြောင်းပြန်မည်ဖြစ်သည်။

“ပါတီရပ်တည်ခွင့် ကိစ္စကို ကျနော်တို့ တင်တာပါ။ သီးခြား သက်သာခွင့် ဥပဒေအရ ကျနော်တို့က တရားစွဲတာကိုး။ စကားရပ်များ အနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ၊ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ တင်ပါတယ်။ ပါတီအနေနဲ့ မဟုတ်ပါဘူး၊ ပါတီ အထွေထွေ အတွင်းရေးမှူး အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ စွဲတာ ဖြစ်ပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအရ ၎င်းတို့ပါတီ တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် ဥပဒေ ပါရှိသဖြင့် အန်အယ်ဒီက ဧပြီလ ၂၉ ရက်နေ့တွင် စစ်အစိုးရကို တရားစွဲဆိုရန် ကြိုးပမ်း ခဲ့သေးသည်။ သို့သော် ရန်ကုန်တိုင်း တရားရုံးက ၎င်းတို့၏ လျှောက်ထားချက်ကို ပယ်ချခဲ့ပြီးနောက် ယခုတဖန် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအရ သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လည် မှတ်ပုံ မတင်လျှင် အလိုအလျောက် ပါတီအဖြစ်မှ ပျက်ပြယ်ကြောင်း ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် ကော်မရှင်က ကြေညာခဲ့သည်။ ထိုဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြား နိုင်ငံရေးပါတီ ၉ ပါတီမှာ တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်ခဲ့သည်။

ရှေ့နေ ဦးဥာဏ်ဝင်းကမူ ၁၉၈၈ ခုနှစ်တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး၊ ယခု ကော်မရှင် ဥပဒေအသစ် ပြဋ္ဌာန်း ခဲ့သော်လည်း ဥပဒေ အဟောင်းအရ ရရှိခံစားထိုက်သော အခွင့်အရေးများ ဆက်ခံစားခွင့် ရှိကြောင်းနှင့် ဥပဒေသည် နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရသလို၊ အကယ်၍ ထိုသို့ သက်ရောက် စေလိုပါက ဥပဒေအရ ဖော်ပြရကြောင်းနှင့် လက်ရှိ ပြဋ္ဌာန်းချက်များသည် ၎င်းတို့ ပါတီအပေါ် အကျိုး သက်ရောက်မှု မရှိဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁၉၈၈-၈၉ ခုနှစ်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ရွေးကောက်ပွဲကို ကျင်းပပြီးနောက် ပြည်သူ့ လွှတ်တော် ဥပဒေပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ရွေးကောက် တင်မြောက် ခံရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ပြည်သူ့ လွှတ်တော်ကို ဖွဲ့စည်း ပေးရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

၁၉၉ဝ ခုနှစ် မေလ ရွေးကောက်ပွဲတွင် အန်အယ်ဒီသည် မဲဆန္ဒနယ် ၄၈၂ နေရာအနက် ၃၈၉ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် အာဏာသိမ်း ဗိုလ်ချုပ်ကြီး စောမောင်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှသည် လက်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်အထိ ၎င်းတို့ကို လွှတ်တော် ခေါ်ယူပေးခြင်း မရှိခဲ့ပါ။

“အာဏာပိုင်တွေက သူတို့လုပ်ပေးမယ်ဆိုတာကို မလုပ်ဘဲနဲ့ ပျက်ကွက်တာတွေ ရှိတယ်။ ၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပာယ်များ ဖွင့်ဆိုချက် ဥပဒေဆိုတာ ရှိတယ်။ အဲဒီမှာ ပုဒ်မ ၁၄ ပြဋ္ဌာန်းချက်မှာ ပုဒ်မခွဲ က ၊ခ၊ ဂ၊ ဃ ဆိုပြီး ၄ ခု ရှိတယ်။ အဲဒီ ၄ ခုကို ဖတ်လိုက်လို့ ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို သူဘာသာနဲ့သူ ဟိုတုန်းက ကြိုးစားပမ်းစား လုပ်လာခဲ့တဲ့ ရပြီးသား အခွင့်အရေး၊ ခံစားခွင့်များကို နောက် ဥပဒေကြောင့်မို့ ဆုံးရှုံးမှု မဖြစ်စေရ၊ မထိခိုက်စေရဘူး။ ဆိုတော့ အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရဘူး၊ မထိခိုက်ရဘူး။ အဲဒီ ပြဋ္ဌာန်းချက်များနဲ့အညီ တနည်းအားဖြင့် ဥပဒေ စိုးမိုးရေးကို အားကိုးအားထား လုပ်ပြီးတော့ စွဲတာ” ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုယိုတာ စီးပွားဘက် ရုပ်သိမ်း

ဦးကျော်ကျော်သိန်း
အင်္ဂါ, 05 အောက်တိုဘာ 2010

မြန်မာစစ်အစိုးရနဲ့ ဖက်စပ်လုပ်နေတဲ့ တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်း (Toyota Tsusho Corp.) ကြီးက မြန်မာ ပြည်ထဲမှာ ရင်းနှီး ထားတဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ထုတ်ရောင်း ခဲ့ပါတယ်။ မြန်မာ နိုင်ငံထဲမှာ ရင်းနှီး မြှုပ်နှံနေတာဟာ မြန်မာ ပြည်သူတွေကို အကျိုး မဖြစ်စေဘဲ အစိုးရကိုသာ တိုက်ရိုက် အကျိုး ရှိစေတဲ့အတွက် တိုယိုတာ ကုမ္ပဏီကို မြန်မာနိုင်ငံထဲမှာ ရင်းနှီးမှုတွေ ရုပ်သွားအောင် တိုက်တွန်း ခဲ့တယ်လို့ ဦးဆောင် တိုက်တွန်းခဲ့သူ တဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ မော်တော်ကားတွေ၊ မော်တော် ဆိုင်ကယ်တွေ မြန်မာ စစ်အစိုးရနဲ့ ဖက်စပ် ထုတ်လုပ်ခဲ့တဲ့ တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်း မြန်မာနိုင်ငံနဲ့ ဆက်ပြီး စီးပွားရေး မလုပ်တော့တဲ့ အကြောင်းကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ ပူးတွဲ တည်ထောင်ထားတဲ့ မြန်မာ ဆူဇူကီး ကားထုတ်လုပ်ရေး ကုမ္ပဏီမှာ တိုယိုတာ ကားကုမ္ပဏီရဲ့ စီးပွားဘက် တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်းက ထည့်ထားတဲ့ အစုရှယ်ယာ ၂၀% ကို ပြီးခဲ့တဲ့ ဇွန်လက ပြန်ရုပ်သိမ်း ခဲ့တာပါ။ ဒီလို ဖြစ်လာအောင် အဓိက တွန်းအား ပေးခဲ့တာကတော့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် ဒိုမီနီ (Domini) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက သုတေသနမှူး ရှင်းန် ဖုရုယ (Shin Furuya) ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းသွားအောင် လုပ်ခဲ့ရတဲ့ အဓိက အချက်ကတော့ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ချက်ကြောင့် ဖြစ်တဲ့အပြင် မြန်မာလူထုကို တိုက်ရိုက် အကျိုးမဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေတာကလည်း အရေးပါတဲ့ အကြောင်းတခု ဖြစ်ပါတယ်လို့ ရှင်းန် ဖုရုယက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တိုက်ရိုက် ပူးတွဲရင်းနှီးမြှုပ်နှံမှု ဖြစ်နေတာက နောက်ထပ် စိုးရိမ်စရာကိစ္စ ဖြစ်လာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာက မော်တော်ကား ဈေးကွက်ကို တင်းတင်း ကျပ်ကျပ်ကို ထိန်းချုပ် ထားတာပါ။ ဒါကြောင့် ဒီ ရင်းနှီးမြှုပ်နှံမှုရဲ့ ထုတ်ကုန်တွေဟာ လူထု များရာစုကြီးအတွက် အကျိုးဖြစ်စေတာ မဟုတ်ဘဲ မြန်မာ စစ်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိတဲ့ လူနည်းစုလေး၊ ဒါမှမဟုတ် မြန်မာ အစိုးရထဲက လူတွေပဲ အကျိုးစီးပွား ဖြစ်ထွန်းနေပါတယ်။”

