..............................

Thursday, May 12, 2011

လောကရဲ့ အမှန်ဆုံး ဓမ္မတရား

လူထုစိန်ဝင်း

Monday, 09 May 2011

လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်နိုင်ငံ တစ်ခု ဖြစ်ဖို့ ဘာ အရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို အခုတလော အမေးများကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး သဘော အကြိုက်ညီဆုံး အဖြေကတော့ အစိုးရကောင်း တစ်ခု ရှိဖို့ပဲဆိုတာ ဖြစ်တယ်။

ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
အစိုးရကောင်း ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။ ဒီလို ကွဲပြား ခြားနားတာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွား နေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာ လူမျိုးတစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့ အကြုံအရ ပြောရမယ် ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။

မကြုံဖူးလို့
ဘာကြောင့်လဲဆိုတော့ အဲဒီအစိုးရမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့လို့ပဲ။ လွတ်လပ်ရေး ရတဲ့ အချိန်မှာ အသက် ရှစ်နှစ်သားပဲ ရှိသေးတယ် ဆိုတော့ ကိုလိုနီခေတ် အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေ ပြောတာလောက်ပဲ ကြားဖူးခဲ့ရ တယ်။ ဖဆပလခေတ် ပါလီမန်ဒီမို ကရေစီကိုတော့ ကောင်းကောင်း သိမီလိုက်တယ်။ အာဏာရပါတီက ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုး ကြိုက်သလို အသုံးချပြီး ထင်သလို လုပ်နေတာတွေလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဓားပြဗိုလ် က အာဏာရပါတီရဲ့ အမတ် ဖြစ်လာပြီး ရမ်းကားချင်တိုင်း ရမ်းကားတာတွေလည်း ကြုံတွေ့ခဲ့ရဖူးတယ်။

လိုလေသေးမရှိ
အဲဒီနောက်ခေတ်တွေမှာလည်း တရားဥပဒေစိုးမိုးရေး ချည့်နဲ့ အားနည်းခဲ့တာပဲ တွေ့ရ ကြုံရတယ်။ အုပ်ချုပ်သူ လူတန်းစားက သူ့အုပ်ချုပ်ရေး တည်မြဲဖို့ အတွက် တရားဥပဒေကို လိုသလို အသုံးချ သွားကြတယ်။ ဘယ်လို အစိုးရမျိုးမဆို ရှိနေတဲ့ တရား ဥပဒေတွေကို လေးစား လိုက်နာပြီး ဥပဒေအတိုင်း အုပ်ချုပ်သွားမယ် ဆိုရင် ဘာမှကို ပြောစရာ မရှိအောင်ကောင်းတဲ့ အစိုးရမျိုး ဖြစ်မှာ သေချာတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားဥပဒေ တွေဟာ အဘက်ဘက်က လိုလေသေး မရှိအောင် ပြည့်စုံ တယ်လို့ ပြောနိုင်လောက်ပါတယ်။ အခုခေတ် ပြောဆိုနေကြတဲ့ လူ့အခွင့်အရေးတို့ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ ဆိုတာတွေ အတွက်လည်း အပြည့်အ၀ အာမခံချက် ပေးထားတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပြီးသားပါ။ နိုင်ငံသားတိုင်းရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ပြဋ္ဌာန်း သတ်မှတ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဘက်ပေါင်းစုံ လိုလေသေး မရှိလို့တောင် ဆိုနိုင်တယ်။

အုပ်စိုးသူများအကျုံးမ၀င်
ဥပဒေတွေက ပြည့်စုံတယ်။ ရှိနေတဲ့ ဥပဒေတွေကို လူတွေက လေးစားလိုက်နာခြင်း မပြုလို့သာ ပြဿနာတွေ ဖြစ်နေရတာပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံအရ ပြောရမယ် ဆိုရင် ခေတ်တိုင်း ခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားများ လိုက်နာဖို့ အတွက်သာ ဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမ၀င်သလို သဘောထား ကြတာပဲ တွေ့ရတယ်။ ဥပဒေကိုသာ အတိအကျ အမှန်အကန် လိုက်နာကြမယ် ဆိုရင် အကျင့်ပျက် ခြစားမှုတွေ၊ အာဏာ အလွဲသုံးစား ပြုမှုတွေ များများစားစား ရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ အကျင့်ပျက် ခြစားမှုတွေ များရတဲ့ အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူ လူတန်းစားက လိုသလို ခြယ်လှယ် အသုံးချနေလို့ ဖြစ်ရတာပါ။

မီဒီယာဆိုတာ အစိုးရမိတ်ဆွေ
အကျင့်ပျက် ခြစားမှုနဲ့ အာဏာ အလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ ဥပဒေစိုးမိုးရေး ခိုင်မာဖို့ အတွက် အကောင်းဆုံး အာမခံချက်ကတော့ သတင်း မီဒီယာတွေ လွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်း မီဒီယာဆိုတာ အစိုးရအတွက် အထူး အားထားရတဲ့ မိတ်ဆွေ ဖြစ်တယ်။ ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို နေ့စဉ် ဖော်ပြ နေတာကြောင့် အစိုးရများ အတွက် အများကြီး အထောက်အကူ ရစေတယ်။ ရှေးခေတ် ရှေးအခါက မင်းကောင်း မင်းမြတ်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်များကို သိဖို့အတွက် ရုပ်ဖျက်ပြီး စနည်းနာ ထွက်ကြလေ့ ရှိကြတယ်။ ၀န်ကြီး ၀န်ကလေးတွေရဲ့ လျှောက်တင်မှု တွေနဲ့တင် ရောင့်ရဲနေလေ့ မရှိကြဘူး။ မှူးကြီး မတ်ကြီးတွေ၊ ၀န်ကြီး ၀န်ကလေးတွေ ဆိုတာက ဘုရင်အကြိုက် ကိုသာ လိုက်ပြီး သံတော်ဦး တင်လေ့ ရှိကြတာ မဟုတ်လား။

သနပ်ခါးလိမ်းပန်းပန်
အခုခေတ်တော့ သတင်းမီဒီယာတွေက တိုင်းသူပြည်သားများရဲ့ အခြေအနေမှန်၊ အဖြစ်အပျက် မှန်တွေကို အမြဲတမ်း ရှာဖွေစူးစမ်း ဖော်ပြနေတာ ဖြစ်လေတော့ အစိုးရများ အနေနဲ့ ရုပ်ဖျက် စနည်းနာဖို့ မလိုတော့ပါဘူး။ အမှန်တွေကို သိနိုင်ပါတယ်။ သတင်း မီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက ဌာနဆိုင်ရာက အစီရင်ခံစာတွေထက် စိတ်ချရပါတယ်။ ဌာနဆိုင်ရာ အစီရင်ခံစာ ဆိုတာက သနပ်ခါးလိမ်း ပန်းပန်ပြီးမှ တင်ပြကြတာ သဘာဝ ဖြစ်တယ်။ သတင်း မီဒီယာကတော့ သနပ်ခါး လိမ်းထားတဲ့ သတင်းဖော်ပြလို့လည်း မျက်နှာကောင်းရစရာ အကြောင်း မရှိတော့ စိတ်မချစရာ မရှိဘူး။

မီဒီယာကိုကူညီသင့်
အဲဒါကြောင့် သတင်းမီဒီယာ ဆိုတာ အစိုးရများ အတွက် မိတ်ကောင်း ဆွေကောင်းလို့ ဆိုခဲ့တာ ဖြစ်တယ်။ ဒီ အချက်ကို အစိုးရများ သဘောပေါက် နားလည်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး တိုးတက်လာအောင် ကူညီ သင့်ပါတယ်။ သတင်းမီဒီယာကို ကူညီခြင်းဟာ အစိုးရကောင်း တစ်ခုရဲ့ သင်္ကေတ ဖြစ်တယ်။ အစိုးရကောင်းရှိမှ သတင်းမီဒီယာကောင်း ရှိနိုင်သလို၊ သတင်း မီဒီယာကောင်း ရှိမှလည်း အစိုးရကောင်း ရှိနိုင်တယ်။ သတင်း မီဒီယာကောင်းက သန့်ရှင်းတဲ့ အုပ်ချုပ်ရေး ယန္တရား ဖြစ်အောင်လည်း ကူညီ ဆောင်ရွက်သေးနိုင်တယ်။

အမှန်ဆုံးဓမ္မတရား
တိုင်းပြည်တစ်ပြည်ကို ဘယ်စနစ်နဲ့ အုပ်ချုပ် အုပ်ချုပ် တရားဥပဒေ စိုးမိုးမှု မရှိရင် ဘယ်နည်းနဲ့မျှ မအောင်မြင် နိုင်ပါဘူး။ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တာတောင် ငြိမ်းချမ်းမှု မရှိဘဲ ဆင်းရဲမှု ချောက်ကမ်းပါးကြီး ထဲက မတက်နိုင်အောင် ဖြစ်နေရတာဟာ အမှန် စင်စစ်တော့ တရားဥပဒေကို မျက်ကွယ် ပြုခဲ့ကြလို့ပါ။ ကမ္ဘာပေါ်က ဆိုရှယ်လစ် နိုင်ငံတွေနဲ့ ကွန်မြူနစ် နိုင်ငံတွေ ပြိုလဲ သွားခဲ့ကြရတာလည်း မတ်ဝါဒက မကောင်းလို့ မဟုတ်ဘဲ အာဏာရှင် စနစ် ကျင့်သုံးပြီး တရားဥပဒေကို မျက်ကွယ် ပြုခဲ့ကြလို့ပဲ ဖြစ်တယ်။ တကယ်တော့ အာဏာရှင် စနစ်ဟာ မတ်ဝါဒ မဟုတ်သလို မတ်ဝါဒဟာလည်း အာဏာရှင်စနစ် မဟုတ်ပါဘူး။ တရားဥပဒေကို နင်းချေပစ်ပြီး ငါတကောကောတဲ့ အာဏာရှင်တွေကြောင့် မတ်ဝါဒ နာမည်ပျက်ရတာ ဖြစ်တယ်။ တရား ဥပဒေကို နင်းချေပစ်ရင် ဘယ်လို အစိုးရမျိုးမဆို ကျဆုံးရမှာပဲ ဖြစ်တယ်။ ဒါဟာ လောကရဲ့ အမှန်ကန်ဆုံး ဓမ္မတရား ဖြစ်တယ်။

Ref: EMG News



Read More...

လာဘ်ပေးလာဘ်ယူ မကိုင်တွယ်နိုင်သေးဟု ၆ ဌာနဝန်ကြီး ဝန်ခံ

မျိုးသိဏ်း
ဗုဒ္ဓဟူးနေ့၊ မေလ ၁၁ ရက် ၂၀၁၁

(မဇ္ဈိမ) ။ ။ ကျွမ်းကျင်ဝန်ထမ်း အစားထိုးရန် အခက်အခဲရှိ၍ လာဘ်ပေးလာဘ်ယူမှု များကို ချက်ချင်း ကိုင်တွယ်ရန် မဖြစ်နိုင် သေးကြောင်း ရန်ကုန်တိုင်း အစိုးရသစ် ဝန်ကြီးဌာန ၆ ခု၏ ဝန်ကြီး ဦးဥာဏ်ထွန်းဦးက အင်္ဂါနေ့က ပြုလုပ်သည့် ပထမဆုံးသော သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ခံ ပြောကြား သွားသည်။

ရန်ကုန်တိုင်းအစိုးရသစ်၏ ရှင်းလင်းပွဲတွင် အစိုးရသစ်၏ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အစီအစဉ်များကို ပြည်တွင်း ဂျာနယ်လစ်တဦးက မေးမြန်းရာ ဝန်ထမ်း အခက်အခဲကြောင့် ချက်ချင်း ဆောင်ရွက်၍ မရကြောင်း ဦးဥာဏ်ထွန်းဦးက ပြန်လည် ဖြေဆိုပြီး အစိုးရသစ်အပေါ် အချိန်ယူ စောင့်ကြည့်ပေးရန် ပြောဆိုသွားခဲ့သည်။

“လာဘ်ပေးလာဘ်ယူကိစ္စ ချက်ခြင်းကြီး မထူးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ချက်ခြင်းကြီး ထူးအောင် လုပ်လိုက်ရင် အခု တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေမရှိရင် ကျန်တဲ့သူတွေ ဘယ်သူ ဆက်လုပ်မလဲ။ ဒီလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေ မရှိ ဖြစ်သွားပါမယ်။ ဒါပေမယ့် အဲဒါတွကြောင့် ဒါကို မျှောပြီး ထားမလားဆိုရင် မဟုတ်ပါဘူး။ အခု ကျနော်တို့ ဝမ်နင် (သတိ) တွေ ပေးနေပါပြီ။ ဝမ်နင်ပေးလို့ မရတဲ့သူတွေ သူ့နေရာကို အစားထိုးနိုင်အောင် အစီအမံတွေ လုပ်နေပါတယ်” ဟု ဦးဥာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်တိုင်း ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစား၊ နိုင်ငံခြားရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးဥာဏ်ထွန်းဦးက လောဘကြီးမှုနှင့် သက်သာချောင်ချိမှု မရှိခြင်းတို့ကြောင့် လာဘ်ပေးလာဘ်ယူမှု ဖြစ်ပွားရခြင်း ဖြစ်၍ လောဘတက် မတရား လာဘ်ယူသူများကို အရေးယူပြီး သက်သာချောင်ချိမှု အစီအမံများ ချမှတ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“Clean Government (သန့်ရှင်းတဲ့အစိုးရ) ဖြစ်ဖို့ Good Governance (အစိုးရကောင်း) လိုပါတယ်။ Good Governance ဆိုတာ စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်ခြင်းလို့ ဗမာလို ပြန်ရပါမယ်။ စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်မှ သာလျှင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ပါလိမ့်မယ်”ဟု ဦးဥာဏ်ထွန်းဦးက ပြောသည်။

နိုင်ငံခြားသတင်းအေဂျင်စီများမှ သတင်းထောက်များကို ဖိတ်ကြားခြင်းမပြုဘဲ ပြည်တွင်း သတင်းဌာန များ၏ သတင်းစာ ဆရာများသာ ဖိတ်ကြားသည့် ရန်ကုန်ပြည်သူ့ လွှတ်တော်တွင် ကျင်းပသော ရှင်းလင်းပွဲတွင် အစိုးရသစ် အနေဖြင့် လုပ်ငန်းခွင် လုပ်သက် ရက် ၂ဝ ခန့်သာ ရှိသေးကြောင်း ပြောဆိုပြီး ယင်းကာလအတွင်း ဒုစရိုက်နှိမ်နင်းရေး၊ စည်ပင်သာယာရေး၊ လျှပ်စစ်မီးရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လဲလှယ်သည့် ကိစ္စများကို ပြုလုပ်ခဲ့သည်ဟု ရှင်းလင်း ပြောဆိုသွားသည်။

အစိုးရသစ်အနေဖြင့် အမြင်မတော်သည်များကို ချက်ခြင်းရှင်းလင်းဆောင်ရွက်နေကြောင်း သာဓကအဖြစ် ဓါတ်ဆီ တရက် ၂ ဂါလံ ထုတ်စနစ် ပြောင်းလဲ လိုက်သဖြင့် ဆီဆိုင်များတွင် တန်းစီနေသည့် ကားများ ရှင်းလင်း သွားသည်ဟုလည်း ဆိုသည်။

“ကျနော်တို့ အစိုးရကို အယုံအကြည်မရှိတဲ့ အဖြစ်ကို ကျနော်ကိုယ်တိုင်က မနှစ်မြို့သလို ကျနော့်ထက် ကြီးတဲ့ သူတွေကလဲ မနှစ်မြို့ပါဘူး” ဟု သူက ဆိုသည်။

အစိုးရသစ်အနေဖြင့် ပြည်သူများ၏ အခြေအနေမှန်ကို မီဒီယာများမှ တဆင့်သိလိုပြီး အစိုးရ၏ စေတနာထား ဆောင်ရွက်မှု ကိုလည်း မီဒီယာများက အရောင်ဆိုး ဆေးခြယ်ခြင်း မရှိဘဲ ပြည်သူများသိရန် ဖော်ပြဖို့လိုကြောင်း ပြောသည်။

သို့သော် စာပေလွတ်လပ်ခွင့်အတွက်ကိုမူ “လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်တဲ့ဟာ မပါရင် ဘာမှ လွတ်လွတ်လပ်လပ် မရေးနိုင်စရာ မရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ထိခိုက်နိုင်တဲ့ အကြောင်းအရာတွေ ကတော့ လုပ်ခွင့် မရှိသလို၊ ရေးသား ပြောဆိုခွင့်လဲ မရှိပါဘူး။ အဲဒါနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ သတင်း စီစစ်ရေးအဖွဲ့က ဆုံးဖြတ် ပါလိမ့်မယ်။ ကျနော်တို့ အလုပ် မဟုတ်ပါဘူး”ဟု ဦးဥာဏ်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းအစိုးရသစ်အနေဖြင့် မီဒီယာများနှင့် တပတ်တကြိမ် အင်္ဂါနေ့တိုင်းတွေ့ရန် စီစဉ် ထားကြောင်းနှင့် ဝန်ကြီးဌာန အလိုက် သက်ဆိုင်သူ များက တိကျစွာ ပြန်လည် ဖြေဆိုနိုင်ရန် မေးခွန်းများကို ကြိုတင် ပေးပို့ထားရန် လိုကြောင်းလည်း သူက ပြောခဲ့သည်။


Ref: မဇ္ဈိမ

Read More...

