..............................

Saturday, March 6, 2010

စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက်

Friday, 05 March 2010

စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ဝ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။

စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။

နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင် ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကို ပန်ကြား ထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေး လုပ်မည် ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲ ရှိကြောင်း၊ UWSA တပ်ဖွဲ့ အနေဖြင့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့် အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေး အကဲခတ်များက ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့် အမျှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကလည်း နယ်စပ် ဒေသတွင် အနီးကပ် စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက် သတင်းများက ဆိုသည်။

ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင်တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။

ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။

ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။

Ref: ဧရာဝတီ်


Read More...

ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ

Friday, 5 March 2010No

ကရင်ပြည်သူများအား ရန်သူသဖွယ် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေဖြင့် ဟန့်တားပေးပါရန် မေတ္တာရပ်ခံသည့် ကြေညာချက် စာတစောင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ထုတ်ပြန် လိုက်သည်။

စစ်အစိုးရ၏ တိုက်ခိုက်ခြင်းခံနေရသည့် ကရင်လူထုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေသတွင်း လူထုများ အနေဖြင့် ကိုယ့်အရေးလို သဘောထားကာ စာနာ ထောက်ထား ဖြေရှင်းပေးရန် ရည်ရွယ်၍ ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ယခုလို ပြောသည်။

“နအဖက ထိုးစစ်တွေပြုလုပ်ပြီး တိုင်းရင်းသားတွေကို ညှင်းပမ်း နှိပ်စက်တယ်။ အခု မြန်မာနိုင်ငံ ပြည်တွင်းထဲမှာ အိုင်ဒီပီ တွေကလည်း တောထဲမှာ ဒုက္ခရောက်နေကြတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းထဲက ဒုက္ခသည်တွေဟာလည်း သူတို့ရဲ့ ဘ၀ရပ်တည်ချက်ဟာ မသေချာ မရေရာ စိုးရိမ်နေရတဲ့ အနေအ ထားမှာ ရှိတယ်။ ဒါတွေကို ကျနော်တို့ မီးမောင်း ထွန်းပြချင်လို့ပါ။ ကုလအနေနဲ့လည်း ဒီထက် နအဖ စစ်အစိုးရကို ထိရောက်တဲ့ ဖိအားမှုတွေ ပေးသင့်တယ်”ဟု သူက ပြောသည်။

ဆက်လက်၍ သူက ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းလိုကြောင်း၊ ကေအဲန်ယူသည် ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည့် အတွက် တော်လှန်းရေးကို ဆုံးခန်းတိုင် အောင်ပွဲရသည်အထိ ဆက်လက် ချီတက်သွားမည် ဖြစ်ကြောင်းနှင့် စစ်အစိုးရ အင်အားကြီးသည်ကို ကြောက်မနေဘဲ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာ့ပြည်တွင်းစစ် နှစ်(၆၀)ကျော်ကြာလာသည်နှင့် အမျှ အလားတူ မေတ္တာရပ်ခံချက်၊ ပန်ကြားချက်များ ကုလသမဂ္ဂသို့ အကြိမ်ကြိမ် တင်ပြခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်အစိုးရအား တွေ့ဆုံဆွေးနွေးပွဲ စားပွဲခုံသို့ ရောက်အောင် ဆက်လက်စွမ်း ဆောင်ပေးနိုင်ရန်ကိုလည်း ကေအဲန်ယူ ကြေညာချက်တွင် ရေးသားထားသည်။

ထို့အပြင် ကေအဲန်ယူက ကရင်ပြည်သူများကို စစ်အစိုးရတပ် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း မစ္စတာ ဘန်ကီမွန်း ထုတ်ဖော် ပြောကြားလိုက်သည့် အပေါ် ကြိုဆိုသော်လည်း ယင်းအကြောင်း တခုတည်းဖြင့် ပြည့်စုံ လုံလောက်လိမ့်မည် မဟုတ်သေးကြောင်း ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

Ref: KIC News


Read More...

Friday, March 5, 2010

မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်

04 March 2010

မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့ အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ပြောဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ၀ယ်ယူဖို့ လုပ်နေတာတွေကို ဟန့်တားဖို့ ကြိုးပမ်း နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က မနေ့တုန်းက ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ အဆက်အဆံ ရှိတာတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်ပူပန်တဲ့ အကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ဒီနှစ်နိုင်ငံဟာ နျူကလီးယား ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နေကြသလား ဆိုတာ စိုးရိမ်မိတာပါ။ ဒါကြောင့်လည်း မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း နိုင်ငံတကာ အသိုင်းအ၀န်းက လိုက်နာကြဖို့၊ မြန်မာနိုင်ငံ ကိုယ်တိုင်လည်း ဒီဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ကတော့ အပြန်အလှန် ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ။”

အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲက မြောက်ကိုရီးယားက လက်နက်ရောင်းချမှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံခဲ့တာဟာ တိုးတက်မှုတခု ဖြစ်ပေမဲ့ ဒီအတိုင်း ဆက်လက် ရပ်တည်သွားဖို့ နှစ်ဘက်အကြား ဆွေးနွေးပွဲတွေမှာ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားမယ့် မူဝါဒတွေကိုပါ ကျင့်သုံးသွားဖို့ ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အပါအ၀င် ၂ နိုင်ငံကြား ဆက်ဆံမှုတွေ ၄ ကြိမ် ရှိခဲ့သလို မကြာခင် နောက်ထပ် တွေ့ဆုံဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ နောက်တကြိမ် တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးဘူးလို့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News


Read More...

ရမခ တိုင်းမှူးအား အပစ်ရပ် SSA ဥက္ကဌ တဦးတည်း သွားတွေ့

Thursday, 04 March 2010

အသွင်ပြောင်းရေးအတွက်သျှမ်းပြည်မြောက်ပိုင်း လားရှိုး အခြေစိုက်အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား အပစ်ရပ် SSA ဥက္ကဌ ဗိုလ်ချုပ် လွယ်မောဝ် တဦးသည်း သွားရောက် တွေ့ဆုံခဲ့သည် ဟု စုံစမ်း သိရှိရပါသည်။

“ဥက္ကဌကြီး စ၀်လွယ်မောဝ် တယောက်ထဲဘဲ သွားတာ၊ အားလုံးအတွက် အသေခံတယ် ငါသွားတွေ့မယ် ဆိုပေမယ့် ဒီတခေါက် တွေ့ဆုံပွဲက တအားကြီး အကြပ်မကိုင်ဘူးလို့ ပြောတယ်” - ဟု လားရှိုး သျှမ်းအသိုင်း အ၀ိုင်း တဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား ဗိုလ်ချုပ်လွယ်မောဝ်က သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ တိုင်းမှူးနှင့် တွေ့ဆုံပြီး နောက်ပိုင်း ဗိုလ်မှူးကြီး ၀င်းသိန်းနှင့်လည်း ထပ်မံ တွေ့ဆုံခဲ့ကြောင်း၊ နအဖ ကိုယ်စားလှယ်များက နယ်မြေစောင့်တပ်/ပြည်သူ့စစ်တပ် အသွင်ပြောင်းရေး အမြန်ဆုံး စာရင်းပေးသွင်းရန် သာ ပြောကြားခဲ့ကြောင်း သိရ၏။

အပစ်ရပှ်ဗ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်က - “အတတ်နိုင်ဆုံးကြိုးစားပြီး ရှင်းပြပေးပါတယ်။ ကျနော်က ဥက္ကဌ ဆိုပေမယ့် တယောက်ထဲ အသွင်ပြောင်းဖို့ ဆုံးဖြတ်လို့ မရဘူး၊ တခြားခေါင်းဆောင်ပိုင်းတွေက အသွင် ပြောင်းရေး အတွက် နားမလည်လို့ ခင်ဗျားတို့နဲ့တောင် လာမတွေ့ နိုင်ကြဘူး - စသဖြင့်ပေါ့ ” - ဟု ပြောဆိုခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

ယခုလ ၁ ရက်နေ့ကလည်း အပစ်ရပ် သျှမ်းပြည် တပ်မတော် ခေါင်းဆောင်ပိုင်းများ၊ ကေဒါ တပ်သားများ အသွင် ပြောင်းရေး မပြောင်းရေးအတွက် အကြိတ်အနယ် နွေးခဲ့ကြသော်လည်း အပေါင်းလက္ခဏာ ဆောင်ခြင်း တစုံတရာ မရှိဟု တပ်မှူးအချို့နှင့် ရင်းနှီးသည့် လားရှိုးသား တဦးက ပြောပြပါသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်း အပစ်ရပ် SSA ခေါင်းဆောင်ဗိုလ်ချုပ်လွယ်မောဝ်းအား စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က သတ်မှတ်ထား သည့် ပြည်သူ့စစ် အသွင်ပြောင်း အင်အားစာရင်း ဖေဖေါ်ဝါရီလ နောက်ဆုံး မပေးပို့ပါက အင်အားသုံး တိုက်သင့်က တိုက်မည် ဟု အဓိပ္ပါယ်ပါသည့် လေသံမျိုး ပြောခဲ့သော်လည်း ဗိုလ်ချုပ်အောင်သန်းထွဋ် က ထိုကဲ့သို့ သုံးနှုန်း ပြောဆိုခြင်း မရှိပေ။

Ref: သျှမ်းသံတော်ဆင့်


Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - (ဇတ်သိမ်းပိုင်း)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၈)



ဒေါင်းရန်

Read More...

အလုပ်သမားဆန္ဒပြမှုများကို ပြည်သူများအားပေး

မျိုးချစ်သူ/ ၄ မတ် ၂ဝ၁ဝ

ရန်ကုန်ရှိ စက်ရုံလုပ်သားများသာမက အခြားအလုပ်သမားများပါ အလုပ်ရှင်အပေါ် မကျေနပ်သည်များကို ဆန္ဒပြလာနိုင်ကြောင်း နေပြည်တော် အလုပ်သမားရေး ၀န်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

“ဒီနှစ်ထဲမှာ ဆန္ဒပြတာတွေက (၁၀) ကြိမ်အထက်မှာ ရှိနေပြီ။ ဘယ်သူ့ကိုမှလည်း မဖမ်းပါဘူး။ အစိုးရ အနေနဲ့လည်း ဒီကိစ္စကို ဖမ်းဆီး လောက်သည်ထိ မလုပ်ပါဘူး။ ပြောချင်တာက ဒီနှစ်ထဲမှာ ပြောင်းလဲလာမယ့် နိုင်ငံရေး အခြေအနေတွေကြောင့် အဲဒီ ဖမ်းဆီးတဲ့ ကိစ္စကို မလုပ်တာလို့လည်း အကြမ်းပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်သမားများ ဆန္ဒပြမှုစိပ်လာသည်ကို ရန်ကုန်လူထု အလွန် စိတ်ဝင်စားလာကာ ဆန္ဒပြ အလုပ်သမားများ ဘက်မှ အားပေးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ပြသင့်တာပေါ့။ အလုပ်သမားတွေရတဲ့ လစာက ဘယ်လောက်မှ မရှိဘူး။ အလုပ်ရှင်တွေက လူပါးဝတယ်။ အစိုးရ ရုံးပိတ်ရက်တွေ ဆိုရင်လည်း မပိတ်ပေးဘူး၊ အဲဒီနေ့ အလုပ်ဆင်းတဲ့ သူတွေကိုလည်း အချိန်ပိုကြေး မပေးဘူး၊ မသိလိုက် မသိဘာသာ နေကြတာလေ။ ကျမတို့လည်း ကုမ္ပဏီ ၀န်ထမ်းပါ၊ ဒါ့ကြောင့် သိတယ်။ အခုလို ဆန္ဒပြတာကို အားပေးတယ်” ဟု ရန်ကုန်မြို့ နာမည်ကြီး ကွန်ပျူတာ ကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ပြောသည်။

မကြာသေးခင်က အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ်ဟု နာမည်တပ်ကာ အစိုးရက လစာ (၂၀,၀၀၀) ကျပ် အပို ပေးခဲ့သော်လည်း ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ အချို့တွင်သာ လစာ တိုးမြှင့်ပေးပြီး အများစုမှာ အလုပ်ရှင် သူဌေးများက မသိကျိုးကျွံ ပြုနေကြကြောင်း ရန်ကုန်မြို့မှ ကုမ္ပဏီ ၀န်ထမ်းအများစု၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ ၀န်ထမ်းတဦးက “ကျနော်တို့ မိတ်ဆွေတယောက် လုပ်တဲ့ ဂျာနယ်တိုက်မှာ လစာ အရမ်းနည်းတယ်။ နည်းရတဲ့အထဲ လစာကို ခွဲပေးတယ်။ စာမူခတပုဒ်ကို (၂၀၀) ကျပ်ရတယ်။ တလကို သတင်း (၄၅) ပုဒ် ပေးရတယ်လို့ သိရတယ်။ ပြီးတော့ သတင်းထောက်ကို ဟိုခိုင်း ဒီခိုင်းလုပ်တယ်။ အဲဒီသူဌေးကို စာနယ်ဇင်း အသိုင်းအ၀ိုင်းက လူတိုင်း သိပါတယ်။ အဲဒီဂျာနယ်တိုက် ရှိတဲ့ မြို့နယ် အလုပ်သမားရုံးမှာလည်း သူ့ကို တိုင်တဲ့တိုင်စာတွေက ပွစာ တက်နေပြီ။ ဒါပေမယ့် ဘာမှ မထူးလာပါဘူး။ အလုပ်သမား ဆန္ဒပြမှုက ဂျာနယ်တိုက်တွေမှာလည်း ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ (၃) ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် (၃) ဖန်ချက်ဝန်၊ ဦးရွှေအိုးလမ်း အမှတ် (၆၄) ရှိ Grand Royal ဝီစကီစက်ရုံတွင် အလုပ်သမား (၁) ထောင်ကျော်ခန့်က လုပ်အားခ တိုးမြှင့်တောင်းဆိုကာ ဆန္ဒပြခဲ့သည်။

တောင်းဆိုမှုများမှာ လုပ်အားခ တိုးမြှင့်မှုအပြင် အလုပ်ချိန် လျှော့ချရန်နှင့် သတ်မှတ်ထားသောလ၊ နှစ်များပြည့်ပါက နေ့စားအဖြစ်မှ တရားဝင် permanent ၀န်ထမ်းဖြစ်ရန်နှင့် အစိုးရ ရုံးပိတ်ရက်များကို ပိတ်ပေးရန်၊ အလုပ်ဆင်းရလျှင်လည်း အချိန်ပို ရရှိစေရန်တို့ကို တောင်းဆိုကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, March 4, 2010

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၇)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၆)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၅)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၄)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၃)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၂)



ဒေါင်းရန်

Read More...

ဆားဗီးယားလူထုလှုပ်ရှားမှု - အပိုင်း(၁)




ဒေါင်းရန်

Read More...

ဒီမိုကရက်တစ်ပါတီနှင့် စိန်ခေါ်မှု

ကျော်လင်းဦး
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀

၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်မှာပဲ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ UDP ပေါ်ထွက် လာခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီဟာ လွတ်လပ်ရေး ခေတ်ဦးက နိုင်ငံရေး သမားတွေရဲ့ သားသမီးတွေနဲ့ တပည့်တပမ်းတွေက ဦးဆောင် ဖွဲ့စည်းထားတာလို့ ဆိုရမှာပါ။

ဒီအုပ်စုဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးရပ်ဝန်းမှာ တကွဲတပြားစီ ဖြစ်ခဲ့ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရာမှာ အားလုံးကို တတ်နိုင်သလောက် စုစည်းထားတာ တွေ့ရပါတယ်။ ပါတီ ဥက္က္ကဋ္ဌက ဦးသုဝေ၊ ဒုဥက္က္ကဋ္ဌတွေက ဦးရဲထွန်းနဲ့ ဦးဘတင့်ဆွေ၊ အထွေထွေ အတွင်းရေးမှူးကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူးက ဒုဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ သမီး ဒေါ်နေရည်ဗဆွေပါ။

ဟိုတချိန်က ဆိုရှယ်လစ် နိုင်ငံရေးသမား ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်းလည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

ဒီနေ့ UDP ပါတီမှာ ပါဝင်သူတွေကို တဦးချင်း ကောက်ကြောင်းဆွဲကြည့်မှ UDP အကြောင်းကို ပိုမိုသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပါတီကို စတင် တည်ထောင်သူတွေဟာ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ သူ့ဒေါင့်ကနေသူ ပါဝင်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ လွတ်လပ်ပြီး ခေတ်တုန်းက အာဏာရ ဖဆပလ အသိုင်းအဝိုင်းက လာသူတွေချည်းဖြစ်လို့ သူတို့ရဲ့ အတွေ့ အကြုံတွေနဲ့ နိုင်ငံရေး ပိုင်းဖြတ်မှုတွေဟာ ဒီနေ့ နိုင်ငံရေး အခင်းအကျင်းအောက်မှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရာမှာ အသုံး ဝင်ပါလိမ့်မယ်။ ဒါကြောင့် ပါတီကို စတင် တည်ထောင်သူ တချို့ရဲ့ ရပ်ပုံလွှာကို ဦးစွာ ဆန်းစစ် ကြည့်သင့်ပါတယ်။

ဦးသုဝေ

UDP ဥက္က္ကဋ္ဌ ဦးသုဝေဟာ ဟိုတချိန်က ဦးကျော်ငြိမ်းရဲ့ လူယုံတဦးပါ။ ကျောင်းသားဘဝက DSO လို့ခေါ်တဲ့ ဖဆပလ အစိုးရ ဘက်တော်သား ကျောင်းသားအုပ်စုမှာ လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာ ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေး အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းပြီးတဲ့နောက် ဦးနုဟာ ၁၉၆၉ ခုနှစ်မှာ အိန္ဒိယကို ဘုရားဖူးထွက်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည် ပြင်ပကို ထွက်လာပြီး ပါလီမန် ဒီမိုကရေစီပါတီကို တည်ထောင်ကာ ဗိုလ်နေဝင်း အစိုးရကို လက်နက်ကိုင် တော်လှန် ခဲ့ပါတယ်။

