..............................

Friday, January 16, 2009

ဆန္ဒပြ အန်အယ်ဒီလူငယ် ၆ ဦး ပြန်လွတ်လာ

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ၆ ဦးအား အင်းစိန်ထောင်အတွင်း ရက်သတ္တပတ် ၂ ပတ်ကြာခန့် ဖမ်းဆီးထားရာမှ အာဏာပိုင်များက ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။

အကျယ်ချုပ် ကျခံနေရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်အတွက် ပြီးခဲ့သည့်လ ၃၀ ရက်နေ့က ရန်ကုန်တွင် စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည့် အန်အယ်ဒီ လူငယ် ၉ ဦးအနက် ၆ ဦးအား ခံဝန်ကတိ လက်မှတ်ရေးထိုးကာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

"မနေ့က ၆ ယောက် ပြန်လွတ်လာတယ်၊ အင်းစိန်ကနေ။ နောက်တခါ ဒီလိုမလုပ်ပါဘူးဆိုပြီးတော့ လက်မှတ် ထိုးခိုင်းတယ်။ နောက်တခါ သူတို့က စမ်းချောင်းက လူငယ်တွေဖြစ်တော့ မယက (မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး) ရုံးမှာ တခါ၊ မိဘတွေရော လက်မှတ် ထိုးခိုင်းတယ်" ဟု အန်အယ်ဒီ ပြန်ကြားရေး တာဝန်ရှိသူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

လွတ်မြောက်လာသူများမှာ ကိုမင်းသိန်း (သာကေတ)၊ စမ်းချောင်းမြို့နယ်မှ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များဖြစ်သည့် ကိုသက်မောင်ထွန်း၊ ကိုပြည့်ပြည့်၊ ကိုအောင်ဖြိုးဝေ၊ ကိုထွန်းထွန်းလင်းနှင့် ကိုကောင်းထက်လှိုင် ဖြစ်သည်။

မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ လူငယ် တာဝန်ခံ (၁) ကိုထွန်းထွန်းဝင်း (စမ်းချောင်း) ၊ ကိုဝင်းမြင့်မောင် (ခ) ကိုပဲပြုတ် (ခရမ်း) မှာ ယခုထိ အင်းစိန်ထောင်တွင် ကျန်ရှိနေဆဲ ဖြစ်သည်။

ထောင်အတွင်း ကျန်ရှိနေသူများအရေးနှင့် ပတ်သက်ပြီး ဒေါက်တာဝင်းနိုင်က "ကျနော်တို့ ယူဆတာက ဒီလို ဆန္ဒပြတာကို ဒီလူတွေက ခဏခဏ လုပ်တယ်။ ဒါကြောင့် ဒီလိုလူတွေကို အလွယ်တကူ လွှတ်ပေးမယ် မထင်ဘူးပေါ့။ ဆက်ထိန်းထားမယ်လို့ ကျနော်တို့ ယူဆတယ်" ဟု ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေး တက်ရောက်အပြီး ပါတီလူငယ် ၉ ဦးက ချီတက်ဆန္ဒပြရာ၊ ယခုအခါ အသုံးမပြုတော့ပြီ ဖြစ်သော လွှတ်တော် အဆောက်အဦအနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

သူတို့ကို ပန်းဝါစစ်ကြောရေးစခန်း၌ ၄ ရက်ကြာ စစ်ဆေးမေးမြန်းပြီးနောက်၊ အင်းစိန်ထောင်တွင် ၁၂ ရက်ကြာ ထိန်းသိမ်းထားရှိပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး (အင်တာဗျူး)

ကိုဝိုင်း
15 2009

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် နှစ်တို-နှစ်ရှည်အကျဉ်းကျခံနေရသူပေါင်း (၂,၀၀၀) ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။

မြန်မာစစ်အစိုးရက ၎င်းတို့နှင့် ယုံကြည်ချက်မတူညီ၊ သဘောထားကွဲသူများကို အငြိုးအတေးဖြင့် ဥပဒေနှင့်မညီဘဲ ထောင်ဒဏ်များ ချမှတ်နေပြီး ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းများပင် ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းများက ဝေဖန်ကြသည်။


ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းခံရသူများ၏ မိသားစုများက ၎င်းတို့၏ ဆွေမျိုးသားချင်းများထံ ထောင်ဝင်စာ သွားတွေ့ရန် ခရီးဝေးခြင်း၊ လမ်းပမ်းဆက်သွယ်ရေး မချောမွေ့ခြင်း၊ ခရီးစရိတ်များမြင့်မားခြင်း၊ အာဏာပိုင်များက နှောင့် ယှက်ခြင်း စသည်တို့ကြောင့် ဒုက္ခရောက်ကြရကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် မကြာသေးမီကမှ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးရှေ့နေ စောကျော်ကျော်မင်းကို မဇ္ဈိမကမေးမြန်းခွင့် ရခဲ့သည်။ ကိုစောကျော်ကျော်မင်းသည် ရှေ့နေတဦးဖြစ်ပြီး နယ်စပ်သို့မထွက်ခွာမီအထိ နိုင်ငံရေးအမှုပေါင်း (၁၄) မှု လိုက်ခဲ့သူဖြစ်သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) လူငယ်တာဝန်ခံဖြစ်ခဲ့သည်။

လှိုင်သာယာမြို့နယ်တရားရုံးမှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးအမှုမှာ အမှုသည်တချို့က တရားစီရင်ရေးကို အယုံအကြည် မရှိဘူးဆိုပြီး ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းနဲ့အတူ ရှေ့နေကိုညီညီထွေးတို့ကို ထောင်ဒဏ် ၆ လစီ စီရင်ချက် ချလိုက်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းချုံး ပြောပြပေးပါလားဗျာ။

၂၀၀၇ ခု အောက်တိုဘာ ၂၃ ရက်မှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးကို စစ်တာမှာ ကိုညီညီထွေးရော၊ ကျနော်ရော နှစ်ယောက်စလုံး အဲဒီအမှုမှာ ပါဝါတင်ထားတဲ့အတွက် သွားပြီးစစ်ဆေးခဲ့ပါတယ်။ ကိုရန်နိုင်ထွန်းရဲ့ ရှေ့နေက ကိုညီညီလှိုင် ဖြစ်တယ်ဗျာ။ သူက အဲဒီနေ့မှာ တခြားရုံးချိန်းတခုနဲ့တိုက်နေလို့ မအားတဲ့အတွက် မလာနိုင်ဘူး။ ကိုရန်နိုင်ထွန်းက သူကိုယ်တိုင်ပဲ တရားလိုနဲ့ အပြန်အလှန် မေးခွန်းသုံးလေးခွန်းလောက် မေးပြီးတဲ့အခါမှာ သူက တရားသူကြီးကိုတော့ လေးစားပါတယ်တဲ့၊ တရားစီရင်ရေးစနစ်ကိုတော့ အယုံအကြည်မရှိဘူးလို့ ပြောပြီးတော့ သူက တရားသူကြီးကို ကျောပေးထိုင်တာပေါ့။ တရားသူကြီးက ကိုရန်နိုင်ထွန်းကို ဒီဘက်ကို ပြန်လှည့်ထိုင်ပါဆိုပြီး ပထမဆုံးပြောတယ်။ အဲဒါ သူက မထိုင်တဲ့အပြင်ကို နောက်ထပ် ကိုအောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်ရယ် ၂ ယောက်ကပါ သူ့လိုပဲပြောပြီး နောက်လှည့်ထိုင်လိုက်တယ်။

အဲဒီတော့ တရားသူကြီးကနေ ကဲ ရှေ့နေတွေ ဒီဘက်ကို လှည့်ထိုင်ပေးဖို့ သူတို့ကို ပြောပါဦးတဲ့။ ကျနော်တို့ကနေ ရှေ့နေဆိုတာ အမှုသည်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အတွက် ဒီအမှုမှာတော့ဖြင့်ရင် အမှုသည်တွေ ကိုယ်၌ကနေ ပြုမှုဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ ရှေ့နေတွေအနေနဲ့ ဝင်ရောက်ပါဝင်လိုခြင်း မရှိဘူး။ ဝင်ရောက်ပြောဆိုလိုခြင်း မရှိဘူးလို့ ပြောလိုက်တယ်ပေါ့။ တရားသူကြီးက ဒါဆိုရင်တော့ ကောင်းပြီတဲ့ အမှုဆက်စစ်လို့ မရတော့ဘူးပေါ့နော်။ နောက်တရက်ကို ရုံးချိန်းပေးလိုက်တယ်။

၂၄ ရက်နေ့ကျတော့ လှိုင်သာယာမြို့နယ်တရားသူကြီးက တရားလိုလုပ်ပြီးတော့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ကျနော်တို့ကို တရားစွဲတယ်။ တရားရုံးရဲ့ အမှုစစ်ဆေးနေတာကို နှောင့်နှေးကြံ့ကြာအောင်လုပ်တယ်ဆိုပြီး ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ စွဲတာ။

အမှုသည်က အခုလို ကျောပေးဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတွေကို ထောင်ဒဏ် ၆ လစီ ချလိုက်တယ်ဆိုတာ ဥပဒေရှုထောင့်ကကြည့်ရင် အဆီအငေါ်တည့်ရဲ့လားဗျာ။

ပြစ်မှုဥပဒေပုဒ်မ ၂၂၈ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုက ပြည်သူ့ဝန်ထမ်းတဦးက ပြည်သူ့ဝန်ထမ်းအဖြစ်နဲ့ တရားစစ်ဆေးစီရင်နေတဲ့ အချိန်မှာ ကြိုတင်ကြံရွယ်ချက်နဲ့ပေါ့၊ တမင်တကာကိုပဲ နှောင့်နှေးကြံကြာအောင် လုပ်တာကို ဆိုလိုတာပါ။ ဒါပေမဲ့ အဲဒီနေ့က ကျနော်တို့ရှေ့နေတွေက တမင်ကြံရွယ်ချက်နဲ့ နှောင့်နှေးကြံကြာအောင် လုပ်တာမရှိဘူး။

နောက်တခုက ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲမယ်ဆိုရင် တရားရုံးတွေကနေပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀၊ ပုဒ်မခွဲ ၁ ကို လိုက်နာကျင့်သုံးရတယ်။ အဲဒီမှာဆိုရင် ပုဒ်မ ၂၂၈ နဲ့ တရားစွဲရင် ထောင်ဒဏ် ၁ လ ဒါမှမဟုတ်ရင် ငွေဒဏ် ၂၀၀ ပဲချမှတ်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်။ အဲဒီလိုပြဋ္ဌာန်းချက်ရှိတဲ့အတွက် ကိုညီညီထွေး အပါအ၀င် ကျနော့်ကို ထောင်ဒဏ် ၆ လ ချလိုက်တာကတော့ဖြင့် ဥပဒေနဲ့ လုံးဝ ညီညွတ်မှုမရှိဘူး။ တရားမျှတမှုမရှိဘူးလို့ပဲ မြင်တယ်လေ။ ပြီးတော့ ဒီလို ဆန္ဒပြတာနဲ့ပတ်သက်ပြီး ရှေ့နေတွေက သွားပြီး တားမြစ်ပေးရမယ်လို့လည်း ကျနော် လေ့လာခဲ့ဖူးသလောက် ဥပဒေပြဋ္ဌာန်းချက် မရှိပါဘူး။

နိုင်ငံရေးအမှုတွေကို မလိုက်ခင်မှာ ကိုစောကျော်ကျော်မင်းက ၂၀၀၇ ခုနှစ် မေလ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်းစိန် ကျောက်တော်ကြီးမှာ မစုစုနွေးတို့နဲ့အတူ ဆုတောင်းပွဲလုပ်ခဲ့လို့ အဆွဲခံခဲ့ရတယ်။ စက်တင်ဘာ သံဃာတွေကိစ္စတုန်းကလည်း ပါဝင်ခဲ့တယ်။ အဲဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လို့ မတရား စီရင်ချက်ချခံရတယ်လို့ရော ယူဆလား။

ကျနော်က ဥပဒေကျောင်း တက်နေတဲ့အချိန်မှာကို အန်အယ်ဒီ အဖွဲ့ဝင်ဖြစ်နေပြီး နိုင်ငံရေးလုပ်ခဲ့တာ တချက်ပေါ့လေ။ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လုပ်ကိုင်တာတွေကိုလည်း ကူညီတဲ့အပေါ်မှာ ကျနော့ကို အာဏာပိုင်တွေက ရန်ငြိုးအာဃာတ ရှိတယ်လို့တော့ ကျနော်မြင်တယ်။

ကျိုက္ကဆံစစ်ဆေးရေး၊ မှော်ဘီရတပ်ရင်း ၃ ၊ ရဲတပ်ရင်း ၆ ၊ အောင်သပြေ စစ်ကြောရေးတွေကိုလည်း အပို့ခံရပြီး စစ်ဆေးခံခဲ့ရတယ်လို့ သိရတယ်။ အားလုံးပေါင်း ဘယ်လောက်ကြာသွားလဲ။ ပြီးတော့ အာဏာပိုင်တွေက ဘာတွေ ဘယ်လို စစ်ဆေးမေးမြန်းလဲဗျ။

၁၅ ရက် ၅ လ ၂၀၀၇ ကနေပြီးတော့ ၂၇ ရက် ၇ လပိုင်း ၂၀၀၇ အထိ။ ၂ လကျော်လောက်ကြာမယ်။ စစခေါ်သွားချင်း ကျိုက္ကဆံစစ်ကြောရေးမှာ စစ်ပါတယ်။ မေးတာကတော့ ဒီလိုမျိုးဝတ်ပြုဆုတောင်းပွဲလုပ်တာ ဘယ်သူက ဦးဆောင်တာလဲ။ ဆုတောင်းပွဲမှာ ၂၉ ယောက်လုံးပါအောင် ဘယ်သူက လိုက်ပြီး စည်းရုံးတာလည်း။ ဒီ Free Aung San Suu Kyi အင်ကျီတွေကို ဘယ်သူက ထုတ်ပေးတာလဲ။ ဒီ Free Aung San Suu Kyi အင်ကျီတွေရဖို့အတွက် ဘယ်လိုမျိုး ငွေစုလဲပေါ့။ တကယ်လို့ အဖမ်းမခံရဘူးဆိုရင် ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်လုပ်မလဲ။ အဲဒါတွေ အဓိကထားပြီး မေးတာပေါ့။

ကျိုက္ကဆံစစ်ကြောရေးမှာ ၃ ရက်ပေါ့။ ကျနော်တို့ အဖမ်းခံရတာ ၂၉ ယောက်။ နောက် အဲဒီမှာပဲ ကိုသန့်ဇင်မျိုးတို့ ၁၁ ယောက်ဆိုတော့ ၄၀ လောက်ရှိတယ်။ စစ်ဆေးတာကတော့ သက်သက်ညှာညှာပါပဲ။ ရဲတပ်ရင်း ၆ ကို ကျနော်တို့ ၅ ယောက် ပြောင်းခံရတယ်။ တိုက်ပိတ်ခံရတယ်။ အဲဒီမှာကျတော့ ဘာလာပြောလဲဆိုတော့ အထက်က လူကြီးတွေက လွှတ်ပေးချင်ပါတယ်တဲ့၊ ဒါပေမဲ့ ကျနော်တို့တွေက ခေါင်းမာတဲ့လူတွေ ဖြစ်နေတယ်တဲ့။ ပြန်ထွက်သွားရင် နိုင်ငံရေးလုပ်မလား မလုပ်ဘူးလား အဲဒါသိချင်တယ်တဲ့။ ကျနော်တို့က လုပ်မယ်လို့ ပြောလိုက်တယ်။ နောက်ဆုံး အက်စ်ဘီက တာဝန်ခံ တယောက်ရောက်လာပြီး စစ်ကြောရေးလုပ်တယ်။ တောထဲနဲ့ အဆက်အသွယ် ရှိလားတဲ့၊ အဓိကမေးတယ်။ နောက်နေ့ ပြန်လွှတ်တာပဲ။

ရုံးထုတ်စစ်ဆေးတဲ့အခါမှာ တရားရုံးခန်းထဲမှာ ဘယ်သူတွေရှိလဲဗျ။

တရားခံရှိမယ်။ ရှေ့နေရှိမယ်။ ရဲတွေရှိမယ်။ နောက် ကိုသန့်ဇင်ဦးတို့ နှစ်မှုလုံး လှိုင်သာယာရော၊ ကမာရွတ် တရားရုံးရောမှာဆိုရင် လုံထိန်းကား ၂-၃ စီးပါချထားတယ်။ ပြီးတော့ တရားရုံးဝန်းထဲမှာလည်း ကြံ့ခိုင်ရေးတို့ စွမ်းအားရှင်တို့ အယောက် ၁၀၀ ကျော်လောက်ကို စောင့်ကြပ်နေတာပေါ့။ စစ်နေရင် တရားရုံးအပေါက်ဝမှာ သူတို့က ပိတ်ထားတယ်။ မိသားစုတွေ ၀င်လို့မရအောင်။ ကိုသန့်ဇင်မျိုးတို့က လှိုင်သာယာရုံးမှာ ပြစ်မှုဥပဒေ ၁၄၃-၁၄၅-၁၅၂- ၅၀၅ (ခ) တွေနဲ့ စွဲခံထားခဲ့ရတာပေါ့။ ၁၀ နှစ်ကျော်တွေကျမယ်ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ တခြားအမှုတွေမှာ စစ်ဆေးခန်းထဲ အက်စ်ဘီဝင်တာလည်း ရှိတယ်။ ကျနော့်အမှုတွေမှာတော့ အပေါက်ဝမှာ ရပ်စောင့်နေတာ တွေ့ရတယ်။

ရှေ့နေနဲ့ အမှုသည်က အမှုသွားအမှုလာကို တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စက ဘယ်လောက်အရေးကြီးလဲ။

တော်တော်ကိုပဲ အရေးကြီးပါတယ်။ အမှုအကြောင်းချင်းရာကိုသိထားမှ။ အမှုစစ်ဆေးတော့ ကောင်းကောင်းမွန်မွန် ခုခံချေပနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်ကြုံခဲ့ရတာကတော့ အမှုသည်ဆီက ညွှန်ကြားချက်ရဖို့ နေနေသာသာပေါ့။ လိုက်ပါ ဆောင်ရွက်ဖို့ကို မနည်းကို ကြိုးစားလုပ်ဆောင်ရပါတယ်။ ကိုရံရွှေတို့ ကိုမြင့်အေးတိုံအမှုမှာဆို ဒီရှေ့နေတွေကို ဘာလို့ ငှားတာလဲ၊ ဒီရှေ့နေတွေနဲ့ ဘယ်လိုအဆက်အသွယ်ရှိနေလဲ ဆိုပြီး အမှုသည်တွေကို ဖိအားပေးတာတွေ ရှိပါတယ်။ ကျနော်တို့ သူတို့အမှုကို လိုက်မယ်လို့ ပါဝါတင်လိုက်ပြီး ပြန်သွားတဲ့အချိန် အမှုသည်တွေကို ထောင်ထဲပြန်ထည့်ချိန် အက်စ်ဘီတို့ စရဖတို့က ထောင်ထဲမှာကို လာနေပါတယ်။ သူတို့မိသားစုတွေကိုလည်း ဖိအားပေးတယ်လို့ သိရပါတယ်။

စီရင်ချက်ချတဲ့အခါမှာ တရားသူကြီးတွေကရော ဘယ်လောက်အထိ လွတ်လပ်မှုရှိလဲဗျ။

လုံးဝကို လွတ်လပ်မှုမရှိဘူးလို့ပဲ ပြောရမှာပဲ။ ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့။ ထင်ထင်ရှားရှား အမှုတခုကိုပြဆိုရင် ကျနော့အမှုပဲလေ။ ဒုတိယတရားသူကြီးကိုယ်၌က မင်းတို့ကိုတဲ့ ဒီနေ့ပဲဖမ်းချုပ်ဖို့ အထက်က အမိန့်ပေးတယ်ဆိုတော့ တရားခွင်မှာ တရားသူကြီးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမယ့်လူလေ။ အထက်က အမိန့်ပေးတယ်ဆိုတာက သူ့စကားထဲမှာကို ပါနေပြီ။ ဘယ်လောက်အထိတောင် လွှမ်းမိုးမှုရှိနေလဲဆိုတာ။ နောက်တချက်က ကိုဖိုးဖြူ လိုက်ပါဆောင်ရွက်နေတဲ့ ကိုသန့်ဇင်ဦး အမှုကြည့်ရင် ပြည်ထဲရေးဝန်ကြီးဌာနကနေ ကိုသန့်ဇင်ဦးကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ပေးပါဆိုတဲ့စာ တရားရုံးမှာရောက်နေပြီး အဲဒီစာကြီးကို တရားသူကြီးက ထုတ်ပြတယ်။ အင်းစိန်မြို့နယ် ဒုတိယတရားသူကြီး ဒေါ်ဘေဘီက။ ကိုသန့်ဇင်ဦးကို ကိုယ်တိုင်ထုတ်ပြတာ။ ရှင့်ကို ဒီမှာစာရောက်နေတယ်ဆိုတဲ့ အနေအထားမျိုးပေါ့။

ဒီနေ့မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်အပေါ် ဘယ်လိုမြင်လဲဗျာ။ အတိုချုံးပေါ့။

အတိုချုံးပြောရရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ပြောချင်တယ်ဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ယုံကြည်ချက်အတွက် လုပ်ဆောင်နေတဲ့သူတွေကို ပြစ်ဒဏ်အရှည်ကြီးတွေ ချမှတ်လိုက်တာတော့ဖြစ်ရင် ရန်ငြိုး အာဃာတနဲ့ဗျာ ဂလဲ့စားချေတဲ့သဘောမျိုးနဲ့ကို ချမှတ်တာဖြစ်တယ်။ ဥပဒေဆိုတာကတော့ဗျာ အုပ်ချုပ်သူရဲ့ အကျိုးစီးပွား ကိုကာကွယ်ပေးပြီး ပြည်သူလူထုကို ဖိနှိပ်တယ်ဆိုရင် တရားဥပဒေစိုးမိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

Ref: မဇ္ဈိမ

Read More...