ကုလအထူးကိုယ်စားလှယ် ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ရောက်ရှိ

ဦးအောင်လွင်ဦး
ဗုဒ္ဓဟူး, 11 မေ 2011

မြန်မာအစိုးရသစ် တာဝန်ရှိသူတွေ အပါအ၀င်၊ နိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ဒီကနေ့ ရောက်နေပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ်အဖြစ် သွားရောက်နေတဲ့ ဒီခရီးစဉ် အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ တုံ့ပြန်မှုတွေက ဘယ်လို ရှိနေပါသလဲ။ ဒီအကြောင်း အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား ၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာပြီး အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို ရောက်နေတာ ဖြစ်ပါတယ်။ အခု ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေသာမက တိုင်းပြည်တွင်းက တခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း အင်္ဂါနေ့တုန်းက ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူး ချုပ်ရဲ့ ပြောခွင့်ရသူက ပြောဆို ထားတာမို့ နေပြည်တော်မှာ အစိုးရသစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။

မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ခရီးစဉ် ဖြစ်တဲ့အကြောင်းကိုတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ လက်ထောက် ပြောခွင့်ရသူ ဖာဟန် ဟပ်ခ် (Farhan Haq) က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အတွင်းရေးမှူးချုပ်ရုံးက အပ်နှင်းထားတဲ့ တာဝန်တွေကို အကောင်အထည် ဖော်ရာမှာ အထူးအကြံပေး ပုဂ္ဂိုလ် အနေနဲ့ အသစ် ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရ၊ လူမှု အဖွဲ့အစည်းတွေနဲ့ သာမက တခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့လည်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ တွေ့ဆုံသွားမှာပါ။”

မြန်မာနိုင်ငံမှာ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် ပထမဆုံးအကြိမ် ကုလသမဂ္ဂရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တဦး အဖြစ်နဲ့ ရောက်ရှိ လာတာ ဖြစ်ပါတယ်။ မြန်မာအစိုးရက နိုင်ငံရေး အပြောင်းအလဲတွေကို ဦးတည်တဲ့ လုပ်ငန်းစဉ်အဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီနှစ်ဆန်းပိုင်းမှာ အစိုးရသစ် တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ဒါပေမဲ့လည်း စစ်တပ်က ကျောထောက် နောက်ခံ ပေးထားတဲ့ နိုင်ငံရေး ပါတီကသာ အများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတဲ့ အခြေအနေမှာ မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ပါဝင်ယှဉ်ပြိုင်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရွေးကောက်ပွဲနောက်ပိုင်း အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့ ဒီလို မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်း သွားနိုင်ဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေရာမှာ အခု အထူး ကိုယ်စားလှယ် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ တာဝန် ရှိသူတွေနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ ဖာဟန် ဟပ်ခ်က ပြောပါတယ်။

“သက်ဆိုင်သူပုဂ္ဂိုလ် အများအပြား ပါဝင်ကြမှာပါ။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ပါ တွေ့ဆုံဖို့ မျှော်လင့် ထားတယ်ဆိုတာ ကျနော် သိထားပါတယ်။”

နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စု ကတော့ အထူး ကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အပေါ် သတိနဲ့ ကြိုဆိုခဲ့တာပါ။ မြန်မာ အစိုးရဘက်က ဒီမိုကရေစီရေး ဦးတည်တဲ့ လုပ်ရပ်တွေ မမြင်ရသေးတဲ့ အတွက် သံသယတွေ ရှိနေဆဲ ဖြစ်ပေမဲ့လည်း ထိတွေ့ ဆက်ဆံမှုတွေ၊ ပြုပြင် ပြောင်းလဲရေးတွေ တိုးမြှင့်သွားမယ့် အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားရဲ့ ခရီးစဉ်ကို ကြိုဆိုပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့လည်း အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေလို နှစ်လမ်းသွား ချဉ်းကပ်တဲ့ မူဝါဒ တွေကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

အကြမ်းဖက် အစီအစဉ်သစ်တွေ ဘင်လာဒင့် မှတ်တမ်းစာအုပ်မှာ တွေ့ရ

ဗုဒ္ဓဟူး, 11 မေ 2011

အမေရိကန်က သတ်ပစ်လိုက်ပြီဖြစ်တဲ့ အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ရဲ့ ကိုယ်ရေး မှတ်တမ်းထဲမှာ အနာဂတ်မှာ လုပ်ဆောင်သွားမယ့် အကြမ်းဖက် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်ပြီး ဘင်လာဒင်ဟာ တခြား အကြမ်းဖက် သမားတွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုတာ ပြနေတယ်လို့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ အမေရိကန်ရေတပ် Navy SEAL အထူးတပ်ဖွဲ့ဝင် တွေက အိုစမာ ဘင်လာဒင်ကို သတ်ပစ်ခဲ့တဲ့ ပါကစ္စတန် မြောက်ပိုင်းက အိမ်ဝင်းထဲကနေ အဲဒီ မှတ်တမ်းစာအုပ်ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး ခေါင်းဆောင်ဟောင်း ကိုယ်တိုင် ရေးခဲ့တယ်လို့ ယုံကြည်ရတဲ့ အဲဒီ မှတ်တမ်း စာအုပ်ထဲမှာ အကြမ်းဖက် ကွန်ရက် အဖွဲ့ရဲ့ လမ်းစဉ်၊ ဖြစ်နိုင်ဖွယ် ပစ်မှတ်တွေနဲ့ ဘယ်လို တိုက်ခိုက်မယ် ဆိုတာတွေ အသေးစိတ် ပါတယ်လို့ အမည် မဖော်လိုတဲ့ တာဝန် ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ အရေးကြီးပုံနဲ့ဆိုင်တဲ့ အချက်အလက်တွေ အိုစမာ ဘင်လာဒင်ရဲ့ မှတ်တမ်း စာအုပ်ထဲမှာ ပါဝင်ပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးပါတီများ ကုလ ကိုယ်စားလှယ်နဲ့ တွေ့ဆုံရန် ပြင်ဆင်

မနန္ဒာချမ်း
ဗုဒ္ဓဟူး, 11 မေ 2011

အခုလက်ရှိ မြန်မာပြည်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ သူ့ရဲ့ ခရီးစဉ် အတွင်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီ တော်တော် များများနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါ ယေဘုယျအားဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စကို နိုင်ငံရေး ပါတီတွေဘက်က တင်ပြသွားဖို့ ပြင်ဆင် ထားကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ မေလ ၁၂ ရက် ကြာသပတေးနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ တွေ့ဆုံရမယ့် နေရာနဲ့ အချိန်ကိုတော့ အတိအကျ မသိရသေးပေမဲ့ ကြာသပတေးနေ့မှာ တွေ့မယ် ဆိုတဲ့အကြောင်း NLD ရုံးကို အကြောင်းကြားထားတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

အဲဒီလို မစ္စတာ နမ်ဘီးယားနဲ့ တွေ့ဖြစ်တဲ့အခါမှာ NLD ပါတီ အနေနဲ့ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံရေး ပြဿနာတွေကို တင်ပြ ဆွေးနွေးပြီး ရွေးကောက်ပွဲ နောက်ပိုင်း တက်လာတဲ့ အစိုးရသစ်နဲ့ NLD ပါတီအကြား တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကုလသမဂ္ဂ အနေနဲ့ ကူညီ ဆောင်ရွက်ပေးဖို့ အတွက် တင်ပြသွားဖို့ ရှိတယ်လို့ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“ကျနော့်သဘော ပြောရရင်တော့ မြန်မာနိုင်ငံမှာက စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ်၊ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံဖြစ်အောင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ ဖြစ်ပေါ်စေချင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်တွေ၊ အခုဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ ဒီဘက်က လူထုခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပါလို့ ကျနော်တို့က အကြိမ်ပေါင်းများစွာ တောင်းဆိုနေတယ်။ အခုထက်ထိ အထ မမြောက်သေးဘူး။

“အခု ရွေးကောက်ခံ အစိုးရက ဖိတ်ကြားလို့ ရောက်လာတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ကြီးက အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်အောင်များ ဆောင်ရွက် ပေးနိုင်မလားလို့ ကျနော်တို့ မျှော်လင့်တယ်။ အဲဒီအချက်ကို ကျနော်တို့ တင်ပြ တောင်းဆိုမယ်။”

ဒါ့အပြင် မြန်မာနိုင်ငံတ၀န်း တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေနဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေအပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာ ပြေလည်စေဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး ကိုလည်း ကူညီ ဆောင်ရွက်ပေးဖို့ မစ္စတာ ဗီဂျေး နမ်ဘီးယားကို တင်ပြသွားမယ်လို့လည်း ဦးအုန်းကြိုင်က အခုလို ဆက်ပြောပြ ပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးတော့ များလာတယ်။ အထူးသဖြင့် ပိုစိုးရိမ်စရာ ကောင်းတာက နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး နယ်စပ်မှာ ဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခတွေဟာ ပိုပြီးတော့ ပြင်းထန်လာတဲ့ သဘော ဆောင်နေတယ်။ ဒါတွေဟာ ပိုပြီးတော့ ကြီးမားတဲ့ အန္တရာယ်တွေများ ဖြစ်လာလေမလားလို့ ပြည်သူ လူထုကလည်း စိုးရိမ်နေတယ်။ အဲဒီကိစ္စတွေကို ငြိမ်းချမ်းစွာ ပြေလည်အောင် ဖြေရှင်းဖို့အတွက် တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးစေချင်တယ်။ ဒါက တချက်ပေါ့။

“နောက်တချက်ကတော့ ကျနော်တို့လည်း မျှော်လင့်နေကြတာပဲ၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာလေ မလား၊ လွတ်လာလေ မလားနဲ့၊ လွှတ်တော်ကြီး ပြီးလို့ တလ ကျော်သွားပြီပေါ့ဗျာ၊ နိုင်ငံရေး အကျဉ်းသားတွေက အခုထိ အရိပ်အယောင်တောင် မတွေ့ရသေးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ရေး ဆိုတာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အလွန် အခရာကျတဲ့၊ ပထမဦးဆုံး လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်ဗျ။ အဲဒီလုပ်ငန်းကိုလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်ကြီး အနေနဲ့ ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာလည်း ကြိုးပမ်းပေးပါလို့ ကျနော်တို့ဘက်က ပြောချင်ပါတယ်။”

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ ဒါဟာ ဒုတိယ အကြိမ် ဖြစ်ပြီး မနှစ်က နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး နောက်ပိုင်းမှာ ပထမအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင် တွေနဲ့ တွေ့ဆုံပြီးရင် မေလ ၁၃ ရက် သောကြာနေ့ မနက်မှာတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီက ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ၅ ခုက ခေါင်းဆောင်တွေ ပါဝင်တဲ့ ဒီမိုကရေစီ မိတ်ဆွေများပါတီ ၁၁ ဖွဲ့နဲ့လည်း မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ရုံးမှာ တွေ့ဆုံဖို့ ရှိပါတယ်။

အဲဒီလို တွေ့ဆုံတဲ့အခါ NDF ပါတီအနေနဲ့ တိုင်းပြည်တွင်းက ပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီ ဖြေရှင်းပေးသွားဖို့ ကိစ္စတွေ တင်ပြသွားဖို့ ရှိတယ်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပြပါတယ်။

“အဓိကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ လူမှုရေး ဒုက္ခတွေပေါ့ဗျာ၊ စီးပွားရေး ချွတ်ခြုံကျတာတွေ၊ အဲဒါတွေကို ထောက်ပံ့ဖို့ အတွက် ကုလသမဂ္ဂ အစီအစဉ် အရလည်းကောင်း၊ တခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေက လည်းကောင်း၊ အကူအညီတွေကို ဒေသတွင်း နိုင်ငံတွေမှာရတဲ့ နှုန်းထားတွေနဲ့ မနိမ့်ကျဘဲနဲ့ တိုးမြှင့်ပေးနိုင်အောင် ပြောရမယ့် အပိုင်းတွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့အတွက်လည်း ကျနော်တို့ သူနဲ့ ဆွေးနွေးဖို့အကြောင်း ရှိမှာပါ။ နောက် စီးပွားရေး ပိတ်ဆို့မှုပေါ့၊ ဒါလည်း သူမေးလို့ရှိရင် ဖြေဖို့ရှိပါတယ်။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာ့စီးပွားရေး ၅.၈ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ဟု UNESCAP ခန့်မှန်း

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ မေလ ၁၁ ရက် ၂၀၁၁

နယူးဒေလီ ။ ။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း GDP သည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး လာမယ့်နှစ်တွင် ၅.၈ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်း ကုလသမဂ္ဂ အာရှ-ပစိဖိတ် ဒေသရေးရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် - UNESCAP က ခန့်မှန်းထားသည်။

မေလ ၅ ရက်နေ့က ထုတ်ပြန်သည့် UNESCAP ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ထုတ်ပြန်ချက် စစ်တမ်းတွင် မြန်မာနိုင်ငံ၌ ၂ဝဝ၈-၂ဝဝ၉ အတွင်း ကမ္ဘာ့ စီးပွားရေးပျက်ကပ် အရှိန်ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၄.၉ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် စွမ်းအင် ကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှု ပိုလာခြင်းကြောင့် စီးပွားရေး တိုးတက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်တမ်းမှာ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရရှိသည့် အချက်အလက်များကို အခြေခံထားပြီး ဖြစ်သည်။

အစီရင်ခံစာအရ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူများမှာ အာရှ ဒေသ တွင်းမှ ဖြစ်ကြပြီး ၂ဝ၁ဝ ခုနှစ် ပထမ ၁ဝလပိုင်း ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံထိ ရှိကြောင်း သိရသည်။ ယင်းပြင် ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း ရင်းနှီး မြှုပ်နှံမှုများ ရှိသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံတခုတည်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သတ္ထုတွင်း လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှုံမှုပမာဏ အမေရိကန်ဒေါ်လာ ၇.၇၅၄ ဘီလျံရှိခဲ့ပြီး ကိုရီးယား၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုနှင့်ပါ ဆိုလျှင် ၁၈.၃၇၅ ဘီလျံအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် သုတေသန အရာရှိ ပြောကြားချက်ကို ကိုးကား၍ Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်သည့် UNESCAP ၏ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုနှုန်းမှာ အစစ်အမှန် စီးပွားရေး တိုးတက်နှုန်း Real GDP ဟု ဖော်ပြ ထားသော်လည်း အမည်ခံ စီးပွားရေး တိုးတက်မှုနှုန်း - Nominal GDP သာဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။ အမေရိကန်နိုင်ငံ ဗဟို ထောက်လှမ်းရေးအဖွဲ့ - CIA ၏ အင်တာနက် စာမျက်နှာတွင်မူ အစစ်အမှန် GDP မှာ ၃.၁ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားသည်။

“Nominal ဆိုတာက အခုလက်ရှိ ငွေတန်ဖိုး အတိုင်း တွက်ထားတဲ့ GDP ပေါ့ဗျာ။ အဲဒါကို Nominal GDP လို့ ခေါ်တာ။ အဲဒါမှ မဟုတ်ဘဲနဲ့ Real GDP လို့ ခေါ်တာ ရှိသေးတယ်။ Real GDP ဆိုတဲ့သဘောက အဲဒီ့ဥစ္စာကို ငွေကြေး ဖောင်းပွမှုနဲ့ ပြန်ပြီးတော့ စားလိုက် တယ်ပေါ့ဗျာ။ ပြန်စား လိုက်လို့ရှိရင် ခုနကဟာထက်ကို နိမ့်သွားတယ်။ ဒါပေမဲ့ သူက တကယ့် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှု အစစ် သဘောမျိုး ပြတဲ့ သဘောမျိုးပေါ့” ဟု ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁ဝ ခုနှစ်အတွင်း ၇.၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စားသောက်ကုန် ဈေးနှုန်း မြင့်တက်ခြင်း ကလည်း အကြောင်းရင်း တရပ်ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CIA ကမူ ငွေဖောင်းပွမှု ၉.၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများအတွက် လာမယ့်နှစ်အတွင်း စီးပွားရေး တိုးတက်မှုကို ထိခိုက်နိုင်မည့် အန္တရာယ် အဖြစ် စားနပ်ရိက္ခာ ကုန်ပစ္စည်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုများ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် မြန်မာနိုင်ငံအတွက်မူ စိုးရိမ်ချက်မှုမှာ အန္တရာယ်ပေးနိုင်မည် မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုက ပြောသည်။

“စားနပ်ရိက္ခာတွေက ဆရာတို့ဆီမှာ ထုတ်လုပ်နေတာလေ။ အဲဒီ့က သွင်းရတာမဟုတ်ဘူး။ သွင်းရတာ မဟုတ်တော့ ထူးထူး ခြားခြား ဆရာတို့ ထိခိုက်မယ် မယူဆဘူး။ ရေနံကလည်း ကိုယ်က ရောင်းတာလည်း ရှိတယ်။ ကိုယ်က ဝယ်တာလည်း ရှိတယ်ပေါ့။ ဆိုတော့ ဒီနှစ်ခုကို ချေလိုက်မယ် ဆိုရင်ကတော့ တကယ်လို့ ဈေးတက်ရင် ကိုယ်ရောင်းရတဲ့ ဟာလည်း ဈေးတက်နိုင်တယ်။ ဒီတော့ ဒီဟာကြောင့်မို့ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ၊ ငွေဖောင်းပွမှုတွေ ရှိလိမ့်မယ်လို့ ဆရာကတော့ မယူဆဘူး” ဟု ဦးခင်မောင်ညိုက ပြောသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို တွက်ချက်ရာတွင် ဧပြီလ ၁ ရက်နေ့မှ စတင်၍ မတ်လ ၃၁ ရက်နေ့တွင် အထိဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံတွင်း နိုင်ငံခြားသား တရားမဝင် နေထိုင်မှုရှိ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မေလ ၁၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းအောက်ရှိ ကုမ္ပဏီများနှင့် ဟိုတယ်များ၌ လုပ်ကိုင်သော နိုင်ငံခြားသား အချို့ အလုပ် ထွက်သည့်အခါ ဗီဇာရက်လွန် နေထိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသား ကျွမ်းကျင်ဝန်ထမ်းများ အလုပ်ထွက်သွားလျှင် ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ရန် မေလ ၄ ရက်နေ့ ရက်စွဲတပ် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၏ ခရီးသွား လုပ်ငန်းရှင်များသို့ ပေးပို့သော ညွှန်ကြားချက်တွင် ပါရှိသည်။

တရားမဝင် နေထိုင်သော နိုင်ငံခြားသား အရေအတွက်ကို ပြောကြားရန် ဦးဌေးအောင်က ငြင်းဆိုသော်လည်း “တိုးရစ်တွေက ဒီလို နေတာပြုတာတွေက၊ အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ဖြစ်လာတတ်တဲ့ အတွက် ဒါကို သတိထားဖို့ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားကိုခန့်အပ်လိုလျင် (သို့မဟုတ်) ဗီဇာသက်တမ်းတိုးမြှင့်လျှင် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနသို့ တင်ပြရပြီး၊ ဒုဝန်ကြီး ကိုယ်တိုင် စိစစ်သည်။

သက်တမ်းတိုးမြှင့်ရာ၌လည်း နိုင်ငံခြားသားအနေဖြင့် ဝင်ငွေခွန် ထမ်းဆောင်မှု ရှိ/မရှိ ကိုပါ စစ်ဆေးလေ့ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝန်ကြီးဌာနအဆိုအရ နိုင်ငံခြားသားများသည် အလုပ်မှထွက်သည့်အခါ ဗီဇာသက်တမ်း မတိုးတော့ဘဲ ရက်လွန် နေထိုင်လေ့ ရှိကြသည်ဟု ဆိုသည်။

အလုပ်ရှင်များက နိုင်ငံခြားသား ဌားရမ်း အသုံးပြုမှု မှတ်တမ်းများ ပြည့်စုံမှန်ကန်စွာ ထိန်းသိမ်း ဆောင်ရွက် ပေးရန်လည်း ညွှန်ကြားချက်တွင် ပါရှိသည်။

အလားတူ သဘာဝ နယ်မြေများအတွင်း ပြည်တွင်းပြည်ပ ခရီးသည်များ ဝင်ရောက်လည်ပတ်ခွင့် ရရန် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း ကော်မတီသို့ ခွင့်ပြုချက် တောင်းခံသွားရန်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ရုံးက ညွန်ကြားချက် ထုတ်ပြန်ခဲ့သေးသည်။

ခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုခွင့် ပြုထားသည့် ဥယျာဉ်/ဘေးမဲ့တောများနှင့် ဆင်စခန်းများသို့ သွားရောက် ကြည့်ရှုခွင့်၊ လေ့လာခွင့်၊ အပန်းဖြေခွင့်တို့ကို ယခင်က ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ဆက်သွယ်ရေးရုံး ထားရှိ ခဲ့သော်လည်း ယခုအခါ သစ်တောရေးရာ ဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းရသည်။


Ref: မဇ္ဈိမ

Read More...

အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးနိုင်

သင်းအောင်
Wednesday, 11 May 2011

နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပြောဆိုလိုက်သည်။

ယမန်နေ့ညနေက ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် မီဒီယာများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောဆိုခြင်း ဖြစ်သည်။

“လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်စရာမပါရင် ဘာမှ လွတ်လွတ် လပ်လပ် မရေးနိုင်စရာ အကြောင်း မရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိခိုက်မယ့် အကြောင်းအရာတွေ ကတော့ လုပ်ခွင့် မရှိသလို သတင်းလည်း ထုတ်ပြန်ခွင့် မရှိပါဘူး။ အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာ သတင်း စိစစ်ရေးဘက်က ဆုံးဖြတ် ပါလိမ့်မယ်” ဟု ဦးဉာဏ်ထွန်းဦးက ဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ နှစ်ဦးသာ လာရောက်ပြီး စာနယ်ဇင်း သမားများ မျှော်လင့် ထားသကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခြင်း မရှိခဲ့ပေ။

“ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်မယ်လို့ အားလုံးက မျှော်မှန်းနေကြတာ။ ဝန်ကြီး ဦးဉာဏ်ထွန်းဦး တက်ရောက်လာတော့ ဘယ်သူလဲလို့ အချင်းချင်း လက်တို့ မေးကြရတယ်” ဟု အယ်ဒီတာတဦးက ပြောသည်။

အခမ်းအနားစသည်နှင့် ဦးဉာဏ်ထွန်းဦးက ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများ ပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက် စွန့်ပစ်မှု၊ ပလတ်စတစ် အန္တရာယ်၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု၊ ယခုလပိုင်းများ အတွင်း လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိနေမှု၊ ရပ်ကွက် လူထုမှ လိုလားသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်နိုင်ခြင်း တို့ကို ပြောဆိုသွားကြောင်း သိရသည်။

ထို့နောက် ဦးဉာဏ်ထွန်းဦးက မေးခွန်းများ မေးမြန်းရန် စာနယ်ဇင်းသမားများကို စာရင်းဖြင့် ခေါ်ဆိုသော်လည်း ဦးဉာဏ်ထွန်းဦး၏ လက်ခံ စာရင်းပါ စာနယ်ဇင်းသမား တဦးမျှ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိကြောင်း၊ ထိုအခါမှ ဦးဉာဏ်ထွန်းဦးက တက်ရောက် လာသူများထဲမှ တချို့ကို မေးမြန်းခွင့် ပြုကြောင်း သိရသည်။

လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သတင်းထောက်များ မေးမြန်းသည့် မေးခွန်းတိုင်းကို ဝန်ကြီး ဦးဉာဏ်ထွန်း အနေဖြင့် ဖြေဆိုမည်လားဟု မေးမြန်းရာ Cross (တန်ပြန်) မေးခွန်း၊ အရောင်ပါသော မေးခွန်းများ မေးပါက အခမ်းအနား ရုပ်သိမ်းမည် ဖြစ်ကြောင်း၊ အစိုးရကို မထိခိုက်လျှင် ရေသားခွင့် ရှိသဖြင့် ဖြေကြားမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။

လာဘ်ပေးလာဘ်ယူကိစ္စနှင့် ပတ်သက်၍ သတင်းထောက်တဦး၏ မေးမြန်းချက်ကို ဦးဉာဏ်ထွန်းဦးက လာဘ်ပေး လာဘ်ယူ ကိစ္စများကို ချက်ချင်း အရေး မယူနိုင်သေးကြောင်း၊ အရေးယူမှုများ လုပ်လျှင် လုပ်ငန်း ကျွမ်းကျင်သူ မရှိ ဖြစ်မည်စိုး၍ သတိ ပေးထားကြောင်း၊ သတိပေး၍ မရလျှင် ဝန်ထမ်း အစားထိုးနိုင်ရန် စီမံနေကြောင်း ဖြေကြားသွားသည်။

ပြည်သူလူထုက အစိုးရကို အယုံအကြည်မရှိ ခံစားရသည့် အဖြစ်ကို မနှစ်မြို့ကြောင်း၊ အထက်လူကြီးများက ပို၍ မနှစ်မြို့ကြောင်းလည်း ဦးဉာဏ်ထွန်းဦးက ပြောသည်။

7 Day News ဂျာနယ်မှ အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ကမ်းနားလမ်းသစ် ဖောက်လုပ်ရာတွင် ဖျက်သိမ်း ခံရသော အိမ်များအတွက် လျော်ကြေး ပေးခြင်း ရှိမရှိ မေးရာ အစိုးရအဖွဲ့က အားလုံးကို နစ်နာကြေး ပေးကြောင်း၊ နစ်နာကြေး လိုချင်သဖြင့် တဲလာထိုးသူများကိုမှု မပေးကြောင်း ဦးဉာဏ်ထွန်းဦးက ဖြေကြားသည်။

အပတ်စဉ် အင်္ဂါနေ့တိုင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တခြား ဝန်ကြီးဌာနများသို့ ဆက်သွယ် ဖြေကြားရမည် ဖြစ်သဖြင့် အင်္ဂါနေ့ မတိုင်မီ မေးလိုသည့် မေးခွန်းများ ကြိုတင် ပေးပို့ရန်နှင့် အဆင်မပြေသော ရက်များတွင် တွေ့ဆုံမှုကို ရက်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။

အစိုးရဌာနအလိုက် ကိုယ်စားပြု ဖြေကြားခြင်း မဟုတ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာနယ်ဇင်း တွေ့ဆုံမှုသည် ဖရိုဖရဲ နိုင်သည်ဟု တက်ရောက်သည့် သတင်းထောက်တဦးက ပြောသည်။

ညနေ ၅ နာရီ ၁၅ မိနစ်မှ ၆ နာရီခွဲအထိ ကျင်းပသော အဆိုပါ တွေ့ဆုံပွဲသို့ ဂျာနယ် ၁၀ စောင်မှ စာနယ်ဇင်းသမား ၃၀ ကျော် တက်ရောက်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ကော့ကရိတ်တွင် တိုက်ပွဲထပ်ဖြစ်

Wednesday, 11 May 2011

ကော့ကရိတ်မြို့ပြင်ရှိ မြန်မာအစိုးရ စစ်တပ်နှင့် လုံခြုံရေးစခန်း ၈ ခုကို ယနေ့နံနက် ၅ နာရီခွဲက ကရင် လက်နက်ကိုင် ပူးပေါင်း တပ်ဖွဲ့များတို့ ၀င်ရောက် တိုက်ခိုက်ရာ အစိုးတပ် အရာရှိတဦးနှင့် စစ်သားတဦး သေဆုံးကြောင်း သိရသည်။

ကော့ကရိတ်မြို့ခံ တဦးက “ကရင်သူပုန်တွေ ကော့ကရိတ်မြို့ပြင်မှာ ရှိတဲ့ နေရာ ၈ နေရာ လောက်ကို ၀င်ပစ်တာ။ လျှပ်တပြက် တိုက်တာ ဆိုတော့ ဒီဘက်လူတွေ အထိအခိုက် များတယ်။ သူတို့တွေ မနက် ၈ နာရီခွဲ လောက်မှာ ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး ကျော်သက် ဦးစီးသည့် အဖွဲ့နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကလို့ထူး ဦးစီးသော ပူးပေါင်း တပ်ဖွဲ့တို့က ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်ပူးပေါင်းအဖွဲ့မှ တပ်မှူးတဦးက ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃၀) တပ်ရင်း ၉၇ အပါအ၀င် မြန်မာအစိုးရ တပ်စခန်းနှင့် လုံခြုံရေးဂိတ် ၈ ခုထက် မနည်းကို ယနေ့နံနက်က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု အတည်ပြု ပြောဆိုသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိသည်ဟု သိရသော်လည်း ကရင် ပူးပေါင်းတပ်ဖွဲ့မှ ယင်းကိစ္စကို တရားဝင် ပြောကြားခြင်း မရှိပေ။

အဆိုပါ တိုက်ပွဲကြောင့် ကော့ကရိတ်မှ မြ၀တီသို့ ထွက်ခွာမည့် မော်တော်ယာဉ်တန်းများ နာရီ အတော်ကြာ ရပ်နား ခဲ့ရသည်ဟု ကုန်သည်များက ပြောသည်။

“ဒီနေ့က ယာဉ်တန်း အတက်ရက်။ ကျမတို့ ကားက ကော့ကရိတ်ကနေ မနက် ၆ နာရီ ဆိုရင် မြ၀တီကို တက်လို့ရပြီ။ ဒီနေ့မနက်မှာ ကော့ကရိတ်မြို့ ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ မနက် ၉ နာရီကျော်မှ ကားထွက်ရတယ်။ ကရင် သူပုန်တွေကလည်း ခဏခဏတော့ လာတိုက်နေတာပဲ။ ဒီနေ့ အထိတော့ ဘာမှ ဟုတ်တိပတိ မရှိသေးဘူး။ ကြားထဲမှာ လုပ်စား ကိုင်စားရတဲ့ လူတွေပဲ ဒုက္ခ ရောက်တယ်” ဟု ကုန်သည် တဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, May 11, 2011

ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ်

အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁

(စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန် ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက် ကျောင်းသားများ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေ လှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး များသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိ အဖြစ် ရွေးချယ် ခံခဲ့ရသည်။

၉၂ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များ အပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေ စိစစ်ရေး စသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ် မေးမြန်းထားသည်။

ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေ ဖြတ်သန်းမှု ယှဉ်ပြ ပေးပါလား။

“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီ အချိန်တုန်းက စာပေသစ်လို့ ကြွေးကြော် လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ် တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့ မရဘူး။ အဲဒီတော့ နိုင်ငံခြား ထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည် သားတွေ သူများတွေ ခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”

အခုခေတ်လူငယ် အများအပြားက မြန်မာ့ သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။


“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာ တခုက အမျိုးသမီး တယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ် ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ် ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”

မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံ ပြောပါအုံး။

“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာ ရောက်တယ်။ စာပေမှာလည်း စကားလုံး အသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ် အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်း ရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။

“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်း တပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါ နီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။

“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲ ကြီးတယ်ဗျ၊ သူက တကယ် ရိုးသားတယ်ဗျ။ အာဏာ လုံးဝ မမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်း ကတော့ ရှိပုံရတယ်”

အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လို သုံးသပ်လဲ ခင်ဗျ။

“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့ အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ် စာပေလို့ ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေး မကြီးဘူး။ ခေတ်အလိုက် ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”

အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲ ခင်ဗျ။

“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော် စာပေ ဆိုတာ ခေတ်ရဲ့ အဖြစ် အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်း မြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေ ကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”

စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။

“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။

“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်း ကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာ ရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲ ခင်ဗျ။

“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်း ချင်တာက ငြိမ်းချမ်းရေး အဖွဲ့တွေ နယ်တိုင်း ရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲ ဖြစ်ဖြစ် ဘယ်သူ လုပ်လုပ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်း ကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့ အချိန်မှာ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင် သွားမှာပဲ”

၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လို သုံးသပ် မိပါသလဲ။

“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမား ဆိုတာ ဒါမျိုး မဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ် ဆိုတဲ့ ဟာကိုလည်း ကောင်းကောင်း နားလည်ပုံ မရဘူး။ ကိုအောင်ဆန်းကတော့ ကောင်းကောင်း နားလည်တယ်။ သူက စာဖတ် ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံ မရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန် တူတယ်။ အဲဒီတော့ သူက အာဏာ ရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”

ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုး တမျိုးမှာ သူ့မှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့် ရှိရမယ်”

တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။

“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင် သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”

ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။

“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့ စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေး နည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ် ဆိုရင် အစိုးရ ကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့ အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာ မဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”

ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လား ခင်ဗျ။

“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန် ကတော့ တခြား စစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီ ဘက်ကို ယိမ်းတဲ့ လူတယောက်လို့ သတ်မှတ်တဲ့ အတွက် သူ့ကိုတော့ အားကိုးစိတ် ရှိတယ်။ ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော် မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုး လုပ်ပြတယ် ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင် ပါလဲ။

“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ ဘာတို့ ကောင်လေးတွေက ဘာမှ အပြစ် မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေ အတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်း မရှိဘူး။ သူတို့က လွတ်လပ်ရေး အတွက် ဒီမိုကရေစီအရေး အတွက် လုပ်တာပဲ။ ဘာလို့ အဖမ်း ခံရမလဲ အဖမ်း ခံရတော့လည်း နှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော် မကောင်းဘူး”

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေး နိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။

“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေး ကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့ အပါအဝင် ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့် လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”

ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။

“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံ ရတယ်။ ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ် ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”

မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။

‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲ ပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူ အခွင့်ရေးရရင် ညီညွတ်ရေး ရမယ်။ ညီညွတ်ရေး ဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲ နှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’

မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။
“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေး စိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်း တွေးဖို့ ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”

မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။

“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေး အောင်ပါစေလို့ ဆုတောင်း ချင်တယ်။ ငြိမ်းချမ်းရေး အကြောင်းကို တတ်နိုင်သမျှ အသံ လွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေး အကြောင်း တွေးကြ။ အသက်ကြီးတဲ့ အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရ ကလည်း ဗိုလ်သိန်းစိန် ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုး တယ်ဗျာ”


Ref: မဇ္ဈိမ

Read More...

“လက်တွေ့ အကောင်အထည်ဖော်ရင် အာဏာနဲ့ချည်း လုပ်လို့မရ”

Tuesday, 10 May 2011

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ် တွေဟာ ပြည်သူ တွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ရှေးရှု ဖော်ဆောင် နိုင်မလဲ၊ စနစ်တခုကနေ တခုကို ပြောင်းလဲခဲ့ပြီလား ဆိုတဲ့ မေးခွန်းတွေနဲ့ မြန်မာ ဒီမိုကရေစီဟာ ဘယ်ကို ဦးတည်နေသလဲ ဆိုတဲ့ ဆွေးနွေး ငြင်းခုံမှုတွေ ရှိနေပါတယ်။ ၂ လကြာ ကျင်းပခဲ့တဲ့ လွှတ်တော် အစည်း အဝေးတွေနဲ့ အစိုးရအဖွဲ့ အပြောင်းအလဲတွေဟာ ပြည်သူလူထုရဲ့အမြင်မှာ ဘယ်လို အဓိပ္ပာယ် ဆောင်ခဲ့ ပါသလဲ ဆိုတာကို ၀ါရင့်သတင်းစာ ဆရာ တဦးလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးလည်း ဖြစ်ခဲ့တဲ့ စာရေးဆရာ မောင်ဝံသကို ဧရာဝတီ သတင်းထောက် ထက်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ လွှတ်တော်အစည်းအဝေး ကျင်းပခဲ့တာ၊ အစိုးရသစ်ကို အာဏာ လွှဲပြောင်း ခဲ့တာတွေကို ကြည့်ရင် စစ်အစိုးရဟာ စနစ် တကျနဲ့ အသေးစိတ် စီစဉ် ဆောင်ရွက်သွားတာ တွေ့ရတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုလည်း အကောင်း မြင်ခဲ့တာတွေ ရှိသလို၊ NLD ကတောင်မှ သတိနဲ့ ကြိုဆို ပါတယ်လို့ ပြောခဲ့တယ်။ လက်ရှိ လွှတ်တော်နဲ့ အစိုးရသစ်ရဲ့ အခင်းအကျင်းပေါ်မှာ ပြည်သူတွေက ဘာတွေ မျှော်မှန်း ထားကြသလဲ ဆိုတာ သတင်းစာဆရာ တယောက်အနေနဲ့ ဘယ်လို သုံးသပ် မိပါသလဲ။

ဖြေ။ ။ ပေါ်လာတဲ့လွှတ်တော်အသစ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှု အနေနဲ့ ပြောမယ် ဆိုရင်တော့ ပြည်သူ တွေကနေ ၀ိုင်းဝန်း ထောက်ခံတယ်လို့ ပြောလို့ မရဘူး၊ ပြည်သူလူထုရဲ့ အသံကို မကြားရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အငြင်းပွား စရာတွေ တော်တော်ကြီးကို ပေါ်ပေါ်တင်တင် ဖြစ်ခဲ့တော့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲ အပေါ် သဘောထားကလည်း အားရစရာ မရှိဘူး။ အဲဒီက ထွက်ပေါ်လာတဲ့ လွှတ်တော် အပေါ်မှာ ပြည်သူလူထုရဲ့ အမြင်က စိတ်ဝင်စားမှု မတွေ့ရဘူး။ သို့သော် အရှိတရား အနေနဲ့ ပြောမယ်ဆိုရင် ပေါ်လာတဲ့ လွှတ်တော်ကတော့ တကယ် လက်တွေ့သဘော ဆောင်ရွက် နေပြီးပေါ့။ လွှတ်တော် အစည်း အဝေး ကျင်းပတယ်၊ သမ္မတတို့၊ ဒုသမ္မတတို့ ရွေးတယ်၊ သမ္မတက ဦးဆောင်ပြီး အစိုးရဖွဲ့တယ် ဆိုတာတွေကို မြင်ရတာပေါ့။ အဲဒီဖြစ်ရပ်တွေကို ကြည့်တော့လည်း အစိုးရ အဖွဲ့က လူမပြောင်းဘူး။ ၃၊ ၄ ယောက်လောက်ပဲ လူသစ်တွေ့ရတော့ ဘာမှလည်း မထူးပါဘူးကွာ ဆိုတဲ့ အမြင်မျိုးတွေ ရှိတယ်။ ဒါက ပြည်သူလူထုရဲ့ အမြင်ကို သတင်းစာသမား တယောက် အနေနဲ့ ကြားရတာ ပေါ့လေ။

နောက်တခါ ဦးသိန်းစိန်က သမ္မတကြီး တယောက်အနေနဲ့ ပထမဦးဆုံး မိန့်ခွန်း ပြောတယ်၊ နောက်ရက် တွေမှာလည်း ပြောသင့်တဲ့ အမှာစကားတွေ၊ သြ၀ါဒ မိန့်ခွန်းတွေ ပြောတယ်။ အဲဒီလို ပြောတဲ့ အခါမှာ မိန့်ခွန်းမှာပါတဲ့ အချက်တွေက ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖော်ထုတ်ဖို့ ပြောတယ်၊ သန့်ရှင်းတဲ့ အစိုးရ ဖော်ထုတ်ဖို့ ပြောတယ်၊ တရားဥပဒေ စိုးမိုးဖို့ ပြောတယ်၊ နောက် တရားဥပဒေ စိုးမိုးရေးနဲ့ အတူ အဂတိ လိုက်စားမှုကို တိုက်ဖျက်သွားဖို့ ပြောတယ်။ ဒါတွေက အမြဲတမ်း မှန်နေတဲ့ တရားတွေပဲလေ။ ဒါတွေက တိုင်းပြည် ခေါင်းဆောင်တယောက် အနေနဲ့ အစိုးရကောင်း တခု အနေနဲ့ လုပ်ကို လုပ်ရမယ်၊ ပြောလည်း ပြောရမယ့် စကားတွေပေါ့။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားစရာ မရှိဘူး။ သဘောမတူဘူး၊ လက်မခံနိုင်ဘူး လို့လည်း ပြောစရာ အကြောင်းမရှိဘူးပေါ့။

