..............................

Saturday, August 29, 2009

ကိုးကန့်ဒေသအတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား

သောကြာနေ့၊ 28 သြဂုတ်လ 2009

ယနေ့နံနက်ပိုင်း နေ့လည်ပိုင်းအထိ လောဝ်ကိုင်းမြို့ အရှေ့ မြောက်ဘက် ယန်လုံကျိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ကြောင်း နယ်စပ် သတင်းရပ်ကွက်ဆိုသည်။

“မနေ့ညက သေနတ်သံမကြားရတော့ပေမဲ့ ဒီနေ့ ရန်လုံကျိုက် ဘက်မှာ ဆက်ဖြစ်နေတယ်၊ မွန်းလွှဲပိုင်း ဘက်မှာတော့ မကြားရတော့ဘူး၊ လူ အသေပျောက်လဲ မကြားရဘူး၊ ဒေသခံတွေ ကတော့ တရုတ်ဘက်ခြမ်း ထွက်ပြေး လာနေတုန်းဘဲ” - ဟု ဒေသခံ တဦးက ပြောပြပါသည်။

စစ်အစိုးတပ်များ အင်အားဆက်လက်ဖြည့်တင်းပြီး ဖုန်ကြားရှင်း သြဇာခံ တပ်များအား ဆက်လက် တိုက်ခိုက် နေကြောင်း၊ စစ်အစိုးရ အားပေး ထောက်ခံသည့် ပိုင်ဆုံချိန်နှင့် အဖွဲ့ ကိုးကန့်နယ်မြေ ထိန်းချုပ်နိုင်ရန် ၀ တပ်ဖွဲ့နှင့် ဆွေးနွေးနေကြောင်း ကိုးကန့် သတင်းဌာနက သတင်း ထုတ်ပြန် သည်ဟုလည်း ဒေသခံများက ပြောပြပါသည်။

“တရုပ် ရုပ်မြင်သံကြားဌာန တခုက ကိုးကန့်နယ်မြေအတွင်ြး ဖစ်ပွားနေတဲ့ ကိုးကန့် အဖွဲ့နဲ့ ဗမာ စစ်တပ် အကြား တိုက်ပွဲဟာ မူးယစ်ဆေးဝါး လက်နက် မှောင်ခိုသူတွေကို စစ်အစိုးရ နှိမ်နင်းတဲ့ တိုက်ပွဲဖြစ်တယ် ဆိုတဲ့ သတင်းကို ထုတ်ပြန် ကြေငြာခဲ့တယ်” - ဟု ဆက်ပြောပြပါသည်။

ကိုးကန့်နယ်မြေအတွင်း စစ်အစိုးရ အင်အားဖြည့်တင်း ထိုးဖေါက် ၀င်ရောက် နေရာ ယူမှုသည် PDF တပ်ပေါင်းစုအား သွေးတိုးစမ်းခြင်း ဖြစ်သည်ဟု တိုင်းရင်းသား အရေး လေ့လာသူများက ပြောဆိုနေကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Friday, August 28, 2009

ကိုးကန့် ကြေညာချက်

August 28, 2009





Read More...

အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်

27 August 2009

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ၄ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိ နေပါတယ်။ မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်း သုံးသပ် နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Drake Weisert က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ ဖလော်ရီဒါ ပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက် နေ့မှာတော့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့ အကြောင်းနဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့် ရကြောင်း ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ် သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသဘက်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်း နှစ်ပတ်တောင် မရှိသေးတဲ့ အချိန် အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝါရင့်နိုင်ငံရေး သမားကြီးများ တောင်းဆို

သန်းထိုက်ဦး
Thursday, 27 August 2009 16:18

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် အပေါ် ချမှတ် ထားသော ဆိုင်းငံ့ ပြစ်ဒဏ်များ အပါအ၀င် အားလုံးသော ပြစ်ဒဏ် များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ ၀ါရင့် နိုင်ငံရေး လှုပ်ရှား နေသူများက တောင်းဆို လိုက်သည်။

အဆိုပါ ၀ါရင့်နိုင်ငံရေးသမားများက ရဲတာဝန်ရှိသူများနှင့် တဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ လွန်ခဲ့သည့် အပတ် စနေနေ့တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့် ပြုပါရန် မတ္တာရပ်ခံခြင်း”ဟု ရေးသားထားသော စာကို ပေးပို့ ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနှင့် တွေ့ဆုံ ဆွေးနွေးရေး များကို အမြဲတမ်း တောင်းဆို နေသော်လည်း အာဏာပိုင်များက တစုံတရာ အကြောင်း ပြန်မကြား ခဲ့ကြောင်း ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ဧရာဝတီသို့ ပြောသည်။

“အကြောင်း မပြန်ပေမယ့် အရေအတွက်ကနေ အရည်အချင်း ဖြစ်ရမယ် ဆိုတဲ့ သဘောမျိုးနဲ့ တောင်းပါများရင် သူတို့ သဘော ပေါက်လာမယ်၊ နားလည် လာပြီးတော့ လိုက်ပြီး ဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ အခါအခွင့် သင့်တိုင်း ပေးပို့ မတ္တာ ရပ်ခံတာပါ”ဟု သခင်ချန်ထွန်းက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားများ၏ ပေးပို့စာတွင်“ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်မျှ ကျခံစေရန် နှင့် ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင့်ငံ့ လိုက်သည်ဟု သတင်းစာများတွင် ဖတ်ရှုသိရှိရ သဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ မြန်မာ့ လွတ်လပ်ရေး အတွက် ကြိုးပမ်း တိုက်ပွဲ ၀င်ခဲ့ကြရာတွင် အသက် မသေဘဲ ကျန်ရှိနေသော သက်ကြီးရွယ်အို နိုင်ငံရေး သမားများ အနေနှင့် တစုံတခုသော အတိုင်းအတာ အထိ စိတ်သက်သာရာ ရရှိခဲ့သည်” ဟု ရေးသား ဖော်ပြထားသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး၌ ရှိသော အုပ်ချုပ်မှုဆိုင်ရာ အခွင့်အာဏာများ၊ လုပ်ပိုင်ခွင့်များ အရ ဒေါ်အောင်ဆန်း စုကြည် အပေါ် ချမှတ် ထားသော ဆိုင်းငံ့ပြစ်ဒဏ် အပါအ၀င် အားလုံးသော ပြစ်ဒဏ်များမှ လုံးဝ လွတ်ငြိမ်း ချမ်းသာပေးပါရန် ၀ါရင့် နိုင်ငံရေး သမားများက မတ္တာ ရပ်ခံကြောင်း ၎င်း ပေးပို့စာတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း သူ၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တဦးကြောင့် အင်းစိန်ထောင်တွင်း အထူး တရားရုံးက ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

သို့သော်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံရကာ နေအိမ်သို့ ပြန်လည် ပို့ဆောင် ထိန်းသိမ်း လိုက်သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်း စုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

တပ်ပေါင်းစုအဖွဲ့မှ မြန်မာစခန်းတခုအားသိမ်းပိုက်

သြဂုတ်လ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။ ထိုင်းနိုင်ငံစံတော်ချိန် ၂၀း၂၅ နာရီ။

မြန်မာပြည်ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီတပ်ဦး(MPDF)နှင့် မြန်မာ စစ်အစိုးရ တပ်တို့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ အချိန်ခန့်မှ စ၍ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေပြီး မြန်မာ စခန်းတစ်ခုအား သိမ်းပိုက်ထားပြီဟု တရုတ်မြန်မာ နယ်စပ် သတင်းရပ်ကွက်က ပြောသည်။

ချင်းရွှေဟော်၊ နမ့်တင်းနှင့် ရန်လန်ကျိုင် ဒေသသုံးခုတွင် ဖြစ်ပွား နေသည်ဟု သိရပြီး တရုတ်နိုင်ငံ တွင်းသို့ လက် နက်ကြီး ကျည်အချို့ ကျရောက်ကာ လူအချို့ သေဆုံးသည်ဟု တရုတ်မြန်မာ နယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ လက်အောက်ခံ တပ်များနှင့် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် တို့သည် ယနေ့ညနေ ၆ နာရီ ခန့်က စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၇ နာရီအချိန်က ကိုးကန့်ဒေသရှိ ရန်လုံကျင်းနယ်စပ်ဂိတ်အား ဖုန်ကျားရှင် ထောက်ခံသည့် အဖွဲ့များ က ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) ထို ၄ ဖွဲ့ပေါင်း၍ မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ တပ်ဦး(MPDF) အား သြဂုတ်လ (၂၁)ရက်တွင် ဖွဲ့စည်းကြောင်း ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

Ref: သတင်းနှင့်မီဒီယာကွန်ယက်

Read More...

တရုတ်နိုင်ငံဘက်သို့ ရှမ်းပြည်နယ်မှ လူ ထောင်ပေါင်းများစွာ ထွက်ပြေး

Reuters သတင်းဌာန
သြဂုတ် ၂၇၊ ၂၀၀၉

မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းများ အကြား တင်းမာမှု အရှိန် ပိုမို ကြီးမားလာပြီး ထောင်နှင့် ချီသော လူအမြောက် အများ မြန်မာပြည် အရှေ့  မြောက်ပိုင်းမှ တရုတ်နိုင်ငံ အတွင်းသို့ ထွက်ခွာ သွားကြကြောင်း အစိုးရ အတိုက် အခံများနှင့် မျက်မြင် သက်သေများက ဗုဒ္ဓဟူးနေ့က ပြောသည်။

လူအများအပြားသည် ရှမ်းပြည်နယ် အတွင်းရှိ ကိုးကန့် ဒေသမှတဆင့် နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက် ကြသည်ဟု တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ် အတွင်းရှိ မြို့ တမြို့  ဖြစ်သည့် နန်ဆန်မြို့ မှ ရိုက်တာ သတင်းဌာန မျက်မြင် သက်သေ တဦးက ပြောသည်။ ဒေသခံ တသောင်း ခန့်သည့် ကိုးကန့် ဒေသကို သြဂုတ်လ ၈ ရက်နေ့မှ စတင် ထွက်ခွာခဲ့ပြီး ဖြစ်သည်ဟု တရုတ်ပြည် ခြုံကင်း ညနေပိုင်း သတင်းစာက ဆိုသည်။

သြဂုတ် ၈ရက်နေ့မှစပြီး မြန်မာ စစ်အစိုးရက ကိုးကန့် ဒေသတွင် တပ်ဖြန့် ချထားရာမှ အခြေအနေ ပိုမို တင်းမာ လာခြင်း ဖြစ်သည်ဟု ၀ါရှင်တန် အခြေစိုက် US Campaign for Burma (UCBA) အဖွဲ့က ပြောသည်။ ကိုးကန့် ဒေသသည် တရုတ်လူမျိုး မျိုးနွယ်စုများ အများဆုံး နေထိုင်ရာ ဒေသဖြစ်သည်။ ထိုဒေသမှ သူပုန် အဖွဲ့များက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားရာ အနှစ် ၂၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

သူပုန်အဖွဲ့များက မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ တပ်ဦး (MPDF) အမည်ဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် မြန်မာ့ တပ်မတော်က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အစိုးရ ထိန်းချုပ်မှု အောက်ရှိ နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်း ဆောင်ရွက်ရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

MPDF ကို တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့က မကြာသေးမီက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

“အခြေအနေများ အကြီးအကျယ် တင်းမာလျက်ရှိသည်” ဟု MPDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “တိုက်ပွဲများ ပြန်လည် လာမည့် အနေ အထားကြောင့် တိုင်းရင်းသား ဒေသခံများ သောင်းနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင် နေကြသည်” ဟု ဆိုသည်။ ထိုကြေညာချက်ကို UCBA အဖွဲ့က ထပ်ဆင့် ဖြန့်ဝေခြင်း ဖြစ်သည်။

