..............................

Saturday, February 12, 2011

အီဂျစ်သမ္မတနှုတ်ထွက်မှု နိုင်ငံတကာတုံ့ပြန်ချက်

ကိုကျော်အောင်လွင်
သောကြာ, 11 ဖေဖော်ဝါရီ 2011

အပြောင်းအလဲကို အကြီးအကျယ်လိုချင်နေကြတဲ့ အီဂျစ်ပြည်သူတွေကို မစ္စတာ မူဘာရက်က တုံ့ပြန် ခဲ့တာပဲလို့ အမေရိကန် သမ္မတ ဘရက် အိုဘားမားက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း အခုအခြေအနေက အီဂျစ်နိုင်ငံ အပြောင်းအလဲရဲ့ အစပဲဆိုတာကို သတိထား ရမယ် လို့လည်း ဆိုပါတယ်။ မစ္စတာမူဘာရက် သမ္မတရာထူးကို စွန့်ပြီး စစ်တပ်ကို အာဏာ လွှဲလိုက်ပြီလို့ ကြေညာ ခဲ့ပြီးနောက်ပိုင်းမှာ သမ္မတ အိုဘားမားက အခုလို ပြောခဲ့တာပါ။

“အီဂျစ်ပြည်သူတွေရဲ့ ပြောဆိုမှုတွေကို ကြားခဲ့ရပါပြီ။ အီဂျစ်ဟာ အရင်ကနဲ့ ဘယ်တော့မှ ပြန်ပြီး တူလာနိုင်မှာ မဟုတ်တော့ ပါဘူး၊” - လို့ သမ္မတ အိုဘားမားက ပြောခဲ့တာပါ။ အခက်အခဲ ကြုံရမယ့်ရက်တွေ ရှေ့မှာ ရှိလိမ့်ဦးမယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆန္ဒပြပွဲတွေမှာ ပြည်သူတွေရဲ့ ညီညွတ်မှုကို ကြည့်ခြင်းအားဖြင့် အဖြေ မဖော်နိုင်သေးတဲ့ မေးခွန်းတွေ အတွက် အီဂျစ်ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း အဖြေကိုရှာနိုင်ကြလိမ့်မယ်ဆိုတာ သူယုံကြည်တယ်လို့ သမ္မတအိုဘားမားက ဆိုပါတယ်။

အီဂျစ်ပြည်သူတွေရဲ့ တရားမျှတမှုကို သမိုင်းဝင်ဖော်ထုတ်ခဲ့တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ လှုပ်ရှားမှုတွေက အမေရိကန်ပြည်သူတွေအတွက် အားကျတဲ့စိတ် ဖြစ်ပေါ်စေတယ်လို့လည်း ပြောပါတယ်။ စစ်တပ်က အီဂျစ်ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး ယုံကြည်စိတ်ချရတဲ့ အပြောင်းအလဲကို လုပ်ဆောင်ပေးဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်းထားပါတယ်။ အရေးပေါ်ဥပဒေ ထုတ်ပြန်ချက်တွေကိုလည်း ပြန်ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ အီဂျစ်ရဲ့ မိတ်ဆွေနိုင်ငံအဖြစ် ဆက်ပြီးရှိသွားမယ်၊ ဒီမိုကရေစီကိုဦးတည်တဲ့ အီဂျစ်နိုင်ငံ အပြောင်းအလဲအတွက် လိုအပ်တာမှန်သမျှကိုလည်း အမေရိကန်က ကူညီဖို့အဆင်သင့်ပါပဲလို့လည်း သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

သောကြာနေ့မှာ အီဂျစ်သမ္မတ ဟိုစနီမူဘာရက် ရာထူးကနေ နှုတ်ထွက်ပေးခဲ့တာအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြသလို ကမ္ဘာတလွှားက ပြည်သူတွေလည်း အီဂျစ်နိုင်ငံသားတွေနဲ့ အတူ အောင်ပွဲမှာ ၀င်ရောက်ဆင်နွဲနေကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက မစ္စတာ မူဘာရက်ရဲ့ ဆုံးဖြတ်ချက်အတွက် ဂုဏ်ပြုလိုက်ပြီး လူထုရဲ့အသံကို သူတကယ် ကြားခဲ့ပြီလို့ ဆိုပါတယ်။ အီဂျစ်ကဆန္ဒပြနေသူတွေအဖို့လည်း သူတို့ရဲ့ ရပိုင်ခွင့်တွေကို ငြိမ်းငြိမ်းချမ်းချမ်း သတ္တိရှိရှိ ယဉ်ယဉ်ကျေးကျေးနဲ့ တောင်းဆိုကြဖို့ အကြံပြုခဲ့ပြီး အီဂျစ်နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ကို စည်းကမ်းရှိရှိ အေးအေးချမ်းချမ်း လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံကအောင်ပွဲဟာ တူနီးရှားနိုင်ငံကိုပါ ကူးသွားခဲ့ပြီး အီဂျစ်သမ္မတ ရာထူးကနေနှုတ်ထွက်ပေးခဲ့တဲ့ အောင်ပွဲအဖြစ် မော်တော်ကားဟွန်းတွေတီးကာ အော်ဟစ် ပျော်ရွှင်နေကြပါတယ်။ ပြီးခဲ့တဲ့လက အသေအပျောက်များခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကနေ တူနီးရှားဝန်ကြီးချုပ် ပြုတ်ကျခဲ့ရတဲ့အပြင် သူတို့ရဲ့ ဆန္ဒပြမှုတွေဟာ ဒေသတွင်းကို ကူးစက်သွားခဲ့ပြီး အီဂျစ်နိုင်ငံမှာပါ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ပေါ်ပေါက်လာစေခဲ့တာမို့ပါ။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton ကလည်း မစ္စတာ မူဘာရက် နုတ်ထွက်ပေးဖို့ ဆုံးဖြတ်မှုအတွက် သူလေးစားကြောင်း ပြောပါတယ်။ ဒါ့အပြင် လူထူဆန္ဒပြည့်ဝစေမယ့် အစိုးရတရပ် ပေါ်ပေါက်လာစေဖို့ ဆွေးနွေးပြောဆိုမှုတွေ အရှိန်ဟုန်တိုး လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဒီမိုကရေစီဆောင်ကျဉ်းမယ့် အစိုးရတရပ်ပေါ်ပေါက်လာအောင် ဆက်လုပ်ဖို့ အီဂျစ်ပြည်သူတွေကို တိုက်တွန်းလိုက်တဲ့အပြင် ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာမာခဲလ် ကလည်း မစ္စတာမူဘာရက်ရဲ့ ဆုံးဖြတ်ချက်ဟာ အီဂျစ်နိုင်ငံရဲ့ သမိုင်းဝင်ပြောင်းလဲမှုတရပ် ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်သမ္မတ ဆာကိုဇီ ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။


Ref:VOA News

Read More...

အီဂျစ်သမ္မတ ရာထူးစွန့်ပြီ

သောကြာ, 11 ဖေဖော်ဝါရီ 2011

အီဂျစ်ပြည်သူတွေရဲ့  ၁၈ ရက်ကြာ ဆန္ဒပြမှုတွေကြောင့် နှစ်ပေါင်း ၃၀ တိုင်းပြည်ကို အုပ်ချုပ် လာခဲ့တဲ့ သမ္မတ မူဘာရက် အာဏာက စွန့်လွှတ် ပေးခဲ့ရပါပြီ။ သမ္မတရဲ့ အာဏာကို စစ်တပ်ကို လွှဲပေးလိုက်ပြီလို့ အီဂျစ်ဒုသမ္မတ အိုမာစူလေမန်ရဲ့  သောကြာနေ့ ညပိုင်းက ကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း အီဂျစ်ပြည်သူတွေ ထောင်ပေါင်း သောင်းပေါင်းများစွာဟာ လမ်းမတွေပေါ် ထွက်ပြီး အော်ဟစ်ပျော်ရွှင် အောင်ပွဲ ခံခဲ့ကြပါတယ်။

စစ်တပ်ကတိုင်းပြည်ကို ဘယ်လိုဆက်ပြီး ထိန်းချုပ်သွားမယ် ဆိုတဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ နောက်နေ့တွေမှာ ဆက်ပြီး ကြေညာမယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာပါတယ်။ တရားဝင်မှုကို ပြည်သူတွေ လက်ခံဖို့ပဲ ရှိတော့တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်တဦးက ရုပ်မြင်သံကြားမှာ ပြောဆိုခဲ့ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာမူဘာရက်ကို ဂုဏ်ပြုကြောင်းနဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရတဲ့သူတွေကိုလည်း အာဇာနည်တွေအဖြစ် သူကအလေးပြုခဲ့ပါတယ်။

အီဂျစ်မြို့ တော် ကိုင်ရိုက သာဟ်ရီ (Tahrir) လွတ်မြောက်ရေးရင်ပြင်ကတော့ သမ္မတမူဘာရက် ဖြုတ်ချရေး အဓိက သပိတ်စခန်းဖြစ်လို့ အဲဒီရင်ပြင်မှာ လူတွေ ကြိတ်ကြိတ်တိုး အောင်ပွဲခံနေကြပြီး နိုင်ငံတကာ သတင်းသမားတွေရဲ့  တိုက်ရိုက် ထုတ်လွှင့်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ အီဂျစ်နိုင်ငံအလံတွေလည်း လူတွေက နေရာတကာမှာဝှေ့ယမ်းပြီး ကိုင်ရိုမြို့ တော်ရဲ့  ညဖက်ကောင်းကင်ပြင်မှာတော့ အောင်ပွဲအထိမ်းအမှတ် မီးရှုးမီးပန်းတွေ ပစ်ဖောက်ပျော်ရွှင်ခဲ့ကြပါတယ်။

အီဂျစ်နိုင်ငံ အလက်ဇန်းဒီးယားမြို့နဲ့ တခြား မြို့ကြီးတွေမှာလည်း လမ်းမတွေပေါ်မှာ ကားဟွန်းတွေတီး၊ လူတွေကလည်း အမြောက်အများထွက်ပြီး အလံတွေကို ဝှေ့ယမ်းပြီးတော့ အောင်ပွဲခံနေကြပါတယ်။ မစ္စတာမူဘာရက်ဟာ အခုကိုင်ရိုမြို့ ကနေ ပင်လယ်နီအပမ်းဖြေစခန်း Sharm El-Sheikh မှာရှိတဲ့ သူ့ရဲ့အိမ်ကို ထွက်သွားခဲ့ပြီလို့ အီဂျစ်အာဏာပိုင်တွေရဲ့  ပြောဆိုချက်ကို ကိုးကားပြီး သတင်းဌာနတွေမှာ ရေးသားနေကြပါတယ်။

Ref:VOA News

Read More...

Friday, February 11, 2011

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေး - အပိုင်း (၁)


Wednesday, 09 February 2011

ဗိုလ်ထက်မင်း

စစ်အာဏာရှင်တွေဟာ သူတို့ အာဏာတည်မြဲရေး အတွက် နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ဘယ်လို မဟာ ဗျူဟာ ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားတယ် ဆိုတာ တင်ပြချင်ပါတယ်။ ပြည်ပရောက် ဒီမိုကရေစီ ဘက်တော်သား တွေနဲ့ မြန်မာပြည်တွင်းက ကျောင်းသူ ကျောင်းသားတွေ ရဟန်း သံဃာတွေ ပြည်သူလူထုတွေ အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားကို ထိထိ ရောက်ရောက် ပြန်လည် ရယူ စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

အိမ်နီးနားချင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို စစ်အာဏာရှင် တွေဟာ သူတို့ အတွင်းစိတ်မှာ အမြဲတမ်း ရန်လိုပြီး သတိထားနေတဲ့ ဆက်ဆံရေးမျိုး ထားရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နိုင်ငံတကာ ရေပိုင်နက် နယ်နိမိတ်ကို ကန့်ကွက် ခဲ့တာကြောင့် ရခိုင်ပြည်နယ်က ရွှေဂက်စ်ကို အိပ်မက် မက်နေတဲ့ စစ်အာဏာရှင်များအား ဒေါသအမျက် ချောင်းချောင်း ထွက်စေ ခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ နယ်နိမိတ် ခြံစည်းရိုးများ ခတ်ခြင်းနှင့် တိုင်းစစ်ဌာနချုပ် တပ်များအပြင် တပ်မ တပ်များလည်း အလုံး အရင်းနဲ့ နေရာ ချပေးထားတာကို ကြည့်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ် အပေါ် တန်ပြန် စစ်အင်အားနဲ့ တုန့်ပြန်ကြောင်း ပေါ်လွင် နေပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ မြန်မာရေတပ်ထက် ပိုမို ခေတ်မှီ နေတာရယ်၊ တရုတ်ပြည်က F-7 ဂျက် တိုက်လေယာဉ် များကို ၀ယ်ယူတာခြင်း အတူတူ ဘင်္ဂလားဒေ့ရှ်က F-7 ဂျက် တိုက်လေယာဉ် များက မြန်မာ နိုင်ငံထက် ပိုမို ခေတ်မှီတာ ၀ယ်ယူ နိုင်တာရယ်ကြောင့် ဘယ်လိုမှ မယှဉ်နိုင်တာ မြန်မာ စစ်တပ်က တပ်မတော်သားတွေ အသိဆုံး ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ လာအို နိုင်ငံနဲ့တော့ အလွမ်း သင့်ပြီးတော့ တရုတ် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ကို စီးပွားရေး မက်လုံးပေးကာ ထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ ရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့လို့ ဗိုလ်ချုပ်မှူးကြီး စောမောင် ကိုယ်တိုင် အိန္ဒိယ အစိုးရအား တော်လှန် ပုန်ကန်နေတဲ့ နာဂများကို မင်္ဂလာဒုံ စုပေါင်းရိပ်သာတွင် ခေါ်ယူကာ လက်နက် ယူမလားဆိုကာ “ကုလားတွေကို ချပစ်လိုက်” လို့ မြှောက်ပင့် ပေးခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံကို ရင်ဆိုင်နိုင်ဖို့ နောက်ကျော လုံခြုံရေး အတွက် အိန္ဒိယ နိုင်ငံကိုလည်း စီးပွားရေး မက်လုံးတွေ ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယကို ပုန်ကန်နေတဲ့ နာဂ သူပုန်တွေကို အဖြစ် သဘောသာ နှိမ်နင်း ပေးပြီးတော့ Power Balance လုပ်ကာ နိုင်ငံတကာ ဆက်ဆံရေးကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် တည်ဆောက် ထားပါတယ်၊၊ အိန္ဒိယနိုင်ငံမှ အနောက်နိုင်ငံလုပ် အမြောက်၊ လက်နက်၊ ခဲယမ်း၊ တိုက်ရေယာဉ် များကိုလည်း တောင်းခံ ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံကြီးကို တန်ပြန်နိုင်ဖို့ အမေရိကန်အား ရန်လိုတဲ့ မြောက်ကိုးရီးယား နိုင်ငံ၊ ကျူဘား နိုင်ငံနှင့် လစ်ဗျားနိုင်ငံ၊ အီရန်နိုင်ငံလို အာရေဗျ နိုင်ငံများနဲ့ လည်းကောင်း၊ မီဒီယာဖြစ်တဲ့ အယ်ဂျားဇီးယား ရုပ်သံ အသံလွှင့် ဌာနများနဲ့ လည်းကောင်း ဆက်သွယ် စည်းရုံးကာ အင်အားစုတစ်ခု တည်ဆောက်ရေး ရည်ရွယ်ချက် အရ အမျိုးမျိုး ဆက်ဆံ ထားခဲ့ပါတယ်။ စစ်အာဏာရှင်တွေဟာ စီးပွားရေး ပိတ်ဆို့မှု ဒဏ်က ကာကွယ်နိုင်ဖို့ ဆော်ဒီ အာရေဗျနိုင်ငံလို အာရပ်နိုင်ငံများမှ ချေးငွေတွေကို ရယူဖို့ ကြိုးစားနေသလို အာဏာရှင် မိသားစုများရဲ့ ကိုယ်ပိုင် ဓနဥစ္စာ၊ ငွေကြေးတွေကို စင်ကာပူမှ ဒူဘိုင်းသို့ လွှဲပြောင်း နိုင်ရေးကိုလည်း ကြိုးစား ထားပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ မဟာဗျူဟာအရ ဦးတည်ရန်သူ အဖြစ် ထိုင်းနိုင်ငံကို သတ်မှတ် ထားသည်နဲ့ အညီ နိုင်ငံတကာ ဆက်ဆံရေး အရ အထူးသဖြင့် ထိုင်းနိုင်ငံအား သတိထား ဆက်ဆံ နေပါတယ်။ ထိုင်းနိုင်ငံအား လိုအပ်လာရင် စစ်ပြင်ထားဖို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်း စစ်ဆင်ရေးကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) ခြေလျင်၊ တင့် ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း တွေကိုလည်း လေ့ကျင့် ထားခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်ရေးဟာ အကဲ ဆပ်တာမို့ နယ်စပ် တံခါးများအား ယခုဆိုရင် လနဲ့ချီပြီး ပိတ်ထားဆဲ ဖြစ်ပါတယ်။ နအဖမှာ နယ်စပ်တံခါး ပိတ်ရတဲ့ ရည်ရွယ်ချက် ၀ှက်ဖဲ(၃)ချပ် ရှိတယ်လို့ ကုန်သည် အသိုင်းအ၀ိုင်းမှ သိရှိရပါတယ်။

လွှတ်တော်ခေါ်ယူပြီး နောက်အစိုးရ တက်လာပြီ ဖြစ်တာမို့ စီးပွားရေးအရ ဖရိုဖရဲ ဖြစ်နေတာကို ထိန်းသိမ်းဖို့ နဲ့ ကျပ်ငွေတန်ဘိုး တက်စေဖို့၊ နယ်စပ် တံခါးများမှ တရားမ၀င် ၀င်ငွေ ရရှိနေတဲ့ ဒီကေဘီအေအား နယ်ခြားစောင့်တပ် အပြည့်အ၀ လက်မခံတဲ့ အတွက် ဖိအား ပေးရေး ဖြစ်စေဖို့နဲ့ ထိုင်းနိုင်ငံအား နိုင်ငံရေး အရ ဖိအားပေးရန် စီးပွားရေး အကြပ်ကိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ကို အလည် အပတ် ဖိတ်ဖို့ မကြာခဏ အချိန် ရွှေ့ဆိုင်းခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လေကြောင်းချီတပ်ဖြင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖေါက် တိုက်ခိုက် လာမယ် ဆိုရင် တန်ပြန် တိုက်ခိုက်နိုင်ဖို့ အစီအမံများ အပြင် MIG – 29 ဂျက်တိုက် လေယာဉ်များနှင့် MIG-24 ရဟတ်ယာဉ်များ ရောက်ရှိ လာရာ လေကြောင်း စစ်ဆင်ရေးအား မိတ္ထီလာတွင် လေ့ကျင့်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိုင်းစစ်တပ် အပေါ် နအဖ စစ်တပ်ရဲ့ အမြင်ကတော့ အချိန်မရွေး တိုက်လို့ရတယ်၊ ရာဇဝင် အရ ငယ်နိုင်ဖြစ်တယ်၊ နယ်စပ် တံခါးများကို ပိတ်လိုက်ရင် ထိုင်းလည်မျိုကို ညှစ်လို့ရတယ်လို့ လေးလပတ် အစည်းအဝေး တွေမှာ မကြာခဏ ပြောခဲ့သလို အထူးသဖြင့် ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် နယ်စပ် တိုက်ပွဲများကြောင့် လေသံများ ပိုမို မာထန် လာခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးမှ အပြန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အစီးနင်း ခံရလို့ ထိုင်းနိုင်ငံ အပေါ် ပိုပြီး ဒေါသူပုန် ထခဲ့ဖူးပါတယ်။ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ ဖါးအံ ခရီးစဉ်ဟာ တကယ်တော့ ဗိုလ်ချုပ် သီဟသူရ သူရ စစ်မောင်အား ထိုင်းနိုင်ငံကို တိုက်ဖို့ တာဝန် ပေးခြင်းဖြစ်ပြီး တပ်အခင်းအကျင်းနှင့် အမြောက်တပ်များ နေရာချထားဖို့ အထူးသဖြင့် (၁၅၅) မမ တာဝေးပစ် မဟာဗျူဟာ အမြောက်ကြီးများ အခြေစိုက်ဖို့ OP (အကဲကြည့်) သွားရောက် ကြည့်ရူ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအကြောင်း နှိပ်ကွပ်ဖို့ ဒေါက်တာ မတင်ဝင်းအား သမိုင်းကြောင်း ပြန်လှန်ရေး စေပြီး နေ့စဉ် သတင်းစာ များတွင် ထည့်ခိုင်း ခဲ့ပါတယ်။ နအဖဟာ မြန်မာ နိုင်ငံထက် တိုးတက်ပြီး ဒီမိုကရေစီ စနစ်ကို လက်ခံတဲ့ ထိုင်းနိုင်ငံအား ရန်လိုတဲ့ အယူအဆတွေ လွှမ်းမိုးနေသလို ထိုင်းအစိုးရနဲ့ ဆက်ဆံရေး ကိုလည်း အပေါ်စီး အထက်စီးက ကြည့်တတ်ပါတယ်။ မဟာဗျူဟာအရ ထိုင်းနိုင်ငံအား ခြိမ်းခြောက်တဲ့ အနေနဲ့ UWSA ‘ဝ’ တပ်ဖွဲ့များနဲ့ DKBA တပ်ဖွဲ့တွေကို နယ်စပ်၊ ခြေကုတ် စခန်းများမှာ နေရာ ချထားခွင့် ပေးခဲ့ပါတယ်။

Ref: စည်းလုံးခြင်းရဲ့အင်အား

Read More...

