..............................

Saturday, March 13, 2010

နအဖ တပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်း ချဉ်းကပ်

Friday, 12 March 2010

ယခုတပတ်အတွင်း နအဖ တပ်မများ ၀ ထိန်းချုပ်နယ်မြေအနီး ပိုမို ဖြည့်တင်း ချဉ်းကပ်လာသည်ဟု စုံစမ်း သိရှိရပါသည်။ “မြောက်ပိုင်း ၀ နယ်မြေ ပတ်ပတ်လည်မှာ ဗမာတပ်မ ၄ ခုလောက် ရောက်နေတယ်။ ဒီလဆန်းပိုင်းကလဲ တပ်မ ၇၇ က အလုံးအရင်းနဲ့ တက်လာတယ်၊ ရိက္ခာတွေ၊ စစ်လက်နက် ပစ္စည်းတွေ တင်ပို့တယ်။ မနေ့ကလဲ တပ်မ ၇၇ ဘဲ စစ်သားတွေက ၅၀၀ ကျော်တယ်။ လားရှိုးကနေ သိန္နီကို ဖြတ်သွားပြီ၊ ကိုးကန့်နဲ့ ၀ နယ်ခြားဘက်ကို ဦးတည်တယ် ထင်တယ်” - ဟု အမည်မဖေါ်လို သည့် လားရှိုးသား တဦးက ပြောပါသည်။

မတ်ခ်ျ ၁၁ ရက် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်ဘက်ရောက်နေသည့် တပ်မ ၅၅ ကလည်း အင်အား ၂၀၀ ခန့်ပါ စစ်ကား ၇-၈ စီးဖြင့် မိုင်းရှူးမြို့က တဆင့် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့ ဆင်းသွားကြောင်း၊ ထို့နည်းတူ သံလွင်အရှေ့ခြမ်း မိုင်းပြင်းမြို့ နယ်အတွင်းရှိ နအဖ တပ်များကလည်း မြောက်ဖက်ရှိ နမ့်ခါချောင်းကို ဖြတ်ကျော်၍ ၀ နယ်အနီး လွယ်ပန်လုံသို့ အင်အား ထပ်ဖြည့် ထားသည်ဟု ဒေသခံများက ဆိုသည်။

“တပ်မ ၃၃ အင်အား ၁၅၀၀ ခန့်က ကိုးကန့်နယ်ဘက်မှာ ရှိနေပြီးသား။ မိတ္တိလာ အခြေစိုက် တပ်မ ၉၉ က ရှိပြီးသား အပြင် ထပ်လာဦးမယ်”- ဟု ကိုးကန့် ဒေသခံ တဦးက ပြောပါ၏။

ဧရာဝတီ သတင်းထုတ်ပြန်ချက်အရ အပစ်ရပ်တပ်ဖွဲ့များဖြစ်သည့် ကချင် KIA၊ သျှမ်းတပ်ဖွဲ့ SSA၊ ၀ တပ်ဖွဲ့ UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA-ESS အား တိုက်ခိုက်ရန် နအဖ တပ် အင်အား ၇၀,၀၀၀ ပြင်ထားသည်ဟု ဆိုပါသည်။

တရုတ် နယ်စပ်အခြေစိုက် မြန်မာ့နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက ဗမာ့တပ်မတော်တွင် တပ်မတခုလျှင် ခလရ/ခမရ တပ်ရင်း ၁၀ ရင်းရှိကြောင်း၊ တပ်ရင်း တစ်ရင်းတွင် လက်နက်ကိုင် အင်အား ၁၅၀-၁၆၀ ကြားသာ ရှိကြောင်း၊ ၀ တပ်အား အမှန်တကယ် တိုက်ခိုက်မည် ဆိုပါက နအဖတို့ ကြီးမားသည့် အသက် သွေး၊ ချွေး၊ အရင်းအနှီး သွေးထွက်သံယိုမှု အများအပြား ပေးဆပ်ရမည် ဖြစ်ကြောင်း ပြောဆို သုံးသပ်ပါသည်။

ဝ နယ်အနီး နအဖ တပ်များချဉ်းကပ် လာသကဲ့သို့ ၀ တပ်အဖွဲ့ အကြီးအကဲ များကလည်း ယခုလ ၂ ရက်နေ့က မည်သည့် အဖွဲ့မဆို မိမိ ထိန်းချုပ်နယ်မြေ သတ်မှတ်မျဉ်း အတွင်း ခြေ ၁၀ လှမ်းမျှ ကျွံဝင်လာပါက မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ပစ်မိန့် ထပ်ပေးထားကြောင်း - ၀ အရာရှိ တဦးက ပြောပါသည်။

အဆိုပါ စစ်ရေးတင်းမာမှုအပေါ် အမည်မဖေါ် လိုသည့် NGO ၀န်ထမ်းတဦးက က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပါသည်။ “ပန်ဆန်းမြို့တွင်းမှာ ရော ဈေးထဲမှာရော ပြည်သူတွေက ပုံမှန်ဘဲ။ အရင်ကလိုတော့ ဈေးရောင်း မကောင်းတာက လွဲလို့ပေါ့။ ဗမာ အာဏာပိုင်ရော၊ ၀ အာဏာပိုင်ရော အစစ်အဆေး အရမ်းများတော့ NGO တွေ အလုပ်လုပ်ရတာ ကသိကအောင့် ပိုဖြစ် လာတာပေါ့”

၂၀၀၉ ကိုးကန့် အရေးအခင်းမှ စ၍ အပစ်ရပ် ၀ တပ်ဖွဲ့ နှင့် နအဖ ဆက်ဆံရေး မပြေလည်မှုကြောင့် ပုံမှန်လည် ပတ်နေသည့် NGO လုပ်ငန်းများ၏ ထက်ဝက်ခန့် လျောကျ သွားသကဲ့သို့ ဘဏ္ဍာရေး ဘက်လည်း ဖြတ်တောက် ခံရကြောင်း၊ နှစ်ဘက် အာဏာပိုင်များ အစစ်အဆေးလည်း ပိုမိုတင်းကြပ်လာကြောင်း၊ မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် ထိထိရောက်ရောက် အလုပ် မလုပ်နိုင်ကြကြောင်း၊ ထို့အတူ ၀ ပြည်နယ်အတွင်း ရောက်ရှိ နေသည့် ဗမာစစ်တပ် သူလျှိုအဖြစ် သင်္ကာမကင်းသူ(ဖျာထမ်း၊ စောင်ထမ်း၊ ငါးပိ ငါးခြောက် တံမြက်စည်း ရောင်းသည့် ဗမာလူမျိုးများ၊ ဘုန်းကြီးအတု အယောင်ဟု ထင်ခံရသူများ) အယောက် ၂၀ ခန့် စစ်ဆေး ဖမ်းဆီးခံရကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အမွန်းကျပ်ဆုံး အချိန်

သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀

(ဦးဝင်တင်နှင့် အင်တာဗျူး)

နယူးဒေလီ။ ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်း ခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များ ဘက်က သဘောထား တင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များ ဘက်ကပင် အသိအမှတ် ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင် ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲ ဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင် လာနေချိန် ဖြစ်သည်။

သတင်းထောက်များ မေးသမျှ မငြီးမငြူ ဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမ သတင်းထောက် မြင့်မောင်က ဆက်သွယ် မေးမြန်းထားသည်။


မေး။ ။ ၈ဝ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို ဘယ်လို နှုတ်ခွန်းဆက်လိုပါသလဲ။

''ကျနော်တို့ဟာ အလွန်ကို အမွန်းကျပ်ဆုံး အချိန်ပဲ။ စစ်အစိုးရဟာ နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်တာတွေ အများကြီး လုပ်လာတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အများပြည်သူတွေ ဘာမှ လုပ်နိုင်လောက်မယ့် အနေအထား မရှိဘူး။ ဒီထဲမှာ ထပ်ပြီးတော့ ရွေးကောက်ပွဲတို့၊ ဘာတို့ ပေါ်လာတဲ့ အခါကျ နိုင်ငံရေးအရ အနာဂတ်မှာ မလုပ်နိုင်အောင် အစီအမံတွေ ပိုပြီး ချထားတယ်''

''အမွန်းကျပ်ဆုံး၊ အတင်းကျပ်ဆုံး အချိန်ပဲ။ တုံ့ပြန်စရာလမ်းက တလမ်းပဲ ရှိတယ်။ စစ်အစိုးရနဲ့ ရင်ဆိုင် ထိပ်တိုက်တွေ့ပြီး ဆန့်ကျင် သွားဖို့ လမ်းပဲ။ အဲဒီလို လုပ်ဖို့ လက်နက် ၃ သုံးမျိုး ရှိတယ်။ ၁ အနေနဲ့ မကြောက်တရား လက်နက်။ မကြောက်တရား လက်နက်ဆိုတာ ပြည်သူလူထုမှာ မျိုးစုံ အကျပ်အတည်းတွေ ကြုံတွေ့နေတဲ့ အခါ လူတွေက နည်းနည်း ကြောက်လန့်လာတယ်။ ခြောက်လှန့်တယ်ဆိုရင် ကြောက်လန့်မှာပဲ။ ဒါ နားလည်ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူလူထုက ကိုယ့်ထမင်းကို ကိုယ်ရှာ စားနေတဲ့သူတွေ၊ နိုင်ငံရေး လုပ်နေကြတဲ့ သူတွေ မဟုတ်ဘူး''

''ဒီအချိန် အကြောက်တရားကို စွန့်ကြပါ၊ မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ၊ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ၊ အကြောက်တရား ရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင် ကြပါလို့ တိုက်တွန်းချင်တယ်။ မကြောက်တရား လက်နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲ ရှိပါတယ်''

''နောက်တခုက သွေးစည်းညီညွတ်ရေး ကိစ္စပေါ့ဗျာ။ သွေးစည်း ညီညွတ်ရေး လက်နက်ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထု ဘက်တော်သားတွေ အားလုံးဟာ စစ်အစိုးရရဲ့ သွေးခွဲမှုတွေ၊ တိုင်းပြည်ရဲ့ အကြောင်းအမျိုးမျိုးသော အကြောင်းတွေကြောင့် ကျနော်တို့ဟာ သွေးစည်း ညီညွတ်ရေး လျော့လာတယ်၊ အားပျက်လာတယ်၊ တယောက်နဲ့တယောက် နည်းနည်း စိမ်းလာတယ်၊ မယုံရဘူး။ ထောက်လှမ်းရးက သွေးခွဲတာတမျိုး၊ ခြိမ်းခြောက်တာက တမျိုး အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် သွေးစည်း ညီညွတ်ရေး တဖြည်းဖြည်း ပြိုကွဲလာတယ်။ အဲဒီအချိန်မှာ ဒီစစ်အစိုးရကို ရင်ဆိုင်ဖို့၊ သွေးစည်း ညီညွတ်ရေး အားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်တယ်''

မေး။ ။ လက်ရှိအနေအထားအရ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ပါတီရပ်တည်ဖို့ လုပ်သင့်ပါသလား၊ မဝင်ဘဲနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ကိုင်ဆွဲပြီး ဆက်လုပ်ဖို့ လိုပါသလား။

''ကျနော်ရဲ့ ရပ်တည်ချက်က ရွှေဂုံတိုင်မှာ ချမှတ်ထားတဲ့ အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရမယ်။ အသိအမှတ် ပြုမှသာ သမိုင်းမှာ မှန်ကန်တဲ့ အနေအထား ရမယ်။ နောင်အခါ တိုင်းပြည်မှာလည်း လူတွေက အစိုးရအပေါ် အယုံအကြည် ရှိမယ်။ ဒါကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲရမယ်။ နောက်တခုက ၂ဝဝ၈ အခြေခံ ဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင် ပြောင်းလဲရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ မှန်ကန်တယ်။ ဒါတွေ ရမှသာလျှင် ဗမာပြည် အနာဂတ်နိုင်ငံရေး ကောင်းမယ်။ အဲလိုမဟုတ်ဘဲ စစ်အစိုးရ ကမ်းလှမ်းနေတဲ့ နွားဖားကြိုးတပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်ဖို့အတွက် ရွေးကောက်ပွဲတွေ ဝင်မယ်၊ စစ်အစိုးရ ခိုင်းတဲ့အတိုင်း လုပ်နေမယ်ဆိုရင် သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး''

''ပါလီမန်ထဲမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေး အတွက် တိုက်ပွဲ ဝင်သွားဖို့ပဲ။ တိုက်ပွဲ ဝင်သွားတဲ့အခါမှာ ဒီစစ်အစိုးရရဲ့ ပါတီများ ဖွဲ့စည်းရေး ဥပဒေနဲ့ မကိုက်ညီတဲ့ အတွက်၊ ကျနော်တို့က ပါတီမရှိလည်း ကိစ္စ မရှိဘူးလို့ ယူဆတယ်။ နိုင်ငံရေး ပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေး မရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ ဆိုရင် ဂျပန်ခေတ် တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်''

''ဦးနုလည်း မဆလ တခေတ်လုံးမှာ သူ့ပါတီရယ်လို့ မရှိဘဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ၈ လေးလုံးကာလကို ရောက်တဲ့အခါ ပါတီတွေဘာတွေ ပြန်ထူထောင်နိုင်တယ်။ ယှဉ်ပြိုင်အစိုးရ တဖွဲ့ကိုတောင် ဖွဲ့သွားနိုင်သေးတယ်။ တိုင်းရင်းသား အင်အားစုတွေကို ကြည့်မယ် ဆိုရင်လည်း သူတို့အထဲမှာ ပါတီရယ်လို့ မရှိဘူး။ တရားဝင်ဖွဲ့ပြီး ရပ်တည်လို့ မရဘူး။ ဒါပေမဲ့ သူတို့မှာ နိုင်ငံရေး ရှိတယ်။ အမျိုးသား နိုင်ငံရေး၊ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေးတွေ ရှိတဲ့အခါ ဒီနေ့အထိ လှုပ်ရှားနေလို့ ရတယ်။ ကျနော်တို့ ကြောက်လန့်ပြီး စစ်အစိုးရ ခိုင်းတဲ့အတိုင်း၊ စစ်အစိုးရက သံခြေကျင်း ခတ်ထားတဲ့ နိုင်ငံရေးပါတီ တခု အနေနဲ့ စစ်အစိုးရရဲ့ လမ်းကြောင်းထဲကို လိုက်သွားစရာ မလိုဘူးလို့ ထင်တယ်''

မေး။ ။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ရပ်ကို ဘယ်လိုမျိုး နှိုင်းယှဉ်သုံးသပ် လိုပါသလဲ။

''၉ဝ ရွေးကောက်ပွဲ နောက်ကွယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု အရေးတော်ပုံကြီး ရှိခဲ့တယ်။ စစ်အစိုးရအနေနဲ့ ဘာအင်အားမှ မရှိဘူး။ လူထုရဲ့ တောင်းဆိုချက်ကလည်း အများကြီး များတဲ့ အခါကျ ၉ဝ ရွေးကောက်ပွဲကို လွတ်လွတ် လပ်လပ်ဖြစ်အောင် ကျင်းပ ပေးနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်ပြန်ကြိုး တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေကျင်းခတ်ခြင်း ဘာမှမလုပ်ဘဲနဲ့ ပါတီကို လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီအတွက် အနိုင်ရခဲ့တယ်။ ဒါက ၁၉၉ဝ ခုနှစ်တုန်းက အခြေအနေတွေပါ''