“ဒုက္ခသည်တွေဟာ ဒေသခံ အစိုးရ စီစဉ်ပေးတဲ့ လူမနေတဲ့ ဆောက်လက်စ အိမ်တွေမှာ အကျဉ်းချ ခံနေ ကြရတယ်” ဟု နန်ဆန်မှ ဆိုင်ပိုင်ရှင် တဦးဖြစ်သူ ရှဲ့ ဖေးဖေးက ပြောသည်။ ၎င်းတို့ နေရပ်ရင်း ပြန်လည် ပို့ဆောင် ခံရမှု ရှိမရှိကိုမူ မသိရပါဟု ဆိုသည်။

“ ကျွန်တော်တို့ ၁၀ နှစ်တာအတွင်းမှာ ဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ဖူးပါဘူး” လို့ ရှဲ့  က ရိုက်တာ ကို တယ်လီဖုန်းနဲ့ ဗုဒ္ဓဟူးနေ့က ပြောပြသည်။ “လူမြောက်များစွာ နယ်စပ် ဖြတ်ကျော်ပြီး ၀င်ခဲ့ကြတယ်။ အခုတော့ နည်းသွားပါပြီ” ဟု သူက ပြောသည်။ “လွတ်မြောက်ချင် သူတိုင်း နယ်စပ် ဖြတ်ပြီး ရောက်လာကြပြီလို့ ထင်ပါတယ်” ဟုလည်း ပြောသွားသည်။

သို့သော်လည်း မည်သည့် ဒုက္ခသည်မှ မြို့ ထဲသို့ ၀င်ရောက်ခဲ့ခြင်း မရှိကြောင်း နန်ဆန်မြို့ ဒေသခံ အစိုးရ ၀န်ထမ်း တခုက ပြောသည်။

စစ်အစိုးရက စစ်အင်အား စုရုံးနေခြင်းမှာ တိုင်းရင်းသား အဖွဲ့ အစည်းများကို နိုင်ငံရေး ပါတီများ ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု USCB အဖွဲ့က ပြောသည်။

တိုင်းရင်းသားအဖွဲ့စည်း အများအပြားက စစ်အစိုး၏ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် မည်သည့် အရာမှ ရရှိမည် မဟုတ်ဟု ယူဆကြသည်။ ပြီးတော့ သူပုန် တပ်ဖွဲ့များကို စစ်အစိုးရ၏ အမိန့် အာဏာအောက်တွင် ခေါ်ယူထားမည် ဟု လည်း သံသယ ဖြစ်နေကြသည်။

MPDF နှင့် တရုတ်မီဒီယာများ၏ သတင်းထုတ်ပြန်ချက် အရ စစ်အစိုးရ တပ်များက တိုင်းရင်းသား လူမျိုးစုများ၏ လက်နက် ပြင်ဆင်သည့် စက်ရုံတခုကို မူးယစ်ဆေးဝါး ထုပ်လုပ်နေသည်ဟု သံသယရှိပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်ရပ်ကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေး ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်မှစပြီး စစ်တပ်က အုပ်ချုပ်ခဲ့သည့် မြန်မာပြည်တွင် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၀၀ ကျော် ရှိနေသည်။

လက်နက်ကိုင် အဖွဲ့အများစုက အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားကြပြီး ဖြစ်သည်။ အပစ် မရပ်နိုင်သေးသည့် အဖွဲ့များလည်း ရှိသည်။ တိုင်းရင်းသား အဖွဲ့ တချို့သည် ဘိန်းကုန်ကူးသည့် နည်းဖြင့် ဆက်လက် ရပ်တည်လျက် ရှိသည်။

Ref: မိုးမခ

Read More...

ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဆက်ဖြစ်

ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 19 နာရီ 35 မိနစ်

(သတင်းပေးပို့ချိန် - မြန်မာစံတော်ချိန် ၆ နာရီ ၄၅ မိနစ်)

ရွှေလီ ။ ။ ကိုးကန့်နယ်မြေတွင်း၌ ကိုးကန့် တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်အကြား ယနေ့ ညနေပိုင်းတွင် ဆက်လက်၍ တိုက်ပွဲများ ဖြစ်ပွား နေပြန်သည်။

လွန်ခဲ့သည့် တနာရီခန့်မှ စတင်၍ ယခု သတင်း ပို့ချိန်အထိ ကိုးကန့်နယ်မြေ ချင်းရွှေဟော်မြို့တွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA စစ်ဦးစီးချုပ်နှင့် အဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင် ခေါင်းဆောင်သည့် တပ်များနှင့် တိုက်ပွဲဖြစ်နေသည်။

ယနေ့ နံနက် ၁၀ နာရီခန့်ကလည်း တရုတ်နိုင်ငံ နယ်စပ်ကျေးရွာ ရန်လုံကျိုင်း အနီးတွင် ဖုန်ကြားရှင်၏ တပ်ဖွဲ့ နောက်သို့ နောက်ယောင်ခံ လိုက်သည့် ရဲတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့အပြင် နယ်စပ်အနီး မြန်မာဘက်ခြမ်းရှိ တောတွင်း တနေရာ၌လည်း နောက်ယောင်ခံ လိုက်လာသည့် တပ်မတော် စစ်ကြောင်း တခုကို ဖုန်ကြားရှင်တပ်က ခြုံခို တိုက်ခိုက် ခဲ့သေးသည်။

ကိုးကန့် ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့သည် သံလွင်မြစ် အရှေ့ဘက်တွင် တည်ရှိပြီး တရုတ် နယ်စပ်နှင့် ကပ်လျက်ရှိသည်။

Ref: မဇ္ဈိမ

Read More...

Thursday, August 27, 2009

ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲ စတင်ဖြစ်ပွား

ခိုင်လင်း / ၂၇ သြဂုတ် ၂၀၀၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေ အတွင်း တရုတ် - မြန်မာ နှစ်နိုင်ငံ ဖြတ်ကျော် ဂိတ်ပေါက် တခုဖြစ်သော လောက်ကိုင် မြို့အနီး ရန်လုံကျိုက် နယ်စပ်ဂိတ်ရှိ ရဲစခန်းအား ဖုန်ကျားရှင်ကို ထောက်ခံသည့် ကိုးကန့် တပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျရဲ (၁) ဦးထက်မနည်း ကျဆုံးခဲ့သည်။

ကိုးကန့်နယ်မြေရှိ ရန်လုံ ကျိုက်နှင့် တရုတ်ပြည်ဘက် နမ်ဆာမြို့တို့ အဝင် အထွက် ပြုရာ နယ်စပ် ဂိတ်ပေါက် လုံခြုံရေး တာဝန် ယူထားသည့် ရဲစခန်းအား အဆိုပါ ကိုးကန့် အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရဲများ ဆုတ်ခွာ သွားသကဲ့သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ကိုးကန့် တပ်ဖွဲ့လည်း ပြန်လည် ဆုတ်ခွာသွားခဲ့သည် ဟု လောက်ကိုင်မှ လာသည့် သတင်းများအရ သိရသည်။

“ဒီမနက်ပိုင်းမှာဘဲ ဖုန်အဖွဲ့က ဝင်တိုက်တာ။ အနည်းဆုံး ရဲ (၁) ယောက် ကျသွားတယ်။ အချို့က (၃) ယောက်လို့လည်း ပြောတယ်။ ရဲတွေ ပြေးသွားပြီ။ ကိုးကန့် တပ်တွေလည်း ပြန်ဆုတ်သွားပြီ” ဟု ဒေသခံ တဦးက ပြောသည်။

ယခုလ (၂၅) ရက်တွင် လောက်ကိုင်မြို့မှ ကိုးကန့် တပ်ဖွဲ့များ ဆုတ်ခွာ ခဲ့ပြီးသည့်နောက် အဆိုပါ ရဲစခန်းအား မြန်မာ ရဲတပ်ဖွဲ့ဝင် များက ဝင်ရောက် နေရာယူခဲ့ခြင်း ဖြစ်သည်။

ထိုသို့နေရာယူခဲ့သည့်နေ့ ညနေပိုင်းတွင် မြန်မာ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့် တရုတ်ပြည် ဘက်သို့ ဝင်ရောက်ခဲ့သည့် အတွက် ၎င်းတို့ကို တရုတ်ဘက်က ပြန်လည် မောင်းထုတ်ခဲ့ပြီး နယ်မြေ ကျူးကျော်မှုဖြင့် ကန့်ကွက်စာ ပို့ထားသည်ဟု တရုတ်-မြန်မာ နယ်စပ်ရှိ ကိုးကန့် အရေးအခင်းအား စောင့်ကြည့်နေသည့် ဦးအောင်ကျော်ဇောက ပြောသည်။

ဖုန်ကျားရှင်တို့ထံမှ အာဏာသိမ်းယူခဲ့သည့် ပိုင်စုံချိန်က ဥက္ကဋ္ဌ တာဝန်ယူမည့် ဗဟို ကော်မတီ (၁၁) ဦးပါ ကိုးကန့် အဖွဲ့သစ်ကို ဖွဲ့စည်း လိုက်ကြောင်း ယမန်နေ့က ကြေညာ လိုက်သကဲ့သို့ ကိုးကန့် တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်မှာ ကိုးကန့်နှင့် ဝနယ်မြေ ဆက်စပ်သည့် နမ့်တင်း နယ်မြေဘက် ရောက်ရှိနေပြီး ပိုင်စုံချိန်တို့ ကိုးကန့်တပ် ပြန်လည် ဖွဲ့စည်းခြင်း အပေါ် တရားမဝင်ကြောင်း နှင့် နအဖက ကိုးကန့် အချင်းချင်းကြား ရန်တိုက် ပေးနေကြောင်း ဖုန်ကျားရှင်တို့ အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်အား ယခုလ (၈) ရက်တွင် လောက်ကိုင် အခြေစိုက် စစ်တပ်နှင့် ရဲများက ဝင်ရောက် ရှာဖွေရန် ကြိုးစားရာမှ နှစ်ဘက် ပစ်ခတ်လုနီးပါး ပြဿနာ ဖြစ်ခဲ့ပြီးနောက် ဖုန်ကျားရှင် အပါအဝင် ဖုန်အမျိုးနွယ် ခေါင်းဆောင် (၄) ဦး အား လားရှိုး ရဲစခန်းက ယခုလ (၂၂) ရက်တွင် ဆင့်ခေါ်ပြီး နောက်တနေ့တွင် ဖုန်ကျားရှင် နေအိမ်သို့ ဝင်စီးကာ ဖမ်းဆီးရန် ကြိုးစား ခဲ့ရာမှ ဒေသအတွင်း မငြိမ်မသက် ဖြစ်ခဲ့ရပြီး ဒေသခံ လူထု အများအပြားလည်း တရုတ်ပြည်ဘက် ထွက်ပြေး တိမ်းရှောင်နေကြသည်။

ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်သည် ၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ခဲ့ပြီး မြန်မာ စစ်အစိုးရနှင့် ပထမဆုံး အပစ်ခတ် ရပ်စဲရေး လုပ်ခဲ့သည့် အဖွဲ့ဖြစ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့် နောက်ပိုင်း အဖွဲ့တွင်း အခြေအနေ ရှုပ်ထွေးမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။

Ref: ခေတ်ပြိုင်

Read More...

အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှု တခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ် ဖြိုခွင်းခဲ့သည့် မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြု လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံ ဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင် သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြု ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီ ဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတ ဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေ ဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက် ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြု ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှု မှန်သမျှကို ဒေါက်ထောက် ကြည့်ပြီး သီးခံနိုင်စွမ်း နည်းသည့် စစ်အစိုးရ လက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။

နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှက “ရန်ကုန်က စလုပ်တယ်။ နယ်တွေလည်း အားလုံး ပါဝင်နိုင်တယ်။ ဒါတွေ ဝတ်ဆင်လို့၊ သုံးဆောင်လို့ ဘာမှ လုပ်လို့ ရမယ့်အရာ မဟုတ်ဘူးလေ။ ပါဝင် လာကြဖို့လည်း မေတ္တာရပ်ခံတယ်။ ကိုယ့်ဘာသာ၊ သာသနာကို မမေ့ဖို့ ဆိုတာကိုလည်း ပြောချင်တယ်” ဟု ပြောသည်။

ထောင်ပေါင်းများစွာသော သံဃာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လတွင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ ကြွချီ၍ မေတ္တာပို့ ဆုတောင်းသည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) – AAPP အဆိုအရ ဆန္ဒပြမှုနှင့် ပတ်သက်၍ သံဃာတော် ၂၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသည်။

သံဃာတော်များအပါအဝင် လူ ၁ဝ ဦးသာ သေဆုံး ပျံလွန်ခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူမှာ အဆများစွာ ပိုနိုင်ကြောင်း အတိုက်အခံများက ပြောသည်။

အလားတူလှုပ်ရှားမှုတခုကို ယမန်နေ့ကပင် မန္တလေးမြို့၊ မိတ္ထီလာ၊ ရမည်းသင်း၊ ရေနံချောင်းနှင့် ပဲခူးမြို့တွင် တက်ကြွ လှုပ်ရှားသူများက ဒေါ်အာင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်း အဖွဲ့က ကုသိုလ်ပြုသည့် ဘုန်းကြီး ကျောင်းတိုက်များကို ဒေသ အာဏာပိုင်များက လိုက်လံ ပိတ်ပင်ရန် ကြိုးစားခဲ့သည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူကာ တိုင်ကြားစာ ပေးပို့ တိုင်ကြားထားကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးတောင့်ကန် ရပ်ကွက်မှ ရွာဦး ဘုန်းကြီးကျောင်း၌ အဖွဲ့က ဆွမ်းကပ် တရားနာသဖြင့် မြို့နယ် အာဏာပိုင်များက ကျောင်းတိုက် ချိတ်ပိတ် ခံရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု စာထဲတွင် ပါရှိသည်။

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မကွေး စာသင်တိုက်၌ အင်္ဂါဝတ်ပြု အဖွဲ့က အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြန်ရာ အလားတူပြောဆိုခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

Ref: မဇ္ဈိမ

Read More...

နအဖသြဇာခံ ကိုးကန့်ခေါင်းဆောင်များဖြင့် ကိုးကန့် တပ်ဖွဲ့ ပြန်လည် ဖွဲ့စည်းမည်

ခိုင်လင်း / ၂၆ သြဂုတ် ၂၀၀၉

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့် တပ်ဖွဲ့ ပြန်လည် ဖွဲ့စည်းရန် ယမန်နေ့က လောက်ကိုင် မြို့တွင် အစည်းဝေး တရပ် ခေါ်ယူ ကျင်းပခဲ့သည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ စေခိုင်းချက်အရ ယခင် ကိုးကန့် တပ်ဖွဲ့မှ ခွဲထွက်သွားသည့် ကွမ်းလုံ အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုးကန့် ဥက္ကဋ္ဌ ဖုန်ကျားရှင် တို့နှင့် သဘောထား ကွဲခဲ့သည့် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ကြသည်။

၁၉၉ဝ ခုနှစ်ကျော်ကာလများက ကိုးကန့်တပ်ဖွဲ့ အတွင်း ဖုန် ညီအစ်ကိုနှင့် ရန် ညီအစ်ကို အာဏာလု တိုက်ပွဲများ အတွင်း အရေး နိမ့်သွားသည့် ရန်မိုလျံ၊ ရန်မိုအန်း ညီအစ်ကို ဦးဆောင်သည့် အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်ကျားရှင်နှင့် သဘောထား ကွဲလွဲကာ နအဖ၏ အကူအညီဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ စသည့် ပုဂ္ဂိုလ်များဖြင့် အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရန် အစည်းဝေးတွင် ဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဖုန်ကျားဖု၊ သားများဖြစ်သည့် ဖုန်တာရွှင်၊ ဖုန်တာဖေ့ တို့အား ဝရမ်းပြေးများ အဖြစ် သတ်မှတ် လိုက်သည်ဟု လောက်ကိုင်မြို့မှ လာသည့် သတင်းများအရ သိရသည်။

လောက်ကိုင်မြို့အား လောက်ကိုင်ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းများ အပြင် သိန်းနီ အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှ တပ်ရင်း အချို့ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ယခုအသစ် ပြန်ဖွဲ့စည်းမည့် အဖွဲ့ကို အကာအကွယ် ပေးထားသည် ဟု တရုတ် - မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်တို့အဖွဲ့က ဖုန်ကျားရှင်တို့နောက် ပါသွားတဲ့ တပ်ကို ပြန်လာဖို့ ပြောနေတယ်။ ဒီနေ့ နောက်ဆုံးထားပြီး ဝင်လာခိုင်းတယ်။ မဝင်လာရင်တော့ ချမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ဖုန်ကျားရှင်တို့ နောက်မှာလည်း ကိုးကန့်တပ်တွေက ရှိနေတော့ အဲဒီတပ်တွေကို ပြန်အပ် ခိုင်းနေတယ်” ဟု ပြောသည်။

၁၉၉ဝ ဝန်းကျင် ကာလများက ကိုးကန့်တပ်ဖွဲ့ အတွင်း ဖုန်ညီအစ်ကိုနှင့် ရန်ညီအစ်ကို အာဏာလုတိုက်ပွဲ အစောပိုင်းတွင် ရန်အဖွဲ့မှ အသားစီး ရသော်လည်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ဖုန်ကျားရှင်၏ သမက်တော်စပ်သူ ဦးစိုင်းလင်း၏ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (မိုင်းလား) အဖွဲ့က ဝင်ရောက် ကူညီ တိုက်ခိုက်ခဲ့ သဖြင့် ဖုန်ညီအစ်ကိုများ ပြန်လည် အာဏာရရှိခဲ့ပြီး ရန်ညီအစ်ကိုမှာ အရေးနိမ့်ကာ နဝတ၏ အကာအကွယ်ကို ယူခဲ့ရသည်။

ရန်ညီအစ်ကို အဖွဲ့က ကွမ်းလုံခရိုင် အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့ အဖြစ် အမည်ပြောင်းပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် နေရ သကဲ့သို့ Peace Myanmar Group (PMG) ကုမ္ပဏီ အမည်ဖြင့် အရက်နှင့် သောက်ရေသန့် ထုတ်လုပ်နေသည်။

ယခုလ (၂၃) ရက်ညပိုင်းက ဖုန်ကျားရှင်၏ နေအိမ်ကို ဝင်ရောက် စီးနင်းရာတွင် အဆိုပါ ရန်အုပ်စုမှ ကွမ်းလုံ အထူးရဲများ ပါဝင်လာသည်ကို ကြည့်လျှင် ဖုန်အမျိုးအနွယ် မိသားစုတို့ ထိန်းချုပ်ထားသည့် ကိုးကန့် တပ်ဖွဲ့အား ဖြိုခွဲရန် ရန်အမျိုးအနွယ် အုပ်စုနှင့် ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ တို့ကို နအဖက အသုံးချလိုက်ခြင်း ဖြစ်သည်ဟု ကိုးကန့် တပ်ဖွဲ့များနှင့် နီးစပ်သူ ဒေသခံ တဦးက ပြောသည်။

၎င်းက “သူတို့တွေက အမျိုးသားရေးထက် ကိုယ့်ဆွေမျိုး မိသားစု ကောင်းစားရေး ဘက် ပိုပြီး အလေးသာတယ်။ ရန်ကို ဝိုင်းချလို့ အရေးနိမ်တော့ နအဖက ကောက်မွေးစားထားတယ်။ အခု အသုံးတည့်မယ် ထင်တော့ ကောက်ထုတ်သုံးလာတယ်။ ပြီးတော့ သူတို့တွေက မူးယစ်ဆေးဝါးတွေ၊ လက်နက် ကိစ္စတွေနဲ့ ပတ်သက်နေတယ်။ အဲဒီအတွက် အချင်းချင်း စားခွက်လုပြီး ချနေကြတာ။ အခု ရန်အုပ်စုလည်း မူးယစ်ဆေးနဲ့ မကင်းဘူး။ ရန်ထဲက အငယ်ဆုံးညီ ရန်မိုရှင်းဆိုတာ တရုတ်က ၁၉၉၃ မှာ သူ့ပြည်ထဲမှာ ဘိန်းဖြူတွေမိလို့ သေဒဏ် ပေးလိုက်သေးတယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေး လုပ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၁) အဖြစ် သတ်မှတ် ခံထားရသည့် အဖွဲ့ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ကိုးကန့်ခေါင်းဆောင် ၀ နယ်မြေသို့ ၀င်ရောက်ခိုလှုံ

ရန်ပိုင်
Wednesday, 26 August 2009 19:20

ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်း လိုက်ကြောင်းနှင့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းသွားကြောင်း သိရသည်။

အာဏာသိမ်းခံရသူ ဦးဖုန်ကျားရှင်က ၀ တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေသို့ ခိုလှုံ သွားသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစာမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်က ပြောသည်။

“ဒီနေ့မနက် ၇ နာရီလောက်မှာ ကိုးကန့်ကား ၈ စီး၊ တရုတ်ကား ၁ စီး၊ ၀ ကား ၁ စီး နမ့်တင်ချောင်းကို ကူးလာပြီးတော့ ၀ တပ်မဟာ ၃၁၈ ကို ရောက်လာတယ်၊ နံပါတ်ပြား ဖြုတ်ထားတယ် ” ဟု ဦးစိန်ကြည်က ပြောပြသည်။

အာဏသိမ်းခေါင်းဆောင်မှာ ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန် ဖြစ်ပြီး ၎င်းနှင့် ကိုးကန့် ခေါင်းဆောင်ဟောင်း တဦး ဖြစ်သော ဦးရန်မိုးလျံ တို့ ပူးပေါင်းကာ ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးရန်မိုးလျံ သည် ကိုးကန့် ခွဲထွက် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဖွဲ့ အတွင်း အာဏာ လုမှုတွင် အရေးနိမ့်သဖြင့် ခွဲထွက်သွားပြီး လားရှိုးမြို့တွင် သွားရောက် နေထိုင် ခဲ့သူ ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်လည်း ကိုးကန့် တို့၏ နယ်မြေဖြစ်သည့် လောက်ကိုင်မြို့သို့ ရောက်ရှိ နေကြောင်း ဦးစိန်ကြည်က ပြောသည်။

ယခုအခါ စစ်အစိုးရတပ်များသည် ကိုးကန့်ဒေသ တခုလုံးကို ထိန်းချုပ်ရန် အတွက် တပ်များ ဖြန့်ချထားသည်ဟု သိရသည်။