Thursday, January 15, 2009

ယခုနှစ် ဘွဲ့တံဆိပ်တော်လျှောက်သည့် သံဃာနည်းပါး ဓမ္မကထိက ဆရာတော်များအား စစ်အစိုးရက လိမ်လျှောက်ခိုင်း

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၉

ယခုနှစ် သံဃာတော်များအား ဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားသည့် သံဃာအရေအတွက် နည်းပါးသည့်အတွက် အချို့ စာချဆရာတော်များ၊ ဓမ္မကထိက ဆရာတော်များကို ဘွဲ့တံဆိပ်တော် လျှောက်ထားအောင် စစ်အစိုးရက မလိမ့်တပတ် လိမ်ခဲ့သည်ဟု စုံစမ်းသိရသည်။

“သံဃာတော်တွေ စစ်အစိုးရပေးတဲ့ ဘွဲ့တံဆိပ်တော်တွေကို ဒီနှစ် အလျှောက်နည်းသွားကတော့ ရှင်းပါတယ်။ ၂၀၀၇ က သံဃာတွေကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွဲခဲ့တော့ သပိတ်မှောက်တဲ့အနေနဲ့ မလျှောက်ကြ တာပါ” ဟု ရန်ကုန် တိုက်အုပ်ဆရာတော်တပါးက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားသည့် သံဃာအရေအတွက် နည်းလာသည့်ပြင် ယခုနှစ် နေပြည်တော်တွင် ဘွဲ့ပေးရန် စစ်အစိုးရက ပြင်ထားသည့်အတွက် အချို့ ဓမ္မကထိက ဆရာတော်များကို ဘွဲ့လျှောက်ထားလျှင် သိမ်းထားသည့် လိုင်စင်မဲ့ကား ပြန်ပေးမည်ဆိုသည့် မက်လုံးဖြင့် လိမ်လည်လျှောက် ထားခဲ့ကြောင်း ရန်ကုန် သံဃာတပါးက အမိန့်ရှိသည်။

နာမည်ကြီး ဓမ္မကထိက ဆရာတော်ဖြစ်သည့် တွံတေး ဦးဣန္ဒကအား ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားလျှင် သိမ်းထားသည့် လိုင်စင်မဲ့ကားပြန်ပေးမည်ဟု အာဏာပိုင်များက လိမ်လည်လျှောက်ထားခဲ့ပြီး နောက်ဆုံး ဘွဲ့တံဆိပ်တော်လည်းမပေး၊ ကားလည်းမပေးဘဲ လုပ်ခဲ့ကြောင်း တွံတေး ဦးဣန္ဒက ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရသည် ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ယခုနှစ် ဘွဲ့ဆက်ကပ်ရာတွင် ယခင်ကကဲ့သို့ ကမ္ဘာအေး၌ မလုပ်ဘဲ နေပြည်တော်တွင် ကျင်းပမည့်ဖြစ်ပြီး နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲနှင့်အတူ မတ်လတွင် တပေါင်းတည်းလုပ်ရန် ပြင်နေသည်။

“နေပြည်တော် ဥပ္ပါတသန္တိစေတီ ဆိုတာ သန်းရွှေအစိုးရအတွက် အန္တရာယ်ကင်းအောင်ဆိုတဲ့သဘောနဲ့ ယတြာချေပြီးတည်တဲ့ ဘုရားသာ ဖြစ်တယ်။ ဥပ္ပါတသန္တိဂါထာဆိုတာ ဘုရားဟောအစစ်မဟုတ်ပေမယ့် ဘုရားဟောဂါထာတွေ စုပေါင်းထားတဲ့ ဂါထာသာဖြစ်တယ်။ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ကျုပ်တို့ ရန်ကုန်က ဘုန်းကြီးတွေကို နာမယ်ကြီးဘုရားတွေမှာ တလတကြိမ် (၉) လ နဲ့ (၉) ရက်တိတိ ဥပ္ပါတသန္တိဂါထာ ရွတ်ဖို့ အမိန့်ပေးလို့ ရွတ်ခဲ့ရသေးတယ်လေ။ တကယ်ရွတ်ရင် တနာရီခွဲလောက်ကြာအောင် ရွတ်ရတော့ ပင်ပန်းလို့ ဘယ်သူမှ အဲလောက်မရွတ်ဘူး။ နာရီဝက်နဲ့ကျော်ရွတ်ကြတယ်။ နောက်တော့ ဘာပြဿနာဖြစ် တယ်မသိပါဘူး။ (၉) လမပြည့်ခင် အတင်းရပ်ခိုင်းလို့ ရပ်ရတယ်။ မကြာပါဘူး ၂၀၀၄ မှာ ဒကာကြီး ခင်ညွန့်ပြုတ်သွားတာပဲ။ ဒါကြောင့် ဥပ္ပါတသန္တိစေတီလည်း ဒကာကြီး ဦးသန်းရွှေအစိုးရအတွက် အန္တရာယ်ကင်းမယ်လို့ ဘယ်ပြောနိုင်မလဲ” ဟု အမည်မဖော်လိုသည့် တိုက်အုပ်ဆရာတော်ကြီးက အမိန့်ရှိသည်။

၁၉၉၁ ခု အောက်တိုဘာ (၂၄) ရက်နေ့ထုတ် စစ်အစိုးရအမိန့် ၄၂/၉၁ အရဆိုလျှင် ယခင်လက်ထက်က သံဃာတော်များအား ပေးအပ်သည့် ဘွဲ့တံဆိပ်အမျိုးအစားက အဘိဓဇ မဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတနဲ့ တိပိဋကဓရ ဆိုပြီး (၃) မျိုးသာရှိသော်လည်း စစ်အစိုးရလက်ထက်တွင် ဘွဲ့တံဆိပ်တော်ပေါင်း (၂၁) ခုထိ ထပ်မံတိုးချဲ့ထားသည်ကို တွေ့ရသည်။

စစ်အစိုးရလက်ထက် သံဃာတော်များအား ပေးသည့် ဘွဲ့များကို ပြန်ကြည့်ပါက ပညာပိုင်းဆိုင်ရာ ဘွဲ့ (၂) မျိုးအနက် အဘိဓဇမဟာရဌဂုရုဘွဲ့က အမြင့်ဆုံးဖြစ်ပြီး သာသာနာပြုပိုင်းဆိုင်ရာဘွဲ့ (၅) မျိုးမှာ အဘိဓဇ မဟာသဓမ္မ ဇောတိက ဘွဲ့က အမြင့်ဆုံးဖြစ်သည်။

သင်ပြမှုပိုင်းဆိုင်ရာဘွဲ့ (၃) မျိုးအနက် အဂ္ဂမဟာ ဂန္ဒဝါစက ပဏ္ဍိတဘွဲ့က အမြင့်ဆုံးဖြစ်ပြီး တရားပြသမှုဆိုင်ရာဘွဲ့ (၃) မျိုးမှာ အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲ့က အမြင့်ဆုံး ဖြစ်သည်။ တရားဟောပိုင်းဆိုင်ရာ ဘွဲ့ (၂) မျိုးအနက် မဟာဓမ္မကထိက ဗဟုဇန ဟိတဓရဘွဲ့က အမြင့်ဆုံးဖြစ်ပြီး ဝိသိဌ တိပိဋကဓရ တိပဋက ကောဝိဒဘွဲ့က ပိဋကတ်ဆိုင်ရာ အမြင့်ဆုံး ဖြစ်သည်။

အဘိဓဇနှင့်တိပိဋကဘွဲ့တံဆိပ်တော်ရ ဆရာတော်များကို မြန်မာနိုင်ငံတွင်း အစိုးရပိုင် ကုန်းကြောင်း ရေကြောင်း လေကြောင်းမျိုးဖြင့် ခရီးကြွရာ၌ အခမဲ့စီးနင်းခွင့်ပေးထားပြီး ကပ္ပိယဒကာနှစ်ဦးပါ အစိုးရစရိတ်နှင့် လိုက်ပါခွင့်ပေးသလို၊ အဂ္ဂမဟာကဏ္ဍိတနဲ့ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇဘွဲ့ရ ဆရာတော်များကိုမူ ကုန်းကြောင်း ရေကြောင်း အခမဲ့ စီးနင်းခွင့်ပြူသည့်အပြင် တနှစ်ကို ဆွမ်းစရိတ် ငွေတသောင်း ထောက်ပံ့သည်။

ဘွဲ့တံဆိပ်များ ယခုကဲ့သို့ ဖောင်းပွနေသည့်အကြောင်းများအနက် ကျမ်းများ မပြုစုဖူးဘဲ ငွေနှင့်လာဘ်ထိုးပြီး လျှောက်ယူ၍ရသည့် ဆရာတော်များလည်းရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌ ဆရာတော် ဦးခေမာစာရက အမိန့်ရှိသည်။

စစ်အစိုးရလက်ထက်တွင် သိန်း (၅ဝ) အထက် စစ်အစိုးရအား ပေးလှူနိုင်သူမှန်သမျှကို အမျိုးသား သူဌေးသူကြွယ်ဘွဲ့၊ အမျိုးသမီး သူဌေးသူကြွယ်ဘွဲ့များ ပေးလေ့ရှိသည်ဟု သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောသည်။ အမျိုးသားများအား ပေးသည့် သူဌေးဘွဲ့ (၄) မျိုးအနက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓဇ ဘွဲ့မှာ အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီးများအတွက် အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့က အမြင့်ဆုံး ဖြစ်သည်။

အမြင့်ဆုံး အမျိုးသမီး သူဌေးသူကြွယ်ဘွဲ့ရသူတွေထဲတါင် ကမ္ဘောဇဘဏ်ပိုင်ရှင် ဆရာကျောင်းခေါ် ဦးအောင်ကိုဝင်း၏ဇနီး ဒေါ်နန်းသန်းထွေး၊ ရွှေသံလွင်ကုမ္ပဏီပိုင်ရှင်၏ဇနီး ဒေါ်နီနီ စသည့်စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ ပါဝင်သည်။

အမြင့်ဆုံး အမျိုးသား သူဌေးသူကြွယ်ဘွဲ့ ရသူများထဲတွင် နအဖစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူဟု နာမည်ထွက်သည့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ရင်းနှီးသူ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့ဖြစ်သည့် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်ခမ်းထီ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

ဦးအောင်ခမ်းထီသည် အပစ်အခတ်ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့အနက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓဇ သူဌေးဘွဲ့ရသည့် တဦးတည်းသော တိုင်းရင်းသားခေါင်းဆောင် ဖြစ်သည်။

Ref:

Read More...

ပူတာအိုထောင်က ကိုအောင်သူ ကျန်းမာရေးမကောင်း

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၉

မြန်မာပြည်မြောက်ဖျား၊ ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅)နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုအောင်သူ၏ ခြေထောက်မှာ သေးလိုက်လာပြီး အစာ မျိုချ ရာတွင်လည်း အခက်ခဲဖြစ်ကာ ကျန်းမာရေးအခြေအနေဆိုးနေသည်။

ရာသီဥတုအေးလွန်းသည့်အတွက် ကိုအောင်သူ၏ကျန်းမာရေးထိခိုက်ခဲ့ရကြောင်း ဒီဇင်ဘာလကုန်ပိုင်းက ထောင်ဝင်စာတွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ပူတာအိုရောက်တော့ သူက အကြောသိပ်မကောင်းဘူးလေ။ ခြေထောက်နည်းနည်းဆွဲသွားတယ်။ ခြေသလုံးလေးတွေ သေးလိုက်လာတယ်။ ရာသီဥတုအေးတဲ့ဒဏ်မခံနိုင်လို့ ခြေထောက်က ဆာသွားတယ်တဲ့။ အခုဆန်ပြုတ်ပဲ သောက်နိုင်တယ်။ ဆေးတွေလည်း မျိုနိုင်တဲ့ အားမရှိဘူး။ မနက်ဘက် အေးလာပြီဆို လျှာက တိုသလိုဖြစ်သွားတယ်တဲ့။ မျိုချဖို့ ခက်တယ်တဲ့” ဟု ပြောသည်။

ကိုအောင်သူအား (၃) ကြိမ်တွေ့ဆုံခဲ့ရပြီး (၂) ကြိမ်သာ တနာရီကြာတွေ့ဆုံရပြီး နောက်ဆုံးအကြိမ်တွင် (၁၅) မိနစ်မျှသာ တွေ့ဆုံခဲ့ရကြောင်း၊ ထောင်ဝင်စာတွေ့ခွင့်ကို အထက်က ပိတ်လိုက်သည့်အတွက် ပြန်လာခဲ့ ရကြောင်း လမ်းခုလတ်မှာရောက်ရှိနေသည့် ကိုအောင်သူ မိသားစုဝင်က ပြောသည်။

ပူတာအိုဒေသတွင် အစားအစာရှားပါးဈေးကြီးကာ ရာသီဥတုဆိုးဝါးသဖြင့် ထောင်ဝင်စာတွေ့ရသည့် အခက်အခဲမှာ အလွန်ကြီးမားပြီး ဒုက္ခမျိုးစုံဖြင့်ကြုံတွေ့ခဲ့ရကြောင်း ၁၉၉၈ လွတ်တော်ခေါ်ယူရေး တောင်းဆိုမှုဖြင့် ထောင်ဒဏ် (၅၂) နှစ်ချမှတ်ခံထားရသည့် ကိုမျိုးမင်းဇော်အား ထောင်ဝင်စာတွေ့ခဲ့ရသူ အသက် (၅၆) နှစ်ရှိ မိခင်ဖြစ်သူက ပြောသည်။

၎င်းက “မြို့ထဲကနေ ထောင်ကို သွားရတဲ့ခရီးက အတော်ပန်းတယ်။ ငွေသုံးနိုင်လို့ ကားနဲ့သွားရင် တသောင်းခွဲ၊ တသောင်းနှစ်ထောင် ရှိတယ်။ ဆိုင်ကယ်နဲ့ဆို ခုနှစ်ထောင်ပေါ့။ အစောပိုင်း တပတ်ကို နှစ်ကြိမ်တွေ့ရမယ် ဆိုတော့ သွားသေးတာပေါ့။ အက်စ်ဘီပါမှ တွေ့ရမယ်ဆိုတော့၊ တွေ့ရမယ် မတွေ့ရဘူးဆိုတာ သိပ်မသေချာတော့ဘူး။ ကျမတို့လည်း ဆိုင်ကယ်တောင် မငှားနိုင်လို့ တောလမ်းကပဲ ခြေလျင်သွားရတာပေါ့။ ခရီးကပန်း၊ အစားအသောက်ကလည်း နှစ်နပ်ကို တနပ်တည်းပေါင်းစားဆိုတော့ ကျမတောင် ပူတာအိုဆေးရုံမှာ (၃) ရက် တက်ခဲ့ရတယ်။ ရာသီဥတုကလည်း အေးတော့ မခံနိုင်ဘူးပေါ့။ ရှော့ခ်ဖြစ်သွားတယ်” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ်၊ မေအတွင်း အမေရိကန်သံရုံးစင်တာ၌ မေဒေးနေ့အခမ်းအနားပြုလုပ်သည့်အမှုဖြင့် ပူတာအိုထောင်တွင် ထောင်ဒဏ် (၂၈) နှစ် ချမှတ်ခံထားရသူ ကိုဝေလင်းအား ထောင်ဝင်စာတွေ့ရန် ကြိုစားခဲ့ရာ ယခုနှစ်ဆန်းပိုင်းမှစ၍ ထောင်ဝင်စာတွေ့ခွင့် ပိတ်ခဲ့သည့်အတွက် လုံးဝတွေ့ခွင့်မရဘဲ ပြန်လာခဲ့ရကြောင်း အစ်ကိုဖြစ်သူက ပြောသည်။

၎င်းက “ကျနော်က အခုလ (၆) ရက်နေ့က ရောက်သွားတော့ ထောင်ဝင်စာပိတ်တဲ့အော်ဒါက ထွက်သွားပြီ။ တွေ့ရမလားဆိုပြီး လေးကြိမ်သွားခဲ့တယ်။ မတွေ့ရဘဲနဲ့ ငွေကုန် လူပန်းနဲ့ ပြန်လာခဲ့တယ်။ နောက် ထောင်ဝင်စာ ဘယ်တော့ ပြန်တွေ့ရမလဲဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

နအဖက ကျောင်းသားခေါင်းဆောင်များအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ပြီး ထောင်ဝင်စာတွေ့ရန် ခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသရှိ ထောင်များကို ယမန်နှစ် နိုဝင်ဘာလ အတွင်းမှစ၍ ပို့ဆောင်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေးအကျဉ်းသားများ ဆိုင်ရာ

■ ၇၁၁၄ ဦး လွှတ်မြောက်ပေမယ့် နိုင်ငံရေး အကျဉ်းသား ၁၁၀ လွတ်မြောက်လာသည့် စာရင်း

■ Data - prison_transferred_November_2008

■ တစ်လအတွင်းနိုင်ငံရေးအကျဉ်းသားများသတင်း(၂၀၀၉ခုနှစ် ဇန်နဝါရီလ)

■ တစ်လအတွင်းနိုင်ငံရေးအကျဉ်းသားများသတင်း(၂၀၀၉ခုနှစ် မတ်လ)

■ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကုလကြေညာချက် အမေရိကန် ထောက်ခံ

■ ဦးခွန်ထွန်းဦး၊ ဦးအုန်းသန်း ဖမ်းဆီးမှု ဥပဒေနဲ့ မညီ၊ ကုလအဖွဲ့ ထုတ်ပြန်

■ နိုင်ငံရေးအကျဉ်းသား ၉ ဦး ထောင်ဒဏ်ချမှတ်

■ တစ်လအတွင်းနိုင်ငံရေးအကျဉ်းသားများသတင်း(၂၀၀၉ခုနှစ် ဧပြီလ)

■ ဘလော့ဂါ နေဘုန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ

■ ထောင်ဒဏ် (၆၅) နှစ်ကျ မမီးမီးကို ပုသိမ်ထောင်ပို့

■ မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ

■ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ ခံနေရ

■ အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

■ လူပေါင်း (၄) ထောင်ကျော် ဖမ်းဆီးခံနေရဆဲဟု အေအေပီပီ-ဘီပြောကြား

Read More...

