..............................

Friday, March 9, 2012

ဒေါ်စု ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ဆုချီးမြင့်

နန္ဒာချမ်း
ကြာသပတေး, 08 မတ် 2012

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် (John Baird) ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး - ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ အပါအ၀င် ဖွံ့ဖြိုးမှု အကူ အညီပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆု ပေးအပ် ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာနေတွေ အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့အတွက် ပထမဆုံး အကြိမ် သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် ဟာ - ကြာသပတေးနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။ ၁ နာရီကျော်ကြာ တွေ့ဆုံ ခဲ့ပြီးနောက် - ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ဘာဒ့် က ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဟာ နိုင်ငံတကာက မျှော်လင့်သလို ဖြစ်-မဖြစ် စောင့်ကြည့်ပြီးတော့မှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးကိစ္စ စဉ်းစားမယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း ဒီသတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက အခုလို ပြောပြပါတယ်။

“အဓိကကတော့ ထုံးစံအတိုင်းပါပဲ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ မျှတမှု - အများ လက်ခံနိုင်မှု ရှိ-မရှိ ဆိုတာကို ကြည့်ပြီးတော့မှပဲ သူကို ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုေ တွအားလုံးကို သူတို့ ပြန်ပြီး ရုတ်သိမ်း သွားမှာပေါ့နော်။ ဒါပေမဲ့ လုပ်သွားမယ် အဓိကပိုင်းတွေက လူမှုရေး အကူအညီတွေ ဖြစ်ဖို့များတယ်။ အဲ့ဒီအကြောင်းကို သတင်းစာ ရှင်းလင်းပွဲ မှာ သတင်းထောက်တွေကို ပြော သွားတယ်ခင်ဗျ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးခံစား ခွင့်ရမယ့် အကူအညီ ပေးမျိုးတွေ ကို ပေးအပ်ဖို့ တောင်းဆို ခဲ့တယ်လို့ အဲ့ဒီ သတင်းထောက်က ဆက်ပြောပြ ပါတယ်။

“အဓိကကတော့ ပြည်သူတွေကို အကျိုးတိုက်ရိုက်သက်ရောက်မယ့်ဟာပေါ့ - ဥပမာဗျာ - သူဆိုလို ချင်တာကို ကျနော်တို့ ထင်တာ ကတော့ ကြားခံနဲ့ မဟုတ်ဘဲနဲ့ ပြည်သူတွေဆီကို တိုက်ရိုက် ရောက်မယ့် အလှူမျိုးပဲလို့ ပြောရမှာပေါ့ အဲ့လို အပိုင်းတွေမှာ အန်ဂျီအိုနဲ့ပဲ ဖြစ်ဖြစ် အိုင်အန်ဂျီအို နဲ့ပဲဖြစ်ဖြစ် တွဲပြီး လုပ်သွားဖို့ပေါ့”

အဲ့ဒီနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာဒ့် ဟာ သတင်းထောက်တွေရှေ့မှာပဲ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆု တရားဝင် ပေးအပ် ခဲ့ပါတယ်။ မစ္စတာဘာ့ဒ် ဟာ ဒေါ် အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် - နေပြည်တော်မှာ အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့သလို - သမ္မတ အိမ်တော်မှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီလို တွေ့ဆုံ ခဲ့ပြီးမှာ ရန်ကုန်ကို ထွက်ခွာလာပြီး - ညနေပိုင်းမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ၁၉၈၈ ခုနှစ် ကတည်း က မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ မရောင်းဖို့နဲ့ အကူအညီ ပေးအပ်တာတွေ မလုပ်ဖို့ ကနေဒါနိုင်ငံက တားမြစ် ထားတာပါ။ ၂၀၀၇ ခုနှစ် သံဃာတော် တွေရဲ့ နှိမ်နင်းမှုတွေ နောက်ပိုင်းမှာလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေကို တိုးမြှင့် ချထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဆောင် လာရာက အပြန်အလှန် သံအမတ်ကြီးတွေ ခန့်ထားတာလို ဆက်ဆံရေး တွေမှာ တိုးမြှင့် လာခဲ့တာပါ။ တချိန်တည်းမှာပဲ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဖယ်ရှားရေး အတွက်ကို တော့ နိုင်ငံရေးအရ တိုးတက်မှု တွေဟာ ခိုင်ခိုင်မာမာ ဖြစ်-မဖြစ် စောင့်ကြည့်လိုတဲ့ ဆန္ဒရှိကြောင်း ကနေဒါ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုနေတာ လည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

ရွေးကောက်ပွဲ မသမာမှု ရှိမှာ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

ဒေါ်မေငြိမ်း
ကြာသပတေး, 08 မတ် 2012

မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ဆိုရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ခိုင်ခိုင်မာမာ ရှိဖို့၊ အထူးသဖြင့် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ မှန်မှန် ကန်ကန် ဆောင်ရွက် ရလိမ့်မယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲ လာနေတဲ့ အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့ အတွက် ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘာဒ့် ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ခဲ့ပါတယ်။

တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘာဒ့် က ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ နိုင်ငံတကာက မျှော်လင့်သလို ဖြစ်-မဖြစ် စောင့်ကြည့်ပြီး တော့မှ မြန်မာနိုင်ငံအ ပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးကိစ္စ စဉ်းစားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“နောက်ထပ် ဖွံ့ဖြိုးရေး အကူအညီတွေ ကျနော်တို့ ပေးချင်ပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်း ပေးချင် ပါတယ်။ ဒါပေမဲ့လည်း မဲပေးချိန်မှာ ဘယ်လို ဆောင်ရွက်သလဲ ဆိုတာကို တွေ့ရတဲ့ အချိန်မှပဲ ဒါဟာ ဖြစ်နိုင်ပါလိမ့်မယ်။”

ကနေဒါနိုင်ငံဟာ တခြား အနောက်နိုင်ငံတွေလိုပဲ စစ်အစိုးရအုပ်ချုပ်စဉ်ကာလ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ အထဲ ပါဝင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူး ဆိုပြီး ၁၉၈၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ မရောင်းဖို့နဲ့ အကူအညီ ပေးအပ်တာတွေ မလုပ်ဖို့ ကနေဒါ နိုင်ငံက တားမြစ် ထားတာပါ။ ၂ဝဝ၇ ခုနှစ် သံဃာတော် တွေကို နှိမ်နင်းမှုတွေ နောက်ပိုင်း မှာလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေကို တိုးမြှင့် ချထားခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲအတွက် အာဏာပိုင်တွေ ဆောင်ရွက်ရာမှာ မမှန်မကန် လုပ်ရပ်တွေ တွေ့နေရတဲ့ အကြောင်း ပြောပါတယ်။

“ မဲဆန္ဒရှင် စာရင်းတွေမှာ မမှန်ကန်တဲ့ ကိစ္စတွေ တော်တော်များများ ရှိနေတာကို ကျမတို့ တွေ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဒါနဲ့ ပတ်သက်လို့ တခုခုလုပ်ဖို့ အတွက်လည်း ကျမတို့ အကြောင်းကြား ထားပါတယ်။ ဒါကြောင့်လည်း ကျမတို့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် ခြေလှမ်းတွေ လှမ်းဖို့ အတွက် စဉ်းစား ဆုံးဖြတ်တာ တွေ မလုပ်ခင်မှာ ရွေးကောက်ပွဲမှာ ဖြစ်လာမယ့် အခြေအနေတွေနဲ့ လွတ်လပ် မျှတမှုရှိအောင် သေချာနီးနီးကပ်ကပ် စောင့်ကြည့် စေချင်ပါတယ်။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird နဲ့ မနေ့က တွေ့ဆုံအပြီးမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ မသမာမှုဆိုတာနဲ့ ပတ်သက်ပြီး ပြောဆို ရာမှာ မဲဆန္ဒရှင် စာရင်းထဲမှာ ကွယ်လွန်ပြီးသား သူတွေရဲ့ နာမည်တွေပါ ပါနေတဲ့ကိစ္စကို ဥပမာပေးပြီး ပြောဆို ခဲ့တာလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ဟောပြောဖို့အတွက် ဘောလုံးကွင်း၊ အားကစားကွင်း တွေကို အသုံးပြုခွင့် မပေးဘဲ အစိုးရက တားမြစ်တဲ့ ကိစ္စတွေကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောဆို နေတာ ရှိပါတယ်။ ခုလာမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲဟာ လစ်လပ်နေရာ ၄၈ နေရာအတွက် ပြုလုပ်မှာ ဖြစ်ပါတယ်။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာပဲ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ၊ ပွင့်လင်း မြင်သာမှု ရှိမရှိ ဆိုတာကို ကမ္ဘာက စောင့်ကြည့်နေမှာ ဖြစ်ပြီး တကယ်လို့သာ ဒီအခြေအနေ တွေနဲ့ မပြည့်စုံခဲ့ဘူး ဆိုရင် ကနေဒါ နိုင်ငံ အနေနဲ့လည်း ဒီအနေအထားကို ဆက်ပြီး စောင့်ကြည့် သွားရမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးခံစားခွင့် ရမယ့် အကူအညီပေးမျိုးတွေ ကိုတော့ ပေးအပ်ဖို့ တောင်းဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်လထဲ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာက စိတ်ဝင်စား နေချိန်မှာ အာဆီယံ အဖွဲ့ကြီးကလည်း လေ့လာ စောင့်ကြည့်တဲ့ အဖွဲ့တဖွဲ့ လာရောက်ချင်ကြောင်း မြန်မာ အစိုးရကို ကမ်းလှမ်းထားပြီး မြန်မာ အစိုးရက စဉ်းစားမယ်လို့ အကြောင်းပြန် ထားခဲ့ပေမဲ့ ခုထိတော့ တစုံတရာ တရားဝင် ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒီသတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာဒ့် ဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆု တရားဝင် ပေးအပ်ခဲ့ပါတယ်ရှင်။

Ref: VOA News

Read More...

ကြိုတင်မဲ မသမာမှုကို ချိပ်ပိတ် အမှတ်အသားဖြင့် ကာကွယ်မည်ဟု ဆို

မျိုးသန့်
ကြာသပတေးနေ့၊ မတ်လ ၀၈ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲ မသမာမှုများကို ကာကွယ်နိုင်ရန် ကြိုတင်မဲ အထုပ် များကို ကိုယ်စားလှယ်လောင်း တဦးချင်းစီ၏ ကိုယ်ပိုင် အမှတ်အသားဖြင့် ချိပ်ပိတ် သိမ်းဆည်းသည့် နည်းလမ်းကို မိမိတို့ ပါတီက အသုံးပြု သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သူ တဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။

"ကိုယ့်အမှတ်အသားနဲ့ကိုယ် ချိပ်တံဆိပ်တွေကို အမှတ်အသား လုပ်ထားဖို့။ ကိုယ်ရတဲ့မဲကို စည်းထားပါ။ ကိုယ့်ချိပ်နဲ့ကိုယ် ပိတ်ထားမယ်" ဟု ဒေါ်ခင်မိုးမိုက ပြောသည်။

NLD ကိုယ်စားလှယ်လောင်းများ အနေဖြင့် ချိပ်ပိတ်ရန် ကြိုက်နှစ်သက်ရာ အမှတ်အသားဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေတွင်လည်း ပါတီအသီးသီးမှ မဲရုံ ကိုယ်စားလှယ်များသည် "ကြိုတင် ဆန္ဒမဲ လက်မှတ်များ အားလုံးကို ရေတွက် ပြီးစီးသည့် အခါ မဲရုံမှူးသည် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးချင်းစီ ရရှိသည့် ဆန္ဒမဲ လက်မှတ်များနှင့် ကြိုတင် ဆန္ဒမဲ လက်မှတ်များကို သီးခြား အိတ်များတွင် ထည့်ကာ လုံခြုံအောင် ပိတ်ပြီး ချိပ်တံဆိပ် ရိုက်နှိပ်ရမည်။ ယင်းမဲရုံမှ မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူ ကိုယ်စားလှယ် များအားလည်း ချိပ်တံဆိပ် ရိုက်နှိပ်ခွင့် ပေးရမည်။" ဟု ပုဒ်မ ၆၆ (ဆ) တွင် ပြဋ္ဌာန်း ထားသည်။

ဥပဒေပါ ထိုအခွင့်အရေးကို ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်းက အသုံးမချ နိုင်ခဲ့၍ ကြိုတင်မဲ မသမာမှုများ ကြုံတွေ့ ခဲ့ရသည် ဟုလည်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

"ကြိုတင်မဲတွေကို ချိပ်ပိတ်ပြီးတော့ အထုပ်စည်းထားရမယ့်ဟာကို မြွေရေခွံ အိတ်ကြီးနဲ့ ၁၂ နာရီ တခေါက်၊ ၁ နာရီ တခေါက်၊ မိုးလင်းတော့ တခေါက်၊ အဲဒီလို ရောက်ချင်သလို ရောက်လာတယ်ဗျာ။ မိုးလင်းအထိ ကြိုတင်မဲတွေ ထပ်ရောက်လာပြီး ရှုံးတယ် ဆိုတော့ ကျနော်တို့လူတွေ ညံ့လို့ မဟုတ်ပါဘူး။ တရားမဲ့ ပြုကျင့်တာတွေ ကတော့ အများကြီးပဲ" ဟု ပြောသည်။

ကြိုတင်မဲကို မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများ၊ ကျောင်းသားများ၊ အချုပ် ကျခံနေရ သူများ၊ ရောဂါ ဝေဒနာ ခံစား နေရသူများ၊ ဆေးရုံ တက်နေသူများ၊ အသက်အရွယ် ကြီးရင့် နေသူများသာ ပေးပိုင်ခွင့် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ နှိုးဆော်ထားသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၁ တွင် "သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်း ရေတွက်ခြင်း မပြုရ" ဟု ပြဋ္ဌာန်း ထားသော်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းကမူ ကြိုတင်မဲများ ညသန်းခေါင်ယံ အချိန်အထိ မဲရုံ အသီးသီးသို့ ထပ်မံ ရောက်ရှိ လာခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းများ မှာလည်း အမည်မှားခြင်း၊ မှတ်ပုံတင် အမှတ် လွဲမှားနေခြင်း၊ သေဆုံးပြီးသူ အမည်များ ပါဝင်နေခြင်း အသက် မပြည့်သေးသူများ၏ အမည်များ ပါဝင်နေခြင်း စသည်တို့ ဖြစ်ပေါ် နေသည်ဟု မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ NLD ပါတီတို့က ပြောသည်။

ထိုသို့ မဲစာရင်းများ မှားယွင်းမှုကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မတ်လ ၆ ရက်နေ့ အထိ အချိန် ပေးထားသော်လည်း အချိန် မလုံလောက်၍ မတ်လ ၂၁ ရက်နေ့အထိ အချိန် တိုးမြှင့်ပေးရန် NLD ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆို ထားသည်။

Ref: မဇ္ဈိမ

Read More...

NLD ကိုယ်စားလှယ်တွေ အားကိုးထိုက်အောင် ကြိုးစားဖို့ဒေါ်စု တိုက်တွန်း

သင်းသီရိ
ကြာသပတေး, 08 မတ် 2012

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အားကိုးထောက်ခံကြတဲ့ လူထုအတွက် NLD ပါတီရဲ့ ကိုယ်စား လှယ်လောင်း တွေဟာ လုပ်ငန်း တာဝန်တွေကို အင်တိုက်အားတိုက် ကြိုးပမ်း လုပ်ဆောင်ဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်၊

ဒီကနေ့ ရန်ုကုန် ဗဟန်းရွေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်တွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ ၀င်ကြ မယ့် ကိုယ်စားလှယ် လောင်းတွေ တွေ့ဆုံမှုတွင်း အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ အတွက် တရားမဲ့ ပြုကျင့်မှုတွေ ရှိနေတာတွေနဲ့ ပတ်သက်လို့လည်း ဆွေေးနွး ခဲ့ကြပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဗဟိုအောင်နိုင်ရေး အဖွဲ့ တာဝန်ခံ ဦးတင်ဦး အပြင် ရွေးကောက်ပွဲ ၀င်ကြမယ့် ကိုယ်စားလှယ်လောင်း ၄၇ ဦး တခါ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံတွေဟာ ဒီကနေ့ မတ်လ ၈ရက် ကြာသာပတေးနေ့ မနက်က ဗဟန်း ရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ် မှာ ကြားဖြတ် ရွေးကောက်ပွဲ အတွက် တွေဆုံ ဆွေးနွေး ခဲ့ကြပါတယ်၊

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ကို အားပေးထောက်ခံကြတဲ့ လူထုအတွက် NLD ကိုယ်စားလှယ် တွေဟာ ကိုယ်ရဲ့ တာဝန်တွေကို အင်တိုက် အားတိုက် ကြိုးပမ်း လုပ်ဆောင်ဖို့ အဓိက တိုက်တွန်း သွားတယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲဝင် တဦးလည်း ဖြစ် မန္တလေးတိုင်း ထဲက မဟာအောင်မြေ မဲဆန္ဒ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင် မယ့် သူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်၊

“ဥက္ကဌက နယ်အတော်များများကို စည်းရုံးရေးခရီးထွက်ခဲ့ပြီးပါပြီတဲ့ ထွက်တဲ့အခါမှာ အခြေအနေ တွေကိုလည်း တော်တော်ကို သိခဲ့ရပါတယ်။ အခြေအနေတွေက အကြမ်းဖျဉ်း ပြောရမယ် ဆိုရင် တော့ ပြည်သူ လူထုဘက်က အင်မတန့်ကို ကောင်းပါတယ်။ လိုအပ်ချက်တွေ ရှိနေတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဆင့်ဆင့်သော တာဝန်ရှိတဲ့သူတွေ ဘဲလို့ပြောရမယ်တဲ့။ နောက် ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ တရားမဲ့ ပြုကျင့်မူတွေလည်း တော်တော် များများ ကြား နေသိ နေရတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့လည်း ရွေးကောက်ပွဲရဲ့ ကမ်ပိမ်း မန်နေဂျာဖြစ်တဲ့ ဦးညဏ်ဝင်းက နောက်ပိုင်းမှာ ရှင်းပြမယ်။ အနှစ်ချုပ် သူပြောချင်တာ ကတော့ ပြည်သူလုထုဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အားကိုးတယ်၊ ထောက်ခံတယ်၊ ဒါဟာ သိပ်ထင်ရှား နေပါတယ်။ အဲဒီအားကိုးမူ ထောက်ခံမူတွေနဲ့ တန်အောင်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း လုပ်ပြရ မယ်ဆိုတာကို ကိုယ်စားလှယ် လောင်းတွေကို သတိပေး ချင်ပါတယ်။ ကိုယ်စားလှယ်လောင်း အားလုံး အနိုင် ရရှိရေးအတွက် ပြည်သူလူထုကို ဦးဆောင် စည်းရုံးပြီးတော့ အောင်မြင် အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်း ပါတယ်လို့ အလေးအနက် ပြောကြား သွားပါတယ်။”

ရွေးကောက်ပွဲ မတိုင်ခင် နယ်မြေတချို့ မှာ အာဏာသုံးကာ တရားမဲ့ပြုကျင့်မှု အခြေအနေတွေ၊ တရားမ၀င် မဲဆွယ် စည်းရုံးမှု အခြေအနေ တွေကိုလည်း ဘယ်လို ကန့်ကွက် တိုင်ကြားကြမလဲ ဆိုတာလည်း ဆွေးနွေးခဲ့ သလို ကြိုတင်မဲကို လည်း ဘယ်လို မှန်ကန်မှု ရှိအောင် လုပ်မလဲ ဆိုတာတွေကိုလည်း တိုင်ပင်ခဲ့ကြတယ်လို့ လည်း ဦးအုန်းကြိုင်က ပြောပါ တယ်။

“ရွေးကောက်ပွဲတရားမဲ့လုပ်ဆောင်မူလို့ ခေါ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ပဲခူးတိုင်းက တချို့မြို့နယ် တွေမှာ ဆင်းရဲ မွဲတေမူ တိုက်ဖျက်ရေး ဆိုတဲ့ ကမ်ပိမ်းကို အခုမှ စပြီး အကောင်အထည် ဖော်ပါတယ်။ အဲ့မှာ သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးတို့ ၊ ပြည်နယ်တိုင်း ၀န်ကြီးတို့က ပိုက်ဆံ သိန်း သုံးလေးရာနဲ့ ပြည်သူလူထုကို ချေးဖို့ ဆိုပြီး ရောက်လာပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးက ကိုယ်စား လှယ်လောင်းကလည်း အတူ ပါလာပါတယ်။ နောက် သူတို့ အဖွဲ့ဝင် တွေကိုလည်း အတူတူ ခေါ်လာပါတယ်။ နောက် ခေါ်လာပီးတော့ အဲဒီ ကိုယ်စားလှယ်လောင်းနဲ့ အဖွဲ့ဝင်တွေ ရှေ့မှောက်ပဲ ကျေးလက် ပြည်သူတွေကို ခေါ်ပြီးတော့ ပိုက်ဆံတွေ ထောက်ပံ့ငွေတွေ ထုတ်ချေးတာတွေ ရှိပါတယ်။ အခု စစ်ကိုင်းတိုင်း ဘက်က မဲဆန္ဒနယ် တစ်ခုမှာဆိုရင် ကိုယ်စားလှယ်လောင်း က ပြည်ထောင်စု ၀န်ကြီး တစ်ယောက်ရဲ့ ယောက်ဖ တော်ပါတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့ ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စု ၀န်ကြီး ကိုယ်တိုင်က သူ့ရဲ့ မဲဆန္ဒနယ်ထဲက သူပိုင်တဲ့ရွာတွေကို လှည့်ခေါ်သွားပြီးတော့ အဲ့ဒီ့ရွာတွေ ကို တံတားဆောက်ဖို့ ဘယ်လောက် ကျောင်းဆောက်ဖို့ ဘယ်လောက် ဘာပြုပြင်ဖို့ ဘယ်လောက် ဆိုပြီးတော့ ပိုက်ဆံတွေ ထောက်ပံ့ နေတာမျိုးတွေလည်း လုပ်ပါတယ်။ ဒါမျိုးတွေ တွေ့ရတဲ့ အကြောင်းကို တင်ပြကြပါတယ်။”