“ချင်းရွှေဟော်၊ တာရွှေထန်၊ လောက်ကိုင် မြို့ကြီးတွေကို ချုပ်ကိုင်နိုင်ရင် ပြီးပြီ။ ဖုန်ကျားရှင် အဖွဲ့ တောင်ပေါ်မှာနေလည်း နအဖက ဂရုစိုက်မှာ မဟုတ်ဘူး”ဟု ဦးစိန်ကြည်က သုံးသပ်သည်။

တရုတ် မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော ကလည်း တရုတ် မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့များ အနက် အားနည်းသော လက်နက်ကိုင် အဖွဲ့များကိုသာ စစ်အစိုးရက ရွေးပြီး ဖြိုခွဲနေခြင်း ဖြစ်သည်ဟု သုံးသပ် ပြောကြားသည်။

“အခုအဖွဲ့တွေထဲမှာ ကိုးကန့်က အား အနည်းဆုံး ဖြစ်တယ်။ သူတို့ တတွေက တရုတ်ပြည် လင်ချန်နယ်က လာတာ။ အများစုက တရုတ်လူမျိုးတွေ ဖြစ်တယ်။ ခေါင်းဆောင်ပိုင်းမှာ မိသားစု အလိုက် စီးပွားရေး ပြိုင်ဆိုင်မှုတွေ ရှိတယ်။ အဲ့ဒါ အားနည်းချက်ပဲ” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်နေမှု၊ မိသားစု အနွယ်ဝင်များ ကသာ အာဏာကို ချုပ်ကိုင် ထားမှုများသည် ကိုးကန့် နှင့် ၀ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ၏ အားနည်းချက် ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“ကိုးကန့် အများစုက ဘိန်းနဲ့ ပတ်သက်တယ်။ သူ့ဒေသထွက် ဖြစ်တယ်။ ကိုးကန့် ခေါင်းဆောင်ပိုင်းမှာ နှစ်၂၀ အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စ၊ သစ်ကိစ္စ တို့ ဥပဒေနဲ့ မလွတ်တဲ့ ကိစ္စတွေ ရှိတယ်။ အစိုးရကလည်း တမင် လွှတ်ထားတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

မကြာသေးမီက ကိုးကန့်၊ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ၊ မိုင်းလား အဖွဲ့ နှင့် ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး စစ်ရေး မဟာမိတ် အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ထိုမဟာမိတ် အဖွဲ့သည်လည်း ယခု ကိုးကန့် အမျိုးသား အချင်းချင်း ကြားတွင် ဖြစ်ပွားနေသော ပြဿနာကို ၀င်ရောက် စွက်ဖက်နိုင်ခြင်း မရှိဟု သိရသည်။

စစ်အစိုးရက ကိုးကန့် အဖွဲ့ကို ဖြိုခွဲခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် မိုင်းလား အထူး ဒေသ နှင့် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ကိုလည်း ဆက်လက်ပြီး ဖြိုခွဲနိုင်သည်ဟု သျှမ်းသံတော်ဆင့်မှ ဦးစိန်ကြည်က ယူဆနေသည်။

“ကိုးကန့်ကို ကောင်းကောင်း ထိန်းနိုင်ပြီ ဆိုရင်၊ မိုင်းလားကို လှည့်မယ် ကြားတယ်၊ ပြီးရင် သံလွင် အရှေ့ဘက်ကမ်း မြောက်ပိုင်း SSA လာမယ်၊ ၀ နယ်ကို ညှပ်ထားလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ကိုးကန့်ဒေသသည် ၀ နယ်မြေ၏ မြောက်ဘက်တွင် ရှိပြီး၊ မိုင်းလား အထူးဒေသသည် တောင်ဘက်တွင် ရှိသည်။

အာဏာသိမ်းမှုကြောင့် တရုတ်-မြန်မာ နယ်စပ်တွင်လည်း တရုတ်စစ်တပ်များ အင်းအားတိုးချဲ့ပြီး နေရာ ယူထားသည်ဟု သိရသည်။ လောက်ကိုင်မြို့နေ လူ တသောင်း ကျော်သည် တရုတ်ပြည် ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကျားရှင်၏ အိမ်တွင် လက်နက် စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက် စီးနင်းခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင် ကူးပြောင်းရန် အတွက် စစ်အစိုးရက လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖိအားပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ အနာဂတ်တွင် ထိုအဖွဲ့များကို မူးယစ်ဆေးဝါး၊ လက်နက် ကိစ္စတို့ဖြင့်သာ အရေးယူလာဖွယ် ရှိကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။

Ref: ဧရာဝတီ

Read More...

(၁၀) တန်းအောင် ကြံ့ဖွံ့ အဖွဲ့ဝင်များကို သတင်းပေး သင်တန်း ပို့ချ

ဗထူး
Wednesday, 26 August 2009 18:32

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ပညာအရည်အချင်း (၁၀) တန်း အောင်မြင်ပြီးသည့် ကြံ့ဖွံ့ အဖွဲ့ဝင်များကို စစ်အစိုးရ အာဏာပိုင်များက သတင်းပေးနည်း ရက်တို သင်တန်းကို ပြုလုပ်ပို့ချနေသည်။

ယခုလ (၂၅) ရက်နေ့မှ စတင်ကာ သင်တန်းအား မြို့နယ်ကြံ့ဖွံ့ အတွင်းရေးမှူး မျိုးဝင်း ဆိုသူနှင့် မြို့နယ် (မယက) အဖွဲ့မှ ဦးစီးကာ ၃ ရက်ကြာ ပို့ချ သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် စည်းရုံးရေးဘာသာရပ်၊ သတင်းပေး၊ သတင်းရေးနှင့် လှုပ်ရှားမှု များအား စောင့်ကြည့်သည့် ပုံစံများလည်း ပါဝင်သည်ဟု ဒေသခံ တဦးက ပြောသည်။

“ကြံ့ဖွံ့ရုံးမှာ (၂၅) ရက်နေ့၊ ညနေ(၆) နာရီက သင်တန်းဖွင့်ပွဲ လုပ်တယ်။ နောက် (၇) နာရီကနေ (၉) နာရီအထိ သင်တန်းပို့ချတယ်၊ ကျနော့်အမြင်ကတော့ လာမဲ့ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလမှာ သံဃာတွေ အပါအဝင် အတိုက်အခံ အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ သတင်း ရယူပေးပို့ဖို့ ဒီသင်တန်းကို လုပ်နေတာပါ” ဟု ဘိုကလေးမြို့ခံ တဦးက ပြောသည်။

စစ်အစိုးရက ကျင်းပမည်ဟု သတ်မှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ အသင်းအနေဖြင့် နိုင်ငံရေး ပါတီတရပ် အသွင် ပြောင်းလဲကာ ရွေးကောက်ပွဲ ဝင်မည် ဖြစ်သဖြင့် လူငယ်များနှင့် ပြည်သူလူထုအား ၎င်းတို့အား ထောက်ခံလာစေရေး အတွက်လည်း ယခုသင်တန်းကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်

မြို့နယ် ကြံ့ဖွံ့အဖွဲ့မှ အမည်မဖော်လိုသူ အဖွဲ့ဝင်တဦးက “ဟုတ်တယ်၊ သတင်းရေး၊ သတင်းပေး ပုံစံမျိုး၊ စောင့်ကြည့်တဲ့ ပုံစံမျိုး လုပ်တာပေါ့။ ဒါကတော့ သေချာတာကတော့ ဒီ သံဃာ လှုပ်ရှားလာမယ့် ကျနော်တို့ ဘုန်းကြီးတွေကလည်း လှုပ်ရှားလာမယ် ပြောတော့ အဲဒီ ကိစ္စတွေမှာ ကျနော်တို့က သတင်းပေး သဘောမျိုးနဲ့ လုပ်ရမယ့် အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေ ပို့ချသွားမှာပါ အဓိကကတော့” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ် (၉) ရပ်ကွက်နှင့် မြို့သစ် (၁) ရပ်ကွက်မှ တရပ်ကွက်လျှင် ၃ ဦးကျ တက်ရောက် နေသည့် အဆိုပါ ရက်တို သင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက် နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း ဖမ်းဆီး သံဃာများ ပြန်လွှတ် ပေးရေးနှင့် သံဃာတော်များအား ရိုင်းပြစွာ ပြုမူ ဆောင်ရွက်မှုအား စစ်အစိုးရမှ ဝန်ချ တောင်းပန်ရန်နှင့် ပျက်ကွက်ပါက တတိယအကြိမ် ပတ္တနိကုဇ္ဇနကံ ဆောင်ကာ နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။


Ref: ရိုးမ ၃

Read More...

Wednesday, August 26, 2009

ဒုတိယ ရေကြည်အိုင်

August 26, 2009
ဆောင်းပါးရှင် – L.t Comet (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

ဖက်ဆစ်ဝါဒ နအဖ

နိုင်ငံရေး လှုပ်ရှားနေသူတွေ အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ ဒီစာကို ရေးလိုက်တာပါ။ ပြီးတော့ နအဖရဲ့ လုပ်ကွက် တွေကိုလည်း နိုင်ငံရေး လှုပ်ရှားနေကြတဲ့ မျိုးချစ်တွေ အနေနဲ့ မသိသေးတဲ့ အရာတစ်ခုကို သိဖို့အတွက် စေတနာနဲ့ ရေးသား လိုက်တာလည်း ဖြစ်ပါတယ်။

နအဖတွေဟာ နိုင်ငံရေးလှုပ်ရှားသူ အဓိက ခေါင်းပိုင်းတွေကို မိပြီဆိုရင် အင်းစိန်မှာ ရှိတဲ့ ဘုရင့်နောင် စစ်ကြောရေးကို အရင် ပို့ပါတယ်။ ဘုရင့်နောင် စစ်ကြောရေးကို ရောက်တာနဲ့ အဲဒီလူကို ဘေးပတ်ပတ်လည်မှာ မှန်တွေပဲ ရှိတဲ့ အခန်းထဲကို အရင် ထည့်ထားပါတယ်။ အခန်းထဲမှာ စားပွဲ ၁ လုံးနဲ့ ကုလားထိုင် ၂ လုံး ရှိပါတယ်။ ပြီးရင် စစ် မေးမယ့် သူက တစ်ယောက် ၀င်လာပါတယ်။ စစ်မေးမဲ့ သူရဲ့ အရှေ့မှာ နိုင်ငံရေး လှုပ်ရှားသူက ထိုင်ရပါတယ်။ သူ တို့တွေ မေးမြန်း နေတာတွေကို ဘေးပတ်လည် မှန်တွေနဲ့ ကာထားတဲ့ အခန်းထဲက နေပြီးတော့ အနိမ့်ဆုံး ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အရာရှိကြီး တစ်ဦးက ကြည့်နေပါတယ်။ အဲ့ဒီ ဒုမှူးကြီး အဆင့်ကို ဘာလို့ ကြည့်ခိုင်းတာလည်း ဆိုတော့ နအဖ စစ်တပ်ရဲ့ ထုံးစံအရ ဒုမှူးကြီး အဆင့် ရှိသူတွေ အားလုံးကို VIP လို့ ခေါ်ဆိုကြပြီး သူတို့တွေဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ သင်တန်းတွေကိုပါ တက်ရောက်ပြီးတဲ့ အတွက် သူတို့တွေကို ကြီးကြပ် ကွပ်ကဲ ခိုင်းတာဖြစ်ပါတယ်။

