..............................

Friday, April 24, 2009

တောင်ဒဂုံစက်မှုဇုန်တွင် ပဲဂိုဒေါင် မီးလောင်ပျက်စီး

NEJ /၂၃ ဧပြီ ၂၀၀၉

ယနေ့  နံနက် (၁၁) နာရီကျော်အချိန်က တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) တွင်ရှိသော မေယု ပဲလှောင်ဂိုဒေါင်ကို မီးလောင်ကျွမ်းရာ ဂိုဒေါင်တခုလုံးနီးပါး ပျက်စီးသွားကြောင်း ရန်ကုန်မြို့ခံ မျက်မြင်များက ပြောသည်။

စက်ရုံတွင် ပဲသန့်စင်ရာမှ အပူလွန်ကဲပြီး မီးလောင်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှ စစ်ဆေးတွေ့ရှိသည်။

“ခုနလေးတင်ပဲ မီးကို ငြိမ်းနိုင်သေးတာဗျ။ မီးက ဂိုဒေါင်ထဲမှာရှိတဲ့ကုန်တွေကို လှိုက်ပြီးလောင်နေတာ။ မီးလောင်တာက မနက် (၁၁) နာရီဝန်းကျင်က လောင်တာ မီးသတ်ကားရောက်တာနဲ့ ငြိမ်းတာနဲ့ဆို နောက်ကျတယ်ဗျ။ သူတို့တွေ နောက်ထပ် မီးဆက်မကူးအောင် ထိန်းနိုင်တာတောင် နေ့လယ် (၁) နာရီလောက်မှ ထိန်းနိုင်တာဗျ” ဟု တောင်ဒဂုံ စက်မှုဇုန်မှ မျက်မြင်တဦးက ပြောသည်။

ဂိုဒေါင်တွင် ပဲ၊ ချင်း (ဂျင်း) နှင့် အခြားသော ဟင်းခတ်အမွေးစေ့များကို လှောင်ထားကြောင်း မီးသတ် ရဲဘော်တဦး က ပြောသည်။

“မန်နေဂျာလည်း ဘယ်ပျောက်နေပြီလဲ မသိဘူးဗျာ။ လောလောဆယ်တော့ မန်နေဂျာကိုပဲ ဆွဲမယ့် သဘောရှိတယ်။ ပိုင်ရှင်ကတော့ နိုင်ငံခြားမှာလို့ ပြောတယ်” ဟု စက်မှုဇုန်မှ ၀န်ထမ်းတဦးက ပြောသည်။

မီးလောင်သော ဂိုဒေါင်မှာ အကျယ်ပေ (၁၀၀x၅၀) ရှိပြီး နှစ်ထပ် အဆောက်အအုံ ဖြစ်ကာ အဆောက်အအုံနှင့် ကုန်လှောင် ပစ္စည်းများ အပါအ၀င် အပျက်အစီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း (၅၀၀) အထက်ရှိနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တဦးက ခန့်မှန်းသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးကမူ မီးလောင်မှု ဆုံးရှုံးမှုပမာဏမှာ စုစုပေါင်း ကျပ် သိန်း (၉၀) ခန့်ဟု ခန့်မှန်းကြောင်း မီးသတ် အရာထမ်းတဦးက မီးငြိမ်းပြီးချိန်တွင် ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိုက်တွန်း

24 April 2009

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒအပေါ် အမေရိကန်ပြည်ထောင်စုက ပြည်လည် သုံးသပ်နေတာနဲ့ ပတ်သက်ပြီး ထောက်ခံ ကြိုဆိုပေမယ့်လည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာတွေဟာ အမေရိကန် အပါအ၀င် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူ ထားတာကြောင့် မဟုတ်ဘဲ မြန်မာစစ်အစိုးရ ရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တဲ့ ၀ါရှင်တန် ဒီစီမြို့တော် အမေရိကန် အောက်လွှတ်တော်မှာ လူ့အခွင့်အရေး ကော်မရှင် လူထု ကြားနာပွဲ တခုမှာ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြည့်အ၀ တာဝန်ခံရမှာ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဧပြီလ ၂၃ ရက်က အမေရိကန် အောက်လွှတ်တော် လူ့အခွင့်အရေး အဖွဲ့က ကြီးမှူး ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူထုကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အနီးကပ် စောင့်ကြည့် လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မခွာရီ (Macquarie) တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell) က မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေဟာ အင်မတန် စိုးရိမ်ဖွယ် ကောင်းနေပါတယ်၊ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတွေမှု၊ စီးပွားရေး ခက်ခဲမှုတွေဟာ နိုင်ငံ တကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူ ထားတာကြောင့် မဟုတ်ဘဲ အုပ်ချုပ်သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထား တာတွေကို ဖျက်သိမ်းဖို့ အချိန် မတန်သေးပါဘူး။”

ဒေါက်တာ တာနယ်လ်က စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်းသင့် တယ်လို့ ကြွေးကြော် သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လွဲမှားတဲ့ ယူဆချက်တွေ ရှိနေတယ်လို့ ခုလိုသုံးသပ်ပါတယ်။

“တချို့ကပြောတယ်။ စီးပွားရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးခြင်း အားဖြင့် ပုဂ္ဂိုလ်လိက စီးပွားရေး ကဏ္ဍတွေ အားကောင်းလာမယ်၊ အဲဒီကနေ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်လို့ ဆိုတယ်။ ကျနော့် အမြင်မှာကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ စီးပွားရေး ချွတ်ခြုံကျမှုတွေဟာ နိုင်ငံရေး ပြဿနာပေါ်မှာ အခြေခံနေတာကြောင့် နိုင်ငံရေးနယ်ပယ်မှာ ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ စီးပွားရေးဟာ ဘယ်လိုနည်းနဲ့မှ တိုးတက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေကို ကြည့်မယ်ဆိုရင်လည်း အစစ အရာရာကို စစ်အစိုးရနဲ့ သူတို့နဲ့ နီးစပ်သူတွေက လက်ဝါးကြီး အုပ်ထားတာ ဖြစ်နေပါတယ်။ မြန်မာ စစ်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့ ဘယ်အကြောင်းအရာ တွေကမှ ဟန့်တားနေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့ နိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ တွင်းထွက် သယံဇာတ တူးဖော်တာက လွဲရင် တခြားကဏ္ဍတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တာကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့တာကြောင့် မဟုတ်ပါဘူး။”

မြန်မာစစ်အစိုးရဟာ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၁.၄% ကိုသာ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စနစ်ဟာ ကမ္ဘာမှာ အာဖရိကက ဆီရီလီယွန်း နိုင်ငံ ပြီးရင် ဒုတိယ အဆိုးရွားဆုံး ဖြစ်တယ်၊ အာရှ ဒေသမှာ စစ်အသုံးစားရိတ်ဟာ ကျန်းမာရေး၊ ပညာရေး အသုံးစားရိတ်ထက် ပိုတဲ့နိုင်ငံ ဟာ မြန်မာတနိုင်ငံတည်း ရှိတယ်လို့လည်း ဒေါက်တာ တာနယ်လ်က ထောက်ပြပါ တယ်။ တခြားဒေသတွင်းက တရုတ်၊ ဗီယက်နမ် စတဲ့ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေမှာတောင် အစိုးရတွေက အနည်းဆုံး သူတို့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကြတာကို တွေ့ရပါတယ်။

ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign for Burma က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားမူနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ပြန်လည် သုံးသပ်နေတယ် ဆိုတဲ့အပေါ်မှာ ခုလို ကောက်ချက်ချခဲ့ ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေတဲ့ အချိန်မှာ Sanction အပါအ၀င် ဖိအားပေးမှုတွေကို အပြောင်းအလဲ မရှိဘဲ ရုပ်သိမ်း ပေးရမယ်ဆိုတာ မှားယွင်းတယ် ဆိုတာ ထောက်ပြဖို့အတွက် ဒီကြားနာပွဲတွေက အင်မတန်မှ အကျိုးရှိပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ် တလွှား က အိမ်ထောင် မိသားစုပေါင်း ၂,၉၀၀ အကြား အမျိုးသမီးနဲ့ လူထုကျန်းမာရေး အခြေ အနေတွေကို လေ့လာ စစ်တမ်းကောက်ယူ ခဲ့တဲ့ ဂျွန်ဟော့ပ်ကင်းစ် (Johns Hopkins) တက္ကသိုလ်က လူထုကျန်းမာရေး ဆိုင်ရာ ပါမောက္ခ ဒေါက်တာ ခရစ္စ ဘိုင်ရာ (Dr. Chris Beyrer) ကလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေနဲ့ ပတ်သက်ပြီး ခုလို ကောက်ချက်ချပါတယ်။

“မြန်မာနိုင်ငံက ကျန်းမာရေးပြဿနာတွေဟာ လူက ကျူးလွန်ဖန်တီးလို့ ဖြစ်လာတဲ့ ပြဿနာတွေပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစိုးရက သုံးစွဲတဲ့ ငွေတွေဟာ အင်မတန်မှ နည်းလွန်းလှတာကြောင့်
ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက HIV ရောဂါ တိုက်ဖျက်ရေးအတွက် NGO အဖွဲ့တွေကပဲ ဆောင်ရွက်နေ တာဟာ မလုံလောက်ပါဘူး။ အစိုးရဘက်ကလည်း အင်တိုက်အားတိုက် ပါဝင်ဖို့ လိုအပ် တယ်လို့ ဒေါက်တာဘိုင်ရာက ထောက်ပြပါတယ်။

အောက်လွှတ်တော် ကြားနာပွဲမှာ နောက်ထပ် သက်သေ ထွက်ဆိုခဲ့သူကတော့ ကရင် တိုင်းရင်းသူ မိုင်းရာ ဒါဂေဖော (Myra Dargaypaw) ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်တွင်း အဓမ္မ ရွှေ့ပြောင်း နေရသူအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသူလည်း ဖြစ်ပါ တယ်။ မြန်မာပြည်တွင်းက လူနည်းစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ရွာသူရွာသားတွေရဲ့ အသက်အိုးအိမ် လယ်ယာတွေဟာ နေ့စဉ်နဲ့အမျှ ဖျက်ဆီး ထိန်းသိမ်း ခံနေရတယ်လို့ သူက သက်သေ ထွက်ဆိုခဲ့ပါတယ်။

“မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေအတွက် တာဝန် အပြည့် အ၀ခံရမှာ ဖြစ်ပါတယ်။”

အားလုံးခြုံပြောရရင်တော့ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်း ပေးမယ်ဆိုရင်တောင် မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေဟာ ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာကို အောက်လွှတ်တော်မှာ သက်သေထွက်ဆိုခဲ့တဲ့ မြန်မာ့စီးပွားရေး နဲ့ ကျန်းမာရေး ကျွမ်းကျင်သူ တက္ကသိုလ် ပါမောက္ခတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ က တင်ပြသွားကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် နယ်စပ် ကုန်သွယ်မှု ထိခိုက် ကျဆင်း

NEJ /၂၂ ဧပြီ ၂၀၀၉

(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်သို့ အသစ်ပြောင်းရွှေ့လာသည့် သွင်းကုန်တာဝန်ခံက မူဝါဒ အသစ်များ ချမှတ်ကာ ကုန်ပစ္စည်း ဖမ်းဆီးမှုများ လုပ်နေသဖြင့် နယ်စပ် ကုန်သွယ်ရေး ထိခိုက်နေသည်ဟု ကုန်သည်များက ပြောသည်။

စစ်တပ်မှ နကသသို့ ဧပြီ (၁၈) ရက်မှစ၍ ပြောင်းရွှေ့တာဝန်ယူသည့် ဗိုလ်ကြီး မိုးမြင့်အောင်သည် ကုန်သည်များ၊ ဧဂျင့်များ အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ဆက်ဆံကာ တင်းကျပ်သော မူဝါဒအသစ်များ ချမှတ်နေသောကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်နေသူများ အခက်အခဲ ဖြစ်နေသည်ဟု ဧဂျင့်တဦးက ပြောသည်။

“အတော်ကို မောက်မာရိုင်းစိုင်းတာဗျာ။ မင်းတို့ကုန်တွေ မပါဘူးဆိုရင် စစ်ဆေးရေး ကွင်းထဲ ဖြတ် မလျှောက်ရဘူးတို့၊ တိုင်ချင်တဲ့ နေရာတိုင်တို့၊ ငါ့တပ်ထဲမှာဆို မလွယ်ဘူးတို့ အဲလို ပြောနေတာ။ ကုန်သွယ်မှု ချောမွေ့ မြန်ဆန်အောင် ပြေပြေလည်လည် ပြောဆိုရမယ့်ဟာ အကျိုးအကြောင်း တင်ပြတာကိုတောင် လက်မခံဘူး” ဟု အဆိုပါဧဂျင့်က ပြောသည်။

ဂျူတီဆောင်ပြီးဖြစ်သည့် တင်သွင်းမည့် ကုန်ပစ္စည်းအရွယ်အစား အတိမ်းအစောင်း အနည်းငယ်မျှ ကိုပင် လက်မခံသည့် အတွက် အခက်အခဲ ဖြစ်ကြရကြောင်း ၎င်းကပြောသည်။

တရုတ်ပြည်မှ စက်ရုံများ ကွဲလွဲမှုအရ အရွယ်အစားလည်း ကွဲလွဲမှုရှိတတ်သဖြင့် ကုန်ပစ္စည်း အရွယ်အစားကို ပါမစ် လျှောက်စဉ်က အတိုင်း တပုံစံတည်း ဖြစ်ရန် မလွယ်ကူသည့် အပြင် ပါမစ်သက်တမ်း သုံးလအတွင်း ရသည့် ပစ္စည်းကို အမြန် ဝယ်ယူရကြောင်း၊ အရွယ်စား အနည်းငယ် ကွဲလွဲလျှင် ယခင်က ခွင့်ပြုခဲ့သော်လည်း ယခုအခါ ဂျူတီဆောင် စာရင်းနှင့် ကားပေါ်ပါ စာရင်းကို တိုက်ဆိုင် စစ်ဆေးရုံသာမက အရွယ်အစား အနည်းငယ်လွဲနေပါက ဖမ်းဆီးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကားတစီးပေါ်တွင် ကုန်ပစ္စည်းအမျိုးအမည် (၃ဝ) ထက်ပို မတင်ရဟုလည်း မူဝါဒအသစ် ချမှတ်လာသည်ဟု နယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “အရင်က Items (၆ဝ၊ ၇ဝ) တင်လည်း ရတယ်။ အခုက (၃ဝ) ထက် ပိုမတင်ရတော့ဘူး။ ထော်လာဂျီ အစိတ်အပိုင်းဆိုဗျာ ဘရိတ်၊ ဘက်မှန်၊ တာယာ၊ မူလီ တိုလီမုတ်စတွေ (၁ဝဝ) ကျော်လောက်ရှိမယ်။ ထော်လာဂျီပဲ သွင်းမယ်ဆိုရင် အဲဒီအတွက် ကားလေးငါးစီး ခွဲတင်ရမလို ဖြစ်နေပြီ” ဟု ပြောသည်။

သွင်းကုန်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးကြန့်ကြာမှုများကြောင့် ကုန်ကားများ ထွက်သင့်သလောက် မထွက်နိုင်ဘဲ (၁ဝ၅) မိုင်တွင် ညအိပ်နေရသည်ဟု ကားသမားတဦးက ပြောသည်။

“အရင်က ကုန်စုံတင်တဲ့ကား (၄ဝ) ကျော်ထွက်နိုင်တယ်။ အခု (၃ဝ) လောက်ပဲ ထွက်နိုင်တယ်။ (၁ဝ) စီးကျော် ကျော် ရပ်နားထားရတယ်။ မြေဆီတင်တဲ့ကားဆို တနေ့ (၁၂ဝ၊ ၁၃ဝ) ထွက်တယ်။ အခု အဲဒီပုဂ္ဂိုလ် ရောက်ကတည်း က (၆ဝ၊ ၇ဝ) ပဲ ရှိတော့တယ်။ မထွက်နိုင်တော့ဘူး။ ကားတွေကို စစ်တာ အချိန်ကြာနေလို့ပါ” ဟု အဆိုပါ ကားသမားက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်နေသည့် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်တွင် အတွေ့အကြုံ နည်းပါးပြီး ဆက်ဆံရေး မပြေပြစ်သည့် ဝန်ထမ်းကို ခန့်ထားသည်မှာ မသင့်လျော်ဘဲ ယခုလုပ်ရပ်များက တရားဝင်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ကုန်သည်များကို မှောင်ခို လမ်းကြောင်းပေါ် တွန်းပို့ နေသကဲ့သို့ ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒီဇင်ဘာည

Read More...

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဧပြီလ ၂၁ ရက်နေ့က ဆောင်းပါးရှင် စောဖိုးစီမှ `` ရန်ပြိုခြင်းရဲ့ အဓိပ္ပါယ် ငြိမ်းချမ်းတဲ့ အခါ သိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော် ရေးသားထားသည်။

ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ် သမားများမှ ၄င်း ဆောင်းပါးပါ အချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်း ခေါင်းဆောင်များ၏ အတွင်းရေး ကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNU မှ ပြုလုပ်ခဲ့သည့် ပစ်ခတ်မှုများ၊ KNU အတွင်း မပျော်တော့သည့် အလယ်အလတ်ပိုင်း တပ်ဖွဲ့ ၀င်များ၏ နောက်ဆုံး အခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့် ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အား အသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန် သုံးသပ်လျက်ရှိ သည်။

KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံ ရောက်သွားခြင်းသည် ၄င်းတို့အတွက် လုံးဝ မထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေး အတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူ ဖြစ်ကြောင်း ငြင်းချက် ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့ အကြား ထိုင်းအစိုးရမှ ကြားဝင် စေ့စပ်မှုများ ရှိကြောင်း သတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရ အနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာ စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေး လှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှု ကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော် ပြောကြားခဲ့သည်။

Read More...

Thursday, April 23, 2009

မြန်မာ့မူဝါဒ အမေရိကန် ပြန်သုံးသပ်မှု နိုဘယ်ဆုရှင် စိုးရိမ်

22 April 2009

မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို အမေရိကန်အစိုးရက ပြန်လည် သုံးသပ် နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အကြောင်း ၁၉၉၇ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျမ်စ် က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ပြဌာန်းဘို့ လိုပြီး ကုလသမဂ္ဂ အနေနဲ့လည်း အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဂျိုဒီဝိလျမ်စ်ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါ လိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်တွေ သိန်းချီ စုဆောင်းနေတဲ့ လှုပ်ရှားမှုမှာ ကိုယ်တိုင် ပါဝင်နေတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဂျိုဒီ ၀ီလျမ်စ်က အမေရိကန် ပြည်ထောင်စု ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးမှုနဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ မြန်မာ စစ်အစိုးရနဲ့ အမျှော်အမြင်ရှိရှိ ထိတွေ့ ဆက်ဆံရေး၊ အပြုသဘော ဆောင်တဲ့ ထိတွေ့ ဆက်ဆံရေး ဆိုတာတွေကို စဉ်းစား လာနေပါတယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ သမိုင်းမှာ သူ့ရဲ့ အကျိုးစီးပွားအတွက် အရင်တုန်းကလည်း ဖိနှိပ်သတ်ဖြတ်တဲ့ အစိုးရတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ဘူးပြီး ဒါဟာ မှားယွင်းတဲ့ မူဝါဒတခုသာ ဖြစ်တယ်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့ အချိန် ဝေဖန် ပြောဆိုခဲ့တာပါ။

"မြန်မာစစ်အစိုးရနဲ့ အမြော်အမြင် ရှိရှိ ထိတွေ့ ဆက်ဆံရေးမူကို ကျင့်သုံးမယ် ဆိုရင် ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ ဒီ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုဟာ အမြော်အမြင် ရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ အရေးယူ ပိတ်ဆို့မှုတွေကို မရုပ်သိမ်း သင့်ဘူးလို့ ကျမ မြင်ပါတယ်။ စစ်အစိုးရကို ဆက်ပြီး ဖိအားပေးရပါ လိမ့်မယ်။"

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံကတော့ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဟာ အပြောသက်သက် ကြေညာချက် ထုတ်တဲ့ အဆင့်ပဲ ရှိနေတယ်လို့ ဝေဖန်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ အရေးမှာ အဖွဲ့ဝင် နိုင်ငံတွေအကြား အဆက်အစပ် ရှိရှိ ဆောင်ရွက် သွားနိုင်ဘို့ လိုတယ်လို့လည်း ပြောဆိုပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ဗွီအိုအေက မေးခဲ့တာပါ။

"တိဘက်နဲ့ ဒါဖိုးအရေး ကိစ္စတွေကို ဥပမာ ပေးရမှာပါပဲ၊ ကုလသမဂ္ဂက ကြေညာချက်တွေ ပြင်းပြင်း ထန်ထန် ထုတ်ပြန် တာတော့ ရှိပါတယ်။ ဒါပေမယ့် ကြေညာချက်တွေ အတိုင်း ထိထိ ရောက်ရောက် လုပ်တာ မရှိပါဘူး။ ကြေညာချက်မှာ ပါတဲ့ စကားလုံးတွေက သိပ်လှတယ်။ ကဗျာဆရာတွေ အကြိုက်ပေါ့။ အပြောသက်သက်နဲ့ တော့ စစ်အစိုးရဘက်က ဂရုစိုက်မှာ မဟုတ်ပါဘူး။"

မကြာသေးခင်ကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကလည်း မြန်မာစစ်အစိုးရ နဲ့ ထိတွေ့ ဆက်ဆံပြီး အကူအညီတွေ ပေးတာဟာ အခြား အာဏာရှင် အုပ်ချုပ်ရေး စနစ်တွေကို ပြောင်းလဲအောင် လုပ်သလို မြန်မာ စစ်အစိုးရကို မလုပ်နိုင်ဘူးဆိုတာ အတွေ့ အကြုံတွေက ပြသနေတယ်ဆိုပြီး ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားခဲ့ပါ တယ်။ အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်း လိုက်တာဟာ စစ်အစိုးရကို တရားဝင် အုပ်ချုပ်ခွင့်နဲ့ လူထုကို ဖိနှိပ်ခွင့်ပေးလိုက် သလို ဖြစ်လိမ့်မယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကျပ်အတည်းကို မီးမောင်း ထိုးပြနိုင်မယ့် ဘယ်လို လှုပ်ရှားမှုမျိုးမဆို ထိရောက်မှု ရှိတယ်လို့ ဂျိုဒီဝီလျမ်စ်က ပြောပါတယ်။

သူနဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ သက်ရှိထင်ရှား ကျန်နေတဲ့ အမျိုးသမီး နိုဘယ်ဆုရှင် ခြောက်ယောက် အနေနဲ့ မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသလို ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ချမှတ်ထားတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာနိုင်မယ်လို့ ယုံကြည်တဲ့ အတွက်လည်း ငြိမ်းချမ်းရေး အတွက် လှုပ်ရှားနေသူ တယောက်အဖြစ် ဆက်ပြီး ရပ်တည်နေတဲ့ အကြောင်း ဒါပေမဲ့လည်း အချိန် ကာလဟာ မျှော်လင့် ထားတာထက် ပိုပြီး ကြာတဲ့အတွက်တော့ တခါတလေမှာ စိတ်ပျက်မိတယ်လို့ သူက ပြောဆိုပါတယ်။

Ref: VOA News

Read More...

တားမြစ်မိန့်ကို မလိုက်နာ သူများမှာ စစ်အာဏာပိုင် များ သာဖြစ်

NEJ /၂၂ ဧပြီ ၂၀၀၉

စစ်အစိုးရက ထုတ်ပြန်ထားသော တားမြစ်မှုများကို ဖောက်ဖျက် ကျူးလွန်သူများမှာ စစ်ဖက်ဆိုင်ရာ အာဏာပိုင်များ သာ ဖြစ်ကြောင်း ငွေဆောင် ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း ဒုတိယတိုင်းမှူးကိုယ်တိုင် ငွေဆောင် ကမ်းခြေတွင် ဆိုင်ကယ် မစီးရဟု တားမြစ်ထားသော်လည်း စစ်ဖက်မှ အရာထမ်း များနှင့် ၎င်းတို့နှင့် ဆွေမျိုး တော်စပ်သူများက တားမြစ်ချက်ကို အလေးမထားဘဲ ဆိုင်ကယ်များ မောင်းနှင် နေကြကြောင်း ဒေသခံများက ပြောသည်။


“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကမ်းခြေမှာ ဆိုင်ကယ်စီးနေသူ တဦးကို ဆိုင်ကယ် မစီးရဘူးလို့  အမိန့် ထုတ်ထားတယ် ဆိုတာ ပြောတဲ့အခါ သူက ဗိုလ်မှူး ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ကတ်တွေ ဘာတွေ ထုတ်ပြတယ်ဗျ။ ပြောလို့ ဘယ်ရတော့မလဲ” ဟု ငွေဆောင်မှ ဆိုင်ကယ် ကယ်ရီသမား တဦးက ပြောသည်။

ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်း ပြချက်ဖြင့် ငွေဆောင် ကမ်းခြေတွင် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များက ၎င်းတို့ထံ လာရောက် တည်းခိုသည့် ဧည့်သည်များအား ဆိုင်ကယ် မစီးရ တားမြစ်ချက် ထုတ်ပြန်ထားကြောင်း ပြောပြသည့် အတွက် ဆိုင်ကယ် စီးနင်းသည့် ဧည့်သည် လျော့ကျလာကြောင်း ဟိုတယ်တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျမတို့ ငွေဆောင်ဟိုတယ်တွေမှာ ဧည့်သည် မ၀င်တဲ့ အချိန်မျိုး ဖြစ်ပေမယ့် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ပြောပြရတော့ ဟိုတယ်ကို လာတဲ့ ဧည့်သည်တွေ ကတော့ တားမြစ်ချက်ကို လိုက်နာမှု ရှိပါတယ်” ဟု ၎င်းကပြောသည်။

ငွေဆောင်ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး ဧည့်သည်များက ကမ်းခြေ တလျှောက် သွားလာရေး အတွက် ဆိုင်ကယ်များကို ငှားရမ်း စီးနင်းကြပြီး ဆိုင်ကယ်စီးရေ (၃၀၀) နှင့် (၄၀၀) ကြားရှိသည်ဟု သိရသည်။

“ကျနော်တို့လည်း စီးပွားရေးအရ ဆိုင်ကယ်ကယ်ရီဆွဲတာ ဖြစ်ပေမယ့် နယ်မြေ ရဲတွေကိုရော ဟိုတယ် ၀န်ထမ်းတွေ ကိုရော ကြောက်လန့်နေရတာ၊ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်လာတာ ငွေဆောင် ကမ်းခြေ ဟိုတယ်တွေ စဖွင့်ကတည်းကပါဗျာ” ဟု ဆိုင်ကယ် ကယ်ရီသမားက ပြောသည်။

ငွေဆောင်ကမ်းခြေရှိ တေဇပိုင်သော ဟိုတယ်များတွင် လာရောက် တည်းခိုသော စစ်ဖက်ဆိုင်ရာ အရာရှိများက ပို၍စည်းကမ်းကို လိုက်နာမှု မရှိကြောင်း ကိုယ်တွေ့ ကြုံရသူ တဦးက ပြောသည်။

“ကျနော်တို့ ကမ်းခြေဟိုတယ် တခုမှာ တည်းပါတယ်။ လွန်ခဲ့တဲ့ (၁) လလောက်က ပါပဲ။ ဆိုင်ကယ်ကို တဗြီးဗြီးနဲ့ လုပ်နေတဲ့ အဖွဲ့ တဖွဲ့တွေ့တယ်။ လူငယ်တွေ ပါပဲ။ ဒါနဲ့ မေးကြည့်တော့ စစ်ဖက် အကြီးအကဲ တယောက်ရဲ့သားနဲ့  သူ့ သူငယ်ချင်းတွေ ပါတဲ့ဗျာ” ဟု ပြောသည်။

ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်စီးပါက စီးနင်းသည့် ဆိုင်ကယ်နံပါတ်အား မှတ်သားကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, April 22, 2009

KNLA နှင့် DKBA ပဋိပက္ခ အထိအခိုက် အကျအဆုံး များ

ဒယ်နီယယ်ပီဒါဆင်
ဧပြီလ 21 2009

မဲဆောက် (မဇ္ဈိမ)။ ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုင်းနယ်စပ်နှင့် ကပ်နေသော စခန်းတခုကို မြန်မာစစ်တပ်နှင့် ယင်း၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့ တခုတို့က သိမ်းပိုက် နိုင်ရေးအတွက် တိုက်ခိုက် နေရာ ယခုအခါ ၉ ရက် ရှိသွားပြီဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ၂ ဘက်စလုံးတွင် အထိအခိုက် အကျအဆုံးများကြောင်း သိရသည်။

KNLA တပ်မှူးတဦးက အဝိုင်းခံထားရသော ဝါးလေခီး စခန်းမှ ပြောကြားရာတွင် သူတို့ဘက်မှ တပ်သားတဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုသို့ အထိအခိုက် အကျအဆုံးမှာ မြန်မာစစ်တပ်နှင့် သူတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ဘက်တွင် ပိုများသည်ဟု ဆိုသည်။

နောက်ဆုံး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စတင်၍ သေဆုံး ဒဏ်ရာရသူများကို သူ့ တပ်ဖွဲ့ဝင်တို့က ရေတွက်ကြည့်ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ရန်သူဘက်မှ ၇ ဦး သေ၍ ၃၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အဆိုပါ တပ်မှူးက ပြောသည်။

စခန်း အနီးတဝိုက် ထောင်ထားသော မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် မိုင်းများကြောင့် ထိခိုက် သေဆုံးမှုများမှာ အများဆုံး ဖြစ်သည်။

ပူးပေါင်းအင်အား ၂၅ဝ ခန့်ရှိသော မြန်မာစစ်တပ်နှင့် DKBA တပ်တို့သည် ၆ဝ မမ၊ ၈၁ မမ မော်တာ အများအပြားကို အသုံးပြုကာ တိုက်ခိုက်နေကြသည်။

စခန်းတွင်းရှိ တပ်မှူးက အင်္ဂါနေ့မွန်းလွဲ ၃ နာရီခန့်က ပြောကြားရာတွင် နောက်ဆုံး မော်တာဆံများ ကျရောက် ပေါက်ကွဲခဲ့သည်မှာ လွန်ခဲ့သော ၂၅ မိနစ်ခန့်က ဖြစ်ပြီး အခြေအနေမှာ မကောင်းဟု ဆိုသည်။ “သူတို့ ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ”။

ဤသို့ လာရောက် တိုက်ခိုက်မည်ကို KNLA စစ်သားများက စောစီးစွာ ကတဲကပင် မျှော်လင့် ထားခဲ့ကြပြီး၊ အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။

ထိုဒေသတခုလုံးမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက် ဗုံးများနှင့် ပြည့်နှက်နေပြီး၊ KNLA အနေဖြင့် သူတို့ ကိုယ်ပိုင် ထုတ်လုပ်ထားသော ရှေ့ထွက် မိုင်းများဖြင့် ခုခံ တိုက်ခိုက်နေကာ ယင်းသည် မီတာ ၂၅ဝ အကွာအဝေးအထိ ထိရောက်စွာ အသုံးပြု တိုက်ခိုက် နိုင်သည်ဟု KNLA ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။

ဝါးလေခီးစခန်းသည် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ခဲတပစ်သာ ဝေးသော်လည်း သီးခြား ဖြစ်နေသော နေရာဖြစ်သည်။ ထိုင်းစစ်သားများက ဤစခန်းသို့ ချဉ်းကပ်လမ်း အဖြစ် အသုံးချနိုင်ဘွယ် လမ်းကြောင်း အားလုံးကို အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ကာကွယ်ထားသည်။

Ref: မဇ္ဈိမ

Read More...

အထူးအစည်းအဝေးမတိုင်မီ စီအာပီပီ၊ တိုင်းရင်းသားပါတီ များနှင့် အန်အယ်လ်ဒီ အကြိုညှိနှိုင်း

မင်းနိုင်သူ /၂၁ ဧပြီ ၂၀၀၉

လာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူး အစည်းအဝေးတွင် စာတမ်း သုံးစောင် တင်သွင်း သွားမည်ဖြစ်ကာ အဆိုပါ စာတမ်း သုံးစောင်နှင့် အစည်းအဝေး ကျင်းပမည့် အကြောင်းများကို အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီအာပီပီ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“စာတမ်းသုံးစောင်တင်သွင်း ဆွေးနွေးသွားကြမယ်လို့ သိရတယ်။ အဲဒီ စာတမ်း သုံးစောင်က (၁) ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ အကြောင်း၊ နံပါတ် (၂) က ပါတီရဲ့ လက်ရှိ နိုင်ငံရေး ပြဿနာနဲ့ စည်းရုံးရေး၊ (၃) ကတော့ ပါတီရဲ့ အနာဂတ် ရပ်တည်ရေး၊ အဲဒါတွေကို တင်ပြ ဆွေးနွေး သွားကြမယ် ဆိုတာကို ပြောပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြို ညှိနှိုင်း ဆွေးနွေးမှုကို ယခုလ ပထမပတ် အတွင်းက ပြုလုပ် ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူ ထားရသည့် အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် အချို့မှလွဲ၍ အားလုံး စုံစုံညီညီ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးအေးသာအောင်က “အန်ကယ်လ်တို့ စီအာပီပီနဲ့ တိုင်းရင်းသား ပါတီတွေဘက်က ပြန်ဆွေးနွေး ဖြစ်ခဲ့တာက အခုလို ခေါ်ပြီး စည်းဝေးတာ ကောင်းတယ်။ အရင့်အရင် ကတည်းကလည်း စုံညီ အစည်းအဝေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပါတီမှာ စည်းရုံးရေး၊ ညီညွတ်ရေး အားကောင်းလာမယ့် အကြောင်း၊ ရှေ့မှာဆို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိလာပြီလေ။ အဲလိုကာလမျိုးမှာ အားလုံး ဆွေးနွေးပြီးတော့ ရင်ဆိုင်တာ ကောင်းတဲ့ အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ကတော့ အရင်အတိုင်းပဲ လက်မခံနိုင်တဲ့ အကြောင်း ပြောခဲ့ကြတယ်” ဟု ဆိုသည်။

မွန်တိုင်းရင်းသား နိုင်ငွေသိမ်းကလည်း တိုင်းရင်းသား ပါတီများမှ ရှေ့ဆက် လုပ်ရမည့် လုပ်ငန်းစဉ်များကို ပြတ်ပြတ် သားသား တင်ပြထားတာ ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများ လျော့နည်းနေသဖြင့် လက်မခံနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ ၀င်မည် မဟုတ်ကြောင်း တို့ကို ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ အန်အယ်လ်ဒီဘက်က စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အကြို ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အထူး အစည်းအဝေး အတွက်မူ တိုင်းရင်းသား ပါတီကိုယ်စားလှယ် များကို ဖိတ်ကြားထားခြင်း မရှိကြောင်း ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ် ပါတီဝင်တဦးကမူ “အစည်းအဝေး တက်ရောက်ဖို့ စာမှာ ရေးထားတဲ့ လူငယ် ဖော်ဆောင်ရေး ဆိုတာက တိုင်းမှာ မရှိဘူး။ တိုင်းမှာက လူငယ် အကူအညီပေးရေးပဲ ရှိတယ်။ ဗဟိုအဖွဲ့ချုပ်ရုံးမှာပဲ လူငယ်ဖော်ဆောင်ရေး အဖွဲ့ရှိတယ်။ ဒီကနေ လူငယ် ဖော်ဆောင်ရေး အဖွဲ့ထဲမှာ ပါထားတဲ့ သူတွေတော့ သွားမယ်။ ဘယ်သူတွေသွားမယ်၊ ဘာတွေ ဆွေးနွေးဖြစ်မယ် ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၊ လူငယ် ဖော်ဆောင်ရေး တာဝန်ခံများ ပါဝင် ဆွေးနွေးသွားကြမည် ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယ အကြိမ်မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေး ဖြစ်မည်ဟု မျှော်လင့်ကြသည်။

၁၉၉၀ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များ စည်းဝေး နိုင်ခဲ့ခြင်း၊ ၁၉၉၇ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ်များမှ ခေါင်းဆောင် အဆင့်ဆင့်တို့ ပါဝင်သော အစည်းအဝေး ပြုလုပ်နိုင် ခြင်းတို့ နောက်တွင် အန်အယ်လ်ဒီ ပါတီအနေဖြင့် အထူး အစည်းအဝေးများ ပြုလုပ်နိုင်ခြင်း မရှိပေ။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း နောက်ပိုင်းတွင်လည်း အန်အယ်လ်ဒီ ပါတီ နယ်ရုံးခွဲများကို နအဖ စစ်အစိုးရက အကြောင်းပြချက် မရှိဘဲ ပိတ်ခိုင်းခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေး နဲ့ ဘောလုံး ဆက်စပ်နေသလား

Tuesday, 21 April 2009

မြန်မာ စစ်အစိုးရက ပုဂ္ဂလိက ဘောလုံး အသင်းကြီးများ ပေါ်ပေါက်လာရန် ပြီးခဲ့သည့် လက စီစဉ် လိုက်ခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ဆက်နွယ်နေသည်ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေး အကဲခတ်များက ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ အစိုးရ ထောက်ခံတဲ့ ပါတီတွေကို မဲထည့်ဖို့ စည်းရုံးရေး လုပ်တယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့် လူတွေ ကြိုက်တတ်တဲ့ ဘောလုံးပွဲတွေကို လုပ်ပြနေတာပါ” ဟု ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တဦးက ဆိုသည်။

ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည် ဖော်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်အစိုးရက စီးပွားရေး လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ၀င်နိုင်ရန် မကြာသေးမီက စီစဉ် ပေးခဲ့ ကြောင်းလည်း ရန်ကုန်မှ အကဲခတ်တဦးက ထောက်ပြသည်။

အဆိုပါ အကဲခတ် ထောက်ပြသည့် အချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပြင်ဆင်မှု ပြုလုပ်ခဲ့သော စည်းမျဉ်း စည်းကမ်းများကို ဆိုလိုခြင်း ဖြစ်သည်။

အသင်း၏ စည်းမျဉ်းတွင် ပါဝင်သော အသင်းဝင်များသည် နိုင်ငံရေး ပါတီ တခုခု၏ အဖွဲ့ဝင် သို့မဟုတ် ထိပ်တန်း ဦးဆောင်သူ မဖြစ်စေရ ဟူသည့် အချက်ကို UMFCCIက ပယ်ဖျက်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘောလုံးအသင်း ၈ သင်းကို ဖွဲ့စည်း ထားကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်လဆန်းပိုင်းတွင် ကြေညာခဲ့သည်။ ထိုအသင်းများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရန်ကုန်၊ မန္တလေး စသည့် တိုင်း ၇ တိုင်းကို ကိုယ်စားပြုသည်ဟု သိရသည်။

ရန်ကုန် အခြေစိုက် အားကစား အယ်ဒီတာ တဦးက “ အခုလို ဒေသအလိုက် ဘောလုံး အသင်းတွေ ခွဲထားခြင်းဟာ ဘောလုံး ပိုင်ရှင်တွေ အတွက် သူ့ ဒေသဆိုင်ရာ ဒေသခံတွေကို လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ်နိုင်ဖို့ မျှော်လင့်ထားပုံရတယ်” ဟုလည်း ပြောသည်။

စီးပွားရေးကုမ္ပဏီများက ဖွဲ့စည်းထားသည့် ဘောလုံးအသင်း ၈ သင်းမှာ ရန်ကုန် ယူနိုက်တက် (ထူးကုမ္ပဏီ)၊ ရတနာပုံ (Alpine ကုမ္ပဏီ)၊ ကမ္ဘောဇ (ကမ္ဘောဇဘဏ်ကုမ္ပဏီ)၊ မကွေး ( အေးရှားဝေါလ် ကုမ္ပဏီ)၊ Southern Myanmar ယူနိုက်တက် (ယုဇန ကုမ္ပဏီ)၊ ဥဿာ ယူနိုက်တက် (IBTC ကုမ္ပဏီ)၊ Delta United (ဧဒင်ကုမ္ပဏီ)၊ ဇေယျာရွှေမြေ (ရွှေနဂါးမင်းကုမ္ပဏီ ) တို့ ဖြစ်သည်။

ပြည်ပမှ အားကစား အယ်ဒီတာ တဦးက ဘောလုံး အသင်းများကို အစိုးရ ဝန်ကြီး ဌာနများ လက်အောက်တွင်သာ ထားရှိခဲ့ရာမှ ပုဂ္ဂလိကပိုင်သည့် ကြေးစား အသင်းများ အဖြစ်သို့ ပြောင်းလဲခြင်းသည် ဘောလုံး လောကကို မြှင့်တင်ရာ ရောက်သည် ဟု ပြောသည်။

“ပုဂ္ဂလိက ဘောလုံးအသင်း ထောင်ခိုင်းတာနဲ့ ပတ်သက်လို့ တကယ်တမ်း ဘောလုံးလောက တိုးတက်ဖို့ အတွက် ထောင်ခိုင်းတယ် ဆိုရင် တပိုင်းက ကောင်းတယ်လို့ ပြောလို့ရသလို၊ တပိုင်းကလည်း လုပ်ငန်းရှင်တွေကို အတင်း စီစဉ်၊ ရင်းနှီး မြှုပ်နှံခိုင်းတာနဲ့ ဘောလုံး လောက တိုးတက်မလား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။ တဘက်ကလည်း အစိုးရပိုင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် ပြောင်းမှ တိုးတက် မယ်ဆိုတာလည်း ရှိသေးတယ်လေ” ဟု ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) ၏ အားကစား အယ်ဒီတာ တဦး ဖြစ်သူ ကိုဇင်မောင်က ပြောသည်။

“ခုမှ စတာတောင် နောက်ကျနေပြီ၊ ဘေး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့မှာ စောစော ပြောင်းလဲနိုင်တဲ့ အတွက် အဆင့် တခုကို ရောက်သွားပြီ၊ ပြောင်းလဲနိုင်တဲ့အတွက် အသီးအပွင့်တွေကို ခံစားနေရပြီလေ” ဟုလည်း ကိုဇင်မောင်က ပြောသည်။

Ref: ဧရာဝတီ

Read More...

Tuesday, April 21, 2009

မြစ်ဝကျွန်းပေါ် မိုးကြီးလို့ ဆားဈေးတက်နိုင်

20 April 2009

မြန်မာနိုင်ငံမှာ ဆားအဓိကထုတ်လုပ်တဲ့ မြစ်ဝကျွန်းပေါ် ဒေသမှာ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ခဲ့ရပြီး ဆား ထုတ်လုပ်မှုကို အရင် အခြေအနေ ပြန်ဖြစ်အောင် မလုပ်နိုင် သေးချိန်မှာပဲ ဒီနှစ်လည်း အချိန်အခါမဟုတ် မိုးကြီးခဲ့တာကြောင့် ဆား ထုတ်လုပ်မှုတွေကို ပုံမှန်ထက်စောပြီး ရပ်နားခဲ့ရပါတယ်။ ဒီနှစ် ထုတ်လုပ်နိုင်တဲ့ ဆားဟာ အရင်နှစ်တွေကထက် စာရင် လေးပုံ တပုံလောက်ပဲ ရှိတဲ့အတွက် ဆားဈေးတွေ တက်နိုင်တယ်လို့ ဆားလုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။ ဧရာဝတီ တိုင်းဘက်က ဆားတောင်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် က တင်ပြပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက အဓိက ဆားထုတ်လုပ်တဲ့ လပွတ္တာ နယ်ဘက်မှာ ဆား ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း လိုက်ကြတဲ့ အခြေအနေကို ဒေသခံ ဆားလုပ်ငန်းရှင် တယောက်က အခုလို ပြောပါတယ်။

“အခု ကွင်းတွေအားလုံးရဲ့ ၈၀%၊ ၉၀% လောက်ကတော့ ရပ်စဲလိုက်ပြီလို့ပဲ ပြောရမှာပေါ့။ လုပ်ငန်း ဆက်လုပ်လို့ မရတဲ့ အနေအထား ရှိသွားပြီ။ အခု ဒီနေ့ နေပူပြီ၊ နေပူပြီဆို စလှမ်းလိုက်ပြီ။ ကွင်းကို ပြန်ပြင်မယ်ဆိုရင် ရက်ပေါင်း ၂၀ကျော် လောက် ပြန်ပြင်ရမယ်။ ရက်ပေါင်း ၂၀ ကျော် ပြန်ပြင်လိုက်မယ်ဆိုရင်၊ ဒီကြားထဲ အရက် ၂၀ ကျော်အတွင်းမှာလည်း မိုးထပ်မရွာမှ၊ ဆားဖြစ်မယ်ဆိုရုံပဲ ရှိတယ်။ ဆားထုတ်မှုအတွက် အဆင်သင့်ဖြစ်ရုံပဲ ရှိတယ်။ အဲဒီလို အနေအထားမျိုးဆိုတော့ နောက်ပိုင်းကို ဘယ်လိုမှ မျှော်မှန်းလို့မရဘူး။”

မြစ်ဝကျွန်းပေါ်ဒေသမှာ ဆားထုတ်လုပ်တဲ့ရာသီဟာ အောက်တိုဘာလ မိုးစဲချိန်က စပြီး မိုးမကျမီ မေလ လယ်လောက်အထိ ဖြစ်ပါတယ်။ အခုလို ဆားထုတ်လုပ်တာကို ရပ်ဆိုင်း လိုက်ရတာကတော့ ပြီးခဲ့တဲ့ မတ်လ လယ်လောက်က ကွက်ကျားမိုး ရွာသွန်းခဲ့တာနဲ့ သင်္ကြန်အတွင်း မိုးရက်ဆက် ရွာသွန်းခဲ့တာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း ပြန်လည်ထူထောင် ရတာနဲ့ ဒီနှစ် မိုးဖျက်တာကြောင့် တမြို့နယ်လုံးရဲ့ ဒီနှစ် ဆားထုတ်လုပ်မှုဟာ အရင်နှစ်တွေထက် နှိုင်းစာရင် လေးပုံ တပုံလောက်ပဲ ထွက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

“ဒီနှစ်မှာလုပ်ရတဲ့ လုပ်ငန်းတွေက ကျွဲနွား အခက်အခဲ၊ ကျွမ်းကျင်တဲ့ လုပ်သားတွေ သေဆုံးသွားတဲ့ အတွက်ရော ကျန်ခဲ့တဲ့ လုပ်သားတွေက ကစဥ့်ကလျားနဲ့ ဟိုရောက် ဒီရောက် ရောက်ကုန်တယ်။ တချို့ကလည်း ကယ်ဆယ်ရေး စခန်း ရောက်ကုန်တယ်၊ တချို့ကလည်း တခြားဒေသကို ရောက်တဲ့လူက ရောက်သွားကြတော့ ကျနော်တို့မှာ စက်အင်အား အခက်အခဲ၊ ကျွဲ နွား အင်အား အခက်အခဲ၊ ကျွမ်းကျင်လုပ်သား အခက်အခဲ၊ ပြီးတော့ ကျွဲနွားတွေ မရှိတဲ့အခါကျတော့ ကွင်းမှာ မြက်တွေက တအား ထ သွားပြီ။

“ဒီလုပ်ငန်းရာသီလည်း ရောက်ရော မြက်တွေကို ပြန်သတ်၊ ပြန်ခုတ် လုပ်ရတာ၊ အဲဒီ ဒုက္ခတွေက လူနဲ့လုပ်လို့ မနိုင်ဘူး။ စက်နဲ့ ထိုးရတာနဲ့ လုပ်ရတဲ့ အခါကျတော့ ကွင်းဖော်ရတာကို နောက်ကျသွားတယ်။ ကျုံးမယ်လို့ လုပ်လည်းလုပ်ရော ရာသီက ပထမတခါ ဖောက်တယ်။ သုံးလပိုင်းထဲမှာ။ အခု လေးလပိုင်း ရွာတာနဲ့ဆိုရင် တလစွန်းစွန်းလောက်ပဲ ကွာတယ်။ ပထမ တခါလည်း ဆယ်ရက် ကျော်ကျော်လောက် လုပ်ငန်းရာသီ ပြတ်တောက်သွားတယ်။ ပြီးတော့မှ ပြန်ကျုံးတာဆိုရင် လက်ထဲ မှာ ရာသီလုပ်ချိန်က ဘာမှမရှိဘူး။ ရရှိမှုက တမြို့နယ်လုံးရဲ့ နှစ်တိုင်း ထွက်တဲ့နှုန်းနဲ့ ယှဉ်လိုက်ရင် ၂၅%ထက် မပိုနိုင်ဘူး၊ အဲဒီလောက်ပဲ ရမယ်။”

အခြား ဆားကုန်သည်တယောက်ကတော့ သူ့ဆားကွင်းက ခါတိုင်း တနှစ်ကို ပိဿာချိန် ၂၅၀,၀၀၀၊ ၃၀၀,၀၀၀ ထွက်ပေမဲ့ ဒီနှစ်မှာတော့ ၃၀,၀၀၀ လောက်ပဲ ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နာဂစ် မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဆားဂိုဒေါင်တွေ ကို ပြန်ပြီး မတည်ဆောက် နိုင်သေးတာကြောင့် ရရှိထားတဲ့ ဆားတွေကို သိုလှောင်ဖို့လည်း အခက်အခဲ ရှိနေတယ်လို့ ဆက် ပြောပါတယ်။

ဒီလို ဆားထုတ်လုပ်မှု ကျဆင်းတာကြောင့် သင်္ကြန်မတိုင်ခင်ကာလက လပွတ္တာမြို့နယ်မှာ ဆားတပိဿာ ၁၃၀ လောက် ပေါက်နေရာကနေ အခုအခါ ကျပ် ၂၀၀ ကျော်အထိ ဈေးတက်သွားခဲ့ပါတယ်။ ဒီ့ထက်လည်း ထပ်တက်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ ဆားလုပ်ငန်းရှင်တွေဘက်က ခန့်မှန်းကြပါတယ်။

ဒီလို ဆားထုတ်လုပ်မှု နည်းနေချိန်မှာ နာဂစ် ပြန်လည် ထူထောင်ရေး ကာလက အစိုးရက ချေးထားတဲ့ ငွေတွေကို မေလနဲ့ စက်တင်ဘာလ အတွင်းမှာ ချေးငွေတ၀က် ပြန်ဆပ်ရမယ် ဆိုတာကြောင့် ဆားလုပ်ငန်းရှင်တွေ အခက်အခဲ တွေ့နေရတယ် လို့ ဆိုပါတယ်။

Ref: VOA News

Read More...

NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို

ကိုဝိုင်း
ဧပြီလ 20 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေသည်ဟု နာမည်ထွက်နေသော ဝ’ ပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီ နှင့် လက်တွဲခြင်းကြောင့် နိုင်ငံရေး သိက္ခာကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ယနေ့ပြောသည်။

ဝ’ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ - ဝသပ (UWSP) ဖွဲ့စည်း တည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲသို့ ပေးပို့သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - အန်ဒီအက် ၏ သဝဏ်လွှာ၌ “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောင် နိုင်သည်အထိ အန်ဒီအက်နှင့်အတူ ဝသပမှ ဦးဆောင်ပါဝင်ရန်” ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

“ဝလက်နက်ကိုင် တပ်ဖွဲ့က သူ့အနေနဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ပြဿနာ ရှိတာကတော့ တကဏ္ဍ ပေါ့လေ။ ဒါပေမဲ့ အခု ၂၀၀၈ ဆိုရင် ဝ’ နယ်ထဲမှာ မူးယစ်ဆေးဝါး မရှိတော့ဘူး ဆိုပြီး သူတို့ ကြေညာလို့ ရပြီ။ အခု လှုပ်ရှားနေတာက ဝ’ အမျိုးသားအတွက် တကယ် ခိုင်ခိုင်မာမာ ရပ်တည် လှုပ်ရှားနေတာကို ကြည့်ရင် အန်ဒီအက်အနေနဲ့ လက်တွဲပြီးတော့ လုပ်နိုင်တယ်။ UWSP ကလည်း ဝ’ အမျိုးသားကို ကိုယ်စားပြုပြီး အလုပ်လုပ်တဲ့ အဖွဲ့ အစည်းတခု ဖြစ်တယ်ဆိုပြီး အန်ဒီအက်က သုံးသပ်ထားတယ်” ဟု အန်ဒီအက် အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

အန်ဒီအက် သဝဏ်လွှာကို ‘ဝသပ’ နိုင်ငံခြားရေးဌာနသို့ ယခုလ ၁၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သော်လည်း လက်တွဲရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍မူ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်းနှင့် ‘ဝသပ’ အနေဖြင့် အန်ဒီအက်နှင့် ပူးပေါင်းပြီး နအဖကို တော်လှန် တိုက်ခိုက်မည် ဆိုပါက တံခါးဖွင့်ထားကြောင်း အန်ဒီအက်က ဆိုသည်။

“သဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ အကြောင်း မပြန်သေးပါဘူး။ သဝဏ်လွှာကို လက်ခံ ရရှိကြောင်းကိုတော့ အကြောင်းပြန်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြားထဲမှာ တင်ပြပေးမယ် ဆိုပြီးတော့ သူတို့ နိုင်ငံခြားရေး ဌာနက အကြောင်းပြန်တယ်။ ဝသပ မှာလည်း ဖိအားတွေ အမျိုးမျိုးရှိတော့ နအဖ ကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး တော်လှန် တိုက်ခိုက်ဖို့။ တံခါးဖွင့်ထားတဲ့ သဘောဖြစ်ပါတယ်” ဟု အန်ဒီအက် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

‘ဝသပ’ ဥက္ကဋ္ဌ ပေါက်ယူချန်းကမူ နအဖ စစ်အစိုးရနှင့် မတူညီချက်များကို ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသွားမည် ဖြစ်ပြီး တိုးတက်သည့် ဒေသကြီးတခု ဖြစ်လာစေရန် ငြိမ်းချမ်းသောနည်းဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပါတီ ဖွဲ့စည်းခြင်း အနှစ် ၂ဝ ပြည့် ပွဲတွင် ပြောကြားသွားခဲ့သည်။

သို့သော် နအဖနှင့် ‘ဝသပ’ အကြား တဖက်နှင့်တဖက် အယုံအကြည် မရှိကြဘဲ စစ်ရေး ပြင်ဆင်မှုများ ရှိနေပြီး တိုက်ပွဲများ ပြန်ဖြစ်ပါက ‘ဝသပ’ အနေဖြင့် အဆင်သင့် ရှိကြောင်း မိုင်ဘုန်းကျော်က ပြောသည်။

“ဥက္ကဋ္ဌကြီး ပေါက်ယူချန်း ပြောတာကတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ ဥပမာ - နအဖ အနေနဲ့လည်း ဝ’ ကို အယုံအကြည် မရှိဘဲ စစ်ရေးပြင်ဆင်နေတာ။ ဝ’ ဘက်ကလည်း စစ်ရေး ပြင်ဆင်နေတာ ရှိတယ် ဆိုတဲ့ဟာတွေ ကျနော်တို့ သတင်းအတိအကျတွေ ရှိတယ်။ မလွဲသာတဲ့အဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်ရမယ် ဆိုလည်း ဝသပ ဘက်ကလည်း အဆင်သင့် ပြင်ဆင်ထားတဲ့ သဘောရှိပါတယ်” ဟု သူက ပြောသည်။

အန်ဒီအက်၏ သဝဏ်လွှာထဲတွင် ယခုနှစ်ဆန်းပိုင်း၌ ‘ဝသပ’ အဖွဲ့က ဝ’ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာခဲ့မှုသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပယ်ချခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ပြခြင်းသာ ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် မဟုတ်သဖြင့် ကြိုဆိုကြောင်း ဖော်ပြသည်။

‘ဝသပ’ အဖွဲ့နှင့် အန်ဒီအက် ကိုယ်စားလှယ်များအကြား တိုင်းရင်းသား တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်တွဲ ဆောင်ရွက်သွားရန် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဝသပ ပန်ဆန်းဌာနချုပ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

အန်ဒီအက်ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက် လှုပ်ရှားနေသည်။

လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ PPLO ၊ ဝအမျိုးသား အဖွဲ့ WNO ၊ မွန်ပြည်သစ် ပါတီ NMSP တို့ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

တွံတေး NLD အဖွဲ့ဝင် ၂ ဦးကို ရာအိမ်မှူးနှင့် အဖွဲ့က ရန်မူ တိုက်ခိုက်

မေကျော်
20၊ 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ်အဖွဲ့ ရေးရာ ဒု တာဝန်မှူးနှင့် အဖွဲ့ဝင် အမျိုးသမီးတဦးကို ယခုလ ၁၈ ရက်နေ့က ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့က ဝိုင်းဝန်း၍ ကိုယ်ထိလက်ရောက် ရန်မူခဲ့ကြောင်း သိရသည်။

လူငယ်အဖွဲ့ရေးရာ ဒုတာဝန်မှူး ကိုဘိုဘို (ကုန်စိမ်းရောင်းချသူ) နှင့် ဇနီးသည်ဖြစ်သူ ပါတီအဖွဲ့ဝင် မအိသဲမွန်ကို တရပ်ကွက်ထဲတွင် နေထိုင်သူ ကွမ်းခြံရပ်ကွက် ရာအိမ်မှူး ကိုပေါက်နှင့် ကိုမျိုးကို အပါအဝင် အခြား ၂ ဦးက ပြုမူခဲ့ခြင်း ဖြစ်သည်။

၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ဇနီးမောင်နှံ နှစ်ဦးသည် နေအိမ်သို့အပြန် ဘုရားသုံးဆူ ဘုန်းကြီးကျောင်း အနီးတွင် ရာအိမ်မှူးနှင့် အဖွဲ့က စတင်၍ ဆဲဆိုကြရာ၊ ဆဲရေးတိုင်းထွာမှု မလုပ်ရန် တားမြစ်သည့် ကိုဘိုဘို ကို ဝိုင်းဝန်း၍ ရင်ဘတ်ကို ဆောင့်တွန်းခဲ့ပြီး၊ အတူပါလာသူ မအိသဲမွန်က တားမြစ်သော်လည်း သူ့ကို လက်ဆွဲပြီး ဆောင့်တွန်းခဲ့ကြောင်း တွံတေးမြို့နယ် NLD ဥက္ကဋ္ဌက ပြောသည်။

အခင်းဖြစ်ပွားသည့် နေ့ကပင် တွံတေးရဲစခန်းသို့ ချက်ချင်း တိုင်ချက်ဖွင့်သည်ကို စခန်းမှူး ဦးမြင့်ကျော်က အမှု ဖွင့်ပေးသော်လည်း ဒုရဲအုပ် သိန်းဇော်ဦးက ပြစ်မှု ကျူးလွန်သူများကို မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရ၍ ဖမ်းဆီးခြင်း မပြုနိုင်ကြောင်း ပြောခဲ့သည်။

“သူတို့ကလည်း မဖမ်းပေးမချင်း ရဲစခန်းမှာပဲ နေနေတယ်။ ရဲတာဝန်မှူးက ဒီကိစ္စက မယက ဥက္ကဋ္ဌက ဖမ်းခွင့် မပေးလို့ မဖမ်းပေးဘူးလို့ ပြောလိုက်တယ်လေ။ ပြန်လာတော့ ၁၂ နာရီ။ ၁ ချက်လောက်မှ ပြန်လာကြတယ်” ဟု သွားရောက် တိုင်ကြားရာတွင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမကို ပြန်ပြောပြသည်။

နောက်တရက်ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင်မူ ကျူးလွန်သူ ၄ ဦးကို ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း၊ ညနေ ၄ နာရီခန့်တွင် အာမခံနှင့် ပြန်လွှတ်ပေးခဲ့သည်။

မည်သည့် အကြောင်းကြောင့် ရာအိမ်မှူးနှင့် အဖွဲ့က ကိုယ်ထိလက်ရောက် ရန်မူခဲ့သည်ကို မသိရ သေးကြောင်း တွံတေးမြို့နယ် ပါတီ ဥက္ကဋ္ဌက ပြောသည်။

Ref: မဇ္ဈိမ

Read More...

စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန်လွှတ်တော် အမတ်တွေ ကုလကို တိုက်တွန်း

20 April 2009

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်း ခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့ အတူ စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီး အမတ်တွေက ကုလသမဂ္ဂ အတွင်းရေမှုးချုပ်ဆီ ရေးသား ပေးပို့တဲ့စာကို လက်ခံရရှိခဲ့တဲ့ အကြောင်း ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့  လက်ထောက် ပြောဆိုခွင့်ရှိသူ ဖာရန် ဟတ်ခ် () က ပြောဆို သွားခဲ့ပါတယ်။

ဧပြီလ ၉ ရက်နေ့ နေ့စွဲနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ ရေးသား ပေးပို့ခဲ့တဲ့ စာကို ကယ်လီဖိုးနီးယား ပြည်နယ် (California) အထက်လွှတ်တော် အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)၊ မယ်ရီလန်ပြည်နယ် (Maryland) အထက်လွှတ်တော် အမတ် ဘာဘရာ မီကူလ်စကီး (Barbara A Mikulski) နဲ့ အာကန်ဆော့ပြည်နယ် (Arkansas) အထက်လွှတ်တော် အမတ် ဘလန်ချီ လင်ကွန်း (Blanche Lincoln) တို့ ပါဝင်ကြပါတယ်။

မြန်မာစစ်အစိုးရက ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ၂၀၀၁ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းဖို့ အတွက် မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို အမေရိကန် အထက် လွှတ်တော်အမတ် တွေက တိုက်တွန်း ထားပါတယ်။

Ref: VOA News

Read More...

ရွေးကောက်ပွဲ နီးတာနဲ့အမျှ ခြေရှုပ်စ ပြုလာပြီ

ရဲဘော်ဖိုးသံချောင်း

ဧပြီလ(၂၀) ရက်၊ ၂၀၀၉

ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်မှာ သူများတွေ တွေ့ရှိတဲ့၊ အထူးသဖြင့် အနောက် နိုင်ငံတွေက တွေ့ရှိတဲ့ သဘောတရား တွေကို ဗမာပြည် နိုင်ငံရေးထဲ အတင်း သွတ်သွင်းလာတာတွေ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါကို လုပ်သူတွေကတော့ အင်္ဂလိပ်စာ ဖတ်တတ်တဲ့ ပညာတတ် သူတွေပဲ ဖြစ်ပါတယ်။

ဒီလိုသွတ်သွင်းလာတဲ့ အယူအဆတွေဟာ ကိုယ့်နိုင်ငံက လက်တွေ့ အခြေအနေနဲ့ ကိုက်ညီ တာလည်းရှိ၊ မကိုက်ညီတာလည်း ရှိလို့ ဆိုရမှာပါ။ တချို့များဆိုရင် တခေတ်က မန္တလေးက အငြိမ့်မင်းသမီးတွေ သီဆိုလေ့ ရှိသလို “ဦးသူယူ” ဆိုသလိုမျိုးတောင်၊ သူ့ထက်ငါဦး လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုသွတ်သွင်းလာတာတွေအထဲက အခုနောက်ဆုံး သယ်ဆောင် လာကြတဲ့ အယူအဆ တခုကတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာပါပဲ။ ဒီလို စကားလုံး ကြီးကြီးနဲ့ တွယ်လိုက်တာနဲ့ တဆက်တည်းမှာ ဒီချုပ်ကို တိုက်ခိုက်ချင် နေပြီး ဘာနဲ့ တိုက်ခိုက်ရမှန်း မသိဖြစ်နေသူတွေ၊ အပြစ် ပုံချလိုသူတွေနဲ့ နအဖကို မျက်နှာလုပ် လိုသူတွေ အများ အပြားဟာ ဒီလေသံအတိုင်း နောက်က လိုက်ပြောကြတာကိုလည်း တွေ့ရပါတယ်။

အဲဒီလိုနိုင်ငံခြားကနေ ကိုယ့်နိုင်ငံနဲ့ဆိုင်မှန်းမသိ၊ မဆိုင်မှန်းမသိ ဆွဲယူလာတဲ့ ဒီ အသုံးအနှုန်း အယူအဆကို ခေါင်းပေါ်ကနေ စွပ်ချပေးတာ ခံလိုက်ရသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ဘာမှ ပြန်ပြောခွင့် မရှိတဲ့အခြေအနေကို အခွင့် ကောင်းယူပြီး ဒီလို တံဆိပ် တပ်ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ရှင် ရပ်တည်မှု အတွက် (အာဏာတည်မြဲရေး အတွက်) အမျိုးမျိုး ကုတ်ကပ်၊ ညစ်ပတ် ရမ်းကားနေရတဲ့၊ အာဏာ ရနေပါလျက်နဲ့ အခုအချိန်အထိ ရွေးကောက်ပွဲဥပဒေ မကြေညာနိုင်သေးတဲ့ နအဖ စစ်အစိုးရကိုကျတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတယ်လို့ မပြောဘဲ ဘာဖြစ်လို့ နအဖရဲ့ ဖိနှိပ်မှုမျိုးစုံကို အနှစ် နှစ်ဆယ်ကျော် အလူးအလှိမ့်ခံရင်း ရပ်တည် နေသူတွေကိုမှ ဒီလိုခြယ်မှုန်း ပြတာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ချေမှုန်းတော့မှာကို သူတို့က သိနေလို့များလား ရယ်လို့တောင် စဉ်းစားစရာ ဖြစ်နေပါတယ်။

တကယ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပဲ ပြောပြော၊ စစ်အစိုးရ အကြောင်းပဲ ပြောပြော၊ ဟိုတုန်းကနဲ့အခု အခြေအနေတွေ မတူတော့တာကို မထည့်သွင်း၊ မစဉ်စားလို့ မဖြစ်ပါဘူး။ ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ မတူတာတွေ အများကြီး ရှိနေပါတယ်။ ၁၉၈၈-၉ဝ ကာလတုန်းက လူထုမှာရော ရှေ့တန်းက လှုပ်ရှား သူတွေမှာပါ တက်ကြွမှု အပြည့် ရှိနေကြပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာလို့ ပြောရမလား၊ ရင်ထဲမှာလို့ ပြောရမလား၊ “ထိုးစစ်စိတ်ဓာတ်” နဲ့ “အောင်ပွဲခံစိတ်ဓာတ်” တို့ မြဲမြဲမြံမြံ ကိန်းအောင်း နေပါတယ်။

အာဇာနည်တွေရဲ့မျက်နှာတွေလည်း မျက်စိထဲက မထွက်သေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိုးကို တက်ပြီးဒူးနဲ့ တိုက်ရဲတယ်ဆိုတဲ့ သတ္တိမျိုး တွေ့ဖို့ ဝေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တဖက်မှာ ကြည့်လိုက်ပြန်တော့လည်း မဆလဟာ အလဲထိုးခံသွားရပြီး နဝတဟာ ခံစစ်ရောက်နေတယ် ဆိုတာကိုလည်း အရှင်းသား မြင်တွေ့ နေကြရပါတယ်။ ဗိုလ်စောမောင်ကို တင်လိုက်တာကိုက အငှားဗိုက်နဲ့ ဓားထိုး ခံလေသလားလို့ တွေးတောနေကြတဲ့ အချိန် ဖြစ်ပါတယ်။

အဲဒီအချိန်မှာ နဝတတက်လာပုံကိုပဲ ပြန်စဉ်းစားကြည့်ပါ။ နဝတဟာ အလံ တလူလူ၊ အောင်စည် အောင်မောင်းတွေ တီးပြီး ထွက်လာတာ မဟုတ်ပါဘူး။ “အာမခံချက်တွေ” (ကတိတွေ) အမျိုးမျိုးပြောပြီး ထွက်လာတာဖြစ်ပါတယ်။ ပါတီဝင် သန်းဂဏန်း ရှိတယ်ဆိုတဲ့ မဆလပါတီကိုလည်း ဖျက်သိမ်းပေးရ၊ လူဦးရေရဲ့ (၉၄) ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့ ပါတယ်ဆိုတဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်း ပေးခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်စောမောင်က ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ စစ်တပ်ဟာ စစ်တန်းလျား (နေရာမှန်) ကို ပြန်ပါမယ်လို့လည်း ကတိပေးနေရပါတယ်။ အခြေခံ ဥပဒေအသစ်ကို ကျုပ်တို့ စစ်တပ်က မရေးဘူး၊ တရားခံဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ပဲ ရေးကြလို့ ပြောနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

အဲဒီလို လူထုအရှိန်သိပ်မြင့်နေချိန်မှာ စစ်အုပ်စုကို ကပ်ဖားရပ်ဖား လုပ်လိုတဲ့ လူတွေလည်း ခေါင်း မထောင်ရဲပါဘူး။ အဲဒီလို အနေအထားမှာ ကြံ့ဖွံ့ဖွဲ့လို့ မရပါဘူး။ နောက်ပြီး အခု ပေါ်ပေါက် လှုပ်ရှားနေတဲ့ ပေါက်တတ်ကရ အဖွဲ့အစည်းတွေလည်း ခေါင်းမပြူရဲပါဘူး။ အဲဒီတုန်းကသာ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာကို အသံဟလိုက်ရင် နဝတအစိုးရဟာ ဒါငါတို့ကို ပြောတာပဲဆိုပြီး ဆွဲစေ့ လိုက်မှာ သေချာပါတယ်။ ဒါပေမယ့် အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ ကျတော့ အနေအထားတွေဟာ အားလုံးလိုလို ပြောင်းပြန်ဖြစ် နေပါတယ်။ သူတို့စိတ်ကြိုက်ရေးပြီး မဲလိမ်မဲခိုးကာ လူထုကို ဓားမိုး အတည်ပြု ခိုင်းထားတဲ့ အခြေခံဥပဒေကို သိဒ္ဓိ တင်ပေးဖို့ လုပ်မယ့် ရွေးကောက်ပွဲ တရပ်အတွက် တာစူ နေချိန်ဖြစ်ပါတယ်။ သူတို့အနေနဲ့ လူထုကို “ငြိမ်ဝပ်ပိပြား” အောင်လည်း လုပ်ပြီးနေပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း အတောင်အလက် ချိုးပြီးထားပါပြီ။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ခေါင်းပိုင်းပဲ ချန်ထားပြီး တက်တက်ကြွကြွ လှုပ်ရှားသူတွေကို ခြေချုပ်၊ အကျယ်ချုပ်၊ ထောင်ချုပ်တွေနဲ့ ချုပ်ချယ် ထားပါတယ်။ (ဒီလိုအခက်အခဲတွေ ကြုံတွေ့နေတာကို ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတာလို့ ပြောလေသလား မသိပါ)။ မတရားသင်း ကြေညာထားတဲ့ အဖွဲ့တွေလည်း များသထက် များလာနေတာကို အားလုံး သတိပြုမိကြမှာပါ။ ဒါသာမက ၁၉၈၈-၉ဝ တုန်းက တက်ကြွလှုပ်ရှားသူ အများအပြားဟာ အခုအခါမှာ ပြည်ပကို ကြဲကွဲရောက်ရှိနေကြ ပါတယ်။ နောက်ပြီး တစည်း တလုံးထဲလည်း မရှိကြပါဘူး။

ဒီလိုအခြေအနေတွေအောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြစ်တည်မှု အကျပ်အတည်း တွေ့နေတယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီ လိုအခက်အခဲကို ထောက်ရုံတင် မကပဲ အဲဒီက ထွက်လမ်း အနေနဲ့ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လည်း နတ်လမ်းညွှန် လုပ်နေပါတယ်။ ဒါကိုမှ လက်တွေ့ကျတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။ အမှန်ပြောရရင် ဒါဟာ ကျားလှောင်အိမ်ထဲကို ကျားစာအဖြစ်ခံဖို့ “ကိုယ့်ဆန္ဒအရ” အဝင်ခိုင်းနေတာပါ။ မြေခွေးအမြီးပြတ်က သေဖော်ညှိတာလို့လည်း ဆိုနိုင်ပါတယ်။

တကယ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲလုပ်ပြီးခဲ့တာဟာ အနှစ်(၂ဝ) ရှိပါတော့မယ်။ မင်းမှာသစ္စာ၊ လူမှာ ကတိလို့ အဆိုရှိပေမယ့် အာဏာကို လက်မလွှတ်လိုတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ သစ္စာလည်း လုံးဝမရှိ၊ ကတိလည်း လုံးဝမတည်တာကို တွေ့ခဲ့ကြရပါပြီ။ သူတို့ဟာ ကလေးတွေ ကစားသလို “ရွှေတံခါးကြီးဖွင့်ပါအုန်း” ဆိုတာမျိုးနဲ့ လူထုကို အမျိုးမျိုး လှည့်စားလို့သာ နေတယ်။ ပြောရရင် သူတို့ ဘာလုပ်နေတယ် ဆိုတာကို ပြည်တွင်းပြည်ပက လူတိုင်းသိပါတယ်။ အခုသူတို့ကို ထောက်ခံနေတဲ့၊ ဆန့်ကျင်လေသံ မဟဝံ့တဲ့၊ ရွေးကောက်ပွဲဝင်ပြီး မိုးခါးရေ သောက်ဖို့ တိုက်တွန်းနေတဲ့ လူတွေတောင် သိပါတယ်။ စစ်အုပ်စုရဲ့ သစ္စာဟာ ဘယ်လိုဟာမျိုးဖြစ်တယ် ဆိုတာ ဒီနိုင်ငံမှာ ကလေးတောင်မှ သိပါတယ်။

မနိုင်ရင်အရှုံးပေးပြီး ဝင်ရောလိုက်ဆိုတဲ့အယူအဆဟာ စံကျတဲ့ အရှုံးပေးရေး အယူအဆ တမျိုး ဖြစ်ပါတယ်။ ဒါဟာအဆင့်နိမ့် သတ္တဝါတွေရဲ့ စဉ်းစားနည်းမျိုးသာ ဖြစ်ပါတယ်။ နိုင်မယ်ထင်ရင် မာန်ဖီပြ၊ ရှုံးမယ်ထင်ရင် သွားဖြီးပြပြီး အမြီးကုတ်သွား တာဟာ သူတို့ရဲ့ အလေ့အကျင့်ပါ။ ရှစ်လေးလုံး အရေးတော်ပုံ အရှိန်မြင့်နေတုန်းက တက်ကြွ၊ လက်သီးလက်မောင်း တန်းခဲ့ပြီး၊ အခု နအဖက ပွဲကြမ်းနေတဲ့ အခါမှာကျတော့ ရွှေပြည်အေးတရားတွေ ဟောနေသူတွေကို “အမြင်မှန်ရသူတွေ” လို့ ခေါ်နိုင်ပါသလား။ နအဖကို ဆက်လက် ဆန့်ကျင်နေတာဟာ “လက်တွေ့မကျဘူး” လို့ ဆိုသူတွေကို လက်တွေ့က သင်ခန်းစာ ပေးပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တချို့လူတွေလို ရွေးကောက်ပွဲမှာ သူဌေးဖြစ် ခွေးဖြစ် ဝင်အောလို့ မဖြစ်ပါဘူး။ ၁၉၉ဝ ခုနှစ်တုန်းက ဦးနုဟာ စစ်တပ်ဟာ သူ့ဆီက အာဏာ လုသွားတယ်လို့ ပြောစရာ ရှိပေမယ့် ရွေးကောက်ပွဲမှာ ဒီငြိမ်းအဖွဲ့ ဝင်လိုက်တော့ အရှက်ကွဲ သွားရတဲ့ သင်ခန်းစာ ရှိပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံရေး အဖွဲ့အစည်း တွေမှာ နောက်ကြောင်းသမိုင်း ရှိကြတဲ့ အလျောက် သမိုင်းက ပေးထားတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေကို ထမ်းဆောင်ရ ပါသေးတယ်။ ဒီလို ဆိုတဲ့အတွက် အခြေအနေ သစ်တွေက ပြဋ္ဌာန်းတဲ့ လုပ်ငန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီ နှစ်ရပ်စလုံးကို ပေါင်းစပ်ရမှာ ဖြစ်ပါတယ်။ သမိုင်းရှည်ကြာလေ၊ ထောက်ထားရတာ များလေလို့ ဆိုရင် မမှားပါဘူး။

မှန်ပါတယ်။ သူတို့မှာ အခက်အခဲကြီးပါတယ်။ အခုအခါမှာ သူတို့ရဲ့အခက်အခဲဟာ လူထုရဲ့ အခက်အခဲလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒီချုပ်အခက် ငါတို့အချက်ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ တက်ကြွနေသူတွေ မိုးကျလို့ မှိုထွက်သလို ပေါ်ထွက်နေပါတယ်။ နအဖ ထားရာမှာ ထားသလိုနေမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် တော့ လတ်တလောအားဖြင့် ဖြစ်တည်မှု အခက်အခဲ မရှိသေးတာ သေချာပါတယ်။


ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

နောင်တ မရကြစေချင်ပါ

ဗိုလ်ထက်မင်း

ဧပြီလ(၂၀) ရက်၊ ၂၀၀၉

နအဖဟာ ၁၉၉၆-၉၇ ခုနှစ်များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) (ခြေလျင်၊ တင့်) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးတွေကို ထိပ်တန်း လျှို့ဝှက်ချက် အဆင့်နဲ့ ဆင်နွှဲခဲ့ပြီးတဲ့နောက် တပ်မ (၂၂/ ၄၄/ ၅၅/ ၇၇/ ၈၈) တပ်မ ငါးခုစလုံးအား နောက်တန်း ဌာနချုပ်များသို့ မပြန်ခိုင်းတော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေးသို့ ထိုးသွင်းကာ တောက်လျှောက် ထိုးစစ်ဆင်ခဲ့ပါတယ်။

အဲဒီနောက် ကြာအင်းဆိပ်ကြီး နယ်မြေတ၀ိုက် စစ်ဆင်ရေး တာဝန်ယူရတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်သိန်းထံ ကေအန်ယူမှ တိုက်ခိုက်ရေး ထူးချွန်တဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲက လက်နက်ချလိုကြောင်း ဆက်သွယ် သတင်းပို့လာပါတယ်။ ဗိုလ်သန်းရွှေက ဒီနေရာမှာ ကေအန်ယူကို စိတ်ဓာတ်ရေးရာ ထိခိုက်ကျဆင်းအောင် လုပ်ရမယ်ဆိုကာ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာ အပါအ၀င် အောက်လမ်းနည်းကိုပါ ရောမွှေ စီစဉ်ခိုင်းပါတော့တယ်။

ဗိုလ်သန်းရွှေဟာ သဘောထားတင်းမာတဲ့ ဗိုလ်မောင်အေး အပါအ၀င် ဗိုလ်မြင့်အောင်နဲ့ ဝန်ကြီးများအပြင် အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်ကိုပါ စောသမူဟဲအား သွားရောက်တွေ့ဆုံ လက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ နှစ်ဦးဟာ စစ်သက်တမ်း တလျှောက်မှာ မတွဲစဖူး အတွဲထူးပြီးတော့ စောသမူဟဲရဲ့ လက်နက်ချ အခမ်းအနားကို လုပ်ခဲ့ကြရပါတယ်။

အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို မြေမှာ ဗိုလ်မောင်အေးရဲ့  ဖိနပ်နဲ့ ချနင်းဖို့ အောက်လမ်း အစီအမံ တွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ဓာတ် စစ်ဆင်ရေး အနေနဲ့ လုပ်ခိုင်းရာမှာ နာမည်ကြီး စစ်ဗိုလ် သီချင်းရေး ဆရာ ဗိုလ်မှူးမြသန်းစံ (ကကပြည်) အား ငြိမ်းချမ်းရေး ပန်းခင်း သီချင်းအား အမြန်ရေးသား စပ်ဆိုခိုင်းကာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့် ခိုင်းခဲ့ပါတယ်။

ဒီနေရာမှာ စစ်အစိုးရဲ့ ပျင်းရိဖွယ်ကောင်းလှပြီး လက်တွေ့မရှိတဲ့ မူဝါဒတွေ ဦးတည်ချက်တွေကို ပြည်သူတွေ နားဝင်ချိုအောင် ဆွဲဆောင်နိုင်အောင် အနုပညာပီသစွာ စပ်ဆိုပေးနိုင်တဲ့ စစ်သားတပိုင်း၊ အနုပညာရှင် တပိုင်း ပါရမီရှင် ဗိုလ်မှူးမြသန်းစံဟာ တပ်က ထွက်လိုက်ရတာမို့ နှမြောစရာ ကောင်းလှပါတယ်။ တပ်က ထွက်လိုက်ရတဲ့ အကြောင်းရင်းကလည်း သူ့အား အမိန့်အာဏာတွေနဲ့ ဇွတ်တရွတ် လုပ်ခိုင်းနေတာမို့ အနုပညာဟာ အာဏာနဲ့ အမိန့်ပေးပြီး ချက်ချင်းရေးခိုင်းလို့ ရတာမျိုး မဟုတ်ဘဲ ဈာန်ဝင်မှ လုပ်ရတာဖြစ်ကြောင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးကာ သံစဉ်နဲ့စာသား ချောမွေ့အောင် ထည့်ပြီးမှ လုပ်ပေးနိုင်မယ်လို့ အာဏာရှင်တွေကို ပြန်ပြောခဲ့တဲ့ အတွက် အချေအတင် ဖြစ်ခဲ့ရာက ပြန်လည် တုံ့ပြန်ခဲ့ကာ တပ်မှ ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာ ရှင်တွေဟာ သူတို့ လိုချင်ပြီဆိုရင် ပြည်သူကို မဆိုထားနဲ့ မိမိလက်အောက်ခံ အရာရှိတွေကိုတောင် နိုင်ထက် စီးနင်း အမိန့်နဲ့ အာဏာသုံးကာ နှိပ်ကွပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီတုန်းက လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လွှတ်လိုက်တဲ့ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်အောင်ကလည်း ကြာအင်းဆိပ်ကြီးမြို့က ရှေ့တန်းနယ်မြေ ကျိုက်ဒုံစခန်းမှာ ဖင်ပူအောင် မနေနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးကို ပြီးစလွယ် လုပ်ပေးကာ ပြန်ပြေး သွားခဲ့ပါတယ်။ သူဟာ တပ်မ (၄၄) တပ်မမှူး ဘ၀နဲ့ ကရင်ပြည်နယ်ရဲ့  အကျိုးကျေးဇူးကြောင့် ရာထူး တက်သွားခဲ့တာကိုတောင် ဘ၀မေ့သွားကာ ကရင်ဒေသရဲ့  ဖွံ့ဖြိုးရေးကို ဂရု မစိုက်တာကတော့ တရားကျစရာ ကောင်းလှပါတယ်။

နအဖဟာ သမူဟဲလို လက်နက်ချပြီး ၀င်ရောက်လာတာမျိုးကိုလည်း စနစ်တကျ လုံခြုံရေး စီမံမှုနဲ့ ကာကွယ် စောင့်ရှောက်မှု မပေးဘဲ ပစ်ထားတာကြောင့် သူ့ရဲ့မိသားစု ပစ်သတ် ခံရတာမျိုး ဖြစ်ပွားခဲ့တာမို့ တိုင်းရင်းသား တွေအနေနဲ့ အထူး သတိထား သင့်လှပါတယ်။ နအဖအပေါ် အားကိုးတကြီး လက်နက်ချပြီး ၀င်ရောက်လာတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက် မရှိရင် အနိုင်ကျင့် ခံရမယ့်အပြင် လုပ်ကြံ ပစ်သတ်ခံရတဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ မလွဲမသွေ တနေ့ ကြုံတွေ့ရမှာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

ကေအန်ယူက သစ်တောရေးရာဝန်ကြီး ဖဒိုအောင်ဆန်းကတော့ သစ်ကိစ္စ ပြဿနာ တက်လာလို့ ဘားအံမှာရှိတဲ့ ထောက်လှမ်းရေး တပ် (၂၅) က တပ်မှူး ဗိုလ်မှူးခင်မောင်ကြည်မှ တဆင့် လက်နက်ချဖို့ ဆက်သွယ်ကာ နအဖထံ ၀င်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖဒိုအောင်ဆန်းဟာ နအဖရဲ့ အရိုးအရင်း ချကျွေးထားတဲ့ ပါမစ်တွေကို လောဘဇော တက်ပြီး ဈေးကစားရာ ပွဲစားပေါင်းစုံ ရှုပ်ထွေးလာပြီး ပွဲစားတချို့က မကျေနပ်ဘဲ တိုင်ကြားလာ တာကြောင့် သူကိုယ်တိုင်လာမှ ပစ္စည်းထုတ်ပေးမယ်လို့ သက်ဆိုင်ရာက ခေါ်ပြောရတဲ့ အထိ ရှုပ်ထွေးမှု ဖြစ်ခဲ့ပါတယ်။ ပွဲစားကုလား တဦးဆိုရင် စရန်ငွေ ပေးထားလျက်နဲ့ ဖဒိုအောင်ဆန်းဟာ တခြားမှာ ဒီထက်ဈေးကောင်းရလို့ ကတိဖျက်ပြီး ပါမစ် မပေးတော့တာမို့ သွားရောက် တောင်းဆိုခဲ့ရာ ဖဒိုအောင်ဆန်းက သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါတယ်။

ဖဒိုအောင်ဆန်းဟာ အမျိုးသားညီလာခံ တက်နေစဉ်မှာလည်း နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု လုံးဝမရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် သွားချင်ရာသွားကာ ညီလာခံမှ ရုတ်တရက် နေအိမ်သို့ ပြန်သွားသလို၊ တည်းခိုဆောင်ကို ထောက်ပံ့ စရိတ်လာပေးတဲ့ လွှတ်တော်ရုံးက မိန်းမပျို နှစ်ဦးအား သူ့အပြော “အားဆေး” ခေါ် တိုင်းရင်းဆေးတွေကို ပါးစပ်ထဲ အတင်းခွံ့ကျွေးလို ကျွေးပြီး ပေါက်တတ်ကရ နေသူဖြစ်ကြောင်း သိရပါတယ်။

နအဖဟာ နိုင်ငံရေးအရ အသုံးချလိုတဲ့အခါမှာတော့ ဖဒိုအောင်ဆန်းကို သတင်းထောက်တွေနဲ့ သတင်းဌာနတွေ ရှေ့မှာ နအဖကောင်းကြောင်း ရှင်းလင်း ပြောဆိုခိုင်းတာမို့ လူတတ်ကြီးလုပ်ပြီး နိုင်ငံရေး ပါရဂူသဖွယ် ကင်မရာရှေ့မှာ နအဖအလိုကျ ကားရားကားရား လုပ်ပြပုံကဖြင့် သနားစရာ ကောင်းလှပါတယ်။ တကယ်တော့ ဖဒိုအောင်ဆန်းဟာ နအဖရဲ့  ကြိုးဆွဲရာကို ကနေရရှာတဲ့ မျောက်ကြီးသဖွယ် အသုံးတော် ခံနေရတဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်နေသူသာ ဖြစ်ပါတယ်။ နအဖဟာ သမူဟဲနဲ့ ဖဒိုအောင်ဆန်းကို ကြည့်ပြီး တိုင်းရင်းသားတွေ အပေါ်မှာ အထင်သေး နှိမ့်ချ ဆက်ဆံမှုတွေနဲ့ အကြွင်းမဲ့ လက်နက် ချခိုင်းရေးကိုသာ အားသန်နေပါတယ်။

နအဖဟာ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့သာ ကြံရွယ်ပြီး ကေအန်ယူ ဗဟိုနဲ့ တိုက်ရိုက် မဆွေးနွေးသေးဘဲ တပ်မဟာမှူး တွေကို တိုက်ရိုက် Deal လုပ်ကာ ဖဲ့ထုတ်ခဲ့ပါတယ်။ ကေအန်ယူ အင်အားချည့်နဲ့ပြီး ဘေးကျပ် နံကျပ်ဖြစ်အောင် ဖန်တီးပြီးမှ ကေအန်ယူ ဗဟိုကို အထက်စီးနဲ့ ဆွေးနွေးမယ်လို့ နအဖက ကြံစည်ထားခဲ့ပါတယ်။ ကေအန်ယူ တပ်မဟာ မှူးတွေ ဖြစ်ကြတဲ့ ဗိုလ်အော်လီဗါနဲ့ ဗိုလ်ရွှေဆိုင်းတို့က သစ္စာရှိကြလို့ နအဖရဲ့  သွေးခွဲမှုအား ငြင်းဆန်ခဲ့ကြပြီး တပ်မဟာ (၇) မှူး ဗိုလ်ထိန်မောင်ကိုတော့ နအဖ ဗိုလ်မြတ်ထွန်းဦးက ထပ်မံ ဖဲ့ထုတ် စည်းရုံးနိုင်ခဲ့ပါတယ်။ ဗိုလ်ထိန်မောင် နအဖကို အညံ့ခံ ပူးပေါင်းရာမှာ တပ်မဟာတခုလုံး မပါဘဲ အင်အား အနည်းငယ်သာရှိလို့ နအဖက ဘ၀င်မကျကာ ပစ်ထားရာ လိုက်ပါသွားသူ တချို့တောင် နောင်တရပြီး ပြန်ပြေးခဲ့ကြပါတယ်။ ဗိုလ်ထိန်မောင်လည်း မထူးဇာတ်ခင်းပြီး နအဖ အလိုကျ ကနေရပါတယ်။

တကယ်တော့ နအဖဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တန်းတူ အခွင့်အရေးမျိုး ပေးဖို့ နေနေသာသာ ဘာတခုမှ တင်ပြပိုင်ခွင့် မရှိတဲ့ ညီလာခံ အတုအယောင်က တဖက်သတ် ဥပဒေနဲ့အတူ ဗြောင်ကျကျ အနိုင်ကျင့် ယူထားတဲ့ စစ်ဗိုလ် တမတ်သားရယ်၊ ကြံ့ဖွံ့ရယ်၊ စစ်အစိုးရ လက်ဝေခံ ကုန်သည်စီးပွားရေး လုပ်ငန်းရှင်ရယ်၊ ဌာနဆိုင်ရာ အသွင်ပြောင်း စစ်ဗိုလ်လူထွက်ရယ် စတဲ့ ကိုယ်စားလှယ် အတုတွေနဲ့သာ လူထုကို လိမ်ညာကာ မျက်လှည့်ပွဲကြီးကို ကျင်းပပါတော့မယ်။

ဒါကြောင့် လူနည်းစု ကောင်းစားရေးသာရှိပြီး တတိုင်းပြည်လုံး ကျွန်ဖြစ်တာထက် ဆိုးဝါးအုံးမယ့် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုင်းရင်းသားတွေ အားလုံးမှာ လုံးဝ တာဝန်ရှိပါတယ်။ အာဏာ သိမ်းထားတဲ့ ဒီစစ်အာဏာရှင် လက်ထက်မှာတောင် ဒီလောက် နွံနစ်နေရင် ရွေးကောက်ပွဲ ပြီးရင်တော့ ပေးထားတဲ့ မရှိမဲ့ ရှိမဲ့ အခွင့်အရေးလေးကို ပြန်သိမ်းလိုက်မှာ သေချာသလောက် ရှိတယ်ဆိုတာ ယနေ့ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးသိထားဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျား။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

Read More...

Monday, April 20, 2009

ဦးတေဇ အိုင်တီ ပစ္စည်း စက်ရုံများ တည်ဆောက်ရန် ပြင်ဆင်

မေကျော်
18 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ထူးဂရု ကုမ္ပဏီ အကြီးအကဲ ဦးတေဇ၏ ကုမ္ပဏီ တခုဖြစ်သော Myanmar Avaia Services ကုမ္ပဏီသည် ရုရှားကုမ္ပဏီ CBOSS ၊ တရုတ်ကုမ္ပဏီ Huawei Technology Co. တို့ မန္တလေးတိုင်း ပြင်ဦးလွင်တွင် တည်ဆောက်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးတွင် IT ဆက်စပ်ပစ္စည်း စက်ရုံများ တည်ဆောက်ရန် ယခုလ ၈ ရက်နေ့က နေပြည်တော် ရွှေနန်းတော် ဟိုတယ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးလိုက်သည်။


တရုတ်နိုင်ငံ Huawei Technology Co. နှင့် Mobile Communication BTS ၊ Wi-max System Products ၊ IT Product များ ထုတ်လုပ်မည် ဖြစ်သည်။

ရုရှား ကုမ္ပဏီ CBOSS နှင့် Prepaid Card ၊ convergence Billins System တို့ကို ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ၏ ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ချက် အရ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း အုပ်စု ၁၁ ခုတွင် ထူး ထရေးဒင်းက Myanmar Avaia Services ကုမ္ပဏီအဖြစ် ယခု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးသော လုပ်ငန်း စီမံကိန်း ၂ ခု ပါဝင်သည်။

ယင်းဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက် အရ Alcatel Shanghaibell (ASB) ကုမ္ပဏီ နှင့် Htoo Trading တို့က လုပ်ငန်း ဆောင်ရွက်မည့် မြေ ၄ ဧကပေါ်တွင် GSM BTS ဝန်ဆောင်မှု လုပ်ငန်း ကို ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း၊ လုပ်ငန်းလည်ပတ်ငွေ ကန်ဒေါ်လာ ၃ သန်း ဖြင့် လုပ်ငန်းစမည် ဆိုသည်။

ရုရှာ ကုမ္ပဏီ CBOSS နှင့် Htoo Trading ကုမ္ပဏီတို့က Incubation Centre တခု ကို လုပ်ငန်း ဆောင်ရွက်ရန် သုံးမည်ဖြစ်ပြီး prepaid software များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း ၊ လုပ်ငန်း လည်ပတ်ရန် ကန်ဒေါ်လာ ၅ သန်း ဖြင့် တည်ထောင်လုပ်ကိုင်မည်ဟု ဆိုသည်။

ရတနာပုံ ဆိုက်ဘာ ကော်ပိုရေးရှင်းတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၉ ခုတွင်
( ၁ ) Outsourcing ၊ In-sourcing ၊သုတေသန နှင့် ဖွံဖြိုးရေး လုပ်ငန်း၊
( ၂ ) WiFi ,WiMax နှင့်လူထု ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း၊
( ၃ ) GSM နှင့် မိုဘိုင်းလ် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု၊
( ၄ ) power cable ၊ fiber cable နှင့် communication cable များ ထုတ်လုပ်မှု၊
( ၅ ) auto exchange နှင့် digital meter ပံ့ပိုး ပစ္စည်းများ ၊
( ၆ ) တန်ဖိုးနည်း တကိုယ်ရေသုံး ကွန်ပျူတာများ ထုတ်လုပ်မှု၊
( ၇ ) ICT သင်တန်းကျောင်း၊
( ၈ ) GSM BTS ဝန်ဆောင်မှု၊
( ၉ ) prepaid software များ ထုတ်လုပ်မှု တို့တွင် ထူးထရေးဒင်း တဖြစ်လဲ Myanmar Avaia Services ကုမ္ပဏီက လုပ်ငန်း ၂ ခုကို လုပ်ကိုင်မည် ဖြစ်သည်။

သို့သော် “ HGC ( Htoo Group of Company) ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘယ်စီးပွားရေး လုပ်ငန်းကိုမှ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာ မရှိပါဘူး။ HCG ရဲ့ စီးပွားရေး မှန်သမျှဟာ တန်းတူယှဉ်ပြိုင်ပြီးတော့မှ လုပ်ကိုင်ခွင့် ရထားတဲ့ လုပ်ငန်းတွေဘဲ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ လုပ်ငန်း Trade Volume ပဲ ကွာပါတယ်။ ကျွန်တော်တို့ HGC ဟာ ကမ္ဘာမှာ အကောင်းဆုံး လုပ်ငန်းတွေ ဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း ( Telecommunication ) ၊ ရုပ်သံလွှင့် လုပ်ငန်း ( Broadcasting )၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချခြင်း ( Fuel Oil ) ဆိုတဲ့လုပ်ငန်းတွေကို Monopoly ရထားတာမျိုး လုပ်ကိုင်နေတာမျိုးလည်း မရှိပါဘူး ” ဟု ထူးကုမ္ပဏီ ဥက္ကဌ ဦးတေဇက အဲပုဂံ ၃ နှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့သည်။

ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ရင်းနှီးမြှုပ်နှံမည့် အခြားကုမ္ပဏီများမှာ Fortune International Company၊ Myanmar Teleport Company၊ တရုတ် ကုမ္ပဏီ ZTE ၊ Value Standard Wire and Cable Company၊ Myanmar World Distribution ကုမ္ပဏီ၊ General Myanmar Group of Companies၊ Fiscal ကုမ္ပဏီ၊ မလေးရှား IP Tel ကုမ္ပဏီနှင့် ရတနာစိန် ကုမ္ပဏီ၊ Myanmar Info-Tech Company ၊ Myanmar Computer Company (MCC) group တို့ ဖြစ်သည်။

ရတနာပုံ ဆိုက်ဘာ စီးတီး စီမံကိန်းသည် ဧက ၁၀၀၀၀ ကျယ်ဝန်းပြီး လူနေအိမ် ၅၀၀၀၀ ၊ ရေဂါလံ ၂ သိန်းဆန့် ရေလှောင်ကန် နှင့် ၅ဝ ကီလိုဗို့ ရှိ လျပ်စစ်လိုင်းတို့ ပါဝင်ပြီး ကို ၂ဝဝ၆ ခုနှစ် ဇွန်လ မှာ စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ က ရတနာပုံ ဆိုက်ဘာ စီးတီး ကို ဖွင့်လှစ်ခဲ့ပြီး ယခု အချိန်တွင် မြေဧရိယာ ၂၂၀၀ ပေါ်တွင် မြန်မာတယ်လီပို့နှင့် Incubation Center ၇ လုံး တည်ဆောက်ပြီး ကုမ္ပဏီ ၁၈ ခုမှ IT ဆက်စပ် ပစ္စည်းများ ထုတ်လုပ်ရန် စက်ရုံများ တည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့ အလင်းသတင်းစာက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီတစ်ဦး လုပ်ကြံခံရ

Sun 19 Apr 2009,

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ်ပါတီ ခရိုင် ကော်မတီဝင် တစ်ဦး ယမန်နေ့တွင် မော်လမြိုင်မြို့နယ် ဖားအောက်ရွာနှင့် ရိုးဂိုးရွာကြား အဝေးပြေးလမ်း ပေါ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ လုပ်ကြံ သတ်ဖြတ်မှုကို ခံရပြီး ပွဲချင်းပြီးသေ ဆုံးခဲ့သည်။