''၂ဝ၁ဝ ရောက်တဲ့အခါ စစ်အစိုးရက တိုင်းပြည်ကို စစ်ဖိနပ်နင်း အုပ်ချုပ်ခဲ့တယ်။ တိုင်းသူ ပြည်သားတွေကလည်း နည်းနည်း အကြောက် တရားတွေ ဝင်နေပြီ၊ နောက် စီးပွားရေးက ကျပ်တည်းတဲ့ အခါ လူတိုင်းက နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စား နိုင်တော့ဘဲနဲ့ စိတ်ဝင်စားမှုတွေ အတန်ငယ် လျော့ပြီးတော့ စားရေး သောက်ရေးအတွက် အာရုံ စိုက်နေရတယ်။ ဆိုတော့ စစ်အစိုးရက အခုအချိန်မှာ အထက်စီးက နေလို့ရတယ်။ နောက် တိုင်းပြည်ရဲ့ သယံဇာတတွေရောင်း ဘာရောင်းနဲ့ နိုင်ငံခြားငွေတွေက သူတို့ လက်ထဲမှာ ရှိနေတဲ့အတွက် ရှေ့လျှောက်ပြီး စစ်အာဏာ ထူထောင်ဖို့လည်း ရှိနေပြီ။ ၂ဝဝ၈ အခြေခံ ဥပဒေလည်း ရှိနေပြီ။ ဒီဥပဒေကိုလည်း နာဂစ်လို ကာလမျိုးမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန် ဇွတ်အတင်း ပြဋ္ဌာန်းခဲ့တယ်''

''ဒီလို အခြေအနေတွေရှိတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အနေအထားက အမျိုးမျိုး အနိုင်ကျင့်တဲ့ ဟာတွေနဲ့ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ပါလာတယ်။ လာမယ့် ရွေးကောက်ပွဲ အပြီး ဖြစ်လာမယ့် အခြေခံဥပဒေ ဆိုတာကလည်း ၁၉၉ဝ တုန်းက အခြေခံ ဥပဒေမျိုး မရှိဘူး။ ကျနော်တို့ ဘာမှ မလုပ်နိုင်ဘူး။ သူက ရွေးကောက်ပွဲ လုပ်ပေးရုံ သက်သက်ပဲ။ အခုကျ သူတို့မှာ သတ်မှတ်ချက်တွေ ရှိပြီ၊ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်တဲ့အခါကျ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာမှ ဖြစ်လာနိုင်စရာ မရှိဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက ချမှတ်ထားတဲ့ စစ်အာဏာ ယန္တယားကြီး အခိုင်အမာ တည်ဆောက်ဖို့၊ စစ်အစိုးရ သက်ဆိုး ရှည်ဖို့ပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး''

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမယူသင့်ဘူး၊ နိုင်ငံ့ဂုဏ်ဆောင်ပဲ ဖြစ်သင့်တယ် ဆိုတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။

''ဘယ်ဟုတ်မလဲဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလည်း ယူရမှာပေါ့ဗျာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဦးဆောင်မယ့်သူက အာဏာ ရှိရမယ်။ တိုင်းပြည်ရဲ့ ယန္တယားတွေကို ကွပ်ကဲ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ်ဂျောင်ထိုးလို့ ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက ဆိုနီယာဂန္ဒီ လုပ်သလို လုပ်လို့ မရဘူး။ ဆိုနီယာဂန္ဒီက နိုင်ငံခြားသား။ ရှင်းရှင်းပြောရရင် တိုင်းပြည်ကို ခေါင်းဆောင် လုပ်ရမှာ မလွယ်ဘူး။ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက် သူဟာ နိုင်ငံရေးမှာ ပါတီကို နောက်ကွယ်ကနေ ကိုင်ပြီး လုပ်နေတယ်။ သြဇာ အာဏာရှိတာ မှန်တယ်။ တိုင်းပြည်အတွက် အများကြီး အလုပ် လုပ်ကိုင်နေတာ မှန်တယ်။ သို့သော် သူက နောက်ကွယ်ကနေ လုပ်ရမယ့် အနေအထားကြီးဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဗမာဗျာ၊ ဒီတိုင်းပြည်ရဲ့ အာဇည်နည် ပုဂ္ဂိုလ်ကြီး သမီးဗျာ၊ နိုင်ငံရေး သြဇာတွေ ရှိတယ်၊ နိုင်ငံရေး ပုံရိပ်တွေ ရှိတယ်၊ နိုင်ငံရေး သိက္ခာတွေ ရှိတယ်။ အဲဒီ သိက္ခာတွေကို တိုင်းပြည် ပြောင်းလဲဖို့၊ အသစ် တည်ဆောက်ဖို့ နေရာတွေမှာ အပြည့်အဝ သုံးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သေတ္တာထဲ ခေါက်ထည့်ပြီး၊ Showcase ထဲ ထည့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဘက်မှာ ရှိပါတယ်ဗျာ ဆိုပြီးတော့ ပြစားဖို့ ရည်ရွယ်ချက် မရှိဘူး''

''ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ လုပ်လည်း အခြေခံ ဥပဒေအရ နိုင်ငံရေး အာဏာဆိုတာ အပြည့်အဝ ရစရာမရှိဘူး။ NLD ကို တတိုင်းပြည်လုံးက ၇၅ % အပြည့် ပေးလိုက်လည်း အစိုးရ ဖွဲ့လို့ မရဘူး။ ဒီအခြေခံ ဥပဒေအရ ဘယ်ပါတီမှ အစိုးရဖွဲ့လို့ မရဘူးဗျာ။ စစ်တပ်က သြဇာရှိတဲ့ စစ်တပ်က လူတွေနဲ့ပဲ အစိုးရဖွဲ့မှာပဲ။ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်လို့ မရဘူး။ သို့သော် ကျနော့် သဘောကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရှိတဲ့ ဖွဲ့စည်းပုံနဲ့ လွတ်လွတ်လပ်လပ် ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ပြည့် လုပ်ရမှာပဲ။ အာဏာလည်း ယူသင့်ရင် ယူရမှာပဲ။ သူ့ကို ပြစားဖို့လည်း မဟုတ်ဘူး။ ဆိုနီယာဂန္ဒီလိုလည်း ဂျောင်ထဲ ထိုးထားလို့ မရဘူး''

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် မြန်မာနိုင်ငံရဲ့ လူနေမှု အခြေအနေအပေါ် ဘယ်လိုသုံးသပ် လိုပါသလဲ။

''ကောင်းလာမလား၊ ဆိုးလာမလား ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောဖို့က မလွယ်ဘူးလေ။ သေချာတာတခုက အခုအခြေအနေ အတိုင်း ဖြစ်မှာတော့ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစစ်ဗိုလ်တွေပဲ စားသောက်နေတယ်။ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ဗိုလ်တွေပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေရော၊ တိုင်းပြည်ရဲ့ အရင်းအမြစ် တွေရော အကုန်လုံး ရောင်းစားပြီးတော့ လုပ်ချင်ရာ လုပ်နေတဲ့ လူတစုပဲ သက်ဆိုး ရှည်နေမယ်၊ အာဏာ ရနေမယ်ဆိုတော့ ကောင်းတာတွေ၊ ဆိုးတာတွေတော့ နောက်တဆင့်ထား။ အနိမ့်ဆုံး ကတော့ ဒီပုံသဏ္ဍာန်ပဲ ဖြစ်မယ်။ ဒီပုတ်ထဲက ဒီပဲ ဖြစ်လာမယ်လို့တော့ ပြောနိုင်တယ်''

Ref: မဇ္ဈိမ

Read More...

Friday, March 12, 2010

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ

March 12,2010


People Parliament Law

Read More...

ကော်မရှင်လူကြီးများစာရင်း စစ်အစိုးရ ထုတ်ပြန်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မတ်လ ၁၁ ရက် ၂၀၁၀

ချင်းမိုင် ။ ။ မြန်မာ့ရုပ်မြင်သံကြားက အဖွဲ့ဝင် ၁၇ ဦးပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ယနေ့ညနေက ကြေညာလိုက်သည်။

ကော်မရှင်သည် ယခုနှစ်အတွင်း ကျင်းပမည့် အငြင်းပွားဖွယ်ရာ နိုင်ငံတဝှမ်း ရွေးကောက်ပွဲကို ကြီးကြပ် ကွပ်ကဲမည် ဖြစ်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် တရားရုံးချုပ်မှ ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး၊ အဖွဲ့ဝင်များတွင် အမျိုးသမီး နှစ်ဦးဖြစ်သော ဒေါက်တာမြင့်ကြည်နှင့် ဒေါ်ခင်လှမြင့်တို့ ပါဝင်သည်။

ကျန်သော အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဋ္ဌေးနှင့် ဦးဝင်းကြည်တို့ ဖြစ်ကြသည်။

ဦးသိန်းစိုးမှာ တရားရုံးချုပ်သို့ ရွှေ့ပြောင်း၍ တာဝန်ထမ်းဆောင်မှု မပြုခင်က စစ်ဥပဒေချုပ်ရုံးတွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဒေါက်တာ တင်အောင်အေးသည်လည်း တရားရုံးချုပ် တရားသူကြီးဖြစ်ပြီး၊ ဦးသိန်းစိုးနှင့် ဒေါက်တာ တင်အောင်အေးတို့ နှစ်ဦးစလုံးမှာ လက်ရှိ တာဝန် ထမ်းဆောင်ဆဲဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်သော သတင်းများတွင် ပါရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက နေအိမ်အကျယ်ချုပ်ကာလ စည်းကမ်း ချိုးဖောက်သည် ဆိုကာ သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းရာ တရားရုံးချုပ်က ပယ်ချထားခဲ့သည်။ အမေရိကန်တဦး ရေကူး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ခိုးဝင်ပြီး တွေ့ဆုံရန် ကြိုးစားရာက အမှုဖြစ်လာခဲ့သည်။ နောက်ထပ်တဆင့် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တင်ရန်ရှိရာ ဦးသိန်းစိုး ခေါင်းဆောင်သော တရားသူကြီး ၃ ဦးပါသည့် အဖွဲ့နှင့် တွေ့ဆုံရမည် ဖြစ်သည်။

ယနေ့အထိ စစ်အစိုးရက ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ၄ ခုကို ထုတ်ပြန်ပြီးဖြစ်ပြီး၊ အတိုက်အခံ နိုင်ငံရေးပါတီ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်အောင် ဆိုးရွားစွာ တားမြစ်မှုများ ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲဥပဒေသည် ရှက်ဖွယ်ဟု ဒေါ်စု ပြောကြား

ဖနိဒါ
ကြာသပတေးနေ့၊ မတ်လ ၁၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေများသည် ရှက်ဖွယ် ကောင်းလှကြောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လူသိရှင်ကြား တုံ့ပြန်လိုက်သည်။

သူမ၏ ရှေ့နေမှတဆင့် ယနေ့ ပါးလိုက်သော စကားရပ်တွင် ဥပဒေများသည် သူမကို ချိန်ရွယ် ရေးသားထားခြင်းဟု ထင်မြင်ကြောင်းလည်း ပါရှိသည်။

နေအိမ်တွင် ချုပ်နှောင်ထားခံရသော အတိုက်အခံ ခေါင်းဆောင်နှင့် ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီထိ တွေ့ဆုံခွင့် ရခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီဥပဒေတွေဟာ အဖွဲ့ချုပ် အန်အယ်ဒီအတွက် အများကြီး စိန်ခေါ်မှုတွေ ပါတယ်။ ဒီစိန်ခေါ်မှုတွေ ပါတာကိုပဲ သူကျေနပ်တယ်။ ဒီလို စိန်ခေါ်မှုတွေပါမှ ဘယ်လို တုံ့ပြန်မယ်ဆိုတာ ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ် ကြရမှာပါပေါ့တဲ့” ဟု ဦးဥာဏ်ဝင်း မဇ္ဈိမကို ပြောသည်။

“ဒီဥပဒေကို ဖတ်လိုက်လို့ရှိရင် တစုံတယောက်ကို ရည်ညွှန်းပြီးတော့ ရေးဆွဲတယ်၊ တစုံတယောက်ရဲ့ အကျိုးကို ဆန့်ကျင်ပြီးတော့ ရေးဆွဲတယ်လို့ ထင်မြင်စရာ ဖတ်တဲ့လူတိုင်း တွေ့ပါတယ်။ အဲဒီလို တွေ့မြင်စရာ ဖြစ်နေတာကိုက အင်မတန်ရှက်ဖို့ ကောင်းတယ်၊ ဥပဒေဆိုတာ လူတိုင်းအတွက် လူတိုင်းအတွက် ရေးရမှာ ပုဂ္ဂိုလ် တဦး တယောက်အတွက် ရေးတယ် ဆိုကတည်းကိုက မဖြစ်သင့်တာ ရှက်စရာ ကောင်းတဲ့ အဖြစ်အပျက် ပဲလို့ သူ အဲဒီလို ပြောပါတယ်” ဟု သူက ထပ်ပြောသည်။

ယခုလ ၈ ရက်နေ့မှ စတင်၍ ယနေ့အထိ နိုင်ငံပိုင် သတင်းစာများတွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ၄ ခု ထွက်ရှိပြီး ဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများအရ ထောင်ဒဏ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေး ပါတီဝင် မဖြစ်နိုင်သလို လွှတ်တော် အမတ်အဖြစ်လည်း ဝင်ရောက် အရွေးခံပိုင်ခွင့် မရှိရန် ပိတ်ပင်လိုက်သည်။

ယနေ့ တွေ့ဆုံရာ၌ ကမ္ဘာပေါ်တွင် တဦးတည်းသော ချုပ်နှောင် ခံထားရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို အယူခံဝင်ရန် ကိစ္စနှင့် မြေအိမ်ခြံဝင်းကို မွေးစား အကိုဝမ်းကွဲ တော်သူက တိတ်တခိုး ရောင်းချလိုက်သည့် ကိစ္စအတွက်ပါ ဆွေးနွေးခဲ့ကြသည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

”ဦးခင်မောင်အေးက မြေရောင်းလိုက်တဲ့ကိစ္စ၊ ဒေါ်စုက တရားမစွဲချင်ပါဘူး။ ဒါပေမဲ့ ဒေါ်စုနဲ့ မောင်နှမ နှစ်ယောက်စလုံး အကျိုးကို ထိခိုက်တာ ဆိုတော့ ဥပဒေ အပြန်အလှန် ဆွေးနွေးကြတယ်” ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။

လွန်ခဲ့သည့် အနှစ် ၂ဝ အတွင်း ၁၄ နှစ်ကျော် အချုပ်အနှောင် ခံနေရခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အကိုရင်း ဖြစ်သူကလည်း ခြံကို အမွေဆိုင်အဖြစ် လျှောက်ထားပြီး သူမ နေအိမ် ပြင်ဆင်သော အခါ တားမြစ်မှု လုပ်ထားသည်။

Ref: မဇ္ဈိမ


Read More...

စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း

ရဲဘော်ဖိုးသံချောင်း
၁၁/ မတ် ၂၀၁၀

နအဖစစ်အစိုးရက ရွေးကောက်ပွဲအသံတွေ ပေးတာ ကြားရတိုင်း၊ အဲဒီရွေးကောက်ပွဲကို ထုံးသုတ်-ရွှေချ ပြောကြတာတွေ ကြားရတိုင်း ဒီရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ရဲ့ပုံကို စဉ်းစားနေမိပါတယ်။ စဉ်းစားနည်းဟာ ကလေးဆန်တယ်ပဲ ပြောပြော၊ လူပြိန်းဆန်တယ်ပဲ ပြောပြော အလွယ်ဆုံး ကိစ္စတခုကိုပဲ အရင်ဆုံးတွေးမိပါတယ်။ အဲဒါကတော့ တကယ်လို့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့” ဆိုတာက ဗိုလ်သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်ပြီးလို့ လွှတ်တော်ထဲမှာ ကြေညာလာပြီဆိုရင် ဘယ်သူကများ ဆန့်ကျင်ရဲမလဲ၊ စင်ပြိုင်အမည်တခု တင်ရဲမလား ဆိုတာပါ။ အဲဒီလိုအခါမှာ လွှတ်တော်ခန်းမကြီး တခုလုံးဟာ ငြိမ်ကျသွားမလား၊ ဆူပွက်သွားမလား၊ တိုးတိုးပြောသံတွေ မသဲမကွဲ ကြားလာရမလား၊ သူ့ထက်ငါဦး အလုအယက် ထောက်ခံကြမလား၊ တယောက်မျက်နှာ တယောက် ကြည့်နေကြမလား၊ ဘာပဲပြောပြော “စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီးကို ကျင့်သုံးနေချိန်ဆိုတော့ စည်းကမ်းတကျတော့ ဖြစ်မှာ သေချာပါတယ်။ မဆလ လက်ထက်တုန်းက ဗိုလ်နေဝင်း စကားပြောနေရင် အပေါ့အပါးတောင် ထမသွားကြရဘူး ဆိုသမို့လား။ ဒီလွှတ်တော်ထဲက စားပွဲတွေ အောက်မှာ အသံဖမ်းစက်တွေ တပ်မထားပေမယ့် ကလို့စ် ဆားကစ်တီဗွီ (close circuit TV) လို တီဗွီ ကင်မရာတွေနဲ့တော့ လူအားလုံးကို စောင့်ကြည့်နေမှာ သေချာပါတယ်။

တဆက်တည်း ဆက်တွေးမိတာက အဲဒီကြပ်ပြေးက လွှတ်တော်ကြီးမှာ (၂၅) ရာခိုင်နှုန်းသော စစ်တပ် ကိုယ်စားလှယ်တော်ကြီး များက လွှတ်တော်ခန်းမ အတွင်း ဘယ်လိုနေရာမှာ ထိုင်ကြမှာလဲ ဆိုတာပါ။ တခြား ကိုယ်စားလှယ်တွေ ကြားမှာပဲ ရောထိုင်မှာလား။ ဒါဆိုရင် ကျန်တဲ့လူတွေ စိတ်ထဲမှာ ထောက်လှမ်းရေး လာထိုင်နေတယ်လို့ ခံစားရမလား။ အနေကျုံ့ကြမှာလား။ ဒါမှမဟုတ် အင်ဒိုနီးရှား လွှတ်တော်မှာလို သူတို့ချည်းသတ်သတ် သီးသန့်ထိုင်မှာလား။ တရားရုံးက ဂျူရီအဖွဲ့လို ထိုင်နေမှာလား။ ဒီဘယ်သူ့ မဲတမဲမှ မရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို ယူနီဖောင်းဝတ်နဲ့ တက်လာကြမှာလား၊ အရပ်ဝတ်နဲ့ တက်လာကြမှာလား။ ကြပ်ပြေးက လွှတ်တော်ဆိုတာ ကြီးထဲမှာ တနေရာက ကွက်ပြီး စိမ်းနေရင် ရုပ်မြင်သံကြား ထဲမှာတော့ ထင်းနေမှာပဲ။ ဗိုလ်သန်းရွှေနည်း ဗိုလ်သန်းရွှေဟန် ဒီမိုကရေစီရဲ့ အထိမ်းအမှတ် လက္ခဏာပေါ့လေ၊ ဒါလောက်တော့ ရှိမပေါ့။

တကယ်လို့များ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တယောက်ယောက်ကနေ အစိုးရ ဆန့်ကျင်တဲ့ အယူအဆတခုကို တင်ပြနေပါပြီတဲ့၊ ဒါကို အဲဒီအစိမ်း အုပ်ထဲက တယောက်က ချောင်းဟန့်သံ ကျယ်ကျယ် ပေးလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ဆက်ပြောဝံ့ပါ့မလား။ အဲဒီ စစ်ဗိုလ်အုပ်စုထဲက တင်တဲ့ အဆိုတခုကို ကျန်တဲ့လူတွေက ဆန့်ကျင်ခွင့် ရှိပါ့မလား။ “ခေါင်းညိတ်လိုက်ရုံမှ အပ ကျနော်ကကော ဘာများ တတ်နိုင်ဦးမည်နည်း” ဆိုတဲ့အဖြစ်တွေကို စောင့်ကြည့် ကြရပါလိမ့်မယ်။
အဲဒီလို ပတ်ဝန်းကျင်၊ အဲဒီလိုလေထုထဲမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်မကျန် (၇၅) ရာခိုင်နှုန်းကို စုစည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အဆိုတွေ တင်ကြမှာတဲ့။ နားရှိလို့သာ ကြားမိရတာပါပဲ။

ဒီတော့ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု အခန်းကဏ္ဍဆိုတာ ဘယ်လိုဟာလဲ ဆိုတာကို ကမ္ဘာရော၊ မြန်မာကပါ မကြာခင် မျက်ဝါးထင်ထင် တွေ့ကြရပါတော့မယ်။ ကျောချတော့ စစ်ဗိုလ်မှန်း သိကြကရောပေါ့။ တကယ်တော့ သူတို့ဟာ ၁၉၉၁ ခုနှစ် ဇူလိုင်လထဲ လောက်ကစပြီး တပ်မတော် အရာရှိတဦး ဆိုတဲ့ ကလောင်နာမည် သုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အဆက်မပြတ် ရေးတာတွေ တွေ့ခဲ့ရပါတယ်။ တနည်း သူတို့လုပ်ချင်တဲ့ ဥပဒေကို လူထုက ဘယ်လို တုံ့ပြန်မလဲလို့ သွေးတိုး စမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာမှာ စစ်တပ် ကိုယ်စားလှယ်တွေကို ထည့်သွင်းခဲ့တယ်။ ဒါဟာလည်း သူတို့ဖြစ်စေချင်တဲ့ လွှတ်တော်မျိုးအတွက် မြေစမ်း ခရမ်းပျိုးတာ ဖြစ်ပါတယ်။ ဒီလို “စပေ့စ်”တွေ ပြည့်လျှမ်းနေတဲ့ လွှတ်တော်ကြီးထဲမှာ စစ်ဗိုလ်တွေက တိုင်သံပေးလိုက်၊ “တတိယ အင်အားစု” အမည်ခံတွေက (ကံကောင်းထောက်မလို့ ပါရှိခဲ့သော်) ဖောက်သံပေးလိုက်နဲ့ အတိုက်အခံတွေအပေါ် စီရင်ချက်တွေ ချကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးနဲ့ လွှတ်တော်ကြီး ဖြစ်ပေါ်လာတော့မှာပါ။

ဒီလိုနဲ့ပဲ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ (၃) အခန်း (၁) နိုင်ငံတော် အခြေခံမူများ အပိုဒ် (၆) (စ) မှာ ပါတဲ့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်” တာတွေကို ပြည်သူတွေ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရပါတော့မယ်။ မှန်ပါတယ်၊ ၁၉၇၄ ခုနှစ်တုန်းက ဖွဲ့စည်းပုံမှာတော့ ဒါမျိုးတွေ မပါပါဘူး။ မပါတဲ့ အကြောင်းက အဲဒီတုန်းက မဆလ တပါတီတည်း အုပ်ချုပ်နေချိန်၊ လွှတ်တော်ထဲမှာ မဆလနဲ့ မဆလတွေသာ ရှိနေပြီး မဆလ စစ်အုပ်စု၊ စစ်အုပ်စုမဆလ ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဗမာပြည်မှာ သမိုင်းမှာရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြန်ကြည့်လိုက်ပါ။ ပထမဆုံးက ကိုလိုနီခေတ် ၁၉၃၅ ခုနှစ်မှာ ဗြိတိသျှအစိုးရက ဗမာပြည်ကို အိန္ဒိယ လက်အောက်ကနေ ခွဲထုတ်ပြီးနောက် ပြဋ္ဌာန်း သတ်မှတ်ပေးခဲ့တဲ့ ‘၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ’ (1935 Government of Burma Act) ဆိုတာ ဖြစ်ပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေး လို့လည်း လူသိများခဲ့တဲ့ ဒီဥပဒေကို ဗမာနိုင်ငံရဲ့ ပထမဆုံးသော ဖွဲ့စည်းပုံ ဥပဒေလို့ ပြောရင်လည်း ရပါတယ်။ ဒီဥပဒေအရ လွှတ်တော် (၂) ရပ် သတ်မှတ် ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြား ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ဘာသာရေး၊ တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေး ပေါ်လစီ၊ ငွေစက္ကူနဲ့ ငွေဒင်္ဂါးကိစ္စ စတဲ့ အရေးပါသော ကိစ္စများနဲ့ ပတ်သက်လာရင် ဘုရင်ခံမှာသာ စိတ်တိုင်းကျ စီရင်ပိုင်ခွင့် အာဏာ (Discretionary Power) ရှိတယ် ဆိုတဲ့ သတ်မှတ်ချက်လည်း ပါနေပါတယ်။ စစ်တပ်ကတော့ အင်္ဂလန်က ဘုရင်၊ ဘုရင်မ လက်ထဲမှာပဲ ရှိပါတယ်။

နောက်တခုက ဂျပန်ခေတ်တုန်းက ရခဲ့တဲ့ “လွတ်လပ်ရေးကာလ” တုန်းက ဖြစ်ပါတယ်။ အဲဒီကာလတုန်းက အစိုးရ ရုံးတွေမှာ တရား စီရင်ပိုင်ခွင့် မရှိဘဲ ဂျပန် စစ်တပ်မှာသာ တရားစီရင်ခွင့် ရှိနေပါတယ်။ အဲဒီတုန်းက“ဗမာပြည်အစိုးရ” ဟာ ဘီအိုင်အေတပ် ကိုသာ ချုပ်ကိုင်ခွင့်ရှိပြီး ဗမာပြည်ထဲမှာ ရှိနေပြီး အဆမတန် အင်အား ပိုမိုကြီးမားတဲ့ ဂျပန်တပ်ကြီးကိုတော့ တိုကျိုမှာနေတဲ့ ဂျပန်ဧကရာဇ် ဘုရင်ကသာ ချုပ်ကိုင်ခွင့်ရှိပါတယ်။

အခုလည်း နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေဟာ လွှတ်တော်ရဲ့အခွင့်အာဏာတွေကို အမျိုးမျိုး ကန့်သတ် ထားရုံမက စစ်တပ်ကို သူတို့ စစ်အုပ်စုကလွဲပြီး ဘယ်သူမှ ချုပ်ကိုင်ခွင့် မရအောင် ပြဋ္ဌာန်းထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအခန်း (၇) မှာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်၊ ချုပ်ကိုင်ခွင့်တွေသာ ပါရှိပါတယ်။ ဒီတပ်မတော်က အစိုးရအဖွဲ့ကို နာခံရမယ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမယ် ဆိုတဲ့ စကားမျိုး တလုံးမှ မပါပါဘူး။ စစ်တပ်ဟာ တတိုင်းတပြည်လုံးရဲ့ အထက်၊ သူတို့ ဖန်တီးထားတဲ့ “လွှတ်တော်” ရဲ့ အထက်မှာပဲ ရှိနေပါတယ်။ ကာကွယ်ရေး ဝန်ကြီးကို သမ္မတက တိုက်ရိုက်ခန့်တာ၊ ဒီဝန်ကြီးကပဲ စစ်ကောင်စီ (လုံခြုံရေးကောင်စီ) ကို တိုက်ရိုက်တာဝန်ခံရတာ၊ တပ်ဖွဲ့စည်းတာ၊ ခန့်အပ်တာ၊ ရာထူးတိုးတာ စတာတွေအားလုံးကို ကက်ဘိနက်ကတောင် ပြောဆိုခွင့်မရှိတာ စတဲ့အချက်တွေကိုကြည့်လိုက်ရင် အမြဲတမ်း ချက်ကြီးကချည့် အထက်က ဖြစ်နေမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို အထက်မှာပြောသလို (၇၅) ရာခိုင်နှုန်းအင်အား စုစည်းပြီး ပြောင်းလဲမယ်လို့ ပြောသံကြားရတော့ ‘ပြောလည်း ပြောထွက်ပါပေ့’ လို့သာ မှတ်ချက် ချရပါတော့တယ်။

တကယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက စလို့ စစ်အုပ်စုထိပ်သီးတွေ အနေနဲ့ ဒီစစ်တပ်ကို ဒီအတိုင်း ဆက်ထိန်းသွားလို့ မရမှန်း သဘောပေါက် သွားခဲ့ပါတယ်။ ဒါကြောင့်မို့ တပ်တွေကို စီးပွားရှာခွင့် (တရားမဝင်) အခွန်ကောက်ခွင့်တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် တပ်ကို ဒါလောက် ဖျက်ဆီးရုံနဲ့ မလုံလောက်မှန်း သိလို့ အာဏာပါခွဲပေးပြီး ထိန်းဖို့ ဒီဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ရဲ့ ဓနဥစ္စာ အဆီအနှစ်၊ ကျောရိုး လုပ်ငန်းအားလုံး စစ်အုပ်စုလက်ထဲ လုံးလုံးလျားလျား ရောက်နေပါပြီ။ လိုအပ်နေတာက အဲဒါကို တရားဝင် ဥပဒေအာဏာနဲ့ အကာအကွယ် ပေးဖို့သာ ဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ စတာတွေဟာ အဲဒီအတွက် စီမံချက်တွေသာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ သမိုင်းတရားခံဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ရှိပါတယ်။ ဘယ်သူမှ ဒီဘွဲ့ကို မလိုချင်ပါဘူး။ ဒါဟာ တမင်ရည်ရွယ်ပြီး လုပ်သူတွေပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ လုပ်မိသူပဲဖြစ်ဖြစ် လုပ်ရပ်ကို အကြောင်းပြုပီး သတ်မှတ်ကြတာပါ။ အထူးသဖြင့် နှောင်းလူတွေက သတ်မှတ်ကြတာပါ။ နှောင်းလူတွေမှာက ဒီနေ့ရှိနေတဲ့ အကန့်အသတ်တွေက လွတ်ကင်းပါတယ်။ နိုင်ငံရေးကို တကယ်တမ်း လေးလေးနက်နက် လုပ်သူ၊ ကိုယ့်ဘဝကို နိုင်ငံရေး လုပ်ငန်းထဲမှာ နှစ်ထားသူတွေဟာ ဒီလို တရားခံဖြစ်မှာကို သိပ်သတိထား ရှောင်ရှားရပါတယ်။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် အုပ်စိုးမှုကို ရေရှည် အသိအမှတ် ပြုပေးလိမ့်မယ် ဆိုတာ ရှင်းနေလျက်နဲ့ ရွေးကောက်ပွဲမှ တပါး အခြားမရှိလို့ ပြောနေသူများဟာ ဗိုလ်သန်းရွှေတို့နဲ့ တတန်းတည်း တရားခံစာရင်း ဝင်သွားနိုင်ပါတယ်။ အနည်းဆုံး ကြံရာပါပေါ့။

Ref: ခေတ်ပြိုင်

Read More...

စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်စု တိုက်တွန်း

11 March 2010

ရွေးကောက်ပွဲ ဥပဒေဟာ NLD ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ပြည်သူတွေအားလုံး ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သွားတွေ့ခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် သဘောထားကို သိနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ဒေါ်စုပြောတာက ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ အဲဒီလို ပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်ဆိုရင် အလွန်ရှက်ဖို့ ကောင်းတာပဲတဲ့။ ဒီဥစ္စာ မဖြစ်သင့်ဘူးတဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။

“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူ လူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ် ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”

အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ် ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီ တွေးခေါ်မှုတွေ ကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လို ဝေဖန်တာမျိုး ရှိပါသေးလဲ။

“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင် တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့ သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံ ချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန် တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။

“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေး ယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစား နေတယ်ဆိုတာ ပြောချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား

စိုးမိုး/ ၁၁ မတ် ၂ဝ၁ဝ

နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ သေဆုံးမှုကို လျစ်လျူရှုကာ စစ်အာဏာသုံး အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်လျှင် နိုင်ငံရေးပါတီ မထောင်၊ ရွေးကောက်ပွဲလည်း မ၀င်ဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ယတိပြတ် ပြောကြားလိုက်သည်။

အခြေခံဥပဒေကို ထိန်းသိမ်းမှ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပြုမည်ဆိုသည့် စစ်အစိုးရ ဥပဒေကို မလိုက်နာနိုင်သည့် အပြင် ယင်းဥပဒေအရ နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသာမက ရွေးကောက်ပွဲ ၀င်ရေးကိုပါ မစဉ်းစားဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။

၎င်းက “ဒီဖွဲ့စည်းပုံကို လက်မခံနိုင်တဲ့အတွက် နောက်ထပ် ပါတီထောင်ဖို့ သော်လည်းကောင်း၊ အခု လက်ရှိ ပါတီကိုပဲ မှတ်ပုံတင်မှု အနေနဲ့ သော်လည်းကောင်း ဖြစ်တော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးနောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသား ကွန်ဂရက်ကဲ့သို့ တိုင်းရင်းသားပါတီများ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများကလည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ပါက နိုင်ငံရေးပါတီ ထူထောင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း မပြုလုပ်ဟု သဘောထား ထုတ်ပြန်ပြီး ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

“ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးများအနေနဲ့က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ပြည်နယ်ရဲ့ အခွင့်အရေး တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘာမှကို မရှိဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့က မစဉ်းစားခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ မျှော်မှန်းသည့် နိုင်ငံရေး တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး စသည့် အခြေခံ အချက်များနှင့် မကိုက်ညီခြင်းကြောင့် အခြေခံဥပဒေ ထွက်ပေါ်လာ ကတည်းက တိုင်းရင်းသား ပါတီများက ပြင်ဆင်ရန် တောင်းဆို ထားကြသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများကို ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်ရန် ဥပဒေ ထုတ်ပြန်လိုက် သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များက အခြေခံဥပဒေကို ပြင်ဆင်မှသာ စဉ်းစားနိုင်မည်ဟု ပြောဆိုသည်။

“ဒီမှာ ကျနော် ပြောချင်တာက ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်သည် ဖြစ်စေ၊ မဖျက်သိမ်းသည် ဖြစ်စေ နိုင်ငံရေးကတော့ ဘယ်ခေတ်မှာမဆို ဘယ်အခါမှာမဆို လုပ်ချင်တဲ့ ဆန္ဒရှိရင် ပြည်သူကလည်း ထောက်ခံတယ်ဆိုရင် နိုင်ငံရေးကတော့ ဆက်လုပ်လို့ ရနိုင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီနိုင်ငံတွင် စစ်မှန်သည့် ပြည်ထောင်စုတရပ် ပေါ်ပေါက် လာရေးအတွက် ပြည်သူ တရပ်လုံးက ဆက်လက် ကြိုးပမ်း ကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

“ဒီမိုကရေစီ အခင်းအကျင်းတွေ နိုင်ငံရေး အခင်းအကျင်းမရှိဘဲနဲ့ ရွေးကောက်ပွဲ သက်သက် တခုတည်းနဲ့ ဒီမိုကရေစီ နိုင်ငံကို ထူထောင်လို့ ရနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခင်းအကျင်းတွေ ကောင်းလာဖို့ ဒီမိုကရေစီ အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့ အတွက် ဆက်လက် ကြိုးပမ်း သွားကြဖို့ ပြည်သူလူထုကို ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဦးအေးသာအောင်က ထပ်လောင်းပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းသားများ လွှတ်ပေးရန်၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန်နှင့် ယင်းသို့ မဟုတ်ပါက ၎င်းတို့ပါတီ အနေဖြင့် ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, March 11, 2010

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲကို သပိတ်မှောက်

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်နေဆဲမှာပင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပြောဆိုလိုက်သည်။

နာဂစ်မုန်တိုင်း တိုက်ပြီးခါစ ရုပ်ပြဆန္ဒခံယူပွဲ လုပ်သော အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၏ လုပ်ပိုင်ခွင့်ကို ပစ်ပယ် လျစ်လျူရှုထားသော ဥပဒေ ဖြစ်သည်ဟု ဆိုကာ ပြန်လည်ပြင်ဆင်ရန် လိုသည်ဟု ALD ပါတီအတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“ပြည်နယ် ဥပဒေပြုခွင့်ဆိုတာ ဘာမှ မယ်မယ်ရရ မပါလာတဲ့အပြင် တပ်မတော်က ကိုယ်စားလှယ်တွေ ကလည်းပဲ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ ပါတယ်။ အဲဒီတော့ ပြည်နယ်တွေမှာလည်း အဲလို ရာခိုင်နှုန်းအလိုက် ပါမယ်။ ပါတဲ့အပြင်ကို ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေ သမ္မတတွေ ခန့်ရာမှာ အခြေခံ အချက် အလက်တွေနဲ့ မကိုက်ညီတာတောင် သမ္မတက အဆိုပြုနိုင်တယ်လို့ ဖွဲ့စည်းပုံမှာ ဆိုထားတယ်” သူက မဇ္ဈိမကို ပြောသည်။

အတိုက်အခံများက အပြင်းအထန် ကန့်ကွက်ထားသော အခြေခံဥပဒေက ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် လွှတ်တော်အမတ်များ ဖြစ်လာခြင်း၊ နိုင်ငံတော် သမ္မတသည် စစ်ရေးအမြင် ရှိရမည့်သူဖြစ်ခြင်း၊ တပ်မတော်၏ သဘောဆန္ဒနှင့် မကိုက်ညီလျှင် သမ္မတက အရေးပေါ် အခြေအနေ ကြေညာနိုင်ပြီး လွှတ်တော်ကို ဖျက်သိမ်းခွင့် ပြုထားခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် စည်ပင်ဝန်ကြီးများကို တပ်မတော်သားများသာ ဖြစ်အောင် ကန့်သတ် ထားခြင်းတို့က အတိုက်အခံများ အဓိက ထောက်ပြသော စစ်အုပ်စုကို တရားဝင် အာဏာ အပ်နှင်းစေသော အချက်များ ဖြစ်သည်။

“ဒီဖွဲ့စည်းပုံအရဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တော်တော့ကို အလှမ်းဝေးသွားမယ်။ ဒါကို မပြင်ဘူး ဆိုရင်တော့ ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားဖို့ မဖြစ်နိုင်ပါဘူး” ဟု ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၍ မရနိုင်စေရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်မှ သဘောတူ လက်ခံဆွေးနွေးပြီးမှ ပြင်ဆင်ခွင့်ရမည်ဟု ပါရှိနေရာ ကာကွယ်ရေး ဦးစီးချုပ်၏ ဆန္ဒကိုကျော်လွန်၍ တပ်မတော်သား ကိုယ်စားလှယ်ဘက်က မဲရရန် မဖြစ်နိုင်ဟု သူက ထောက်ပြသည်။

ပြင်ဆင်ပေးပါရန် တောင်းဆိုခဲ့သော်လည်း နအဖမှ လုံးဝ ဂရုစိုက်ခြင်း မရှိသဖြင့် ရွေးကောက်ပွဲ ဝင်မဝင်ကို အတိအကျ ဆွေးနွေးမှု မရှိသေးကြောင်း ဇိုမီးအမျိုးသားကွန်ကရက် ZNC က ပြောသည်။

“နဂိုတည်းက ဒီအခြေခံဥပဒေကို မထောက်ခံဖို့ ဆိုတဲ့ကြားမှာ အခု ပါတီတွေ ထောင်တဲ့အခါမှာ ဒီအခြေခံ ဥပဒေကို ကာကွယ်ပါ့မယ် ဆိုတဲ့ ဝန်ခံချက်တွေ ထားရမယ်။ ဆိုတော့ အားလုံးတောင် ဘာမှ ရစရာမရှိအောင် ဖြစ်သွားတယ်လေ။” ဟု ZNC ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း စစ်အစိုးရနှင့် နီးစပ်သော ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ကိုအေးလွင်ကမူ ယခုဥပဒေ ထွက်လာခြင်းကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံရေးလုပ်လိုသည့် လူများအတွက် လုပ်ပိုင်ခွင့် လမ်းများ ပွင့်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“အဖွဲ့အစည်း ဖွဲ့မယ်ဆိုရင် အသင်းအဖွဲ့ ဥပဒေရယ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရယ် အဲဒီနှစ်ခုပဲ ရှိတယ်လေ။ အခု လောလောဆယ်မှာ ဒီဥပဒေ ထွက်လာတော့ နိုင်ငံရေးလုပ်မယ့် လူတွေအတွက် လမ်းပွင့်သွားတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်အတွက်လည်း မနက်ဖြန်တွင် ဗဟို ဦးစီးအဖွဲဝင်များ တွေ့ဆုံဆွေးနွေးမည်ဟု သူက ဆက်ပြောသည်။

သို့သော် ယခုအထိ ကော်မရှင်အသစ်အတွက် ဥပဒေသာ ထွက်သေးပြီး ကော်မရှင် မဖွဲ့ရသေးသဖြင့် နိုင်ငံရေး ပါတီများအတွက် မေးခွန်းတခု ဖြစ်နေသည်။

တည်ဆဲနိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်အသစ်ထံ လျှောက်ထားရမည် ဖြစ်ပြီး ပျက်ကွက်ပါက နိုင်ငံရေး ပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ''နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း'' ဥပဒေတွင် ဖော်ပြထားသည်။

ယခုနှစ်တွင် ရွေးကောက်ပွဲလုပ်မည်ကို နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က အကြိမ်ကြိမ် ထုတ်ဖော် ပြောနေသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မထုတ်ပြန်သေးပေ။


Ref: မဇ္ဈိမ

Read More...

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်

ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀

စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲ အကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံ အဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ ဥပဒေ အကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ် မေးမြန်းထားသည်။

ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ် ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''

ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။

''ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် အားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ အကြမ်းဖျဉ်း သဘောတူထားပါတယ်''

ဒီဥပဒေ လမ်းကြောင်းအရ NLD ပါတီအနေနဲ့ အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ ရှေ့ဆက် ဘယ်လိုမျိုး လုပ်ဖို့ ရှိပါသလဲ။

''အကျဉ်းအကျပ်ထဲက ကျော်ဖြတ်ဖို့ လုပ်ရမှာပဲ။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ အစည်းအဝေး မထိုင်သေးဘူး။ စုံညီအစည်းအဝေး မလုပ်နိုင်သေးဘူး။ ဒီအချိန်မှာ ဒါကို မပြောနိုင်သေးပါဘူး''

ဒီဥပဒေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ကျေနပ်မှု ရှိပါသလား။

''ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လုံးဝ မကျေနပ်ပါဘူး''

++++++++++++++++++++++++++++++++++++

ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
ရန်ကုန်

နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံရေးသမားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကတော့ အဲဒီလို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဘူး ဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဥပဒေ ကြောင်းလမ်းအရ ဘယ်လို မြင်ပါသလဲ။

''နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ မရှိဘူး။ နိုင်ငံရေး အကျဉ်းသား ဆိုတာကိုတောင် လက်မခံသလို၊ ထောင်ကျ အကျဉ်းသားတောင် ပါတီဝင်ခွင့် မရှိဘူး။ ထောင်ကျနေပေမယ့် ပါတီက တာဝန် ပေးထားတယ် ဆိုရင်လည်း မရဘူး။ အဲဒီလို လူတွေကို ပါတီထဲ ထည့်ထားလို့ မရဘူး။ ထောင်ကျနေတဲ့ အကျဉ်းသားတွေက အယူခံ တက်တာတို့ဘာတို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ၃ နှစ်ကနေ၊ ၁ နှစ်ခွဲ ချထားတယ်။ အဲဒါ ၁ နှစ်ခွဲ ချထားသူတယောက်ဟာ သူဘယ် လိုနည်းနဲ့မှ ဝင်ခွင့် မရနိုင်ဘူး။ အယူခံတက်မယ်၊ တက်တဲ့ ကာလအတွင်းမှာ ပါတီထောင်မယ်၊ ပါတီစာရင်းတွေ သွင်းပြီးသွားပြီ၊ ပါတီ ထောင်ပြီးသွားပြီ၊ ရွေးကောက်ပွဲ ဝင်ပြီးသွားပြီဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်လို့ မရတော့ဘူး။ အယူခံ နိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲဝင်လို့ မရတော့ဘူး။ အဲဒီလို ကန့်သတ်လိုက်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဘယ်လိုမျိုး ကွားခြားချက် ရှိပါသလဲ။

''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတုန်းက ထောင်ကျအကျဉ်းသားတွေ ရွေးကောက်ပွဲ မဝင်ရဆိုတာ မပါဘူး။ ပါတီဝင် မဖြစ်ရဘူးဆိုတာ မပါဘူး။ ထောင်ကျနေတဲ့သူက ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ၂ဝ၁ဝ မှာ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေထဲမှ အယူခံ တင်ထားသူတိုင်း မဝင်ရဘူးဆိုတာက သူ့ရည်ညွှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတဲ့ သဘော သက်ရောက်နေတယ်။ ပါတီထောင်လို့ မရဘူး။ နောက်တခါ ပါတီထောင်လို့ ရှိရင်လည်း ၃ မြို့နယ် ပါဝင်ရမယ်။ မြန်မာပြည် တပြည်လုံးဆိုရင် လူ ၁ဝဝဝ လက်မှတ် ရှိရမယ်။ ပြည်နယ်တခုမှာ ဝင်ပြိုင်မယ်ဆိုရင် လူဦးရေ ၅ဝဝ ရှိနေရမယ်ဆိုတဲ့ ဝန်ခံချက်တွေ ပေးရမယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတို့၊ အရင် ကော်မရှင်တို့ထက် စာရင် အခုရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက ပိုပြီးတော့ တင်းကျပ်မှုတွေ ပိုများလာတယ်။ အချက်အလက်တွေ ပိုများလာတာကို တွေ့ရတယ်''

ဥပဒေကြောင်းလမ်းအရ အခုထုတ်ပြန်တဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက တရားမျှတမှု ရှိပါသလား။

''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့ ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့ အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''

ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေ ထုတ်ပြန်ထားတဲ့ အခန်း၂ ၊ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ ခင်ဗျာ။

''ပုဒ်မ ၆ က ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံသားတယောက်ပဲ သူထောင်ကျနေလို့ ပါတီထဲ မဝင်ရဘူးလို့ ဖော်ပြတဲ့ ဟာကလည်း ဒီပါတီနဲ့ဆိုင်တဲ့ ကိစ္စတရပ်ပဲ။ ဒီဟာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်မှ မဟုတ်ဘဲနဲ့။ သူ့ပါတီမှာ ထောင်ကျနေတဲ့ သူတယောက်ကို ပါတီဝင်အဖြစ် အသိအမှတ် ပြုရင်ပြုထားမှာပေါ့။ အဲဒီလို အသိအမှတ် မပြုရဘူး ဆိုတာက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတယ်လို့ ဘယ်လို့ ပြောလို့ ရမှာလဲ''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်တဲ့ အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ် ဆက်ထားမယ်ဆိုရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ အချက်အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

''မတရားအသင်းဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းမှန်သမျှ မတရားအသင်း ထည့်မှာပဲလေ။ လက်နက် ဆွဲကိုင်တဲ့ သူပဲဖြစ်ဖြစ်၊ အစိုးရကို ပုန်ကန်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့။ ထုတ်ပြန်ထားတဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီထောင်ဖို့ စီစဉ်ရင် စီစဉ်၊ မစီစဉ်ဘူးဆိုရင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းပစ်မယ်။ ပါတီဖြစ်အောင် ထောင်ရင်ထောင်၊ ဒါမှမဟုတ် မထောင်ရင်လည်း ထောင်လက်စ ပါတီအဖြစ်ကနေ ပါတီအဖြစ် အကျုံးမဝင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်မှာပေါ့။ ရွေးကောက်ပွဲကိုလည်း အနည်းဆုံး ၃ မြို့နယ်မှာ အမတ်လောင်းအဖြစ် ဝင်ရမယ်။ ၃ မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ အဲဒီဟာတွေက တသီးပုဂ္ဂလတောင်မှ ဝင်လုပ်ဖို့၊ သူ့ကို ကြိုက်လို့ ရွေးချင်တောင်မှ ပါတီတရပ်အနေနဲ့ ၃ မြို့နယ် ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အရွေးခံမယ့် သူတွေအနေနဲ့ ဘယ်လို လုပ်မလဲ။ အဲလိုလူတွေအတွက် စဉ်းစာရမယ့် အနေအထား ဖြစ်နေတယ်။ ပါတီအနေနဲ့ ထောင်တားရင်ပဲ ဖြစ်ဖြစ်၊ ထောင်မယ်ဆိုရင်ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့လည်း နိုင်ငံရေးပါတီ ထောင်လို့ မရဘူးဆိုတဲ့ သဘော ဖြစ်နေတယ်''

အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေရတဲ့သူတွေ ပါနေတယ်ဆိုတော့ အကျဉ်းကျ ခံရတဲ့သူတွေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လို ရှုမြင်ပါသလဲ။

''နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေး လုပ်ဖို့ပဲလေ။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးလုပ်ဖို့ပဲလေ၊ နိုင်ငံရေးပါတီက သူရဲ့ နိုင်ငံရေး လုပ်ဆောင်ရမယ့်သူ၊ သူနဲ့ ပတ်သက်တဲ့သူ၊ သူရွေးချယ်ထားတဲ့သူ၊ သူ ပါတီဝင်အဖြစ်နဲ့ ရပ်တည်သင့်တဲ့သူ ဖြစ်ရင်လည်း၊ ထောင်ကျနေရင်လည်း၊ သူ့ပါတီတွင်းမှာ ရှိနေသကဲ့သို့ တာဝန်ကျေအဖြစ် သတ်မှတ်ပြီးတော့ သူ့သဘောထားတာက သူ့ပါတီတွင်း ရပိုင်ခွင့်ပဲလေ။ ပါတီတွင်း ရပိုင်ခွင့်ဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးကောက်နည်းနဲ့ ရွေးချယ် သတ်မှတ်မယ် ဆိုရင် ဒါ သဘာဝ မကျဘူးလို့ပဲ ပြောချင်ပါတယ်''

လက်ရှိ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထား ရှိလား ခင်ဗျာ။

''ဒီဟာက ချုပ်ချယ်ကန့်သတ်မှု များလွန်းတဲ့ ဥပဒေလို့ ပြောလို့ရှိရင် မမှားပါဘူး။ နိုင်ငံတကာ လက်ခံ နိုင်လောက်တဲ့ အနေအထားတော့ ပေါ်ပေါက်မယ် မထင်ပါဘူး။ ဘာကြောင့်မို့လဲ ဆိုတော့ နိုင်ငံတကာက ပြောနေတာတွေ ရှိတယ်။ ဘန်ကီမွန်း (ကုလအတွင်းရေးမှူးချုပ်) က ပြောထားတာက အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ် ဆိုတာ ပါတယ်။ အခုဟာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မှ မလွှတ်ပေးသေးတာ။ လွှတ်ပေးမယ် ဆိုရင်တောင် ကပ်ပြီး လွှတ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် အခြေအနေ ဘယ်လိုမှ မမီနိုင်ဘူး''

Ref: မဇ္ဈိမ


Read More...

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား

NEJ/ ၁၀ မတ် ၂ဝ၁ဝ

နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီ ပါတီကို ရပ်တည်ခွင့် မပေးသည့် သဘော ဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့ လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ကိုယ်တိုင်က ထောင်ကျနေတဲ့ သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟို ကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်း ဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်း သတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ် ဆိုရင်တောင်မှ ကျနော်တို့ရဲ့ ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီ ထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျ ခံနေရသူ ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ် စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားသော ထောင်ဒဏ် ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန် အထူး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံ တင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့် မရှိသူ တဦးအဖြစ် အဓိပ္ပာယ် သက်ရောက်နေသည်။

ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။

ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင် ထိမ်ချန်ထားပါက ယင်းအချက် တရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။

အထက်ဖော်ပြပါ အခန်း (၃) ပုဒ်မ (၁၂) အရဆိုလျှင် အန်အယ်လ်ဒီပါတီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် အကျဉ်း ကျနေသူများကို ပါတီမှ ထုတ်ပယ်ခြင်း မပြုပါက ပါတီအနေဖြင့် တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖျက်သိမ်း ရမည့်သဘော ဖြစ်သည်။

လျှောက်ထားမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟု ဖော်ပြထားပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီ အနေဖြင့် ဥပဒေ ပုဒ်မ (၆) ပါ အချက်တချက် ဖြစ်သည့် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စု သမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကိုလည်း လျှောက်လွှာတွင် ဖော်ပြရမည်ဟု ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ယခု လောလောဆယ်တွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆိုသည်ထက် ပါတီရပ်တည်ရေးကို ဦးစားပေး ဆုံးဖြတ် သွားရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် မရအောင် လုပ်ထားတယ်။ အယူခံထားတယ် ဆိုတဲ့လူလည်း မလိုချင်ဘူးပေါ့။ ဆိုလိုတာကတော့ သူတို့က ကျနော်တို့ပါတီကို မှတ်ပုံတင်လို့ မရအောင်ပေါ့။ နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့က ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်အလက်ပေါင်း များစွာ ပါဝင်နေတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြင်ဆင်ပေးဖို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ တောင်းဆို ထားတယ်။ အခုတခါ ပါတီ မှတ်ပုံတင်မယ် ဆိုရင် ကျနော်တို့က ဒီအခြေခံ ဥပဒေ တခုလုံးကို ကာကွယ် စောင့်ရှောက် ပါမယ်လို့ ပြောရတဲ့အခါ ကျနော်တို့ မယုံကြည်တဲ့ ဒီဥပဒေကို ဘယ်လိုမှ ကာကွယ် စောင့်ရှောက်နိုင်စရာ အကြောင်းမရှိဘူး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီသည် ပါတီတခုအနေဖြင့် ရပ်တည်ရန် မှတ်ပုံတင်ခြင်းကိစ္စတွင် ယခုထုတ်ပြန်သည့် ဥပဒေကြောင့် အဟန့်အတား အများကြီး ဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ယူဆသည်။

ယခုကဲ့သို့ နအဖထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့က တောင်းဆိုထားသည့် အားလုံး ပါဝင်ပတ်သက်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

သို့သော် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ ယခု နအဖ ထုတ်ပြန်လိုက်သည့် ဥပဒေပေါ် တည်၍ ဆုံးဖြတ်၍ မရကြောင်းလည်း ၎င်းက ပြောသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက် တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေး တောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့ အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေး အတွက် စဉ်းစား ဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ၀င် မ၀င် ဆိုတာကတော့ နိုင်ငံရေး လိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, March 10, 2010

ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ်

အင်္ဂါနေ့၊ မတ်လ ၀၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ကျင်းပမည့် ယခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် စစ်အစိုးရက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်လိုက်ရာ နိုင်ငံရေး ပါတီများ၏ အခွင့်အရေးကို ဆိုးရွားစွာ ပိတ်ပင် ထားသည်ကို တွေ့ရသည်။

ယနေ့နှောင်းပိုင်း သို့မဟုတ် မနက်ဖြန်တွင် ထုတ်ပြန်ဖွယ် ရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန် ထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ မိတ္တူကို မဇ္ဈိမက ကြိုတင် ရရှိထားသည့် အထဲတွင် ထိုသို့ တွေ့ရှိရခြင်း ဖြစ်သည်။

ထောင်ကျနေသူ မည်သူကို မဆို နိုင်ငံရေးပါတီ ထူထောင်ခြင်း သို့မဟုတ် ပါတီဝင်အဖြစ် မသတ်မှတ်ရန် ဥပဒေက တားမြစ်ထားသည်။ မြန်မာနိုင်ငံတဝှန်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိနေရာ ယခုတားမြစ်ချက်က ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုအပြီး ဖမ်းဆီးခံရသူ အများအပြား ဖြစ်သော စစ်အစိုးရ၏ အတိုက်အခံများကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ခြင်း မရှိရန် ကန့်သတ် ထားသည်။

နိုင်ငံရေး ပါတီဝင်များ၏ အရည်အချင်း လိုအပ်ချက်တွင်

* နိုင်ငံ့ဝန်ထမ်း မဟုတ်ခြင်း
* ထောင်ဒဏ် ကျခံနေရသူ မဟုတ်ခြင်း
* နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ခြင်း
* မတရားအသင်းအဖြစ် ကြေညာခြင်း ခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေး ကူညီခြင်း ပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း


နိုင်ငံရေးပါတီကို ဖျက်သိမ်းနိုင်သော အကြောင်းအရပ်များတွင်

* ပါတီဝင်ဖြစ်ရန် အရည်အချင်း မပြည့်မှီသူကို ပါတီဝင်အဖြစ် အသိမှတ်ပြုထားခြင်း
* အထွေထွေ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း

ဥပဒေက နေအိမ် အကျယ်ချုပ်နှင့် ပတ်သက်၍ သီးခြား ဖော်ပြခြင်းတော့ မရှိပါ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် တရားရုံးက အမိန့်ချမှတ် ခံရသူဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လျော့ပေါ့ပေးမှုဖြင့် နေအိမ်တွင် ၁၈ လ ချုပ်နှောင်ရန် ပြစ်ဒဏ် ခံနေရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ်ခဲ့သူ ဖြစ်သဖြင့် အခြေခံ ဥပဒေသစ် အရ အစိုးရရာထူး ရယူပိုင်ခွင့် ပိတ်ပင် ခံထားရသူ ဖြစ်နေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ ဆိုလျှင် နိုင်ငံရေး ပါတီဝင် မဖြစ်ရဟုလည်း ပိတ်ပင်ထားသည်။ မြန်မာနိုင်ငံသား ဥပဒေက ယာယီ နိုင်ငံသားဆိုသည်မှာ မည်သို့ဖြစ်သည်ကို အထူးပြု ဖော်ပြထားခြင်း မရှိပါ။ ယခုနှစ် အစောပိုင်းက ရခိုင်ပြည်နယ်ရှိ မူဆလင် ရိုဟင်ဂျာများကို စစ်အစိုးရက ယာယီ နိုင်ငံသားကဒ်များ ထုတ်ပေးခဲ့ရာ အများက ရွေးကောက်ပွဲနှင့် ဆက်နွယ်သော လုပ်ရပ်ဟု ယူဆကြသည်။

နိုင်ငံပိုင် သတင်းစာများနှင့် စာအုပ်ထုတ်ဝေဖော်ပြမည်ဆိုသော ဥပဒေအရ မတရားအသင်း အဖြစ် ကြေညာ ခံထားရသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ယင်းအဖွဲ့များနှင့် ဆက်သွယ် အားပေးသောသူများ နိုင်ငံရေး ပါတီဝင် မဖြစ်ရဟုလည်း ပိတ်ပင် ထားပြန်သည်။

မြန်မာ့ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းအများအပြား ပြည်ပတွင် အခြေစိုက် နေကြပြီး စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းဟူ၍ သမုတ်ခြင်း ခံထားရသည်။ ပြည်တွင်းနှင့် ပြည်ပနေ ဒီမိုကရေစီလိုလားသော အတိုက်အခံ အများအပြားလည်း ယခုစကားရပ်နှင့် အကျုံး ဝင်နေနိုင်သည်။

မြန်မာနိုင်ငံ ပြည်ပရှိ အဖွဲ့အစည်းများထံမှ အကူအညီ ယူသူများကိုလည်း နိုင်ငံရေး ပါတီတွင် ပါဝင်ခွင့် ပိတ်ပင် ထားသေးသည်။

ထို့ပြင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ပစ္စည်းတို့ကို အသုံးပြုသော ပါတီများကို ဖျက်သိမ်းနိုင်သလို မတရားအသင်းနှင့် ဆက်သွယ်လျှင်လည်း ဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများလည်း နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ကန့်သတ်ထားသည်။

Ref: မဇ္ဈိမ

Read More...

ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော

ဖနိဒါ
အင်္ဂါနေ့၊ မတ်လ ၀၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိ အမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။

အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ် ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ် ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။

တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင် သတင်းစာများမှ တဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာ ဖြစ်သည်။

ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံ ခေါင်းဆောင် တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင် ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီ ပါတီဝင် ဦးရေမှာ ၄၃ဝ ကျော် ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များ အတွက်လည်း ညိစွန်းနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေ ထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ တင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီ ဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ် ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် ကချင် တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။

“၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီ ဥပဒေသစ်နဲ့ ချေဖျက် လိုက်ပြီပေါ့။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ် ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီ ပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီ မှန်သော်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြန်သုံးသပ် ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆို လိုက်သည်။

“လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံ ဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြ ဆန္ဒခံယူပွဲ ပြုလုပ် အတည်ပြုခဲ့သော အခြေခံ ဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှု ပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ် ပြုကြသည်။

Ref: မဇ္ဈိမ

Read More...

တပ်အသွင်ပြောင်းရေးအတွက် အပစ်ရပ် SSA အား ကန့်သတ်ချက်များ ချမှတ်

Tuesday, 09 March 2010

ဖေဖေါ်ဝါရီ ၄ ရက်နေ့ အပစ်ရပ် သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ စ၀်ခေးတိုင်း၊ စ၀်လှမြင့်၊ စ၀်စိုင်းအွမ်တို့ လားရှိုးတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် သွားရောက် တွေ့ဆုံခဲ့၏။ နအဖ ရာဇသံပေးသည့် နယ်မြေစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ ဆွေးနွေးဖွယ် ရှိသည်ဟု ဆိုပါသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော်အပေါ် ကန့်သတ် ပေးထားသည့် အဓိက အကြောင်းရင်း ခြောက်ချက်မှာ -
၁။ ဒေသခံလူထု ဦးဆောင်မှုအမည်ခံ စေ့စပ်ရေးနာယကအဖွဲ့ ဖွဲ့စည်းရန်၊
၂။ ပြည်သူ့စစ် အသွင်ပြောင်းပြီးပါက လက်ရှိတပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းတွင်သာ အခြေစိုက်ရန်။
၃။ ဆိုင်ကျော့ဝ် (စိန်ဂျော့) ဌာနချုပ်နယ်မြေ အပါအ၀င် မူလ ပြည်သူ့စစ် တပ်ဖွဲ့များ ရှိပြီးသား အပစ်ရပ် SSA ဒေသအားလုံး လက်လွတ် တပ်ရုပ် ဆုတ်ခွါရန်၊
၎။ အုပ်စု/ရပ်ရွာ အကြီးအသေးအလိုက်စစ်အစိုးရ အမာခံ လူထုကိုယ်စားလှယ် ၁၀ ယောက်မှ အယောက် ၃၀ အထိ ထားရှိရန်၊ ၅။ စေ့စပ်ရေးနာယက အဖွဲ့ဖြင့် ဆက်သွယ် ဆက်ဆံကြရန်၊
၆။ နာယကအဖွဲ့၏ အလုပ်လုပ်မည့် ရုံးနေရာနှင့် အလုပ်အမှုဆောင် အရည်အတွက် သတ်မှတ်ရေး အတွက် ဆက်လက် ဆွေးနွေးကြရန် စသည်တို့ ဖြစ်သည်ဟု ဆို၏။

အဆိုပါ ကန့်သတ်ချက် အားလုံးမှာ နအဖက တဘက်သတ် ချမှတ်ထားခြင်း ဖြစ်သည်ဟု အမည် မဖေါ်လိုသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် အရာရှိတဦးက ဤကဲ့သို့ ပြောပြပါသည်။

“အခုပြောတဲ့ ၆ ချက်က ဗမာအစိုးရကဘဲ တဘက်သတ် ပြောသွားတာ၊ ကျနော်တို့ ဘက်က ဘာဆိုဘာမှ မဆုံးဖြတ် သေးဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ ၀ တို့ မိုင်းလားတို့ ရပ်တည်ချက် အတိုင်း ဆက်သွားမှာ ဘဲ”

သျှမ်းပြည်တပ်မတော် (အပစ်ရပ်) အနေဖြင့် တပ်အသွင်ပြောင်းရေး ကိစ္စကို မူအားဖြင့်သာ လက်ခံထားသည်ဟု ဆိုသော်လည်း အဖွဲ့အစည်း နာမည်ပြောင်းရေး ကိစ္စ /တပ် တံဆိပ် ပြောင်းရေး ကိစ္စများ လက်မခံနိုင်ကြောင်း ဆက်ပြော၏။

“အပစ်ရပ်စဉ်တုန်းက နောက်တက်လာမဲ့ အရပ်သား အစိုးရသစ် လက်ထက်ကျမှ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေး အပေး အယူလုပ်ကြမယ် - ဆိုပြီး သဘောတူထားတယ်။ စစ်အစိုးရ လုပ်ရပ်က ရှေ့သွားနောက်လိုက် မညီဘူး၊ အခုချိန်ကတည်းက အသွင်ပြောင်းဖို့ လက်နက်ချဖို့ ဖိအားပေးလာတာက နှစ်ဘက် သဘောတူညီချက်ကို ဖောက်ဖျက်တာဘဲ”

ဖေဖ်ါဝါရီလနှောင်းပိုင်းမှ မတ်ခ်ျလဆန်းပိုင်း အထိ နအဖ ကိုယ်စားလှယ် လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် နှင့် အပစ်ရပ် သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်လွယ်မောဝ် တို့ ၃ ကြိမ်တိတိ တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ယနေ့ထိ တစုံတရာ သဘောတူညီမှု မရှိဘဲ ပန်ဆန်း/မိုင်းလားတို့ ကဲ့သို့ပင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ

မတ်လ ၀၉၊ ၂၀၁၀











Read More...

Tuesday, March 9, 2010

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ




Election Law 2010 SPDC

Read More...

ဝ အား နအဖ အင်အားသုံးခြေမှုန်းတော့မည်လော

Monday, 08 March 2010

ဝ ပြည်သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တန့်ယန်း၌ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း အပေါင်း လက္ခဏာ မဆောင်ဘဲ စစ်ရေး အပြိုင် ဖြည့်တင်းလာခဲ့သည်။ “နအဖ ခြိမ်းခြောက် ထားတဲ့ အတိုင်း တကယ် လုပ်မယ် ဆိုရင် ဒီလ 15 ရက် နောက်ပိုင်း တိုက်ပွဲ ဖြစ်နိုင်တယ်” - ဟု ၀ စစ်ဘက် ရေးရာ အရာရှိ တဦးကပြော၏။

ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီးနောက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ယူနန်ပြည်နယ် တရုတ် အာဏာပိုင်များထံ ယခုလ စောစောပိုင်းက စာရေး အကြောင်းကြားခဲ့သည်ဟု ဆို၏။

1. ၀ တပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အကြိမ်ကြိမ် တိုက်တွန်း ခဲ့သော်လည်း တစုံတရာ လိုက်လျောခြင်း မရှိသည့်အပြင် ထိုင်းနယ်စပ် အခြေစိုက် ၀ တပ်ဖွဲ့များ၊ နအဖ ဖွဲ့စည်းပုံအရ မိုင်းယန်းမြို့နယ် မိုင်းဖျဲန် နှင့် မိုင်းပေါက်ဒေသ အခြေစိုက် တပ်များ အားလုံး ရုပ်သိမ်းပေးရန်။

2. မတ်ခ်ျ 10 ထက်မကျော်ဘဲ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ချွင်းချက်မရှိ သဘောတူ လက်ခံရန်။ (ဧရာဝတီသတင်းဌာန ထုတ်ပြန်ချက်တွင်လည်း တရုတ် နိုင်ငံခြားရေးဌာန ၀မ်ကြားရူး မတ်ခ်ျ 4 ရက် နေပြည်တော်ရောက်စဉ် နအဖတို့ ပြောကြားခဲ့သေးသည်ဟု ဆို၏။)

3. နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မတ်ခ်ျ 15 ရက်နေ့အထိ အကြောင်း မပြန်ပါက အင်အားသုံး တိုက်ခိုက်ကောင်း တိုက်ခိုက်ရလိမ့်မည် ဆို၏။

မတ့်ခ်ျ 3 ရက် နေ့တွင် ယူနန်ပြည်နယ် တာဝန်ရှိ တရုတ်ဆက်ဆံရေး အဖွဲ့ကလည်း ၀ ဌာနချုပ် ပန်ဆန်းသို့ ရောက်လာပြီး စစ်မဖြစ်ရေး အတွက် အပေးအယူ အလျှော့အတင်း ပြုပြီး ညှိနှိုင်း ဆွေးနွေး အဖြေ ရှာကြပါရန် ပြောကြား တိုက်တွန်း ခဲ့သေးသည်ဟု စုံစမ်း သိရှိရပါသည်။

“ နအဖ ဖွဲ့စည်းပုံက ကျနော်တို့ ၀ အမျိုးသားတွေ အတွက် ဘာအခွင့်အရေးမှ ပေးမထားဘူး။ လုံးလုံး လက်ခံလိုက် မယ်ဆိုရင် အခွင့်အရေး ဆိုတာဘာမှ ရှိမှာမဟုတ်ဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးအတွက် ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက တိုက်ပွဲ ၀င်ခဲ့ကြတာဘဲ” - ဟု ၀ ထိပ်ပိုင်းခေါင်းဆောင် များက ပြန်လည် ပြောကြားကြောင်း အမည် မဖေါ်လိုသည့် ၀ အရာရှိ တဦးက ပြောပါသည်။

“ လဆန်းပိုင်း 3-4 ရက်နေ့လောက်မှာ ဗမာတပ် တပ်မ 77 က စစ်အင်အား အချို့နဲ့ စားနပ်ရိက္ခာ အပြည့် ကားအစီး 100 ထက် မနည်း သုံးဖက်သုံးတန် ခွဲပြီး ၀ နယ်ခြားဘက် ဦးတည်သွားတယ်။ ညဘက်ဘဲ ခရီးထွက်တယ်၊ သူတို့အပြောကတော့ တပ်အပြောင်းအလဲတဲ့။ အမှန်တော့ တပ်မ 77 က အသစ်ထပ်တက်လာတဲ့ တပ်တွေ” – ဟု လားရှိုး ဒေသခံ တဦးက ပြောပြပါသည်။

တပ်မ 77 နှင့် 33 စစ်ယာဉ်တန်းသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် လမ်းသုံးသွယ် ခွဲ၍ ၀ နယ်ဘက် အသီးသီး ခရီးဆက်ကြကြောင်း၊
(၁) လားရှိုး - သိန္နီ - ကွန်လုံ - ဟိုပန် (မိုင်းမော၊ နမ့်တစ် ၀ နယ် ၏ အနောက်မြောက်ဘက် တလွှား)၊
(2) လားရှိုး - မုန်းယော် - တာ့ဆိုင်းလျဲန် (သံလွင်ကူးတို့ဆိပ်)၊
(3) လားရှိုး - နမ့်ပေါင့် - တန့်ယန်း (တာ့ကောင်း အက် မြစ်ကူးသံတား) လမ်းဘက်သို့ ဦးတည် နေသည်ဟု ဆို၏။

“ဗမာ့စစ်တပ်က သူခြိမ်းခြောက်တဲ့အတိုင်း တကယ်လုပ်ရဲမယ် ဆိုရင် 80% က တိုက်ဖို့များနေတယ်၊ အလကားသက်သက် ခြိမ်းခြောက်ရင်တော့ မပြောတတ်ဘူး။ အခု အခြေအနေက မပေါက်ကွဲရင် မပြီးဘူး” – ဟု အဆိုပါ အမည်မဖေါ်လိုသည့် ၀ အရာရှိက ပြောပါသည်။

လက်ရှိအခြေအနေအရ နအဖတပ်က စားနပ်ရိက္ခာများလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း တိုက်ပွဲ ဆင်နွှဲမည် ဆိုပါက အမြန်ဆုံး အင်အားဖြည့် တိုက်ခိုက်နိုင်ရန် အတွက် ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။

ထို့အတူ 2009 နှစ်ဦးပိုင်းက စတင်ချဲ့ထွင် ပြင်ဆင်သည့် မိုင် 40 ခန့်ရှည်သော မိုင်းရှူး - တာ့ဝန်းနောင်း ကျောက်ခင်း လမ်းလည်း 80% ကျော် ပြီးစီ်းနေပြီ ဖြစ်ကြောင်း၊ အဆိုပါ လမ်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက ဖေါက်လုပ် ထားသော်လည်း နှစ်ပေါင်း 20 ကျော် လမ်းဟောင်းလမ်းပျက် အဆင့်ထားပြီး ယခုမှ ပြန်လည် ပြုပြင်လာခြင်းသည် စစ်ရေး မဟာဗျူဟာအတွက် အသုံးပြုဖို့သာဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆို နေကြပါသည်။

“အခုကျောက်တွေ သဲတွေ အထပ်ထပ်ခင်းတယ်၊ ပြီးတဲ့အဆင့် ဖြစ်နေပြီ။ မိုင်းရှူးကနေ ကားမောင်းရင် 4 နာရီ လောက်ဘဲ သံလွင်မြစ်ကို ရောက်ပြီ၊ အဲမှာ ကားတွေ တင်နိုင်တဲ့ သံလွင်မြစ်ကူး စက်လှေ အကြီးစားလဲ 3 စင်းလောက်ရှိနေပြီ” - ဟု ဒေသခံများက ပြောပြပါသည်။

အဆိုပါလမ်းပိုင်းတည်ဆောက်မှုတွင် ဒေသခံ လုပ်အားပေးခေါ်ခြင်း မပြုလုပ်ကြောင်း။ နေ့စဉ်လုပ်အားခငွေ ပေးချေပြီး (စစ်တပ်/သား နှင့် မိသားစုများသာ ငှားလုပ်သော) တရက် အလုပ်သမား 200-300 ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်ခ်ျ 3 ရက်ကလဲ အမည်မသိ လူတစုက အဆိုပါလမ်း ပြုပြင်ရေးတွင် အသုံးပြုသည့် လမ်းကြိတ်စက်တစီး မီးရှို့ ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ဆက်ပြောပြပါသည်။

ဝ တပ်ဘက် ပြန်ကြည့်မည်ဆိုပါက ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီးနောက်ပိုင်း နအဖဘက် စစ်ရေးပြင်ဆင် သကဲ့သို့ ၀ ဘက်က လည်း အဆင်သင့် ပြင်ဆင်မှု ရှိနေကြောင်း ပန်ဆန်း ဒေသခံတဦးက ဤကဲ့သို့ ပြောပြပါသည်။

“အရင်တုန်းက တပ်မဟာမှူးတွေက အလုပ်သိပ်မများရင် ဌာနချုပ်ဘဲ လာနေလေ့ ရှိတယ်လေ၊ အခုတော့ အဲလို မဟုတ်ဘူး။ ဗမာတပ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ နမ့်တစ်ဘက်၊ မန်းဆိုင်၊ မော်ဖှ၊ မိုင်းပေါက်၊ မိုင်းဖျဲန် ဘက်မှာ အသင့်အနေအထား အတွက် ရှေ့တန်း စစ်မျက်နှာစာမှာဘဲ အချိန်ပြည့် သွားကွပ်ကဲ နေကြတယ်”

ဝ နယ်တောင်ဘက်ပိုင်းတွင် စစ်ရေးပြင်ဆင်မှု မထင်ရှားသော်လည်း မြောက်ပိုင်း ဌာနချုပ်နှင့် နအဖ ဆက်ဆံရေး မပြေလည် သောကြောင့် စစ်ရေးအတွက် စိုးရိမ်နေရသည်ဟု မိုင်းတုံ ဒေသခံတဦးကလည်း ပြော၏။

တောင်ပိုင်းဝ တပ်မှူးတဦးက အဆိုပါမိုင်းတုံ ဒေသခံအား နအဖ စစ်ယာဉ်တန်းများ ထူးထူးခြားခြား သံလွင် အရှေ့ဘက်ခြမ်းသို့ ကူးလာသည်ဟု သတင်းရလျှင် ရချင်း မဆိုင်းမတွ သတင်းပို့ပေးရန် အကူအညီတောင်း ထားသည် ဟုလည်းဆို၏။

“တကယ်လို့ ဗမာတပ်တွေ အမြောက်အများ ကူးလာရင် တကယ်တိုက်တော့မယ် ဆိုတဲ့သဘော။ သူတို့ ၀ တပ်မိသားစု အချိန်မှီ အပြောင်းအရွှေ့ လုပ်နိုင်အောင်ပေါ့” - ဟု အဆိုပါ မိုင်းတုံ ဒေသခံက ပြောပြပါသည်။

တောင်ပိုင်း ၀ နယ်မြေ အမှတ် 171 စစ်ဒေသတွင် မိုင်းဆတ် မြို့နယ်ရှိ ၀မ်ဟုံ့၊ မိုင်းယွန်းဒေသ၊ မိုင်းတုံမြို့ နယ်ရှိ ဟွေ့အော့ နှင့် မိုင်းကျွတ် ဒေသများမှ မြောက်ပိုင်း ၀ နယ် တို့ တပ်ရုပ်ပေးရန်။ ထို့အတူ မြောက်ပိုင်း ၀ နယ်ရှိ(မိုင်းယန်း မြို့နယ်) မိုင်းဖျဲန် မိုင်းပေါက် ဒေသအားလည်း နအဖ ဖွဲ့စည်းပုံ အတိုင်း ၀ ဘက်မှ တပ်ရုပ် ပေးရန်။ ထိုတောင်းဆိုချက် အတိုင်း ယခုလ 10 ရက်မှ 15 ရက်အတွင်း ၀ တပ်ဖွဲ့ လိုက်နာခြင်း မရှိက အင်အားသုံး တိုက်ခိုက်နိုင်ခြေ ရှိသောကြောင့် ယခုကဲ့သို့ ရာဇဒဏ် ပေးလာခြင်း ဖြစ်သည်။

တန့်ယန်းတွေ့ဆုံပွဲ မတိုင်မီ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် ၀ နယ်ထဲ တပ်မနှစ်ခု စေလွတ်မည်ဟု စစ်အစိုးရ ခြိမ်းခြောက်ချိန်မှ စ၍ ၀ ပြည် သွေးစည်းရေး တပ်မတော်ကလည်း “မည်သည့် တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်း ကျွံဝင်လာပါက မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ ပစ်မိန့်ပေးထားတယ် ” - ဟု ၀ စစ်ဘက် ရေးရာ အရာ ရှိတဦးကလည်း ပြောဖူး၏။

ဝ နယ်ခြားမျဉ်းတလျှောက် ပြီးခဲ့သည့် အပတ်က၀င်လာသည့် တပ်မ 77 အပြင် ပန်လုံ ဟိုပန်ဒေသ (၀ နယ်မြောက်ဘက် ပိုင်း) တပ်မ 99 ၊ တပ်မ 33 နှင့် 55 အချို့ကလည်း အပစ်ရပ် သျှမ်းပြည် တပ်မတော် နယ်မြေ အတွင်းတွင် ၀င်ရောက် နေရာယူထားပြီး ဖြစ်သည်ဟု စစ်ရေး လေ့လာသူများက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

နအဖ ၏ 2008 ဖွဲ့ စည်းပုံတွင် ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ မိုင်းမော နှင့် ပန်ဆန်း 6 မြို့ နယ်အား ၀ ကိုယ်ပိုင် အုပ်ချုပ်ရ ဒေသတိုင်း အဖြစ် သတ်မှတ်ထားသည်။ သို့သော် တဘက်တွင်လည်း ရှိရင်း ၀ တပ် အင် 3 သောင်းခန့်အား တပ်ရင်း 5 ရင်း (တစ်ရင်းအင်အား 320 ယောက်) အထိ လျှော့ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်၊ ထိုတပ်ရင်းတိုင်း တွင်လည်း နအဖ အရာရှိ အယောက် 30 ပါဝင်ရန် နအဖ က ကန့်သတ် ထားသည်။ ထိုဖိအားအတိုင်း လိုက်နာ ဆောက်ရွက်ရန်၊ သို့မဟုတ် အင်အားသုံး တိုက်ခိုက်မည် ဟု ဤကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။

အဆိုပါ ဖိအားပေးမှုအပေါ် ပေါက်ယူချမ်း ခေါင်းဆောင်သည့် ၀ တပ်ဖွဲ့ကလည်း ၀ ပြည်သည် ပြည်ထောင်စု အစိတ် အပိုင်း တခုဖြစ်ကြောင်း၊ ခွဲထွက်ရန်လည်း ဆန္ဒမရှိကြောင်း သို့သော် တန်းတူ အခွင့်အရေးအရ ၀ အမျိုးသားတို့ အတွက် လက်ရှိ ၀ နေထိုင်နေသည့် အတိုင်း ၀ ပြည် သတ်မှတ်ရန်၊ အသွင်ပြောင်း တပ်တွင် ထိပ်ပိုင်း ခေါင်းဆောင်နေရာမှ တပါး အခြားအရာရှိများ အုပ်ချုပ်ရေး ယန္တရားအဖွဲ့များ လက်မခံသည့် အပြင် ၀ ပြည်သူ့ရဲတပ်ဖွဲ့ ပြည်သူ့စစ် တပ်ဖွဲ့ထားရှိရေး နှင့် ပင်စင်ယူမည့် ပုဂ္ဂိုလ် (5 နှစ် လစာ တခါတည်းပေးရန်) စားဝတ်နေရေး အတွက် နအဖ မှ တာဝန်ယူ ဖြေရှင်းပေးရန် -- ဟူသည့် အချက် 9 ချက် တောင်းဆိုထားသည်။

ဝ တို့၏ တောင်းဆိုချက်များ အားလုံး နအဖ က လုံးဝ ပါယ်ချထားပြီး 2008 ဖွဲ့စည်းပုံအတိုင်း ဖြစ်မြောက်ရန် အတွက် တဘက်သက် ဖိအား ပေးနေခြင်းဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

သပတ်တိုက်ပွဲဆက်ဆင်နွဲမည်...

Monday, March 8, 2010

ကြေညာချက် ၃ - ၂၀၁၀

Read More...

လှိုင်သာယာ Lucky ဖိနပ်စက်ရုံ အလုပ်သမား ၅၀၀ ဆန္ဒပြ

08 March 2010


ပြီးခဲ့တဲ့လ ၉ ရက်နေ့က စခဲ့တဲ့ အလုပ်သမား ဆန္ဒပြပွဲတွေ မပြီးဆုံးသေးပါဘူး။ ဒီနေ့မှာတော့ လှိုင်သာယာ စက်မှုဇုန် ၂ က လပ်ကီး (Lucky) ဖိနပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက် ဆန္ဒပြနေတယ်လို့ ကြားသိရပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၂ က ဖိနပ်စက်ရုံရဲ့ အခြေအနေကိုတော့ အလုပ်သမား တဦးလည်းဖြစ်၊ အလုပ်သမား အရေး လုပ်ဆောင် နေသူလည်းဖြစ်တဲ့ မရီရီရှိန်က အခုလို ပြောပြပါတယ်။

“အခု လှိုင်သာယာ စက်မှုဇုန် ၂ မှာ လပ်ကီး ဖိနပ်စက်ရုံက အလုပ်သမားတွေ အနေနဲ့ လစာ တိုးပေးဖို့ရယ်၊ အိုတီကြေးကို မှန်မှန်ကန်ကန် ပေးဖို့၊ အလုပ်ချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ အဲဒီဟာတွေ သူတို့ တောင်းဆို နေကြတာပါ။ အလုပ်သမား ၅၀၀ လောက်ရှိတယ်။ ဒီနေ့ မနက် ၈ နာရီလောက်က စပြတာ။”

မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်ကို အလုပ်သမားတွေ ဆန္ဒပြမှု မဖြစ်ခင်ကတည်းက သူတို့အနေနဲ့ စတင်တည် ထောင်ခဲ့ပြီး အလုပ်သမား အရေးတွေကို လုပ်ခဲ့တာလို့ သူမက ပြောပါတယ်။ အလုပ်သမားတွေ အနေနဲ့ ဆူပူမှု မဖြစ်အောင် လက်ရှိ အာဏာပိုင်တွေဘက်က ပြေလည်အောင် လာရောက်ညှိနှိုင်း ဆောင်ရွက်နေပေမဲ့ တကယ်တမ်း သူတို့ တောင်းဆိုချက်တွေ မရသေးဘူးလို့ သူမက ဆက်ပြောပြပါတယ်။

“လာတော့လာတယ်၊ စက်ရုံမှာ ဆန္ဒပြလိုက်၊ သူတို့တွေက လာပြီးတော့ ညှိနှိုင်း ပေးသွားလိုက်။ ဒါပေမဲ့ သူတို့ ညှိနှိုင်းသွားတဲ့ အပေါ်မှာ ကျမတို့ အလုပ်သမားတွေ အတွက်ကို လိုချင်တဲ့၊ တောင်းဆိုထားတဲ့ အချက်တွေကို လုံးဝ သူတို့က အပြည့်အ၀ ညှိပေးသွားတာ မရှိပါဘူး။ ကျမတို့ ၁၀,၀၀၀ တောင်းရင် ၅,၀၀၀ လောက်ပဲရတယ်။ အဲဒီ ၅,၀၀၀ ကလည်း လကုန်သွားရင် အပြည့်အ၀ မရပါဘူး။ ဟိုကနေ ပြန်နှုတ်၊ ဒီကနေ ပြန်နှုတ်နဲ့ ကျမတို့ ပထမ လစာအတိုင်းပဲ ပြန်ဖြစ်သွားတာပဲ။ အဲဒီအပေါ်မှာ မကျေနပ်လို့ ကျမတို့ စက်ရုံတွေက တရုံပြီးတရုံ ထပ်ပြ နေကြတာပါပဲ။”

အခုဆိုရင် ရန်ကုန်က စက်ရုံပေါင်း ၂၀ လောက်မှာ လုပ်အားခ တိုးတောင်းတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေပြီး တခြား စက်ရုံတွေကိုလည်း နေ့စဉ်ဆိုသလို ကူးဆက်နေတာကြောင့် အာဏာပိုင်တွေ ဘက်က လုံခြုံရေးကို အဆက်မပြတ် ကြည့်ရှုပြီး ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆို နေတာတွေဟာ နိုင်ငံရေးဘက်ကို ကူးစက်မှာ စိုးရိမ်ပြီး ဖမ်းဆီးတာမျိုး၊ အလုပ် ဖြုတ်တာမျိုးတွေ မရှိပေမဲ့ ဦးဆောင်သူ အလုပ်သမား တွေကိုတော့ မှတ်တမ်း လုပ်ထားတာမျိုးတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။

Ref: VOA News

Read More...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

Monday, 08 March 2010 21:12

ချင်းမိုင်။ ။ စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။

ဥပဒေအရ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ် တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင် လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်ဟူသော အချက်များလည်း ပါဝင်သည်။

ဥပဒေအရ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက် အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင် အဖွဲ့ခွဲကိုလည်း သီးခြား ထားရှိမည်ဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော် ရွေးကောက်ပွဲများ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင် ဆောင်ရွက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေး အတွက် ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင် အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေ ချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေး ပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းတို့ ပါဝင်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောကြားရာတွင် အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခြင်း အစီအစဉ် မအောင်မြင်လျှင် ထိုဒေသများကို ရွေးကောက်ပွဲ မပြုလုပ်ဘဲ ချန်လှပ်ထားရန် စစ်အစိုးရက နည်းလမ်းတခု အဖြစ် စဉ်းစားထားကြောင်း ပါရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အားအကောင်းဆုံး ငြိမ်းချမ်းရေး အဖွဲ့ဟု အများက သတ်မှတ်ထားသော ဝ' တို့လည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် ငြင်းဆန်ထားသော အဖွဲ့များတွင် ပါဝင်သည်။

ပြည်တွင်းပြည်ပတွင် လူအများက ကျယ်ပြန့်စွာ ကဲ့ရဲ့ခံနေရသော ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံ၍ စစ်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပရန် လုပ်ဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲကို ဝေဖန်သူ အနောက်နိုင်ငံ အစိုးရများက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရာထူး မယူနိုင်အောင် ပြုလုပ်ထားမှုကိုလည်း ထောက်ပြထားကြသည်။

ထို့ပြင် အခြေခံဥပဒေသည် စစ်တပ်ကို တိုင်းရေး ပြည်ရာများတွင် ပါဝင်ချယ်လှယ်နိုင်ရန် အာမခံချက် ပေးထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေးနှင့် ဘက်စုံ ပါဝင်နိုင်ရေး တောင်းဆိုထားကာ လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

ရထား နှစ်စီး တိုက်မိ၊ လူ ၅ ဦး သေဆုံး

မြင့်မောင်
Monday, 08 March 2010

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးတိုင်း သာစည်မြို့နယ်ရှိ ဟန်ဇားရွာ ဘူတာတွင် ကားရထားနှင့် လော်ကယ်ရထားတို့ ယမန်နေ့က တိုက်မိသဖြင့် လူ ၅ ဦး သေဆုံးပြီး၊ ၂၀ ဦးခန့် ဆေးရုံ တင်လိုက်ရကြောင်း သိရသည်။

ယမန်နေ့ နံနက် ၄ နာရီခွဲခန့်တွင် သာစည်မှ မန္တလေးသို့ ခုတ်မောင်းနေသည့် လော်ကယ် ရထား၏ နောက်ပိုင်းကို သာစည် တောင်ဘက် မိုင် ၂၀ ခန့်တွင် တည်ရှိသည့် ပျော်ဘွယ်ဘူတာမှ အရှိန်ပြင်းစွာ နောက်ပြန် ခုတ်မောင်းလာသည့် ကားရထားက ဝင်တိုက်မိခဲ့သောကြောင့် သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“လော်ကယ် ဂတ်ဗိုလ်တွဲတခုလုံး ပြားသွားတယ်။ ကားရထားကတော့ ပိန်သွားရုံပဲ။ ကားရထားက မောင်းတဲ့လူက စက်ခေါင်းပြင်နေတဲ့ အချိန်မှာ ကားရထားက မောင်းသူမပါဘဲနဲ့ နောက်ပြန်ကြီး ထွက်လာတာတဲ့။ ကားရထားတွဲက ၂ တွဲပဲ ပါတယ်။ ဟန်ဇား ဘူတာနား အရောက်မှာ ရှေ့က သွားနေတဲ့ သာစည်ကနေ မန္တလေးကို မောင်းနေတဲ့ လော်ကယ်ရထား ဖင်ကို ဝင်တိုက်တာ” ဟု အခင်းဖြစ်ပွားမှုကို မြင်တွေခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

ရထားချင်း တိုက်မိသဖြင့် ဂတ်ဗိုလ် ကိုမော်ကြီးနှင့် သားဖြစ်သူ ၁၃ နှစ်သားအရွယ် မောင်ရန်ရန် အပါအဝင် လူ ၅ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ထိုအထဲတွင် အမျိုးသမီးတဦး ပါဝင်ကြောင်း သူက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရသူများကို သာစည်ပြည်သူ့ ဆေးရုံကြီးတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။ ဟန်ဇား ဘူတာသည် ရန်ကုန်-မန္တလေး ရထားလမ်းကြီးပေါ်တွင် တည်ရှိကာ သာစည် မြောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ပျော်ဘွယ်မှာမူ သာစည်မြို့ တောင်ဘက် မိုင် ၂၀ ခန့်တွင် တည်ရှိသည်။

ကားရထားမောင်းသူက စက်ပြင်ရန် ရပ်နားထားစဉ် ဘက်ဂီယာဝင်ကာ အရှိန်ပြင်းစွာဖြင့် ပျော်ဘွယ်မြောက်ဘက် ရှမ်းရွာ၊ သာစည်မြို့နယ် ညောင်ရမ်း၊ နွားထိုး၊ ရွာပုလဲသို့ ခုတ်မောင်းလာကာ သာစည်ဘူတာသို့ ရောက်ခါနီးတွင် သံလမ်းကူး တနေရာ၌ ဟိုင်းလပ်ကား တစီးကိုပါ တိုက်သွား ခဲ့သေးသည်။

သာစည် ဒေသခံတဦးက “သာစည်ဘူတာတောင်ဘက် သာစည်နဲ့ မန္တလေး ရထားလမ်းကို ဖြတ်တဲ့ တောင်ကြီး မိတ်သဟာ ရထားလမ်းကျော် ဂိတ်ပိတ်ဖို့ နောက်ကျတဲ့အတွက် မောင်းလာတဲ့ ရှမ်းမြေလပ် ကား ၄ က / ၁၅၃၈ ကြက်ဥ တင်လာတဲ့ ဟိုင်းလပ်ကားကို ဝင်တိုက်သေးတယ်။ ဟိုင်းလပ်က ခေါင်းပိုင်းပိန်ပြီး လမ်းဘေးမှာ လွင့်သွားတယ်။ အဲဒီ အတိုက်ခံရတဲ့ ကားသမားတွေကိုတော့ ရဲစခန်းက ဖမ်းတယ်” ဟု ပြောသည်။

ဟိုင်းလပ်ကားကို ဝင်တိုက်ခဲ့သော်လည်း ကားရထားသည် အရှိန်မသေဘဲ သာစည်ဘူတာကို အရှိန်ဖြင့် ဆက်လက် ဖြတ်ကျော်ပြီးနောက် ဟန်ဇားဘူတာအနီး သာစည်-မန္တလေး ခုတ်မောင်းနေသည့် လော်ကယ်ရထား၏ နောက်ပိုင်းကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Monday, March 8, 2010

မြန်မာ၂၁ ဦးပါ ပြန်ပေးဆွဲခံ သင်္ဘောနဲ့ ဆက်သွယ်နိုင်ရေး နော်ဝေးကုမ္ပဏီ ကြိုးစားနေဆဲ

07 March 2010

နော်ဝေးနိုင်ငံပိုင် ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းနဲ့ အဲဒီသင်္ဘောပေါ်မှာ ပါတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးဟာ မဒါဂတ်စကား ကမ်းရိုးတန်းမှာ သောကြာနေ့တုန်းက ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတဲ့ အကြောင်း ဥရောပသမဂ္ဂ ရေကြောင်းဌာနက စနေနေ့မှာ အတည်ပြု ပြောကြားသွားပါတယ်။ အခုလက်ရှိ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ၊ သူတို့နဲ့ ပတ်သက်လို့ နောက်ထပ် ဘာတွေ ထပ်ကြားထားရသေးလဲ ဆိုတာကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အခု ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲသွားတဲ့ မြန်မာ သင်္ဘောသား ၂၁ ဦးပါ နော်ဝေး ကုန်တင် သင်္ဘောဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကနေ တန်ဇန်းနီးယား နိုင်ငံကို ဦးတည် ခုတ်မောင်းနေတုန်း မဒါဂတ်စကား ကမ်းရိုးတန်း အလွန်မှာ သောကြာနေ့က ပြန်ပေး ဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ UBT Ocean ဖြစ်ပြီး စင်ကာပူမှာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ အခု လောလောဆယ်မှာ နော်ဝေး သင်္ဘောကုမ္ပဏီက ပင်လယ် ဓားပြတွေနဲ့ရော သင်္ဘောနဲ့ပါ အဆက် အသွယ်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ ဘာမှ မသိရသေးတဲ့ အကြောင်း စင်ကာပူနိုင်ငံမှာ ရှိတဲ့ နော်ဝေး သင်္ဘောကုမ္ပဏီရဲ့ ကိုယ်စားလှယ် အက်ဝပ်ဒ် အိုင်ယွန် (Edward Ion) က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ဘက်က ကြိုးစားပြီးတော့ ဆက်သွယ်နေပါတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ သောကြာနေ့ ကတည်းက ပင်လယ် ဓားပြတွေနဲ့ရော သင်္ဘောနဲ့ပါ ဘာအဆက်အသွယ်မှ မရသေးပါဘူး။ ဒီအချိန်မှာ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးက သင်္ဘောပေါ်မှာ ပါသွားတဲ့ သင်္ဘောသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးပါပဲ။ ဒီ့အတွက် ကျနော်တို့ လုပ်နိုင်တာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်္ဘောနဲ့ ပြန်အဆက်အသွယ် ရအောင်၊ သင်္ဘော ဘယ်မှာရှိနေလဲ ဆိုတာကို အတိအကျ သိရအောင်နဲ့ အဲဒီဒေသက တာဝန်ရှိတဲ့ ဌာနတွေ အားလုံးနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်နေပါတယ်။”

လောလောဆယ် အခြေအနေမှာတော့ သင်္ဘောသားတွေ အနေနဲ့ အန္တရာယ် ပြုခံရသလား၊ ပြီးတော့ ပင်လယ် ဓားပြတွေဘက်က သင်္ဘော ကုမ္ပဏီကို ငွေတောင်း၊ မတောင်း ဆိုတာတွေလည်း ဘာမှ မသိရ သေးပါဘူး။ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကလည်း အခု ပြန်ပေးဆွဲ ခံခဲ့ရတဲ့ မြန်မာ သင်္ဘောသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နောက်ထပ် အချက်အလက်တွေ ရရှိအောင် ကြိုးစား ဆောင်ရွက်နေတယ်လို့ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်သူရက ပြောပါတယ်။

“အခုလိုမျိုး ပင်လယ်ဓားပြ အတိုက်ခံရလို့ရှိရင် ကျနော်တို့မှာ အဖွဲ့ချုပ်ရှိပါတယ်၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITF) ပေါ့။ ITF က ဥရောပမှာလည်း ရှိတယ်၊ အာရှမှာလည်း ရှိတယ်။ ကျနော်တို့ရဲ့ နက်ဝါ့ခ် (Network) သမဂ္ဂ အဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သတင်း ဒီ့ထက် ပိုမိုပြီးတော့ ရအောင် ကျနော်တို့ ဆက်သွယ် မေးမြန်းတာပေါ့။”

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စလို့ အခုလို သင်္ဘောတွေ ပြန်ပေးဆွဲ ငွေညှစ်တာမျိုးတွေ လုပ်ပြီး ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေတာ ဖြစ်ပါတယ်။ အခုလို ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တန်ဇန်းနီးယား နိုင်ငံ ပင်လယ်ကူး သင်္ဘောတစင်းမှာ စက်မှု အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာ သင်္ဘော အင်ဂျင်နီယာ တယောက်က အခုလို ပြောပြပါတယ်။

“ဆိုမာလီ အပြင်ဘက်ထွက်ပြီးမှ အပေါ်ဘက် တက်ဆွဲတာ။ ဒီဘက်မှာက စစ်သင်္ဘောတွေ ရှိတယ်။ စစ်သင်္ဘောတွေရဲ့ အပြင်ဘက်ကို သူက ထွက်တယ်။ ကမ်းနားစပ်မှာ ဘာမှမဖြစ်ဘူး။ အပြင်ကိုထွက်ပြီးမှ ဆွဲတာ များတာ။ ဆိုမာလီနီးရင် စစ်တပ် ရှိတဲ့အတွက်ကြောင့် ဓားပြက နည်းတယ်။”

မနှစ်တုန်းကလည်း မြန်မာသင်္ဘောသား တချို့ လိုက်ပါတဲ့ စင်ကာပူနိုင်ငံက PIL ကုမ္ပဏီပိုင် သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ် ဓားပြတွေ ပြန်ပေးဆွဲခဲ့ဖူးပြီး ၂ လကြာ ဖမ်းဆီး ထားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သင်္ဘောကုမ္ပဏီရဲ့ ငွေပေးမှုကြောင့် မြန်မာ သင်္ဘောသားတွေ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပြန်လွတ်လာတဲ့ သူ့မိတ်ဆွေ သင်္ဘောသား ပြန်ပြောပြခဲ့တဲ့ ဖမ်းဆီးခံရချိန် အခြေအနေနဲ့ ပတ်သက်လို့လည်း…

“နှိပ်စက်တာတော့ မရှိဘူးပေါ့။ သူတို့ကို နည်းနည်း စိတ်ကျဉ်းကျပ်အောင် ထားပြီးတော့ ပစ္စည်းကတော့ အကုန်ယူတာပဲ။ အိမ်နဲ့တော့ ဆက်သွယ်လို့ရတယ်၊ ဒါပေမဲ့ သူတို့ နေချင်တိုင်း နေလို့မရဘူး။ ထမင်းစားချိန် တက်စား၊ ပြီးရင် အချုပ်သားလို နေရတာ။ ပိုက်ဆံပေးပြီး ရွေးလိုက်တော့ ပြန်လွတ်လာတယ်။”

လက်ရှိ တန်ဇန်းနီးယားနိုင်ငံ ပင်လယ်ကူး သင်္ဘောတစင်းမှာ စက်မှု အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာ သင်္ဘော အင်ဂျင်နီယာ တယောက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆိုမားလီးယား ပင်လယ်ဓားပြတွေဟာ အစားအသောက် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောမျိုးတွေကို ပစ်မှတ်ထားလေ့ မရှိဘဲ အခုလို ဓာတုဗေဒ ပစ္စည်းတွေ၊ လောင်စာဆီတွေ၊ လက်နက်ခဲယမ်းတွေ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောမျိုးတွေကိုသာ ပစ်မှတ်ထားပြီး ပြန်ပေးဆွဲလေ့ ရှိပါတယ်။ အခုဆိုရင် ပင်လယ်ဓားပြတွေက သင်္ဘော အနည်းဆုံး ၆ စင်းနဲ့ သင်္ဘောသား ၁၀၀ ကျော်ကို ဖမ်းဆီး ထားပါတယ်။

Ref: VOA News

Read More...

Sunday, March 7, 2010

တောင်ဒဂုံ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

Saturday, 06 March 2010

ရန်ကုန်တိုင်း တောင်ဒဂုံ စက်မှုဇုန် (၂) ရှိ SGI အထည်ချုပ် စက်ရုံ နှစ်ရုံမှ အလုပ်သမား ၄၀၀၀ ခန့်က လုပ်ခလစာ တိုးပေးရေး အတွက် ယနေ့ နံနက် ၈ နာရီခန့်တွင် ဆန္ဒပြ တောင်းဆိုကြောင်း သိရသည်။

လုပ်ခလစာများ နည်းပါးမှု၊ အချိန်ပို လုပ်အားခ နည်းပါးမှု များကြောင့် စားဝတ်နေရေး မပြေလည်သည့် အတွက် လုပ်ခလစာ တိုးပေးရန်နှင့် အချိန်ပို လုပ်အားခ တိုးမြှင့်ပေးရန် အတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမား များနှင့် တွေ့ဆုံခဲ့သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အလုပ်သမလေးတွေ မနက်ပိုင်း အလုပ်ဆင်းတဲ့ အချိန် ဖယ်ရီကားက ပို့ကတည်းက စက်ရုံထဲ မ၀င်တော့ဘဲ ထိုင်ပြီး ဆန္ဒပြနေကြတာ”ဟု ၎င်းကဆိုသည်။

ဆန္ဒပြသူ အများစုမှာ အမျိုးသမီးများဖြစ်ပြီး ၎င်းတို့ကို စက်ရုံပိုင်ရှင်က စက်ရုံဝန်းအတွင်းသို့ ၀င်ရန်ပြောဆိုသော်လည်း ၀င်ရောက် ခြင်းမရှိဘဲ ဆန္ဒပြခြင်း ဖြစ်ကြာင်း ၊ စက်ရုံပိုင်က တောင်းဆိုချက်များ လိုက်လျောမည်ဟု ပြောဆိုပြီး ဆန္ဒပြသူများကို ကြိုပို့ ယာဉ်များနှင့် ပြန်ပို့ခဲ့ကြောင်း၊ အလုပ်သမားများက ယခု တောင်းဆိုချက်များ မရရှိပါက ဆက်လက် ဆန္ဒပြမည်ဟု ဆိုကြောင်း၊ လွန်ခဲ့သည့် သုံးလခန့်က စက်ရုံပိုင်ရှင်နှင့် အုပ်ချုပ်သူများကို အလုပ်သမားများမှ လုပ်ခလစာ တိုးပေးရန် တောင်းဆို ခဲ့သေးကြောင်း အလုပ် သမားများနှင့် တွေ့ဆုံခဲ့သူက ရှင်းပြသည်။

ယင်းစက်ရုံ အလုပ်သမားများ၏ လစာ မှာ တလလျှင် ကျပ် ၃၀၀၀ ကျော် ရရှိသည်ဟု သိရသည်။

အဆိုပါစက်ရုံသို့တောင်ဒဂုံမြိုနယ်ရဲမှူးကြီးနှင့် မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌ တို့ရောက်ရှိလာကြောင်း၊ လုံခြုံရေး ရဲကားများလည်း ရောက်ရှိလာကြောင်း မျက်မြင် တွေ့ရှိသူများက ပြောသည်။

စက်ရုံ အလုပ်သမားအများစုမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သုဝဏ္ဏ၊ ပုဇွန်တောင် မြို့နယ်များတွင် နေထိုင်သူများ ဖြစ်ပြီး အဆိုပါ စက်ရုံသည် လူနေရပ်ကွက်များနှင့် ဝေးလံကာ စက်ရုံ အနီးတွင်လည်း ပေါ်ပြူလာ ပလတ်စတစ်စက်ရုံ၊ တံမျက်စည်း စက်ရုံ များရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစက်ရုံများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်းသည် မကြာသေးမီက အစိုးရ ၀န်ထမ်းများကို လစာ တိုးမြှင့်ပေး လိုက်ခြင်းနှင့် အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်လာခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများတွင် အထည်ချုပ် အလုပ်သမား တဦး၏ လုပ်ခလစာမှာ တလလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ခန့် ရရှိကြောင်း မြန်မာနိုင်ငံ စက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။

မကြာသေးမီရက်ပိုင်းကလည်း ပြုံးပန်းတရာ အထည်ချုပ်စက်ရုံ၊ Yes II အထည်ချုပ်စက်ရုံ၊ Super Garment အထည်ချုပ်စက်ရုံ၊
Sky အထည်ချုပ်စက်ရုံ၊ တိုင်ရီ ဖိနပ်စက်ရုံ၊ ဂရင်းရွိုင်ရယ် ၀ီစကီ အရက်ချက်စက်ရုံတို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Ref: ဧရာဝတီ်

Read More...

စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ

ရဲဘော်ဖိုးသံချောင်း
၅/ မတ် ၂၀၁၀

အခုတလော မြန်မာပြည်မှာ လူအများ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကိစ္စ တခုကတော့ နအဖ ဗိုလ်ချုပ်တွေဟာ ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင် ကြေညာ အသိပေးခြင်း မရှိဘဲ နိုင်ငံပိုင် ဓနများကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက် အပ်လိုက်ပြီ၊ အဲဒီ သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့ နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ် ကိုယ်စား လုပ်နေတာ စတဲ့ သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က ကြားရတာ မဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက် ကြားနေ ကြရပါတယ်။

ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ ဦးစီးမှုနဲ့ လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မပြောသလို၊ ဘယ်သူကမှလည်း မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါ ပစ္စည်း ခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုး လုပ်နေကြတာဟာ ဗမာပြည် သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင် သိမ်းတယ် ဆိုတာရဲ့နောက်မှာ အကြီးမားဆုံး ပိုင်ဆိုင်မှု လက်ပြောင်း လက်လွှဲ လုပ်မှုကြီးပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလ စစ်အစိုးရဟာ ဆိုရှယ်လစ် စကားလုံးတွေ လေကြီးဟစ်ကျယ် ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင် ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်အုပ်စုပိုင် လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာ ၀ိသမလောဘ သမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ် အရင်းအနှီး စုဆောင်းတာ ဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကို ဆက်ခံတဲ့ နအဖ စစ်အုပ်စုကတော့ ဈေးကွက် စီးပွားရေး တည်ဆောက်တယ် ဆိုပြီး အရင်းအနှီး ခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့ အပေါင်းပါတွေသာ ချမ်းသာသထက် ချမ်းသာလာတာကို မျက်မြင် တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။

ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခု ဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့ အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကို မဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ ပြန်ပြောရရင် သူတို့တတွေ ဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့ အိတ်ထဲ ထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေ အဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေ ပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက် မပြောရုံ တမယ်ပါပဲ။

မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်း ကတော့ တရုတ် ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင် အားလုံးဟာ ၀ိသမ လောဘသမား အရင်းရှင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာ ခွေးမချီနိုင် ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီး ပေါ်ခဲ့ပါတယ်။

အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလ ဗိုလ်ချုပ်တွေ အတွေ့အကြုံ နည်းလို့ ဒုက္ခရောက်ခဲ့ တာတွေကို သင်ခန်းစာ ထုတ်ယူ ထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင် သိမ်းလိုက်လို့ အလုပ် ရှုပ်ရတာမျိုး သူတို့က အဖြစ် မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ ပြော၊ နယ်ချဲ့ ဆန့်ကျင်ရေး မီးရှူး မီးပန်းတွေ ဖောက်လွှတ်နေလို့ ပြည်ပ အရင်းအနှီးနဲ့ ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှားပါတယ်။ ကောင်းတဲ့ အလားအလာ ရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲ ထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာ အကျိုးရှိမယ်၊ စားကွက်ရှိမယ် ဆိုရင် န၀တ၊ နအဖ စစ်ဗိုလ်တွေဟာ အရှေ့ကဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီး မှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ ထိပ်သီးတွေ အတွက် ခံစားခွင့် ပါဖို့ပါပဲ။

ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေက လာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်က ချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်က စလို့ အစဉ်အလာ တခုလို ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုလို ဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့် ဖြစ်ခဲ့တယ် မဟုတ်ပါလား။ နောက်ပြီး အဲဒီ စားကွက်တွေ အတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စု ဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေး ဗိုလ်မှူးကိုင်နိုကို သတ်ပစ်ခဲ့တာ၊ ၁၉၇၀ စု နှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင် တရားစွဲတာ စတာတွေဟာ အဲဒီလို ဂိုဏ်းအုပ်စုနဲ့ စားခွက် ပြဿနာတွေ ကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသ ထိပ်သီးတွေဟာ နယ်ခံ အာဏာရှိသူတွေနဲ့ လုံးမိ ကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသား လူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်က စလို့ စစ်အုပ်စု ထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက် ဆုံခဲ့ကြတာပါပဲ။

ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေ ပျောက်ကုန် ကြပါတယ်။ သူတို့ရဲ့ ရောင်းရင်း အပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန် ကြပါတယ်။ ဒီ့နောက် ၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေ ပေါ်တော့မှ စစ်အုပ်စု ထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း နိုင်ခဲ့ပါတယ်။ မဆလ ထိပ်သီးတွေ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေ ရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့ ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံး သိပြီးမို့ အထူးရေးဖို့ မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ် အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် လုပ်ရေး ကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင် ဖြစ်နေကြတာမှာ ဒီစားကျက်ကြီး ပြန်ပျောက်သွားမှာ စိုးနေတဲ့ အကြောင်းရင်းလည်း ပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ ၀င်းဝင်းပါ။

ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်း တို့ဟာ အထက်မှာပြောခဲ့သလို ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခ ပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့ ကတော့ အဲဒီလိုလူတွေ အထဲက သူတို့ အသုံးချမယ့် လူတွေကို ရှာဖွေ မွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေး ဆိုတာမျိုးတွေလည်း ဖြတ်သန်း ခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေ ကိုယ်စား နာမည်ခံ စီးပွားရေး လုပ်ငန်း ထောင်ပေးမယ့် လူတွေကိုလည်း စိစစ် မွေးမြူတာ လုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံ လူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊ တူမပေးလို့တောင် မွေးယူ ကြပါတယ်။

အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စု က စခဲ့တဲ့ မြန်မာပြည် စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ် လုပ်ကိုင်နည်းရဲ့ အဆက်တွေသာ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ ဘီအီးဒီစီပိုင် ကြယ်ငါးပွင့် လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ ငါဘုရားလက်ထက်မှာ ဒေ၀ဒတ် ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရ သလိုပါပဲ။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့