ဒုမှူးကြီး ဦးစီးတယ်ဆိုပေမဲ့ နိုင်ငံရေးသမားများကို တွေ့တိုင်း ဒုမှူးကြီးအား ကွပ်ကဲ ခိုင်းတာ မဟုတ်ဘဲ နအဖ အစိုးရရဲ့ စနစ်တကျ ရွေးချယ် ထားတဲ့ အရေးကြီးမယ်ထင်တဲ့ သူတွေကို စစ်မေးတဲ့ အခါမှာသာ ကြီးကြပ် ကွပ်ကဲ ခိုင်းတာ ဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားသူကို စစ်တဲ့ နေရာမှာ စစ်တဲ့ အရာရှိတွေဟာ လုံးဝကို သွေးအေးတဲ့ လူတွေကိုပဲ စစ်မေး ခိုင်းပါတယ်။ စစ်မေးသူ အရာရှိဟာ ဘယ်တော့မှ ဒေါသလည်း မထွက်ပါဘူး။ ဒေါသမထွက်ဖို့ ကိုလည်း ပြောထား ပြီးသားပါ။ ပြီးတော့ ဒုမှူးကြီးလည်း ရှိနေတော့ ဒေါသ မထွက်အောင် ထိန်းချုပ် ထားရတာပေါ့။ နိုင်ငံရေး လှုပ်ရှားသူကို စစ်မေးသူ အရာရှိက ဒေါသ လုံးဝ မထွက်ဘဲ အေးအေး ဆေးဆေးနဲ့ နအဖတို့ သိချင်တဲ့ အချက်အလက် များကို မေးပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ တွေဟာလည်း ဘယ်တော့မှ မပြောပါဘူး။

စစ်မေးသူအရာရှိက သွေးအေးအေးနဲ့ ခင်ဗျားသေမှာ မကြောက်ဘူးလားလို့ မေးလိုက်ရင် နိုင်ငံရေး လှုပ်ရှားသူ ကလည်း မကြောက်ကြောင်း ပြန်ပြောပါတယ်… စစ်မေးသူ အရာရှိက သုံးကြိမ်မေးပါတယ်။ ပြီးမှ ခင်ဗျားသေမှာ တကယ် မကြောက်ရင် ခင်ဗျားကို ကျွန်တော် ပြောပြမယ်။ ခင်ဗျား နောက်ကို လှည့်ပြီးရင် ခြေလှမ်း ၁၅ လှမ်း လျှောက်လိုက်ပါ… အဲ့ဒီမှာ ချောက်ကြီး တစ်ခု ရှိတယ်…. အဲဒီ ချောက်ထဲကို ကျသွားရင် ခင်ဗျား သေပြီဆိုပြီး ပြောပြီးတော့ နိုင်ငံရေး လှုပ်ရှားသူတွေကို လမ်းလျှောက် ခိုင်းပါတယ်။ တကယ်ဘဲ ခြေလှမ်း ၁၅ လှမ်း ပြည့်တော့ ချောက်တစ်ခုကို ကျသွားပါတယ်… ပေ၅၀ လောက်တော့ မြင့်မှာပါ… ဒါပေမဲ့ အောက်မှာက အပျော့ စားလေး (ဖော့လို) တစ်ခုခုနဲ့ အောက်မှာ ခင်းထားပါတယ်… ဒီနည်းဟာ လူတစ်ယောက်ကို စိတ်ဓာတ် စစ်ဆင် ရေးနည်း တစ်မျိုးပါပဲ… ဘယ်လို စိတ်ဓါတ် စစ်ဆင်ရေး လဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ကြောက်စိတ် သွင်းလိုက်တဲ့ သဘောမျိုးကို ဆောင်ပါတယ်။ အဲ့ဒီလို သဘောမျိုးကို အခြေခံထားတဲ့ စိတ်ဓါတ် စစ်ဆင်ရေးပါ။ နိုင်ငံရေး လှုပ်ရှားသူက အဲဒီလို ပေ (၅၀) မြင့်တဲ့ ချောက်ထဲ ကျပြီး အောက်ရောက် သွားပြီးရင် အပေါ်ကို ပြန်ခေါ် လိုက်ပြန်ပါတယ်။ တချို့ ရောဂါအခံ ရှိတဲ့ လူကတော့ အဲဒီလို လုပ်တာ ခံရပြီး နှလုံးသွေး ရပ်ကာ သေဆုံး သွားရတာမျိုးလည်း ရှိပါတယ်။

ပြီးတော့ ပေ၅၀ အမြင့်အောက်ကို ကျသွားတဲ့ စစ်မေးခံရသူကို အပေါ် ပြန်ခေါ်ပြီး သူ့ကို အမှောင်ခန်း တစ်ခုထဲမှာ ထည့်ထား လိုက်ပါတယ်။ အမှောင်ခန်းထဲမှာ ထားတာက သူ့ကို ကြောက်စိတ် ပိုပြီးတော့ ကြီးထွား စေခြင်းရဲ့ အကျိုးဆက်ကို ဆက်လက် ဖြစ်ပေါ်စေပါတယ်။ သုံး ရက်လောက် ထည့်ပြီးရင် အပြင်ကို ခေါ်ထုတ်ပြီး သူတို့ သိ ချင်တာတွေကို ဆက်လက် မေးပါတယ်။ မရဘူး မပြောဘူးဆိုရင် သူ့ကို ထိုင်ခုံမှာ ကြိုးတုတ်ပြီး ခေါင်းပေါ်ကို ရေ စက် တစ်စက်ချင်းစီ ချပေး ထားပါတယ်။ အဲဒီလို ရေတစ်စက်ချင်းစီ ကျဖို့ အတွက်က ရေအိုးကို သံနဲ့ရိုက်ပြီး အပေါက် ဖောက်ထားတာတဲ့ ရေအိုးထဲကို ရေဖြည့်ပြီးတော့ ခေါင်းပေါ်မှာ ထားထားတာ ဖြစ်ပါတယ်။ အဲဒီလို ညှင်းပမ်း နှိပ်စက်တာကို ခံပြီးတော့ နိုင်ငံရေး သမားတွေဟာ ဘယ်တော့မှ အရှင်ထွက်ခြင်း ဆိုတဲ့ ပြန်လွတ်လမ်း မရှိဘဲ လုံးဝကို စာမလာ သတင်းမကြားဘဲ ပျောက်ခြင်း မလှ ပျောက်ဆုံး သွားတာလည်း အများအပြား ရှိတာကို ပြည်သူ လူထုနဲ့ နိုင်ငံတကာက သိရှိ စေလိုပါတယ်။

နောက်နည်းလမ်း တစ်ခုကတော့ စစ်မေးခံရတဲ့ လူကို ကျောမှီ မပါတဲ့ ထိုင်ခုံ တစ်လုံး အပေါ်မှာ ထိုင်စေပြီး အဲဒီ ထိုင်ခုံဟာလည်း အောက်ခြေ ကြမ်းပြင်နှင့် သူ့ခြေထောက် မထိစေဖို့ အတွက် ထိုင်ခုံအား စီမံထားပါတယ်။ အဲဒီ နောက် နေ့ရောညပါ မရပ်မနား အဆက်မပြတ် မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို လူပြောင်းလဲပြီး မေးမြန်းတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီအခါမှာ စစ်မေးခံရတဲ့ လူဟာ မသက်မသာ ဖြစ်လာတဲ့ ထိုင်ခုံပေါ်မှာ ချွတ်ချုံကျပြီး စိတ်ရော ကိုယ်ပါ နွမ်းနယ်လာကာ Break Down လို့ခေါ်တဲ့ စိတ်ဓာတ် ရိုက်ချိုးတဲ့ နည်းကြောင့် စိတ်ကို လျော့ချကာ စစ်မေးသူ အလိုကျ ၀န်ခံ လိုက်ရတာ မျိုးလည်း ရှိပါတယ်။

အဲဒီလို မေးမြန်းရာမှာ တစ်ဦးထက်ပိုပြီး အုပ်စုလိုက် အဖမ်းခံရတဲ့ သူတွေကို စစ်မေးတဲ့ အခါ စစ်ကြောခံရ သူတွေရဲ့ လုပ်ဖော် ကိုင်ဖက်များက သစ္စာဖောက်ပြီး ဖေါ်ကောင် လုပ်ပြီး သလိုလို ပြောဆိုဝန်ခံ ခိုင်းတာမျိုးလည်း ရှိပါတယ်။ လက်ရှိ စစ်ကြော ခံရသူကို လုပ်ကြံ ဇာတ်လမ်းများနဲ့ နဝေတိမ်တောင် ဖြစ်အောင် ဖိအားပေး ပြောဆိုကြတဲ့ နည်းလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ကြော ခံရသူကို ၀န်ခံ လိုက်ပါက အပြစ်မှ လွှတ်ပေးသယောင်၊ လျော့ပေါ့ပေး သယောင် မျှော်လင့်ချက် ပေးပြီး စည်းရုံး တတ်သလို စစ်ကြောသူ ကိုယ်တိုင်က ကယ်တင်ရှင် ပုံစံမျိုး အချိုးနဲ့ ပရိယာယ် ဆင်ပြီး မေးမြန်း တတ်ကြပါသေးတယ်။ တချို့ အာဏာရှင်တွေ ကျင့်သုံးတဲ့ နည်းလမ်း ကတော့ ငွေကြေး ဓန အင်အား သုံးပြီး မြူဆွယ် စည်းရုံးတဲ့ နည်းဖြစ်ပြီး ဒီနည်းကိုတော့ သူတို့အတွက် နိုင်ငံရေး အမြတ်ထုတ်လို့ ရတဲ့ အခါမျိုးနဲ့ ပြည်သူလူထု နဲ့ နိုင်ငံတကာကို စည်းရုံး ပြသဖို့ လိုအပ်တဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။

နောက်နည်းလမ်း တစ်ခုကတော့ စစ်ဆေးခံရတဲ့ သူကို အလုံပိတ် အခန်းထဲမှာ ပိတ်ထားပြီး တဖက်ခန်းမှ ရိုက်ပုတ် ညှင်းဆဲသံများ၊ အော်ဟစ် ညည်းတွား သံများကို အသံသွင်းထားတဲ့ ကက်ဆက်မှ ဖွင့်ပေးကာ စိတ်ချောက်ချား စေခြင်းဖြင့် လည်းကောင်း၊ အခန်းထဲသို့ ညဘက်အခါ မြွေလွှတ်၍ လည်းကောင်း၊ စိတ်ဓာတ် တုန်လှုပ် ချောက်ချားစေပြီး ၀န်ခံခိုင်းတဲ့ နည်းကိုလည်း အသုံးပြုပါတယ်။

ကြမ်းကြမ်း တမ်းတမ်း ပါးရိုက်တာမျိုး နံပါတ်တုတ်နဲ့ ရိုက်တာမျိုး ခြေသလုံးပေါ်ကို မျဉ်းလုံး တင်ပြီး အပေါ်က တက်လှိမ့်တာမျိုး တွေနဲ့လည်း ရက်ရက် စက်စက် စစ်မေး တတ်ပါတယ်။ နောက်နည်းလမ်း တစ်ခုကတော့ အကြပ်ကိုင်တဲ့ နည်းလမ်းဖြစ်ပြီး မိဘ၊ မိန်းမ၊ သားသမီး၊ ဆွေမျိုး သားချင်း အိမ်များကို စစ်ကြောတဲ့ သူများက သွားရောက် ပြောဆို နေပုံကို ဗွီဒီယိုခွေဖြင့် ပြကာ ၀န်မခံပါက ၄င်းတို့အား အရေးယူ ဆောင်ရွက်မယ့် ပုံစံမျိုး ခင်းကျင်းခြင်း ဖြစ်ပါတယ်။ အဲဒီလို ရက်စက် ကြမ်းကြုတ်လှတဲ့ နည်းတွေကို သုံးပြီး နိုင်ငံရေး လှုပ်ရှားသူတွေကို ညှင်းဆဲကြောင်း အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ အတူ ဖက်ဆစ်ထက် ဆိုးတဲ့ နအဖ အကြောင်းကို ရေးသားပေးပို့ လိုက်ပါတယ် ခင်ဗျား။

Ref: ဖိုးတရုတ်

Read More...