ဒီတော့ လူတွေကြားထဲမှာ ပြောတာတွေကတော့ ဟုတ်ပြီ၊ လက်တွေ့ ဘာတွေ လုပ်မလဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့ ဆိုပြီး ပြောလာတယ်။ ကျနော်တို့က သတင်းစာသမား တယောက် အနေနဲ့ ပြည်သူလူထုရဲ့ အသံကိုလည်း နားထောင်သလို ကိုယ်တိုင် သုံးသပ် ပြောဆို ရေးသား တာကိုလည်း လုပ်ပါတယ်။ ကျနော်ဆိုရင် နိုင်ငံတော် သမ္မတရဲ့မိန့်ခွန်းကို ပထမ ကြိုဆိုတယ်၊ နောက်ပြီး စောင့်ကြည့်ရမယ် ဆိုတာနဲ့တင် မကပါဘူး၊ မြန်နိုင်သမျှ မြန်မြန် လက်တွေ့ အကောင်အထည် ဖော်ပါလို့ တွန်းအား ပေးချင်တယ်၊ တိုက်တွန်းချင်တယ် လို့ပြောခဲ့ပါတယ်။ အခုအစိုးရသစ် တက်လာတာ ၁ လ ကျော်ပဲ ရှိသေးတယ်၊ ဒါက အပြောစခန်းပေါ့။ အဲဒီကနေ အလုပ်စခန်းကို တက်ဖို့ ရှိသေးတယ်။ အလုပ်စခန်းကို တက်တဲ့ အခါမှာလည်း ပြောထားတဲ့ အတိုင်းကို တတ်နိုင်သမျှ အကောင် အထည် ဖော်နိုင်အောင် ဆက်ကြိုးစား သွားဖို့ပဲ လိုမယ်ထင်တယ်။

ကျနော်ရေးခဲ့တဲ့ စာတွေထဲမှာလည်း ပါပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ယိုယွင်း ခဲ့တာကိုးဗျ။ အခု ပြုပြင် ပြောင်းလဲရေး လုပ်မယ်ဆိုရင် အဲဒီ လုပ်မယ့်သူတွေက တော်တော်ကြီးကို ဒုက္ခရောက်မယ်၊ အခက်အခဲ အကျပ်အတည်းတွေ တွေ့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကျင့်ပျက်တယ်၊ စနစ်တွေလည်း ပျက်တယ်၊ လုပ်ထုံးလုပ်နည်း တွေလည်း ပျက်တယ်။ အဲဒီလို ပျက်တဲ့ နေရာမှာ အစိုးရပိုင် စီမံခန့်ခွဲရေးပိုင်း ပျက်ရုံမကဘဲ၊ ၀န်ထမ်းတွေ ပျက်ရုံမကဘဲ၊ ပြည်သူလူထု ဘက်ကလည်း စိတ်နေ စိတ်ထားတွေ၊ ထားရမယ့် သဘောထားတွေ တော်တော်များများ ပျက်ကုန်တယ်။ ဘာကြောင့် ဒီလို ပျက်တယ်ဆိုတာ အားလုံးက သိကြတာပဲ။ ဘာမှ သိပ်စဉ်းစား နေစရာ မလိုပါဘူး။ အဲဒါကြီးကို နိုင်ငံတော် သမ္မတအသစ်နဲ့ အစိုးရသစ်က တကယ်တန်း အခု ပြောထားတဲ့အတိုင်း အကောင်အထည်ဖော်မယ်၊ ပြုပြင်မယ်၊ ပြောင်းလဲမယ် ဆိုရင်တောင် သူတို့အတွက်လည်း တော်တော်အခက်အခဲတွေ ရှိလိမ့်မယ်လို့ မြင်ရ တွေ့ရ ပါတယ်။

မေး။ ။ အခက်အခဲတွေ အများကြီးထဲက အကြီးဆုံးအခက်အခဲက အစိုးရသစ်ရဲ့ Credibility ပါပဲ။ အုပ်ချုပ်ရေး ပုံစံသစ်နဲ့သွားပေမယ့် ဗျူရိုကရေစီ ယန္တယားကို မောင်းနှင်မယ့် သူတွေက လွန်ခဲ့တဲ့နှစ် ၂၀ က လူတွေပဲ ဖြစ်နေတယ်။ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောလိုက်တော့ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားက မြန်မာပြည်ဟာ တကယ်ပြောင်းလဲပြီလား ဆိုတာကို လေ့လာပြီးမှ ဒီကိစ္စကို အဖွဲ့တွင်းမှာ ဆုံးဖြတ်မယ်လို့ ပြောလိုက်တာဟာ ဒေသတွင်းမှာလည်း အစိုးရသစ်ရဲ့ Credibility ဟာပြဿနာရှိနေတယ် မဟုတ်ဖူးလား။

ဖြေ။ ။ ကျနော်တို့တိုင်းပြည်ရဲ့ ပုံရိပ်က အာဆီယံမှာ၊ ကမ္ဘာ့အမြင်မှာ ပြန်ကောင်းလာဖို့က ပြောထားတဲ့ လုပ်ငန်းစဉ် တွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့၊ ကြိုးစားဖို့ လိုတယ်။ လက်တွေ့ အကောင်အထည် ဖော်ရင်လည်း အာဏာနဲ့ချည်း လုပ်လို့မရဘူး။ ပူးပေါင်း ဆောင်ရွက်ရမယ်။ တတ်နိုင်သမျှ ဒီမိုကရေစီ အင်အားစုတွေရဲ့ ပါဝင်ဆောင်ရွက်မှုကို ဖိတ်ခေါ်ရမယ်။ အဲဒါမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အခု ပြည်နယ် နှစ်ခု၊ သုံးခုလောက်မှာဗျာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မဟုတ်တဲ့ တိုင်းရင်းသား ပါတီတွေကို ပြည်နယ် အစိုးရတွေမှာ ၀န်းကြီးနေရာ ပေးတယ် ဆိုတာတွေဟာ ကောင်းတဲ့ ပုံရိပ်၊ ကောင်းတဲ့ အလားအလာပါပဲ။ ဒါမျိုးတွေကို ပြည်ထောင်စု အစိုးရ အဆင့်မှာရော ဘာလို့ မလုပ်နိုင်ရမှာလဲ။ ပြည်ထောင်စု အစိုးရမှာ ဆိုလည်း ရွေးကောက်ပွဲ နိုင်မှရယ် မဟုတ်ဘဲ တိုင်းပြည် ကောင်းရာ ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ပြီး လုပ်မယ့် သူတွေဆိုရင် အခြေခံ ဥပဒေအရ ထည့်လို့ ရတာပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရ ရင် Power Sharing တမျိုးနဲ့ ပူးပေါင်း ဆောင်ရွက်လို့လည်း ရပါတယ်။ အဲဒါကို စဉ်းစားကြဖို့ ကောင်းတာပေါ့။

မေး။ ။ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအပြောင်းအလဲအတွက် ကြိုးပမ်းနေတဲ့ အင်အားစုတွေ ဘက်က အရင်က ပြောနေခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကလည်း ပြီးဆုံးသွားပြီ၊ ဖွဲ့စည်းပုံကို လက်မခံဘူး၊ အခု နိုင်ငံရေး အဆောက်အုံ သစ်မှာ လွှတ်တော်ပြင်ပ ကပဲ ကစားမယ်ဆိုရင် ထိရောက် ပါ့မလား၊ လွှတ်တော်တွင်း ၀င်ရောက် ကစားဖို့ ကိစ္စကရော ရှေ့လာမယ့် ၅ နှစ်အတွင်းမှာ လုပ်ဆောင် သင့်သလား ဆိုတာတွေနဲ့ ပတ်သက်လို့ သတင်းစာဆရာ တယောက်အနေနဲ့ ဘယ်လိုများ ဝေဖန်ချင်ပါသလဲ။

ဖြေ။ ။ နိုင်ငံရေးကတော့ လွှတ်တော်ထဲရောက်မှ လုပ်လို့ရတာ မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပ ကလည်း လုပ်လို့ ရရမှာပဲ။ ဒါက ဒီမိုကရေစီပဲလေ။ ဒီမိုကရေစီ စနစ်မှာ လွှတ်တော်တွင်း နိုင်ငံရေး ရှိမယ်၊ လွှတ်တော်ပြင်ပ နိုင်ငံရေး ရှိမယ်၊ နောက်ပြီး တသီးပုဂ္ဂလ နိုင်ငံရေးရှိမယ်။ နောက်ပြီး အများ ပြည်သူရဲ့ သဘောထားတွေကို ပုံသွင်းပေးနေတဲ့ ပညာတတ်တွေ၊ စာပေ အနုပညာရှင်တွေ ရှိမယ်။ ဒါတွေ အားလုံးဟာ နိုင်ငံရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။ သို့သော် အာဏာ ပြဿနာကို ပြောမယ် ဆိုရင်တော့ အာဏာရှိ နေတဲ့သူကတော့ သူတို့ အကောင်အထည် ဖော်မယ့် မူဝါဒ လုပ်ငန်းစဉ်တွေကို လုပ်သွားလို့ ရတာပေါ့။

အဲဒီ အာဏာရနေတဲ့ လူတွေကလည်း တိုင်းပြည်အကျိုးကို ကြည့်ပြီး ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် လွှတ်တော်တွင်းတင် မကဘူး လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့လည်း ဆက်စပ်မှု ရှိရမယ်၊ ပူးပေါင်း ဆောင်ရွက်မှု ရှိရမယ်။ သမ္မတ မိန့်ခွန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသေးတဲ့ သူတွေလည်း လွှတ်တော်ထဲ ၀င်ကြပါ၊ ရွေးကောက်ပွဲ ၀င်ကြပါလို့ ဖိတ်ခေါ်တာတော့ ရှိတာပေါ့။ ဘာပဲ ပြောပြောပေါ့ဗျာ၊ အတိုက်အခံ ဆိုရင် ချေမှုန်းမယ်၊ အမြစ်မကျန်အောင် လုပ်မယ်ဆိုတဲ့ ကြုံးဝါး တာတွေထက် စာရင်တော့ ကျနော်တို့နဲ့ သဘောမတူတဲ့ သူတွေနဲ့လည်း တူတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ပါ့မယ် ဆိုတဲ့ သဘောထား မျိုးကိုတော့ ကြိုဆို တာပေါ့ဗျာ။ အဲဒီအပေါ်မှာလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေ ကလည်း တုန့်ပြန်ဖို့တော့ လိုတယ်။ အခုလည်း အပြုသဘော တုန့်ပြန်ကြတာ တွေ့ရပါတယ်။

မေး။ ။ လွတ်လပ်ပြီးမြန်မာ့သမိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တတိယမြောက် ဖြစ်ပါတယ်။ အရင်က ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ရှိခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟောင်း ၂ ခုကို ပြန်ကြည့်ရင် ဆယ်စုနှစ် တခုကျော်ပဲ တည်တံ့တယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ပြုပြင်ပြောင်းလဲဖို့ တောင်းဆို နေတာတွေက ရှိနေတော့ လက်ရှိ ဖွဲ့စည်းပုံနဲ့ အာဏာ အဆောက်အအုံ ကရော ရေရှည် ခံပါ့မလား။ မြန်မာ့ နိုင်ငံရေးဟာ ရှေ့လျှောက် တည်ငြိမ်မှု ရှိဖို့ ဆိုရင် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်မြင် မိပါသလဲ။

ဖြေ။ ။ လက်ရှိ ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ပေါ့ဗျာ။ ပထမဆုံး NLD ရဲ့ သဘောထားကို ပြောရရင်၊ NLD က ပထမတုန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝကို လက်မခံဘဲ အားလုံး ပါဝင်တဲ့ နောက်ထပ် အမျိုး သားညီလာခံလိုမျိုး၊ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံလိုမျိုးနဲ့ အသစ်ပြန်ဆွဲမယ် ဆိုတဲ့ သဘောထားမျိုး ရှိခဲ့တယ်လို့ သိခဲ့ ရတယ်။ အဲဒီလို လုပ်ဆောင်မယ် ဆိုရင် တော်တော်ကြီးကို ဆောင်ရွက် ရလိမ့်မယ်။ နောက်ပိုင်းကျတော့ ဒီမိုကရေစီ အင်အားစုတွေ ဘက်က သဘောထားက ၂၀၀၈ အခြေခံဥပဒေမှာ ပြည်သူလူထု လက်မခံနိုင်တဲ့ အချက်တွေကို ပြန်ပြီးပြုပြင်ဖို့ သင့်တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်။ ဒါက ဒီလိုပဲဖြစ်သင့်တယ်၊ ဒီမိုကရေစီ အင်အားစုတွေ ဘက်က မလွန်ဘူးလို့ ထင်တယ်။

ပြည်သူလူထု လက်ခံတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အထိကို ကျနော်တို့က တောင်းဆို ရမှာပေါ့။ အဲဒီလို တောင်းဆိုတဲ့ အခါကျတော့ အစိုးရ ဘက်ကလည်း သမ္မတ မိန့်ခွန်းမှာ ပါတယ်။ အခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်ထဲဝင်၊ လွှတ်တော်ထဲ လာပါ၊ လွှတ်တော်ထဲက ပြင်ပါလို့ ပြောလာတယ်။ အဲဒီတော့ ဒီမိုကရေ စီအင်အားစုတွေ ဘက်က ရွေးမယ်ဆိုရင် လွှတ်တော်ထဲ ၀င်ပြီး ပြင်မလား၊ လွှတ်တော်ပြင်ပက ဖိအားပေးပြီး ပြင်မလား၊ ဒီ နှစ်ခုပဲ ရွေးရတော့မှာပဲ။ လာမယ့် ၅ နှစ်အတွင်းမှာ ဒီနှစ်ခုထဲက တခုခု ဖြစ်လာ နိုင်ပါတယ်။ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ၀င်ပြီးပြင်ဖို့ ကြိုးစားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ပိုပြီး အားလုံး ပါဝင်မှု များလာမယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲဟာ တော်တော် ကြည့်ကောင်းမယ်လို့ ထင်ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ပါတီမှတ်ပုံတင် တာကလည်း ဖုတ်ပူ မီးတိုက်၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာ ကလည်း ရက် အကန့်အသတ်နဲ့ ဖုတ်ပူမီးတိုက်၊ ပါတီတွေက စည်းရုံရေးလည်း အဆင်သင့်မဖြစ်၊ ကိုယ်စားလှယ်လောင်း တောင်မှပဲ ဆွဲခန့်တွေ ပေါ့ဗျာ၊ ရတဲ့သူနဲ့ ၀င်ပြိုင်ကြ ဆိုတော့ ဒါတွေက သိကြတဲ့ အတိုင်းပဲ။ အဲဒီလို အခြေအနေ ကနေ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မယ်ဆိုရင် အခုကတည်းက ပြင်ဆင်လို့ ရပါပြီ။ စည်းရုံးရေးကို ပြင်ဆင်လို့ ရတယ်။ ကိုယ်စားလှယ် လောင်းတွေကို ပြင်ဆင်လို့ရတယ်။ ပိုပြီးလွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲ အခြေအနေ ကောင်းတွေ ဖန်တီးဖို့ကို ပြည်တွင်း ကရော၊ နိုင်ငံတကာကပါ တောင်းဆိုလို့ ရတယ်။ ဒီလိုသာ လုပ်နိုင်မယ် ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ All Inclusive လို့ ပြောလို့ရမယ်။ အဲဒီ အနေအထားက ပေါ်ထွက်လာမယ့် ရလဒ်က တိုင်းပြည်အတွက် ကောင်းမှာပါပဲလို့ ကျနော်မြင်ပါတယ်။ ။

Ref: ဧရာဝတီ်

Read More...

ဘင်္ဂလား ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ခြေရှိ

ခင်ဦးသာ
Tuesday, 10 May 2011

ဘင်္ဂလားပင်လယ်ပြင် အလယ်ဗဟို၌ မုန်တိုင်းဖြစ်နိုင်ခြေ အရိပ်လက္ခဏာများ တွေ့နေရ၍ မိုးဦးရာသီ ဖြစ်သော မေလတွင် သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

“မေလထဲမှာ မုန်တိုင်းဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့တော့ သတိထားဖို့ လိုအပ်ပါတယ်။ ဘင်္ဂလား ပင်လယ်ပြင်က မုန်တိုင်း ကတော့ စောင့်ကြည့် နေတုန်းပဲ ရှိပါသေးတယ်။ အရမ်းကြီး စိုးရိမ်စရာ အနေအထားတော့ မတွေ့ရ သေးပါဘူး” ဟု ဦးထွန်းလွင်က ဆိုသည်။

ဘင်္ဂလား ပင်လယ်ပြင်၌ ဖြစ်ပေါ်နိုင်ခြေရှိသော မုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလှမ်း ဝေးကွာနေ၍ စိုးရိမ်းစရာ မရှိ သော်လည်း ပင်လယ် ကမ်းရိုးတန်းဒေသ တလျှောက်တွင် နေထိုင်သော ဒေသခံများ အနေနှင့်မူ မေလအတွင်း သတိထား သင့်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။

ဦးထွန်းလွင်၏ ၀က်ဘ်ဆိုက်တွင် မေလ ၉ ရက်နေ့ နေ့စွဲဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့၌ မိုးသည်းထန်ခြင်း၊ မိုးသက် လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပင်လယ်ပြင်၌ လေပြင်း တိုက်ခတ်ခြင်း နှင့်အတူ လှိုင်းကြီးနိုင်၍ ပင်လယ်ပြင် ထွက်သူများ အနေဖြင့် သတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ရေးသား ထားသည်။

ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်း ဒေသတလျှောက်တွင် နေထိုင်ကြသော ဒေသခံများသည် ဘင်္ဂလား ပင်လယ်ပြင်၌ မုန်တိုင်း ဖြစ်ပေါ်မည်ဟု ကြားသိနေရ၍ စိုးရိမ် နေကြကြောင်း၊ အထူးသဖြင့် ဂီရိ လေမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသခံများသည် စိုးရိမ်မှု ကြီးနေကြကြောင်း မြေပုံမြို့နေ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“မုန်တိုင်းဝင်မယ် ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်နေတော့ လူတွေက ကြောက်နေကြတယ်။ တချို့က နေစရာ အိမ်တောင် လုံခြုံမှု မရှိကြသေးတော့ ပိုပြီးတော့ ကြောက်နေကြတယ်” ဟု မြေပုံဒေသခံက ဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကာ သိန်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေထိုင်စရာ အမိုးအကာ လုံခြုံမှု မရရှိကြသေးပေ။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ တသိန်း လေးသောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ကာ ၂ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်သော မုန်တိုင်းအများစုသည် ရခိုင်ပြည်နယ်၏ ပင်လယ် ကမ်းရိုးတန်း ဒေသကို ဖြတ်ကျော် လေ့ရှိပြီး ၁၈၇၇ ခုနှစ်မှ၂၀၁၀ ပြည့်နှစ် အတွင်း မုန်တိုင်း အကြိမ်ရေ ၈၄ ကြိမ်အနက် ၈၂ ကြိမ်သည် ရခိုင် ကမ်းရိုးတန်း ဒေသကို ၀င်ရောက် တိုက်ခတ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုသည်။

ယခုနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ ဖေဖော်ဝါရီ၊ မတ်လတို့ မှစ၍ အချိန်အခါ မဟုတ် မိုးရွာခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း စသည့်ရာသီ ဥတု ဖောက်ပြန်မှုများကို ကြုံတွေ့ ခဲ့ရကြောင်းလည်း သူကပြောသည်။

အချိန်အခါမဟုတ် မိုးသည်းထန်ခဲ့၍ ပဲစိုက်သည့်တောင်သူများ၊ ဆားကွင်း လုပ်ငန်းများ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ ခဲ့ရကြောင်း တောင်သူများက ပြောဆိုကြသည်။

“နွေမှာ မိုးတွေ ဆက်တိုက်ရွာတော့ ပဲစိုက်ဧက ထောင်ချီပြီး ပျက်စီးသွားရတယ်။ အထွက်နှုန်းက ထက်ဝက် လျော့ကျ သွားတယ်” ဟု မကွေးတိုင်း စလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးမောင်မောင်က ပြောသည်။

မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း စသည့်ပဲတို့ အများဆုံး ပျက်စီးခဲ့ပြီး ယခင်က တဧကလျှင် တင်း ၃၀ ထွက်သော်လည်း ယခုနှစ် ရာသီဥတု ဆိုးရွားမှုကြောင့် ၁၅ တင်း ၀န်းကျင်သာ ထွက်တော့သည်ဟု သိရသည်။

ယခုရာသီသည် ပဲပေါ်သည့် ရာသီဖြစ်၍ မကွေးတိုင်းမှ ပဲစိုက်တောင်သူ အများစုမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်ဟု ပဲစိုက် တောင်သူက ပြောသည်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်ပြီးနောက်တွင် ရာသီဥတုဖောက်ပြန်မှုများကို မကြာခဏ ကြုံတွေ့ နေကြရသော ဧရာဝတီ မြစ်ဝ ကျွန်းပေါ်မှ ပဲစိုက် တောင်သူများနှင့် ဆားကွင်း လုပ်ငန်းရှင် များသည်လည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင် နေရကြောင်း လပွတ္တာမြို့မှ ဆားလုပ်ငန်းရှင် ဦးမောင်ကြီးက ဆိုသည်။

“ဧပြီလ ၂၅ ရက်ကစပြီး မိုး တပတ်လောက် ရွာလိုက်တာ ဆားကွင်းတွေ အကုန် ပျက်သွားတယ်။ လေးချိုး တချိုးပဲ ပြန်ရတော့တယ်” ဟု ဦးမောင်ကြီးက ပြောသည်။

လပွတ္တာမြို့နယ်၌ ဆားကွင်းလုပ်ငန်းရှင် ၂၀၀ ကျော်ရှိပြီး အများစုသော ဆားကွင်းများ ပျက်စီးသွားကြောင်း၊ ဧရာဝတီတိုင်း တတိုင်းလုံးတွင် ဆားလုပ်ငန်းရှင် ၇၀၀ ကျော်ရှိပြီး တနိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းသော ဆားများကို ဧရာဝတီတိုင်းမှ ထုတ်လုပ် ကြောင်း၊ သို့သော် ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်းများ သိသာစွာ လျော့ကျသွား၍ ဆားရှားပါးမှု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

မြစ်ဆုံ ပြောင်းရွှေ့ရွာသားများ လျော်ကြေးအပြည့် မရသေး

ဖနိဒါ
အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ)။ ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း ဒေသတွင်းရှိ ကျေးရွာများသည် မြစ်ဆုံအောက် အောင်မြင်သာ စံပြရွာသို့ ပြောင်းရွှေ့ခဲ့ရာ တနှစ်ပြည့်သော်လည်း လျော်ကြေး အပြည့် မရသဖြင့် စားဝတ်နေရေး အခက် တွေ့နေကြောင်း အရွှေ့ခံ ရွာသားများက ဆိုသည်။

နှစ်ရှည်သီးနှံများအတွက် လျော်ကြေးပေးချေရန် အေးရှားဝေါလ်ကုမ္ပဏီက ကြေလည်အောင် မပေးသည့် အပေါ် အောင်မြင်သာ စံပြရွာသစ်သားများ အပြစ်တင် ပြောဆိုနေခြင်း ဖြစ်သည်။

“တကယ်ဆို တပင်ကို ဘယ်လောက်နှုန်းဆိုတာ သူတို့ ပြောရမယ်လေ။ ဘာမှလည်း မပြောဘူး၊ စာရင်းလည်း မပြဘူး။ လက်မှတ် ထိုးပြီးမှ ငွေဘယ်လောက် ဆိုတာ ပြောတာက တမင်ညစ်တာပဲ။ တညင်းသီးပင် ရာကျော်မှာ နစ်နာကြေး ဆိုပြီး ပြန်ပေးတော့ တသိန်းခွဲပဲ ပေးတယ်။ စိုက်ထားတဲ့ အပင်တွေက အများကြီးပဲ။ ငွေရတော့ နည်းလို့ လက်မခံဘူး” ဟု အောင်မြင်သာ ရွာသားတဦးက မဇ္စျိမကို ပြောသည်။ တညင်းသီးပင် ၁ဝဝ ကျော်မှ နှစ်စဉ် ကျပ်သိန်း ၃ဝ ခန့် ဝင်ငွေရခဲ့သည်ဟု ဆိုသည်။

ဒေသခံအချို့်ကမူ ကုမ္ပဏီကပေးသော လျော်ကြေးမှာနည်းလွန်းသဖြင့် လက်မှတ်မထိုးဘဲ နေခဲ့သလို ရွာသစ်သို့လည်း မပြောင်းဘဲ နေကြသည်။

“ကျနော်ကတော့ မပြောင်းသေးဘူး။ အများကြီး စိုက်ထားတယ်။ စိုက်ထားတာ သိန်း ၁ဝဝ မကဘူး။ ကျနော် ဒီလောက်ငွေပဲ လိုချင်တယ်” ဟု ရွာသားတဦးက ပြောသည်။

ထို့အပြင် တချို့တဝက် အထောက်အပံ့ ရထားသူများလည်း ရှေ့ရေးအတွက် ပူပင်နေကြသည်။

“တနှစ်ပြည့်သွားပြီ။ ကုမ္ပဏီက တနှစ်ထိပဲ စားစရိတ် ထုတ်ပေးမယ် ပြောထားတယ်။ ရှေ့ဆက် ဘာလုပ်စားရမလဲ။ လုပ်စားဖို့ မြေမရှိဘူး။ ရှိတဲ့ မြေက နီနီကြီး၊ ဘာမှ စိုက်လို့ မရဘူး။ တရုတ်ကုမ္ပဏီတွေဆီ နေ့စား ထွက်လုပ်ရင်လည်း ပိုက်ဆံ တနေ့စာတနေ့ မပေးဘူး” ဟု အခြား အောင်မြင်သာ ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ဧပြီ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဝန်ကြီးများနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်း China Power Investment - CPI တာဝန်ရှိသူများက တန်ဖရဲရွာမှ အိမ်ထောင်စု ၄၁ စုကို ကျပ်ငွေ တသိန်းစီပေးခဲ့ပြီး၊ နှစ်ရှည်ပင် စိုက်ပျိုးသူ ၅ ဦးကို သီးနှံ နစ်နာကြေးပေးကာ အသစ် ပြောင်းရွှေ့လာသော မလိယန်ရွာ အိမ်ထောင်စု ၈၅ စုအတွက် ဆန်၊ ခြင်ထောင်နှင့် ရုပ်မြင်သံကြား တလုံးစီ ပေးအပ်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

အေးရှားဝေါလ်က ပေ ၂ဝ ပတ်လည်ရှိ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည်အိမ်များ ဆောက်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ပြည်နယ်အာဏာပိုင်များ၊ CPI နှင့် အေးရှားဝေါလ်ကုမ္ပဏီ တာဝန်ရှိသူများက ပြောင်းရွှေ့ လာသူ ရွာသားများကို ကျပ်ငွေ တသိန်း၊ ဆန် ၂ အိတ်နှင့် တီဗီတလုံးစီ ပေးခဲ့သည်။

တောင်ယာလုပ်ရန် တအိမ်ထောင်လျှင် မြေ ၂ ဧက ပေးမည်ဟု ဆိုခဲ့သော်လည်း ယခုထိ အကြောင်း မထူးသဖြင့် ရွာသားများ ဘက်က စိုးရိမ်နေသည်။

“အခု တောင်ယာ မရှိတော့ ဘာမလုပ်တတ်တော့ဘူး။ သစ်ခုတ်လို့လည်း မရ၊ ရွှေတူးလည်း မဟုတ်၊ ဝါးရှာပြီး ခုတ်လို့လည်း မရတော့ဘူး။ ကျနော့် ကလေးတွေကို ကျောင်း ဘယ်လိုထားပေးရမလဲ မသိတော့ဘူး။ လူကြီးတွေ ရောက်ရင်လည်း ကျနော်တို့ အခက်အခဲကို ပြောပြတယ်။ လိုက်လုပ်ပေးတာ မရှိဘူး” ဟု ရွာသားတဦးက ပြောသည်။

၂ဝဝ၉ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စီမံကိန်းကြောင့် ထိခိုက် ရသူများက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့် အပါအဝင် ၎င်းတို့နေအိမ်၊ ခြံမြေ၊ နှစ်ရှည်ပင်များ အတွက် ကာလ ပေါက်ဈေးထက်မက ပေးလျော်ရန် တောင်းဆိုခဲ့ဖူးသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန့်ကွက်ထားသည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မေခနှင့် မလိခ မြစ်နှစ်ခုဆုံရာ မြစ်ဆုံရှိ ဆည်စီမံကိန်းကြောင့် တန်ဖရဲ၊ မဇွပ်၊ ဒေါင်ပန်၊ ဇတူးဇွပ်၊ မလိယန် စသည့် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများ ပြောင်းရွှေ့ပေးခဲ့ရသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃၆ဝဝ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ၂ဝဝ၇ မှစ၍ အမှတ် ၁ လျှပ်စစ် ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲ တည်ဆောက်နေသည်။

မြစ်ဆုံရေကာတာ တည်ဆောက်မှုကြောင့် လူပေါင်း ၁၅,ဝဝဝ ခန့် မှီတင်းနေထိုင်သည့် ရွာပေါင်း ၆ဝ ကျော်မှ ကချင် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ပြီး၊ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က ပြောသည်။

အလားတူပင် ဖားကန့်ကျောက်စိမ်းမှော် လုံးခင်းကျေးရွာအုပ်စုဝင် သာယာကုန်းကျေးရွာမှ အိမ်ခြေ ၄ဝဝ ကျော်ရှိ ဒေသခံများကို ထိုရွာ အရှေ့ဘက် ၂ မိုင်ကျော်ရှိ မလင်းရွာသို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက ပြောဆိုနေသည်ဟု ဒေသခံတဦးကလည်း ပြောပြသည်။

လုံးခင်းကျောက်စိမ်းမှော်ရှိ တရုတ်လူမျိုးများပိုင် ကျော်နိုင်၊ စိန်ခေါင်းတောင်၊ စိမ့်လဲ့အောင်၊ ရတနာမိုးမြေ စသည့် ကုမ္ပဏီများက အနည်းဆုံးလျော်ကြေး ကျပ်သိန်း ၇ဝ မှ ၂ဝဝ ထိပေးရန် ပြောဆိုထားသော်လည်း ဒေသခံများက မပြောင်းရွှေ့လိုကြောင်း စုံစမ်းသိရှိရသည်။

Ref: မဇ္ဈိမ

Read More...

အခြေခံဥပဒေကို လွှတ်တော်တွင်းမှ တိုက်ဖို့ တစည ပြင်

ကျော်ခ
အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီလမ်းကြောင်း ကွဲလွဲနေသည့် ၂ဝဝ၈ အခြေခံ ဥပဒေ အချို့ကို လွှတ်တော်မှ တဆင့်
ပြုပြင် ပြောင်းလဲသွားရန် စီစဉ်နေကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက
ပြောသည်။

တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နိုင်ငံတဝှန်းမှ ကော်မတီဝင် ၁၄ဝ ကျော်ဖြင့် မလ ၉ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကျင်းပခဲ့ကာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး၊ ထို့အတွက် ဥပဒေရေးရာ ကော်မတီဖွဲ့၍ စိစစ်နေပြီလည်း ဖြစ်သည်။

“အခုကတော့ စိစစ်နေတုန်းပါပဲခင်ဗျ။ Democratic characters ပေါ့။ ဒီဟာနဲ့ သိပ်ပြီးတော့ ကွဲလွဲနေတဲ့၊ ဆန့်ကျင်နေတဲ့ ဟာမျိုးပေါ့လေ။ ဒါကို လွှတ်တော်တွင်း နိုင်ငံရေးအရ လွှတ်တော် နည်းလမ်းနဲ့ပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။ မည်သည့် အချက်များ ဖြစ်သည်ကိုမူ အသေးစိတ် ပြောဆိုခြင်း မပြုပေ။

နှစ်ပေါင်း ၂ဝ အကြာ၌ ပထမဆုံး ပြန်လည်ပြုလုပ်သည့် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကာလ တလျှောက် ပါတီ့ လုပ်ဆောင်ချက်များနှင့် ဆက်လက် လုပ်ကိုင်မည့် စည်းရုံးရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းစဉ် များကိုပါ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

၁၉၉ဝ နှင့် ၁၉၉၁ ခုနှစ်တွင် အလားတူ အစည်းအဝေးမျိုး ကျင်းပခဲ့ကာ၊ ပါတီမူဝါဒ စည်းမျဉ်းများအရ ပုံမှန် စည်းဝေးရန် ရှိသော်လည်း ကော်မရှင် အကန့် အသတ်များကြောင့် မလုပ်နိုင်ခဲ့ကြောင်း ဦးဟန်ရွှေက ပြောသည်။

ပါတီအဖွဲ့ဝင်ပေါင်း ၇ သိန်းရှိသည့် တစည အနေဖြင့် ဘဏ္ဍာငွေ တောင့်တင်းရန်အတွက် စီးပွားရေး လုပ်ငန်းများ ထူထောင် သွားမှာ မဟုတ်ဘဲ ပါတီဝင်တဦးကို နှစ်စဉ် ကျပ် ၁ဝဝ စီ ကောက်ခံ သွားမှာဖြစ်သည်။ ၎င်းတို့ပါတီကို လိုလားသည့် ပုဂ္ဂိုလ်များထံမှ လှူဒါန်းငွေများနှင့်ပါ ဆက်သွားမည်ဟု ဦးဟန်ရွှေက ဆိုသည်။ ပြည်ပနိုင်ငံများမှ အကူအညီငွေများကိုမူ လက်ခံသွားမှာ မဟုတ်ဟုလည်း ပြောဆိုသည်။

ကြံ့ဖွံ့ပါတီပြီးလျှင် အမတ် ၆၄ နေရာဖြင့် ဒုတိယ လိုက်သည့် တစည သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ လွှတ်တော် ၃ ရပ် အစည်းအဝေး များတွင် အဆိုတင်သွင်းမှု၊ ကန့်ကွက်မှုများ မပြုလုပ်ခဲ့ပေ။

အာဏာရှင်ဟောင်း ဦးနေဝင်းဦးဆောင်သော ၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတဝှန်း ဒီမိုကရေစီရေး တောင်းဆိုသော လူထု အုံကြွမှုကြောင့် ပျက်သုဉ်းခဲ့ပြီး၊ နောက်ပိုင်းတွင် (တစည) အဖြစ် အမည်နှင့် ခေါင်းဆောင်မှုပါ ပြောင်းလဲ၍ အမွေဆက်ခံခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကုလသမဂ္ဂ ကိုယ်စားလှယ် ယခုသီတင်းပတ် မြန်မာနိုင်ငံ လာရောက်မည်

အင်္ဂါ, 10 မေ 2011

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်ဟာ ဒီသီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ မြန်မာ အစိုးရ တာဝန်ရှိသူက ပြောဆို လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန် ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်တယ် ဆိုတဲ့ မြန်မာအစိုးရ တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြ လိုက်တာပါ။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ သုံးလေးရက်ကြာမယ့် ဒီခရီးစဉ် အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိ မရှိ မသေချာပေမဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ မြန်မာ အစိုးရ တာဝန် ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် တွေနဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ NDF ပါတီ ပြောခွင့်ရသူက ပြောပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ၂၀၁၀ ပြည့်နှစ် မနှစ်က နိုဝင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ် စစ်အစိုးရ ခေါင်းဆောင်ပိုင်း နဲ့ရော အဲဒီအချိန်က နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခါစ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါသေးတယ်။

စစ်အစိုးရ ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်ပြီးနောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဘင်လာဒင် ဇနီး ၃ ဦးကို အမေရိကန်က စစ်ဆေးမေးမြန်းခွင့် ရမည်

အင်္ဂါ, 10 မေ 2011

အယ်လ်ခိုင်းဒါး (Al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) အသေ ဖမ်းမိစဉ်မှာ အတူ ရှိနေခဲ့တဲ့ သူ့ဇနီး ၃ ယောက်ကို အမေရိကန်က စစ်ဆေး မေးမြန်းနိုင်ဖို့ ပါကစ္စတန်က မကြာမီ တွေ့ခွင့် ပေးတော့မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်။

မေလ ၂ ရက်နေ့ အိုစမာ ဘင်လာဒင် အသေဖမ်းမိတဲ့ နေ့ကတည်းက ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ကနေ အဲဒီ အမျိုးသမီး ၃ ယောက်ကို ထိန်းသိမ်း ခဲ့တာပါ။ သူတို့နဲ့ တွေ့ဆုံ မေးမြန်း တာတွေနဲ့ အဘော့တာဘတ် (Abbottabad) နေအိမ်ကနေ သိမ်းလာခဲ့တဲ့ အထောက်အထား တွေကနေ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ရဲ့ အရေးပါတဲ့ အသေးစိတ် အချက် အလက်တွေကို သိရှိနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။

အိုစမာ ဘင်လာဒင်ရဲ့ ဇနီး ၃ ယောက်နဲ့ တွေ့ခွင့်ပေးရေး သဘော တူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော် ကရော ပါကစ္စတန် တာဝန်ရှိသူတွေ ကပါ လူသိရှင်ကြား မှတ်ချက်ပေးတာ မရှိပါဘူး။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အကြီးအကဲရဲ့ နာမည်ကို ပါကစ္စတန် သတင်း မီဒီယာတွေက ထုတ်ဖော် ပြောဆိုခဲ့ပေမဲ့ CIA အနေနဲ့ သူတို့ရဲ့ တာဝန်ခံ အရာရှိကို ရာထူးနေရာ အပြောင်းအရွှေ့ လုပ်မှာ မဟုတ်ဘူးလို့ မနေ့က ပြောလိုက်ပါတယ်။

ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်လိုက်တဲ့ နာမည် မှားနေကြောင်း၊ အိုစမာ ဘင်လာဒင် တယောက် ပါကစ္စတန် နိုင်ငံမှာ နှစ်တွေနဲ့ချီ ခိုအောင်းနေတာနဲ့ ပတ်သက်ပြီး ပါကစ္စတန် စစ်တပ်နဲ့ ထောက်လှမ်းရေး အပေါ် မေးခွန်းထုတ် ခံနေရတာကြောင့် ထောက်လှမ်းရေး သဘာဝအရ လျှို့ဝှက်ထားရမယ့် CIA အရာရှိ နာမည်ကို ဖော်ထုတ်ပြီး တုံ့ပြန်လိုက်ပုံ ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောကြပါတယ်။

Ref: VOA News

Read More...