အဲဒီ တော်လှန်ရေးမှာ ဦးသုဝေလည်း ပါဝင်ခဲ့ပါတယ်။ ဖဆပလ အကွဲအပြဲမှာ တဖက်စီ ရှိခဲ့တဲ့ ဦးနုတို့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲမှာတော့ ပြန်လည် ပူးပေါင်းပြီး ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုရဲ့ လက်နက်ကိုင် တော်လှန်ရေးလည်း အကွဲအပြဲတွေနဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၈ဝ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အတူ ဦးနေဝင်းက ပြန်ခေါ်တဲ့အခါ ဦးသုဝေလည်း ရန်ကုန် ပြန်ရောက် သွားပါတယ်။

၁၉၈၈ ခုနှစ်မှာ ဦးသုဝေဟာ လက်ဟောင်း နိုင်ငံရေးသမား တဦးအနေနဲ့ ရှေ့တန်းကို ပြန်ထွက် လာပါတယ်။ လက်ရှိ စစ်အုပ်စုက အာဏာသိမ်းပြီး ပါတီတွေ ထောင်ခွင့် ပေးတဲ့အခါ ဒီမိုကရေစီပါတီကို တည်ထောင်ပြီး အရင်ဦးဆုံး ပါတီ မှတ်ပုံတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးသုဝေဟာ ဆိုရှယ်လစ်စနစ်ကို ယုံကြည်သူဖြစ်ပြီး ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ နည်းအရသာ သွားရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့ကိုယ်သူ ဆိုရှယ် ဒီမိုကရက်တဦးလို့ သတ်မှတ်ထားသူပါ။ ဆိုရှယ် ဒီမိုကရက်တွေဟာ ဥရောပက နိုင်ငံရေး အခင်းအကျင်းမှာတော့ လက်ဝဲ ဆန်သူတွေ ဖြစ်ပေမယ့် နှစ်ပေါင်း ၄ဝ ကျော် ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လိုသူ ဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။

ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲတွေ မထွက်သေးတဲ့ အတွက် ဒီမိုကရက်တစ် ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် သိခွင့် မရသေးပါဘူး။ ဒါပေမဲ့ ဦးသုဝေက လက်ရှိ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဆုံးဖြတ် လိုက်ခြင်းဟာ စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ဖို့ စီစဉ်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်က ဒီလို စနစ်တကျ နောက်ဆုတ်တာကို အားပေးဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။ အများက စစ်တပ်ရဲ့ ရိုးသားမှုကို သံသယရှိနေချိန်မှာ ဦးသုဝေကတော့ ပါလီမန် ဒီမိုကရေစီခေတ်က ဖဆပလ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဒုတိယ မျိုးဆက်တွေကို စုစည်းပြီး ဒီမိုကရက်တစ်ပါတီ အနေနဲ့ ရှေ့တန်းကို ထွက်လာခဲ့တာပါ။

ဦးရဲထွန်း

ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးကတော့ ဦရဲထွန်း ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်က တရားရေးဝန်ကြီး ဦးချန်ထွန်းရဲ့သား ဖြစ်ပြီး ဒေါက်တာဗမော်ရဲ့ သမက်လည်း တော်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကို လက်ယာ သမားအဖြစ် လူသိများပြီး အမေရိကန် လိုလားသူလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ခင်ညွန့်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဦးရဲထွန်းကို အမေရိကန်နဲ့ ပေါင်းပြီး တိုင်းပြည် ဖျက်ဆီးသူအဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ၈၈ အရေးအခင်းကိုလည်း လက်ဝဲ-လက်ယာပေါင်းပြီး အာဏာကို ဖြတ်လမ်းနည်းက ရယူဖို့ ကြိုးစားတာလို့ ဗိုလ်ခင်ညွန့်က စွပ်စွဲခဲ့ပါတယ်။

ဦးရဲထွန်းက နိုင်ငံရေးသမား တဦးအဖြစ်နဲ့ ရှေ့တန်းထွက်ပြီး လုပ်ကိုင်ဖို့ထက် စာရင် နောက်ကနေပြီး ကြိုးကိုင်ချင်သူလို့ သူ့ရဲ့ အပေါင်း အသင်းတွေက ဆိုပါတယ်။ ၈၈ အရေးအခင်း တုန်းကလည်း မကသ လို့ခေါ်တဲ့ မင်းဇေယျာ ဦးဆောင်တဲ့ ကျောင်းသားအုပ်စုနဲ့ နီးစပ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပဲ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

လက်ယာသမား ဦးရဲထွန်းတယောက် ဦးသုဝေနဲ့တွဲပြီး ဒီမိုကရက်တစ်ပါတီမှာ ပါလာတာကို တချို့က သဘော မကျကြပါဘူး။ ဒါပေမဲ့ လက်ယာအုပ်စု အားနည်းလှတဲ့ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကလည်း နိုင်ငံရေး ပါတီတရပ်ကို ဦးဆောင် ဖွဲ့စည်းတဲ့ထဲမှာ ပါဝင်လာတဲ့ အတွက် အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အသွေးအရောင် စုံလင်လာမှာတော့ အမှန်ပါပဲ။ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို ပိုမိုအားပေးပြီး အစိုးရရဲ့ လက်တံတွေ လျှော့နိုင်သမျှ လျှော့တဲ့ အစိုးရ ပုံသဏ္ဍာန်မျိုးကို အားသန်သူတွေ အတွက်တော့ ဦးရဲထွန်းဟာ လက်ယာလမ်းကို စတင်ဖောက်သူ တဦး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထောင်က လွတ်ပြီးတဲ့နောက် စစ်အုပ်စုနဲ့ နီးစပ်ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေကြောင့်လည်း မြန်မာ့ နိုင်ငံရေးနယ်ပယ်မှာ သူ့ကို နိုင်ငံရေးသိက္ခာ မဲ့သူအဖြစ် ကင်းပွန်း တပ်သူတွေလည်း မရှားပါဘူး။

ဒေါ်သန်းသန်းနု၊ ဒေါ်နေရည်ဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း

ဒေါ်သန်းသန်းနုဟာ ပြည်ပမှာပဲ တောက်လျှောက် နေထိုင်ခဲ့ပြီး သက္ကရာဇ် ၂ဝဝဝ ခန့်မှာ ပြည်တွင်း ပြန်ဝင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ ဦးနုဟာ အကျယ်ချုပ်ကနေ ပြန်လွတ်ခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ ဦးနုရဲ့ သားသမီးတွေ မြန်မာနိုင်ငံကို ပြန်လာပါတယ်။ အဲဒီအချိန်မှာ All India ရေဒီယိုမှာ အလုပ်လုပ်နေတဲ့ ဒေါ်သန်းသန်းနု ကတော့ နောက်ပိုင်းမှာမှ အပြီး ပြန်လာခဲ့တာပါ။ ဒါကြောင့် ၈၈ အရေးအခင်း အတွင်းနဲ့ အရေးအခင်းပြီးနောက် ပါတီတွေ ထောင်တဲ့ အထဲမှာ ဒေါ်သန်းသန်းနု မပါဝင်ခဲ့ပါဘူး။

ဒေါ်နေရည်ဗဆွေနဲ့ ဒေါ်ချိုချိုကျော်ငြိမ်းတို့ ကတော့ ၈၈ ကာလအပြီးမှာ မူလလက်ဟောင်း ဖဆပလ ပါတီနဲ့ ဖဆပလ လူငယ် အဖွဲ့ချုပ်တို့ကို တည်ထောင်ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲကို ဝင်ရောက် ခဲ့ကြပါတယ်။ ဒါပေမဲ့ မဲဆန္ဒနယ် တနယ်မှ မရတဲ့အတွက် ပါတီ ဖျက်သိမ်းခံရတဲ့ အထဲမှာ ပါဝင်သွားပါတယ်။

ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေရဲ့ သမီးတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် ထူးခြားတဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ မူဝါဒတွေတော့ ရှိပုံမရပါဘူး။ သူတို့ရဲ့ ဖခင်တွေဟာ ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ခဲ့တာကြောင့် သူတို့ နိုင်ငံရေး လောကထဲ ပြန်လည် ဝင်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းညှိပြီးသား ဖြစ်တယ်ဆိုတဲ့ တွက်ကိန်းနဲ့ စစ်အစိုးရကလည်း စောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။

ရွေးကောက်ပွဲနဲ့ အနာဂတ်စိန်ခေါ်မှုများ

ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်မယ့် ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်မှာတော့ သတင်းမီဒီယာ လောကမှာ လှုပ်လှုပ်ရှားရှား အရှိဆုံး ပါတီလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူလူထုအတွက် ဒီမိုကရက်တစ်က လွဲလို့ တခြား ရွေးစရာ မမြင်ပါဘူး။

ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီအတွက် ရွေးကောက်ပွဲအပြီး ကြုံရမယ့် စိန်ခေါ်ချက်တွေ ကတော့ ကြီးကြီးမားမား ရှိနေပါတယ်။ မဲဆွယ် လှုပ်ရှားရမယ့် အချိန် မလုံလောက်မှုကြောင့် ပြည်သူလူထုက ဒီမိုကရက်တစ် ပါတီကို မဲထည့်ခဲ့ရင်တောင် လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ရဲ့ ကိုယ်စားလှယ်တွေက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လွှတ်တော်ထဲကနေ ပြုပြင် ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေတော့ အောင်အောင်မြင်မြင် အတည်ပြုနိုင်ဖို့ အလှမ်း ဝေးနေပါသေးတယ်။

ဒီထက်ပိုပြီး ကြီးကြီးမားမား ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်ကတော့ လွှတ်တော်တွင်းက မဟုတ်ဘဲ လွှတ်တော်ပြင်ပကနေ ဒီမိုကရက်တစ် ပါတီဝင်တွေကို ခြိမ်းခြောက်မှုတွေ၊ ကိုယ်ထိလက်ရောက် စော်ကားမှုတွေအပြင် လက်ရှိ တည်ဆဲ ဥပဒေတွေ အရ အပြစ်ပေး အရေးယူမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့ အတွက် လက်ရှိ စစ်အုပ်စုနဲ့ ပဋိပက္ခ ဖြစ်နိုင်မယ့် အပြုအမူ၊ အပြောအဆို တွေကို ထိန်းချုပ် ရပါလိမ့်မယ်။ ဒါတွေကို ထိန်းချုပ်နေမယ် ဆိုရင်လည်း လူထု အကျိုးရှိရာ ရှိကြောင်းကို ဒီမိုကရက်တစ် ပါတီဝင်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ပြောဆိုနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီမိုကရက်တစ် ပါတီ UDP အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အုပ်စုနဲ့ ပြေလည်ရေးအကြား ဘယ်လို ထိန်းညှိပြီး ရှေ့ဆက် လျှောက်လှမ်းမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


Ref: မဇ္ဈိမ

Read More...

ကျနော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ထဲတွင် ကျန်ရစ်ခဲ့သည့် သူ့လို သက်တူရွယ်တူ ကလေးများအတွက် စိတ်မကောင်း ဖြစ်ရကြောင်း မကြာသေးခင်က စစ်တပ်ထဲမှ ပြန်လွတ်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းသူက ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၁ဝ တန်းပညာ သင်ကြားနေစဉ် နေပြည်တော် ဆိပ်ဖူးတောင် အခြေစိုက် အမှတ် (၆ဝ၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တဦးနှင့် တပ်သားတဦးက တလလျှင် ကျပ်တသိန်းခွဲ ပေးမည်ဟူ၍ သူ့ကို ဖျားယောင်း သွေးဆောင်ကာ စစ်သားအဖြစ် စုဆောင်းခဲ့သည်။

မိဘများက သိရှိသဖြင့် ကျောင်း၊ ရဲစခန်း၊ ကျေးရွာဥက္ကဋ္ဌ ထောက်ခံချက်များနှင့် အတူ ထိုတပ်ရင်းသို့ သွားရောက် အသနားခံ တင်ပြခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

စည်းရုံးသိမ်းသွင်းခံရပုံ၊ စစ်တပ်ထဲသို့ လိုက်ပါသွားပုံများအပြင် တပ်တွင်း အတွေ့အကြုံများနှင့် ကလေးစစ်သားများ ဖိနှိပ်ခံ နေရပုံများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မောင်အောင်မင်းသူကို ဆက်သွယ် မေးမြန်းထားပါသည်။

နာမည်ဘယ်လိုခေါ်လဲ၊ မိဘတွေကရော ဘယ်သူတွေလဲ ညီလေး။ မိသားစုနဲ့ ကျောင်းပညာရေး အခြေအနေလေး ပြောပါအုံး။

ကျနော့်နာမည်က အောင်မင်းသူပါ။ အဖေက ဦးလှမြင့်၊ အမေက ဒေါ်ခင်စိန်။ ကျနော်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ပေါ် အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာပါ။ ၁ဝ တန်းပါ။ အသက်က ၁၆ နှစ်ပါ။ ၁၃၅၅ ခုနှစ်မှာ မွေးတာပါ။ ညီကိုမောင်နှမ ၆ ယောက် ရှိတယ်။ ကျနော်က ၄ ယောက်မြောက်ပါ။ ကျနော်က ကျောင်းပဲတက်တယ် ဘာမှမလုပ်ဘူး။

ဘယ်လိုဖြစ်ပြီး ညီလေးက စစ်တပ်ထဲကို ရောက်သွားတာလဲ။ ငါ့ညီဆန္ဒနဲ့ ကိုယ်တိုင် သွားတာလား။ သူများ ခေါ်လို့ လိုက်သွားတာလား၊ ဘယ်လို ကြောင့်လဲ။

ခေါ်တုန်းက သူတို့ ကျနော့်ကိုလိမ်ပြီး ခေါ်သွားတာ။ ကျနော့်ကို ခေါ်တဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း နေပြည်တော် ဆိပ်ဖူးတောင်က တပ်ကြပ်ကြီးခင်စိုးက ကျနော်ကို လိမ်ခေါ်တာ။

ငါ့ညီကို သူက ဘယ်လိုပြောပြီး ခေါ်တာလဲ။ ဘယ်လိုပုံစံတွေ ပြောပြီး ခေါ်တာလဲ။

တပ်ကြပ်ကြီးဆရာခင်စိုးက ကျနော်ကို စတွေ့တုန်းက မင်း ပညာအရည်အချင်းနဲ့ ဆိုရင် တပ်ထဲမှာ အရာရှိ ဖြစ်နိုင်တယ်။ မင်းလိုက်လာခဲ့ ဟိုမှာ မင်းကို ကျောင်းတွေလည်း ထားပေးနိုင်တယ်။ မင်းမိဘတွေလည်း အဆင်ပြေ၊ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ်ဆိုပြီး ကျနော့်ကို ခေါ်သွားတာပါ။ ၁၂ လပိုင်း ၁၄ ရက်နေ့ကပဲ ကျောင်းနားက သူငယ်ချင်းအိမ်မှာ သူက လာလည်ရင်းနဲ့ ပြောပြီး ခေါ်သွားတာ။

အဲဒီအိမ်မှာရှိတဲ့ ကိုသန်းထိုက်ကနေပြီး ဆက်သွယ်ပေးတာပါ။ မင်း စစ်ထဲ လိုက်ချင်လားဆိုပြီး ကျနော်တောင် ဘာမှ ပြန်မပြောရသေးဘူး။ သူက အဲဒီ့ တပ်ကြပ်ကြီးခင်စိုးကို ခေါ်ပြီးတော့ စကားပြောခိုင်းတယ်။ ကိုသန်းထိုက်က တပ်သား ကိုနိုင်အောင်နဲ့ သူငယ်ချင်း။ သူနဲ့ ရင်းနှီးပြီးတော့ ခွင့်နဲ့ လာလည်တာလို့ ပြောတယ်။

အဲဒီလိုတွေပြောပြီးတော့ ဘယ်လိုခေါ်သွားတာလဲ။

၁၄ ရက်နေ့ ညနေပိုင်းက ကျနော့်ကို ခြေကျင်ခေါ်သွားတာ။ အမာမြို့နယ် အောက်စိက်ကွင်းမှာ ရှိတဲ့ ကိုနိုင်အောင် ယောက်ဖ အိမ်ကို အရင်သွားတယ်။ အဲဒီမှာ ၂ ရက်ကြာတယ်။ အဲဒီကမှ တဆင့် သူနဲ့ အမျိုး တော်တယ်လို့တော့ ပြောတယ်။ အဲဒီအိမ်မှာ ဆက်နေတယ်။

နောက်ထပ် သူ့အဒေါ်အိမ်လို့ ပြောတာပဲ၊ အဲဒီအိမ်မှာလည်း ၄ ရက် ကြာခဲ့သေးတယ်။ ဘာမှတော့ မလုပ်ခိုင်းဘူး။ အိမ်က လိုက်ရှာရင် တွေ့မှာစိုးလို့ ပုန်းခိုင်းတာပေါ့။ ဆိပ်ဖူးတောင်ကိုတော့ ၂၁ ရက်နေ့က ရောက်တယ်။

တပ်ထဲရောက်တော့ ဘာတွေလုပ်ရလဲ။ လေ့ကျင့်ခန်းသင်တန်းတွေ တက်ရလား၊ ဘာတွေ လုပ်ရလဲ။

လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ မနက်ဆို အိပ်ယာက ၅ နာရီထိုး ထရတယ်။ အဆောင် သန့်ရှင်းရေးတွေ အလုပ်ခိုင်းတယ်။ မနက် ၇ နာရီထိုးက စပြီးတော့ ဘယ်၊ ညာ နင်းတာမှန်အောင် သင်တယ်။ ၁ဝ နာရီခွဲမှာ ပြီးတယ်။ ပြန်လာ ထမင်းစား၊ နေ့လည် ၁၂ နာရီကနေပြီးတော့ ၃ နာရီအထိ လက်နက်ငယ် စစ်ရေးပြ။ ကျနော်တို့ကို သေနက်ပစ်တာရော၊ အဖြုတ်၊ အတပ်တွေ အကုန်သင်ပေးတယ်။ နောက်ပြီးတော့ အလေးပြုတဲ့ပုံတွေ သင်တယ်။