ဗိုလ်ချုပ်မှူးကြီးက အမတ်များကို ဧည့်ခံမည်

ကိုဝိုင်း |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်၌ အစည်းအဝေး တက်နေသည့် လွှတ်တော် အမတ်များကို ပြည်ထောင်စု နေ့တွင် ဧည့်ခံပွဲနှင့် ညစာ စားပွဲတို့ဖြင့် တည်ခင်း ဧည့်ခံ ပေးမည်ဟု အမတ်များ ထံမှ သိရသည်။

နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ယခုလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အခမ်း အနားကို မနက် ၇ နာရီတွင် လည်းကောင်း၊ ဧည့်ခံပွဲနှင့် ညစာစားပွဲကို ည ၆ နာရီခွဲ တွင်လည်းကောင်း ကျင်းပ မည်ဟု အခမ်းအနား ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီက ဖိတ်စာများ ဖြန့်ဝေထားခြင်း ဖြစ်သည်။

“နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ကျင်းပ ပြုလုပ်မည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဧည့်ခံပွဲနှင့် ညစာ စားပွဲသို့ ကြွရောက် ပါရန် ဖိတ်ကြား ပါသည်တဲ့” ဟု လွှတ်တော် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုနေ့ အခမ်းအနားအတွက် “မေတ္တာရပ်ခံချက်” ၃ ချက်၊ ဧည့်ခံပွဲနှင့် ညစာစားပွဲ အတွက် သတ်မှတ်ချက် ၉ ချက်ဖြင့် ဖိတ်ကြား ထားသည်။

မနက် အခမ်းအနားတွင် ရွေးချယ်ခံ အမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော် တက်စဉ် ဝတ်ဆင် သကဲ့သို့သာ ဝတ်ဆင်၍ ဖိတ်စာနှင့်တကွ မနက် ၆ နာရီ ၁၅ မိနစ်တွင် နေရာယူ တက်ရောက်ရမည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် ဖိတ်ကြားသည့် ဧည့်ခံပွဲနှင့် ညစာ စားပွဲသို့ အမျိုးသား ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်မည် ဆိုပါက အမျိုးသားများက ကော်လံ မပါသော မြန်မာ ရှပ်အကျီင်္ အဖြူနှင့် တိုက်ပုံအနက် ဝတ်ဆင်၍ ခေါင်းပေါင်း ပေါင်းရန် သတ်မှတ်ထားပြီး တောင်ရှည် ပုဆိုးကိုမူ ဝတ်ဆင်ရန် မလိုဟု ဖော်ပြ ထားကြောင်း အခြားအမတ် တဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသည် ပြည်ထောင်စုနေ့ အခမ်းအနားသို့ သဝဏ်လွှာသာ ပေးပို့ဖွယ် ရှိသည်ဟု အမတ်တဦးက သုံးသပ်သည်။ “မနက်ပိုင်းတော့ သဝဏ်လွှာ လောက်ပဲ ပို့ပြီးတော့ ညပိုင်းလောက်ပဲ လာမယ်ထင်တယ်။ ဗိုလ်ချုပ်မှူးကြီးက လိုက် နှုတ်ဆက်မယ်လို့ ထင်ပါတယ်” ဟု သူက ပြောသည်။

ညစာစားပွဲသို့ သတ်မှတ်ချက်အရ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေး ကဒ်ပြား ချိတ်ဆွဲပြီး ဖိတ်စာနှင့်တကွ တက်ရောက်ရမည့် အမတ်များ အနေဖြင့် ပြည်ထောင်စုနေ့ ရင်ထိုး တံဆိပ်အား “လက်ဝဲ ရင်ဘတ်ပေါ်တွင် တပ်ဆင်ပါရန်” လည်း သတ်မှတ် ပေးထားသည်။

ညစာစားပွဲသို့ “မပျက်မကွက်” တက်ရောက်ရမည် ဖြစ်သော်လည်း မလွဲ မရှောင်သာ ကိစ္စ ပေါ်ပေါက်၍ မတက်ရောက် နိုင်ပါက တရက် ကြိုတင် အကြောင်းကြား ရမည်။

ညနေ ၇ နာရီ ထက်နောက်မကျစေဘဲ ညစာစားပွဲသို့ နေပြည်တော် မြို့တော်ခန်းမ အမှတ် ၃ ဂိတ်မှ ဝင်၍ အခမ်းအနား ပြီးဆုံး ပါကလည်း ယင်းဂိတ်မှပင် ပြန်လည် ထွက်ခွါရန်လည်း သတ်မှတ်ချက်များ အတွင်း ပါရှိသည်။

နေပြည်တော် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ရန် သက်ဆိုင်ရာ ရိုးရာ ဝတ်စုံများသာ ယူဆောင် လာသဖြင့် တိုင်းရင်းသား အမတ်တချို့မှာ တိုက်ပုံ အကျီင်္များကို အမြန် သွားဝယ် နေကြသည်ဟု စုံစမ်း သိရှိရသည်။

သို့သော် တိုင်းရင်းသား အမတ်တဦးကမူ “အမျိုးသားဝတ်စုံ ဝတ်ဆင်ပါက ဆိုတော့ သည့်ပြင်ဟာ ဝတ်လို့လည်း ရတဲ့ သဘောပေါ့။ အမျိုးသားဝတ်စုံ ဝတ်ဆင်ရင်တော့ တိုက်ပုံ အနက်နဲ့ပေါ့ဗျာ။ ကျနော်တို့ တိုင်းရင်းသား ဝတ်စုံက တိုင်းရင်းသား ဝတ်စုံပါပဲ။ မနက် အခမ်းအနားလည်း တိုင်းရင်းသား ဝတ်စုံပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

တိုက်ပုံဈေးနှုန်းသည် ပျဉ်းမနားမြို့တွင် ကျပ် ၆၀၀၀ ခန့်၊ နေပြည်တော်တွင် ကျပ် ၈ဝဝဝ ခန့် ရှိနေသည်။

ပြည်ထောင်စုနေ့ မနက်ပိုင်းတွင် အာရှ၊ အာဖရိကနှင့် သြစတြေးလျ စသည့် ပြကွက် ၃ မျိုးရှိ နေပြည်တော် ဆာဖာရီ တိရစ္ဆာန်ကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဖွင့်လှစ် ပေးဖွယ်ရှိကြောင်း သတင်းများ ပေါ်ထွက်နေသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားလူငယ်တွေ တွေ့ဆုံ

2011-02-10

တိုင်းရင်းသားလူငယ်တွေ အနေနဲ့ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေကို ထိန်းသိမ်း ကြဖို့ လူငယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကယားပြည်နယ်က လူငယ်အဖွဲ့နဲ့ တွေဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့တာလို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

လူငယ်တွေက သူတို့ လူငယ် အဖွဲ့တွေ ဖွဲ့ထားတဲ့ အကြောင်း၊ NLD လူငယ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက် ချင်ပါတယ်လို့  ပြောဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့ တိုင်းရင်းသား ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိမ်းသိမ်းဖို့၊ ရိုးရာ အက၊ တေးသီချင်း၊ ၀တ်စား ဆင်ယင်ပုံတွေကို လူကြီးများနဲ့  တွေ့ဆုံမေးမြန်းပြီး လုပ်ဆောင်ကြဖို့၊ ပိုပြီးညီညွတ် အရှိန် ရလာချိန်မှာ အခြား တိုင်းရင်းသား တွေနဲ့ ထိစပ် ချိတ်ဆက် ဆောင်ရွက် ရမယ်လို့ ပြန်လည် ပြောဆိုခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဒါ့အပြင် လူငယ်အချင်းချင်း ချိတ်ဆက် လုပ်ဆောင်ရေး၊ လူမှု အကျိုးပြု လုပ်ငန်းတွေနဲ့  ပြည်ထောင်စု စိတ်ဓာတ် ရှိရေး စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့  ဒေါ်အောင်ဆန်း စုကြည်က လူငယ်တွေကို မှာကြား ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ ဆုံတဲ့ ကယား လူငယ် အဖွဲ့မှာ အမျိုးသမီး ၃ ဦး အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပါတယ်။

ကယားလူငယ်တွေ အနေနဲ့လည်း သူတို့ ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ပြန်လည် ဆွေးနွေး ပြောကြား ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ကယားရိုးရာ ယဉ်ကျေးမှု လက်ဆောင်တွေ ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂ ရက်ကလည်း တိုင်းနဲ့ပြည်နယ် အသီးသီးက ပါတီဝင် မဟုတ်တဲ့ လူငယ် ၅၀၀ ခန့်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့မနက် ဒေါ်အောင်ဆန်းစုကြည်ကို ဆွစ်ဇာလန်နိုင်ငံ ရုပ်မြင်သံကြား သတင်းဌာန တစ်ခုက လာရောက် တွေ့ဆုံ မေးမြန်း ခဲ့သလို ဟောင်ကောင် အခြေစိုက် Next မဂ္ဂဇင်းကလည်း လာရောက်တွေ့ဆုံ မေးမြန်း ခဲ့ကြောင်း သတင်း ရရှိပါတယ်။

Ref: RFA News

Read More...

ဗိုလ်ချုပ်မှူးကြီးဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်

Thursday, 10 February 2011

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာ လွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ပါဝင်သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ် ကွပ်ကဲမည် ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် သတင်း ရပ်ကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံကို အဓိက ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်မည့် အဖွဲ့အစည်းများ အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံ့ ဥသျှောင်အဖွဲ့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော နိုင်ငံတော် လုံခြုံရေး ကောင်စီ အဖွဲ့ဟူ၍ ၂ ဖွဲ့ ရှိလာမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့် အတူ တခြား အဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီ ဥသျှောင်အဖွဲ့ ဆိုတာက နိုင်ငံတော်ရဲ့ အဆင့်အမြင့် ဆုံးသော အဖွဲ့အစည်းကြီးပေါ့။ အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ် တာမျိုးထက် အကြံပေး အဖွဲ့ ဆိုတဲ့ ပုံစံနဲ့ အစိုးရ အဆက်ဆက်ကို ကူညီ အကြံပေးတာမျိုး လုပ်မယ်လို့ သိရမယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ သြဇာ အာဏာက တော်တော်ကြီးမား ပါလိမ့်မယ်” ဟု စစ်တပ်အသိုင်း အ၀န်းနှင့် နီးစပ်သူ တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာမည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်သော အဖွဲ့ဝင် ၁၁ အဖွဲ့ဖြစ်သည်။

နောက်ဆုံးသိရသော သတင်းများအရ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နအဖက အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း၊ ယခုအခါ နေပြည်တော်၌ အစည်းအဝေးများ ထိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ရဲချုပ်ရာထူးကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအား လည်းကောင်း၊ ရဲ အထူး သတင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူး ချုပ်အား ဗိုလ်မှူးကြီး တင်စိုးအား လည်းကောင်း ခန့်အပ်လိုက်ပြီ ဖြစ်သည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကြီးစဉ် ငယ်လိုက် မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်သူ များသာ အဓိက ရာထူးများ ရရှိနေခြင်းကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းမှ သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ် မဖြစ်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စောဒက တက်သော ဒုတိယဗိုလ် ချုပ်ကြီး သူရ မြင့်အောင်သည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရန် အဆိုပြု ထားခဲ့သူ ဖြစ်ပြီး ယခုအခါ တပ်မှ အထုတ်ပယ် ခံထားရကြောင်း သတင်း ရရှိသည်။

Ref: ဧရာဝတီ်

Read More...

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား နေအိမ်အကျယ်ချုပ်ချထား

ရန်ပိုင်
Thursday, 10 February 2011

ကာကွယ်ရေး ၀န်ကြီးရာထူးယူရန် ငြင်းပယ်ခဲ့သည့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြီးခဲ့သည့် စနေနေ့က လက်ရှိ ရာထူးမှ ထုတ်ပယ် လိုက်ပြီး နေအိမ်တွင် အကျယ်ချုပ် ချထားသည် ဆိုသည့် သတင်းများ နေပြည်တော် စစ်အစိုးရ အသိုင်းအ၀န်းတွင် ထွက်ပေါ်နေသည်။

ရာထူးကို ငြင်းပယ်သည်ဆိုသော ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ် အတွင်း ရာထူး အပြောင်း အလဲတွင် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့နှင့် အတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်သပ် မွေးခြင်း ခံရသူဖြစ်၍ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ထောက်ခံမှုကိုလည်း ရရှိထားသူဟု စစ်တပ် အသိုင်းအ၀န်း အဆိုအရ သိရသည်။

ထိုစဉ်က ဒု ဗိုလ်ချုပ်ကြီးသူရမြင့်အောင်သည် ဗိုလ်ချုပ်မှူးကြီး၏ နေရာကို ဆက်ခံမည့် အရန် ကာကွယ်ရေး ဦးစီးချုပ် ဟူ၍ပင် စစ်တပ် အသိုင်း အ၀န်းတွင် လေးစားခြင်း ခံရသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ချီးကျူးခဲ့သူ ဖြစ်သည်။

မထင်မှတ်သည်များကို ပြုလုပ်တတ်သည့် ဗိုလ်ချုပ်မှူးကြီးသည် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ပေးအပ်ခြင်း မရှိတော့ဘဲ ကာကွယ်ရေး ၀န်ကြီး ရာထူးကိုသာ ပေးအပ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုမူ လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး တာဝန် ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်ရန် စီစဉ်ခဲ့သည့် အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က မကျေနပ်ခြင်း ဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

အတည်မပြုနိုင်သော သတင်းများအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ၎င်းအား ကာကွယ်ရေး ၀န်ကြီးဌာနမှ လွဲလျှင် တခြား သော ၀န်ကြီး ဋ္ဌာနများကို တာဝန် ပေးအပ်နိုင်ကြောင်း၊ ၎င်းအနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်၏ လက်အောက်တွင် ကာကွယ်ရေး ၀န်ကြီး အဖြစ် မလုပ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးထံသို့ သွားရောက် ပြောဆိုသည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် မည်သည့် အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ် ရာထူး မပေးအပ် သည်ကိုမူ စစ်တပ် အသိုင်းအ၀န်းအတွင်း စိတ်ဝင်တစား စောင့်ကြည့် ပြောဆိုနေကြသည်။

မွန်ပြည်နယ် သထုံဇာတိ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၁၈) ဆင်း ဖြစ်ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် မဲသဝေါ တိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်။ ဘားအံမြို့ အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး စစ်ရေးချုပ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာမည်ဟု သတင်းများ ထွက်နေသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် အပတ် စဉ် ၁၉ ကျောင်းဆင်း တဦး ဖြစ်ပြီး တပ်မ ၄၄ တပ်မမှူး တြိဂံတိုင်း တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တာဝန်များကို ထမ်းဆောင်ခဲ့ပြီး အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်ကာ လက်အောက်ရှိ အရာရှိများကိုမူ ကိုယ်ထိလက် ရောက် ရိုက်နှက်ရာတွင် နာမည်ကြီးသူ တဦးဖြစ်သည်။

စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကာကွယ်ရေး ဦးစီးချုပ်သည် ဒုသမ္မတနှင့် သြဇာအာဏာ တူညီပြီး ကာကွယ်ရေး ၀န်ကြီးမှာ ကာကွယ်ရေး ဦးစီးချုပ်၏ လက်အောက်တွင်သာ အလုပ်လုပ်ရမည် ဖြစ်၍ စစ်တပ်အပေါ် အုပ်ချုပ်ရေး အာဏာ သက်ရောက်တော့မည် မဟုတ်ပေ။

ထိုအချက်ကြောင့်လည်း ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေဖြင့် ကာကွယ်ရေး ၀န်ကြီး ရာထူးကို ငြင်းပယ်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀န်း ကလည်း ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသည် ရာထူး ပြိုင်ဆိုင်မှုကြီးသည့် စစ်တပ်အတွင်း ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ ကဲ့သို့သော သူများကို လက်သပ် မွေးပြီး ပြိုင်ဆိုင်စေကာ ထိန်းကျောင်းထား သကဲ့သို့ အစိုးရ အဖွဲ့အတွင်း တွင်လည်း ဦးသိန်းစိန်အား သမ္မတ ရာထူး ပေးထားပြီး ၎င်းနှင့် အစေးမကပ်သည့် စစ်ကောင်စီ အတွင်းရေးမှူးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို ဒုသမ္မတ ရာထူးပေး၍ အစိုးရအဖွဲ့ကို ထိန်းကျောင်းစေသည်။

အတည်မပြုနိုင်သော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး အား သမ္မတ ခန့်အပ်ရန် ကြံစည်ခဲ့သော်လည်း ဒု ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ၀န်ကြီးများက ကန့်ကွက်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး စိတ်ကြိုက်ဖွဲ့စည်းခဲ့သည့် အစိုးရ အသစ်တွင် သမ္မတ ဦးသိန်းစိန် နှင့် ၀န်ကြီးများက တဘက် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် အဖွဲ့များ ကွဲနေပြီး ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် စစ်ထောက်ချုပ် တာဝန် ယူထားသည့် ဗိုလ်ချုပ်ဝေလွင် တို့သည်လည်း သီဟသူရ ဦးတင်အောင်မြင့်ဦး အပေါ်တွင် အမြင်ကြည်လင်ခြင်း မရှိကြောင်း အစိုးရ အသိုင်း အ၀န်းတွင် သတင်းများ ထွက်ပေါ်နေသည်။

ကာကွယ်ရေး ဦးစီးချုပ်ရာထူး ဆက်ခံမည့်သူဟု သတင်းများ ထွက်ပေါ်နေသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့လျှင် အစိုးရအဖွဲ့ အတွင်း ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ပြိုင်ဆိုင်မှု ပိုမို ကြီးမားလာမည် ဖြစ်သည့်အတွက် ၎င်းရှေ့ရေး အတွက် အပြိုင်အဆိုင် ကြီးမား သူများအား အတူတူ ထား၍ အုပ်ချုပ်စေသည့် ဗိုလ်ချုပ်မှူးကြီး၏ မဟာဗျူဟာမှာ အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုနေသည်။

Ref: ဧရာဝတီ်

Read More...

