..............................

Saturday, August 14, 2010

ဒေါ်စု ရွေးကောက်ပွဲတွင် မပါနိုင်ရန် အကွက်ချစီစဉ်ဟု ဦးဝင်းတင် ပြော

ဝီရ
၁၃ သြဂုတ် ၂၀၁၀

၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖ စစ်အစိုးရက ကြေညာလိုက်ခြင်းသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု မရှိစေရန် တမင်အကွက်ချ၍ စီစဉ် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ဝေဖန်လိုက်သည်။

“ဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ဒေါ်စုက ပြောထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ကျင်းပ ရက်ကိုလည်း ဒေါ်စု မလွတ်သေးတဲ့ ကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်။ ဒါက ဒီရွေးကောက်ပွဲမှာ အစကတည်း ကိုက ဒေါ်စု မပါအောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင် အကွက်ဆင် စီစဉ်ထားတယ် ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည် ဖြစ်ပြီး ယခု ရွေးကောက်ပွဲကို သူမ လွတ်မြောက်ရက် မတိုင်မီ တပတ်အလိုတွင် ကျင်းပရန် စီစဉ်သည့် အပေါ် ဦးဝင်းတင်က ပြောကြား လိုက်ခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲ လုပ်တဲ့ကာလမှာ ဒေါ်စု အပြင်မှာရှိနေရင် သူတို့အတွက် အန္တရာယ်များတယ် သို့တည်းမဟုတ် အနှောင့်အယှက် ဖြစ်စေ နိုင်တယ်လို့ ယူဆလို့ ဒီလိုလုပ်တာလို့ ကျနော် မြင်တယ်။ ဒါက အဓိက အချက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ် (၈) ရက်ထုတ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများ အနေဖြင့် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ် ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု နအဖ စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်း ရမည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “လာမယ့် နိုဝင်ဘာ (၁၃) ရက်နေ့ဆိုရင်၊ ဥပဒေအရ ဆိုရင် ဒေါ်စု ပြန်လွတ်မယ်ပေါ့။ အခုကျခံခဲ့တဲ့ သက်တမ်း ကာလ တလျှောက်မှာ ဒေါ်စုက ကောင်းကောင်း မွန်မွန်နဲ့ နေထိုင်ခဲ့တယ်။ စစ်အစိုးရက အဲဒီမတိုင်ခင် ကျင်းပတယ်ဆိုတာ ဒီလွတ်ရက်ကို ရှောင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်လို ဆုံးဖြတ်တာလဲတော့ မသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော် ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

အဆိုပါ တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်၍ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြစ်ဒဏ်ကို ပြောင်းလဲ ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ဒေါ်စုကို အခုချထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ဆိုတာက တရားစီရင်ရေး အာဏာ မဟုတ်ဘူး။ အုပ်ချုပ်ရေး အာဏာဖြစ်တယ်။ အာဏာအရ စည်းကမ်းချက် သတ်မှတ်ပြီး နေအိမ် အကျယ်ချုပ် လုပ်ထားတာ ဖြစ်တယ်။ (၄၀၁) က အများဆုံး (၁) နှစ်ခွဲပဲ ကျခံရတယ်။ အခုဟာက ဆိုင်းငံ့ အပြစ်ဒဏ် (၁) နှစ်ခွဲက အခြေအနေအရ ကောင်းကောင်းမွန်မွန် နေထိုင်ရင် ဖျက်ချင် ဖျက်လိုက်မယ်။ ဒါမှမဟုတ် ကျန်တဲ့ (၁) နှစ်ခွဲက အစကနေပြန်စပြီ ချရင်လည်း ရတယ်။ (၂) မျိုး ရှိတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လာမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေများအရ ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဒေါ်အောင်ဆန်း စုကြည်၏ လွတ်မြောက်ရက် အတိအကျကို မသိရှိနိုင်ကြောင်း ပြောကြားသည်။

“ဒေါ်စုကို စွဲချက်တင်တာက ၂၀၀၉ မေလ (၅) ရက်နေ့ကပါ။ မေ (၁၄) မှာ အင်းစိန်ထောင်ကို ခေါ်သွားတယ်။ နောက်ဆုံး ပြစ်ဒဏ်ချတာက သြဂုတ် (၁၁) ရက်နေ့မှာ ချတာဖြစ်တယ်။ ဒါပေမယ့် စစ်အစိုးရက ဘယ်ရက်ကနေ စရေတွက်ပြီး ပြစ်ဒဏ်ချတာ မသိတော့ လွတ်ရက် အတိအကျကို ကျနော်တို့ မသိနိုင်ဘူး။ အခုလိုမျိုး နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲလုပ်ရင် ဒေါ်စုကို အဲဒီနောက်ပိုင်းမှ လွှတ်ဖို့ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနိုင်ငံရေးသမား (၂,၁၀၀) ကျော်တို့၏ ပါဝင်ခွင့် အခန်းကဏ္ဍကို လာမည့် ရွေးကောက်ပွဲတွင် ကန့်သတ် ထားမည်ဆိုပါက တရားမဝင်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ် ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်နိုင်ငံနှင့် အခြား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့က ပြောဆိုထားသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, August 13, 2010

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော် အသီးသီး အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်

သြဂုတ်လ ၁၃ ရက် ၂၀၁၀

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော် အ သီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှ တစ်ဆင့် ယနေ့နံနက် ပိုင်းတွင် ကြေညာ ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ် မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန် ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီအ ထွေထွေ ရွေးကော်ပွဲများ ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း သတ်မှတ် ကြေညာ ခဲ့ခြင်းဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက် ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည် ထောင်ခွင့်နှင့် ဆက်လက်တည် ထောင်ခွင့် လျောက်ထားသည့် ပါတီ ၄၆ ပါတီ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံရေး ပါတီမှတ်ပုံတင်ခွင့် လျောက်ထား သည့် ပါတီ ၄၁ ကို မှတ်ပုံတင် ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်အရ သိရသည်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို မေလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Ref: Eleven Media Group

Read More...

ရွေးကောက်ပွဲ မမျှတရင် အမျိုးသား သင့်မြတ်ရေး အကျိုးမရှိနိုင်

ကိုရန်နိုင်
ကြာသပတေး, 12 သြဂုတ် 2010

အခုနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တခြား တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာဖို့ အလားအလာ မကောင်းနိုင်ဘူးလို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့ကလည်း ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ ပြောဆိုသံတွေ ထွက်ပေါ်နေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အစိုးရ အာဏာတည်မြဲဖို့အတွက် ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ စာရင်းတွေကို ထုတ်ပြန် ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ အဆင့်အတန်း မီဖို့ အများကြီး လိုသေးတယ်လို့ ၀ါရှင်တန်ဒီစီ အခြေစိုက် National Democratic Institute အဖွဲ့က အကြီးတန်း အကြံပေး မက်သရူး ဖရူမင် (Matthrew Frumin) က ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအရ တခြား တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာဖို့အတွက် အလားအလာ မကောင်းနိုင်ဘူးလို့ ဗွီအိုအေကို ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ လုံးဝ မရှိတာထက်စာရင် အခုလို ရွေးကောက်ပွဲ ရှိတာက မကောင်းဘူးလား ဆိုတဲ့ အပေါ်မှာတော့ သူက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ လုပ်တိုင်းတော့ နိုင်ငံရေးအရ ရှေ့ကို တိုးတက် ဖြစ်ထွန်းလာတယ်လို့ ပြောလို့မရပါဘူး။ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုရင်တော့ တိုင်းပြည်ရဲ့ ရှေ့အလားအလာက ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို တရားမမျှတတဲ့ ရွေးကောက်ပွဲက ပြည်သူလူထု မျှော်လင့်နေတဲ့ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရ ထွက်ပေါ်လာမယ့် အခွင့်အရေးကို တားဆီး လိုက်နိုင်တာကြောင့်ပါ။”

နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့ ဘယ်စနစ်ပဲဖြစ်ဖြစ် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သူမရဲ့ ရှေ့နေတွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့စဉ် အတွင်းမှာ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် လက်မခံနိုင်တဲ့ အတွက် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ဘဲ သပိတ်မှောက်ခဲ့ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ တခုလုံးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတချို့ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် နည်းလွန်းတာ၊ ကန့်သတ်မှုတွေ ရှိနေတာ၊ ထောက်လှမ်းရေး အာဏာပိုင်တွေက ဖိအားပေး နှောင့်ယှက်တာတွေ အပြင် စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် လုပ်ဆောင် နေတာတွေကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ ဆိုနေကြပါတယ်။ ဒါ့အပြင် ဝေဖန်သူတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်အစိုးရ သက်တမ်း ရှည်အောင် ရေးဆွဲထားတာ ဖြစ်တယ်လို့ ထောက်ပြ နေကြပါတယ်။ ဒီအချက်အပေါ်မှာ မက်သရူး ဖရူမင်ကလည်း ထောက်ခံပါတယ်။

“ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုပိုင်းကို စစ်တပ်အတွက်ပဲ ထားထားတဲ့ ရည်မှန်းချက် မျိုးကို ရှင်းရှင်းလင်းလင်း ပြောထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း ဥပဒေပြု လွှတ်တော်တိုင်းမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၂၅% ကို နေရာပေးတာ အပါအ၀င် စစ်တပ်ရဲ့ ဦးဆောင်မှုကို ပုံစံအမျိုးမျိုးနဲ့ အထောက်အကူတွေ ပေးနေပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ရည်ရွယ်ချက်က အစိုးရရဲ့ အာဏာကို စစ်တပ်က ဆက်ပြီးတော့ ထိန်းထားဖို့ဆိုတာ ရှင်းနေပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် အမှန်တကယ် ရွေးချယ် ဆုံးဖြတ်နိုင်မယ့် အခြေအနေမျိုးကို ဖန်းတီးဖို့ နိုင်မှာ မဟုတ်ပါဘူး။”

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ ရှိမှာဖြစ်ပြီး ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃၃၀ နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၁၁၀ ပါဝင်မှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော် အတွက် အမတ်နေရာ ၂၂၄ နေရာမှာတော့ ၁၆၈ ယောက်က ယှဉ်ပြိုင် အရွေးခံရမှာ ဖြစ်ပြီး ၅၆ ယောက်ကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ စာရင်းတွေကို သြဂုတ်လ ၁၂ ရက်နေ့ ကြာသပတေးနေ့က အစိုးရပိုင် သတင်းစာတွေ ကနေ တဆင့် ထုတ်ပြန် ကြေညာခဲ့တာပါ။ အခုလို ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေကို မြန်မာ စစ်အစိုးရ အာဏာ ပိုင်တွေဘက်က သတ်မှတ် ပြဋ္ဌာန်း လိုက်ပေမဲ့လည်း ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ် ဆိုတာကိုတော့ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

Ref: VOA News

Read More...

မဲဆန္ဒနယ်မြေ ကြေညာပေမဲ့ ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုတွေ ရှိနေဆဲ

ဦးကျော်အောင်လွင်
ကြာသပတေး, 12 သြဂုတ် 2010

မြန်မာပြည်မှာ ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် သတ်မှတ်ချက်တွေကို ဒီကနေ့စပြီး သတင်းစာတွေ ကနေ ကြေညာပါပြီ။ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ် ဆိုတာကိုတော့ မကြေညာ သေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲထက် စာရင် ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲဟာ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အတွက် ပြင်ဆင်ချိန်လည်း နည်းပြီး လွတ်လပ်မှုတွေလည်း နည်းပါး လွန်းနေတယ်လို့ ပါတီတွေ တော်တော်များများက ညည်းညူနေကြတာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြ ပေးထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ဒီနှစ်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ အဓိက ကွာခြား တာကတော့ ဒီတခါ မဲပေးတဲ့အခါ လွှတ်တော် ၃ ခုအတွက် ပေးကြရမှာပါ။ ၁၉၉၀ ခုနှစ်တုန်းကတော့ လွှတ်တော် တခုတည်းကိုပဲ ပေးခဲ့ရတာပါ။ မဲဆန္ဒနယ် သတ်မှတ်ချက်တွေလည်း ၁၉၉၀ ခုနှစ်နဲ့ မတူပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကတော့ အခုတခေါက် သတ်မှတ်ချက်က ပိုရှင်းတယ်လို့ ဆိုပါတယ်။

“၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ အခုရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သတ်မှတ်တာ နည်းနည်း ကွာခြားမှုရှိတယ်။ ဟိုတုန်းကတော့ လူဦးရေပေါ်တည်လို့ တချို့မြို့နယ်တွေ ကတော့ ၂ ယောက်စီ ပါတယ်။ အခုကျတော့ မြို့နယ်တခုကို ကိုယ်စားလှယ် တယောက် အဲဒီလို ရွေးလိုက်တယ်။ ကျနော်တို့အမြင်ကတော့ ဒီပုံစံက ပိုရှင်းတာပေါ့။ အရင်ပုံစံတွေကတော့ နည်းနည်း ပိုပြီး ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်တခုတည်းမှာ ၂ နေရာ ခွဲလိုက်ရတယ်ဆိုတော့၊ အခုတော့ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ တပုံစံတည်းပဲ၊ တယောက်စီပဲ ဖြစ်သွားတာပေါ့။”

မဲဆန္ဒနယ် သတ်မှတ်ချက်တွေ ထွက်လာပြီဆိုတဲ့ သဘောက ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမလဲဆိုတာ ကြေညာမယ့်ရက် နီးလာပြီ ဆိုတဲ့ သဘောပဲလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ဒုတိယခေါင်းဆောင် ရှေ့နေ ဦးသိန်းညွန့်က သုံးသပ်ပါတယ်။

“မဲဆန္ဒနယ် အကျယ်အ၀န်းကို ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်ပြီးတော့ ကော်မရှင်တွေက ကြေညာ ပေးရမယ်တဲ့။ မဲဆန္ဒနယ် ကြေညာခြင်းဆိုတာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အခု သြဂုတ်လ ၁၁ ရက်မှာ ကြေညာတယ်ဆိုတော့ စက်တင်ဘာလ အတွင်းမှာ ရွေးကောက်ပွဲ ဘယ်နေ့ ကျင်းပမယ်ဆိုတာ ဒီဥပဒေအရ ကြေညာနိုင်ပါတယ်။ အခုရက်နဲ့ သတ်မှတ်မယ် ဆိုရင်တော့ ၁၉၉၀ ပြည့်နှစ်နဲ့ စာရင်တော့ အချိန်တို တောင်းတာတော့ အမှန်ပါပဲ။”

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲထက် အချိန်တိုတောင်းရုံတင်မက နိုင်ငံရေး လုပ်ပိုင်ခွင့်အရ လွတ်လပ်မှုပါ နည်းပါးနေတယ်လို့ ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“အခုကတော့ Control က အများကြီး လုပ်နေတာကိုး။ ထောက်လှမ်းရေးကလည်း အမြဲလိုက်တယ်။ ဟိုတုန်းက ဆိုရင် အဲဒီလို လိုက်တာတော့ မရှိဘူးပေါ့။ ထောက်လှမ်းရေး ကတော့ စောင့်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ အများကြီး လွတ်လွတ်လပ်လပ် သွားလာ နိုင်တာပဲ။ ပြီးတော့ အစည်းအဝေးတွေ လွတ်လွတ်လပ်လပ် ခေါ်နိုင်တယ်။ ကိုယ်ပြောချင်တာကို ပြောနိုင်တယ်ပေါ့။ ဘယ်နေ့ အစည်းအဝေးလုပ်မယ် ဘာညာ ကြိုတင်ပြီး ပြောစရာ မလိုဘူးလေ။ အခုကတော့ ခွင့်တောင်းနေရတာပေါ့။ အများကြီး ကွာတာပေါ့။”

ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတွေအတွက် အချိန်နည်းနည်းပဲ ပေးထားတဲ့ကိစ္စဟာ စည်းရုံးရေး လုပ်ငန်းတွေ အတွက် အခက်အခဲတွေ ဖြစ်စေလို့ ပါတီအများစုကတော့ သဘောမကျဘူးလို့ NDF ပါတီရဲ့ ဒုတိယခေါင်းဆောင် ရှေ့နေ ဦးသိန်းညွန့်က ဆိုပါတယ်။

“၁၉၉၀ ပြည့်နှစ်လို အချိန်များများပေးရင် ရွေးကောက်ပွဲ ၀င်မယ့်လူတွေ အနေနဲ့ သူ့မဲဆန္ဒနယ် အသီးသီးမှာ အချိန်ယူပြီး စည်းရုံး လှုံ့ဆော်နိုင်တာပေါ့။”

အခုတခေါက် ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းတွေကို တခါတည်း မဲထည့်ရမယ် ဆိုတဲ့ ကိစ္စကို ပြည်သူတွေ နားလည် သဘောပေါက်အောင် ရှင်းပြမှုတွေ နည်းနေတဲ့ အပေါ်မှာလည်း ဦးသိန်းညွန့်က စိုးရိမ်နေပါတယ်။

“၄၇ အခြေခံဥပဒေတုန်းက ပြည်သူ့လွှတ်တော်ကို ကျင်းပပြီးတော့ သုံးပတ် သို့မဟုတ် တလလောက်ကြာမှ လူမျိုးစု လွှတ်တော်ကို ကျင်းပတယ်။ အဲတော့ မဲပေးရတဲ့လူတွေ အနေနဲ့ လွှတ်တော်နှစ်ရပ်ကို မဲပေးတယ် ဆိုပေမဲ့ ပြည်သူ့ လွှတ်တော်ကို သတ်သတ် မဲပေးတယ်၊ လူမျိုးစု လွှတ်တော်ကို သတ်သတ် မဲပေးတယ် ဆိုတော့ သူတို့မှာ ရှုပ်ထွေးစရာ မရှိဘူး။

“အခု မဲပေးပုံစနစ်က ရွေးကောက်ပွဲလုပ်တဲ့ နေ့မှာ အမျိုးသားလွှတ်တော် အတွက်လည်း မဲပေးရမယ်၊ ပြည်သူ့ လွှတ်တော် အတွက်လည်း မဲပေးရမယ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် အတွက်လည်း မဲပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေက ၅၇,၀၀၀ ထွက်ရှိတဲ့ တိုင်းဒေသဆိုရင် အဲဒီ တိုင်းရင်းသား ကိုယ်စားလှယ် သို့မဟုတ် နောင် တိုင်းရင်းသား ၀န်ကြီး ဖြစ်လာမယ့်သူ အတွက်လည်း မဲတမဲကို သက်ဆိုင်ရာ တိုင်းရင်းသားတွေက ပေးကြရဦးမယ်။

“အဲတော့ အခုမဲပေးပုံက အင်မတန်ကို ကြေညာပေးနိုင်မှ၊ အင်မတန် လူထုကို အသိပေးနိုင်မှ မဲပေးတဲ့အခါမှာ လူထု သဘောပေါက် လာမှာ။ အခုချိန်ထိတော့ ကျနော်တို့ဆီက မဲရုံမှာ လွှတ်တော် ၃ ရပ်ကို ဘယ်လိုမဲပေးမလဲ ဆိုတဲ့ဟာ အခုထက်ထိ ကြေညာ ပေးတာတွေ မီဒီယာတွေမှာ ကျနော်တော့ မတွေ့ရသေးပါဘူး။”

NDF ပါတီက ရှေ့နေ ဦးသိန်းညွန့် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီနှစ် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိမှာကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတော်တော် များများက စိုးရိမ် နေကြတာပါ။ မြန်မာ စစ်အစိုးရကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်၊ ဘယ်သူမှ လာပြီး စောင့်ကြည့် လေ့လာဖို့ မလိုဘူးလို့ ပြောထားပါတယ်။ ဒီနှစ်ကုန်ဖို့က အချိန် ၄ လကျော်ပဲ ကျန်ပါတော့တယ်။ ဒီကာလအတွင်း အများက ယုံကြည်လက်ခံနိုင်မယ့် ရွေးကောက်ပွဲတခု မြန်မာပြည်မှာ ဖြစ်ပေါ် လာနိုင်ပါ့မလား ဆိုတာကို မြန်မာ့အရေး စိတ်ဝင်စားသူတိုင်းက စိုးရိမ်မှုတွေနဲ့ စောင့်ကြည့် နေကြပါတယ်။

Ref: VOA News

Read More...