ညနေပိုင်း ၃ နာရီကနေ ၅ နာရီအထိ ကြံ့ခိုင်ရေး ပြေးတယ်။ ပြီးရင် တန်းဖြုတ်ပြီးတော့ ပြန်လာ ထမင်းစား၊ ပြီးရင် တန်းစီတယ်။ သူ့စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ သူတို့ ပြောစရာရှိတာ ပြောတယ်။ ၉ နာရီ ထိုးတာနဲ့ တန်းဖြုတ်ပြီး ဘုရားရှိခိုးပြီးတော့ အိပ်ခိုင်းတယ်။

အဲဒီမှာ အပြင်ကနဲ့မတူတာတွေ ထူးထူးခြားခြား ဘာတွေ တွေ့ခဲ့ ကြုံခဲ့လဲ။

ကျနော်တို့နဲ့ ခွဲအတူတူပေါ့။ ကျနော်တို့က ခွဲ ၅ ဟိုဘက်က ခွဲ ၃ ပေါ့။ စစ်သားလေး တယောက် ကျနော်တို့ အရွယ်ပဲ အာဟာရ ပြတ်ပြီးတော့ သေတယ်။ နောက် ၃-၄ ရက်လောက် အကြာမှာပဲ ၁ ယောက် ထွက်ပြေးသွားတယ်။ ပြီးတော့ တခုခုမှားပြီ ဆိုရင် နားရင်းရိုက်တယ်။ မအေ၊ နှမတွေကို ရစရာ မရှိအောင် ဆဲတယ်။ တပ်သားကစ အပွင့်ရှိတဲ့ လူတွေလည်း အကုန် ဆဲကြတယ်။ နေ့တိုင်း အဲဒီ အထဲမှာပဲ ပျင်းစရာ ကောင်းတယ်။ ထွက်ပြေးလည်း မလွတ်ဘူး။

တပ်ထဲမှာနေတော့ တပ်အင်အားက ဘယ်လောက်ရှိလဲ။ ကိုယ်လို ကလေးစစ်သားလေးတွေ ဘယ်လောက် ရှိတယ်လို့ သိလဲ။

တပ်ခွဲတခွဲကို လူ ၂၅ဝ ရှိတယ်။ ကျနော်တို့ တပ်ခွဲမှာတင် ၁ဝ ယောက်ကျော်လောက် ရှိတယ်။ သူတို့ကတော့ အခုချိန်ထိ အဲဒီတပ်ထဲမှာပဲ ရှိနေပါသေးတယ်။ သူတို့က ကျနော်နဲ့လည်း သိတယ်။ တချို့ကောင်တွေက ထွက်ပြေးတဲ့ကောင်က ထွက်ပြေးတယ်။

ကျနော် ဒီကိုမလာခင် လေ့ကျင့်ရေးမှာတင် လေ့ကျင့်ရေး မလုပ်နိုင်တဲ့သူတွေ၊ မခံနိုင်လို့ ထွက်ပြေးတာ ၅ ယောက်လောက် ရှိတယ်။ အကုန်ပြန်မိတယ်။ ပြန်မိတဲ့ကောင်တွေ အရိုက်အနှက် ခံရတယ်။ သူတို့ အခု ၆ ပေါက်ထဲမှာပေါ့။ သူတို့ကတော့ ပြောတယ်။ မင်းတို့ ထွက်ပြေးချင်ရင် လေ့ကျင့်ရေးကွင်းမှာ ထွက်မပြေးပါနဲ့တဲ့။ မင်းတို့ တပ်ရင်းရောက်မှ မင်းတို့ ကြိုက်သလို လုပ်တဲ့။ လေ့ကျင့်ရေးမှာ ပြေးရင် ငါတို့မှာ တာဝန်ရှိတယ်တဲ့။

တပ်ထဲမှာ ဘယ်လိုခံစားရလဲ။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ဘာဟင်းတွေနဲ့ ကျွေးလဲ။

ဟိုမှာက ပျော်စရာမှ မရှိတာ။ စိတ်ညစ်တယ်။ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး။ မိရင်မလွယ်ဘူး။ အခက်အခဲ ကတော့ လေ့ကျင့်ရေးမှာတော့ နည်းနည်း ကောင်းကောင်းကျွေးတယ်။ မနက်ပိုင်းကို ကြက်ဥ၊ နေ့လည်ပိုင်းဆို ငါးခြောက်၊ ညနေပိုင်းဆို အမဲသား။ အဲဒါနဲ့ နေ့တိုင်း လည်နေတယ်။ ဒါပေမဲ့ အရမ်း ပင်ပန်းတယ်။ တပ်ရင်းမှာ ကျတော့ အစားအသောက် အဆင်မပြေဘူး။

ညီလေးက အခု ဘယ်လိုပြန်လာတာလဲ။ ဘယ်သူက ပြန်ခွင့် ပေးလိုက်တာလဲ။

မင်းအိမ်ကလည်း စာပို့နေတယ်။ ဟိုဘက်အဖွဲ့အစည်းက ကောင်တွေလည်း ပြောနေတယ်တဲ့။ ၁၈ နှစ်လည်း မပြည့်သေးတာနဲ့ အထက်က နုတ်ထွက်ခွင့် ပေးတာနဲ့ ပြန်လို့ရတာ။ အဲဒါနဲ့ ကျနော့်အဖေနဲ့ ပြန်ထည့် ပေးလိုက်တာ။ လမ်းစရိတ်တွေ ဘာတွေတော့ မပေးပါဘူး။ သူငယ်ချင်းတွေကိုတော့ ကျနော် နှုတ်ဆက် ခဲ့ပါတယ်။

ခေါ်သွားတုန်းက အပြောနဲ့ တပ်ထဲက အခြေအနေ ဘယ်လိုကွာလဲ။

ခေါ်သွားတုန်းက ပြောတာနဲ့ တပ်ထဲက အခြေအနေက ဘာမှမဆိုင်ဘူး၊ အရမ်းကွာတယ်။ နောင်တလည်း ရတယ်။ အပြင်ဘဝမှာနဲ့ တပ်ထဲနဲ့က ကွာတယ်။ ပြီးတော့ သူတို့က ဒါဆိုဒါပဲလေ။ ဟိုဟာ မလိုချင်ဘူး၊ ဘယ်မှ မသွားရ မလာရ ဆိုတော့ စကားပြောတဲ့ အခါမှာလည်း မိုက်ရိုင်းတယ်။

ငါ့ညီက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးယဉ်ထားလဲ။

ဆရာဝန်၊ ဒေါက်တာပဲ ဖြစ်ချင်တယ်။ အဲဒါပဲ ရည်ရွယ်ပါတယ်။

လိမ်ခေါ်ခံရတယ်တော့ ငါညီအနေနဲ့ သူတို့တွေကို ဘယ်လိုမြင်လဲ။

ကျနော့်ကို လိမ်ခေါ်သွားတဲ့အတွက် သူတို့ကို စိတ်နာတယ်။ နောက်ဆို သူတို့နဲ့ လမ်းမှာတွေ့ရင် ဝေးဝေးက ရှောင်ရမှာပေါ့။ သူတို့ကိုတော့၊ မကောင်းတဲ့ အကျင့်ရှိတဲ့ လူတွေဆိုတော့ မကောင်းတဲ့ လူလို့ပဲ မြင်တာပေါ့။ ဒါပေမဲ့ တပ်ထဲမှာ ကျနော့်လို ကလေးတွေ၊ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူး။

Ref: မဇ္ဈိမ

Read More...

ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးဝါးအဖွဲ့ တိုက်ပွဲဖြစ်၊ တဦးသေ

Wednesday, 03 March 2010 16:57

မူးယစ် ဆေးဝါးများ သယ်ဆောင် လာသည့် အဖွဲ့တဖွဲ့နှင့် ထိုင်းစစ်တပ်တို့ ထိုင်းနိုင်ငံ ဖန်ခရိုင်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စိတ်ကြွဆေးပြား ၆၅၀၀၀၀ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ တဦးကို အသေဖမ်းဆီး မိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင် လာသည့် အဖွဲ့သည် လူအင်အား ၂၀ ခန့်ရှိပြီး မြန်မာနိုင်ငံ ဘက်ခြမ်းမှ ၀င်ရောက်လာခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) ရုံးမှ တာဝန်ခံ ဖွန်ထေ့ အီယမ်ပရာဖိုင် က ဧရာဝတီသို့ ပြောသည်။

“အခုလက်ရှိ အခြေအနေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အတော်များများ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ပွဲတွင် မူးယစ်ဆေးဝါး သယ်ဆောင် လာသူများထံမှ အေကေ ၄၇ အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကိုးမမ ပစ္စတို တလက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထိုင်းစစ်တပ်ဘက်မှ အထိအခိုက် အကျအဆုံး မရှိကြောင်း အဆိုပါ ONCB အဖွဲ့ တာဝန်ခံက ဆိုသည်။

ထို မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့သည် ၀ လက်နက်ကိုင် အဖွဲ့များ ဖြစ်နိုင်ကြောင်း၊ မြန်မာ နိုင်ငံတွင် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲရန် ဖိအားပေး နေသည့် အတွက် လက်နက်များ ၀ယ်ယူရန် မူးယစ်ဆေးဝါးများကို ရောင်းဝယ် နေခြင်း ဖြစ်သည်ဟု ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည် မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသည့် စိတ်ကြွဆေးပြား ၃.၆၆ သန်းကို ပြီးခဲ့သည့် လအတွင်းက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မကြာသေးမီ ကလည်း ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံဒေသတွင် အခြေစိုက်သည့် မူးယစ်ရာဇာ နော်ခမ်း ဦးဆောင်သည့် အဖွဲ့က တာချီလိတ်မြို့ အခြေစိုက် မြန်မာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တပ်ဖွဲ့များကို မဲခေါင်မြစ် အတွင်း ခြုံခိုတိုက်ခိုက် ခဲ့သည့် အတွက် စခန်းမှူး တဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးသွားသည်။

Ref: ဧရာဝတီ်

Read More...

အတွင်းရေးမှူးလုပ်ကြံခံရပြီးနောက်ပိုင်း မိုင်းလားတပ်ဖွဲ့ ပိုမို ဖိအားပေးခံရ

Wednesday, 03 March 2010

မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံ ခံရပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံပွဲတွင် နအဖက ပိုမို အကြပ်ကိုင် ဖိအားပေးလာသည်ဟု စုံစမ်း သိရှိရပါသည်။

“၂၅ ရက်နေ့ တွေ့ဆုံတုန်းက ဂျီဝမ်းသန်းထွဋ်သိန်းက - မိုင်းလားတပ်ဖွဲ့ ရွေးခြယ်ဖို့လမ်း ၃ ခု ဘဲ ပေးမယ်- တဲ့။ ရာနှုန်းပြည့် အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းချင်ရင် လက်နက်ချ၊ မချရင်တော့ ခင်ဗျားတို့ကို မတရားအသင်း အဖွဲ့ ဖြစ်သွားမယ် ဆိုပြီးကို ပြောတယ်”- ဟု ကျိုင်းတုံ ကုန်သည် တဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၇-၂၈ မိုင်းလား တပ်ဖွဲ့ဌာနချုပ် ၌ နှစ်ရက်ဆက်တိုက် အစည်းအဝေး ထိုင်ပြီး ၂၈ ရက်နေ့ မွန်းလွဲ ပိုင်းတွင် နအဖထံ စာရေး အကြောင်းပြန်ခဲ့ရာ - မိုင်းလားတပ်ဖွဲ့ တင်ပြဖူးသည့် အချက် ၆ ကိုသာ လက်ခံထားမြဲ ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အချိန်ယူ စဉ်းစားပေးသင့်ကြောင့် - ထည့်သွင်း ရေးသားထားသည်ဟု ဆိုသည်။

မိုင်းလား ဒုဥက္ကဌနှင့်အဖွဲ့ ကျိုင်းတုံ စစ်တိုင်းရုံး ဂျီဝမ်းသန်းထွဋ်သိန်းနှင့် နောက်ဆုံး တွေ့ဆုံခဲ့စဉ်က သော်လည်းကောင်း၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ သျှမ်းပြည်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးတို့နှင့် တွေ့ဆုံခဲ့စဉ်က သော်လည်းကောင်း အသွင်ပြောင်းရေး အတွက်သာ တဘက်သတ် ဖိပြောခြင်း ခံရပြီး မိုင်းလား တပ်ဖွဲ့ တင်ပြသည့် အချက်အလက် တစုံတရာ လက်ခံခြင်း မရှိဟုဆို၏။

အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရပြီးနောက်ပိုင်း ဆက်ဆံရေး ပိုမို ခက်ထန်လာသည့် အကြောင်းကို ထိုင်း နှင့် တရုတ် နယ်စပ် သွားလာသူ နိုင်ငံရေး အကဲခတ်တဦးက ဤကဲ့သို့ ပြောပြ၏။

“ဦးမင်းအိမ်ဆုံးသွားပြီးတော့ သူတို့လေသံ ပိုမာလာတယ်။ အချိန်မရှိတော့ဘူး၊ အသွင်ပြောင်းဖို့ မြန်မြန်လုပ်၊ ဗမာ့ တပ်မတော် ဘက်ကတော့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ အားလုံး အဆင်သင့် ဖြစ်နေပြီ၊ တင်းခံရင် ၀င်တိုက်ဖို့ စစ်ရေး ပြင်ဆင်မှုလဲ အသင့် အနေအထားမှာ ရှိနေပြီ ဆိုတဲ့ လေသံမျိုးနဲ့ ပြောသွားတယ်”

၂၀၀၉ နိုဝင်ဘာ ၆ ရက်နေ့ သျှမ်းပြည် နှင့် ကရင်နီပြည် (ကယားပြည်) စစ်တိုင်း သုံးတိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံ တင်ပြတောင်း ဆိုဘူးသည့် အဓိက အကြောင်းရင်း ၆ ချက်မှာ - နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလျှင်.....

၁။ နအဖ စစ်အရာ ရှိများ မိုင်းလား တပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းခြင်း မပြုလုပ်သေးရန်၊
၂။ မွမ်းမံ/စစ်သင်တန်း အားလည်း မိုင်းလားနယ်မြေ အတွင်း၌သာ ပြုလုပ်ရန်၊
၃။ တာဝန်ထမ်း ဆောင်နိုင်သေးသည့် အသက် ၅၀ ကျော် မိုင်းလား အရာရှိများ ရာထူးမှ ရပ်နားခြင်း မပြုရန်၊
၎။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအားလုံး နဂိုအတိုင်း ထားရှိသွားရန်၊
၅။ စစ်အစိုးရ၏ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများ မိုင်းလားဒေသ အတွင်း ၀င်ရောက်ထမ်း ဆောင်ခြင်း မပြုသေးရန်၊
၆။ မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ/ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ ကော်မတီများအား နဂိုအတိုင်း ထားရှိရန် - စသည်တို့ ဖြစ်သည်။


Ref: သျှမ်းသံတော်ဆင့်

Read More...

ဝ နယ်ခြားတလျှောက် တရုတ်တပ်အင်အား ထောင်ချီဖြည့်ထား

Wednesday, 03 March 2010

နအဖ နှင့် ၀ တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေး မချေမတင်ဖြစ်ပြီး နောက်ပိုင်း ၀ နယ်ခြား တလျှောက် တရုတ်ပြည် လုံခြုံရေး တပ်များ အင်အားထောင်ချီ ဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိရပါသည်။

“တရုတ်တပ်တွေ နယ်ခြားဘက် ရောက်နေတာ နအဖ တပ်မ ၂ ခု သျှမ်းပြည် အရှေ့မြောက်ဘက် တက်လာတယ် ဆိုတဲ့ အချိန်ကတည်းကဘဲ” - ဟု တရုတ်နယ်စပ် နေထိုင်သူ တဦးက ပြောပါသည်။

ဂျန္န၀ါရီ လလယ်ပိုင်းကတည်းက တရုတ်တပ်များ နယ်စပ်မျဉ်းတလျှောက် အင်အား ဖြည့်ထားခြင်းဖြစ်၏။

တဖက်တွင်လည်း ၀ ပြည်သွေးစည်းရေး တပ်မတော်အား ဆွေးနွေးရန် နအဖ ကမ်းလှမ်းစဉ် ကျန်းမာရေးကြောင့် လားရှိုးသို့ သွားရောက် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ၀ ခေါင်းဆောင် အကြောင်းပြန်ခြင်း၊ ၀ နယ်ခြားတလျှောက် နအဖ တပ်များ စစ်ရေးလေ့ကျင့် ပြင်ဆင်မှု ပြုလုပ်လာခြင်း စသည့် အခြေအနေများကြောင့် တရုတ်တပ်များ ပိုမိုအင်အားဖြည့် တပ်ချရာ ယနေ့အထိ ဖြစ်သည်။

“၀ ဌာနချုပ် မျက်နှာချင်းဆိုင် မိုင်းလျဲမ်းမှာ တရုတ် စစ်အင်အား ၄၀၀-၅၀၀ က အခု ၂၀၀၀ ကျော်တယ်။ လေယာဉ်ပစ် လက်နက်ကြီး တွေလဲ ထပ်ချထားတယ်၊ နအဖ ဘက်ကလဲ မိုင်းလား အဖွဲ့နဲ့ ဆွေးနွေးတဲ့ အပတ်တုံးကဆို ကျိုင်းတုံမှာ MIG 29 ရုရှား တိုက်လေယာဉ် အပြင်းအထန် လေ့ကျင့် ပျံသန်းတယ်။ ပန်ဆန်းမြို့ အရှေ့တောင်ဘက် မှော်ဖ ဒေသမှာ ဆိုလဲ ဗမာ့တပ် အင်အား ၇၀ လောက်ကနေ အခု ၅၀၀ ထက်မနည်း တိုးလာတယ်” - ဟု နယ်စပ်တလွှား သွားလာသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေးစောင့်ကြည့်လေ့လာသူတဦးက “ နအဖ က အင်အားသုံး တိုက်ခိုက်မှု မလိုလားသလို အပစ်ရပ် အနေနဲ့လည်း မလိုလားဘူး။ အခု စစ်ရေးတင်းမာမှု အခြေအနေဟာ ဖဲရိုက်တဲ့သူနဲ့ တူတယ်ဗျ၊ ကိုယ့်ဖဲ မကောင်းလဲ ကောင်းသယောင်နဲ့ ပိုက်ဆံတိုးလောင်းပြီး တဘက်ကို ခြိမ်းခြောက်၊ ဖဲကွက်ကစားလို့ တဘက်သား ရှုံးအောင် လုပ်သလိုပေါ့” - ဟု သုံးသပ် ပြောဆိုပါသည်။

နအဖဘက်က MIG 29 ရုရှားတိုက်လေယာဉ် စမ်းသပ် ပျံသန်းမှုကြောင့် တရုတ်တို့ကလည်း လေယာဉ်ပစ် လက်နက် ထပ်ချထားခြင်း ဖြစ်နိုင်သည်ဟု လည်း ပြောဆိုပါသည်။

နယ်စပ်လုံခြုံရေးအရ ၀ နယ်ထဲ တပ်မ နှစ်ခု စေလွတ်မည်ဟု စစ်အစိုးရ ပြောဆိုချိန်မှ စ၍ ၀ ပြည် သွေးစည်းရေး တပ်မတော်ကလည်း ၂၅ ရက်နေ့ တန့်ယန်း ဆွေးနွေးပွဲအပြီး ပန်ဆန်း ဌာချုပ်အစည်းအဝေး၌ - ‘ပြည်ထောင်စုမှ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို ဗမာ့ တပ်မတော်ဘက် သေနတ်ပြောင်း လှည့်ပြီး အရင်တိုက်ခိုက်ဖို့လည်း အစီအစဉ် မရှိ၊ သို့သော် မည်သည့် တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်း ကျွံဝင်လာပါက ပစ်ခတ်ဖို့၊ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ တိုက်ပွဲ စ ရမယ်’ ဟု ဆုံးဖြတ်ချက် ချထားကြောင်း အမည် မဖေါ်လိုသည့် ၀ စစ်ဘက်ရေးရာ အရာရှိတဦးက ပြောပါသည်။

ဝ နယ်ခြားမျဉ်းတလျှောက် (မြောက်ပိုင်း) ကွန်လုံ-ဟိုပန် ဘက်တွင် (ကိုးကန့်အရေးအခင်းချိန်မှစ၍) တပ်မ ၉၉ ၊ ၃၃ တို့ တပ်စွဲထားကြောင်း၊ ဂျန္န၀ါရီ လလယ်ပိုင်းတွင် ၀ နယ် အနောက်ဘက်တလွှား (အပစ်ရပ် သျှမ်းပြည် တပ်မတော်) နယ်မြေ အတွင်းတွင် တပ် ၅၅ က ထိုးဖေါက် တပ်စွဲထားကြောင်း စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အရက်ချက်စက်ရုံ လုပ်သားများ လုပ်ခတိုးတောင်းဆို

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ပုဂ္ဂလိပိုင်စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ခပ်စိတ်စိတ် ဖြစ်နေခဲ့သော ရန်ကုန်မြို့တွင် ယနေ့ နံနက်တွင်လည်း အရက်ချက်စက်ရုံ လုပ်သားများက တောင်းဆိုမှု ဖြစ်နေပြန်သည်။

ရွှေပြည်သာမြို့နယ် ဦးရွှေရိုးလမ်းရှိ Grand Royal မှ အလုပ်သမား ၁၀၀၀ ကျော်က လစာတိုးပေးရန်၊ အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်နှင့် အချိန်ပိုကြေး ပေးရန် တောင်းဆိုထားသည်။

International Beverages Trading Co., Ltd. (IBTC) ကုမ္ပဏီ တာဝန်ရှိသူများက အရက်ချက် စက်ရုံသို့ သွားရောက်၍ ညှိနှိုင်း ဖြေရှင်းလျှက်ရှိသည်ဟု မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းချက်ကို ဝန်ထမ်းတဦးက ဖြေကြားသည်။

Grand Royal စက်ရုံတွင် အလုပ်သမား ၁၅၀၀ ကျော် အလုပ် လုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်းက ရန်ကုန်တွင် ၁၀ ကြိမ်ထက်မနည်း အလုပ်သမား သပိတ်ငယ်များ ဖြစ်ပွားခဲ့ပြီး အလုပ်သမား ထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ရွှေပြည်သာတွင် အလုပ်သမားများ ဆန္ဒပြ

သန်းထိုက်ဦး
Wednesday, 03 March 2010

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် စက်မှုဇုန် (၁) ရှိ Super Garment အထည်ချုပ် စက်ရုံမှ အလုပ်သမား ၂၀ ကျော်က အလုပ် သမား ရပိုင်ခွင့်များ အတွက် ယနေ့ နံနက် ၈ နာရီခန့်က ဆန္ဒပြ တောင်းဆို ကြသည်။

ယင်း အလုပ်သမားများက လစာတိုးပေးရေး အတွက် စက်ရုံတွင်း၌ အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြကြသည်ဟု အလုပ်သမား များနှင့် နီးစပ်သူတဦးက ဆိုသည်။

“အလုပ်သမားတွေ ပုံမှန်လစာက ကျပ်ငွေ ၃ သောင်း ကျော်ပဲရှိတယ်၊ သူများစက်ရုံ နည်းတူ လိုချင်လို့ ဆန္ဒပြကြတာ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း စက်ရုံတွင် အလုပ်သမား ၁၀၀ ခန့်ရှိကြောင်းနှင့် စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထား ကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် လအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်သကဲ့သို့ လှိုင်သာယာရှိ စက်ရုံ တချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ် သမားများက လစာတိုးရေး အတွက် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ရာ အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။

ရန်ကုန်မြို့ရှိ စက်ရုံ အလုပ်သမား တဦး၏ အနိမ့်ဆုံး လစာမှာ ကျပ် ၂၀၀၀၀ ၀န်းကျင် ဖြစ်သည်ဟု သိရသည်။


Ref: ဧရာဝတီ်

Read More...

ပြည်သူ့စစ် မလုပ်လိုသည့် ရွာသားများ မွန်ပြည်သစ် နောက်တန်း စခမ်းတွင် တိမ်းရှောင်နေ

ဆူးပန်း

ကောင်းဝါ၊ မာတ်ခ်ျ ၃၊၂၀၁၀။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းမှာရှိသည့် အလယ် စခမ်း ကျေးရွာသား(၃ဝ)ကျော်ခန့်သည် နယ်မြေခံ စစ်တပ်မှ ကျေးရွာ ပြည်သူ့စစ် သင်တန်း အတင်း တက်ခိုင်းပြီး ပြည်သူ့စစ် ကြေးများကို အတင်း ကောက်ခံနေသည့် အပြင် ညှင်းပမ်း နှိပ်စက်မှု လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မွန်ပြည်သစ် အခြေခံ ဒေသကို ထွက်ပြေး တိမ်းရှောင် လာခဲ့သည် ဟု မွန်ပြည်သစ်ပါတီ အရာရှိ တစ်ဦးမှ ပြောပါသည်။

ဖေဖေါ်ဝါရီလနောက်ဆုံးအပါတ်လောက်တွင် မွန်ပြည်သစ်ပါတီ လက်အောက်ခံ ထားဝယ်ခရိုင် ဌာနချုပ် အနီး၌ ရှိသည့် မရော့ချိုင်း ကျေးရွာကို အလယ်စခမ်း ကျေးရွာသား(၃ဝ)ကျော် ထွက်ပြေးလာသည့် အကြောင်းအရင်းကို မွန်ပြည်သစ် ပါတီ ခရိုင်ကော်မီတီဝင် တစ်ဦးက ကောင်းဝါ သတင်းဌာနကို ယခုလို ပြောပါသည်။

“ဖေဖေါ်ဝါရီ(၂၂)ရက်နေ့မှာ နအဖတပ်ရင်း(၂၈၂)ကနေ အဲဒီပြည်သူ့စစ် သင်တန်းကို ခေါ်တယ်။ တက်ခိုင်းတယ်။ တချို့ ရွာသားတွေက ပြည်သူ့စစ်ထဲကို မဝင်လုပ်ဘူး။ ရွာကနေ ထွက်ပြေးလာတယ်။ တချို့ကလဲ ပြည်သူ့စစ် မလုပ်ရင်တော့ တလကို(၇ဝဝဝ)ကျပ်နဲ့ ပြည်သူ့စစ်ခကို ပေးရတယ်။ ရွာသား တချို့ကတော့ မလုပ်နိုင်တာ တခု တချို့ကျတော့ ပိုက်ဆံမရှိ မပေးနိုင်ဘဲနဲ့ ထွက်ပြေး လာတာပေါ့။ အလယ်စခမ်းရွာနဲ့ (ဝယ်ကရာန်အစ်)ကလူတွေ ထွက်ပြေး လာပြီးတော့ မွန်ပြည်သစ် နောက်တန်း မရော့ချိုင်းရွာမှာ အဲဒီကို ရောက်လာတယ်။ လူအယောက်(၃ဝ)နဲနဲကျော်ရင် ကျော်မယ်။ အဲဒီမှာ မွန်ပြည်သစ် ပါတီတွေက သူတို့ အကုန်လုံး ပေါ့နော်။ နေရာ စားဝတ်နေရေးက အစ အကုန်လုံး သူတို့ လုံခြုံရေးက အစ မွန်ပြည်သစ် ပါတီတွေက တာဝန်ယူရတယ်။ စီစဉ်နေရတာပေါ့။”

အဆိုပါထွက်ပြေးလာသည့်ရွာသားများကို ဒေသခံ စစ်အာဏာပိုင်တွေ ကနေ ပြန်လည်ဆင့်ခေါ် ထားသော်လည်း ရွာကို မပြန်ရဲကြသေးဟု ဒေသခံများမှ ဆိုပါသည်။ အဆိုပါ ဒေသဝန်းကျင်တွင် ရှိသည့် ကလိန်အောင် ရာဖူး ကျောက်ကုတင် ကျွဲတလင်း အစရှိသော ကျေးရွာသားများကို နယ်မြေခံ ခမရ(၂၈၂)တပ်ရင်းမှ ပြည်သူ့စစ် သင်တန်း အတင်းတက်ခိုင်း နေသည်ဟု ဒေသခံများမှ ပြောပါသည်။

ရေဖြူမြို့နယ်အတွင်းရှိမွန်ကျေးရွာများတွင် စစ်အစိုးရကနေ ပြည်သူ့စစ် အတင်းအကြပ် လုပ်ခိုင်းနေသည့် အပြင် စစ်အစိုးရထံတွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးကြီး နိုင်ရှောင် ဦးစီးသော ရာမည တပ်မှလည်း ဌာနေ ပြည်သူ့စစ်အသွင် ပြောင်းလဲရန်အတွက် လိုအပ်နေသည့် တပ်သားအရေ အတွက် ပြည့်မီအောင် တပ်သားသစ် စုဆောင်းနေခြင်းကို ရှောင်ရှား နေကြကြောင်း ဒေသခံ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးမှ ပြောပါသည်။

Ref: ကောင်းဝါ

Read More...

ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား

စိုးမိုး
၃ မတ် ၂ဝ၁ဝ

သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ် ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင် ခန့်ထားရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ် ပေးခဲ့ပြီးနောက် သတ်မှတ်ချိန် အတွင်း နိုင်ငံသား စိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်း လာမတိုးသည့် ရွှေ့ပြောင်း အလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆို လိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်တဲ့ အလုပ်သမားတွေကို ပြန်ပို့မယ့် ကိစ္စအတွက်တော့ သက်ညှာ စဉ်းစားပေးမှာ မဟုတ်ဘူး” ဟု မစ္စတာ ဆူပတ် ဂူခွန်က ပြောကြားကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်သမားလက်မှတ်ရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမား (၁၃) သိန်းကျော်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်အထိ (၇) သိန်းကျော်သာ အလုပ်လုပ်ခွင့် သက်တမ်း တိုးခြင်းနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး (၅) သိန်းခန့်မှာ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားသား အလုပ်သမား စီမံ ခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်သည်။

“နိုင်ငံသား စိစစ်ရေး လုပ်ဖို့ကလည်း သိပ်ခက်ခဲတာ မဟုတ်ဘူး။ လုပ်ပေးတဲ့ ကုမ္ပဏီ (၁၂) ခု ရှိတယ်။ ၀န်ဆောင်ခက ဘတ် (၅) ထောင်ထက် မပိုဘူး” ဟု အလုပ်အကိုင် ခန့်ထားရေးဌာန ဒု-ညွှန်ချုပ်က ထပ်လောင်း ပြောကြားသည်။

ထိုင်းအစိုးရက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများကို ယခုနှစ် ဇန်န၀ါရီလ အတွင်း နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံကူးလက်မှတ် ရရှိရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ် ဆောင်ရွက်နေသော်လည်း အလုပ်သမားများ အနေဖြင့် အပြည့်အ၀ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ နိုင်ငံသား စိစစ်ရေး မလုပ်ဆောင်သည့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက ထိုင်းနိုင်ငံ၏ ကုန်ထုတ် လုပ်ငန်းကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။

Ref: ခေတ်ပြိုင်

Read More...

ရွှေကြောအသစ်များ ထပ်မံတွေ့ရှိ

Wednesday, 03 March 2010

မြန်မာနိုင်ငံ ပဲခူးတိုင်းနှင့် မွန်ပြည်နယ် တို့တွင် ရွှေကြောသစ် အများအပြား ထပ်မံတွေ့ရှိပြီး ရွှေတူးဖော်ရေး လုပ်ငန်းများကို စစ်အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းရွှေကျင်မြို့နှင့် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း ဒေသများတွင် ရွှေထွက်ရှိသည့် နေရာအများအပြား တွေ့ရှိလာကြောင်း၊ အဆိုပါ ရွှေလုပ်ကွက်များကို စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများက ဦးစီးလုပ်ကိုင်သော ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများသာ လုပ်ခွင့်ရ ကြောင်း မန္တလေးနှင့် ရန်ကုန်မြို့မှ ရွှေသန့်စင်ရေး လုပ်ငန်း ပိုင်ရှင်များက ပြောသည်။

ရွှေတူးဖော်ရေး လုပ်ပိုင်ခွင့်ရရှိသော ပြည်တွင်းကုမ္ပဏီကြီး ၇ ခုရှိပြီး တခြားသော ကုမ္ပဏီ ၁၃ ခုခန့်ကလည်း ရွှေ လုပ်ကွက်များ တူးဖော် လုပ်ကိုင်ခွင့် ရရှိရေးအတွက် သတ္တုတွင်း ၀န်ကြီးဌာနတွင် လျှောက်ထားကြောင်း ယင်းကုမ္ပဏီများနှင့် နီးစပ်သော သတင်း ရပ်ကွက်မှ သိရသည်။

ရွှေတူးဖော်ခွင့် ရရှိသော ကုမ္ပဏီကြီးများ အနက် ထူးကုမ္ပဏီ၊ အေးမြပြည့်စုံ၊ ဇမ္ဗူရစ်၊ ဆန်းရွှေပြည်၊ ရွှေနဂါး နှင့် ရွှေကျင်သား ကုမ္ပဏီကြီးများမှာ နာမည်ကျော် ကုမ္ပဏီကြီးများ ဖြစ်ပြီး ကုမ္ပဏီ အားလုံးသည် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် ပတ်သက် ဆက်နွယ်မှုရှိသော ကုမ္ပဏီများဖြစ်သည်ဟု ဇမ္ဗူရစ် ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

“အေးမြပြည့်စုံဆိုတာ အငြိမ်းစားဝန်ကြီး ဗိုလ်မှူးချုပ်ပြည့်စုံရဲ့ မိသားစုတွေပိုင်တဲ့ ကုမ္ပဏီပါ၊ တချို့ ကုမ္ပဏီတွေက သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်နဲ့ ပတ်သက်တာတွေ ရှိသလို ဦးဆောင် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး ချုပ်တွေရဲ့ အမျိုးတွေ တည်ထောင် ထားတွေလည်း ရှိတယ်”ဟု ၎င်းက ပြောပြသည်။

မွန်ပြည်နယ် ကျိုက်ထီးရိုးတောင် အနောက်ဘက် ကျိုက်ထိုမြို့နယ်အနီး မဒဲ့ချောင်းတွင် ရွှေ အများအပြား ထွက်ရှိနေပြီး ယင်း ဒေသတွင် ဇမ္ဗူရစ် ကုမ္ပဏီနှင့် အေးမြပြည့်စုံကုမ္ပဏီတို့က အများဆုံးလုပ်ခွင့်ရထားကြောင်း ၎င်းက ဆိုသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကလည်း ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည်ဟု သိရှိရသည်။

ပျဉ်းမနား လယ်ဝေးနှင့် ပဲခူးရွှေကျင်ဒေသများတွင် ရွှေလုပ်ကွက်သစ်များ ရှာဖွေတွေ့ရှိရသော်လည်း ကျိုက်ထိုနှင့် ဘီးလင်း ဒေသ ရှိ ရွှေလုပ်ကွက်သစ်များမှသာ ရွှေအများဆုံးထွက်နေကြောင်း ရွှေလုပ်ငန်းရှင်များ အသိုင်းအ၀န်းက ပြောသည်။

“ကျိုက်ထို-ဘီးလင်းဒေသမှာ အများဆုံးထွက်တာလို့ သိရတယ်၊ အထူးသဖြင့် မဒဲ့ချောင်းမှာလို့ သိရတယ်”ဟု ရန်ကုန် ရွှေသန့်စင် ရေးလုပ်ငန်း ပိုင်ရှင်တဦးက ဆိုသည်။

ရမည်းသင်း၊ ပျဉ်းမနားနှင့် ကချင်ပြည်နယ်အတွင်းရှိ ရွှေမှော်များမှ တူးဖော်ရရှိသော ရွှေ များသည် မန္တလေးဈေးကွက်သို့ ရောက်ရှိ ပြီး ပဲခူး၊ ရွှေကျင်နှင့် မွန်ပြည်နယ်ကျိုက်ထို-ဘီးလင်း ဒေသများမှ သန့်စင်ရရှိသောရွှေများသည် ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက် ရောက်ရှိသည်ဟု သိရှိရသည်။

“ရန်ကုန်၊ မန္တလေးရွှေဈေးကွက်ထဲကို ၁၀ ရက်ကို အနည်းဆုံး ရွှေ ပိဿာ ၇၀ ၊ ၈၀ ၀င်တယ်”ဟု မန္တလေး ရွှေကုန်သည် တဦးက ပြောသည်။

လက်ရှိရွှေဈေးမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သား ကျပ် ခြောက်သိန်း ၀န်းကျင်ဈေး ရှိသောကြောင့် ယခုနှစ် ရွှေမှော်များသို့ ရွှေတူးလုပ်သား သိန်းပေါင်းများစွာ သွားရောက်လုပ်ကိုင်ကြပြီး နေ့စဉ် ရွှေတူးလုပ်သားများသေဆုံးမှုရှိသည်ဟု သိရှိရသည်။

“ငှက်ဖျား၊ အေအိုင်ဒီအက်စ်ရောဂါတွေလည်း အဖြစ်များတယ်၊ ရွှေမှော်မှာက တနိုင်ငံလုံးက လူတွေ လာအလုပ်လုပ်တာဆိုတော့ လောင်းကစား၊ဖဲ၊ မိန်းမ၊ မူးယစ်ဆေးဝါး အကုန်ရတယ်၊ ရာဇ၀တ်မှုတွေလည်း ပေါတယ်၊လုပ်ငန်းခွင်မတော်တဆမှုတွေကြောင့် လည်း လူသေတာတွေ နေ့စဉ်လိုလိုပဲရှိတယ်”ဟု ရွှေမှော်များသို့ သွားရောက်လေ့ရှိသူ ရွှေကုန်သည်တဦးက ဆိုသည်။

ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရွှေမှော်များမှာ စစ်အစိုးရစစ်တပ်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် DKBA အဖွဲ့များ အခြေစိုက်သည့် ဒေသများဖြစ်သောကြောင့် လုံခြုံရေးအရ အနက်ရောင် နယ်မြေများဖြစ်သည်ဟု သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, March 3, 2010

ကေအိုင်အိုက စစ်ရေးအသင့်ပြင်

ဖနိဒါ
အင်္ဂါနေ့၊ မတ်လ ၀၂ ရက် ၂၀၁၀


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး ဖိအားပေးခြင်း ခံနေရသော ကချင် လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို)အနေဖြင့် စစ်ရေးအတွက်လည်း ပြင်ဆင်ထားကြောင်း စုံစမ်း သိရှိရသည်။

ရွေးကောက်ပွဲမတိုင်မီ တပ်မတော်လက်အောက်သို့ သွတ်သွင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အကြောင်းပြန်ရင် အပစ်ခတ်ရပ် ကချင်အဖွဲ့ကြီးသို့ စစ်အစိုးရ၏ ညှိနှိုင်းရေးသမား စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်က သတ်မှတ် ထားခဲ့သော်လည်း ကေအိုင်အိုက တုံ့ပြန်မှုမပြုဘဲ ရှိနေသည်။

နအဖ အား မည်သို့တုန့်ပြန် ဖြေကြားမည်ကို ဆုံးဖြတ်နိုင်ရန် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယမန်နေ့မှ စ၍ ဗဟို အလုပ်အမှုဆောင် အပါအဝင် စုစုပေါင်း ၃ဝ ဦးဖြင့် အစည်းအဝေး ကျင်းပနေသည်။

“ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အဖွဲ့တွေ ဆွေးနွေးတဲ့ အစည်းအဝေး ပေါ့နော်။ အစိုးရကို ဘယ်လို အဖြေပေးမယ်ဆိုတာ ဆွေးနွေးကြတယ်” ဟု KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးစားနေသလို တဖက်ကလည်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နိုင်ရန် ပြင်ဆင် ထားကြသည်။

“ကျနော်တို့က လုံခြုံရေးက အဆင်သင့်ပဲ။ အနောက်ဘက်ဆိုရင် ဟူးကောင်းဒေသ၊ အိန္ဒိယ နယ်စပ်ထိ။ အရှေ့ဘက် တရုတ် နယ်စပ်ထိ။ မြောက်ဘက် တိဘက်ထိ၊ တောင်ဘက်ဆိုရင် ကချင်ပြည်နဲ့ မြန်မာပြည် နယ်စပ်ထိပဲ” ဟု အမည် မဖော်လိုသူ ကေအိုင်အို၏ တပ်ဖြစ်သော ကချင် လွတ်မြောက်ရေးတပ် (ကေအိုင်အေ) အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း တို့နှင့် KIO တို့အကြား နယ်ခြားစောင့်တပ် ကိစ္စ ဆွေးနွေးရန် မြစ်ကြီးနားတွင် ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့သည်။

နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ် KRGF အဖြစ် ဖွဲ့လိုကြောင်း၊ အခြားဌာနဆိုင်ရာ များလည်း ပူးပေါင်းလိုကြောင်း KOI က တင်ပြထားသည်။ ထို့အပြင် နအဖ အနေဖြင့် ၁၉၄၇ ခု ပင်လုံ စာချုပ်ပါ “တိုင်းရင်းသား တန်းတူ အခွင့်အရေး” အချက်ကို လက်ခံလျှင် လက်နက်စွန့်မည်ဟုပင် ထုတ်ဖော်ထားသည်။

နယ်ခြားစောင့်တပ်အရေး စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် KIO အတွင်း ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လှ၊ ဗိုလ်ကြီး ဂျီနောင်နီ စသည့် ၅ ဦးကော်မတီတခု ဖွဲ့စည်းထားသည်။

၁၉ ၉ ၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အပစ်ခတ်ရပ်စဲမှု သဘောတူညီမှုအပြီး ကေအိုင်အေနှင့် ၎င်းတို့နှင့် ပတ်သက်သော လူမှု အဖွဲ့အစည်းများကို မြန်မာပြည် မြောက်ဖျားပိုင်း ဒေသအများကို ထိန်းချုပ်ခွင့် စစ်အစိုးရက ခွင့်ပြုခဲ့သည်။

ဒေသတွင်းရှိ ကျောက်စိမ်းတွင်းများ၊ ရွှေတွင်းများ၊ သစ်လုပ်ငန်းများမှ အခွန်အခများ ရရှိခဲ့သလို ဒေသခံများ အတွက် လျှပ်စစ်မီး ပေးဝေခြင်း၊ လမ်းဖောက်၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း ကချင်အဖွဲ့က ပြန်လည် လုပ်ပေးခဲ့သည်။

အခုအချိန်မှာတော့ စစ်သားစုဆောင်းခြင်း၊ စစ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများကိုလည်း တဖက်က ပြုလုပ်ပြင်ဆင် နေရသည်။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်သို့ ပြောင်းနိုင်ရန် စစ်အစိုးရက ကြိုးစားနေသည်မှာ ၁ဝ လ ကြာသော်လည်း KIO ၊ UWSA၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့ တို့က ယခုထိ ငြင်းဆိုနေဆဲ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

တပ်စခန်းမှ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

Tuesday, 2 March 2010

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၄ရက်နေ့ ညနေပိုင်းတွင် အိမ်ခြေ ၂၀၀နီးပါးရှိသော ရေသိုးကြီး ကျေးရွာထဲသို့ နအဖ ခမရ(၄၂၇)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်ခြေ အနည်းငယ် ထိခိုက်ပျက်စီး သွားခဲ့သည်ဟု ဒေသသတင်းများအရ သိရသည်။

ဗိုလ်မှူးချုပ်ကျော်အေး ဦးစီးသည့် စစ်ကွပ်ကဲရေးဌာနချုပ်(၇) လက်အောက်ခံ တပ်ရင်းဖြစ်သည့် ခမရ(၄၂၇)တပ်ဖွဲ့သည် ၎င်းတို့ တပ်စွဲထားရာ ရေသိုးကြီးစခန်းမှ ရေသိုးကြီးရွာတွင်းသို့ လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ပြီး နောက်တနေ့တွင် အဆိုပါ တပ်ဖွဲ့က ရွာထဲသို့ ၀င်ရောက်ကာ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူ၍ ရွာသူရွာသားများအား ကေအဲန်ယူက ပစ်ခတ်ခြင်းဖြစ်ကြောင်း အတင်းအကြပ် ထွက်ဆိုခိုင်းခဲ့သည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။

“အဲဒီညနေ ၄နာရီဝန်းကျင်လောက်မှာ ခမရ(၄၂၇)က သူတို့ရဲ့ ရေသိုးကြီးစခန်းကနေပြီး ရေသိုးကြီးရွာထဲကို လက်နက်ကြီးနဲ့ ၁၀ လုံးလောက် လှမ်းပစ်တယ်။ ရွာသားတွေက ဗုံးကျင်းတွေထဲ ၀င်ပုန်းတော့ လူကို မထိခိုက်ပေမဲ့ အိမ် ၄လုံး လက်နက်ကြီး ထိလို့ ပျက်သွားတယ်။ နောက်တနေ့မှာ စစ်တပ်က ရွာထဲဝင်လာပြီး ပျက်စီးတာတွေကို ဓာတ်ပုံရိုက်ယူတယ်။ နောက်ပြီး ကေအဲန်ယူက လာပစ်တာလို့ ရွာသားတွေကို ပြောခိုင်းတယ်”ဟု ကေအိုင်စီကို ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၂)မှ တပ်ဖက်အရာရှိတဦးက “အခု လက်နက်ကြီး ပစ်ချခံရတဲ့ ကျေးရွာက နအဖ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပဲ။ ကေအဲန်ယူမှ မသွားနိုင်တာ။ ရွာသားတွေကတော့ သူတို့ခိုင်းရင် ခေါင်းညိတ်ရတာပဲ။ ဒါနဲ့ပဲ သူတို့(နအဖ)က သတင်းမီဒီယာတွေမှာ လုပ်ကြံ အမြတ်ထုတ်မှာပေါ့”ဟု ဆိုသည်။

၎င်းအပြင် ယခုလ (၂၃)နှင့် (၂၅)ရက်နေ့ကလည်း နအဖ ခလရ(၂၆၁)တပ်ဖွဲ့က ထန်းတပင်မြို့နယ်အတွင်းရှိ တိပ်ပု၊ ဇင်းဘို (ဆော်မူဒဲ)အပြင် ရေသိုးကြီး အရှေ့ခြမ်းရှိ ရွာပုန်း ရွာရှောင် နေရာများနှင့် တောင်ငူ-ကတိုင်တိ ကားလမ်းတလျှောက် လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

နအဖတပ်များ ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရခြင်းမှာ ၎င်းတို့၏ နယ်မြေစိုးမိုးရေး စီမံချက်တခုဖြစ်ပြီး နွေရာသီတွင် ဒေသခံများ၏ စိုက်ခင်းနှင့် ဥယျာဉ်ခြံများကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသလို ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီ လကလည်း အလားတူ ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်အချို့ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

အလားတူ ဇန်န၀ါရီလ ၁၉ရက်နေ့ကလည်း ဖာပွန်ခရိုင်၊ ခေးပူဂွင်တွင် စကခ(၂၁)မှ ခမရ(၃၈၇)၏ ပစ်ခတ်မှုကြောင့် ကျောင်းသားငယ် တဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကရင်ပြည်နယ်၊ တောင်ငူခရိုင်တွင် ယခင်က ဗိုလ်မှူးချုပ်ခင်မောင်ဆင့် ဦးစီးသည့် စကခ(၅) လက်အောက်ခံတပ်များ လှုပ်ရှား ခဲ့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ဗိုလ်မှူးချုပ်ကျော်အေး ဦးဆောင်သည့် စကခ(၇) လက်အောက်ခံ တပ်ရင်းများက ပြောင်းရွှေ့ ၀င်ရောက်လာခဲ့သည်။

Ref: KIC News

Read More...

Tuesday, March 2, 2010

အိန္ဒိယ-မြန်မာ စစ်ရေး နိုင်ငံရေး နှစ်နိုင်ငံ ဆက်ဆံရေး

28 February 2010

မြန်မာတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဟာ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး (၅) ရက်ကြာ ခရီးစဉ် အတွင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယတပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် (၃) ဦး တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ပထမဦးစွာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (NDD – Network for Democracy and Development) ရဲ့  သုတေသနနဲ့ မှတ်တမ်းတင်ဌာနမှ ဦးဌေးအောင် ကို အိန္ဒိယ နဲ့ မြန်မာ နိုင်ငံတို့ရဲ့  ကာကွယ်ရေး နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာ များကို မေးမြန်း ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ အိန္ဒိယရေတပ် နဲ့ မြန်မာရေတပ် တို့ရဲ့ ဆက်ဆံရေးမှာ ရေတပ် စစ်လက်နက် ပစ္စည်း ကိစ္စတွေမှာ ဘယ်လို ရှိပါသလဲ။

ဦးဌေးအောင် ။ ။ အထူးသဖြင့်တော့ အိန္ဒိယ က ၂၀၀၆ ခုနှစ်တုန်းက ဗမာ စစ်အစိုးရကို BN2 Islander ခေါ်တဲ့ ကင်းထောက် လေယာဉ် (၂) စင်း ရောင်းချဖို့ စီစဉ်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ လေယာဉ်တွေက အိန္ဒိယ အစိုးရကို ဗြိတိသျှ အစိုးရကနေ ရောင်းချထားတဲ့ လေယာဉ်တွေ ဖြစ်တဲ့ အတွက် ဗြိတိသျှအစိုးရ ကန့်ကွက်ခဲ့လို့ အစီအစဉ် ပျက်သွားတယ်လို့ သိရပါတယ်။ တခြားတဖက်မှာ နောက်ထပ် အိန္ဒိယ အစိုးရက ဗမာအစိုးရ ရေတပ်ကို ခေတ်မီ နည်းပညာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချဖို့ သူတို့ ကြိုးစားနေတာ ရှိပါတယ်။ ဗမာ စစ်အစိုးရကလည်း စိတ်ဝင်စားဟန် ပြပြီးတော့ သွားရောက် လေ့လာနေတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ မြန်မာရေတပ် အတွက် စစ်လက်နက် ပစ္စည်းတွေ ရောင်းချတဲ့ သတင်းတွေ ကျနော်တို့ တိတိကျကျ မရသေးပါဘူး။

ဦးရော်နီညိမ်း ။ ။ အဲဒီကိစ္စတွေအပြင် ရေတပ်နဲ့ ပတ်သက်လို့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်ပြဿနာ၊ ဗမာ နဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်ပြဿနာ တွေရှိတယ်။ ဗမာ နဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်ပြဿနာမှာ ရေတပ်တွေ ထိပ်တိုက် ရင်ဆိုင်တွေ့ရမယ့် အလားအလာတွေ ရှိခဲ့တယ်။ အဲဒါကို ခြုံငုံပြီးတော့ ဒီ (၃) နိုင်ငံ အနေအထား ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ထဲမှာ မြန်မာ-အိန္ဒိယ ရေတပ်တို့ ဆက်ဆံ ဆောင်ရွက်သွားမယ်လို့ ကိုဌေးအောင်တို့ မှန်းကြည့်လို့ ရပါသလား။

ဦးဌေးအောင် ။ ။ တခုတော့ ရှိပါတယ် ဒီ နအဖ စစ်အစိုးရကတော့ အနောက်နိုင်ငံတွေဘဲ ဖြစ်ဖြစ်၊ အိမ်နီးချင်း နိုင်ငံတွေကဘဲ ဖြစ်ဖြစ် ကျုးကျော် တိုက်ခိုက်လာရင် ပင်လယ်ပြင်က တိုက်ခိုက် လာနိုင်တယ်လို့ သူတို့ သုံးသပ်ထားတာ ရှိပါတယ်။ နောက်တခုက စစ်အစိုးရ တွက်ချက် သုံးသပ်ထားတာက ဘင်္ဂလားဒေ့ရှ် ရေတပ်ကို အမေရိကန်ကနေ ခေတ်မီ လက်နက်တွေ တပ်ဆင်ပေးထားတယ်၊ ရေတပ်သင်္ဘောတွေ တပ်ဆင် ပေးထားတဲ့ အပေါ်မှာ ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့ ရင်ဆိုင်ရဖို့ အတွက် နအဖ ရေတပ်က စွမ်းရည်အရ သူတို့ အင်အား လျော့နည်းနေတယ်လို့ သူတို့ ယူဆထားတာရှိတယ်။ နောက်တခုက မြန်မာရေတပ်မှာ လက်ရှိ အသုံးပြုနေတဲ့ တရုတ်နိုင်ငံက ရရှိထားတဲ့ ရေတပ် လက်နက် ပစ္စည်းတွေကလည်း ခေတ်မမီတော့တဲ့ အပြင် ပင်လယ်ပြင်မှာ ခုတ်မောင်းလို့ ရတဲ့ အနေအထား မရှိဘူးလို့ ကျနော်တို့ သိရှိထားတယ်။ အဲဒါကြောင့် မြန်မာ စစ်အစိုးရ အနေနဲ့က အိန္ဒိယကရရ ဘယ်နိုင်ငံကရရ ၀ယ်ယူ တပ်ဆင်ဖို့ စဉ်းစားနေတယ်လို့ ယူဆပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒေသအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်းမှာ တရုတ်ရေတပ် သွားလာ လှုပ်ရှားနေတဲ့ အပေါ်မှာ အိန္ဒိယက စိတ်ပူမူလည်း ရှိမယ်။ နောက်တခုက မီလန် (Milan) စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ ရေတပ်ဟာ အိန္ဒိယရေတပ် ဖိတ်ကြားမှုကြောင့် ပါဝင်လာခဲ့တာ အကြိမ်အားဖြင့် များလာပြီ။ မြန်မာ ရေတပ် အနေနဲ့ မီလန် ရေတပ်စစ်ရေး လေ့ကျင့်ရေးမှာ သွားပါတဲ့အတွက် တရုတ်ဘက်က ဘယ်လို ထင်မြင် ယူဆ လာနိုင်ပါသလဲ။

ဦးဌေးအောင် ။ ။ ကျနော်ထင်တာကတော့ အိန္ဒိယ နဲ့ တရုတ် အပြိုင်အဆိုင် ဖြစ်နေတဲ့ ကြားထဲမှာ မြန်မာ စစ်အစိုးရက အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လည်း ဆိုတော့ အခုဆိုရင် ကျောက်ဖြူမှာ တရုတ် နိုင်ငံကနေ ဆိပ်ကမ်း တည်ဆောက်ပေးဖို့ ကိစ္စကို နအဖ စစ်အစိုးရက ခွင့်ပြုထားတယ်။ နောက်တခုက ရခိုင် ကမ်းမြောင်းက ထွက်မယ့် ရွှေသဘာဝ ဓါတ်ငွေ့တွေကို တရုတ်နိုင်ငံ သာမက အိန္ဒိယနိုင်ငံကို ခွဲရောင်းချဖို့ စစ်အစိုးရက စီစဉ်နေတယ်။ နောက်တခုက အိန္ဒိယနိုင်ငံကို ဓါတ်ငွေ့တွေ တင်ပို့တဲ့ နေရာမှာ ကုလားတန် မြစ်ကြောင်းကို အသုံးပြုဖို့ အတွက် မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယ အစိုးရကို ခွင့်ပြုထားတာ ရှိတယ်။ အဲဒီတော့ ဒီ အနေအထားတွေကို ကြည့်ရင် မြန်မာစစ်အစိုးရ အနေနဲ့ တရုတ် နဲ့အပြင် အိန္ဒိယနဲ့လည်း သူ့အကျိုးစီးပွား အတွက် နှစ်ဖက်စလုံးကို ပေါင်းနေတဲ့ အနေအထားရှိတယ်။

ဦးရော်နီညိမ်း ။ ။ အိန္ဒိယကိုယ်၌ကလည်း သူကို လာဆက်ဆံ နေတာကို အပြည့်အ၀ သူတို့နဲ့ ရိုးရိုးသားသား ပေါင်းဖို့ မဟုတ်ဘဲ တဖက်ကလည်း နိုင်ဖဲ အနေနဲ့ အိန္ဒိယဘက်က သူပုန်တွေကို ဗမာ နယ်မြေထဲမှာ လက်ခံ ထားတာတို့၊ အိန္ဒိယ သူပုန်တွေ ဖြတ်သန်းတာကို မသိမသာ ခွင့်ပြုထားတာ တို့နဲ့ အိန္ဒိယကို နိုင်ကွက်ကလည်း ကိုင်ထားတယ်။ ဒီကြားထဲမှာ တရုတ်ကို မဲတင်းချင်တာနဲ့ သူတို့ကို လာဆက်ဆံဆိုတဲ့ အနေအထား။ အဲဒီ အနေအထားနဲ့ မြန်မာစစ်အစိုးရ နဲ့ အိန္ဒိယ နိုင်ငံတို့ကြားမှာ ဆက်ဆံရေး တိုးတက်တယ်လို့ မြင်နေရတာ ကနေ ပြဿနာတွေ မဖြစ်လာနိုင်ဘူးလား။

ဦးဌေးအောင် ။ ။ အိန္ဒိယနိုင်ငံကနေ ခွဲထွက်ဖို့ လက်နက်ကိုင် လှုပ်ရှားနေတဲ့ မဏီပူရ (Manipura)၊ အာသံ (Assam)၊ နာဂနယ်မြေ (Nagaland)၊ မီဇူးရမ် (Mizoram) စတဲ့ နယ်မြေဒေသ သူပုန် အဖွဲ့တွေက မြန်မာနိုင်ငံ အတွင်းမှာ အခြေချ လှုပ်ရှားနေတာရှိတယ်။ အဲဒါတွေက မြန်မာ စစ်အစိုးရက အစတုန်းကတော့ တမင် မွေးထားတာ ရှိတယ်။ တမူးမြို့မှာ အိန္ဒိယနိုင်ငံ သူပုန်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို နေထိုင်ခွင့် ပြုထားတဲ့ အနေအထားတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ခြင်း အားဖြင့် ဗမာအစိုးရက မီးစာတဖက် ရေမှုတ်တဖက် လုပ်ပြီးတော့ အိန္ဒိယနဲ့ တရုတ်တို့နဲ့ သူက သူ့အကျိုးစီးပွား အတွက် ကြားကနေ ကစားဖို့ စီစဉ်နေတဲ့ အနေအထား ရှိတယ်လို့ ထင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီလို ကစားတဲ့နေရာမှာ သူ့အတွက်ကော အန္တရာယ် မရှိဘူးလား။ ကစားသည် ဖြစ်စေ မကစားသည် ဖြစ်စေ အိန္ဒိယနဲ့ ဒီလိုမျိုး စစ်ရေး ဆက်ဆံမှုတွေ ပိုတိုးမြှင့်တဲ့ အခါမှာ တရုတ်ရဲ့ ငြိုငြင်တာကော မခံရနိုင်ဘူးလား။ တဖက်မှာလည်း တရုတ်နဲ့ဆို နယ်စပ်ဒေသတွေမှာ တရုတ် ထောက်ခံ အားပေးမှု ရှိနေတဲ့ '၀' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၊ ကိုးကန့် အဖွဲ့တွေနဲ့ မြန်မာ စစ်အစိုးရနဲ့ မပြေလည်တော့ဘူး။ အဲဒီလို အခြေအနေမှာ အိန္ဒိယနဲ့ သွားပြီး ဒီလို ဆက်ဆံရေးတွေ သွားလုပ်လို့ နှစ်ဖက်စလုံး မကျေမနပ် ဖြစ်တဲ့ကြားမှာ ညပ်မနေနိုင်ဘူးလား။

ဦးဌေးအောင် ။ ။ အမှန်ကတော့ စစ်အစိုးရ သဘောထား မမှန်တဲ့ ကိစ္စတွေက တချိန်ချိန်မှာတော့ မြန်မာနိုင်ငံ အတွက် အန္တရာယ်ရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လည်းဆိုတော့ စစ်အစိုးရ အနေနဲ့ ဒီလောက် အင်အားကြီးတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာ ဘယ်နည်းနဲ့မှ ဒီနိုင်ငံကြီးတွေကို ရေရည်မှာ မရိုးမသားနဲ့ ကစားနိုင်မှာ မဟုတ်ဘူး။ ဟိုနိုင်ငံတွေ အနေနဲ့လည်း အခုလက်ရှိ ကစားနေတဲ့ အနေအထားကို မသိဘဲနေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ တချိန်ချိန် မှာတော့ ဒါဟာ ပြဿနာ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် စစ်အစိုးရ ခေါင်းဆောင်တွေကို ရေရှည်အတွက် မတွက်ဘဲနဲ့ လက်ရှိ အနေထား လောက်ကိုဘဲ တွက်ပြီး သူတို့ထဲမှာ နိုင်ဖဲရှိတယ် ဆိုတဲ့ အနေအထားနဲ့ မီးနဲ့ ကစားနေတဲ့ အနေအထားလို့ ထင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါက ပြည်တွင်းနိုင်ငံရေးအတွက် ဒီလိုမျိုး အမျိုးသားရေး အကြောင်းပြပြီးတော့ နိုင်ငံရေး ကစားလို့ ရတဲ့ အကွက်ကိုရော သူတို့ မျှော်ကြည့်ထားမယ်လို့ မြင်ကြည့်လို့ ရမလား။

ဦးဌေးအောင် ။ ။ ဒီ စစ်အစိုးရမှာတော့ အမြဲတမ်း ရန်သူကို ပြနေရတဲ့ အနေအထားမျိုး ရှိတယ်။ အထူးသဖြင့် သူ့စစ်တပ်ကို ထိန်းထားနိုင်ဖို့ အတွက် ဟိုအစတုန်းက ဆိုရင် ဗမာပြည် ကွန်မြူနစ် ပါတီကို သူတို့က အမြဲတမ်း လက်ညိုး ထိုးပြီးတော့ အန္တရာယ်ရှိတယ် ဆိုကာ စစ်တပ်ကို သွေးထိုး လှုံဆော်ခဲ့တာ ရှိခဲ့တယ်။ ဒီနောက်ဖက် နောက်ပိုင်းမှာ အမေရိကန် အပါအ၀င် အနောက် နိုင်ငံတွေကို ပြည်ပ ကျူးကျော်မယ့် အန္တရာယ် ရှိတယ်လို့ ပြောဆို လာတယ်။ အခုနောက်ပိုင်းမှာ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ လိုလားလာတဲ့ အခါမှာတော့ သူ့ပြစ်မှတ်ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ် ပတ်သက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို လက်ညိုး ထိုးပြလာတယ်။ အဲဒီနောက်မှာ တရုတ် အန္တရာယ်ပါ ရှိလာနိုင်တဲ့ အနေအထားမျိုးကို မသိမသာ ထောက်ပြလာတဲ့ အနေအထား ရှိလာတယ်။ ဒါအပြင် အမေရိကန် နိုင်ငံကသာ အကူအညီ ပေးမယ်ဆိုလို့ ရှိရင် အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ဆေးဝါး ခေါင်းဆောင်တွေကိုလည်း အမျိုးဖြုတ် ချေမှုန်းပြီးတော့ လွှဲအပ်ပေးမယ်ဆိုတဲ့ လေသံမျိုးတွေတောင် စလာတဲ့ အနေအထားမျိုး ကျနော်တို့ တွေ့ရတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့် စစ်အစိုးရ အနေနဲ့ ဘယ်သူ့ အပေါ်မှ သူတို့က အယုံအကြည်ရှိတာ မဟုတ်ဘူး၊ ဒါပေမယ့် တရုတ်ကိုလည်း ယုံကြည်တာ မဟုတ်ဘူး၊ အမေရိကန်ကိုလည်း ယုံတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့အတွက် အကျိုးရှိတယ် ဆိုရင် အဲဒီနိုင်ငံကြီးတွေ ကြားထဲမှာလည်း ကစားဖို့ ၀န်မလေးဘူး ဆိုတာကို တွေ့ရပါတယ်။

----------------------------


ဦးရော်နီညိမ်း ။ ။ အိန္ဒိယ-မြန်မာ စစ်ရေးဆက်ဆံရေးကနေ သံတမန်ရေး၊ နိုင်ငံရေး ဆက်ဆံမှုတွေ ဆက်နွှယ်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီးတော့ နယူးဒေလီမြို့(New Delhi) က ပြည်ထောင်စု အမျိုးသား ညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma) ၀န်ကြီး တဦးဖြစ်သူ စစ်ကိုင်းတိုင်း ပုလဲမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆွေ ကို မေးမြန်းဆွေးနွေး ထားပါတယ်။

ဦးတင့်ဆွေ ။ ။ နအဖ ဗမာအစိုးရနဲ့ အိန္ဒိယအစိုးရ ဆက်ဆံရေး ပြန်ကောင်းဖို့က နှစ်နိုင်ငံ စစ်တပ်ခြင်း ဆက်ဆံရေးက စခဲ့တယ်။ အခုတော့ နိုင်ငံရေး ဆက်ဆံမှုပါ တိုးလာတယ်ပေါ့။

ဦးရော်နီညိမ်း ။ ။ များသောအားဖြင့်က အိန္ဒိယအရှေ့မြောက် နဲ့ မြန်မာအနောက်မြောက် နှစ်နိုင်ငံ နယ်စပ်မှာ အိန္ဒိယ အစိုးရကို တော်လှန် တိုက်ခိုက်နေတဲ့ သူပုန် အဖွဲ့အစည်းတွေက မြန်မာ မြေထဲမှာ အခြေအကုတ် ယူပြီးတော့ တိုက်ခိုက်နေတဲ့ အနေအထားတွေကြောင့် စစ်တပ် ဆက်ဆံမှုမှာ အဲဒါကို အဓိက ထားခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီတော့ အဲဒီအနေအထားကို ဆရာသိသလောက် ပြောပြပေးပါ။

ဦးတင့်ဆွေ ။ ။ နအဖ စစ်အစိုးရကို ဒီမိုကရေစီလုပ်လုပ် မလုပ်လုပ် ဆက်ဆံရမယ် ဆိုတဲ့ ပေါ်လစီ ကျင့်သုံး လာခဲ့တာကတော့ အိန္ဒိယကို ဆန့်ကျင်နေတဲ့ အရှေ့မြောက် ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေက အချက်ကြီး တခုဖြစ်ပါတယ်။ တခြား အချက်တွေအပြင် ဒီအတွက်လည်း အိန္ဒိယက နအဖနဲ့ တွေ့တိုင်း ဆက်ဆံတိုင်း အပြန်အလှန် လည်ကြတိုင်း ဒီအချက်ကို တင်ပါတယ်။ တင်တိုင်းလည်း ကျနော်တို့ သိရသလောက် သတင်း လောကမှာ ဖတ်ရ သလောက်တော့ နအဖ စစ်အစိုးရဘက်က အဆင့်ဆင့်သော ခေါင်းဆောင်တွေက ဂတိ စကားတွေ အမြဲတမ်း ပေးပါတယ်။ သို့သော်လည်း ဒီအချိန်ထိတော့ အရှေ့ မြောက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ နအဖ ဘက်က အိန္ဒိယ လုပ်ချင်သလို လိုက်မလုပ်တာကတော့ ဒီနေ့ အထိဘဲ။ ဒါပေမဲ့ အိန္ဒိယက အတော် စိတ်ရှည်တဲ့ သဘောရှိတော့ ဆက်ပြီတော့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အိန္ဒိယအစိုးရက မေတ္တာရပ်ခံထားတယ်။ ဒါမှမဟုတ်လည်း စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့မှု မြန်မာစစ်တပ်ကို ပေးတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ မြန်မာ စစ်တပ်က အိန္ဒိယ သူပုန်တွေ မြန်မာ့ မြေပေါ်ကနေ အိန္ဒိယ အစိုးရကို ပုန်ကန် ဒုက္ခပေးနေတာကို တချို့နေရာ၊ တချို့ ကိစ္စတွေမှာ လစ်လျှုရှု ထားပြီးတော့ တမင်သက်သက် လွှတ်ထားတယ် ဆိုတဲ့ အနေအထားမျိုးတွေ ကြားရတာရှိပါတယ်။ အဲဒါက ဘာကြောင့်လဲ။ ဖြစ်ကော ဖြစ်နိုင်ချေ ရှိနိုင်ပါသလား။

ဦးတင့်ဆွေ ။ ။ တကယ်ဖြစ်နေတာကတော့ အဲဒီအတိုင်းပဲ။ သတင်းစာတွေ တီဗွီကအစ အိန္ဒိယ မီဒီယာတွေမှာ ဘယ်လို ရေးနေနေ တကယ်တမ်း နအဖဘက်က အိန္ဒိယ သူပုန်တွေကို လေးလေးနက်နက် တိုက်တယ်လို့ မရှိခဲ့တာတော့ အမှန်ဘဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဟာက နိုင်ငံတကာ နယ်နမိတ် တလျှောက်မှာ နိုင်ငံတိုင်း လိုလိုမှာ တဖက်နိုင်ငံရဲ့ သူပုန် သူကန် ကိစ္စကို တခါတလေ မွေးထားသလိုကို မွေးထားတာရှိတယ်။ ဒါမှလည်း နှစ်နိုင်ငံ ဆက်ဆံရေး လုပ်တဲ့အခါမှာ ဈေးဆစ်စရာ ကိစ္စတခု အနေနဲ့ သုံးချင်လို့ လုပ်လေ့ လုပ်ထ ရှိပါတယ်။ ဒီအတိုင်းဘဲ နအဖ စစ်အစိုးရကလည်း ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ ကျနော် အပြည့်အ၀ ယုံကြည်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အိန္ဒိယက အဲဒီ သူပုန်သူကန် ကိစ္စရယ်၊ တခါ ဒီထက်ကြီးတဲ့ တရုတ်နိုင်ငံ ကိစ္စကြီး တခုရယ် ကိုင်တွယ်ဖို့ အတွက် နအဖနဲ့ စကားပြောတဲ့ အခါမှာ နအဖဘက်က ၀ှက်ဖဲ သူဘက်က လေးစားတဲ့ တချက်အနေနဲ့ ရှိနေတော့ သူကြိုက်ကြိုက် မကြိုက်ကြိုက် နအဖနဲ့ ပူးပေါင်းဆောင်ရွက် လည်ပတ် စကားချိုချိုတွေ ပြောနေရတဲ့ အနေအထားပါ။

ဦးရော်နီညိမ်း ။ ။ အခုန ဆရာပြောသလို ဒါကို အကွက်ကောင်းတခု အနေနဲ့ အသုံးချတဲ့ နေရာမှာ မြန်မာ စစ်အစိုးရ အနေနဲ့ တကယ်ကော အကျိုးအမြတ်တွေ ရနေတယ်လို့ မြင်ပါသလား။ ဘယ်လို အတိုင်းအတားမျိုးနဲ့ ကြည့်လို့ရမလဲ။

ဦးတင့်ဆွေ ။ ။ ဟုတ်ကဲ့ခင်များ။ တစုံတရာတော့ နအဖဘက်က ရတယ်ခင်များ။ ဥပမာပြောမယ် ဆိုရင် ၂၀၀၆ ခုနှစ်က အိန္ဒိယသမ္မတ မြန်မာပြည်ကို သွားတဲ့ အခါတုန်းက သမ္မတက နအဖကို ကတိကြီး (၃) ခု ပေးခဲ့တယ်။ နိုင်ငံတကာ အရေးနဲ့ ပတ်သက်ရင် ဒီအချက်ထဲက တခုကတော့ နိုင်ငံတကာ စင်မြင့်မှာ နအဖဘက်က ရပ်တည်ပါမယ် ဆိုပြီးတော့ သမ္မတက အိန္ဒိယ အစိုးရကိုယ်စား ကတိပေးခဲ့တယ်။ သူကတိပေးတဲ့ အတိုင်းလည်း နအဖ က ရတယ်။ ဥပမာဆိုရင် ILO (International Labor Organization) ဆိုတဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်မှာလည်း နအဖဘက်က မဲပေးတယ်။ ကုလသမဂ္ဂ ညီလာခံမှာလည်း နအဖဘက်က လိုက်ပြောသလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာလည်း နအဖဘက်က လိုက်တယ်ဆိုတော့ နအဖက အိန္ဒိယဘက်က ရတဲ့ အကျိုးအမြတ်တွေဘဲလို့ မြင်ပါတယ်။

Ref: VOA News


Read More...

ထပ်ဆင်ရဲ့ ဓနငွေကြေး ဘာကြောင့် အသိမ်းခံရသလဲ

ကျော်လင်းဦး
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးရာထူး လက်ကိုင်ထားသူတွေအတွက် သီးသန့်ထားရှိတဲ့ တရားရုံးကနေ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ထပ်ဆင် ရှင်နဝတ် ဆီကနေ သိမ်းဆည်းထားတဲ့ ၇၆ ဘီလီယံဘတ်ကနေ ၄၆ ဘီလီယံဘတ်ကို သိမ်းယူဖို့ အမိန့်ချလိုက်ပါတယ်။ (တစ်ဘီလီယံ= သန်းပေါင်း ၁ ထောင်)

မစ္စတာ ထပ်ဆင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အာဏာကို အလွဲသုံးစားလုပ်ပြီး သူ့ရဲ့ ရှင်း ကော်ပိုရေးရှင်းကို ဓနဥစ္စာတွေ ပိုမို ကြွယ်ဝအောင် အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သက်သေ ခိုင်လုံတဲ့အတွက် အဲဒီလို သိမ်းယူခဲ့တာပါ။

ဒီလို တရားရုံးက ဆုံးဖြတ်တာကို ထပ်ဆင်ကို ထောက်ခံတဲ့ ဖို့ထိုင်းပါတီ နဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသမားတွေ ကတော့ မကျေနပ်ကြပါဘူး။ ဒီလိုဆုံးဖြတ်တာက သူတို့ခေါင်းဆောင် အပေါ် သက်သက်မဲ့ အကွက်ဆင်ပြီး သိက္ခာကျအောင် လုပ်တာလို့ မြင်ပါတယ်။ ဒါပေမဲ့လည်း တရားရုံးကတော့ စွဲဆိုထားတဲ့ အမှုပေါင်း ၁၀ ခုမှာ မစ္စတာ ထပ်ဆင် ဘက်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သူပိုင်ငွေကြေးထဲက ဒီ ပမာဏကို သိမ်းယူလိုက်တာပါ။

သူ့အပေါ် စွဲဆိုထားတဲ့အမှုပေါင်း ၁၀ ခုထဲက ပထမတခုကတော့ သူ ဝန်ကြီးချုပ်အဖြစ် ရှိနေစဉ်ကာလအတွင်း TOT လို့ခေါ်တဲ့ နိုင်ငံပိုင် တယ်လီဖုန်းကုမ္မဏီကနေ ဝန်ကြီးချုပ်ပိုင် ရှင်းကော်ပိုရေးရှင်းရဲ့ လုပ်ငန်းဖြစ်တဲ့ AIS မိုဘိုင်းဖုန်း ကုမ္ပဏီကို အငှား ချထားရာမှာ ဖုန်းပြောခရဲ့ ၂၅ ရာခိုင်နှုန်းကို TOT ကို ပေးသွင်းနေရာကနေ ၂၀ ရာခိုင်နှုန်းကို လျှော့ချလိုက်ပါတယ်။ ဒီအတွက် နိုင်ငံပိုင် TOT အနေနဲ့ ၇၀.၂ ဘီလီယံဘတ် နစ်နာခဲ့ရပါတယ်။

နောက်ထပ် ပြစ်မှုတခုကတော့ ရှင်းကော်ပိုရေးရှင်းပိုင် ရှင်း ဂြိုဟ်တုလုပ်ငန်းနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ အကြား ဂြိုဟ်တု အငှား ချထားခြင်းနဲ့ ဆိုင်တဲ့ ကိစ္စပါပဲ။ အစိုးရနဲ့ သဘော တူညီချက်အရ ရှင်း ဂြိုဟ်တုလုပ်ငန်းက ရှင်း ဂြိုဟ်တု ၄ ဆိုတဲ့ ဂြိုဟ်တုတလုံး တိုးချဲ့ လုပ်ကိုင်မယ်လို့ သဘော တူထားရာကနေ ရှင်း ဂြိုဟ်တု ၄ အစား IPSTER ဆိုတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကိုပဲ ပြောင်းလဲ လုပ်ကိုင်ပါတယ်။

ဒီအတွက် ဆက်သွယ်ရေး ဂြိုဟ်တုအတွက် ပေးရမယ့် အဖိုးအခကို မပေးဆောင်တော့ဘဲ ရိုးရိုးဂြိုဟ်တု အတွက်သာ ပေးတဲ့ အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဘတ် ၂၀ ဘီလီယံ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ရှင်း ဂြိုဟ်တု လုပ်ငန်းအတွက် ရှင်း ကော်ပိုရေးကနေ ရင်းနှီးမြှပ်နှံဖို့ တာဝန်ရှိတဲ့ ၅၁ ရာခိုင်နှုန်းကိုလည်း ၄၀ ရာခိုင်နှုန်းအထိ ပြင်ဆင် လျှော့ချခဲ့ပါတယ်။

တတိယ ပြစ်မှုကတော့ နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်ကနေ မြန်မာ စစ်အစိုးရကို ငွေချေးရာမှာ မူလ သတ်မှတ်ထားတဲ့ ၃.၄ ဘီလီယံကနေ ၄ ဘီလီယံဘတ် တိုးမြှင့်ဖို့ ဝန်ကြီးချုပ် အမိန့်အာဏာကို အသုံးပြုခဲ့ပါတယ်။

အဲဒီ ချေးငွေတွေကနေ သူ့ရဲ့ ကိုယ်ပိုင် ရှင်း ဂြိုဟ်တုလုပ်ငန်းကနေ ဝန်ဆောင်မှုနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလို အာဏာ အလွဲသုံးစားလုပ် ငွေချေးမှုကြောင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကို ၁၂ နှစ်စာ ချေးငွေအတွက် အတိုးငွေ ပမာဏ ဘတ်သန်းပေါင်း ၆၇၀ သီးသန့် ဖယ်ထုတ်ထားဖို့ အမိန့် ပေးခဲ့ပါတယ်။

ဒီလို နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ အာဏာ အလွဲသုံးစားလုပ်ပြီး ငွေချေးမှုကြောင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒါမှမဟုတ် သွင်းကုန် ထုတ်ကုန် ဘဏ်ကနေ နောက်ထပ် တရားစွဲမှုတခု ထပ်တိုးလာဖို့ ရှိနေပါတယ်။

ဒါတွေအပြင် ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာရလာတဲ့ နိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေ အနေနဲ့ ပိုင်ဆိုင်မှု ကြေညာရပါတယ်။ အဂတိ လိုက်စားမှု ပပျောက်ရေး အမျိုးသား ကော်မရှင်ရဲ့ အချက် အလက်တွေအရ မစ္စတာ ထပ်ဆင်နဲ့ သူ့ရဲ့ဇနီး ပိုဂျမင်တို့ရဲ့ ၂၀၀၁ ခုနှစ်က တရားဝင် ပိုင်ဆိုင်မှုဟာ ဘတ် သန်းပေါင်း ၅၆၉ နဲ့ ဘတ် ၉.၉၆ ဘီလီယံ အသီးသီးဖြစ်ကြပါတယ်။ ၂၀၀၅ ခုနှစ် ရောက်တဲ့အခါ မစ္စတာ ထပ်ဆင်ရဲ့ ပိုင်ဆိုင်မှုက ဘတ်သန်းပေါင်း ၅၅၇ ထိ လျော့သွားပြီး၊ ဖိုခ်ျဂျမန်းကတော့ ၈.၈၄ ဘီလီယံအထိ ပဲရှိတယ်လို့ စာရင်းပြပါတယ်။

ဒါပေမဲ့ သူ့သားနဲ့ သမီးဖြစ်တဲ့ ဖန်းထောင်းထေ့နဲ့ ဖိန်းထောင်းထားတို့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ရှိတယ် မသိပါဘူး။ သူတို့ ၂ ဦးက အရွယ် ရောက်လာပြီဖြစ်လို့ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကြေညာစရာ မလိုတော့လို့ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ထပ်ဆင်မိသားစုရဲ့ တရားဝင် ပိုင်ဆိုင်မှုကလည်း မခန့်မှန်းနိုင်ပါဘူး။ သူ့ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်မှုတွေ အခု အစိုးရက သိမ်းယူထားတဲ့ ၇၆ ဘီလီယံဘတ်ရဲ့ အပြင်ဘက် သီးသန့်ဓနတွေလို့ ယူဆရပါတယ်။ ဒီလို ပိုင်ဆိုင်မှုတွေကို လိမ်ညာ ထွက်ဆိုမှုတွေကြောင့် နောက်ထပ် တရားစွဲဆိုမှု ၄ ခုထိ ရင်ဆိုင်ရဦးမှာပါ။

ဒါတွေအပြင် ဝန်ကြီးချုပ်အဖြစ်နဲ့ရှိစဉ်က မစ္စတာ ထပ်ဆင်ရဲ့ အာဏာအလွဲသုံးစားမှုတွေကို စုပေါင်းပြီး တရားစွဲဆိုမှု တခုနဲ့ မစ္စတာ သက်ဆက်ရဲ့ဇနီး ပိုဂျမင်ရဲ့ ရှယ်ရာအရောင်းအဝယ်၊ အပေးအယူတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှု တခုကလည်း တရားရုံးမှာ အဆင်သင့် ရှိနေပါသေးတယ်။ ပြီးတော့ အာဏာရ နိုင်ငံရေး သမားတွေအနေနဲ့ အစိုးရက ကန်ထရိုက်ချပေးတဲ့ လုပ်ငန်းတွေမှာ ရှယ်ယာ ၅ ရာခိုင်နှုန်း ထက်မပိုတဲ့ ပိုင်ဆိုင်မှုပဲ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိပါတယ်။ ဒီအချက်ကိုလည်း မစ္စတာ ထပ်ဆင် မိသားစုက ဖောက်ဖျက်တယ်လို့ ယူဆရပါတယ်။ ဒီအမှုတွေအားလုံး စုပေါင်းပြီး မစ္စတာ ထပ်ဆင်နဲ့ ပိုဂျမင်တို့ရဲ့ ပိုင်ဆိုင်မှုထဲက အာဏာရပြီးမှ ချမ်းသာလာတဲ့ ၄၆ ဘီလီယံကို သိမ်းယူဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမဲ့လည်း မစ္စတာ ထပ်ဆင်ဘက်ကတော့ ဒီလိုချမ်းသာမှုက သူ့အနေနဲ့ ရိုးရိုးသားသား ချမ်းသာလာတဲ့ ဓနတွေသာ ဖြစ်ပြီး တခြား ကုမ္ပဏီတွေလို သူပိုင် ရှင်း ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ဈေးနှုန်းတွေ တက်လာလို့ ချမ်းသာ လာတာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း သူဝန်ကြီးချုပ်ဘဝနဲ့ ရှိနေစဉ်အတွင်း အစိုးရရဲ့ ပေါ်လစီတွေမှာ သတင်း ဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးတဲ့ ပေါ်လစီတွေ ချမှတ် ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ရှင်း ကော်ပိုရေးရှင်းရဲ့ လုပ်ငန်းတွေ အမြတ်အစွန်း ရစေဖို့အတွက် အစိုးရ ဝန်ကြီးဌာနတွေကနေ အလျှော့ပေးရတဲ့ ကန်ထရိုက် စာချုပ်တွေကို ချုပ်ဆို စေခဲ့တာပါ။ ဒါကြောင့်လည်း ထပ်ဆင် မိသားစုအတွက် အကျိုးအမြတ်တွေ ရခဲ့ပါတယ်။

ထိုင်းနိုင်ငံရေးမှာ နိုင်ငံရေးသမားတွေ အာဏာအလွဲသုံးစားလုပ်ပြီး ချမ်းသာလာတာဟာ သိပ်ထူးခြားတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို နိုင်ငံရေး သမားတွေ အာဏာကို အလွန်အကျွံသုံးလို့ အာဏာသိမ်းမှု အထိ ပေါ်ပေါက်လာခဲ့တဲ့ ဖြစ်ရပ်မျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ် ချတ်ချိုင်း ချွန်ဟာဗွန် လက်ထက်မှာ အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှုတွေ ကြီးမားလွန်းလို့ စစ်တပ်ရဲ့ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ရ ဖူးပါတယ်။

အခုတခါ မစ္စတာ ထပ်ဆင် လက်ထက်မှာလည်း ဒီလို အဂတိလိုက်စားမှုတွေကြောင့် ၂၀၀၆ ခုနှစ်မှာ အာဏာ သိမ်းမှုတွေ ပေါ်ပေါက်လာပြီး မစ္စတာ ထပ်ဆင်ကို တရားစွဲဆိုတဲ့ အဆင့်အထိ ရောက်ခဲ့တာပါ။ ဒီလို သူပိုင်ဆိုင်တဲ့ ငွေကြေးတွေကို သိမ်းယူဖို့ ဆုံးဖြတ်တဲ့ အပြင် သူအာဏာရှိစဉ်က ဘဏ္ဍာရေး ဝန်ကြီးဌာနပိုင် ဘန်ကောက်မြို့လည်က မြေကွက် တကွက်ကိုလည်း သူ့ရဲ့ဇနီးကို ရောင်းချမှုမှာ ဝန်ကြီးချုပ် အာဏာကို အလွဲသုံးစား လုပ်တယ် ဆိုတဲ့ ပြစ်မှု ထင်ရှားတဲ့ အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံထားရပါတယ်။ ဒါပေမဲ့ မစ္စတာ ထပ်ဆင်ကတော့ ဒီထောင်ဒဏ်တွေကို တိမ်းရှောင်ဖို့ အတွက် နိုင်ငံခြားမှာ သွားရောက် နေထိုင်နေတာ ဖြစ်ပါတယ်။

မစ္စတာ ထပ်ဆင်ကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားမျိုး အဖြစ် ထိုင်းနိုင်ငံ တရားရေး စနစ်ကနေ အပြစ်ပေး အရေးယူ လိုက်တာဟာ နိုင်ငံရေးစနစ် တရပ် ခိုင်မာဖို့အတွက် အရေးကြီးလှ ပါတယ်။ ကျင့်ဝတ် သိက္ခာနဲ့ မညီတဲ့ နိုင်ငံရေး သမားတိုင်းဟာ အာဏာ ရလာတာနဲ့ တပြိုင်ထဲ အာဏာကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုး ရှာတတ်လေ့ ရှိပါတယ်။ ဒီလို နိုင်ငံရေး သမားမျိုးကို လူ့အဖွဲ့အစည်းက ဖယ်ထုတ်ဖို့ ခိုင်မာတဲ့ တရားရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်တွေ လိုအပ်လှပါတယ်။ ဒါ့အပြင် ပြည်သူလူထု ကလည်း ဒီလို နိုင်ငံရေး သမားမျိုးတွေကို စောင့်ကြည့် လေ့လာပြီး ဆန့်ကျင် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။

(စာရေးသူ ကျော်လင်းဦးသည် ထိုင်းနိုင်ငံ ရမ်းခမ်းဟင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိခဲ့သူ ဖြစ်သည်။)

Ref: မဇ္ဈိမ

Read More...

သိမ်ကြီးဈေး D ရုံ မီးလောင်

မျိုးသိဏ်း
တနင်္လာနေ့၊ မတ်လ ၀၁ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ လသာမြို့နယ်ရှိ သိမ်ကြီးဈေး D ရုံတွင် မီးလောင်ကျွမ်းမှု တခု ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းချိန် မိနစ်လေးဆယ်ခန့် ရှိကြောင်း သိရသည်။

လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ၂၄ လမ်းကြား အနော်ရထာလမ်းဘက် အခြမ်း သိမ်ကြီးဈေး D ရုံ၏ ပထမထပ်ရှိ စားသောက် ဆိုင်တန်းများမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့နှင့် အခြားမြို့နယ် မီးသတ် တပ်ဖွဲ့များမှ စုစုပေါင်း မီးသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် (၄)စီး၊ ကွပ်ကဲမှု ယာဉ်တစီးတို့ဖြင့် လာရောက် ငြိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၅၀ မိနစ် အချိန်တွင် လုံးဝ မီးငြိမ်းသွားခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့် စားသောက်ဆိုင်မှာ "ဝမ်ဖု" တရုတ်စားသောက်ဆိုင် ဖြစ်ပြီး ဆိုင်တာဝန်ခံ အမည်မှာ ဦးလှမျိုး (ခ) ဦးဝန်ဆင်း ဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုအား မီးဖိုမီးသုံးစွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ဦးဆောင် အရာရှိက ဆိုသည်။ ဆုံးရှုံးနစ်နာမှု တန်ဖိုးကို ခန့်မှန်း ပြောကြားရန်မူ ယင်းအရာရှိက ငြင်းဆိုသည်။

ဝိုင်းအုံကြည့်ရှုသူများမှာ အနော်ရထာ လမ်းမကြီး၊ ရွှေတိဂုံဘုရားလမ်း ဂုံးကျော်တံတား စသော နေရာများတွင် ပြည့်ကျပ် နေခဲ့သည်။

မီးသတ်တပ်ဖွဲ့မှ ယာဉ်အားလုံးမှာ အနော်ရထာ လမ်းမကြီးပေါ်တွင် နေရာယူပြီး ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည့် အပြင် ဝိုင်းအုံ ကြည့်ရှုနေသူ လူအများကြောင့် အနော်ရထာ လမ်းမကြီးအား မီးလောင်ကျွမ်းစဉ်မှ မီးငြိမ်းသတ်ပြီးသည် အထိ တနာရီ နီးပါးမျှ ပိတ်ထား ခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

အသွင်ပြောင်းရေး အချိန်တိုးပေးရန် နအဖ ထံ ‘၀’ ခေါင်းဆောင် ထပ်မံ စာရေးတောင်းဆို

Monday, 01 March 2010

ဝ ပြည်သွေးစည်းရေးတပ်မတော်ခေါင်းဆောင် ပေါက်ယူချမ်း နှင့် စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံပြီး နောက်ပိုင်း UWSP/UWSA နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးအတွက် အချိန်ထပ်တိုး ပေးရန် နအဖထံသို့ ထပ်မံ စာရေး တောင်းဆိုလိုက်သည်ဟု စုံစမ်း သိရှိရပါသည်။

“၂၇ ရက် မနက် ၈ နာရီကနေ ညနေ ၁၆း၃၀ အထိ ဗဟို ကော်မတီဝင် ၂၂ ဦး ပန်ဆန်းဌာနချုပ်မှာ အစည်းအဝေး ထိုင်တယ်။ အဲဒီ့ ကနေတဆင့် အများဆန္ဒ သဘောထားကို ကောက်ယူပြီး ဗိုလ်ရဲမြင့်ထံ အဓိက အကြောင်းရင်း ၂ ချက် တင်ပြခဲ့တယ်” - ဟု အဆိုပါ ၀ အရာရှိက ဆက်လက် ပြောပြပါသည်။

အဓိက အကြောင်းရင်း ၂ ချက်မှာ-
၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် မိုင်းပေါက် နှင့် မိုင်းဖျဲန်နယ်မြေ ကိစ္စ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခြင်း မရှိသောကြောင့် ဥပဒေကြောင်း အရ တပ်မတော် အစိုးရနှင့် ဆက်လက် ဆွေးနွေးဖြေရှင်းလိုခြင်း၊

၂။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပါတ်သက်၍ ၀ တို့၏ တင်ပြချက် ၉ ချက်အပေါ် ဖြေရှင်း ပေးစေလိုကြောင်း တပ်မတော် အစိုးရနှင့် ဆက်လက် ဆွေးနွေးနိုင်ရန် တင်ပြချက်များအား အချိန်ယူ စဉ်းစားပေးမည်ဟုလည်း မျှော်လင့်ကြောင်း စသဖြင့် တင်ပြခဲ့သည်ဟု ပြောပါသည်။

တန့်ယန်းတွေ့ဆုံပွဲ နှင့် ပတ်သက်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် အစိုးရထံသို့လည်း အလားတူ တစောင် ပေးပို့ခဲ့သည် ဟုလည်း ဆို၏။

တရုတ်ပြည် ယူနန်ပြည်နယ်အစိုးရထံပေးပို့သည့် စာတွင် ၀ ပြည်နယ် အစိုးရ တင်ပြထားသည့် အချက် ၉ ချက်အား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် အဖွဲ့ ထည့်သွင်း ဆွေးနွေးခြင်းမရှိ၊ ၀ ဘက်မှ ထိုင်နားထောင်ရခြင်း သက်သက်ဖြစ်၊ ဆွေးနွေးပွဲ အစီအစဉ် အချိန်ကာလ အားလုံး နအဖ ဘက်ကသာ သတ်မှတ်ကာ အသွင်ပြောင်းရန်သာ တဘက်သတ်ဖိပြော၊ အစည်း အဝေးမှ တိုးတက်မှု တစုံတရာ မရှိ - စသဖြင့် ရေးသား တင်ပြထားသည်ဟု ဆို၏။

ဖေဖေါ်ဝါရီ ၂၅ ရက် တန့်ယန်းဆွေးနွေးပွဲ မတိုင်မှီ ကတည်းက နယ်စပ် လုံခြုံရေး အတွက် အကြောင်းပြကာ နအဖဘက်မှ တပ်မအင်အား ၂ ခု ၀ နယ်အတွင်း ပို့ဆောင်မည့် အကြောင်း တရုတ်မှ တဆင့် ဖိအားပေးထား မှုအပေါ် “မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မဆို ၀ ပြည်နယ် အစိုးရ ခွင့်ပြုချက် မရဘဲ ၀ နယ်ထဲ ၀င်ရောက်လာပါက မိမိကိုယ် မိမိ ကာကွယ်သည့် မူအရ အသက်ရင်း ခုခံ တိုက်ခိုက်သွားမည်” ဟူ၍လည်း အတိအလင်း ပြောကြား ခဲ့သေး၏။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ (မွန်းလွဲပိုင်း၌ တွေ့ဆုံ၊ ၂၆ ရက်နေ့ပြန် လည်ထွက်ခွာ) တန့်ယန်းတွေ့ဆုံ ဆွေးနွေးပွဲအား ၀ ပြည် သွေးစည်းရေးပါတီ ဥက္ကဌပေါက်ယူချမ်း ကိုယ်တိုင် သွားရောက်ခြင်းသည် တရုတ်မှ ဖိအားပေးမှုကြောင့် ဟု ဆိုနိုင်သော်လည်း နအဖ နှင့် ၀ အကြား ဆွေးနွေးမှုတွင် နအဖ သဘောထား မည်မျှ တင်းမာသည်ကို တရုတ်တို့အား လက်တွေ့ ရှုမြင်လိုသည့် ဆန္ဒကြောင့်လည်း ဖြစ်ကြောင်း ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍ ဝတပ်ဖွဲ့ တုံ့ပြန်

ပေါက်ပေါက်/ ၁ မတ် ၂ဝ၁ဝ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့က ၎င်းတို့၏ တောင်းဆိုချက် (၉) ချက်ကို နအဖက ပယ်ချနေသည့် ကြားကပင် လိုက်လျောပေးရန် ယမန်နေ့က ထပ်မံ တောင်းဆိုလိုက်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် ယမန်နေ့၌ ဝတပ်ဖွဲ့က ယင်းသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွား အတွက် ယမန်နှစ်၊ နိုဝင်ဘာ (၁၄) ရက်က တန့်ယန်းမြို့တွင် တင်ပြထားသည့် တောင်းဆိုချက် (၉) ချက်ကို လိုက်လျော ပေးပါက နယ်ခြားစောင့် တပ်ကို လက်ခံသွားမည် ဖြစ်ကြောင်း ဝ တပ်ဖွဲ့က အကြောင်းပြန်ခဲ့သည်ဟု ဝ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ နိုဝင်ဘာ တန့်ယန်းမှာ တောင်းဆိုထားတဲ့ (၉) ချက်ကိုပဲ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထပ်ပြီး တောင်းဆိုရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း နေပြည်တော်ကို တင်လိုက်တယ်၊ ဟိုကတော့ ဘာမှမပြောဘူး။ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။

မိုင်းပေါက်နှင့် မိုင်းဖြန်အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး အတွင်း (၆) မြို့နယ် အစား (၇) မြို့နယ်အဖြစ် ဖွဲ့စည်းသွားရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝ တပ်ဖွဲ့များ အခြေစိုက်ရာ ဝမ်ဟုန် စစ်ဒေသအား ဝ အုပ်ချုပ်ခွင့်ရ ဒေသ ဖွဲ့စည်းရေး၊ ဝမ်ဟုန်နှင့် ပန်ဆန်းဟူ၍ စစ်ဒေသခွဲ (၂) ခု သတ်မှတ်ကာ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို ဝ တပ်ဖွဲ့က တာဝန်ယူရေး၊ ဒု-စစ်ဒေသမှူးနှင့် ဒု-စစ်ဦးစီးမှူးဟူ၍ (၂) ဦးစီ ထားရှိမည်ဖြစ်ပြီး (၁) ဦးစီကို နအဖဘက်က တာဝန်ယူရေး၊ တပ်ရင်းအဆင့်တွင် ဝ တပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းရေးဟူ၍ တောင်းဆိုထားသည်။

ထို့အပြင် ကျန်းမာရေး၊ သင်တန်းနှင့် ထောက်ပံ့ရေး ကိစ္စအား နအဖဘက်က တာဝန်ယူရေး၊ နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်တော့သည့် တပ်ဖွဲ့ဝင်များအား ပင်စင်လစာ (၅) နှစ်စာ အတွက် တလုံးတခဲတည်း ပေးရေး၊ မိဘမဲ့ ကလေးများနှင့် စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ဒုက္ခိတများအား နအဖဘက်က ကူညီထောက်ပံ့ရေး၊ အသွင် ကူးပြောင်းပြီး နောက်ပိုင်း တရားဥပဒေ ချိုးဖောက်ခြင်း မရှိတော့လျှင် ယခင်က ဥပဒေ ချိုးဖောက်ခဲ့သူများနှင့် မည်သည့် အဖွဲ့တွင် ပါဝင်ခဲ့သူများကို မဆို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၎င်းတို့၏ အသက် အိုးအိမ်စည်းစိမ်ကို လုံခြုံမှု အာမခံချက် ပေးရန် စသည့် အချက်များကို ထည့်သွင်း တောင်းဆိုထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝ တပ်ဖွဲ့၏ နယ်မြေများ တောင်းဆိုမှုမှာ မဖြစ်နိုင်တော့ကြောင်း ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် ဖေဖော်ဝါရီတွင် တွေ့ဆုံစဉ်၌ နအဖဘက်က ပြောဆို ထားခဲ့သည်ဟု အဆိုပါ ဝ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “၂ဝဝ၈ ဖွဲ့စည်းပုံကို မြန်မာတပြည်လုံးက တခဲနက် ထောက်ခံထားပြီးသားပေါ့။ ဖွဲ့စည်းပုံကို ပြန်ပြင်လို့ မရတော့ဘူး ဆိုတဲ့ အချက်နဲ့ ပယ်ချထားပြီးသား။ အဲဒါကို ထပ်တောင်းတယ် ဆိုတော့ ဝ အနေနဲ့ နယ်ခြားစောင့်တပ် လုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ပြန်ပြောလိုက်တဲ့ သဘောပဲ” ဟု ပြောသည်။

ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်အား တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖဘက်က အကြိမ်ကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ပေါက်ယူချန်း ဦးဆောင်သည့် ဝ ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံစဉ် ဝ ၏ တောင်းဆိုမှုကို နအဖဘက်က ငြင်းပယ်ပြီးနောက် ယခုကဲ့သို့ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, March 1, 2010

ဝ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်

Friday, 26 February 2010 19:49

ဝ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့တွေ့သည် ဖြစ်စေ မတွေ့သည်ဖြစ်စေ နယ်စပ် လုံခြုံရေးအရ ၀ နယ်မြေ အတွင်း တပ်မ နှစ်ခုပို့မည် ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ မထွက်ခွါမှီ တရုတ်မှ တဆင့် ဖိအားပေးခဲ့သည် ဟု စုံစမ်း သိရှိရပါသည်။

“၀ ဥက္ကဌ တန့်ယန်းကို မဖြစ်မနေသွားဖို့ခေါ်တာက ဗမာစစ်ခေါင်းဆောင်တွေ၊ ကြားဝင် ကမ်းလှမ်း တိုက်တွန်း ဖြောင်းဖြ ပေးတာက တရုတ်တွေလေ။ တရုတ်က - ခင်ဗျားတို့ သွားတွေ့လိုက်ပါ ကောင်းဖို့ အတွက်ဘဲ၊ အဖမ်းအဆီး မရှိစေရဘူး၊ နောက်တခု ခင်ဗျားတို့ သွားတွေ့တွေ့ မတွေ့တွေ့ ခင်ဗျားတို့ နယ်မြေထဲ သူတို့ တပ်မ ၂ ခု ပို့မယ်လို့ ပြောတယ်။ နောက်ပြီး ဗိုလ်ရဲမြင့်တို့ ပန်ဆန်းကို မလာနိုင်တာက သူတို့က အစိုးရ - ခင်ဗျားတို့ဆီ လာရမယ် ဆိုတာ ထုံးမရှိဘူးတဲ့” - ဟု တရုတ် ဆက်ဆံရေး အရာရှိများ ပြောကြောင်း အဆိုပါ ၀ အရာရှိက ဆက်လက် ပြောပြ၏။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ ပြည်သွေးစည်းရေး ပါတီ ဥက္ကဌ ပေါက်ယူချမ်း ခေါင်းဆောင်သည့် အင်အား ၁၆၀ (ကား ၂၁ စီး) ပါ အဖွဲ့ တဖွဲ့ တန့်ယန်းသို့ ထွက်ခွါသွားကြောင်း၊ မသွားမှီ အချိန်အထိ တရုတ်ဘက်မှ အကြိမ်ကြိမ် ဖိအား ပေးသောကြောင့် ဟု ဆိုပါသည်။

ဝ နယ်အတွင်း နအဖတို့ တပ်မ ၂ ခု ပို့မည့် အကြောင်းနှင့် ပတ်သက်၍ “ဒု စစ်ဦးစီးချုပ် ကျောဝ့်ကျုံးတန်း တယောက် ဥက္ကဌ ကြီးနှင့်အတူ လိုက်မသွားခြင်းသည် စစ်ရေးကိစ္စ အသင့်ရှိနေဖို့ ဖြစ်ကြောင်း” ၀ တပ်မတော် စစ်ဘက်ရေးရာ တာဝန် ရှိသူတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက်ပြောပါသည်။

“ ဗမာစစ်ခေါင်းဆောင်တွေရဲ့ မရိုးသားမှုတွေကို နားလည်ပြီး ကြားဝင် စေ့စပ်ပေးတဲ့ တရုတ်က ဘက်မလိုက် ရင်တော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်နိုင်မယ်။ ကိုးကန့် အရေးအခင်း တုန်းကဆို တရုတ်က အလိမ်ခံလိုက်ရ တယ်လေ။ အခုလဲ နယ်စပ် လုံခြုံရေးကို အကြောင်းပြပြီး တပ်မ ၂ ခု ပို့မယ် ဆိုတာကြီးက တမင် ခြိမ်းခြောက်ချင်တဲ့ သဘော၊ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ ကောင်းဖို့ အလားအလာလဲ မရှိနိုင်ဘူး”- ဟု လည်း ထောက်ပြသည်။

အကဲခတ်သူ သတင်းသမားတဦးက - “နအဖ က လည်တယ်။ သူ့ဘက်မှာ တရုတ် ရပ်တည်နေတယ် ဆိုတာ ပြတဲ့ အနေနဲ့ ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ အထက်သံလွင် (ကွမ်လုံ) ရေအားလျှပ်စစ် စီမံကိန်း သဘောတူ လက်မှတ်ထိုးပွဲ သတင်းကို ပထမ စာမျက်နှာမှာ ဖေါ်ပြထားတယ်” - ဟု ပြော၏။

ဗိုလ်ချုပ်ရဲမြင့်သည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ - မက်မန်း (မှော်ဖ ဒေသ) မှ တဆင့် သံလွင်မြစ်အတိုင်း ရဟတ် ယာဉ်ဖြင့် ဆန်တက်ပြီး တန့်ယန်းမြို့သို့ မွန်းလွဲ ၂ နာရီကျော်တွင် ရောက်ရှိကြောင်း၊ တရုတ်သံတမန် အဖွဲ့နှင့် နအဖ အထူးစစ်ဆင်ရေး မှူးများလည်း တွေ့ဆုံပွဲသို့ လိုက်ပါလာ ကြကြောင်းလည်း သိရှိရသည်။

တရုတ်သံတမန်များ ကြားဝင်နားထောင်ပေးသည့် ယခု ၀ ခေါင်းဆောင် ပေါက်ယူချမ်းအဖွဲ့ နှင့် နအဖ ကိုယ်စား လှယ်တို့၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၌ တန့်ယန်း စစ်ဗျူဟာ ရုံးတွင် အကြိတ်အနယ် ဆွေးနွေးကြကြောင်း၊ ၀ ခေါင်းဆောင် တင်ပြချက် အားလုံးလည်း နအဖ က တခုမှ လက်မခံဘဲ လုံးဝ ပါယ်ချလိုက်ကြောင်း၊ ထို့ကြောင့် ယခုတွေ့ဆုံပွဲမှလည်း အပေါင်းလက္ခဏာ တစုံတရာမှ မဆောင်ဘဲ ဌာနချုပ် ပန်ဆန်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်ဟု သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့