ဒါကြောင့် မစ္စတာရှင်းန် လုပ်နေတဲ့ ဒိုမီနီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အပါအ၀င် တခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီတွေ ပေါင်းပြီးတော့ တိုယိုတာ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြတဲ့ စာတစောင်ကို တိုယိုတာ ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဆီကို လွန်ခဲ့တဲ့ ၂ နှစ်မှာ ပေးပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ တိုယိုတာ ကုမ္ပဏီက ဒီရင်းနှီးမြှုပ်နှံမှု ကိစ္စကို အရေးတယူ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လမှာတော့ တိုယိုတာ ဆူးရှိုး ကုမ္ပဏီက သူတို့ ရင်းနှီး မြှုပ်နှံထားတဲ့ အစုရှယ်ယာ ၂၀% ကို ပြန်ပြီး ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲကနေ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တခုခု ထွက်သွားအောင် လုပ်တဲ့အခါတိုင်းမှာ မြန်မာနိုင်ငံသား အလုပ် သမားတွေ ထိခိုက် နစ်နာတယ် ဆိုပြီး ပြန်ချေပတာတွေ ထွက်လာလေ့ ရှိပါတယ်။ ဒီကိစ္စကို စလုပ်ကတည်းက အလုပ်သမားတွေ နစ်နာမယ့် အရေးကို သူတို့အနေနဲ့ ထည့်သွင်း စဉ်းစားခဲ့ပါတယ်လို့ မစ္စတာရှင်းန်က ဆိုပါတယ်။

“အလုပ်သမားတွေရဲ့ အထွေထွေ အခြေအနေကို ကျနော်တို့ အမြဲထည့်သွင်း စဉ်းစားသလို အလုပ်သမားတွေ ဘက်ကိုလည်း ကြည့်ပါတယ်။ ဒါပေမဲ့ အခုကိစ္စကို ကျနော်တို့ ကြည့်တဲ့အခါ အလုပ်သမားတွေရဲ့ အထွေထွေ အခွင့်အရေး အတွက် ဘယ်လို အာမခံချက်မှ မရှိတာကို တွေ့ရပါတယ်။ အဲဒါက နောက်ထပ် စိုးရိမ်ဖွယ်ရာ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။”

တိုယိုတာ ဆူးရှိုး ကုမ္ပဏီရဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းအောင် မစ္စတာရှင်းန်ရဲ့ ဒိုမီနီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ ပူးတွဲ လုပ်ဆောင်ခဲ့ကြတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေမှာ လူ့အခွင့်အရေး၊ လူမှုရေး အခြေအနေ၊ သဘာဝ ပတ်ဝန်းကျင်၊ အုပ်ချုပ်ရေး ပုံသဏ္ဌာန် စတဲ့ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားပြီး ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီတဲ့ ရင်းနှီး မြှုပ်နှံမှု မျိုးတွေကိုပဲ လုပ်ကြဖို့ အားပေး တိုက်တွန်းနေကြတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

အခုဖြစ်ရပ်ကနေ မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေပေါ် သက်ရောက်မှု ရှိစေဖို့တင် မကဘဲ ကမ္ဘာပေါ်က ဘယ်နေရာမှာ မဆို ရင်းနှီး မြှုပ်နှံနေကြတဲ့ ဘယ်လို ကုမ္ပဏီမျိုးပေါ်ကို မဆို သက်ရောက်မှုရှိဖို့ သူတို့ မျှော်လင့်ပါတယ်လို့ မစ္စတာရှင်းန်က ပြောပါတယ်။

“ဒီရင်းနှီးမြှုပ်နှံမှုကနေ လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ် အလားအလာ ရှိနေတယ် ဆိုတာက အခြေခံအချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ကိစ္စမှာတော့ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် စီးပွားရေး လုပ်မယ်ဆိုရင် လူ့အဖွဲ့အစည်း တခုလုံးကို မြန်မာစစ်ဘက်က ထိန်းချုပ်ထားတယ် ဆိုတဲ့အချက်က အတော်လေးကို အရေးပါတဲ့ သက်ရောက်မှု ရှိနေပါတယ်။”

နယူးယောက် အခြေစိုက် ဒိုမီနီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက သုတေသနမှူး ရှင်းန် ဖုရုယ ပြောသွားတာ ဖြစ်ပါတယ်။

တိုယိုတာ ဆူးရှိုး ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ မြန်မာ ဆူဇူကီး ကားကုမ္ပဏီဟာ မော်တော် ဆိုင်ကယ်တွေ၊ ထရပ်ကား ငယ်တွေနဲ့ လူစီးကားတွေ ထုတ်လုပ်ပါတယ်။ မြန်မာ ဆူဇူကီး ကားကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်က ကားအရေအတွက် အစီးပေါင်း ၁၂,၀၀၀ ကို ထုတ်လုပ်ခဲ့တယ်လို့ ရှင်းန် ဖုရုယုက ခန့်မှန်းထားပါတယ်။

Ref: VOA News

Read More...