ရန်ကုန်မှာ အင်တာနက် ဆက်သွယ်မှုတွေ အဆမတန် နှေးကွေး

မသင်းသီရိ
ကြာသပတေး, 12 သြဂုတ် 2010

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တပတ်လောက်ကစလို့ အင်တာနက် ဆက်သွယ်မှုနှုန်းတွေ အလွန်နှေးနေပြီး ၀က်ဘ်ဆိုက်ဒ် တွေလည်း အရင်ကထက် ပိုပြီး ၀င်ရောက်ကြည့်ရှုဖို့ ခက်ခဲနေပါတယ်။ အင်တာနက် ၀န်ဆောင်မှု ပေးနေတဲ့ ရတနာပုံ တယ်လီပို့တ်ကတော့ အင်တာနက် လိုင်းတွေကို ပြန်လည် မွမ်းမံနေတဲ့ အတွက် အခုလို လိုင်းတွေ ပြတ်တောက်မှု ဖြစ်တာလို့ ပြောပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ရှစ်လေးလုံး အရေးအခင်း နှစ်ပတ်လည်နေ့မှာ စပြီး အခုလို ဖြစ်တာလို့ အင်တာနက် သုံးသူတွေက ပြောကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက ဆက်ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ နှေးသွားသလို ပြတ်တောက် သွားတာမျိုးထိ ဖြစ်နေတာဟာ အခု အချိန်အထိပါလို့ ပြောနေကြပါတယ်။ ဒါကြောင့် ရန်ကုန်က အင်တာနက်ဆိုင်တချို့ ပိတ်ထားရတာ မျိုးတွေတောင် ရှိနေပါတယ်။ အချိန်ကြာကြာ စောင့်ဆိုင်းပြီးမှသာ လူသုံးများတဲ့ Gmail နဲ့ GTalk တွေလောက်သာ အသုံးပြုနိုင်ပြီး ကျန်တဲ့ သတင်း စာမျက်နှာတွေ ကတော့ လုံးဝ ဖွင့်လို့မရအောင် ဖြစ်နေတယ်လို့ အင်တာနက် အသုံးပြုသူ လူငယ်တဦးက ပြောပါတယ်။ ဘာကြောင့် အခုလို အင်တာနက် ဆက်သွယ်မှုတွေ မကောင်းဖြစ်နေသလဲ ဆိုတာကို အရင်က သက်ဆိုင်ရာ အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီက ထုတ်ပြန် ကြေညာပေမဲ့ အခုတခါတော့ တရားဝင်ပြောဆိုတာ ခုချိန်ထိ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“၈ ရက် ၈ လ နှစ်ပတ်လည် မတိုင်ခင်မှာ စပြီးတော့ ၇ ရက် ညနေဘက်မှာ စပြီး နှေးတယ်။ ပထမအပတ်မှာ ဆိုရင် လုံးဝ သုံးလို့ မရဘူး။ ကျနော်တို့ မြန်မာပြည်မှာက GTalk ရယ်၊ Gmail ရယ်၊ Facebook ရယ်ကို အများဆုံး သုံးကြတာ ဆိုတော့ ဒီအပိုင်းတွေကိုသာ နည်းနည်းလေး သုံးလို့ရအောင်၊ အဆင်ပြေအောင် လုပ်ထားပြီးတော့ တခြား Page တွေကို ဘယ် Page မှ ဖွင့်လို့မရအောင် သူတို့ လုပ်ထားတယ်။ အရင်အခေါက်တွေက ဆိုရင် ဘာအကြောင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိတယ်။ အခုတခေါက်ကြတော့ ဘာမှလည်း မတက်ဘူး၊ Connection တအားနှေးတယ်၊ သုံးလို့မရတာပဲ ရှိတယ်၊ ဘာမှ ထုတ်ပြန်ချက်တွေ ဘာတွေလည်း မရှိဘူး။”

ဒါကြောင့်မို့ အင်တာနက် ၀န်ဆောင်မှု ပေးနေတဲ့ ရတနာပုံ တယ်လီပို့တ်ကို ဆက်သွယ်မေးမြန်းတော့ ရှစ်လေးလုံး နှစ်ပတ်လည် ကာလမှာ စတင်ဖြစ်ခဲ့တဲ့ အကြောင်း ပြောပေမဲ့ ဘယ်အချိန် ပြန်ကောင်းလာမလဲ ဆိုတာတော့ မပြောပါဘူး။ အခုလို ဖြစ်နေရတာဟာလည်း အင်တာနက် လိုင်းတွေကို ပြန်လည် မွမ်းမံနေတဲ့အတွက် အခုလို လိုင်းပြတ်တောက်မှုတွေ ဖြစ်နေတာ ပါလို့သာ ရတနာပုံက တာဝန်ကျ ၀န်ထမ်းတဦးက ဖြေပါတယ်။

“Server တွေ Maintenance လုပ်နေတယ်။ ရတဲ့နေရာရ၊ မရတဲ့နေရာတွေ မရ၊ အဲဒီလိုဖြစ်နေတာ။ အကုန်လုံးလည်း မဟုတ်ဘူး။ အခုတောင်မှ ကျနော်တို့ Service လှမ်းမေးတာ၊ ဒီဘက်က ဖုန်းတွေ မနိုင်တော့လို့။ လုပ်လို့ မရတော့လို့ ဘာဖြစ်တာလဲ၊ ပြောလို့ ရမလားဆိုပြီး မေးထားတာ။ အဲလို Maintenance လုပ်နေလို့ပေါ့နော်၊ လုံးဝ ပြတ်သွားတာတော့ မဟုတ်ဘူး။ တက်လိုက် ကျလိုက် အဲဒီလိုမျိုး ဖြစ်နေတယ်တဲ့။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာက အများပြည်သူ စိတ်ဝင်စားမယ့် နေ့ရက်တွေဆိုရင် အခုလို အင်တာနက် ဆက်သွယ်မှုတွေကို နှေးပစ် လိုက်တာမျိုး၊ ပြည်ပနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးတွေ အားလုံးကို ထိန်းချုပ် ပစ်တာမျိုး ရှိနေကြ ဖြစ်တာမို့ ဒီတခါလည်း ပြီးခဲ့တဲ့ ရှစ်လေးလုံးနေ့ မတိုင်ခင်ကတည်းက အင်တာနက်တွေ နှေးကွေးသွားတာ ဖြစ်တယ်လို့လည်း အင်တာနက် သုံးသူတွေက ပြောပါတယ်။

“သူတို့ သိပ်မကြိုက်ဘူးဆိုရင် ပိတ်ပစ်တတ်တယ်ပေါ့။ အစိုးရကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ သူတို့နဲ့ သဟဇာတ မဖြစ်ဘူးဆိုရင် သူတို့ ပိတ်တယ်။ ဥပမာ Myanmar Network ဆိုတဲ့ British Council က Support လုပ်တဲ့ အင်တာနက် Network တခုဆိုရင် တိုက်ရိုက် ဖွင့်လို့မရအောင် သူတို့က ပိတ်ထားတယ်။ အဲဒါဆိုရင် ဒီမှာ ဘာမှ မတင်ဘူး၊ နိုင်ငံရေးနဲ့ ပတ်သက်တာလည်း မတင်ဘူး။ သာမန် Education တို့ ဘာတို့နဲ့ ပတ်သက်တာပဲ တင်တယ်။ ဒါပေမဲ့ သူတို့က အဲဒါကို ပိတ်ထားတယ်။ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ပိတ်ထားမယ်။ သူတို့ကို အန္တရာယ် ဖြစ်လာမယ့် အချိန်ဆိုရင် Connection ကို ချုံ့ပစ် လိုက်တယ်။ ဘာမှ သုံးလို့မရအောင် လုပ်ပစ်လိုက်တယ်။ တချို့အချိန်ဆို Connection ကို နှေးပစ်လိုက်တယ်။”

တခါ ရက်အတိအကျ မကြေညာသေးပေမယ့် ရွေးကောက်ပွဲကို ဒီနှစ်ထဲ ကျင်းပပေးမယ် ဆိုတော့ နှစ်ကုန်ခါနီး လာပြီမို့ အာဏာပိုင်တွေက ပြည်တွင်းရော၊ ပြည်ပတွေကိုပါ အလွယ်တကူ ဆက်သွယ်နိုင်မယ့် အင်တာနက်တွေ ကိုရော တခြား ဆက်သွယ်ရေးတွေ အားလုံးကို ပိုမို ထိန်းချုပ်တာတွေ ပြုလုပ်လာမှာ သေချာတယ်လို့လည်း မြင်ကြပါတယ်။

“ဒီအကြောင်းကြောင့် ဖြစ်ဖို့လည်း များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာပိုင်းတွေရော၊ အင်တာနက် ပိုင်းတွေရော အကုန် ကြိုးစားမယ်။ မီဒီယာက ထိန်းချုပ်မယ်ဆိုတာ သူတို့က အလွယ်တကူ ထိန်းချုပ်လို့ရတဲ့ အပိုင်းပေါ့။ အင်တာနက် ကတော့ သိတဲ့အတိုင်းပဲ။ အဓိကတော့ အင်တာနက်ကို သူတို့ ပိတ်မှာပဲ။ ရွေးကောက်ပွဲတို့ ဘာတို့ဆိုရင် သေချာပေါက် ပိတ်မှာပဲ။”

အင်တာနက် အသုံးပြုတဲ့ ရန်ကုန်က လူငယ်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရတနာပုံ တယ်လီပို့တ်နဲ့ မြန်မာ့ဆက်သွယ်ရေး MPT အပြင် မြန်မာအင်ဖိုတက်တွေက တနိုင်ငံလုံးကို အဓိက အင်တာနက် ၀န်ဆောင်မှု ပေးနေကြတာဖြစ်ပြီး ရတနာပုံက ရန်ကုန်မှာ လူသုံးအများဆုံး ဖြစ်ပါတယ်။ ၀န်ဆောင်မှုစရိတ်ကို မြန်မာ့ ဆက်သွယ်ရေး MPT တခုကိုပဲ မြန်မာကျပ်ငွေနဲ့ ပေးဆောင်ရတာဖြစ်ပြီး ကျန်တဲ့ ကုမ္ပဏီတွေကိုတော့ FEC နဲ့ ပေးဆောင်ကြရတာ ဖြစ်သလို မြန်နှုန်းမြင့်ပေါ် မူတည်ပြီးလည်း ပေးဆောင်ကြရပါတယ်။ အင်တာနက် ဆိုင်တွေမှာ ပိတ်ပင်ထားတဲ့ သတင်း စာမျက်နှာတွေကို ဖွင့်မကြည့်ရဆိုတဲ့ စာတွေကပ်ပြီး အထူး သတိပေးထားသလို အင်တာနက် ဆိုင်တွေကိုလည်း အာဏာပိုင်တွေက အမြဲစောင့်ကြည့် စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဘလော့ဂါသမားတွေ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချ အရေးယူတဲ့ နိုင်ငံမို့ ကမ္ဘာတ၀န်း သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံး စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ သတင်း သမားတွေဟာ နေ့စဉ် အာဏာပိုင်တွေက အမြဲ စောင့်ကြည့်တာမျိုးတွေ၊ မထင်ရင် မထင်သလို အပြစ်ပေး စစ်ဆေး တာမျိုးတွေ ရှိနေတာမို့ မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေက ဝေဖန် ပြောဆိုနေတာလည်း ဖြစ်ပါတယ်။


Ref: VOA News

Read More...

MAI ကို ကမ္ဘောဇ လေကြောင်းလိုင်း အဖြစ် ပြောင်းမည်

နရီလင်းလက်
Thursday, August 12, 2010

ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI) ကို လွှဲပြောင်း ရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်းများ ၀င်ရောက်ကာ MAI ၀န်ထမ်းများနှင့် ပူးတွဲ လုပ်ကိုင်နေကြောင်း သိရှိရသည်။

MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် လီမိတက်မှ လွှဲပြောင်း ရယူပြီး Air Kanbawza လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း ကမ္ဘောဇ စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

MAI ကို စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ စီးပွားရေး လူယုံဟု လူသိများသော ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းမှ လွှဲပြောင်း ရယူမည် ဖြစ်သည်။ ဦးအောင်ကိုဝင်းသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် ထားသူများ စာရင်းတွင် ထည့်သွင်း ထားခံရသူ တဦးလည်း ဖြစ်သည်။

“လက်မှတ်အရောင်းနေရာတို့၊ ရုံးခန်း မန်နေဂျာနေရာတွေမှာ ကမ္ဘောဇက ၀န်ထမ်းတွေ ဒီလဆန်းပိုင်းက စ၀င်လာပြီး MAI က ၀န်ထမ်းတွေနဲ့ တွဲလုပ်နေတဲ့ ပုံစံမျိုးပါ” ဟု မြန်မာ့ လေကြောင်းလိုင်းမှ အရာရှိတဦး ကဆိုသည်။

နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာနှင့် လေယာဉ်မှူးများ ပြောင်းရွှေ့ဖွယ် မရှိသော်လည်း ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများတွင်မှု ကမ္ဘောဇ ၀န်ထမ်းများ ကျွမ်းကျင်မှု ရှိလာပါက အပြောင်းအလဲ ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ “အစိုးရအနေနဲ့ ပုဂ္ဂလိကကို ဘယ်လိုပဲရောင်းရောင်း ဒါသူ့အပိုင်းပါ။ အာဏာပိုင်တွေ အနေနဲ့ တခု ထည့်စဉ်းစား စေချင်တာက လုပ်ငန်းကို ပုဂ္ဂလိကဆီ ရောင်းလိုက်ပြီးနောက် ဝန်ထမ်းတွေ ကုမ္ပဏီအသစ် လက်ထဲရောက်ရင် ဖြစ်ချင်ရာဖြစ်၊ ထုတ်ရင်လည်းခံ ဆိုတဲ့ အနေအထားမျိုး မဖြစ်အောင် ညှိနှိုင်းမှုတွေ လုပ်သင့်တယ်” ဟု ပြောသည်။

ယခုအချိန်တွင် ပူးတွဲလုပ်ကိုင်နေသော်လည်း ပုဂ္ဂလိသို့ လွှဲပြောင်းပေးသည့် လုပ်ငန်းအများစု၏ ထုံးစံအရ လွှဲပြောင်း ယူလိုက်သည့် ကုမ္ပဏီမှ ၀န်ထမ်းများ လုပ်ငန်း ကျွမ်းကျင်လာပါက ထုတ်ပယ်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း MAI လေကြောင်းလိုင်း၊ ၀န်ဆောင်မှုဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

“အခုလောလောဆယ် အကုန်လုံးလွှဲပေးတာ မဟုတ်သေးဘဲ တွဲလုပ်နေတဲ့ ပုံစံမျိုးပါ။ မြန်မာ့ လေကြောင်းလိုင်းက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပဲ ပိုင်တော့တယ် ဆိုတော့ နောက်ပိုင်း လုပ်ပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး” ဟု ကမ္ဘောဇ လေကြောင်းလိုင်းမှ တာဝန်ရှိ သူ တဦးက ပြောသည်။

“၀န်ထမ်းတွေ တွဲလုပ်နေတယ် ဆိုပေမယ့် ကမ်းနားလမ်းမှာ ရှိတဲ့ မြန်မာ့လေကြောင်းလိုင်း ရုံးနဲ့ ကပ်လျက်မှာ Air Kanbawza (ကမ္ဘောဇ လေကြောင်းလိုင်း) ဆိုပြီး ဆိုင်းဘုတ်တင် ဖွင့်ထားတယ်။ နောက်ပိုင်း လေကြောင်းလိုင်း လုပ်ပိုင်ခွင့်က တဦးတည်း ဖြစ်သွားသလို မြန်မာ့ လေကြောင်းလိုင်း ဆိုတာလည်း မရှိနိုင်တော့ဘူး” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

စစ်အစိုးရက ထိန်းချုပ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ် တဖြည်းဖြည်း ခွဲဝေ ရောင်းချလျှက်ရှိရာ MAI လည်း အပါအဝင်ဖြစ်သည်။

“Air Kanbawza လေကြောင်းလိုင်းကို MA 60 နဲ့ ATR 72 အမျိုးအစား လေယာဉ် ၅ စီးနဲ့ အောက်တိုဘာ လက စပြီး ပြည်တွင်း ခရီးစဉ်တွေ ပြေးဆွဲဖို့ ဆုံးဖြတ်ထားတယ်။ MA 60 အသစ် ၃ စီးကို မြန်မာ့ လေကြောင်းလိုင်းကို လွှဲမယူခင် ကတည်းက ၀ယ်ထားတာ။ ခရီးစဉ် အသေးစိတ်ကတော့ ခုလောလောဆယ် ဆွဲနေတုန်း အတိအကျ မထွက်သေးဘူး”ဟု ကမ္ဘောဇ လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခု ဖြစ်သော Air Mandalay လေကြောင်းလိုင်းသည် ATR 72 လေယာဉ်ဖြင့် ပြည်တွင်း ခရီးစဉ်များ ပျံသန်းပြေး ဆွဲနေသော်လည်း လေယာဉ်ကို အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ဇူလိုင်လ ကုန်ပိုင်းက ထွက်ခွာ သွားခြင်းကြောင့် ပြည်တွင်းပြည်ပ ပျံသန်းမှု ခရီးစဉ်များကို ရပ်နားထားကြောင်း သိရသည်။

“လေယာဉ်က ပြင်နေတာရယ်၊ ပျက်နေတာရယ်များနေတော့ လေကြောင်းလိုင်း ၀င်ငွေကလည်း လျော့တဲ့အပြင် Air Mandalay လေကြောင်းလိုင်းရဲ့ စီးပွားရေးကလည်း ကျနေတယ်။ အသစ်ချဲ့တဲ့ အင်းလေး လေကြောင်းလိုင်းနဲ့ ကမ္ဘောဇ လေကြောင်းလိုင်းကို ၀န်ထမ်းတွေ ပြောင်းလျှောက် နေကြတော့ လူကြီးတွေလည်း စိတ်ညစ်နေတယ်” ဟု Air Mandalay လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

MAI သည် လေယာဉ်ကွင်း တည်ရှိသော မြို့ပေါင်း ၃၁ မြို့သို့ ပျံသန်းပြေးဆွဲနေသည့် တခုတည်းသော လေကြောင်း လိုင်းဖြစ်ပြီး ပြည်ပ ခရီးစဉ်အနေနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတို့သို့ ပျံသန်း ပြေးဆွဲလျက်ရှိသည်။

Union of Burma Airways (UBA) အမည်ဖြင့် ၁၉၄၈ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော MAI ကြောင်း လိုင်းသည် သက်တမ်း ၆၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီး များအား လွှဲပြောင်း လုပ်ကိုင်ခွင့်များ ပေးထားသကဲ့သို့ ဘဏ်လုပ်ငန်းသစ်၊ လေကြောင်း လိုင်းသစ် ထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့်များလည်း ချထား ပေးနေသည်။

မကြာသေးမီကလည်း MAI မှ တာဝန်ယူ လုပ်ကိုင်နေသော တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ၀င်ငွေ ရှိနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက အဖြစ် စစ်အစိုးရနှင့် နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန်၏ သား ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါ ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့သည် အင်းလေး လေကြောင်းလိုင်း (Air Inlay) တည်ထောင်လိုက်ကာ ပြည်တွင်း ခရီးစဉ်များ စတင် ပြေးဆွဲသွားမည်ဟု စီးပွားရေး လုပ်ငန်းရှင် အသိုင်း အ၀န်းမှ စုံစမ်း သိရှိရသည်။

ဦးအောင်ကိုဝင်းသည် ကမ္ဘောဇဘဏ် လုပ်ငန်းအပြင် ကမ္ဘောဇ FC အမည်ရှိ ဘောလုံးအသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။

MAI လေကြောင်းလိုင်းနှင့် ပြိုင်ဘက်တခုဖြစ်သော အဲပုဂံလေကြောင်းလိုင်း သည်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက လုပ်ကိုင်ခွင့် ရထားပြီး ယင်းလေကြောင်းလိုင်းတွင် A-310 ၂ စီး၊ F-100 ၂ စီး ၊ ATR-72 ၂ စီး၊ ATR-42 ၂ စီး စုစုပေါင်း လေယာဉ် ၈ စီးရှိကြောင်း ယင်းတို့ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