မန္တလေးတိုင်းထဲက မဟာအောင်မြေ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိင်ပါ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အဓိက ပြသနာ တခု ဖြစ်နေတာကတော့ မဲဆန္ဒရှင်တွေရဲ့ အမည်စာရင်းတွေ မှားယွင်း နေတာ ဒီပြသနာကို ဆွေးနွေးခဲ့ ကြပါတယ်။ ဒီအခြေ အနေတွေပေါ် ရွေးကောက်ပွဲကော်ရှင်က သတ်မှတ် ထားတဲ့ ရက်ထက်ပိုပြီး ခွင့်ပြူချက်ပေးဖို့ NLD ပါတီကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို မေတ္တာရပ်ခံစာ တစောင်ပို့ထားပါတယ်။ ဒါပေမဲ့ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ စာရင်း အတိအကျ ဖြစ်အောင် မဲပေး ကြရမယ့် ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ လုပ်သွားမယ်လို့ မင်္ဂလာ တောင်ညွန့်မြို့ နယ် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ် ဖြူဖြူသင်းက ပြောပါတယ်။

“နံမည်ကအစ မှတ်ပုံတင်ကအစ ပုံလွဲနေတာတွေရှိတယ်။ တချို့တွေကျတော့လည်း အသက်မပြည့် သေးတဲ့ ကလေးတွေက မဲပေးနိုင်တဲ့ စာရင်းထဲမှာ ပါပြီးတော့ တကယ် မဲပေးရမယ့် စာရင်းတွေက ပါမလာဘူး။ တချို့ဆိုရင် အစုလိုက် အဝေးလိုက်တွေ ထောင်နဲ့ ချီပြီးတော့ ကို ပိုနေတဲ့ စာရင်းတွေကို တွေ့ရတယ်။ ကွာဟနေတာတွေ ကွဲလွဲ နေတာတွေကို ကျမတို့ အတတ်နိုင်ဆုံး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လုပ်နေတယ်။ သူတို့ နောက်ဆုံးရက် သတ်မှတ်မှတ် မသတ်မှတ်မှတ် ကျမတို့ လုပ်သင့် လုပ်ထိုက်တာတော့ အကုန်လုံး လုပ်နေပါတယ်။”

အလားတူ ဧရာဝတီတိုင်းအတွင်းမှာဆိုရင်လည်း အခုလိုပြသနာတွေမျိုးတွေရှိနေတယ်လို့လည်း ဖျာပုံ မဲဆန္ဒ နယ်ရဲ့ ကိုယ်စားလှယ် ဦးသိန်းဆွေက ရှင်းပြ ပါသေးတယ်။

“အခက်အခဲကတော့ ကျတော်တို့ခုနက ပြောသလိုပဲ ဒီမဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို တိတိကျကျ ကျတော်တို့ အနေနဲ့ ဆောင်ရွက် ပေးဖို့လိုတယ် နောက်တစ်ခါ ကျတော်တို့မဲစာရင်းတွေကို သွားပြီး တော့ကူးတဲ့ အခါမှာ ကူးခွင့်မပေးဘူး မလိုအပ်ဘူး မင်းတို့တွေ ဘာမှ ဒီဟာနဲ့ ပတ်သတ်ပြီးတော့ ကူးစရာလည်း မလိုအပ်ဘူး ပြောစရာလည်း မလိုအပ်ဘုး ဆိုပြီး အဲ့တာမျိုး ပြောဆိုတဲ့ ရပ်ကွက် ကျေးရွာ စာရင်းတွေတော့ ရှိတယ်ပေါ့လေ အဲ့တာကိုလည်း သက်ဆိုင်ရာ ကော်မရှင်ကိုလည်း တင်ပြ ထားပါတယ်။”

ဒီလိုကြုံနေရတဲ့ ပြသနာတွေကို အချက်အလက်ပြည့်ပြည့်စုံစုံ စုစည်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြ တိုင်ကြား ကန့်ကွက် တာတွေ ဆက်လုပ် သွားမယ်လိုလည်း NLD ကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာစလုံးကို NLDက ၀င်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ စစ်ကိုင်းတိုင်း အင်းတော် မဲဆန္ဒနယ် အတွက် NLD ရဲ့ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်း အဖြစ် ပယ်ချထားတာ ရှိပါတယ်။

Ref: VOA News

Read More...

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ

March 8, 2012

သမ္မတဦးသိန်းစိန်က ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်း လွတ်လပ် မျှတမှု ရှိမည်ဟု အာမခံ လိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာရေး မက်ခူလီက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံ အပြီး ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတမယ်လို့ အာမခံချက်တွေ သမ္မတကြီး၊ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် မြန်မာ အစိုးရ အရာရှိတွေ ဆီက ရရှိထားပါတယ်။ ရွေးကောက်ပွဲက သန့်ရှင်းမျှတ လွတ်လပ်မယ် ဆိုရင် လက်ခံမယ် ဆိုတာကို ကျနော် မနေ့က နေပြည်တော်မှာ သမ္မတကြီး အပါအ၀င် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ သန့်ရှင်း မျှတ လွတ်လပ်ဖို့ ဆိုတာ လုပ်စရာတွေ အများကြီး ရှိပါတယ်” ဟု မစ္စတာ မာရေး မက်ခူလီက ဆိုသည်။

“ကျနော်လာတဲ့ခရီးစဉ်က နယူးဇီးလန်အစိုးရကိုယ်စား လာရောက်တာဖြစ်ပြီး မြန်မာ့နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေမှာ ကျနော်တို့ရဲ့ စိတ်ဝင်စားမှုကို ပြဖို့ဖြစ်သလို ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် ခံရဖို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း အတွက် အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်” ဟု မစ္စတာ မက်ခူလီက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “နယူးဇီလန်က ကျမနှစ်သက် သဘောကျတဲ့နိုင်ငံတွေ ထဲမှာ တခု အပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံသေး တခု ဖြစ်ပေမယ့် အခြေအနေတွေကို နားလည် သဘောပေါက်မှုတွေက နိုင်ငံကြီးတွေထက် သာပါတယ်။ ကျမတို့နိုင်ငံက နိုင်ငံကြီး တခု မဟုတ်သလို၊ နိုင်ငံသေး တခုလည်း မဟုတ်ပါဘူး။ ကျမတို့ နိုင်ငံမှာ ဖြေရှင်းဖို့ ပြဿနာတွေ အများကြီး ရှိပါတယ်။ နယူးဇီလန် အနေနဲ့ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းမှာ မိတ်ဆွေကောင်း တဦး အနေနဲ့ ဆက်လက် ကူညီသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

မစ္စတာ မက်ခူလီသည် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လွှတ်တော် ဥက္ကဋ္ဌများ နှင့်လည်း ခရီးစဉ် အတွင်း တွေ့ဆုံခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဒေါ်စု မော်လမြိုင်ဟောပြောပွဲ နေရာပြောင်းရ

ကွန်းချမ်း
ကြာသပတေးနေ့၊ မတ်လ ၀၈ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် စည်းရုံးရေး ခရီးစဉ်အတွင်း မဲဆွယ် ဟောပြောခွင့် ရရန် တင်ပြ ထားသည့်နေရာကို မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြုသဖြင့် နေရာပြောင်းရွှေ့ လိုက်ရကြောင်း မွန်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။

မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ စည်ပင်ပိုင် သံလွင်ဥယျာဉ်ကို မတ်လ ၁၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ အသုံးပြုခွင့် ရရန် လျှောက်ထား ခဲ့သော်လည်း စည်ပင်က အသုံးပြုခွင့် မပေးသဖြင့် ကော်မရှင် အဖွဲ့ခွဲရုံးက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် NLD ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

“ဟောပြောပွဲမှာ လူများရင် ဥယျာဉ်ပျက်မယ်လို့ စည်ပင်က အကြောင်းပြတယ်။ ဥယျာဉ်စီမံကိန်း စတော့မယ် ဆိုပြီး ကျနော်တို့ တောင်းဆိုတာကို ငြင်းလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

သံလွင်ဥယျာဉ်ကို အသုံးပြုခွင့်ရရန် သက်ဆိုင်ရာ ကော်မတီသို့ နှစ်ကြိမ်တိုင် တင်ပြခဲ့သော်လည်း ပယ်ချ ခံရသဖြင့်
မော်လမြိုင်မြို့နှင့် ၆ မိုင်အကွာ ကျိုက်မရောမြို့နယ် အသွား မော်တော်ကား လမ်းဘေးရှိ ကျွဲခြံကုန်း ကျေးရွာ
ဘောလုံးကွင်းကို ထပ်မံ တင်ပြခဲ့ရာ ဗုဒ္ဓဟူးနေ့က ခွင့်ပြုချက် ရရှိခဲ့သည်ဟု သူက ပြောသည်။

ခွင့်ပြုချက် ရရှိသည့်ကွင်းမှာ သံလွင် ဥယျာဉ်ထက် ကျဉ်းပြီး မြို့နှင့် အလှမ်းဝေးသည့် အတွက် သွားလာရေး အခက်အခဲ ရှိနိုင်ကြောင်း ဦးကိုကိုဇော်က ပြောသည်။

“အခု ဟောပြောပွဲ လုပ်မယ့်နေရာကို လမ်းလျှောက်ပြီး သွားလို့ မရဘူး။ ကားတွေ ဆိုင်ကယ်တွေနဲ့မှ သွားလို့ရမယ် ဆိုတော့ လာပြီး နားထောင်တဲ့ လူတွေ နည်းမယ်” ဟု သူက ပြောသည်။

၎င်း၏ ခန့်မှန်းချက်အရ သံလွင်ဥယျာဉ်တွင် လူသုံးသိန်းကျော် ဝင်ဆံ့မည် ဖြစ်ပြီး ကျွဲခြံကုန်းရွာ ဘောလုံးကွင်းသည် လူတသိန်းခန့်သာ ဝင်ဆံ့မည် ဖြစ်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို စနေနေ့ နံနက်တွင် မော်တော်ကားဖြင့် ရန်ကုန်မှ စတင်မည်ဖြစ်ပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များသို့ ဝင်ရောက်ကာ မွန်းလွဲပိုင်းတွင် မော်လမြိုင်သို့ ရောက်ရှိမည် ဖြစ်သည်။

စနေညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ ဂုဏ်ပြု ညစာစားပွဲ ပြုလုပ်မည်ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) ကိုလည်း ဖိတ်ကြား ထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွားသည့် ကြံ့ခိုင်ရေး ပါတီမှ ဦးအေးမြင့် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာ ဖြစ်သည်။

ထိုနေရာတွင် NLD မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဦးအောင်သန်းဦးနှင့် ကြံ့ခိုင်ရေး ပါတီမှ ဦးတင်စိုးမိုးနိုင် တို့ ဝင်ရောက် ယှဉ်ပြိုင် ကြမည်
ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲအောင်နိုင်ရေးနှင့် စည်းရုံးရေး ခရီးစဉ်များအတွင်း လှည်းကူး၊ မန္တလေး၊ တံတားဦး၊ မိတ္ထီလာနှင့် နေပြည်တော် စသည်တို့တွင် ဟောပြောပွဲ ပြုလုပ်ရန် နေရာ အခက်အခဲနှင့် ကြုံခဲ့ရပြီး အချို့မြို့များတွင် လယ်ကွင်းပြင် များနှင့် သဲသောင်ပြင်များတွင် ဟောပြော ခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

မန်းငြိမ်းမောင်ကို အမြင့်ဆုံးပြစ်ဒဏ်နှင့် စီရင်ချက်ချရန် ဆုံးဖြတ်

ကျော်ခ on March 8, 2012

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် လာမည့် အင်္ဂါနေ့တွင် စီရင်ချက်ချရန် အင်းစိန်ထောင် တရားရုံးက ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

သေဒဏ် (သို့) တသက်တကျွန်း အပြစ်ပေးနိုင်သော နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် ၃ နှစ် အပြစ် ပေးနိုင်သော မတရား အသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် အင်းစိန် အထူးတရားရုံးက ယနေ့ ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း ပဒို မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။

“အင်္ဂါနေ့ကို အပြီးသတ် အမိန့်ချမှတ်မယ်။ ဒီနေ့လျှောက်လဲချက် ပေးရတယ်”ဟု ဦးကြီးမြင့် က ဧရာဝတီသို့ ပြောသည်။

ယနေ့ နှစ်ဘက်လျှောက်လဲချက်ပေးရာတွင် တရားလို ဖြစ်သူ အစိုးရဘက်က အမိန့် ချမှတ်နိုင်ရန် ဆွဲဆိုချက် နှင့် ပတ်သက်၍ အင်တာနက်တွင်တွေ့ရှိရသော ပဒိုမန်း ငြိမ်းမောင်၏ ရာထူး တာဝန်နှင့် လုပ်ကိုင် ဆောင်ရွက်မှုများ၊ ကာယကံရှင် ကိုယ်တိုင် ထွက်ဆိုချက် များကို ကိုးကား တင်ပြသွားသည်ဟု ဆိုသည်။

“ပဒိုမန်းငြိမ်းမောင်ကို စစ်တဲ့အခါ၊ အပြန်အလှန် မေးတဲ့အခါကြတော့ သူဟာ KNU ဗဟို ကော်မတီဝင် ဆိုတာ မှန်တယ်။ သူဟာ သူ့လူမျိုးတွေ အတွက် ခုခံစစ်ပွဲ တိုက်ရတယ်။ အဲဒီလိုမှ မတိုက်ဘူးဆိုရင် ကရင်လူမျိုးတွေ ပြုတ်လိမ့်မယ်။ လူ့အခွင့် အရေးတွေ ချိုးဖောက် ခံနေရတယ်။ ဒါကြောင့် ခုခံ တိုက်ပွဲ ဆင်နွှဲနေရတယ် ဆိုပြီး အဲဒီအကြောင်းတွေ ထွက်ဆို တယ်ခင်ဗျ”ဟု ဦးကြီးမြင့် က ပြော သည်။

အစိုးရဘက်မှ စွပ်စွဲချမှတ်သော ဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး မူလက သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုမိန့်ဖြင့် ချမှတ်ရမည် ဖြစ်သော်လည်း သမ္မတ အမိန့်စာ တွဲလျက် မပါရှိဘဲ ပြည်ထဲရေး ဝန်ကြီး တဦးတည်း၏ လက်မှတ် ထိုးထားမှုဖြင့် တရားစွဲဆိုခြင်း ဖြစ် သကဲ့သို့ KNU ကို ပစ်မှတ်ထား စွဲဆိုခြင်းမှာလည်း တရားမျှတမှု မရှိကြောင်း ရှေ့နေ ဦးကြီးမြင့်ကလည်း ပြန်လည် လျှောက်လဲချက် ပေးခဲ့သည်ဟု သိရသည်။

“KNU ကနေခွဲထွက်သွားတဲ့ အဖွဲ့တွေ ၄-၅ ဖွဲ့ ရှိတယ်၊ အဲဒီအဖွဲ့တွေကြတော့ ငြိမ်းချမ်းရေး ယူထားတယ် ဆိုပြီး လက်နက်တွေ ကိုင်ထားတယ်။ သူတို့လည်းပဲ တော်လှန်ရေး လုပ်ခဲ့တဲ့ အဖွဲ့အစည်း တွေပဲ သူတို့ကြတော့ အပြစ်မပေးဘူး။ ဘာမှမလုပ်ဘူး။ အစိုးရနဲ့ လက်တွဲနေတယ်။ အဲဒါကြောင့်မို့ KNU တခုတည်းကို ဒီလို အပြစ်ပေးမယ် ဆိုရင်တော့ ဒါ တရားမျှတမှု မရှိဘူး။ အဲဒီလို လျှောက်လဲချက် ပေးခဲ့ပါတယ်”ဟု သူက ဆိုသည်။

အသက် ၇၀ ရှိပြီဖြစ်သော ပဒိုမန်းငြိမ်းမောင်ကို ချမှတ်သော ဥပဒေ ပုဒ်မများသည် မြန်မာနိုင်ငံကို အင်္ဂလိပ် စိုးမိုးခဲ့သည့် ကိုလိုနီ ခေတ်က ပြဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်ဟု ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။

ပဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်တွင်း ရှိနေစဉ် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး လက်မှတ် ထိုးနိုင်ရန်အတွက် မီးရထား ဝန်ကြီး ဦးအောင်မင်း က လူလွှတ် စေခိုင်းကာ အကြံဉာဏ် တောင်းယူခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေးမည်ဟု ပြောဆိုခဲ့ပြီး နှစ်ဘက် သဘောတူ လက်မှတ် ထိုးနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်း အပေါ် စိတ်ထိခိုက်မှု ဖြစ်နေကြောင်း ဦးကြီးမြင့်က ပြောသည်။

“အရင်က သူ့ကို ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရက ကူညီပါ။ သူ့ကို ငြိမ်းချမ်းရေး လက်ဆောင် အဖြစ် လွှတ်ပေးမယ် ဆိုပြီး တရား မစွဲဘူး ပြောပြီးတော့ ကတိဖျက်ပြီး အခုလို လုပ်လိုက်တဲ့ အပေါ်မှာ။ အစိုးရဘက်က သူ့ကို လိမ်လိုက်ပြီ၊ အလိမ်ခံရပြီ ဆိုပြီး စိတ်မကောင်း ဖြစ်နေတာ။ လူလည်း ပိန်သွားတယ်”ဟု ၎င်းက ပြောဆိုသည်။

ပဒိုမန်းငြိမ်းမောင်အား ယနေ့တွေ့ဆုံရာတွင် စိတ်ပုံမှန် မတွေ့ရှိရဘဲ သံသယဝင်စရာ ဆန္ဒ စောနေခြင်းကို တွေ့မြင်ရပြီး “အမှု အမြန်ဆုံးပြီးဖို့ ပြစ်ဒဏ် ချရင်လည်း မြန်မြန်ချအောင် ကျုပ်အကုန် ဝန်ခံတယ်”ဟု ပြောဆိုခဲ့ကြောင်း ဦးကြီးမြင့်က ပြောသည်။

ယခုလ အစောပိုင်းက KNU နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ တွေ့ဆုံရာတွင် KNU က ၎င်းတို့နှင့် ဆက်နွယ် အကျဉ်းကျ နေသူများကို ပြန်လွှတ်ပေးရန် တောင်းဆို ခဲ့သည်။

ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်း လေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူး လက်မှတ်တွင် တံဆိပ်တုံး အတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ရသည်။

ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

လွတ်မြောက်ရန်၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟို ကော်မတီဝင် ဖြစ်သည် ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရား အသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် ထပ်မံစွဲချက် တင် တရားစွဲခဲ့သည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင်လည်း ပဒို မန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန် ယူထားသည်။

ပဒိုမန်းငြိမ်းမောင်အနေဖြင့် နောက်တကြိမ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်သာ မျှော်လင့်နိုင်ကြောင်း ရှေ့နေ ဦးကြီးမြင့် က ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲ ပြန်လည်စတင်

2012-03-08

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဒီနေ့ နေ့လယ်ပိုင်းက စပြီးတော့ တရုတ်နိုင်ငံ ရွှေလီမြို့ ရေပူစမ်း ဟော်တယ်မှာ နိုင်ငံရေး အရ ဆွေးနွေး ကြပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ အရင် သဘောတူထားတဲ့ အချက်တွေကိုပဲ ပြန်လည် ဆွေးနွေး ကြတာလို့ KIO ဘက်က ပြောပါတယ်။

မြန်မာအစိုးရဘက်က ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ ကေအိုင်အိုဘက်ကတော့ ကေအိုင်အို အမြဲတမ်း ဗဟို ကော်မီတီဝင် ဦးဆွမ်လွတ်ဂမ်၊ ဒုဗိုလ်မှူးကြီး ဂျီးနောင်၊ ဗိုလ်မှူးကြီး ဇော်ရော်တို့ ဦးဆောင် ဆွေးနွေး ကြတယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးတဲ့ အကြောင်းအရာတချို့နဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က KIO အနေနဲ့ အစိုးရထံ တင်ပြချက် အပိုင်းသုံးပိုင်းကို တင်ပြ ထားတာဖြစ်ပြီး ဒီကိစ္စတွေကို ဆက်လက် ဆွေးနွေးနေတာ ဖြစ်ကြောင်း ပြောပါတယ်။ အခုလို ဆွေးနွေးနေတဲ့ အချိန်မှာ မြန်မာ အစိုးရ တပ်တွေရဲ့လှုပ်ရှားမှုတွေ များလာနေပြီး နေ့စဉ် တိုက်ပွဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ရွှေလီမြို့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြတာ အခု အကြိမ်နဲ့ဆို သုံးကြိမ်၊ လကြားယန်မှာ သုံးကြိမ်၊ ထိုင်းနိုင်ငံမှာ တစ်ကြိမ် အားလုံး ခုနစ်ကြိမ် ရှိပြီ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ပြည်ပရောက်မြန်မာများ အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်း ဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မတ် ၈၊ ၂၀၁၂
မိုးမခအထောက်တော် ၀၀၂၊

အမေရိကန်ပြည်နှင့် ပြည်ပရောက် မြန်မာများအနေနှင့် လက်ရှိမြန်မာပြည်အရေးကို အကောင်းမြင်လွန်းခြင်းနှင့် အဆိုး မြင်လွန်းခြင်း အစွန်း၂ ဖက်မှ လွတ်ကင်းစွာ ရှုမြင် စေလိုကြောင်း၊ ပြည်တွင်းတွင် ပြည်သူတို့က ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အကောင်းဆုံး အစွမ်းကုန် ကြိုးပမ်းနေသည့် နည်းတူ ပြည်ပရောက် မြန်မာများကလည်း ဆက်လက်ပြီး နိုးကြားတက်ကြွစွာ လှုပ်ရှားကြဖို့ လိုအပ်ကြောင်း၊ ပြည်ပရောက် မြန်မာ ပြည်သူတို့၏ အခန်းကဏ္ဍ သည်လည်း အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြား လိုက်သည်ဟု သိရသည်။

ဆန်ဖရန်ဘေးဧရိယာ အခြေစိုက် BADA နှင့် BAWA ဟု အမည်တွင်သည့် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်း များတွင် ပါဝင်ပြီး တက်ကြွ နိုးကြား လှုပ်ရှားသူ မြန်မာ ဇနီးမောင်နှံ တစုံတို့က ဇန်န၀ါရီလ တွင်းက မြန်မာပြည်သို့ ခေတ္တ အလည် ပြန်ခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာများ အတွက် အထက်ပါ အမှာစကား ပြောကြားခဲ့ကြောင်း အဆိုပါ ဇနီးမောင်နှံက မိုးမခသို့ ပြောကြားခဲ့သည်။

လာမည့် ဧပြီလ ၁ ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအချိန် နီးကပ်လာသည်နှင့်အမျှ ပြည်တွင်း ပြည်ပတွင် မြန်မာပြည် ဒီမိုကရေစီရေး မျှော်လင့်ချက်များ တက်ကြွနေခြင်း၊ စိတ်လှုပ်ရှားမှုများ ရှိနေခြင်းတို့ ဖြစ်ပွားနေရာ မြန်မာ အစိုးရနှင့် အပေါင်းအပါ များက ၎င်းတို့အပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုမှုများကို ပိုမိုတိုးမြှင့် ပြုလုပ် လာကြသည်။

အမေရိကန်ပြည်ရှိ နယူးယောက်အခြေစိုက် တရုတ်မြန်မာအသင်းနှင့် လော့စ်အိန်ဂျလိစ် အခြေစိုက် တောင်ပိုင်း ကယ်လီဖိုးနီးယား အသင်းတို့က ဦးဆောင်သူ များကလည်း အမေရိကန် အစိုးရ၏ စိးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားရေးကို စာရေးသား တောင်းဆို ကြရန် တိုက်တွန်းမှုများ ပြုလုပ် လာကြသည်ကိုလည်း တွေ့နေရသည်။

ယမန်နေ့က အမေရိကန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာပြည်၏ ဒီမိုကရေစီရေး တိုးတက်မှုများကို စောင့်ကြည့် နေကြောင်း၊ လက်ရှိ အခြေအနေ အရ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် အစီအစဉ် မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၂ ဧပြီကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ အတွင်းမှာပင် မြန်မာအစိုးရနှင့် ဆက်ဆံရေးများ ထူထောင်ခြင်း၊ ငြိမ်းချမ်းရေး ရယူခြင်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများကို ပြည်ပနှင့် နယ်စပ်အခြေစိုက် အတိုက်အခံ နိုင်ငံရေး အဖွဲ့များက ပြုလုပ်လျက် ရှိသည်။ နိုင်ငံတကာရှိ အစိုးရနှင့် အခြား အဖွဲ့အစည်းကြီး များကလည်း မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲ အလှည့် အပြောင်းတွင် ထိရောက်သော ၀င်ရောက် ပတ်သက်မှုများ လုပ်ကိုင်နိုင်ရန် နည်းလမ်းပေါင်းစုံ ချဲ့ထွင် ပြင်ဆင်လျက် ရှိကြောင်း တွေ့ရှိ နေရသည်။

“အဓိက ကတော့ ကာယကံရှင် မြန်မာပြည်သူတွေပါပဲ။ သူတို့တွေက မြန်မာစစ်အစိုးရနဲ့ လက်ရှိ အာဏာပိုင်တွေ အပေါ်မှာ တင်းမာတဲ့ သဘောထား မရှိတော့ဘူး၊ အာဏာပိုင်တွေကလည်း သူတို့အပေါ် ပျော့ပြောင်းတဲ့ လိုက်လျောမှုတွေ ရှိလာပြီလို့ ထင်မြင် လာကြရင် နိုင်ငံတကာက အရေးယူမှုတွေ ဖိအားတွေကလည်း တမျိုးတဖုံ ဖြစ်လာမယ် ထင်ပါတယ်။ အခု ကြားဖြတ် ရွေးကောက်ပွဲက ပထမ အဆင့် စမ်းသပ်မှုတခု ဖြစ်မယ် လို့ ပြောချင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ သတင်းသမားတဦးက မှတ်ချက်ပေးသည်။

Ref: မိုးမခ

Read More...