ပါတီဝင် အရေအတွက်အတိုင်း မဲရရှိစေရန် ကြံ့ဖွံ့က စည်းရုံး လှုပ်ရှားနေ

တက်လူ
၀၅ အောက်တိုဘာ ၂၀၁၀

ပြည်သူများကို ပါတီဝင်ခိုင်းပြီး ပါတီဝင်များအားလုံး အရေအတွက်အတိုင်း မဲရရှိရန် ဆောင်ရွက် ရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးမှူးများ အားလုံးကို ညွှန်ကြား ထားကြောင်း သိရသည်။

ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၌ စည်းရုံးရေးဆင်းခဲ့သည့် ကြံ့ဖွံ့ပါတီမှ စည်းရုံးရေး အဖွဲ့ဝင် တဦးက “ကျနော်တို့က ပါတီဝင် အရေအတွက် များအောင်ပဲ ဆောင်ရွက် ပေးရတာ။ မဲရတာ မရတာ ပူစရာ မလိုဘူးလေ။ ပါတီဝင်ပြီ ဆိုတာနဲ့ ဘယ်ပါတီကိုမှ မဲပေးလို့ မရတော့ဘူး ဆိုတာ တခါတည်း ပြောပြီးသား” ဟု ဆိုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း၌လည်း အသက် (၁၈) နှစ်ပြည့်ပြီးသည့် ၀န်ထမ်း မဟုတ်သော သူများကို ကြံ့ဖွံ့ပါတီ ၀င်ခိုင်းကာ မည်သည့် ပါတီကိုမျှ မဲမပေးရဟု ပါတီစည်းရုံးရေး မှူးများက ရပ်ကွက်အတွင်း လာရောက် ပြောဆို နေကြကြောင်း အဆိုပါ မြို့နယ်တွင် နေထိုင်သူ သူနာပြု ဆရာမ တဦးက ပြောသည်။

“ကျမက သူနာပြုဆိုတော့ ၀န်ထမ်းဖြစ်တဲ့အတွက် သူတို့က ပါတီတော့ မ၀င်ခိုင်းဘူး။ ဒါပေမယ့် ကျမတို့ မိသားစုထဲက မဲပေးနိုင်မယ့် သူတွေကိုတော့ ပါတီ ၀င်ခိုင်းတယ်။ ပြီးတော့ ကျမတို့ ၀န်ထမ်း တွေကိုလည်း ဘယ်ပါတီကိုမှ မပတ်သက်ရဘူး၊ ဘယ်ပါတီကိုမှ မဲမပေးရဘူးလို့ ပြောထားတယ်” ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ ပြည်တွင်းထုတ် အပတ်စဉ်သတင်းဂျာနယ် တခုဖြစ်သော မြန်မာ နယူးစ်ဝိခ် ဂျာနယ်တွင် ရွေးကောက်ပွဲ ၀င်ရန် ဆောင်ရွက် နေပုံများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မေးမြန်းရာတွင် “အဘက်ဘက်က ပြင်ဆင်ပြီးတော့ ကြိုးစား ဆောင်ရွက်ရမှာပါ၊ လိပ်ပြာ မသန့်ရတဲ့ အဖြစ်မျိုးတော့ အရောက် မခံနိုင်ဘူး” ဟု ဖြေကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

“ကျနော် နားလည်သလောက်တော့ လိပ်ပြာမသန့်ရတဲ့အဖြစ် အရောက်မခံဘူး ဆိုတာက မဟုတ်တာတွေကို ဘာမှ မလုပ်ဘူး၊ လုံးဝ စစ်စစ် မှန်မှန်ပဲ ဆောင်ရွက်မယ်လို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက်တော့ ရန်ကုန်မှာ ဦးအောင်သိန်းလင်းက ကြံ့ဖွံ့ အမတ်လောင်းတွေ အတွက် လိုအပ်တာတွေ အားလုံးကို ဆောင်ရွက် ပေးနေတယ်၊ အဓိက ကတော့ လမ်းပေါ့ဗျာ။ လမ်းတလမ်း ခင်းမယ်ဆိုရင် ပါတီဝင် အရေအတွက်ရမှပဲ ခင်းပေးတယ်ဗျ။ ကျနော်တို့ ပန်းဘဲတန်းမှာ လူတွေကို ပါတီဝင်ဖို့ လိုက်ပြောပြီး လမ်းခင်း ပေးမယ်တဲ့။ အခုက ပါတီ မဖြစ်မနေ၀င်မှ လမ်းခင်းပေးမလိုလို၊ ဒီလိုလုပ်နေတာ ဦးအောင်သိန်းလင်းလို လူက လိပ်ပြာ သန့်တယ် တဲ့လားဗျာ” ဟု ပန်းဘဲတန်း မြို့နယ်မှ ဘွဲ့ရ လူငယ်တဦးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် တောင်ငူလမ်းနေသူများ ပြောပြချက်အရ ဦးအောင်သိန်းလင်း အတွက် မဲရရှိရေးကို ကြံ့ဖွံ့ပါတီမှ တောင်ဥက္ကလာ မြို့နယ် စည်းရုံးရေး တာဝန်ခံများက ဆောင်ရွက် ပေးရကြောင်း၊ ပါတီဝင် အရေအတွက် အတိုင်း မဲရရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

တောင်ငူလမ်းတွင်နေထိုင်သူတဦးက “ကျနော်တို့ကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး တယောက်က လာပြောတယ်။ ဘာလိုလဲ ပြောပါတဲ့။ လမ်း မကောင်းရင် လမ်း၊ ရေမရရင် ရေ ကိစ္စပေါ့ဗျာ။ အဆင်ပြေအောင် ဆောင်ရွက် ပေးမယ်တဲ့။ ကျနော်တို့က ဒါ လာဘ်ထိုးပြီး မဲဆွယ်တာလို့ သိကိုသိတယ်။ ကျနော်တို့ နလပိန်း မဟုတ်ဘူး၊ ဘာမှမလိုဘူး၊ ဘာမှလည်း လုပ်ပေးစရာ မလိုဘူး၊ အားလုံး အဆင်ပြေတယ်လို့ ပြောလိုက်တယ်” ဟု ရှင်းပြသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာနိုင်ငံ ဒီမိုကရေစီ မထွန်းကားနိုင်ဟု ချူလာလောင်ကွန်းတွင် ဆွေးနွေး

Tuesday, October 05, 2010

လာမည့် ရွေးကောက်ပွဲမှ တဆင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရန် အလားအလာ မမြင်ကြောင်း ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ယနေ့ကျင်းပသည့် အရှေ့တောင် အာရှအတွင်းမှ ဒီမိုကရေစီသို့ ကူးပြောင်းခြင်း အမည်ရှိ ဆွေးနွေးပွဲမှ တဆင့် တက်ရောက်လာသူများက ပြောဆို လိုက်ကြသည်။

ဆွေးနွေးပွဲလာ ပရိသတ်များက ၎င်းတို့၏ တိုင်းပြည်တွင် ကြုံတွေ့ ဖြတ်သန်း ခဲ့ဖူးသော အတွေ့ အကြုံများကို အခြေခံကာ ဆွေးနွေး သွားကြခြင်း ဖြစ်သည်။

တက်ရောက် ဆွေးနွေးသူများမှာ မြန်မာပြည် လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ပြီး လန်ဒန် တက္ကသိုလ်တွင် နိုင်ငံရေး သိပံ္ပနှင့် စီးပွားရေး ဆိုင်ရာ သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဒေါက်တာ ဇာနည်၊ ကမ္ဘောဒီးယား နိုင်ငံ မှတ်တမ်းဌာနမှ ဒါရိုက်တာဖြစ်သူ Mr. Youk Chang၊ ချူလာလောင်ကွန်း တက္ကသိုလ်မှ Dr. Thitinan Pongsudhirak နှင့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Mohammad Hatta တို့ ဖြစ်ကြသည်။

ယင်း ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှအတွင်းရှိ နိုင်ငံတချို့သည် စစ်အာဏာရှင် လက်အောက်၌ ကြာရှည်စွာ အုပ်ချုပ် ခံခဲ့ရကြောင်း၊ ထိုင်း၊ ကမ္ဘောဒီးယား။ အင်ဒိုနီးရှား စသည့်နိုင်ငံ တို့သည်လည်း မြန်မာနိုင်ငံကဲ့သို့ စစ်ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှု အောက်တွင် နေထိုင်ခဲ့ဖူးသော အတွေ့ အကြုံများ ရှိခဲ့ဖူးကြောင်း၊ ထိုနိုင်ငံများ၏ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းကြခြင်း၊ ကူးပြောင်းရန် ကြိုးစား ခဲ့ကြခြင်းများကို စံထားကာ မကြာမီ ပြုလုပ်တော့မည့် ၂၀၁၀ ရွေးကောက်ပွဲ အပေါ်တွင် ဝေဖန် သုံးသပ်ကြသည်။

ဒေါက်တာဇာနည်က အင်ဒိုနီးရှားနိုင်ငံတွင် ဆူဟာတို အာဏာရှင်ခေတ် နောက်ပိုင်း ၁၉၉၇ ခုနှစ်၌ ဒီမိုကရေစီ စနစ်ကို စတင် ကျင့်သုံးစဉ်က စစ်တပ်သည် ၂၅ ရာခိုင်နှုန်း ရယူခဲ့ကြောင်း၊ နောက်ပိုင်းတွင် အင်ဒိုနီးရှား စစ်တပ် အရာရှိများသည် လွှတ်တော် အတွင်း၌ မတရား အနိုင်ကျင့်မှု၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုများ ပြုလုပ်ရန် အခွင့်အရေး မရရှိတော့ကြောင်း ပြောဆိုသည်။

ယင်းကဲ့သို့ မရရှိတော့ခြင်းမှာ ပြည်သူလူထုနှင့် တိုင်းပြည်ကို ကောင်းစားစေလိုသော စစ်ဗိုလ်ချုပ်များ လက်တွဲကာ အာဏာရှင် စနစ်ကို ဆန့်ကျင် တိုက်ထုတ်ခြင်း၊ ကမ္ဘာ့ စီးပွားရေး ပျက်ကပ်က အင်ဒိုနီးရှား စီးပွားရေးကို ဗုန်းဗုန်းလဲ စေခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင်လည်း အတိုက်အခံအင်အားစုများ၊ ပြည်သူလူထုနှင့် စစ်တပ်အတွင်းမှ တိုင်းပြည် ကောင်းစား စေချင်သော စစ်ဗိုလ်ချုပ်များ လက်တွဲပြီး အာဏာရှင် စနစ်ကို တိုက်ဖျက်မှသာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်လာမည်၊ ဒီမိုကရေစီစနစ် ထွန်းကား လာမည်ဟု ဒေါက်တာဇာနည်က ဆိုသည်။

ထိုသို့မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းရန် ရည်ရွယ်၍ ပြုလုပ်မည့် နိုဝင်ဘာလ ရွေးကောက်ပွဲမှ မည်သည့် ကောင်းကျိုး ရလဒ်ကိုမျှ ရလာမည်မဟုတ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

“ဖက်ဆစ် ဂျပန်လက်ထက်တုန်းက ကျနော်တို့ကို အတုအယောင် လွတ်လပ်ရေး ပေးခဲ့ဖူးတယ်။ ဒါကို စကားလုံး လှလှနဲ့ ရွှေရည်စိမ် လွတ်လပ်ရေးလို့ တင်စား ပြောဆို ခဲ့ကြတယ်။ နအဖက လုပ်ပေးမယ့် ရွေးကောက်ပွဲကတော့ ရွှေရည်မပြောနဲ့ ကြေးရည်တောင် မစိမ်ထားဘူး” ဟု ဒေါက်တာ ဇာနည်က ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Mohammad Hatta က “အင်ဒိုနီးရှားမှာ ဆူဟာတို ခေတ်လွန်က စပြီး ပြည်သူနဲ့ တိုင်းပြည် ကောင်းစားရေးကို လိုလားတဲ့ စစ်ဗိုလ်ချုပ်တွေ လက်တွဲပြီး အလုပ် လုပ်ကြတယ်။ လွတ်လပ်ရေး ပေးသင့်တဲ့ အရှေ့တီမောလို နိုင်ငံမျိုးကို လွတ်လပ်ရေး ပေးလိုက်တယ်၊ အာချေးကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးတယ်၊ သူတို့ကလည်း ခွဲထွက် မသွားဘူး” ဟု ဒီမိုကရေစီ စနစ် အခြေခိုင်အောင် လုပ်ခဲ့ပုံကို ၎င်းက ရှင်းပြသည်။

ကမ္ဘောဒီးယားနိုင်ငံ ခမာနီ အရေးခင်းမှ အသက်ရှင် ကျန်ရစ်သူ Mr. Youk Chang က သူ၏ နိုင်ငံ၌ ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂမှ ကျောထောက် နောက်ခံပြုပြီး ကျင်းပသည့် ရွေးကောက်ပွဲတွင် ပြည်ပအခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သော တော်ဝင်ပါတီ (Royalist Party) က အနိုင်ရခဲ့ကြောင်း ပြောဆိုသည်။

“လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာ အသိုင်းအဝန်းက အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် အသုံးပြုပြီးတဲ့ အခု အချိန်မှာတော့ ကုလသမဂ္ဂက ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပေမယ့်လည်း အရှုံးသမားတွေကို အစိုးရဖွဲ့ဖို့ ခွင့်ပြုလိုက်ပြီ” ဟု Mr. Youk Chang က ပြောဆိုသည်။

အရှေ့တောင်အာရှအတွင်း ဒီမိုကရေစီ၏ ရှေ့ဆောင်နိုင်ငံဟု ခေါ်ဆိုနိုင်သော ထိုင်းနိုင်ငံတွင်လည်း ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံကို မောင်းနှင်နေသည့် ပညာတတ်များ၊ တော်ဝင်ပုဂ္ဂိုလ်များ ပါဝင်သည့် လက်ရှိ အစိုးရ အဖွဲ့သည် ယခုအချိန်တွင် ရှပ်နီများ ကဲ့သို့ အတိုက်အခံ ပါတီများနှင့် ပတ်သက်၍ တစုံတရာကို ခွင့်ပြုရန် ကြောက်ရွံ့နေကြပြီး ထိုမှတဆင့် အရာအားလုံး ဆုံးရှုံးမည်ကိုပါ ကြောက်ရွံ့ နေကြသည်ဟု ချူလာလောင်ကွန်း တက္ကသိုလ်မှ Dr. Thitinan Pongsudhirak က ပြောဆိုသည်။

၎င်းက ထိုင်းနိုင်ငံသား တဦးသည် တခြားတဦးကို တရားစွဲဆိုခွင့် ရှိပြီး တော်ဝင် ပုဂ္ဂိုလ်များအား မည်သို့မျှ ပြောဆိုခွင့် မရှိသည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိခြင်း၊ ဒီမိုကရေစီ စနစ်ကို ဆုတ်ယုတ် လာစေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

ထိုင်း တပ်မတော်၏ စစ်ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး Prayuth ၏ ထိုင်း တပ်မတော်သည် နိုင်ငံရေးနှင့် ပတ်သက်လိုစိတ် မရှိသော်လည်း လိုအပ်လာပါက ဝင်ရောက် စွက်ဖက်ရမည် ဆိုသည့် အမိန့်ကိုလည်း ယနေ့ ဆွေးနွေးပွဲတွင် Dr. Thitinan Pongsudhirak က ထောက်ပြ ပြောဆိုသွားသည်။

Ref: ဧရာဝတီ်

Read More...

ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် ၂ ပတ် အပိတ်ခံရ

Tuesday, October 05, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို နောက်ပြောင် ထားသည်ဟု ယူဆရသော ကာတွန်းကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The Favorite သတင်း ဂျာနယ်ကို စာပေစိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။

“အရင် တပတ်က ပါသွားတဲ့ ကာတွန်းကြောင့် စာပေစိစစ်ရေးက ဂျာနယ်ကို ၂ ပတ်နားဖို့ ပြောလိုက်တာ” ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တဦးက ဧရာဝတီသို့ ပြောသည်။

လူပုံစံ ၀တ်စုံ အဖြူ၊ အစိမ်းဖြင့် ရေးဆွဲ သရုပ်ဖော် ထားသော ကာတွန်း ပုံကြောင့် ကြံ့ဖွံ့ပါတီကို နောက်ပြောင် ထားသည်ဟု ယူဆကာ စာပေ စိစစ်ရေးက ယခုကဲ့သို့ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆိုသည်။

ဂျာနယ် အပိတ်ခံရကြောင်း ပြည်တွင်းရှိ စာနယ်ဇင်း သမားများက အတည်ပြု ပြောကြား သော်လည်း The Favorite ဂျာနယ် တိုက်သို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ သတင်း အယ်ဒီတာ တဦးက စက်ချို့ယွင်းမှုကြောင့် ရပ်နား ထားခြင်းသာ ဖြစ်ကြောင်း ဖြေကြားသည်။

ပြီးခဲ့သည့် သြဂုတ်လက “The Modern Times ဂျာနယ် အတွဲ ၁၊ အမှတ် ၅ တွင် ဖော်ပြထားသော မျက်နှာဖုံး သတင်း ဖြစ်သည့် မုန်တိုင်း သတင်း၏ ပုံစာကို “စက်တင်ဘာမှာ ပြန်လာမှာလား” ဟု ရေးသား ဖော်ခဲ့ခြင်းကြောင့် ဂျာနယ် တလ အပိတ်ခံခဲ့ရသည်။

ယခုနှစ်အတွင်းတွင် The Voice ဂျာနယ်နှင့် ပေါ်ပြူလာ သတင်းဂျာနယ်တို့လည်း အသီးသီး ယာယီ အပိတ် ခံခဲ့ရသေးသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ဇူလိုင်လဆန်းပိုင်းမှ စ၍ သတင်းဂျာနယ်များကို သေချာစွာ ပိုမိုစိစစ် ဖြတ်တောက် သွားမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆက်တွဲ စာမူများ ပြန်မကျမီ ဖြန့်ချိရမည့်ရက်ထက် စော၍ ထုတ်ဝေသည့် ဂျာနယ် များကိုလည်း တင်းကျပ်စွာ အရေးယူမည် ဟူသော သတင်းများ ပြည်တွင်း စာနယ်ဇင်း လောကတွင် ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားပြီး မြန်မာနိုင်ငံသည် စာနယ်ဇင်း လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံများတွင် နှစ်စဉ် ပါဝင်လေ့ရှိသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သူ အဖြစ် နယ်စည်းမခြား သတင်း ထောက်များ အဖွဲ့ (RSF) က လွန်ခဲ့သည့် မေ ၃ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Tuesday, October 5, 2010

ဒီမိုကရေစီကိုတိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့အယူအဆ

ရဲဘော်ဖိုးသံချောင်း 

၀၅ အောက်တိုဘာ ၂၀၁၀

တနေ့ဆီတုန်းက ရေဒီယိုစကားဝိုင်းတခုမှာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ကာကွယ် ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တဦးက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ ရယူရတာ မဟုတ်ဘူး၊ တိုက်ပွဲနဲ့ ရခဲ့တဲ့ အစဉ်အလာ မရှိခဲ့ဘူး၊ ရှစ်လေးလုံး တိုက်ပွဲကြီး တိုက်ခဲ့လို့ ဘာများ ရခဲ့လို့တုန်း” ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောသွားတာ ကြားလိုက် ရပါတယ်။

ပြောတဲ့လူရဲ့ ပြောပိုင်ခွင့်၊ ပြောဆိုမှုကို လေးစားပါတယ်။ ဒါပေမယ့် ဒါဟာ အင်မတန် အရေးကြီးတဲ့ အယူအရေးရာ ပြဿနာဆိုတော့ ပြန်မချေပဘဲ လွှတ်ထားလို့ မဖြစ်ဘူးလို့ ထင်ပါတယ်။

ပထမဆုံးပြောဖို့လိုတာက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရတာမဟုတ်ဘူး” ဆိုတဲ့ အယူအဆ ပါ။ ဒါကို ကြားလိုက်တဲ့ အခါမှာ သူဟာ စကားနိုင်ရချင်လို့ အလွယ်တကူ ပြောထွက် သွားတာ များလား လို့တောင် စဉ်းစား မိပါတယ်။ ဒါကြောင့် ဒီစကားဟာ ဝေဟင်ထဲ၊ သောတ အာရုံတွေထဲ ပျံ့သွားလေပြီမို့ အားနာနာနဲ့ပဲ ပြန်ထောက် ပြရပါတော့မယ်။ တိုက်ပွဲ မဖြတ်သန်းဘဲ ရရှိခဲ့တဲ့ ဒီမိုကရေစီ ရယ်လို့ ဘယ်မှာများ ရှိခဲ့ လို့တုန်း။ ဒီနေ့ကမ္ဘာမှာ အရင်းရှင် နိုင်ငံတွေက ဒီမိုကရေစီ ဆိုတာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ် နိုင်ငံတွေက ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာပဲဖြစ်ဖြစ်၊ အဲဒီ ဒီမိုကရေစီတွေဟာ တိုက်ပွဲတွေ၊ လှုပ်ရှားမှုတွေကို မဖြတ်သန်းဘဲ ရခဲ့တာတွေလား။ အမေရိကန် နိုင်ငံဟာ နဂိုက ဗြိတိသျှ ကိုလိုနီတခုပါ။ အဲဒီတုန်းက အမေရိကန် နိုင်ငံသားတွေရဲ့ ကံကြမ္မာကို ဟိုအတ္တလန်တိတ် သမုဒ္ဒရာကြီး ခြားနေတဲ့ အင်္ဂလန်-လန်ဒန်ကနေ ဆုံးဖြတ် ပြဋ္ဌာန်း နေခဲ့တာပါ။ နောက်ဆုံး အမေရိကန်တွေက လက်နက်ကိုင် တော်လှန် ကြလို့သာ လွတ်လပ်ရေးလည်းရ၊ ဒီနေ့ ဒီမိုကရေစီဆိုတာကို ရခဲ့တာပါ။