နအဖ ၀န်ကြီးချုပ်နှင့် တရုတ်ဝန်ကြီးချုပ် တွေ့ဆုံပွဲ မှတ်တမ်း အကျဉ်းချုပ် သတင်း

August 26, 2009

၂၀၀၈ခုနှစ် မတ်လတွင် လာအိုနိုင်ငံ ဗီယက်ကျန်း မြို့တော်၌ မဟာ မဲခေါင်ဒေသကြီး တတိယ အကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ် အတွင်း နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်အား ဆွေးနွေးပွဲ ပြင်ပတွင် ၂ဖက် တွေ့ဆုံ ဆွေးနွေးလိုကြောင်း တောင်းခံခဲ့သည်။ တရုတ်ဝန်ကြီးချုပ်က လက်ခံ တွေ့ဆုံခဲ့သည်။

နှစ်ဖက်တွေ့ဆုံရာတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မိတ်ဆက် အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် မြန်မာဖက်မှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။

ဆွေးနွေးသည့်အကြောင်းအရာများမှာ

၁။ သေသွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းလက်ထက် တောင်းခံခဲ့သည့် ရွှေလီ-လာရှိုး တရုတ်-မြန်မာ ရထားလမ်း တည်ဆောက်ရေး ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှာ ဘဏ္ဍာရေး နှင့် နည်းပညာ ကူညီ ပံ့ပိုးမှုများ ဆက်လက် အကူအညီ ပေးပါရန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထပ်မံဆွေးနွေးခဲ့သည်။

၂။ နေပြည်တော်တွင် တည်ဆောက်မည့် အပြည်ပြည်ဆိုင် ရာညီလာခံများ ကျင်းပရေး စင်တာ (International Convention Centre - ICC) တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရန်နှင့် အကူအညီများ ပေးပါရန် တောင်းခံခဲ့သည်။

၃။ တရုတ်ပြည်တွင် ဗုဒ္ဓစွယ်တော်တိုက် တည်ဆောက်ရေး အတွက် ကျွန်းသစ် တန် ၃၀၀ လှူပြီးကြောင်း၊ နှင်း မုန်တိုင်းဒဏ် ခံရသည် တရုတ် ပြည်သူများ ပြန်လည် နေရာချထားရေး အတွက် သစ်မာ တန် ၃၀၀၀ ပေးလှူ ခဲ့ကြောင်းနှင့် ဤသစ်များ တရုတ်ဖက်သို့ လွှဲပြောင်း ပေးအပ်ရန် အတွက် မူဆယ်၌ အသင့်ရှိပါကြောင်း ဖော်လံ ဖား ပြောခဲ့သည်။

၎။ ချင်းတွင်းမြစ်တွင် မီဂါဝပ် ၂၀၀၀၊ နှင့် ဧရာဝတီ မြစ်တလျှောက်တွင် မီဂါဝပ် ၁၃,၀၀၀ စီမံ ချက် ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများကို တရုတ်၊ အိန္ဒိယနိုင်ငံတို့ နှင့် ပူးပေါင်း အကောင်အထည် ဖော်နေပါကြောင်း၊ ထို့ ကြောင့် တရုတ်နိုင်ငံ အနေဖြင့် ရေအား လျှပ်စစ်စီမံကိန်း အသစ်များ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နောက်ထပ် အခွင့်အလမ်းများ ရှာဖွေပါရန် ဖိတ်ခေါ်ပါကြောင်း ထပ်မံ မျက်နှာချို သွေးခဲ့သည်။

၅။ ပြီးခဲ့သည့် နှစ်ကုန်က တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးကို စေလွှတ်ပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကို ရင်းနှီးစွာ အကြံပေးခဲ့ခြင်းနှင့် မဟာဂရုဏာ ကြီးမားစွာဖြင့် စောင့်ရှောက်တော် မူသည့်အတွက် တရုတ် ခေါင်းဆောင်များအား အထူး ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ပြောဆိုခဲ့သည်။

၆။ နိုင်ငံတကာဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံက မြန်မာပြည်အား စာနာ နားလည်ပြီး အကူအညီများ ပေးခဲ့သည့် အတွက် နက်နက် ရှိုင်းရှိုင်း အသိအမှတ် ပြုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေများကို ၀န်ကြီးချုပ်ထံ အသိပေး ပြောကြားပါမည် ဖြစ်ကြောင်း ဆွေးနွေး တင်ပြခဲ့သည်။

၇။ မိမိတို့တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပြောင်းလဲရေးတွင် ကုလသမဂ္ဂနှင့် အတူ ပူးပေါင်းဆောင်ရွက် နေပါကြောင်း ကိုလည်း တရုတ် ၀န်ကြီးချုပ်ထံ မဟုတ်မမှန် လျှောက်လဲ သံတော်ဦး တင်ခဲ့သည်။

၈။ ဒီနောက်တွင် ဂမ်ဘာရီ၏ ၅ ကြိမ်မြောက်ခရီးတွင် (၂၀၀၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲကို ဂမ်ဘာရီက ကြိုဆို လိုက်ခြင်းနှင့် နည်းပညာ ၀န်ဆောင်မှု အကူအညီ ပေးရန် ကမ်းလှမ်းခြင်း) ၄င်းတို့ အလိုကျ ဖြစ်လာသည့်အပေါ် ၄င်းတို့၏ လိုက်လျော ခဲ့မှုများကို အကျယ်ချဲ့ သံတော်ဦး တင်ခဲ့ပြီး ၊ ဂမ်ဘာရီက စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ လုပ်ရန် ကမ်းလှမ်းသည့် အပေါ် ပိတ်ဆို့မှုများ အထူးသဖြင့် World Bank/IMF/ADB တို့မှ ဘဏ္ဍာရေး ပိတ်ဆို့မှုများ ဖွင့်ပေးမှသာ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲများ လုပ်ပါက ထိရောက်မှု ရှိနိုင်မှာ ဖြစ်ကြောင်း သံတော်ဦးတင် လျှောက်ပြီး အနောက် နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ (Sanction) ထားသည့် အပေါ် တရုတ် နိုင်ငံမှ နိုင်ငံတကာတွင် လော်ဘီ လုပ်ပေးလို လုပ်ပေးငြား အကြံဖြင့် သံခင်း တမန်ခင်း စကားတခွန်း ပစ်သွင်းခဲ့သည်။

၉။ ဂမ်ဘာရီအပြန် လုံခြုံရေးကောင်စီတွင် အစီရင်ခံစာ တင်သွင်းပြီးသည့် နောက်တွင် လုံခြုံရေး ကောင်စီက မြန်မာပြည် နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ မချမှတ်ရန်နှင့် ကြေညာချက်များ မထွက်အောင် ယခင်ကဲ့သို့ ပင် ထပ်မံ တားဆီးပေးရေး အတွက် တရုတ်နိုင်ငံ အနေဖြင့် ဆက်လက် အကူအညီ ပေးပါရန် တောင်းပန်တိုးလျှိုး မှုများ ထပ်မံ လုပ်ခဲ့ရသည်။

၁၀။ နိုင်ငံတကာနှင့်ဒေသတွင်းဆွေးနွေးပွဲများတွင် မြန်မာပြည်အား အပြည့်အ၀ ဆက်လက် ထောက်ခံ အားပေး နေမည် ဆိုသည်ကို မိမိတို့ အနေဖြင့် တရုတ်နိုင်ငံ အပေါ် အခိုင်အမာ ယုံကြည် နေပါကြောင်း ပြောဆိုပြီး တရုတ်အား လူမိုက် ငှားခဲ့သေးသည်။

၁၁။ လာဆာနှင့်တိဘက်ဒေသများ၌ ဖြစ်ပွားခဲ့သည့် ဆူပူမှုများသည် တရုတ်ပြည် ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်း။ ဤအခက်အခဲ များမှ တရုတ်ပြည် အနေနှင့်ကျော်လွှား နိုင်မည် ဖြစ်ကြောင်း။ မိမိတို့ နိုင်ငံသည်လည်း အလားတူ ခါးသီးသည့် အတွေ့အကြုံများ ရင်ဆိုင် ခဲ့ရသည့် အတွက် တရုတ်နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အပေါ် စာနာ နားလည်ပါကြောင်း တိဘက်ဒေသရှိ အခြေအနေများ မကြာမီ ပုံမှန် ပြန်ရောက်မည် ဟု ယုံကြည်ပါကြောင်း သူခိုး သေဖော်ညှိပြီး ဖားယား ပြောဆိုခဲ့သည်။

၁၂။ ထိုင်ဝမ်နိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင် သွားမည် ဖြစ်ပြီး တရုတ်ပြည် တပြည်ထဲရှိရေး မူဝါဒ အပေါ် ဆက်လက် ကိုင်စွဲထားမည် ဖြစ်ကြောင်း မကြာသေးခင် ကပင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ပြောကြား လိုက်ပြီး ----

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်စား ၀န်ကြီးချုပ် သိန်းစိန်၏ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်းအား ကပ်ဖားယပ်ဖား လုပ်ခြင်း အမှု ဤတွင် အဆုံးသတ်တော်မူ၏။

Ref: ဝိမုတ္တိ

Read More...

ကိုးကန့်ဒေသ နယ်စပ်တလျှောက် တရုပ်တပ်များ ချီတက် နေရာယူ

အင်္ဂါနေ့၊ 25 သြဂုတ်လ 2009

ကိုးကန့်နှင့် စစ်အစိုးရတပ်ဆက်ဆံရေး တစထက် တစ အခြေအနေ တင်းမာ လာမှုကြောင့် နှစ်ဖက်အကြား အချိန်မရွေး ပစ်ခတ်မှု ဖြစ်ပွားနိုင်သဖြင့် တရုပ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (China’s People’s Liberation Army ) အင်အား ၇၀၀ ကျော်ကလည်း ကိုးကန့် ဒေသနှင့် မျက်နှာချင်းဆိုင် နယ်စပ် တလျှောက်သို့ ရောက်ရှိ အသင့် နေရာယူလျက် ရှိကြောင်း အပစ်ရပ် အဖွဲ့တဖွဲ့ထံမှ သိရသည်။

ယခု ၂-၃ ရက်အတွင်း ကိုးကန့်မြို့တော်လောက်ကိုင်အနီး အနား ပတ်ဝန်းကျင် တခုလုံး ဗမာ စစ်တပ် အင်အား ၂၀၀၀ ကျော် ၀ိုင်းရံ နေရာယူထားသည် ဟုလည်း သိရသည်။

“ဗမာစစ်တပ်တွေ အခွင့်ကောင်းကိုစောင့်နေတာဘဲ။ ကိုးကန့် အဖွဲ့ အကွဲအပြဲ အက်ကြောင်း ပေါ်ရင်ပေါ်သလို သပ်လျှို ၀င်စီးမဲ့ အနေအထား ဖြစ်နေတယ်” ဟု အမည် မဖော်လိုသည့် ၀ အရာရှိ တဦးက ပြောသည်။

ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းမှ သြဇာအာဏာအားလုံး လက်ဝါးကြီး အုပ် ချုပ်ကိုင် ထားသည် ဟုစွပ်စွဲပြီး ၎င်း၏ ဒုစစ်ဦးစီးချုပ် ဖြစ်သူ ပိုင်စုန်ချိန်၊ အုပ်ချုပ်ရေးဌာန တာဝန်ခံ မီရှောက်ထင် ၊ အီးစီ အဖွဲ့ဝင် လီကိုရှီး နှင့် တပ်မှူး လီအေ တို့က အင်အား ၁၀၀ ကျော်ဖြင့် ဖုန်ကြားရှင်အား ပုန်ကန် အာဏာသိမ်းရန် အတွက် နအဖတပ်နှင့် ပူးပေါင်းသွားရာမှ အခြေအနေ ပိုမို ဆိုးရွား ရှူပ်ထွေးခဲ့သည်။

ယင်းဆန့်ကျင်သူများအနက် တဦးဖြစ်သူ ဝေရှောက်ယန် ကိုမူ ဖုန်ကြားရှင် တပ်ဖွဲ့ဘက်က ဖမ်းဆီး ထားကြောင်း သိရသည်။

“ပိုင်စုန်ချိန်နဲ့ပါသွားတာ အင်အား ၁၀၀ကျော်လောက်ရှိမယ်။ ဒါပေမဲ့ နောက်ပိုင်း ဖုန်ကြားရှင် ဖက်က ပြန်ခေါ်တော့ အားလုံးနီးပါး ပြန်လာတယ်။ ၁၀ ယောက်ကျော်ဘဲ ကျန်တယ်”ဟု ယင်းအရာရှိက ပြောသည်။

ထိုအာဏာဖီဆန်မှုမျိုး လွန်ခဲ့သောနှစ်များ၌ ရှိခဲ့ဖူးသော်လည်း ယခု ဖီဆန် ကွဲပြဲမူ အပေါ်သည် ဗမာစစ်တပ် ဘက်က ကိုးကန့်၏ ဟာကွက်ကို ပိုင်ပိုင်နိုင်နိုင် အမြတ်ထုတ်လိုပုံ ရသည်ဟု ပြောဆိုကြသည်။

သြဂုတ် ၂၁ ရက် လောက်ကိုင်ဒေသခံ ဗမာစစ်တပ်က လောက်ကိုင် အရှေ့ဘက်တွင် ရှိသည့် ဖုန်ကြားရှင်၏ လက်နက်ပြင် စက်ရုံကို သွားရောက် ရှာဖွေသိမ်းဆည်းခဲ့ပြီး နောက်တစ်ရက် ဖုန်ကြားရှင်၊ ဖုန်ကြားဖူးနှင့် ဥက္ကဌ၏သား နှစ်ဦးတို့အား လားရှိုး ရဲစခန်းက ဖမ်းဝရန်း ထုတ်၍ ဆင့်ခေါ်လိုက်သည်။ သို့သော် ၎င်းတို့ လေးဦးလည်း သွားရောက်ခြင်း မရှိသဖြင့် ၂၃ ရက်နေ့၌ ဖုန်ကြားရှင် နေအိမ်ကို ၀ိုင်းရံခဲ့သည်။

ယခုနောက်ဆုံးသတင်းအရ ကိုးကန့်တပ်ဖွဲ့များသည် လောက်ကိုင် အရှေ့ မြောက်ဘက်ရှိ ၎င်းတို့၏ ဗဟိုဌာနချုပ် ရုံးသို့ ယမန်နေ့ ညကတည်းက ဆုတ်ခွာသွားခဲ့သည် ဟုသိရသည်။

“မနေ့ညတုန်းကလည်း ပစ်ကြတော့မလို့ဘဲ၊ တရုတ်အာဏာ ပိုင်တွေ ဖျောင်းဖျ တားမြစ်တော့ ကိုးကန့်ဘက်က ညတွင်းချင်း အဆင့် ၂ ဆင့် ဆုတ်ခွာ နေရာယူလိုက်တယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်၌ ဖုန်ကြားရှင်းက ၎င်း၏ တပ်မှူးများအား ဗမာတပ်များ ဌာနချုပ်ရုံး အနီး ထပ်မံ ကျူးကျော်လာ ပါက ချက်ချင်း ပစ်ခတ်နိုင်ကြောင်း အမိန့်ချ ဆင့်ဆို လိုက်သည် ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပက်သက်၍ စစ်ရေးလေ့လာသူများက နအဖ စစ်အာဏာပိုင် များသည် အပစ်ရပ် အုပ်စု အချင်းအချင်း အထင်အမြင် လွဲကွဲပြဲစေရန် ကြားထဲမှ အဆက်မပြတ် သွေးဆောင် ထိုးဆွ၍ အခွင့်ကောင်းယူ အမြတ်ထုတ်သော နည်းဖြင့် ပစ်ခတ်မှု မရှိဘဲ စီးနင်း သိမ်းပိုက်မည်ဟု သုံးသပ်ကြသည်။

“အခုလဲ ၂၀၀၀ခုနှစ်တုန်းက မိန်းကိုး မှာဖြစ်ခဲ့တဲ့ ကိစ္စမျိုး ထပ်ဖြစ်အုံး မယ်ထင်တယ်” ဟု တရုပ် စီးပွားရေး သမားတစ်ဦးက လည်း ပြောဆိုသည်။

ကိုးကန့်၏မဟာမိတ် ၀တပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့ဝင်များ အဖို့ ကိုးကန့် ဘက်မှ ဖိတ်ခေါ်မူ မရှိမချင်း၊ သို့မဟုတ် နအဖတပ်နှင့် ပစ်ခတ် တိုက်ခိုက်မှု မရှိမချင်း၊ ၎င်းတို့ အနေနှင့် ၀င်စွက်ဖက်မည် မဟုတ်ဟု အမည် မဖော်လိုသည့် ၀ အရာရှိ တစ်ဦးထံမှ သိရသည်။

“အခုအချိန် သူတို့ကိုကူညီနိုင်တာက သူတို့အချင်းချင်း ငြိမ်းချမ်းစွာ ပြန်လည် သင့်မြတ်အောင် ဖြန်ဖြေ ပေးရေးဘဲ ဖြစ်မယ် ထင်တယ်” ဟု သူကဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နာမည်ကြီး ထမင်းငတ် ရန်ကုန်တိုင်း တိုင်းမှူးတွေရဲ့ဇာတ်

ဗိုလ်ထက်မင်း
Tuesday, 25 August 2009

ရန်ကုန်တိုင်း တိုင်းမှူးအဆက်ဆက်ရဲ့ အကြောင်းကို ပြောပြရရင် တိုင်းမှူး စီနီယာကြီး တဦးဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီး မျိုးညွန့်ဟာ အခြား တိုင်းမှူးတွေ ဇိမ်ကျနေချိန်မှာ သူ့ခမျာ နေ့ညမပြတ် ညကျောင်းလည်း တက်ရ၊ အစည်းအဝေး တွေလည်း လုပ်ရ၊ ဖွင့်ပွဲ အခမ်းအနားတွေ ဆိုလည်း စနေ၊ တနင်္ဂနွေ နေ့တွေမှာပဲ ရွေးလုပ်ကြတာမို့ အဲဒီလို ပိတ်ရက်တွေမှာ အတွင်းရေးမှူး (၁)၊ အတွင်းရေးမှူး (၂) တို့ရဲ့ နောက်ကို တကောက်ကောက် လိုက်ရနဲ့ မမောနိုင် မပန်းနိုင် ဆက်တိုက် လှုပ်ရှား ခဲ့ရပါတယ်။

ရာထူးတိုးမြှင့်ပေးပြန်တော့လည်း သူ့ခမျာ အများစု မကြိုက်တဲ့ သာသနာရေး ၀န်ကြီး နေရာကိုသာ အောင့်သက်သက်နဲ့ ရသွားရှာ ပါတယ်။ ဗိုလ်မျိုးညွန့် ညည်းတွားခဲ့ပုံက “ငါ့အနေအထားက တခြားဝန်ကြီးနဲ့ မတူဘူးကွာ။ သာသနာရေး ၀န်ကြီးမို့ ဘုန်းကြီးကျောင်းတွေ ၀င်ရင် ဖိနပ်ချွတ်၊ ဦးထုပ်ချွတ် နေရတယ် မချောင်ဘူး” လို့ ပြောတတ်ကြောင်း သိရှိရပါတယ်။ နောက်ဆုံးမှာ ဗိုလ်မျိုးညွန့်ဟာ ဦးနေ၀င်း မွေးနေ့ပွဲကို တက်ရောက်မိလို့ ဗိုလ်သန်းရွှေက ရွှေစိတ်တော်ညိုပြီး မြောင်းထဲပို့တာ ခံလိုက်ရပါတယ်။

ရန်ကုန်တိုင်း တိုင်းမှူး နောက်တယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ခင်မောင်သန်းကို ကျတော့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံးဝ မကြိုက်ဘူး၊ မကြည်ဘူး။ မကြည်မှန်း သိတော့ တိုင်းမှူးကတော် ဒေါ်မာလာတင့် အနေနဲ့ အဆင်ပြေအောင် အစွမ်းကုန် ဖားနေရတာပေါ့။ တိုင်းမှူးကတော် ဖားနေပုံကို ကြည့်ရတာ အတော် စိတ်ပျက်စရာ ကောင်းလှသလို သနားကရုဏာ ဖြစ်စရာလည်း ကောင်းလှပါတယ်။ ဗိုလ်ချုပ် ခင်မောင်သန်းနဲ့ ကြင်ယာတော် တို့ဟာ သင်္ကြန်ရက်တွေမှာ ဆိုရင် ဗိုလ်မောင်အေးရဲ့ အမျိုးအိမ်ဖြစ်တဲ့ ဘောင်ဒရီလမ်း၊ ၀င်ဒါမီယာမှာ ရှိတဲ့ သင်္ကြန်မဏ္ဍပ်ကို သွားရောက်ပြီး စံတင်လောက်အောင် ‘ဖား’ နေခဲ့ရပါတယ်။

တခါမှာတော့ ဇိမ်ခေါင်းတဦးဖြစ်တဲ့ ဦးတင်နွယ်က အလှူငွေပေးအပ်ပွဲ အခမ်းအနားကို အသုံးချပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူပိုင်တဲ့ ဟိုတယ်မှာ ချိတ်ဆွဲ ထားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဇိမ်ခေါင်း ဦးတင်နွယ်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က မကြည်မလင် ဖြစ်ပြီး ဖမ်းခိုင်းခဲ့တာကို သတိရကြဦးမယ် ထင်ပါတယ်။ အဲဒီမှာ သတင်းဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တဲ့ တာဝန်ရှိသူ ရန်ကုန်တိုင်း ဒု-တိုင်းရဲမင်းကြီး ရဲမှူးကြီး မြင့်အောင်ဆိုတာ ဗိုလ်ချုပ် ခင်မောင်သန်းနဲ့ အမျိုးတော်သူ ဖြစ်နေပါတယ်။ ဗိုလ်ချုပ်ခင်မောင်သန်း တယောက် အဲဒီဖြစ်စဉ်မှာ ကြားညှပ်ပြီး ကစထမှူး ဘ၀သို့ စံမြန်းခဲ့ရရှာပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို အုပ်ချုပ်ခွင့် မရတဲ့ ကစထမှူး ဘ၀နဲ့သာ (နတခ၊ တပခ၊ နပခ) တိုင်းသုံးတိုင်းကို ကိုင်တွယ် ရတဲ့ နေရာကို ရောက်သွားခဲ့ပါတယ်။