Thursday, March 8, 2012

မရဲတရဲနဲ့ရေးကြည့်လိုက်တာပါ

လူထုစိန်ဝင်း

ဖေဖေါ်ဝါရီ ၂၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီလို တွေ့ရာမှာ ပြည်သူ့ လွှတ်တော် ဥက္တဌက ၀န်ထမ်းတွေ လစာ တိုးပေးရေးနဲ့ ပတ်သက်တဲ့ အဆို ပြည်သူ့ လွှတ်တော်မှာ ဘာကြောင့် တင်ခဲ့သလဲ ဆိုတာကို အကျယ်တ၀င့် ရှင်းလင်း ပြောကြား သွားခဲ့တယ်။

သတ္တိရှိစေချင်တယ်

အဲဒီပြောသွားတဲ့အထဲမှာ အပြည့်အ၀သဘောတူတာတစ်ခု တွေ့ရတယ်။ အဲဒါကတော့…. " ကျွန်တော်က ဒီလို ပြောပေမယ့် သတင်းထဲ ကျတော့ ရဲရဲဝံ့ဝံ့ ဆိုတာပါပြီး သတ္တိရှိရှိဆိုတဲ့ စကားကျတော့ ပါမလာဘူး။ သဘောကတော့ ဒီစကားကို ကျွန်တော် သုံးလိုက်တာကို သတင်းစာထဲ၊ ရေဒီယိုထဲ၊ တီဗီထဲကို ထည့်လိုက်တယ် ဆိုရင် ကျွန်တော့် အတွက်များ စိုးရိမ်ပြီးတော့ မထည့် တာလားတော့ မသိဘူး။ သတ္တိလို့ ဘာလို့ ထည့်လိုက်လည်း ဆိုတဲ့ အခါမှာ ကျွန်တော်ကတော့ သတ္တိ ရှိချင်တယ်။ ဒါဖြင့်ရင် ကျွန်တော် တစ်ယောက်တည်းပဲ သတ္တိ ရှိချင်တာလား ဆိုတော့၊ ကျွန်တော်တို့ နိုင်ငံသား လူမျိုးအားလုံးကို ရှိစေချင်တယ်။ မိုက်မဲခြင်းနဲ့ မယှဉ်သော တာဝန်ကျေမှုကို အားလုံးမှာ ရှိစေချင်တယ်။ အခုချိန်မှာရော၊ အရင်တုန်းကရော ကျွန်တော်တို့တွေ သတ္တိ ရှိကြလား ဆိုတဲ့နေရာမှာ ရှိတဲ့လူတွေလည်း ရှိမှာပေါ့၊ တချို့မရှိတဲ့ သူတွေလည်း ရှိကြမှာပေါ့။ မရှိရတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတော့ ကိုယ့်အတ္တ အကျိုးစီးပွားကို ကြည့်ပြီးတော့ မပြောရဲတာတို့၊ ပြောလိုက်ရင် ငါ့ကို ဒုက္ခ ရောက်စေမှာလို့၊ အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ မှန်တာလည်း မပြောရဲ၊ ကောင်းတာလည်း မပြောရဲဆိုတဲ့ အနေအထားတွေက ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံ နိမ့်ကျ နောက်ကျနေတဲ့ အနေအထားမှာပဲ ဖြစ်နေလိမ့်မယ်။ " လို့ဖြစ်တယ်။


မရဲတရဲဆုံးဖြတ်

လွှတ်တော် ဥက္ကဌရဲ့ မိန့်ခွန်းအပြည့်အစုံကို ဖတ်ပြီးတဲ့ အခါကျတော့ ဒီစာကို ရေးလိုက်တော့မယ်လို့ မရဲတရဲ ဆုံးဖြတ်ချက် ချပြီး ရေးလိုက်တာ ဖြစ်တယ်။ မရဲတရဲ ဆိုတာက ကိုယ့်အတွက် စိုးရိမ်လို့ မဟုတ်ဘူး၊ ဒီစာ စာဖတ် ပရိသတ် ဖတ်ရတဲ့ အဆင့်ကို မရောက်မီ ဇီဝိန်ချုပ် သွားမယ့်အရေး စိုးရိမ်တာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ စာပေ စိစစ်ရေးတို့၊ ပြန်ကြားရေး ၀န်ကြီး ဌာနတို့နဲ့ တည့်တည့်ကြီး ၀င်တိုးတဲ့ ကိစ္စဖြစ်နေလို့ပဲ။ ဒီကိစ္စကို အစောကြီး ကတည်းက ရေးချင်နေတာ။ ဒါပေမယ့် လွတ်မှာ မဟုတ်ပါဘူးလေ ဆိုတဲ့ အတွေးက အလေးသာနေလို့ မရေးဖြစ်ဘူး။ အခုလည်း မလွတ်လည်း ရေးခဲ့တယ် ဆိုတဲ့ သက်သေ အထောက်အထားတော့ ကျန်ခဲ့မှာပဲ၊ သမိုင်း တရားခံတော့ မဖြစ်တော့ဘူး ပေါ့လို့ တွေးပြီး ရေးလိုက်တာ ဖြစ်တယ်။ စိစစ်ရေးနဲ့ မလွတ်လို့ ဂျာနယ်ထဲ မပါလည်း Facebook တင်လိုက်ရင် ဖတ်ကြရမှာပါပဲ။

ပြည်သူ့ရှေ့မှောက်မှ ကွယ်ပျောက်သွားရေး

ကိစ္စကတော့ မီဒီယာဥပဒေဆိုတဲ့ ကိစ္စပါ။ ဖေဖေါ်ဝါရီ ၁၇ရက်နေ့က ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ရွှေပြည်သာ မဲဆန္ဒနယ်က ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဦးတင်မောင်ဦးက " နိုင်ငံတော်ရဲ့ စတုတ္တ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ကဏ္ဍမှ ဂျာနယ် လောကတွင် တစ်ဖက်သတ် ဘက်လိုက် အရေးအသားများ ပြည်သူ့ ရှေ့မှောက်မှ ပျောက်ကွယ် သွားရေး၊ ပြည်သူ့ လိုအင် ဆန္ဒ အမှန်အမှားကို သမာသမတ် ကျကျ သိက္ခာရှိရှိ မျှတစွာ ရေးသား ထုတ်ဝေသော တိုင်းကျိုး ပြည်ပြု ဂျာနယ်များ ထွက်ပေါ်လာရေး၊ ၀ါသနာ အရင်းခံပြီး ၀င်ရောက် လုပ်ကိုင်သော ယုံကြည်ချက် ခံယူချက် ရှိသည့်သူများ စိတ်အေး ချမ်းသာစွာ သင့်တင့်သော အရင်း အနှီးဖြင့် ဂျာနယ်များ ထုတ်ဝေ ရပ်တည်နိုင်ရေး အတွက် စည်းကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများ လျော့နည်း ပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ် သတင်းထောက်များ ယခုထက် ပိုမို အရည်အသွေး မြင့်မားလာရေးတို့ အတွက် မည်သို့သော အကာ အကွယ်ပေး ဆောင်ရွက်နိုင်မည်ကို သိရှိ လိုပါတယ်" လို့ မေးသွားခဲ့တယ်။


ဆက်လက်ထိန်းကျောင်းသွားမည်

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက " မီဒီယာ ကဏ္ဍမှ ဂျာနယ် လောကတွင် တစ်ဖက်သတ် လိုက်ရေးသားသော အရေး အသားများ ပြည်သူ့ရှေ့မှ ကွယ်ပျောက် သွားရေးအတွက် ယခုနိုင်ငံတော် အစိုးရ အဖွဲသစ် စတင် တာဝန်ယူချိန်မှစ ပြန်ကြားရေး ၀န်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ရှိသော စာပေနှင့် စာနယ်ဇင်းသမားများ ဖြစ်လာစေရန်၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ဆောင်ရွက်ကြရန်၊ စာပေ စိစစ်ရေးမူများ သတ်မှတ် စစ်ဆေး ကြပ်မတ်လျက် ရှိကြောင်း၊ အနာဂတ်တွင် ပုံနှိပ် ဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် Press Council ကဲ့သို့ အဖွဲ့အစည်း မျိုးဖြင့် ဆက်လက် ထိန်းကျောင်းသွားမည် ဖြစ်ပါတယ်" လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ်။

သတင်းသမားစစ်စစ် ဟုတ်ရဲ့လား

ဒီအမေးနဲ့ ဒီအဖြေကိုကြည့်ခြင်းအားဖြင့် မကြာခင်အတွင်း မီဒီယာဥပဒေ ဆိုတာ တစ်ခု ပေါ်ပေါက်လာဖို့ ရှိကြောင်း သိနိုင်တယ်။ အဲဒီ မတိုင်ခင်ကလည်း မီဒီယာဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်း မီဒီယာသမားတွေ ပါဝင် တက်ရောက် ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတယ်။ ပြည်ပ သတင်း မီဒီယာသမား အမည်ခံတချို့က မီဒီယာ ဥပဒေအတွက် အကြံပေး ချက်တွေ တင်ပြကြတာလည်း တွေ့ရတယ်။ မီဒီယာကို ချုပ်ကိုင်ဖို့ ရေးဆွဲတဲ့ ဥပေဒကို မီဒီယာ သမားတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေး အကြံပေးကြတယ် ဆိုတော့ တော်တော် အံ့သြမိတယ်။ သတင်း မီဒီယာသမား စစ်စစ်တွေမှ ဟုတ်ရဲ့လား လို့လည်း အတွေး ရောက်မိတယ်။ ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင် ၀င်ကျစ်ပေးတာနဲ့ မတူဘူးလား။

ဥပဒေဆိုတာ ချုပ်ကိုင်ဖို့

ဥပဒေဆိုတာ ဘယ်ဥပဒေပဲဖြစ်ဖြစ်၊ တိုင်းသူပြည်သားများကို ချုပ်ကိုင်ဖို့ချမှတ်တာဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ် သာရက လူတွေကို တုတ်နှောင် ထားတဲ့ နှောင်ကြိုး အားလုံးက လွတ်ကင်းရေး ဖြစ်တယ်။ သတင်းသမား မှန်ရင် ဘယ်လို ချုပ်ပိုင်မှုမျိုးကို မဆို ဆန့်ကျင်ရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ အတွက် မလိုလားအပ်တဲ့ ပြည်သူလူထုကို နှောင်ကြိုး တည်းတဲ့ ဥပေဒတွေကို ပယ်ဖျကပြီး မရှိမဖြစ်ထားဖို့ လိုအပ်တဲ့ ဥပဒေတွေကိုသာ ထားရှိ ကျင့်သုံးရမှာ ဖြစ်တယ်။ သတင်း မီဒီယာကို ထိန်းချုပ်တဲ့ ဥပဒေ၊ ပုဒ်မတွေ အခုကို မနည်းလှပါဘူး။ တချို့က မလှုပ်သာ မရှက်သာအောင် တင်းကျပ်လွန်းလို့ ဖြေလျှော့သင့်ပြီး၊ တချို့ကျတော့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ဆန့်ကျင်ဖက်ဖြစ်နေလို့ လုံးဝ ဖျက်သိမ်း ပစ်သင့်တယ်။

ကြိုက်သလို ချဲ့ကားလို့ရ

ခေတ်အဆက်ဆက် သတင်းသမားတွေ အများဆုံးရင်ဆိုင်ရတဲ့ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညို ပျက်စေမှု ဥပဒေ၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဥပဒေ၊ အခုခေတ်ပေါ် အီလက်ထရောနစ် ဥပဒေ ဆိုတာတွေက ပုံကြီးချဲ့ချင်ရင် ကြိုက်သလို ချဲ့ကားပြီး အမှု လုပ်လို့ရပါတယ်။ လက်ဖက်ရည် ဆိုင်မှာ သူငယ်ချင်း နှစ်ယောက် စားဝတ်နေရေး ကြပ်တည်းကြောင်း၊ ဘာတစ်ခုမှ ကောင်းတာ မတွေ့ရကြောင်း၊ ချမ်းသာသူတွေ ကတော့ သန်းထောင်ချီပြီး ချမ်းသာ နေကြကြောင်း၊ ပြောရိုးပြောစဉ် နှစ်ကိုယ်ကြား ပြောဆို နေမိကြတာကို ဘေးစားပွဲမှာ ရှိတဲ့ လူတစ်ယောက်က အစိုးရ ဆန့်ကျင်နေရးတွေ ပြောနေတာ ကြားခဲ့ကြောင်း သွားပြီး တိုင်ကြား လိုက်ရင် ချက်ချင်း ဖမ်းချုပ်ပြီး စစ်ဆေးခံရတယ်။ ပုံကြီးချဲ့ပြီး အစိုးရ အကြည်ပျက်စေမယ် စကားတွေ ပြောတယ်၊ ဘေးက လူတွေ ကြားနိုင်တဲ့ အတွက် ဆူပူအောင် လှုံ့ဆော်ပါတယ်လို့ စွဲချက် တင်နိုင်တယ်။ မိတ်ဆွေချင်း အီးမေးလ်နဲ့ စာပို့ပြီး ညည်းမိတာကိုလည်း အီလက်ထရောနစ် ပုဒ်မတပ်ပြီး ဖမ်းနိုင်တယ်။

လွတ်လပ်ရေးစိတ်ကို ချိုးနှိမ်ဖိသတ်ဖို့

လက်ရှိကျင့်သုံးနေတဲ့ မှုခင်းဆိုင်ရာ၊ တရားမဆိုင်ရာ ဥပဒေတွေ အားလုံးလောက် နီးပါးက ကိုလိုနီ အစိုးရ ခေတ်က တိုင်းသူ ပြည်သားများရဲ့ လွတ်လပ်ရေး စိတ်ဓါတ်ကို ချိုးနှိမ်ဖိသတ်ဖို့ ရေးဆွဲ ချမှတ် ခဲ့ကြတာတွေ ဖြစ်တယ်။ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့ ရေးခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ အဲဒီလို ဖိနှိပ်ချုပ်ချယ်ရေး လက်နက် သက်သက် ဖြစ်နေတဲ့ ဥပဒေ ပုဒ်မတွေကို ရုပ်သိမ်းဖို့ လျော့ချဖို့ အားလုံးဝိုင်းဝန်း ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သတင်း မီဒီယာတွေကို ချုပ်ကိုင်ဖို့ ရည်ရွယ်တဲ့ မီဒီယာ ဥပဒေမျိုး သွတ်သွင်း မလာသင့်ပါဘူး။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမား လုပ်လာသူ တစ်ယောက် အနေနဲ့ သတင်း မီဒီယာကို ချုပ်ကိုင်မယ့် ဘယ်လို အစီအမံမျိုးမဆို ဆန့်ကျင် ကန့်ကွက်ပါတယ်။

လက်ခံနိုင်မှာမဟုတ်

သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေ ကိုယ်တိုင် ဆွေးနွေး တိုင်ပင် ရေးဆွဲရမှာ ဖြစ်တယ်။ ဆရာဝန်တွေ အတွက် ကျင့်ဝတ်ကို ဆရာဝန် မဟုတ်သူတွေကို ရေးခိုင်းလို့ မဖြစ်ပါဘူး။ ဆရာဝန်တွေကိုယ်တိုင်ရေးမှ အဓိပါယ် ရှိပါတယ်။ အဲဒါကြောင့် လုံးဝ လွတ်လပ်တဲ့ သတင်းစာဆရာ အသင်းတို့၊ သတင်းထောက် အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံး လုပ်ရပါမယ်။ ဒါကို မလုပ်ဘဲနဲ့ သတင်းမီဒီယာ ကျင့်ဝတ် စည်းကမ်း ရေးဆွဲတာ ဖြစ်ဖြစ်၊ မီဒီယာ ဥပဒေ ပြဌာန်းတာ ဖြစ်ဖြစ်၊ အောင်မြင်လာဖွယ် မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လိုသတင်းသမား စစ်စစ်မျိုးမှ လက်ခံနိုင်မှာ မဟုတ်လို့ပါ။


Read More...

မြန်မာအပေါ်ဒဏ်ခတ်မှုတွေ လတ်တလော ရုပ်သိမ်းဦးမည်မဟုတ်

ဗုဒ္ဓဟူး, 07 မတ် 2012

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရက်ခ်မစ်ချဲလ် ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

မတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲ အစီအစဉ်တွေ အပါအဝင် မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေက ရှေ့လကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်း သင့်မသင့် စဉ်းစားရာမှာ အခရာ ကျမယ်လို့လည်း အစောပိုင်းမှာ ပြောဆို ထားတာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က လတ်တလော ဒဏ်ခတ်မှုတွေကိုတော့ ဖယ်ရှားအုံးမှာ မဟုတ်ဘူးလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုရီယားနျူလန်က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ခွင့် ရလာတာလို အခြေအနေ မျိုးတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်ကတော့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့တဲ့ အစီအစဉ် တစိတ်တပိုင်း အဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာ အကူအညီတွေ ပေးတာကို ခွင့်ပြုတဲ့ အကြောင်း ပြီးခဲ့တဲ့ လထဲမှာပဲ ကြေညာခဲ့တာပါ။

အမေရိကန်အထူးကိုယ်စားလှယ် မစ်ချဲလ်ရဲ့ခရီးစဉ်အတွင်း ရန်ကုန်နဲ့မန္တလေးမြို့တွေကိုလည်း သွားရောက်ပြီး လူမှု အသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အများအပြားကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ်သတင်းများ စိစစ်ရေး တင်းကျပ်

ကျော်ခ
March 7, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် တွေ့ကြုံရသော အခက် အခဲများနှင့် ပတ်သက်ပြီး ဖော်ပြသည့်သတင်းများကို စာပေစိစစ်ရေးက တင်းကျပ်ကြောင်း ပြည်တွင်း သတင်း ဂျာနယ်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်းခရီးစဉ်တွင် အားကစားကွင်း အတွင်း ဟောပြောရန် လျှောက်ထား သော်လည်း မရရှိသဖြင့် မြစ်ကမ်းစပ် သဲသောင်ပြင်ပေါ်တွင် ဟောပြောခဲ့ရမှုကို သစ္စာဂျာနယ်က ရေးသားခဲ့ရာ စာပေ စိစစ်ရေးက အပြည့်စုံ ဖော်ပြခွင့် မပြုဟု ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးသောင်းထိုက် က ပြောပြသည်။

“ဒေါ်စု ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ကွင်းမရလို့ သဲကွင်းမှာ ကျင်းပရတယ် ဆိုတာကို ကွင်းမရဘူး ဆိုတဲ့ စကားလုံးတွေကို ဖြုတ်တာ” ဟု ဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ဖေဖော်ဝါရီလလယ်ပိုင်း ဖျာပုံခရီးစဉ်မှစ၍ လှည်းကူး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တံတားဦး၊ နေပြည်တော် စသည့် ဒေသများ၌ ဟောပြောရန် ကွင်းပြင်လွတ်များ ငှားရမ်းရာတွင် အာဏာပိုင်များက ဟန့်တားမှု ပြုလုပ်ခဲ့သည့် သတင်းများ ကိုလည်း စာပေ စိစစ်ရေးက ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည် ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာများက ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတပုဒ် ဆိုင်းငံ့ခြင်း ခံခဲ့ရ သကဲ့သို့ ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် အင်တာဗျူး ကဏ္ဍကိုလည်း စိစစ်ရေးက ဖော်ပြခွင့် မပြုခဲ့ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

အလားတူ နေပြည်တော်ရှိ မြို့နယ် လေးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လေးဦး၏ မဲဆန္ဒ နယ်မြေများ၌ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခြင်း ခံရမှုများအပါအဝင် အာဏာပိုင်များက ခြိမ်းခြောက်မှုများကို ရေးသား ခဲ့သော်လည်း စာပေ စိစစ်ရေးက အပုဒ်လိုက် ဖြတ်တောက်ခြင်းများ ရှိသည်ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သတင်းများ ဖော်ပြခွင့် ပိတ်ပင်ခံရမှုအများဆုံး ဂျာနယ်များထဲတွင် မြန်မာပိုစ့် ဂျာနယ်နှင့် ပြည်မြန်မာ ဂျာနယ် တို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဂျာနယ်များက တင်ပြသည့် တခြားသော သတင်းနှင့် ဆောင်းပါးများကို အပုဒ်လိုက် ဖြတ်တောက်ခြင်းများ ပြုလုပ် သကဲ့သို့ ခေါင်းစဉ်နှင့် စာပိုဒ် တချို့ကိုလည်း စိစစ်ရေးက ၎င်းတို့ အာဘော်အတိုင်း ပြုပြင်ရေးသားကြောင်း အယ်ဒီတာများက ပြောဆိုသည်။

“ကျနော်တို့က ဆင်းရဲမွဲတေလို့သုံးထားတာကို သူတို့က ဆင်းရဲနွမ်းပါး လို့သုံးတယ်။ ကျနော်တို့က နိုင်ငံရေး အကျဉ်းသားလို့ သုံးထားတာကို သူတို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူလို့ ပြောင်းလိုက်တယ်။ တချို့ ကျနော်တို့ဆီက ဆောင်းပါးတွေ ဆိုရင် အပိုဒ်လိုက်ကို သူတို့ အာဘော်အတိုင်း ပြင်ရေးတာတွေ လုပ်တယ်”ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ တဦးက ဧရာဝတီ သို့ပြောသည်။

Open News Journal အယ်ဒီတာချုပ် ဦးသီဟစောကလည်း“ပယ်တာဖြုတ်တာတွေ ရှိတာပေါ့။ အပတ်စဉ်တိုင်းကို ရှိတယ်။ ခေါင်းစဉ်တွေ၊ စာပိုဒ်တွေ လိုက်ပြင်တာက အစ လုပ်တယ်”ဟု ပြောသည်။

စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ထောက်ပြရေးသားထားသည့် ဝါရင့်သတင်းစာ ဆရာကြီး လူထု စိန်ဝင်း ၏ “မရဲတရဲနဲ့ ရေးကြည့် လိုက်တာပါ” အမည်ရှိ Weekly Eleven ဂျာနယ်တွင် ဖော်ပြသည့် ဆောင်းပါးကိုလည်း စိစစ်ရေးက ခွင့်မပြုခဲ့ပေ။

ထိုဆောင်းပါးတွင် “သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေ ကိုယ်တိုင် ဆွေးနွေး တိုင်ပင် ရေးဆွဲရမှာ ဖြစ်တယ်။ ဆရာဝန်တွေ အတွက် ကျင့်ဝတ်ကို ဆရာဝန် မဟုတ်သူတွေကို ရေးခိုင်းလို့ မဖြစ်ပါဘူး။

ဆရာဝန်တွေ ကိုယ်တိုင်ရေးမှ အဓိပ္ပာယ် ရှိပါတယ်။ အဲဒါကြောင့် လုံးဝ လွတ်လပ်တဲ့ သတင်းစာဆရာ အသင်းတို့၊ သတင်းထောက် အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံး လုပ်ရပါမယ်။ ဒါကို မလုပ်ဘဲနဲ့ သတင်းမီဒီယာ ကျင့်ဝတ်စည်းကမ်း ရေးဆွဲတာ ဖြစ်ဖြစ်၊ မီဒီယာဥပဒေ ပြ ဌာန်းတာဖြစ်ဖြစ်၊ အောင်မြင်လာဖွယ် မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လို သတင်းသမား စစ်စစ်မျိုးမှ လက်ခံနိုင်မှာ မဟုတ် လို့ပါ”ဟု ပါရှိသည်။

မက်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က အစိုးရ သက်တမ်း တနှစ်ပြည့် မိန့်ခွန်း ပြောကြားရာတွင် “စတုတ္ထ မဏ္ဍိုင်များ အနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်း ဆောင်ရွက် သွားနိုင်စေဖို့ အမျိုးသား စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းထူထောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြား ထားသည်။

Ref: ဧရာဝတီ

Read More...

မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ ပြင်၍မရနိုင်တော့ဟု တိုင်း ကော်မရှင် ဥက္ကဋ္ဌပြော

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၇ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ မဲဆန္ဒရှင်များစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချိန် ကန့်သတ်ချက် ကုန်ဆုံး သွားပြီ ဖြစ်၍ ပြင်ဆင်နိုင်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

"ကျနော်တို့က သူတို့ကို လုံလောက်တဲ့ Sufficient time ပေးပြီးပြီ ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ သူ ပြီးအောင် လုပ်ပေါ့။ ဒါမှမဟုတ် ကျနော်တို့က မဲစာရင်း ကိစ္စတွေပဲ တောက်လျှောက်လုပ်နေရင် တခြား လုပ်စရာ အလုပ်တွေ လုပ်ဖို့ အချိန် မရှိတော့ဘူး" ဟု မဇ္ဈိမကို ပြောသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၁ (က)အရ မဲဆန္ဒရှင် စာရင်း မှားယွင်းမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှု များ ပြုလုပ် လိုပါက မဲစာရင်း ထုတ်ပြန် ကြေညာပြီးသည့် နေ့မှစ၍ ၇ ရက်အတွင်း ပြုလုပ်နိုင်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း လပ်လပ်နယ်မြေ အသီးသီးတွင် မဲဆန္ဒရှင် စာရင်းကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှ စတင်၍ ထုတ်ပြန်ရန် ညွှန်ကြားထား၍ အင်္ဂါနေ့တွင် သတ်မှတ်ရက် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ဦးကိုကို က "အခုအချိန် ကတော့ Too Late လေ။ ဒီအချိန်မှာတော့ နည်းနည်း နောက်ကျ သွားပြီပေါ့" ဟု ပြောသည်။

အချို့လစ်လပ်မဲဆန္ဒနယ်များရှိ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ သတ်မှတ်ရက်ထက် နောက်ကျ၍ မဲစာရင်း ထုတ်ပြန် ပေး၍ အမှားပြင်ရန် လုံလောက်သည့် အချိန် မရရှိဟုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ရွာ ၁၉ ရွာတွင် မတ်လ ၃ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ခြင်း မရှိသည့် အပြင် ဖျာပုံခရိုင် မင်းလှစု ကျေးရွာတွင် မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခြင်း မရှိဟု ဖျာပုံခရိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက မဇ္ဈိမကို ပြောသည်။

ထို့အတူ ရှမ်းပြည်နယ်၊ ကလော မဲဆန္ဒနယ်တွင် မတ်လ ၆ ရက်နေ့တွင်မှ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည်ဟု NLD ၏ ကလောမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောသည်။

ထို့ကြောင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်း ထုတ်ပြန်သည့် ရက်ကိုသာ အတည်ယူ၍ ကော်မရှင်များ ထံသို့ မဲမှားယွင်းမှုများ ဆက်လက် တင်ပြသွားမည်ဟု ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂,ဝဝဝ ကျော်ခန့် ရှိသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တောင်ညွှန့်ရထား ရပ်ကွက် တွင်လည်း မဲဆန္ဒရှင် စာရင်းတွင် ကွယ်လွန်ပြီးသူများ ပါနေခြင်း၊ စိတ်ဝေဒနာရှင်များ၊ ရွှေ့ပြောင်း သွားသူများ၏ အမည်များ ပါရှိနေခြင်းကဲ့သို့ အမှားအယွင်းများ စုစုပေါင်း အရေအတွက် ၁,၁၈၁ ဦးရှိနေခြင်းကြောင့် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲသို့ အင်္ဂါနေ့တွင် စာရေးသား တင်ပြခဲ့သည်ဟု NLD ၏ မင်္ဂလာတောင်ညွှန့်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ကိုရာဇာက ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသုဝေ ကလည်း "အဲဒါတွေကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းကလည်း ရှိတယ်။ တအိမ်ထောင်လုံး မဲစာရင်းထဲ မပါတာတို့ သေပြီးတဲ့ လူတွေ မဲစာရင်းထဲ ပါနေတာတို့ အဲဒါတွေ ရှိနေပါတယ်။ ၂ဝ၁ဝ တုန်းက ကျနော်တို့ မဲစာရင်းလည်း မရဘူး။ ဒီလူ တယောက်ဟာ မဲတခါ ပေးသလား ၁ဝ ခါ ပေးသလား ဆိုတာလည်း ကျနော်တို့ မသိနိုင်ဘူး။ ပိုတာတွေလည်း ရှိခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းပြုစုမှုမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ လူဦးရေစာရင်းကို မူတည်ကာ လုပ်ဆောင် သော်လည်း ပြန်လည် ပြင်ဆင် ဖြည့်စွက်ကာ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ က ပြောသည်။

မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများကို သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ချိန်အတွင်း ရွေးကောက်ပွဲ ကော်မရှင် အသီးသီးသို့ တင်သွင်း နိုင်သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၁ (ဃ) တွင် ကာလ အပိုင်းအခြား ထက် ကျော်လွန်သော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများကို လက်ခံခြင်း မပြုရဟုလည်း ပြဋ္ဌာန်းထား သည်။

အဆိုပါ နည်းဥပဒေ ပုဒ်မ ၁၄ (က) တွင်မူ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအချို့၏ အမည်များသည် အစုအဝေး အလိုက် ကျန်ရစ် ခဲ့ကြောင်း တွေ့ရှိလျှင် ထိုအမည်အား မဲစာရင်းမှ ပယ်ဖျက်ခြင်းကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က ရွေးကောက်ပွဲ မတိုင်ခင် ၇ ရက်အတွင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိသည်။

Ref: မဇ္ဈိမ

Read More...

မဲဆန္ဒရှင် အမည်စာရင်း စိစစ်ရေး ရက်တိုးပေးဖို့ NLD မေတ္တာရပ်ခံ

2012-03-07

တစ်တိုင်းပြည်လုံး အတိုင်းအတာအရ မဲဆန္ဒရှင် အမည်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာ ထားရာမှာ စာရင်း ပါဝင်သူတချို့ဟာ မဲပေးခွင့် မရှိသူတွေ ဖြစ်တာကြောင့် အသေအချာပြန်လည် စိစစ်နိုင်အောင် အချိန်ကာလ တိုးပြီး သတ်မှတ်ပေးဖို့ NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ စာပေးပို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

မဲပေးခွင့်ရှိသူစာရင်းကို မှန်မှန်ကန်ကန် ဖြစ်စေချင်တာကြောင့် အခုလို စာရေးသား တောင်းဆိုရတာဖြစ်ကြောင်း NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရွေးကောက်ပွဲကော်မရှင်ရုံးက လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် သေဆုံး သွားသူတွေ၊ အသက် မပြည့်သေးတဲ့ ကလေး သူငယ်တွေရဲ့ အမည်စာရင်းတွေ ပါဝင်နေသလို၊ သန်းခေါင်စာရင်းမှာ အမည် မပါဝင်သူတွေ ကိုလည်း မဲစာရင်းထဲမှာ တွေ့ရကြောင်း NLD ပါတီ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုကြပါတယ်။

Ref: RFA News

Read More...

KNPP အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး

2012-03-07

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ အစိုးရတို့ဟာ ဒီကနေ့ အချက်သုံးချက်ကို သဘောတူညီပြီး ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးလိုက်ကြပါတယ်။

အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် ဧည့်ရိပ်သာ ကန္တာရဝတီ ခန်းမမှာ ဒီကနေ့ မနက် ကိုးနာရီခွဲကနေ မွန်းလွဲ နှစ်နာရီခွဲအထိ ဆွေးနွေးခဲ့ကြပါတယ်။

အပစ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ နောင်ဆွေးနွေးပွဲတွေ အတွက် အဖွဲ့ ဖွဲ့စည်းရန် ရက် သတ်မှတ်ရေး အချက် သုံးချက် သဘော တူညီ ခဲ့တယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နောင်ဆက်လက် ဆွေးနွေးမယ့်ပွဲတွေမှာ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် တဖွဲ့ချင်း မဆွေးနွေးဘဲ တိုင်းရင်း သားအား လုံးပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ် ကောင်စီ ပုံစံမျိုးနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ KNPP အဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးပွဲမှာ သဘောထား တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်နဲ့ ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး ခူးဦးရယ်က အခုလို ပြောပြပါတယ်။

“သူတို့ပြန်လည်ဆွေးနွေးတဲ့ အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်၊ သူတို့ လက်ခံ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတဲ့ သဘောမျိုးပဲ နားလည်လို့ရတယ်။ ဒါပေမယ့် အခြေခံအားဖြင့် UNFC နဲ့ သွားမယ်ဆိုတဲ့ နာမည် နာမ တပ်ပြီး ပြောတဲ့ ဟာမျိုးတော့ မဟုတ်ဘူးပေါ့”

ဆွေးနွေးပွဲမှာ KNPP ဘက်က တင်ပြတဲ့ အချက်ပေါင်း ၂၀ ကို ဆွေးနွေးခဲ့ကြပြီး အချက်တွေထဲမှာ နယ်မြေ ပိုင်းခြားရေး ကိစ္စများ အပါအ၀င် ကရင်နီ ဒုက္ခသည် အရေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

ထိုင်းနှင့်မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၇ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနှင့်မြန်မာ လူနေမှု အဆင့်အတန်းတို့ နှိုင်းယှဉ်ကာ မြန်မာတို့ နိမ့်ကျ နေကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားနှင့် ရေဒီယိုတို့မှ အသံလွှင့်ရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ၊ သဘောထားများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချ လိုက်သည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြော သည်။

အသံလွှင့်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး မတ်လ ၄ ရက်နေ့တွင် ကော်မရှင်မှ ပယ်ချ ခံခဲ့ရကြောင်း ဦးသုဝေက ပြောသည်။

“အကြောင်းပြချက်ကတော့ ပထမ ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ကြည့်ပြီးတော့မှ ဒါဟာ သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ပယ်တယ် လို့ပဲ ရေးထားတာပေါ့။ သူတို့ကို ထိခိုက်တယ်လို့ ယူဆသလား မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မတ်လ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဟောပြောရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ ဆောင်းပါး နှစ်ပုဒ်လုံး အပယ် ခံခဲ့ရသည် ဟုလည်း ဦးသုဝေက ပြောသည်။

“မြန်မာပြည်နဲ့ ထိုင်းနဲ့ နှိုင်းယှဉ်ပြတာပေါ့ဗျာ။ ကိုယ်ဝန်ဆောင်တွေရဲ့ အခြေအနေ၊ မွေးလာတဲ့ ကလေးတွေရဲ့ လူနေမှု အဆင့်အတန်း၊ နောက် ကျောင်းသား အရွယ် အခြေအနေ၊ အလုပ်အကိုင် အခြေအနေ၊ လူအိုအရွယ် အခြေအနေတွေမှာ နှိုင်းယှဉ် ပြီးတော့မှ ကျနော်တို့ တိုင်းပြည်က ဘယ်လောက် လိုသေးတယ်၊ ကျနော်တို့အားလုံး ပြုပြင်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာပါ” ဟု ပြောသည်။

ဤသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် အသစ် ပြန်လည်ရေးသားခဲ့ရပြီး ဆောင်းပါး အသစ်ကို ဗုဒ္ဓဟူးနေ့က နေပြည်တော် မြန်မာ့ အသံတွင် အသံသွင်းပြီး ဖြစ်သည်ဟုလည်း သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ယင်းတို့ ပါတီများ၏ မူဝါဒ သဘောထား များကို ယခုလ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များ ဟောပြောခွင့် ရရှိမည်ဖြစ်သည်။

ဦးသုဝေက သူပြောကြားမည့် ပါတီမူဝါဒ သဘောထားများ ပယ်ဖျက်ခံရမှုကြောင့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် ပြုပြင် ပြောင်းလဲရေးများ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ လုပ်ဆောင်ရန် တိုက်တွန်း သွားချက်ကို ကိုးကားကာ “အခုဖြစ်တာကိုပဲ ကြည့်ဗျာ။ ပြုပြင် ပြောင်းလဲရေးက သိပ်နှေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်နေကြတာ။ အဲဒါကြောင့် ကျနော်တို့က သူတို့ကိုတော့ သိပ်ပြီးတော့ အပြစ်မပြောချင် ဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ချင်တာကတော့ မြန်မြန် ပြောင်းချင်တယ်။ ဒါပေမယ့် မဖြစ်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

DPM ဥက္ကဋ္ဌ ဦးသုဝေသည် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း ကြံ့ခိုင်ရေး ပါတီမှ (ယခု အလုပ်သမားဝန်ကြီး) ဦးအောင်ကြည် အား ရှုံးနိမ့်ခဲ့သည်။ ယခု ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲ တွင်လည်း အဆိုပါ မဲဆန္ဒနယ်တွင်ပင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဒီမိုကရက်တစ် (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကြံ့ခိုင်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

တန်ဖဲရွာသားများ ဒု-သမ္မတအမိန့်ဖြင့် ပြောင်းရွှေ့ရမည်ဟု ခရိုင်မှူးပြော

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၇ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းဧရိယာအတွင်းမှ တန်ဖဲ ကျေးရွာ သားများအား ၁၀ ရက် အတွင်း အောင်မြင်သာ ကျေးရွာသို့ မပြောင်းရွှေ့ပါက ပုဒ်မ (၁၈၈) ဖြင့် အရေးယူမည်ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ဒု-သမ္မတ အမိန့်ကို သုံး၍ သတိပေး လိုက်ကြောင်း ရွာသားများထံမှ သိရသည်။

အင်္ဂါနေ့က တန်ဖဲရွာမှ ခေတ္တဖမ်းဆီးခဲ့သည့် ရွာသား ၂၀ ကျော်အား ညတွင်းချင်း ပြန်လွှတ် ပေးလိုက်သော်လည်း ဗုဒ္ဓဟူးနေ့ နံနက်တွင် မြစ်ကြီးနားမြို့ရှိ ခရိုင် အုပ်ချုပ်ရေးရုံးသို့ ထပ်မံခေါ်ယူ တွေ့ဆုံပြီး ခရိုင်မှူး ဦးခင်မောင်ချိုက ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ အမိန့်စာအား ဖတ်ပြခဲ့သည်။

အမိန့်စာအရ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန်နှင့် မပြောင်းပါက အရေးယူမည် ဖြစ်ကြောင်း ခရိုင်မှူးက သတိပေး လိုက်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ရွာသားတဦးက ပြောသည်။

“ခရိုင်မှူး ပြောတာက ၁၀ ရက်အတွင်း အိမ်အကုန် ဖျက်ပြီး နောက်ဆုံးထား အပြီးပြောင်းရွှေ့ဖို့။ ဒါက ဒုသမ္မတရဲ့ အမိန့် ဟုတ်တယ် ဆိုပြီး ပြောတယ်။ တန်ဖဲမှာ မနေပါဘူးဆိုတဲ့ လက်မှတ် ထိုးခိုင်းတယ်။ မြစ်ဆုံမှာ မနေရဘူး။ နေလို့ရှိရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမယ် ဆိုတာ အဓိက ပြောတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဤကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ခေါ်ယူ သတိပေးမှု ရှိသည်မှာ မှန်ကန် သော်လည်း အသေးစိတ် သိရှိလိုပါက ဒေသခံများကိုသာ မေးမြန်းရန် ခရိုင်ရုံး တာဝန်ရှိသူ တဦးက ဖြေကြားခဲ့သည်။

တန်ဖဲကျေးရွာသားများအနေဖြင့် မပြောင်းရွေ့ပါက သက်ဆိုင်ရာအာဏာပိုင်များ ထုတ်ပြန်ထားသည့် အမိန့်အား မလိုက်နာမှု ဥပဒေ ပုဒ်မ (၁၈၈) ဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်ဒဏ်အဖြစ် ထောင် ၆ လမှ ၁ နှစ်ထိ ကျခံနိုင်သည်ဟု ဥပဒေညာရှင် ဦးအောင်သိန်းက ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ၂ဝဝ၉ ခုနှစ်ကတည်းက အစိုးရက ပြောင်းရွှေ့နေထိုင်စေခဲ့သော အောင်မြင်သာ ကျေးရွာသစ် တွင် စိုက်ပျိုး စားသောက်မည့် မြေနေရာ မရှိခြင်း၊ တိရိစ္ဆာန် မွေးမြူရန် စားကျက်မြေများ မရှိသည့် အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေသည်ဟု အောင်မြင်သာရွာတွင် နေထိုင်သူ ဒေသခံ အမျိုးသမီးက ပြောသည်။

“ကျမတို့ ဒီမှာက ဘာမှ လုပ်စားလို့မရလို့ တန်ဖဲကို သွားပြီး ကိုယ့်မိသားစု စားဝတ်နေရေး အတွက် သွားနေတာ။ တန်ဖဲမှာဆိုရင် ရွှေကျင်၊ ဈေးရောင်း၊ တောထဲ ဟင်းသီးဟင်းရွက်တွေ ရှာရောင်းပြီးတော့ ဒီ အောင်မြင်သာမှာ ရှိနေတဲ့ ကိုယ့်မိသားစု စားဝတ် နေရေးအတွက် ဖြေရှင်းနေရတာပါ”ဟု မဇ္စျိမကို ပြောသည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က “မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ” ဆုတောင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက် လာသည့်အတွက် ဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်သူ ဦးတူးခေါင်၊ ဒေါ်လုရာ၊ ဦးလရိပ်၊ ဦးဂွမ်ရိန်တို့ အပါအဝင် ဒေသခံ ငါးဦးတို့ကိုလည်း ဗုဒ္ဓဟူးနေ့က သီးသန့် ခေါ်ယူ သတိပေးခဲ့သည်ဟု သိရသည်။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေသည့်အချိန်တွင် ယခုကဲ့သို့ လုပ်ရပ်များကို ပြည်ထောင်စုအစိုးရက ပြန်လည် စစ်ဆေး သင့်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။

“ဒီအချိန်မှာ တိုင်းရင်းသားတွေအပေါ်မှာ အင်အားသုံးပြီးတော့ ဒီလို တဘက်သတ် အမိန့်မပေးလောက်ဘူးလို့ ထင်တယ်။ ကျနော်တို့ ၈၈ ကျောင်းသားတွေ တက်လာလို့ စုံစမ်း စစ်ဆေးတာတွေ၊ မေးမြန်းတာတွေ ရှိနေလို့ တော်တော် စိတ်မကောင်းစရာပါ”ဟု မဇ္စျိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

အရှင်ဂမ္ဘီရကို အာဏာပိုင်တွေ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး

မနန္ဒာချမ်း
ဗုဒ္ဓဟူး, 07 မတ် 2012

မကြာသေးခင်ကမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းစရာ ရှိတယ်ဆိုပြီး မတ်လ ၆ ရက်နေ့ညက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အစိုးရထုတ် သတင်းစာတွေ ကနေ အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ်လို့ မကြာသေးခင်က သတိပေးပြီး နောက်ပိုင်း အခုလို ဖမ်းဆီး ခေါ်ဆောင် သွားတာဖြစ်တဲ့ အတွက် မိသားစုက စိုးရိမ်နေသလို နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း စောင့်ကြည့် နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက ပြောပြပေးပါရှင်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် သံဃာ ၂ ပါး၊ ညီအငယ်ဆုံးဖြစ်သူ ကိုလွင်မောင်မောင် နဲ့ လယ်သမား အရေး လုပ်ဆောင်မိလို့ ထောင်ချ ခံခဲ့ရာကနေ ပြန်လွတ်လာခဲ့တဲ့ ထန်းတပင်မြို့နယ်က ကိုထွန်းထွန်းဦး စုစုပေါင်း ၅ ယောက်ဟာ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ရှိတဲ့ အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေးရဲ့ နေအိမ်မှာ တည်းခို နေကြတာပါ။ အဲ့ဒီလို တည်းခိုနေချိန် - အရှင်ဂမ္ဘီရကို SB လို့ ယူဆရတဲ့ မြန်မာနိုင်ငံ အထူး ရဲတပ်ဖွဲ့ကနေ မတ်လ ၆ ရက် အင်္ဂါနေ့ည ၁ဝ နာရီ ဝန်းကျင်လောက်မှာ လာရောက် ဖမ်းဆီး သွားခဲ့တာ ဖြစ်တယ်လို့ အရှင်ဂမ္ဘီရရဲ့ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

“ကျနော် ဦးပဇင်းနဲ့ ဒီနေ့ချိန်းထားတာ။ ဗြိတိသျှသံအမတ်ကြီးက ဖိတ်ထားလို့ ကျနော်အပါအဝင် ဦးဇင်းတို့ ကြွဖို့ပေါ့နော်။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ သွားတွေ့ဖို့ ချိန်းထားတာဗျ။ အဲဒါကြောင့် ဒီနေ့ ကျနော် ရန်ကုန်ကို ရောက်လာတယ်။ ရောက်တော့ ဦးပဇင်း တည်းနေတဲ့ မခင်သူဌေးရဲ့ အိမ်က ဖုန်းကို ကျနော် ဆက်တယ်ဗျ၊ ဖုန်းကိုင်မယ့်သူ မရှိဘူး။

အဲဒါနဲ့ အခြေအနေထူးခြားတယ် ဆိုပြီး မဂ္ဂင်ကျောင်းက ဆရာတော် ဦးဇင်း ဂျောင်းဂျောင်းရဲ့ ဖုန်းကို ကျနော် ဆက်လိုက်တယ်။ ပြီးခဲ့ည ၉ နာရီက ဦးဂမ္ဘီရဖုန်းကို ဆက်တယ်တဲ့- ဆက်တဲ့အခါမှာ ဦးဂမ္ဘီရနဲ့ အတူတူနေတဲ့ ကရင် ကိုယ်တော်လေးက ဖုန်းကိုင်တယ်တဲ့။ သူတို့ သံဃာ့ ကိစ္စတွေဘာတွေ ပြောနေတုန်းမှာပဲ သူတို့ ဝင်လာကြပြီလို့ ကရင် ကိုယ်တော်လေးက ပြောပြီး ဖုန်းခွက်ကို ဘေးချ ထားလိုက်တယ်တဲ့။ ခဏ အကြာမှာ ပြန်ဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးတဲ့- ဖုန်းတော့ ဝင်တယ်တဲ့။

မျက်မြင်သက်သေအားဖြင့်တော့ ဒီလမ်းထဲက ပုဂ္ဂိုလ်တွေက ပြောတာဆိုတာပဲ ရှိပါတယ်။ ဒါပေမယ့် ဖုန်း အဆက်အသွယ် ရတာတွေအရ -ကျနော်နဲ့ ချိတ်ဆက်ထားတာတွေ အရ ဒီကနေ့ ကျနော့်ကို မဆက်သွယ်တာတွေ အရ အကုန်လုံး ပေါင်းရုံးပြီး ကြည့်လိုက်မယ် ဆိုရင် အဖမ်းခံရတယ် ဆိုတာ သေချာ သလောက်ပါပဲဗျ”

လောလောဆယ် ကျောက်တံတားရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေ အရ သိရတဲ့ အကြောင်းနဲ့ အရှင် ဂမ္ဘီရကို အခုလို ဖမ်းဆီး ခေါ်ဆောင်တာဟာ မကြာသေးခင်က သတင်းစာမှာ ပါတဲ့ အချက်တွေအရ ဖြစ်နိုင်ကြောင်းလည်း ကိုအောင်ကျော်ကျော်က ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP-B ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ လက်ရှိ အခြေအနေကို စောင့်ကြည့်နေပြီး အာဏာပိုင်တွေ ဘက်က ပြန်လွှတ်ပေးခြင်း မရှိခဲ့ရင် လိုအပ်သလို ဆက်လက် ဆောင်ရွက် သွားမယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့သိရတာကတော့ SB က ဖမ်းတာပါ။ သို့ပေမယ့် သူတို့ပြောချက်တွေအရကတော့ သက်ဆိုင်ရာကလာပြီး ခေါ်ယူ မေးမြန်းဖို့ အတွက် ခေါ်သွားတယ်လို့ ပြောတယ်။ အရှင် ဂမ္ဘီရကလည်း အဲဒီအချိန်မှာ ကျောင်းထိုင် ဆရာတော်ဖြစ်တဲ့ ဦးဣဿရိယကို သူ့ကို တရက်ပဲ ခေါ် သွားမယ် ဆိုပြီးတော့ လာခေါ်တဲ့အချိန်မှာ အာဏာပိုင်တွေက ကတိ ပေးသွားတယ် လို့တော့ ကြားရပါတယ်။

သို့ပေမယ့် ဗမာပြည်မှာ ကျနော်တို့အတွေ့အကြုံအရဆိုရင်တော့ ခဏ ဆိုတဲ့ကိစ္စကလည်း တခါတလေ အနှစ် ၂၀ လောက် ကြာသွားရ တတ်တဲ့ အခါကျတော့ ကျနော်တို့လည်း ဒီအပေါ်မှာ ဘယ်လို အခြေအနေရှိမလဲ ဆိုတာတော့ စောင့်ကြည့် နေပါတယ်။ ဒီနေ့ညမှ ပြန်မလွှတ်ဘူး ဆိုရင်တော့ ဒါဟာ သူတို့ပြောခဲ့တဲ့ ကတိတွေနဲ့ ညီဖို့အတွက် ကျနော်တို့ ပြောဆိုရမှာပဲ”

AAPP-B အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ အာရှလူ့အခွင့်အရေးကော်မရှင်ကတော့ အာဏာပိုင် တွေရဲ့ အခု ဆောင်ရွက် ချက်ဟာ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့လည်း မကိုက်ညီသလို - လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်လည်း ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အရှင်ဂမ္ဘီရကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ဝ နေ့ကလည်း တိုင်း သာသနာရေး ဦးစီးဌာနနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကနေ မေးချင်တာ ရှိလို့ဆိုပြီး အခုလိုပဲ ခေါ်ဆောင်သွားဖူးပြီး ရက်ပိုင်း အတွင်းမှာပဲ ပြန်လွှတ် ပေးခဲ့တာပါ။ အဲ့ဒီလို ပြန်လွှတ် ပေးပြီးနောက် မကြာခင်မှာပဲ အစိုးရထုတ် သတင်းစာတွေ ကနေ ဆရာတော်ကို ဓမ္မစက်နဲ့ အရေးယူလို့ မရတော့တဲ့ အတွက် အာဏာစက်နဲ့ အရေး ယူတော့မယ်လို့ သတိပေး ရေးသား ခဲ့ပါတယ်။

အရှင်ဂမ္ဘီရနဲ့ အခြားသံဃာတော်တွေကနေ ဦးဆောင်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့ လှုပ်ရှားကို စစ်တပ်ကနေ အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက် အရှင်ဂမ္ဘီရ အပါအဝင် ရာနဲ့ချီပြီး တော်တော်များများကို ဖမ်းဆီး ထောင်ချခဲ့တာပါ။ အရှင် ဂမ္ဘီရကိုတော့ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် အနှစ် ၆ဝ ကျော် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အရပ်သား အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား တော်တော်များများ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

အရှင်ဂမ္ဘီရဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကပဲ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် လာခဲ့သူ ဖြစ်ပါတယ်ရှင်။

Ref: VOA News

Read More...

Wednesday, March 7, 2012

နောက်ကြောင်းပြန်မလှည့်ဖို့ အသေပိတ်ရမယ့် တံခါး

March 4, 2012

ဂါမဏိ

မြန်မာနိုင်ငံရဲ့ ဖားတပိုင်းငါးတပိုင်းခေါင်းဆောင်တွေက ဒီမိုကရေစီစနစ်ဆီ ခြေလှမ်းတွေ လှမ်းနေပြီ၊ အပြောင်းအလဲ တွေ လုပ်နေပြီ ဆိုပြီး လူမြင်သူမြင် အကွက်ဆန်းလေးတွေ ကပြနေသလို စစ်အာဏာရှင် စနစ်ဆီ နောက်ကြောင်းပြန် မလှည့် ဘူး၊ စစ်တပ် အာဏာ သိမ်းတာမျိုး မလုပ်တော့ဘူးလို့လဲ ထပ်ခါထပ်ခါ ကတိပေး သလိုလို အာမခံသလိုလို အမေရိကန် ကြားအောင် ပြောနေပါတယ်။

တကယ်တော့ လက်ရှိအနေအထားဟာ ၁၉၆၂-၁၉၇၄ ကာလ နဲ့ ၁၉၈၈-၂၀၁၀ ကာလလို ပြောင်အတိအလင်း စစ် အာဏာရှင် စနစ်မျိုး မဟုတ်ပေမဲ့ ၁၉၇၄-၁၉၈၈ ကာလလို ခေါင်းမြီးခြုံ စစ်အာဏာရှင် စနစ် ဖြစ်နေပြီး လူမမြင် သူမမြင်နေရာ တွေမှာ ဘာမှ မပြောင်းလဲတာ မြန်မာ ပြည်သူလူထုက သိနေပါတယ်။ အထူးသဖြင့် အောက်ခြေက အလုပ်သမား လယ်သမား ကျောင်းသား တောကြို အုံကြား တိုင်းရင်းသားဘဝတွေ အပြောင်းအလဲ မရှိတာထက် ပိုအဓိကကျတာက ၁၉၆၂ ခုကနေ ဒီကနေ့အထိ မြန်မာ သမိုင်းကြောင်းကို ကြီးစိုးထားတဲ့ တပ်မတော်ရဲ့အမြင် သဘောထားတွေ၊ တပ်မတော်ရဲ့ ဖွဲ့စည်း လည်ပတ်မှု စနစ်တွေ မပြောင်းလဲတာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေ တခုတည်းကို ပြင်ဆင်လိုက်ရုံနဲ့ မပြီးဘဲ တပ်မတော်ကိုပါ တပါတည်း ပြောင်းလဲ ပြင်ဆင်လိုက်မှ နောက်ကြောင်း ပြန်မလှည့်ဖို့ အာမခံချက် ရှိမှာဖြစ်ပါတယ်။

ဗမာပြည်ရဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီပြဿနာဖြစ်တယ်၊ တိုင်းရင်းသားပြဿနာဖြစ်တယ်၊ အခြေခံ ဥပဒေပြဿနာ ဖြစ်တယ် စသဖြင့် ကိုယ်သန်ရာ ရှုဒေါင့်ကနေ ပြောနေကြပေမဲ့ ဒီကနေ့ကာလမှာ အချုပ်ကတော့ စစ်တပ် ပြဿနာပဲ ဖြစ်ပါတယ်။ စစ်တပ် ကိုယ်၌က ဒီမိုကရေစီ ဆန့်ကျင်ရေး၊ တိုင်းရင်းသား ကျွန်ပြုရေး၊ လူမှု-စီးပွား လက်ဝါးကြီးအုပ် ရေးတွေ ခြေဆုံးခေါင်းဆုံး အရိုးစွဲ နေသရွေ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ဥပဒေအရေးတွေ အားလုံး တနွယ်ငင်တစင်ပါ ဖောက်ပြန် မှောက်မှား ကုန်မှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး ဖြစ်စေ၊ ဗိုလ်တင်အောင်မြင့်ဦး၊ ဗိုလ်အောင်သောင်း၊ ဗိုလ်ကျော်ဆန်းဖြစ်စေ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင် ဖြစ်စေ ကမ္ဘာပေါ်မှာ မရှိတော့ရုံနဲ့လဲ မလုံလောက်ပါဘူး။ ၁၉၅၀ ခုနှစ်များက တည်းကစ ပြီး ပုံစံသွင်းခဲ့တဲ့ အတွေးအမြင် အမူအကျင့် စနစ်ဇယား အားလုံးကို စစ်တပ်တခုလုံးထဲက ခဝါချပစ်ဖို့ လိုနေပါတယ်။ ဘားတိုက် ပြန်သွားရုံနဲ့ မပြီးဘဲ စစ်တပ် တခုလုံးကိုပြောင်းလဲပစ်မှ ကျန်တဲ့ တနိုင်ငံလုံးမှာ အပြောင်းအလဲတွေ အနှစ်သာရ ရှိရှိ နောက်ပြန် မလှည့်စတမ်း ဖြစ်လာ ပါလိမ့်မယ်။

မြန်မာ့တပ်မတော်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရဲထွဋ်၊ ဗိုလ်ကျော်ဇော တို့ကို တယောက်ပြီးတယောက် ပထုတ်ခဲ့ပြီးနောက် စစ်လက်ဝါးကြီးအုပ် ဝါဒကို ဗိုလ်နေဝင်း၊ ဗိုလ် မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့က တစတစ သွတ်သွင်း လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်နဲ့ လုံးဝ ကွဲလွဲပြီး တိုင်းပြည့် ကယ်တင်ရှင် ဝါဒ မျက်နှာဖုံးနဲ့ အိမ်ကြီးပေါ် အိမ်ငယ် ဆောက်ရေးကို စ,စဉ်းစား စ,ခြေလှမ်း လာခဲ့ပါ တော့တယ်။

မြန်မာစစ်တပ်ဟာ ၁၉၅၂ ခု တပ်မှူးညီလာခံကတည်းက နယ်ဖက်ကိစ္စတွေဖြစ်တဲ့ စီးပွားရေး၊ ဘဝသစ်ဖန်တီးရေး၊ ကျေးလက် ကြီးပွားရေး၊ ဒေသန္တရ အုပ်ချုပ်ရေး၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး စတာတွေကို ဝင်စွက်ဖက်ဖို့ ခြေလှမ်း လာပါတယ်။ ဒီလိုနဲ့ ၁၉၅၄ စက်တင်ဘာ မေမြို့တပ်မှူး ညီလာခံမှာ ဒီမိုကရေစီ အစိုးရလက်အောက် အမှုထမ်း နေရက်နဲ့ သီးသန့် တပ်မတော် ဝါဒ သဘောတရား ထားဖို့ စ,ဆွေးနွေး ခဲ့ပါတယ်။ ၁၉၅၅ ခု အောက်တိုဘာလမှာ ရေတပ်နဲ့ လေတပ်ကို ကြည်းတပ် ဦးစီးချုပ်အောက် စသွတ်သွင်းပြီး လက်နက်ကိုင် တပ်အားလုံးကို တလက်ကိုင် စနစ် စ,ကျင့်သုံးခဲ့ပါတယ်။ ကြည်း တပ်ဦးစီးချုပ်ကို ကြည်း-ရေ-လေ တပ်မတော် တခုလုံးရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ထာဝရ သတ်မှတ် လိုက်ပါတော့တယ်။

တပ်မတော်ဟာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါဘဲလျက် တပ်မတော်ဝါဒသဘောတရား ideology ဖော်ထုတ်ရေး အဆို ပြုချက်ကို ဗိုလ်ချုပ်နေဝင်းက ၁၉၅၆ ခု မိတ္ထီလာ တပ်မှူး ညီလာခံမှာ တရားဝင် တင်သွင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို စိတ်ကြိုက်ချဲ့ကား မြှောက်ပင့်ဖို့ ဒီနှစ်ထဲမှာဘဲ ဆိုက်ကိုဌာန ဖွင့်ခဲ့ပြီး ပြည်သူလူထုထဲ၊ အထူးသဖြင့် စစ်တပ်ထဲ မှာ စစ်တပ်သည် အကြီးမြတ်ဆုံး ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ဟန် စ,သန္ဓေတည် စေခဲ့ပါတယ်။ ၁၉၅၇ စက် တင်ဘာ တပ် မှူးညီလာခံ အပြီး အောက်တိုဘာလမှာ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ဆိုက်ကို ဌာန) က ချစ်လှိုင် နဲ့ စောဦး တို့ရဲ့ နာမရူပ ဝါဒကို မြဝတီမဂ္ဂဇင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ဝါဒဖြန့် လာခဲ့ပါတယ် (၁၉၆၂ -၁၉၈၈ မဆလ ဝါဒ ရဲ့ရှေ့ပြေး ဖြစ်ပါတယ်)။

အလုပ်သမား-လယ်သမား-ကျောင်းသား-သံဃာတိုက်ပွဲတွေပေါ်တဲ့အခါ တပ်မတော်ရဲ့အဓိက တာဝန်က တရားဥပဒေ စိုးမိုးရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ ဆိုပြီး ဒီမိုကရေစီကိုလဲ ပစ်ပယ်၊ ရဲအလုပ်ကိုလဲ ဝင်ရှုပ် လက်ဝါးကြီး အုပ် ခဲ့သလို တိုင်းရင်းသားတွေရဲ့ အကြမ်းမဖက်/လက်နက်ကိုင် ဖက်ဒရယ် လှုပ်ရှားမှု ဖြစ်လာတဲ့ အခါမှာတော့ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ ဆိုပြီး အာဏာကိုလက်ဝါးကြီး အုပ်ဖို့ လုပ်လာခဲ့ပါ တယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်တွေဟာ “ဒီမိုကရေစီရေးသည် ပထမ”လို့ ဘယ်တုန်းကမှ မခံယူခဲ့တာဘဲ ဖြစ်ပါတယ်။

၁၉၅၈ ခု ဇွန်လမှာ သန့်ရှင်းဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုက ပြည်တွင်းငြိမ်းချမ်းရေးအတွက် သင်ပုန်းချေ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေ ပြဋ္ဌာန်းရေး၊ တော်လှန်ရေး အဖွဲ့များ ဥပဒေတွင်း တရားဝင် ရပ်တည်နိုင်ရေးတို့ကို ကတိပေး ကမ်းလှမ်းပြီး တွေ့ဆုံ ဆွေးနွေးဖို့ လုပ်လာတဲ့အခါ ပြည်တွင်းစစ်နဲ့ အင်အားကြီး လူရာဝင်လာတဲ့ စစ်တပ်ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ် ပြီး အာဏာသိမ်းဖို့ စတင်ကြံစည် လှုပ်ရှား လာခဲ့ပါတယ်။

၁၉၅၈ စက်တင်ဘာ မိတ္ထီလာ တပ်မှူးညီလာခံမှာ တပ်မတော်ဝါဒသဘောထား ထုတ်ပြန်ခဲ့ပြီး ဒီလထဲမှာဘဲ အိမ်စောင့် အစိုးရ နာမယ်ခံ ပထမ အကြိမ် အာဏာ သိမ်းခဲ့ပါတယ်။ ဒီလို အာဏာ သိမ်းထားတာကို အခွင့်ကောင်းယူပြီး ၁၉၅၉ တပ်မတော် အက်ဥပဒေကိုလဲ ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒီဥပဒေကြောင့် တပ်မတော်ဟာ နိုင်ငံထဲမှာ ငါ့မင်းငါ့ချင်း ဖြစ်သွားပြီး ကြည်းတပ် ဦးစီးချုပ် တယောက်တည်းရဲ့ အမိန့်ကိုသာ နာခံရတော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဆိုက်ကိုဌာနကလဲ အိမ် စောင့်အစိုးရ လက်ထက်မှာ တပ်မတော်ကသာ တိုင်းပြည် အတွက် အကျိုးပြုနိုင်တဲ့ အကြောင်း၊ တော်ကြောင်းကောင်း ကြောင်းတွေ နင်းကန် ဝါဒ ဖြန့်ပေးခဲ့ပါတယ်။

စစ်တပ်ဆိုက်ကိုဌာနဟာ ဗကပ၊ အလံနီ၊ ကေအဲန်ယူတို့ရဲ့ ဆိုးသွမ်းမှုဆိုတာတွေကို (ဥပမာ- ဖြူးတိုက်ပွဲ၊ ရထားဗုံး ခွဲမှု၊ တက္ကသိုလ် ကျောင်းသူတွေကို တရုတ်ဖြူဆီမှာ လက်နက်နဲ့လဲမှု) ပုံကြီးချဲ့ သို့မဟုတ် လုပ်ဇာတ်ဖန်တီး ထပ်တလဲ လဲဝါ ဒဖြန့်ပြီး ရခိုင်၊ တနင်္သာရီ၊ ကရင်၊ ကရင်နီ နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူသတ်မှုတွေ၊ လူ့အခွင့်အရေး ဖောက် ဖျက်မှုတွေ (ဥပမာ- လယ်ဝေး၊ တောပန်းဇင်၊ ပုလော၊ မြလဲ၊ လွိုင်လင်) ကို ဖုံးအုပ်ဖျောက်ဖျက်တာ လုပ်ပေးနိုင်လို့ ကွန် မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေကို လူဆိုး လူရိုင်းတွေ၊ အကြမ်းဖက်သမားတွေ၊ ပြည်ထောင်စု ဖြိုခွဲသူတွေ၊ စစ်တပ်ကို တော့ တကယ့်မျိုးချစ် သူတော်ကောင်း သူရဲကောင်းတွေ အဖြစ် တပ်ထဲမှာရော၊ ပြည်သူလူထုထဲမှာပါ သရုပ်ဖျက် ပုံရိပ် ဖန်တီး စွဲမှတ်စေခဲ့ပါတယ်။