ရခိုင်လူငယ် ၁၁ ဦးကို သက်သေမရှိဘဲ ပြစ်ဒဏ်ချဟု ရှေ့နေ ပြော

ဆလိုင်းထွန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ခိုင်လုံသော သက်သေထွက်ချက်မရှိဘဲ ၎င်း၏ အမှုသည်များဖြစ်သည့် ရခိုင် ကျောင်းသား လူငယ် ၁၁ ဦးကို အင်းစိန်ထောင်တွင်း တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ ပြစ်ဒဏ် ချခဲ့ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ရန်ကုန်မှ ရခိုင်ကျောင်းသားလူငယ် ၁၁ ဦးကို တနှစ်ကျော် ဖမ်းဆီးအပြီး ဖောက်ခွဲမှု၊ မတရား အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ၅ မှုဖြင့် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင်တရားသူကြီး (၁) ဦးမြင့်စန်းက ပြစ်ဒဏ် ချသည့်အပေါ် ရှေ့နေဖြစ်သူက ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တိုင်ချက်ထဲမှာ ပြစ်မှုတခုကို ပူးပေါင်းကြံစီတယ် ဆိုတာ မပါဘူး။ တိုင်တာက ရိုးရိုးပဲ။ ASSYC (ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး) ကို အားပေးတယ်လို့ပဲ ပါတယ်။ သက်သေကလည်း ဘယ်သူနဲ့ ဘယ်သူ ပေါင်းတယ်၊ ဘယ်သူနဲ့ ဘယ်သူ ကြံစည်တယ် ဆိုတာလည်း မထွက်ဆိုနိုင်ဘူး။ အနယ်နယ် အရပ်ရပ်က ဖမ်းလာတဲ့ ၁၁ ဦးကို တမှုထဲမှာ ပေါင်းတာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ တင်ပြ ခဲ့သေးတယ်။ တရားရုံးက လက်မခံဘဲ အပြစ်ပေးလိုက်တာ” ဟု ရှေ့နေဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

"လျှောက်လဲချက်ပေးတုန်းက အသင်းအဖွဲ့ပုဒ်မ ၇၊ လ၀က ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အရ စွဲထားတာနဲ့ ပတ်သက်ပြီး မျက်မြင် သက်သေ၊ အထောက်အထား မရှိဘူးလို့ တင်ပြခဲ့တယ်။ တရားသေ လွှတ်ပေးပါပေါ့၊ ဥပဒေအရာရှိကို ပြောတယ်။ ထောက်လှမ်းရေး လူကြီးကို တဦးချင်းစီမှာ ဘယ်မျက်မြင် သက်သေနဲ့ ဘယ်အထောက် အထားရှိလဲလို့ တောင်းဆိုတော့ မတင်ပြနိုင်ဘူး” ဟု သူက ဆက်ပြောသည်။

ခိုင်ကျော်မိုး၊ ကိုနိုင်စိုးနှင့် ကိုဇော်ထွန်းနိုင်ကို အသင်းအဖွဲ့ ပုဒ်မ ၇ အရ ထောင်ဒဏ် ၃ နှစ်စီ၊ ကိုကျော်ဝင်း၊ ကိုကျော်စံသိန်း၊ ကိုထွန်းလင်းကျော်၊ ကိုအောင်မိုးဇော်၊ ကိုမောင်မောင် (ခေါ်) နားပေါက်နှင့် ကိုအောင်နိုင်ကို နယ်စပ်ဖြတ်ကျော်မှု လဝက ပြဋ္ဌာန်းချက် ဥပဒေ ၁၃ (၁) အရ ၃ နှစ်နှင့် အသင်းအဖွဲ့ပုဒ်မ ၇ အရ ၃ နှစ်ဖြင့် တပေါင်းတည်း ကျခံရန် ခရိုင်တရားရုံးက စီရင်ချက်ချခဲ့သည်။

ထို့အပြင် ကိုနိုင်စိုး ခေါ် မဲလုံးကို အသင်းအဖွဲ့ ပုဒ်မအရ ၃ နှစ်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ အရ ၅ နှစ်ဖြင့် စုစုပေါင်း ၈ နှစ်၊ ကိုရဲထက်စိုးကို အသင်းအဖွဲ့ ပုဒ်မအရ ၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မအရ ၅ နှစ်နှင့် ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်း တွေ့ရှိသည်ဟုဆိုကာ ဆက်သွယ်ရေး အက်ဥပဒေ ၁ နှစ်ဖြင့် စုစုပေါင်း ၉ နှစ် ပြစ်ဒဏ် ချမှတ်သည်။

၎င်းတို့ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရန်ကုန်တိုင်း ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်များတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံရှိ AASYC နှင့် ဆက်သွယ်သည်ဟု ဆိုကာ တရားမဝင် အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ပုဒ်မ ၅ ခုတပ်ကာ အထူးရဲ သတင်းတပ်ဖွဲ့ ဒုရဲမှူး သန်းစိုးက တရားလိုလုပ်၍ တရား စွဲဆိုခဲ့သည်။

“အရင်တုန်းက ဖောက်ခွဲရေး လုပ်မယ့်လူတွေ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာတွေနဲ့ နောက်ဆုံး အမှုကို စွဲတင်တဲ့ အနေအထား တွေနဲ့က လွဲနေတယ်။ အခုလို ကြားရတဲ့အခါ တော်တော်ကို စိတ်မချမ်းသာဘူး။ နိုင်ငံရေးအရ သူတို့ ပါဝင်ပတ်သက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ဒီလိုဥပဒေတွေနဲ့ စွပ်စွဲတာမျိုးတွေကတော့ ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော် ကိုယ်တိုင်ကိုက ပုံနှိပ် ဥပဒေတွေနဲ့ အမျိုးမျိုး စွပ်စွဲပြီးတော့ ထောင်ကျ ခံဖူးတယ်လေ” ဟု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ပြစ်ဒဏ်ချခံရသည့် ရခိုင်လူငယ်များနှင့် ၎င်းတို့အဖွဲ့ ပတ်သက်ခြင်း မရှိကြောင်း AASYC ကလည်း ငြင်းဆိုသည်။

“ဘာမှပတ်သက်မှု၊ ဆက်နွယ်မှု မရှိဘူး။ တက်ကြွတဲ့ ရခိုင်လူငယ်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အသေ သတ်ချင်တာ။ အပြစ်မဲ့တဲ့ ရခိုင်ကျောင်းသား လူငယ်တွေကို သက်သေ အထောက်အထား မရှိ နှစ်ရှည်ထောင်ဒဏ် ချတဲ့အပေါ် အင်မတန်မှ စိတ်မကောင်း ဖြစ်မိတယ်။ နအဖရဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လောက်ထိ ကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ အချက်ကို ဖော်ပြလိုက်တာပါ” ဟု AASYC တွဲဖက် အတွင်းရေးမှူး (၁) ကိုထွန်းဇော်က မဇ္ဈိမကို ပြောသည်။

ယခင်က ရုံးထုတ်စစ်ဆေးစဉ် မိသားစုဝင်များ နားထောင်ခွင့် မရသဖြင့် ခွင့်ပြုရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က တရားရုံးသို့ ရှေ့နေများက တောင်းဆို ခဲ့သော်လည်း ခွင့်မပြုခဲ့ဘဲ၊ ယမန်နေ့ စီရင်ချက် ချရာသို့ မိသားစုဝင်အချို့ ၀င်ရောက် နားထောင်ခွင့် ပြုခဲ့သည်။

အမှုအတွက် ဦးကျော်ဟိုးအပြင် ရှေ့နေ ဦးအေးသိန်း၊ ဦးမောင်မောင်လတ်နှင့် ဒေါ်သီတာမမ တို့လည်း လိုက်ပါ ဆောင်ရွက်နေပြီး အယူခံ ဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

သတင်းမှားထုတ်လျှင် ပါတီဖျက်မည်ဟု ကော်မရှင်က RNDP ကို ပြော

ခိုင်စု
ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ သတင်းမှားများ ဆက်လက်ထုတ်ပြန်ပါက ပါတီဖျက်သိမ်းသည် အထိ အရေးယူ ခံရမည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် သတိ ပေးလိုက်ကြောင်း RNDP အဆိုအရ သိရသည်။

ရခိုင်သမိုင်းသုတေသီ အသျှင် ပညာစာရ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ RNDP က ယခုလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီးနောက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးက ခေါ်ယူ သတိပေးကြောင်း သိရခြင်း ဖြစ်သည်။

“ကော်မရှင် ဥက္ကဋ္ဌက RNDP ဟာ သတင်းမှားတွေ ထုတ်လွှင့်နေတယ်လို့ ဒေသ အာဏာပိုင်တွေက သတင်းပေးလို့ ရင်းရင်းနှီးနှီး ခေါ်တွေ့တာ ပါလို့ ပြောတယ်။ ကော်မရှင် အတွင်းရေးမှူး ဦးကျော်မြင့်ကတော့ ကြေညာချက် ထုတ်တာဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ ၂/၂၀၁၀ ကို မလိုက်နာရာ ကျနေတယ်။ ဒီညွှန်ကြားချက်နဲ့ တခြားတည်ဆဲ ဥပဒေတွေကို လိုက်နာဖို့နဲ့ မလိုက်နာရင် ပါတီ ဖျက်သိမ်း ခံရမယ်လို့ ပြောတယ်” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

ကော်မရှင်က ၂/ ၂၀၁၀ ပါ စည်းကမ်းချက် ၁၄ ချက်အနက် မည်သည့် အချက်နှင့် ငြိစွန်းသည်ကို ပြည်နယ် ကော်မရှင်က အတိအကျ ထောက်ပြ ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။ ပါတီဥက္ကဋ္ဌက ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးနှင့် အတူ ကော်မရှင်ရုံးသို့ သွားရောက် ခဲ့သည်။

RNDP ကမူ ၎င်းတို့၏ ကြေညာချက်ကို ၂/၂၀၁၀ ပါ စည်းကမ်းချက်များနှင့် ငြိစွန်းခြင်း မရှိစေရန် ဥပဒေ အကြံပေး အဖွဲ့နှင့် တိုင်ပင်ကာ ရေးသားခဲ့ပြီး စာပေစိစစ်ရေး ခွင့်ပြုချက် အမှတ် နသ ၀၀၁၃ ဖြင့် ထုတ်ဝေခဲ့သည်ဟု ဆိုသည်။

“ပါတီတရပ်ဟာ ပြည်သူတွေကြားမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဒီလိုသဘောထားတွေ ထုတ်ပြန် သင့်တယ်လို့ ထင်ပါတယ်။ ဒါမှ ပြည်သူတွေကို ကိုယ်စားပြုမှာပါ” ဟု RNDP ဥက္ကဋ္ဌက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ၂/၂၀၁၀ ကြေညာချက်၏ တားမြစ်ချက်များ အခန်း အချက် ၁၁ (စ) တွင် လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံး လှုံ့ဆော်မှု မပြုလုပ်ရန် ပါရှိသည်။

ထို့ပြင် အချက် ၁၁ (ဆ) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း မပြုလုပ်ရန် တားမြစ် ထားသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် ဗုဒ္ဓ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးပညာစာရကို မာတုကာမနှင့် ဖောက်ပြားသဖြင့် သာသနာတော် ညှိုးနွမ်း စေသည်ဟု ဆိုကာ အာဏာပိုင်များက ဖမ်းဆီးမှု၊ ကျောင်းတိုက်ရှိ သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ သိမ်းဆည်းမှုနှင့် မိဘမဲ့ကလေးများ ခေါ်ဆောင်မှုအပေါ် ယခုလ ၉ ရက်နေ့တွင် RNDP က သဘောထား ကြေညာခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင်၏ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကို လွှမ်းမိုးတဲ့ အမိန့်တရပ် ရှိနေတယ်လို့ ထင်တယ်။ ကော်မရှင်ကလည်း သီးခြား လွတ်လပ်တဲ့ ကော်မရှင် တရပ် ဖြစ်သင့်တယ်လို့ ထင်တယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

RNDP ကြေညာချက်ထဲတွင် ကျောင်းတိုက်ရှိ ဆရာတော် လေ့လာရှာဖွေထားသော ရှေးဟောင်းစာပေ ပုရပိုဒ်များ၊ ဒင်္ဂါးများနှင့် ရှေးဟောင်း ပစ္စည်းများကို ရခိုင်ဒေသ၌ပင် ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိသည်။

ထို့ပြင် ကျောင်းတိုက်တွင် ခိုလှုံနေကြသည့် မိဘမဲ့ကလေးငယ် ၉၀ ခန့်ကို မြန်မာပြည် အထက်ပိုင်းသို့ ပို့ဆောင်ခြင်းကြောင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပေါ် စိုးရိမ်မိကြောင်း ပါရှိသည်။

ဆရာတော်သည် ၁၉၉၀ ခုနှစ်မှ စတင်ကာ ကျောင်းတိုက်တွင် မိဘမဲ့ကလေးများကို ကျွေးမွေး စောင့်ရှောက်ခဲ့သူ ဖြစ်ပြီး ယခုအခါ စစ်တွေမြို့ အကျဉ်းထောင်တွင် ချုပ်နှောင် ခံထားရသည်။

ယခုလ ၁၀ ရက်နေ့က ဆရာတော်ကို စစ်တွေခရိုင် တရားရုံး၌ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ (လိမ်လည်မှု) ၊ ပုဒ်မ ၂၉၅ (က) သာသနာတော် အကြည်အညို ပျက်စေမှုတို့ အပါအ၀င် အနည်းဆုံး ပုဒ်မ ၃ ခုဖြင့် ရုံးတင် စစ်ဆေးခဲ့ပြီး ယခုလ ၁၆ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ အမှုအတွက် ရှေ့နေ ဒေါ်အေးနုစိန်က အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်နေသည်။

ဆရာတော် ဖမ်းဆီးခံရမှုအပေါ် သဘောထား ထုတ်ပြန်သည့် RNDP ပါတီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရခိုင်ပြည်နယ် မြောက်ဦးနှင့် ပေါက်တောမြို့နယ်တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးနောက် မြို့နယ် ပါတီဝင်များ၏ ကိုယ်ရေး အချက်အလက်များနှင့် ဓာတ်ပုံများကို စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ စရဖ က တောင်းယူခဲ့သည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦး၏ ဇနီးဖြစ်သူကိုလည်း မယက ဥက္ကဋ္ဌက အလုပ်မှ ထုတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သေးသည်။

RNDP ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မှတ်ပုံတင် အမှတ် ၂၈ ဖြင့် ပါတီ မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မဲဆန္ဒနယ်မြေများ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် သတ်မှတ်

စိုးမိုး
၁၂ သြဂုတ် ၂၀၁၀

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံ အတိုင်း မဲဆန္ဒနယ်များ သတ်မှတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံပိုင် မီဒီယာများမှ ယနေ့ ထုတ်ပြန်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) အတွက် အရပ်သား ကိုယ်စားလှယ် (၃၃၀) ဟု သတ်မှတ်ထားပြီး ယင်းအရပ်သား ကိုယ်စားလှယ်များ အတွက် ပြည်နယ်နှင့်တိုင်း အလိုက် မြို့နယ် စုစုပေါင်း (၃၃၀) ကို တမြို့နယ်လျှင် မဲဆန္ဒနယ်မြေ (၁) ခုစီအဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။

“အခုက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ခွဲလိုက်တာ။ အောက်လွှတ်တော် အရပ်သား ကိုယ်စားလှယ် (၃၃၀) အတွက် မဲဆန္ဒနယ်မြေ (၃၃၀) ပေါ့။ အဲဒါကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တခုကို မဲဆန္ဒတခုအဖြစ် ခွဲလိုက်တာပဲ” ဟု မြန်မာ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ တဦးက ပြောကြားသည်။

ယခု မဲဆန္ဒနယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တခုချင်းစီက အရပ်သား အောက်လွှတ်တော် အမတ် တဦးစီကို ပြည်သူ လူထုက ရွေးချယ်ရမည် ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သူများက အမတ်နေရာ (၃၃၀) ကို ယှဉ်ပြိုင် ရွေးကောက် ခံရမည်ဖြစ်ပြီး စစ်ဗိုလ် အမတ် (၁၁၀) ကို စစ်ဦးစီးချုပ်မှ အောက်လွှတ်တော် အမတ်အဖြစ် တိုက်ရိုက် ခန့်မည်ဖြစ်သည်။

အသစ်တည်ထောင်သည့် မြို့တော်သစ် နေပြည်တော်ကို မြို့နယ် (၅ ) ခုဖြင့် ခွဲလိုက်ပြီး မန္တလေးတိုင်း အတွင်း ပါဝင်သည့် မဲဆန္ဒနယ် (၅) ခုအဖြစ် သတ်မှတ်သည့် အတွက် မန္တလေးတိုင်းက ယခင် (၃၁) မြို့နယ်ရှိရာမှ ယခု (၃၆) မြို့နယ် ရှိသွားသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် (၁၈)၊ ကယားပြည်နယ် (၇)၊ ကရင်ပြည်နယ် (၇)၊ ချင်းပြည်နယ် (၉)၊ စစ်ကိုင်းတိုင်း (၃၇)၊ တနင်္သာရီတိုင်း (၁၀)၊ ပဲခူးတိုင်း (၂၈)၊ မကွေးတိုင်း (၂၅)၊ မန္တလေးတိုင်း (၃၆)၊ မွန်ပြည်နယ် (၁၀)၊ ရခိုင်ပြည်နယ် (၁၇)၊ ရန်ကုန်တိုင်း (၄၅)၊ ရှမ်းပြည်နယ် (၅၅)၊ ဧရာဝတီတိုင်း (၂၆) နေရာတို့ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး မြို့နယ်ပေါင်း (၃၂၅) မြို့နယ်၊ မဲဆန္ဒနယ်မြေ (၄၉၂) နေရာ ရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲက မြို့နယ်ပေါင်း (၃၃၀)၊ မဲဆန္ဒနယ်မြေ (၃၃၀) သာရှိရာ မြို့နယ် (၅) ခု တိုးပြီး မဲဆန္ဒနယ်မြေ (၁၆၂) နေရာ လျော့သွားခြင်းဖြစ်သည်။


Ref: ခေတ်ပြိုင်

Read More...

Thursday, August 12, 2010

၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေစာရင်း မြန်မာစစ်အစိုးရ ထုတ်ပြန်

ဗုဒ္ဓဟူး, 11 သြဂုတ် 2010

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ်လို့ စစ်အစိုးရ ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသ အလိုက် မဲဆန္ဒနယ်မြေ စာရင်းတွေကို ကြာသပတေးနေ့မှာ စတင် ထုတ်ပြန် သွားမယ်လို့ မြန်မာအစိုးရ ရုပ်သံတွေမှာ ကြေညာ လိုက်ပါတယ်။

အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒနယ်မြေ စာရင်းတွေကို ကြာသပတေး နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံမှာ အချပ်ပိုအနေနဲ့ ထည့်သွင်း ဖော်ပြမယ့်အပြင် ပြည်နယ်နဲ့ တိုင်းဒေသ ကော်မရှင် ရုံးခန်းတွေမှာလည်း ကပ်ထားမယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ မှာ လူထုက ၃၃၀ ကို ရွေးကောက် တင်မြှောက်ရမှာဖြစ်ပြီး အမျိုးသား လွှတ်တော် အမတ် နေရာ ၂၂၄ နေရာအတွက် ၁၆၈ ဦးကို ပြည်သူက ရွေးကောက်ရမှာ ဖြစ်ပါတယ်။ ကျန်အမတ် နေရာတွေကိုတော့ စစ်တပ် အကြီးအကဲက တိုက်ရိုက် ခန့်ထားမှာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဦးဆုံး ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျင်းပပေးမယ့် ရက်ကို အခုထိ စစ်အစိုးရက မကြေညာသေးပါဘူး။ အခုလို မကြေညာနိုင်သေးတာဟာ စစ်အစိုးရ အနေနဲ့ အတွင်း ပြဿနာတချို့ ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်ဘဲ NLD ပါတီအပေါ် အာဏာပိုင်တွေက ခြိမ်းခြောက်မှုတွေ ရှိနေတာဟာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေထဲက ဒီမိုကရက်တစ် ပါတီကလည်း သူတို့ ပါတီဝင်တွေဆီကို ထောက်လှမ်းရေးတွေ လာပြီး ကိုယ်ရေး အချက် အလက်တွေ၊ ဓာတ်ပုံတွေ တောင်းဆိုနေတာမို့ ဒါဟာ ခြိမ်းခြောက်သလို ဖြစ်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တနင်္လာနေ့က တိုင်ကြားထားပြီး ဒါဟာ မလုပ်သင့်တဲ့ ကိစ္စတရပ် ဖြစ်တယ် လို့လည်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

Ref: VOA News

Read More...