နောက်ထပ် ရကတ တိုင်းမှူးတဦးဖြစ်တဲ့ အိတ်ဆွဲ မြင့်ဆွေလို့ ခေါ်တဲ့ ဗိုလ်ချုပ်မြင့်ဆွေ တယောက်လည်း ရန်ကုန်က ရှစ်မိုင် - JUNCTION 8၊ မြေနီကုန်း - ဒဂုံစင်တာနဲ့ ပုဇွန်တောင် - ပလာဇာတွေမှာ ဗုံးကြီး သုံးလုံးကွဲခဲ့တဲ့ ပြဿနာကြောင့် ထောက်လှမ်းရေး (စရဖ) အကြီးအကဲ နေရာကနေ ဖယ်ပေးရပြီး ရကတ တိုင်းတတိုင်းတည်း ကိုသာ ကိုင်တွယ်ရတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ ကစထမှူးဆိုတာဟာ တပ်မဲ့ဗိုလ်သာဖြစ်ပြီး စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ် တို့လို နောက်လိုက်ဗိုလ်ပါ လက်အောက်ငယ်သား တပ်တွေနဲ့ တရားမ၀င် ၀င်ငွေတွေ သောက်သောက်လဲ ရရှိတဲ့ ရာထူးဌာနကြီး မဟုတ်လို့ ကစထမှူးတိုင်း လိုလို စိတ်ဓာတ် ကျရပါတယ်။ ထူးခြားတာက ရကတ တိုင်းမှူးဘ၀ဟာ နာမည်ကြီး ထမင်းငတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မဆလ စစ်အာဏာရှင် လက်ထက်က ရကတ တိုင်းမှူး တဦးဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အေးကိုသာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီး နောက်ပိုင်း ကျန်တိုင်းမှူးတွေဟာ အရေးပါတဲ့ ရာထူးနေရာတွေ ဖြစ်တဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စတဲ့ ရာထူး တွေကိုတောင် မရတော့တာ တွေ့ရပါတယ်။

ရကတတိုင်းမှူးဟာ လူထုအုံကြွမှု အရေးအခင်းတွေမှာ အာဏာကုန် လွှဲအပ်ခြင်း ခံရတဲ့ တိုင်းမှူး တယောက် ဖြစ်ခဲ့သလို အမျိုးသား ညီလာခံ ကဲ့သို့သော နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာလည်း ထိပ်တန်းက ပါဝင်ခဲ့ရပါတယ်။ ဒါ့အပြင် တပ်မတော် ကြည်း/ရေ/လေ ပူးပေါင်း စစ်ဆင်ရေး လိုမျိုး ထိပ်တန်း လျှို့ဝှက် အဆင့် လေ့ကျင့်ခန်းကြီး တွေကို နအဖ စစ်အာဏာရှင်တွေ တပြုံတမကြီး သွားရောက် ကြည့်ရှုချိန် ဆိုရင်လည်း နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရား အားလုံးကို ခေတ္တ ထိန်းချုပ်ခွင့် ရတဲ့ တိုင်းမှူးတဦး ဖြစ်ပါတယ်။

ဒါပေမယ့် ရကတတိုင်းထက် ငယ်တဲ့ နိမ့်တဲ့ နတခတိုင်းလို တိုင်းမှူးတချို့ ရာထူး တက်တဲ့အခါ စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ် ဖြစ်ကုန်ကြတာ တွေ့ရပါတယ်။ နတခ တိုင်းမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်တင်လှ၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ် သူရမြင့်အောင်တို့ဟာ စစ်ထောက်ချုပ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ စစ်ရေးချုပ်များ ဖြစ်ခဲ့ကြသလို ဗိုလ်ချုပ်ညွန့်တင် ဟာလည်း ၀န်ကြီး ရာထူးထဲမှာ ထိပ်ဆုံးက ဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီး အဖြစ် ရရှိသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။


ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု၊ သံဃာတော် တွေရဲ့  လှုပ်ရှားမှု၊ ရန်သူ ထိုးဖောက် ၀င်ရောက်မှု၊ UG မြေအောက် လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည် ပြင်ပမှာ ရှိခဲ့စဉ်က လှုပ်ရှားမှု စတဲ့ ထိပ်တန်း သတင်းတွေဟာ ရန်ကုန်တိုင်း အတွင်းမှာသာ Hot News ဖြစ်တတ် တာမို့ ရကတတိုင်းမှူး အနေနဲ့ အခြား တိုင်းမှူးတွေနဲ့ မတူဘဲ ရင်တထိတ်ထိတ်နဲ့ စားမ၀င် အိပ်မပျော်တဲ့ ဘ၀ကိုလည်း ဖြတ်သန်း ရတတ်ပါတယ်။

အင်းစိန် ကရင်နှစ်သစ်ကူးပွဲက ဖိတ်လို့ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် သွားရောက် ခဲ့တုန်းက ရကတ တိုင်းမှူး ကုန်းမြင့်သာ တိုင်းစစ်ဌာနချုပ် ရုံးမှာ မရှိတာမို့ ရကတ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သူရမြင့်မောင်ကို စော်ဘွားကြီး ကုန်းကို ချက်ချင်း စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လမ်းမှာ ကဗျာကယာ သွားရောက် တားဆီး ခိုင်းခဲ့ရတဲ့ ဒုက္ခကလည်း မသေးလှပါ။ နံနက်တိုင်း စစ်ဒေသတွေက သတင်းတွေ တင်တာ နောက်ကျရင် ဖြစ်စေ၊ သတင်းမစုံရင် ဖြစ်စေ စစ်ရုံး ညကျောင်းမှာ တိုင်းမှူးတယောက် အနေနဲ့ အထုအထောင်း ခံရတယ်လို့လည်း ကြားသိရပါတယ်။

တခါတလေ ညကျောင်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေက ဦးနှောက် ဖောက်စားတာ များရင် ညမိုးချုပ်လွန်ပြီး နံနက် အာရုံတက်ခါ နီးမှ ပြန်ရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရကတ တိုင်းမှူးဟာ လုပ်ဖော် ကိုင်ဖက်တွေကို Good morning လို့ နှုတ်ဆက်ပြီး စိတ်ပျက်လက်ပျက် ညည်းညူ ပြောဆို တတ်တယ်လို့လည်း ကြားရပါတယ်။ တဖန် ဗိုလ်သန်းရွှေက စစ်ရုံးကို အလံပြ ဘုရားလမ်းကနေ ရကတ စစ်ဌာနချုပ်ရုံး ဖြစ်တဲ့ (၈) မိုင် ကုန်းမြင့်သာ မရမ်းကုန်းကို ပြောင်းခိုင်း လိုက်လို့ ရကတ တိုင်းမှူးကြီးခမျာ သူ့ရဲ့ ရကတရုံးကို ကသုတ်ကရက် ပြောင်းရွှေ့ ပေးခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရဲ့ အဆင့်အတန်းဟာ စစ်အင်္ဂါစဉ် အရ ဖြစ်စေ၊ Power စဉ် အရ ဖြစ်စေ နအဖ တိုင်းမှူးများရဲ့ တန်းစီ ဇယားမှာ (နေပြည်တော်တိုင်းမှူး မပေါ်ခင်အထိ) ထိပ်ဆုံးက ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ နယ်ပယ်မှာတော့ ရကတ တိုင်းမှူးတွေဟာ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ကြုံတွေ့ကြရ သလို ၀န်ကြီးဌာန တွေက ဗိုလ်ချုပ်တွေ၊ စစ်ရုံးက ဗိုလ်ချုပ်တွေ၊ ကြံ့ဖွံ့ စွမ်းအားရှင် ၀န်ကြီးတွေနဲ့လည်း ပဋိပက္ခ သဘော ကွဲလွဲမှုတွေ ဖြစ်ပြီး အကြိတ်အနယ် ဖြေရှင်း ဆောင်ရွက် ရတာမျိုးတွေ ကြုံရတတ်ပါတယ်။

ဒါ့ကြောင့် ရကတတိုင်းမှူးရဲ့ တာဝန်ဟာ အခြားတိုင်းမှူးတွေ စစ်ပွဲတရာ ဆင်နွှဲနေရတယ် ဆိုတာထက် ပိုမိုခက်ခဲပြီး အတွေ့အကြုံ အထာ မသိရင် တော်ရုံတန်ရုံ အရည်အချင်းနဲ့ လုပ်ဖို့ မလွယ်ကူတာကို အရာရှိတိုင်း သိနေကြပါတယ်။ ဒါပေမယ့် လက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတွေရဲ့ စွမ်းဆောင်ချက်ကို စစ်အာဏာရှင် တွေက မြှောက်စားခြင်း၊ အသိအမှတ် ပြုခြင်း မရှိတဲ့အပြင် ဥပေက္ခာပြု ခံနေရတာကို ရကတ တိုင်းမှူးတွေသာ အသိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုချိန်မှာ ရန်ကုန်တိုင်း တိုင်းမှူးရဲ့ သဘောထားနဲ့ ရပ်တည်ချက် ပြတ်သားဖို့ လိုနေပြီ ဖြစ်ကြောင်း နောက်ဆောင်းပါးမှာ ဆက်လက် တင်ပြသွားပါမယ်။

Ref: ခေတ်ပြိုင်

Read More...

ကိုးကန့်တပ်ဖွဲ့နယ်မြေအတွင်း အခြေအနေရှုပ်ထွေး

ခိုင်လင်း / ၂၅ သြဂုတ် ၂၀၀၉

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၁)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုရေစီ မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် တပ်ဖွဲ့ နယ်မြေ အတွင်း ကိုးကန့် အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင် အပါအဝင် ခေါင်းဆောင် (၄) ဦးအား လားရှိုးမြို့၊ အမှတ်(၁) ရဲစခန်းက လက်နက်စက်ရုံ ကိစ္စဖြင့် စစ်ဆေး မေးမြန်ရန် ယခုလ (၂၂) ရက်က သမ္မန်စာ ပို့ပြီးနောက်ပိုင်း နယ်မြေအတွင်း အခြေအနေ ရှုပ်ထွေးကာ နအဖနှင့် စစ်ရေး တင်းမာမှု ပိုမို အရှိန်မြင့်လာသည်။

ယခုလ (၈) ရက်တွင် လောက်ကိုင်ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် လက်အောက်ခံ တပ်အချို့နှင့် ရဲတပ်ဖွဲ့ အင်အား (၇ဝ) ခန့်က လောက်ကိုင် အနီးရှိ ရန်လုံကျိုက် ကျေးရွာရှိ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်မှ ဂိုဒေါင်အား စစ်ဆေးရန် လာရောက်စဉ် လမ်းခုလတ်၌ ကိုးကန့် တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်လုနီးပါး ပြဿနာ ဖြစ်ပွားခဲ့သည်။ ထို့နောက်ပိုင်း လားရှိုး ရဲစခန်းက အဆိုပါ ဂိုဒေါင်အား လက်နက် စက်ရုံအဖြစ် စွပ်စွဲကာ ဆင့်စာ ပိုခဲ့သည်ဟု တရုတ်-မြန်မာ နယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ဖုန်ကျားရှင်တို့ကလည်း သူတို့ကိုဖမ်းမယ် ဆိုတာ သိလို့ မသွားဘူး။ အဲဒီ အပေါ်မှာ ပြီးခဲ့တဲ့ (၂၃) ရက် ညပိုင်းက ဖုန်ကျားရှင်ရဲ့ အိမ်ကို လောက်ကိုင်မှာ ရှိတဲ့ လုံထိန်းနဲ့ အရပ်ဝတ် လက်နက်ကိုင် အချို့က ဝင်ဖမ်းဖို့ လုပ်တယ်။ ဖုန်ကျားရှင် မတွေ့သွားဘူး။ မနေ့က မနက်ကတော့ ဖုန်ကျားရှင်နