..............................

Friday, May 20, 2011

ဥက္ကဋ္ဌရာထူးအတွက် မြန်မာနိုင်ငံကို အာဆီယံ စောင့်ကြည့်မည်

ကျော်ကျော်သိန်း
ကြာသပတေး, 19 မေ 2011

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူး ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) က ပြောကြား လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီ မြို့တော်က Woodrow Wilson Center မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အတွင်းမှာ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က အခုလို ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ ပစ်ဆူဝန် ပြောကြားသွားတာတွေနဲ့ ပတ်သက်ပြီး သိရှိရအောင် ဒီအခမ်းအနားကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်က ပြောတဲ့ပုံအရဆိုရင် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပေးမယ်၊ မပေးဘူး ဆိုတာကို သူတို့ စောင့်ကြည့်ကြဦးမယ် ဆိုတဲ့ သဘောပေါ့။

“ဟုတ်ပါတယ်ခင်ဗျ၊ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ဒီနေ့ အခမ်းအနားမှာ ပြောသွားတာ ကတော့ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးဖို့၊ မပေးဖို့ဆိုတဲ့ နေရာမှာ သူတို့အနေနဲ့ ပိုပြီးတော့ စိတ်ချ ယုံကြည်ရတဲ့၊ ခိုင်မာတဲ့ အခြေအနေ တရပ်အထိ စောင့်ကြည့် ချင်သေးတယ်။ အဲဒီအချိန်အထိ၊ အဲဒီလို စိတ်ချ ခိုင်မာ ယုံကြည်ရတဲ့ အခြေအနေမျိုး ရောက်တဲ့အထိ ရွှေ့ဆိုင်းထားခဲ့တယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားပါတယ်။

“ဘာကြောင့်လဲဆိုတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ဆိုတာက ဘယ်နှစ် ဘယ်နှစ်မှာ ဘယ်လို ထမ်းဆောင်ရမယ် ဆိုပြီးတော့ သူ့အလိုအလျောက် ဖြစ်လာတာ မဟုတ်ဘူး၊ ဒါကြောင့် မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌရာထူး ပေးဖို့အတွက် ဆိုရင် အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ပိုပြီးတော့ စိတ်ချ ယုံကြည်ရတဲ့ အခြေအနေမျိုးအထိ စောင့်ကြည့် ချင်သေးတယ်၊ အဲဒီအချိန် ရောက်တဲ့ အထိ ရွှေ့ဆိုင်း ထားချင်သေးတယ်လို့ အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။”

အဲဒီလို အခြေအနေ ရောက်တယ်၊ မရောက်ဘူး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်တယ်၊ မရောက်ဘူး ဆိုတာကရော သူတို့က ဘယ်လို အတိုင်းအတာနဲ့ သတ်မှတ်မှာလဲခင်ဗျ။

“ဒီနေရာမှာ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာအစိုးရက ဘာတွေလုပ်တာကို မြင်ချင်တာလဲ ဆိုတဲ့ အပေါ်မှာတော့ သူက အာဆီယံ ခေါင်းဆောင်တွေက တခြား မြန်မာလူထု လိုချင်တဲ့ အတိုင်းပဲ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိတာကို မြင်ချင်တယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်တာကို မြင်ချင်တယ်၊ မြန်မာအစိုးရက နဂို ကြေညာထားခဲ့တဲ့ အတိုင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမယ် ဆိုတဲ့အတိုင်း နိုင်ငံမှာ အဲဒီလမ်းကြောင်း အတိုင်း လျှောက်လှမ်းနေတယ် ဆိုတာကို မြင်ချင်တယ်၊ တနည်းအားဖြင့် သူက ပိုပြီးတော့ တည်ငြိမ်တဲ့ အခြေအနေ၊ ပြည်သူလူထုအတွက် ပိုပြီးတော့ ပွင့်လင်း မြင်သာမှုရှိတဲ့ အခြေအနေကို မြင်ချင်တယ်လို့ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ပြောပါတယ်။”

နောက်တခုက သူတို့ မြန်မာနိုင်ငံကို ဥက္ကဋ္ဌအဖြစ် အလှည့်ပေးဖို့ ဘယ်တော့လောက် ဆုံးဖြတ်ကြမှာလဲ ခင်ဗျ။

“အတိအကျ ဘယ်တော့ဆုံးဖြတ်မယ် ဆိုတာကိုတော့ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ပြောမသွားပါဘူး။ ဒါပေမဲ့ လာမယ့် နိုဝင်ဘာလ ကျရင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေရဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ရှိပါတယ်။ အဲဒီအစည်းအဝေး မတိုင်ခင်မှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ (Marty Natalegawa) မြန်မာနိုင်ငံကို သွားပါလိမ့်မယ်။

“သွားပြီးရင် သူက မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုရှိနေသလဲ၊ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေးက အစိုးရ ပြောထားတဲ့ အတိုင်း ရှိနေသလား၊ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ် ဘယ်လိုဖြစ်နေတယ် ဆိုတာကို သူက သွားရောက် တွေ့ဆုံ ဆွေးနွေးပြီး သတင်း အချက်အလက်တွေ စုဆောင်း ယူလာပါလိမ့်မယ်။ အဲဒီ သတင်းအချက်အလက်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက အာဆီယံ ခေါင်းဆောင်တွေကို အစီရင်ခံပါမယ်။

“အဲဒီနေရာမှာ အာဆီယံ ခေါင်းဆောင်တွေက သူတို့ ရရှိထားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စကို စဉ်းစား ဆွေးနွေးကြဖို့တော့ ရှိပါတယ်။ သို့သော် အဲဒီ ဘာလီကျွန်း ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေး တကယ် ဆုံးဖြတ်မယ်၊ မဆုံးဖြတ်ဘူး ဆိုတာကိုတော့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်က အတိအကျ ပြောမသွားပါဘူးခင်ဗျ။”



Ref: VOA News

Read More...

ဗုံးဆန်ထိ လူနာများ နေပြည်တော်ဆေးရုံကြီးသို့ပို့

ကျော်ခ
ကြာသပတေးနေ့၊ မေလ ၁၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေး-နေပြည်တော် အမြန်လူစီးရထားဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရသွားသည့် ခရီးသည် ၉ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း တပ်ကုန်း ဆေးရုံ ဝန်ထမ်းများက ပြောသည်။

ဗုဒ္ဒဟူးနေ့ညနေက ရန်ကုန်- မန္တလေး အမှတ် ၃ အဆန်ရထားပေါ်တွင် ပေါက်ကွဲသည့် ဗုံးကြောင့် ဒဏ်ရာ ရသူများကို နီးစပ်ရာ တပ်ကုန်း ဆေးရုံပို့၍ ကုသခဲ့သော်လည်း နေပြည်တော်မှ အကြီးအကဲများ၏ ညွှန်ကြားချက်ဖြင့် ဆေးရုံ ပြောင်းပေး လိုက်သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့လူတွေက မနေ့ညကထဲက စိုးရိမ်စရာ မရှိပါဘူး။ ကုတင် ၁၀၀၀ က ပိုပြီး ကောင်းလို့ လူကြီးတွေ စီစဉ်တဲ့ ကားနဲ့ တခါထဲ တင်ပေး လိုက်တာပါ” ဟု ဆေးရုံ တာဝန်ခံတဦးက မဇ္ဈိမကိုပြောသည်။

သို့သော် မည်သူ့ညွှန်ကြားချက်ဟု သူက ဖြေမသွားပေ။ ဒဏ်ရာရရှိသူ ၉ ဦးမှာ မိတ္ထီလာ၊ ဖြူး၊ သာစည်၊ ကသာ၊ ကျောက်ကြီးတို့မှ ဒေသခံ လယ်သမားများ ဖြစ်ပြီး ဗုံးပေါက်ကွဲစဉ် ဗုံးစများ ထိမှန်ခံရကာ ကြာသပတေးနေ့က ခွဲစိပ် ကုသပြီး ဖြစ်သည်ဟု နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆရာဝန် တဦးက ပြောသည်။

“မနေ့က တယောက် ဒဏ်ရာနဲနဲများတော့ နဲနဲစိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လေ။ အခုခွဲစိပ်ပြီးတော့ ကောင်းသွားပြီ။ ကျန်တဲ့ လူတွေကတော့ ခြေထောက်လေးတွေ ထိတယ်။ လက်ကလေး တွေထိတယ်။ ... သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးကြီး မပါပါဘူးရှင့်” ဟု ဆရာဝန်က ပြောသည်။။

၉ ဦးလုံး ယခုပတ်အတွင်း ဆေးရုံကဆင်းနိုင်မည်ဟုလည်း ဆိုသည်။ ဗုံးပေါက်စဉ် သေဆုံးသွားခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားမှာ သာစည်မြို့နယ်မှ ဖြစ်သည်ဟု တပ်ကုန်း ဘူတာ ဝန်ထမ်းတဦးက ပြောသည်။

ဗုဒ္စဟူးနေ့ညနေက အဆိုပါ လူစီးရထား တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ဘူတာရုံမှ ဆင်သေ ဘူတာဘက်သို့ ဦးတည် ခုတ်မောင်းစဉ် စက်ခေါင်း နောက်သုံးတွဲမြောက် ရိုးရိုးတန်း လူစီးတွဲပေါ်၌ ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲပြီး အမျိုးသမီးတဦး အမျိုးသား တဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

“ဗုံးပေါက်တုန်းက ရထားက အမိုးပဲပွင့်သွားတာ၊ မှောက်မသွားပါဘူး။ ဒီအတွဲကို ဒီတပ်ကုန်းဘူတာမှာ လာဖြုတ်ပြီး အခု ပျဉ်းမနားကို ပို့လိုက်ပါပြီ” ဟု တပ်ကုန်း ရထားဘူတာရုံ ဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

ဗုံးပေါက်ကွဲချိန်တွင် နေပြည်တော်၌ အမေရိကန်နိုင်ငံ၏ ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း Joseph Yun နှင့် မြန်မာ အစိုးရသစ် ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံရန် အလည်အပတ် ရောက်နေချိန်လည်း ဖြစ်သည်။

နေပြည်တော်အနီး ဗုံးပေါက်ကွဲပြီး နောက်တနေ့ ကြာသပတေးနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၊ အမှတ် ၄ ရက်ကွက် ရဲစခန်းအနီး ဆက်သွယ်ရေးရုံး၌ ဗုံးပေါက်ကွဲ ခဲ့သေးသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာနှင့် အသေအပျောက် မရှိပေ။


Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည် မကြာမီ ခရီးထွက်မည်

ရန်ပိုင်
Thursday, 19 May 2011

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ လများအတွင်း ခရီးထွက်၍ ပြည်သူများနှင့် တွေ့ဆုံမည်ဟု အမေရိကန် နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် တွေ့ဆုံ အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။

ထိုသို့ ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ စီစဉ်ထားခြင်း မရှိသေးကြောင်း သိရသည်။၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အထက်မြန်မာပြည် ခရီးစဉ်၌ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ် အစိုးရ ကျောထောက် နောက်ခံ ပြုထားသူများက ၀ိုင်းဝန်း ရိုက်နှက်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ် ချခဲ့သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့်တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု သက်တမ်း တနှစ် ထပ်မံ တိုးမြှင့်လိုက်ခြင်းသည် မြန်မာအစိုးရသစ် အနေဖြင့် လုံလောက်သော အပြောင်းအလဲများ မပြုလုပ်နိုင်သေး သည့် အတွက် ထပ်မံ တိုးမြှင့်ခြင်းဖြစ်နိုင်သည်ဟု သတင်းထောက်များကို ပြောကြားကြောင်း ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်း ထောက်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်နှင့် ပတ်သက်၍ လွတ်ငြိမ်း ချမ်းသာခွင့် မဟုတ်ဘဲ လျော့ပေါ့ခွင့်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည် ဟုလည်း သိရသည်။

ယခု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း အား ယခုခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ၎င်း အနေဖြင့် အစိုးရနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၏ ပြောဆိုမှုများကို လာရောက် နားထောင်ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောဆိုသည်ဟု သိရသည်။

အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ပြီး မြန်မာ အစိုးရ ၏ ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် လည်း ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ်

Read More...

အထိန်းသိမ်းခံ မြန်မာ ၃၁ ဦး အိန္ဒိယအစိုးရ လွှတ်ပေးပြီ

ဇာနည်မာန်
Thursday, 19 May 2011

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်း ခံထားရသော ကရင်နှင့် ရခိုင် တော်လှန်ရေး သမား ၃၄ ဦးအနက် ၃၁ ဦးတို့ ယနေ့ နေ့လယ်က အမှုမှ ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

လွတ်မြောက်လာသူ ၃၁ ဦးထဲတွင် အပါအဝင်ဖြစ်သော ရခိုင်အမျိုးသား ကိုဓညလင်းက “နေ့လည် ၁ နာရီ ၅၅ က လွတ်ပါတယ်။ ရခိုင် ၂၂ ယောက်၊ ကရင် ၉ ယောက် လွတ်ပါတယ်။ ကျန်တဲ့ ရခိုင် ၂ ယောက်နဲ့ ကရင် ၁ ယောက် ကတော့ ပေါ့ဘလဲကို ပြန်သွား ရပါဦးမယ်။ ကျနော်တို့ အခု လေယာဉ်ကွင်းသွားတဲ့ လမ်းမှာ ရောက်နေပါပြီ။ ဒေလီကိုတော့ ည ၁၁ နာရီလောက် ရောက်မယ် ထင်ပါတယ်” ဟု ပြောပြသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သည့် အတွက် အိန္ဒိယအစိုးရ အပါအဝင်၊ ကူညီပေးသူများ၊ အဖွဲ့ အစည်းများကို ကျေးဇူးတင်သည်ဟု ဆိုသည်။

“သူတို့ ဒီလို မကူညီပေးရင် ကျနော်တို့ လွတ်လာမှ မဟုတ်ပါဘူး။ ထောင်ထဲမှာ နေရတာကြာတော့ ပင်ပန်း လွန်းလှပါပြီ အပြင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာလည်း ကျနော်တို့ မသိတော့ဘူး။ ဒေလီရောက်မှပဲ အပြင်က အခြေအနေတွေ လေ့လာပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားမယ်” ဟု သူက ပြောသည်။

မြန်မာ ၃၄ ဦး၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာ တင့်ဆွေကလည်း မလွတ်မြောက်သေးသည့် ၃ ဦးမှာ ပေါ့ဘလဲ ကျွန်းတွင် တခြား အမှုအနည်းငယ် ကျန်ရှိ နေသေးကြောင်း ဧရာဝတီကို ရှင်းပြသည်။

အဆိုပါ ၃ ဦးသည်လည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိပြီးသား ဖြစ်သောကြောင့် မကြာမီ ပြန်လည် လွတ်မြောက် လာနိုင်သည်ဟု သိရသည်။

လွတ်မြောက်လာသည့် ၃၁ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ အိန္ဒိယနိုင်ငံတွင် နေထိုင်ခွင့် အဆင့်အထိ ရမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာတင့်ဆွေက ပြောသည်။

“သူတို့လွတ်လာရင် သူတို့ကို ဘယ်သူက ကူညီစောင့်ရှောက်မလဲ ဆိုတာ အိန္ဒိယအစိုးရက စိုးရိမ်တော့ ဒေလီမှာရှိတဲ့ မြန်မာ အသိုင်းအ၀န်းကနေ ကျနော်တို့ တာဝန်ယူပါတယ်လို့ ကာလကတ္တား တရားရုံး အထိကို တင်ထားတာရှိတယ်။ အဲဒါကြောင့် ဒီက ဗမာ အဖွဲ့အစည်းတွေဆီကို ရောက်လာမယ့် သဘောပါ” ဟု သူက ဆိုသည်။

နယူးဒေလီရှိ ဘားမားစင်တာ ဒေလီက လွတ်မြောက်လာသူတို့၏ စားဝတ်နေရေး၊ ကာလကတ္တားမှ နယူးဒေလီ သွားရန် အတွက် ခရီးစရိတ် စသည်တို့ကို အာမခံ ကူညီပေးမည်ဖြစ်ကြောင်း တရားရုံးသို့ တင်ပြထားခဲ့သည်ဟု ဘားမားစင်တာဒေလီမှ ကိုကင်မ်က ပြောသည်။

တတိယနိုင်ငံများတွင် ၎င်းတို့ အခြေချနေထိုင်နိုင်မည့် လုပ်ငန်းစဉ်များအတွက်ကိုမူ အဆင့်ဆင့် ဆောင်ရွက် ရဦးမည် ဖြစ်ကြောင်း၊ ထိုသူတို့ လွတ်မြောက် လာချိန်တွင် အခြေချ နေထိုင်ခွင့်ပေးရန် ချက်သမ္မတ နိုင်ငံက ကမ်းလှမ်း ခဲ့ဖူးကြောင်း သိရသည်။

ဒေါက်တာတင့်ဆွေက “ဒါကတော့ ကာယကံရှင်တွေရဲ့ သဘောလည်းပါမယ်။ သူတို့ ဆန္ဒအပေါ် မူတည်ပြီးတော့ ဒီက အသိုင်းအ၀န်းက အကုန်လုံး ၀ိုင်းလုပ်ပေးကြရမှာပါ” ဟု ဆိုသည်။

ဆက်လက်၍ သူက “အိန္ဒိယအစိုးရက ဒုက္ခသည်တွေနဲ့ ပတ်သက်ရင် စာနာမှုအပြည့်နဲ့ ကူညီထားတာ အင်မတန်မှ ကျေးဇူး တင်ပါတယ်။ နှစ်နိုင်ငံရဲ့ အစိုးရချင်း ဆက်ဆံရေးက တပိုင်းပေါ့လေ။ သက်ရောက်မှု ရှိတဲ့ အပိုင်းလည်း ရှိပေမယ့် အခုလို စာနာမှု ထားတဲ့အတွက် အင်မတန် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

၁၉၉၈ ခုနှစ်က အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့၏ သဘောတူညီချက် အရ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင် တိုင်းရင်းသားများ ပါဝင်သည့် အဆိုပါ ၃၄ ဦးကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ ရေတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပေါ့ပ်ဘလဲမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း ၎င်းအဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ ကွပ်မျက် ခံခဲ့ရပြီး ကျန်သူများကိုမူ ကာလကတ္တား အကျဉ်းထောင်သို့ ပို့ဆောင်၍ လက်နက် ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက် အတွင်း တရားမ၀င် ခိုးဝင်မှုတို့ဖြင့် အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။

အမှုများကို စီရင်ချက်ချချိန်က သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁ နှစ် ၃ လ နှင့် ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် ၃ လနှင့် ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ လက်နက်မှုပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေရူပီး ၂၀ဝ၀ ချမှတ်ခဲ့ရာ ထိန်းသိမ်းခံ ရက်များကို လျှော့ရက် ခံစားခွင့်ဖြင့် လွတ်မြောက်ရမည် ဖြစ်သော်လည်း အိန္ဒိယနိုင်ငံအတွင်း နေထိုင်ခွင့် မရှိသောကြောင့် လွတ်မြောက်ရန် ကြန့်ကြာ နေခဲ့ရသည်။

နောက်ပိုင်းတွင် UNHCR နှင့် အိန္ဒိယပြည်ထဲရေး ၀န်ကြီးဌာနအပါအ၀င် တခြားသော ကူညီဆောင်ရွက်သူ များကြောင့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီး ယခုကဲ့သို့ လွတ်မြောက်လာရခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Thursday, May 19, 2011

မြဝတီ ဆက်သွယ်ရေး ဗုံးပေါက်

ကျော်ခ | ကြာသပတေးနေ့၊ မေလ ၁၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့ရှိ ဆက်သွယ်ရေးရုံးအတွင်း ကြာသပတေးနေ့ မနက် ၈ နာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မြန်မာနှင့် ထိုင်းနယ်စပ်မြို့၏ အမှတ် ၄ ရက်ကွက်ရှိ မြို့နယ် ရဲစခန်းနှင့် ပေ ၁ဝဝ ခန့်အကွာရှိ ဆက်သွယ်ရေးရုံး အဝင်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“အုံးကနဲ ပေါက်ကွဲသံကြားတော့။ အဲဒီဝင်းထဲမှာ နေတဲ့လူတွေ ဟိုပြေးဒီပြေး ပြေးကြတယ်။ လူကိုတော့ မထိဘူး” ဟု ဆက်သွယ်ရေး ရုံးအနီး နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

ပေါက်ကွဲသံကြောင့် ၅ မိနစ်အတွင်း ရဲများ ရောက်ရှိလာကြပြီး ရုံးကိုလည်း ယာယီ ပိတ်ထားလိုက်သည်။

ဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက် မရှိသလို၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု မရှိသော်လည်း မြို့ခံများက နောက်ထပ် ဗုံးများ ပေါက်ကွဲမှာကို ကြောက်ရွံ့စိုးရိမ်နေခဲ့သည်။

“သားကို ကျောင်းသွားအပ်တာ စောင့်နေတုန်းမှာပဲ၊ ဟိုဘက်က ပေါက်ကွဲသံကြားတော့ ကျနော်တို့လည်း လန့်ပြီး အိမ်ကို ချက်ချင်း ပြန်ကြတာ။ တခြားလူတွေလည်း ပြန်ပြေးကြတာပဲ” ဟု ကျောင်းသား မိဘတဦးက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်အနီး ရန်ကုန်-မန္တလေး လူစီးရထားပေါ်၌ ချိန်ကိုက်ဗုံးတလုံး ပေါက်ကွဲရာ လူ ၂ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာ ရသွားကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

စက်ခေါင်း၏ နောက်သုံးတွဲမြောက် ရိုးရိုးတန်း လူစီးတွဲ၌ ညနေ ၃ နာရီ ၅၅ မိနစ်တွင် ပေါက်ကွဲကာ ရထားတွဲအမိုး ပွင့်သွား ခဲ့သည်ဟု ပါရှိသည်။

ဗုံးကွဲမှု မကြာခဏ ဖြစ်လေ့ရှိသော မြဝတီတွင်တော့ ယခုဗုံးမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပေါက်ကွဲမှု ဖြစ်သည်။

ရဲစခန်းအနီး ခရစ်ယာန်ဘုရားကျောင်းအနီးတွင် မတ်လအတွင်း ဗုံးတလုံး ပေါက်ခဲ့သေးသည်။ သို့သော် ထိခိုက် သေဆုံးမှု မရှိပေ။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လက်ဖက်ရည်ဆိုင်တခု၌ ပေါက်ကွဲသည့် ဗုံးကြောင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး နောက်တရက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားသွားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် DKBA နှင့် အစိုးရ တပ်များ အကြား မြို့တွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ

ဗုဒ္ဓဟူးနေ့၊ မေလ ၁၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မှ မန္တလေးသို့ သွားသော စာပို့ရထားတစီးပေါ်၌ ဗုဒ္ဓဟူးနေ့ ညနေတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။

အမှတ် ၃ အဆန် ရထားသည် မန္တလေးတိုင်း ပျဉ်းမနားခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့နှင့် ဆင်သေ ဘူတာ အနီးတွင် ရိုးရိုးတန်း ခရီးသည် တွဲ၌ ညနေ ၄ နာရီခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာ ရသူ ၇ ဦးကို တပ်ကုန်းမြို့ဆေးရုံသို့ ပို့ဆောင် လိုက်ရသည်ဟု ဆိုသည်။

“ ဝုန်းဆိုတဲ့ အသံကျယ်ကြီး၊ မီးရထားသံ ဆူညံနေတာတောင် ဖုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အခြေအနေ တော်တော် ဆိုးတယ်" ဟု ရထားပေါ်တွင် လိုက်ပါသွားခဲ့သူ ခရီးသည် ကိုဇာနည်က မဇ္ဈိမကို ပြောသည်။

ချိန်ကိုက်ဗုံး အမျိုအစားဖြစ်ပြီး နေပြည်တော်ဘူတာတွင် ပေါက်ကွဲရန် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်းနှင့် အချိန် လွဲချော်မှုကြောင့် နေပြည်တော် ကျော်လွန်ပြီးမှ ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း ရထား လုံခြုံရေးများက ခန့်မှန်း ပြောဆိုကြသည်ဟု မဇ္ဈိမက ဆက်သွယ် ရရှိသော ခရီးသည်များက ပြောသည်။

နေပြည်တော် ဘူတာရုံ တာဝန်ရှိသူများကလည်း ဗုံးပေါက်ကွဲမှု အကြောင်း အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ဖြေဆိုရန် ငြင်းဆန်သည်။

Ref: မဇ္ဈိမ

Read More...

KIA တပ်များ အမြင့်ဆုံး တပ်လှန့်ထား

Wednesday, 18 May 2011

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတခုဖြစ်သည့် မိုးညှင်းမြို့နယ်တွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်းများသို့ ယနေ့ နံနက်တွင် အစိုးရ တပ်များက လောင်ချာဖြင့် ပစ်ခတ် ခံရပြီးနောက် အမြင့်ဆုံး တပ်လှန့် ထားကြောင်း သတင်းရရှိသည်။

အဆိုပါ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ကျဆုံးမှုစာရင်း မသိရသေးကြောင်း အမည် မဖော်လိုသည့် KIA အရာရှိကြီး တဦးက ယနေ့တွင် ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Xu Caihou မြန်မာနိုင်ငံသို့ လာရောက်ပြီး နောက်ပိုင်းတွင် တရုတ်နယ်စပ် အခြေစိုက် KIA တပ်များနှင့် အစိုးရ တပ်များကြား ပထမဆုံး အကြိမ် စစ်ရေး ပြန်လည် တင်းမာမှုဖြစ်သည်ဟု ပြည်တွင်းအခြေစိုက် စစ်ရေး သုံးသပ်သူတဦးက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အစိုးရတပ်များက KIA ထိန်းချုပ်နယ်မြေသို့ ကျူးကျော် ဝင်ရောက်ခဲ့ သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ တပ်ဘက်မှ ဒု ဗိုလ်မှူးကြီး အဆင့်ရှိ တပ်ရင်းမှူးတဦးနှင့် တခြား တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။

ယခင်စစ်အစိုးရက ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို KIO အဖွဲ့က ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် ငြင်းဆိုခဲ့ပြီး ၎င်းတို့ ထိန်းချုပ် နယ်မြေများ အတွင်းသို့ အစိုးရ တပ်များ မဝင်ရန် သတိ ပေးထားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးသို့ စစ်အစိုးရ၏ ရဟတ်ယာဉ်တစင်း ပျံသန်းဝင်ရောက်ခဲ့သဖြင့် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပြီး နောက်ပိုင်း အစိုးရပိုင် သတင်းစာများမှ တဆင့် KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည် သုံးနှုံးခဲ့သည်။

Ref: ဧရာဝတီ်

Read More...

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် ရောက်ရှိ

ရန်ပိုင်
Wednesday, 18 May 2011

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် မြန်မာ နိုင်ငံသို့ ဒုတိယအကြိမ် ယနေ့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံတွင် လာမည့် စနေနေ့အထိ ၄ ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း၊ ခရီးစဉ် အတွင်း အစိုးရ အဆင့်မြင့် အရာရှိများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ စီးပွားရေး အသိုင်းအ၀န်းမှ လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့များ နှင့် လည်း တွေ့ဆုံမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တိုနာ က ဆိုသည်။

“အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ စိတ်အား ထက်သန်နေတယ် ဆိုတာကို အခု ခရီးစဉ်က ပြသနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်မြောက် လာခြင်းကို တိုးတက်မှု တခု အဖြစ် ရှုမြင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် လိုအပ်ကြောင်းလည်း မစ္စတာ မာ့ခ် တိုနာ က တိုက်တွန်း ပြောကြားသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း ၏ ယခုအကြိမ် ခရီးစဉ် သည် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် လာရောက်ခြင်းဖြစ်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စများ အပြင်ကို ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် ကိစ္စများကိုလည်း ဆွေးနွေး လိမ့်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း ၏ အဆိုအရ သိရ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက“လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ရဲ့ ခရီးစဉ်ကို ကျနော်တို့ ကြိုဆိုပါတယ်၊ အမေရိကန် အစိုးရအနေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး မူဝါဒကို စိတ်ရှည်ရှည် ကျင့်သုံး နေခြင်းဟာ ဒီမိုကရေစီ အရေးကို လိုလားတဲ့ အတွက်လို့ မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်ပိတ်ဆို့ အရေး ယူထားမှုများ အားလုံးကို တနှစ် သက်တမ်း ထပ်မံ တိုးမြှင့်ကြောင်း သမ္မတ အိုဘားမား က ကြေညာခဲ့သည်။

အရေးယူပိတ်ဆို့မှုများကို ၁၉၉၇ ခုနှစ်မှ စတင်ပြီး အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေး အရေးပေါ် အက်ဥပဒေ အရ စတင်ခဲ့
ခြင်း ဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများကို အမေရိကန်အစိုးရက မရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေနှင့် လူ့အခွင့် အရေး တိုးတက်မှု မရှိသေးသည့် အတွက်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက် လည်ပတ် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီ အပါအ၀င် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံခဲ့ သေးသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထို တောင်းဆိုချက်ကြောင့် သမ္မတသစ် ဦးသိန်းစိန်က သေဒဏ် ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် တသက် သို့ လည်းကောင်း၊ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ပြစ်ဒဏ် တနှစ်သို့ လျှော့ပေးခဲ့သည်။

အဆိုပါ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်သည် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုမှုကို ပြက်ရယ် ပြုနေသကဲသို့ ဖြစ်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, May 18, 2011

အမေရိကန် ဒု-လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

အင်္ဂါ, 17 မေ 2011

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ မြန်မာ နိုင်ငံက အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ဒီကနေ့ မေလ ၁၈ ရက်က စတင်ပြီး မြန်မာနိုင်ငံကို ၃ ရက်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရသစ်နဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံသွားချင်တဲ့ ဆန္ဒကို ပြသတဲ့ အနေနဲ့ မစ္စတာယွန်း သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာနမှာ အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လက်ထောက် ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောကြားသွားတာ ဖြစ်ပါတယ်။

“အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက်ဝန်ကြီး ဂျိုးဇက် ယွန်းဟာ မေလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ ကျနော်တို့ရဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ထိတွေ့လိုတဲ့ ဆန္ဒကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ၊ အရပ်သား အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။

“ဒု-လက်ထောက်ဝန်ကြီး ယွန်းဟာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မိတ်ဆက် တွေ့ဆုံမှု ပြုလုပ်ပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ NGO တွေ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ၊ စီးပွားရေး လောကသားတွေ အပါအ၀င် မြန်မာ့အရေးမှာ အကျုံးဝင် ပတ်သက်နေသူ အများအပြားနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရသူ မာ့ခ် တုန်နာ ပြောကြားသွားတာ ဖြစ်ပါတယ်။

မစ္စတာယွန်းဟာ ၂၀၁၀ ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို ပထမတကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ အခုကတော့ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်မှာ ပထမဆုံး အကြိမ် သွားရောက်တာ ဖြစ်ပါတယ်။ သူဟာ မြန်မာ အစိုးရသစ်မှာ ပါဝင်လာသူတွေနဲ့ တွေ့ဆုံမယ့် အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အမေရိကန် အစိုးရက ကြိုဆိုတယ်လို့ ပြောခဲ့ပြီး မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ပြောကြား သွားပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆို နေပါတယ်လို့ အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရသူက ပြောကြားသွားပါတယ်။


Ref: VOA News

Read More...

အားလုံးကို လွတ်စေချင်တယ်

ဖနိဒါ
အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁

(ဒေါ်နော်အုန်းလှနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္စျိမ) ။ ။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေလိုကြောင်း သမ္မတ၏ ပြစ်ဒဏ်လျှော့ပေါ့မှု အစီအစဉ် အရ အင်္ဂါနေ့တွင် ပဲခူးတိုင်း တောင်ငူထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အသက် ၄၉ နှစ်အရွယ် ဒေါ်နော်အုန်းလှက ပြောဆိုသည်။

သူသည် ၂ဝဝ၄ ဇူလှိုင်လမှစ၍ ထိုစဉ်က နေအိမ်တွင် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေး အတွက် ရန်ကုန် ရွှေတိဂုံ ဘုရားတွင် အပတ်စဉ် ဝတ်ပြု ဆုတောင်းခဲ့သည့် အင်္ဂါဆုတောင်း အဖွဲ့တွင် ဦးဆောင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၂ဝဝ၉ အောက်တိုဘာ ၃ ရက်နေ့တွင် မှော်ဘီမြို့နယ်မှ နော်အုန်းလှ အပါအဝင် အမျိုးသား ၄ ဦးသည် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေး ပရိယတ္တိ စာသင်တိုက်မှ ဆွမ်းကပ်ပြီး အပြန် ရဲများက ဖမ်းဆီးကာ ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာရွက် ၄၂ ခုအား ကပ်လှူခဲ့သည်ဟု ဆိုကာ ၂ဝ၁ဝ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၇ သံဃာ့လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် မှော်ဘီမြို့ ပြင်ပသို့ ခရီးမထွက်ရန် ခြေချုပ် ချခံခဲ့ရသေးသည်။

သူနှင့်အတူ နိုင်ငံရေးအကျဉ်းသား ၅ ဦး ပြန်လွတ်လာရာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လူငယ် ကိုမြသန်းထိုက် ခေါ် တေဇာလည်း ပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၂) ဗိုလ်မှူး ဒယ်ဖိုးကို ဆက်ကြေးငွေ ၂၁ သိန်း ကောက်ခံပေးသည် ဟု ဆိုကာ မတရား အသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရသူ စောဂေထူး ခေါ် စောဒီထူးနှင့် ကိုစိန်ဂျော့တို့လည်း လွတ်လာခဲ့သည်။

ထို့အပြင် KNU တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်ချုပ်တင်မောင်နှင့် ဆက်သွယ်သည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ် ကျခံနေရသူ မျိုးမင်းထိုက် ခေါ် ဝါးလယ်ထူးလည်း ပြန်လွတ်သည့် အထဲ ပါဝင်သည်။

သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ဟုဆိုကာ ပြစ်ဒဏ်ကျခံရသူ အကျဉ်းသားများကို တနှစ် လျှော့ပေါ့ပေးခဲ့ရာ ယနေ့တွင် ၃ လခန့်သာ လွတ်ရက်စေ့ရန် လိုတော့သည့် ဒေါ်နော်အုန်းလှလည်း တောင်ငူထောင်မှ ပြန်လွတ်လာရာ ၎င်းထောင်ထဲတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများ၏ အခြေအနေများကို သိရှိရန် မဇ္စျိမသတင်းထောက် ဖနိဒါက သူ့ကို ဆက်သွယ် မေးမြန်းထားသည်။
.........................................................................................

ကျန်းမာရေးအခြေအနေ သိပါစေရှင်။

‘‘နေကောင်းပါတယ်။ ပုံမှန်ပါပဲ’’

အန်တီ လွတ်ရက်စေ့ဖို့ ဘယ်လောက် လိုသေးလဲရှင်။

‘‘အန်တီက ၂ဝဝ၉ ခု ၁ဝ လပိုင်း ဖမ်းတော့ ၂ နှစ်ဆိုရင် ၈ လပိုင်းမှာ လွတ်တော့မှာလေ။ ဖမ်းတဲ့နေ့ ချုပ်ရက်ပါ ခံစားစေဆိုတော့ ၂ လ ၃ လပိုင်းပဲ လိုတော့တယ်။ အန်တီနဲ့ အမှုတွဲတွေက တယောက်က ရမည်းသင်း၊ သာယာဝတီ ထောင်နဲ့ အင်းစိန် ထောင်တွေမှာ ရှိတယ်။ သူတို့လည်း လွတ်မယ်လို့ ထင်တယ်။ အခုတော့ မသိရသေးဘူး’’

ဒီနေ့ တောင်ငူထောင်ကနေ လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်နှဦး ရှိမလဲ။

‘‘တောင်ငူထောင်မှာ အကျဉ်းသားအားလုံး ၂၄၁ ဦး လွတ်တယ်။ အမျိုးသမီး ၃၅ ယောက်နဲ့ အမျိုးသားက ၂ဝ၆ ယောက်။ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ၅ ဦးပဲ ပါတယ်။ အန်တီ အပါအဝင် NLD လူငယ်’’

တောင်ငူထောင်မှာ နေတဲ့အချိန် အစားအသောက်နဲ့ နေရထိုင်ရတာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။

‘‘ဒီမှာကတော့ သီးသန့်ရယ်လို့ မဟုတ်ဘူး။ အဆောင်၊ အခန်း သပ်သပ်နေရတယ်။ ကျန်တဲ့ အကျဉ်းသူ တွေနဲ့ ဒီလို ရောနေရတယ်။ ရောက်ခါစက တလလောက် တံခါး ပိတ်ထားတယ်။ နောက်ပိုင်း ပူတော့ အန်တီ ပြောလိုက်တော့ နောက်ပိုင်း မပိတ်တော့ဘူး။ အဆောင် ထဲမှာပဲ လွတ်လွတ်လပ်လပ် ပေးနေတယ်။ စားတာကတော့ ထောင်ပုံစံပဲ။ အန်တီက ဆေးရုံစားရတယ်။ ထောင်မှာ လူနာတွေကို ပေးတာကို ခေါ်တာ။ မနက်ဆိုရင် အချဉ်ဟင်း၊ ညနေဆို ကြက်ဥ သို့မဟုတ် အသားတမျိုး ပေးတယ်။ ကျန်တာက အန်တီ့ မိတ်ဆွေတွေ လာတော့ အခက်အခဲ မရှိဘူး။ ဒါပေမဲ့ တချို့က မရဘူးလေ။ ထောင်ဝင်စာ မလာဘူး။ ဝေးတာလည်း ပါတာပေါ့နော်’’

ထောင်ဝင်စာ မလာနိုင်တဲ့အမျိုးသမီးတွေက ဘယ်လိုကြောင့် ထောင်ကျခံရသူတွေလဲရှင်။

‘‘ကရင်လူမျိုးတွေပေါ့နော်။ ဝေးတော့ ကျောက်ကြီးဘက်က ဆိုတော့ ထောင်ဝင်စာ မရကြတဲ့ အမျိုးသမီးထဲမှာ ၆ ယောက် ကျန်တယ်။ ၂၈ နှစ်၊ ၂ ယောက် ကျန်တယ်။ ၈ နှစ်သမားက ၂ ယောက်၊ ၃ နှစ်သမားက ၂ ယောက် ကျန်တယ်။ နော်ခင်မူနဲ့ နော်လားတို့ကို KNU (ကရင်အမျိုးသား အစည်းအရုံး) ကို ဆားဝယ်ပေးလို့ ဆိုပြီး ၁၇ (၁) ဆက်သွယ်မှုနဲ့ ၃ နှစ် ကျခံရတယ်။ နောက် မရိုစလင်းဂီနဲ့ နော်ပီးပီတို့က ၁၇ (၁) ဆက်သွယ်မှု၊ ၁၇ (၂) က အားပေးကူညီမှုနဲ့ ၈ နှစ် ချခံနေရတယ်။ ၁၇ (၁)၊ ၁၇ (၂)၊ ၁၇ (၃) ဖောက်ခွဲတပ်ခံရတဲ့ သူတွေက မဖြူနဲ့ နော်ချိုချိုအေး တို့ကိုတော့ ၂၈ နှစ် ကျခံနေရတယ်။ မဖြူက NDD (ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု) က ကိုသိန်းဝင်းရဲ့ ညီမတော်တာ။ သူတို့ ပြောပြတာက အကိုက ဟိုမှာရှိတော့ တမင် အညိုးထားပြီး မကျေနပ်လို့ ကျခံနေရတယ်လို့ ပြောတယ်။ သူတို့ကလည်း ကျောက်ကြီးဘက်က လူတွေပဲ’’

‘‘မဖြူရဲ့ အမျိုးသား ကိုတင်အေးတို့ ရှိတယ်။ မဖြူနဲ့ ကိုတင်အေးက ကလေး ၄ နှစ်လောက် ရှိပြီ။ ဗိုက်ထဲမှာ ကလေးရှိတုန်း ကျသွားတာ။ နော်လားက ကလေးလည်း ၁ နှစ်နဲ့ ၆ လရှိပြီ၊ နောက်တဗိုက်က ပါလာသေးတယ်။ KNU ကို ဆားပေးတယ် ဆိုပြီး အစွဲခံရတဲ့ မရိုစလင်း အိမ်ကတော့ တလမှာ တခါတော့ လာတယ်။ ကျန်တဲ့လူတွေက လုံးဝ လာတာ မတွေ့ရဘူး။ သူတို့ပြောတော့ ပဲတွေ စိုက်တာ ပိုးကျလို့ ဆေးမဝယ်နိုင်တော့ အသီးအရွက်မှာ အဲဒါကို ဖျန်းမယ်ဆိုပြီး ယူသွားတာကို စွပ်စွဲထားတယ်လို့ ပြောတယ်’’

အမျိုးသားတွေက နိုင်ငံရေးအကျဉ်းသားတွေရော ဘယ်နှဦး ရှိနေလဲ။

‘‘ ၆၅ နှစ် ကျခံနေရသူ ၈၈ ကျောင်းသားထဲက ကိုဇော်ဇော်မင်း၊ နောက် ၁၉၉ဝ ခု သန်လျင် ဗုံးဖောက်ခွဲတုန်းက အဖမ်းခံရတဲ့ ကိုညီညီဦး ရှိတယ်။ သူက ဒီမှာ ကျခံနေတာ နှစ် ၂ဝ တောင် ရှိပြီ။ ဒီငြိမ်းလင်းတို့နဲ့ အတူ ဖမ်းခံရတဲ့ ကိုအောင်အောင်။ ပဲခူးက နှစ်ကြီး သမားတွေ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၊ ၁၅ ယောက်လောက် ကျန်သေးတယ်’’

သူတို့တွေထဲက ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသူတွေ ရှိလား။

‘‘အခုလောလောဆယ်တော့ ကျန်တဲ့လူတွေထဲက ကျန်းမာရေး ဆိုးဝါးနေသူတွေ မရှိဘူး။ မူးတာမောတာ လောက်ပဲ ရှိတယ်’’

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။

‘ကိုယ်ကတော့ ကိုယ့်အလုပ်ကို ဆက်လုပ်မှာပဲ။ အန်တီက နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ဖို့ လုပ်နေတဲ့ အခါကျတော့ အခု အကုန်လုံးမှ မလွတ်မြောက် သေးတာကြီးကို၊ အဲဒီတော့ ကိုယ့်အလုပ်ကို ဆက်လုပ်ရမှာပေါ့’’

သမ္မတ ဦးသိန်းစိန်က လျှော့ရက် ပေးလိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။

‘‘အလျှော့ခံရတာ မဟုတ်ဘူး။ အန်တီက လပိုင်းပဲ လိုသေးတော့တာ။ အခု နှစ်အများကြီး ကျတဲ့လူတွေ ရှိတယ်ပေါ့နော်။ သူတို့တွေ အတွက် တနှစ်ဆိုတာ ဘာမှ မထူးဘူးလေ။ အဲဒီတော့ နှစ်ကြီးသမားတွေက ပိုပြီး နစ်နာတာ ပေါ့နော်။ ဒီအစိုးရက ပြောရရင် မင်းအသစ် တက်တာပေါ့နော်။ ဒါပေမဲ့ ဒါကို ဒီလိုလုပ်တာဟာ မကျေနပ်ဘူး။ ဒါပေမဲ့ ဒီအစိုးရက ဒီလိုပဲ လုပ်နေကြတယ် ဆိုတော့ ဒီလိုပဲ ခံရမှာပေါ့ဆိုပြီး ထောင်ထဲမှာက ပြောနေကြတာပဲ’’

‘‘ဒီအစိုးရ လုပ်ရပ်က အရင်ပုံစံအတိုင်းပဲလို့ မြင်တယ်လေ။ အရင်တုန်းက လွတ်ငြိမ်းချမ်းသာ၊ လွတ်ငြိမ်းသက်သာ သူ နာမည် ခွဲတာဘဲ ရှိတယ်။ ဘာမှ မထူးခြားဘူး။ တောင်ငူထောင် ဆိုရင် နိုင်ငံရေး အကျဉ်းသား အများကြီး ကျန်သေးတယ်။ ကိုမင်းကိုနိုင်တို့၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အရေးကြီးတဲ့လူတွေ လွတ်မယ်လို့ အများကြီး မျှော်လင့်ကြတာ ပေါ့နော်။ ဒါပေမဲ့ မလွတ်တဲ့ အတွက် ဒီအစိုးရရဲ့ လုပ်ရပ်က အရင်အတိုင်းပဲလို့ ပြောချင်တယ်’’

တခြား ဘာများ ဖြည့်စွက်ပြောချင်သေးလဲရှင့်။

‘‘လွတ်လာတာကတော့ ကိုယ့်ရက်စေ့လို့ လွတ်လာတာပဲ။ ဒါပေမဲ့ ကျန်တဲ့လူတွေ မလွတ်တော့ စိတ်မကောင်းဘူး။ အားလုံးကို လွတ်စေချင်တယ်။ သူတို့ လွတ်မြောက်ရေး အတွက် ကိုယ်လုပ်စရာ ရှိတာတော့ လုပ်ရမှာပေါ့။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ ထိ ဆက်လုပ်မှာပဲ။ အတတ်နိုင်ဆုံး လုပ်ရမှာပဲ။ အန်တီတို့ နိုင်ငံမှာ အခုချိန်ထိမှ မလွတ်လပ် သေးတာလေ။ ဒီမိုကရေစီ ရတယ် ဆိုတာက ရှိမှ မရှိသေးတာ။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကိုလည်း လက်မခံဘူးလို့ ပြောထားပြီးသား။ ၂ဝဝ၈ အခြေခံ ဥပဒေက ပြည်သူတွေကို လိမ်ထားတဲ့ အတွက် လက်မခံဘူး။ အခုလည်း ဒီအစိုးရက အရင်အတိုင်းပဲ။ အန်တီတို့အတွက် ကိုယ်တွေ ဘယ်လောက်ပဲ မှန်တာပြောပြော အစိုးရ လုပ်ချင်တာ လုပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြောစရာတော့ မရှိပါဘူး’’


Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ ဇေယျာသော်

အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင်လည်းဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော်လည်း ဖြစ်သူ အသက် ၃၁ နှစ်ရှိ ဇေယျာသော် အင်္ဂါနေ့က ကော့သောင်းထောင်မှ လွတ်မြောက်လာသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝရက်နေ့က ကိုဇေယျာသော်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းဖွဲ့စည်းမှု ပုဒ်မ ၆/၈၈ ဖြင့် ၅ နှစ် စုစုပေါင်း ထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။ ထို့နောက် မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်သည်။

တရားမဝင်အသင်းဖွဲ့စည်းမှု ပုဒ်မ ဆိုင်ရာ ၅ နှစ်ချခံထားရာမှ အယူခံဝင်ရာတွင် ၂ နှစ် လျှော့ပေါ့ခွင့် ရရာ ကျန် ၄ နှစ်တွင် သုံးနှစ် ထောင်ဒဏ် ကျခံပြီးဖြစ်၍ ကျန် ၁ နှစ် လျှော့ပေါ့ဖြင့် လွတ်မြောက် လာခြင်းဖြစ်သည်။

Generation Wave (GW) အဖွဲ့သည် အဆိုတော် ဇေယျာသော် ဦးဆောင်မှုဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ပေါ်ပေါက်လာသည်။

အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်း တို့နှင့်အတူ ၂ဝဝဝ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံတွင် ပထမဆုံး ဟစ်ပ်ဟော့ပ် အဖွဲ့ ဖြစ်သည့် အက်ဆစ်အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။

မေး ။ ။ ကော့သောင်းကနေ ရန်ကုန် လေယာဉ်နဲ့ ပြန်ရောက်မယ်ဆိုပြီး မိသားစုတွေ ရန်ကုန် လေဆိပ်မှာ စောင့်နေကြပါတယ်။ အာဏာပိုင်တွေက ကိုဇေယျာသော် လွှတ်မယ်ဆိုတာ ဘယ်လို အကြောင်းကြားပါသလဲ။

ဒီနေ့ နေ့လယ် ၁ နာရီ ခွဲမှာ ကျနော် ကော့သောင်း အကျဉ်းထောင်ထဲကနေ စထွက်လာခဲ့ပါတယ်။ အကျဉ်းထောင် အာဏာပိုင်တွေ ကတော့ အကျဉ်းသား အားလုံးကို ၁ နှစ်လျှော့ပေါ့ ခံစားခွင့်ဖို့ ဆိုပြီး အမိန့်ကြေညာစာ ထုတ်လိုက်တယ်လို့ ပြောပါတယ်၊ ကျနော်က သတ်မှတ် ထားတဲ့ ကာလ ၁ နှစ် မလိုတော့လို့ ဒီနေ့ လွှတ်မယ် ဆိုပြီးတော့ မနေ့ညက ကျနော့်ကို အကြောင်းကြားပါတယ်။

မိသားစုတွေက ကြိုပြီးသိထားကြတယ်၊ ညက သတင်းကြေညာတဲ့ အချိန်မှာ ထောင်ကို လှမ်းပြီးတော့ ဆက်သွယ်ကြတော့ လွှတ်တဲ့ စာရင်းထဲမှာ ပါမပါ သူတို့ စုံစမ်းလိုက်တော့ ကြိုသိပါတယ်။

မေး ။ ။ ခုလို လွတ်မြောက်လာတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။

ယုံကြည်ချက်ကြောင့် အကျဉ်းသားတွေ အကျဉ်းကျခံနေရတာ အများကြီး ရှိပါသေးတယ်၊ ကျနော် တယောက်ထဲ လွတ်လို့လည်း ကျနော့အတွက် ကျနော်တော့ ဝမ်းမသာ နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ အရပ်ရပ်တိုင်းမှာ ရှိနေတဲ့ ထောင်တွေထဲမှာ ကျနော်တို့ရဲ့ အစ်ကိုတွေ၊ အစ်မတွေ၊ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ရောင်းရင်းတွေ ကျတော်တို့ရဲ့ ညီတွေ၊ နှမတွေ အများကြီး ကျန်ပါသေးတယ်၊ ဒီလူတွေ အားလုံးကိုလည်း လွတ်မြောက် စေချင်ပါတယ်။ အဲဒီတော့မှ အပြည့်အဝ ဝမ်းသာနိုင်မှာပါ။

မေး ။ ။ ကိုဇေယျာသော ဟစ်ဟော့ပ် အဆိုတော့ကနေ နိုင်ငံရေးထဲ ရောက်လာခဲ့ပုံကို ပြောပြပေးပါ။

ကျနော် နိုင်ငံရေးထဲကို စပြီး ရောက်လာခဲ့ရတာကတော့ မဟုတ်တာ မမှန်တာ မတရားတာကို ခေါင်းငုံ့ မခံချင်တဲ့ လူငယ်စိတ်နဲ့ပဲ ကျနော် ရောက်လာခဲ့တာပါ။ ဘာဖြစ်ရမယ် ဘယ်လို ဖြစ်ရမယ်ဆိုတဲ့ ခံယူချက် တိတိကျကျတော့ အရင်တုန်းက မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု ထောင်ထဲမှာ သုံး နှစ် ကျော်ကျော် ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ခွင့် ရလာတယ်၊ အဲလို ဖြစ်လာတဲ့ အတွက်ကြောင့် နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ အမြင်ကို ပို မြင်လာပါတယ်။

မေး ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် သူငယ်ချင်းအသိုင်းအဝိုင်းတွေက ကျောခိုင်းသွားကြလား။

ကျောခိုင်းသွားတာမျိုး မရှိပါဘူး ခင်ဗျ၊ ဒီနေ့ ပြန်လာတဲ့အချိန်မှာ ကျနော်ရဲ့ သူငယ်ချင်း ရဲဘော်ရဲဘက် ရန်ရန်ချန်းက စလို့ နောက်ဆုံး ကိုမျိုးကျော့မြိုင်တို့ အဆုံး အားလုံး ကျနော့်ကို လာကြိုကြပါတယ်။ ဖက်လှဲတကင်းကို လာကြိုကြပါတယ်။ ကျနော်တို့ အနုပညာ အသိုင်းအဝိုင်းက လာကြိုကြပါတယ်။

အရင်တုန်းက နိုင်ငံရေးလုပ်လိုက်တဲ့ လူတယောက်ဆိုရင် မကြည့်ရဲ၊ ဘယ်သူမှ မဆက်ဆံရဲတဲ့ ပုဂ္ဂိုလ်မျိုး ပတ်ဝန်းကျင်က ထင်ကြတာမျိုး ကြားဖူးတယ်။ ဒါပေမဲ့ အခု လူငယ်တွေမှာ ကတော့ နိုင်ငံရေး ဆိုတာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ဒီအရေးကို လုပ်တာ အပြစ်တခု ကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ ကျနော်ကို ဖက်လှဲတကင်း ကြိုဆိုတဲ့အတွက် ကျနော်အရမ်း ဝမ်းသာပါတယ်။

မေး ။ ။ နိုင်ငံရေးကြောင့် ထောင်ကျသွားတော့ နောင်တရမိသလိုများ ခံစားရသလား။

ကျနော့ဘဝ ပိုပြီး အဓိပ္ပာယ် ရှိသွားတယ်လို့ ခံယူတယ်၊ ကျနော့် အသက် ၃၁ နှစ် ရှိပြီဗျ၊ ကျန်ခဲ့တဲ့ အသက် ၂၆ နှစ် လောက်ကို ဒီလို တန်ဖိုး ရှိတဲ့ဘဝ ဘာလို့ မဖြစ်လာရတာလဲဆို ကျနော် နှမြောမိတယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာ အင်မတန်မှကို မွန်မြတ်ပြီး အင်မတန်မှ ကောင်းတဲ့ အလုပ်ပါ။ ဒီအလုပ်ကို လူငယ်တွေအားလုံးကို လုပ်စေချင်ပါတယ်၊ ကျနော် ကိုယ်တိုင်လည်း လုပ်အုံးမှာပါ။ အားလုံး လုပ်အောင်လည်း ကျနော်တိုက်တွန်းပါတယ်။

မေး ။ ။ မိဘတွေကကော ပြန်ထွက်လာရင် ဘာတွေလုပ်စေချင်လဲ။

ကျနော့်ရဲ့ မိဘတွေကတော့ ကျနော် ဘာပဲလုပ်လုပ် နောက်ကွယ်ကနေ အမြဲတမ်း ကူညီ ပေးနေတာပါ၊ သူတို့ကလည်း ခေတ်မီတဲ့ မိဘတွေ ဖြစ်တဲ့အတွက်ကြောင့် အမြင် ကျယ်ပါတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာကို တားမြစ်မယ့် မိဘ အမျိုးအစား မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ အခု ထောင်က လွတ်ကထဲကိုက ကျနော် မိဘတွေနဲ့ စကားကို မပြောရသေးဘူးဗျ၊ ဝိုင်းပြီး နှုတ်ဆက်ကြတဲ့ သူငယ်ချင်းတွေရယ် မေးကြတဲ့ အင်တာဗျူးတွေ ဒါတွေကိုပဲ ကျနော် ထိုင်ဖြေနေတာပါပဲ၊ ဒါကိုလည်း သူတို့ နားလည် ခွင့်လွှတ် ထားပေးပါတယ်။

မေး ။ ။ ကိုဇေယျာသော် ထောင်ထဲမှာကဗျာတွေ စပ်မိသေးလား။

ထောင်ထဲမှာ စာရွက်နဲ့ ဘောပင် ကိုင်ဆောင်ခွင့်မရှိဘူး ခင်ဗျ၊ အဲတော့ ကျနော် စိတ်ကူးထဲမှာပဲ ရေးထား တာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ ချရေးထားတာ မဟုတ်တော့ နောင်ချပြီးရေးပြီးရင် ကျနော် ထုတ်ပြပါ့မယ်။

မေး ။ ။ ကိုဇေယျာသော်တို့ တည်ထောင်ထားခဲ့တဲ့ GW နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

GW ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) ဆိုတဲ့ နာမည်နဲ့ နိုင်ငံရေးရာ ကိစ္စ လုပ်ခဲ့ကြတယ်ပေါ့ဗျ၊ ဝါသနာပါတဲ့ သူငယ်ချင်းတွေ လုပ်ခဲ့ကြတာပါ၊ ကျနော်တို့ နိုင်ငံ ဒီပုံစံအတိုင်း သွားနေလို့ မဖြစ်တော့ဘူး၊ အပြောင်းအလဲ တခုတော့ ဖြစ်မှ ဖြစ်တော့မယ် ဆိုပြီး နိုင်ငံရဲ့ အပြောင်းအလဲ ဖြစ်လာအောင် တွန်းအားပေးတဲ့ အနေနဲ့ ကျနော်တို့ စပြီးလုပ်ခဲ့ကြတာပါ။

GW အဖွဲ့နဲ့ ကျနော်ကိုယ်တိုင် သုံးနှစ်လောက် အဆက်အသွယ်ပြတ်သွားတယ် ဆိုတော့ သူတို့ ဘာတွေ လက်ရှိ ဆက်လုပ်နေတယ် ဆိုတာ ကျနော် မသိသေးဘူး၊ ဒါပေမဲ့ သူတို့တွေလည်း နိုင်ငံအတွက် တကယ် အကျိုးရှိမယ့် အလုပ်တွေ လုပ်နေကြတယ်လို့ ကျနော် ထင်ပါတယ်၊ ကျနော် အားလည်း ပေးပါတယ်။

Ref: မဇ္ဈိမ

Read More...

မြန်မာအပေါ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု တနှစ်သက်တမ်းတိုး

အင်္ဂါ, 17 မေ 2011

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေအပေါ် အကြီးအကျယ် ဖိနှိပ်နေတာနဲ့ ပတ်သက်ပြီး အစိုးရက ပြုပြင် ပြောင်းလဲလာတာ မတွေ့ရ သေးတဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က စီးပွားရေး ပိတ်ဆို့မှုကို နောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်တယ်လို့ မနေ့က အမိန့် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရနဲ့ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး ခုခံ ကာကွယ်သူတွေ အပေါ် ဆက်လက် နှိပ်ကွပ် နေတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို သာမန်ထက် ပိုတဲ့ ထူးထူးကဲကဲ အန္တရာယ်ပြု ခြိမ်းခြောက် နေတာကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို အခုလို နောက်ထပ်တနှစ် သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကို အိမ်ဖြူတော်က တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန် လိုက်တာပါ။

အခုအမိန့်မှာ ပါရှိတဲ့ စကားလုံး အသုံးအနှုံးတွေဟာ အရင်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု သက်တမ်း တိုးစဉ်က အသုံးအနှုံး တွေနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကို လွှတ်ပေးဖို့ မနေ့က ထပ်လောင်း တောင်းဆို လိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး မဆိုသလောက် အကန့်အသတ်နဲ့ ထောင်ဒဏ် လျှော့ပေါ့ပေးတာဟာ စိတ်ပျက်စရာ တုံ့ပြန်မှု ဖြစ်တာကြောင့် နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးပေးပါရန် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က တောင်းဆို လိုက်ပါတယ်။

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ကနေ တသက်တကျွန်း၊ ထောင်ဒဏ်တွေကို ပုံမှန် လျှော့ရက်နဲ့ ပေါင်းပြီး တနှစ် လျှော့ပေးတာဟာ မတရား နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုအတွက် အကျိုး မရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးဉာဏ်ဝင်းက သုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) အတွက်ကတော့ ဒီလွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ဝေဖန်လိုက်ပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးအကျဉ်းသား ၃၆ ဦး လွတ်

ထွန်းထွန်း
အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်တနှစ် လျှော့ပေးသဖြင့် နိုင်ငံတဝှန်း အကျဉ်းထောင် ပေါင်းစုံမှ ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၃၆ ဦးအထိ ရှိကြောင်း မဇ္ဈိမက လတ်တလော စုဆောင်း ရရှိထားသည့် သတင်း အချက်အလက်များ အရ သိရသည်။

ယင်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၁၉ ဦးပါဝင်ကာ အင်းစိန်၊ တောင်ငူ၊ ပေါင်းတည်၊ ကော့သောင်း၊ ဘားအံနှင့် မြစ်ကြီးနား ထောင်များမှဖြစ်ကြောင်း ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ ဤသည်မှာ အင်္ဂါနေ့ မြန်မာ စံတော်ချိန် ည ၇ နာရီအထိ ရန်ကုန် ပါတီရုံးချုပ်သို့ အနယ်နယ် အရပ်ရပ်ရှိ ပါတီဝင်များ ပေးပို့ခဲ့သည့် စာရင်းများအရ သိရခြင်း ဖြစ်သည်။

ကျန် ၁၇ ဦးမှာ ကိုကျော်ဝင်းထွန်း (ဗဟန်း)၊ ကိုအောင်အောင်ဦး (ဗဟန်း)၊ ကိုမြင့်ထွန်း (ရွှေပြည်သာ)၊ ကိုထွေးသိန်း (ရွှေပြည်သာ)၊ ကိုညီညီစံ (ခ) ရှင်ဆန္ဒာဓိက (ခရမ်း)၊ ကိုမြင့်စိုး (တွံတေး)၊ ကိုရဲထွဋ်ခေါင် (တွံတေး)၊ ကိုဝင်းမြင့် (ကျောက်မြောင်း)၊ မြဆန်းထူး (တောင်ဒဂုံ)၊ ကိုသန်းဌေး (ဒေါပုံ)၊ ကိုခင်ထွန်း (သာကေတ)၊ မောင်သိန်းဆွေ (ကမာရွတ်) နှင့် အဆိုတော် ဇေယျာသော်တို့ အပြင် အခြား ပုဂ္ဂိုလ်များမှာ ထွန်းထွန်းနိုင်၊ ကျော်ဆန်းလင်း၊ စိုးမြင့်ထိန်နှင့် ကိုသိန်းဆွေတို့ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရှေ့နေ ဦးအောင်သိန်း ပြုစုထားသည့် စာရင်းက ဆိုသည်။ ဦးအောင်သိန်းသည် နိုင်ငံရေး အမှုအခင်းများ အတွက် လိုက်ပါ အကျိုးဆောင်နေသူ ဖြစ်သည်။

သူ၏ စာရင်းပါ ၁၇ ဦးမှာ အင်းစိန်၊ ဗန်းမော်၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေနှင့် ကော့သောင်း ထောင်များမှ လွတ်မြောက် လာခြင်း ဖြစ်သည်။

အကျဉ်းထောင်ပေါင်း ၄၂ ခုမှ အကျဉ်းသား ၁၄၆၀၀ လွှတ်ပေးကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အင်္ဂါမနက်တွင် သတင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။ အင်းစိန်ထောင်မှ ၂၅ဝဝ ကျော် ပြန်လွှတ်မည်ဟု ဆိုသည်။

ပြစ်ဒဏ်လျှော့ပေါ့မှုမှာ သတင်းကောင်းတခုဖြစ်သော်လည်း လုံလောက်မှု မရှိသေးကြောင်းနှင့် အလုံးစုံ လွှတ်ပေးရန် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ Amnestry International က အင်္ဂါနေ့တွင် ကြေညာချက်ထုတ် ဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့သည်။

“ပြစ်ဒဏ်လျှော့ပေါ့ခြင်းတွေက နိုင်ငံရေး အကျဉ်းသားတွေအတွက် ကြိုဆိုရမယ့် သတင်းစကား ဖြစ်ပေမယ့် ဘယ်နည်းနဲ့မှ မလုံလောက်ဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူအားလုံး လွတ်မြောက်ရေး အတွက်တော့ ဒီလုပ်ဆောင်ချက်က ဖြစ်ဖြစ် မြောက်မြောက် မရှိလှပါဘူး” ဟု AI ၏ မြန်မာ့ရေးရာ သုတေသီ ဘင်ဂျမင် ဇာဝါကီ Benjamin Zawacki က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

သေဒဏ်ကို တသက်တကျွန်းပြစ်ဒဏ် လျှော့ပေးခြင်းနှင့်ပတ်သက်ပြီး အားရဖွယ် ဖြစ်သော်လည်း သေဒဏ်ကို ဖျက်သိမ်းရန် အတွက် ဥပဒေကြောင်း အရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ပါ AI က တိုက်တွန်းသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အလုံးစုံ လွှတ်ပေးရန် အတွက် မြန်မာအစိုးရကို ဖိအားပေးကြရန် တုက်တွန်းသည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူပေါင်း ၂၀၆၁ ဦး ရှိကြောင်း AAPP-B စာရင်းအရ သိရသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 17, 2011

နိုင်ငံရေးအကျဉ်းသားအချို့လွတ်မြောက်

(သတင်းအကျဉ်း)

မေလ ၁၇ ရက် ၂၀၁၁

ဒီကနေ့ မေလ ၁၇ ရက်မှာ နိုင်ငံတဝန်း အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသား အချို့ ပြန်လည် လွတ်မြောက်လာကြောင်း သတင်း ရရှိပါသည်။

ပြန်လည်လွတ်မြောက်လာသူများစာရင်း
ညီညီအောင် (အင်းစိန်ထောင်)၊ မီးမီး(အင်းစိန်ထောင်) ကိုသိန်းဆွေ (စစ်တွေထောင်)၊ မသန္တာ (ပူတာအိုထောင်)၊ ထက်ထက်အိုးဝေ (ပူတာအိုထောင်)၊ မြမြသိမ့် (ပူတာအိုထောင်)၊ နော်အုန်းလှ (တောင်ငူထောင်)၊ မြသန်းထိုက် (တောင်ငူထောင်)၊ ကိုငွေစိုး (ရမည်းသင်းထောင်)၊ ဇင်လင်းအောင်(ပေါင်းတည်ထောင်)၊ မာမာအေး (ပေါင်းတည်ထောင်)၊ မချို (ပေါင်းတည်ထောင်)၊ ကိုစိန်လိုင်(ပေါင်းတည်ထောင်)၊ ကိုရွှေဂျိုး (ပေါင်းတည်ထောင်)၊ ကိုထွေးသိန်း(ပေါင်းတည်ထောင်)၊ ကိုကျော်ဆန်း (မိုင်းဆတ်ထောင်)၊ ရဲမင်းဦး (မြင်းခြံထောင်)၊ ကိုထွန်းထွန်းနိုင် (ဗန်းမော်ထောင်)၊ ဦးကျော်ညွန့် (ခန္တီးထောင်)၊ စိုင်းမင်းသိမ်း (ခန္တီးထောင်)၊ ဦးအေးမြင့် (သရက်ထောင်)၊ ဇေယျာသော် (အက်ဆစ်) (ကော့သောင်းထောင်)။ ချိုချိုလွင် (ပြည်ထောင်)၊ ကိုအေးလွင် (ပြည်ထောင်)၊ ကိုမျိုးသန့် (မြင်းခြံထောင်)၊ ရဲမင်းဦး (မြင်းခြံထောင်) တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

Read More...

မြန်မာသမ္မတရဲ့ လွတ်ငြိမ်းခွင့် နိုင်ငံတကာဖိအား တိုးဖွယ်ရှိ

ဒေါ်ခင်မျိုးသက်
တနင်္လာ, 16 မေ 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) မြန်မာနိုင်ငံက ပြန်သွားခဲ့ပြီးတဲ့ နောက် ၂ ရက်အကြာ ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး သေဒဏ်ကနေ တသက်တကျွန်း ဒဏ်ကို ပြောင်းလဲတာ၊ ကျန်တဲ့ ထောင်ဒဏ် ကျသူတွေကို ထောင်ဒဏ် တနှစ်စီ လျှော့ပေါ့ ပေးလိုက်တာတွေကို ဒီနေ့ ညနေနဲ့ ညပိုင်း မြန်မာအစိုးရ ရေဒီယိုနဲ့ ရုပ်မြင် သံကြားတွေကနေ ကြေညာ သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာ အသိုင်းအ၀န်းက တိုက်တွန်းထားသလို၊ အများက မျှော်လင့်ထားသလို နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြားကို ပြန်လွှတ်ပေးတာ မဟုတ်တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားကတော့ အခုထက်ပိုပြီး ကြီးမား လာနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၃ ရက် ခရီးစဉ်အတွင်း သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က သမ္မတ အနေနဲ့ သင့်တော်တဲ့ အချိန်မှာ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်တွေ ပေးဖို့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့ ညနေမှာတော့ သမ္မတရဲ့ အမိန့်အမှတ် ၂၈ လွတ်ငြိမ်းချမ်းသာခွင့်ကို သတင်းတွေမှာ ကြေညာခဲ့ပါတယ်။

“မေလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက်သို့ လည်းကောင်း၊
(ခ) ထောင်ဒဏ် ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန် ရရှိပြီးသော လျှော့ပေါ့ရက်များ အပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ ရရှိစေရန် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

သေဒဏ်ကျနေသူတွေကို တသက်တကျွန်းဒဏ် ပြောင်းပေးပြီး ကျန်အကျဉ်းသား အားလုံးကို တနှစ် လျှော့ပေးမယ် ဆိုတဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ၀ိုင်းဝန်း ပြောဆိုနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။

“အခုထုတ်တယ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးသမား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေ အတွက် ရည်ရွယ်ထုတ်တာ မဟုတ်ဘူးလို့ အဲဒါပဲ ပြောနိုင်တာ။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုခဲ့တာမို့ ဒါဟာ မျက်စိမှိတ် ငြင်းတာမျိုးလို့ ဆိုပါတယ်။

“ကျနော်တို့အမြင်ကတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောတာ မျက်စိမှိတ် ပြောတာပဲ။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ရှာဖွေပြီး ပြစ်ဒဏ် ပေးထားတာက နိုင်ငံရေး အကျဉ်းသားတွေပဲ။ သူတို့ ထောင်ချခြင်တဲ့ လူတွေကို အပြစ် ပုဒ်မတွေနဲ့ စွဲပြီးတော့ တင်တယ်၊ အဲဒီပုဒ်မတွေနဲ့ ငြိသည်ဖြစ်စေ၊ မငြိသည်ဖြစ်စေ၊ အပြစ်ပေးတယ်။ ကျနော်တို့ ဒါတွေ တောက်လျှောက် တွေ့နေတာ။ တခုချင်းအလိုက် ပြောလို့လည်း ရတယ်။ အားလုံးခြုံပြီး ပြောလို့ရှိရင် သူတို့ဟာ အပြစ်ကျူးလွန်ခြင်း မရှိဘဲနဲ့ နိုင်ငံရေး အရသာ တာဝန်ရှိတယ်၊ အပြစ်ပေးတယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။ ဒါ မရှိဘူးလို့ ပြောတာက မျက်စိမှိတ် ပြောတဲ့ သဘောပဲ။ ကျိုးကြောင်း ဆီလျော်မှု မရှိဘူးလို့ပဲ ပြောချင်တယ်။”

နိုင်ငံရေး အကျဉ်းသားတွေအတွက် ရည်ရွယ် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်တဲ့အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် စဉ်းစားတာမျိုး မဟုတ်ဘဲ နိုင်ငံတကာက မြင်ချင်တဲ့ ကြေညာချက်မျိုး မဟုတ်ဘူးလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ဦးတိတ်နိုင်က ပြောပါတယ်။

“ဒါ တော်တော့်ကို ဆိုးတဲ့ လွတ်ငြိမ်းချမ်းသာလို့ ပြောလို့ရပါတယ်။ သာမန် အကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသားတွေ အတွက် ဆိုရင် ပိုပြီးတော့ ခံစားခွင့်က ပိုဆိုးတယ်။ အခုလို ပုံစံမျိုး အတည်ဖြစ်သွားပြီ၊ နောက်ထပ် ဆက်လက်ပြီး ထုတ်ဖို့ အစီအစဉ် မရှိတော့ဘူး ဆိုရင်တော့ နိုင်ငံတကာရဲ့ ဖိအားက ပိုတောင် ကြီးမားလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

“ဆိုတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး ပြစ်မှုတွေက အနိမ့်ဆုံး ၁၀ နှစ်၊ နောက်ပိုင်းမှာ အနှစ် ၃၀ တို့၊ အနှစ် ၂၀ တို့၊ ၈၈ မျိုးဆက် ကျောင်းသားတွေ ဆိုရင် အကုန်လုံး ၆၅ နှစ်စီ ချမှတ်ခံထားရတယ်။ ပြီးတော့ မတရားသဖြင့် ၆၅ နှစ် ချမှတ် ထားပြီးတော့မှ တနှစ် လျှော့တယ် ဆိုတဲ့ ကိစ္စမျိုးကတော့ နိုင်ငံတကာ ဖိအားတွေက ပိုပြီးတော့သာ ကြီးဖို့ ရှိပါတယ်။”

အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာအောင် ပုံသွင်းခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ကလည်း အခုလို သေဒဏ် ကျခံနေရသူတွေကို တသက်တကျွန်းဒဏ် ပြောင်းပေး ခဲ့တာမျိုး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး သက်ညှာမှုတော့ မရှိပါဘူး။ လက်ရှိ အစိုးရသစ်ဟာလည်း စစ်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဆက်ပြီး လုပ်ကိုင်နေတာ ထင်ရှားတာမို့ နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ဖိအားပေးမှုတွေ ပိုပြီး တိုးလာနိုင်တယ်လို့ ဆိုပါတယ်။


Ref: VOA News

Read More...

နိုင်ငံတကာ ပြစ်မှုတရားရုံး ဂဒါဖီကို အလိုရှိ

တနင်္လာ, 16 မေ 2011

လူသားမျိုးနွယ်အပေါ် စော်ကားတဲ့ ရာဇ၀တ်မှုအတွက် လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi)၊ သူ့သားတယောက်နဲ့ သူ့ရဲ့ ထောက်လှမ်းရေးမှူး ချုပ်တို့ကို ဖမ်းဆီးမိန့် ထုတ်ပေးဖို့ နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံး ရှေ့နေတွေက တရားသူကြီးကို လျှောက်ထား လိုက်ကြပါတယ်။

မစ္စတာ ဂဒါဖီ၊ ဆာအိဖ် အယ်လ် အစ်စ်လမ် ဂဒါဖီ (Saif al-Islam Gadhafi) နဲ့ လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲ အဗ္ဗဒူလာ အယ်လ် ဆာနူဆီ (Abdullah al-Sanousi) တို့ဟာ လစ်ဗျားခေါင်းဆောင်ရဲ့ အာဏာကို ထိန်းသိမ်းဖို့ ရည်မှန်းချက်နဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ အထောက် အထားတွေ ရှိနေတယ်လို့ လူဝီ မိုရီနို အိုကမ်ပို (Luis Moreno-Ocampo) က The Hague မြို့မှာ တနင်္လာနေ့က ပြောပါတယ်။

ဖေဖော်ဝါရီလမှာ လစ်ဗျားသူပုန်တွေကို ရက်ရက်စက်စက် ချေမှုန်းရာမှာ အရပ်သားတွေ အပေါ် တိုက်ခိုက်ဖို့ မစ္စတာ ဂဒါဖီက သူ့သဘောနဲ့သူ အမိန့်ပေးခဲ့တာကို အထောက်အထားတွေက ပြသနေပါတယ်လို့ သူက ပြောပါတယ်။

လူတွေအပေါ် စစ်တပ်က စနစ်တကျ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ၇၄ မျက်နှာရှိ စာရွက်စာတမ်းတွေကို တင်ပြမယ်လို့ ICC ရဲ့ ရှေ့နေချုပ်က ပြောပါတယ်။

အထောက်အထားတွေကို တရားသူကြီးတွေက လေ့လာပြီး ၀ရမ်းထုတ်ပေးသင့် မသင့်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် နောက်ထပ် အထောက်အထားတွေ ထပ်တောင်းကောင်းလည်း တောင်းမှာပါ။ ဒီဖြစ်စဉ်က ရက်သတ္တပတ်ပေါင်း များစွာ ကြာစရာ ရှိပါတယ်။

ICC ရဲ့ ဒီ အားထုတ်မှုတွေကို လစ်ဗျား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ပယ်ချလိုက်ပြီး ဒီလို လုပ်နေတာတွေက မေးခွန်း ထုတ်စရာတွေ ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒီအချိန်မှာပဲ ရုရှားက လစ်ဗျားအစိုးရနဲ့ သူပုန်တွေ မော်စကိုမှာ အင်္ဂါနေ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ် ထားကြောင်း ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဆာဂျေ လာ့ဗ်ရော့ဗ် (Sergei Lavrov) က တနင်္လာနေ့မှာ ပြောပါတယ်။


Ref: VOA News

Read More...

ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့် ထောင်ဒဏ် ၁ နှစ်လျှော့

ဖနိဒါ
တနင်္လာနေ့၊ မေလ ၁၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အများမျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသား အစုလိုက် အပြုံလိုက် လွှတ်ပေးခြင်း မဟုတ်ပဲ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က ထောင်ဒဏ် ကျခံနေရသူ အားလုံးကို ထောင်ဒဏ် ၁ နှစ် လျှော့ပေးလိုက်သည်။

စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား တနင်္လာနေ့ ညနေသတင်းတွင် ကဆုန်လပြည့်နေ့မှစ၍ သေဒဏ် ကျနေသူများကို တသက်တကျွန်းဒဏ် ပြောင်းပေးခြင်းနှင့် ကျန် အကျဉ်းသား အားလုံးကို တနှစ် လျှော့ပေါ့ပေးမည်ဟု သတင်းတို ပါရှိသည်။

အစိုးရသစ်လက်ထက် မြန်မာ နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေး လိမ့်မည်ဟု မျှော်လင့်မှုများကို ယခုကြေညာချက်က အားယုတ် သွားစေသည်။

“ဒါက လွတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်ဘဲ၊ လျှော့ပေါ့ပေးလိုက်တာဘဲ။ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ပြောဆို နေတာတွေနဲ့တော့ ဘာမှ အဝေးကြီးကို ဖြစ်နေပါတယ်လို့ ကျနော် ခံစားမိပါတယ်” ဟု အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြေသည်။

ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကလည်း သေဒဏ် ကျနေသူများကို တသက်တကျွန်း ဒဏ် ပြောင်းပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးအကြံပေးတဦးဖြစ်သော စစ်မှုထမ်းဟောင်း ဒေါက်တာနေဇင်လတ်က မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

သမ္မတသစ် တရုတ်ပြည်သို့ ပထမဆုံး ချစ်ကြည်ရေးခရီးသွားမည်

ခင်ဦးသာ
Monday, 16 May 2011

သမ္မတသစ်ဦးသိန်းစိန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အစိုးရအဖွဲ့ အသိုင်းအ၀န်းမှသိရသည်။

ဦးသိန်းစိန်သည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် သမ္မတသစ် တဦးအနေဖြင့် ပြည်ပသို့ ပထမဆုံး သွားရောက်လည်ပတ်မည့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Xu Caihou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ စစ်တပ်၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မေလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မေလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း အစိုးရထုတ် သတင်းစာများ၌ ရေးသားထားသည်။

တရုတ်စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့်သမ္မတ ဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ စစ်ရေးကိစ္စများနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်၌ တရုတ်ရေတပ် စစ်သင်္ဘောများ လာရောက် ဆိုက်ကပ်ခွင့် ကိစ္စတို့ကို ဆွေးနွေး ခဲ့ကြကြောင်း ကြားသိရသော်လည်း ၎င်းသတင်းကို အတည်မပြုနိုင်သေးပေ။

ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်းသည် တရုတ်-မြန်မာ ဖက်စပ် တည်ဆောက်နေသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ တစိတ်တဒေသ ဖြစ်သည်။

တရုတ်နိုင်ငံ စွမ်းအင် လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကျော်အတွက် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းရပြီး ထို ရေနံစိမ်းများကို ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တရုတ်ခေါင်းဆောင်တို့သည် တရုတ်-မြန်မာ ဆက်ဆံရေး၊ နိုင်ငံတကာ အခြေအနေနှင့် ဒေသတွင်းအခြေအနေ၊ မြန်မာ-တရုတ်တို့၏ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ တပ်မတော် နှစ်ရပ်အကြား သဘောတူ စာချုပ်တခု လက်မှတ် ရေးထိုးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ထုတ် သတင်း စာများ၌ ရေးသားထားသည်။

ဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး ဆွေးနွေးပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံ စစ်တပ်ခေါင်းဆောင်များသည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက် လည်ပတ်ရန်၊ မြန်မာ စစ်သားများအား တရုတ်နိုင်ငံ၌ စစ်ပညာ သင်ကြားရန်နှင့် နယ်စပ်တာဝန်ထမ်းဆောင် နေသော နှစ်နိုင်ငံ တာဝန်ရှိသူများ မကြာခဏ တွေ့ဆုံဆွေးနွေးရန် ကိစ္စ ရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ရေးသား ထားသည်။

Ref: ဧရာဝတီ်

Read More...

အာဏာပိုင်များနှင့် နီးစပ်သူများသာ စီးပွားရေး လက်ဝါးကြီးအုပ်ထား

Monday, 16 May 2011

အစိုးရသစ် လက်ထက် စီးပွားရေးရာဆိုင်ရာ မူဝါဒဖြေလျှော့မှုတချို့ ရှိသော်လည်း စစ်ဗိုလ်ချုပ် များနှင့် ဆက်နွှယ်သော စီးပွားရေး သမားများက လုပ်ပိုင်ခွင့်များကို ဆက်လက် လက်ဝါးကြီး အုပ်နေမှုများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ငွေလဲနှုန်း မတည်ငြိမ်ခြင်း၊ တိကျ သေချာသော အခွန်စနစ်မရှိခြင်း အပါအ၀င် အကျပ်အတည်း များစွာ ရှိနေခြင်းကြောင့် မြန်မာ့ စီးပွားရေး နာလန်ထူရန် မလွယ်ကူသေးကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး အသိုင်းအ၀န်းက ပြောဆိုနေ ကြသည်။

သမ္မတ ဦးသိန်းစိန်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသူ ဦးဝင်းမြင့်ကို ခန့်အပ်ခဲ့ကြောင်း၊ ထိုသို့ ခန့်အပ် လိုက်ပြီးနောက် ၀န်ကြီးဦးဝင်းမြင့်က ကုန်သွယ်ရေး ကောင်စီကို ဖျက်သိမ်းပြီး ပို့ကုန်၊ သွင်းကုန် လိုင်စင်များ လျှင်မြန်စွာ ချထားပေးခြင်း၊ ယခင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီတို့က လက်ဝါးကြီး အုပ်ထားသော စားအုန်းဆီ တင်သွင်းခြင်း လုပ်ငန်းများကို ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုလိုက်ခြင်း အပါအ၀င် သိသာ ထင်ရှားသော ပြောင်းလဲမှုတချို့ကို လုပ်ဆောင်လာကြောင်း၊ ထိုသို့ လုပ်ဆောင် လာသော်လည်း စီးပွားရေး လုပ်ငန်း အများစုမှာ ကျပ်တည်းစွာပင် ရုန်းကန် နေရဆဲ ဖြစ်ကြောင်း UMFCCI မှ ဗဟို အလုပ်အမှုဆောင် တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမား တဦးကလည်း “အရင်က ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေကို ကုန်သွယ်ရေး ကောင်စီက တိုက်ရိုက် ကိုင်တွယ်တော့ လိုင်စင်တခုကျဖို့ အနည်းဆုံး ၁၀ ရက်၊ နှစ်ပတ်လောက် စောင့်ရတယ်၊ အဆင့်တွေ များတယ်။ အခုက လိုင်စင်လျှောက်ရင် တပတ်အတွင်း ကျတယ်၊ မြန်လာတယ်။ ဒါက တိုးတက်မှုပေါ့။ ဒါပေမယ့် ဒီတိုးတက်မှုက ပြည်တွင်း စီးပွားရေး တခုလုံးကို ရှင်သန် ကြီးထွားအောင် မလုပ်ဆောင်နိုင်ဘူး” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တရပ် ပေါ်ထွန်းလာပြီ ဖြစ်သော်လည်း ယခင် စစ်အစိုးရ လက်ထက်က ကဲ့သို့ပင် စစ်တပ် ကျောထောက် နောက်ခံ စီးပွားရေး ဦးပိုင်လီမိတက်၊ ထူး၊ မက်စ်မြန်မာ၊ IGE ကုမ္ပဏီ အပါအ၀င် စစ်ဗိုလ်ချုပ် များနှင့် နီးစပ်သော ကုမ္ပဏီများက အထူး အခွင့်အရေးများ ရရှိနေဆဲဖြစ်ပြီး တခြားသော ကုမ္ပဏီများသည် အခွင့်ထူးခံ ကုမ္ပဏီ များနှင့် စီးပွားရေး အရသော်လည်းကောင်း၊ ငွေကြေး အားဖြင့် သော်လည်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိရသည်။

“ထူးကုမ္ပဏီက လုပ်နေတဲ့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းကို တခြား လုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုမယ် ဆိုပြီးတော့
ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီ ၁၀ ခု ချက်ချင်း လုပ်ခွင့်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ သတ်မှတ်ချက်နဲ့ ညီလို့ ဆိုပြီးပြောတယ်” ဟု ဘုရင့်နောင် ဆီလုပ်ငန်းရှင်ကြီး တဦးက ဆိုသည်။

သတ်မှတ်ချက်အရ အနည်းဆုံး စားအုန်းဆီ တန် ၃၀၀၀ အထက် တင်သွင်းနိုင်သူ ဖြစ်ရမည် ဆိုခြင်းကြောင့် စားအုန်းဆီ တင်သွင်း လိုသည့် ကုမ္ပဏီငယ် ၁၀၀ ကျော်မှာ တဦးတည်း အနေဖြင့် သတ်မှတ်ချက်နှင့် အညီ မတင်သွင်း နိုင်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီငယ်များက အုပ်စုဖွဲ့ကာ စားအုန်းဆီ တင်သွင်းခွင့်ရရန် လျှောက်ထား ကြရကြောင်း ၎င်းက ပြောသည်။

“ဒါက ဘာကိုပြလဲဆိုရင် ထူး၊ မက်စ်တို့လို ကုမ္ပဏီကြီးတွေနဲ့ ဘယ်လိုမှ စီးပွားရေးအရ မယှဉ်ပြိုင်နိုင်ဘူး ဆိုတာပါပဲ” ဟု သူက ဆိုသည်။

လက်ရှိ အစိုးသစ်သည် စစ်အစိုးရ လက်ထက်က ပုံစံအတိုင်း နီးစပ်ရာ လုပ်ပိုင်ခွင့် ချထားပေးသော စီးပွားရေး စနစ်ကိုပင် ဆက်လက် ကျင့်သုံးဆဲ ဖြစ်သည်ဟု စီးပွားရေး သမားများက ပြောဆိုနေကြသည်။

“ဦးပိုင်က အခွန် ဖြတ်တောက်စရာမလိုတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည် ကိုယ်တိုင် အစည်းအဝေး တခုမှာ ထုတ်ပြောခဲ့ဖူးတယ်။ ဦးပိုင်က ကားသွင်းတယ်၊ ဘဏ် ထောင်တယ်၊ ပြည်သူပိုင် သင်္ဘောကျင်း၊ ဆိပ်ကမ်းတွေကို သိမ်းတယ်” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

ထို့အပြင် ထူး၊ မက်စ်၊ IGE ၊ ရွှေသံလွင်၊ အေးရှားဝေါလ်၊ ကမ္ဘောဇ အစရှိသည့် ကုမ္ပဏီကြီးများသည်လည်း အခွင့်ထူးခံ လုပ်ပိုင်ခွင့်များ ရနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီ ကုမ္ပဏီတွေ လုပ်နေတဲ့၊ ရနေတဲ့ အခွင့်အရေးမျိုးတွေ၊ လုပ်ငန်းမျိုးတွေကို သာမန်အရပ်သား လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့် ပြုမလား။ ခွင့်ပြုတဲ့နေ့က ဈေးကွက် စီးပွားရေးစနစ် တကယ် ဖြစ်လာတဲ့နေ့၊ တကယ် ဒီမိုကရေစီ ရတဲ့နေ့ပဲ” ဟု သူက ဆိုသည်။

ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇ၊ မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်နှင့် IGE ကုမ္ပဏီတို့သည် ၂၀၁၀ ပြည့်နှစ် အတွင်း ပုဂ္ဂလိက ဘဏ်များ တည်ထောင်ခွင့် ရရှိခဲ့ချိန်က ရတနာပုံ FC ဘောလုံးအသင်း ပိုင်ရှင်၊ Alpine သောက်ရေသန့် လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်းမှာ ဘဏ်ဖွင့်ခွင့် လျှောက်ထားမှုမှ ငြင်းပယ် ခံခဲ့ရကြောင်း၊ အစိုးရသစ် လက်ထက်တွင်လည်း ခွင့်ပြုမည့် အလားအလာ မရှိကြောင်း စီးပွားရေး သမားတချို့က ပြောဆိုနေကြသည်။

“သူတို့အချင်းချင်း ကြားမှာတောင် သူက ဗိုလ်ချုပ်မှူးကြီးနဲ့ ပိုင်လို့၊ ဟိုလူက သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ အကျိုးတူမို့လို့ ဆိုပြီး လုပ်ပိုင်ခွင့်တွေ လုကြ၊ ပြိုင်ကြဖြစ်နေတာ။ ဘယ်လိုလုပ်ပြီး သာမန်အရပ်သား လုပ်ငန်းရှင်တွေ အတွက် အခွင့်အလမ်း၊
အခွင့်အရေး ဆိုတာ ရှိလာနိုင်မလဲ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

အခွန်အခဆိုင်ရာ ကိစ္စများတွင်လည်း တိကျသေချာရေရာသော အခွန်စနစ်တရပ် ပေါ်ထွန်းလာခြင်း မရှိသေးဘဲ စစ်အစိုးရ လက်ထက်က ရှိခဲ့သော လာဘ်ပေးလာဘ်ယူ စနစ်ကို အခြေခံသည့် ဖြေရှင်းနည်းကိုသာ လုပ်ငန်းရှင်များက အသုံးပြုပြီး စီးပွားရေး လုပ်ငန်းများ လည်ပတ်နေရသည်ဟု သိရသည်။

နိုင်ငံခြားသို့ မြန်မာ့ ထွက်ကုန်ပို့လျှင် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရပြီး ထို ပို့ကုန်မှရသည့် ငွေနှင့် နိုင်ငံခြားက ကုန်ပစ္စည်း ပြန်သွင်းပါက ပင်းရင်း နုတ်ယူပေးသွင်းခွန် (Withholding Tax) ထပ်ဆောင်ရကြောင်း၊ နိုင်ငံခြားက သွင်းလာသော သွင်းကုန် ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်း ရောက်လာသည့်အခါ အကောက်ခွန် အမည်တပ်၍ အခွန် ထပ်မံ ပေးရကြောင်း၊ အကောက်ခွန် ပေးပြီးသော သွင်းကုန်ပစ္စည်းကို ဈေးကွက်ထဲ၌ ရောင်းချသည့်အခါ ကုန်သွယ်ခွန်၊ အမြတ်ခွန်ဟူ၍ ထပ်ပေးရကြောင်း၊ ကုမ္ပဏီ ဖွင့်ထားသည့်အတွက် နှစ်စဉ် လိုင်စင်ကြေး၊ ကုမ္ပဏီ အခွန်ကြေးများလည်း သွင်းရကြောင်း၊ ထိုသို့ များပြားလှသည့် အခွန်များ ရှိနေသဖြင့် စီးပွားရေးသမားများက အစိုးရ အခွန်ဝန်ထမ်းနှင့် ညှိနှိုင်း လုပ်ဆောင်၍ လာဘ်ပေးလာဘ်ယူ ကိစ္စများမှာ အလေ့ အကျင့်သဖွယ် ဖြစ်ခဲ့ကြောင်း ဘဏ်လုပ်ငန်းတခု၏ အတိုင်ပင်ခံ စီးပွားရေးပညာရှင် တဦးက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အဲဒီလိုမှ မလုပ်ရင်လည်း စီးပွားရေး လုပ်ရတာက နိုင်ငံတော်ကို လုပ်ကျွေးရ သလိုပဲ။ အဲဒီတော့ တိကျ သေချာရေရာတဲ့၊ အားလုံးမျှမျှတတရှိမယ့် အခွန်စနစ်မျိုး ရှိသင့်နေပြီဆိုတာပဲ။ အဲဒီလို အခွန်စနစ်မရှိရင်တော့ နောင် အနှစ် ၂၀ လည်း ဒုံရင်းက ဒုံရင်းပဲဖြစ်မယ်” ဟု ဆိုသည်။

အဆိုပါပညာရှင်ကပင် ဦးသိန်းစိန် အစိုးရသည် ငွေလဲလှယ်နှုန်းနှင့် ဘဏ်စနစ်ကို ချက်ချင်းပြင်ဆင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ငွေလဲနှုန်းနှင့် ဘဏ်စနစ် ပြောင်းလဲခြင်းမရှိလျှင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရန် မလွယ်ကူကြောင်း ထောက်ပြသည်။

“တဒေါ်လာ ၆ ကျပ်ဆိုတဲ့ ငွေလဲနှုန်းကို ခေတ်ကာလနဲ့ ကိုက်ညီတဲ့နှုန်း ပြင်ဆင်သင့်ပြီ။ ဘဏ်စနစ် တွေလည်း ပြင်ဖို့ လိုနေပြီ။ နိုင်ငံခြားနဲ့ ကုန်သွယ်ဖို့ဆိုရင် အစိုးရရဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှစ်ခုတည်းနဲ့ လုပ်လို့ မရဘူး။ ပုဂ္ဂလိကကို နိုင်ငံခြားငွေနဲ့ ဘဏ်စာရင်းတွေ ဖွင့်ခွင့်ပြုရမယ်။ နိုင်ငံခြားဘဏ် တွေကိုလည်း ဒီနိုင်ငံမှာ ဖွင့်ခွင့် ပေးကိုပေးရမယ်” ဟု သူက ဆိုသည်။

ဆန်စပါး၊ ငါးပုစွန်ရေထွက်ပစ္စည်း၊ မြန်မာ့ပဲမျိုးစုံ အပါအ၀င် မြန်မာ့ထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့ရပြီး ဒေါ်လာ တန်ဖိုးကျကာ မြန်မာငွေ တန်ဖိုး တက်လာ ချိန်တွင် လုပ်ငန်းရှင်များ အရှုံးပေါ်မှု ဖြစ်ရကြောင်း၊ ငွေလဲနှုန်း တည်ငြိမ်ရေးသည် အလွန် အရေးကြီးဆုံးသော အချက်တခုဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်များက ပြောကြသည်။

“ဒေါ်လာ တန်ဖိုးကျပြီး ကျပ်ငွေ တန်ဖိုးတက်လာနဲ့အမျှ ငါး၊ ပုစွန်သမားတွေ နာလန်မထူဘူး။ ထုတ်လုပ်မှု စရိတ်ကြီးပြီး ပြန်ရတဲ့ငွေက အရင်းရဖို့ အနိုင်နိုင် ဖြစ်လာတယ်။

ပို့ကုန်သမားတိုင်း ဒီပြဿနာကို ကြုံရတယ်။ အခုဆို ငါးလုပ်ငန်းဦးစီး ဌာနက ငါးပုစွန်ပို့ဖို့ ဈေးနှုန်းကို မသတ်မှတ် ပေးတော့ဘူး။ ဈေးကွက်ပေါက်ဈေး အတိုင်းပဲ ဈေးနှုန်းကို ထားမယ်လို့ပြောတယ်။ ဒါပေမယ့် ဒီက ငွေလဲနှုန်း မငြိမ်ရင်ဘယ်လိုမှ အဆင်မပြေဘူး။ ပြည်ပ ပို့တယ်ဆိုတာက နိုင်ငံတကာ ပေါက်ဈေးအတိုင်းပဲ လုပ်ရတာ၊ ငွေလဲနှုန်း ငြိမ်အောင် မလုပ်ပေးနိုင်ရင်တော့ ပို့ကုန်သမားတွေ အတွက် အခြေအနေ မကောင်းဘူးလို့ဘဲ ပြောရမယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေးသမား တဦးက ပြောသည်။

ယခုအခါ ဈေးကွက်တွင်း၌ အမေရိကန် တဒေါ်လာလျှင် ၈၂၅ ကျပ်ခန့် ဈေးနှုန်း ဖြစ်ပေါ်နေသည်။

ပြည်တွင်းတွင် တတိယ အင်အားစုဟု ခေါ်ဆိုသော အစုအဖွဲ့များနှင့် နိုင်ငံရေးသမား တချို့က မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု မရှိခြင်းသည် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း ပြောဆိုခြင်းမှာ အစိုးရ ပြောသည်ကို သံယောင်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးနိုင်ရန် ရေခံမြေခံ အုတ်မြစ်ကောင်းများ တခုမှ မရှိသေးကြောင်း စီးပွားရေးပညာရှင်တဦးက ဆိုသည်။

“ပြင်စရာတွေ အများကြီးပဲ။ ဒါတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဘာမှ မပတ်သက်ဘူး။ စီးပွားရေးဖွံ့ဖြိုးဖို့ ကိုယ်မှာ ဘာမှ ပြင်ဆင်ထားတာ မရှိဘူး။ အခြေခံအကျဆုံး ဓာတ်ဆီပြသနာကို မရှင်းနိုင်သေးဘူး။ မော်တော်ကားကိစ္စ မရှင်းနိုင်သေးဘူး။ ငွေလဲနှုန်း၊ ဘဏ်၊ အခွန် ဒါတွေအားလုံးက မူဝါဒချမှတ်သူတဦး အပေါ်မှာ ပဲမူတည်နေတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတာက အဓိက ပြဿနာ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံက စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း အစိုးရတရားဝင် ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

Monday, May 16, 2011

မြန်မာ ပါကစ္စတန် အိန္ဒိယ ထောက်လှမ်းရေးတပ်ဖွဲ့များ၊ ဦးခွန်ဆာ နှင့် အမေရိကန်ပြည်ထောင်စု - အပိုင်း (၂)

ရော်နီညိမ်း
စနေ, 14 မေ 2011

တပ်မှူးတပ်သား ပြောစကား (၀၆၀)

အမေရိကန်က အလိုရှိခဲ့တဲ့ ဦးခွန်ဆာကို မြန်မာနိုင်ငံမှာ တရားဝင် လက်ခံ ထားခဲ့စဉ်က အခြေအနေနဲ့၊ အမေရိ ကန်က အလိုရှိခဲ့တဲ့ ဘင်လာဒင်၊ ပါကစ္စတန်နိုင်ငံထဲမှာ တရားမ၀င် နေထိုင်ခဲ့ပုံတွေကို၊ နှိုင်းယှဉ်ပြီး၊ ထောက် လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်း ဆွေးနွေးထားတာ ကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ် တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတုန်း အနေအထားကရော ဘယ်လိုရှိလဲ။ အမေရိကန်အစိုးရရဲ့ ဘယ်လို ဖိအားတွေ ပေးတာ ကို ခံခဲ့ရလဲ။ ဦးခွန်ဆာနဲ့ ပတ်သက်ပြီးတော့။ ဗိုလ်မှူးတို့ဘက်က သူ့ကို ဟိုရွှေ့ဒီပြောင်း ဘယ်လိုတွေ လုပ်ခဲ့ရလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဦးခွန်ဆာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ဆုငွေတွေ ထုတ်ထားတဲ့အခါ ကျတော့၊ အမေရိကန် အစိုးရကနေ သူ့ကို တောင်းတာ ပြုတာတွေ ရှိပါတယ်။ ကျနော်တို့ကလည်း ကတိက၀တ် အရ ဦးခွန်ဆာကို မပေးချင်ဘူး။ အဲဒီလို မပေးချင်တဲ့ အခါကျတော့၊ ဦးခွန်ဆာကို ကျနော်တို့ ၀ှက်ထားရတဲ့ အနေအထားမျိုး ရှိပါတယ်။ ဦးခွန်ဆာကို ဟိုမိန်းကနေ တိတ်တိတ်လေး တပ်မတော် လေယာဉ်ပျံနဲ့ ခေါ်လာခဲ့ ရပါတယ်။ ဘယ်မှာ ဆင်းလဲဆိုတော့၊ မှော်ဘီမှာ ဆင်းရပါတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ကျော်ဝင်း (ကကလှမ်း ဒုတိယညွှန်ကြားရေးမှူး) ကိုယ်တိုင်ပဲ၊ ခေါ်လာ ခဲ့ရပါတယ်။ ဆင်းကြိုတဲ့ အထဲမှာ ကျနော်တို့လည်း ပါပါတယ်။ ပထမ အင်လျားလမ်းက တပ်မတော် ဧည့်ဂေဟာတွေ အမှတ် (၁၄) အင်းလျားလမ်းတို့၊ အမှတ်(၂၀) အင်းလျား လမ်းတို့၊ အနောက်နားက အိမ်တလုံးမှာ ဦးခွန်ဆာကို ထားပါတယ်။ အဲဒီ တပ်မတော် ဧည့်ဂေဟာတွေရဲ့ နောက်နားမှာ၊ တချိန်က နံမည်ကြီးသူဋ္ဌေး ရှော်ဖီပိုင်တဲ့ အိမ်ကို၊ စစ်တပ်က သိမ်းထားတဲ့ အိမ်တလုံး ရှိပါတယ်။ အဲဒီအိမ်မှာ ဦးခွန်ဆာကို တိတ်တိတ်လေး ထားထားတယ်။ အဲဒီအိမ်ဟာ အဲဒီအချိန်တုန်းက၊ အမေရိကန်သံရုံး ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆိုင်ရာ အရာရှိနေတဲ့ အိမ်နဲ့ဆိုရင်၊ နှစ်အိမ်သုံးအိမ်ကျော်မှာ ရှိပါတယ်။ အဲဒီလမ်း ကလည်း၊ အမေရိကန်သံရုံးက အရာရှိတွေ ၀င်လိုက် ထွက်လိုက်နဲ့ သွားလာနေကြတဲ့ လမ်းပါ။ အဲဒီသဘောမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အမေရိကန်အရာရှိတွေဘက်က ဒါကို တကယ်ပဲ မသိဘူးလို့ ထင်လား။ သူတို့မှာလဲ သူတို့အဖွဲ့တွေ ရှိနေတာပဲ။ ဒါမှမဟုတ် မသိချင်ယောင်ပဲ ဆောင်နေတာလား။ ဒါမှမဟုတ် နောက်ပိုင်းမှာ၊ ဗိုလ်မှူးတို့နဲ့ ဘယ်လို အပေးအယူ လုပ်ချင်လို့ ဒါကို သူတို့က ဒီဥစ္စာကို ဒီအတိုင်း ထားထားတာလား။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်ကတော့ သူတို့ တကယ်ပဲ မသိတာ ခင်ဗျ။ ရန်ကုန်မှာ ရှိတဲ့ အမေ ရိကန် DEA (Drug Enforcement Agency အမေရိကန် တရားရေး ၀န်ကြီးဌာန လက်အောက်ခံ၊ မူးယစ်ဆေး ၀ါးထိန်းချုပ်ရေး အေဂျင်စီ) အပိုင်းကလည်း၊ လူ နှစ်ယောက် သုံးယောက်ပဲ ရှိတယ်။ သူတို့က မူးယစ်ဆေးဝါး ဆိုင်ရာ ကိစ္စတွေကိုပဲ စိတ်ဝင်စား ပြီးတော့၊ ထောက်လှမ်းရေး အပိုင်းမှာ သူတို့က အားနည်းပါတယ်။ ဒါကလည်း တကြောင်းပါ။ နောက်တခုကလည်း၊ ခွန်ဆာကြီးကို ဒီမှာ ထားတယ်ဆိုတာ၊ ကျနော်တို့ ထောက်လှမ်းရေး (ကကလှမ်း) ထဲမှာတောင်၊ လူတိုင်း မသိပါဘူး။ ကျနော် သိတယ်ဗျာ။ ဗိုလ်မှူးချုပ်ကျော်သိမ်း သိတယ်။ ဗိုလ်မှူး ကြီးစန်းပွင့် သိတယ်။ နောက် ဗိုလ်ချုပ်ကျော်ဝင်း သိတယ်။ ဒီလောက်ပဲ၊ ကျနော်တို့က အကန့်စနစ် (compartment system) နဲ့၊ အသိပေး ထားတာပါ။ ပြီးတော့၊ အဲဒီအိမ်မှာ ဦးခွန်ဆာကို သွားထားတဲ့ အခါမှာ လည်း၊ အိမ်ကို စောင့်နေကြတဲ့ ရဲဘော်တွေတောင်၊ သူ့ကို ဦးခွန်ဆာမှန်း မသိ ကြပါဘူး။ ဘယ်လောက်ထိ မသိကြလဲဆိုရင်၊ အဲဒီ အချိန်တုန်းက ခွန်ဆာကြီးက သူ ရွှေတိဂုံဘုရားကို သွားချင်တယ် ဆိုတဲ့ အခါကျတော့၊ ကျနော်ကိုယ်တိုင် ရွှေတိဂုံဘုရားကို လိုက်ပို့ခဲ့ရတယ်။ လိုက်ပို့တဲ့ အခါကျတော့၊ ခွန်ဆာကြီးကို ကျနော်တို့ ဘာ လုပ်ပေးလဲ ဆိုတော့၊ နေကာမျက်မှန် တပ်ပေးတယ်။ ပြီးတော့ ဦးထုပ် ဆောင်းပေး လိုက်တယ် ဗျာ။ ဘုရားပေါ် ကလူတွေတောင်မှ ခွန်ဆာဆိုတာ၊ ဘယ်သူမှ မသိကြပါဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဘင်လာဒင် (ပါကစ္စတန်မှာ) မရှိဘူး ရှိတယ်၊ မသိဘူး သိတယ်၊ ဖြစ်နေတဲ့ ကိစ္စမှာ၊ ပါကစ္စတန် အစိုးရအနေနဲ့ သိကောင်းမှ သိမယ်။ ပါကစ္စတန် တပ်မတော်ကရော၊ ဘယ်လို အနေအ ထားရှိသလဲ။ ISI နဲ့ ပါကစ္စတန် တပ်မတော်ရဲ့ ဆက်ဆံရေး အနေအထားကရော၊ ဗိုလ်မှူးတို့ရှိစဉ်က ဘယ်လို မြင်ထားပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒါမျိုးကိစ္စတွေကို ISI က၊ ပါကစ္စတန်တပ်မတော်ကို အသိပေးမယ့် အနေအ ထားမျိုး ရှိမယ်မထင်ဘူး ခင်ဗျ။ ပါကစ္စတန် တပ်မတော်ကလည်း ကျနော်တို့လိုပဲ ISI ပါကစ္စတန် ထောက်လှမ်းရေး အပေါ်မှာတော့ သိပ်ပြီးတော့ ကျေနပ်မယ့် အနေအထားမျိုး ရှိပုံ မပေါ်ဘူး။ ကျနော်တို့ တုန်းကလည်း၊ ကျနော်တို့ လုပ်နေ ကိုင်နေတာ အားလုံးက စစ်တပ်ပိုင်းက လူတွေကို လျှို့ဝှက် ကိစ္စတွေမှာ၊ အသိပေးလေ့ပေး ထလည်း မရှိဘူး။ ဗိုလ်ချုပ်ကြီး သန်းရွှေ ဗိုလ်ချုပ်ကြီးမောင်အေးတို့ လောက်ပဲ၊ သိချင်သိမယ်၊ ကျန်တဲ့အောက် က ဗိုလ်ချုပ်ကြီးတွေ တောင်မှ သိခွင့် မရှိဘူး၊ သိလည်း မသိရဘူး ဆိုတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ထောက်လှမ်းရေး စကားနဲ့ ပြောရရင်၊ need to know အသိ ပေးသင့်တဲ့သူကိုပဲ အသိပေးတဲ့စနစ်၊ compartment system အကန့်စနစ်နဲ့ပဲ၊ သွားပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ (ဘင်လာဒင်ကို) စစ်တပ်ရှိတဲ့မြို့ကြီးမှာ၊ သွားပြီး ထားထားတာကို၊ ပါကစ္စတန် အစိုးရလည်း မသိနိုင်ဘူး၊ ပါကစ္စတန် စစ်တပ်လည်း မသိနိုင်ဘူး၊ ပါကစ္စတန် ထောက်လှမ်းရေး ကတော့ သိကို သိရမယ်၊ ဆိုတဲ့ အနေအထား မျိုးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ပါကစ္စတန် အစိုးရပိုင်းက ထိပ်ပိုင်းကိုတော့ အသိပေး ရလိမ့်မယ် ထင်တယ် ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့၊ ထောက်လှမ်းရေး ဆိုတာက သူ့တသီးတခြားတော့ နေလို့ မရ ဘူး၊ ကျနော် ပြောနေသလို၊ ထောက်လှမ်းရေး ဆိုတာက ကပ်ပါးပိုးပါ။ (အစိုးရအဖွဲ့ထဲက) အကြီးဆုံးလူတွေက မသိပဲ နေလို့ မရပါဘူး။ စစ်တပ် အပိုင်းကတော့ မသိဘူး ဆိုတာ ဖြစ်နိုင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အမေရိကန်အစိုးရက ပါကစ္စတန် စစ်တပ် အတွက်ရော၊ ISA အတွက်ပါ သုံးစွဲလာခဲ့တာ ဘီလျံ (၂၀)၊ အမေရိကန် ဒေါ်လာ သန်းပေါင်း နှစ်သောင်း ကျော်နေပြီ။ အဲဒီလောက်ကို ရှိနေပြီ။ အခု နောက် ထပ် ပါကစ္စတန်ကို မထောက်ပံ့ဖို့ ဆိုပြီး၊ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်တွေလည်း၊ စပြီး ကန့်ကွက် လာတာကို တွေ့နေရပါတယ်။ ဘင်ဘာဒင်ကို (ISI က) ၀ှက်ထားရတာမှာ၊ မသိအောင် လုပ်ထားရတဲ့ တခြား အကြောင်းတွေလည်း အများကြီး ရှိမယ်။ အဲဒီလိုမျိုးတွေ ပတ်သက် ဆက်နွယ် ရှုပ်ထွေးနေတဲ့ အတွက်၊ (ပါကစ္စ တန်အစိုးရနဲ့ စစ်တပ်) တကယ်ပဲ မသိနိုင် တာ၊ ဖြစ်နိုင်ပါ သလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်ကို ပြောရရင်တော့၊ (ပါကစ္စတန် အစိုးရရဲ့) အပေါ်ဆုံးကနေ ပေါ်လစီတွေကို ကိုင်ထားတဲ့ သူတွေက မသိဘူး ဆိုတာတော့၊ မဖြစ်နိုင်ပါဘူး ခင်ဗျ။ ISI နဲ့ ပတ်သက်ပြီးပြောရ ရင်၊ ISI အကြီးအကဲက ဒီကိစ္စကို သူ မသိပဲ မနေနိုင်ပါဘူး။ ကျနော်ပြောနိုင်တာ တခုကတော့ ပါကစ္စတန်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေး ဟာ၊ 9/11 (၂၀၀၁ စက်တင်ဘာ (၁၁)၊ အမေရိကန် မြေပေါ်တွင် နယူးယောက် ကုန်သွယ်ရေး မျှော်စင် ညီနောင်နှင့် ၀ါရှင်တန်ဒီစီ ပင်တဂွန် စစ်ဌာနချုပ် တို့ကို၊ Osama Bin Laden ၏ Al Qaida အကြမ်းဘက် အဖွဲ့က အပိုင်စီးလာသော လေယာဉ်ကြီးများနဲ့ အသေခံ တိုက်ခိုက်ခဲ့မှု) ပြီးတော့မှ တရင်း တနှီး ရှိလာခဲ့တာပါ။ အရင်တုန်းက ပါကစ္စတန်နဲ့ အမေရိကန်ရဲ့ဆက်ဆံရေးဟာ၊ သိပ်အကောင်းလှကြီး မဟုတ် ပါဘူး။ ပါကစ္စတန်နဲ့ တရုတ်နဲ့က ပိုပြီးတော့မှ နီးစပ်ခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ပါကစ္စတန် ထောက်လှမ်း ရေးအနေနဲ့ အမေရိကန်ပေါ်မှာ ယုံကြည်မှု အပြည့်အ၀ ရှိလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ အမေရိကန်ကို ပါကစ္စတန်က ပေးကျွေးတာလေးတွေလည်း၊ ပေးကျွေးလိမ့်မယ်။ တဘက်ကလည်း၊ လှည့်စားတဲ့ အနေနဲ့၊ ဘင် လာဒင်ကိုရော အမေရိကန်ကိုရော၊ ဟိုဘက်ကော ဒီဘက်ကော၊ သူတို့ balance လုပ်ပြီးတော့မှ၊ အမေရိကန် ဆီကလည်း ရသလောက်ယူမယ်၊ ဘင်လာဒင်ကိုလည်း “မင်း အရမ်းမလုပ်နဲ့” ဆိုပြီးတော့လည်း၊ ပါကစ္စတန် က ထိန်းထားမယ် ဗျာ။ ဒီအပေါ်မှာ ကစားသွားတယ်လို့ပဲ၊ ကျနော် မြင်ပါတယ်။ အမေရိကန် အနေနဲ့လည်း အခြေအနေ တခုကြောင့်သာ၊ ပါကစ္စတန်ကို ပုံအောပေးပြီးမှသာ၊ လိုချင်တာကို ရအောင် ယူနေကြရတာကိုး။ ဒါကိုလည်း ပါကစ္စတန် ထောက်လှမ်းရေးက သိတာပဲ။ တချိန်မှာ အမေရိကန်ဟာ သူတို့အပေါ် သဘောထား မှန်မှန် ထားမှာ မဟုတ်ဘူးဆိုတာ၊ သူတို့က တွက်မှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့၊ အတိတ်က ဖြစ်စဉ်တွေက ရှိခဲ့ဘူးတာကိုး။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ၊ ပါကစ္စတန် ထောက်လှမ်းရေးက အမေရိကန်ဆီက၊ သူတို့ ရတာ ယူမယ်၊ ဒီဘက်က ဘင်လာဒင်ကိုလည်း “မင်း သိပ်ကြီးကြီးမားမားတွေ မလုပ်နဲ့” ဆိုပြီး၊ ထိန်းမယ်။ နှစ်ဘက် ကို balance လုပ်တဲ့ အနေအထားမျိုးပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အမေရိကန်ပြည်ထောင်စုက ဦးခွန်ဆာကို အမေရိကန်ဒေါ်လာ (၅) သန်း ဆုငွေထုတ် ထားတဲ့ ကြားထဲကနေ၊ မြန်မာနိုင်ငံမှာ ဦးခွန်ဆာကို လက်ခံထားခဲ့တဲ့ အခြေအနေနဲ့၊ အဲဒီလက်ခံထားမှုကို ဖြစ်ပေါ်စေခဲ့တဲ့ နောက်ကြောင်း ဖြစ်ရပ်လေးတွေကို နည်းနည်း ရှင်းပြပေးပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၈ အရေးအခင်း ဖြစ်တဲ့အခါမှာ၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုး ပတ်ဝန်းကျင် မှာ အဲဒီ အချိန်တုန်းက ဗမာပြည် ကွန်မြူနစ်ပါတီ တပ်တွေရဲ့ အန္တရာယ်ရန်က အင်မတန် များပါတယ် ခင်ဗျ။ တပ်မတော် အနေ နဲ့ မြို့ရွာတွေကို အကာအကွယ် ပေးဖို့၊ လုံလောက်တဲ့ တပ်တွေ မရှိပါဘူး။ အဲဒီအချိန်မှာ နားလည်မှုတခု အနေနဲ့၊ ဦးခွန်ဆာရဲ့ တပ်တွေက၊ လားရှိုး ပတ်ဝန်းကျင် လုံခြုံရေး၊ ဗကပတွေ ၀င်မလာအောင်၊ တာဝန် ယူပေးတယ် ဆိုတဲ့ အနေအ ထားမျိုး နောက်ကြောင်းလေးတွေ ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီ မတိုင်ခင်တုန်းကရော၊ ဦးခွန်ဆာရဲ့ မောင်ထိုင်း army (MTA – Mong Thai Army) ဘယ်လို ပေါ်ပေါက်လာပြီးတော့၊ မြန်မာ့ တပ်မတော်နဲ့ ဘယ်လို စတင်ပြီးတော့၊ ဆက်နွယ် မှုတွေ ရှိခဲ့ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဦးခွန်ဆာရဲ့ မောင်ထိုင်း army ကို၊ ဦးနေ၀င်း လက်ထက်တုန်းက၊ သူတို့ကို ဦးတည်ရန် သူ အဓိက ရန်သူ အနေနဲ့၊ သတ်မှတ်ထားခြင်း မရှိခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ဦးခွန်ဆာ ရဲ့တပ်တွေက မြန်မာ့ တပ်မတော်ကို အန္တရာယ် မပေးဘူး ဒါကြောင့် သူတို့ကို ရှာပြီးတော့မှ တိုက်တဲ့ အနေအ ထားမျိုး မရှိခဲ့ပါဘူး ခင်ဗျ။ နားလည်မှု တခုလို့ပဲ ပြောရမှာပါဘဲ။ ကျနော်တင်ပြရရင်၊ ဦးခွန်ဆာဟာ မြန်မာ ပြည်မှာ အခု နံမည်ကြီးနေတဲ့ ထွန်းမြင့်နိုင် ခေါ် Steven Law ရဲ့ အဖေ၊ ဘိန်းရာဇာ လော်စစ်ဟန်ရဲ့ တပည့် တယောက်ပါပဲ။ တချိန်တုန်းက လော်စစ်ဟန် တန်ခိုးကြီးထွား နေတဲ့ အချိန်မှာ၊ ဦးခွန်ဆာတို့က လော်စစ်ဟန် ရဲ့ တပည့် တယောက်အနေနဲ့၊ နေခဲ့ရာကနေ၊ လော်စစ်ဟန် လက်နက် ချခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ ဦးခွန်ဆာက မောင်ထိုင်း army ဆိုတဲ့ လက်နက်ကိုင် တပ်ကို တည်ထောင်လာခဲ့သူ တယောက်ဖြစ်ပါတယ်။ သူဟာ ရှမ်း တရုတ်နွယ်ဘွား တယောက်ပါ။ နောက်ပိုင်းမှာ တရုတ်ဖြူ ကူမင်တန် လက်ကျန် အဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ၊ သူ့ရဲ့တပ်ကို ပီပီပြင်ပြင် ထူထောင်လာခဲ့တဲ့ အနေအထားမျိုးပါ။ သူ့ရဲ့ စစ်ဦးစီးချုပ်က ကျန်စုရှင်ပါ။ ကျန်စုရှင် က တချိန်က ထိုင်ဝမ် တရုတ်ဖြူ ထောက်လှမ်းရေး အကြီးအကဲ တယောက်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဦးခွန်ဆာဟာ ၁၉၈၈ မတိုင်ခင်တုန်းက မြန်မာ့ တပ်မတော်ရဲ့ ရန်သူ မဟုတ်ပဲ နဲ့၊ တချိန်က ဦးလော်စစ်ဟန်ရဲ့ ရှမ်းပြည်ကာကွယ်ရေးတပ်တွေကို ဖွဲ့ထားခွင့် ပြုခဲ့သလိုမျိုး၊ နောက်ပိုင်း ဦး လော်စစ်ဟန်ကို ဖမ်းပြီးတဲ့ နောက်မှတော့၊ တခါ ဦးခွန်ဆာနဲ့ အဆင်ပြေပြေ ရှိလာခဲ့တယ်ပေါ့။ ၁၉၈၈ မတိုင် ခင်မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဆင်ပြေပြေရှိလာခဲ့တယ် ဆိုတာက၊ ဦးနေ၀င်းလက်ထက်မှာ တခါ၊ ဦးခွန် ဆာကို ဖမ်းမိခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက တောင်ကြီး စ၀်စံထွန်း ဆေးရုံမှာရှိတဲ့ ရုရှ လူမျိုး ဆရာဝန်နှစ်ယောက် ကို၊ ဦးခွန်ဆာရဲ့ အဖွဲ့တွေက ဖမ်းသွားပြီး၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး၊ ဒီ ရုရှဆရာဝန် နှစ်ယောက်နဲ့၊ ဦးခွန်ဆာ နဲ့ကို အလဲအလှယ် လုပ်ပေး လိုက်ရပါတယ်။ ဦးခွန်ဆာဟာ ကျနော်တို့ စစ်တပ်နဲ့ အဓိကရန်သူ မဟုတ်ပေမယ့်၊ မိတ်ဆွေသူငယ်ချင်းတော့ မဟုတ်ပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ သူ့အကျိုးကိုယ့်အကျိုးနဲ့ ဆက်ဆံခဲ့တဲ့ အနေအထားမျိုးတော့ ရှိခဲ့မှာပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ တခါတလေကျရင် ခွန်ဆာက၊ စစ်တပ်ရဲ့ အကျိုးပေါ့ ဗျာ။ ကွန်မြူနစ် ဘာညာကို သူက နည်းနည်းပါးပါး တိုက်ပေးခဲ့တာတွေ ရှိပါတယ် ခင်ဗျ။ ကျနော်တို့ ဘက်ကလည်း ဦးခွန်ဆာကတော့ ကျနော်တို့ကို ရန်ပြုမယ့်သူ အန္တရာယ် ပေးမယ့်သူ မဟုတ်ဘူးလို့ မှတ်ယူပြီး၊ ဦးခွန်ဆာအဖွဲ့ တွေကို လိုက်ပြီး ချေမှူန်းခဲ့တာမျိုးက တော်တော်ရှားပါတယ် ခင်ဗျ။ ၁၉၈၈ မတိုင်ခင်ပေါ့။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ၁၉၈၈ နောက်ပိုင်းမှာ၊ ဦးခွန်ဆာရဲ့ မောင်ထိုင်း army (MTA) နဲ့၊ မြန်မာ့တပ် မတော်နဲ့ အထူးသဖြင့် ဗိုလ်မှူးတို့ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေနဲ့၊ ဘယ်လို့ ဆက်ပြီး စခန်း သွားခဲ့ကြပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အားလုံး မှတ်မိကြပါလိမ့်မယ်။ ၁၉၈၉ ခုနှစ် လောက်ကျတော့၊ ကိုးကန့်တို့ “၀” တို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့တာတွေ ရှိခဲ့ပါတယ်။ ဦးခွန်ဆာကလည်း၊ ကိုးကန့်တို့ “၀” တို့လိုပဲ ငြိမ်းချမ်း ရေးယူချင်တယ် လို့၊ ကျနော်တို့ကို ကမ်းလှမ်း ခဲ့ဘူးတာ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ သူ့ဘက်ကလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ သူ့ဘက်က ကမ်းလှမ်းခဲ့တာပါ။ သို့သော် အဲဒီအချိန်က အမေရိ ကန်က ဦးခွန်ဆာကို ၀ရမ်း ထုတ်ထားတယ်၊ ကမ္ဘာ့ရဲ့ opium war lord (ဘိန်းစစ်ဘုရင်) အနေနဲ့ ဆုငွေထုတ် ထားတဲ့ အခါကျတော့၊ ကျနော်တို့ စစ်အစိုးရ အနေနဲ့ ဦးခွန်ဆာနဲ့ ငြိမ်းချမ်းရေး ယူဖို့ လက်ခံခဲ့မယ် ဆိုရင်၊ ကမ္ဘာ့ မူးယစ်ဆေးဝါး ခေါင်းဆောင်ကို လက်ခံလိုက်သလို ဖြစ်မယ်၊ အထူးသဖြင့် အမေရိကန်နဲ့ မသင့်မမြတ်ဖြစ်မှာ စိုးတဲ့အတွက်၊ ဦးခွန်ဆာရဲ့ ကမ်းလှမ်းမှုကို၊ အဲဒီအချိန်က စစ်အစိုးရက လက်မခံခဲ့ပါဘူး။

ဦးရော်နီညိမ်း ။ ။ ဦးခွန်ဆာက လက်နက်ကို ကိုင်ထားပြီးတော့၊ ငြိမ်းချမ်းရေးယူမယ် ဆိုပြီး၊ ကိုးကန့်တို့ “၀” တို့ ပအို့ဝ် တို့လိုပဲ၊ သူက ကမ်းလှမ်းခဲ့တာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ အဲဒီဥစ္စာက သူ လက်နက်မချခင် အထိ၊ သူ့ရဲ့ လက်အောက်ခံ MTA ရဲ့ အောက်က ရှမ်းခေါင်းဆောင်တွေ ပင်လျှင်၊ ကိုးကန့်တို့ “၀” တို့လိုပဲ (သူတို့ခေါင်းဆောင် ဦးခွန်ဆာ ဟာ) ငြိမ်းချမ်းရေး ယူလိမ့်မယ်လို့၊ ထင်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ သူ့ဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းပေမယ့်၊ ကိုယ့်ဘက်က လက်မခံနိုင် ဖြစ် နေတဲ့ အချိန်မှာ၊ နောက် ဘယ်လိုဖြစ်ပြီး၊ ဦးခွန်ဆာက လက်နက်ချတဲ့ အခြေအနေကို၊ ဆိုက်ရောက် သွားတာ လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင်၊ မူးယစ်ဆေးဝါးနဲ့ အဲဒီအချိန် အဲဒီအခါက၊ (အာဏာသိမ်း စစ်အစိုးရ) န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတ ည်ဆောက်ရေး အဖွဲ့) ရဲ့ နိုင်ငံခြားငွေ လိုအပ်နေတာ နဲ့၊ သွားပြီး ဆက်စပ်နေတာကို ပြောရမှာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ မြန်မာ ပါကစ္စတန် အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့များ၊ ဦးခွန်ဆာနှင့် အမေရိကန်ပြည် ထောင်စု - အပိုင်း (၃) ကို၊ ရှေ့သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “တပ်မှူးတပ်သား ပြော စကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက် ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။


Ref: VOA News

Read More...

မြန်မာ့လူ့အခွင့်အရေး တိုးတက်ရေး ထိုင်းနဲ့ သြစတြေးလျ တိုက်တွန်း

Ron Corben's Report in Burmese
တနင်္ဂနွေ, 15 မေ 2011

၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မယူခင်မှာ မြန်မာနိုင်ငံ အနေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် အရင်ဆုံး လုပ်သင့်တဲ့ အကြောင်း သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့က ဖိအားပေး ပြောဆို လိုက်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပျက်ကွက်မယ် ဆိုရင် အာဆီယံအဖွဲ့ အနေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ထောက်ခံ အားပေးမှုတွေကြားမှာ အာဆီယံရဲ့ မိတ်ဘက် နိုင်ငံတွေက ကန့်ကွက် သပိတ်မှောက်တာတွေ ကြုံလာ ရနိုင်တာကို ဘန်ကောက်ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) သတင်း ပေးပို့ထားပါတယ်။ အပြည့်အစုံကို မမိုးဖြူက တင်ပြ ပေးထားပါတယ်။

ဒီလအစောပိုင်းက လာအိုနိုင်ငံက၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူဖို့ အလှည့်ကို မြန်မာနိုင်ငံကို လွှဲပေးဖို့ သဘော တူခဲ့ပါတယ်။ ဒီတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မယူခင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးတာ အပါအ၀င် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို အရင် တိုးတက်အောင် လုပ်သင့်တယ်လို့ ထိုင်းနဲ့ သြစတြေးလျ နိုင်ငံတွေက မြန်မာနိုင်ငံကို တောင်းဆို လိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) နဲ့ ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) တို့ရဲ့ သီတင်းပတ်ကုန် ဆွေးနွေးပွဲတွေ ထဲမှာ အခုလို တောင်းဆိုချက် ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ မှတ်တမ်းတွေကြောင့် နိုင်ငံတကာက ၀ိုင်းပေးတဲ့ ဖိအားကြား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခွင့်ကို လက်လျှော့ စွန့်လွှတ်ခဲ့ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပြီးတဲ့နောက် မနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်ဖွဲ့တာတွေ လုပ်ခဲ့တဲ့ မြန်မာ အစိုးရအဖို့ အခုချိန်ဟာ တကယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အချိန် တန်နေပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေ ထောက်ပြတာက မြန်မာနိုင်ငံမှာ ပေါ်လာတဲ့ လွှတ်တော်က အရင် စစ်အစိုးရ လွှမ်းမိုးတဲ့ ပါတီရဲ့ လက်ထဲမှာရှိပြီး နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကလည်း အကျဉ်းထောင်တွေ ထဲမှာ ဆက် အဖမ်းခံ ထားရတယ်၊ တိုင်းရင်းသား တွေနဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ် နေပါသေးတယ်လို့ ထောက်ပြကြပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ ဆိုတဲ့ကိစ္စက အာဆီယံထဲမှာ ပွင့်ပွင့်လင်းလင်း သဘော မတူတဲ့ ကိစ္စတွေ ဖြစ်လာစေပါတယ်။ အာဆီယံ ဥက္ကဋ္ဌ မလုပ်ခင် မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေး အတွက် တိုးတက်မှု ရှိအောင် အရင် လုပ်သင့်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ရပ်ဒ်က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ကျနော်တို့ တွေ့ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ ကိစ္စကို ကျနော်တို့ ကြိုဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး ဖမ်းထားတာကိုတော့ ကျနော်တို့ အလေး အနက် စိုးရိမ် ပူပန်ကြပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြားက စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံ အနောက်ပိုင်း ဒုက္ခသည် စခန်းတွေမှာ နေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့် ထွက်ပြေးရသူတွေရဲ့ ပြဿနာတွေကိုလည်း မစ္စတာရပ်ဒ်က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ အသင့်ဖြစ်မဖြစ် သုံးသပ် အကဲဖြတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ နာတာလီဂါဝါ (Marty Natelagawa) မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

အာဆီယံ သဘောတူညီချက်အရ ရွေးကောက်ပွဲ ပြီးကတည်းက လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ တာဝန်ကို အကဲဖြတ်ဖို့ လိုတယ်၊ ဒါ့အပြင် နောက်ထပ် ကိစ္စ ၃ ခုလည်း ကျန်သေးတယ်လို့ မစ္စတာ ကဆစ်က ပြောပါတယ်။

သူ အခုပြောခဲ့တဲ့ ကိစ္စ ၃ ခုက နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ လွတ်လပ်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ပေါက်ရေးနဲ့ အစိုးရသစ်က ဒီမိုကရေစီ အင်အားစုတွေ အားလုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အခုလို တောင်းဆိုချက်ကို လူ့အခွင့်အရေး အဖွဲ့တွေကလည်း ကြိုဆိုကြပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ALT ASEAN အဖွဲ့က ပြောရေးဆိုခွင့်ရ ဒက်ဘီ စတော့ဟာ့ဒ် (Debbie Stothard) ကတော့ တိုင်းရင်းသား တွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ မရပ်သေးသရွေ့၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်မပေးသေး သရွေ့ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန် မယူသင့် သေးပါဘူးလို့ ဝေဖန် ပြောဆိုပါတယ်။ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ မလုပ်ဘဲ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရင် အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျတို့ ပါတဲ့ အာဆီယံ ဆွေးနွေးဘက် နိုင်ငံတွေက ကန့်ကွက် ကြလိမ့်မယ် လို့လည်း သူမက မှတ်ချက် ချလိုက်ပါတယ်။

Ref: VOA News

Read More...

အကျဉ်းကျ သံဃာတွေအရေး ဆောင်ရွက်သူ ပြည်သူ့ဂုဏ်ရည်ဆုရ

တနင်္ဂနွေ, 15 မေ 2011

မြန်မာနိုင်ငံသားတွေကို လူမှုထူးချွန်ဆု ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုက ဆွတ်ခူး ရရှိ သွားပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သံဃာတွေနဲ့ သီလရှင်တွေရဲ့ အရေးကို ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် လူမှုရေး လုပ်ငန်းတွေကို အနစ်နာ ခံပြီးတော့ လုပ်ဆောင် ပေးနေကြသူတွေ၊ နိုင်ငံသားတွေ အတွက် စံပြဖြစ်မယ့် သူတွေကို အများက ၀ိုင်းဝန်း မဲထည့်ကြပြီး ဒီဆုကို ရွေးချယ်ရာမှာ ဒီနှစ်အတွက် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၄၀ က မဲပေါင်း ၂၅၀,၀၀၀ ကျော် ရရှိပြီး အဲဒီအထဲက မဲအများဆုံး ၄၄% ရှိသူက ဆုချီးမြှင့် ခံရတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက မြို့ ၁၅ မြို့နဲ့ ဗြိတိန်နိုင်ငံတို့မှာ နေထိုင်တဲ့ မြန်မာ မိသားစုတွေ စုပေါင်းပြီး ပြည်သူ့ဂုဏ်ရည် အသင်းကို ဖွဲ့စည်းထားပြီး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို မနှစ် ဧပြီလမှာ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပြီး နာရေးကူညီမှု အသင်းက ဦးကျော်သူက ဆုရရှိခဲ့ပါတယ်။

ဒီနှစ် ဆုပေးပွဲ အခမ်းအနားကိုတော့ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတာဖြစ်ပြီး နောက်နှစ်ကျရင် နယူးယောက်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

မအေးအေးမာ တနင်္ဂနွေ, 15 မေ 2011

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦး တခုကို ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက် ခဲ့သလို ဒီကနေ့လည်း မြန်မာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေ ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်း အခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်း တပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…

“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်တယ်။”

မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှု ဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်း တွေကိုလည်း ပြောသွားပါတယ်။

“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေး အရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက် တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင် သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”

မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ကတော့ တိုင်းရင်းသား တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာ ဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာ နေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။

DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာက စလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲ ကာလမှာ မဲမသမာမှု လုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ် ဆိုပြီး ရွေးကောက်ပွဲ လုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။


Ref: VOA News

Read More...

အမေရိကန်ကိုယ်စားလှယ်ကို အန်အယ်လ်ဒီ ပိုမျှော်လင့်

မျိုးသန့်
သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး အထူးအကြံပေး အရာရှိ ဗီဂျေ နမ်ဘီးယားထက် အမေရိကန်၏ မြန်မာပြည် အထူး ကိုယ်စားလှယ်က မြန်မာ့ ဒီမိုကရေစီရေးတွင် ပိုမို တက်ကြွစွာ ဆောင်ရွက် နိုင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က မျှော်လင့်နေသည်။

သုံးရက်ကြာ မြန်မာနိုင်ငံ ရောက်ရှိနေသည့် ကုလအထူးသံတမန် ဗီဂျေနမ်ဘီးယားနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အကြီးတန်း ခေါင်းဆောင်များ ကြာသပတေးနေ့က နှစ်နာရီကြာ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် ဆွေးနွေး ခဲ့ကြပြီးနောက် ဦးအုန်းကြိုင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အမေရိကန်ဆိုတာက ဒီမိုကရေစီရေးမှာ တက်ကြွတယ်၊ ဒီမိုကရေစီရဲ့ မိခင်နိုင်ငံကြီးလို့ အသိအမှတ် ပြုထားတော့ အမေရိကန် ကတော့ ကုလသမဂ္ဂထက် စာရင် ပိုပြီးတော့ လွတ်လွတ် လပ်လပ်ပေါ့ဗျာ၊ သူ့မှာ Power balance ရှိပေမယ့်လည်း တနိုင်ငံတည်း ဆိုတော့ဗျာ ပိုပြီး တက်တက်ကြွကြွ ဆောင်ရွက်နိုင်တယ်လို့ ကျနော့်တယောက်ထဲ အမြင်ပေါ့” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးနှင့် သမ္မတ အထူး ကိုယ်စားလှယ် အဖြစ် အာရှ အတွေ့အကြုံနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများ ရှိသူ ဒဲရက်မစ်ချဲလ်ကို ခန့်ထားရန် အထက် လွှတ်တော်ကို အဆို ပြုထားသည်။

အထက်လွှတ်တော်က အတည်ပြုပြီးလျှင် မစ္စတာ ဒဲရက်မစ်ချဲလ် သံအမတ်အဆင့်တာဝန်ကို ထမ်းဆောင်မည် ဖြစ်သည်။

ထိုကဲ့သို့ အမေရိကန် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းပြီး မကြာမီမှာပင် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆို လိုက်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် စစ်မှန်သည့် ကူညီမှုမျိုး ရနိုင်ရန် မျှော်မှန်းကြောင်း AP သတင်း တရပ်တွင် ပါရှိသည်။

လက်ရှိတွင် မစ္စတာ မစ်ချဲသည် ကာကွယ်ရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးရာ ဒု လက်ထောက် ကာကွယ်ရေး ဝန်ကြီးတာဝန် ထမ်းဆောင်လျက် ရှိသည်။

“ကုလသမဂ္ဂမှာလည်း ကမ္ဘာ့ အဖွဲ့အစည်းကြီးဖြစ်တဲ့အတွက်ကြောင့် ကန့်သတ်ထားတာတွေ ရှိပါတယ်၊ လုံခြုံရေး ကောင်စီတို့ ဘာတို့မှာ တင်ပြီးတော့ ဆွေးနွေးရတဲ့ အချက်တွေရှိတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကမူ "အမေရိကန်ကတော့ လုပ်ပိုင်ခွင့် ပိုရှိချင်ရှိမယ်၊ ဒါဟာ လုပ်တဲ့ အပေါ်မှာ တည်တာကိုးဗျ၊ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိရှိ၊ တကယ်လုပ်မယ့်လူ ဆိုရင်တော့ ကြံဖန်ပြီးတော့ နည်းလမ်းရှာပြီး လုပ်လို့ရတာပဲ၊ မလုပ်ချင်ဘူး ဆိုရင်တော့ လုပ်ပိုင်ခွင့် ရှိလည်းပဲ လုပ်ဖြစ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီလို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ လာပြီးတော့ လေ့လာလေ ပိုကောင်းပါတယ်" ဟု မှတ်ချက်ပေးသည်။

အစိုးရပုံစံပြောင်းအပြီး မြန်မာပြည် ပထမဆုံးရောက်လာသော မစ္စတာ ဗီဂျေ နမ်ဗီးယား သမ္မတ ဦးသိန်းစိန်နှင့်ပါ တွေ့ဆုံ လိမ့်မည်ဟု မျှော်လင့် ထားခဲ့သော်လည်း နေပြည်တော်က စိတ်ဝင်စားဟန် မပြဘဲရှိသည်။

ကုလကိုယ်စားလှယ်သည် ဗုဒ္ဓဟူးနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို စသည့် အစိုးရသစ် တာဝန်ရှိသူ တချို့နှင့် တွေ့ဆုံခွင့် ရခဲ့ သော်လည်း သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ခဲ့ရပေ။

နောက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့နှင့် သီးသန့် တခါ တွေ့ဆုံပြီး NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် တို့နှင့် နောက်တကြိမ် ဆွေးနွေးပြန်သည်။

အစိုးရသစ်ထံမှ အင်မတန် အားတက်ဖွယ် အရိပ်လက္ခဏာ တွေ့ကြောင်း ကုလ ကိုယ်စားလှယ်က ဆွေးနွေးပွဲ အပြီး သတင်းထောက် များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပွင့်လင်းသော ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် အပျက်သဘော မဆောင်လိုဟု ဆိုကာ အစိုးရသစ်၏ နောက်ထပ် ခြေလှမ်းကို စောင့်ကြည့်ရန် လိုသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် NLD ဘက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့် ပါတီတရားဝင် ဆက်လက် ရပ်တည်နိုင်ရေး ကုလသမဂ္ဂက အကူညီ ပေးစေလိုကြောင်း တင်ပြခဲ့သည်။

ထို့အပြင် ထိရောက်မှု အားနည်းသောကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် အဖြစ်ထက် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း သံတမန်တဦး ခန့်ထားသင့်သည်ဟု NLD ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်က ဗီအိုအေ မြန်မာပိုင်းသို့ ပြောကြား သွားသည်။

မြန်မာအစိုးရသစ်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကို သိသိသာသာ အပြောင်းအလဲ မလုပ်သေးခင် သူ၏ တရားဝင် ရပ်တည်မှုအတွက် ကုလသမဂ္ဂကို အသုံးချတာမျိုး အဖြစ် မခံသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က သတိပေး ထားသည်။

တတိယမြောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား သောကြာနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး မပြန်ခင် ရွေးကောက်ပွဲဝင်ပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့သော်လည်း NLD မှာ အကြီးဆုံး ပါလီမန်ပြင်ပ အတိုက်အခံဖြစ် ဆက်လက် ရပ်တည်နေပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အတိုက်အခံ ခေါင်းဆောင်အဖြစ် ဆက်လက် တည်ရှိနေသည်။

ဗီဂျေနမ်ဘီးယားအရင် မြန်မာ့အရေးဆောင်ရွက်ရန် ကုလသမဂ္ဂက ရာဇာလီ အစ္စမေးလ်နှင့် ဂမ်ဘာရီ တို့ကို စေလွှတ်ခဲ့ရာ မစ္စတာ ဂမ်ဘာရီခရီးစဉ် နောက်ဆုံး တခေါက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့သည် အထိ ဖြစ်ခဲ့သည်။ ဗီဂျေ နမ်ဘီးယားသည် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂ဝဝ၇ ဇန်နဝါရီလမှ စ၍ ထမ်းဆောင်ခဲ့သည်။


Ref: မဇ္ဈိမ

Read More...

မစ္စတာ နမ်ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

ရန်ပိုင်
Thursday, 12 May 2011

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၆နာရီခန့်က မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြသည်။

မစ္စတာ နမ်ဘီယာသည် ညနေ ၅နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရောက်ရှိလာပြီး ဆွေးနွေးကြရာ ည ၇ နာရီတွင် ပြီးဆုံး သွားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် မစ္စတာ နမ်ဘီယာ အနေဖြင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ လာရောက် ခဲ့စဉ်က စစ်အစိုးရ အုပ်ချုပ်နေသည်ကို မြင်တွေ့ရကြောင်း၊ ယခုအကြိမ် လာရောက်သော အခါ အရပ်သား အစိုးရ အာဏာ လွှဲပြောင်း ထားသည်ကို တွေ့ရသည့် အတွက် အပြောင်းအလဲဟု ထင်မြင် ယူဆပုံရကြောင်း ပြောဆိုသည် ဟု ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းထောက်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်၍ မစ္စတာ နမ်ဘီယာက နေပြည်တော်ရှိ အစိုးရ ၀န်ကြီးများနှင့် တွေ့ဆုံရာတွင် တောင်းဆို ခဲ့သော်လည်း အစိုးရ ၀န်ကြီးများက ပြန်လည် တုံ့ပြန်ခြင်း မရှိဟု သိရသည်။

မစ္စတာ နမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယ အကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၄ ရက် အကြာတွင် တွေ့ဆုံခြင်း ဖြစ်သည်။

မစ္စတာ နမ်ဘီယာ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် အစိုးရအဖွဲ့၏ အရေးပါသော ၀န်ကြီးများဖြစ်သော နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ထိုသို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံခြင်းသည် သမ္မတသစ် ဦးသိန်းစိန် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။

မစ္စတာနမ်ဘီယာသည် မနက်ဖြန် နံနက် ၁၁နာရီတွင် ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) အပါအ၀င် နိုင်ငံရေး ပါတီ ၁၀ ပါတီနှင့်လည်း ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ် (UNDP) ရုံး၌ တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန် ထမ်းဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူး ကိုယ်စားလှယ်ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

စစ်တပ်အရာရှိ ၇ ဦးကျဆုံးဟု ရှမ်းပြည်တောင်ပိုင်းပြော

ကျော်ခ
သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရစစ်ကားတန်းကို ရှမ်းပြည်တောင်ပိုင်းတပ်မတော်က ချုံခို တိုက်ခိုက်သဖြင့် အရာရှိ ၇ ယောက် အပါအဝင် ၉ ယောက်ကျဆုံးကာ ၁၅ ဦး ဒဏ်ရာရကြောင်း ရှမ်းတပ်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အခြေစိုက် စကခ ၇ လက်အောက်ခံ ခလရ ၄၂၂ တပ်ရင်းက စစ်သည် အင်အား ၃ဝ ခန့် ပါဝင်သည့် စစ်ကားကို မိုင်းကိုင်မြို့နယ်၊ တုံလောမြို့နယ်ခွဲ ဆားတော ကျေးရွာ အုပ်စုသို့ ဖြတ်သန်းနေစဉ် နယ်မြေခံ SSA တပ်ရင်း တရင်းက မေလ ၉ ရက်နေ့ ညနေပိုင်းက ချုံခို ပစ်ခတ်ခဲ့သည် ဆိုသည်။

SSA-S မူလထုတ်ပြန်ချက်၌ သေဆုံးသူများထဲတွင် စစ်တပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး သန်းထိုက်ဝေ ကျဆုံး ကြောင်း ပါသော်လည်း နယ်မြေခံ စစ်တပ်နှင့် ဆေးရုံထံမှ ရသည့် သတင်းများအရ ဒုရင်းမှူး ဗိုလ်မှူး သိန်းဝင်းဖြစ်သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ နေပြည်တော် ဘက်က နှုတ်ပိတ် နေဆဲဖြစ်သည်။

ဗိုလ်မှူး သိန်းဝင်း၊ အရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်းလွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ တပ်သား ကိုဇော် နှင့် မျိုးဇော်ဦးတို့ နေရာတွင် ကျဆုံးသွားပြီး ကျန်ရဲဘော် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သဖြင့် အနီးရှိ မိုင်းကိုင် မြို့နယ်ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် တိုက်နေသော ရှမ်းတပ်က ပြောသည်။

“သူတို့ စစ်ကားတက်လာတာကို ကျနော်တို့က အရင်ကြိုတွေ့တာပေါ့။ အဲဒီမှာကျနော်တို့က နေရာအရင်ယူပြီး ချုံခို တိုက်ဖြစ် သွားတာပါ။ သူတို့မှာ လက်နက်ခဲယမ်း အပြည့်အစုံ ပါပါတယ်။ ရုတ်တရက် ဆိုတော့ သူတို့ ထိကုန်တာပါ။ အဲဒီနေရာကို ကျနော်တို့ ချက်ချင်းရှင်းဘို့ အချိန်မရတဲ့ အတွက် ကျနော်တို့ လက်နက်တွေ မရခဲ့ပါဘူး။ ဒီအတိုင်းပဲ ပြန်ဆုတ် လာခဲ့တာပါ” ဟု SSA-S ဒု ပြောရေးဆိုခွင့်ရှိသူ စိုင်းသျှန်မိန်း က မဇ္ဈိမကိုပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် SSA-S နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲပေါင်း ၁ဝ ကြိမ်မက ဖြစ်ခဲ့သည်ဟု စိုင်းသျှန်မိန်းက ပြောဆိုသည်။

“အစိုးရသစ်တက်လာတယ်ဆိုတာကလည်း သူတို့ တိုင်းရင်းသားတွေအပေါ်ပဲဖြစ်ဖြစ် ပေါ့နော်၊ အပစ်ရပ်တွေ ပေါ်မှာပဲ ဖြစ်ဖြစ်၊ အတိုက်အခံ တွေပေါ်ပဲ ဖြစ်ဖြစ် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘူး။ စစ်တပ်တွေ ပိုတိုးချတာ၊ စစ်အင်အား သုံးပြီး တိုက်တာတွေ အများကြီး တွေ့ရတာပေါ့” ဟု စိုင်းသျှန်မိန်း က ပြောသည်။

ဧပြီလကုန်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံအချို့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်း ထွက်ပြေး ခိုလှုံခဲ့ကြသည်။

အလားတူပင် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၁ နှင့် ၂၃ဝ တပ်ရင်း လုံခြုံရေး စခန်းများကို မေလ ၁၁ ရက် မနက်ပိုင်းက ကရင် လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA တို့က ပြောက်ကျား စနစ်ဖြင့် တိုက်ခဲ့ကြသည်ဟုဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ခလရ ၂၃ဝ တပ်ရင်းမှ တပ်ခွဲမှူး နေနိုင်ဦး နှင့် တပ်သား နှစ်ဦး ကျဆုံးသွားသည်ဟု DKBA ဗဟို လုံခြုံရေး တပ်သား စူပါစွမ်းက မဇ္ဈိမကိုပြောသည်။

လွှတ်တော်၌ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စခုန်တိန့်ယိမ်း၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သည့် အမေးကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ယခုအချိန်တွင် အလင်းဝင်သူများ ရှိနေပြီး ကျန်အဖွဲ့များ ကိုလည်း ကြိုဆိုသည် ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။


Ref: မဇ္ဈိမ

Read More...

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ဂျာနယ်တစောင် ယာယီအပိတ်ခံရ

ဆက်လင်း
Friday, 13 May 2011

အပတ်စဉ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်ဖြစ်သည့် True News (သစ္စာ) သတင်း ဂျာနယ်ကို ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်း လိုက်သည်ဟု မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

ယင်းသို့ သတင်းဂျာနယ်တစောင်ကို ပိတ်ပင်ခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ် ဖြစ်သည်။

မေလ ၃ ရက်က ထုတ်ဝေခဲ့သည့် သစ္စာသတင်းဂျာနယ်တွင် ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းပိုင် ဆိုင်ထားသူများ ကျပ် တသိန်း ရှစ်သောင်း ထပ်မံ ပေးသွင်းလျှင် ငါးသိန်း တန် ဂျီအက်စ်အမ် ဖုန်း တလုံးရမည် ဆိုသည့် သတင်းအား မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှ စာပေစိစစ်ရေးကို ကန့်ကွက်စာ ပို့ခဲ့သဖြင့် ယခုကဲ့သို့ ထုတ်ဝေခွင့် နှစ်ပတ် ရပ်နားလိုက်ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသူ အထက်ပါ စာစစ်မှူးက ဧရာဝတီသို့ပြောသည်။

“အကြောင်းပြချက်ကတော့ မျက်နှာဖုံးသတင်းကို ခွင့်ပြုချက်မရဘဲ ထုတ်ဝေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်တာပါ”ဟု သစ္စာဂျာနယ် နှင့်နီးစပ်သူတဦးက ဆိုသည်။

မေလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော သစ္စာသတင်းဂျာနယ် အတွဲ ၃ အမှတ် ၃၄ တွင် အဆိုပါ ဂျီအက်စ်အမ် ဖုန်းသတင်းနှင့်အတူ ယူနီဖောင်းသာ လဲပြီး လူပြောင်းလဲခြင်း မရှိဟူသော အဓိပ္ပာယ်ဖြင့် ရေးဆွဲထားသည့် ကာတွန်းဆရာ အော်ပီကျုယ်၏ ကာတွန်း၊ နာရေး ကူညီမှုအသင်း ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ ကိုယ်တိုင်ရေး ဆောင်းပါးများပါ ထည့်သွင်း ဖော်ပြခဲ့သဖြင့် ယင်းသို့ ပိတ်ပင်ခြင်းဖြစ် နိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အဲဒီအပတ်မှာ နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည်လာတဲ့သတင်း တင်တယ် ခွင့်မပြုဘူး။ ကျော်သူ အင်တာဗျူးတင်တယ်။ ဆိုင်းငံ့ဆိုပြီး နောက်တပတ်ရွှေ့လိုက်တယ်။ တယ်လီဖုန်း သတင်းကလည်း သူတို့ဌာနက တာဝန် အရှိဆုံး လူပြောထား တာကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှိတယ်”ဟု အမည် မဖော်လိုသူ သတင်းထောက် တဦးက ပြောပြသည်။

သမ္မတသစ် ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားသည့် မိန့်ခွန်းတွင် “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းများ က တဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေး သွားဖို့လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက် များကိုလည်း အလေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြား ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ဖော်ပြ ခွင့်ပြုခြင်း၊ ယခင် ခွင့်မပြုခဲ့သည့် အကြောင်းအရာ တချို့ကို ရေးသားခွင့် ပြုခြင်းတို့ကြောင့် စာပေ လွတ်လပ်ခွင့် တစုံတရာ ရလာမည်လားဟု မျှော်လင့်ချက် ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လူထုက ဆက်လက် ထောက်ခံဆဲ ဆိုသည့်သတင်း၊ လယ်ယာမြေ အဓမ္မ သိမ်းယူသည့်သတင်း၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးသည့် သတင်းများကို ဖော်ပြခွင့် မပြုကြောင်း သတင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

“သူတို့ လွတ်လပ်ခွင့် ပေးလာတယ်ဆိုတာမျိုး ဖြစ်အောင်အပေါ်ယံပေးတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း ဓာတ်ပုံကိုပဲ ပေး တာ။ နာရေးအသင်းကို လာတော့ လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို လိုက်ကြည့်တယ်။

ဘယ်လိုကြိုဆိုတယ်ဆိုတာမျိုးတွေဆိုခွင့်မပြုဘူး။ နောက်ပြီး NLD က ဘာတွေလုပ်တယ် ဆိုတာမျိုး ခွင့်မပြုဘူး။ ကလေး စစ်သား ကိစ္စတို့၊ လယ်သိမ်းတာ တို့ကို အမှန်အတိုင်း ရေးလည်း ခွင့်မပြုဘူး”ဟုလည်း ၎င်းက ပြောပြသည်။

သစ္စာသတင်းဂျာနယ်ကို ၂၀၀၈ ခုနှစ် ဇွန်လ ၆ ရက်တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာ လကလည်း ထိုင်းနိုင်ငံရောက် ကလေး အလုပ်သမား တဦး ၏ ဓာတ်ပုံကို ဖော်ပြခဲ့သဖြင့် နှစ်လ ပိတ်ပင်ခြင်း ခံခဲ့ရဖူးသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာသည့် သတင်းနှင့် ဓာတ်ပုံကို မျက်နှာဖုံးတွင် ဖော်ပြခဲ့သဖြင့် သတင်းဂျာနယ် ၉ စောင်ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း ခံခဲ့ရသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ ထုတ်ဝေသည့် ဂျာနယ် အမျိုးအစား ခြောက်မျိုးကို စာပေစိစစ်ရေး တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့် ပြုမည်ဟု တာဝန်ရှိသူများက ပြောဆို ခဲ့သော်လည်း ယနေ့အထိ မည်သည့်အချိန် စတင်ခွင့်ပြုမည်ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည် မေလ၂ ရက်နေ့ က ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ ထုတ်ပြန်သည့် အစီရင် ခံစာတွင် သတင်း လွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံ ပါဝင်ကြောင်း ဖော်ပြထားပြီး ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာလွတ် လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုထားသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့