၅ သိန်းတန်ဖုန်း ကြံ့ဖွံ့များကို ဈေးလျှော့ ပေးမည်

နရီလင်းလက်
Wednesday, August 11, 2010

ကျပ်ငွေ ၅ သိန်းတန် CDMA 800 MHZ ဖုန်းလိုင်းပေါင်း ၁ သိန်း ထပ်မံတိုးချဲ့မည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များကို ကျပ် ၂ သိန်းဖြင့် ပြန်လည် ချပေးမည်ဟု သတင်းရရှိသည်။

“ဖုန်းလိုင်း ကျပ်တာတွေ မဖြစ်အောင် တိုးချဲ့ပေးတာလို့ ပြောပေမယ့် အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က စခန်းတွေ ဆောက်ပြီး ထပ်ရလာမယ့် လိုင်း အရေအတွက် ၁ သိန်းကို သွင်းဈေး ၅ သိန်း အစား ၂ သိန်းနဲ့ သူတို့ ပါတီဝင်တွေ အတွက် ချပေးသွားမှာလို့ သိရတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံ တိုးချဲ့ တည်ဆောက်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန် ထားသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီသည် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု လိုအပ်ချက်ကို အဓိကထား ဖြည့်ဆည်းပေးကာ မဲရရှိရန် လုပ်ဆောင်နေကြောင်း စစ်အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“မန္တလေးမှာဆို မြို့တော်ဝန်က လမ်းခင်းပေး၊ ရေတွင်းတူးပေးပြီး မဲဆွယ်တာတွေ လုပ်ကြသလို ဆက်သွယ်ရေး ၀န်ကြီး ဌာနကလည်း တယ်လီဖုန်း လိုင်းတွေ ချပေးပြီး စည်းရုံးတာမျိုးပေါ့။ ဌာနအလိုက် ၀န်ကြီးတွေ ဦးဆောင်ပြီး ကြံ့ခိုင်ရေးပါတီ အတွက် မဲဆွယ် စည်းရုံးတာတွေ အဓိက လုပ်တာ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မဲဆွယ် စည်းရုံးမှု ပြုလုပ်ခြင်းသည် ၎င်းတို့ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က) ၅ အရ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲကြောင်း တွေ့ရှိပါက ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသဖြင့် ဥပဒေကို သွယ်ဝိုက်သော နည်းဖြင့် ချိုးဖောက်နေကြောင်း တွေ့ရသည်။

“၅ သိန်းတန်ဖုန်းတွေ ဒီလောက် ချမပေးခင်ကတည်းက ပါတီဝင်နဲ့ နီးစပ်တဲ့လူက လျှောက်ပေးတယ် ဆိုရင် လျှောက်ရ လွယ်ပြီး မြန်မြန်ရတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အငြိမ်းစား အရာရှိကြီးတဦးက “၁၉၉၀ ပြည့်နှစ် နောက်ပိုင်းလောက်ကစပြီး အစိုးရ ၀န်ထမ်းတွေကို ဖုန်းလိုင်းတွေ ချပေးတာ၊ ဌာနက ရာထူးကြီးတဲ့ ၀န်ထမ်းတွေကို ကားပေးထားတာ။ ဒါတွေက နအဖရဲ့ စည်းရုံးနည်းတွေပဲ။ အခုလည်း ဒီလို စည်းရုံးတဲ့ သဘောပဲ။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက တရားမျှတတယ်ဆိုရင် ဒီလိုနည်းတွေနဲ့ မဲဆွယ်တာတွေ မလုပ်ဘဲ တရားနည်းလမ်း ကျကျ ပြိုင်သင့်တယ်” ဟု ဆိုသည်။

ကျပ် ၅ သိန်းတန် CDMA 800 MHZ ဖုန်းလိုင်းသည် GSM နှင့် ဆယ်လူလာဖုန်းများထက် ဈေးနှုန်း သက်သာခြင်း၊ လျှောက်ရ လွယ်ကူခြင်း၊ လိုင်းကြည်လင်ခြင်း တို့ကြောင့် သုံးစွဲမှု ပိုများလာကြောင်း ၎င်းက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ ဇူလိုင်လကုန်အထိ CDMA 800 MHZ ဖုန်း ချထားပေးသည့် အရေအတွက် ၁ သိန်းခွဲ ရှိပြီဟု သိရသည်။

CDMA 800 MHZ ဖုန်းများကို ဦးတေဇ ပိုင်ဆိုင်သော Central Marketing ကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးပေါင်းကာ ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ပြီး ချထား ပေးခဲ့သည်။

ယင်းကဲ့သို့ ၅ သိန်းတန်ဖုန်းလိုင်း ချထားပေးမှု များပြားသောကြောင့် GSM ဖုန်းလျှောက်ထားမှု နည်းပါးလာခြင်း၊ GSM ဖုန်း များနေရာတွင် CDMA 800 MHZ ဖုန်းများကို လဲလှယ်သုံးစွဲလာကြခြင်း၊ တယ်လီဖုန်း အငှားဈေးကွက် လျော့ကျ လာခြင်းများ ရှိကြောင်း ရန်ကုန်ရှိ တယ်လီဖုန်း ရောင်းချ၊ ငှားရမ်းသည့် ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ဆက်သွယ်ရေး အင်ဂျင်နီယာ တဦးက “ဆက်သွယ်ရေး စခန်းတွေ တည်ဆောက်တာနဲ့ အပြိုင် တယ်လီဖုန်းလိုင်းတွေ ချဲ့တဲ့ နေရာမှာ ပိုက်ဆံပိုရရင် ပြီးရောဆိုပြီး အလွန်အကျွံ ချမပေးဖို့ပါပဲ။ ဒီလိုဆို ထပ်တိုးလာမယ့် လိုင်းနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စခန်းအင်အား မမျှဘဲ ဆက်သွယ်ရေး စနစ်တွေ ပိုဆိုးလာနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်စဉ်းစားသင့်တယ် ” ဟု ဆိုသည်။

အစိုးရ၀န်ထမ်း အများစု သုံးစွဲသည့် ဆယ်လူလာဖုန်း ခေါ်ဆိုခမှာ ၂၅ ကျပ်ဖြစ်ပြီး ၅ သိန်းတန်ဖုန်းနှင့် GSM မိုဘိုင်းဖုန်းများ၏ ခေါ်ဆိုခမှာ တမိနစ်လျှင် ၅၀ ကျပ် ဖြစ်သည်။

ကြံ့ဖွံ့ပါတီကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

Ref: ဧရာဝတီ်

Read More...

နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း မြန်မာကုန်များ နေ့စဉ်တင်သွင်း

ရဲရင့်
၁၁ သြဂုတ် ၂၀၁၀

မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေးတံတား အပါအ၀င် နယ်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာနိုင်ငံ ဘက်မှ တလနီးပါးခန့် ပိတ်ထားလျက် ရှိသော်လည်း မြန်မာ စားသောက်ကုန် ဆေးဝါးများနှင့် လူသုံးကုန်များကို မြန်မာဘက်မှ တရားမ၀င် တင်သွင်းနေသဖြင့် ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာ ကုန်ပစ္စည်းများ ပုံမှန်ဈေးနှုန်း အတိုင်း ရှိနေသည်ဟု ကုန်သည်များက ပြောသည်။

မဲဆောက်ဈေးရုံကြီးတွင် မြန်မာစားသောက်ကုန်နှင့် ဆေးဝါး လက်လီလက်ကား ဖြန့်ချိသည့် ဦးမြင့်အောင်က “မြန်မာဘက်က ဂိတ်တွေ ပိတ်တယ်ဆိုပေမယ့် မြန်မာကုန်တွေ ညတိုင်း ခိုးဂိတ်ကနေ ထိုင်းဘက် သွင်းနေတယ်။ နေ့တိုင်း ပစ္စည်းဝင်နေတော့ ဈေးမတက်တဲ့ အပြင် တချို့ပစ္စည်းတွေဆိုရင် ဈေးကျသွားတာတောင် ရှိတယ်။ မနှစ်ကဆို ဒီလိုဂိတ်တွေ ပိတ်ရင် ကြက်သွန်နီ ဈေးက တကီလိုကို ဘတ် (၄၀) အထိ ဖြစ်သွားတယ်။ အခု မဲဆောက်မှာ ကြက်သွန်အနီ ဆိုရင် အကောင်းစား တကီလိုကို (၁၄) ဘတ်ပဲ ရှိတယ်” ဟု ပြောသည်။

မဲဆောက်ရှိ မြန်မာစားသောက်ကုန် ဖြန့်ချိသည့် ပွဲရုံများတွင် မြန်မာပစ္စည်း အနည်းဆုံး (၂) လစာခန့် သိုလှောင် ထားသဖြင့် မြန်မာဘက်မှ မြ၀တီ နယ်စပ်ဂိတ်များ လနှင့်ချီ၍ ဆက်ပိတ် ထားသော်လည်း မြန်မာကုန်များ ဈေးနှုန်းမြင့်တက်ရန် အကြောင်းမရှိဟု ၎င်းက ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ မရီက “ဂိတ်ပိတ်တော့ ပစ္စည်းတွေကို ခိုးပြီး သယ်ရတာပေါ့။ ဂိတ်မှာ စောင့်တဲ့လူတွေက ကျမတို့နဲ့ အရင်ထဲက နားလည်မှု ရှိပြီးသားပဲ။ နောက်ထပ် ဂိတ်တွေမှာ လာချထားတဲ့ စစ်သားတွေတော့ ရှိတယ်။ သူတို့လည်း အစ လေးငါးရက်မှာတော့ ပစ်မယ်ခတ်မယ်ပေါ့။ အခု သူတို့အတွက်ပါ ဝေစုရတော့ သွားစေသတည်း ဖြစ်ကုန်ပြီ။ ညဆို မြန်မာ ကုန်တွေ ထိုင်းဘက် သွားသလို ထိုင်းကုန်တွေလည်း မြ၀တီဘက်ကို ၀င်တာပါပဲ။ ထိုင်းဘက်ကတော့ လုံးဝကို မီးစိမ်း ပြထားတယ်” ဟု ပြောသည်။

မြန်မာဘက်မှ ပိတ်ထားသည့်ဂိတ်များမှပင် နေ့စဉ် ရာနှင့်ချီသည့် မြန်မာများ အလုပ်အကိုင် ရှာဖွေရန် ထိုင်းဘက်သို့ ကူးနေကြပြီး ဘတ်ငွေ (၂၀) ပေးလုပ်ရသည့် တနေ့တာ မြို့တွင်း ခရီးသွားလက်မှတ်ကို ထိုင်းလ၀ကမှ ထုတ်ပေးသဖြင့် မဲဆောက်သို့ လွယ်လင့်တကူ ၀င်ထွက် သွားလာနိုင်သည်ဟု သိရသည်။

မြန်မာပဲမျိုးစုံ တင်ပို့သူ ကုန်သည်တဦးက “ကျမတို့ကတော့ ဒီလက်မှတ်နဲ့ပဲ သွားလာပြီး အရောင်းအ၀ယ် လုပ်နေရတယ်။ ဒီလက်မှတ် ပါရင် ထိုင်းပုလိပ် မဖမ်းဘူး။ တနေ့တာ အတွက်ကတော့ အဆင်ပြေတယ်။ နယ်စပ်ဂိတ်တွေ ပိတ်တာက ဗမာဘက်ကပဲ ပိတ်တာ၊ ထိုင်းဘက်က လုံးဝ မပိတ်ဘူး။ ဒါကြောင့် မဲဆောက်ဘက်ကို လာလို့ရတာ” ဟု ပြောသည်။

မြန်မာကြက်သွန်နီဈေးမှာ တန်ချိန်နှင့်ဝယ်ယူလျှင် တကီလို (၁၀) ဘတ်ခန့်သာ ရှိသဖြင့် ဘန်ကောက် အပါအ၀င် ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ တင်ပို့သူများ တွက်ခြေ ကိုက်ကြသည်ဟု ထိုင်းကြက်သွန် ကုန်သည် နိုင်ဝစ်ချိုင်းက ပြောသည်။

၎င်းက “ကျနော်က ဘန်ကောက်ကို အဓိကပို့တယ်။ တပတ်ကို ကြက်သွန်နီ ကီလို (၁) သောင်း ဖြုန်းအားရှိတယ်။ နောက်ပဲမျိုးစုံ၊ မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ မဲဆောက်ကနေ တင်တယ်။ ဗမာက နယ်စပ်ပိတ်ပေမယ့် ကုန်ပစ္စည်းဈေး မတက်သေးတော့ ရောင်းဝယ်ရတာ အဆင်ပြေတယ်” ဟု ပြောသည်။

ထိုင်းဘက်မှ အ၀ယ်လိုက်သည့် မြန်မာစားသောက်ကုန်များထဲတွင် လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲအမျိုးမျိုးကို ၀ယ်ယူကြပြီး ထိုင်းစားကုန်များ အဖြစ် ပြန်လည် ထုတ်လုပ်ကြသည်ဟု ထိုင်းစားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် တဦးက ပြောသည်။

မြန်မာစားသောက်ကုန်များ ထိုင်းနိုင်ငံတွင် ဈေးကွက် ရရှိနေခြင်းမှာ ထိုင်းစားသုံးသူများ အပြင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၅) သိန်းခန့်၏ ဈေးကွက်ကြောင့် ဖြစ်သည်ဟု မဲဆောက်မှ မြန်မာကုန် လက်ကား ဖြန့်ချီသည့် ထိုင်းပွဲရုံပိုင်ရှင်က ပြောသည်။

မြ၀တီမြို့ခံတဦးက “အစိုးရထင်တာက ဂိတ်ပိတ်လိုက်ရင် ထိုင်းတွေ ဒုက္ခရောက်မယ်လို့ တွက်တယ်။ ထိုင်းတော့ မသိဘူး၊ မြ၀တီက လူတွေကတော့ စားဝတ်နေရေး ပြဿနာတွေ စလာပြီ။ လက်လုပ် လက်စားတွေက ပိုဆိုးတယ်။ မန္တလေး ဘက်ကနေ မြ၀တီမှာ အိမ်ငှားပြီး မဲဆောက်ကို မနက်သွားညပြန် အလုပ်သွားကြတဲ့ ပန်းပုဆရာတွေ၊ ပရိဘောဂ ဆရာတွေ၊ လက်သမား ဆရာတွေ (၁) ထောင်ကျော် ရှိတယ်။ အခု မြ၀တီမှာ သောင်တင်နေတယ်။ အခြားလုပ်ငန်းက လူတွေလည်း အများကြီး ရှိသေးတယ်” ဟု ပြောသည်။

မြန်မာအာဏာပိုင်များက ဒေသတွင်း အကြမ်းဖက်အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ ယခင်လ (၁၈) ရက်မှ စတင်၍ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားနှင့် ဆက်စပ်ဂိတ် (၂၀) ခန့်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်

မင်းနိုင်သူ
Wednesday, August 11, 2010

သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

“ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈၀ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့ သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး စွန့်လွှတ် ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ မလုပ်ခဲ့ဖူးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး အဆိုပါ ပစ္စည်းများ ပြန်လည် ရရှိနိုင်ရန် ရဲစခန်းမှ တဆင့် ညှိနှိုင်း စေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

မိဘများက သြဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် မျိုးစန္ဒီကျော်က ပေါ်ပြူလာဂျာနယ်နှင့် အင်တာဗျူးတခုတွင် သူမ အနေဖြင့် မိဘများအား ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်စေရန် ပြုမှုခဲ့ခြင်း မရှိကြောင်း၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း မဟုတ်မမှန် ပြောဆို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားထားသည်။

မျိုးစန္ဒီကျော်သည် မိဘများအား အသိမပေးဘဲ ဖြိုးကျော်ကျော်မြတ် ဆိုသည့် Crab အဖွဲ့ဝင် အဆိုတော် တဦးနှင့် ဧပြီလ ၇ ရက် နေ့က နှစ်ဦး သဘောတူ မင်္ဂလာ လက်မှတ် ရေးထိုးခဲ့ပြီး လွန်ခဲ့သည့် ၂ လကျော်က အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောသည်။

“သူက မိဘတွေကို အသိမပေးဘဲနဲ့ ကောင်လေးအိမ်မှာ တရားသူကြီးခေါ်ပြီး လက်မှတ် ထိုးထားတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ကောင်လေးရဲ့ မိသားစုနဲ့ သူ အတူတူ သွားနေတယ်။ နေပြီးတဲ့နောက် အခုလို ရဲစခန်းမှာ သူ့ လက်ဝတ် လက်စားတွေ ပျောက်တယ် ဆိုပြီး အန်တီတို့ကို အမှုဖွင့်တာပဲ။ သူလုပ်ချင်သလို လုပ်ပါစေ၊ အန်တီက အမေပဲ။ သူ့ကို ဘာမှ ပြန်မလုပ်ပါဘူး။ သူလုပ်သမျှ အန်တီခံမှာပါ” ဟု မိခင်ဖြစ်သူက ဆိုသည်။

ယခုလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ် အင်တာဗျူးတွင် မျိုးစန္ဒီကျော်က ၎င်း၏ အချစ်ရေးမှာ အေးဆေး ပင်ဖြစ်ကြောင်း၊ ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ ပရိသတ်ကို လိမ်ညာခဲ့ခြင်း မရှိဘူးကြောင်း ပြောခဲ့သည်။

Ref: ဧရာဝတီ်

Read More...

မွန်ပြည်သစ် ခွဲထွက်အဖွဲ့ခေါင်းဆောင် ကွယ်လွန်

ဝီရ
၁၁ သြဂုတ် ၂၀၁၀

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး နအဖစစ်အစိုးရထံ လက်နက်ချခဲ့သူ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်ဟောင်း နိုင်အောင်နိုင်သည် လူကြီးရောဂါဖြင့် မော်လမြိုင်ဆေးရုံတွင် ယမန်နေ့၌ ကွယ်လွန်သွားကြောင်း သိရသည်။

၎င်းနှင့် နီးစပ်သူ မော်လမြိုင်မြို့ခံတဦးက “နိုင်အောင်နိုင်က သွေးအန်လို့ သြဂုတ်(၁၀) ရက်၊ မနေ့က နေ့လယ် (၁၂) နာရီလောက်မှာ မော်လမြိုင်က သူတို့ရုံးဆီ အရင် ရောက်လာတယ်။ အခြေအနေ မကောင်းလို့ ညနေ (၂) နာရီမှာ မော်လမြိုင် ဆေးရုံကို တင်တာ ညနေ (၅) နာရီလောက်မှာ ဆေးရုံမှာပဲ ဆုံးသွားတာ။ သူက ရောဂါလည်း စုံတယ်။ အသက်ကလည်း ကြီးပြီလေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အသက် (၇၁) နှစ် ရှိပြီဖြစ်သော နိုင်အောင်နိုင်သည် ဆီးချို၊ သွေးတိုး၊ အသည်းရောင်၊ အစာအိမ်ရောဂါ အခံရှိသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းက ရက်ရှည်ဆေးဝါးကုသမှု ခံယူနေရသူ ဖြစ်ကြောင်း သိရသည်။

၎င်း၏ ရုပ်အလောင်းကို မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၅) လမ်းရှိ ၎င်းတို့တပ်ဖွဲ့ ရုံးစိုက်ရာ နေအိမ်တွင် ယနေ့ ထားရှိထားပြီး သဂြုင်္ိဟ်ရက် အတွက် တိုင်ပင်နေဆဲ ဖြစ်ကြောင်း အဆိုပါမြို့ခံ ဖြစ်သူက ပြောသည်။

နိုင်အောင်နိုင်သည် မွန်ပြည်သစ်၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (အမ်အန်အယ်လ်အေ) တွင် စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင် နေစဉ် ၂၀၀၈ ခုနှစ် မတ်လ၌ နအဖ စစ်အစိုးရထံ လက်နက် ချခဲ့ပြီးနောက် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို နအဖစစ်အစိုးရအလိုကျ ပြည်သူ့စစ်အသွင်ပြောင်းရန် အင်အား စုဆောင်းနေစဉ် ယခုကဲ့သို့ နိုင်အောင်နိုင် ကွယ်လွန် သွားသည့်အတွက် ၎င်းတို့တပ်ဖွဲ့မှာ အနာဂတ် မဲ့သွားနိုင်ကြောင်း မွန်ပြည်သစ် ဗဟို ကော်မတီဝင် တဦးက ပြောသည်။