တခါ၊ အင်္ဂလိပ်တွေရဲ့ ဒီမိုကရေစီဆိုတာကိုလည်း ပြန်စဉ်းစား ကြည့်ပါ။ ၁၇ ရာစုနှစ် အစောပိုင်းက အော်လီဗာ ကရွမ်းဝဲလ် တို့ရဲ့ ပဒေသရာဇ် မင်းတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲစဉ်ကြီး မဖြစ်ပေါ်ခဲ့ရင် ဖြစ်နိုင်ပါ့မလား။ အရင်းရှင် ဒီမိုကရေစီ သမိုင်းမှာ မပြောမဖြစ် ပါဝင်ရတဲ့ ပြင်သစ် ဒီမိုကရေစီ ဆိုတာကရော။ ၁၇၉၂ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှာ ဆယ့်ခြောက်ယောက်မြောက် လူဝီဘုရင်ကို ဖြုတ်ချနိုင်မှ ပြင်သစ် နိုင်ငံသမိုင်းရဲ့ ပထမဆုံး သမ္မတနိုင်ငံကို ထူထောင်ခဲ့တာ မဟုတ်ပါလား။

ဒီနေ့ပြောနေကြတဲ့ အဓိပ္ပာယ်မျိုးကိုဆောင်တဲ့ ဒီမိုကရေစီ ဆိုတာကို ပဒေသရာဇ် လက်ထက်မှာ မျှော်မှန်းလို့ မရပါဘူး။ ဒါကြောင့် ပဒေသရာဇ်စနစ်ကို တော်လှန်တဲ့ တိုက်ပွဲတွေ အကြားကမှ ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာပါ။ ခြွင်းချက် မရှိပါဘူး။ မြန်မာပြည်ရဲ့ မဝေးတဲ့ သမိုင်းကို ပြန်ကြည့်ရင် ပဒေသရာဇ် သက်ဦးဆံပိုင် စနစ်အောက်မှာ ဘာဒီမိုကရေစီမှ မရှိခဲ့သလို အင်္ဂလိပ် ကိုလိုနီ ဘ၀မှာလည်း မြန်မာပြည်သားတွေ အတွက် ဘာဒီမိုကရေစီမှ မရှိခဲ့ပါဘူး။ မိုင်ထောင်ပေါင်း များစွာ ဝေးတဲ့ အင်္ဂလန်က အုပ်ချုပ် စီရင်တာကို ငုံ့ခံနေရတာပါ။ အင်္ဂလိပ် လက်ထက် မင်းတိုင်ပင်အမတ် ဆိုတာဟာ အခု နအဖရဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အမတ်တွေလိုပဲ အဓိက ကျတာကို ဘာမှ မပြောနိုင်ဘဲ ဗြိတိသျှ အုပ်ချုပ်ရေး ယန္တရားကြီးကို ဆီထိုး ပေးနေရတာသာ ဖြစ်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်တွေက ချောချောမွေ့မွေ့ အုပ်ချုပ်နိုင်ဖို့ အတွက် သိုင်းဝိုင်း ပေးနေရတာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကံကောင်းလို့ အမတ် ဖြစ်လာပါတယ် ဆိုတဲ့ “ကြံ့ဖွံ့မဟုတ်၊ တစည မဟုတ်” သူတွေဟာလည်း ပုံသဏ္ဌာန် အသစ်နဲ့ ပေါ်လာမယ့် စစ်အုပ်ချုပ်ရေး တခုကို ရေဆေး ဆီလိုက် လုပ်ပေးရုံက လွဲလို့ ဘာမှ မလုပ်နိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖြည်းဖြည်းချင်း ပြုပြင်သွားမယ် ဆိုတာကို တီဗွီအသံလွှင့် ရမှာတောင် ပြောခွင့် မပြုတာ တွေ့ခဲ့ကြရပါပြီ။

မြန်မာပြည်မှာ ရာစုနှစ်တ၀က်ကျော် ကိုလိုနီစနစ် ဆန့်ကျင်ရေး တိုက်ပွဲတွေကို အသက် သွေး ချွေးတွေ ရင်းပြီး တိုက်ပွဲဝင်ခဲ့လို့သာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့ အဲဒီနောက် တွေ့ရတဲ့ ဖဆပလခေတ် ဒီမိုကရေစီ ဆိုတာကို ရရှိတာပါ။ အဲဒီ ခက်ခဲပြင်းထန်တဲ့ တိုက်ပွဲစဉ်ကြီး မရှိဘဲနဲ့ ဖဆပလကခေတ် ပါလီမန်ဆိုတာ ပေါ် မလာနိုင်ဘူး ဆိုတာကို သတိချပ် သင့်ပါတယ်။

မြန်မာပြည်လိုပဲ ကိုလိုနီဘ၀ကျရောက်ခဲ့တဲ့ အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိက တိုက်တွေက နိုင်ငံတွေ အားလုံးဟာလည်း ကိုလိုနီ ထမ်းပိုးကြီး အောက်က လွတ်ထွက်အောင် ရုန်းကန် တိုက်ပွဲဝင်ပြီး နောက်မှ ဒီမိုကရေစီ အရသာကို မြည်းစမ်း နိုင်ကြတာပါ။ အဲဒီအရင်က ဆိုရင် ဒီမိုကရေစီ ဆိုတာကို သူတို့အနေနဲ့ အိပ်မက်တောင် မက်နိုင်တာ မဟုတ်ပါဘူး။