Tuesday, May 10, 2011

မြန်မာအစိုးရ တောင်းဆိုချက် အာဆီယံ စဉ်းစား

2011-05-09

၂၀၁၄ ခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ပေးဖို့ မြန်မာအစိုးရရဲ့ တောင်းဆိုချက်ကို စဉ်းစားပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ မူအားဖြင့် သဘောတူညီ ခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ မနေ့က ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ အာဆီယံ ဥက္ကဌရဲ့ ကြေညာချက်မှာ ဖော်ပြ လိုက်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ကို ဦးဆောင်နိုင်ဘို့ အတွက် ဒီမိုကရေစီလမ်းကို ဦးတည် လျှောက်လှမ်း နေတယ် ဆိုတာ ရိုးရိုးသားသား သက်သေပြသဖို့ လိုအပ်နေသေးကြောင်း၊ မြန်မာနိုင်ငံ အရေးကိစ္စကို ကမ္ဘာက အာရုံ စိုက်နေကြတဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည် ဖော်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အာဆီယံ ဥက္ကဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ သမ္မတ စူစီလို ဘန်ဘန်း ယူဒိုယိုနိုက ညီလာခံ အပိတ် မိန့်ခွန်းမှာ ပြောကြားသွားခဲ့ ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံတွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ပေး၊ မပေး ဆိုတာနဲ့ ပတ်သက်လို့ အခုနှစ် နိုဝင်ဘာလ အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံမှာ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ အာဆီယံ တစည်းတလုံးတည်း ဖြစ်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်မှာ ဖြစ်တာကြောင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌတာဝန်ဟာ အထူး အရေးပါနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီး ညီလာခံအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် အငြင်းပွားမှု ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ကြပါဘူး။

ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခဟာ အာဆီယံ ၁၀ နိုင်ငံရဲ့ ညီညွတ်ရေးကို ခြိမ်းခြောက်နေကြောင်း၊ ဒီပြဿနာ အပေါ် အာဆီယံရဲ့ စည်းလုံးရေး စိတ်ဓါတ်နဲ့ အချင်းချင်း မိတ်ဆွေလို သဘောထားပြီး ဖြေရှင်းသင့်ကြောင်း အာဆီယံ ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ အခု ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံ အတွင်း စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ တောင်တရုတ် ပင်လယ်ပြင်က ပိုင်နက် အငြင်းပွားမှု၊ လူကုန်ကူးမှုနဲ့ အရှေ့တီမောကို အာဆီယံ အဖွဲ့ဝင်သစ် အဖြစ် လက်ခံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Ref: RFA News

Read More...

ဘင်လာဒင်ကိစ္စ စွပ်စွဲချက် ပါကစ္စတန် ပယ်ချ

တနင်္လာ, 09 မေ 2011

အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ပါကစ္စတန် နိုင်ငံထဲမှာ ပုန်းခို နေခဲ့တာနဲ့ ပတ်သက်လို့ ပါကစ္စတန်က လျှို့ဝှက်ပေးထားတယ်၊ ဒါမှမဟုတ် ဖော်ထုတ်ဖို့ အရည်အချင်း မရှိဘူးဆိုတဲ့ ပြောဆိုမှုတွေကို ပါကစ္စတန် ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။

ဒီလို စွပ်စွဲ ပြောဆိုမှုတွေဟာ အဓိပ္ပာယ် မရှိဘူးလို့ ပါလီမန်မှာ ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က တနင်္လာနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ထောက်လှမ်းရေးအဖွဲ့ အပါအဝင် ပါကစ္စတန် အာဏာပိုင်တွေနဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ တပေါင်းတည်း ဖြစ်နေတယ်လို့ ပြောသူ မှန်သမျှဟာ မရိုးသားဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့ အပေါ် ထောက်ခံကြောင်းလည်း ပြသခဲ့ပြီး ဘင်လာဒင် သေဆုံးမှုဟာ တရား မျှတတယ်လို့ သူက ပြောကြား ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ ဘယ်သူမှ မဖော်ထုတ်နိုင်လောက်အောင် ဘင်လာဒင် ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတာကို စုံစမ်း ဖော်ထုတ်ဖို့ အတွက်လည်း အမိန့် ပေးလိုက်ပါတယ်။ ဦးဆောင် စုံစမ်းဖို့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တယောက်ကိုလည်း တာဝန် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့ထဲက ခြံဝန်း တခုထဲကို အမေရိကန် အထူး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်းပြီး ဘင်လာဒင်ကို သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တို့ရဲ့ ဝင်ရောက် စီးနင်းမှုနဲ့ ပတ်သက်လို့လည်း အခုလို ပါကစ္စတန် မြေပေါ်မှာ တဖက်သတ် လုပ်တဲ့ အတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အင်မတန် အလေးထား ပါတယ်လို့လည်း ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီက ပြောကြားသွားပါတယ်။

အခုလို မစ္စတာ ဂီလာနီ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာ ပါကစ္စတန်ရေးရာ လေ့လာနေသူတွေက ဝေဖန် ကြပါတယ်။ ဒီလို ပြောကြားလိုက်လို့ အခြေအနေတွေကို ပိုပြီးတော့ ငြိမ်သွားစေမှာလား ဆိုပြီးတော့ သူတို့က မေးခွန်း ထုတ်နေကြပါတယ်။


Ref: VOA News

Read More...

ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းလွှတ်တော် ဖျက်သိမ်း

တနင်္လာ, 09 မေ 2011

ဇူလိုင်လ ၃ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ဂ်ျ (Bhumibol Adulyadej) က လွှတ်တော်ကို ဖျက်သိမ်း လိုက်ပါတယ်။ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပါတီတွေ ပြင်းပြင်း ထန်ထန် မဲဆွယ် စည်းရုံးကြဖို့ စတင် ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) နဲ့ အရင် ၀န်ကြီးချုပ် တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) တို့ရဲ့ နောက်လိုက်တွေ ကြားမှာ ဒီနှစ် မဲဆွယ် စည်းရုံးရေးက ပြင်းထန်စရာ ရှိတယ်လို့ မျှော်လင့် ထားကြပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံဟာ အထိနာခဲ့ရပြီး ၂၀၀၆ ခုနှစ် အာဏာ သိမ်းပွဲမှာ မစ္စတာ တပ်ခ်ဆင် ပြုတ်သွားခဲ့ ကတည်းက နိုင်ငံအတွင်းမှာ အကွဲကြီး ကွဲနေခဲ့ရပါတယ်။ မစ္စတာ တပ်ခ်ဆင်ရဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ခဲ့ပေမဲ့ အစိုးရ ၂ ဆက်လုံးဟာ ဥပဒေ အဆုံးအဖြတ်ကြောင့် ပြုတ်ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ အဘီဆစ်ရဲ့ ဒီမိုကရက် ပါတီဟာ တခြားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အာဏာရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာ တပ်ခ်ဆင်ဟာ ကျေးလက်နဲ့ အလုပ်သမား လူတန်းစား အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရရှိနေဆဲပါ။

မစ္စတာ အဘီဆစ်ရဲ့ အစိုးရဟာ အခွင့်ထူးရ လူတန်းစားတွေနဲ့ နီးစပ်လွန်းတယ်လို့ အဲဒီ အခြေခံ လူတန်းစားတွေက မြင်ကြပါတယ်။

Ref: VOA News

Read More...

ကြံ့ဖွံ့ပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဦးရွှေမန်း တာဝန်ယူ

ကျော်ခ
တနင်္လာနေ့၊ မေလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် မေလ ၂ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင် နေပြီဟု ပါတီတာဝန်ရှိသူများ အဆိုအရ သိရသည်။

အာဏာရ ကြံ့ဖွံ့ပါတီ၏ ဧပြီလနှောင်းပိုင်း အစည်းအဝေးက ဒုဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ယာယီဥက္ကဋ္ဌ၊ ဦးဌေးဦးကို အထွေထွေ အတွင်းရေးမှူး၊ ဦးအောင်သောင်းကို အတွင်းရေးမှူး ၁၊ ဦးသိန်းဇော်ကို အထွေထွေ အတွင်းရေးမှူး ၂ နှင့် ဦးမောင်ဦးကို စည်းကမ်း ထိန်းသိမ်းရေး တာဝန်ရှိသူ အဖြစ် ဆုံးဖြတ်ပေးခဲ့ရာ မေလ ၂ ရက်နေ့မှစ၍ ၎င်းတို့ ရုံးတက်ကြခြင်း ဖြစ်သည်။

“သူတို့အားလုံး ဒီလ ရုံးစတက်တယ်။ ရုံးချုပ်ကတော့ ရန်ကုန်ကနေ နေပြည်တော် ရွှေ့လိုက်ပြီ။ လောလောဆယ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန် ကိုတော့ ဦးရွှေမန်း ကိုင်တာပေါ့နော်” ဟု ကြံ့ဖွံ့ပါတီ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးများက မွေးထုတ်ပေးခဲ့သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင် အများစုမှာ အစိုးရသစ်၌ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ရာ၌ ပါဝင်သွားပြီးနောက် ထပ်မံကိုင်တွယ်မည့် ခေါင်းဆောင်ပိုင်းကို တပ်မတော် ခေါင်းဆောင် ဟောင်းများဖြင့် ပြန်လည် အစားထိုးခဲ့သည်။

ကျစ်လစ်ခိုင်မာစွာ ပါတီရပ်တည်နိုင်ရေးနှင့် ပြိုကွဲမှု မဖြစ်စေရေးအတွက် ယခင် နအဖ စစ်အစိုးရ လက်ထက် တတိယ အကြီးဆုံး စစ်ခေါင်းဆောင် ဖြစ်ခဲ့ကာ၊ အစိုးရသစ် အောက်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူထားသည့် သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ အဖြစ်ပါ ယာယီ ကိုင်တွယ်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လက်ရင်းလူယုံတဦးဟု စစ်တပ်အသိုင်း အဝိုင်းတွင် ထင်ရှားခဲ့သူ ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများစွာတွင် အစိုးရနှင့် ပူးတွဲ လုပ်ကိုင်ခွင့် ရရှိသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဟောင်း ဦးသိန်းဇော်ဖြင့်လည်း ထပ်မံ အားဖြည့်ခဲ့သည်။ ပါတီ၏ စည်းကမ်းပိုင်း ဆိုင်ရာကို ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦးက ကိုင်တွယ်သွားမည်ဖြစ်သည်။

“အရင်တုန်းက သူတို့အားလုံးက အစိုးရဘက်မှာရော၊ ကျနော်တို့ ပါတီ CEC မှာရော တာဝန် တွဲယူထားသူ တွေပေါ့။ အခုကတော့ ပါတီ တခုထဲကိုပဲ ဖိဖိစီးစီး လုပ်ကြမှာပေါ့လေ” ဟု ရန်ကုန်တိုင်း ပါတီတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အစိုးရသစ်တွင် တာဝန်များ ရရှိသွားပြီးနောက် ပါတီတွင်း၌ အဓိက နေရာ ရလာနိုင်သူ အဖြစ် အများက ထင်ကြေး ပေးခံရသည့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် ထိပ်ပိုင်း နေရာများနှင့် လွဲချော်ကာ ရန်ကုန်တိုင်း တာဝန်ခံ ရာထူးနှင့်ပင် ကျေနပ်ခဲ့ရသည်။

ဦးအောင်သိန်းလင်း အရွေးခံသည့် တောင်ဥက္ကပမြို့နယ်ရှိ လမ်းများကို ခင်းကျင်းရန် ငွေကြေး ထုတ်ပေး ခဲ့သော်လည်း မပြီးပြတ်ခဲ့ သလို၊ နိုင်ငံရေး ဘက်၌တွင်ပါ ဆက်ဆံရေး မပြေပြစ်ဟု ပါတီ လုပ်ဖော်ကိုင်ဘက်များ အဆိုအရ သိရသည်။ ထို့ပြင် ပိုင်ရှင်ရှိ မြေကွက်များကို အလွဲသုံးစား ပြုမှုဖြင့်ပါ နာမည် ထွက်နေသေးသည်။

ထို့အတူ ပါတီက ထူထောင်ခဲ့သည့် နာရေးကူညီမှုအသင်းပါ ပျက်စီးယိုယွင်းနေပြီဟု ပါတီတွင်း သတင်းများက ဆိုပြီး၊ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက လက်စ မသတ်ခဲ့သည့် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်ရှိ လမ်းများမှာလည်း မပြီးပြတ် သေးကြောင်း သိရသည်။

ယခုအခါ ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား အာဏာခွဲဝေရာ၌ မကျေလည်မှုများ ရှိနေသဖြင့် စည်းရုံးရေး ကိစ္စများ၌ပါ အားနည်း လာနေကာ၊ အစိုးရသစ်တွင် တာဝန်ယူထားသူများ၏ ဝင်ရောက် ချယ်လှယ်မှုများကြောင့် မကျေမနပ် ဖြစ်နေကြကြောင်း ပါတီ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလာသည်။

ကြံ့ဖွံ့ပါတီကို ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ နာယက အဖြစ် ဦးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးတို့က ဦးဆောင်လာခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင် ရခဲ့သည်ဟု စစ်အစိုးရ ကြေညာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

သြစတြီးယားကုမ္ပဏီ စစ်လက်နက် ကြော်ငြာမှု NLD အတွက် အနှောင့်အယှက်

သောမတ်စ် မောင်ရွှေ
တနင်္လာနေ့၊ မေလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနှင့် ထိုင်းနိုင်ငံဆိုင်ရာ သြစကြီးယားသံအမတ်ကြီးနှင့် စစ်လက်နက်ပစ္စည်း ဆိုင်ရာ ကုမ္ပဏီ ကိုယ်စားလှယ်များ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရန် ရန်ကုန်သို့ လာရောက်ခဲ့သည့် အပေါ် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဘန်ကောက်ရှိ သြစတြီးယားသံရုံး စီးပွားကူးသန်းသံမှူးနှင့် သြစတြီးယား ကုန်သည်ကြီးများ အသင်းတို့က အစီအစဉ်ဖြင့် သံအမတ်ကြီး ဒေါက်တာ ဂျိုဟန်နက်စ် ပီတာလစ် Jogannes Peterlik ဦးဆောင်သော ၎င်းကုန်သွယ်ရေး အဖွဲ့ မြန်မာနိုင်ငံသို့ မတ်လ ၁၆-၁၈ ရက်နေ့အတွင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမက ရရှိထားသည့် ၎င်းကိုယ်စားလှယ် ပြင်ဆင်လာသော Powerpoint တင်ပြမှုများအရ ကုမ္ပဏီ ၁၉ ခု ကိုယ်စားပြု ပါဝင်ကြောင်း တွေ့ရှိရကာ၊ ၎င်းတို့တွင် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အကြံပေးကုမ္ပဏီဟု သူ့တို့ ကိုယ်သူတို့ ဖော်ပြထားသည့် ပီအန်ပီ အကြံပေးအဖွဲ့ P & P Consulting ကုမ္ပဏီ၊ သြစတြီးယားမှ အဓိကဘဏ်ကြီး ၂ ခုနှင့် "ကမ္ဘာပေါ်တွင် ခရစ္စတယ် ကျောက်မျက် အစစ်များနှင့် ဖန်တီးထားသော ကျောက်များ ဦးဆောင် ထုတ်လုပ်နေသူ" ဟု ဆိုသည့် ဆွာရော့ဖ် စကီ (Swarovski) ကုမ္ပဏီတို့လည်း ပါဝင်သည်။

၎င်းကိုယ်စားလှယ်အဖွဲ့တွင် စစ်လက်နက်ပစ္စည်းထုတ် ကုမ္ပဏီများ ပါဝင်သည့်အပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် ဥရောပ သမဂ္ဂအဖွဲ့ EU အနေနှင့် "ဤကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုပါရန်၊ ယခု လုပ်ရပ်အပေါ် ပြည်သူလူထု အများသို့ ရှင်းပြသင့်ကြောင်း" ဦးဝင်းတင်က ပြောဆိုခဲ့သည်။

P&P Consulting နှင့် ပတ်သက်၍ လူသိရှင်ကြားထုတ်ပြန်ထားသည့် သတင်းအချက်အလက် အနည်းငယ်မျှသာ ရှိသည်။ ၎င်းကုမ္ပဏီ၏ ဝဘ်ဆိုဒ် စာမျက်နှာမှာ ယခုလက်ရှိတွင် ဖတ်ရှုမရဘဲ သြစတြီးယား ရပ်ခြားကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ ဝဘ်စာမျက်နှာ၌ ဖော်ပြထားသည့် တယ်လီဖုန်း နံပါတ်သို့ မဇ္ဈိမက ခေါ်ဆိုခဲ့ရာတွင်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပါ။ သြစတြီးယား သတင်းစာက ဖော်ပြရာတွင် ၎င်းကုမ္ပဏီပိုင်ရှင်မှာ အဖွဲ့၏ အဓိက ဝန်ထမ်းဖြစ်သော လက်နက်ပွဲစား အယ်ဖရက် ပလက်တနာ Alfred Plattner ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်း၏ စီးပွားရေးမိတ်ဘက် ဂျက်တိုက်လေယာဉ်များကိစ္စအပေါ် တိုက်တွန်းစည်းရုံးသူ အာဟဒ် စတိန်နင်ဂါ Erhard Steininger က သြစတြီးယား လေတပ် အကြီးအကဲ၏ ဇနီးထံသို့ လျှို့ဝှက် ငွေပေးချေမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုအပေါ် ၂ဝဝ၇ ခုနှစ်ထဲတွင် ပလက်တနာသည် သြစတြီးယားပါလီမန် ကြားနာမှုတွင် ဖြေရှင်းခဲ့ရသေးသည်။

သြစတြီးယားပါလီမန်၏ တွေ့ရှိချက်အရ ၂ဝဝ၂ တွင် ပလက်တနာနှင့် P & P ကုမ္ပဏီက စတိန်နင်ဂါထံမှ ယူရိုငွေ ၂ဝဝ, ဝဝဝ စည်းရုံး တိုက်တွန်းပေးခ အတွက် ရရှိခဲ့ပြီး၊ P & P ကုမ္ပဏီ၏ လိပ်စာမှာလည်း စတိန်နင်ဂါနှင့် ပေါင်းဖော် လုပ်ကိုင်နေမှု အတွက် စောင့်ကြည့် ခံနေရသူ သြစတြီးယား ပီဇာဆိုင်တခု၏ လိပ်စာနှင့် အတူတူဖြစ်နေသည်ကို တွေ့ရှိရသည်။

P & P ၏ ဦးဆောင်ထိုးဖောက်မှုနောက်တွင် အခြားသော ဥရောပစစ်လက်နက်ကုမ္ပဏီများ လိုက်လာမည်၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကြမည်ကို စိုးရိမ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုပ်ဖော် ကိုင်ဘက်ဖြစ်သူ သူက P & P ကုမ္ပဏီကို မြန်မာပြည် ရောက်လာအောင် ကူညီခဲ့သည့် အပေါ် သြစတြီးယား အစိုးရကို အလွန် စိတ်ပျက်ရသည်ဟုလည်း ဆိုသည်။

သံအမတ်ကြီး ပီတာလစ် Peterlik နှင့်အတူ ဘန်ကောက်ရှိ သြစတြီးယား သံရုံးမှ စီးပွားကူးသန်းကိစ္စ ဆိုင်ရာ သံမှူး ဒေါက်တာ ဂူစတဖ် ဂရီဆဲ Gustav Gressel နှင့် စီးပွားကူးသန်းကောင်စစ်ဝန် ဂါးဟဒ် ရှလက် Gerhard Schlattl တို့လည်း ကိုယ်စားလှယ် အဖွဲ့နှင့် တပါတည်း ရန်ကုန်သို့ လိုက်ပါလာခဲ့သည်။

"သြစတြီးယားနိုင်ငံက ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံပါ။ EU ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု လုပ်ထား ဆဲပါ" ဟု ဝါရင့် နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်ခဲ့သူ ဦးဝင်းတင်က ပြောသည်။

"မြန်မာနိုင်ငံကို သြစတြီးယား သံအမတ်ကြီး ဦးဆောင်ပြီးတော့ ကုန်သွယ်ကူးသန်း ကိုယ်စားလှယ်အဖွဲ့ လာတယ်ဆိုတာ ကျနော်တော့ နားမလည်နိုင်ဘူး။ အကြောင်းက ဒါဟာ တကယ့်ကို ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှု မူကို ဆန့်ကျင်နေတာပဲ" ဟုလည်း သူက ဝေဖန်သည်။

မဇ္ဈိမသတင်းဌာနသို့ ပေးပို့ခဲ့သည့် ထုတ်ပြန်ကြေညာချက်တွင် သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ပီတာ လွန်းစကီး-တိုင်ဖင်သယ် Peter Launsky-Tiefenthal က ယခု ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် "စီးပွားရေးအရ အချက်အလက် ရှာဖွေရန်" ခရီးစဉ်သာဖြစ်သည်၊ ဥရောပသမဂ္ဂ EU ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားရေးမူကို ချိုးဖောက်ခြင်း မရှိပါဟု ငြင်းဆိုခဲ့သည်။

"မြန်မာနိုင်ငံအပေါ် EU ကနေ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အကျယ်အပြန့် ပိတ်ဆို့ ဒဏ်ခတ်ထားတာ မရှိပါဘူး။ ကဏ္ဍတချို့ တားမြစ် ထားတာတော့ ဥရောပ သမဂ္ဂဒဏ်ခတ် အရေးယူမှုနဲ့ ပတ်သက်လို့ သြစတြီးယားက ထောက်ခံပါတယ်" ဟုလည်း ဖော်ပြထားသည်။

လွန်းစကီး-တိုင်ဖင်သယ် Launsky-Tiefenthal ၏ ထုတ်ပြန်ကြေညာချက်တွင် ယခုကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်တွင် အစိုးရ အာဏာပိုင်များနှင့် ဆက်သွယ်မှု မရှိခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ဆက်သွယ်မှုသာ ဖြစ်၍ ဤကိစ္စ အပေါ် EU ဒဏ်ခတ်ရေးမူက သက်ရောက်မှု မရှိကြောင်း ဆိုထားသည်။

ကိုယ်စားလှယ်အဖွဲ့တွင် သြစတြီးယားဘဏ် ၂ ခုနှင့် ကမ္ဘာ့အင်အားကြီး ကျောက်မျက်ဝယ် ကုမ္ပဏီတို့ ပါဝင်နေမှု အပေါ် နောက်ဆက်တွဲ မေးခွန်းများ ဖြေကြားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လွန်းစကီး-တိုင်ဖင်သယ် Launsky-Tiefenthal နှင့် လုပ်ဖော်ကိုင်ဘက်များက ဆက်လက်ဖြေကြားပေးရန် ငြင်းဆန်ခဲ့သည်။

ဥရောပ ဒဏ်ခတ်ပိတ်ဆို့မှုတွင် မြန်မာနိုင်ငံမှ ကျောက်မျက်များ မဝယ်ယူရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများ ပါဝင် နေသော်လည်း အထက်ဖော်ပြပါ ကုမ္ပဏီများက ယခုခရီးစဉ်တွင် ထူးခြားစွာ ပါဝင်နေသည်။

EU ၏ ဒဏ်ခတ်အရေးယူမှုတွင် မြန်မာနိုင်ငံမှ သစ်များကို ဥရောပသို့ တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း အဖွဲ့၏ တင်ပြချက် အရ Roxel RMG ဟူသည့် ကုမ္ပဏီက သစ်တောထွက် ပစ္စည်းများကို ကုန်သွယ်မှုပြုသည်ဟု သိရပြန်သည်။

၎င်းဖြစ်ရပ်ကို လွန်ခဲ့သည့်အပတ်က လန်ဒန်ထုတ် အင်ဒီပင်းဒင့် The Independent သတင်းစာတွင် ပုံနှိပ် ဖော်ပြခဲ့ရာ၌ P & P ကုမ္ပဏီက ပလက်တနာကို ကိုးကား ဖော်ပြရာ၌ သူ့ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် စိတ်ဝင်တစား ဆောင်ရွက် လိုသည်မှာ ကာကွယ်ရေး စစ်လက်နက်ပစ္စည်း ကိစ္စများထက်စာလျှင် လုံခြုံရေးကိစ္စသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ပလက်တနာက P & P က မြန်မာနိုင်ငံရှိလေဆိပ်တွင် လုံခြုံရေးပစ္စည်းများ တင်သွင်းလိုခြင်း သာဖြစ်သည်ဟု ဆိုသည်။

P & P က မြန်မာအစိုးရနှင့် ဆက်ဆံမှုမရှိဘဲ လေဆိပ်တွင် လုံခြုံရေး ကိရိယာများ မည်သို့တပ်ဆင် ပေးနိုင်မည် ဆိုသည်မှာ မရှင်းပါ။ အကြောင်းမှာ နိုင်ငံတဝှန်း လေဆိပ်အများကို စစ်တပ်က ချုပ်ကိုင် ထားသောကြောင့် ဖြစ်သည်။

မကြာသေးမီက လေဆိပ်အများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခဲ့ပြီး ယခုအခါ ရန်ကုန်လေဆိပ်ကို အေးရှားဝေါ ကုမ္ပဏီ၏ လက်ခွဲ Pioneer Aerodrome Services က တာဝန်ယူ လည်ပတ်လျက် ရှိသည်။ အေးရှားဝေါမှာ အမေရိကန် အစိုးရက ဘိန်းဘုရင်ဟု အမည် သွင်းထားသည့် လော်စစ်ဟန်၏သား စတီဖင်လောက လည်ပတ် ဆောင်ရွက်နေသည့် ကုမ္ပဏီတခု ဖြစ်သည်။ အေးရှားဝေါ ကုမ္ပဏီပိုင် စတီဖင်လောနှင့် သူ၏ဖခင်တို့မှာ EU နှင့် အမေရိ ကန်ပြည်ထောင်စု ဒဏ်ခတ်အရေးယူမှု နာမည်စာရင်းတွင် ပါဝင် နေကြသူများလည်း ဖြစ်သည်။

သြစတြီးယားနှင့် ဂျာမဏီနိုင်ငံကို ဥရောပရှိ မြန်မာ့အရေး လှုပ်ရှားသူများက အဓိကပစ်မှတ်ထား ဝေဖန်နေကြသည်။ အကြောင်းမှာ ဂျာမဏီအစိုးရ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို အားပျော့လာအောင် ဆောင်ရွက်နေကြသည်ဟု စွပ်စွဲသည်။

မကြာသေးမီက ဝီကီလိခ် WikiLeaks မှနေ၍ အမေရိကန်သံရုံး ကြေးနန်းစာများ ပေါက်ကြားလာခဲ့ရာ ဤဝေဖန်ချက်ကို ပို၍ ခိုင်မာစေခဲ့သည်။ ဗြိတိသျှ အရာရှိတဦးက အမေရိကန်သံတဦးကို ပြောကြားရာ၌ EU ဒဏ်ခတ် အရေးယူမှုကို UK နှင့် အချို့ EU အဖွဲ့ဝင် နိုင်ငံများက လိုလားကြသော်လည်း "အခြားတဖက်စွန်းတွင် ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်နေသည့် ဂျာမဏီနှင့် သြစတြီးယားတို့ ရှိနေကြသည်" ဟု ဖော်ပြခဲ့သည်။

အင်္ဂလန်ရှိ မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK မှ မာ့က် ဖာမနာ Mark Farmaner ထံ မှတ်ချက် တောင်းရာတွင် သူက သြစတြီးယား သံအရာရှိများအနေဖြင့် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ကို ပံ့ပိုးမှုပေးခဲ့သည့်အပေါ် သူ့အနေဖြင့် အံအားသင့်မှု မဖြစ်မိကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

မာ့က် ဖာမနာက "သြစတြီးယားဆိုတာ ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူမှုကို အစွယ်အဆိပ်မဲ့အောင် လုပ်နေတဲ့ နိုင်ငံတခုပါ။ အခုတော့ EU က ဒဏ်ခတ်အရေးယူမှု ပြင်းပြင်းထန်ထန် မရှိတာကို အခွင့်ကောင်းယူပြီး သူတို့ ကုမ္ပဏီတွေကို မြန်မာပြည် ခေါ်သွားကြတယ်။ သြစတြီးယား အစိုးရနဲ့ သြစတြီးယား ကုမ္ပဏီတွေက မြန်မာပြည်ကို အပြေးအလွှား သွားပြီး စစ်ရာဇဝတ် ကောင်တွေနဲ့ လူတွေကို နှိပ်စက်ညှဉ်းပန်းနေသူတွေ အိတ်ထဲကို ပိုက်ဆံ သွားထည့်ပေးနေတာ မသတီစရာ ကောင်းပါတယ်" ဟု ဆိုသည်။

သြစတြီးယားဘဏ်က နာမည်ပျက်စာရင်းဝင် မြန်မာအစိုးရ၏ ဘဏ်နှင့် ပြန်လည်ဆက်သွယ်လို

ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်အရ သြစတြီးယား ထိန်းချုပ်ထားသည့်ဘဏ် Die Oesterreichische Kontrollbank AG က မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် ဆက်သွယ်ရေး ပြန်လည် ထူထောင်လိုကြောင်း စိတ်ဝင်စား နေသည်ဟု သိရသည်။ ၎င်းဘဏ်မှာ မြန်မာအစိုးရပိုင် ဘဏ်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ဒဏ်ခတ် အရေးယူသည့် စာရင်းတွင် မပါသည့် လက်ကျန်ဘဏ် အနည်းငယ်မှ တခုလည်း ဖြစ်သည်။

သို့သော်လည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဒဏ်ခတ်အရေးယူ မှုတွင် နာမည်ဆိုးစာရင်း ပေါက်နေသည့် ဘဏ်တခုလည်း ဖြစ်သည်။

သြစတြီးယား ထိန်းချုပ်ထားသည့် ဘဏ်နှင့် မြန်မာဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက် ကြမည် ဆိုပါက ငွေများကို အမေရိကန်မှ ဖြတ်၍ လွှဲမည်ဆိုလျှင် ၎င်းဘဏ်သည်လည်း အမေရိကန် ဒဏ်ခတ် ပိတ်ဆို့ရေးမူကို ချိုးဖောက်ကျူးလွန်ရာ ရောက်တော့မည် ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် Credit Suisse ဘဏ်သည် အလားတူ ငွေလွှဲပြောင်း ဆောင်ရွက်မှုကြောင့် ဒဏ်တပ် ခံခဲ့ရသေးသည်။ Credit Suisse ဘဏ်သည် EU နှင့် ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူမှု စာရင်းအရ ပြဿနာ မရှိသော်လည်း အမေရိကန် ဒဏ်ခတ် အရေးယူမှုကို ချိုးဖောက်ကျူးလွန်ရာ ရောက်ခဲ့သည်။

မြန်မာအစိုးရက နိုင်ငံတကာ NGO များနှင့် အကူအညီပေးရေး အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ ထဲသို့ နိုင်ငံခြားငွေ တင်သွင်း လာပါက နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှတဆင့် တင်သွင်းစေရန် ဖိအား ပေးနေခဲ့ပြီး ဘဏ်အတွက် အကျိုးအမြတ် ရှိစေမည့် ပုံမှန်မဟုတ်သော ငွေလဲနှုန်းဖြင့်သာ သွင်းထုတ် စေခဲ့သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ကုလသမဂ္ဂ လူမှုကူညီရေး အကြီးအကဲ ဂျွန်ဟုမ်းလ်စ် John Holmes က ပြောကြား ရာ၌ စစ်အစိုးရ တောင်းဆိုသည့် အတိုင်း မှားယွင်းနေသည့် ငွေလဲနှုန်းဖြင့် ငွေသွင်း ထုတ်ခဲ့ရမှုကြောင့် နာဂစ် လေဘေးသင့် ဒုက္ခသည်များ အတွက် ထောက်ပံ့ ပေးသည့် အကူအညီငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်းမျှ နစ်နာခဲ့ရကြောင်း ဖွင့်ဟဝေဖန်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် နောက်ထပ် ဘဏ်တခုမှာ သြစတြီးယားဘဏ် Bank Austria ဖြစ်သည်။ ၎င်းတို့၏ တင်ပြချက်တွင် သူတို့ဘဏ်က ဥရောပတခုလုံး အကျယ်အပြန့် ချိတ်ဆက် ထားသည့် ဘဏ်အုပ်စု ယူနီခရက်ဒစ် UniCredit ၏ အဖွဲ့ဝင်အဖြစ် ၂ဝဝ၅ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး၊ သြစတြီးယား နိုင်ငံတွင် ကုန်သွယ်မှုနှင့် ပတ်သက်၍ ငွေကြေး ပံ့ပိုးရာ၌ ဈေးကွက်တွင် အငြင်းပွားဖွယ် မရှိသည့် ခေါင်းဆောင် ဘဏ်တခု ဖြစ်သည်ဟု ဆိုသည်။ တင်ပြချက်အရ ၎င်းတို့ဘဏ်က မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဘဏ်များ၊ သွင်းကုန်တင်သွင်းသူများနှင့် တိုးချဲ့၍ ဆက်ဆံလိုသည်ဟု ဖော်ပြသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဂေါက်ကွင်းသို့ ကိုယ်စားလှယ်အဖွဲ့ သွားခဲ့ခြင်း

မြန်မာနိုင်ငံရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် တွေ့ဆုံခဲ့သည့် အပြင် ၎င်းကိုယ် စားလှယ်အဖွဲ့က ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး ဆာ့ခ်ျပန်းနှင့်လည်း ပန်းလှိုင် ဂေါက်ကွင်းတွင် တွေ့ဆုံ ခဲ့သေးသည်။ ၎င်း ဂေါက်ကွင်းမှာ တောင်အာဖရိက နိုင်ငံမှ ကြေးစား ဂေါက်သီးသမား ဂယ်ရီပလေးယား (Gary Player) ပုံစံ ထုတ်ထားသည် ဆိုပြီး လယ်သမားများ ထံမှ လျော်ကြေးမပေးဘဲ မြေကိုသိမ်း၍ ဂေါက်ကွင်း ဆောက်ထားသည့် နေရာဟုလည်း သိရသည်။

မြန်မာ့ဂုဏ်ဆောင် ‘pride of Myanmar’ ဂေါက်ကွင်းတွင် ဂယ်ရီပလေးယား ပါဝင် ပတ်သက် နေမှုကို အငြိမ်းစား တောင်အာဖရိက ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြစ်တင် ဝေဖန်ခဲ့ပြီး ၎င်းက "လူသတ်စစ် အာဏာရှင် မြန်မာနိုင်ငံမှ စစ်အစိုးရ အာဏာပိုင်များ အတွက် ကစားကွင်း" ဟု ခေါ်ဝေါ် သမုတ်ခဲ့သည်။

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရှိန်အဟုန်မြင့်နေချိန်တွင် ဒက်စမွန်တူးတူးနှင့် တောင်အာဖရိကရှိ မြန်မာ့အရေး ထောက်ခံသူများက နယ်လ်ဆင် မင်ဒဲလား၏ ကလေးများ ရန်ပုံငွေပွဲ ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ဂယ်ရီ ပလေးယားကို ဖိတ်ကြားခြင်း မပြုရန် အောင်မြင်စွာ တိုက်တွန်း စည်းရုံး နိုင်ခဲ့ကြသည်။ သူတို့က ပလေးယားနှင့် စစ်အစိုးရ ဂေါက်ကွင်း ဆက်စပ် ပတ်သက်နေမှုကို ထောက်ပြခဲ့ကြသည်။

ဆာ့ခ်ျပန်း၏ SPA/FMI ကုမ္ပဏီအုပ်စု၏ ထုတ်ပြန်ကြေညာချက်တွင် သြစတြီးယား သံအမတ်ကြီးနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ သီးသန့်ထိပ်တန်း ဂေါက်ကွင်းအနီးရှိ ပုဂ္ဂလိကပိုင် ပန်းလှိုင် ဆေးရုံသို့လည်း သွားရောက် လည်ပတ်သေးသည်ဟု ဖော်ပြထားသည်။ ဧရာဝတီ မဂ္ဂဇင်း၏ သတင်းတပုဒ် ဖော်ပြချက်အရ မကြာသေးမီက အနားယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်းဆေးရုံတွင် လွန်ခဲ့သည့် သြဂုတ်လက ဆေးစစ်မှု ခံယူခဲ့သေးသည်ဟုလည်း သိရသည်။

(သောမတ်စ်မောင်ရွှေ ရေးသားသည့် NLD disturbed by Austrian embassy’s promoting defense firm in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)

Ref: မဇ္ဈိမ

Read More...