လုပ်ကြံခံရသူ နိုင်မင်းနောင်သည် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေး ရွာများမှ (စစ်ပြေးဒုက္ခသည်) ပြည်သူများ အတွက် ရိက္ခာဆန် စုဆောင်းဝယ်ယူရန် လုံးပမ်းရင်း မော်လမြိုင်မြို့မှ အပြန် ညနေ ၄ နာရီခန့်တွင် နောက်မှ ထပ်ကြပ်မ ကွာလိုက်လာသော သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရာမှ ဆေးစစ်အ တည်ပြုမှု ရယူရန်အတွက် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ခဲ့သည်ဟု ၄င်း၏ အသုဘ အခမ်းအနားအတွက် လုံးပမ်းနေသော ပါတီဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်း ခံထားရကြောင်း ထိုင်းနိုင်ငံမှ လာသော လက်နက် တစ်မျိုးဖြင့် ပစ်ခတ်ထား ခြင်းဖြစ်ကြောင်း လုပ်ကြံ ခံရသော နေရာ အနီးတဝိုက်မှ ရှာဖွေ တွေ့ရှိခဲ့သော ကျည်ခွံကို အတည်ပြု၍ ၄င်းကပြောသည်။

“ဒီအမှုအတွက် လက်သည်ကို ကျနော်တို့ အတည် မပြုနိုင်သေးဘူး၊ အသုဘချဖို့ ကျနော်တို့ လုံးပမ်း နေတုံးပဲ၊ ဒါပေမယ့် မကြာခင် အဖြေတွေ့မှာပါ” ဟု ၄င်းက ဆက်ပြောသည်။

နိုင်မင်းနောင်သည် ၂၀၀၈ ခုနှစ် မွန်ပြည်သစ်ပါတီ သတ္တမ အကြိမ်မြောက် ညီလာခံမတိုင်မီ ဘုရားသုံးဆူ မြို့နယ် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း၌ အားကြိုး မာန်တက် ဆောင်ရွက် ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးဂိုဏ်း တစ်ခုမှ လုပ်ကြံသည်လည်း ဖြစ်နိုင်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေရာမှာ ရိုးဂိုးရွာဝင်လမ်း ထိပ်ရှိ စစ်ဆေးရေး ဂိတ်နှင့် ကိုက် ၆၀၀ ကျော်ခန့်သာ ကွာခြင်းကြောင့် ယခုလုပ်ကြံမှုတွင် ဒေသခံ အာဏာပိုင်များ မျက်ကွယ် ပြုထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ၄င်းအပြင် ဆန်ရိက္ခာ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၈၀) ကို မော်တော် ဆိုင်ကယ်နှင့် သယ်ဆောင် လာစဉ် လုပ်ကြံခံရသော် လည်း လုပ်ကြံသူများ ၄င်းငွေကို မယူဆောင်သွားခြင်းမှာ နောက်ကြောင်း တစ်ခုခုကြောင့် လုပ်ကြံခြင်းသာ ဖြစ်ကြောင်း ပါတီဝင်များက သုံးသပ်ကြသည်။

“သူဟာ အလုပ်သိပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲ၊ လူငယ်တွေရဲ့ တိုးတက်မှုကို အားပေးတဲ့ သူတစ်ယောက်ပဲ၊ နောက်ပြီး တိုင်းရင်းသား အချင်းချင်း စုပေါင်း လုပ်ဆောင်မှု စုပေါင်း အားထုတ်မှုကို သိပ်မြတ်နိုးတဲ့ သူတစ်ယောက်ပဲ” ဟု မဲဆောက်မြို့ အခြေစိုက် မွန် အဖွဲ့အစည်း တစ်ခုမှ နိုင်ဥက္ကာက ၄င်းရင်းနှီးခဲ့သော နိုင်မင်းနောင်အပေါ် သုံးသပ်ခဲ့သည်။

ဆန်ရိက္ခာဝယ်ယူရန်အတွက် ၄င်းနှင့်အတူပါလာသည့် ငွေကျပ်သိန်း (၁၈၀) နှင့် ၄င်း စီးနင်းလာသည့် မော်တော် ဆိုင်ကယ်ကို ယခုအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့ ရဲစခန်းမှ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ၄င်း၏ရုပ်အလောင်းကို ယနေ့ညနေ ၃ နာရီ ကျော်ခန့်၌ မော်လမြိုင်မြို့ သုဿန်၌ မီးသင်ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

နိုင်မင်းနောင်သည် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ ဇာတိဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသား ဘဝမှ မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။

မွန်ပြည်သစ်ပါတီတွင် စစ်သည်ဘဝ သတင်းထောက်လှမ်းရေး တပ်၌ ဒုအရာခံဗိုလ် အဆင့် ထားဝယ် ခရိုင်မြို့နယ် ကော်မတီဝင်၊ ဗဟိုဝန်းကျင်ဒေသ ဘုရားသုံးဆူမြို့နယ် အတွင်းရေးမှူး စသည့် ရာထူး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး မွန်ပြည်သစ် ပါတီ၏ သတ္တမ အကြိမ်ညီလာခံမှစ၍ ခရိုင်ကော်မတီ အဆင့်ဖြင့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေးရွာရွေ့ပြောင်းခံရသော ပြည်သူများအတွက် ဆန်ရိက္ခာ စုဆောင်းရန် ကြိုးပမ်းရင်း လုပ်ကြံခံရခြင်း ဖြစ်သည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

Read More...

မုန်တိုင်း အန္တရာယ်မှ မြန်မာပြည် ကင်းလွတ်

Sunday, 19 April 2009
ကိုစိုး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ၀င်ရောက်နိုင်ကြောင်း သတိပေး ကြေညာထားသော ဘစ်ဂျလီ ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်မှ ကင်းလွတ်သွားပြီဟု မြန်မာအစိုးရက ယနေ့ ထုတ်ပြန် ကြေညာသည်။

ဘစ်ဂျလီ ဆိုင်ကလုန်း မုန်တိုင်းသည် သောကြာနေ့ညက ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ၀င်ရောက် တိုက်ခတ် သွားပြီးနောက် အစိမ်းရောင် အဆင့်ဖြင့် အန္တရာယ် ကင်းရှင်းသွားပြီဟု သတ်မှတ်ကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ကြေညာ ထားခြင်းဖြစ်သည်။

“ကျနော်တို့ မုန်တိုင်း သတိပေးချက်ကို ရုပ်သိမ်းလိုက်ပါပြီ”ဟုလည်း မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က အေပီ သတင်းဌာသို့ ပြောဆိုသည်။

သို့သော် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသကို ဖြတ်ကျော်၍ အရှေ့ဘက် သို့ ဆက်လက် ရွေ့လျားလျှက် ရှိရာ စနေနေ့ နံနက်ပိုင်းမှ၂၄ နာရီအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်း နိုင်ကြောင်းလည်း သတင်းစာ ကြေညာချက်တွင် ပါရှိသည်။

ယင်း မိုးသည်းထန်မှုကြောင့် ကုန်းမြင့်ဒေသရှိ ချောင်းများ၊ မြစ်ငယ်များတွင် လျှပ်တပြက် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ဒေသခံများ သတိပြုရန်လည်း မိုး/ဇလ ညွှန်ကြားမှု ဦးစီးဌာနက သတင်းစာတွင် နှိုးဆော် ထားသည်။

အဆိုပါ ဘစ်ဂျလီ မုန်တိုင်းသည် ပြီးခဲ့သည့်သောကြာနေ့ ညပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသ စစ်တကောင်း- ကောက်စ်ဘဇား တို့သို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိ ကြောင်း၊ မုန်တိုင်းဒဏ်သင့် ဒေသများရှိလူပေါင်း ၃ သိန်းကျော်ကို ဘေးလွတ်ရာသို့ အာဏာပိုင်များက ရွှေ့ပြောင်းပေးကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မုန်တိုင်း ၀င်ရောက်တိုက်ခိုက်စဉ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်းတော ဒေသများ ကို မုန်တိုင်း အဖျားခတ်မှု ရှိသည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သေးသည်။

ယနေ့ထုတ် သတင်းစာတွင်မူ မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်စီးမှု တစုံတရာ မရှိကြောင်း ဖော်ပြ ထားသည်။ ယခု ဘစ်ဂျလီ မုန်တိုင်းသည် ယမန်နှစ် မေလက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့ ၌ တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှု တနှစ်ပြည့်ရန် ၂ ပတ်ခန့် အလိုတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်မေလ ၂ ရက် နှင့် ၃ ရက် က တိုက်ခတ်ခဲ့သော ယင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ပြီး ၂.၄ သန်း ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ် ဒေသသည် မုန်တိုင်း ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည်။

Ref: ဧရာဝတီ

Read More...

ဆိုမာလီယာပင်လယ်ဓားပြ နောက်ထပ်သင်္ဘောနှစ်စီး ပြန်ပေးဆွဲ

19 April 2009

မနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ အာဖရိကတိုက် အရှေ့မြောက်စွန် ကမ်းလွန် တနေရာမှာ နောက်ထပ် သင်္ဘော နှစ်စီးကို ပြန်ပေးဆွဲလိုက် ပြန်ပါပြီ။ နေတိုးအဖွဲ့ကြီးရဲ့ တပ်မှူးတစ်ဦးရဲ့ အဆိုအရ ပင်လယ်ဓားပြတွေဟာ စစ္စလီကျွန်းဘက်ကို ဦးတည်နေတဲ့ ဘယ်လ်ဂျီယံ (Belgian) သင်္ဘောတစ်စီးကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ စီးနင်းလိုက်ပါလာတဲ့ အမှုထမ်း ၁၀ ဦးထဲက ၂ ဦးဟာ ဘယ်လ်ဂျီယံ နိုင်ငံသားတွေဖြစ်ပြီး ၄ ဦးက ခရိုအေးရှ (Croatia) နိုင်ငံသား၊ နောက် ၃ ဦးက ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်တခါ အေဒင်ပင်လယ်ကွေ့တစ်နေရာမှာလည်း မာရှယ်လ် (Marshall) ကျွန်းစုနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတစီး အတိုက်အခိုက်ခံခဲ့ရတယ် ဆိုတဲ့ အချက်ပေး Signal ကို ဖမ်းယူသိရှိခဲ့ရတယ်လို့ နေတိုးအဖွဲ့ ရဲ့ တပ်မှူးတစ်ဦးက ပြောခဲ့ပါ တယ်။

ဒီအချက်ပေး Signal ကိုရလို့ တုံ့ပြန်ခဲ့တဲ့ ဒတ်ခ်ျတပ်ဖွဲ့တွေက အဲဒီ ပင်လယ်ဓားပြတွေနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ထပ် သင်္ဘောတစ်စီးမှာ ပြန်ပေးဆွဲ ခံထားရတဲ့ ယေမန် (Yemen) နိုင်ငံသား အယောက်၂၀ကို ကယ်တင်နိုင်ခဲ့ ပါတယ်။ အဲဒီ သင်္ဘောမှာ အခြေပြုပြီး ပင်လယ်ဓားပြတွေက လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD အဖွဲ့ဝင်များနှင့် ရင်းနှီးသူ ကိုသီဟထွန်း ဖမ်းဆီးခံရ

ဖနိဒါ
ဧပြီလ 18 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ရင်းနှီးသူ အသက်၂၅ နှစ်အရွယ် ကိုသီဟထွန်းအား အာဏာပိုင်များက ပြီးခဲ့သည့် သင်္ကြန် အကြိုနေ့ ဧပြီ ၁၃ရက်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရကြောင်း မိသားစုဝင် တဦးက အတည်ပြု ပြောကြားသည်။

ကိုသီဟထွန်းအား ဒေါပုံမြို့နယ် မ-ယ-က ဥက္ကဌ ကိုယ်တိုင် ဧပြီလ ၁၃ ရက်နေ့က နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

သူ၏ မိသားစုက အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီး ခံရသည်ဟု ကြားသိရကြောင်း သို့ရာတွင် အတည် မပြုနိုင်သေးကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကြာပြီ ၄၊ ၅ ရက်လောက် ရှိမယ်။ ဘယ်မှာ ထားမှန်းတောင် မသိသေးဘူး။ အိမ်မှာဘဲ ဥက္ကဌ ကိုယ်တိုင် လာခေါ်သွားတာ။ ခုစုံစမ်းလို့ ရတာက ၅ ညနဲ့လို့ နိုင်ငံရေး အမှုလို့ စုံစမ်းရတာဘဲ” ဟု သူ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခု အဖမ်းခံရသူ ကိုသီဟထွန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် နီးစပ်သူတဦး ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများတွင်မှု လိုက်ပါ ဆောင်ရွက်ဖူးခြင်း မရှိဟု ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

Sunday, April 19, 2009

လူထုနှင့် အန်အယ်လ်ဒီ အခြေအနေ (ဦးဝင်းတင်နှင့် တွေ့ဆုံ မေးမြန်းခန်း)

မင်းနိုင်သူ / ဧပြီလ(၃) ရက်၊ ၂၀၀၉

(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အန်အယ်လ်ဒီမှ ကြေညာချက်အမှတ် (၁/၀၁/၀၉) ကို ထုတ်ပြန်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်သည့် အနေဖြင့် ပြည်သူ့ လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်၊ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပြန်လွှတ်ပေးရန် စသည့် တောင်းဆိုချက်များ ပါသည့် တောင်းဆိုချက် (၇) ရပ်ကို ထုတ်ပြန်ခဲ့ပြီး လူထုကိုလည်း ပူးပေါင်း ပါဝင်ကြရန် ပန်ကြားခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီး နှစ်လတာအတွင်း မည်သည့် အတိုင်းအတာအထိ သက်ရောက်မှု ရှိနေပြီဆိုသည်ကို ခေတ်ပြိုင် သတင်းထောက် မင်းနိုင်သူက အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဆက်သွယ် မေးမြန်းခဲ့သည်။)

မေး။ ။ ဇန်န၀ါရီ (၄) ရက်က အန်အယ်လ်ဒီပါတီဘက်ကနေ ကြေညာချက်အမှတ် ၁/၂၀၀၉ ကိုထုတ်ပြန်ပြီး အချက် (၇) ချက် တောင်းဆို ခဲ့ပါတယ်ခင်ဗျ။ ဒီတောင်းဆိုမှုတွေကိုလည်း လူထုကို ထောက်ခံဖို့ မေတ္တာ ရပ်ခံထားတာလည်း ရှိပါတယ်။ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေလည်း စခဲ့ပါတယ်။ အခု ဒီတောင်းဆိုမှုဟာ နှစ်လရှိခဲ့ပြီဆိုတော့ လူထုရဲ့ ထောက်ခံမှုက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက် မလာသေးဘူး။ လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော် များများတော့ လုပ်ကြတယ်။ တချို့နယ်တွေမှာ ဆိုရင် ငါးထောင်လောက် စုမယ်ဆိုပြီး လုပ်တဲ့ဟာတွေ ရှိတယ်။ ဆိုတော့ အဲဒါတော့ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ ကျနော်တို့ ကောင်းကောင်းတော့ မသိဘူးဗျ။ ဒါကို လူငယ်ကို လုံးဝ လွှဲထားလိုက်တာကိုး။ လူငယ်ရဲ့ movement လို ဖြစ်နေတာပေါ့။ သူတို့ ဆီမှာပဲ စာရင်းအင်းတွေ ရှိတယ်။

မေး။ ။ ကျနော်တို့ကြားသိရသလောက်ပေါ့လေ။ တချို့နယ်တွေမှာတော့လည်း ဒီလက်မှတ်ရေးထိုး လှုပ်ရှားမှုတွေကို မသိကြဘူး။ မြို့နယ်ထဲမှာလည်း မကြားမိပါဘူး ဆိုပြီး ပြောနေကြတာတွေ ရှိပါတယ်။ ဆိုတော့ လုပ်နိုင်မှုအတိုင်း အတာ ဘယ်လောက်ထိ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ အဲဒါ လုပ်တော့လုပ်နေကြပါတယ်။ အဖွဲ့အစည်းထဲမှာ တချို့လူတွေက သိပ်ပြီး မလုပ်ချင်တဲ့ ဟာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ ထပ်ပြီးတော့ မေးတော့ မေးပါမယ်ဦးဗျာ။ အခုဟာက လူငယ် movement အနေနဲ့ လူငယ်တွေကို လွှဲပေးထားတာကိုး။ CEC ကို သူတို့က မတင်သေးဘူးလေ။ ကျနော် ထင်တယ်ဗျာ။ အခုကိစ္စကတော့ တချို့ နယ်တွေမှာလည်း စိုးရိမ်စိတ်တွေ ရှိနေကြတယ်ဗျ။ ဒါကြောင့် ခင်များတို့ မေးလိုက်တဲ့ လူတချို့က လှီးလွဲပြီး ပြောလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ်ကတော့ လုပ်တော့ လုပ်နေတယ် ဗျ။ တချို့ နေရာတွေမှာတော့ တော်တော် ထက်ထက်သန်သန် လုပ်တယ်ပေါ့ဗျာ။ တချို့နေရာတွေမှာတော့ လျော့တယ်ပေါ့။ ဒီလိုလည်း ရှိမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ။ ဒီလိုလက်မှတ်ကောက်ယူမှုတွေ လုပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို အန်အယ်လ်ဒီ ဘက်က ဘယ်လို စီမံသွားမှာပါလဲ ခင်ဗျ။