ဒီလိုပဲ ပဒေသရာဇ်စနစ်၊ ဒါမှမဟုတ် ကိုလိုနီစနစ်ကို တွန်းလှန်ပြီးနောက် တစုံတရာ ဒီမိုကရေစီ ရခဲ့ကြတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိကတိုက် တို့က တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေ ပေါ်ပေါက်ပြီး ရှိစုမဲ့စု ဒီမိုကရေစီကလေး ပျောက်ဆုံးခြင်းကြီး မက ပျောက်ဆုံး သွားတာတွေ အမြောက်အမြား ရှိခဲ့ပါတယ်။ တချို့- ဥပမာ တောင်အာဖရိက၊ ပါလက်စတိုင်း-နိုင်ငံတွေမှာတော့ အသားအရောင်အရ၊ လူမျိုးရေးအရ ကိုလိုနီပြုခံရတာ ဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ (စစ်) အာဏာရှင် အုပ်စိုးမှုဟာ ဘယ်လို ပျောက်ကွယ် သွားတာလဲ။ လူထုကြီးက တိုက်ပွဲမ၀င်ဘဲ အာဏာရှင်တွေက “အမြင်မှန်ရ” ပြီး နန်းပေါ်က ဆင်းသွား ကြတာလား။ အဲဒီလိုမျိုး တဦး-တခါမျှ မရှိခဲ့ပါဘူး။

အမှန်ပဲ၊ တိုက်ပွဲနဲ့ရခဲ့တဲ့ ဒီမိုကရေစီဆိုတာလည်း ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ပိုကောင်း၊ ပိုပြည့်စုံအောင် လုပ်ကြရတာ ချည်းပါ။ ဒါပေမယ့် နအဖပေးမယ့် “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကို တဖြည်းဖြည်းချင်း အသား ကျသွားအောင်၊ ပိုကောင်းသွားအောင်၊ အချိန်မရွေး အာဏာသိမ်းနိုင်သည် ဆိုတဲ့ စာသားတွေကို ပျောက်ပြယ် သွားအောင် ပြောင်းလဲပစ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ (အခု ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ လူတွေထဲမှာ အဲဒီလို ပြောနေသူတွေ အများကြီးပါ၊) ရှစ်လေးလုံး အရေးတော်ပုံကြီးကို သံဝေဂ ရလေဟန် လေသံနဲ့ ပြောသွားတဲ့ အထက်အစမှာ ကိုးကားခဲ့တဲ့ ပုဂ္ဂိုလ်ကြီး အနေနဲ့ ဒီနေ့ သူ ဒီလို ပြင်ပ မီဒီယာတွေနဲ့ စကားပြောခွင့် ရနေတာ၊ နအဖ အသံလွှင့်ဌာန မှာထက် လွတ်လွတ်လပ်လပ် ပြောလို့ ရနေတာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ အဲဒီ အရေးတော်ပုံကြီးသာ မပေါ်ပေါက်ခဲ့ရင် သူ့အနေနဲ့ အခုလိုပြောနေရင် မဆလ-န၀တ-နအဖ အစိုးရတို့ဟာ လွှတ်ထားမယ်လို့ ထင်ပါသလား။ ရေကြည်သောက်တဲ့ အခါမှာ ရေတွင်းတူးသူကို ကျေးစွတ်ရုံမက စော်ကားတာကတော့ လွန်လွန်းလှပါတယ်။

တကယ်ကျတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲထဲဝင်ချင်လွန်းလို့ ကိုယ့်ပါတီကို ခွဲပစ်၊ ကိုယ်နဲ့အတူ လုပ်ခဲ့ သူတွေကိုပြန်တိုက်၊ အပုပ်ချ၊ အဲဒီအတွက် ဆုလာဘ် အနေနဲ့ နအဖက ထောင်ထဲမှာလို “ပုံစံပြ” လိုက်လို့ ရွေးကောက်ပွဲကို မ၀င်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ရပြီး နအဖရဲ့ ရွေးကောက်ပွဲ စည်းဝိုင်း အပြင်ကနေ နတ် ကရာ ကျီးမော့ နေရတဲ့ အဖြစ်တွေကို မမေ့သင့်ပါဘူး။

Ref: ခေတ်ပြိုင်

Read More...

အစိုးရအထက်ကအစိုးရ၊ ဖွဲ့စည်းပုံအထက်က စစ်ကောင်စီ

ရဲဘော်ဖိုးသံချောင်း

၀၁ အောက်တိုဘာ ၂၀၁၀

စစ်အုပ်စုရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေထဲမှာ လူပြောသိပ်မများကြတဲ့ ပုန်းလျှိုး ကွယ်လျှိုး အာဏာပိုင် အဖွဲ့တဖွဲ့ ရှိနေပါတယ်။ အဲဒီအုပ်စုဟာ အမှောင်ထဲမှာ ချောင်ကုပ် နေတာဖြစ်သလို ဒီဖွဲ့စည်းပုံ ဥပဒေထဲမှာ သူ့အတွက် သီးခြားအခန်း၊ ပုဒ်မရယ်လို့ ဖော်ပြမထားဘဲ သမ္မတ ဆိုတာရယ်၊ တပ်တော်ရဲ့ အခန်း ဆိုတာရယ်တို့နဲ့ ရောထွေး ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒါကတော့ အခန်း (၅) အုပ်ချုပ်ရေးဆိုတာကနေ စပြီး ဖော်ပြထားတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုတာပါပဲ။ ဒီကောင်စီမှာ ပါမယ့် လူတွေက နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ (နှစ်ယောက်)၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးနဲ့ နယ်စပ်ရေးရာ ဌာန ၀န်ကြီး ဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ဘယ်သူတွေက ရမယ် ဆိုတာ အထူး တွက်နေဖို့ မလိုပါဘူး။ သာမန်လူတောင် မှန်းလို့ရတဲ့ ရာထူး ဌာနန္တရတွေ ဖြစ်ပါတယ်။ ဒီအထဲက ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ဒေသ ၀န်ကြီးဌာန ၀န်ကြီးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဆိုတာတွေကို လွှတ်တော်က ရွေးခြယ်ခွင့် မရှိပါဘူး။ စစ်အုပ်စု ထိပ်သီးတွေက စိတ်ကြိုက် ရွေးမှ ဖြစ်တယ်လို့ တိတိလင်းလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ သူတို့ အယုံကြည် အစိတ်ချရဆုံး၊ စစ်အုပ်စု အတွင်းဆုံးက လူတွေပဲ ဖြစ်မယ် ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ဒီကောင်စီဟာ သူတို့ရဲ့စစ်တပ်က လူတွေနဲ့ ဗိုလ်ချုပ်ထွက် တွေချည့် ပါဝင်မယ့် ကောင်စီဖြစ်တာမို့ စစ်ကောင်စီလို့ ခေါ်တာ အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် ဒီကောင်စီကြီးရဲ့ တာဝန်ဝတ္တရား ဆိုတာတွေမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေး တာဝန်တွေက အဓိက ဖြစ်နေတယ် ဆိုတဲ့ အချက်ကိုလည်း သတိပြု သင့်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာတော့ မရှင်း-မရှင်း ရေးထားတာပါ။ “ဖွဲ့စည်းပုံ အခြေခံဥပဒေ အရသော်လည်းကောင်း၊ ဥပဒေ တရပ်ရပ် အရသော်လည်းကောင်း ပေးအပ်လာသည့် တာဝန် ၀တ္တရားများကို ထမ်းဆောင်ရန်လို့” ရေးထားတာပါ။ အဲဒီလိုတာဝန်တွေ မပေးအပ်ရင် ဘာအလုပ်မှ မရှိတဲ့ ကောင်စီလို့ အဓိပ္ပာယ် ထွက်သလား ဆိုတာ စဉ်းစားစရာပါ။ ပြန်စဉ်းစားလိုက်ရင် မယ်မယ်ရရ၊ တိတိကျကျ မရှိသေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့လို့ ဖြစ်နေပါတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဗိုလ်သန်းရွှေတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ် ဆိုတာကို စူးစမ်း လေ့လာ သင့်ပါတယ်။