တပ်မတော်တွင်း ဖြစ်ရပ်မှန်များ တစေ့တစောင်း

ခြေလျင်တပ်ရင်း (၂၃၅) က အောက်ခြေအကြပ်တပ်သားတွေရဲ့ ခံစားချက်တွေကို စုစည်းထုတ်ဖော်လိုက်တဲ့ အောက်ပါဖြစ်စဉ်လေးကို တပ်မတော်သားအားလုံး သိစေဖို့ ၀ိမုတ္တိ ဘလော့ကနေ ထပ်ဆင့် ဖော်ပြပေးလိုက် ပါတယ်။

၁။ ခလရ(၂၃၅)မှ အမ/၄၄၄၀၅၁၈ ဒုအရာခံဗိုလ် စိုးလှိုင်၊ အမ/၄၁၉၁၂၅ ခွဲတပ်ကြပ်ကြီး ကြည်သန်း၊ အမ/၄၀၅၀၁၈ တပ်ကြပ်ကြီး ၀င်းဆင့်၊ အမ/၅၅၂၉၅၅ တပ်ကြပ်ကြီးသိန်းဝင်းတို့သည် မိသားစုကိုယ်စား အမည်ခံ လက်မှတ်ရေးထိုး၍ တပ်ရင်း တံဆိပ်တုံး ရိုက်နှိပ်ကာ တပ်ရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ တင်ပြခြင်း ဖေါ်ပြလျှက် ကကကြည်း၊ ကကစစ်၊ ကကထူးသို့ လိပ်မူ၍ နမခနှင့် နပတတိုင်းမှူး (ရင်းမှူးဟောင်း)သို့ မိတ္တူပြု တိုင်ကြားစာ ပေးပို့ခဲ့မှုအပေါ် အဖြစ်မှန် ပေါ်ပေါက်စေရန်နှင့် တာဝန်ရှိသူများအား ဖေါ်ထုတ်အရေးယူရန် အတွက် တမခမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ထွေး ဦးစီးသော စုံ/ခုံဖြင့် ဖွဲ့စည်း စစ်ဆေးလျှက် ရှိနေပါသည်။

၂။ စစ်ဆေးလျှက်ရှိသည့် စုံ/ခုံတွင် ခလရ(၂၃၅)မှ စစ်ဦးစီးတ္ကသိုလ် သင်တန်းအမှတ်စဉ် (၅၈)သို့ တက်ရောက် လျှက်ရှိသည့် တပ်ရင်းမှူးဖြစ်သူ ကြည်း/၂၃၁၈၈ ဒုမှူးကြီး မျိုးသန့်ဇင်နှင့် ပတ်သက်ပြီး တိုင်ကြားစာ ပါဝင်သည့် အောက်ပါ အချက်များတွင် ထွက်ဆိုချက်များ လိုအပ်လျှက်ရှိနေပါသည်။

(က) ရင်းမှူးနှင့်ဒုရင်းမှူး ရင်းမှူးကတော်နှင့် ဒုရင်းမှူးကတော်တို့သည် တယောက်နှင့်တယောက် မတည့်ကြပါ။ တပ်ရေးဗိုလ်ကြီးနှင့် တပ်ထောက်ဗိုလ်ကြီး၊ တပ်ရေးဗိုလ်ကြီးကတော်နှင့် တပ်ထောက် ဗိုလ်ကြီးကတော်တို့သည် မတည့်ကြပါ။ ၎င်းတို့ မတည့်ကြ၍ စစ်သည်/ ရဲဘော်များ ကြားညှပ် နေပါသည်။

(ခ) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ စစ်ဆင်ရေးထိုးစဉ် ၂၀၀၈ခု၊ ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် မိုင်းထိခဲ့သော ဗိုလ်အောင်အောင်အား ဆေးရုံပို့ရာ၌ အဖျားကြီးကာ လမ်း မလျှောက်နိုင်သော တ/၃၄၅၆၁၃ တပ်သား ရဲဝင်းအောင်အား ဒုရင်းမှူးမှ “အရာရှိက အရေးကြီးတယ်၊ ရဲဘော်က အရေးမကြီးဘူး” ဟုပြောကာ ပစ်ထားခဲ့သဖြင့် စစ်သည်မှာ ရှေ့တန်းတွင် သေပြီး ကျန်ရစ်ခဲ့ပါသည်။ ရဲဘော်များ ဒါ့ကြောင့် စိတ်ဓါတ်ကျ ကုန်ပါသည်။

(ဂ) ရှေ့တန်းမှာသေခဲ့သော တပ်သာ ရဲဝင်းအောင်ကို သေဆုံးကြောင်း မတင်ပြဘဲ ခွင့်မဲ့ပျက်ကွက် ပြမည် ဖြစ်တာကြောင့် ယနေ့အထိ မသေစာရင်း ပေါ်နေပါသေးသည်။ ရဲဘော်များ ယုံကြည်မှုမရှိဘဲ စိတ်ဓါတ် ပိုကျကုန်ပါသည်။

(ဃ) ရှေ့တန်းပြန် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် မိတ်ဆုံစားပွဲတွင် ခမ်းမအတွင်း၌ အရက်တိုက်၍ မူးလဲနေသော အမ/၆၆၇၈၂၅ တပ်ကြပ်ကြီး ၀င်းမြိုင်အား ကြည်း/၄၅၇၄၉ ဗိုလ်အောင်ကိုကိုနှင့် အဖွဲ့ (နောက်ဆုံးရောက်ရှိလာသော ဒုဗိုလ်များ)မှ တက်နင်းမိရာမှ စကားများကြပါသည်။ “မူးမူးနဲ့ ငါ့ကိုတက်နင်းတာ ဘယ်ကောင်လဲ” လို့ မေးရာမှ မကျေနပ်ကြသဖြင့် ဗိုလ်အောင်ကိုကိုနှင့် အဖွဲ့မှ ၀ိုင်းဝန်း ထိုးကြိတ်ခြင်း တုတ်ဖြင့်ရိုက်ခြင်းများ ပြုလုပ်ကြသဖြင့် တပ်ကြပ်ကြီး ၀င်းမြိုင် နံရိုး(၂)ချောင်းကျိုး၍ မေမြို့စစ်ဆေးရုံ တက်ရောက် ကုသရပါသည်။ စစ်သည်များ အားလုံးဒေါသ ထွက်ကြရပါသည်။

(င) တပ်ကြပ်ကြီးဝင်းမြိုင်အား ဗိုလ်အောင်ကိုကိုနှင့်အဖွဲ့ ထိုးကြိတ်/ရိုက်နှက်သည်မှာ လွန်လွန်းနေသဖြင့် တာဝန်ကြပ်ကြီး ဖြစ်သူ အမ/၆၄၇၂၈၃ တပ်ကြပ်ကြီး နိမ့်ထန်းပက်မှ “ကျွန်တော် တာဝန်ကျ တပ်ကြပ်ကြီးပါ တပ်ကြပ်ကြီး ၀င်းမြိုင်အား ရိုက်တာ၊ ထိုးတာ ရပ်ကြပြီး အချုပ်ထဲထည့်ရန် တောင်းပန် အကြံပေးပါတယ်” လို့ပြောရာ “ဘာ တာဝန်ကြပ်ကြီးလဲ လီး တာဝန်ကြပ်ကြီးလား” လို့ ပြောဆိုကာ ဗိုလ်အောင်ကိုကိုနှင့် အဖွဲ့မှ ထပ်မံ ၀ိုင်းဝန်း ထိုးကြိတ်ခြင်း ရိုက်နက်ခြင်းလုပ်ကာ ဗိုလ်အောင်ကိုကိုမှ ဘောင်းဘီ ဇစ်ဖြုတ်ပြီး တပ်ကြပ်ကြီး နိမ့်ထန်းပက်၏ မျက်နှာကို လီးနှင့်ထိုးပါသည်။ စစ်သည်များမှ လုံးဝကျေနပ်မှုမရှိပါ။

(စ) အဲ့ဒီဖြစ်ရပ်ကြောင့် လူပျိုလိုင်းမှ စစ်သည်(၁၅)ဦးခန့် “အခုမှ ဗိုလ်ဖြစ်ကာ ရှိသေးတယ်၊ ဒို့ဆရာကြီးကို စော်ကားတယ်” ဆိုကာ အရာရှိရိပ်သာသို့ သွားကြရာ အရာရှိများ ထွက်ပြေးကြပါသည်။ ဒါကြောင့် ရိပ်သာမှန်များအား ခဲဖြင့် ပေါက်ဖျက်ဆီးကြပါသည်။ စစ်သည်များမှာ ယခုထိ ကျေနပ်မှု မရှိသေးပါ။

(ဆ) ထို့အပြင် တိုက်ပွဲကျ ဆရာကြီးများ၏ မိန်းမများနှင့် မိသားစုများအား ကျဆုံးပြီး မကြာခင်/အဆင် မပြေခင် ကူညီမှု မရှိဘဲ နှင်ထုတ်တာကြောင့် စစ်သည်/ရဲမေ မိသားစုအားလုံး တစ်ရင်းလုံးမှ နာကြည်းခံပြင်း နေကြပါသည်။

(ဇ) တပ်ထဲမှ စာတော်သူ ဆေးတက္ကသိုလ် တက်နေသူ ကျောင်းသား (တကက အေးထွန်း၏သား)အား ထောက်ပံ့ခြင်း မပြုဘဲ တပ်ရင်းအတွင်း မြေငှားထားသော အမွှေးတိုင် ကြိတ်စက်များမှ (၂၀)သိန်းလစဉ် ရရှိသော တပ်ရင်းမှူးမှ ကိုယ်ကျိုးအတွက် သုံးစွဲနေပါသည်။ (မိသားစု များမှ ကျေနပ်မှု မရှိကြပါ)။

၃။ သို့ဖြစ်ပါ၍ အပိုဒ်(၂)ပါ အချက်များနှင့် ပတ်သက်ပြီး ခလရ(၂၃၅) ရင်းမှူး စစ်ကြောင်း(၁)မှူး တာဝန် ထမ်းဆောင်သည့် တပ်ရင်းမှူ၏ ထွက်ဆိုချက် အမြန်ရရှိရေး ဆောင်ရွက်ရန် အကြောင်းကြားသည်။

Ref: ဝိမုတ္တိ

Read More...

မြန်မာပြည် ပြောင်းလဲရေး မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ ထိုင်း ကြိုးပမ်းမည်

15 January 2009

အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် အဘီဆစ် ၀ိုက်ချာချီဝ က အာဆီယံ အသင်းဝင်နိုင်ငံတွေ သာယာ ၀ပြောဖို့အတွက် အာဆီယံ အဖွဲ့ကြီး ခိုင်မာဖို့ လိုအပ်ကြောင်း၊ အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့ အတွက်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှု၊ ယုံကြည်ကိုးစားမှု လိုအပ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာမို့ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်တန်ပြီလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းရဲ့ ညစာ စားပွဲမှာ ၀န်ကြီးချုပ် အဘီဆစ် တက်ရောက်ပြီး အခုလို ပြောကြားသွားတာ ဖြစ်တယ်လို့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်း က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို မြင်ချင်ပါတယ်လို့ မကြာခင်က ပြောခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် သစ် အဘီဆစ် ၀ိုက်ချာချီဝ ကို မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဘယ်လို ပုံစံနဲ့ တွန်းအားပေးသွား လိုပါသလဲ။ မြန်မာ့ဒီမိုကရေစီရေးအတွက် တွန်းအားပေးတဲ့နေရာမှာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ တည့်တည့်မတ်မတ် တွန်းအားပေးသွားမှာလား လို့ ဗွီအိုအေ က မေးခွင့်ရခဲ့ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံ စီးပွားရေးအရ အပြန်အလှန် ဆက်ဆံကြရာမှာ အကျိုးစီးပွားချင်း မျှဝေ ခံစားကြရတာမို့ နှစ်ဘက်စလုံး အကျိုးရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား အာဆီယံ နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ သာယာဝပြောဖို့ လိုတယ်လို့ အခုလို စပြောပါတယ်။

"အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ လိုပါတယ်။ အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ ဆိုတာက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု ရှိဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာကတော့ ရှင်းပါတယ်။ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်ကျရောက်နေပြီလို့ သူ ထောက်ပြမှာဖြစ်ပါတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ လူထုအတွက်တင် မဟုတ်ဘဲ အစိုးရအတွက်လည်း အကျိုးရှိစေမှာ ဖြစ်တယ်။"

မြန်မာနိုင်ငံအပေါ်မှာ အနောက်နိုင်ငံတွေရဲ့ ဖိအားပေး အရေးယူတဲ့ပုံစံနဲ့မဟုတ်ဘဲ မတူကွဲပြားတဲ့ ပုံစံနဲ့ ချဉ်းကပ်မယ်လို့ ဆိုတဲ့အပေါ် သတင်းထောက်ရဲ့ အမေးကို ဖြေဆိုရာမှာတော့ နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ ထိုင်းအစိုးရတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူသလို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်ပုံနဲ့လည်း ကွဲပြားမယ်လို့ ဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ အပြုသဘော ဆောင်သွားမယ်အကြောင်း၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ပြောင်းလဲသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံ ဖြစ်လို့ပါပဲလို့ ၀န်ကြီးချုပ် အဘီဆစ် က အခုလို ဖြေဆိုသွားပါတယ်။

"ရေရှည်တည်တံ့မယ့် အပြောင်းအလဲဟာ မြန်မာပြည်တွင်းကပဲ ဆောင်ကြဉ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြင်ပကနေ အဓမ္မ တွန်းအားပေးပြီး ပြောင်းလဲအောင် လုပ်နိုင်တာထက် သူ့ပြည်တွင်းမှာ ကိုယ့်ဘာသာကိုယ် ပြောင်းလဲအောင် လုပ်ကြဖို့သာ လိုပါတယ်။"

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံ အနေနဲ့တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ထပ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက အပြုသဘောဆောင် ဆက်ဆံရေးနဲ့ ဆက်ဆံခဲ့သလိုပဲ ဆက်ပြီး ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ အပြုသဘောဆောင် ဆက်ဆံရေးမှာ တကယ် အပြုသဘော မဆောင်တာမို့ အပြုသဘော ဆိုတဲ့အချက်ကိုတောင် မေ့တေ့တေ့ ဖြစ်ခဲ့ရပါတယ် လို့ သူက ပြောပြသွားတာပါ။

အဲဒီနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အနောက်နိုင်ငံတွေရဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူတာမှာ အသံသာ မြည်တဲ့ သင်္ကြန်အမြှောက် လို့ ဖြစ်နေတာကြောင့် အခု အာဆီယံ ဥက္ကဌ ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မီ ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိပါသလဲ လို့ သတင်းထောက်ရဲ့ အမေးကိုတော့ - ဒီကိစ္စဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်လို့ သူ တွေးမထားပါဘူးလို့ ပြောပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာအောင် အာဆီယံ အသင်းကြီးအနေနဲ့ လက်တွေ့ကျကျ လှုပ်ရှားဖို့ ဖြစ်ပါတယ်လို့ သူက အခုလို ပြောပါတယ်။

"အခုဆိုရင် အာဆီယံ ပဋိဉာဉ်စာတမ်းကြီးလည်း အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့်မိုလို့ အဲဒီ ပဋိဉာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေး နဲ့သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှု ရှိမရှိကိုလည်း သေသေချာချာ စိစစ်သွားမှာဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ် မတိုင်မီ အကောင်အထည်ဖော်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအပေါ် ရပ်တည်ရမယ့် ရွေးချယ်စရာလမ်းက ဒီလမ်းပဲ မြင်နိုင်ဖို့ ဒီလမ်းကြောင်းအတိုင်း ခပ်သွက်သွက် လှုပ်ရှားသွားပါမယ်။"

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဂရက်ရိုက်တာကို ခံနေရတဲ့အချိန်မှာ မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးကိုပါ ကိုင်တွယ်ရတဲ့ အချိန်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဥပဒေနဲ့အညီ တရားမျှတရေး၊ တရားဥပဒေ စိုးမိုးရေးသာမက နိုင်ငံတောင်းပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံတာတွေကို တိတိကျကျ ကျောသားရင်သားမခွဲဘဲ တရားဥပဒေဘောင်အတွင်းက ကိုင်တွယ်သွားမယ့် အကြောင်းကိုလည်း ၀န်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က ပြောကြားသွားပါတယ်။

Ref: VOA News

Read More...

နအဖတပ်တွင်း၌ အစုလိုက်အပြုံလိုက် တပ်ပြေးမှုများ များပြားလာနေသဖြင့် အပတ်စဉ်တူ၊ ဇာတိတူ၊ လူမျိုးစုတူ၊ ဆွေးမျိုးတော်သူများကို ခွဲထားရန် ကက/ကြည်းက ညွှန်ကြားချ

နအဖ ရှေ့တန်းနောက်တန်း တပ်ရင်းတပ်ဖွဲ့တွေမှာ အစုလိုက်အပြုံလိုက် တပ်ပြေးမှုတွေ ဆက်တိုက် ဖြစ်ပွားလာနေတဲ့ အတွက် တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ ဇာတိတူ၊ လူမျိုးစုတူ၊ အပါတ်စဉ်တူ၊ ဆွေမျိုးတော်စပ်သူ၊ ပြဿနာရှာတတ်သူ၊ အရက်သေစာ သောက်စား တတ်သူတွေကို တနေရာတည်းမှာ စုမထားဘဲ ဖြန့်ခွဲတာဝန်ပေးကြဖို့၊ တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေ၊ ဒေသခံ အပစ်ရပ် အဖွဲ့တွေနဲ့ အရောတဝင် ဆက်ဆံခြင်း မပြုစေဖို့၊ တပ်ဖွဲ့ဝင် အချင်းချင်း စောင့်ကြည့်ခိုင်းတဲ့ စနစ်ကို လိမ်မာပါးနပ်စွာနဲ့ ကျင့်သုံးကြဖို့၊ ကက/ကြည်းက နိုဝင်ဘာ(၁၄)ရက်နေ့မှာ တိုင်း၊ တပ်မ၊ တပ်ရင်း တပ်ဖွဲ့တွေ ကို ညွှန်ကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းတွေအရ သိရှိရပါတယ်။

အခုလအတွင်း ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေကြရတဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ အစုလိုက် အပြုံလိုက် တပ်ပြေးမှုတွေ ဖြစ်ပွားနေတဲ့အတွက် ကက/ကြည်း က ဒီအမိန့်ကို ထုတ်ပြန် ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ(၆)ရက်နေ့က တနင်္သာရီတိုင်း ထိုင်းမြန်မာ နယ်စပ်အနီးရှိ (မယ်ဖျာ) တပ်စခန်းမှာ တာဝန်ကျနေတဲ့ ရှေ့တန်း ခလရ(၁ဝ၄) စစ်ကြောင်း(၂)၊ တပ်ခွဲ(၄)မှ တပ်သား စိုင်းမျိုးမင်းဦး၊ တပ်သား ရဲမင်းထွန်းနဲ့ တပ်သား အောင်ဌေး တို့ဟာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသလို၊ မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်ကို စစ်ဆင်ရေး တာဝန်တွေနဲ့ မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ ရှေ့တန်း ခမရ(၅၃၈) မှ စစ်သည်(၅)ဦးဟာလည်း နိုဝင်ဘာ (၁၅)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ အတွင်းကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ ။

နအဖ ရှေ့တန်းနောက်တန်း တပ်ရင်းတပ်ဖွဲ့တွေမှာ အစုလိုက်အပြုံလိုက် တပ်ပြေးမှုတွေ ဆက်တိုက် ဖြစ်ပွားလာနေတဲ့ အတွက် တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ ဇာတိတူ၊ လူမျိုးစုတူ၊ အပါတ်စဉ်တူ၊ ဆွေမျိုးတော်စပ်သူ၊ ပြဿနာရှာတတ်သူ၊ အရက်သေစာ သောက်စားတတ်သူတွေကို တနေရာတည်းမှာ စုမထားဘဲ ဖြန့်ခွဲတာဝန်ပေးကြဖို့၊ တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေ၊ ဒေသခံ အပစ်ရပ် အဖွဲ့တွေနဲ့ အရောတဝင် ဆက်ဆံခြင်း မပြုစေဖို့၊ တပ်ဖွဲ့ဝင် အချင်းချင်း စောင့်ကြည့်ခိုင်းတဲ့ စနစ်ကို လိမ်မာပါးနပ်စွာနဲ့ ကျင့်သုံးကြဖို့၊ ကက/ကြည်းက နိုဝင်ဘာ(၁၄)ရက်နေ့မှာ တိုင်း၊ တပ်မ၊ တပ်ရင်း တပ်ဖွဲ့တွေ ကို ညွှန်ကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းတွေအရ သိရှိရပါတယ်။

အခုလအတွင်း ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေကြရတဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ အစုလိုက် အပြုံလိုက် တပ်ပြေးမှုတွေ ဖြစ်ပွားနေတဲ့အတွက် ကက/ကြည်း က ဒီအမိန့်ကို ထုတ်ပြန် ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ(၆)ရက်နေ့က တနင်္သာရီတိုင်း ထိုင်းမြန်မာ နယ်စပ်အနီးရှိ (မယ်ဖျာ) တပ်စခန်းမှာ တာဝန်ကျနေတဲ့ ရှေ့တန်း ခလရ(၁ဝ၄) စစ်ကြောင်း(၂)၊ တပ်ခွဲ(၄)မှ တပ်သား စိုင်းမျိုးမင်းဦး၊ တပ်သား ရဲမင်းထွန်းနဲ့ တပ်သား အောင်ဌေး တို့ဟာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသလို၊ မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်ကို စစ်ဆင်ရေး တာဝန်တွေနဲ့ မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ ရှေ့တန်း ခမရ(၅၃၈) မှ စစ်သည်(၅)ဦးဟာလည်း နိုဝင်ဘာ (၁၅)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ အတွင်းကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ ။


Ref: ဝိမုတ္တိ

Read More...