ဖြေ။ ။ နောက်ဆုံးမှာ ကုလသမဂ္ဂကို ပို့မယ်လို့ ရည်ရွယ်ထားတယ်ခင်ဗျ။ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာ ခဏခဏ တောင်းဆိုခဲ့တဲ့ဟာ။ နိုင်ငံ အတော်များများကလည်း တောင်းဆိုနေတဲ့ဟာ။ ဆိုတော့ ဒီကိစ္စကတော့ ရှိနေမှာပဲဗျ။ ဒီကိစ္စဟာ အခုမှစတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ လူငယ်တွေလည်း လုပ်ငန်းရှိအောင်၊ လူငယ် လှုပ်ရှားမှုတွေလည်း လုပ်ပါစေဆိုပြီး ကျနော်တို့က တိုက်တွန်း လိုက်တာ။ တကယ်တော့ ကျနော်ထင်တယ်။ ပြည်တွင်းမှာလည်း ဒီကိစ္စလုပ်ရတာ အခက်အခဲရှိတယ်။ နယ်တွေမှာလည်းဗျာ လူထုကို ခြိမ်းခြောက်မှုတွေ၊ ကန့်သတ်မှုတွေ၊ အကျပ်ကိုင်မှုတွေက တော်တော်များတယ်ဗျာ။ တော်တော်ကို ပြင်းထန်တယ်ဗျာ။ အခုလို ရွေးကောက်ပွဲ နီးလာချိန်မှာ သူတို့ဟာသူတို့လုပ်ပါစေ။ အစိုးရက ကြားနေမယ် ဆိုတာမျိုး ဆိုရင်တော့ တမျိုးဗျ။ အခုဟာ သူတို့ ကိုယ်တိုင်က နေပြီးတော့ (၂၅) ရာခိုင်နှုန်း ယူထားရုံတင် မကသေးဘူး ပြိုင်ဘက် ပုံစံမျိုးလုပ်နေတော့။ ပြည်တွင်းမှာ အကျပ်အတည်း တွေက ပိုများလာတယ်ဗျ။ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်တာ။ နိုင်ငံရေး သမားတွေကို ခြိမ်းခြောက်တာ။ အပြတ်ပြောတဲ့ ပုံစံမျိုးတွေ ပြောလာတဲ့ အခါကျတော့ လူထုကြားထဲမှာ တော်တော်ကို ခက်တဲ့ အနေထားမျိုးတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့ နောက်ပိုင်း သူတို့က ပါဝင် ပတ်သက်ရတော့မယ့်လူတွေ မဟုတ်ဘူးဗျ။ မပါဝင် မပတ်သက်ရင် တမျိုးပေါ့။ အခုဟာ သူတို့က (၂၅) ရာခိုင်နှုန်း ယူထားတဲ့အပြင် ပါဝင်ပတ်သက်တဲ့လူ။ အခု သူတို့ပါတီတွေ ထောင်ကြမယ်ဗျာ။ နောက်တခါသူတို့ရဲ့ တသီးပုဂ္ဂလ အင်အားတွေကို စုနေတယ်ဗျာ။ ဆိုတဲ့အခါကျတော့ နိုင်ငံရေးကို ဘက်ပေါင်းစုံကနေ ထိုးနေတာဗျ။ အဲဒါတွေအတွက်လည်း လှုပ်ရှားမှုတွေ အတော်များများ သူတို့က လုပ်တယ်ဗျ။ ကျနော့်အထင်တော့ တပြည်လုံး အတိုင်းအတာနဲ့ အကြီးအကျယ် လုပ်ဖို့ ဆိုတာထက် တိုင်းနဲ့ ပြည်နယ်တွေမှာ group လိုက် group လိုက် ပါတီတွေ ထောင်ဖို့ လုပ်မယ်။ အဲဒီ ပါတီလေးတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ စည်းရုံးနိုင်အောင် လုပ်မယ်။ နောက်တခုကတော့ တသီးပုဂ္ဂလတွေကို စည်းရုံးပြီးတော့ တသီးပုဂ္ဂလတွေကို ပါတီ ၀င်ခိုင်းတာတွေ လုပ်မယ်။ ဟိုတနေ့က ကြားလိုက်ပါတယ် UMFCCI က လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ ပါဝင် ပတ်သက်ခြင်း မပြုရဆိုတဲ့ စည်းမျဉ်းတွေ၊ constitution တွေကိုလည်း သူတို့ ပြင်လိုက်ပြီဗျ။ အဲဒီလို တသီးပုဂ္ဂလ တွေကို လုပ်ခြင်း အားဖြင့်ပေါ့ဗျာ။ စီးပွားရေး သမားတွေ၊ ရပ်မိရပ်ဖတွေကို အတိုက်အခံ အင်အားစုဘက် ယိုင်မသွားအောင် သူတို့က သိမ်းကျုံးသွင်း နေတာဗျ။ ဆိုတော့ ကျနော်ပြောချင်တာက ပြည်တွင်းမှာ တော်တော်ကို ကျပ်တည်းတယ်ဗျ။ စောစောက လက်မှတ်ထိုးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နယ်တွေမှာလည်း ခြိမ်းခြောက်မှု တွေရှိတယ်။ ဒါတွေကို သူတို့ မကြိုက်ဘူး။ ဒီလက်မှတ်ထိုးတဲ့ campaign မျိုးကို သူတို့က တော်တော်ကို မကြိုက်တာပါ။ နယ်တွေမှာလည်း အကျပ်အတည်း ကြားက လုပ်နေကြပါတယ် ဆိုတာကိုတော့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အာဏာပိုင်တွေဘက်က ဒီလိုဖိနှိပ်မှုတွေကလည်း ရှိနေတယ် ပေါ့လေ။ တဘက်မှာ ကလည်း ကျနော်တို့ ကြားသိ ရသလောက်က လူထုစီးပွား ကျဆင်း လာနေပါတယ်။ လူထုကြားထဲမှာ အစိုးရအပေါ် မကျေနပ်ချက်တွေ ကလည်း များနေပါတယ်။ ဒီလိုအချိန်မှာ အန်အယ်လ်ဒီဘက်က လူထုအတွက် ဘယ်လို အခန်းကဏ္ဍကနေ ဦးဆောင်မှုတွေ ပေးနိုင်မလဲခင်ဗျ။

ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သာမန်အားဖြင့် ပြောမယ်ဆိုရင် ဒီလို အချိန်မျိုး လူထု အတွင်းမှာ မကျေနပ်မှုတွေ များနေချိန်မျိုးမှာ နိုင်ငံရေး အဖွဲ့အစည်း တခုဟာ လှုံ့ဆော်၊ လှုပ်ရှားတဲ့ ပုံစံမျိုးနဲ့ သွားဖို့ ကောင်းတယ် ပေါ့ဗျာ။ သို့သော် ဖြစ်နေတာက အန်အယ်လ်ဒီ အနေနဲ့က အဲလိုလုပ်လို့က ရနိုင်တဲ့ အနေအထားမှာ မရှိဘူးဗျ။ လူထုမှာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အဖွဲ့အနေနဲ့ တော်တော် လှုပ်ရှားရတာ ခက်ပါတယ်။ အန်အယ်လ်ဒီမှာရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း policy-making approach လို့ ခေါ်တာပေါ့ဗျာ။ ဒီပုံစံနဲ့ ကုလသမဂ္ဂကို ပြောမယ်။ အခါအားလျော်စွာ ပေါ်ပေါက်လာတဲ့ နေ့တွေမှာ တောင်းဆိုချက်တွေ ထုတ်တာ။ ဒီလိုဟာတွေပဲ များနေတယ်။ တကယ့်ကို activity ဖြစ်တဲ့ လူထုကြားထဲ တိုးဝင်ပြီးတော့ လူထုကို လှုံ့ဆော် လှုပ်ရှားတဲ့ approach မျိုးက တော်တော်ကို အားနည်းတယ်ဗျာ။ ကျနော့် သဘောကတော့ အဲလို လှုပ်ရှားရတာ ၀ါသနာပါလည်း ပါတယ်။ လုပ်လည်း လုပ်ချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ် အချိန်သိပ် မရှိဘူး။ ကျနော်တို့မှာ policy-making ပုံစံနဲ့ ဆက်သွားဖို့ ဆိုတာလည်း ကုန်နေပြီဗျ။ လက်ကုန်နှိုက် ပြီးပြီ။ ဘာမှ သိပ်မထူးခြားဘူး။ ဥပမာဆိုပါတော့ အခါအားလျော်စွာ ပေါ်လာတဲ့ အမေရိကန်ရဲ့ change လိုဟာမျိုး အဲလိုဟာမျိုးလောက်ပဲ ကြည့်ပြီးတော့ ကျနော်တို့က တိုက်တွန်းဖို့ လှုံ့ဆော်ဖို့ ဒီလောက်ပဲရှိတယ်။ ဒီလို တိုက်တွန်း နေရုံနဲ့ အခါအားလျော်စွာ တောင်းဆိုချက်တွေ ထုတ်နေရုံနဲ့တော့ သိပ်မထူးဘူးလို့ ကျနော့် သဘောအရတော့ မြင်တယ်ပေါ့ဗျာ။ သို့သော် ခက်တာက အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ဆိုတာက အဖွဲ့အစည်းမှာ အများရဲ့ဆန္ဒကို လွန်ဆန်လို့ မရဘူးလေ။ အများနဲ့ ညှိနှိုင်းပြီး လုပ်ကြရတာလေ။ ကျနော်တို့ကတော့ တိုက်တွန်းနေတယ်။ နည်းနည်းတော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ က dynamic ဖြစ်ဖို့ ကောင်းတယ်။ dynamic ဖြစ်ဖို့ တိုက်တွန်း နေပေမယ့်လို့ ကျနော်ကိုယ်တိုင်ကလည်း အသက် (၈၀) ဖြစ်နေတဲ့ အခါကျတော့ ကျနော် ကိုယ်တိုင်ကလည်းပဲ သိပ်ထက်ထက် သန်သန်ကြီး ဦးဆောင်နိုင်တဲ့ အနေအ ထားမှာ မရှိတာတော့ အမှန်ပဲဗျ။ သို့သော် ကျနော် လူကြီးတွေကိုလည်း တိုက်တွန်းနေတဲ့ အခါမှာ သူတို့ကလည်း သူတို့ဘက်ကနေ ကျနော်တို့ မသိတဲ့ နှစ်ပေါင်း နှစ်ဆယ်လောက် ကာလ အတွေ့အကြုံတွေ ဘာတွေ ပြောပြတယ်ပေါ့ ဗျာ။ ဆိုတော့ကာ သူတို့ကလည်း ဒီသူတို့ တွေ့ကြုံထားရတဲ့ အတွေ့ အကြုံခွင်ထဲက မထွက်ချင်ဘူး။ ကျနော်တို့က လည်း ဘယ်လိုဖြစ်လဲ ဆိုတော့ တိုက်ပွဲခွင်ထဲ ၀င်ချင်တယ်ပေါ့ဗျာ။ အဲလို အနေအထားမှာ ရှိတယ်ဗျ။ အဲဒါကို အစိုးရကနေ အမှန်အတိုင်း ပြောရရင် ကျနော်တို့ကို လွှတ်လိုက်တာဟာ ကျနော်ထင်တယ် အန်အယ်လ်ဒီဘက်မှာ အကွဲအပြဲ ဖြစ်အောင် လုပ်ချင်တဲ့ သဘော ရှိပုံပေါ်တယ်ဗျ။ စေတနာလေး ရှိပုံပေါ်တယ်။ ဒါမို့ ကျနော်တို့က စိတ်ထိန်းရတယ်။ တတ်နိုင်သမျှ စိတ်ထိန်းပြီးတော့ ဒီလူကြီးတွေပေါ့ဗျာ။ သူတို့မှာလည်း အတွေ့အကြုံ ရှိပါတယ်။ သူတို့အတွေ့အကြုံ တွေကလည်း အဖိုးတန်တယ်လို့လည်း ပြောနိုင်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အခက်အခဲ တွေကြားက ရပ်ခဲ့ကြရတာကိုး။ သူတို့တွေ စဉ်းစားနိုင်သလို ကျနော်တို့လည်း စဉ်းစားနိုင်ပါတယ်။ ကျနော်တို့လည်း စစ်ဗိုလ်မှ မဟုတ်ဘဲကိုး။ ကျနော်တို့လည်း သတင်းစာမှာ လုပ်လာခဲ့တဲ့အတွက် နိုင်ငံရေး အနုစိတ်ကိစ္စများမှာ စဉ်းစားနိုင်တဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ သို့သော် တဘက်မှာလည်း တိုင်းပြည်မှာ ဒီလိုငြိမ်ခံ နေလို့တော့ မဖြစ်ဘူး ဆိုပြီးတော့လည်း ကျနော်တို့က ယူဆတယ်ပေါ့ဗျာ။ အခုလက်ရှိ အန်အယ်လ်ဒီရဲ့ အနေအထားက လုပ်ဖို့ကောင်းတာက အခုခင်များတို့ မေးသလိုပေါ့ဗျာ။ လူထုကို ဦးဆောင်နိုင်ဖို့ လိုတယ်။ လှုံ့ဆော်နိုင်ဖို့ လိုတယ် ဆိုတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အန်အယ်လ်ဒီဟာ တစုံတရာ ဦးဆောင်မှု ပေးနိုင်ရမယ်။ ဒါကတပိုင်း။ တပိုင်းကလည်း နိုင်ငံရေး အနုစိတ်ကလေးတွေ ပေါ့ဗျာ။ အမေရိကန်ရဲ့ ပုံသဏ္ဌာန်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရွေ့အလျား၊ အီးယူရဲ့ အယူအဆ ဒီလိုဟာတွေနဲ့ ဆက်စပ်ပြီး သံခင်းတမန်ခင်း ပုံသဏ္ဌာန်မျိုးနဲ့ ဦးဆောင်ဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ အဲဒီနှစ်ခုကြားထဲမှာ ကျနော်တို့ ဘာလုပ်မလဲ ဆိုတဲ့ အနေအထား ဖြစ်နေတာ ပေါ့ဗျာ။ ကောင်းပြီ ကျနော်တို့ ဦးဆောင်ပြီဟေ့ တခုခု လုပ်ကြပြီဟေ့ ဆိုလည်း ကျနော်တို့ အောက်ခြေ အဖွဲ့အစည်းက အားနည်းနေတယ်ဗျ။ တပြည်လုံး အခြေအနေ ခြုံကြည့်တဲ့ အခါကျတော့ ကျနော်တို့က အောက်ခြေတွေ မရှိဘူးဗျ။ အခုဟာ ခေါင်းပိုင်းတင် ရှိပြီးတော့ ခေါင်းပိုင်းမှ တကယ့်ခေါင်းပိုင်း၊ တနေ့မှ ရုံးထဲမှာ လူငါးဆယ်လောက် ၀င်ထွက် သွားလာနေကြတာ ပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ လူထုကို ဦးဆောင်မှု ပေးတယ်ဆိုတာ ရှင်းရှင်းပြောရရင် အောက်ခြေ အဖွဲ့တွေရှိမှသာ စည်းရုံးပြီးသား ဖြစ်မှသာ လုပ်နိုင်တဲ့ အနေအထားကိုးဗျ။ ရန်ကုန်မြို့ တခုတည်းတင် CEC တချို့လေးတင် ထအော်နေလို့ မရဘူးလေ။ ကျနော်တို့မှာလည်း အဲလိုမျိုး ချိန်ရတာမျိုးလေးတွေ ရှိတယ်ဗျ။ သို့သော် တခုရှိတာက ကျနော်တို့ကလည်း တိုက်တွန်း ထားတာပဲဗျာ။ လူထုကိုယ်တိုင်က အလုပ်လုပ်ကြပါ။ ကျနော်တို့ကလည်း လူထုကို အားကိုးတယ်ဆိုပြီး ထုတ်ပြောတဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေဟာ တကယ့်ကို ဆိုးတာလည်း အမှန်ပဲဗျာ။ စီးပွားရေးဟာ တကယ့်ကို ဆိုးတဲ့ အခြေအနေမှာ ရောက်နေတာလည်း အမှန်ပဲဗျ။ အခုဟာက center point ကိုရောက်နေတယ်။ အခြားဘက်များ ကူးလာရင်တော့ အုံကြွဖို့ဆိုတာ ဖြစ်နိုင်တယ်။ သို့သော် အုံကြွဖို့ဆိုတာ ဦးဆောင်မှုကဏ္ဍ ပါရမယ်ဗျ။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့