၎င်းက “နိုင်အောင်နိုင်ကို နအဖ ခွဲထုတ်ခဲ့ချိန်တုန်းက မွန်ပြည်သစ်ကို ခွဲလို့ရမယ်လို့ နအဖက တွက်ထားတယ်။ စစ်ဦးစီးချုပ် နောက်မှာ အင်အား ပါလာမယ်လို့ တွက်ထားပုံ ရတယ်။ ဒါပေမယ့် အခု သူတို့ ဖွဲ့ပေးထားတဲ့ နိုင်အောင်နိုင်တို့ တပ်ဖွဲ့မှာ ကိုယ်ကျိုး လိုလားတဲ့ စီးပွားရေး သမားတွေက များနေတယ်။ အခု နိုင်အောင်နိုင် မရှိတော့ရင် အဲဒီတပ်ဖွဲ့ကို နအဖကလည်း အရေးလုပ်မှာ မဟုတ်သလို သူတို့ပေးထားတဲ့ ကား၊ ဆိုင်ကယ် တင်သွင်းတာတို့၊ အခြားစီးပွားရေး လုပ်ပိုင်ခွင့်တွေကို အာဏာပိုင်တွေက အချိန်မရွေး ပြန်ရုပ် သိမ်းနိုင်တယ်။ နအဖက သူတို့ခိုင်းသလို မရရင်၊ အကျိုးမရှိရင် ဖျက်သိမ်းမှာပဲလေ” ဟု ပြောကြားသည်။

နိုင်အောင်နိုင် ဦးဆောင်သည့် မွန်ကာကွယ်ရေးတပ်ဖွဲ့ကို နအဖစစ်အစိုးရက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကွန်းယက္ခ ကျေးရွာတွင် အခြေစိုက်စေပြီး အခြား မွန်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်နှင့် ပူးပေါင်းစေကာ ပြည်သူ့စစ်ဖွဲ့ရန် ၂၀၀၉ ခုနှစ် နှောင်းပိုင်းကတည်းက ပြင်ဆင် ခိုင်းနေခြင်းဖြစ်သည်။

နိုင်အောင်နိုင်သည် စစ်အစိုးရ၏ တပ်မတော်သား တပ်ကြပ်ဘဝမှ တော်လှန်ရေး တပ်မတော်သား ဘဝ အမျိုးမျိုးတွင် ကျင်လည်ခဲ့ပြီး စစ်ရေး တိုက်ခိုက်စွမ်းရည် ပြည့်ဝသူ တဦးဖြစ်ကြောင်း ယခင်က မွန်ပြည်သစ်တွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ နိုင်ကောင်း တရွတ်က ပြောသည်။

“နိုင်အောင်နိုင်က ဗမာစစ်သားဘဝကနေ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို ဘက်ပြောင်းလာတယ်။ (၁) နှစ်အကြာ ၁၉၆၇ ခုနှစ်မှာ မွန်ပြည်သစ် ပါတီဝင်တဦး ဖြစ်လာတယ်။ ၁၉၇၀ မှာ တပ်ရင်းမှူးဘဝ၊ ၈၈ မှာ အမ်အန်အယ်လ်အေမှာ ဗဟို ကော်မတီဝင်၊ ၉၃ မှာ အမ်အန် အယ်လ်အေရဲ့ တွဲဖက် အတွင်းရေးမှူး၊ ၂၀၀၃ မှာ အတွင်းရေးမှူး၊ အဲဒီနောက် စစ်ဦးစီးချုပ် ဘဝ အထိ တာဝန် ယူခဲ့သူဖြစ်တယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း နိုင်အောင်နိုင်သည် ၎င်း၏ တင်ပါးနှင့် ဝမ်းဗိုက်တို့တွင် ပြင်းထန်သော သေနတ်ဒဏ်ရာ (၂) ကြိမ် ထိမှန် ခဲ့ဖူးသည်။

နိုင်အောင်နိုင်သည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာတွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး မိတွန်းနှင့် သား (၂) ဦး၊ သမီး (၂) ဦး ကျန်ရစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ပြည်ပနှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ်များ ထောင်ချခံရ

သန်းထိုက်ဦး
Wednesday, August 11, 2010

ရခိုင်လူငယ် ၁၁ ဦးကို ပြည်ပမှ နိုင်ငံရေး အဖွဲ့နှင့် ဆက်သွယ် သည်ဟု စွပ်စွဲ၍ အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ်များ ယနေ့ ချမှတ် လိုက်ကြောင်း ယင်းအမှုကို လိုက်လံ ဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးမောင်မောင်လတ်က ဧရာဝတီသို့ ပြော သည်။

ယမန်နှစ် သြဂုတ်လက ဖမ်းဆီးခဲ့သော အဆိုပါ ရခိုင်လူငယ်များကို နယ်စပ်ဒေသရှိ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်း အရုံး (AASYC) အဖွဲ့နှင့် အဆက်အသွယ် ရှိသည်ဟု စွပ်စွဲကာ အင်းစိန် ထောင်အတွင်းရှိ အနောက်ပိုင်း ခရိုင်တရားရုံးမှ ဒုတိယ ခရိုင် (၁) တရားသူကြီး ဦးမြင့်စန်းက ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။

ထို ၁၁ ဦးတို့ကို အုပ်စု ၃ စုခွဲ၍ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ထောင်ချခံထား ရသူများအတွက် ခရိုင်တရားရုံးသို့ အယူခံ ၀င်နိုင်ရန် ရှေ့နေများက ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုနိုင်စိုး ခေါ် မဲလုံး၊ ကိုထွန်းလင်းကျော်နှင့် ကိုရဲထက်စိုး၊ ဘူးသီးတောင်မြို့မှ ကိုမောင်နိုင်စိုးတို့ အပါအ၀င် ၁၁ ဦးတို့သည် တရားမ၀င် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု၊ နယ်စပ်ဖြတ်ကျော်မှု၊ ဖောက်ခွဲရေး ပစ္စည်းများကို လက်ဝယ် ထားရှိမှု စသည့် ဥပဒေတို့ဖြင့် တရားစွဲဆိုခံရပြီး ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရခြင်း ဖြစ်သည်။

AASYC အဖွဲ့သည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။ ယခု ထောင်ချခံရသည့် ရခိုင် လူငယ်များသည် ယင်းတို့နှင့် ပတ်သက်ဖူးခြင်း မရှိကြောင်း AASYC က ငြင်းဆိုထားသည်။

ထောင်ဒဏ် ကျခံရသူများထဲမှ ကိုနိုင်စိုး ၏ မိခင် ဒေါ်ခင်မာဦးက “ကျမတို့က အယူခံဝင်မယ်။ အပြစ်တွေက သိပ်ကြီးတယ် ထင်နေလို့ပါ။ ဒီလောက်အထိ မကျသင့်ဘူး။ ကျောင်းသားတွေ ဆိုတော့ နည်းနည်းပါးပါး သက်ညှာစေချင်တယ်။ အဲဒါကြောင့် အယူခံဝင်မှာပါ” ဟု ပြောသည်။

အာဏာပိုင်များက ထောင်ဒဏ် ချမှတ်ခံထားရသည့် ရခိုင်လူငယ်များကို မိသားစုနှင့် ဝေးသော ထောင်များသို့ ပြောင်းရွှေ့မည် ကိုလည်း အလွန် စိုးရိမ်နေကြောင်းလည်း သိရသည်။

ယင်း ရခိုင်လူငယ်များသည် စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံများဖြစ်ပြီး အသက် ၂၅ နှစ် ဝန်းကျင် ရှိကြကြောင်း၊ ၎င်းတို့ကို ရဲအထူးတပ်ဖွဲ့ဝင်များက အကြောင်းပြချက် တစုံတရာ မပြဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က စာရင်း ထုတ်ပြန်ထားသည်

Ref: ဧရာဝတီ်

Read More...

ပါတီဝင်များ ကိုယ်ရေးအချက်အလက် နအဖ ကောက်ယူ

စိုးမိုး
၁၁ သြဂုတ် ၂၀၁၀

ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသည့် နိုင်ငံရေးပါတီတို့မှ ပါတီဝင်များကို စစ်အစိုးရ ထောက်လှမ်းရေး တပ်ဖွဲ့က တအိမ် တက်ဆင်း ကိုယ်ရေး အချက်အလက်များ ကောက်ယူခြင်း၊ ဓာတ်ပုံ ရိုက်ယူခြင်းများ ဆောင်ရွက်နေကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ သိရသည်။

“ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင် (၁,၀၀၀) ပို့ထား ရတယ်လေ။ အဲဒီ ပါတီဝင်အဖြစ် ပို့ထားတဲ့ လူစာရင်းကို အခု ရွေးကောက်ပွဲ ကော်မရှင်ကနေ ထောက်လှမ်းရေးတွေကို ပေးလိုက်တယ်။ အဲတော့ ထောက်လှမ်းရေးတွေက ဘာလုပ်လဲ ဆိုတော့ ကျနော်တို့ ပါတီဝင်တွေကို သူတို့က တအိမ်တက်ဆင်း လိုက်ပြီးတော့ ကိုယ်ရေး ရာဇ၀င်တွေ တောင်းတယ်၊ ဓာတ်ပုံတွေ ရိုက်တယ်” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ယခုကဲ့သို့ စစ်အစိုးရက ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှုကြောင့် ပါတီဝင်အချို့ စိတ်အနှောင့် အယှက် ဖြစ်နေပြီး နောက်ထပ် အခြားပါတီများသို့ ၀င်ရောက်မည့် သူများလည်း ကြောက်လန့် နေကြောင်း စုံစမ်း သိရသည်။

“အလိုလိုကမှ ထောက်လှမ်းရေးတွေနဲ့ ဆက်ဆံရမှာ မကြိုက်ကြဘူး၊ ကြောက်နေတာ ပေါ့နော်။ အခုလို ၀င်ပြီးတော့ ပါတီဝင် တယောက် တယောက်ဆီကို ဒီလို သွားတွေ့တယ် ဆိုတော့ လူတွေက တခါတည်း လန့်နေတာပေါ့။ အဲဒါတွေက ခြိမ်းခြောက်မှု တခုလို့ပဲ ကျနော်တို့ ယူဆတယ်” ဟု ဦးသုဝေက ပြောကြားသည်။

နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း (၉၀) အတွင်း နိုင်ငံတ၀န်း ယှဉ်ပြိုင်မည့်ပါတီက ပါတီဝင် အင်အား (၁,၀၀၀) နှင့် ပြည်နယ် တိုင်းဒေသကြီး ကိုယ်စားပြု ပါတီက ပါတီဝင် အင်အား (၅၀၀) ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ ကြရခြင်းဖြစ်သည်။

ယင်းသို့ ပါတီဝင်အင်အား တင်ပြချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီဝင်များ အစစ်အမှန် ဟုတ်မဟုတ် လိုက်လံ စစ်ဆေးနေခြင်း ဖြစ်သည်။

စစ်အစိုးရ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နှင့် မပတ်သက်လိုသည့် မြန်မာလူထုကို ယခုကဲ့သို့ ထောက်လှမ်းရေး အဖွဲ့များက လိုက်လံ စုံစမ်းနေခြင်းကြောင့် နိုင်ငံရေး ပါတီများသည် ပါတီဝင် စုဆောင်းရာတွင် အခက်အခဲ ထပ်မံ ကြုံတွေ့နေကြ သည်ဟု သိရသည်။

“ကျနော်တို့ အမြင်ကတော့ ဒီလို လိုက်မေးခြင်းအားဖြင့် ပါတီဝင်တွေက ကြောက်သွားတဲ့ အခါ ကျနော်တို့ နိုင်ငံရေး ပါတီထဲ မပါတော့ဘူး၊ ဘာဘူး ဖြစ်ပြီးတော့ ပါတီဝင် အင်အားတွေ ယုတ်သွား။ အဲလို ပါတီဝင် အင်အားတွေ လျှော့သွားတော့ သူတို့ဆီ တင်ထားတဲ့ ပါတီဝင် (၁,၀၀၀) မပြည့်ဘူး။ (၁,၀၀၀) မပြည့်ရင် ဒီဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိတယ်၊ ပါတီအဖြစ်က ဖျက်သိမ်းမယ်၊ အဲဒီလောက် ဖြစ်ချင်လည်း ဖြစ်မှာပေါ့ ” ဟု ဦးသုဝေက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေး ပါတီပေါင်း (၄၆) ခုမှ ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့် ပြုထားပြီး ဖြစ်သည်။ ယနေ့အထိ မှတ်ပုံတင်ခွင့်ရ ပါတီ (၄၀) မှ (၁၃) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အားများ တင်ပြ ထားပြီးဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, August 11, 2010

ဘန်ကီမွန်း ရွေးကောက်ပွဲ သဘောထား မြန်မာ့နိုင်ငံရေးသမားတွေ ကြိုဆို

မသင်းသီရိ
အင်္ဂါ, 10 သြဂုတ် 2010

မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အပါအ၀င် နိုင်ငံရေး လုပ်ငန်းစဉ်တွေ အပေါ် အားမလို အားမရ ဖြစ်ရတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆို လိုက်တာဟာ လက်ရှိ အခြေအနေတွေကို ထင်ဟပ် နေတယ်လို့ နိုင်ငံရေး အသိုင်းအ၀န်းက ပြောပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ သူတွေကတော့ အပြောင်းအလဲ တွေကို မျှော်လင့်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအပေါ် စိုးရိမ်မကင်း ဖြစ်တယ် ဆိုတဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုမှုဟာ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေ အပေါ်မှာ အမှန်အကန် ပြောဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။ ကုလသမဂ္ဂလို အဖွဲ့ကြီးအပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေရော ပြည်တွင်းက လူထုရဲ့ ဆန္ဒတွေကိုပါ နားထောင်ပြီး စစ်အစိုးရ အနေနဲ့ တုံ့ပြန်ပြောဆိုခြင်း မရှိတာဟာ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို လျစ်လျူရှုထားတာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောတာကတော့ သူ့သုံးသပ်ချက်ကတော့ အမှန်အကန် သုံးသပ် ချက်ပဲလေ။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း ဥပဒေတွေက တင်းတင်းကျပ်ကျပ်တွေ လုပ်ထားတယ်။ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆိုရင် လိုအပ်တဲ့ ညှိနှိုင်းမှု လုပ်ရမယ်၊ Dialogue လုပ်ရမှာပေါ့။ Dialogue မရှိဘဲနဲ့ ဘယ်ဟာမှ ဖြစ်မလာဘူးလေ။ ကုလသမဂ္ဂ အနေနဲ့ ကောင်းစွာ မတုံ့ပြန်ဘူးဆိုတာ ဘယ်အချက်တွေလဲ ဆိုတာ မပါတော့ အသေးစိတ်တော့ ကျနော်တို့ မသိရဘူးပေါ့။ ဘယ်အချက်တွေ၊ ဘယ်အချက်တွေ သတင်းထုတ်ပြန်ဖို့ လိုမယ်လို့ ကျနော်တော့ အဲဒီလို ထင်ပါတယ်။”

NLD ပါတီက ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း သုံးသပ်ခဲ့သလိုပါပဲ၊ အခု ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီနိုင်ငံရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေ အတွင်း အခက်အခဲတွေ ကြုံနေရပါတယ်လို့ ဒီမိုကရက်တစ် ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အတွက် ကောင်းသော အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့် ထားပါတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ လက်တွေ့ တွေ့ရတာတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဝင်စာရင်း ၁,၀၀၀ တင်ရမယ်ဆိုလို့ ကျနော်တို့ တင်ထားတယ်။ အဲဒီတင်ထားတဲ့ စာရင်းကို ယူပြီးတော့ ထောက်လှမ်းရေး တွေက တအိမ်တက်ဆင်း စာရင်းထဲပါတဲ့ လူတွေကို ကိုယ်ရေး ရာဇ၀င်တွေ တောင်းတယ်၊ ဓာတ်ပုံတွေ တောင်းတယ် ဆိုတော့ လူတွေက နည်းနည်း လန့်တာပေါ့။ လန့်တယ်ဆိုတော့ တချို့က ပါတီဝင်က ထွက်ရမလား၊ ဘာလား ဒီလိုဖြစ်တယ်။ စသည်ဖြင့် အဲဒီလို အခက်အခဲ တွေတော့ ရှိနေတာပဲပေါ့။ ကျနော်တို့ကတော့ အခက်အခဲတွေ ဒီလို ရှိသော်လည်းပဲ မျှော်လင့်ချက် ကတော့ ရွေးကောက်ပွဲသာ ပြီးသွားလို့ စနစ်အပြောင်းအလဲတခု ဖြစ်သွားရင် အခြေအနေဟာ ပိုကောင်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မျှော်ပြီးတော့ ကျနော်တို့က လုပ်နေတာပဲ။”

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က နယူးယောက်ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာတ၀န်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဟန့်တား နိုင်ရေး အဆင့်မြင့် အဖွဲ့တရပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်ပြီဆိုတာ ကြေညာခဲ့အပြီး ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မစ္စတာ ဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ထည့်သွင်း ပြောဆိုခဲ့တာပါ။ သူ အဓိက ပြောဆိုတဲ့ အထဲမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် စစ်အစိုးရဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိလို့ စိတ်ပျက်မိတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကျပြီးသားဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါး ကတော့ အတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်ဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ် ရောင်ပြန်ဟပ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“သူတို့ကတော့ အဝေးကြီးမှာလည်း နေတယ်၊ သူတို့ခံစားချက်နဲ့ သူတို့ ပြောနေကြတာကိုး။ တို့ ပြည်တွင်းမှာ နေတဲ့ ပုဂ္ဂိုလ်တွေက တို့ခံစားချက်နဲ့ အမြင် ရှိတယ်လေ။ ဘောင်အရ မတူတော့ အမြင်ချင်းလည်း တူမှာ မဟုတ်ဘူး။ ခံစားချက်လည်း မတူဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် အခုထက်ထိတော့ ပြဿနာ မရှိပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စက တော်တော်ကျယ်ဝန်းပါတယ်။ အဲဒါကို တဖြည်းဖြည်း ကျော်လွှားဖို့အတွက်လည်း လုပ်နေကြတယ်လေ။ နိုင်ငံတော်ကလည်း လုပ်နေတယ်လို့ မြင်ပါတယ်။”

ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတွက် ၂၀၁၀ ရွေးကောက်ပွဲကနေ မြန်မာပြည်အတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာဖို့ လုံးဝ မမြင်ဘူးလို့ ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန်က ပြောပါတယ်။

“အခု ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ ရွေးကောက်ပွဲမှာ ၀င်တဲ့လူတွေ ပါတီက စပြီးတော့ သူတို့လှုပ်ရှားမှု လွတ်လွတ် လပ်လပ် ပေးတာ တခုမှ မရှိဘူးဆိုတာ ကျနော်တို့ အထင်အရှား တွေ့နေတယ်။ နေ့ရက်တွေလည်း အခုထက်ထိ ကြေညာတာ မရှိသေးတော့ ဒါတွေက စိုးရိမ်စရာ အများကြီး ဖြစ်တယ်ဆိုတာ မြင်ပါတယ်။ ဒီလောက် အခြေအနေမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး လုပ်လို့ရမယ် ဆိုတာကတော့ အတော်လေးကို ခက်ခဲလိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။”

ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ပျက်မိတယ်၊ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂက မကြာခဏ ပြောနေပေမဲ့လည်း ဒီအပေါ်မှာ မြန်မာ စစ်အစိုးရဘက်က တုံ့ပြန်ခြင်း တခါမှ မရှိသေးသလို ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့လည်း မြန်မာ့အရေးကို ဒီ့ထက်ပိုပြီး လုပ်ဆောင်ဖို့ လိုသေးတယ်လို့ တိုက်တွန်း ဝေဖန်နေကြတာလည်း ရှိပါတယ်။

Ref: VOA News

Read More...

ကော်မရှင် လက်ထောက်ချ၍ ဒီမိုကရက်တစ် ပါတီဝင်များ ထောက်လှမ်းရေး အစစ်ခံရ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရက်တစ် ပါတီဝင်များကို ထောက်လှမ်းရေးများက နေအိမ်များတွင် စုံစမ်း စစ်ဆေးမှုသည် ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ တနင်္လာနေ့က ကန့်ကွက်ထားသည်။

"အခု ထောက်လှမ်းရေးတွေက ပါတီဝင် နေအိမ်တွေအထိ လာပြီးတော့ ကိုယ်ရေးသမိုင်းနဲ့ အချက်အလက်တွေကို အသေးစိတ် တောင်းခံတဲ့ အပြင် ဓါတ်ပုံ ၂ ပုံကိုပါ တောင်းယူနေတယ်။

ပါတီဝင်တွေကို ခြိမ်းခြောက် နေတယ်လို့ ပြောရမှာ ဖြစ်တယ်၊ ဒါဟာ လုံးဝ မလုပ်ထိုက်တဲ့ ကိစ္စပါ" ဟု ဦးသုဝေက ပြောသည်။

အနည်းဆုံး ပြရမည့် ပါတီဝင် ၁,ဝဝဝ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပို့ထားရာ ကော်မရှင်က ထောက်လှမ်းရေး အဖွဲ့ကို လက်ဆင့် ကမ်းလိုက်ရာက နေအိမ်များသို့ ထောက်လှမ်းရေးများ ဝင်ရောက် စစ်ဆေးမှုများ ဖြစ်ပေါ်လာသည်ဟု ဦးသုဝေက ပြောသည်။

အတိုက်အခံ လှုပ်ရှားမှုကို သည်းခံလေ့ မရှိသော နိုင်ငံတွင် ပြည်သူများ အနေဖြင့် ထောက်လှမ်းရေးနှင့် ပတ်သက်လိုခြင်း မရှိကြသည့် အပြင် ထောက်လှမ်းရေးများနှင့် ပတ်သက်ပါကလည်း အန္တရာယ် ရှိနိုင်သည်ဟု ယူဆ ယုံကြည်ကြသည်။

ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ပါတီဝင်များအားလုံး ကိုယ်ရေးသမိုင်း အသေးစိတ်နှင့် ဓာတ်ပုံ ၂ပုံ တင်ပြရန် မတောင်းဆိုထားသဖြင့် ထောက်လှမ်းရေးများ လုပ်ဆောင်နေမှု အပေါ် အရေးယူ ရပ်တန့်ပေးရန် ဦးသုဝေက တောင်းဆို ထားသည်။

"ပြည်သူတွေကိုလည်း ပါတီဝင်တာနဲ့ ပတ်သက်ပြီးတော့ အင်တာဗျုးတွေ လုပ်ဖူးတယ်၊ တော်တော်များများက ပါတီဝင်ရမှာကို ကြောက်ကြတယ်၊ အခုလို ထောက်လှမ်းရေးက စစ်တယ် ဆိုတော့ ကျနော့်အထင်အရ ပါတီဝင်ဖို့ လူတွေက နဲနဲတော့ နောက်တွန့် ကြမှာပဲ” ပြည်တွင်း သတင်းထောက် တဦးက မဇ္ဈိမသို့ ပြောသည်။

ထိုအခိုက် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီအနေဖြင့် ရန်ကုန်တွင် ပါတီဝင်များကို စည်းရုံးမှုများ ပြုလုပ်နေပြီး ယခင်က သတ်မှတ်ထားသော ပါတီကြေး ၁ဝဝဝ ကျပ်ကို ပေးစရာပင် မလိုဟု စည်းရုံးရေးမှူးများက ပြောသည်။

ဝေဖန်သူများကတော့ ကြံ့ဖွံ့ပါတီ အနေဖြင့် နိုင်ငံပိုင်ငွေ ယန္တရားများကို အသုံးချထားခဲ့သော လူမှုရေး ကြံ့ဖွံ့အသင်းမှ လွှဲပြောင်း ရယူထားသည့် ငွေများကို ပါတီဝင်များက ထည့်ဝင်သော ငွေအဖြစ် အသွင်ပြောင်းရေး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ် မပြောင်းလိုသော ဒီကေဘီအေ အချင်းချင်း ပူးပေါင်း

ကျော်ခ
အင်္ဂါနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုသော ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်သို့ အခြား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အဖွဲ့များမှ လာရောက် ပူးပေါင်းမှုများ ရှိနေသည်။

ဗိုလ်မှူးကြီးစောချစ်သူ၏ ၉၉၉ လက်အောက်မှ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှ အရာရှိတဦးနှင့် တပ်သား ၁၉ ဦးတို့ တပ်မဟာ ၅ က လိုထူးဘောဗျူဟာသို့ ပူးပေါင်းရာတွင် ၎င်းတို့နှင့်အတူ ၆ဝ မမ အာပီဂျီစသည့် လက်နက်ကြီးများ အပါအဝင် M-16၊ M-79၊ AK-47 လက်နက် အမျိုးအစား အလက် ၂ဝ ကျော်နှင့် လက်ပစ်ဗုံးများ ပါဝင်သည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

တပ်ခွဲမှူး စောပလိုနှင့် နောက်လိုက်များသည် နှစ်ကြိမ်ခွဲပြီး လာရောက် ပူးပေါင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့က မိသားစုတွေနဲ့ ထွက်လာကြတာ။ ဒီမှာလဲ သူတို့ရာထူးအတိုင်း ပြန်ပေးဖို့ လုပ်ထားတယ်။ သူတို့လုံခြုံရေး ကိုလည်း အထက် လူကြီးတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ဒီကေဘီအေ တပ်မဟာ ၅ အရာရှိက ပြောသည်။

ထိပ်ပိုင်း ခေါင်းဆောင်အချို့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံသော်လည်း အပစ်ခတ် ရပ်စဲရေး သဘော တူချက်ကြောင့် နယ်မြေစိုးမိုးမှုနှင့်အတူ ဝင်ငွေကောင်းသော အခွန်ကောက်ခံခွင့်၊ ကုန်သွယ်စီးပွား လုပ်ကိုင်ခွင့်များ ရရှိထားသော ဒီကေဘီအေ အတွင်း တပ်ဖွဲ့ဝင်အချို့က လက်နက်မဲ့သွားသည့် အခြေအနေကို တွန်းပို့မည်ကို စိုးရိမ်မှု ပြသလာကြသည်။ အင်အား တထောင်ကျော်ရှိ ဗိုလ်မှူးကြီးစောလားပွယ်ကတော့ ပြောင်ပြောင် တင်းတင်းပင် ဆန့်ကျင်ကြောင်း ထုတ်ပြောထားသည်။

နေပြည်တော်၏ အစီအစဉ်အရ ဒီကေဘီအေသည် ယခုလ ၂ဝ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှု အောက်သို့ အပ်နှံသည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မှာဖြစ်ပြီး အခြား အဖွဲ့ကွဲတခုဖြစ်သော ကရင်ငြိမ်းချမ်းရေး အဖွဲ့(ကေပီအက်ဖ်)က ယခုလ ၁၈ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည်။

တခုတည်းသော စစ်တပ်ဖြစ်ရေး အစီအစဉ်အရ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းကာ တပ်ရင်း တရင်းလျှင် ၃၂၆ ဦးပါရှိပြီး မြန်မာစစ်တပ်မှ အရာရှိ အရာခံ အကြပ်တပ်သား ၃ဝ ကိုလည်း ထဲ့သွင်းရမည် ဖြစ်သည်။

အခြေအနေက တင်းမာလျက်ရှိပြီး ဒီကေဘီအေ တပ်သားအချို့ ဘက်ပြောင်းမှုများ၊ တောတွင်းပြန်ဝင်မှုများ လုပ်လိမ့်မည် ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ဒီကေဘီအေ တပ်ရင်းအချို့က တပ်သားများသည် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ အခြေစိုက်တပ်များသို့ ပြောင်းရွှေ့ပူးပေါင်းရန် ဆက်သွယ်မှုများရှိနေသည်ဟု ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောမော်အေးက ပြောသည်။

“ကျနော်တို့ကတော့ ကိုယ့်အမျိုးသား အချင်းချင်း လက်ခံပါတယ်။ သူတို့အခု ဆက်သွယ်လာတာတွေလဲ ရှိပါတယ်။ ရောက်လာရင်တော့ ကျနော်တို့ တပ်မှာ တာဝန်ထမ်းဆိုလဲရတယ်။ တာဝန်မထမ်းချင်ဘူး၊ မိသားစုနဲ့ အေးအေး ဆေးဆေး အပြင်မှာပဲနေမယ်ဆိုရင်လဲ လုံခြုံတဲ့နေရာတွေမှာ ခိုလှုံနိုင်ဖို့ ကျနော်တို့ စီစဉ်ပေးမှာပါ” ဟု ပဒိုစောမော်အေးက မဇ္ဈိမကို ပြောသည်။

နယ်ခြားစောင့်တပ်ပြောင်းမည့် တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လိုက်သိန့် ကမူ “ပြောင်းသွားတဲ့လူတွေက တော့ သူတို့ကံကြမ္မာသူတို့ဖန်တီးတာပဲ။ သူတို့တခုခုဖြစ်လာရင်တော့ ကျနော်တို့က ကယ်နိုင်မှာမဟုတ်ဘူး။ သူတို့ စိတ်နဲ့ သူတို့ဆုံးဖြတ်ပြီး လမ်းရွေးတာပဲ” ဟု မဇ္ဈိမကိုပြောသည်။

ဒီကေဘီအေသည် မြိုင်ကြီးငူ နာယကဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၇,ဝဝဝ ကျော်ရှိသည်ဟု စစ်ရေးအကဲခတ်များက ခန့်မှန်းထားကြသည်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံသည့် DKBA များ ဗိုလ်နှုတ်ခမ်းမွေးနှင့် ပူးပေါင်း

သန်းထိုက်ဦး Tuesday, August 10, 2010

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘော တူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗိုလ်ချုပ် ဖာနွီး၏ လက်အောက်ခံ တပ်ဖွဲ့ဝင် ၂၀ ခန့်သည် သြဂုတ်လ ၆ ရက်နေ့မှ စ၍ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်သို့ လာရောက် ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ကြ သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ စစ်အစိုးရ ကမ်းလှမ်း ထာေးသာ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို သဘောမတူ သောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။

လက်ရှိတွင် DKBA တပ်ဖွဲ့မှ လူဦးရေ ၂၀ ခန့်သည် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များထံ လက်နက် များနှင့်အတူ လာရောက် ပူးပေါင်းခဲ့ပြီး ဆက်လက် ထွက်လာမည့် သူများလည်း ရှိသေးကြောင်း သိရသည်။

ဘက်ပြောင်း လာသော DKBA တပ်ဖွဲ့ဝင် များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်း၌ တာဝန် ထမ်းဆောင် နေကြသူများ ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော DKBA တပ်ဖွဲ့နှင့် စစ်အစိုးရ အကြား နှစ်ဘက် တင်းမာနေကြောင်း သိရသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပြန်လည် ပူးပေါင်းခြင်း မရှိသော်လည်း အဆက်အသွယ် ရယူထားကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။

“တိုက်ပွဲတွေ ဖြစ်လာလို့ရှိရင် တယောက်နဲ့ တယောက် နားလည်ရမယ်။ ဘယ်လို အထောက်အကူတွေ လုပ်ပေးရမလဲ၊ အဲဒါတွေရှိ တယ်” ဟု ၎င်းက ပြောသည်။ ယခုလက်ရှိတွင် တိုက်ပွဲများဖြစ်မည့် အခြေအနေ မရှိသေးကြောင်းလည်း ဗိုလ်ကြီး ဘူးဖောက ဆက်လက် ပြောသည်။

အတည်မပြုနိုင်သော သတင်းများ အရ ပြီးခဲ့သည့် သီတင်းပတ်တွင် မြ၀တီမြို့နယ် အတွင်း၌ နအဖ စစ်အစိုးရ တပ်များ အင်အားတိုးချဲ့ပြီး နအဖ တပ်မ (၄၄) နှင့် တပ်မ (၂၂) အပါအ၀င် အင်အား ၅၀၀ ခန့် ရှိကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကြောင်းကြား ခဲ့သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

Ref: ဧရာဝတီ်

Read More...

အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ခေါ်ယူရန် စီစဉ်

တက်လူ
၁၀ သြဂုတ် ၂၀၁၀

အင်းလေးကန် ရေခန်းခြောက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ခေါ်ယူပြသရတော့မည် ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ ရရှိတော့မည် ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူ ပြသရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေး တွေကို လုပ်နေတဲ့ အဖွဲ့ဖြစ်တယ်။ သူတို့က အတွေ့ အကြုံလည်း ရှိတယ်။ အဲဒီအတွက် သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့ မဟုတ်ကြောင်း၊ လောလောဆယ် အဖွဲ့၏ အမည်ကို ထုတ်ဖော် ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ ပတ်သက်ရင် နိုင်ငံတော် ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက ဆက်လက် ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေး လုပ်ငန်းများ မြှုပ်နှံ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စိတ်ဝင်တစား ပါဝင် သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့် သွားလာရသော နေရာများတွင် မော်တော် ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ လက်ရှိ အင်းလေး ရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့် နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီး လာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။ အခု မပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝ ပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေး စိတ်ဝင်စားသူများက ဝေဖန် ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ ယခုနှစ်တွင် မိုးရာသီ ဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျ မသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွား အရေအတွက် လျော့ကျမှု မရှိခြင်းဖြစ်ကြောင်း ခရီးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်း မဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း ပျောက်နိုင်တဲ့ ပြယုဂ်တခုပါ။ ဒါကို အရေးတကြီး လုပ်ဖို့ကျတော့ အစိုးရ အနေနဲ့ပဲ အဓိက ကျတယ်လေ။ ကျနော်တို့လို ဧည့်လမ်းညွှန်တွေကို လာတဲ့ ဧည့်သည်တွေက ဘာ့ကြောင့် မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့် အခုလို ထားတာလဲလို့ မေးလာရင် ဖြေဖို့ စကားမရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီး တခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တည်ရှိသည်။ တောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံး အပိုင်း၌ တည်ရှိကာ အကျယ်အဝန်း အားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့် ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

ဆင်ဖြူလက်ခံသည့်အခမ်းအနား ဗိုလ်ချုပ်မှူးကြီး မတက်

ကိုထွေး
Tuesday, August 10, 2010

ရခိုင်ပြည်နယ် မောင်းတော မြို့နယ်မှ ဖမ်းဆီး ရမိခဲ့သော ဆင်ဖြူကို နေပြည်တော်တွင် လက်ခံသည့် အခမ်းအနား သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မိသားစု တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ယခင် ရက်ပိုင်းက ရန်ကုန်ရှိ ပန်းလှိုင် ဆေးရုံသို့ အသက် ၇၇ နှစ်အရွယ်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက် ကုသ ခံခဲ့ရသည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မတက်ရောက် နိုင်ခြင်းသည် ကျန်းမာရေး အခြေအနေ ဆိုးရွား နေသောကြောင့် ဖြစ်နိုင်သည်ဆိုသည့် ကောလာဟလ သတင်းများလည်း ပျံ့နှံ့လျက် ရှိသည်။

ရခိုင်ပြည်နယ်မှ ဆင်ဖြူကို လာရောက်သယ်ယူစဉ် ဆင်ဖြူရသည့် အတွက် ဗိုလ်ချုပ်မှူးကြီးက ၀မ်းသာ နေသည်ဟု ရခိုင်ပြည်နယ် တိုင်းမှူးက သံဃာတော်များအား ပြောဆိုခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ထိပ်တန်း အရာရှိများက ဆင်ဖြူကို ယမန်နေ့က ကြိုဆိုခဲ့ကြပြီး အမွှေး နံ့သာရေများဖြင့် ပက်ဖျန်း ခဲ့ကြကြောင်း အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

ဆင်ဖြူ၏ အမည်ကို ဘဒ္ဒ၀တီဟု ပေးအပ်ထားကြောင်း၊ နေပြည်တော်ရှိ ဥပ္ပာတသန္တိ စေတီတော် အရှေ့ဘက်တွင် ထားရှိမည် ဖြစ်ကြောင်း၊ ဆင်ဖြူသည် ရတနာဆောင်၌ ပျော်ရွှင်စွာ သွားလာ နေထိုင်လျက် ရှိကြောင်းလည်း သတင်းတွင် ပါရှိသည်။

မြန်မာဘုရင် အဆက်ဆက် ဆင်ဖြူကို အလွန်တန်ဖိုးထားလေ့ရှိကာ ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ ခံယူခြင်း၊ မင်းကောင်း မင်းမြတ်အဖြစ် ဂုဏ်ယူ ဝံ့ကြွားခြင်းများ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း သိရသည်။

ယင်းဆင်ဖြူကို ရခိုင်ပြည်နယ် မောင်းတော မြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးမှ သစ်တာရေးရာ ၀န်ကြီးဌာနတွင် ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီး ရမိခဲ့သည်။

ဆင်ဖြူမ သည် အရပ် ၇ပေ ၄ လက်မ၊ လုံးပတ် ၁၀ ပေ ၁၁ လက်မ၊ အသက် ၃၈ နှစ် ခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းမှ ယခု ဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီး ဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီး ရမိခဲ့ပြီး ရန်ကုန်မြို့ မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များ တည်ဆောက်ကာ ထားပေးခဲ့သည်။

ဆင်ဖြူများကို သယ်ဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ ယခုအခါတွင် ၎င်း သယ်ဆောင်ခဲ့သော ဆင်ဖြူများသည်လည်း လျစ်လျူရှု ခံထားရကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကရင်ငြိမ်းအဖွဲ့တို့ ပြင်ဆင်

ရဲရင့်
၁၀ သြဂုတ် ၂၀၁၀

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နှင့် ဟောင်သရော အထူးဒေသအဖွဲ့ (ကေပီအက်ဖ်) တို့ကို ယခုလအတွင်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် နအဖက ရက်သတ်မှတ် ပေးလိုက်သည်ဟု သိရသည်။

“ဒီလ (၁၈) ရက်နေ့မှာ ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ အခမ်းအနားလုပ်မယ်။ ဒီကေဘီအေ ကတော့ ဒီလ (၂၀) ရက်နေ့မှာ မြိုင်ကြီးငူဌာနချုပ်မှာ အသွင်ပြောင်းတဲ့ အခမ်းအနား လုပ်မယ်။ လက်မခံတဲ့ သူတွေကို သူတို့ အင်အား သုံးမယ်လို့ သိရတယ်။ လက်မခံနိုင်ဘူးလို့ ပြောတာကတော့ တပ်မဟာ (၅) က ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့ပဲ ရှိတယ်” ဟု ဒီကေဘီအေ တပ်မှူး တဦးက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ၏ လက်အောက်ခံ တပ်ရင်းများက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် နအဖထံတွင် လက်မှတ်ရေးထိုး လိုက်သည့်အတွက် ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့တွင် ကိုယ်ရန်တော်တပ် အပါအ၀င် လက်နက်ကိုင် အင်အား (၁၀၀) ကျော်ခန့်သာ ကျန်ရှိပြီး ၎င်းက နအဖထံတွင် လက်နက်ချ အညံ့ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည့် အပေါ် စိုးရိမ်မိကြောင်း အဆိုပါ တပ်မှူးက ပြောသည်။

“ကျနော်တို့ကတော့ ဘာမှလုပ်လို့ မရတော့ဘူး။ ဗဟိုအဆင့်က လက်ခံသဘောတူတဲ့ အပေါ်မှာ လိုက်နာရမှာ ဖြစ်တယ်။ အခြေအနေက ငြင်းပယ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ အခု ရက်တောင် သတ်မှတ်လိုက်ပြီ။ မကျေနပ်တဲ့ လူတွေလည်း ဒီအချိန်မှာ လုပ်ရင် မြုပ်ဖို့ပဲ ရှိတော့မယ်။ ဗဟိုအဆင့် ခေါင်းဆောင်ပိုင်းနဲ့ တပ်မှူးကြီးတွေရဲ့ ချမ်းသာကြွယ်ဝ မှုတွေက သူတို့ နအဖဆီ လက်နက်ချစေတဲ့ အဓိက သော့ချက်ပဲ” ဟု ၎င်းက ရှင်းပြသည်။

မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ လက်အောက်ခံ တပ်များ နယ်ခြားစောင့်တပ် အဖြစ်ပြောင်းမှုကို အများစုက လက်ခံသော်လည်း လက်မခံသူ အချို့ရှိနေပြီး တပ်တွင်း ပုံကန်မှု ဖြစ်နိုင်သဖြင့် (၉၉၉) တပ်စခန်း အတွင်း နအဖတပ်များ စခန်းချ တပ်စွဲထားရန် ဒီကေဘီအေက ပြီးခဲ့သည့် ရက်အတွင်း အကူအညီ တောင်းခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “(၉၉၉) အဖွဲ့မှာလည်း မကျေနပ်တဲ့ လူတွေရှိတယ်။ ဒီရက်ထဲမှာပဲ (၉၉၉) အဖွဲ့က နယ်ခြားစောင့်တပ် လက်မခံနိုင်လို့ တပ်ခွဲမှူး ဗိုလ်စောပလို ဦးဆောင်တဲ့ ဒီကေဘီအေ (၂၅) ဦး လက်နက်မျိုးစုံ အလက် (၃၀) နဲ့ ဗိုလ်နှုတ်ခမ်းမွှေးဆီ သွားပူးပေါင်းတာတွေ ရှိတော့ ဗျူဟာမှူး စောချစ်သူလည်း သူ့အတွက် လုံခြုံမှု မရှိတော့ဘူးဆိုပြီး သူ့မိသားစုကို ခေါ်ပြီး မြ၀တီမြို့ပေါ်မှာ လာရှောင်နေတယ်။ အခု (၉၉၉) တပ်ထဲမှာ ဗမာ စစ်တပ်တွေ နေရာယူထားတယ်” ဟု ပြောသည်။

ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် စစ်ရေးပြ အစမ်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့များအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို လက်မခံနိုင်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုသည့် အဖွဲ့များမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) အဖွဲ့နှင့် စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, August 10, 2010

လာနီညာကြောင့် မုန်တိုင်းများမယ့်အရေး ကြိုတင် ပြင်ဆင်ထားဖို့လို

ဦးဇော်ဝင်းလှိုင်
တနင်္လာ, 09 သြဂုတ် 2010

မြန်မာနိုင်ငံမှာ လာနီညာလို့ခေါ်တဲ့ ရာသီဥတု ဖောက်ပြန် ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေသ၀ ပညာရှင်တွေက ခန့်မှန်း ပြောဆိုပါတယ်။ တောင်အမေရိက တိုက်မှာ အခြေပြု ဖြစ်ပေါ်လေ့ရှိတဲ့ လာနီညာ ရာသီဥတု ဖောက်ပြန်မှုဟာ အခုချိန်မှာ အာရှတိုက် အတွင်းက တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေပြီး မကြာခင်မှာ မြန်မာနိုင်ငံ ဘက်ကိုပါ ရောက်လာဖို့ အလားအလာ ရှိတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနက ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်း သုံးသပ် ပြောဆို လိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကို တိုင်းတာ သုံးသပ်ကြည့်တဲ့အခါ မုန်တိုင်းကျ၊ မိုးများပြီး ရာသီဥတု ဖောက်ပြန်တဲ့ လာနီညာဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားကြတာပါ။ မြန်မာနိုင်ငံမှာ အခု ရက်ပိုင်းအတွင်း မိုးများလာတာဟာ လာနီညာရဲ့ ဂယက်ရိုက်ခတ်မှု လက္ခဏာတွေ ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က သုံးသပ်ပါတယ်။

“လာနီညာကတော့ ဖြစ်နေပြီ။ ဒါပေမဲ့ သူ့ရဲ့ပင်မက တောင်အမေရိကတိုက် West Coast ပေါ့နော်၊ အဲဒီ ဘက်မှာတော့ လာနီညာက စနေပြီ၊ ပစိဖိတ်မှာ ဖြစ်နေပြီ။ သူ့ရဲ့ အကျိုးဆက်တွေလည်း အာရှတိုက်ရော၊ အမေရိကားရော၊ တောင်အမေရိကား၊ မြောက်အမေရိကား ဘက်မှာ ရှိနေပြီလို့ပဲ ကျနော်တို့ သိရပါတယ်။ အတ္တလန်တစ်မှာလည်း ရှိတယ်ပေါ့။ သူ့ impact ကတော့ ရှိပြီ။

“ဒါပေမဲ့ ကျနော်တို့ကတော့ နည်းနည်းဝေးတယ်။ ဝေးတဲ့အခါကျတော့ ကျနော်တို့က နည်းနည်း အရိပ်အခြည် စောင့်ကြည့်တဲ့ အခါမှာ ကျနော်တို့ ဘက်မှာလည်း အခု နည်းနည်းတော့ စလိုက်နေပြီလို့ ကျနော်ထင်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မိုးက အခုရက်ပိုင်းမှာ တော်တော်လေးကို သိသာလာတယ်။ လွန်ခဲ့တဲ့ တပတ် ဆယ်ရက်နဲ့စာရင် နောက်ပိုင်းမှာ မိုး တော်တော်လေး လိုက်လာတယ်။ ကျနော်တို့ နိုင်ငံမှာတော့ ခုချိန်ထိ ဆိုးဆိုးရွားရွားတော့ မရှိသေးပေမဲ့ ခုရက်ပိုင်း တွေမှာတော့ ဒီနေ့ပဲ မိုးလေ၀သ သတင်းမှာ မိုးတော်တော်ရွာတာတွေ တွေ့ရပါတယ်။ အထူးသဖြင့် အရှေ့ဘက်ပိုင်း တွေပေါ့။”

အခုရက်ပိုင်းတွေအတွင်း ပါကစ္စတန်နိုင်ငံမှာ မိုးကြီး ရေလျှံလို့ လူတွေ ထောင်နဲ့ချီ သေဆုံးကြရပြီး စိုက်ပျိုးရေးတွေ ပျက်ဆီးကြရတာ၊ အိန္ဒိယနိုင်ငံမှာ မိုးများ၊ တောင်တွေပြိုပြီး လူတွေ ရာနဲ့ချီ သေဆုံးရတာနဲ့ တရုတ်နိုင်ငံမှာ မိုးများ မြေပြိုတဲ့ ကိစ္စတွေဟာ အဲဒီ လာနီညာ ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာ အကောင်းဆုံး အခြေအနေတွေ ကလည်း မုန်တိုင်းကျ၊ မိုးများမယ့် အရေးပဲ ဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

“စိုးရိမ်စရာတခုက ဘာလဲဆိုတော့ မုန်တိုင်းမိုးတွေပဲ။ မုန်တိုင်းမိုးကတော့ များဖို့ တော်တော်များတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီနှစ်နဲ့တူတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပြောင်းတာကို ကြည့်ပြီးတော့ ရွေးလိုက်တဲ့ အခါမှာ ၄ နှစ်လောက် ရပါတယ်။ အဲဒီ နှစ် ၄ နှစ်ရဲ့ လက်ရှိ ၂၀၁၀ နဲ့ အတူဆုံးနှစ် ၂ ခုကို ရွေးလိုက်တဲ့အခါ အဲဒီနှစ် ၂ နှစ်လုံးက လာမယ့် မိုးနှောင်း၊ မိုးလွန် လက်ကျန် လတွေမှာ မုန်တိုင်း နောက်ထပ် ၅ လုံးလောက် ဖြစ်နိုင်သေးတာကို သွားတွေ့ရပါတယ်။ အဲဒီတွေ့တဲ့နှစ် ၂ နှစ်လုံးက တနှစ်လုံး ၆ လုံးဖြစ်ပါတယ်။ ၂၀၁၀ ဒီနှစ်က တလုံးပဲ ဖြစ်သေးတယ်။ ဒါကြောင့် ကျနော် ဆိုလိုတာ နောက်ထပ် ၅ လုံးလောက် မုန်တိုင်း ဖြစ်နိုင်သေးတယ်လို့ စာရင်းအင်း အရတော့ မှန်းဆလို့ ရပါတယ်။”

မုန်တိုင်း အကြွင်းအကျန်တွေ ဖြတ်လေ့ရှိတဲ့ မိုးနှောင်း မိုးလွန် ကာလတွေကို အထူးဂရု ပြုသင့်တဲ့ အကြောင်းလည်း ဦးထွန်းလွင်က ပြောပါတယ်။

“ဘယ်အချိန်နဲ့ ဘယ်ဒေသတွေလဲလို့ ပြောရင် များသောအားဖြင့် အဲဒီ မုန်တိုင်း အကြွင်းအကျန်တွေ ဖြတ်တာက မိုးနှောင်း မိုးလွန် ဖြစ်ပါတယ်။ အထူးသဖြင့် သိသာလာမှာကတော့ စက်တင်ဘာလ ဆိုရင် မြန်မာပြည် အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်လေ့ရှိပါတယ်။ အောက်တိုဘာရောက်ရင် အလယ်လောက်မှာ ဖြတ်ပါတယ်။ နိုဝင်ဘာ ရောက်လို့ရှိရင်တော့ မြေလတ်ပိုင်းနဲ့ အောက်ပိုင်းကို ဖြတ်ပါတယ်။ သူ့လနဲ့သူ ဧရိယာတော့ ပြောင်းသွား ပါလိမ့်မယ်။ အဲဒီအခါမှာ မိုးတွေ ရွာတတ်ပါလိမ့်မယ်။

“အချိန်အခါမဟုတ်မှ ရွာတဲ့မိုး ဖြစ်တဲ့အတွက် ဒီမိုးက ကောင်းကျိုးချည်း ပေးမယ်လို့ ပြောလို့ မရပါဘူး။ အသုံးပြုတဲ့ အပေါ်၊ လုပ်ငန်းပေါ်မှာ မူတည်ပြီးတော့ စောစောက ပြောသလိုပဲ အောင်ရေလည်း ဖြစ်ချင်ဖြစ်မယ်၊ ဖျက်မိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်မှာ မူတည်ပြီးတော့ ဒီမိုးကို ကြိုတင် ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဒါလေးတွေကို ချင့်ချိန်ပြီးတော့ လုပ်ငန်းတွေမှာ ကြိုတင်ပြင်ဆင်ဖို့နဲ့ သတိရှိဖို့ ဒါကိုသာ ကျနော် အဓိက အခုချိန်မှာ ဒီလောက်ပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ လာနီညာ မိုးလေ၀သ ဖောက်ပြန်မှုရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် မိုးကြီး ရေလျှံမှုတွေနဲ့ ကြံခဲ့ရတာတော့ ၁၉၇၄ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီတုန်းက မုတ်သုန်မိုးနဲ့ အရှေ့ဘက်ကလာတဲ့ မုန်တိုင်း အကြွင်းအကျန်တို့ ပေါင်းမိပြီး ရေကြီးမှုတွေ ဖြစ်တဲ့အတွက် ပြည် ရွှေဆံတော်ဘုရား ခြေရင်းအထိ ရေရောက်ခဲ့တဲ့ သာဓက ရှိခဲ့ဘူးပါတယ်။

Ref: VOA News

Read More...

မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှု အားနည်း၊ ကုလ အတွင်းရေးမှူးချုပ် စိတ်ပျက်

မနန္ဒာချမ်း
တနင်္လာ, 09 သြဂုတ် 2010

မြန်မာပြည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို မြန်မာ စစ်အစိုးရ ဘက်က တုံ့ပြန်မှု မရှိတဲ့အပေါ် စိတ်ပျက်မိတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က တနင်္လာနေ့မှာ ပြောဆို လိုက်ပါတယ်။ ဒါဟာ မြန်မာ စစ်အစိုးရအတွက် အခွင့်အရေးကောင်း တခု ဆုံးရှုံးရတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြ ပေးထားပါတယ်။

ကမ္ဘာနဲ့တ၀န်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဟန့်တားနိုင်ရေး အဆင့်မြင့် အဖွဲ့တရပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့အပြီး နယူးယောက်ခ်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး ပြဿနာကို ထည့်သွင်း ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံဖို့ကို ကြိုးပမ်းနေတဲ့ အကြောင်းနဲ့ မြန်မာ စစ်အစိုးရ ဘက်က ကုလသမဂ္ဂရဲ့ အကြံပေး တိုက်တွန်းချက်တွေကို လက်ခံ တုံ့ပြန်တာမျိုး မရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အခုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့ ကျနော်ရော ကျနော့် အကြံပေး ပုဂ္ဂိုလ်ပါ ကြိုးပမ်း နေကြပါတယ်။ ဒီနှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အပါအ၀င် နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကျနော့်အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတာတွေ၊ မျှော်လင့်ချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာ စစ်အစိုးရ ဘက်က ဒီကြိုးပမ်းမှုတွေကို အခုအချိန်အထိ တုံ့ပြန်မှု မရှိတာဟာ စိတ်ပျက်စရာ အကြောင်းတခုပါပဲ။ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ မြန်မာနိုင်ငံအတွက် ဒီတကြိမ်လောက် အခွင့်အလမ်းကောင်း တခု ဆုံးရှုံးရတာမျိုး မရှိတော့ပါဘူး။”

လက်ရှိ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေး ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်နေသူ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) ဟာ ဇွန်လတုန်းက စင်ကာပူ၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေဆီကို သွားရောက်ခဲ့ပြီး အဲဒီက ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည် စေဖို့အတွက် အင်အားစုအားလုံး ပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်အောင် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာ စစ်အစိုးရနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီးတော့ အားလုံး ပြေလည်တဲ့ နိုင်ငံရေး လမ်းကြောင်းတခုကို ရှာဖွေဖို့ စစ်အစိုးရကို တိုက်တွန်းနေတာပါ။ ဒါတွေကို စစ်အစိုးရ ဘက်က အခုအချိန်ထိ လက်ခံ ဆောင်ရွက်ခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက မစ္စတာ ဘန်ကီမွန်း အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကျရင် မြန်မာ့မိတ်ဆွေ နိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီး လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာ သုံးနိုင်တဲ့ တရုတ်နဲ့ ရုရှားကပါ မြန်မာ့အရေးကို ပူးပေါင်း ဆောင်ရွက်လာအောင် လုပ်ဖို့ လိုအပ်တယ်လို့ အခုလို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အနေနဲ့လည်း အခုလို အထွေထွေ ညီလာခံ နီးလာတဲ့အချိန်မှာ မနှစ်ကလိုပဲ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့က နိုင်ငံခြားရေး ၀န်ကြီး အဆင့် ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေကတော့ လုပ်ဖို့လိုမယ်။ အဲဒီလို နိုင်ငံခြားရေး ၀န်ကြီးအဆင့် ဆွေးနွေးညှိနှိုင်းမှု လုပ်တဲ့အခါမှာလည်း မြန်မာနိုင်ငံ အရေးကိစ္စမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ တရုတ်တို့၊ ရုရှားတို့ လုံခြုံရေးကောင်စီရဲ့ ဗီတိုပါဝါ သုံးနိုင်တဲ့ အဖွဲ့ဝင်အနေနဲ့ ထိုင်နေတဲ့ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ အဲဒါကို နိုင်ငံအားလုံးက ၀ိုင်းဝန်း တိုက်တွန်းပြီး ဆွေးနွေးဖို့ လိုလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထား အသေးစိတ်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တင်သွင်းမယ့် နှစ်စဉ် အစီရင်ခံစာထဲမှာ ထည့်သွင်းသွားဖို့ အခုအခါ ပြင်ဆင် နေပြီလို့လည်း မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တခါ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း အာရှမှာ ရောက်ရှိနေပြီး မြန်မာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း မေးမြန်းမှုတွေ လုပ်နေပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလက နောက်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပြီး အခုတကြိမ်မှာ ထပ်သွားဖို့ တောင်းခံချက်ကို မြန်မာ စစ်အစိုးရက လက်မခံတဲ့အတွက် အခုလို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေဆီကို လှည့်လည်နေတာ ဖြစ်ပါတယ်။

ဒေါက်တာသောင်းထွန်းကတော့ မစ္စတာ ကင်တားနားရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်အားရ မိတဲ့ အကြောင်းနဲ့ မစ္စတာ ကင်တားနား အနေနဲ့ လာမယ့် အောက်တိုဘာလကျရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြားဖြတ် အစီရင်ခံစာ တစောင် တင်သွင်းဖို့ရှိပြီး ဒါဟာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“သူ့အနေနဲ့ အောက်တိုဘာလထဲမှာ အထွေထွေညီလာခံရဲ့ တတိယကော်မတီကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကြားဖြတ် အစီရင်ခံစာ တင်သွင်းရမှာပါ။ ဒီအစီရင်ခံစာမှာ တင်ပြထားတဲ့ တွေ့ရှိချက်တွေနဲ့ အကြံပြုချက် တွေဟာ တတိယ ကော်မတီက ချမှတ်မယ့် ဆုံးဖြတ်ချက် အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက် တင် မကဘဲ ယနေ့ မြန်မာနိုင်ငံမှာ နအဖလုပ်ဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲရဲ့ အဆင့်အတန်းနဲ့ ပတ်သက်လို့လည်း အများကြီး သက်ရောက်မှုတွေ ရှိပါလိမ့်မယ်။”

ဒေါက်တာသောင်းထွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး ကောင်စီကို မတ်လမှာတုန်းက အစီရင်ခံစာ တစောင်လည်း တင်သွင်းခဲ့ဖူးပါတယ်။

Ref: VOA News

Read More...

ကြက်သွန်နီဈေးထိုးကျခြင်းနှင့် ဗိုလ်ချုပ်ကြီးများ၏ အယူသီးမှု ဆက်စပ်နေသလော

Monday, 09 August 2010

ကြက်သွန်နီဈေးသည် ယခုနှစ် ကြက်သွန် စတင်ပေါ်ထွက်ချိန် ဧပြီလပိုင်းက တစ်ပိဿာ ကျပ် ၂၀၀ ၀န်းကျင်နှင့် လတ် တလော တစ်ပိဿာကျပ် ၁၀၀ ခန့်သာ ပေါက်ဈေး ရှိသောကြောင့် ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။ ကြက်သွန်နီ တစ်ပိဿာ ထွက်ရန် ရင်းနှီးငွေမှာ ကျပ် ၄၀၀ ၀န်းကျင် ကုန်ကျပြီး လက်ရှိပေါက်ဈေး ကျပ် ၁၀၀ ခန့်အထိ ဈေးထိုးကျနေသည့် ကြားထဲက ၀ယ်သူမရှိ ဖြစ်နေကြောင်း မြေလပ်ပိုင်းမှ ကြက်သွန်စိုက် တောင်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“ဈေးကျတာကတော့ သင်္ကြန်ကာလ ဧပြီလ စပေါ်ကတည်းကပဲ အခုရက်ပိုင်း (ကျပ်) ၁၀၀ ၀ယ်သူမရှိဘူး ကြက်သွန် တစ်ပိဿာကို ကုန်ကျစားရိတ်က အရင်းတင် ၃၅၀ နဲ့ ၄၀၀ ကြားမှာရှိတယ် အခုဆိုရင် အလေးချိန်တွေက တော်တော် လျော့သွားပြီ အလျော့တွက်နဲ့ ဆိုရင် တစ်ပိဿာကို ၅၀၀ လောက်ရှုံးသွားပြီ ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ ၊ တောင်သာနှင့် ဆိပ်ဖြူနယ်များတွင် ကြက်သွန်နီ စီးပွားဖြစ် စိုက်ပျိုးကြပြီး ငွေအရင်း အနှီး ချေးငှား၍ စိုက်ပျိုးကြသည့် တောင်သူငယ်များက ပို၍ အထိနာကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့တောင်သူကြီးကတော့ ပြဿနာမရှိဘူးပေါ့ ကြက်သွန်ရှုံးရင် ပဲကပြန်ရမယ် နှမ်းကပြန်ရမယ် ပိုက်ဆံမရှိတဲ့ နောက်ကောက် ကလေးတွေတို့ ထင်ကြေးနဲ့ လုပ်တဲ့သူတို့ တော်တော် ဒုက္ခ ရောက်နေတာပေါ့ ငွေရှင်ကို လယ်တွေ ထိုးအပ် လိုက် ရှိတဲ့ နွားလေး ထိုးအပ်လိုက်နဲ့ အဲလို ဒုက္ခရောက်နေတာပေါ့ဗျာ ” ဟု သူက ဆိုသည်။

ယမန်နှစ်က ကြက်သွန်နီ အထွက်နည်းခဲ့သောကြောင့် မူရင်းကြက်သွန်ထွက်ရာ ဒေသများ၌ပင် တစ်ပိဿာ ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဈေးမြှောက်လာရာ နအဖ စစ်အစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှု မှန်သမျှကို ထိုအချိန်မှစတင် ပိတ်ပင်ထားသည်။

ယခုနှစ် ကြက်သွန်နီအထွက်သည် ယမန်နှစ်ကထက် ၃ ဆမျှ ထွက်အားပိုခဲ့သည့် တိုင်အောင် ပြည်ပ တင်ပို့ခွင့် ပိတ်ပင် ထားဆဲ ဖြစ်ရာ ၎င်းသည် ပြည်တွင်း၌ ကြက်သွန်နီများ စုပုံ၍ ဈေးထိုးကျရသည့် အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း ကြက်သွန် ကုန်သည်များက ယူဆကြသည်။

“ဒီနှစ်က ကြက်သွန်စိုက်ချိန်က ရာသီဥတုကလည်း ကြက်သွန်အကြိုက် ဖြစ်သွားတယ် မနှစ်က ထက်ထွက် အားလည်း ပိုတယ် မနှစ်ကထက် ၃ ဆလောက် ပိုသွားတယ် တံခါးပေါက်တွေက ပိတ်ထားလိုက်တော့ ပြည်တွင်း ထဲမှာတင် ပုံနေတော့ တာပေါ့ကွာ” ဟု ၀ါရင့် ကြက်သွန် ကုန်သည်တစ်ဦးက ဆိုသည်။

ထိုသို့ ပြည်တွင်း၌ ကြက်သွန်နီဈေးထိုးကျပြီး တောင်သူများနစ်နာနေသည့် တိုင်အောင် ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားခြင်း မှာ နအဖ စစ်အစိုးရက ကြက်သွန်နီဈေး မတက်စေရန် တမင် ထိန်းချုပ်ထားခြင်းကြောင့်ဟု ဆိုသည်။

“ကြက်သွန်ဈေးတက်ရင် တိုင်းပြည်ပျက်တယ် ဆိုတဲ့ အတိတ်တဘောင်တွေနဲ့ ကျန်တဲ့ဟာကို ဒီလောက် မထိန်းဘူး ကြက်သွန်ကိုပဲ တအား ထိန်းတာ ဈေးတက်ရင် သူတို့ (နအဖ) တိုင်းပြည်ပျက်မှာ ကြောက်လို့ ဒါကို ဖွင့်မပေးဘူးပေါ့ဗျာ သူတို့အယူနဲ့ သူတို့ လုပ်နေတယ်လို့ ပြောကြတာပေါ့ဗျာ” လို့ စောစောက ကုန်သည်က ဆိုသည်။

၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကာလနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလများတွင် ကြက်သွန်နီဈေးများ တက်လာခဲ့ကြောင်း သူက ဆက်ပြောသည်။

“၈၈ အရေးအခင်းဖြစ်တုန်းကလည်း ဈေးတွေတစ်ခါတည်းမြှောက်တက် သွားသေးတယ် သံဃာတွေ တစ်ခါ မငြိမ်မသက် ဖြစ်တော့ ကြက်သွန်ဈေးက တစ်ခါ ပြန်တက်လာပြန်ရော အဲဒီကတည်းက ဒီဟာကို တအားနှိပ်ကွပ် တော့တာပဲ ကြက်သွန် သမားတွေက ဒီလိုပဲ ယူဆကြတယ် ” ဟု သူက ဆိုသည်။

ကြက်သွန်နီဈေးကျသဖြင့် စားသုံးသူများဘက်မှ ကြည့်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း ပြည်ပတင်သွင်းမှု အပေါ် မှီခိုနေရသည့် မြန်မာနိုင်ငံတွင် အခြား ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များသည် ဈေးတက်မြဲ တက်နေရာ ကြက်သွန်နီဈေး ကျ၍ ပိုအကြောင်းထူးမည့် ပုံ မမြင်မိကြောင်း စီးပွားရေး သမားတစ်ဦးက ဆိုသည်။

၂၀၀၃ မှစ၍ နအဖက တစ်ပြည်လုံးတွင် ခြံစည်းရိုးကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည် ဖေါ်ခဲ့ရာ ၎င်းစီမံကိန်းသည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဗေဒင် ယတြာ အယူအဆကြောင့် ဖြစ်ကြောင်း လူအများက ယူဆနေကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ယူဒီပီ ရွေးကောက်ပွဲဝင်ဖို့ မသေချာ အန္တရာယ်လည်းကြုံရနိုင်

တနင်္လာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ဒီမိုကရေစီပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရေး မသေချာသေးကြောင်း၊ ပါတီ အတွက်လည်း အန္တရာယ် ရှိလာနိုင်သည်ဟု ပါတီ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ပြောဆိုလိုက်သည်။

တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟုဆိုပြီး ကျောခိုင်းသွားခဲ့သော ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်း နေရာတွင် အစား ရောက်ရှိလာသော ပါတီ ဥက္ကဋ္ဌသစ်က ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ရှင်အာဒိစ္စဝံသ ကျောင်းတိုက်တွင် ပြုလုပ်သော (၂၂)နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားတွင် ယင်းသို့ပြောခြင်း ဖြစ်သည်။

” ကျနော်က ပါတီမှာ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူတာ သြဂုတ်လ ၅ ရက်နေ့ကပါ၊ ဥက္ကဋ္ဌဟောင်းနှင့်လည်း အဆက်အသွယ် မပြတ်ပါဘူး၊ ရွေးကောက်ပွဲဟာ သေချာတာ တခုက တရားမျှတဖို့ မသေချာတာပဲ ဖြစ်တယ်” ဟု ဦးသိန်းဌေးက ပြောသည်။

ဦးသိန်းဌေးသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ၏ ဒုတိယဥက္ကဋ္ဌ (၂) ရာထူးဖြင့် လုပ်ခဲ့သူ ဖြစ်သည်။

” ဒါပေမယ့် ကျနော်တို့ တောင်းဆိုစရာတွေကို ဆက်လက် တောင်းဆိုသွားမယ်၊ အစွမ်းကုန် လုပ်စရာရှိတာကို လုပ်သွားမှာပါ။ ဒါ့ကြောင့် ကျနော်တို့ အတွက် လုံခြုံရေးတော့ အားနည်းမှာ ဖြစ်တယ်၊ အန္တရာယ်လည်း ရှိကောင်း ရှိလာနိုင်မယ်။ ဒါကြောင့်မို့ လောလောဆယ် ပါတီအနေနှင့် ရွေးကောက်ပွဲကို ဝင်မယ် မဝင်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး” ဟု သူက ပြောသည်။

ရွေးကောက်ပွဲ ဥပဒေများအပေါ် ဝေဖန်ပြောကြားနေလေ့ ရှိခြင်းကြောင့် ပါတီနှင့် ပါတီဝင်များကို အာဏာပိုင်များက ရန်လို လာနိုင်ဖွယ် ရှိသည်ဟု သူက တွက်ဆထားသည်။

” ကျနော်ကတော့ ရွေးကောက်ပွဲကို မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ဥပဒေကောင်းတွေ ရံထားတဲ့ ရွေးကောက်ပွဲ ဖြစ်ချင်တယ်" ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ပါတီတွင် ထုတ်ဝေခွင့် ကျထားသောဂျာနယ် (TheUnion ) ဂျာနယ်ကို ဆက်လက် ထုတ်ဝေသွားကာ မိမိတို့ ပြောဆိုလိုသော အရာများကိုလည်း ဂျာနယ်ကတဆင့် ပြောဆိုသွားမည် ဖြစ်ကြောင်း ပြောသည်။

အဆိုပါ ဂျာနယ်သည် ဇူလိုင်လ ၂၇ ရက်နေ့ စတင်ထုတ်ဝေကာ မြို့နယ်အချို့တွင် ဆိုင်ပေါ် တင် ရောင်းချခဲ့သည်။

ယခုတကြိမ် ထွက်မည့်ဂျာနယ်ကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တွင် သတင်းများ ပြန့်နေသော်လည်း ထုတ်ဝေခွင့် ရ မရ ပြည်ထောင်စု ဒီမိုကရေစီပါတီပင် မသိသေးပေ။

ဦးရွှေအုံး နာယကအဖြစ် တာဝန်ယူနေသော ပြည်ထောင်စု ဒီမိုကရေစီ ပါတီသည် မေ၂၈ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီ ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

ဂြိုဟ်တုစလောင်းများ ဖြုတ်ရန် စားသောက်ဆိုင်များကို ညွှန်ကြား

မျိုးဝင်းဇော်
၀၉ သြဂုတ် ၂၀၁၀

စားသောက်ဆိုင်များတွင် (၈) ပေ ဂြိုဟ်တုစလောင်းများ တပ်ဆင်ထားပါက ဖြုတ်သိမ်း ပေးပါရန် မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ညွှန်ကြားကြောင်း ဗဟန်းမြို့နယ်မှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ သောကြာနေ့ မယက အစည်းအဝေးမှာ မယက တာဝန်ရှိသူတွေ၊ မြို့နယ် အခွန်ဦးစီးဌာနက အခွန်မှူးတွေ၊ ရဲတွေ၊ စရဖတွေ စုံစုံလင်လင် ပါတယ်။ အစည်းအဝေးမှာ စားသောက်ဆိုင်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ အခွန် (၁ဝ) ရာခိုင်နှုန်း မှန်မှန် ပေးဆောင်ဖို့ အပြင် ဆိုင်မှာ (၈) ပေ ဂြိုဟ်တုစလောင်း တပ်ထားတာ ရှိရင် ဖြုတ်သိမ်းပေးဖို့ ပြောတယ်။ (၈) ပေ စလောင်းအစား ဖင်မလီ အင်တာတိန်းမင့်က ရောင်းချတဲ့ တီဗွီချယ်နယ် အစီအစဉ်တွေကို ဝယ်သုံးဖို့ ပြောတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ (၈) ပေ ဂြိုဟ်တုစလောင်းများ ဖြုတ်သိမ်းရန် ညွှန်ကြားခြင်းသည် ဒီဗွီဘီ ရုပ်သံ အစီအစဉ်ကို ပိတ်ပင် တားမြစ်လို၍ ဖြစ်နိုင်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် စားသောက်ဆိုင် ပိုင်ရှင်တို့က ပြောသည်။

နော်ဝေးအခြေစိုက် ဒီဗွီဘီရုပ်သံလိုင်းကို မြန်မာနိုင်ငံအတွင်း၌ (၈) ပေ စလောင်းမှတဆင့် ဖမ်းယူ ကြည့်ရှုနိုင်ပြီး လူကြည့် အများဆုံး ရုပ်သံ အစီအစဉ်တခု ဖြစ်သည်။

ယင်းရုပ်သံအစီအစဉ်မှ ပြီးခဲ့သည့်ဇွန်လက ထုတ်လွှင့်ခဲ့သည့် စစ်အစိုးရ၏ အဏုမြူဗုံး ထုတ်လုပ်ရန် ကြံစည် ဆောင်ရွက်နေမှုများ ရုပ်သံ မှတ်တမ်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဂယက်ရိုက်ခတ် သွားသကဲ့သို့ ပြည်တွင်း၌လည်း စိတ်ဝင်စားသူ အလွန်များခဲ့သည်။

အဆိုပါရုပ်သံမှတ်တမ်းကို အယ်ဂျာဇီယာ ရုပ်သံဌာနမှ ကနဦး ထုတ်လွှင့်ပြသခဲ့ကာ (၈) ပေ စလောင်းဖြင့် ဖမ်းယူ ကြည့်ရှုနိုင်ပြီး နောက်ပိုင်း ဒီဗွီဘီ ရုပ်သံချယ်နယ်က လွှင့်ထုတ်ပြသ ခဲ့သဖြင့် ပြည်သူအများ ပိုမိုသိရှိလာခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပြည်သူအများဆုံးကြည့်ရှုသည့် (၈) ပေ ဂြိုဟ်တုစလောင်းနှင့် ဖမ်းစက်များကို တရုတ်ပြည်နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့မှ တဆင့် တင်သွင်း လာကြခြင်းဖြစ်သည်။

၂ဝဝဝ ခုနှစ်ရောက်သည်အထိ အဆိုပါစက်များကို တရားဝင် လိုင်စင်ထုတ်ပေးခြင်း မရှိခဲ့ဘဲ ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် (၁)နှစ် ကျပ် (၆) သောင်းကျော် အခွန်ငွေ ပေးဆောင်စေပြီး မြန်မာ့ ဆက်သွယ်ရေးက လိုင်စင်ထုတ်ပေးခဲ့သည်။

၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်ဆန္ဒပြပွဲ ဖြစ်ပွားသည့်အချိန်တွင် ပြည်တွင်း၌ ဖြစ်ပျက် သမျှကို ဒီဗွီဘီ သတင်းထောက်များနှင့် ပြည်သူတို့က ရိုက်ကူးပြီး အယ်လ်ဂျာဇီယာနှင့် ဒီဗွီဘီ ရုပ်သံဌာနတို့မှ လွှင့်ထုတ် ပြသခဲ့သဖြင့် ပြည်တွင်း၌ (၈) ပေ စလောင်းမှတဆင့် ပြည်သူများ ကြည့်ရှုခွင့် ရခဲ့ကြသည်။

ယင်းနောက်ပိုင်း စစ်အစိုးရက ၂ဝဝ၈ ခု နှစ်ဆန်းမှစ၍ ဂြိုဟ်တုစလောင်း နှစ်စဉ်ကြေးကို (၁) နှစ် ကျပ် (၁ဝ) သိန်း ကောက်ခံရန် အမိန့် ထုတ်ပြန်ခဲ့သော်လည်း ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် အဆိုပါ အစီအစဉ် စတင်နိုင်ခြင်း မရှိသကဲ့သို့ ဂြိုဟ်တု စလောင်းများကိုလည်း နောက်ထပ် လိုင်စင်သက်တမ်း တိုးခွင့် မပြုတော့ပေ။

မြန်မာ့ဆက်သွယ်ရေး ပန်းဆိုးတန်း ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက “ခုဆို ဂြိုဟ်တုစလောင်း တပ်ဆင် ထားတာဟာ ဆက်သွယ်ရေး ဥပဒေအရ တရားမဝင်ဘူး။ အစိုးရက ဒါကို ဖျက်သိမ်းဖို့ အကြိမ်ကြိမ် ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ၂ဝဝ၈ မှာ နာဂစ် ဖြစ်ခဲ့တယ်။ နောက် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ လုပ်ရပြန်တယ်။ ခုလည်း ရွေးကောက်ပွဲ အကြိုကာလလို ဖြစ်နေတယ်။ ဒီလို ကာလမျိုးမှာ တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ စလောင်းတပ်ဆင် သူတွေကို ဖမ်းဆီး အရေးယူတာတော့ လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီလိုလုပ်ရင် ပြည်သူတွေ အမျက်ဒေါသ ထွက်လာကြမယ်။ ဂြိုဟ်တုစလောင်း ရောင်းချတဲ့ ဆိုင်တွေကိုတော့ ပြီးခဲ့တဲ့နှစ်က အရေးယူခဲ့တယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ၂ဝဝ၈ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့်အချိန်က (၈) ပေ ဂြိုဟ်တုစလောင်း အများအပြား ပျက်စီး သွားခဲ့သည်။ ထို့နောက်ပိုင်း အစိုးရက ဂြိုဟ်တုစလောင်း ရောင်းသည့် ဆိုင်များကို ရောင်းချခြင်း မပြုရန် တားမြစ်ခဲ့သော်လည်း မှောင်ခိုသဘော အလွယ်တကူ ဝယ်ယူရနိုင်ပြီး ယခုအခါ ရန်ကုန်မြို့ တိုက်ခေါင်မိုးတို့တွင် ဂြိုဟ်တု စလောင်းများ ပြန်လည် များပြားလာသည်။

Ref: ခေတ်ပြိုင်

Read More...

စတိုင်သစ် မဂ္ဂဇင်းစာမူများ စာပေ စိစစ်ရေးတင်ရန် လက်မခံ

မင်းနိုင်သူ
Monday, August 09, 2010

သြဂုတ်လ အတွင်း ထုတ်ဝေမည့် စတိုင်သစ် မဂ္ဂဇင်းအတွက် မဂ္ဂဇင်း စာမူကြမ်းကို မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက တင်ပြခွင့် မပေးကြောင်း သတင်းရရှိသည်။

“သြဂုတ်လ အတွက် ဇူလိုင် လလယ်ပိုင်းက သွားတင်တာ။ စာပေစိစစ်ရေးက တင်လို့ မရသေးဘူးတဲ့၊ တင်လို့ရမယ့် ရက်ကို အကြောင်း ပြန်ပါ့မယ်လို့ ပြောပေမယ့် အခုအထိ အကြောင်းပြန်တာ မရှိသေးတော့ ဒီလအတွက်တော့ မထွက်နိုင်တော့ဘူး” ဟု စတိုင်သစ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် တဦးက အတည်ပြု ပြောကြားသည်။

စာမျက်နှာ ၂၀၀ ကျော်ဖြင့် လစဉ်ထုတ်ဝေနေသော စတိုင်သစ်မဂ္ဂဇင်း ဇူလိုင်လထုတ်အတွက် တင်ပြခဲ့သော စာမူများကို စာပေ စိစစ်ရေးက ထက်ဝက်ခန့် ဖြုတ်ပယ်လိုက်ရာ စာမျက်နှာ ၁၀၀ ကျော်ဖြင့်သာ ထုတ်ဝေခဲ့ရကြောင်း သိရသည်။

“ဇူလိုင်လထုတ် စတိုင်သစ် မဂ္ဂဇင်းမှာ အာဇာနည်နေ့ အမှတ်တရ ဆောင်းပါးတွေ ဖော်ပြ လာကတည်းက စာပေ စိစစ်ရေးနဲ့ ငြိတာ။ အဲဒီလထုတ်မှာ စိစစ်ရေးက စာမျက်နှာ ထက်ဝက်လောက်ကို ဖြုတ်ချ ပစ်လိုက်တယ်။ အခုလည်း တနည်းအားဖြင့် အယ်ဒီတာအဖွဲ့ကို ဖိအားပေးတဲ့ သဘောပဲ။ စိစစ်ရေးက အယ်ဒီတာအဖွဲ့ကို ထုတ်ပေးရမယ်လို့ တိုက်ရိုက် မပြောပေမယ့် အဲဒီနည်းနဲ့ပဲ ဖိအားပေးလေ့ ရှိတယ်” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ စာရေးဆရာ တဦးက ပြောသည်။

စတိုင်သစ် မဂ္ဂဇင်း၏ အယ်ဒီတာတဖွဲ့လုံး ပြောင်းလဲပေးရမည်ဖြစ်ကြောင်း စာပေလောကတွင် ပြောဆို နေကြသည်ဟု ကြားသိရသည်။

ယခုလ ထုတ်ဝေခွင့်မရခဲ့သော်လည်း နောက်လများတွင် ပြန်လည်ထုတ်ဝေခွင့် ရလိမ့်မည်ဟု မျှော်လင့်မိကြောင်း စတိုင်သစ် အယ်ဒီတာတဦး ပြောသည်။

“ကျနော်တို့လည်း ဘောင်ထဲကနေ ပုံမှန်ပဲ အလုပ်လုပ်တာပါပဲ။ ထူးထူးခြားခြား အမှားအယွင်း မလုပ်မိပါဘူး။ ဒါကြောင့် နောက်လ တွေမှာတော့ ပြန်ပြီး ထုတ်ဝေခွင့် ရလိမ့်မယ် ထင်တာပါပဲ” ဟု ၎င်းက ဆိုသည်။

စတိုင်သစ်မဂ္ဂဇင်း သြဂုတ်လအတွက် စာမူတင်ပြခွင့် မရခြင်းနှင့်စပ်လျဉ်း၍ စာပေစိစစ်ရေးရုံးသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း တာဝန်ကျ ၀န်ထမ်းတဦးက ၎င်းတို့အနေဖြင့် ယင်းကိစ္စကို မသိရှိပါဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

လွန်ခဲ့သော မေလမှစ၍ စာပေစိစစ်ရေးရုံးသို့ ရေတပ်မှ ဗိုလ်မှူးကြီး မျိုးမြင့်မောင် တွဲဖက် ညွှန်ကြားရေးမှူး အဖြစ် ရောက်ရှိ လာပြီးနောက်ပိုင်း ပိုမို တင်းကျပ်လာကြောင်း စာနယ်ဇင်း သမားများက ပြောသည်။

ယခင်က သတင်းများကို စိစစ်ရေးအဖွဲ့ဝင် ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ဇွန်လနှောင်းပိုင်းမှစ၍ ၁၂ ဦးပါ အဖွဲ့ဖြင့် ပြောင်းလဲ စိစစ် နေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားပြီး မြန်မာနိုင်ငံသည် စာနယ်ဇင်းလွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံများတွင် နှစ်စဉ် ပါဝင်လေ့ရှိသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က လွန်ခဲ့သည့် မေ ၃ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည်။


Ref: ဧရာဝတီ်

Read More...

အပေါ်သို့