တပ်ပြေးစစ်သည် (၃)ဦးကို ဖမ်းပြီးပြန်ပို့ပေးရန် နအဖက ထိုင်းနယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံ

တနင်္သာရီတိုင်း ထိုင်းမြန်မာနယ်စပ်ရှိ နအဖတပ်စခန်းတခုမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခဲ့ကြတဲ့ စစ်သည် (၃) ဦး ကို ရှာဖွေ ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ နအဖက ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ကို အကူအညီ တောင်းထားကြောင်း စစ်ဘက် သတင်းတွေအရ သိရှိရပါတယ်။

လောင်းလုံ မြို့အခြေစိုက် ခလရ (၁ဝ၄) စစ်ကြောင်း(၂)မှ တပ်သား စိုင်းမျိုးမင်းဦး (၁၉)နှစ်၊ တပ်သား အောင်ဌေး (၂ဝ) နှစ် နဲ့ တပ်သား ရဲမင်းထွန်း (၂၃)နှစ် တို့ဖြစ်ပါတယ်။ သူတို့ရဲ့ တပ်ခွဲ(၄) တပ်ခွဲမှူး ဗိုလ်အောင်ဆွေလှ ရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တဲ့အတွက် သူတို့ တာဝန်ကျရာ မယ်ဖျာ နယ်စပ် တပ်စခန်းကနေ နိုဝင်ဘာလ (၆) ရက်နေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေး ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။

သူတို့ထွက်ပြေးပြီး နာရီပိုင်းအတွင်း နအဖစစ်ကြောင်းမှူးက ထိုင်းနိုင်ငံ နယ်ခြားစောင့်တပ်ကို ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ နအဖ ရှေ့တန်း ခြေလျှင်တပ်စခန်းတွေ၊ အမြောက်တပ် စခန်းတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတွေက အကြပ်စစ်သည်အများအပြားဟာ မကြာခဏ မိမိတို့ တပ်စခန်းတွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံ အတွင်းကို ထွက်ပြေးလာလေ့ရှိကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်းမြန်မာ နယ်စပ် တလျှောက်မှာ လှုပ်ရှားနေတဲ့ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ရှေ့တန်း ခမရ (၄ဝ၁) နဲ့ခမရ(၄ဝ၉)တို့က တပ်သား(၆)ဦးဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့အတူ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခဲ့သေးကြောင်း သတင်းရရှိပါတယ်။

Ref: ဝိမုတ္တိ

Read More...

ကြံ့ဖွံ့အသင်း နိုင်ငံဦးဆောင်ရန် အသင့်ဟု ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ပြော

NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံတော်ကို ဦးဆောင်သွားနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ (၉) ရက်နေ့ မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောသည်။

မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်းဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ကို မည်သို့ဦးဆောင်မည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံအသင်း ၀င်ပြိုင်မည်၊ မပြိုင်မည် စသည့်အချက်များကိုမူ ဗိုလ်မှူးချုပ် သိန်းဇော်က ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မြို့ခံတဦးက ပြောသည်။

သို့သော် ကြံ့ဖွံ့အသင်းက နိုင်ငံရေးပါတီ (၂) ခု ဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက် ရန်ကုန် ဒီပီအေသတင်းတွင် ဖော်ပြထားသည်။ ရန်ကုန် ဒီပီအေသတင်းထောက် (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူသည် စစ်အစိုးရ အလိုကျ ရေးသားနေသည့် သတင်းထောက်ဖြစ်သည်ဟု ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀န်းက ပြောသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်သည် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်း ဖြစ်သကဲ့သို့ ကြံ့ခိုင်ရေးအသင်း ဗဟို အတွင်းရေးမှူးလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံစည်းဝေးပွဲကို နံနက် (၁ဝ) နာရီ စမည်ဆို၍ (၉) နာရီခွဲကျော်ကတည်းက သွားစောင့် နေခဲ့ရကြောင်း၊ ဝန်ကြီး ခရီးစဉ် နောက်ကျနေ၍ နံနက် (၁၁) နာရီမှ စတင်ခဲ့ရပြီး နေ့လယ် (၁) နာရီလောက်တွင် ပြီးဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “သူတို့အသင်းဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ မပါဘူး။ ရပ်ကွက်တိုင်းက မြို့မိမြို့ဖ တွေလည်း မဟုတ်ဘူး။ လူရွေးပြီး ဖိတ်တာ။ ကျနော်လည်း သူတို့လာဖိတ်လို့ အခုမှ တက်ဖူးတာ။ ဗိုလ်မှူးချုပ်သိန်းဇော်က ဒီကို မကြာမကြာ လာတယ်။ လာရင် သူတို့ အသင်းသားတွေနဲ့ အစည်းအဝေး သီးသန့်လုပ်တာရှိတယ်။ မြို့မိမြို့ဖတွေနဲ့ တွေ့တာရှိတယ်။ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့တာရှိတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဥပဒေ မထွက်သေးသည့်အတွက် ပါတီအရေအတွက် မည်မျှ ယှဉ်ပြိုင်ခွင့် ရှိမည်ကို အတိအကျ မသိရသေး သော်လည်း နောက်ထပ် ပါတီတခု နှစ်ခု ထွက်လာနိုင်သည့်အပြင် အန်အယ်လ်ဒီလည်း ပါနိုင်သည်ဆိုပြီး ပြည်တွင်းဂျာနယ် တခုနှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ်က မကြာခင် ရက်ပိုင်းအတွင်း ပြောခဲ့သည်။ စစ်အစိုးရနှင့် ရင်းနှီးသည်ဟု လူသိများသည့် ရန်ကုန်တိုင်းမ် ဂျာနယ်နှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်ဟု ၂၀၀၇ ခုနှစ် ဧပြီလတွင် ထိုင်းဝန်ကြီးချုပ်စမတ်က သတင်းထောက်များကို ပြောခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

14 January 2009

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။

ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေး တယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”

ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့ အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။

“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့် မရသေးပါဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ် နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။

“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။

မြန်မာအာဏာပိုင်တွေ ကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေ ကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အလားအလာ နည်းပါး လှတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။

Ref: VOA News

Read More...

မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အပြင်းအထန် ဝေဖန်

15 January 2009

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက ၂၀၀၈ ခုနှစ် အတွက် လူ့အခွင့်အရေး အစီရင်ခံစာ တစောင်ကို ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အပြင် အသစ် တက်လာမယ့် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့လည်း တိုက်တွန်း ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်းတိုးခဲ့တာနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတဲ့ အပေါ် စိတ်ပူပန်ကြောင်း၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ မြန်မာစစ်အာဏာရှင် တွေကို ကျောထောက်နောက်ခံ ပေးထားတာတွေ အတွက်လည်း အပြစ်တင်ထားကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီးက ၂၀၀၈ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ ၂၀၀၇ ခုနှစ် သံဃာတွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ ထက်ပိုပြီး ဆိုးတဲ့၊ မေလ နာဂစ် ဆိုင်ကလုံး ဒဏ်ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေကို အချိန်မှီ ပေးခွင့်မပြုခဲ့တဲ့ လုပ်ရပ်ပဲလို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီးရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဆိုဖီ ရစ်ချတ်ဆန် (Sophie Richardson) က ဒီလုပ်ရပ်ဟာ သိသာထင်ရှားတဲ့ ငြင်းမရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာစစ်အစိုးရ လုပ်ဆောင်ခဲ့တဲ့ အထဲက အသိသာဆုံးကတော့ စစ်အစိုးရရဲ့ ငြင်းမရတဲ့ လုပ်ရပ်တခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုံး ဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးတာကို တားဆီး နှောက်ယှက်တဲ့ ကိစ္စဖြစ်ပါတယ်။"

ဒီလိုတားဆီးခဲ့တဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ အချိန်မှီမရဘဲ သေဆုံး၊ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သန်းနဲ့ချီတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတုန်းမှာပဲ စစ်အစိုးရ အဓွန့်ရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကို အပျက်မခံပဲ ကျင်းပခဲ့တာမို့ အဆိုးဝါးဆုံး ဖြစ်ရပ်တခုအဖြစ် မှတ်တမ်း တင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း တိုးခဲ့တဲ့ အတွက်လည်း စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။

"ကျမတို့ အထူးစိတ်ပူတာကတော့ မေလ ၂၇ ရက်နေ့တုန်းက အဲန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း တနှစ်ထပ်တိုးခဲ့တာပါပဲ။ ဒါဟာ နေအိမ် အကျယ်ချုပ်ဘ၀နဲ့ ၆ နှစ်ဆက်တိုက် ကျခံစေရဖို့ ဖြစ်ပြီး၊ သူမ အခုလို နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ကာလ တလျှောက်လုံး ပြင်ပကမ္ဘာနဲ့ စစ်အစိုးရက အဆက်ဖြတ်ထားတဲ့ အပြင် သူမရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ် ဆိုတဲ့ သတင်းတွေကြောင့် စိတ်ပူရပါတယ်။"

၂၀၀၈ ခုနှစ်ထဲမှာပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လျှို့ဝှက် တရားစီရင်တာတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

"မနှစ်က နှစ်ကုန်ခါနီးမှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ သတင်းထောက်တွေ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေ အပါအ၀င် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၇၀ ကျော်ကို အကျဉ်းထောင်တွေထဲမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ အမှု စစ်ဆေးခဲ့ပြီး အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ တွေ့ရပါတယ်။"

၂၀၀၇ ခုနှစ် သံဃာတွေဦးဆောင်တဲ့လှုပ်ရှားမှုနဲ့ ပတ်သက်နေသူတွေနဲ့ နာဂစ်မုန်တိုင်းမှာ ကူညီသူတွေကို ၆၅ နှစ်အထိ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာတွေ့ရပြီး ၈၈ မျိုးဆက် ကျောင်းသားတချို့ဟာဆိုရင် ပြစ်မှုပေါင်း ၂၂ မှုလောက်နဲ့ စွဲချက် အတင်ခံရတာ၊ ထောင်ဒဏ်နှစ်ပေါင်း ၁၅၀ အထိ ချမှတ်ခံရတာလိုမျိုး တခါမှ မကြုံဖူးအောင် ကြားနေရတယ်လို့ ပြောပါတယ်။

အခုလို မြန်မာစစ်အစိုးရက လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတဲ့အတွက် အသစ်တက်လာတဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စကို ဦးစားပေးပြီး လုပ်ဆောင်သင့်တယ် လို့လည်း ပြောပါတယ်။

"အမေရိကန်အစိုးရသစ်အနေနဲ့ အရင်က ချမှတ်ထားတဲ့ Targeted Sanction လို့ ခေါ်တဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့လုပ်ဆောင်တာကို မြင်ချင်ပါတယ်။ နောက် တခြားနိုင်ငံတွေထဲက - အထူးသဖြင့် ဥရောပနိုင်ငံတွေပါ မြန်မာစစ်အစိုးရကို ပိုပြီး ဖိအားပေးလာအောင် ကြိုးစားစေချင်တဲ့အပြင် အရင်တုန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပြန်သုံးသပ်ပြီး အခုနောက်ဆုံးဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ အံဝင်အောင်ပြန်ပြီး ညှိစေချင်ပါတယ်။"

အထူးသဖြင့် အာဆီယံ၊ တရုတ်၊ ဂျပန်တို့ကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တေ့တေ့ဆိုင်ဆိုင် ပြန်ပြီး ဆွေးနွေးစေချင်တယ် လို့လည်း ပြောပါတယ်။ တကယ်ဆို ဒီနိုင်ငံ အဖွဲ့အစည်းတွေနဲ့ အမေရိကန်က တူညီတဲ့ ဘုံ သဘောတူညီမှု တခုရအောင် မလုပ်နိုင်ခဲ့တဲ့ အတွက် မြန်မာစစ်အစိုးရဘက်က ပြောင်းလဲမှု လုံးဝမရခဲ့တာလို့လည်း ဆိုပါတယ်။

အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပြင် မြန်မာစစ်အစိုးရကို ကျောထောက် နောက်ခံ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

"အိန္ဒိယ နဲ့ တရုတ်နိုင်ငံရဲ့ မြန်မာစစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှု လုံးဝမရှိတဲ့ ဆက်ဆံရေးအတွက် ကျမတို့က လုံးဝ ရှုတ်ချပါတယ်။"

လုံခြုံရေးကောင်စီကနေ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို စနစ်တကျ sanction ချ ပိတ်ဆို့အရေးယူတဲ့ လုပ်ဆောင်မှုတွေ ဖြစ်မလာအောင် အထူးသဖြင့် တရုတ်နိုင်ငံက ၀င်ပြီး ဟန့်တားနေတဲ့ ကိစ္စဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး ဆိုးလာ စေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့ကြီးက ယုံကြည်ကြောင်း မစ္စ ရစ်ချတ်ဆန် က ပြောသွားပါတယ်။

Ref: VOA News

Read More...

Wednesday, January 14, 2009

အနုမြူစီမံကိန်း

■ ငရဲတံခါးဝသို့ (၅၂) ကီလို


■ နျူကလီးယား ကကြီး ခခွေး


■ မြန်မာ နျူကလီးယားဆိုင်ရာ အထောက်အထား IAEA စိစစ်


■ စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းပေါက်ကြား


■ Recognition of Burma's Proliferation



■ Plagiarism in the Burma Nuclear SCOOP


■ Nuclear Proliferation and Burma the Hidden Connection


■ Images of Suspected Uranium Mine and Refinery in Burma


■ Burma's Secret Agreement With North Korea


■ BURMA-A-Threat-to-International-Security-and-Peace


■ Additional-Burmese-Missile-Sites-Identified


■ WMD Nexus Between North Korea and Burma


■ Where's the State Dept Nuclear Report on Burma


■ BURMA DIGEST Interview on Burma Nuclear


■ Analysis of Burma's Nuclear Program 1


■ Analysis of Burma's Nuclear Program 2


■ Russia Burma Nuclear Intelligence Report-1



■ Russia Burma Nuclear Intelligence Report-2


■ အဏုမြူစွမ်းအားသုံးစွဲရေး စီမံကိန်း

■ မြန်မာစစ်အာဏာရှင်တို့ နျူကလီးယားလက်နက် သုံးနိုင် ကြတော့မည်လား

■ စစ်အာဏာရှင် အစိုးရနှစ်ဖွဲ့၏ နျူကလီးယား ဇာတ်လမ်း တွဲ

■ ရုရှား + မြန်မာ (နျူကလီးယား)

■ လူ့မိစ္ဆာ တစ်စု၏ အိပ်မက် နျူကလီးယား လက်နက်များ

■ မြန်မာ့ နျူကလီးယားဝှက်ဖဲ

■ ဦးသိန်းဦးဖိုးစော သို့မဟုတ် မြန်မာ့နျူကလီးယား ရေးရာ ပြောရေး ဆိုခွင့်ရှိသူ

■ ပွင့်လင်း မြင်သာမှု ရှိရန် လိုသည်

■ မြန်မာ့နျူးကလီးယား ရောဂါ

■ နအဖရဲ့ နျူကလီးယားအိပ်မက် (၁)

■ နအဖရဲ့ နျူကလီးယားအိပ်မက် (၂)

Read More...

အစ္စရေးလ်ကြည်းတပ် ဂါဇာစီးတီးမြို့ထဲ ၀င်တိုက်

14 January 2009

အင်္ဂါနေ့က ဂါဇာစီးတီးမြို့တွင်း အစ္စရေးလ် မြေပြင်တပ်ဖွဲ့များဟာ ပါလက်စတိုင်း စစ်သွေးကြွများနဲ့ လမ်းများပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြတဲ့ အချိန် အစ္စရေးလ် စစ် တိုက်လေယာဉ် များကလည်း အီဂျစ်-ဂါဇာ နယ်စပ်တလျှောက်ကို ဗုံးကြဲ တိုက်ခိုက် နေပါတယ်။

အစ္စရေးလ်တပ်ဖွဲ့များဟာ အမြောက်တင် ရဟတ်ယာဉ်များ ကျောထောက် နောက်ခံပြုလျက် ဂါဇာ စီးတီးရဲ့ လူနေထူထပ်တဲ့ သယ်လ်အာ ဟာဝါအရပ်အတွင်း ရောက်ရှိနေပေမယ့် ဂါဇာစီးတီးရဲ့ မြို့လယ်ကိုတော့ မရောက်သေးပါဘူး။

ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းမှာတော့ ကဲ ခေါ် နိုင်ငံတကာ ထောက်ပံ့ရေး အေဂျင်စီ တာဝန်ခံတဦးဖြစ်သူ ဂျာဝပ်ဟပ်က အီဂျစ်နယ်စပ်ကနေ မီတာ ၁၀၀ လောက်သာ ဝေးကွာတဲ့ ရာဖာက နေအိမ်တွေကို အစ္စရေးလ် လေကြောင်းက တိုက်ခိုက်နေကြောင်း ပြောဆိုပါတယ်။ အဲဒီအရပ်မှာ အီဂျစ်ဘက်မှ မြေအောက် လိုဏ်ခေါင်းများမှတဆင့် ဟားမတ်စ်တို့ ပစ္စည်းများ ခိုးသွင်းနေလို့ ပစ်မှတ်ထား တိုက်ခိုက်ရတာလို့ အစ္စရေးလ်တို့ ဘက်က ဆိုပါတယ်။

ရာဖာရှိအိမ်တွေက လူ ၃၀၀ လောက်ကို ဘေးကင်းရာသို့ ကယ်တင်နိုင်ခဲ့ပေမယ့် အနီးရှိ ကုလသမဂ္ဂ ခိုလှုံရာ နေရာမှာလည်း နေစရာရှာမတွေ့ဘူးလို့ ကဲတာဝန်ခံက ဆက်ပြောပါတယ်။

အစ္စရေးလ်တို့ လေကြောင်းကနေ ပစ်မှတ် ၆၀ ကျော်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့ပြီး ဂါဇာတလျှောက် ပါလက်စတိုင်း ၁၂ ယောက်ထက် မနည်း သေဆုံးသွားကြောင်း ဆေးဘက်တာဝန်ခံများက ပြောဆိုပါတယ်။ အစ္စရေုးလ်တို့ ၁၈ ရက်တာ တိုက်ခိုက်မှု
အတွင်း ပါလက်စတိုင်း ၉၀၀ ကျော်နဲ့ အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဟားမတ်စ်တို့က အစ္စရေးလ်တောင်ပိုင်းရှိ အရပ်သားများကို ရော့ကက်များနဲ့ ဆက်လက်ပစ်ခတ်နေပြီး အဲဒီလို ပစ်ခတ်နေသ၍ အစ္စရေးလ်က ဆက်လက်ထိုးစစ် ဆင်နေမယ်လို့ အစ္စရေးလ်အစိုးရက ဆိုထားပါတယ်။

Ref: VOA News

Read More...

မုန်တိုင်းလမ်းမှ ကြယ်နီတပွင့်

Thursday, 31 January 2008
ကိုကိုသက်

လယ်သမားကလေး ဘ၀မှ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း၊ တဖန် တော်လှန်ရေးတပ်မှူးတဦး ဖြစ်ခဲ့သည့် နာမည်ကြီး ကွန်မြူနစ်ခေါင်းဆောင်တဦး၏ အကြောင်းပင် ဖြစ်သည်။

(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အတ္ထုပ္ပတ္တိ။ ဆိုင်စုမှ မန်ဟိုင်းသို့ (မြန်မာဘာသာဖြင့်)။ ဗိုလ်မှူးချုပ် (ငြိမ်း) ကျော်ဇော၊ ဓူဝံ စာအုပ်တိုက်၊ Hyattsville, 2007, P. 278.) ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ညွှန်းဆို ဖော်ပြမည်ဆိုလျှင်ဖြင့် “အသက်ရှင်နေသည့် သမိုင်းစာအုပ်ကြီး” ဟု ဖော်ပြ ထိုက်သည်။

သူက မကြာသေးမီကပင် အသက် ၈၈ နှစ်အရွယ်၌ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ဘ၀တသက်တာလုံး တော်လှန်ရေးသမိုင်းတလျှောက်တွင် အတွင်းကျကျ ပါဝင်ပတ်သက်နေခဲ့သူတဦး၏ ကိုယ်တွေ့ အတွေ့အကြုံ ဤစာအုပ်မှာ ပညာရှင်များအတွက်တော့ အဖိုးမဖြတ်နိုင်သည့် စာအုပ်တအုပ် ဖြစ်လာပေလိမ့်မည်။

သူ၏ ဖြစ်ရပ်များကို ၁၉၁၉ ခုနှစ် အောက်မြန်မာပြည် သာယာဝတီအနီးရှိ ကျေးရွာတခုမှ လယ်တောတခုတွင် အစပြုခဲ့ပြီး ၁၉၇၆ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်းနှင့် လမ်းခွဲချိန်၊ ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို စတင်အကောင် အထည်ဖော်နေချိန် သူက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ စခန်းတခုသို့အသွား (သူ၏အဆိုအရ အိမ်သို့ အပြန်) တွင် တခန်းရပ်ထားခဲ့သည်။

သူ ရန်ကုန်တွင် ကျောင်းတက်နေစဉ် ၁၉၃၀ ပြည့်နှစ် နှောင်းပိုင်းကာလများမှစ၍ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုများက အရှိန်ယူ တာစူနေကြပြီ။ ဤဖြစ်ရပ်များကို ဖြတ်သန်းခဲ့ရသည့် သူ၏ဘ၀မှာ ဖိလစ်ပိုင် သမိုင်း ဆရာ ရီနာတို ကွန်စတန်တီနို (Renato Constantino) ၏ စကားဖြင့် ဖော်ပြရမည်ဆိုလျှင် “သိမြင် သဘောပေါက်မှု တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်” ဟု ဆိုရလိမ့်မည်။

သူ့ဘာသာ ပညာသင်ကြားတတ်မြောက်လာသည်ဟု ယူဆနိုင်သော်လည်း ၁၉၃၈ ခု ကုလား-ဗမာ အဓိကရုဏ်းတွင် တောက်လောင်ထက်သန်နေသည့် မျိုးချစ်စိတ်ဖြင့် ပါဝင်ခဲ့သည်။ ထိုနှစ်အတွင်း ဒီဇင်ဘာလ ကျောင်းသားဆန္ဒပြပွဲ၌ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည်ကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြန်သည်။ ဒုတိယကမ္ဘာ စစ်ကာလတွင် အမျိုးသားရေးဝါဒီ အုပ်စုတခုဖြစ်သည့် “ဒို့ဗမာ အစည်းအရုံး” နှင့် ပူးပေါင်းခဲ့သည်။ ၎င်းအဖွဲ့က မြန်မာနိုင်ငံ လွတ်မြောက်ရေးတွင် အဓိက အခန်းကဏ္ဍက ပါဝင် ဦးဆောင်လှုပ်ရှားခဲ့သည့် အဖွဲ့ကြီး ဖြစ်လာခဲ့သည်။

၁၉၄၁ ခုနှစ်တွင် ဒို့ဗမာအစည်းအရုံးက ဂျပန်တွင် စစ်ပညာသွားရောက်သင်ယူရန်အတွက် တိတ်တဆိတ်ရွေးချယ် စေလွှတ်ခြင်းခံရသည်။ အနာဂတ်နိုင်ငံတွင် ခေတ်မီ တပ်မတော်တရပ် တည်ထောင်နိုင်ရန် ရည်ရွယ်၍ လူငယ်များကို လျှို့ဝှက် စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။ ဟိုင်နန်ကျွန်းတွင် ဂျပန်က စစ်ပညာသင်ပေးခဲ့ပြီး ပြင်းထန်ကြမ်းတမ်းသည့် လူ့ဂုဏ်သိက္ခာ ချိုးဖဲ့ဆက်ဆံခံခဲ့ကြရသည်။ ဤသင်တန်းတက်ရောက်သူများမှာ နောက်ပိုင်းမြန်မာ့သမိုင်းတွင် ရဲဘော် သုံးကျိပ်ဟု သမိုင်းဝင် ထင်ရှားကျော်ကြားသည့် သူရဲကောင်းများ ဖြစ်လာခဲ့ကြသည်။

ဤစာအုပ်ထဲတွင် ကြောက်ရွံ့ဖွယ်ကောင်းလှသည့် ဘက်နက်ထိုးသင်ခန်းစာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပြီး မြန်မာမျိုးချစ် လူငယ်များကို တိုင်များတွင် ချည်ထားသည့် တရုတ်အကျဉ်းသားများအား ထိုးသတ်စေရန် လေ့ကျင့်ခိုင်း ခဲ့ကြသည်ဟု ဖော်ပြထားသည်။ နောက်ကြောင်းပြန် သုံးသပ်ဖော်ပြထားရာ၌ စာရေးသူက ရေးသားထားသည်မှာ မျိုး ချစ်လူငယ်များကို စစ်သားများ ဖြစ်စေရန် တိုက်တွန်း သင်ကြားနေစဉ်၌ပင် “ဤ လူငယ်များ၏ စိတ်တွင်း၌ ဖက်ဆစ် ၀ါဒမျိုးစေ့ ချပေးနေခဲ့သည်” ဟု သုံးသပ်ထားသည်။ “ဂျပန်သင်တန်းက ပေးလိုက်သည့် မသိစိတ်တွင်းစွဲနေသော စိတ် ဓာတ်အယူများ” ကို တဖြည်းဖြည်း ဖျောက်၍ လူအများနှင့် အလုပ်လုပ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရ သည်ဟု သူက အသိအမှတ်ပြုဖော်ပြထားပါသည်။

လူအများ ယုံကြည်ထားကြသော အချက်တခုဖြစ်သည့် ဗိုလ်ချုပ်နေ၀င်းကို ရဲဘော်သုံးကျိပ်ဝင်အများက မုန်းတီးကြသည် ဆိုသည်ကိုလည်း သူကဆန့်ကျင်၍ ဖြေရှင်းထားခဲ့သည်။ နောင်တွင် အာဏာရှင်ဖြစ်လာမည့် ဗိုလ်ချုပ်နေ၀င်းက လူအများ ကိုတိုက်တွန်းဖြောင်းဖျတတ်သည့် အကျင့်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သူတို့ အများစုနှင့် ဆက်ဆံရေးကောင်း သည်၊ ဂရုစိုက်သည်ဟု ဖော်ပြထားသည်။ စာရေးသူက မိမိကိုယ်ကို သနား ညှာတာနေခြင်းလည်း မရှိ၊ ဂုဏ်တင်ချီး မြှောက်ခြင်းလည်း မရှိဘဲ အချက်အလက် အမှန်အတိုင်း ရေးသားခဲ့သည်။

စစ်အတွင်းကာလက ဧရာဝတီတိုင်းအတွင်း ကရင်လူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော ကံမကောင်း အကြောင်း မလှခဲ့သည့် ဖြစ်ရပ်တခုတွင် သူလည်း တာဝန်ရှိသူများအနက် တဦး အပါအ၀င်ဖြစ်ကြောင်း ၀န်ခံဖော်ပြခဲ့သည်။ သူက ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်ခဲ့သည်မှာ နောက်ကျပြီး ၁၉၄၄ ခုနှစ် ဖက်ဆစ် ဆန့်ကျင်ရေးအတွက် စည်းရုံး လှုပ်ရှား နေစဉ်ကာလတွင်မှ ကြုံ ကြိုက်၍ မြန်မာနိုင်ငံ၏ ရှေးဦး ကွန်မြူနစ်ဝါဒီ သခင်စိုးပေးသည့် သင်တန်းကို တက်ရောက် လေ့လာခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း သမိုင်း၏ သရော်ချက်က ပြင်းထန်လှသည်။ စာရေးသူ ဖော်ပြထားရာ၌ အယူဝါဒရေးရာအရ လက်ဝဲယိမ်း ကြသူ မျိုးချစ်လူငယ် အများစုက မြန်မာနိုင်ငံကို လွတ်မြောက်ချင်လွန်း အားကြီးသည့် ဇောကြောင့် နောက်ဆုံး၌ ဂျပန်နှင့် ပူးပေါင်းရသည့် အခြေဆိုက်ခဲ့သည်ဟု ဆိုသည်။ ဤတကြိမ်တွင်လည်း ဂျပန်က စစ်ပညာသင်ပေးခဲ့သည့် ရဲဘော်သုံးကျိပ် များကပင် ကွန်မြူနစ်များနှင့် ပူးပေါင်း၍ ဂျပန်ကို ပြန်တိုက်ကြသည်။ ၁၉၄၅ ခုနှစ် မဟာမိတ်တပ်များ ၀င်လာသည့်အခါ အောင်ပွဲရရှိနိုင်ရေးအတွက် သူတို့က များစွာ အထောက်အကူ ပေးနိုင်ခဲ့ကြသည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီးအဖွဲ့ လုပ်ကြံခံရသည်။ ဤကိစ္စက မြန်မာလူမျိုး အများစုအတွက် ပဟေဠိဖြစ်နေရဆဲ ဖြစ်သော်လည်း စာရေးသူက ဗြိတိသျှအစိုးရတွင် “နိုင်ငံရေးအရ တာဝန်ရှိသည်” ဟု သူ၏ အမြင်ကို ဖော်ပြထားသည်။

ကွန်မြူနစ်စာပေအများစုတွင် ကိုလိုနီဆန့်ကျင်ရေး၊ အရင်းရှင် ဆန့်ကျင်ရေး အရေးအသားများ ပါဝင်နေသည်က သဘာဝ ပင်ဖြစ်သည်။ သို့သော်လည်း ဗိုလ်မှူးချုပ်ကျော်ဇောက သူ၏ လက်ငင်း သုံးသပ်မှုများဖြင့် ဤခံစားချက်များကို ပြန်လည် သုံးသပ်ထားပုံကတော့ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကို နှိမ်နင်း ချေမှုန်းနိုင်ရန်အတွက် ဗိုလ်ချုပ်နေ၀င်း အစိုးရကို ဗြိတိသျှအစိုးရက လက်နက်နှင့် သံချပ်ကာယာဉ်များ မည်မျှပံ့ပိုး ပေးခဲ့သည်ကို သူက ထောက်ပြ၍ ဖော်ပြခဲ့သည်။ ထိုမျှမက လွတ်မြောက်လာမည့် အနာဂတ်မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ် ချေးငွေများ တွင်လည်း အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွားများ ပါဝင် တုပ်နှောင်လာဦးမည်ကိုလည်း စာရေးသူ က တင်ကူးမှတ်ချက် ပြုထားသေးသည်။

သူသိကျွမ်းခဲ့သည့်၊ သူရင်းနှီးခဲ့သည့် သူများ၏ ရုပ်ပုံလွှာများ၊ ထိုမျှမက သူမနှစ်မြို့သည့်သူများကို ဖော်ပြထားရာတွင်လည်း အလားတူ ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဤအချက်များနှင့် နှိုင်းယှဉ်လိုက်ပါက သူ၏မိသားစုဝင်များ အခန်းကဏ္ဍမှာ မှေးမှိန်နေခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဇောက သူပါဝင်တိုက်ခိုက်ခဲ့ရသည့် သို့မဟုတ် သူအမိန့်ပေးကွပ်ကဲခဲ့ရသည့် တိုက်ပွဲများအပေါ် သုံးသပ်ချက် များကိုလည်း အသေးစိပ် ထည့်သွင်းဖော်ပြထားခဲ့သည်။ စာအုပ်၏ အခန်းတခုတွင် အမေရိကန် ကျောထောက် နောက်ခံပြုထားသည့် ကွန်မြူနစ်ဆန့်ကျင်ရေး တရုတ်ကူမင်တန် ကျူးကျော်မှု စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်အတွင်း၌ ၁၉၅၀ ပြည့်နှစ်များက ဆင်နွှဲခဲ့ရသည့် စစ်ဆင်ရေးအောင်ပွဲများအကြောင်းကို သီးသန့်အလေးပေး၍ဖော်ပြထားခဲ့သည်။

သို့သော်လည်း စာရေးသူ၏ စစ်ရေးကဏ္ဍက ၁၉၅၇ ခုနှစ်တွင် ရုတ်ချည်း တခန်းရပ်ခဲ့ရသည်။ ကွန်မြူနစ်များထံသို့ လျှို့ဝှက်ချက်များ ပေါက်ကြားစေသည်ဟူသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ်နေ၀င်းက သူ့ကို စစ်တပ်မှ ထုတ်ပယ်ခဲ့သည်။ ထိုအချိန် က သူ ၃၈နှစ်အရွယ်သာ ရှိသေးသည်။ ဆိုရှယ်လစ်-ကွန်မြူနစ် ၀ါဒရေးရာ သဘောထားကွဲမှုကို အကြောင်းပြု၍ ဗိုလ်ချုပ် နေ၀င်းက စစ်တပ်အတွင်း ကွန်မြူနစ် ထိပ်သီး ရင့်မာကြီးများကို မထားရှိလိုသည့် ဆန္ဒကြောင့်လည်း ဤသို့ ထုတ်ပယ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်ရွယ် တင်ပြသည့် စာရေးသူ၏ အတွေ့အကြုံများ ထံမှ မြန်မာနိုင်ငံ အဖို့ များစွာ သင်ခန်းစာ ယူဖွယ် ရှိပါသည်။ “ပြည်သူ့ဒီမိုကရေစီ” ဟု ၎င်းက ဖော်ပြသည့် အရေးအတွက် ဆက်လက် တိုက်ပွဲဝင်လှုပ်ရှားကြဆဲ ကာလ၌ “အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိဘဲ အမျိုးသား စီးပွားရေးကို တည်ဆောက် နိုင်လိမ့်မည် မဟုတ်ပါ” ဟူသည့် ရေးသားချက်က စာရေးသူ၏ ယုံကြည်ချက်ကို ပိုမို အားဖြည့်ထားသည့်နှယ် ရှိနေပါသည်။

စာရေးသူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ဖတ်နေစဉ်မှာပင် မြန်မာနိုင်ငံ၏ မက်စ်ဝါဒီ စာရေးဆရာ ဗန်းမော်တင်အောင်၏ လူအများ ကိုးကားပြောဆိုလေ့ ရှိကြသော စကားတခွန်း ခေါင်းထဲသို့ ရောက်လာခဲ့ပါသည်။ “လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းရတဲ့ ခေတ်ကာလရဲ့ သမိုင်းပေး တာဝန်အပေါ် သူဘယ်လောက် ထမ်းဆောင် ကျေပြွန်လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟူသည့် စကားပင် ဖြစ်ပါသည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည်ကား ဤသို့ သူ ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ကို မဆုတ်မနစ်၊ ကိုယ်ကျိုးစွန့်၍ ဂုဏ်သိက္ခာရှိစွာ ပေးဆပ် ထမ်းဆောင်ခဲ့ ကြသည့် လူအနည်းစုထဲမှ စံတင်ထားလောက်သည့် ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်။ ။

ကိုကိုသက်သည် မြန်မာသုတေသီတဦးဖြစ်ပြီး ဟယ်လ်ဆင်ကီတက္ကသိုလ်တွင် ကမ္ဘာ့နိုင်ငံရေးကို လေ့လာနေသူ ဖြစ်ပါသည်။


Ref: ဧရာဝတီ

Read More...

၂၀၀၈-၂၀၀၉ စစ်အစိုးရ ဘတ်ဂျက် ကျပ်ငွေဘီလီယံ (၇၀၀) ကျော် လိုငွေပြ

NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရဘတ်ဂျက်မှာ သုံးစွဲငွေများနေသည့်အတွက် ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော် လိုငွေပြနေသည်ဟု နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ခံသွားသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ၀င်ငွေမှာ ကျပ်ငွေဘီလီယံ (၄,၈၂၄) ရှိသော်လည်း သုံးစွဲငွေမှာ ကျပ်ငွေ (၅,၅၅၇.၈၆) ရှိသည့်အတွက် စုစုပေါင်း လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ (၇၀၀) ကျော်ရှိသည်ဟု ၀န်ကြီးအဖွဲ့အစည်းအဝေး အမှတ် ၃၈/၂၀၀၈ တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ယခုကဲ့သို့ ပြောသွားခြင်း ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။


မြန်မာစစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးမှာ (၂.၈) ရာခိုင်နှုန်းရှိသည်ဟုလည်း အဆိုပါ (လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုသည့်) ၀န်ကြီးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် စစ်အစိုးရထုတ်ပြန်သည့် ဂျီဒီပီတန်ဖိုးသည့် အမှန်တကယ်ထက် အဆများစွာ များနေသည့်အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောသည့် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးကို အမှန်ဟု ယူဆရန်ခက်ကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။

ဝန်ကြီးဌာနပေါင်းစုံ၏ ပိုသုံးသည့်ငွေပမာဏမှာ ကျပ်ငွေဘီလီယံ (၉၀၀) ကျော်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား (၁) ၀န်ကြီးဌာန၊ စက်မှု (၁) ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန စသည့် ငွေရှာပေးသည့် ၀န်ကြီးဌာနများက အများဆုံး ပိုသုံးထားသည်။ (အောက်ပါ ပုံတွင် အသေးစိတ်ကြည့်နိုင်သည်)။



မြန်မာစစ်အစိုးရသည် စီးပွားရေးဆိုင်ရာ အချက်အလက်များကို တိုင်းပြည်သို့ မထုတ်ပြန်ဘဲ ထားသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။ စစ်အစိုးရထုတ်ပြန်ခဲ့သည့် စီးပွားရေး ကိန်းဂဏန်းများသည်လည်း ယုံကြည်လောက်သည့် အနေအထားမရှိကြောင်း ရန်ကုန် အနောက်တိုင်း သံတမန်များက ယူဆသည်။

တိုင်းပြည်၏ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်မှ ကျပ်ငွေများ ရိုက်ထုတ်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့် အတွက် ငွေဖောင်းပွမှုများပြီး မတ်ခရိုစီးပွားရေးမတည်မငြိမ် ဖြစ်စေသည်ဟု အေဒီဘီ အာရှဖွဲ့ဖြိုးရေးဘဏ်က ထောက်ပြသည်။

စီးပွားရေးပြုပြင်မှုလုပ်ရာတွင် ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရာ၌ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း စီးပွားရေးပေါ်လစီများ ရှေ့နောက်ညီရန်နှင့် ကြိုတင်တွက်ဆ၍ရသည့် စီးပွားရေးပေါ်လစီမျိုးများဖြင့် တိုးတက်အောင်လုပ်ရန်လိုသည်ဟု အေဒီဘီက အကြံပေးခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ဆရာဝန် (၈) ဦး တပြိုင်တည်း အလုပ်ဖြုတ်ခံရ မတရားအထုတ်ခံရဟု ဆရာဝန်များက ယူဆ

မင်းနိုင်သူ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

မကွေးဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေးဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလုပ်ဖြုတ်ခံရသည့် ဆရာဝန်များမှာ ဒေါက်တာအေးအေးထွန်း (လက်ထောက်ကထိက-မကွေး) နှင့် မန္တလေးဆေးတက္ကသိုလ်တွင် သရုပ်ပြရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသော ဒေါက်တာကျော်ဇင်သန့်၊ ဒေါက်တာသော်သော်၊ ဒေါက်တာမြမွန်အောင်၊ ဒေါက်တာဧကရီသိန်းလင်း၊ ဒေါက်တာသက်ဝင်း ၊ ဒေါက်တာငြိမ်းချမ်းဦး၊ ဒေါက်တာအေးခိုင်ဇာလတ်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမိန့်စာတွင် ဖော်ပြထားပြီး အဆိုပါအမိန့်စာကို နအဖ ကောင်စီဥက္ကဋ္ဌရုံး၊ စရဖ၊ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့တို့အပါအ၀င် ဌာနပေါင်း (၂၂) ဌာနသို့ ဖြန့်ဝေထားကြောင်း သိရသည်။

အလုပ်ထုတ်ခံရပြီး ပြည်ပနိုင်ငံတခုသို့ ရောက်ရှိလာသည့် ဆရာဝန်တဦးကို ခေတ်ပြိုင်က မေးရာ အလုပ်ထုတ်ခံရသည့် ဆရာဝန်များကို ဆမလိုင်စင်ပါ သိမ်းလိုက်ကြောင်း ပြောပြသည်။

“အလုပ်ကနေ ထွက်ခဲ့ကြတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ရတဲ့လစာနဲ့မလောက်လို့ပါ။ ကျနော်တို့ ကျူတာဘ၀ဆိုတော့ ရတာက ရှစ်သောင်းခွဲပေါ့။ အဲဒီငွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဆီဝယ်ထည့်ရင်တောင် တလစာဒီဇယ်ဖိုးမရဘူးလေ။ ကျနော်တို့လို ကျောင်းမှာစာသင်ကြားနေတဲ့ လူတွေအဖို့က အပြင်ဝင်ငွေဆိုတာလည်း ရှိတာမဟုတ်ဘူးလေ။ သင်ကြားရေးကို ၀ါသနာပါလို့ သင်ကြားရေးပိုင်းကို ၀င်ခဲ့ကြတာပါ။ နောက် တချို့ကလည်း မြို့ပေါ်မှာ နေလို့ရပြီး အပြင်အလုပ်ကလေးတွေ လုပ်လို့ရနေတာလည်း
တပိုင်းပေါ့လေ။ နောက်ဝန်ထမ်းတွေကို လစာတိုးပြီးနောက်ပိုင်း အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ရှိရမယ်တို့ဖြစ်လာတော့ အရင်ကတည်းက လုပ်ချင်စိတ်မရှိတော့တဲ့အထဲ ပိုပြီးတွန်းအားပေးလိုက်သလိုဖြစ်ပြီး အလုပ်ကနေထွက်ခဲ့ကြတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါအမိန့််စာနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ ဒေါက်တာသန်းဇော်မြင့်သို့ ဆက်သွယ်မေးမြန်းရာ ဒေါက်တာသန်းဇော်မြင့်က ၎င်းလက်မှတ်ထိုးသော စာဟုတ်မဟုတ် အတည်ပြုပေးနိုင်ခြင်းမရှိဘဲ အခြားဖုန်းနံပါတ်တခုသို့ ဆက်သွယ်ရန်သာ ပြန်ကြားခဲ့သည်။ ယင်းဖုန်းရှိ အမျိုးသမီး ၀န်ထမ်းတဦးကလည်း အတည်ပြုပြောဆိုနိုင်သော ပုဂ္ဂိုလ်မရှိပါကြောင်း ပြန်ကြားပြီး ဖုန်းချသွားခဲ့သည်။

အထုတ်ခံရသည့် ဆရာဝန်တဦးကမူ တရားဝင်ထွက်စာတင်ခွင့်မရသည့်အတွက် အကြောင်းမကြားဘဲ ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ခေတ်ပြိုင်သို့ ပြောသည်။

“မလုပ်ချင်တော့လို့ ထွက်တာလည်း ကျနော်တို့က တရားဝင်ထွက်စာတင်လို့မရဘူးဗျ။ ထွက်စာတင်လို့မရလို့ အကြောင်းမကြားဘဲ ထွက်ခဲ့ကြတာပေါ့။ ကျနော်တို့ကို သက်ဆိုင်ရာတက္ကသိုလ်မှာ အလုပ်စ၀င်ကတည်းက (၁၈) နှစ်လုပ်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းထားတာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် လစာနဲ့ လောက်င မှုမရှိတဲ့အပြင် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရတဲ့အတွက် ကျနော်တို့ ကျောင်းကို မသွားခဲ့ကြတာပါ။ တခြားပြစ်ချက်တစုံတရာမရှိခဲ့ပါဘူး။ လွတ်လပ်စွာပညာသင်ကြားခွင့် မရဘူးဆိုတာက တခြားဝန်ကြီးဌာနမှာ တော့မရှိဘူး။ ကျနော်တို့ ကျန်းမာရေးဝန်ကြီးကတော့ ဘာထုတ်ထားလဲဆိုတော့ ဘွဲ့လွန်တက်မယ်ဆိုရင် ဇီးပင်ကြီးမှာရှိတဲ့ ပုံမှန်သုံးလခွဲသင်ကြားပေးနေတဲ့ ၀န်ထမ်းလေ့ကျင့်ရေးဆိုတာကို မတက်မနေရ တက်ရမယ်။ အဲဒါမတက်ထားတဲ့ ၀န်ထမ်းသည် ပြည်တွင်း၊ ပြည်ပ မည်သည့်ဘွဲ့လွန်ကိုမျှ ဖြေဆိုခွင့်မရှိဆိုပြီးတော့ကို ထုတ်ထားတာပေါ့။ ကျနော်သိသလောက်တော့ တခြားဝန်ကြီးဌာနတွေမှာ အဲဒီစည်းမျဉ်း မရှိဘူးဗျာ။ အဲဒီသင်တန်းမတက်ရင် ရာထူးမတက်တာဘဲရှိတာ။ ကျနော်တို့ ၀န်ကြီးကတော့ အလိုတော်ရိဆိုတော့ အဲလိုမျိုးကိုထုတ်ထားတော့ ကျနော်တို့မှာ ဘွဲ့လွန်တက်ချင်ပေမယ့် တက်လို့မရဘူး။ တက်ချင်တဲ့လူတွေ ကျနော်လည်း သုံးလခွဲလောက် အောင့်အည်းပြီး တက်ကြရတာပေါ့။ ကျနော်ကတော့ ခံယူချက်တမျိုးဆိုတော့ မတက်ဘဲနဲ့ ထွက်လိုက်တာပါပဲ” ဟု ပြည်ပသို့ရောက်ရှိလာသော ဆရာဝန်က ၎င်းတို့အနေဖြင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရခဲ့ခြင်းနှင့် အလုပ်ထွက်ရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘွဲ့လွန်ကြေးနှင့် ပညာသင်လျော်ကြေးငွေ (၅) သိန်းစီ ပေးလျော်ရမည့်သူ (၅) ဦး၊ ဆမလိုင်စင် အကန့်အသတ်မရှိ ပိတ်သိမ်းခံရသူ (၅) ဦးနှင့် ဆမလိုင်စင် (၅) နှစ် ပိတ်သိမ်းခံရသူ (၃) ဦးပါရှိကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

“ကျနော်သိစေချင်တာက အလုပ်မ၀င်သေးတဲ့ ကျောင်းပြီးစကျောင်းသားတွေ မလုပ်ခင် စဉ်းစားကြဖို့ပေါ့။ ကျနော်တို့ဆိုရင် ဆမလိုင်စင် အသိမ်းခံရတယ်။ နောက် ပြည်ပထွက်ခွင့်မရအောင် ကျနော်တို့ စာရင်းတွေကို ပတ်စ်ပို့ရုံးကို ပေးထားတယ်။ ကျနော်တို့ဆို ကိုးတန်းအောင်နဲ့ ထွက်ခဲ့ရတာ။ ထွက်သွားပြီးတဲ့သူတွေ ပြန်လာရင်လည်း လေဆိပ်မှာတင် ပတ်စ်ပို့သိမ်းတယ်။ အလုပ်လုပ်ကိုင်ခွင့် မပြုဘူး။ နောက်ပြီး ကျနော် သိသလောက်ဆိုရင် စရဖတွေ ဘာတွေအထိ ပို့ထားတာပေါ့လေ။ တကယ်ဆိုရင် ဒါတွေက နိုင်ငံရေးလုပ်နေ တာမဟုတ်ဘူးလေ။ ကျနော်တို့ ပြည်ပမှာ ကျောင်းတက်ချင်တယ်၊ ဘွဲ့ထပ်ယူချင်တယ်ဆိုလည်း ထောက်ခံချက်မပေးဘူး။ ထောက်ခံချက် မပေးရုံတင်မကဘူး။ ဒီဘက်ကျောင်းက လှမ်းမေးရင်တောင်မှ ဒီဆရာဝန်ကို မသိဘူး။ မဟုတ်ဘူးဆိုပြီး ငြင်းတာမျိုးအထိတောင် လုပ်တယ်ဗျာ။ အဲလိုလုပ်တဲ့အခါကျတော့ ကျနော်တို့က ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုတွေ လုပ်ခဲ့လို့လားဆိုပြီး အထင်ခံရတာတွေရှိတယ်။ သူများနိုင်ငံက ဆရာဝန်တွေ ထွက်ပြေးတယ်ဆိုတာက ဒါမျိုးတွေကြောင့်ဆိုပေမယ့် မြန်မာနိုင်ငံက ဆရာဝန်တွေ ထွက်ကုန်ကြတာက အလုပ်လုပ်လို့မရလို့ပါ။ တကယ်ဆို ကျနော်တို့လည်း ကိုယ့်နိုင်ငံအတွက် လုပ်ခဲ့ကြတာပါပဲ။ ကျနော်ဆိုရင် လစာခုနှစ်ထောင့်ငါးရာ ကစပြီး လုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် သူတို့အလုပ် ဆက်မလုပ်တဲ့အခါကျတော့ တကယ့်ရန်သူကြီးလို အဆက်ဆံခံကြရတာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းကဲ့သို့ ဆရာဝန်များအလုပ်မှ ထွက်ခွာမှုမှာ ဆေးသိပ္ပံပညာဦးစီးဌာနအတွင်း အများဆုံးဖြစ်ပွားနေပြီး ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များလည်း ၂၀၀၈ ခုနှစ်အတွင်း အလုပ်ထွက်ခွာမှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေးငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန် ဒီပီအေသတင်းထောက်အမှု စတင်စစ်နေပြီဟု ဂျာမနီ ဒီပီအေဌာနချုပ်မှ အကြောင်းပြန်

NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီနှင့် ဦးဝင်းတင်အား သိက္ခာကျစေမည့် သတင်းရေးသားခဲ့သည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူပေးရန် နိုင်ငံတကာအတိုက်အခံများက ဒီပီအေသတင်းဌာနအား ဖိအားပေးခဲ့ပြီး မကြာခင် ထိုအမှု စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဒီပီအေဦးဆောင်အယ်ဒီတာချုပ်က မြန်မာအတိုက်အခံများအား အကြောင်းပြန်ထားသည်ဟု စုံစမ်းသိရသည်။

ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည့် ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာပြန် စာကိုလည်း လက်ခံရရှိကြောင်း၊ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် ဒီပီအေသတင်းဌာနရုံးချုပ်မှ ဒီပီအေ ဦးဆောင်အယ်ဒီတာချုပ် Eva-Maria McCormack က အတည်ပြု အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဦးဝင်းတင်၏ တိုင်ကြားစာပါ ဒီပီအေသတင်းနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်နေကြောင်း၊ ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) ရေးသားခဲ့သည့် သတင်းပါ ပုဂ္ဂိုလ်အားလုံးကို မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်းနှင့် မမှန်မကန် သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူနိုင်ခဲ့ပါက နိုင်ငံခြားသတင်းထောက်များကို မိမိတို့ဝါဒဖြန့်ကိစ္စအတွက် အသုံးချသည့် မြန်မာစစ်အစိုးရအတွက် သင်ခန်းစာကောင်း တခုဖြစ်လာနိုင်သည်ဟု ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀န်းက မျှော်လင့်နေသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, January 13, 2009

တပ်မတော်တွင်း ဖြစ်ရပ်မှန်များ

■ နအဖ စစ်တပ်ရဲ့ မလိမ္မာတစ်ခါမိုက်တဲ့ အရာရှိများ

■ အရာရှိထပ်မံထွက်ပြေး တပ်မှူးများအားအပစ်ပေးမည်ဟု လေတပ်ချုပ်ပြော

■ တပ်မတော်အတွင်းက ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှု

■ တပ်တွင်း အမိန့်မနာခံမှုတွေဖြစ်နေ

■ တရားခံက တပ်မတော်

■ မမေ့နိုင်သော ပုံရိပ်များ - ၁

■ မမေ့နိုင်သော ပုံရိပ်များ - ၂

■ တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့သူ...

■ မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၁

■ မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၂

■ မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၃

■ မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၎

■ ခမရ ၈၀ နဲ့ ထောက်လှမ်းရေးတပ်အကြား တင်းမာမှုမြင့်မား

■ သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

■ သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

■ သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

■ သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

■ ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော

■ တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ

■ မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၁)

■ မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၂)

■ နအဖ တိုင်းပြည် (သို့မဟုတ်) ဗိုလ်ချုပ်များမှသည် ဗိုလ်ရှုပ်များဆီသို့

■ ကျားကြီး ခြေရာကြီး - အပိုင်း (၁)

■ NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၁

■ NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၂

■ NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၃

■ NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၎

■ တပ်မတော်တွင်း ဖြစ်ရပ်မှန်များ တစေ့တစောင်း

■ ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း (၁)

■ ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း (၂)

■ တပ်ပြေးစစ်သည် (၃)ဦးကို ဖမ်းပြီးပြန်ပို့ပေးရန် နအဖက ထိုင်းနယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံ

■ နအဖတပ်တွင်း၌ အစုလိုက်အပြုံလိုက် တပ်ပြေးမှုများ များပြားလာနေသဖြင့် အပတ်စဉ်တူ၊ ဇာတိတူ၊ လူမျိုးစုတူ၊ ဆွေးမျိုးတော်သူများကို ခွဲထားရန် ကက/ကြည်းက ညွှန်ကြားချ

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၁)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၂)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၃)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၄)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၅)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၆)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၇)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၈)

■ အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၉)

■ အာဏာလွန်ဆွဲပွဲများ

■ တပ်မတော်နှင့် ပြည်သူကို သွေးခွဲနေသူ မိစ္ဆာတစ်ဦး

■ သုံးသိန်းတသောင်း

=====

Read More...

ဂါဇာ ချက်ချင်း အပစ်အခတ်ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

13 January 2009

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လေးစား လိုက်နာကြဖို့ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်နေ ကြတာတွေကို ရပ်ပစ်ရမယ်၊ နှစ်ဖက်စလုံးကို အခုချက်ချင်း ရပ်ကြပါလို့ ပြောသွားပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသက လူနေထူထပ်တဲ့ ဒေသများဆီ အစ္စရေးမြေပြင် တပ်ဖွဲ့များ ချဉ်းကပ်သွားချိန် စစ် တိုက်လေယာဉ်များကလည်း ဟားမတ်စ်စစ်သွေးကြွ ပစ်မှတ်များနဲ့ မှောင်ခိုသွင်းတဲ့ ဥမင် လိုဏ်ခေါင်းများကို ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

တင့်ကားကြီးများ ကျောထောက်နောက်ခံပြုတဲ့ အစ္စရေးတပ်ဖွဲ့များ ဂါဇာစီးတီးမြို့အစပ်နားမှာ ဟားမတ်စ်တို့နဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး အစ္စရေးတို့ ဗုံးကြဲခဲ့တဲ့ ဗလီဝတ်ကျောင်း ထဲမှာ လက်နက်တွေဝှက်ထားတာ တွေ့လိုက်ရကြောင်း အစ္စရေးတို့က ပြောပါတယ်။

ဂါဇာမြို့ရဲ့ အကြီးဆုံးဆေးရုံ မြေအောက်ထပ်ကို ဟားမတ်စ်တို့က စစ်ဆင်ရေးစခန်း အဖြစ် အသုံးပြုနေတယ်လို့ သံသယဖြစ်ကြောင်း အစ္စရေး ထောက်လှမ်းရေးကပြောဆိုပါတယ်။

ဂါဇာမှာတိုက်ခိုက်နေတာတွေ ရပ်ဖို့ နီးစပ်လာပြီလို့ လေးပွင့်ဆိုင် ငြိမ်းချမ်းရေးအဖွဲ့ သံတမန် တိုနီ ဘလဲ (Tony Blair) က ကိုင်ရိုမြို့မှာ ပြောဆိုပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘုရှ်က ဟားမတ်စ်တို့ အစ္စရေးကို ရော့ကက်နဲ့ ပစ်နေတာတွေ ရပ်မှ၊ အီဂျစ်က ဂါဇာကို လက်နက် ခိုးသွင်းတာတွေ ရပ်မှ သာလျှင် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မှာလို့ ပြောဆိုသွားပါတယ်။

အစ္စရေးတို့ ထိုးစစ်ဆင်ကတည်းက သေဆုံးသူ ပါလက်စတိုင်း ၉၀၀ ကျော်သွားပြီလို့ ဆေးဖက်ဆိုင်ရာများက ပြောဆိုကြပါတယ်။

Ref: VOA News

Read More...

မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ

13 January 2009

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာ တင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို လေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲ ဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်း နိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာ ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလို ပြောပါတယ်။ သူက သူ့အမည်ကို မဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။

“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစ လွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သော နိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရ တာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ် ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့ စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။

အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း မြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့ နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲ တွေကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom House အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်နိုင်ငံက မလွတ်လပ်တဲ့ အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့ သူမက ဆိုပါတယ်။

“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေးတွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေး အရ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။ အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”

နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြား သုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာ ဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်း ဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေ စိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။ လွတ်လပ်စွာ ဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။

“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ် အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ် ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒ ခံယူပွဲနဲ့ ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”

လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇ သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာ နိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့ ၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

Ref: VOA News

Read More...

မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည်

13 January 2009

ထိုင်းဝန်ကြီးချုပ်သစ်က အိမ်နီးချင်း မြန်မာပြည်မှာ အပြောင်းအလဲတွေ မြင်တွေ့ချင်ပါတယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံကတော့ အနောက်တိုင်းက စီးပွားရေးအရ ဒဏ်ခတ်အရေးယူတာမျိုး မဟုတ်ဘဲ ချဉ်းကပ်ရမယ်လို့ ပြောပါတယ်။

မြန်မာနဲ့ပတ်သက်လို့ အနောက်နိုင်ငံအစိုးရများလိုပဲ ရည်မှန်းချက် ထားရှိပါတယ်၊ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ပထ၀ီဝင် အနေအထားအရ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်း ကွဲပြားဖို့ လိုအပ်တာပါလို့ တနင်္လာနေ့မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit Vejjajiva) က ရှင်းလင်းပြီး မြန်မာပြည်မှာ အပြောင်း အလဲတွေ ဖြစ်ပေါ်လာအောင် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ တိတိ ကျကျ ပြောမသွားပါဘူး။

အရင်လက ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ဖြစ်လာပြီးကတည်းက မြန်မာစစ်အစိုးရအပေါ် မစ္စတာအဘီဆစ် ပထမဆုံးအကြိမ် ပြောဆိုတာပါ။

တနင်္လာနေ့မနက်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယွန် (Kasit Piromya) က ဧည့်သည် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနဲ့ တွေ့ဆုံပြီး နာဂစ်လေဘေး ကူညီရေးကိစ္စနဲ့ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စကို ဆွေးနွေးကြပါတယ်။

Ref: VOA News

Read More...

မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား

ဇာနည်
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံထွက်ရာ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ဒေသတခုတွင် ပုဂ္ဂလိက ရေနံကုမ္ပဏီတခုနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ၀င်ရောက် ထိန်းသိမ်းခဲ့ပြီး ယခုအခါ ရေနံမှော်အတွင်း ညမထွက်ရအမိန့် ထုတ်ထားလိုက်သည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုရှိ နှောပင်ရေနံမှော်ရှိ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီနှင့် ရေနံတူးဖော်သူ ဒေသခံများအကြား ရေနံ အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဒေသတွင်းအခြေစိုက် ခလရ ခြေလျင်တပ်ရင်း ၂၅၇ က ယခုအမိန့်ကို ထုတ်လိုက်ခြင်း ဖြစ်သည်။

"အခု ည ၇ နာရီကျော်ရင် အပြင်မထွက်ရဘူး။ ညမထွက်ရ လုပ်ထားတယ်။ အခု ပခုက္ကူခရိုင်က ခရိုင်ရဲမှူး ရောက်နေတယ်။ နောက် ရဲတွေက မှော်ထဲမှာ ဟိုလူစစ်၊ ဒီလူစစ် လုပ်နေတယ်။ မြိုင်က မယက ဥက္ကဋ္ဌကလည်း တတဲဝင်၊ တတဲထွက်လုပ်ပြီး ရေနံကို ကုမ္ပဏီကိုပဲ ရောင်းရမယ်လို့ လိုက်စည်းရုံးနေတယ်" ဟု ရေနံတွင်းပိုင် တဦးက မဇ္ဈိမကို ပြောသည်။

မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုတွင် ဒေသခံများက တနိုင် လက်ယက်တွင်းများဖြင့် ရေနံတူးနေကြပြီး၊ ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ရေနံလုပ်ငန်းများ လာရောက် လုပ်ကိုင်ချိန်တွင် ဒေသခံ ရေနံတွင်းပိုင်များအပေါ် အမြတ်ကြီးစား ခေါင်းပုံဖြတ်မှုများကို မကျေနပ်မှုများ ကြီးထွားလာရသည်ဟု ဆိုသည်။

"သူတို့က အခွန်မတရားကောက်တာ၊ ဈေးနှိမ်တာ၊ သူတို့ကိုပဲ ရောင်းရမယ်ဆိုပြီးလုပ်တော့ မကျေနပ်တော့ ဒီကလူတွေ စုပြီးတော့ သွားပြောတာ။ သူတို့က မလုပ်ပေးနိုင်ဘူးဆိုပြီး ပြောကြငြင်းကြနဲ့ စကားများကြတာ။ နောက် လူများလာပြီး ကုမ္ပဏီတဲကို မီးရှို့တာ။ ကုမ္ပဏီက ကား ၂ စီးလည်း ပါတယ်။ ခလရ ၂၅၇ က သေနတ်တွေနဲ့ ခြိမ်းခြောက်တော့ ရှမ်းတုံးက လှည်းသမားရဲ့ အမျိုးသမီး မ၀င်းမာ ပေါင်ကို ရှပ်မှန်သွားတယ်" ဟု ရေနံမှော်မှ မျက်မြင်တဦးက ပြောပြသည်။

ဒေသခံ ရေနံလုပ်ငန်းရှင်များ အနေဖြင့် ယခင်က နယ်မြေဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ ခရိုင်ရုံးသို့ ရေနံ တပေပါလျှင် ၂၀၀၀ ကျပ်နှုန်း ပေးရသည်။ ယခု ကုမ္ပဏီဝင်လာချိန်တွင်မူ ကုမ္ပဏီကို ရေနံတပေပါလျှင် ၈၅၀၀ နှုန်း ပေးဆောင်ရမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရသည်။

"အခွန်ဆိုပြီး သူတို့ကို ပေးရတာ။ မပေးရင် မှော်ထဲကနေ မထုတ်ရဘူး။ နောက် သူတို့ကိုပဲ ရောင်းခိုင်းတယ်။ အပြင်မှာက တပေပါကို ၅ သောင်းခွဲ ပေါက်တာကို သူတို့က ၂ သောင်းခွဲ၊ ၃ သောင်းပဲ နှိမ်ပြီးပေးတယ်။ အဲဒါတွေကို မလုပ်ဖို့ သွားတောင်းဆိုကြတာပေါ့" ဟု သူက ဆက်ပြောသည်။

အခင်းဖြစ်ပွားမှုတွင် ဦးဆောင်ပါဝင်သူ ရေနံမှော်မှ ဒေသခံ ရေနံလုပ်သားများကို သက်ဆိုင်ရာမှ လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက်နေသူများ ရှိပြီး လတ်တလောတွင် ဦးရေ ၂၀ ကျော် ထိန်းသိမ်းခံနေရသည်ဟု ဒေသခံများက ဆိုသည်။

ကနဦးက သူတို့ကို ဗဟင်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယခုတွင်မူ မြိုင်သို့ ခေါ်သွားသည်ဟုသာ သိရပြီး၊ မည်သည့်နေရာတွင် ထားသည်ကိုမူ အတိအကျ စုံစမ်းမရဖြစ်နေကြောင်း ရေနံတွင်းပိုင်တဦးက ပြောသည်။

ထို့အတူ သေနတ်ကျည်ဆန် ပေါင်တွင် ရှပ်မှန်ခဲ့သော မ၀င်းမာ၏ အခြေနေနှင့် ပတ်သက်၍ သူက ဆက်ပြီး "မ၀င်းမာကိုလည်း ဖြစ်ဖြစ်ချင်းတုန်းက ဆေးရုံမတင်ပေးဘူး။ ဒါက သေနတ်မှန်တာ မဟုတ်ပါဘူး၊ သူ့ဘာသာသူ ပြေးရင်းနဲ့ ၀ါးတွေဘာတွေနဲ့ ထိုးမိတာနေမှာပါ ဆိုပြီးလည်း ပြောသေးတယ်။ နောက်နေ့ကျမှ မြိုင်ကို ပို့မယ်ဆိုပြီးတော့ပဲ ခေါ်သွားတယ်။ အခု ဘယ်ရောက်နေလဲ မသိဘူး" ဟု ပြောပြသည်။

လတ်တလော အခြေအနေများ တင်းမာမှုများကြောင့် ဒေသခံ ရေနံလုပ်ငန်းလုပ်သူများ အနေဖြင့် ရေနံတူးယူရန် ခက်ခဲနေပြီး၊ ရေနံမှော်အတွင်းမှ ရေနံတပုလင်းမျှပင် ထုတ်ယူခွင့်မရ ဖြစ်နေသည်။

သူက ဆက်ပြီး "သူတို့က အဲဒီ အခွန်တွေပေးရင်ပေး။ မပေးရင် မလုပ်နဲ့ပေါ့။ အဲလိုဖြစ်နေတာ။ နောက် အခုလို လုံခြုံရေးတွေ ချထားတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူးပေါ့။ အခုက အခြေအနေကိုပဲ စောင့်ကြည့်နေကြရတယ်လေ။ ဘယ်သူကမှတော့ မကျေနပ်ကြဘူးပေါ့" ဟု ဆိုသည်။

ရေနံထွက်နှုန်းကောင်းပါက ဒေသခံ ရေနံတွင်းပိုင်များအဖို့ တရက်လျှင် ရေနံတပေပါနှုန်း အနည်းဆုံး ရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြိုင်မြို့နယ် မယက ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း သက်ဆိုင်ရာမှ အဆိုပါ ဖြစ်ရပ်ကို လုံးဝ မသိကြောင်းသာ ပြန်လည်ဖြေကြားပြီး ဖုန်းချသွားသည်။

ဗဟင်းရဲစခန်းနှင့် မြိုင်မြို့မှ ရဲစခန်းသို့လည်း ယခု သတင်းတင်ပြချိန်အထိ ဆက်သွယ်မရ ဖြစ်နေသည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င် မုခ်ဦး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့၏ အကြီးဆုံး မုခ်ဦးကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖြိုချ ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောသည်။

၎င်းက “ညွှန်ကြားချက်ကို ကျနော် တိုက်ရိုက်ရတာတော့ မဟုတ်ပါဘူး။ ကျနော့်အထက် အရာရှိတွေ ပြောပြတာက ဇန်နဝါရီလဆန်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရန်ကုန်ရောက်တယ်။ လေဆိပ်ကအထွက် အဲဒီမုခ်ဦးကို မြင်တော့ သူ့လုံခြုံရေး တပ်ဖွဲ့ကိုမေးတယ်။ ဒီမုခ်ဦးဟာ လုံခြုံရေးအရ ပြဿနာ ရှိနိုင်သလားပေါ့။ ဒါနဲ့ သူ့လုံခြုံရေးအဖွဲ့တွေက နောက်တနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြတယ်။ ဒါဟာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က တည်ဆောက်ထားတာ၊ ထုထည် အလွန်ကြီးတယ်။ ထု (၁ဝ) ပေနီးပါး ရှိပြီး ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထားတယ်။ မုခ်ဦးပေါ်မှာ လူ (၃-၄) ယောက်လောက် ရိက္ခာအပြည့် အစုံနဲ့ဆို (၅) ရက်ကနေ တပတ်လောက်အထိ ခိုအောင်းပြီး လေဆိပ်က ထွက်လာတဲ့။ ဒါမှ မဟုတ် လေဆိပ်ကိုသွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မယ်ဆို လုပ်လို့ရတယ်။ လုံခြုံရေးအရ အဲဒီလို အန္တရာယ် ရှိတယ်ဆိုပြီး တင်ပြတယ်။ တယောက်ကတော့ ဗိုလ်ချုပ်ခင်ညွန့် ဗေဒင်ယတြာ သဘောနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်ဆိုပြီး တင်ပြတယ်” ဟု ပြောသည်။

ယင်းသို့ တင်ပြသည့် နေရာတွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ဆိုပြီး တန်းအမိန့်ပေးသည့် အတွက် ချက်ချင်း ယန္တရားကြီးများကို ခေါ်ပြီး တရက်ထဲဖြင့် အပြီးဖျက်ခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ မုခ်ဦးကြီးသည် လေဆိပ်အဝင်လမ်းနှင့် ဥက္ကလာလမ်းထိပ် မြို့တွင်းဘက် ပြည်လမ်းပေါ်၌ တည်ရှိသည်။ (၁ဝ) မိုင်ဈေးနှင့်လည်း နီးပြီး မြို့တွင်းဘက်အလာ ပြည်လမ်းပေါ်မှာ တည်ရှိသည်။ ပြည်လမ်းကို ခွပြီး တည်ဆောက်ထားသည့် အဆိုပါ မုခ်ဦးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်း ရေးထိုးထားသည်။

ရန်ကုန်မှ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာသူများသည် ခေတ်မီသည့် နိုင်ငံများဆီသို့ သွားကြမှာ ဖြစ်သည့်အတွက် အဆိုပါ မုခ်ဦးမှ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်းကို ဖတ်ရတိုင်း ပြုံးစေ့စေ့ ဖြစ်ကြပြီး မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ် ရောက်လာသည့် အချိန်တွင် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် စာတမ်းဖတ်ရတိုင်း ဆင်းရဲသည့် နိုင်ငံပြန်ရောက်ပြီ ညည်းတွားလေ့ရှိကြောင်း ခရီးသွားတဦးက ပြောသည်။

အဆိုပါ မုခ်ဦးဖြိုချနေသည်ကို မြင်တွေ့ရသည့် ပြည်လမ်းပေါ်နေသူတဦးက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရဟန်းရှင်လူ တိုင်းသူပြည်သားများ၏ အသက်ကို တန်ဖိုးမထားဘဲ ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေး စေခိုင်းတတ်သော်လည်း သူ့ အသက်ကိုမူ အလွန် စိုးရိမ်တတ်သူဖြစ်တာ၊ သေမှာ ကြောက်သူဖြစ်တာ ပေါ်လွင်နေကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတဦးကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ ဖြုတ်ထုတ်၊ ထောင်ချ လုပ်ထားသည့် ယခင် စစ်ထောက်လှမ်းရေး အဟောင်းများကို ကြောက် လန့် နေတုန်းပဲဟု မှတ်ချက်ပေးခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, January 12, 2009

ဥရောပသို့ သဘာဝဓာတ်ငွေ့ သယ်ယူရေး ရုရှား-ယူကရိန်း သဘောတူညီချက်သစ် ရရှိ

12 January 2009

ရုရှားက ဥရောပကို အင်္ဂါနေ့မှာစပြီး သဘာဝဓာတ်ငွေ့တွေ ပို့ပေးတာ ပြန်စတင်တော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

စွမ်းအင်ပဋိပက္ခနဲ့ပတ်သက်ပြီး ဘရပ်ဆဲလ်မှာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့တော့ သဘောတူညီချက် အသစ်တခုကို အတည်ပြုနိုင်လိမ့်မယ်လို့ အစောပိုင်းကပဲ ရုရှားအာဏာပိုင်တွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံကိုဖြတ်ပြီး တခြားနိုင်ငံတွေဆီ ရုရှားက သဘာဝဓာတ်ငွေ့တွေ ဖြန့်ဝေပေးမှု သီးသန့်စောင့်ကြည့်ခွင့် ပြုမယ်ဆိုတဲ့ သဘောတူညီချက် အသစ်တရပ်ကို ယူကရိန်းနဲ့ ရုရှားတို့ လက်မှတ်ရေးထိုးခဲ့ပြီး အခုလိုပြောဆိုမှု ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နာဂစ် နိုင်ငံတကာ အကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ

12 January 2009

မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာကပေးထားတဲ့ အလှူငွေတွေဟာ ဧပြီလအထိပဲ သုံးလို့လောက်မယ်လို့ အရှေ့တောင်အာရှ လူသားချင်း စာနာမှုဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့် မဟုတ်ဘဲ မြန်မာအစိုးရကို တိုက်ရိုက်ပေးလာတဲ့ အလှူငွေတွေကလည်း ရှိနေတော့ ဒီ အလှူငွေတွေကို အကျိုးရှိရှိနဲ့ ထင်သာမြင်သာ ရှိအောင် သုံးဖို့လိုတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ် လီလီယန် ဖန်းက ပြောလိုက်ပါတယ်။ မစ္စဖန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြ ပေးထားပါတယ်။

နာဂစ်မုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက် ပေးနေတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အကဲခတ် ဆန်းစစ်ပေးနေရတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် လူလူချင်းစာနာမှု မူဝါဒရေးရာ ပြန်လည် ထူထောင်ရေးနဲ့ စီမံ ကွပ်ကဲမှုရေးရာ သီးခြားလွတ်လပ်တဲ့ အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ် မစ္စ လီလီယန် ဖန်းကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ နာဂစ် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် လောလောဆယ် ရန်ပုံငွေ အခြေအနေနဲ့ ပတ်သက်ပြီး မစ္စ လီလီယန်ဖန်းက အခုလို ပြောပါတယ်။

သူသိသလောက်တော့ ရန်ပုံငွေဟာ အခုလာမယ့် ဧပြီလအထိပဲ သုံးစွဲဖို့ ကျန်တော့တဲ့ အခြေအနေနဲ့ အေဂျင်စီ အတော်များများ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်နိုင်ဖို့ ကြိုးစား နေကြပါတယ်။ အခုလောလောဆယ် အလှူရှင်တွေနဲ့ လူမှုရေး ကယ်ဆယ်ရေး အေဂျင်စီတွေ ကြိုးစားနေ ကြတာကတော့ ရန်ပုံငွေတွေကို ဘယ်လို အသုံးပြုသလဲ ဆိုတာကို သေသေချာချာ စိစစ်ဖို့အဖွဲ့ ဖွဲ့စည်းရေးပါပဲ။ ဒီအချက်က အရေးကြီးတာမို့ အားလုံး ပံ့ပိုးပေးဖို့ လိုတယ်လို့ သူက ရှင်းပြသွားပါတယ်။

ပွန်ဂျာခေါ် နာဂစ်လွန်ကာလ ပူးတွဲအကဲခတ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ချက်ချင်းလက်ငင်း ကယ်ဆယ်ရေး အလှူငွေ ဒေါ်လာ ၃၀၃.၆ သန်း လိုအပ်ကြောင်း နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။ ရှေ့လာမယ့် သုံးနှစ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အတွက် ဒေါ်လာ သန်း ၁,၀၀၀ လိုအပ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ပွန်ဂျာရဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်အပြီး အလှူရှင်နိုင်ငံတွေက နိုင်ငံတကာ ကယ်ဆယ်ရေး ၀န်ထမ်းတွေကို မုန်တိုင်းသင့် ဒေသတွေဆီ အရောက် သွားခွင့်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ အလှူရှင်တွေက ကုလသမဂ္ဂရဲ့ စီမံခန့်ခွဲမှုနဲ့ ကယ်ဆယ်ရေး အလှူငွေတွေကို ပေးနေကြဖြစ်ပေမယ့် နိုင်ဂျီးရီးယား နိုင်ငံကတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို နိုင်ဂျီးရီးယားသံအမတ် ကြီးကတဆင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်ထံ တိုက်ရိုက်ပေးအပ်လိုက်ပြီး အဲဒီငွေတွေကို ဘယ်လိုအသုံးပြုမယ် ဆိုတာကိုလည်း ပြန်ပြီး အစီရင်ခံဖို့ မလိုဘူးလို့ နိုင်ဂျီးရီးယားနိုင်ငံက ပြောတဲ့အကြောင်း နယူးယောက်ခ်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မစ္စ လီလီယန် ဖန်းရဲ့ သုံးသပ်ချက်ကတော့ …

“မြန်မာအစိုးရနဲ့ ပြည်သူတွေအတွက် မြန်မာသံအမတ်ကြီးကတဆင့် ပေးအပ်လိုက်တာဟာ အလှူရှင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆန္ဒအရ ပေးပိုင်ခွင့် ရှိပါတယ်။ ဒါဟာ နိုင်ဂျီးရီးယား နိုင်ငံရဲ့ သဘောပါပဲ။ မြန်မာလူထုကို နည်းအမျိုးမျိုးနဲ့ ပံ့ပိုးလို့ရပါတယ်။ ဒါပေမယ့် ဘယ်ပုံဘယ်နည်း အသုံးပြုမှာလဲ ဆိုတာကိုတော့ စနစ်တကျ စီစဉ်ဖို့ လိုပါတယ်။ အနည်းဆုံး ဒီအလှူငွေတွေ ရည်ရွယ်ရင်း ရောက်မရောက် ဆိုတာကိုတော့ စိစစ်ရပါလိမ့်မယ်” လို့ မစ္စဖန်းက ပြောပြသွားပါတယ်။

နာဂစ်မုန်တိုင်းလွန်ကာလ ၉ လအကြာမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စ လီလီယန် ဖန်းက ဆက်ပြောပါတယ်။

“နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ တနှစ်၊ နှစ်နှစ်နဲ့ ပြီးဆုံးသွားမယ်လို့ မယူဆစေချင်ပါဘူး။ အခု ၉ လ ကြာလာတဲ့အထိ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ကယ်ဆယ်ရေး အေဂျင်စီတွေ မှန်းထားတာထက် ကျော်လွန်နေတယ်” လို့လည်း မစ္စဖန်းက ပြောပြသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဆူနာမီဒီရေလှိုင်းဒဏ် အလူးအလဲ ခံခဲ့ရပြီးနောက် မစ္စ လီလီယန် ဖန်းဟာ ပြန်လည် ထူထောင်ရေးနဲ့ လူမှုရေးလုပ်ငန်းတွေအတွက် သုံးနှစ်ကြာ သွားရောက် တာဝန်ယူခဲ့ဖူးပါတယ်။ အနှစ် ၃၀ ကြာ လူမျိုးရေး ပဋိပက္ခ တွေကြောင့် အာချေးပြည်နယ်မှာ အင်ဒိုနီးရှားအစိုးရနဲ့ ဒေသခံတွေ မပြေမလည် ဖြစ်ခဲ့ကြပေမယ့် တကယ်တမ်း လူထုအတွက် အရေး ကြီးလာတဲ့အခါ ကယ်ဆယ်ရေးလုပ်ငန်း တွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အစဉ်အလာကို သုံးသပ်ပြပြီး မြန်မာနိုင်ငံ
နာဂစ်မုန်တိုင်း အပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ ကသိကအောက်ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။

နာဂစ်မုန်တိုင်းလွန်ကာလ နိုင်ငံတကာ လူလူချင်းစာနာမှု အသိုင်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံအကြား အာဆီယံရဲ့ ကြိုးစား ကြားဝင် ဆောင်ရွက်ပေးမှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ သင်ခန်းစာတွေ အများကြီးရသလို အခွင့်အလမ်းတွေလည်း အများကြီးရရှိသွား တယ်လို့ မစ္စ လီလီယန် ဖန်းက သုံးသပ်သွားပါတယ်။

Ref: VOA News

Read More...

ပုဂံညောင်ဦး တောင်ကူးမြောက်ပြေး စီးပွားရေးသံသရာ

(သတင်းဆောင်းပါး)
NEJ / ၁၂ ဇန်န၀ါရီ ၂၀၀၉

ပုဂံ၏ ယွန်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

ပုဂံရှိ မြန်မာ့ရိုးရာ ယွန်းလုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း ပုဂံသူ ပုဂံသားများ၏ ပြောပြချက်အရ သိရသည်။

ပုဂံ (မြို့ဟောင်း၊ မြို့သစ်) နှင့် မြင်းကပါအရပ်တို့တွင် ယွန်းလုပ်ငန်းကို တနိုင်တပိုင် စီးပွားရေးအဖြစ် အသက်မွေးဝမ်းပြုကြသည့် ရာခိုင်နှုန်းမှာ (၇၅) ရာခိုင်နှုန်းခန့် ရှိကြောင်း ပုဂံဒေသမြို့ခံများက ဆိုသည်။

“ပုဂံမှာ လူဦးရေ (၅,၀၀၀) လောက်ရှိတယ်။ မြင်းကပါအရပ်မှာ လူဦးရေ (၃,၀၀၀) နီးပါးလောက်ရှိမယ်။ အခု ယွန်းလုပ်ငန်းကတော့ တနိုင်တပိုင် လုပ်နေသူတွေအတွက် အခက်အခဲ ရှိပါတယ်။ လုံးဝကို လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ငန်းပါ ပြုတ်သွားကြတယ်” ဟု ပြီးခဲ့သည့် အနှစ် (၂၀) ၀န်းကျင်ကတည်းက ယွန်းလုပ်ငန်းဖြင့် အသက်မွေးသည့် လုပ်ငန်းတခု၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်း (စက်တင်ဘာအရေးအခင်း) ပြီးသည့်နောက် မြန်မာနိုင်ငံသို့ ခရီးသွားများ လာရောက်မှု လျော့ကျသွားသော်လည်း ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကုန်ထိ ကာလကဲ့သို့ ဆိုးဆိုးရွားရွား ခရီးသွား ကျဆင်းမှုမဖြစ်ပေါ်ခဲ့ကြောင်း အီတလီဧည့်လမ်းညွှန်တဦးက ပြောသည်။

“ကျနော်တို့ မြင်းကပါအရပ်မှာ အိမ်တိုင်းလိုလို ယွန်းကို တနိုင်တပိုင် လုပ်ကြတယ်။ လုံးဝရပ်ဆိုင်းမှုတွေ ဖြစ်ပေါ်မှုကတော့ ဒီ ၂၀၀၈ ခုနှစ်မှာပေါ့။ ၂၀၀၇ ခုနှစ်ကတည်းက တဖြည်းဖြည်းနဲ့ ကျကျလာတာ ၂၀၀၈ လည်းရောက်ရော ရပ်ဆိုင်းသွားရော” ဟု မြင်းကပါအရပ်က တနိုင်တပိုင် ယွန်းလုပ်ငန်းလုပ်ကိုင်သူ ကိုခိုင်ကျော်က ပြောသည်။

တနိုင်တပိုင်လုပ်ငန်းများအပြင် ပုဂံနှင့် မြင်းကပါအရပ်ဒေသတို့၌ ယွန်းလုပ်ငန်းအကြီးစားနှင့် အသေးစား အလုပ်ရုံ နှင့် အရောင်းဆိုင် (၇၀) ခန့်ရှိသည်ဟု သိရသည်။

“တနိုင်တပိုင်လုပ်တဲ့သူတွေက ယွန်းထည်ပစ္စည်းတွေကို အရောင်းဆိုင်ကြီးတွေဆီကို တဆင့်ရောင်းချရတယ်။ အခု ဧည့်သည်က မ၀င်တော့ တနိုင်တပိုင် ယွန်းအလုပ်က ထွက်တဲ့ပစ္စည်းတွေကို ဆိုင်ကြီးတွေက အရောင်းအေးတဲ့အတွက် မ၀ယ်ဘူး။ ဒီတော့ ပြန်သွင်းမယ့်ဆိုင်မရှိတဲ့အခါ ပစ္စည်းတွေ လုပ်တာ ရပ်ဆိုင်းတယ်။ ဒါနဲ့ပဲ လုံးပါးပါးပြီး အားလုံးပြုတ်တော့တာပဲ။ ဘာလို့လဲဆိုတော့ သစ်စေး၊ ၀ါး၊ ဆိုးဆေးက ၀ယ်ပြီးရင်းထားရတာလေ။ သစ်စေးက ဈေးကြီးတာကိုး။ လုပ်ငန်းကြီးတဲ့သူတွေလောက် ခံနိုင်ရည် ဘယ်ရှိမှာလဲ” ဟု (၁၅) နှစ်ခန့် ယွန်းအတွေ့အကြုံရှိသူက တနိုင်တပိုင် ယွန်းလုပ်ငန်းအကြောင်း ပြောပြသည်။

ယခု ယွန်းလုပ်ငန်း လုပ်နေကြသူများ ၀ယ်ယူရသော သစ်စေး၏ ဈေးနှုန်းမှာ ပိဿာ (၁၀) ၀င်ဆံ့သော ပုံးတပုံးလျှင် အရည်အသွေးကောင်းပါက (၂) သိန်းထိ ရှိသည်ဟု ယွန်းလုပ်ငန်း လုပ်သူများက ဆိုသည်။

တနိုင်တပိုင်လုပ်ငန်းများသာမက ယွန်းအရောင်းဆိုင်ကြီးများတွင် အရောင်းကျဆင်းသည့်အတွက် အလုပ်ရုံတို့တွင် အလုပ်သမားကို နဂိုရှိသည့် အရေအတွက်ထက် လျှော့ချပစ်ကြရကြောင်း သိရသည်။

“ကျနော်က ယွန်းလုပ်ငန်းတခုမှာ နေ့စားလုပ်နေတာပါ။ တနေ့ကို (၁,၅၀၀) ကျပ်ရပါတယ်။ အခုက အလုပ်မကောင်းလို့ ခဏနားနေရတယ်” ဟု မြင်းကပါသား ကိုမောင်ထွန်းက ပြောသည်။

ယွန်းလုပ်ငန်းသည် ပုဂံ၏ အဓိကကျသော စီးပွားရေးလုပ်ငန်းဖြစ်ရုံသာမက ပုဂံ၏ ယဉ်ကျေးမှုကို ဖော်ကျူးရာရောက်သာ လုပ်ငန်းဖြစ်သည့်အတွက် ယခုကဲ့သို့ ခရီးသွားလုပ်ငန်း ကျဆင်းနေ၍ ခရီးသွားဧည့်သည်များ ပုဂံသို့ မ၀င်ခဲ့လျှင် နောင်တချိန်၌ ယွန်းပညာများပါ တစတစပျောက်လာနိုင်သည်ဟု ကျွမ်းကျင်သော ဧည့်လမ်းညွှန်တဦးက ပြောသည်။

ကမ္ဘာ့စီးပွားရေးဂယက်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ဆက်လက် ကျဆင်းနေအုံးမည်ဟု ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ပြောရေးဆိုခွင့်ရှိသူက ပွင့်ပွင့်လင်းလင်း ဝေဖန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀၀၈ ကာလကလည်း ထိုင်းလေဆိပ် ပြန်လည်ဖွင့်ပြီးသည့်နောက်ပိုင်း ခရီးသွားလုပ်ငန်းမှာ (၅၀) ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု မြန်မာ့ခရီးသွားလုပ်ငန်း ၀ါရင့်တဦးက ပြောခဲ့သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဒီဇင်ဘာလ ဒုတိယပတ်က ပြောကြားခဲ့သည်မှာ ထိုင်းနိုင်ငံက မဟုတ်ဘဲ အခြားနိုင်ငံက လေကြောင်း လိုင်းများ ပျံနိုင်စေရန် ခရီးစဉ် မြှင့်တင်မှုများ၊ ဗီဇာကိစ္စ ချောမွေ့မှုများရှိပါက မြန်မာနိုင်ငံ၏ ခရီးသွားရာသီ ကောင်းလာနိုင်စရာရှိသည်ဟူ၍ ဖြစ်သည်။

ပုဂံတွင် ၁၉၉၆ နောက်ပိုင်းကစ၍ ဧည့်လမ်းညွှန်လုပ်သူတဦးက “ဒီနှစ် ခရီးသွားရာသီဟာ သုဝဏ္ဏဘူမိလေဆိပ်ပြဿနာမှာ ပိုဆိုးသွားတာဗျ။ ပြီးတော့ အခု ကမ္ဘာ့စီးပွားရေး ကျဆင်းမှုပေါ့။ ၂၀၀၉ ဇန်န၀ါရီလမှာတော့ ယိုးဒယားဧည့်သည်တွေ နည်းနည်းပါးပါး ပြန်တွေ့ရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စာရင်းဇယားများအရ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် (၆၅၄,၆၀၀) ကျော်ရှိပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် (၇၂၁,၈၀၀) ကျော်ရှိခဲ့ကြောင်း ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ခရီးသွားအရေအတွက် ယခင်နှစ်များထက် ထက်ဝက်ကျော် ကျဆင်းနိုင်မည်ဟု ခရီးသွားလုပ်ငန်းဌာန၏ အရာထမ်းတဦးက ပြောသည်။

ယွန်းလုပ်ငန်းမကောင်း၍ ပုဂံသားတို့ ရွှေကျင်

ခရီးသွားလုပ်ငန်းများ ကျဆင်းလာသည့်အတွက် ပုဂံသူပုဂံသားများ မိရိုးဖလာ ယွန်းလုပ်ငန်းကို တနိုင်တပိုင်လုပ်ကိုင်သူများ လုပ်ငန်းပြောင်းလုပ်ကြကြောင်း သိရသည်။

“ပုဂံကလူတွေ လုပ်ငန်းပြောင်းဖို့ စဉ်းစားကြတယ်။ ဒါပေမယ့် ယွန်းလုပ်ငန်းလို ကျွမ်းကျင်တဲ့ လုပ်ငန်းမရှိဘူးလေ။ ဒါကြောင့် အခု ရွှေကျင်ကြတယ်” ဟု ပုဂံမြို့သစ် ဒေသခံတဦးက ဆိုသည်။

ပုဂံမြို့ဟောင်း၊ ပုဂံမြို့သစ်နှင့် မြင်းကပါအရပ်ဒေသမှ လူငယ် အမျိုးသားအချို့တို့ မလေးရှားကို ထွက်၍ အလုပ်လုပ်ကြမှုများလည်း ပိုများလာကြောင်း သိရသည်။

“ပုဂံက ဟိုတယ်တွေမှာ ၀န်ထမ်းလုပ်နေတဲ့ ကလေးတချို့နဲ့ ယွန်းလုပ်ငန်းကို မိသားစုနဲ့အတူ လုပ်နေတဲ့သူတွေ မလေးရှားကို ထွက်ကြတယ်။ ဟိုမှာအဆင်ပြ မပြေတော့ မသိသေးဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်သွားကြတာပဲ” ဟု မြင်းကပါအရပ်မှ အငြိမ်းစား မူလတန်း ဆရာတဦးက ပြောသည်။

ပုဂံသားတို့ ယွန်းလုပ်ငန်းမကောင်း၍ ရွှေကျင်မှုများ ပြုလုပ်နေကြသည်မှာ (၃) လခန့်ရှိပြီဟု မြင်းကပါအရပ် ဒေသခံများက ဆိုသည်။ ၎င်းတို့ ရွှေကျင်မှုများကို မြင်းကပါချောင်းတွင် ဆောင်ရွက်သည်ဟု ပြောသည်။

“ပုဂံက ရှေးမြို့ဟောင်း၊ နန်းတော်ဟောင်းဆိုတော့ မြေကြီးတွေကို သယ်ယူပြီး ချောင်းမှာပဲ သွားပြီး ကျင်တာ။ များသောအားဖြင့် ရတဲ့ပစ္စည်းတွေက ရွှေအတိုအစတွေ၊ ရံဖန်ရံခါ ရွှေနားတောင်း၊ လက်စွပ်တွေရတယ်” ဟု အဆိုပါ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်သည့်နောက်ပိုင်း ပုဂံ မြင်းကပါအရပ်တွင် ရွှေကျင်ကြသူများ ပစ္စည်းရရှိမှု အောင်မြင်ခဲ့ကြောင်း၊ ယင်းကို စစ်အစိုးရက သိသွားသည့်နောက် တားမြစ်ခဲ့ကြောင်း၊ ယခုခရီးသွားလုပ်ငန်း ကျဆင်း၍ ရွှေကျင်ကြရာ ခိုးကြောင်ခိုးဝှက် ကျင်ရကြောင်း ဒေသခံများက ပြောသည်။

ယွန်းထည်တွင် သစ်စေးက အရေးကြီးသော ပစ္စည်းဖြစ်သည်။

ယွန်းအရောင်းအ၀ယ် ကောင်းမွန်မှုမှာ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ထွက်မှုအပေါ် အဓိက ကျသည်။

သစ်စေးပင်က ရှမ်းပြည်တွင် ပေါက်သည်။ (ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၀၀၀) အထက်တွင် ပေါက်ရောက်သော အပင်မျိုးဖြစ်၍ ရော်ဘာပင်ကဲ့သို့ မြင့်သည်။ ရှမ်းပြည်မြောက်ပိုင်း နမ့်စန်တွင် အကောင်းဆုံးကွာလတီ အနက်ရောင်သစ်စေးများ ထွက်သည်။ (ရှမ်းပြည် သီပေါ သစ်စေအနက်ရောင်၏ အရည်အသေး ပထမ၊ တောင်ငူ ဒုတိယ)။ (၀ါး- အလယ်ရိုးမ၊ အရှေ့ရိုးမ၊ အနောက်ရိုးမ ၀ါးများသုံးကြသည်)

ယွန်းလုပ်ရာတွင် ပထမတထပ်တွင် ကော်ပတ်တိုက်၍ အရိုးပြာနှင့် သစ်စေး၊ လွှစာတို့ကိုရော၍ သုတ်လိမ်းကာ မြေအောက်ခန်းတွင် အခြောက်ခံရသည်။ (ခြွင်းချက်မှာ တနိုင်တပိုင် လုပ်ငန်းတို့တွင် သင့်လျော်သော လေလုံမြေအခန်းများ၊ အခြားနေရာများ ဖန်တီးပြုလုပ်ကြသည်။)

ပူသောဒေသဖြစ်၍ ပုဂံတွင် ယွန်းလုပ်ရန် ကောင်းမွန်သည်။

သို့သော် ပုဂံတွင် ယွန်းလုပ်ရန် ကုန်ကြမ်းမရှိ။ ထို့ကြောင့် သစ်စေး၊ ၀ါး၊ ဆိုးဆေးများကို ၀ယ်ယူရသည်။ (သစ်စေးကို ရှမ်းပြည်က အဓိက၀ယ်သည်။ ၀ါးကို ချင်းတွင်းက အဓိက၀ယ်ရသည်။ အရောင်သွင်းရန် ဆိုးဆေးကို အိန္ဒိယက ၀ယ်သည်)

ကမ္ဘာပေါ်တွင် ဂျပန်နှင့် ဗီယက်နမ်တို့၌လည်း ယွန်းပညာများ ရှိသော်လည်း မြန်မာ (ပုဂံ) ယွန်းပညာတွင် ရုပ်ပုံများကို ကညစ်ဖြင့် ဖော်သည်က အထူးခြားဆုံးဖြစ်ကြောင်း ၀ါရင့် ယွန်းပညာရှင်တဦးက ပြောသည်။

ပုံဂံ၏ ရှေးဟောင်းသုတေသန ပြတိုက်တွင် ယွန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ယွန်းထည်ပစ္စည်းများကို ညောင်ဦးမှ အများဆုံးထွက်ပြီး မုံရွာ၊ ကျောက္ကာ၊ ပြည်၊ စလေ၊ ရှမ်းပြည်တို့က ထွက်ရှိပြီး ဗန်း၊ ဆွဲချိုင့်၊ ဆွမ်းအုပ်၊ သပိတ်၊ လေးလိပ်ပြာခွက်၊ ယွန်းပန်းချီကား၊ ယွန်းသေတတ္တာတို့ ပြုလုပ်ကြကြောင်း၊ အမြင့်မြတ်ဆုံး ယွန်းလုပ်ငန်းအဖြစ် ကြီးမားသော “မံ” ဘုရားကြီးများကို စလေတွင် သွန်းလုပ်ပူဇော်ကြကြောင်း သိရသည်။

ညောင်ဦး ပန်းပုလုပ်ငန်းများလည်း ပျက်

ညောင်ဦးပန်းပုလုပ်ငန်းများတွင် အရောင်းအ၀ယ် မဖြစ်သည့်အတွက် လက်ခစားအလုပ်သမားများကို ပန်းပုအလုပ်ရုံပိုင်ရှင်တို့ လျှော့ချနေရကြောင်း သိရသည်။

“ဒီနှစ်ရောင်းရပုံကတော့ တလလုံးမှာ တသောင်းကျော်လောက်ပဲ ရောင်းရတယ်။ တင်ပြီးရောင်းတဲ့အရုပ်တွေဟာ ကိုယ်ပိုင်ထုတာ အနည်းဆုံး (၃) ထောင်လောက် တန်ဖိုးရှိတဲ့ အရုပ်တွေရှိတယ်။ မိန်းမနဲ့ ကလေးရှိတယ်။ စားစရိတ်အတွက် အရင်လို တွက်ခြေမကိုက်လို့ လက်ခံစားအဖြစ်နဲ့ “ပေါက္ကံ” ပန်းပုလုပ်ငန်းမှာ လခစားသွားလုပ်ပါတယ်” ဟု ညောင်ဦးက လပြည့် ပန်းပု အရောင်းဆိုင် ဖွင့်လှစ်ထားသူက ပြောသည်။

ယင်းဆိုင် အခန်းအကျယ်မှာ (၁၀) ပေပတ်လည်ခန့် ရှိသည်။ “အရင်တုန်းကတော့ဗျာ ပြင်သစ်၊ အမေရိကန်လူမျိုးတွေ ကျနော့်ဆိုင်မှာ အ၀ယ်များတယ်။ ဈေးကိုလည်း သင့်အောင်ပဲယူတယ်ဗျာ။ အများဆုံး ရောင်းရတာက ဘုရားဆင်းတုလေးတွေနဲ့ လပေါ်မှာ ကလေးထိုင်နေတဲ့ အရုပ်မျိုးတွေ” ဟု ၎င်းက ဆိုသည်။

ပေါက္ကံ ပန်းပုအရောင်းဆိုင်နှင့် ပန်းပုလုပ်ငန်းမှာ ညောင်ဦးတွင် အကြီးဆုံးဖြစ်ပြီး လုပ်သားပေါင်း (၅၀) ခန့် ရှိရာမှ ယခုနှစ်တွင် အရောင်းအ၀ယ်မကောင်း၍ ဆွေမျိုးနီးစပ်များကိုသာ လုပ်ခိုင်းတော့ကြောင်း အဆိုပါဆိုင် တာဝန်ရှိသူက ပြောသည်။

၎င်းက “ဒီနှစ် (၅) ဦးနဲ့ (၁၀) ဦးကြားပဲ အလုပ်သမားရှိတော့တာ၊ ဧည့်သည်မှ မရှိတာ။ အရောင်းမကောင်းတော့ ပစ္စည်းတွေက များလာတော့ အလုပ်သမားလျှော့လိုက်တာ” ဟု ပြောသည်။

ညောင်ဦးတွင် ပန်းပုအရောင်းဆိုင် (၁၀) ဆိုင်ခန့်ရှိပြီး ပေါက္ကံမှာ နာမည်ကြီး ဆိုင်တဆိုင်ဖြစ်သည်။ အရောင်းဆိုင်များအားလုံးနီးပါး ရောင်းချမှုမှာ ယခင်နှစ်များထက် ကျဆင်းကြောင်း၊ ၎င်းပန်းပုဆိုင်များ၏ ရောင်းအားအကောင်းဆုံးနှစ်မှာ ပြီးခဲ့သည့် (၅) နှစ်ခန့်က ဖြစ်သည်ဟု ညောင်ဦးရှိ ပန်းပုဆိုင်းများက ပြောသည်။

မြင်းလှည်းသမားလည်း တွက်ခြေမကိုက်တော့

ပုဂံဒေသတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာတွင် မြင်းလှည်းများလည်း ပါဝင်ကြောင်း လွန်ခဲ့သော (၁၀) နှစ်ဝန်းကျင်ကပင် ညောင်ဦး၌ မြင်းလှည်းမောင်း၍ အသက်မွေးဝမ်းကြောင်းပြုလာသူ ကိုပေါက်စီက ပြောသည်။

ပြီးခဲ့သည့် (၃) နှစ်ခန့်က မြင်းလှည်းသမားများ လှည်းကို အနားပေးရသည့်အချိန် မရှိခဲ့သည့်အပြင် အော်ဒါမှာယူ၍ ထားကြသည့်အတွက် မြင်းလှည်းမောင်းသူများ တွက်ခြေမကိုက် ဆိုသည်ကို မကြုံခဲ့ဖူးကြောင်း ညောင်ဦးနှင့် ပုဂံသို့ ပြေးဆွဲမောင်းနှင်နေသည့် ကိုသံခဲက ပြောသည်။

သို့သော် ယခုနှစ်တွင် လူအတွက် စားဝတ်နေရေး တွက်ခြေမကိုက်ရုံသာမက မြင်းအတွက် အစားအစာဝယ်ရန် ငွေကြေးရရှိမှု အနိုင်နိုင်ဖြစ်နေရကြောင်း ၎င်းက ပြောသည်။

“မြင်းလှည်းမောင်းတာ တနေ့ကို တသောင်းရတယ်ပဲ ဥပမာ ဆိုပါစို့။ အဲဒီက (လေးပုံတပုံ၊ သုံးပုံတပုံ) ပဲ မောင်းတဲ့သူက ရတာပါ။ ပိုင်ရှင်ကို ပေးရတာက လေးပုံတပုံ၊ တချို့ သုံးပုံတပုံပေါ့။ အခုက စီးမယ့်သူမရှိတဲ့ရက်တွေ အများကြီး။ မြင်းစာဖိုး မနည်းရှာရတယ်ဗျ” ဟု မြင်းလှည်းမောင်း၍ ကျောက်ဆည်နယ်ဘက်မှ မိဘများကို ထောက့်ပံ့နေသည့် အသက် (၃၀) ကျော် ကိုထွန်းလှက ဆိုသည်။

ညောင်ဦးနှင့်ပုဂံမြို့သစ်ကြား လမ်းဘေးဝဲယာရှိ သစ်ပင်အရိပ်များတွင် မြင်းလှည်းများကို ဟိုတစု၊ ဒီတစု ရပ်နားထားကြကာ မြင်းလှည်းလာရောက် ငှားရမ်းမည့်သူမျာကို မျှော်ရင်း ၎င်းက ပြောခြင်းဖြစ်သည်။

ယခင်နှစ်များက ယခုကဲ့သို့ ရပ်နားထားရသည်များ မရှိကြောင်း၊ အမြဲတမ်း ပြေးဆွဲနေရကြောင်း မြင်းလှည်းမောင်းသူများက ပြောသည်။

ညောင်ဦးနှင့် ပုဂံဒေသတွင် မြင်းလှည်းအရေအတွက် (၂၅၀) ကျော်ရှိကြောင်း၊ ပြီးခဲ့သည့် (၃) နှစ်ခန့်က မြင်းလှည်းမောင်းသူတဦး၏ တနေ့ဝင်ငွေမှာ အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ (၃၀,၀၀၀) ကျပ်ထိ ရရှိသော်လည်း ယခုအခါတွင် အနည်းဆုံး ကျပ် (၅,၀၀၀) ခန့်မှ (၁၀,၀၀၀) ထိ ရရှိကြကြောင်း၊ အချို့မှာ owner ကြေးပေးပြီးပါက မြင်းအတွက် အစာဝယ်ရန်ပင် မကျန်ကြောင်း သိရသည်။

“ဒီဇင်ဘာလလယ်လောက်က တနေ့မှာ (၃,၅၀၀) ကျပ်ရတာ ကြုံဖူးတယ်။ owner ကြေးပေးတယ်၊ ကွမ်းစားတယ်၊ နုတ်လိုက်တော့ (၈၀၀) ကျပ်ပိုတယ်။ ကျနော့်သမီး (မြင်း) အတွက် အစာဝယ်လိုက်တယ်” ဟု ကိုသံခဲက သူ၏အတွေ့အကြုံကို ပြောသည်။

ပုဂံတွင် မြင်းလှည်းမောင်းသူ၊ ဆိုက္ကားနင်းသူ၊ ပုန်းရည်ကြီး၊ သနပ်ခါးတုံး၊ ယွန်း၊ မုန့်ပဲသရေစာ မည်သည့်လုပ်ငန်းများဖြစ်စေ ခရီးသွားကျဆင်းမှုကြောင့် အခက်အခဲ ကြုံနေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပုဂံဒေသသည် မြန်မာနိုင်ငံတွင် ပြည်ပဧည့်သည် အများဆုံးလာရောက်သော ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

ပုဂံမြို့သစ်၊ ပုဂံမြို့ဟောင်း၊ ညောင်ဦး၊ မြင်းကပါ၊ ၀က်ကြီး၊ အင်း၊ သီရိပစ္စယ ဟူသော အရပ်ဒေသတ၀ိုက်တွင် ရှေးဟောင်းစေတီအုပ်ရိုးပေါင်း (၈၀၀) ကျော်နှင့် စေတီပုထိုးပေါင်း (၁,၂၀၀) ခန့်ရှိကြောင်း ရှေးဟောင်း သုသေတနမှတ်တမ်းများအရ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့