အမျိုးသမီးများကို လျစ်လျူမရှုသင့်

မျိုးသန့် |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းပြည်အရေး ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ ကဏ္ဍကို လျစ်လျူရှု မထား သင့်ကြောင်း လွှတ်တော်အမတ် အမျိုးသမီး နှစ်ဦးက ကြာသပတေးနေ့တွင် ပြောဆို လိုက်ကြသည်။

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်သူ လွှတ်တော် အမတ် ၆၅၉ ဦး ရှိသည့်အနက် အမျိုးသမီး ၂၂ ဦးသာ ရှိပြီး၊ သမ္မတ ဦးသိန်းစိန် ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် ဝန်ကြီးများ အမည် စာရင်း၌လည်း အမျိုးသားများသာ ပါဝင်နေသည့် အပေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF နှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ SNDP တို့မှ အမျိုးသမီး အမတ်နှစ်ဦးက တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

“ကိုယ်တို့အမျိုးသမီးတွေကလည်း အမျိုးသမီးကဏ္ဍတခု အနေနဲ့ တိုင်းရေး ပြည်ရာမှာ ထည့်ပြီးတော့ စဉ်းစားမယ် လို့တော့ ထင်တာပဲလေ။ ကိုယ်ထင်တာ ကတော့ ဥပက္ခာ ပြုထားလို့ မရဘူး၊ အဲဒီလိုမျိုး ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ အခါ သို့တည်းမဟုတ် တိုင်းရေး ပြည်ရာတွေ စီစဉ်တဲ့ အခါ အမျိုးသမီးတွေ ကလည်း သူ့အကန့်နဲ့ သူတော့ ဆောင်ရွက် နိုင်တယ်လေ” ဟု NDF အမျိုးသား လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို ပြောသည်။

ဝန်ကြီးများ၏ တာဝန်မှာ ကြီးလေးသည်ဟု ယူဆသဖြင့် အမျိုးသားများကိုသာ သမ္မတက ဝန်ကြီး အမည်စာရင်း တင်သွင်းခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

အမျိုးသမီးများအနေဖြင့် နိုင်ငံရေး အတွေ့အကြုံ နည်းသော်လည်း အုပ်ချုပ်ရေး တာဝန်များကို ထမ်းဆောင် နိုင်ကြောင်း SNDP (ကျားဖြူ) ပါတီမှ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်နန်းဝါနုကလည်း ရှုမြင်သည်။

“အမျိုးသမီးတွေလည်း ထမ်းဆောင်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ နိုင်ငံအနေနဲ့ ကြည့်ရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် များသော အားဖြင့်က နိုင်ငံရေး အတွေ့အကြုံ နည်းကြတဲ့ သူတွေချည်းပဲ။ သူများနိုင်ငံမှာလည်း အမျိုးသမီး ဝန်ကြီးချုပ်တွေ ရှိတယ်လေ။ ကျမတို့နဲ့ အနီးစပ်ဆုံး အိန္ဒီယာဂန္ဓီတို့ ဘာတို့ တောင်မှ နိုင်ငံကို နိုင်နင်းစွာနဲ့ ထိန်းသိမ်း သွားနိုင်ခဲ့သေးတာပဲ” ဟု သူက ဆိုသည်။

လွှတ်တော်တွင် ဆွေးနွေးသည့် အမျိုးသမီးအမတ်များသည် တက်တက်ကြွကြွ ရှိပြီး၊ လွှတ်တော် အတွင်း အမျိုးသမီးများ ကဏ္ဍတွင် ဆွေးနွေး လာနိုင်ကာ အမျိုးသမီးများ အတွက် အလားအလာ ကောင်းများ ပေါ်ထွက် လာနိုင်သည်ဟု ဒေါ်ခင်ဝိုင်းကြည်က သုံးသပ်သည်။

“လွှတ်တော်ထဲ ဝင်လာတဲ့ အမျိုးသမီးတွေ တက်တက်ကြွကြွ ရှိနေကြတယ်။ သူတို့နဲ့ တဦးချင်း ဆွေးနွေး ကြည့်တဲ့ အခါ သူတို့ရဲ့ သဘောထား လေးတွေ၊ ခံယူချက်လေးတွေ၊ နောင်လာမယ့် မျှော်လင့်ချက် လေးတွေ အကုန်လုံး ကိုယ်တို့ ဆွေးနွေးတိုင်ပင်လို့ ရတယ်လေ။ အားလုံးဟာ ဖျတ်ဖျတ် လတ်လတ်နဲ့ စိတ်ပါလက်ပါ လုပ်နေတာကို မြင်ရတယ်လေ။ အဲဒါကြောင့် ဒီရေးရာတွေမှာ သက်ဆိုင်ရာက နေပြီးတော့ အမျိုးသမီးတွေကို ကဏ္ဍအလိုက် သင့်ရာသင့်ရာ ဆွေးနွေးသွားမယ် ဆိုရင် နောင်တချိန်မှာ ဒီထက်ပိုပြီး အလားအလာ ကောင်းတဲ့ အခြေအနေတွေ၊ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေဟာ တိုးတက်ပြီးတော့ ပါဝင်လည်း လာနိုင်တယ်” ဟု သူက ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဥက္ကဋ္ဌ ဒေါ်မိဆူးပွင့်က နိုင်ငံ့ ခေါင်းဆောင်များ ရွေးချယ်ရာတွင် အမျိုးသမီးများ သာမက တိုင်းရင်းသား၊ အမျိုးသား စသည်ဖြင့် တခုခုကို ချန်လှပ် မထားသင့်ကြောင်း အကြံပြုသည်။

“အမျိုးသမီးအုပ်စု၊ တိုင်းရင်းသားအုပ်စု၊ အမျိုးသားအုပ်စု စသည်ဖြင့် အုပ်စု တခုခုကို မေ့လျော့ပြီးတော့၊ ချန်ထား ပြီးတော့ ဒီခေါင်းဆောင်ဖြစ်မှု အပေါ်မှာ မေ့လျော့ထားလို့ မရဘူး၊ ချန်လှပ် ထားလို့ မရဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ ကိုယ်တိုင်ဦးဆောင်ပြီး အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဝ လုံခြုံရေး အတွက် အကောင်အထည် ဖော်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ကို အထိန်းသိမ်းခံ နအဖ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာခင်ဝင်းရွှေက နာယက အဖြစ် ဦးဆောင်ခဲ့သည်။ သို့သော် ၎င်းတို့ အနေဖြင့် စစ်အစိုးရ သက်ဆိုးရှည်ရေး အတွက် စည်းရုံးရေး လုပ်ငန်းများတွင် အသုံးချ ခံများသာဖြစ်ပြီး၊ ထိရောက်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှု မဟုတ်ဟု အတိုက်အခံ အမျိုးသမီးများက ဝေဖန်ခဲ့ကြသည်။

၎င်းအဖွဲ့ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ လက်အောက်ခံ ဌာနခွဲ တခု အဖြစ် သတ်မှတ်ခဲ့သည်။


Ref: မဇ္ဈိမ

Read More...

လွတ်ငြိမ်းချမ်းသာခွင့်ကို ၈၈ ကျောင်းသားအဖွဲ့ လိုလား

ကိုပေါက် |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရသစ်အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ကာ၊ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ရေး အတွက် ပါတီ အဖွဲ့အစည်းများနှင့် အမျိုးသား အင်အားစုများ ဝိုင်းဝန်း ကြိုးပမ်းရန် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြာသပတေးနေ့တွင် တိုက်တွန်းချက် တရပ် ထုတ်ပြန်၍ ပြောဆို လိုက်သည်။

အမျိုးသား ပြန်လည် ချစ်ကြည်သင့်မြတ်ရေးကို ဖော်ဆောင်ရန်အတွက် အမျိုးသား အင်အားစု အားလုံး လက်တွဲ ပူးပေါင်းရေး အတွက် တိုက်တွန်းချက် အမည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

“သူတို့ပြောထားတာက နိုင်ငံရေးအခင်းအကျင်း အသစ်လ ပြောထားတာကိုး။ နိုင်ငံရေး အခင်း အကျင်း သစ်မှာ နိုင်ငံရေး အခင်းအကျင်း အဟောင်းက ဟာတွေ လုံးဝ မရှိသင့်တော့ဘူး။ သူတို့ ပြောတဲ့ စကားအတိုင်း ပဲလေ။ ပြီးခဲ့တဲ့ သူတို့ရဲ့ နိုင်ငံရေး အခင်းအကျင်း အဟောင်းထဲက ဥပဒေတွေနဲ့ ပြုလုပ်ထားတဲ့ ဟာတွေက ဒီအခင်းအကျင်း သစ်ထဲမှာ မရှိသင့် တော့ဘူးလေ” ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် လွှတ်တော်များ ပေါ်ထွက်လာခြင်းကို နိုင်ငံရေး အခင်းအကျင်းသစ် ဟူ၍ နအဖ စစ်အစိုးရက နိုင်ငံပိုင် သတင်းစာ များတွင် ရေးသား ဖော်ပြနေသည့်အပေါ် ကိုမျိုးရန်နောင်သိန်းက တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

နိုင်ငံရေးယုံကြည်ချက် ကွဲပြားစေကာမူ လက်ရှိအစိုးရ အပါအဝင် ၂ဝ၁ဝ ရွေးကောက်ပွဲနိုင် ပါတီများလည်း အမျိုးသား ပြန်လည် ချစ်ကြည် သင့်မြတ်ရေးသည် အရေးကြီးကြောင်း နားလည် လက်ခံထားကြောင်းနှင့် ကျွန်ုပ်တို့ အမျိုးသား အင်အားစု အားလုံးသည် ငြိမ်းချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက် နိုင်ရန် အမျိုးသား ပြန်လည် ချစ်ကြည် သင့်မြတ်ရေးကို တစုတစည်းထဲသော စိတ်ဓာတ်ဖြင့် လက်တွဲ ဆောင်ရွက် စေလိုကြောင်း အဖွဲ့ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

၎င်းအတွက် အရေးအကြီးဆုံး လိုအပ်ချက်တခုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ် ရေးဟု ရေးထားသည်။ ထို့ကြောင့် မကြာမီ ဖွဲ့စည်းတော့မည့် အစိုးရသစ် အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာကာ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် စေရန် ပါတီ၊ အဖွဲ့အစည်းများနှင့် အမျိုးသား အင်အားစုများ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြပါဟု တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က လက်ရှိ အခြေအနေကို သုံးသပ်ခြင်း အားဖြင့် နိုင်ငံရေး အခင်းအကျင်းသစ် ဖြစ်မဖြစ် စောင့်ကြည့် ရဦးမည်ဟု ဆိုသည်။

“နိုင်ငံရေး အခင်းအကျင်းသစ် တကယ်ဖြစ်/မဖြစ် ဆိုတာကတော့ နိုင်ငံရေး အကျဉ်းသားတွေ တကယ် လွတ်/မလွတ်၊ အဲဒီလူတွေက နိုင်ငံရေး အခင်းအကျင်း သစ်မှာ ပါဝင်ခွင့် ရှိ/မရှိ ဒါတွေပေါ်မှာ မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာပါ။ အခုဟာက နိုင်ငံရေး အခင်းအကျင်း အသစ် ဖြစ်တယ်/မဖြစ်ဘူးဆိုတာက ပြောဖို့ တော်တော် စောနေပါတယ်” ဟု သူက ဆိုသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ လက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထိမ်းအမှတ် အဖြစ် ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အတွင်း ၁၉၈ဝ ခုနှစ် မေလ ၂၈ ရက်နေ့တို့တွင် ကြေညာခဲ့ဖူးသည်။

နိုင်ငံရေးအကျဉ်းသား အချို့တဝက် လွှတ်ပေးတတ်သည့် လွတ်ငြိမ်းချမ်းသာခွင့် ကိုမူ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ အတည်ပြုပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လွှတ်တော် ခေါ်ယူမှုကာလ သာမက နဝတ/နအဖ လက်ထက် များတွင် ၃ ကြိမ်ထက် မနည်း ကြေညာ ခဲ့ဖူးသည်။

လွတ်ငြိမ်းချမ်းသာခွင့်များအနက် အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် (Blanket Amnesty) သည် အယူဝါဒ မတူသူများ ဆင်နွှဲသည့် ပြည်တွင်း စစ်များ အတွင်း ကျူးလွန်ခဲ့သည့် မည်သည့် ပြစ်မှုမျိုးကိုမဆို တရားစွဲဆို၍ ပြစ်ဒဏ် ပေးခြင်းမှ ကင်းလွတ်ခွင့်၊ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် (General Amnesty) မှာ နိုင်ငံရေးနှင့် စပ်ဆိုင်သည့် ပြစ်မှုများကိုသာ အပြစ်ပေး အရေးယူခြင်းမှ ကင်းလွတ်ခွင့် (သို့သော် အခြားနစ်နာသူ များက တိုင်တန်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ ပြစ်ဒဏ်မှ အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် မပြု)၊ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် (Limited Amnesty) မှာ ပြစ်မှုများဖြင့် ပြစ်ဒဏ်ပေးခြင်း ခံရသူများ၏ ပြစ်ဒဏ်များကို လျှော့ပေါ့ ပြောင်းလဲခွင့် သတ်မှတ်ပေးခြင်းတို့ ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုလျှင် နိုင်ငံတော် သမ္မတ အနေဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်ဟု ဖော်ပြပါရှိသည်။ လွှတ်တော်မှ ရွေးချယ် တင်မြှောက် လိုက်သော နိုင်ငံတော် သမ္မတ သစ်မှာ နအဖ ဝန်ကြီးချုပ်ဟောင်းနှင့် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန် ဖြစ်သည်။

ကိုဘိုကြည်က “ပုံသဏ္ဍာန်အရတော့ လွှတ်တော်တို့ဘာတို့နဲ့ အခင်း အကျင်းသစ်လို့ ပြောလို့ ရပေမယ့် အဲဒီထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ လူတွေ အကုန်လုံးက နိုင်ငံရေး အခင်းအကျင်း အဟောင်းက လူတွေချည်းပဲ။ သူတို့ရဲ့ စိတ်နေ သဘောထားတွေက ဘယ်လောက်ထိ ပြောင်းမယ်/မပြောင်းဘူး ဆိုတာက စောင့်ကြည့်ရမှာပါ” ဟု ပြောသည်။

၈၈ ကျောင်းသားများ အဖွဲ့ကလည်း အသစ်ဖြစ်ပေါ်လာမည့် နိုင်ငံ့ ခေါင်းဆောင် အများစုမှာ နဝတ/နအဖ လက်ထက်မှ စစ်ခေါင်းဆောင်များချည်း ဖြစ်နေသဖြင့် ယခင်က မတရား ပြစ်ဒဏ်ချခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးကာ အမျိုးသား ပြန်လည် ရင်ကြား စေ့ရမည်ဖြစ်သည်ဟု ဆိုသည်။

“အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ပြောနေကြတဲ့ အချိန်မယ်၊ သင်ပုန်းချေရေး ဆိုတာ အထူး ပြောနေစရာ မလို တော့ဘူးနဲ့ တူပါတယ်ခင်ဗျ။ အခုပေါ်လာမယ့် အစိုးရက တကယ်ကို အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်မယ် ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို လုပ်ပေးရမယ်ခင်ဗျ” ဟု ကိုမျိုးရန်နောင်သိန်းက ပြောဆိုလိုက်သည်။


Ref: မဇ္ဈိမ

Read More...

ပြည်ထောင်စုအတွင်း စစ် ပိုမိုဖြစ်ပွားနိုင်

ခင်ဦးသာ
Thursday, 10 February 2011

လာမည့် စနေနေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့သည် ၆၄ ကြိမ်ရှိပြီ ဖြစ်သည့်တိုင် နအဖနှင့် လက်ရှိ အစိုးရ သစ်၏ လုပ်ရပ်နှင့် မူဝါဒ တို့ကြောင့် တိုင်းရင်းသား ဒေသများအတွင်း လက်နက်ကိုင် တိုက်ပွဲများ ပိုမို ဖြစ်ပွားလာနိုင်ကြောင်း ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

“အစိုးရသစ် တဖွဲ့လုံးက စစ်ဗိုလ်ထွက်တွေ၊ ကြံ့ခိုင်ရေးတွေပဲ ဖြစ်နေတာ တွေ့ရတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် တိုင်းရင်းသား တွေကို နေရာ ပေးချင်တဲ့စိတ်၊ ပူးပေါင်းလိုတဲ့ စိတ် မရှိဘူးဆိုတာ ဖော်ပြ နေပါတယ်” ဟု ရခိုင် တိုင်းရင်းသား ခေါင်းဆောင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးအေးသာအောင်က ဆိုသည်။

ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်တွင် ပင်လုံမြို့၌ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရန်နှင့် တပေါင်း တစည်းတည်း လွတ်လပ်ရေး ရယူရန် စုပေါင်းကာ လက်မှတ် ရေးထိုး ခဲ့ကြသောနေ့ကို သတ်မှတ်ထားခြင်း ဖြစ်သည်။

စစ်အစိုးရသည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစိုးရသစ်တရပ် ဖွဲ့၍ စည်းကမ်း ပြည့်ဝသော ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်သစ် တရပ် တည်ထောင်မည်ဟု ကြွေးကြော်ကာ ၎င်းတို့၏ မူဝါဒ လမ်းစဉ်များ၏ နောက်ဆုံး အဆင့် အဖြစ် အစိုးရသစ်ကို ဖွဲ့စည်းပြီး ဖြစ်သည်။

“ရွေးကောက်ပွဲအရ အစိုးရသစ်ပေါ်လာသလို တဘက်မှာလည်းပဲ တိုက်ပွဲတွေက ပိုမို ပြင်းထန် လာတယ်။ အခုဆိုရင် ကရင် ဒေသတွေ အပြင် ကချင် ဒေသတွေမှာပါ တိုက်ပွဲကြီးတွေ ဖြစ်လာနေပြီ။ လက်ရှိ အခြေအနေ အရ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပိုများ လာနိုင်တယ်။ ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် CRPP အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်းကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပပြီး စစ်မှန်သော ပြည်ထောင်စု စစ်စစ် ပေါက်ပေါက်ရေး၊ ဒုတိယ ပင်လုံ အမြန်ဆုံး ဖြစ်မြောက် အကောင်အထည် ဖော်နိုင်ရေး တို့ကို လုပ်ဆောင်မည် ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ၀င်ခဲ့ကြသော ဒီမိုကရက်တစ် အင်အားစုများနှင့် တိုင်းရင်းသားပါတီ စုစုပေါင်း ၁၁ ခု တို့ကလည်း ပြည်ထောင်စုနေ့ အခမ်း အနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခြံဝန်းတွင် ကျင်းပကာ ကြေညာချက် တစောင် ထုတ်ပြန်မည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။

“စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ် တောင်းဆိုမယ်။ အနာဂတ် နိုင်ငံရေးမှာ ပိုမိုပူးပေါင်း
ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးကြမယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

ပြည်ထောင်စုနေ့ စုပေါင်းကျင်းပကြမည့် နိုင်ငံရေး ပါတီများထဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်း)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု စသည့် ပါတီများ ပါဝင်သည်။

တိုင်းရင်းသား ပါတီများအနက် ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP)၊ ချင်း အမျိုးသားပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့် ပါတီများ ပါဝင်မည် ဖြစ်သည်။

“ပါတီ၁၁ ခုက စီးပွားရေး ပိတ်ဆို့မှုကိစ္စပဲ အဓိကဆွေးနွေးမယ်၊ ပြည်ထောင်စုနေ့က အားလုံး အတွက် အရေးကြီးတယ်၊ ဒုတိယ ပင်လုံကိစ္စက ကျနော်တို့က အဆိုပြုတာ မဟုတ်တော့ ဆွေးနွေးဖို့ မရှိပါဘူး”ဟု NDF ပါတီမှ ဘဏ္ဍာရေးမှူး ဦးကြည်သန်းက ဧရာဝတီ ကို ပြောသည်။

စီးပွားရေးပိတ်ဆို့မှုသည် ပြည်သူများအား တိုက်ရိုက်ထိခိုက်နေ ခြင်းကြောင့် ပြန်ရုပ်သိမ်း ပေးရေးကို တောင်းဆို ရခြင်းဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၂၀ ကျော် အတွင်း နိုင်ငံရေးပါတီများ စုပေါင်း၍ ပထမဆုံး ကျင်းပသော ပြည်ထောင်စုနေ့ တခုဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကမူစီးပွားရေး ပိတ်ဆို့မှုသည် စစ်ဗိုလ်ချုပ် များကိုသာ တိုက်ရိုက် ထိခိုက်၍ ဆက်လက်ထားရှိ သင့်ကြောင်း ပြီးခဲ့သည့် ရက်အတွင်း ကြေညာချက် ထုတ်ပြန်ထားသည်။

“စီးပွားရေး ပိတ်ဆို့တာက စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းပါတွေကိုပဲ တိုက်ရိုက် ထိတယ်၊ ဒီမိုကရေစီ အရေး အတွက်လည်း ထိရောက်မှုတွေ ရှိလို့ ကျနော်တို့က ထောက်ခံတာပါ” NLD ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် တောင်းဆိုနေသူများသည် စစ်အစိုးရအား ထောက်ခံပြီး လွှတ်တော်ထဲ ရောက်နေ သူများသာ ဖြစ်ကြောင်း၊ စစ်အစိုးရ လွှတ်တော်မှလည်း ပြည်ထောင်စု စနစ်ကို ဖော်ဆောင်နိုင်မည် မဟုတ် ဟု ၎င်းကဆိုသည်။

ယနေ့ထုတ် သတင်းစာများ၌ ဆောင်းပါးရှင် မောင်မန်းညိုက ပြည်ထောင်စုနေ့ ကျရောက်သည့် အချိန်သည် လွှတ်တော် အသီးသီး ကျင်းပချိန်နှင့် ဒွန်တွဲ နေခြင်းကြောင့် ပြည်ထောင်စုကြီး တည့်တံ့ ခိုင်မြဲတော့မည့် နိမိတ်ကောင်းဟု ဆိုနိုင်ကြောင်း ရေးသားထားသည်။

“ဗေဒင်တွေ၊ ကိန်းဂဏန်းတွေနဲ့ ဒီရက်တွေမှာ ရွေးပြီးလုပ်တာကို နမိတ်ကောင်းတယ် ပြောတယ် ဆိုရင်တော့ အံ့သြ စရာပဲပေါ့” ဟု ဦးဝင်းတင်က ဆိုသည်။


Ref: ဧရာဝတီ်

Read More...

Thursday, February 10, 2011

ပြည်သူ့ကွန်ယက်ကြီးအဖြစ် ချိတ်ဆက်မည်

ကိုပေါက် |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဖွဲ့စည်း ထူထောင်ပြီးသမျှ လူမှု ကွန်ယက်များ အားလုံးကို ဆက်စပ်၍ ပြည်သူ့ ကွန်ယက်ကြီး အဖြစ် လှုပ်ရှား ဆောင်ရွက် သွားရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲက ဆုံးဖြတ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ နှစ်ရက်တာ ကျင်းပ ပြီးစီးသွားသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပွဲသို့ ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင် ပြည်နယ်များနှင့် မန္တလေး၊ မကွေးတိုင်း တို့မှ NLD အဖွဲ့ဝင်နှင့် အခြား လူငယ် ၂ဝဝ ခန့် တက်ရောက် ဆွေးနွေးခဲ့ရာမှ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

“အန်တီပြောတဲ့ ပြည်သူ့ကွန်ယက်ဆိုတာ အကုန်လုံးပါဝင်တဲ့ လူငယ်ရော၊ ရှေ့နေရော၊ ဆရာဝန်ရော စသည်ဖြင့် မြန်မာပြည်မှာ ရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားတဲ့ လူတွေအားလုံး၊ အဖွဲ့အစည်းတွေ အားလုံးနဲ့ ချိတ်တွဲ ဆောင်ရွက် သွားမယ် ဆိုတာပါ။ မြို့ကြီး ပြကြီးတွေ တင်မက တောလက် ကျေးရွာတွေ အထိပါ ရောက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ” ဟု NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တတိယအကြိမ် ဆွေးနွေးမှု အပြီး ယခုလို တိုးမြှင့် ဆောင်ရွက် လာနိုင်ရာ၊ လူပုဂ္ဂိုလ် မရွေး ပါဝင် ဆက်စပ် နိုင်ရန်အတွက် Gmail အကောင့် တခုလည်း ဖွင့်လှစ် ထားရှိသည်။

“ဆက်သွယ်ရေးကတော့ လက်ရှိလုပ်နေတဲ့ လူငယ်တွေကနေ Gmail တခု ဖွင့်ထားတယ်ဗျ။ pushingtogether.myanmar@gmail.com ဤ အီးမေး လိပ်စာသည် spambots များရန်မှ ကာကွယ် ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ ဆိုပြီးတော့။ အဲဒီ Gmail ထဲကို ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ် တဦးတယောက် ကနေ ဒီမေးလ်ထဲကို ဝင်လာမယ်။ သူတို့ အနေနဲ့ ဘာအကူအညီတွေ ပေးနိုင်မယ်၊ ဘာတွေ အကူအညီတွေ လိုတယ်ဆိုတာ ချိတ်တွဲ ဆောင်ရွက်ထားပါတယ်” ဟု ကိုမျိုးညွန့်က ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှ NLD ပါတီဝင်မဟုတ်သည့် ရှေ့နေအမျိုးသမီး တဦးကလည်း ၎င်းအနေဖြင့် ဤ ဆွေးနွေးပွဲသို့ ပထမဆုံး အကြိမ် တက်ရောက်ဖူးခြင်း ဖြစ်ပြီး၊ ပြည်သူ့ ကွန်ယက်တွင် တက်ကြွစွာ ပါဝင်သွားမည်ဟု မဇ္ဈိမကို ပြောသည်။

“တခြားနေရာတွေကတော့ မသိဘူး။ တောင်ကြီးမြို့နယ်ကတော့ ငါတို့ ဒီလိုဒီလို လုပ်ကြမယ် ဆိုတဲ့ အဖွဲ့လေးပေါ့ အယောက် ၂ဝ လောက် ရှိပါတယ်။ ကျမတို့ အလကား လိုက်ပေးနေတဲ့ အမှုတွေ အများကြီး ရှိပါတယ်။ အဲဒီကိစ္စတွေကို ဆက်ပြီးတော့ လုပ်သွားမယ်။ နောက်ထပ် ရှိရင်လည်း ကျမတို့နဲ့ ဆက်သွယ်ဖို့ပြောမယ်။ ဒါပေမယ့် ရှေ့နေဆိုတာကတော့ မကြော်ငြာရဘူးပေါ့။ တကယ် မတရား ခံနေရတဲ့ လူတွေက ကျမတို့ကို လာဆက်သွယ်ဖို့ပဲ လိုတယ်။ ဆက်သွယ်ပြီး သူတို့က ပါဝါ ပေးတဲ့ အခါကျမှ ကျမတို့က ဆက်လုပ်နိုင်မှာ” ဟု သူက ဆိုသည်။

မြန်မာပြည်တွင် အခြားလူငယ်ကွန်ယက်များ ရှိသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန် အတွက် ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူလျှင် အားလုံးချိတ်ဆက် ဆောင်ရွက် သွားမည်ဖြစ်ပြီး မိမိတို့ ကွန်ယက်အား နာမည်ပေးထားရန် မလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ခဲ့သည်ဟု ကိုမျိုးညွန့်က ပြောဆိုသည်။

ယနေ့ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်ကွန်ယက်ကိစ္စအပြင် ၂၁ ရာစု ပင်လုံ ညီလာခံ ကိစ္စလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

လူငယ်ကွန်ယက်အနေဖြင့် ဤညီလာခံအတွက်လည်း တက်ကြွစွာ ပါဝင်လှုံ့ဆော် သွားကာ၊ မကြာမီ ကာလတွင် ဒုတိယ ပင်လုံ နှီးနှော ဖလှယ်ပွဲများ ခေါ်ယူကျင်းပသွားနိုင်ရန် လူကြီးများနှင့် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကိုမျိုးညွန့် ပြောဆိုချက် အရ သိရသည်။

အင်္ဂါနေ့ တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ လူငယ် ၂ဝဝ ကျော် တက်ရောက် ခဲ့ကြသေးသည်။


Ref: မဇ္ဈိမ

Read More...

အရေးပါသည့် ဝန်ကြီးဌာနများကို စစ်ဗိုလ်ချုပ်များ ချုပ်ကိုင်မည်

မင်းနိုင်သူ
Wednesday, 09 February 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၃ ဦးကို အရပ်သား အသွင်ပြောင်း အစိုးရ အဖွဲ့တွင် အမြင့်ဆုံး အာဏာများ အပ်နှင်းခဲ့ ပြီးနောက် အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများကို ကိုင်တွယ်ရန် စစ်ဗိုလ်ချုပ်များကို ယနေ့ လွှတ်တော်တွင် အမည်စာရင်း တင်သွင်း လိုက်ပြီ ဖြစ်သည်။

“ဒီနေ့ကတော့ ၀န်ကြီးအယောက် ၃၀ ရဲ့ အမည်စာရင်းကို သမ္မတကြီးက အဆို တင်သွင်းတဲ့ အဆင့်ပါပဲ။ ဒီ အမည်စာရင်းကို လာမယ့် ၁၁ ရက်နေ့မှာ အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော် အမတ် ဦးခင်ရွှေက ပြောသည်။

အဆိုပါဝန်ကြီးနေရာ ၃၀ အနက် အရေးပါသည့် ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများ အဖြစ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် ဗိုလ်ချုပ် သိန်းဌေးတို့ကို လျာထားကြောင်း သိရသည်။

ထိုဝန်ကြီး ၃ ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာရှိ အဖွဲ့အစည်း ဖြစ်လာမည့် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကာင်စီတွင် သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးတို့နှင့် အတူ ကောင်စီ အဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။

“အခုချိန်ထိ ဘယ်ဌာနကို ဘယ်သူကိုင်မယ် ဆိုတာ မသိရသေးဘူး။ သမ္မတက အမည်စာရင်း တင်သွင်း သွားတာပဲ ရှိတယ်။ ဘယ်ဌာနနဲ့ ဘယ်သူ ဆိုတာကို တွဲပြီး ပြောမသွားဘူး။ ကျနော်တို့ ဘာမှ သေချာ မသိရသေးပါဘူး” ဟု ဒီမိုကရက်တစ် ပါတီတခုမှ အမတ်တဦးက ပြောသည်။

ယမန်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ၀န်ကြီးဌာန ၃၄ ခု ထားရှိမည် ဖြစ်ကြောင်း သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ရာ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ၀န်ကြီးဌာန ၂၅ ခုသာ ထားရှိသင့်ကြောင်း အဆိုပြုလွှာ တင်သွင်းခဲ့သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့၏ ၀န်ကြီး ဌာနများနှင့် နှိုင်းယှဉ်ပြကာ သမ္မတ၏ အဆိုပြုချက် သည်သာ သင့်မြတ် ပါကြောင်း ထောက်ခံ အဆိုပြု ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာ ၀န်ကြီးဌာန ၃၄ ခုထားရှိရေးက မဲ အပြတ်အသတ်ဖြင့် အနိုင် ရရှိသွားကြောင်း သိရသည်။

“၀န်ကြီးဌာန ၃၄ ခုထားမယ်လို့ သမ္မတက အဆိုပြုပေမယ့် ၀န်ကြီးကိုတော့ အယောက် ၃၀ ပဲ ထားမယ်လို့ သမ္မတက ဆိုတယ်။ တချို့ ၀န်ကြီးတွေက ဌာန ၂ ခု တွဲကိုင် ရတာမျိုး ရှိလာလိမ့်မယ်” ဟု လွှတ်တာ် အမတ်တဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန် ယနေ့ တင်သွင်းခဲ့သော ၀န်ကြီး ၃၀ ၏ အမည်စာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်း များစွာ ပါဝင်နေပြီး ၀န်ကြီး အားလုံးသည် ကြံ့ဖွံ့ပါတီမှ ဖြစ်သည်။

အတည်မပြုနိုင်သေးသည့် တပ်တွင်း သတင်းများအရ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ် စိုးဝင်းတို့ကို ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သမ္မတ ရွေးကောက် တင်မြှောက် အပြီး နေ့က စလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို သတင်းစာမှာ တခမ်းတနား ဖော်ပြတယ်။ သမ္မတ ဦးသိန်းစိန် ဓါတ်ပုံတောင် မတွေ့ရဘူး။ ဒီကနေ့ အထိလည်း ဗိုလ်ချုပ်မှူးကြီး ပုံကိုပဲ ဖော်ပြ နေတယ်ဆိုတော့ သူသာ နိုင်ငံရဲ့ အမြင့်ဆုံး နေရာမှာ ရှိနေဆဲပဲ ဆိုတာကို အသိပေးတဲ့ သဘောပဲ” ဟု သတင်းထောက် တဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

သမ္မတ သိန်း ၅ဝ၊ ကား ၆ စီး

ထွန်းထွန်း |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် သမ္မတလစာ ကျပ်သိန်း ၅ဝ ဟု ပါရှိသော အစိုးရ အဖွဲ့ ဝန်ထမ်းများ အတွက် လစာ နှုန်းထားများနှင့် အခြား ခံစားခွင့် ဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်ထားကြောင်း ရခိုင် ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

အဆိုပါဥပဒေများအရ နိုင်ငံတော်သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၅ဝ၊ မော်တော်ကား ၆ စီးအပြင် ဝတ်စုံစရိတ်၊ ပြည်တွင်း ပြည်ပ သွားလာစရိတ်၊ နိုင်ငံ ရပ်ခြားတွင် အခမဲ့ ဆေးကုသခွင့်များ ရရှိသည်။ ထို့ပြင် သမ္မတ အိမ်တော်နှင့် အသုံးအဆောင်များ၊ အိမ်တော် အတွက် ကုန်ကျစရိတ် ဖြစ်သည့် ရေ၊ လျှပ်စစ် ဓာတ်အား၊ ဖုန်းသုံးစွဲမှုစရိတ်၊ မော်တော်ယာဉ်တွင် သုံးစွဲမည့် စက်သုံးဆီ၊ ချောဆီ စရိတ်များပါ ရရှိသည်။

ဇန်နဝါရီ ၁ဝ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည့် ဥပဒေများမှာ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေတို့ ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် အဆိုပါ ခံစားခွင့်များအပြင် ကိုယ်ရေး အရာရှိနှင့် ကိုယ်ရံတော် အရာရှိ နှစ်ဦးစီ ရရှိမည်။ ဒုတိယ သမ္မတသည် လစာချီးမြှင့်ငွေ ကျပ်သိန်း ၄ဝ နှင့် ကိုယ်ရေး အရာရှိ တဦးပါ ရရှိမည်။

’’လစာကိစ္စက ဥပဒေထုတ်ပြီး ပြဋ္ဌာန်းပေးထားတာပဲ။ ၂၈ ရက်နေ့ ကျနော်တို့ လွှတ်တော်ရုံးကို သွားတော့ ဒီစာအုပ်ကို ပေးပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိုင်းနဲ့ ပြည်နယ်နဲ့ ဆိုင်တဲ့ လွှတ်တော်တွေ အတွက် ဖြစ်မှာပေါ့’’ ဟု ရခိုင် တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ RNDP မှ ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေများလည်း သက်ဆိုင်ရာ လွှတ်တော် အမတ်များထံ ဖြန့်ဝေခဲ့သည်။

“ ကျနော်တို့ လူပျိုပေါက်စ မီလိုက်တဲ့ ဖဆပလ ခေတ်က ငွေကြေးနဲ့ တွက်မယ်ဆိုရင် ရွှေတကျပ်သားကို (ကျပ်) ၁၈ဝ၊ ၂ဝဝ။ အဲဒီ အချိန်က လစာနဲ့ အခု ရွှေတကျပ်နဲ့ တွက်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် တွေကို ပေးတဲ့ ငွေ ၃ သိန်းတို့၊ ၂ သိန်းတို့ ဆိုတာ အဲဒီအချိန်က ငွေနဲ့ တွက်ကြည့်လိုက်ရင် အလွန်နည်းတယ်လို့ပဲ ပြောရမှာပေါ့’’ ဟု ဦးဘရှိန်က ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ အရ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု တရားသူကြီး ချုပ်မှာ ကျပ် ၃၅ သိန်း ရရှိမည် ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထာင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌများ ကျပ်သိန်း ၃ဝ ရရှိမည်။

“အစိုးရအသုံးစရိတ် သိပ်များလာပြီဆိုရင် တဖက်က ပြန်စဉ်းစားဖို့က ဘယ်ကနေ ပြန်ရှာ မလဲပေါ့။ ဆိုတော့ တိုင်းပြည်က၊ ပြည်သူ လူထု အခွန်အတုပ် ကပဲ ရှာဖို့ ရှိတဲ့ အခါကျတော့ အခွန်အတုပ် ပိုပိဖို့ ရှိတာပေါ့” ဟု ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယာင်များဆိုင်ရာ ဥပဒေ ထဲတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ကျပ်သိန်း ၃ဝ ရရှိမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၄င်းလွှတ်တော်များ၏ ဒုဥက္ကဋ္ဌများ၊ တိုင်းဒေသ သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်များ အတွက် ကျပ်သိန်း ၂ဝ နှင့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး ရာထူးများ အတွက် ကျပ် ၁ဝ သိန်းစီ ရရှိမည်ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ မြန်မာနိုင်ငံတွင် ဗဟို အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရဟူ၍ အစိုးရ နှစ်ရပ် ရှိလာမည်ဖြစ်သည်။ ယင်းအပြင် ဝန်ကြီးဌာန ဝန်ထမ်းများလည်း များလာဖွယ် ရှိသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေအရ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃ဝ နှင့် ကောင်စီ ဝင်များသည် ကျပ်သိန်း ၂ဝ စီ ရရှိမည် ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဥက္ကဋ္ဌများမှာ ကျပ်သိန်း ၂ဝ စီနှင့် အလုပ် အမှုဆောင် ကော်မတီ ဝင်များမှာ ကျပ် ၁ဝ သိန်း စီ ရရှိမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ အရ လွှတ်တော်ကြီး နှစ်ရပ်ရှိ ရွေးကောက်ခံနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အတွက် လစဉ် ချီးမြှင့်ငွေ ကျပ် ၃ သိန်း ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ ဦးစီး အဖွဲ့ဝင်များ အတွက် ကျပ် ၂ သိန်းစီနှင့် ဖြည့်စွက် ဦးစီး အဖွဲ့ဝင်များအတွက် ကျပ် ၁ သိန်းစီ ဖြစ်သည်။

“ကျနော်တို့ဆီမှာ ချမ်းသာတဲ့လူတွေက အခွန်ဘယ်လောက် ပေးသလဲ ဆိုတာ မသိရဘူး။ ဥပမာ ဆိုပါစို့… ဦးတေဇတို့၊ ဇေကမ္ဘာ ဦးခင်ရွှေတို့က အခွန် ဘယ်လောက် ပေးသလဲ ဆိုတာ ကျနော်တို့ မသိရဘူးပေါ့ဗျာ။ အဲဒီတော့ ချမ်းသာတဲ့ သူတွေက အခွန် လုံးဝ မပေးတာလဲ ဖြစ်နိုင်တယ်။ ဆင်းရဲတဲ့ သူတွေကို အခွန် တိုးကောက်တဲ့ စနစ်မျိုး ဖြစ်နိုင်တယ်ဗျ။ ဆိုတော့ အဲဒီဟာမျိုး အနေအထားမှာ ဆိုရင်တော့ မကောင်းဘူးဗျ” ဦးအောင်သူငြိမ်းက ပြောသည်။


Ref: မဇ္ဈိမ

Read More...

မြဝတီ ဗုံးကွဲ နှစ်ဦးသေပြန်

ကိုဝိုင်း |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေး တံတားထိပ် အနီး ထမင်းဆိုင် တခုတွင် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ ကျော်ခန့်က ဗုံးပေါက်ကွဲရာ လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကူးသော တံတားအနီးရှိ ရွှေတံတား တည်းခိုခန်းနှင့် ကပ်လျက် 7 Star ထမင်းဆိုင် အတွင်း ပေါက်ကွဲကာ အသက် ဆယ်နှစ်ကျော် မိန်းကလေး တဦးနှင့် ယောက်ျားလေး တဦး သေဆုံးသွားသည်ဟု အခင်း ဖြစ်ပွားရာ အနီး နေသူက ပြောသည်။

“ချိန်ကိုက်မိုင်း ပေါက်တယ်လေ။ အထုပ်ကနေ ပေါက်တာ။ ... ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင် တွဲရက်၊ အဲဒီဆိုင်မှာ လာထား သွားတာ အထုပ် ပေါက်တာ” ဟု သူက ပြောသည်။

အနည်းဆုံး ဒဏ်ရာရသူ နှစ်ဦး မြဝတီ ဆေးရုံတွင် ကုသနေရပြီး ဒဏ်ရာ ပြင်းထန်သည်ဟု သူက ဆက်ပြောသည်။

“ဘုန်းကနဲဆို အသံကြားတော့ ကျနော်တို့လဲ ထွက်ကြည့်တာ 7 Star ဆိုင်ထဲမှာ ဗုံးပေါက်တာ ဖြစ်နေတယ်။ လူတွေ ဝိုင်းအုံ ကြည့်နေတုန်း ရဲတွေ ရောက်လာပြီး လူစု ခွဲလိုက်တယ်။ ကြည့်ခွင့်လဲ မပေးတော့ဘူး" ဟု အခြား မျက်မြင် သက်သေ တဦးက ပြောသည်။

ဒဏ်ရာရသူ ၅ ဦးအထိ ရှိသည်ဟု သူက ပြောသည်။

အခင်းဖြစ်ပွားပြီးချင်း နယ်ခြားစောင့်တပ်က ၅ ချက်ခန့် သေနတ် မိုးပေါ် ထောင်ဖောက်ကာ လူစု ခွဲသဖြင့် အထိတ်တလန့် ဖြစ်သွား ကြသည်။

နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်ပြီး စစ်အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား သွားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ဝင်များ မြဝတီအနီး လှုပ်ရှားနေသလို မကြာသေးခင်က မြို့တွင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ခြင်းကြောင့် စိုးရိမ် နေကြသည်။

တံတားအနီး စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ ငွေလဲဆိုင်များ တံခါးစောစီးစွာ ပိတ်သိမ်း ကုန်တော့သည်။

နိုဝင်ဘာ ၈ ရက်က မြို့သိမ်းရန် ကြိုးစားသော ဒီကေဘီအေ တပ်ဖွဲ့ အချို့နှင့် စစ်အစိုးရ တပ်များ မြို့တွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ အမာခံ နေရာဟောင်းနှင့် နယ်စပ် ကုန်သွယ်ရေး အချက်အခြာ တခုဖြစ်သော မြဝတီတွင် ဗုံးကွဲမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။

သြဂုတ်လ ၆ ရက် ဗုံးပေါက်ကွဲမှုတွင်လည်း လူနှစ်ဦးသေဆုံး ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

တိုးချဲ့စစ်တိုင်းသစ် ယာယီရဲစခန်း လျှပ်တပြတ် ပစ်ခတ် ခံရ

Tuesday, 08 February 2011

စစ်တိုင်းရုံးသစ် တိုးချဲ့ တည်ဆောက်ရာ ကာလိမြို့နယ်ခွဲ ယာယီ ရဲစခန်းကို အမည်မသိ ဆိုင်ကယ်စီး သေနတ်သမား လျှပ်တပြတ် ဝင်ရောက်ပစ် ခတ် တိုက်ခိုက်မှုကြောင့် နအဖ ရဲတပ်ဖွဲ့ ၃ ဦးထက်မနဲ ဒဏ်ရာရသွားကြောင်း စုံစမ်း သိရရှိရသည်။

ဘယ်အဖွဲ့လဲတော့ မသိဘူး။ ဒါပေမယ့် လူထု အများစုကတော့ တောင်ပိုင်း သျှမ်းတပ်ဖွဲ့လို့ ထင်ကြေးပေးတယ်။ ဘာလို့လဲဆို တော့ နအဖက စစ်တိုင်းရုံးသစ်ကို တောင်ပိုင်း သျှမ်းတပ်ဖွဲ့က ကြိုကြား နှောက်ယှက် ဖျက်ဆီးနေတယ်။ တိုင်းရုံးသစ် လာတဲ့ စစ် ယာဉ်တန်း တွေကို ခဏခဏ စောင့်ပစ်တာလဲ ရှိတယ် ” ဟု ရွာသူကြီးနှင့် အမျိုးတော်သူက ပြောပြသည်။

နအဖ ယာယီရဲစခန်းအား လျှပ်တပြတ် ဝင်ရောက် ပစ်ခတ်မှုမှ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး ရဲတပ်ဖွဲ့ဘက်မှ ၃ ဦးထက် မနဲ ဒဏ်ရာရကြောင်း ၎င်းက ပြောပြသည်။ “ဆိုင်ကယ်စီး ဝင်ပစ်သူက တယောက်ထဲတဲ့။ ဘာမှ မမြင်ရတဲ့ ညမှောင်စ ဆိုတော့ သူ့မှာ အဖွဲ့နဲ့ ပစ်တာ ဖြစ်နိုင်တယ်။ ရဲတွေကလဲ မှန်းတမ်းပြီး ပြန်ပစ်တာ ရွာသားတွေရဲ့ အိမ်ခေါင်မိုးတွေရော၊ ခြံဝင်း အုတ်နံရံတွေကိုရော ထိကုန်တယ်။ ရွာသားတွေကိုတော့ မထိ မိဘူး။ သူတို့ အချင်းချင်းတော့ ပစ်ထိမိမယ် ထင်တာဘဲ” ဟုဆို၏။ ၇ ရက်နေ့ မနက်ပိုင်းတွင်မူ ကွန်ဟိန်းမှ ဗျူဟာမှုး ကိုယ်တိုင် ကာလိသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ထပ် မဖြစ် စေရန်(မကြာသေးခင်က) ပြည်သူအသွင် ပြောင်းလိုက်သော လွယ်ဖာဌာနေ ပြည်သူ့စစ်အမှတ် ၃ အား လုံခြုံရေး ယူခိုင်းကြောင်း ပြောသည်ဟုလည်း သိရသည်။

၆ ရက်နေ့ ည ရ နာရီခန့်က ဝင်ရောက် ပစ်ခတ်မှုမှာ နအဖ အာဏာပိုင်တို့ မြို့အဝင်အထွက် ဂိတ်ချ ပိုက်ဆံ ကောက်နေမှုကို အလို မရှိသောကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ကာလိ၌ စစ်တိုင်းရုံး တိုးချဲ့မှုကို ဆန့်ကျင်လိုသော တောင်ပိုင်း သျှမ်းတပ်ဖွဲ့၏ လက်ချက်လည်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံ အများစုက ယုံကြည်ကြကြောင်း၊ လွန်ခဲ့သော ၄-၅ နှစ်ခန့် ကလည်း ကာလိ အုပ်စု နအဖ စခန်းအား လူတစုက ထိုကဲ့သို့ ဝင်ရောက် ပစ်ခတ်ခဲ့ဖူး ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယခုလ ၄ ရက်နေ့ တောင်ကြီး-သာစည် ကားလမ်းအကြား ကလောနှင့် ယင်းမာပင်ကြား (တောင်ကြီးသို့ တက်သွားမည့်) သံချပ်ကာ ကား အစီးရေ ၂၀ ခန့် တွေ့ရကြောင်း တစီးလျှင် စစ်သား ၄-၅ ဦးထက်မနဲ လိုက်ပါ စီးနင်းကြောင်း ရန်ကုန်-တောင်ကြီးခရီး သွား တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။


Ref: သျှမ်းသံတော်ဆင့်

Read More...

အမှန်တရားအတွက် အကြောက်တရားခဝါချထားရန် ဒေါ်အောင်ဆန်းစုကြည် ပြော

မင်းနိုင်သူ
Wednesday, 09 February 2011

အမှန်တရားအတွက် ဆောင်ရွက်ရာတွင် အကြောက်တရားကို ခ၀ါ ချထားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောဆို လိုက်သည်။

ယနေ့ တွေ့ဆုံပွဲအတွက် အကူအညီပေးခဲ့သော NLD လူငယ်တာဝန်ခံ ကိုမျိုးညွှန့်က “ပြည်နယ်နဲ့ တိုင်းက ဒီပွဲကို တက်ဖို့ လာကြတဲ့ လူငယ်တွေဟာ စရဖ၊ သတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ရဲ့ စောင့်ကြည့်ခြင်းတွေ ခံခဲ့ရတဲ့ အကြောင်း၊ တချို့လည်း ကြောက်လို့ လှည့်ပြန် သွားတာမျိုးတွေ ရှိကြောင်း လူငယ်တွေက ပြောပြကြလို့ ကျနော်တို့ ခေါင်းဆောင်က အကြောက်တရားနဲ့ ပတ်သက်ပြီး ရှင်းပြ သွားတာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်ကို ပထမ တွေ့ဆုံခဲ့သည်။

ယခု တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD ပါတီဝင် မဟုတ်သည့် လူငယ်များနှင့် ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံခြင်း ဖြစ်သည်။

“လူငယ်ကွန်ယက် ဖွဲ့ကြဖို့ကို အဓိကထား ဆွေးနွေး ကြတာပါ။ လူငယ်တွေဘက်က ပညာရေး စနစ် နိမ့်ကျ နေတာကိုလည်း အဓိကထား ဆွေးနွေးပါတယ်။ မနေ့က တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ် ၃၀၀ လောက် တက်ပြီး ဒီကနေ့ ၂၀၀ ကျော် တက်ပါတယ်” ဟု ကိုမျိုးညွှန့်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့် အပြင်၂၀၀၈ ဖွဲ့စည်းပုံ ကိုလည်း လက်မခံနိုင်ဟု ဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုကို တရားဝင် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူး အယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထားသည်။

NLD ပါတီ ရပ်တည်ခွင့်နှင့်စပ်လျဉ်းကာ လူငယ်တချို့က မေးမြန်းခဲ့ကြပြီး တရားဥပဒေ လမ်းကြောင်း အရ ဆောင်ရွက်နေမှု များကို ပါတီ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာတပ်များဟန့်တားတိုက်ခိုက်ခံရ ပြီးနောက် KIA နယ်မြေ အနီးမှ ဆုတ်ခွာ

Tuesday, 08 February 2011

မြန်မာစစ်အစိုးရတပ်များ တနင်္လာနေ့က ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ ဟန့်တား တိုက်ခိုက် ခံရပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားရာ ဒေသ အနီးသို့ ပို့ထားသည့် ၎င်း၏ စစ်ကူများ ယခု ပြန်ဆုတ်နေကြောင်း သိရသည်။

ယင်းတပ်များသည် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ အင်မောက် (မိုးမောက်) နယ်မြေခံ တပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေ (မန်စီ) နယ်မြေခံ တပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်း နယ်မြေခံ တပ်ရင်း ခလရ(၁၅) နှင့် မြစ်ကြီးနား နယ်မြေခံ တပ်ရင်း ခလရ (၂၁) တို့ ဖြစ်ကြောင်း KIA က ဆိုသည်။

KIA ဌါနချုပ်သို့ ခွင့်တောင်းခြင်း မရှိဘဲ KIA တပ်ရင်း ၂၇ ထိန်းချုပ် နယ်မြေ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်ဝိန်း မြို့နယ်အတွင်း ပုန်းလိန်- ဒိန်ခရူ ဒေသသို့ ဖောဝီးလ်ကားတစ်စင်းဖြင့် ချဉ်းနင်း ၀င်ရောက်လာသော ခလရ (၁၅)မှ တပ်ဖွဲ့အား KIA စစ်သားများမှ စတင် ဟန့်တား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကို ဗိုလ်မှူး ယော်ထုန် ဦးဆောင်သော KIA တပ်ရင်း ၂၇ မှ တပ်သားများ နှင့် ဌာနေ အရပ်သား ကာကွယ်ရေး တပ်သားများ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု KIA အရာရှိများ ဆိုသည်။

ပစ်ခတ်မှုကြောင့် မြန်မာဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး အပါအ၀င် ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။ တပ်ရင်းမှူး ယဉ်ထွေးအား နမ့်ခမ်း ဆေးရုံမှ တရုတ်ပြည်နယ်စပ် ရွှေလီ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်စဉ် လမ်းတွင် သေဆုံး သွားကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် စစ်ဆေးဆရာဝန်၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရသည်။ ယခုချိန် စစ်သား ၅ ဦးကလည်း မူဆယ် ဆေးရုံတွင် ဆေးဝါး ကုသနေကြောင်း သိရသည်။

တိုက်ခိုက်ချိန်အတွင်း KIA ဘက်မှ ကျဆုံးခြင်း မရှိသော်လည်း အခင်းဖြစ်ပွါးပြီး ညနေပိုင်း ၄ နာရီခန့်တွင် မိုင်း မတော်တဆ ပေါက်ကွဲမှု တစ်ခုတွင် အရပ်သား ကာကွယ်ရေး တပ်သားတစ်ဦး သေဆုံးသွားကြောင်း KIA က အတည်ပြု ပြောပါသည်။

မြစ်ကြီးနားအခြေစိုက် မပခတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က “KIA နယ်မြေထဲ မြန်မာ စစ်တပ် ၀င်ရောက်ရန် ညွှန်ကြားခြင်း မရှိကြောင်းနှင့် ဒုဗိုလ်မှူးကြီး ယဉ်ထွေး ဦးစီးသော တပ်များသည် အထက်က ညွှန်ကြားခြင်း မရှိဘဲ KIA နယ်မြေထဲ ၀င်ရောက်ခြင်းသာ ဖြစ်ကြောင်း” ကို KIA သို့ ရှင်းလင်းခဲ့ကြောင်း KIA အရာရှိများက ထိုင်းအခြေစိုက် ကချင် သတင်းဌာနသို့ ပြောပါသည်။

KIA ဗဟိုကော်မတီဝင်တစ်ဦးက ၎င်းတို့လိုင်ဇာဌာချုပ်သို့ “ခွင့်တောင်းခြင်း” မရှိဘဲ မြန်မာ စစ်သားများ နယ်ကျော် ၀င်ရောက် လာသဖြင့် ယခုလို စတင် ပစ်ခတ် ဟန့်တား ခဲ့ရသည်ဟု ကချင် သတင်းဌာနသို့ ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့်နှစ် KIA နှင့် မြန်မာစစ်အစိုးရကြား စစ်ရေး၊ နိုင်ငံရေး တင်းမာ လာချိန်မှစ၍ “ဒိုင်လောန်ရုန်း” ခေါ် KIA စစ်ဌာနချုပ်က ကချင် ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ ၎င်းတို့ တပ်ဖွဲ့ဝင် အားလုံးကို KIA နယ်မြေထဲ ထိုးဖောက် ၀င်ရောက်လာသော မြန်မာ စစ်သားများအား ဟန့်တား ပစ်ခတ်ရန် “ပစ်မိန့်” ပေးထားသည်။

၁၇ နှစ်ကြာအပစ်အခတ်ရပ်ဆိုင်းကာလအတွင်း မြန်မာစစ်တပ်က KIA စစ်သား အနည်းဆုံး ၁၆ ဦး ကို သတ်ဖြတ်ခဲ့သည်။ သို့သော် KIA ဘက်မှ မြန်မာ စစ်တပ်အား တုန့်ပြန် တိုက်ခိုက်ခြင်းကို ယခုချိန်တွင် စတင် ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

၂၀၁၀ စက်တင်ဘာ ၁ တွင် မြန်မာ စစ်အစိုးရနှင့် KIO ကြား ၁၉၉၄ အပစ် အခတ် ရပ်ဆိုင်း စာချုပ်ကို စစ်အစိုးရ ဘက်မှ စတင် ဖျက်ဆီးခဲ့သည်။


Ref: KNG News

Read More...

Wednesday, February 9, 2011

ဖိနှိပ်မှုများ ရှိနေလျှင် ပိတ်ဆို့အရေးယူမှု ဆက်ရှိသင့်

သန်းထိုက်ဦး
Tuesday, 08 February 2011

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်မှ သာလျှင် အမေရိကန် နိုင်ငံနှင့် အနောက် နိုင်ငံများက စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးမှုကို ဖယ်ရှားရန် စဉ်းစားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ပြန်ကာ ယနေ့ တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမား အခွင့်အရေးတွေကို ဥပဒေနဲ့ အညီ ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ အလုပ် ရရှိမှုတွေ၊ ပေါ်လာမယ့် ရင်နှီး မြှုပ်နှံမှုတွေ ဆိုလို့ရှိရင်တော့ စဉ်စားပြီးတော့ လက်ခံသင့်တယ်” ဟု NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန် က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ပြည်သူများအပေါ် ဖိနှိပ်မှုများ ဖယ်ရှားနိုင်မှ သာလျှင် စီးပွားရေး ပိတ်ဆို့ မှုများကို ရုပ်သိမ်းနိုင်ရန် စဉ်းစား နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး သည်လည်း အဓိက ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

နိုင်ငံရေးသမား အများစုကမူ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း မြန်မာ နိုင်ငံတွင် စွမ်းအင် ကဏ္ဍများ၌ အကြီးအကျယ် ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပိုမို နီးစပ်သွားကြောင်း သုံးသပ်ကြသည်။

မြန်မာ့အရေးလေ့လာသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများ အကြားတွင် စီးပွားရေး ပိတ်ဆို့မှုများ၏ ထိရောက်မှုနှင့် ရုပ်သိမ်းရေး အတွက် အငြင်းပွား နေကြဆဲ ဖြစ်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့၌ အရှေ့တောင် အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရ အပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အချိန် စောသေးကြောင်း၊ စစ်အစိုးရ အနေဖြင့် NLD ပါတီကို တရားဝင်ပါတီ အဖြစ် အသိမှတ်ပြုရန် အမေရိကန် အစိုးရက ဆက်လက် ဖိအား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်အစိုးရ၏ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမေရိကန် အစိုးရက စိတ်ပျက် ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုကြောင်း၊ အိုဘားမား အစိုးရနှင့် စစ်အစိုးရ အကြား ထားရှိသည့် တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး မူဝါဒသည်လည်း အပြောင်းအလဲကို ဖော်ဆောင် ပေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ် မေလအတွင်း၌ မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင်လည်း တကြိမ် လာရောက်ခဲ့ကာ နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။

စစ်အစိုးရကို ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂက ၁၉၉၆ ခုနှစ်တွင် စီးပွားရေး ပိတ်ဆို့မှု စတင်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နှစ်စဉ် ဧပြီလတွင် သက်တမ်း တိုးသည်။

ထို့အပြင် အမေရိကန်အစိုးရက ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရအား ရင်းနှီးမြှုပ်နှံမှုများ အသစ် မလုပ်ရန် တားမြစ် ထားပြီး ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်း ကာ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများ မဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်း ခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန် နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်း အဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာ ပိတ်ဆို့ခြင်း၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်း စသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရနှင့် အပေါင်းအပါ များအား ဥရောပ နိုင်ငံများသို့ ဝင်ခွင့် ပိတ်ပင်ခြင်း၊ ဥရောပ နိုင်ငံများတွင် အခြေချ နေထိုင်ခြင်း၊ စစ်အစိုးရ၏ မိသားစုဝင်များ၊ နီးစပ်သူများကိုပါ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု များ ပြုလုပ်ခဲ့သည်။


Ref: ဧရာဝတီ်

Read More...

အခွန်ရှောင်သူ ထောင်ချတော့မည်

Tuesday, 08 February 2011

နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေနှင့် နည်းဥပဒေသစ် တချို့ ထွက်ရန်ရှိပြီး အဆိုပါ ဥပဒေများတွင် အခွန် ရှောင်တိမ်းမှုများ အတွက် ပြစ်မှုကြောင်း အရ တရားစွဲ ထောင်ချ အရေး ယူနိုင်သော အချက်များ ပါဝင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒီမိုကရေစီနိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း အခွန်ဆောင်ရန် တာဝန်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်စဉ်က ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန် အပါအ၀င် အခွန်ကိစ္စ အများစုကို တင်းကျပ်မှု မရှိဘဲ အပြုသဘောနှင့်သာ ဆောင်ရွက် ခဲ့သော်လည်း ယခု ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာချိန်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေများ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

“၀န်ကြီးချုပ် (ယခု သမ္မတ ဦးသိန်းစိန်) က အခွန်ကိစ္စတွေမှာ မှန်မှန် ကန်ကန်နဲ့ တင်းတင်း ကျပ်ကျပ်လုပ်ဖို့ မှာထားတယ်။ လိုအပ်တဲ့ ဥပဒေတွေ ကိုလည်း ပြင်ဆင်ဖို့၊ နိုင်ငံတကာပုံစံ အတိုင်း အခွန်အတုပ်တွေ ကောက်ခံနိုင်ဖို့ လမ်းညွှန်ထားတယ်။ ရှိရင်းစွဲအခွန် ဥပဒေတွေကို ထပ်ဖြည့်ပြီး ပြင်ဆင်တာ ထုတ်ပြန်တာမျိုး ဆိုတော့ အသစ်ပုံစံ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အခွန်ရှောင်ရင် ဒဏ်ရိုက်တာ၊ ပြစ်မှုကြောင်းအရ တရားစွဲဆို ထောင်ချတာတွေ အထိ ပါလာမယ်” ဟု အခွန်အရာရှိက ဆိုသည်။

ဥပဒေဖြင့် တင်းကျပ်မည့် အခွန်များတွင် ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ ပင်းရင်းမှ နုတ်ယူ ပေးသွင်းသည့် အခွန်၊ အမြတ်ခွန်များ ပါဝင်ကြောင်း သိရသည်။

“ပင်ရင်းနုတ်ယူ ပေးသွင်းခွန် (Withholding Tax) ကတော့ ဒီနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ကတည်းက စပြောင်းပြီး ကျင့်သုံးတာ အောင်မြင်နေပြီ။ သွင်းကုန် သွင်းမယ့်သူတိုင်း ပင်ရင်းနုတ်ယူ ပေးသွင်းခွန် ဆောင်မှ အစိုးရ ဘဏ်ကနေ ပြည်ပကို
ငွေလွှဲ လက်မှတ် (Letter of Credit) ထုတ်ပေးတော့ သွင်းကုန် သမားတိုင်း အခွန် ဆောင်နေတယ်” ဟု ရန်ကုန်တိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အရာထမ်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လစာဝင်ငွေနှင့် စီးပွားရေးလုပ်ငန်း၊ အသက် မွေးဝမ်းကြောင်းမှု လုပ်ငန်းများ အပါအ၀င် ၀င်ငွေရလမ်း မဖော်ပြနိုင်သော ၀င်ငွေကျပ် ၃၀၀၀၀ အထက် ရရှိသူတိုင်း ၀င်ငွေခွန် ဆောင်ရမည်ဟု တရားဝင် ပြဋ္ဌာန်း ထားသော်လည်း ၀င်ငွေခွန် ဆောင်သူ မရှိသလောက် နည်းပါးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ သိရသည်။

“၂၀၀၆ ခုနှစ် ဧပြီ ၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်း အဝေးမှာ ၀င်ငွေခွန်နဲ့ ပတ်သက်လို့ အခွန်ကောက် ခံရမယ့် နှုန်းတွေကို တရားဝင် အမိန့် ထုတ်ထားတယ်။ အဲဒီအတိုင်း မပြောင်းလဲဘဲ ကောက်ခံ သွားမယ်လို့ သိရပါတယ်” ဟု ပြည်တွင်းအခွန် အရာရှိက ပြောသည်။

ဥပဒေအရ လစာဝင်ငွေ ကျပ် ၃၀၀၀၀ နှင့် ၅၀၀၀၀ အကြား ရရှိသူတိုင်း အခွန် ၁၂ ရာခိုင်နှုန်း၊ ၀င်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ရရှိသူတိုင်း ၁၅ ရာခိုင်နှုန်း၊ ၇၀၀၀၀ မှ ၉၀၀၀၀ ကြားရရှိသူတိုင်း ၁၆ ရာခိုင်နှုန်း၊ ၉၀၀၀၀ မှ ၁၁၀၀၀၀ ရရှိသူတိုင်း ၁၇ ရာခိုင်နှုန်း၊ ၁၁၀၀၀၀ မှ ၁၅၀၀၀၀ အကြားရရှိသူတိုင်း ၁၈ ရာခိုင်နှုန်း၊ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အကြား ရရှိသူတိုင်း ၁၉ ရာခိုင်နှုန်း စသည့်ဖြင့် ရရှိသော ၀င်ငွေပေါ်မူတည် ကောက်ခံမည်ဖြစ်ပြီး လစာ ၅၀၀၀၀၀ ကျော်လျှင် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

အသက်မွေး ၀မ်းကျောင်းပညာ လုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းနှင့် ၀င်ငွေရလမ်း မဖော်ပြနိုင်သည့် ၀င်ငွေနှင့် တခြား ရလမ်းမှ ၀င်ငွေများသည် ကျပ် ၃၀၀၀၀ ထက်ကျော်ပါက အနည်းဆုံး အခွန် ၁၄ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်ပြီး ၀င်ငွေ သိန်း ၂၀ ကျော်လျှင် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “အခွန်ဆောင်တာက အစိုးရ ၀န်ထမ်းတွေ အိတ်ထဲ ငွေရောက်တာပဲ ဆိုတဲ့ အသိက လူတွေဆီမှာ ရှိနေတယ်။ အဲဒီလို ရှိနေ လောက်အောာင်လည်း ဗိုလ်ချုပ်တွေ၊ ရာထူးကြီးတဲ့ အစိုးရ အရာရှိတွေက ထားစရာ မရှိအောင် ချမ်းသာနေတယ်။ တကယ်လို့သာ အခွန်မဆောင်လို့ ထောင်ချတဲ့ အထိ လုပ်မယ်ဆိုရင် အခွန်ဝန်ထမ်းတွေ ပိုပြီး
လာဘ်ပေး လာဘ်ယူ လုပ်လာမယ်” ဟု ပြောသည်။

အစိုးရသည် ဓာတ်ငွေ့၊ ရေနံနှင့် သဘာဝ သယံဇာတ ရောင်းချမှုတို့မှ ရရှိသော ၀င်ငွေနှင့် အခွန်များကို စစ်တပ် ကြီးထွားရေး တွင်သာ အဓိက သုံးနေသည့် အတွက် ပြည်သူ့ ကျန်းမာရေးနှင့် ပညာရေးပိုင်း ဆိုင်ရာကိစ္စများတွင် နိမ့်ကျ နေသည်ဟု သတင်းစာ ဆရာ တဦးက ပြောသည်။

“ပြည်သူ အတွက် ဘာမှ လုပ်မပေးဘဲနဲ့တော့ ဘယ်သူကမှ အခွန်ဆောင်မှာ မဟုတ်ဘူး။ ရတဲ့ ပိုက်ဆံ စစ်တပ် အတွက်ပဲ အဓိက သုံးနေတယ်။ ဘယ်လိုလူမျိုးက အခွန်ဆောင်ချင်မလဲ။ အခွန်ဆောင်ချင်စိတ် ရှိအောင်လည်း အစိုးရက လုပ်ပြရမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ရှိသော်လည်း ၁. ၀၉ ရာခိုင်နှုန်းကသာ အခွန် ဆောင်သည်ဟု အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် အမတ် တဦးဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဟောင်း ဦးလှထွန်းသည် သမ္မတဦးသိန်းစိန် ဖွဲ့စည်းမည့် အစိုးရတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး အဖြစ် ပြန်လည်ခန့်အပ် ခံရမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရ ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

Ref: ဧရာဝတီ်

Read More...

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် ဥပဒေ အချို့

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁

ပြည်ထောင်စု ရှေ့နေချုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများကို ခန့်အပ် နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး အဖြစ် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ထမ်းဆောင် ခဲ့သူ၊ သို့မဟုတ် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂ဝ အမှုလိုက်ခဲ့သူ၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း ရှိသူဟု သမ္မတက ယူဆသူဖြစ်ရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဥပဒေချုပ် တို့ဖြင့် ဖွဲ့စည်းသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉ နှင့် ၂ဝ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ တရားလွှတ်တော် တရားသူကြီးများနှင့် ဥပဒေ (ဘာလဲ) ချုပ်များ၊ စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများကို သမ္မတက ခန့်အပ်နိုင်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ ဝန်ကြီးချုပ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးများကို ခန့်အပ် နိုင်ကြောင်းလည်း တွေ့ရသည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်မည့် ဝန်ကြီးများကိုမူ ကာကွယ်ရေး ဦးစီးချုပ်က ပေးသည့် တပ်မတော်သားများ ကိုသာ ခန့်ရမည် ဖြစ်သည်။

သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၂။ ။ အရ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့် ရှိသည်။ အမိန့်ကို ပြန်ရုပ်သိမ်းခြင်း မရှိလျှင် ရက်ပေါင်း ၆ဝ အတွင်း အနီးဆုံး ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အတည်ပြုချက် ယူရမည်။ ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မရှိလျှင် ပြည်ထောင်စု လွှတ်တော် အထူး အစည်းအဝေး ခေါ်၍ အတည်ပြုချက် ယူရမည်။

သမ္မတက အရေးပေါ်အခြေအနေ ကြေညာခြင်း

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၅။ ။ အခြေအနေ ၃ ရပ်ကို အခြေခံ၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ဖြင့် အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော် အာဏာကို အကြမ်းဖက်မှုဖြင့် ရယူရန် ဆောင်ရွက်၊ ကြိုးစားခြင်းကြောင့် ပြည်ထောင်စုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် အခြေအနေ ရှိသည်ဟု ယူဆပါကလည်း ကြေညာမည် ဖြစ်သည်။

ပုဒ်မ ၈၇ အရ တပ်မတော်၏ အကူအညီကို ရယူနိုင်ပြီး စစ်အုပ်ချုပ်ရေး အမိန့် တရပ်လည်း ထုတ်ပြန်နိုင်သည်။ ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ဆိုင်ရာ လုပ်ပိုင် ခွင့်များကို သတ်မှတ် ပေးနိုင်သည်။
 

ပုဒ်မ ၈၅ ပုဒ်ခွဲ ခ အရ ပြည်သူများ၏ အသက်စည်းစိမ်ကို ထိပါး နိုင်မည့် အခြေအနေ ရှိသည်ဟု ယူဆပါက ပုဒ်မ ၉ဝ အရ နိုင်ငံ တဝန်းလုံးသို့ အမိန့် ထုတ်ပြန်သည့် နေ့ရက်မှ တနှစ်အထိ အရေးပေါ် အခြေ အနေ အဖြစ် ကြေညာမည်ဖြစ်သည်။ ယင်းဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်လက်သို့ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ လွှဲအပ်သည့်နေ့မှ စ၍ သမ္မတနှင့် ဒုသမ္မတများမှ အပ သက်ဆိုင်ရာ လွှတ်တော် များ၏ သဘော တူညီချက်ဖြင့် တာဝန် ပေးထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ဒေသ ဦးစီး အဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်။

လွှတ်တော်၏ အတည်ပြုချက်ယူရန် မလိုပဲ သမ္မတက တိုက်ရိုက် ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့အရ အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ စာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများ ကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ်ဆိပ်ကမ်း တည်ဆောက် ရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှု ပိတ်ပင်ရေး၊ နိုင်ငံတော်အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး ဆိုင်ရာကိစ္စ၊ သဘာဝ စွမ်းအင် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး စသည်တို့ ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

အစိုးရဝန်ကြီးများ၏ လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူမည်

နရီလင်းလက်
Tuesday, 08 February 2011

မြို့ပြ လုံခြုံရေးနှင့် အစိုးရ ၀န်ကြီးများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောင်းလဲ တာဝန် ယူသွားမည်ဟု သိရသည်။

အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံ အသစ်ဖြင့် ပြောင်းလဲရန် စီစဉ်ထားသည့် အတိုင်း ယခင် တပ်မတော်က တာဝန် ယူထားသည့် လုံခြုံရေး တာဝန်များကို လျှော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဓိက တာဝန်ယူ ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိ တဦးက အတည်ပြု ပြောဆိုလိုက်သည်။

“၀န်ကြီးတွေ အားလုံးရဲ့ လုံခြုံရေးအစီအစဉ်ကို ပြောင်းလိုက်တာပါ။ စစ်တပ် ဆိုတာကို မြင်ကွင်း ထဲကနေ အကုန် ဖျောက်ချင် တော့ ရဲတပ်ဖွဲ့ကို တာဝန် ပေးလိုက်တဲ့ သဘောမျိုးပဲ” ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

နိုင်ငံတော် အဆင့်မြင့် ခေါင်းဆောင်များ၏ လုံခြုံရေးတာဝန်များ ပေးနိုင်ရန် လုံခြုံရေး အရာရှိ၊ ကိုယ်ရေး အရာရှိ များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရွေးချယ်၍ စာရင်း တင်ထားရသည်ဟုလည်း သူက ဆိုသည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အခန်း ကဏ္ဍသည် ပိုမို ကျယ်ပြန့် ကြီးမား လာမည်ဖြစ်ပြီး အင်အား တောင့်တင်းသည့် ဖြိုခွင်းရေး အဖွဲ့အစည်းတခု နေရာသို့ ယူလာနိုင်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက ပြောသည်။

လွှတ်တော်စတင်ခေါ်ယူသည့် နေ့ကလည်း ရန်ကုန်နှင့် နေပြည်တော်တို့တွင် လုံခြုံရေး တာဝန်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် တာဝန် ယူခဲ့သည်ဟု သိရသည်။

ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီး အလိုက် ရဲချုပ်များ အဖြစ် ထားရှိ သွားမည်ဖြစ်ပြီး လက်ရှိ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြည်ထောင်စု ရဲချုပ်ကြီး အဖြစ် တာဝန် ယူသွားရန် ရှိသည်ဟု နေပြည်တော် အသိုင်းအ၀န်း တွင် ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝ လျှော့ချ သွားမည့် အာဏာပိုင်များ၏ အစီအစဉ်အတိုင်း စတင် အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ တဦးက ပြောသည်။

“စစ်တပ်ဘက်က တချို့ လူတွေကို ရဲတပ်ဖွဲ့ထဲ ပြောင်းထည့်တာ ရှိသလို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနေ အရာရှိ အနေနဲ့ ထပ်ခေါ် နေတာတွေလည်း ရှိတယ်။ အောက်ခြေကို အင်အား ထပ်ဖြည့်နေတယ်” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

ပြုပြင်ပြောင်းလဲရေး ကမ်းလှမ်းပေမဲ့ အီဂျစ် ဆန္ဒပြမှု အားကောင်းဆဲ

အင်္ဂါ, 08 ဖေဖော်ဝါရီ 2011

အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ကော်မတီတွေကို ဖွဲ့စည်းမယ်လို့ ဆုံးဖြတ် လိုက်ပေမဲ့လည်း အီဂျစ်မြို့တော် ကိုင်ရိုက တဟီရီ ရင်ပြင်မှာတော့ သမ္မတ မူဘာရက်ခ် ချက်ချင်း ရာထူးက နှုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြ နေသူတွေကတော့ ထောင်နဲ့ သောင်းနဲ့ ချီပြီး အင်အား ကောင်းကောင်းနဲ့ မနေ့က ရှိနေခဲ့ပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့လည်း ဆန္ဒပြလာကြတာ ၁၅ ရက် ရှိလာပါပြီ။

သမ္မတ မူဘာရက်ခ်က နောက်တကြိမ် သမ္မတ ရွေးကောက်ပွဲမှာ သူ ထပ်ပြီး အရွေး မခံတော့ဘူးလို့ ကြေညာ ထားပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲက စက်တင်ဘာလကျရင် ကျင်းပမှာပါ။

သမ္မတ မူဘာရက်ခ်ရဲ့ သဘောထား ကြေညာချက်တွေ ရှိနေပေမဲ့လည်း လူထု ဆန္ဒပြမှု တွေကတော့ လျော့မသွားဘဲ ကြီးကြီးမားမား ဆက်ပြီး ရှိနေတာပါ။

မနေ့က ဆန္ဒပြပွဲမှာ အဖမ်းခံထားရာက တနင်္လာနေ့က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ဆော့ဖ်ဝဲ ကုမ္ပဏီ Google မှာ အလုပ် လုပ်နေတဲ့ ၀ဲလ် ဂွန်နင်လည်း ပါပါတယ်။ သူ့ကို အားပေး နှုတ်ဆက်တာတွေ၊ ဂုဏ်ပြု ချီးမွမ်းတာတွေ အများအပြား ရှိခဲ့ပါတယ်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မူကြမ်းရေးဆွဲရေး ကော်မတီနဲ့ ဒီကိစ္စတွေကို အကောင် အထည် ဖော်မှုကို လေ့လာ စောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ သမ္မတ မူဘာရက်ခ်က ပြောထားတဲ့ အကြောင်း မနေ့တုန်းက ဒု-သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံး ဒဏ်ရာရမှုတွေအတွက် စုံစမ်း စစ်ဆေးဖို့ ကော်မတီ တရပ်ကိုလည်း သမ္မတ မူဘာရက်ခ်က ဖွဲ့စည်း ထားတယ်လို့ ဒု-သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း ဆန္ဒပြမှုတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေနဲ့ အစိုးရ ထောက်ခံသူတွေ အကြား အပြင်းအထန် တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။

အခုချိန်ထိတော့ သမ္မတက ဖွဲ့စည်းတဲ့ ကော်မတီတွေမှာ ဘယ်သူတွေ ပါလိမ့်မလဲ ဆိုတာနဲ့ ပါမယ့်သူတွေကို ဘယ်လို ရွေးချယ်မလဲ ဆိုတာ ဘာမှ မသိရသေးပါဘူး။

Ref: VOA News

Read More...

လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်

ဦးသားညွန့်ဦး
အင်္ဂါ, 08 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေ ကြောင့်သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန် လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စု ကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိ သွားမယ်လို့ ပြောလိုက်ပါတယ်။ အခုလို အရေးယူမှုတွေဟာ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ မယ်မယ်ရရ မတွေ့ရ သေးတာကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ နဂို ချမှတ်ထားတဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့ မရှိသေးဘူးလို့ တုံ့ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ကြည့်ရင် အမေရိကန် ပြည်ထောင်စုက လက်ရှိ ချမှတ်ထားတာဟာ အပြင်းထန်ဆုံးလို့ ပြောရမှာပါ။

အထူးသဖြင့် စစ်အစိုးရ စစ်တပ် အကြီးအကဲတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး သမားတွေကို ပစ်မှတ်ထားပြီး ငွေကြေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့ အရေးယူ ထားတာတွေ ပိုပြီး ထိရောက်တယ်လို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစု အတော်များများက ယူဆပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်တဲ့ အရေးယူမှုဟာ မြန်မာလူထုကို ထိခိုက်စေသလို ပစ်မှတ်ထား အရေးယူမှုဟာလည်း ထင်သလောက် ထိရောက်မှု မရှိဘူးလို့ ဝေဖန်သံတွေလည်း အတော် ကျယ်လောင် ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မြန်မာ့စီးပွားရေး အကျပ်အတည်း တွေဟာ ဒီ အရေးယူ ဒဏ်ခတ် မှုတွေကြောင့် မဟုတ်ဘဲ စစ်အစိုးရ ကိုယ်တိုင်ရဲ့ မူဝါဒ လမ်းညွှန်မှုတွေ ကြောင့်သာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့တော့ လက်ရှိ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖိအားပေးဖို့ အရေးယူမှုတွေကို ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိ တဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေ အနေနဲ့ ထင်သာမြင်သာတဲ့ အရေးယူ ကိုင်တွယ် ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒီ အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်ထား ရှိပါမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားပါတယ်။”

ဒါပေမဲ့လည်း အရေးယူမှုကြောင့် လူထုကို ဘယ်လောက် ထိခိုက်စေသလဲ ဆိုတာတွေကိုလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မပြတ် အမြဲတမ်း လေ့လာနေတယ်လို့လည်း ပြောပါတယ်။

“ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုဟာ ဘယ်လောက်အထိ ထိရောက်သလဲ ဆိုတာနဲ့ ဘယ်လောက်အထိ ထိခိုက် စေသလဲ ဆိုတာတွေကို ဒီမိုကရေစီ အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း တွေနဲ့ ပုံမှန်မပြတ် ဆွေးနွေး တိုင်ပင်မှု ရှိပါတယ်။”

တကယ်တော့ လွှတ်တော်တွင်း ၀င်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများ၊ ကိုယ်စားလှယ် အတော် များများက စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်စဉ်းစားဖို့ ပန်ကြား ထားတာပါ။

USCB အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင် ကတော့ တိုင်းပြည် စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှု တခုတည်းကို ဇောင်းပေး ပြောဆိုနေတာ မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“တကယ့် တိုင်းပြည်ရဲ့ ပြဿနာတွေကို သေချာစဉ်းစား သုံးသပ်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ လိုပါတယ်။ တကယ်ကိုပဲ လူထု အကျိုးစီးပွား ဦးစားပေးကြမယ်ဆိုရင်၊ လက်ရှိကာလမှာ နအဖ စစ်အုပ်စုရဲ့ မတရားသဖြင့် အာဏာကို သိမ်းပိုက် ထားမှုတွေ၊ မမျှမတ စီမံခန့်ခွဲမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ လာဘ်စားမှုတွေ စသဖြင့်ပေါ့၊ အလွဲသုံးစား လုပ်မှုတွေ၊ မှန်ကန်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ မရှိတာ၊ ဒါတွေအားလုံးက တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျမှုကို ဦးဆောင်နေတာပါ။

“တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် Sanction ကို အဓိကထား ကြည့်ရမယ့် အစား ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ ပြဿနာတွေကို အရင်ဆုံး အဖြေရှာရမှာပါ။ အဲဒီလို အဖြေရှာဖို့ အတွက် သူတို့ကိုယ်နှိုက်က နအဖ စစ်အုပ်စုကိုရော၊ အခု တက်လာမယ့် ပုံသဏ္ဌာန် ပြောင်းသွားမယ့် အစိုးရ သစ်ကိုရော ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြဖို့ လိုပါတယ်။ အဲဒီလို ပြည်တွင်း မှာတော့ တကယ်တမ်း တာဝန်ရှိတဲ့ စစ်အုပ်စုကို တိုက်ရိုက် မပြောရဲဘဲနဲ့ နိုင်ငံတကာ Sanction တွေကို လာပြီး ဦးစား ပေးနေမယ်ဆိုရင် သူတို့ရဲ့ လူထုအပေါ် သစ္စာရှိတယ်၊ ယုံကြည်တယ်ဆိုတဲ့ အချက် အလက်တွေကတော့ အင်မတန် သံသယရှိစရာ ဖြစ်ပါလိမ့်မယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အရေးယူ ဒဏ်ခတ်မှုရဲ့ ရိုက်ခတ်မှုတွေကို လေ့လာ သုံးသပ်ရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကို ဝေဖန်တာတွေဟာ တိုင်းပြည်အတွင်း လတ်တလော ဖြစ်နေတဲ့ အဓိက ပြဿနာရပ်တွေ ကနေ အာရုံလွှဲမှု ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေဟာ တောင်းဆိုချက် တွေကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စဉ်းစား ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့လည်း ထောက်ပြသလို အဲဒီနိုင်ငံတွေက စိုးရိမ်နေတဲ့ မြန်မာနိုင်ငံတွင်း ပြဿနာရပ် တွေကို ကိုင်တွယ် ဖြေရှင်းခြင်းကသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေ အတွက်လည်း စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်တွေကို တောင်းဆို ထားပါတယ်။


Ref: VOA News

Read More...

စီးပွားရေးပြဿနာ အုပ်ချုပ်မှုကြောင့်လို့ NLD ပြော

ဦးကျော်ကျော်သိန်း
အင်္ဂါ, 08 ဖေဖော်ဝါရီ 2011


မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု တွေဟာ ပြည်သူလူထု အများစုကြီးကို မထိခိုက်ဘဲ လူနည်းစု ကိုသာ ထိခိုက်တာ ဖြစ်ပြီး တိုင်းပြည်မှာ စီးပွားရေးအရ အကျပ်အတည်း ကြုံတွေ့နေရတဲ့ တကယ့် အဖြစ်မှန်ကတော့ Good Governance လို့ ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး မရှိတာကြောင့် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ် အရေးယူမှု ချမှတ်ထားတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ကိုလည်း NLD က နှိုးဆော် လိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

ဒီအရေးယူမှုတွေဟာ ပြည်သူလူထုကို တကယ်တမ်း ထိခိုက်မှု ရှိ မရှိ လေ့လာ သုံးသပ်တာတွေ လုပ်သွားမယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီလို လေ့လာ သုံးသပ်တာတွေကို အချိန်ယူ လုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဒဏ်ခတ် အရေးယူမှုတွေ အပေါ် NLD ရဲ့ တရားဝင် သဘောထား ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

“ဒီနေ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိရခြင်းနဲ့ အကျပ် အတည်းတွေ ကြုံတွေ့ နေရခြင်းဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့် မဟုတ်ဘူး။ စီးပွားရေး ပိတ်ဆို့မှုကြောင့် ထိခိုက်တယ် ဆိုရင်လည်း အများစု ပြည်သူ လူထုကြီးကို နစ်နစ်နာနာ မထိခိုက်ဘဲ တချို့ အသိုင်းအ၀ိုင်းကိုပဲ အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်ဆိုတာ ဖော်ပြတယ်။

“တကယ့်တကယ် စီးပွားရေး တိုးတက်မှု နှေးကွေးရခြင်း၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့ ရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ စီးပွားရေးမှာ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ တရားဥပဒေ စိုးမိုးမှုတွေ ဒီနယ်ပယ်မှာလည်း မရှိတာကြောင့် ဖြစ်တယ်။ Good Governance မဟုတ်တာကြောင့် ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”

NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေရဲ့ သက်ရောက်မှု၊ ထိခိုက်မှုနဲ့ ပတ်သက်ပြီး NLD ကိုယ်တိုင်ကလည်း လက်တွေ့ လေ့လာ ခဲ့သလို စီးပွားရေး ပညာရှင် အသီးသီး၊ အဖွဲ့အစည်း အသီးသီးရဲ့ လေ့လာ သုံးသပ်ချက်တွေကိုလည်း သေသေချာချာ ဆန်းစစ် ခဲ့ပါတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒဏ်ခတ် အရေုးယူမှုတွေကို ချမှတ်ထားတဲ့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေ ပြောတာ ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ဖို့၊ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ အရှိန်မြှင့်လုပ်ဖို့ ဖိအားပေးတဲ့ အနေနဲ့ အရေးယူမှုတွေကို ချမှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ စီးပွားရေးဝန်းကျင်တို့ ဖြစ်ပေါ်ဖို့ အတွက် ဘယ်အချိန်မှာ၊ ဘယ်လို ပုံစံမျိုးနဲ့ ဘယ်လို အခြေအနေမျိုး အောက်မှာ ဒဏ်ခတ် အရေးယူမှုတွေကို ပြုပြင် ပြောင်းလဲနိုင်ခြေ ရှိမယ်ဆိုတဲ့ အပေါ် သဘော တူညီချက်တရပ် ရနိုင်ရေး ဆိုတဲ့ အမြင်နဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့နဲ့ ဆွေးနွေးဖို့ အတွက် NLD က တောင်းဆို ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေ၊ အစိုးရ အဖွဲ့တရပ် ပေါ်လာဖို့ အခြေအနေ ရှိနေတယ် ဆိုပေမဲ့ တကယ်တမ်း ကျတော့ အများပါဝင် ပတ်သက်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက်လာဖို့ ဘယ်လို အရိပ်လက္ခဏာ မျိုးမှ မတွေ့ရသေးဘူး၊ ဒါကြောင့် ဒဏ်ခတ် အရေးယူမှု ရုပ်သိမ်းဖို့ အဓိက ဘာလုပ်သင့်တယ် ဆိုတဲ့အပေါ် NLD ရဲ့ သဘောထားကို ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အခုချိန်မှာ အများပါဝင် ပတ်သက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တရပ် ပေါ်ပေါက် လာရေးကို အရေးတကြီး တောင်းဆိုဖို့ တောင်မှ လိုအပ်နေတဲ့ အနေအထားတွေ တွေ့နေရတယ်။ အဲဒီတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်ဖို့ ဆိုရင်လည်း စောစောက ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ထားတဲ့ နိုင်ငံကြီးတွေရဲ့ တွန်းအားပေးတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပြီးတော့ လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံရေးပုံစံ တခု ပေါ်အောင် ကြိုးပမ်းခြင်းသာလျှင်၊ အဲဒီအပေါ်မှာ သာလျှင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့၊ ကင်းလွတ်ဖို့ ဆိုတာဟာ အဓိက မူတည်နေတယ်လို့ ကျနော်တို့ ပြောလိုက်တာ ဖြစ်ပါတယ်။”

ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်ပြီး NLD ဘက်က အခုလို သဘောထား ရှိပေမဲ့ NLD ကနေ ခွဲထွက် သွားတဲ့ ခေါင်းဆောင်တချို့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူ ထားတာ ရုပ်သိမ်းပေးဖို့ မကြာသေးခင် ရက်ပိုင်းကပဲ တောင်းဆို ထားပါတယ်။ လူနည်းစုကို ဦးတည် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ ပြည်သူအများကို ထိခိုက်တာတွေ ရှိလာတယ်လို့ NDF က သုံးသပ်ပါတယ်။

“ဥပမာ သစ်ထုတ်လုပ်ရေးပဲ ကြည့်ပါ။ သစ်ထုတ်လုပ်ရေးသာ ရှိနေမယ်ဆိုရင် သစ်တော အစပ်မှာ ရှိတဲ့ ရွာတွေ အထိ သစ်ခွဲစက် ကလေးတွေ ထောင်ပြီး လူတွေဟာ အလုပ်အကိုင် တွေကို လုပ်ကိုင် လာနိုင်မယ့် အနေအထားတွေ ရှိပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကုန်သွယ်ရေးမှာ ပိတ်ဆို့မှု ဖြစ်ပြီးတော့ သစ်တွေကို မပို့ရဘူး၊ တိုက်ရိုက် မပို့ရဘူး၊ တဆင့်ခံ ပို့ရမယ်ဆိုရင် တိုင်းပြည်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဈေးကွက်ကြီးနဲ့ တိုက်ရိုက်ထိစပ်မှု မရှိတဲ့အတွက် အောက်ဈေးနဲ့ပဲ ရောင်းရမှာ ဖြစ်ပါတယ်။

“အဲတော့ တိုင်းပြည်နစ်နာရင် ပြည်သူနစ်နာတာပဲ။ ဒါကြောင့် ပြည်သူတွေကို မထိခိုက်ဘူး ဆိုတာကတော့ ကျနော်တို့ မယုံကြည်ပါဘူး။ ပြည်သူကို ထိခိုက်တဲ့ နေရာတွေဟာ ကုန်သွယ်မှု အပိုင်းမှာ ပါသလို ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း ပါနေတဲ့ အတွက် အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းတွေကို တကယ်လို့ ဖွံ့ဖြိုးစေချင်တယ် ဆိုရင်တော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အင်မတန်မှ အရေးကြီး ပါတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူမှု ကိစ္စဟာ မြန်မာ့နိုင်ငံရေးမှာ အပြောအဆို အများဆုံး ကိစ္စ တရပ်ဖြစ်ပြီး သဘောထား ကွဲပြားမှု အရှိဆုံး ကိစ္စတခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အရေးယူမလား၊ ထိတွေ့ ဆက်ဆံမလား ဆိုတဲ့အပေါ် ခုချိန်ထိ တူညီတဲ့ သဘောထား မရှိသလို အရေးယူတဲ့ နေရာမှာလည်း အဆင့်အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အကွဲကွဲ အပြားပြား ရှိနေဆဲ ဖြစ်ပါတယ်။


Ref: VOA News

Read More...

သမ္မတက ဝန်ကြီးဌာန ၃၄ ခု တင်သွင်း

ဖနိဒါ |
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရသစ်တွင် ပါရှိမည့် ဝန်ကြီးဌာန ၃၄ ခု၏ အမည် စာရင်းကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်တွင် အင်္ဂါနေ့က တင်သွင်းလိုက်သည်။

စက်မှုလက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနတို့ပါ အသစ် ပါဝင်လာသော သမ္မတ တင်သွင်းသည့် ဝန်ကြီး ဌာနများ၏ အမည် စာရင်းများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာပေးခဲ့သည်။

မဇ္ဈိမက စုံစမ်းရရှိထားသော ဝန်ကြီးဌာနစာရင်းတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ လယ်ယာ၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အမျိုးသားစီးပွား၊ လူမှုဝန်ထမ်း၊ သစ်တော၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တု၊ အလုပ်သမား၊ ဟိုတယ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အမှတ် (၁) စက်မှု၊ အမှတ် (၂) စက်မှု၊ စွမ်းအင်၊ အမှတ် (၁) လျှပ်စစ်၊ အမှတ် (၂) လျှပ်စစ်၊ ပညာရေး၊ ယဉ်ကျေးမှု၊ သာသာနာရေး၊ သိပ္ပံ၊ လူဝင်မှုကြီးကြပ်ရေး၊ အားကစား၊ စက်မှုလက်မှု ဖွံ့ဖြိုးရေးနှင့် သမ္မတရုံး တို့ပါဝင်သည်။

ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးဌာနများ ဖွဲ့စည်းမှုအပေါ် လွှတ်တော်မှ အဆုံး အဖြတ်ပေးရမှာ ဖြစ်သည်။ ထို့နောက် ခန့်အပ်မည့် ဝန်ကြီးများကိုလည်း ကြေညာမှာ ဖြစ်သည်။

ဝန်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော်တွင် အမတ်များက ကန့်ကွက်လိုလျှင် လွှတ်တော်ရုံးသို့ စာဖြင့် တင်နိုင်သော်လည်း ကန့်ကွက်မည့် လက္ခဏာ မတွေ့ရဟု အစည်းအဝေး တက်ရောက်နေသော အမတ်တဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ကျင်းပသော ၅ ရက်မြောက် လွှတ်တော် အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ် ၆၅၉ ဦးထဲမှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်တဦး အရေးပေါ် ခရီး လွန်နေသဖြင့် ပျက်ကွက် ခဲ့သည်ဟု သူက ပြောသည်။

အသက် ၆၅ နှစ်အရွယ် ဦးသိန်းစိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သြဇာ လွှမ်းခံရသူဟု အတိုက်အခံများက စွပ်စွဲကြသည်။

လွှတ်တော်အတွင်း မေးခွန်းနှင့် အဆိုတင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်ထောင်စု လွှတ်တော် နာယကထံ မေးခွန်းများကို ၁ဝ ရက်၊ အဆို တင်သွင်းမှုကို ၁၅ ရက် ကြိုတင် တင်သွင်းနိုင်ပြီး ထိုမှတဆင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့ ပေးပို့ရမည်။

လွှတ်တော်အတွင်း ကြီးစိုးထားသော စစ်တပ် ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီက ဂုဏ်ပြု ညစာစားပွဲ တရပ်ကို တနင်္လာနေ့က ကျင်းပခဲ့ရာ ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က လာမည့် ၅ နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ယခု ကတည်းက အကောင် အထည် ဖော်သွားရန် ပြောကြား ခဲ့သည်ဟု ပြောဆိုခဲ့သည်။

“ရွေးကောက်ပွဲ စည်းရုံးရေးဝင်နေတဲ့ အချိန်မှာ အရင်အတိုင်း ကတိပေးတာတွေ လုပ်ပေးဖို့ရယ်၊ အောက်ခြေ လူတန်းစား တွေကို တွေ့ထိပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကိစ္စတွေ၊ ကိုယ်ရောက်တဲ့ နေရာမှာ တာဝန်ကျေအောင် လုပ်ဖို့ရယ်၊ မိမိရဲ့ မဲမရလို့ မအောင်တဲ့ နေရာတွေမှာ မိမိရဲ့ စည်းရုံးမှု ညံ့သွားလို့ ပျော့သွားလို့ ဖြစ်တဲ့ အတွက်ကြောင့် အဲဒီနေရာတွေ ပိုပြီး စည်းရုံးပြီးတော့ အဲဒီ နေရာတွေမှာ ပိုလုပ်ပေးဖို့၊ နောက် ၅ နှစ်အတွက်ကို အခုကတည်းက Plan ချပြီး လုပ်ဖို့ ဒါလေးတွေ မိန့်ကြား သွားပါတယ်” ဟု အမတ်တဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ ဒုဥက္ကဋ္ဌများအဖြစ် သူရဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဦးတင်အေး တို့ကို တင်မြှောက် လိုက်သည်ဟု ကြံ့ဖွံ့ခေါင်းဆောင် တဦးက ပြောသည်။

ကြံ့ဖွံ့ ဥက္ကဋ္ဌ နေရာတွင် ပါတီအတွင်းရေးမှူးဖြစ်သူ လက်ရှိ လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဦးဋ္ဌေးဦး ဖြစ်လာနိုင်ကြောင်း ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ခန့်မှန်းထားသည်။


Ref: မဇ္ဈိမ

Read More...

Tuesday, February 8, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တပ်မ (၈၈) တပ်မမှူးဘ၀နဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တချို့

ဗိုလ်မှူးအောင်လင်းထွဋ်

ကျွန်တော်တို့ တန်ပြန် ထောက်လှမ်းရေး အရာရှိသင်တန်း တက်ရောက် နေခဲ့စဉ်က မဆလခေတ် အချိန်ကာလ အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး တစ်ခုကို တင်ပြ ချင်ပါတယ်။ ဗဟို ထောက်လှမ်းရေး တပ်မှာ တန်ပြန် ထောက်လှမ်းရေး အရာရှိ သင်တန်း စာတွေ့ (၃) လသင်တန်း တက်ပြီးတော့ လက်တွေ့ အနေနဲ့ ရှေ့တန်း ကျိုင်းတုံ ဒေသမှာ (၃) လ တာဝန် ထမ်းဆောင်ဖို့ ကျိုင်းတုံမြို့ကို ကျနော် ရောက်ရှိ ခဲ့ပါတယ်။

အဲဒီမှာ ရှေ့တန်းတပ်မ(၈၈) ဌာနချူပ် တပ်မမှူး ဗိုလ်မှူးကြီးသန်းရွှေ ကို ၁၉၈၃ ခုနှစ် မတ်လ အတွင်း ရှေ့တန်း တပ်မမှူး နေအိမ်မှာဘဲ အမှတ် (၂) ထောက်လှမ်းရေးတပ် တပ်ဖွဲ့မှူး ဗိုလ်ကြီး ကံဝင်းနဲ့အတူ သင်တန်းသား အရာရှိတွေ ဖြစ်ကြတဲ့ က္ဈန်တော် ဗိုလ်အောင်လင်းထွဋ်၊ ဗိုလ်စိုးမြင့်အောင်၊ အခြား အဆင့်တွေ ဖြစ်ကြတဲ့ တပ်ကြပ်ကြီး ကျော်သိန်း၊ တပ်ကြပ်ကြီး တင်လှိုင်တို့ဟာ တပ်မမှူးကြီးရဲ့ တွေ့ဆုံ လမ်းညွှန်မှုကို ခံခဲ့ကြရ ဖူးပါတယ်။ က္ဈန်တော့်ရဲ့ ရှေ့မှာဘဲ မယုံနိုင်လောက်အောင် ဗိုလ်မှူးကြီး သန်းရွှေဟာ ထောက်လှမ်းရေး တပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းကို လေးလေးစားစား ဆက်ဆံနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဗိုလ်ကြီးကံဝင်းက တပ်မမှူး ဗိုလ်မှူးကြီးသန်းရွှေကို ဒူးလှုပ်နှံ့ကာ အထက်က မှာလိုက်တယ် ဆိုပြီး အထက်စည်း ကနေ စကား ပြောနေတာကို မယုံနိုင်လောက်အောင် ကျနော့်မျက်မြင် ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ပြီးတော့မှ တပ်မမှူးက ဗိုလ်ကြီး ကံဝင်းကို ရန်ကုန်မှ အဖွဲ့အတွက် လိုအပ်တာတွေကို နယ်မြေခံ စစ်မြေပြင် နည်းဗျူဟာ ဌာနချုပ်ရဲ့ တပ်များကနေ အကူအညီပေးဖို့ ညွှန်ကြားချက် ပေးမယ် အခြား လိုအပ်တာတွေရှိလဲ ပြောပါလို့ ပြန်လည် အမိန့် ရှိခဲ့ပါတယ်။

အဲ့ဒီအချိန်က တပ်မမှူးကြီး ဗိုလ်မှူးကြီးသန်းရွှေကို စစ်ထောက်လှမ်းရေး တပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းက ဘာလို့ဒီလို ဆက်ဆံ နိုင်တာလဲလို့ ကျိုင်းတုံက စစ်ထောက်လှမ်းရေး ဆရာတွေကို မေးကြည့်တော့ တပ်မမှူးကြီးဟာ မိသားစုများပြီး ဆင်းရဲတာကြောင့် မလွှဲ မရှောင်သာ မှောင်ခို စီးပွားရေး သမားတွေနဲ့ ပူးပေါင်း ငွေရှာနေတဲ့ သတင်းတွေ ဥပမာ လေယာဉ် လက်မှတ် မှောင်ခိုနဲ့ ကျိုင်းတုံ၊ တောင်ကြီး စစ်ယာဉ်တန်း အကြုံ မှောင်ခို ပစ္စည်း သယ်ယူနေခြင်း စတဲ့ သတင်းများကို သတင်းပေးများ ထံမှ ကျိုင်းတုံ စစ်ထောက်လှမ်းရေး တွေက သတင်းစုဆောင်း သိရှိထားနိုင်ကြောင်း သိခဲ့ရတယ်။

ဒါကြောင့် တပ်မမှူး ဘာတွေ မဟုတ်တာ လုပ်နေသည်ကို သိရှိထားတာကြောင့် ဂရုစိုက်စရာ မလိုတဲ့ အကြောင်း တပ်မမှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင် ကျိုင်းတုံလာရင် တပ်မရဲ့ စစ်ဦးစီး အရာရှိတွေက အပြန်မှာ မှောင်ခို ပစ္စည်းတွေကို ကယ်ရီ ရိုက်သွားဖို့ စီစဉ် ပေးရတာတွေက အစ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေမှာ ရှိနေကြောင်း သိခဲ့ရပါတယ်။

ဒီ့အပြင် ၁၉၈၀ ခုနှစ် အတွင်း မိုင်းယောင်းမြို့ကို ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ကော် (၈၁၅) နဲ့ တပ်မဟာ (၇၆၈) တပ်တွေက တပ်မတော် စခန်းတွေကို ဝင်ရောက် စီးနင်းတဲ့ တိုက်ပွဲမှာ စစ်ရှူံးခဲ့တဲ့ အရည်အချင်း ညံ့ဖျင်းသော ဗိုလ်မှူးကြီး သန်းရွှေ တစ်ယောက် တပ်မမှူး ဖြစ်နေတာကို စစ်ရုံးချုပ်က ထုချေလွှာ တောင်းခံမှု၊ သတိပေးခံရမှု စတဲ့ အပစ်တင်မှုတွေကို ခံနေရချိန်လည်း ဖြစ်လို့ အခုလို ညက်ညော ပြနေတာလို့ သိရပြန်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ၁၉၈၀ ခုနှစ်မှာ တပ်စုမှူးသင်တန်း တက်ဖို့ ရန်ကုန်မြို့ကို ရှေ့တန်းက ပြန်လာတော့ တပ်မမှူးရဲ့ ဦးစီး အရာရှိက လူကြုံ ပစ္စည်း ပေးခိုင်းလို့ ရန်ကုန် တောင်ဥက္ကလာမှာ ရှိတဲ့ ဝေဇယန္တာရှိ စစ်အရာရှိကြီးများ အိမ်ယာသို့ ရောက်ခဲ့ပြီး တပ်မမှူး ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်အား ပစ္စည်းထုပ်ကြီးကြီး တစ်ခု ပေးခဲ့ရဖူးပါတယ်။ အဲဒီတုံးက ထမီရင်လျားနဲ့ တွေ့မြင်ခဲ့ရတဲ့ နွမ်းနွမ်းပါးပါး ဒေါ်ကြိုင်ကြိုင်ဟာ ယနေ့ ဒေါ်ကြိုင်ကြိုင်နဲ့ စိတ်ဓါတ်ရော လူပုံပါ လုံးဝ ကွာခြား သွားပြီ ဖြစ်ပါတယ်။

အဲဒီခေတ်ကာလတုံးက ဒေါ်ကြိုင်ကြိုင်တစ်ယောက် ကတော့ ဒိုဘီ မပေးနိုင်ဘဲ မိသားစုတွေရဲ့ အဝတ် အစားများကို ကိုယ်တိုင် လျှော်ဖွတ် နေရတဲ့ ဘဝမှာ ရှိနေတုန်းပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုတို့ဟာ ဘဝမမေ့ဘဲ နောင်တ တရားတွေရပြီး တိုင်းသူ ပြည်သားတွေ အပေါ် အကြင်နာ တရားတွေ ထားနိုင်ပါစေ၊ တိုင်းပြည် ကောင်းစားရေးကို ဆောင်ရွက်နိုင်ပါစေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမြန် ဆုံးဖြတ်နိုင်ပါစေလို့ ဆန္ဒ ပြုလိုက်ရပါတယ်။



Ref: စည်းလုံးခြင်းရဲ့အင်အား

Read More...

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ

ဗိုလ်မှူးအောင်လင်းထွဋ်

စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေး ဌာနရဲ့ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီး ဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီး တာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။ အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ့ ရုပ်မြင်သံကြား ကနေ ထုတ်လွှင့် ခိုင်းရာမှာ သူပြောသည့် အတိုင်း မလုပ်ရ ကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီး မဆန်ဘဲ ခလေးဆိုးကြီးလို စစ်ဦးစီး ဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့် ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြ ပေးလိုက်ပါတယ်။

၁၉၉၆ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန် အရ တပ်မတော် အကြီး အကဲများနဲ့ အတူ လက်နက်ချ အခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါ သွားခဲ့ရပါတယ်။ လက်နက်ချ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့ အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်း ၀င်လာပါတယ်။ အဲဒီ ကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး စစ်ဦးစီး ဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက် အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယို တိတ်ခွေနဲ့ အတူ ရဟတ်ယာဉ် တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန် ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။

ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ် တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ် ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး(Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ထံသို့ သွားရောက် သတင်း ပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်း ဆိုသလို ကပ်ရက် အခန်းမှာ ရှိနေတဲ့ တပ်ချုပ်ကြီး ရုံးခန်းထဲ ဝင်ပြီး ဗွီဒီယို တိတ်ခွေကို ပေးလိုက်ပါတယ်။ သူက ပြန်ထွက်လာတဲ့ အချိန်မှာ “ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်” လို့ ပြောပါတယ်။ (၄၅) မိနစ် ကျော်ကျော် လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကို ခေါ်ပါတယ်။ Colonel ကြီး အခန်း ရောက်သွားတော့ “ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီ သတင်းမှာ ပါအောင် ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ” ဆိုပြီး ပြောပါတယ်၊ စာရေးသူက “Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ” ဆိုတော့ “ကိုယ့်ညီဘဲ ရေးလိုက်ပါ” ဆိုလို့ သူရဲ့ ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက် ရယူပြီး မြန်မာ့ အသံကို စာရေးသူတို့ရဲ့ ဌာနက ဗိုလ်မှူး အောင်မင်းနဲ့ အတူ အမြန် ထွက်ခဲ့ကြပါတယ်။

မြန်မာ့အသံရောက်တော့ ညနေ(ရ) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့ တွေ့ပြီး “ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်” ဆိုပြီး သတင်းနဲ့ တိတ်ခွေကို အပ်လိုက်ပါတယ် ၊ ကိုဝင်းကြည်က “ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်း လွှင့်ရင် အချို့ အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေ အတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့ လိုတယ်” ဆိုပြီး တည်းဖြတ် လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမဲ့ အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။

အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမှီတော့ဘူး။ ဒါနဲ့ Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ် ဆိုသည့် အကြောင်း သတင်းပို့ ခွင့် တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ ရုပ်မြင်သံကြားကနေ အသံနှင့် အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံ လွှင့်ပြီးတာနဲ့ စစ်ရုံးကို ပြန်ဖို့ ကားစောင့်နေတုံး မြန်မာ့အသံ ဝန်ထမ်းတစ်ဦးက “ဗိုလ်မှူး စစ်ရုံးက အရေးကြီး ဖုန်းလာတယ်” ဆိုလို့ ဖုန်းကိုင် လိုက်တော့ စစ်ဦးစီး ဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်က စာရေးသူကို “ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန် ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ ဝင်သွားတာ သူ့စားပွဲပေါ်မှာ ရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့ အတိုင်း မလုပ်လို့ ဆိုပြီး မင်းကို ဒေါသထွက်နေတယ်” ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။

“ကျွန်တော်ဘာမှားလို့လဲ” မေးတော့ Colonel ကြီး ပြောတာက “တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့ အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသ ထွက်နေတာ၊ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကို လွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလား ဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်” စာရေးသူ သဘောပေါက် သွားပြီ ၊ စိတ်ထဲကလဲ ကြိတ်ပြီး ပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင် လုပ်ပြီး ဒီလောက် တုံးရသလား ဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန် ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက် ပြုမိပါတယ်။ ရီစရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်စေချင်တဲ့ အတိုင်း အကြမ်းထည် ဗွီဒီယို အခွေကိုဘဲ (၄၅) မိနစ်ကြာ အစ မှ အဆုံး ပြန်လွှင့် ပေးခဲ့ရပါတယ်။

အဲဒီတုံးက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန် တစ်ယောက် ကတော့ အခု မကြာသေးခင် ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက် လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်း နိုင်ပါစေလို့ ဆန္ဒပြုလျက်။

ဗိုလ်မှူးအောင်လင်းထွဋ်

ooooo0000

Read More...

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ NLD လိုလား

တနင်္လာ, 07 ဖေဖော်ဝါရီ 2011


အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေဟာ ပြည်သူအများ ထက်ကို စစ်အစိုးရ အပေါ် ထိရောက် စေတဲ့ အတွက် ဒဏ်ခတ်မှုတွေ ဆက်ပြီး ရှိနေသင့်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ပြည်သူအများစုထက် စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေး သမားတွေကိုပဲ ထိခိုက် စေတယ်လို့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ အပြောကို ရိုက်တာ သတင်းထဲမှာ ကိုးကား ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ NLD ရဲ့ လေ့လာ တွေ့ရှိမှုတွေ၊ စီးပွားရေး ပညာရှင်တွေရဲ့ အကြံပေး ဆွေးနွေးမှုတွေ အပေါ် အခြေခံပြီး NLD က အစီရင်ခံစာ တစောင်ကိုလည်း ဒီသီတင်းပတ် ထဲမှာ ထုတ်ပြန်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလမှာ ပြန်လွတ်လာစဉ်က ပြည်သူ အများရဲ့ သဘောထားတွေကို နားထောင်ပြီး အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့်၊ မသင့် ဆိုတာကို NLD က ဆုံးဖြတ်မယ်လို့ ပြောခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မလာစေဘဲ တရုတ်တို့ အိန္ဒိယ တို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ စီးပွားရေးအရ ရင်းနှီးမှုတွေ ပိုရစေတယ်လို့ မြန်မာ့အရေး လေ့လာနေသူ တချို့က ပြောနေကြသလို အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံတချို့က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့်ပြီလို့ ပြောနေပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကတော့ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားဖို့ အခုအချိန်ဟာ စောနေ သေးတယ်လို့ ပြောကြပါတယ်။

အစိုးရသစ်ဆီကနေ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ကို စောင့်ကြည့် နေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

တိုင်းရင်းသား ပါတီသစ်များနှင့် ပထမဆုံး ပြည်ထောင်စုနေ့

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၁ဝ ခုက ပြည်ထောင်စုနေ့ အခမ်း အနားတခု ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်၌ စုပေါင်း ကျင်းပသွားရန် ပြင်ဆင်နေကြသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ချင်းအမျိုးသားပါတီ CNP၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ UDP၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပကြမည် ဖြစ်သည်။

၆၄ နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ယခင်လကုန်ကတည်းက ညှိနှိုင်း နေကြပြီး ယနေ့ ဗိုလ်တထောင်မြို့နယ် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေးက အခမ်းအနား ကျင်းပရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။ အခမ်းအနား ကျင်းပမည့်နေရာကို ရှာဖွေနေဆဲ ဖြစ်သည်။

သို့သော် ပူးပေါင်း ကြေညာချက်ထုတ်ရာတွင် မပါလိုကြောင်း NDF နိုင်ငံရေး ဦးဆောင်အဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ကလဲ ကိုယ့်သဘောထားနဲ့ကိုယ် ကြေညာချက်တွေ လုပ်ပြီးနေပြီဗျ။ ကျနော်တို့က Joint Action အထိ မဟုတ်တောင်မှ မိတ်ဖက် အနေနဲ့ လက်ခံတယ်။ လူကတော့ တက်မယ်။ ကျနော်တို့ဟာ ကျနော်တို့ ဖတ်ခွင့်ရရင် ဖတ်မယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။


NDF ရန်ကုန် ရုံးချုပ်နှင့် မန္တလေးတို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားများ သီးခြား လုပ်ဆောင်ရန်လည်း အစီအစဉ် ရှိနေပြီး ပြည်ထောင်စုနေ့ ဆိုင်ရာ ပါတီ သဘောထားကို စီးပွားပိတ်ဆို့မှု အပေါ် သဘောထားနှင့်အတူ ယနေ့ ထုတ်ပြန်သွားမည် ဆိုသည်။

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွှေဂုံတိုင် ရုံးချုပ်တွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရန် အစီအစဉ် ရှိသကဲ့သို့  စစ်အစိုးရကလည်း နေပြည်တော်တွင် ကျင်းပရန် ရှိသည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံ၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။


Ref: မဇ္ဈိမ

Read More...

အပေါ်သို့