ဦးသိန်းညွန့်အမှု တိုင်းကော်မရှင်ထံ NDF အပြီးတင်

သဲသဲ
တနင်္လာနေ့၊ မေလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ် ခဲ့သည့် အထောက် အထားများအား ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ အင်္ဂါနေ့တွင် အပြီး တင်သွင်းခဲ့ကြောင်း NDF က ပြောသည်။

ပါတီတွင်း စည်းကမ်းမလိုက်နာ၍ ထုတ်ပယ်ခဲ့သည်ဟုဆိုသော သင်္ဃန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်နှင့် NDF ပါတီအကြား အပြန်အလှန် တိုင်ကြားမှုများ အပေါ် တိုင်းကော်မရှင်က စစ်ဆေးလျက်ရှိရာ ပါတီဘက်က အထောက်အထား အားလုံးကို ယနေ့ နောက်ဆုံး တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အထုတ်ပယ်ခံ ဦးသိန်းညွန့်က NDF ၏ ပါတီအမည်နှင့် တံဆိပ်ကို အသုံးပြုနေသဖြင့် ကော်မရှင်ထံ ဖြေရှင်းပေးရန် NDF က ကော်မရှင်ထံ တောင်းဆိုခဲ့ရာမှ ယခုလို တင်သွင်းရကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

“ပါတီမှတ်ပုံတင် ဥပဒေမှာ တံဆိပ်တခုကို ပါတီ ၂ ခု ခွဲသုံးလို့ မရဘူးလေ။ ဒီလိုဖြစ်လာတဲ့ အခါ ပြည်သူလူထု အကြား ဝေဝါးမှာစိုးလို့ ကော်မရှင်ကို ရှင်းပေးဖို့ လျှောက်ထားတော့ ဦးသိန်းညွန့်ကို ထုတ်ပယ်ကြောင်း အထောက်အထားတွေ တင်ခိုင်းတာပါ” ဟု သူက ဆိုသည်။

မေလ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းခဲ့သည်များအား တိုင်းကော်မရှင်က ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်လက် တင်ပြကာ အဆုံးအဖြတ် ခံယူမည်ဖြစ်သည်။

တိုင်းကော်မရှင်က ယခင်တပတ်မှစပြီး NDF တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေကာ၊ ဦးသိန်းညွန့်ထံ NDF တိုင်ကြားမှု မိတ္တူ ပေးပို့ခဲ့သော်လည်း ခေါ်ယူစစ်ဆေးမှု မရှိသေးပေ။

သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ပါတီတွင်းနှင့် ပါတီဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည်ဟူသော စွပ်စွဲချက်များဖြင့် ပါတီ ဒုခေါင်းဆောင်အဖြစ်မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပယ်ခြင်းမှာ ဥပဒေနှင့်မညီသဖြင့် လက်မခံနိုင်ကြောင်းနှင့် ကော်မရှင်၏ အဆုံးအဖြတ် လိုလားကြောင်း ဦးသိန်းညွန့်ဘ က်က ၂ဝ၁ဝ နိုဝင်ဘာ ၂၄ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပြန်သည်။

ပါတီတွင်း ဘဏ္ဍာရေး မရှင်းလင်းမှု ကိစ္စများကြောင့် သဘောထားကွဲလွဲပြီး ခွဲထွက်ခဲ့သည်ဟုဆိုသော သင်္ကန်းကျွန်း အခြေစိုက် လှုပ်ရှားသည့် NDF တွင်မူ ဦးသိန်းညွန့် အပါအဝင် လွှတ်တော်အမတ် ၅ ဦးက ဦးဆောင်နေပြီး၊ ပါတီဝင် အင်အား ၂ဝဝ ကျော် ရှိသည်ဟု ၎င်းတို့အဆိုအရ သိရသည်။

“တကယ်လို့ ဦးသိန်းညွန့်ကို ပါတီကနေ ထုတ်ပယ်တာကို ကော်မရှင်က လက်ခံတယ်ဆိုရင် တသီးပုဂ္ဂလ ဖြစ်သွားပြီ။ တသီးပုဂ္ဂ ဖြစ်သွားတယ် ဆိုရင် ကျနော်တို့ ၃ ဦးကလည်း NDF ကနေ ထွက်လိုက်မှာပါ။… ကျနော်တို့လည်း တသီးပုဂ္ဂပဲ ဖြစ်သွားနိုင်တယ်” ဟု သင်္ကန်းကျွန်း မဲဆန္ဒနယ် အမှတ် ၁ မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က မဇ္ဈိမကို ပြောသည်။

ဦးသိန်းညွန့်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဗဟိုနှင့် အဆက်အသွယ် ပြတ်ခဲ့သည့် လွှတ်တော်အမတ်များ ဖြစ်သော ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်၊ သင်္ကန်းကျွန်း ၁ မှ ရန်ကုန်တိုင်းအမတ် ဦးကျော်၊ သင်္ကန်းကျွန်း ၃ မှ ဒေါ်စန်းစန်းမြင့်နှင့် သင်္ကန်းကျွန်း NDF ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ လသာ ပြည်သူ့ လွှတ်တော်အမတ် ဦးကြည်မြင့်တို့လည်း သင်္ကန်းကျွန်း ဦးဆောင်မှု အဖွဲ့တွင် ပါဝင်သည်။

အကြောင်းပြချက် ရှင်းလင်းစွာ မသိရဘဲ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်တို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ် ၉ နှင့်အတူ အမှတ် ၂ စက်မှု ဝန်ကြီး ဌာနက ၅၅ သိန်းတန် ကားဝယ်ခွင့်လိုင်စင် ပေးခဲ့သည်ကို နိုင်ငံရေး အသိုင်းအဝိုင်းကြား ထင်ကြေး ပေးနေသည်ဟု NDF က ဆိုသည်။

“လွှတ်တော်ထဲမှာ NDF ကို အတိုက်အခံလုပ်တဲ့ သူတွေကို ကားတွေ အခွင့်အရေးတွေ ပေးနေပါလား ဆိုတဲ့ ကောလာဟလ တွေကတော့ ရပ်ကွက်ထဲမှာရော၊ နိုင်ငံရေး သမားတွေ ကြားမှာရော သတင်းတွေက တော်တော်များများ ထွက်နေတယ်ဗျ။ ကျနော်တို့ ကတော့ ဘာမှ မသုံးသပ်ချင်ပါဘူး” ဟု NDF မှ ဦးခင်မောင်ဆွေက ပြောသည်။

တရားမမျှတသဖြင့် ရွေးကောက်ပွဲဝင်ရန် ငြင်းဆန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ခေါင်းဆောင် အချို့ ခွဲထွက်ကာ NDF အမည်ဖြင့် ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၆၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရခဲ့သည်။

Ref: မဇ္ဈိမ

Read More...

စာရေးဆရာ ဝေမှူးသွင် မူးယစ်မှုဖြင့် ဖမ်းခံရ

ဖနိဒါ
တနင်္လာနေ့၊ မေလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်စွပ်စွဲကာ လူငယ်စာရေးဆရာ ဝေမှူးသွင်ကို မူးယစ် အထူး တပ်ဖွဲ့က ရန်ကုန် သင်္ကန်းကျွန်း နေအိမ်မှ မေလ ၇ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ကျောက်တံတားမှ ၂၈ နှစ်အရွယ် ကိုရဲဇာနည်နှင့် ၄ဝ ကျော်အရွယ် အာရာဖတ် (ခ) ကိုဇော်လင်း ကို WY ခေါ် ရာမ စိတ်ကြွဆေး ၉ လုံးနှင့် အတူ ဖမ်းဆီးပြီးနောက် ကွင်းဆက် အရဆိုကာ ဝေမှူးသွင် (ခ) ကောင်းထက်ပါ ဖမ်းဆီး ခံရခြင်းဟု ရဲဘက်က ပြောကြောင်း အမည်မဖော်လိုသူ မိတ်ဆွေတဦးက ပြောသည်။

ကိုရဲဇာနည်နှင့် အာရာဖတ် (ခ) ကိုဇော်လင်းသည် ဗီဒီယိုကြော်ငြာ ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည်။ အားလုံးကို အင်းစိန်ထောင်တွင် ချုပ်ထားသည်ဟု အခြား မိတ်ဆွေတဦးကလည်းပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅/၅၆ (ဂ) နှင့် အရေးယူ ထားသည်ဟု ဆိုသည်။

၃၃ နှစ်အရွယ် ဝေမှူးသွင်မှာ ကဗျာနှင့် လုံးချင်းဝတ္ထု အုပ်ရေ ၄၅ အုပ်မြောက် ရေးသားပြီးကြောင်း သူ၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။

“သူက နိုင်ငံရေးနဲ့ မပတ်သက်ဘူးဗျာ။ သူက ၈၈ မျိုးဆက်လည်း မဟုတ်ဘူး။ နောက်ပြီးတော့ Signature campaign နဲ့လည်း ဘာမှ မပတ်သက်ဘူး။ သတင်းအမှားတွေ တက်ပြီးတော့ ကျနော်တို့ ၈၈ ကျောင်းသား သိက္ခာကျမှာ စိုးလို့နော်” ဟု လက်ရှိ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု၌ ဦးဆောင် ပါဝင်နေသူတဦးက ပြောသည်။

ကိုဝေမှူးသွင် အတွင်းရေးမှူး လုပ်ခဲ့သည့် မြန်မာ့ဒီမိုကရေစီ ကွန်ဂရက်ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံ တင်ခဲ့သော်လည်း ပါတီဝင် ၁,ဝဝဝ မပြည့်သဖြင့် ဖျက်သိမ်းခံရသည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်တွင်းအပြောင်းအလဲ စတင်လုပ်ဆောင်

ရန်ပိုင်
Monday, 09 May 2011

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ရယူပြီး သည့်နောက် စစ်တပ်အတွင်း ရာထူး အပြောင်းအလဲများ စတင် ပြုလုပ်နေကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

အဆိုပါ ရာထူးအပြောင်းအရွေ့များကို မေလ ၅ ရက်နေ့က စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ အနားယူပြီးနောက် ပထဆုံးအကြိမ် အဖြစ် ပြုလုပ်သည့် တပ်တွင်း ရာထူး အပြောင်းအရွှေ့များ ဖြစ်သည်ဟု စစ်ဘက်နှင့် နီးစပ်သူတဦးက ဆိုသည်။

“ကာချုပ်က လူဟောင်းတွေထဲက မကြိုက်တဲ့သူတချို့ကို ဖယ်ပြီး ကြိုက်တဲ့သူတွေကို ဆွဲတင်ဖို့ လုပ်တာပါ။ ဘယ်လောက် တော်တော် မကြိုက်ရင် နေရာမရှိဘူး၊ စစ်တပ်မှာ ဖြစ်ရိုးဖြစ်စဉ်ပဲ” ဟု ၎င်းက ဆိုသည်။

ယခုပြောင်းရွေ့မှုတွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ မပါဝင်ဘဲ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူးများနှင့် ခြေမြန် တပ်မဌာနချုပ် တပ်မမှူးများကိုသာ အပြောင်းအလဲ လုပ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့မှုတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး ဗိုလ်မှူးကြီး အောင်ရဲဝင်းအား ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် အခြေစိုက် စကခ (၁ဂ)၊ အမှတ်(၁၈) စကခမှူး ဗိုလ်မှူးကြီး မင်းဇော်အား တပ်မတော် သူနာပြု တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်( ၉) စကခမှူး ဗိုလ်မှူးချုပ် တင်ဆွေဝင်းအား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရှမ်းပြည်တောင်ပိုင်း ကလော မြို့အခြေစိုက် တပ်မ ၅၅ တပ်မမှူးကို အမှတ် (၉) စကခ၊ ရှမ်းပြည်မြောက်ပိုင်း သိန္ဓီ အခြေစိုက် အမှတ် (၁၆) စကခမှူး ဗိုလ်မှူးကြီး ၀င်းသိန်းအား နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ် စခန်းရုံးတို့သို့ အသီးသီး ပြောင်းရွေ့လိုက်သည်။

တခြားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူးများကိုလည်း ဆက်လက်ပြောင်း ရွှေ့မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခု စစ်တက္ကသိုလ်သို့ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ရသူ ဗိုလ်မှူးချုပ် တင်ဆွေဝင်းသည် တိုင်းမှူးရာထူး တိုးမြှင့် ခံရမည်ဟု စစ်တပ် အတွင်း သတင်း ထွက်ပေါ်နေသူ ဖြစ်ပြီး ယခင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန် ယူသွားသည့် ဗိုလ်မှူးချုပ် မြတ်ထွန်းဦး သည်လည်း ရှမ်းပြည်နယ်တွင် မကြာမီက ဖွင့်လှစ်ခဲ့သည့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့ တိုးမြှင့်ခြင်း ခံရသည်။

ယခုအပြောင်းအရွှေ့တွင် ပြောင်းရွှေ့ခြင်းခံရသူများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကမှ စတင်ပြီး ယင်းရာထူး တာဝန်များကို စတင် ထမ်းဆောင်သူများ ဖြစ်သည်။

စစ်ရေး လေ့လာသူများ အဆိုအရ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်တပ်ရာထူး အပြောင်းအရွှေ့များကို အကြီးအကျယ် ပြုလုပ် ခဲ့သေးကြောင်း၊ ထို့နောက် ၉ လအကြာ ယခုတကြိမ် ထပ်မံ ပြုလုပ်ခြင်းသည် သမားရိုးကျ ပုံမှန် ပြုလုပ်ခြင်း မဟုတ်သည့် အတွက် ယခုတပ်တွင်း အပြောင်းအလဲများကို စောင့်ကြည့်ရန် လိုကြောင်း ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူနေစဉ် ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းကလည်း စစ်ဘက် ထိပ်တန်း စစ်ဗိုလ်ချုပ်များကို ရာထူးမှ အနားယူစေပြီး စကခမှူးများ၊ တိုင်းမှူးများ၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး နေရာများ အထိ ရာထူး အပြောင်းအလဲများကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။

ပြီးခဲသည့် မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်း စစ်ကောင်စီကို ဖျက်သိမ်းပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲအပ်ခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးအပ်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ရာထူးတာဝန်မှ အနားယူသွားပြီဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသော်လည်း စစ်တပ်နှင့် ပတ်သက်၍ ဆက်လက်ချုပ်ကိုင်ထား ဆဲဖြစ်သည်ဟု အတည်မပြုနိုင် သေးသော စစ်ဘက် အသိုင်း အ၀န်း သတင်းများအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

ဦးအောင်သိန်းလင်း ငွေကြေးအလွဲသုံးစာမှုဖြင့် မေးမြန်းရန် ဆင့်ခေါ်ခံရ

Monday, 09 May 2011

ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် တာဝန် ထမ်းဆောင်ခဲ့စဉ်က ကျပ်သန်း ထောင်ချီကာ ငွေကြေး အလွဲသုံးစား မှုကြောင့် ဧပြီလနှောင်းပိုင်းမှစ၍ စစ်ဆေး မေးမြန်းရန် အာဏာပိုင်များ၏ ဆင့်ခေါ်ခြင်း ခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ မြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေကြေးများအား ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုခဲ့ကြောင်း၊ အလွဲသုံးစား လုပ်ထားသော ငွေကြေး ပမာဏမှာ အနည်းဆုံး ကျပ်သန်းပေါင်း ၂ ထောင်ကျော် (အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင်) ရှိကြောင်း အတည် မပြုနိုင်သော သတင်းအရ သိရသည်။

ထိုငွေကြေးအား မည်သည့်နေရာ၌ သုံးစွဲခဲ့ကြောင်း ရှင်းလင်းပေးရန် လက်ရှိ ရန်ကုန်မြို့တော်ဝန်သစ် ဦးလှမြင့်မှ ခေါ်ယူသော်လည်း လာရောက်ဖြေရှင်းမှု မရှိဟု ရန်ကုန် စည်ပင်သာယာရေး ၀န်ထမ်းတချို့က ပြောသည်။

လက်ရှိ ရန်ကုန်မြို့တော်ဝန် ရာထူးကို အငြိမ်းစား ဗိုလ်မှူးကြီးဟောင်းနှင့် သံတမန်ဟောင်းတဦး ဖြစ်သူ ဦးလှမြင့်က တာဝန် ယူထားသည်။

လမ်းတံတားဌာနမှ ၀န်ထမ်းတဦးက “သူ မြို့တော်ဝန်ဖြစ်တုန်းက လာဘ်ယူထားတဲ့ မြေကွက်တွေက ရာချီ ရှိပါတယ်။ တိုက်ခန်းတွေလည်း အများကြီးပါ။ လမ်းခင်းမယ် ဆိုပြီး တင်ထားတဲ့ ဘတ်ဂျက်တွေ ကလည်း အများကြီးပါ။ သူခင်းသွားတဲ့ လမ်းတွေရဲ့ ကုန်ကျစရိတ်က ဘတ်ဂျက်ရဲ့ အနည်းစုပဲရှိတယ်” ဟု ဆိုသည်။

အထက်ပါ သတင်းများနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းအား ဧရာဝတီက ယနေ့ ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပေ။

ငွေကြေးအလွဲသုံးစားမှုများနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်း ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု ကောလာဟလ များလည်း ထွက်ပေါ်ခဲ့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်း၏ သားမက် တော်စပ်သူ ဗိုလ်ကြီးဟောင်း ဦးကျော်သူစိုးကို ဧရာဝတီက ယနေ့ ဆက်သွယ်မေးမြန်းရာ ထိုသတင်းမှာ မှန်ကန်မှု မရှိဟု ဖြေကြားသည်။

ဦးအောင်သိန်းလင်းသည် လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဗဟို အလုပ်မှုဆောင် တဦးနှင့် ရန်ကုန်တိုင်း ပါတီတာဝန်ခံတဦးလည်းဖြစ်သည်။

ဦးအောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တောင်ဥက္ကလာပမြို့နယ်မှ ၀င်ပြိုင်ခဲ့ရာ အနိုင်ရ ခဲ့သော်လည်း တခြားကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အများစုကဲ့သို့ မဲလိမ်၊ မဲခိုးမှုများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်၊ မြောက်) စသည့် မြို့နယ်များ၏ မြေကွက် အများအပြား ကိုလည်း ဦးအောင်သိန်းလင်း ပိုင်ဆိုင်ထားပြီး မန္တလေးတိုင်း၊ သာစည်မြို့နယ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာမှ တည်ဆောက် ထားသော မြို့တော် ဘိလပ်မြေ စက်ရုံ စီမံကိန်းမှလည်း ကျပ်ငွေသန်းရာချီကာ အလွဲသုံးစား လုပ်သွား ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လကုန်တွင် အစိုးရသစ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် ဦးအောင်သိန်းလင်းသည် မြို့တော်ဝန် ရာထူးအား လက်လွှတ်ခဲ့ရသည်။

စစ်အစိုးရလက်ထက်တွင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ ဒေသဆိုင်ရာ အာဏာပိုင်များသည် နိုင်ငံတော် သယံဇာတနှင့် ပစ္စည်းများကို အလွဲသုံးစား လုပ်မှုများ၊ လာဘ်စားမှုများ၊ အဂတိ လိုက်စားမှုများ ပြုလုပ်ခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

Monday, 09 May 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်း တပ်များနှင့် မြန်မာ အစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မြန်မာ စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။

မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည် အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိ လာခဲ့ပြီး တိုက်ပွဲများ အပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့