၁၉၆၂ ခု စစ်အာဏာသိမ်းပွဲဟာ တိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုတဲ့ ဖက်ဒရယ်အရေး အသံလွှင့်ရုံ ဆွေးနွေးပွဲ အကြောင်း ပြခဲ့ပေမဲ့ ၁၉၆၁ ခု နိုဝင်ဘာ လောက်ကတည်းက စီစဉ်ခဲ့တာ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီဝင် ဗိုလ်မှူး ချုပ်အောင်ကြီး နဲ့ ဗိုလ်မှူးချုပ် တင်ဖေတို့က ထုတ်ပြော ခဲ့ကြပါတယ်။ အိမ်ကြီးပေါ် အိမ်ငယ်ဆောက်ရာကနေ နောက်ဆုံး တော့ အိမ်ကြီးကို လုံးလုံး ဖျက်ချ ပစ်လိုက်ပြီး ပုံမကျ ပန်းမကျ အိမ်ငယ်က မင်းမူလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ အာဏာသိမ်းတဲ့အကြောင်းတရားတွေထဲမှာ ဦးနုရဲ့ပထစအစိုးရဟာ တမျိုးသားလုံး စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းဖို့ စဉ်းစား အားထုတ်လာတဲ့ အတွက် တပ်တွင်း လက်ဝါးကြီးအုပ် အာဏာ လျော့ပါး ထိခိုက်သွားမှာ စိုးတာလဲ တကြောင်း ပါပါတယ်။ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်း စစ်အစိုးရ လက်ထက် ၁၉၆၉ တပ်မှူး ညီလာခံမှာလဲ အဲ့ဒီအချိန်တုံးက လုပ်စားနေတဲ့ “ဆိုရှယ်လစ်” မျက်နှာဖုံးနဲ့ ကိုက်ညီရအောင် တမျိုးသား လုံးစစ်မှုထမ်း ဥပဒေ ထုတ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ် အုပ်စုရဲ့ အထူး အခွင့်အရေးတွေ ထိခိုက် ဆုံးရှုံးမှာစိုးလို့ ဒီကိစ္စကို ချောင်ထိုး လိုက်ပါတော့တယ်။ ၁၉၆၉ ခုနောက်ပိုင်းမှာ တပ်မှူးညီလာခံကိုလဲ တခါမှ မခေါ်တော့ဘဲ ၁၉၈၈ ဒီဘက်ပိုင်းကျမှ လေးလပတ် အစည်းအဝေးဆိုပြီး တနှစ် သုံးခါ တပ်မှူး တွေကို အစည်းအဝေးခေါ် ကွပ်ညှပ် နေပါတယ်။

ပြည်တွင်းစစ်ကိုအမှီပြုပြီး အင်အားကြီးထွား သြဇာမြင့်မားလာတဲ့စစ်တပ်ဟာ သူ့သြဇာအာဏာကို ခွဲပေးရမယ့် ဖက်ဒ ရယ်စနစ်၊ ဒီမိုကရေစီ စနစ် နဲ့ လူတိုင်း စစ်မှုထမ်း စနစ်တို့ကို မလိုလားခဲ့တာ သဘာဝပါဘဲ။

ပထမအာဏာသိမ်းပွဲ သို့မဟုတ် အိမ်စောင့်အစိုးရလက်ထက်ကစပြီး စစ်ဗိုလ်တွေကို အထူးအရာရှိတွေ အဖြစ် အရပ်ဖက် အစိုးရ ဌာနတွေမှာသွင်း အရပ်သား ဝန်ထမ်းတွေအပေါ် လွှမ်းမိုး ဗိုလ်ကျတာတွေ စလာခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပွဲ နောက်ပိုင်းမှာ ဒီလုပ်ရပ်ဟာ ပိုဆိုးလာပြီး နေရာတကာမှာ အခွင့်ထူးခံ စစ်ဗိုလ်တွေ ကြီးစိုး ချယ်လှယ်တာ ဖြစ်လာသလို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာလဲ စစ်ဗိုလ်တွေကို ဌာနဆိုင်ရာတွေနဲ့ ထွေ/အုပ်တွေထဲ အစုလိုက် အပြုံလိုက် ထည့်သွင်း ကြိုတင် နေရာချခဲ့ပါတယ်။ တပ်ချုပ် သန်းရွှေရဲ့အစီအစဉ်အောက်မှာ ဝန်ကြီးတွေ အပါအဝင် အရပ်ဝတ်လဲ လိုက်တဲ့ စစ်ဗိုလ်တွေဟာ တပ်တွင်း ထုံးတမ်းစဉ်လာ သတ်မှတ်ချက် အရ အရပ်ဘက် ပြောင်းပြီး လေးလအထိ ယူနီဖောင်း ဆက်ဝတ်ခွင့်တောင် မရတော့ဘဲ အရပ်ဝတ် တမျိုးဘဲ မဝတ်မနေရ ဝတ်ရပါတယ်။

အရည်အချင်းညံ့ဖျင်းပြီး သက်ဆိုင်ရာပညာရပ် ကျွမ်းကျင်မှုမရှိတဲ့ စစ်ဗိုလ်တွေရဲ့ နှစ်ပေါင်း ၅၀ လွှမ်းမိုး ချယ်လှယ်မှု အောက်မှာ တိုင်းပြည်ဟာ ဖွတ်တက် သွားခဲ့ပါတော့တယ်။ စစ်အလွှာအတွက် အခွင့်ထူးခံ ပညာရေး ကျန်းမာရေးစနစ် တွေလဲ ပေါ်ထွန်းလာပြီး သာမန် ပြည်သူတွေအတွက် ပညာရေး ကျန်းမာရေးတွေ ခြွတ်ခြုံကျ ပျက်စီး သွားခဲ့ပါတယ်။

စစ်တပ်ဟာ နယ်ဖက်အုပ်ချုပ်ရေးထဲ အတင်းဝင်နေရာယူ လက်ဝါးကြီးအုပ်သလို စီးပွားရေးနယ်ပယ်မှာလဲ MBA ဘွဲ့ရ တယောက်မှ မပါတဲ့ ဦးပိုင်နဲ့ MEC တို့ဟာ ဈေးကွက် အခြေမခံဘဲ အာဏာကို အခြေခံပြီး တမိုးလုံးဖျောက်ဆိပ် လက်ဝါးကြီး အုပ်ထားပါတယ်။ ဗိုလ်ချုပ် မိသားစုတွေ ရှယ်ယာပါတဲ့ လက်ဝေခံ မသူတော်ဂိုဏ်းဝင် စီးပွားရေး သမားကြီးတွေကလဲ သာမန်ပြည်သူတွေ ဘယ်လိုမှ မတိုးနိုင်အောင် နိုင်ငံ ဓန ဥစ္စာတွေကို ထိန်းချုပ် ချယ်လှယ်နေပါတယ်။

၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်အောင်မြင့်တို့က တပ်မတော်မှာ အစဉ်အလာ မရှိဖူးတဲ့ စည်းကော် (စည်းရုံးရေးကော်မတီ) ကိုထူထောင်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ အားလုံးရဲ့ နေ့စဉ် ဘဝတွေကို အကြွင်းမဲ့ ချုပ်ကိုင် လိုက်ပါတယ်။ (မဆလခေတ်တုံးက တပ်မတော် ပါတီ စည်းရုံးရေး ကော်မတီတွေ ကတော့ ပါတီလိုင်းကိုပဲ သွတ်သွင်း ခဲ့ပါတယ်။) အတိုက်အခံတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အချုပ်အခြာ အာဏာ ဆုံးရှုံးအောင် လုပ်နေသူတွေ၊ ပြည်ထောင်စု ပြိုကွဲအောင် လုပ်နေသူတွေ၊ မျိုးချစ်စိတ် မရှိသူတွေ၊ တိုင်းပြည် မတည်မငြိမ် ဖြစ်အောင်လုပ် နေသူတွေအဖြစ် တပ်ကို သတင်းအမှား ပေးတဲ့နည်း misinformation/disinformation နဲ့ ရန်သူ အဝိုင်းခံ စိတ်နေစိတ်ထား သက်ရောက် စိုးရိမ် ချောက်ခြားနေအောင် တောက်လျှောက် ကောက်ကောက် ကျစ်ကျစ် လုပ်ထားခဲ့ပါတယ်။

၁၉၅၀ ခုနှစ်များအလယ်ပိုင်းလောက်ကစပြီး စစ်တပ်ကို ပုံစံသွင်းခဲ့တဲ့အတွက် ဒီကနေ့ တစညဖြစ်စေ၊ ထောက်လှမ်းရေးချုပ် ဗိုလ်ခင်ညွန့်ဖြစ်စေ စစ်လက်ဝါးကြီးအုပ် ရည်ရွယ်ချက် အတွက်ဘဲ သသဏ္ဌာန် အမျိုးမျိုးနဲ့ လုံးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ ဒီမိုကရေစီ စနစ်တို့၊ နိုင်ငံတကာက စံထားတဲ့ အရပ်သား အုပ်ချုပ်ရေး စစ်စစ်တို့ကို စိတ်ကူးတာ မဟုတ်ပါ။ ဒါပေ မဲ့ အိမ်ကြီးပေါ် အိမ်ငယ်ဆောက်တဲ့ အတွေးအခေါ်ကနေ ကျဉ်းမြောင်းတဲ့ ဂိုဏ်းဂဏဝါဒ၊ အစွန်းရောက် မဟာဝါဒတွေ မလွဲ မသွေ ပေါက်ဖွားစေတဲ့ အတွက် လက်ရှိ ဗိုလ်ချုပ်တွေထက် စစ်ရေးစစ်ရာမှာ အပုံကြီးသာတဲ့ ဗိုလ်ထွန်းရီ၊ ဗိုလ်သန်းတင်၊ ဗိုလ်တင့်ဆွေတို့ ဦးစီးတဲ့ တစည ကိုတောင် နေရာမပေးနိုင်အောင် သန်းရွှေ-သိန်းစိန်စစ်အုပ်စု က မစ္ဆရိယစိတ်များလှပါ တယ်။

ရေရှည်စနစ်တကျပုံစံသွင်းဖျက်ဆီးခံခဲ့ရတဲ့ စစ်တပ်ဟာ အရေအတွက် အရည်အသွေး အရည် အချင်းတွေ ကျဆင်းလာ တာ မဖုံးနိုင် မဖိနိုင် ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ ၂၀၁၁ ခု အောက်တိုဘာ ၂၅ ရက် ဗန်းမော် ခရိုင်တွင်းက တိုက်ပွဲမှာ လက်အောက် ငယ်သားတွေ အသက်ဆုံးမှာကို ငဲ့ကွက်ပြီး အမိန့်မရဘဲ စစ်မြေပြင်က ဆုတ်ခွာခဲ့တဲ့ အတွက် စကခ-၂၁ လက်အောက်ခံ ခလရ ၄၇ တပ်ရင်းမှူး ဗိုလ်မှူး ညီညီအောင် (တေဇ အပတ်စဉ် ၂၅) ထောင်ဒဏ် ၂၅ နှစ်၊ ဗိုလ်ကြီးဖြိုးဝေ အောင် ထောင်ဒဏ် နှစ် ၂၀၊ အခြားအဆင့် ၁၂ ဦး ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေး ခံခဲ့ရပါတယ်။ တပ်မ ၈၈ ရဲ့ ခမရ ၃၁၇ ကအရာရှိတွေလဲ ဒီဇင်ဘာ ၁၀ ရက်နေ့ ခိုင်ဘန် တိုက်ပွဲမှာ အကြီးအကျယ် စစ်ရှုံးခြင်း ပြစ်မှုနဲ့ စစ်ခုံရုံးတင် ခံရပါတယ်။

အောက်တိုဘာ-နိုဝင်ဘာထဲမှာ မပခ လက်အောက်ခံ ခလရ ၂၁၊ ခလရ ၃၇၊ ခလရ ၅၈၊ ခလရ ၂၆၀၊ ခမရ ၄၃၇ နဲ့ တ ခြားတပ်ရင်း ၂ ရင်းက တပ်ရင်းမှူးတွေလဲ ထုတ်ခံရ သို့မဟုတ် ရာထူးချခံရပါတယ်။ စကခ-၂၁ လက်အောက်ခံ ခမရ ၄၃၈ တပ်ရင်းမှူး နဲ့ ဒကစ(တနိုင်း) လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းမှူး တို့ကတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။

စစ်ရပ်စဲဖို့ပြောတဲ့ သမတအမိန့်ကို တပ်ကမနာခံတာမဟုတ်ဘဲ ယူနီဖောင်းချွတ်တွေက ဘယ်လိုပြော၊ ယူနီဖောင်း ဝတ်တွေက ဘယ်လိုလုပ် ဆိုပြီး တပ်ချုပ်ကြီး သန်းရွှေ ဇာတ်ညွှန်းဆွဲ စီစဉ်ညွှန်ကြား ဇာတ်တိုက်ခဲ့ပေမဲ့ မထင်တာတွေက ဖြစ် လာလို့ ကြံ့ဖွတ် စစ်ခေါင်းဆောင်တွေ ရှက်ရမ်းရမ်း ရှုံးမဲ မဲနေတာလဲ တွေ့ရသလို ပေါက်ကွဲလုဆဲ အောက်ခြေတပ်တွေ ကြောင့် တနပ်စား ငြိမ်းချမ်းရေးတွေ ဒရောသောပါး လိုက်လုပ်နေတာလဲ တွေ့ရပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ခွဲမရတဲ့ တပ်မတော်ပြင်ဆင်ပြောင်းလဲရေးအတွက် တလက်ကိုင်စနစ် ဖျက်သိမ်းရေး၊ တပ် မတော်သား အခွင့်အရေး အပြည့်အဝပေးရေး နဲ့ တပ်မတော်သား သမဂ္ဂ ဖွဲ့စည်းရေး၊ ပုဒ်မ ၆၅ နဲ့တကွ တပ်မတော် အက် ဥပဒေထဲက မူမမှန်တဲ့ အပိုင်းတွေကို ဒီမိုကရေစီ နည်းကျကျ ပြန်လည် သုံးသပ်ပြင်ဆင်ရေး သို့မဟုတ် တပ်မတော် အက် ဥပဒေ နည်းဥပဒေတွေ အသစ်ပြန်ဆွဲရေး၊ ဦးပိုင် နဲ့ မသူတော် စီးပွားရေး ဖျက်သိမ်းရေး၊ အစိုးရ ဌာနတွေထဲက မိုးကျရွှေ ကိုယ်များ ဖယ်ရှားရေး၊ ရေးချုပ် ထောက်ချုပ် ထုတ်ချုပ် ကျင့်ချုပ် စရခချုပ် စစ်ဆေးရေးချုပ်တွေကို ကြည်းတပ် လက်ဝါး ကြီးအုပ်မှု တပ်ချုပ် လက်ဝါးကြီး အုပ်မှု ပယ်ဖျက်ရေး၊ ကကဝယ်ကို ပညာရှင်တွေနဲ့ သက်ဆိုင်ရာ လက်ရုံး တွေဦးစီးရေး၊ ဦးစီးချုပ်တွေကို ပြည်သူ့ ကိုယ်စားလှယ်တွေက ထိန်းချုပ်ရေး စတာတွေလုပ်ဖို့ အရေးတကြီး လိုလာပါပြီ။ ဘယ်သူလုပ် လုပ် မလုပ်လုပ် သောက်သောက်လဲ အသေခံနေရ၊ စက်နဲ့ လှည့်ထုတ်သလို ဒုက္ခိတဖြစ်နေရ၊ မိသားစုတွေ နောက်တန်း မှာ စားရမဲ့ သောက်ရမဲ့ ဘဝ ဖြစ်နေရတဲ့ အောက်ခြေ တပ်မှူး တပ်သားတွေကတော့ စစ်မှန်တဲ့ တပ်မတော် အကျိုးစီးပွား၊ နိုင်ငံ့ အကျိုးစီးပွားကို မဖြစ်ဖြစ်အောင်လုပ်ဖို့ တာစူနေပါပြီ။

ကလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မ ၅၅ ရဲဘော်တွေ ယူနီဖောင်းဝတ်ပြီး ပြောင်ထွက်ကြိုခဲ့တာ အကင်းပဲ ရှိပါ သေးတယ်။

ဂါမဏိ

Read More...

နေပြည်တော်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

2012-03-06

နေပြည်တော်ကို စည်းရုံးရေးခရီးစဉ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က တိုင်းရင်းသား လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံပြီး တိုင်းရင်းသား အရေးကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲကိစ္စ အတွေ့အကြုံ ဖလှယ်ခဲ့သလို တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“အခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အင်မတန် အရေးကြီးတဲ့ အကြောင်း၊ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမှာ အခက်အခဲ မျိုးစုံ ရင်ဆိုင် ကြုံတွေ့ခဲ့ကြတာကိုး။ အဲဒီတော့ အခု ဧပြီလတစ်ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲဟာ အင်မတန် တိုတောင်းတယ်၊ မဲဆွယ် စည်းရုံးချိန် ကာလလည်း မလုံလောက်တဲ့ ကြားထဲက ကြိုးစားပမ်းစား လုပ်နေကြတယ်၊ ဒီ လာမယ့် ရွေးကောက်ပွဲကို ကမ္ဘာကလည်း စောင့်ကြည့် နေကြတယ်၊ အဲဒါကြောင့် တရားသဖြင့် ဖြစ်အောင်၊ သမာသမတ်ကျအောင် ပြည်သူတွေကလည်း အလေးအနက် ထားပြီး ကာကွယ်ရမှာ ဖြစ်သလို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဘက်ကလည်း အလေးအနက် ထားပြီး သမာသမတ် ကျအောင် လုပ်ပေးမယ်လို့ သူမျှော်လင့်တယ် ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေထဲမှာ ရှမ်း၊ ရခိုင်၊ ပလောင်၊ ပအို့ဝ်၊ ချင်း၊ ၀၊ ဖလုံစဝေါ် ပါတီက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရာသီရိ မြို့နယ်နဲ့ ပုဗ္ဗသီရိ မြို့နယ်တွေမှာ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဟောပြောပွဲတွေမှာ မဲဆွယ် စည်းရုံးရေးတွေမှာ မလျော်သြဇာသုံးပြီး စည်းရုံး မဲဆွယ်တာတွေကို အကြောက်တရား ကင်းကင်း ရင်ဆိုင်ကြဖို့၊ ပြည်သူတွေရဲ့ ချစ်ခင်မှုကို ပြန်လည်ရရှိအောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တပ်မတော်သားများ မဲထည့်ဖို့  ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားကြောင်း ပုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောပါတယ်။ ဒါ့ပြင် ပညာရေးစနစ်ကိုလည်း အဓိကထားပြီး ပြောဆိုသွားကြောင်း သိရပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်း တောင်ငူမြို့ကို သွားရောက်ပြီး အလုပ်လက်မဲ့ ဘွဲ့ရ လူငယ်တွေရဲ့ အရေး ကိစ္စနဲ့ ပညာရေး ကိစ္စတွေကို ပြောကြား ခဲ့ပါတယ်။ အလုပ်လက်မဲ့ ဆိုတာဟာ အလုပ်မရှိတာ တစ်ခုတည်းကို ပြောတာ မဟုတ်ဘဲ ရှိတဲ့ အလုပ်နဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းဖို့ မလုံလောက်တာ ဟာလည်း အလုပ်လက်မဲ့ ပြဿနာနဲ့ အတူတူပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Ref: RFA News

Read More...

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်

မခင်ဖြူထွေး
အင်္ဂါ, 06 မတ် 2012

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ် (John Baird) ဟာ ကနေဒါနိုင်ငံကနေ မြန်မာနိုင်ငံကို ဒီကနေ့ ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီး ဖြစ်ပေါ်လာဖို့ အားပေးရာ ရောက်လိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။

မစ္စတာ ဘာ့ဒ် ဟာ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သလို အခုလို သမိုင်းဝင် ခရီးစဉ်ကနေ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးတဲ့ ခရီးစဉ်တစ်ခု ဖြစ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း ကနေဒါနိုင်ငံ အခြေစိုက် ကနေဒါ မြန်မာ့ မိတ်ဆွေများ အဖွဲ့ Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူးက ပြောပါတယ်။

“မြန်မာပြည်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ကနေဒါက နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့ သမိုင်းမှာ ပထမဆုံး အကြိမ် သွားတယ်ဆိုတာ ကျနော်တို့က အကောင်းသဘောနဲ့လို့ ယူဆပါတယ်။ အထူးသဖြင့်ကတော့ ပြည်တွင်းမှာ အပြောင်းအလဲတွေ ပေါ်မှာ ပိုပြီးအားပေးမှု ဖြစ်ပေါ်လာဖို့နဲ့ နောက်တချက်က ဗမာပြည်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် သူတို့ကိုလည်းပဲ တဘက်က International ရဲ့ support ရှိနေတယ်၊ ဆက်ပြီးတော့လည်း ပံ့ပိုးသွားမယ် ဆိုတဲ့ signal တွေကိုပေါ့နော်- သွားပေးတယ်လို့ ယူဆပါတယ်။ ကောင်းတဲ့ခြေလှမ်း တခုလို့ပဲ ကျနော်တို့က မြင်ပါတယ်။ ဒီအပေါ်မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်လာနိုင်မယ်လို့ ကျနော်တို့က အကောင်းသဘော ယူဆ ထားပါတယ်”

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကနေဒါနိုင်ငံက သတိနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ မြန်မာ အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားဆဲ ဖြစ်သလို တဘက်ကလည်း လူ့အခွင့်အရေး အပေါ်မှာ အခြေခံတဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် ဖိအားပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခု နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားတာဟာလည်း ဒီ ထိတွေ့ဆက်ဆံမှုရဲ့ ပထမ ခြေလှမ်းတွေ ဖြစ်တယ်လို့ ကိုတင်မောင်ထူးက ပြောပါတယ်။

“ဒါကတော့ အစောပိုင်းကာလတွေလို့ ကျနော်ယူဆပါတယ်။ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲ မှုတွေ ကျေနပ် လောက်တဲ့ အနေအထားတခု ဆက်ပြီးတော့ ဖြစ်သွား အုံးမယ် ဆိုရင်တော့ ကနေဒါကနေ ချမှတ်ထားတဲ့ အရေးယူမှုတွေ၊ ပိတ်ဆို့မှုတွေ ဟာလည်းပဲ သူ့အလိုအလျှောက် ပွင့်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်ဖို့အတွက် ကိုပဲ ဖိအားပေးမှုတွေက လုပ်ခဲ့တာပါ။ ဆိုတော့-အပြောင်းအလဲ ဖြစ်တာနဲ့ တချိန်တည်းမှာပဲ ကနေဒါက ဒီ အပြောင်းအလဲ ပုံသဏ္ဍန်ကို လုပ်ပေးရမယ်ဆိုတာ - အဲလိုမျိုးပဲ မြင်ပါတယ်”

ကနေဒါနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ပြီး ပြုပြင်ပြောင်းလဲ မှုတွေကို တွန်းအား ပေးသွားဖို့-ဆိုတဲ့ မူဝါဒကို ချမှတ် ဆောင်ရွက် လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ စောင့်ကြည့်ဆဲ အနေအထားမှာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့လည်း မကြာသေးခင်ကပဲ ကနေဒါ အရာရှိတချို့က ပြောဆိုခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် ကတည်းကစပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတဲ့ ကနေဒါနိုင်ငံဟာ မြန်မာ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြလေ့ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်လာနေတာကြောင့် ဒါကို အားပေးတဲ့ အနေနဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်တယ်လို့ ကနေဒါနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူးက ပြောပါတယ်။ မစ္စတာ ဘာ့ဒ် ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပေမဲ့ သူ့အနေနဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သူ ပထမဆုံး သွားရောက်မှာ ဖြစ်ပြီး အဲဒီမှာ သမ္မတ ဦးသိန်းစိန် အပါအဝင် ထိပ်ပိုင်း အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရန်ကုန်မြို့မှာ သွားရောက် တွေ့ဆုံမှာဖြစ်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို ရှေ့တန်းကနေ အားပေးလာခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်သလို ၂ဝဝ၇ ခုနှစ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား အဖြစ် ဂုဏ်ပြု ချီးမြှင့်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

မဲဆန္ဒရှင်တွေ သတ္တိရှိဖို့ ဒေါ်စု တိုက်တွန်း

စုမြတ်မွန်
အင်္ဂါ, 06 မတ် 2012

ကြားဖြတ် ရွေးကောက်ပွဲ မျှတမှုရှိတယ် မရှိဘူးဆိုတာကို မဲပေးတဲ့ တနေ့တည်းနဲ့ ဆုံးဖြတ်လို့ မရဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ မဲပေးဖို့ ခြိမ်းခြောက် မဲဆွယ်သူတွေဟာ ရွေးကောက်ပွဲ ဥပဒေတွေကို မထေမဲ့မြင် လုပ်တဲ့သူတွေ ဖြစ်တာမို့ မကြောက်ကြဖို့ ဒီကနေ့ နေပြည်တော်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ အသိပေး သွားပါတယ်၊ ပြည်သူတွေကို ၊ ကျောင်းဆရာ ဆရာမတွေ တပ်မတော်သား ဝန်ထမ်းတွေ အများစုရှိတဲ့ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိ မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်း ၂ ခုကို မစုမြတ်မွန်က စုစည်း တင်ပြပါလိမ့်မယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင် အရွေးခံမယ့် နေပြည်တော်က မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည်သွားရောက် အားဖြည့် မဲဆွယ် စည်းရုံးခဲ့တာမှာ ဒီနေ့ကတော့ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိမြို့နယ် ၂ ခုကို သွားရောက်ပြီး ပြည်သူတွေကို စည်းရုံး မိန့်ခွန်း ပြောခဲ့ပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မမှန်ကန်တဲ့ နည်းတွေနဲ့ မဲဆွယ် စည်းရုံးမှုတွေကို ပြည်သူတွေ လက်မခံသင့်တဲ့အကြောင်း ဥတ္တရသီရိမြို့နယ်မှာ ခုလို ဆိုခဲ့ပါတယ်၊

“တချို့အဖွဲ့အစည်းတွေကတော့ခြိမ်းချောက်ပြီး မဲတောင်းတာတွေ ရှိတယ်လို့ ကျမ ကြားရပါတယ်။ အဲဒီလို ခြိမ်းခြောက် ပြီးတော့ မဲတောင်းတာဟာ ကုလသမဂ္ဂရဲ့ ပဋိဉာဉ် စာတမ်းပါ အချက်တွေ နဲ့လည်း မကိုက်ညီဘူး။ ဒီနိုင်ငံရဲ့ ဥပဒေတွေနဲ့လည်း မကိုက်ညီဘူး ဆိုတာ ကျမပြောပါရစေ။ ဒီတော့ လာပြီး ခြိမ်းချောက်တဲ့ သူတွေကို ပြောလိုက်ပါ၊ ခင်ဗျားတို့က ဒီနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက် နေတာလား၊ ရွေးကောက်ပွဲ ဥပဒေတွေကို မထေမဲ့မြင် ပြုနေတာလား၊ ရွေးကောက်ပွဲ ဥပဒေအရ ဆိုရင် ခင်ဗျားတို့က ဘယ်သူ့ကိုမှ ခြိမ်းချောက်ပြီးတော့ မဲထည့်အောင်လို့ မလုပ်ခိုင်းရဘူး ဆိုတာကို သေသေချာချာ ပြန်သာပြောလိုက်ပါ၊ မကြောက်ပါနဲ့။ ပြောပိုင်ခွင့် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့က အမှန်တရား ဘက်က ရပ်တည်ပြီးတော့ ပြောနေတာပါ။”

ရွေးကောက်ပွဲ မဲထည့်ကြတဲ့နေ့တနေ့တည်းကို ကြည့်ပြီး ကြားဖြတ်ရွေးကောက်ပွဲဟာ မျှတမှု ရှိတယ် လို့ သတ်မှတ်လို့ မရတာ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခုလို မိန့်ခွန်းထဲကနေ ထောက်ပြ ပြောသွားပါတယ်၊

“ရွေးကောက်ပွဲတခုမှာ တရားမျှတတယ်ဆိုတာဟာ ဒီမဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် လျှို့ဝှက်မဲထည့်နိုင် ရုံနဲ့ မပြီးသေးဘူး။ မဲဆွယ်ခွင့် ကာလမှာ မဟုတ်တဲ့ ကိစ္စတွေ၊ မလုပ်သင့်တဲ့ ကိစ္စတွေ၊ မလုပ်ဖို့ မပါဖို့လည်း အရေးကြီးတယ် ဆိုတာ ကျမ သတိပေးပါရစေ။ စောစောက ပြောသလို ခြိမ်းချောက်ပြီးတော့ မဲထည့် ခိုင်းတာတို့ ဒါမှမဟုတ် မဲဝယ်တာတို့ မဲဝယ်တယ် ဆိုတာ ပိုက်ဆံပေးပြီး ၀ယ်တာလည်း ရှိတယ်၊ ဘာလုပ်ပေးမယ်.. ညာလုပ်ပေးမယ် ဆိုပြီးတော့ ကတိပေးပြီး မဲဝယ်တာ လည်း ရှိတယ်။ အဲဒါဟာလည်း ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေတွေနဲ့ မညီပါဘူး။ အဲဒီလို လုပ်တဲ့ ကိစ္စတွေကို ကျမတို့က ရွေးကောက်ပွဲ ကော်မရှင်ကို အသိပေးရမယ်။ ရွေးကောက်ပွဲကော်မရှင် ကနေ ပြီးတော့ သင့်တော်သလို အရေးယူ ပေးရမယ်။ အဲဒီလို ဖြစ်မှသာလျှင် နိုင်ငံတကာနဲ့ မြန်မာပြည်မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တကယ်ပဲ တရား မျှတမယ်လို့ လက်ခံ နိုင်မှာဖြစ်ပါတယ်။”

ပရိတ်သတ် သောင်းကျော်လာရောက်နားထောင်တဲ့ ဥတ္တရသီရိမြို့နယ် စည်းရုံးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ သတင်းတွေကို လေ့လာဖို့ကိုလဲ တိုက်တွန်း သွားပါတယ်၊ သတင်းတွေကို လေ့လာဆင်ခြင်ပြီး ဗဟုသုတ ယူနိုင်မှ တိုင်းပြည် တိုးတက်နိုင်မယ်လို့ ပြောသွားခဲ့ တာပါ၊ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ နောက်ထပ် သွားခဲ့တဲ့ မြို့နယ်ကတော့ ပုဗ္ဗသီရိမြို့နယ် ဖြစ်ပါတယ်၊ အဲဒီမှာလဲ သောင်းနဲ့ချီတဲ့ ဒေသခံတွေက သူ့ရဲ့ မိန့်ခွန်းကို လာရောက် နားထောင် ခဲ့ကြပါတယ်၊ ခုလို လာကြတဲ့ထဲမှာ ကျောင်းဆရာ ဆရာမတွေ တော်တော် များများ ပါတယ်လို့ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပညာ သင်ကြားရေးနဲ့ ပါတ်သက်တာကို ခုလို ပြောပါတယ်၊

“ကျောင်းတကျောင်းရဲ့ အဓိက ဂုဏ်သိက္ခာဟာ ဘာလဲဆိုတော့ မှန်ကန်တဲ့ ပညာ သင်ကြားပေးရေးပဲ။ ကျောင်း က တဲကျောင်းပဲ ဖြစ်ဖြစ်.. တိုက်ကျောင်းပဲ ဖြစ်ဖြစ်.. ဆရာ ဆရာမတွေက အဆင့်အတန်း မီမီနဲ့ ကျောင်းသားတွေကို ပညာ မသင်ပေးနိုင်လို့ ရှိရင် အဲဒီ ကျောင်းဟာ ဘာသိက္ခာမှ ရှိမှာ မဟုတ်ပါဘူး။”

ခုလို မိန့်ခွန်းပြောခဲ့တဲ့ ဗုဗ္ဗသီရိမြို့နယ်မှာ တပ်မတော်သား ဝန်ထမ်းတွေလဲ အများ အပြားရှိကြတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းလို ပြည်သူချစ်တဲ့ တပ်မတော်သားတွေ ဖြစ်စေချင်တာကိုလည်း စည်းရုံးရေး မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်၊

“တချို့က ကျမတို့ ဒီမိုကရေစီဘက်က လူတွေက တပ်မတော်ကို အတိုက်အခံလုပ်တယ်လို့ လုံးဝ ထင်ကြတယ်။ ဒါ လုံးဝ မဟုတ်ပါဘူး။ ကျမတို့က တပ်မတော်ကို အင်မတန်မှ ဂုဏ်သိက္ခာ ရှိစေချင် တယ်။ ပြည်သူလူထုက လိုလိုလားလားနဲ့ လက်ခံတဲ့ တပ်မတော်လောက် ဂုဏ်သိက္ခာရှိတဲ့ “တပ်မတော် မရှိနိုင်ဘူး ဆိုတာကို ကျမတို့ အများကို ပြောဆိုနေပါတယ်။ ကျမတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့ အလယ်မှာ တင့်တယ်စေချင်တယ်။ တကမ္ဘာလုံးက သူတို့ တပ်မတော်ဟာ ဘယ်လောက် သူတို့ ပြည်သူတွေ ချစ်တဲ့ တပ်မတော်လဲ၊ အင်မတန်မှကို အားကျစရာ တပ်မတော်ပါလားလို့ ကမ္ဘာကလည်း အသိအမှတ် ပြုစေချင်တယ်။”

မတ်လ လ ၃ ရက်နေ့ကတည်းက စပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဆီကို စည်းရုံးရေးခရီး ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ ခရီးစဉ် အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်သွားခဲ့ပါပြီ။ ဒီသီတင်းပတ် ကုန်ပိုင်း ကျရင်တော့ မွန်ပြည်နယ် ဘက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ စည်းရုံးရေး ခရီး ထွက်ဖို့ အစီအစဉ် ရှိပါတယ်ရှင်၊

Ref: VOA News

Read More...

မိုဘိုင်းဖုန်းများ ၂ သိန်းအထိ ဈေးချမည်

March 6, 2012

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ရောင်းချနေသော မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲ အထိ ဈေးလျှော့ ရောင်းပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လာမည့် မတ်လ ၁၄ ရက်နေ့မှစတင်၍ ပထမအဆင့် အနေဖြင့် GSM မိုဘိုင်းဖုန်းများကို ကျပ် ၂ သိန်း၊ WCDMA မိုဘိုင်းဖုန်း များကို ကျပ် ၂ သိန်းခွဲဖြင့် ဈေးလျှော့ ရောင်းချပေးမည် ဖြစ်ကြောင်း၊ စတင် ချထားပေးချိန်တွင် တနိုင်ငံလုံး၌ အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။

“ပြည်နယ်၊ တိုင်းတွေမှာ ချထားပေးတဲ့ ဖုန်းတွေက ရန်ကုန်နဲ့ မန္တလေးမှာ စပြီး သုံးလို့ရသေးမှာ မဟုတ်ဘူး။ အဓိက ဆက်သွယ်ရေး ကွန်ရက်တွေ မပြီးသေးလို့ပါ။ မေလလောက်မှ အားလုံး ဆက်သွယ်ရေး ပြီးစီးမှ ဖုန်းအားလုံး တနိုင်ငံလုံးကို ချိတ်ဆက် သုံးနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ လောလောဆယ်က ဖုန်းတွေကို အဆင်ပြေပြေ သုံးလို့ရအောင်လို့ အစောကြီး ချထား ပေးလိုက်တာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

မိုဘိုင်းလ်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ပူးဆောင်ရွက်နေသော ပုဂ္ဂလိက ကုမ္ပဏီများက ပြည်သူ လူထုဆီသို့ One Stop Service ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း Handset အရောင်း ဆိုင်များတွင် လွတ်လပ်စွာ ၀ယ်ယူ နိုင်ကြမည်ဟု သိရှိရသည်။

ဦးသိန်းစိန်က သမ္မတသက်တမ်း တစ်နှစ်ပြည့်မိန့်ခွန်းတွင် “လောလောဆယ်မှာ ကျနော်တို့ တည်ဆောက် ရေးတွေ ဆောင်ရွက် နေရပါတယ်။ ဒီလုပ်ငန်းတွေ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒကို ပြည့်အောင် နိုင်ငံတကာရဲ့ စံချိန် စံညွှန်းတွေနဲ့ အညီ အကောင်းဆုံး နည်းလမ်းများ ရှာဖွေပြီး ဆောင်ရွက် ပေးသွားမှာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

သမ္မတ၏ လမ်းညွှန်ချက်အရ မတ်လ ၁၄ ရက်နေ့မှစပြီး ပြည်တွင်းခေါ်ဆိုခ နှုန်းထားများကို ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း ခေါ်ဆိုမှုများ အတွက် လက်ရှိနှုန်းထား၏ ထက်ဝက် (တမိနစ်လျှင် ၂၅ ကျပ်) နှုန်းဖြင့် လျှော့ချမည် ဖြစ်ကြောင်း၊ ယခု မိုဘိုင်းဖုန်း ဈေးများကိုလည်း ပထမအဆင့် အနေဖြင့် လျှော့ချပေးနေပြီး ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ ပြည့်စုံ လာသောအခါ ဈေးနှုန်းများကို နိုင်ငံတကာ စံညွှန်းအတိုင်း ဖြစ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ကိုးကား၍ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM မိုဘိုင်းဖုန်းများကို မတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်နယ်များ၊ ဧပြီလ ၉ ရက်နေ့တွင် တိုင်းများ၊ ဧပြီလနောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့တွင် အသီးသီး ချထားပေးပြီး မေလလယ်တွင် တနိုင်ငံလုံး အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂ သိန်းခွဲဖြင့်ရောင်းချမည့် WCDMA မိုဘိုင်းဖုန်းများကို အလုံးရေ များပြားနေသည့်အတွက် လတ်တလော ရောင်းချဦးမည် မဟုတ်ကြောင်းလည်း သိရှိရသည်။

မိုဘိုင်းလ်ဖုန်း သန်း ၃၀ ကို ၅ နှစ်အတွင်း ချထားပေးမည်ဖြစ်ပြီး ပထမစီမံကိန်းနှစ်တွင် မိုဘိုင်းလ်ဖုန်း အလုံး ၄ သန်းကို တနိုင်ငံလုံးတွင် ချထားပေးမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ယင်းသတင်းကြောင့် ရန်ကုန်မြို့ရှိ ဖုန်း Handset အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များက တရုတ်နှင့် ထိုင်း-မြန်မာ နယ်စပ်မှ Handset များ ထပ်မံတင်သွင်းရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။

“နယ်တွေမှာပါ ဖုန်းတွေချပေးမှာဆိုတော့ ဈေးသက်သာတဲ့ တရုတ် Handset တွေ ထပ်သွင်းဖို့ လုပ်နေကြပြီ။ နယ်ဈေးကွက် ကိုပဲ အဓိက အားကိုးပြီး ရောင်းဖို့ပြင်တဲ့ ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေက အများစုပဲ” ဟု ရန်ကုန်မြို့မှ ဖုန်း Handset အရောင်းဆိုင် မန်နေဂျာ တဦးက ပြောသည်။

မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီကြီးများဖြစ်ကြသည့် E-Lite, ရတနာပုံ တယ်လီပို့၊ IGE အပါအ၀င် ကုမ္ပဏီ ၂၃ ခုနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

စစ်အစိုးလက်ထက် မိုဘိုင်းလ်ဖုန်းများ စတင်သုံးစွဲချိန်က မိုဘိုင်းလ်ဖုန်းတလုံးလျှင် ကျပ် သိန်း ၅၀ အထိ ဈေးပေါက်ခဲ့ပြီး အစိုးရက ကျပ် ၁၅ သိန်းဖြင့် ရောင်းချခဲ့သည်။ ယင်းနောက် ၁၅ သိန်းမှ ၅ သိန်းသို့ လျှော့ချခဲ့ပြီး ယခုအခါ ကျပ် ၅ သိန်းမှ ၂ သိန်းနှင့် ၂ သိန်းခွဲ အထိ လျှော့ချ လိုက်ခြင်းဖြစ်သည်။

မကြာသေးမီက ရွှေပြည်တံခွန်ကုမ္ပဏီက ကျပ် ၅ ထောင်တန် GSM ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာ ခဲ့သော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဥပဒေအရ မဖြစ်နိုင်ဟု ထုတ်ပြန် ပြောဆို လိုက်သည့်အတွက် ပြည်သူများနှင့် မီဒီယာများက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

Ref: ဧရာဝတီ

Read More...

မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့ လက်နက်ချလိုက်

ကွန်းချမ်း
အင်္ဂါနေ့၊ မတ်လ ၀၆ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားခဲ့သည့် မွန်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တဖွဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက ရေးမြို့အခြေစိုက် အစိုးရတပ် စကခ (၁၉) ၌ လက်နက်ချခဲ့သည်။

ကျောင်းသား တပ်မတော် (ABSDF) တပ်ဖွဲ့ဝင်အချို့ထံမှ ၁၉၉၇ ခန့်က လက်နက်သိမ်းကာ စတင် ဖွဲ့စည်းခဲ့ပြီး မွန်အမျိုးသား စောင့်ရှောက်ရေးတပ် Mon National Watch Army အမည်ဖြင့် လှုပ်ရှားခဲ့သည့် ထိုအဖွဲ့သည် မွန်ပြည်သစ် ပါတီနှင့် ပြည်ထောင်စု အဆင့် အစိုးရ ကိုယ်စားလှယ်များ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး အတွက် ပဏာမ လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်း လက်နက်ချခဲ့ခြင်း ဖြစ်သည်။

လက်နက်ချစဉ်က ထိုတပ်ဖွဲ့ကို ဦးဆောင်သူ နိုင်ဗင် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးနှင့် လက်နက် ၈ လက်သာ ပါဝင်ခဲ့ သည်။ လက်မှတ်ချပွဲ ပြုလုပ်နိုင်ရန် သတ်မှတ်ချက် ဖြစ်သည့် လူအင်အား ၃၀ နှင့် လက်နက် ၁၉ လက် ပြည့်ရန် အတွက် လိုက်လံ စုဆောင်းနေဆဲ ဖြစ်ကြောင်း ထိုတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“သူတို့ အဖွဲ့မှာ လူတွေ ကွဲနေကြပြီ။ ထိုင်းနိုင်ငံနဲ့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ သူတို့ လူဟောင်းတွေ ကိုလည်း လက်နက်ချဖို့ လိုက်ခေါ်နေတယ်” ဟု သူက ပြောသည်။

လက်နက်ချသူများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စကခ (၁၉) တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းက ဂုဏ်ပြု ညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး၊ လက်ရှိတွင် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့ရှိ ခလရ ၃၁ တပ်ရင်းဝင်းတွင် ယာယီနေရာ ချထားကြောင်း အမည် မဖော်လိုသည့် မွန်ပြည်သစ် ဗဟိုကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

၎င်း၏ အဆိုအရ ဒေသခံ အစိုးရတပ်ရင်းက အထက်ပါ လက်နက်ကိုင်အဖွဲ့ကို အသုံးချပြီး မွန်ပြည်သစ်ပါတီနှင့် ပဋိပက္ခ ဖန်တီးရန် အတွက် စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။

အစိုးရ ကိုယ်စားလှယ်နှင့် အပစ်အခတ် ရပ်စဲရန် သဘောတူစဉ်က ခေါဇာမြို့နယ်ခွဲ မကျည်းရွာတွင် ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး အတွက် တပ်တည်နေရာ ထားရှိရန် မွန်ပြည်သစ်ပါတီက တောင်းဆိုထားပြီး၊ အထက်ပါ လက်နက်ချ အဖွဲ့ကလည်း လက်နက် ချရာတွင် ရေးမြို့နယ် တောင်ပိုင်း၌ လှုပ်ရှားခွင့်ရရန် တောင်းဆိုထားသည်။

“မွန်ပြည်သစ် အပစ်ရပ်ပြီးရင် မင်းတို့တပ်ဖွဲ့ကို ရှင်းဖို့ ရှိတယ်။ မင်းတို့ လက်နက်ချရင် မင်းတို့ အတွက် အဆင်ပြေအောင် ဖန်တီး ပေးမယ်လို့ ခလရ ၃၁ ကတဆင့် လူလွှတ်ပြီး စည်းရုံးခိုင်းတယ်” ဟု မွန်ပြည်သစ် ဗဟိုကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

လက်နက်ချသူများကို ခေါဇာမြို့နယ်ခွဲ ရွှေဟင်္သာရွာသစ်တွင် နေရာချထားမည် ဖြစ်ပြီး၊ လက်နက်ချသူတဦးကို တိုက်အိမ် တလုံးစီနှင့် မြေလွတ် မြေရိုင်း ၁၀ ဧကစီ ပေးဆောင်မည်ဟု ဒေသခံတပ်ရင်းက စည်းရုံးထားသည်။

၎င်းတို့အတွက် ခေါဇာမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုတခုလျှင် တိုက်အိမ် ၅ လုံးစီ ဆောက်လုပ်ပေးရန်နှင့် ဆန် ၁၀ အိတ်၊ ဆီတပုံးကို ၃ လတိုင် လစဉ် ထောက်ပံ့ပေးရန် မတ်လ ၂ ရက်နေ့တွင် ခေါဇာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ကျေးရွာ အုပ်ချုပ်ရေး မှူးများကို ခေါ်ယူပြီး ညွှန်ကြား ထားခဲ့သည်။ ခေါဇာမြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၆ ခုမှ ကျေးရွာ ၂၀ ခန့် ရှိသည်။

မွန်ပြည်သစ်ပါတီနှင့် ယခင် နဝတ စစ်အစိုးရတို့ ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲသည်ကို မလိုလားသည့် ထိုလက်နက်ကိုင် အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းတွင် စတင် လှုပ်ရှားခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး နိုင်ပန်းညွန့် ဦးဆောင်သည့် ဟံသာဝတီ ပြန်လည် ထူထောင်ရေး ပါတီနှင့် ဝင်ရောက် ပူးပေါင်းခဲ့သည်။

၂ဝဝ၂ ခုနှစ်တွင် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီက လက်ရှိ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စကို ဖမ်းဆီး ခဲ့ခြင်းကြောင့် ပြည်ပရောက် မွန် အဖွဲ့အစည်းများက ကြေညာချက် ထုတ်ကာ အသီးသီး ကန့်ကွက်ပြီး၊ နောက်ပိုင်းတွင် မွန်ပြည်သူတို့၏ ထောက်ခံမှု အားနည်းခဲ့သည်။

၎င်းတပ်ဖွဲ့ လှုပ်ရှားစဉ်ကာလ တလျှောက်တွင် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံ များမှာ အစိုးရတပ်များနှင့် ၎င်းတို့ တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

အမေရိကန် အမျိုးသမီး သူရသတ္တိဆု မြန်မာ နိုင်/ကျဉ်းဟောင်း ရရှိ

အင်္ဂါနေ့၊ မတ်လ ၀၆ ရက် ၂၀၁၂

မဇ္ဈိမသတင်းဌာန ။ ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ထံမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး သူရ သတ္တိဆု (International Women of Courage Award) ကို ၈၈မျိုးဆက် ကျောင်းသူ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် က ကြာသပတေး နေ့တွင် လက်ခံရရှိမည် ဖြစ်သည်။ အထူး ဧည့်သည်အဖြစ် အမေရိကန် သမ္မတ အိုဘားမား၏ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမားလည်း တက်ရောက်မည် ဖြစ်သည်။

ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ၁၁နှစ် ကျခံခဲ့ရသည့် မဇင်မာအောင် အား ပေးအပ်သည့် အဆိုပါ ဆုမှာ အမျိုးသမီး အခွင့်အရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့် ရရှိရေး အတွက် ထူးခြားသည့် သတ္တိဖြင့် စွန့်စွန့်စားစား ဆောင်ရွက်ကာ ဦးဆောင်နိုင်သည့် ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအား နှစ်စဉ် အသိအမှတ်ပြု ပေးအပ်နေခြင်း ဖြစ်သည်။

မဇင်မာအောင်သည် နိုင်ငံရေး အကျဉ်းသူဟောင်းများနှင့် အတူ အလုပ်လုပ်ကိုင်လျက် ရှိနေပြီး လူ့အခွင့်အရေး လှုပ်ရှား သူများအား ရန်ကုန်တွင် ပညာ ပေးလျက်ရှိသည်။ သူမသည် ဒီမိုကရေစီ မြှင့်တင်ရေးနှင့် ပတ်သတ်၍ ပါဝင် လုပ်ဆောင်လျက် ရှိနေပြီး ဒီမိုကရေစီသည် အာရှယဉ်ကျေးမှုနှင့် ကိုက်ညီကြောင်း ပြသလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ကြေညာချက် ထဲတွင် ဖော်ပြထားသည်။

အသက် ၃၆ နှစ် အရွယ် ၈၈ မျိုးဆက် ကျောင်းသူ မဇင်မာအောင်သည် အမျိုးသမီး အခွင့်အရေးအဖွဲ့ တဖွဲ့ကို ပူးတွဲ တည်ထောင်သူ ဖြစ်ပြီး တိုင်းရင်းသား ရေးရာများတွင်လည်း ပါဝင် ဆောင်ရွက်နေသူ ဖြစ်သည်။

ဖေဖေါ်ဝါရီလက ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး William Hague ရန်ကုန်မြို့သို့ လာရောက် လည်ပတ် ခဲ့စဉ်က တွေ့ဆုံ ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများထဲတွင် မဇင်မာအောင်လည်း ပါဝင်ခဲ့သည်။

၂ဝဝ၇ ခုနှစ်မှ စတင်ခဲ့သည့် ထိုဆုကို ယခုအချိန်အထိ နိုင်ငံ ၃၄ ခုမှ အမျိုးသမီး ၄၆ ဦးတို့အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

ဆုရရှိသူများသည် အမေရိကန် နိုင်ငံ မြို့ကြီး ၁ဝ မြို့သို့ သွားရောက်လည်ပတ်ကြမည် ဖြစ်ပြီး နိုင်ငံတကာ ခေါင်းဆောင်မှု အစီအစဉ်တွင် ပါဝင်မည် ဖြစ်ကာ အမေရိကန်မှ တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Monday, March 5, 2012

တပ်မတော်သားတွေနဲ့ လက်တွဲအလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2012-03-04

ပြည်သူ့ အကျိုးသယ်ပိုးမယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ ပြည်သူက ပေါက်ဖွား လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ပြည်သူ့ အကျိုးအတွက် အတူတကွ လက်တွဲ အလုပ် လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပြည်သူများအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို လွှတ်တော်ထဲမှာ ပယ်ဖျက်တာနဲ့ ပြဋ္ဌာန်းတာတွေကို ဆောင်ရွက်ဖို့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ လိုတဲ့အတွက် ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော် ကိုယ်စားလှယ် တွေကိုပါ စည်းရုံး အလုပ် လုပ်သွားသွားမယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ကြောင်း စစ်ကိုင်းမြို့မှာ လူထုကို အဲဒီလို ပြောကြားတာ ဖြစ်တယ်လို့ အတူ လိုက်ပါသွားတဲ့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တည်းခိုရာ မန္တလေးမြို့က Mandalay Hill Resort ဟိုတယ်ကနေ မနက် ၆ နာရီမှာ စတင် ထွက်ခွာလာပြီး မန္တလေး မဟာဝိသုဒ္ဓါရာမ ရွှေကျင်သာသနာပိုင် ၀ါဆို ဆရာတော်ကြီးအား ၀င်ရောက် ဖူးမျှော်ရင်း လှူဖွယ် ပစ္စည်းတွေ ကပ်လှူပါတယ်။ ဆရာတော်က ခုအချိန်ဟာ မေတ္တာ အခါသမယဖြစ်ပြီး မေတ္တာနည်းနဲ့ပဲ မြန်မာနိုင်ငံ ငြိမ်းချမ်း သာယာအောင် ကြိုးပမ်း သွားရမယ်လို့ သြ၀ါဒ မိန့်ကြားပါတယ်။

အဲဒီနောက် အမရပူရမြို့ကို ခရီးဆက်ခဲ့ပြီး အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကို ၀င်ရောက်ဖူးမျှော် ခဲ့ပါတယ်။ လှူဖွယ် ပစ္စည်း ဆက်ကပ်ပြီး စစ်ကိုင်းကို ခရီးဆက်တဲ့အခါ မန္တလေးဘက်ခြမ်း စစ်ကိုင်းတံတား ထိပ်ကို မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ရောက်ရှိပြီး ဟောပြောပွဲ စင်မြင့်ကနေ လူထုကို မွန်းတည့် ၁၂ နာရီကစလို့ ၂၅ မိနစ်လောက် မိန့်ခွန်း ပြောပါတယ်။

စစ်ကိုင်းမှာ လူထုနဲ့တွေ့ဆုံပြီး မန္တလေးကို ပြန်တဲ့အခါ မန္တလေးက အကြီးဆုံးဈေးကြီးဖြစ်တဲ့ ဈေးချိုမှာ ဈေးချိုသူ ဈေးချိုသား တွေက သောင်းသောင်းဖျဖျ ကြိုဆိုတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီနေ့မှာလည်း မနေ့က လိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းသွားရာ လမ်းတလျှောက် လူထုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။

ခရီးပန်းပြီး မနေ့က နေမကောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ စစ်ကိုင်းခရီးမှာ ကျန်းကျန်းမာမာ ရှိပြီး မနက်ဖြန်မှာ တံတားဦး။ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်ကို ခရီး ဆက်ပါမယ်။

NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်တို့ကတော့ စစ်ကိုင်းတိုင်း ပုလဲမြို့ကို သွားရောက်မယ် လို့ သိရပါတယ်။

Ref: RFA News

Read More...

အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ

လူထုစိန်ဝင်း


ကျောင်းဆရာလုပ်တုန်းက တပည့်ဖြစ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အခုအချိန် ပြန်တွေ့ကြတဲ့ အခါမှာ သူတို့အားလုံး လိုလိုဟာ ကျောင်းသား မိဘတွေ ဖြစ်နေကြပြီ။ အိမ်နားက သံရုံးမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာ သင်တန်းကို ကလေးတွေ လိုက်ပို့ရင်း ၀င်ဝင်လာတတ်ကြတယ်။

သူတို့လို မဖြစ်စေချင်လို့

တပည့်ဟောင်းတွေနဲ့ စကားပြောရင်း သိလိုက်ရတာတစ်ခုက သူတို့အားလုံးလောက် နီးပါးဟာ သားသမီးတွေကို အစိုးရ ကျောင်းတွေမှာ မထားကြတော့ဘူး ဆိုတာပဲ။ နိုင်ငံခြားသားတွေ လာသင်တယ် ဆိုတဲ့ ရန်ကုန်က နိုင်ငံတကာကျောင်းတွေမှာ ထားသူက ထားကြပြီး စင်ကာပူက ကျောင်းတွေ သွားထားသူက ထားကြတယ်။ ဘယ်မိဘမဆို သားသမီးကို အကောင်းဆုံး ပညာပေးချင် ကြတာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အတူတူပါပဲ။ တပည့်တွေက သူတို့လိုဘွဲ့ရပြီး ဘာမှမသိ၊ ဘာမှ မတတ်တဲ့သူတွေ မဖြစ်စေချင်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး သားသမီးတွေကို ပညာပေးနေရတာ ဖြစ်ကြောင်း ပြောကြတယ်။

ကျုရှင်ကျမှသင်တယ်

ကလေးတွေ အကြောင်းကစပြီး ပညာရေးအကြောင်းပြောကြတော့ အစိုးရ ကျောင်းတွေ ကတော့ တော်တော် ဆိုးနေပြီ။ ဆရာဆရာမတွေက ကျောင်းမှာ ကောင်းကောင်း မသင်ဘဲ၊ ကျူရှင်ကျမှ သေသေချာချာ သင်ကြတယ်။ ကျူရှင် မယူတဲ့ ကလေးတွေဆို မျက်နှာကောင်း မရဘူး။ အဲဒီ ကျူရှင်လခနဲ့ ၀ိုင်းကျူရှင် လခနဲ့ ဂိုက်အတွက် ပေးရတာနဲ့ အားလုံးပေါင်းလိုက်ရင် အပြင်ကျောင်း ကုန်ကျစရိတ်နဲ့ သိပ်မကွာလှတော့ဘူးလို့ ဆိုကြတယ်။ အစိုးရကျောင်းမတက်တော့ တက္ကသိုလ်တက်ရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ဒီက တက္ကသိုလ်တွေ ဘာလုပ်မှာလဲ၊ နိုင်ငံခြား တက္ကသိုလ်တွေ တက်ကြမှာပေါ့တဲ့။ ခြုံစရာရှိလို့ ချမ်းကြတာမို့ ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ဆရာ၊ ဆရာမတွေရဲ့ ကျူရှင်ကြောင့် အစိုးရ ကျောင်းတွေ ပျက်တာဆိုတဲ့ စကားကိုတော့ တယ်ပြီး ဘ၀င် မကျချင်ဘူး။

မ တစ်ရာသားတွေ

မှန်ပါတယ်။ ဒီခေတ်မှာ မူကြိုအရွယ်ကနေ ဘွဲ့ရပြီးတဲ့အရွယ်ထိ ကျူရှင်နဲ့ဘယ်သူမှ မကင်းနိုင်ကြဘူး။ ဘွဲ့ရပြီး တော့လည်း အလုပ်ခွင် ၀င်ခွင့် ကျူရှင်ဆိုတာ တက်ကြ ရသေးတယ်။ ကျူရှင်တွေကို ဆရာ၊ ဆရာမတွေက တမင် မွေးထုတ်လိုက်တာ မဟုတ်တာတော့ သေချာတယ်။ ကျောင်းမှာ တစ်နေ့လုံး " မ တစ်ရာသား " တွေကို တဟဲ့ဟဲ့နဲ့ ထိန်းကျောင်းခဲ့ရပြီး၊ အနားယူရမယ့် အချိန်ကလေးမှာလည်း ဆက်ပြီး ထိန်းရင်း ကျောင်းရင်း စာသင်ပေးရတာ မျိုးကို ဘယ်ဆရာ၊ ဆရာမမှ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ တပည့် လေးတွေကို တတ်စေချင်၊ အောင်စေချင်တဲ့ စေတနာ ကြီးမား လွန်းလို့သာ သင်ကြရ ရှာတာပါ။

ငါ့ဝမ်းပူဆာမနေသာ

ကျူရှင်မယူရင် ဆူပူကြိမ်းမောင်းတယ်ဆိုတာကလည်း " စုန်းပြူး " တစ်ယောက်တစ်လေ ဖြစ်မှာပါ။ ရတဲ့ လခလေး မဖြစ်စလောက်မို့ " ငါ့ဝမ်းပူဆာမနေသာ " တာကြောင့် ကျူရှင်ပေးရလည်း အရင်းခံကတော့ စေတနာပါ။ ဘွဲ့ရပြီး ဘာမှမတတ် ဘာမှမသိဖြစ်ရတဲ့ ကိစ္စကို ကျူရှင်အပေါ်ပုံချ၊ ဆရာဆရာမတွေကို အပြစ်ဖို့လုပ်ရုံနဲ့ ပြသနာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြသနာရဲ့ အရင်း အမြစ်ကို မှန်မှန်ကန်ကန် ရှာဖွေနိုင်မှ အဖြေရမှာ ဖြစ်တယ်။ အရင်းအမြစ်ကို ရှာတဲ့ အခါမှာလည်း အစည်းအဝေး ခန်းမကြီးတွေ ထဲမှာတင် ရှာဖွေ နေလို့ကတော့ ပကတိအဖြစ်မှန်၊ အခြေအနေမှန်ကို ဘယ်နည်းနဲ့မှ မရနိုင်မသိနိုင်ဘူး။

နောက်တော်ပါတွေနဲ့

အောက်ခြေဆင်းတယ်ဆိုပြီး နောက်တော်ပါ တစ်ပြုံကြီးနဲ့ သွားကြည့်ရင်လည်း ပကတိ အခြေအနေ မှန်ကို မသိနိုင်ဘူး။ သနပ်ခါးလိမ်း၊ ပန်းပန်ပြထားတာတွေပဲ တွေ့ရလိမ့်မယ်။ တကယ့်အဖြစ်မှန်၊ အခြေအနေ မှန်ကို သိချင်ရင် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံ မေးမြန်းမှပဲ ဖြစ်လိမ့်မယ်။ ကျောင်းထဲမှာ အစည်းအဝေး ခေါ်ပြီး ပြောပါဆိုရုံနဲ့တော့ ဘယ်သူမှပြောမှာ မဟုတ်တာ သေချာတယ်။ အတိုင် ခံရသူတွေက ဘာမှမဖြစ်ဘဲ၊ တိုင်ကြားသူသာ အရေးယူခံရတဲ့ အဖြစ်မျိုးတွေ ကြုံဖူးပေါင်း များပြီဆိုတော့ လူတွေက ရှေ့ထွက်ပြီး လူစွမ်းကောင်း မလုပ်ချင်ကြတော့ဘူး။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိ ဆိုတာကလည်း သိသိသာသာဖြစ်လာတာ မတွေ့မမြင်ရသေးဘူး။

အဆင့်မြင့်ပါတယ်

ဆရာ၊ဆရာမတွေရဲ့ ကျူရှင်ကြောင့် မဟုတ်ဘူးဆိုတော့ ၊ ပြဋ္ဌာန်းတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်တွေ ကြောင့်လား ဆိုပြီး သူငယ်တန်းကနေ ဆယ်တန်းအထိ စာအုပ်တွေ လှန်လှော ကြည့်တော့ တော်တော်တောင် အံ့အား သင့်သွားတယ်။ စာအုပ်တွေမှာပါတဲ့ သင်ခန်းစာတွေဟာ အတော်ကို အဆင့်အတန်း မြင့်ကြပါတယ်။ မူလတန်း စာအုပ်ထဲက စာတွေဟာ မူလတန်း အရွယ် ကလေးတွေနဲ့တောင် မလိုက်အောင် အဆင့်မြင့်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာသင်တဲ့ သင်္ချာ၊ ဓာတု၊ ရူပ သင်ခန်းစာ တချို့ ဆိုရင် ကျွန်တော်တို့ခေတ် အိုင်အက်စ်စီ (စီနီယာ) တန်းရောက်မှ သင်ရတာတွေ ဖြစ်တာတွေ့ရတယ်။ တကသိုလ် အတန်း အသီးသီးက စာတွေလည်း အဆင့်မနိမ့်ပါဘူး။

လေ့လာဆန်းစစ်ဖို့လို

ဆရာတွေနဲ့ ကျူရှင်ကြောင့်လည်း မဟုတ်၊ သင်ရိုးညွှန်းတမ်းကြောင့်လည်း မဟုတ် ဆိုရင်တော့ ဘာကြောင့် ဒီနေ့ လက်ရှိ အခြေအနေမျိုး ဖြစ်နေရတာလဲ။ သေသေချာချာ စနစ်တကျလေ့လာ ဆန်းစစ်ကြဖို့ လိုပါတယ်။ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကြီးတွေ အားလုံး ပါဝင် တက်ရောက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ၀ပ်ရှော့တွေ အများကြီး လုပ်ကြဖို့ တိုက်တွန်း လိုတယ်။ ဘေးက ပညာရေး စိတ်ဝင်စားသူ တစ်ယောက်ရဲ့ အမြင်ကို ပြောရရင်တော့ ဟိုနားနည်းနည်း ပြင်လိုက်၊ ဒီနားနည်းနည်း ဖာထေးလိုက် လုပ်ရုံနဲ့ လုံလောက်လိမ့်မယ် မထင်ဘူး။ အလုံးစုံ တစ်ခုလုံးကို ပြင်ပစ်မှာပဲ ရတော့မယ်လို့ ထင်မိတယ်။

အားလုံးကောင်းပါသည်ခင်ဗျား

နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝ ဖျောက်ပစ်ဖို့ လိုသလို၊ လူကြီး လာမယ်ဆိုမှ အကျည်းတန်တွေ အားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံး ကောင်းပါသည်ခင်ဗျား လုပ်ကြတဲ့ ၀န်ထမ်း လက်စွဲ အစဉ်အလာ အားလုံး ကိုလည်း ဖျောက်ပစ်ဖို့ လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ် ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ထစ်ခနဲဆို ပါတီကခေါ်ခိုင်း၊ အရေးအကြောင်းဆို ကောင်စီက ခေါ်ခိုင်း၊ ဘာမှ ခိုင်းစရာမရှိရင် ကောင်စီမှာ ကင်းစောင့် ခိုင်းတယ်။ တယ်လီဖုန်း စောင့်ခိုင်း ဆိုတဲ့ ခေါက်ရိုးကျိုး စိတ်ဓာတ်တွေလည်း လုံးဝ ပျောက်ကွယ်သွားဖို့ လိုတယ်။

အားနာနာနဲ့ဖြေရတာ

မြန်မာ့ဆိုရှယ်လစ် တစ်ခေတ်လုံး ဆရာ၊ဆရာမတွေမှာ ကျောင်းအလုပ်နဲ့ မဆိုင်တာတွေနဲ့ချည်း အချိန်ကုန် နေရတဲ့ အတွက် ကျောင်းမှာ စာကောင်းကောင်း မသင်နိုင်ခဲ့ကြဘူး။ ပြီးတော့ အတန်း တစ်တန်းမှာ လူ ၆၀၊ ၇၀ ပြွတ်သိပ် ညပ်နေတာတွေလည်း ပြုပြင်ဖို့လိုတယ်။ ဗလာစာအုပ်ဝယ်ရ ရောင်းရ၊ ကျောင်းဝတ်စုံ ၀ယ်ရ ရောင်းရ၊ စာသင်ခုံတွေ ရှာရဖွေရ ၊ မြေဖြူခဲတွေရှာရ ဆိုတဲ့ ဒုကပေါင်းစုံကလည်း ကင်းလွတ်အောင် လုပ်ပေးဖို့ လိုတယ်။ ဒါဆိုရင် ရပြီလား၊ ကောင်းသွားမှာလားမေးရင် ဒီလောက်နဲ့လည်း မရသေးဘူးလို့ အားနာနာနဲ့ ဖြေရတာကို ခွင့်လွှတ်ပါ။

တွန်းအားပေးကြဖို့

စနစ်တစ်ခုက တစ်ခုကို ပြောင်းမယ်ဆိုရင် တစ်နေရာတည်း တစ်ခုတည်းကွက်ပြီး ပြောင်းလို့ မရနိုင်ဘူး။ တစ်စုံလုံး ပြောင်းပစ်မှဖြစ်မှာ။ ပျက်တာကလည်း ပညာရေး တစ်ခုတည်း မဟုတ်ဘူး။ အားလုံးပြုပြင်ဖို့ လိုနေတာ ချည်းပဲ။ ဒါကြောင့် အားလုံး တစ်စုံလုံး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ပညာရေး ကဏ္ဍတို့၊ ကျန်းမာရေး ကဏ္ဍ တို့ချည်း ကွက်ပြီးလုပ်ဖို့မဖြစ်နိုင်ဘူး။ အားလုံးပြင်နိုင်အောင် ၀ိုင်းပြီး တွန်းအားပေးကြဖို့ အထူးလိုအပ်ကြောင်း တင်ပြ လိုက်ရပါတယ်။


Read More...

အပေါ်သို့