အခန်း (၇)၊ တပ်မတော်ဆိုတဲ့ အခန်းမှာကျတော့ ဒီစစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့် တချို့ကို စတွေ့ လာရပါတယ်။ ဒီကောင်စီဟာ ၀န်ကြီးအဖွဲ့ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်မယ့် အဖွဲ့လို့ ယူဆ စရာတွေပါ။ ဥပမာအားဖြင့် “နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ် တာဝန် ပေးရမည်။”

နောက်တခါ အခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆိုတဲ့ အခန်းမှာတော့ “နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်” လို့ ပါပါတယ်။

ဒီအချက်ကိုကြည့်ရင် ဒီစစ်ကောင်စီဟာ ၀န်ကြီးအဖွဲ့ထက် အာဏာရှိနေတာ ထင်ရှားပါတယ်။ သမ္မတရဲ့ လက်ရုံးတပ်လို ဖြစ်နေပါတယ်။ ဒီလက်ရုံးတပ်ဟာ လွှတ်တော်နဲ့ သမ္မတအကြား (တကယ်လို့များ) ကွဲလွဲမှု  ရှိနေရင် သမ္မတဘက်က အားဖြည့်ပေးမယ့် အာဏာပိုင် အဖွဲ့တခုလို ရပ်တည်နေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၄၁၂-၄၁၃ အရဆိုရင် ဒီစစ်ကောင်စီဟာ သမ္မတနဲ့ ပေါင်းပြီး အာဏာ သိမ်းနိုင်တဲ့ အာဏာပိုင် အဖွဲ့ ဖြစ်နေတယ် ဆိုတာကို တွေ့ရပါတယ်။ သမ္မတ ဆိုသူ အဖို့ “လူဆိုးတွေနဲ့ မောင်တိုင်ပင် လုပ်ချင်ရင်” ဒီစစ်ကောင်စီနဲ့ပဲ တိုင်ပင်မယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။

နိုင်ငံတော်ထဲက နိုင်ငံတော်၊ ကက်ဘိနက် (၀န်ကြီးအဖွဲ့) အထက်က ကက်ဘိနက်။ စစ်အုပ်စု အတွင်းစည်းလို့ ဆိုရင် မမှားပါဘူး။ ဒီစစ်ကောင်စီရဲ့ လက္ခဏာကို ပိုပေါ်လွင်စေတဲ့ နောက်တချက်က ပုဒ်မ ၄၁၂ မှာပါတဲ့ “နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်း မရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို အချိန်မီ ထုတ်ပြန် ကြေညာနိုင်သည်” ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ အတွင်းစည်းထဲက အတွင်းစည်းကို ထပ်ဖော်ပြ လိုက်တာပဲလို့ ဆိုရင် မမှားပါဘူး။

တကယ်ကျတော့ ဒီစစ်ကောင်စီဟာ တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ဖြစ်အောင် အာမ ခံထားတဲ့ အာဏာပိုင် အဖွဲ့ အစည်း တခုသာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ ထဲမှာ ဒီစစ်ကောင်စီကို ဘယ်သူက ဘယ်လို ဖျက်သိမ်းနိုင်တယ်၊ ပြောင်းလဲနိုင်တယ် ဆိုတဲ့ အချက်တွေ လုံးဝ မပါပါဘူး။ သမ္မတ ဆိုတဲ့လူက စိတ်ကြိုက် သူ့လူတွေနဲ့ချည်း ဖွဲ့စည်းထားမယ့် အားလုံးရဲ့ အထက်ဆုံးက အာဏာပိုင် အဖွဲ့သာ ဖြစ်ပါတယ်။ သူတို့ဟာ သမ္မတဆိုသူ၊ ဒါမှမဟုတ် သမ္မတ ဆိုသူရဲ့ နောက်ကွယ်က ရှိသူ (ဒါလည်း မဖြစ်နိုင်ဘူး မပြောနိုင်ပါဘူး) အယုံဆုံးလူတွေ ဖြစ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်က သူတို့ဟာ အဲဒီ နံပါတ်ဝမ်းရဲ့ အမိန့်ကို တသွေမတိမ်း လိုက်နာမယ်လို့ အယုံကြည်ရဆုံး လူတွေ ဖြစ်တယ် ဆိုတာပါပဲ။

၂၀၁၀ ရွေးကောက်ပွဲက တင်မြှောက်မယ့် လွှတ်တော်ကြီးနဲ့ အစိုးရအဖွဲ့ ဆိုတာတွေ ရှိနေ ပါလျက်နဲ့ ဘာကြောင့်မို့ ဒီလို အရိပ်မည်းကြီး တခု ဖန်တီး ထားရတာလဲ။ ကမ္ဘာပေါ်မှာ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ တရားဝင် ထည့်သွင်း ပြဋ္ဌာန်းထားတဲ့ တခုတည်းသော နိုင်ငံက တခုတည်းသော အစိုးရရဲ့ တဦးတည်းသော အာဏာရှင်ကြီး အဖို့ ဒီလို လူယုံတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရာ၊ ပြည်သူတွေကို ဖိနှိပ်ရာမှာ ဒီလို စစ်ကောင်စီ တခုလိုလို့ ဖြစ်ပါတယ်။

တချို့လူတွေပြောကြသလို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ပြယုဂ်” ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲက ဒီလို အချက်မျိုးကို တဖြည်းဖြည်းချင်း ပြောင်းလဲ ယူလို့ ရမယ်လို့ တကယ် ထင်ပါသလား။ ကိုယ်က တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ စဉ်းစားနေတုန်း သူက တမုဟုတ်ချင်း အာဏာသိမ်းခွင့် ရှိအောင် လုပ်ထားတယ် ဆိုတာ မေ့လို့ မဖြစ်ပါဘူး။ အာဏာသိမ်းတယ် ဆိုတာကို ထမင်းစား ရေသောက်လို သဘောထားတဲ့ စစ်အုပ်စုအပေါ် အကုန်ပုံလို့ ယုံတယ်ဆိုတာဟာ သမိုင်း သင်ခန်းစာကို ကျောခိုင်းရာ ကျပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ အဲဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကောင် အထည် ဖော်ဖို့ ဓားစာခံ ရွေးတာလို့ ဆိုရင် မမှားပါဘူး။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့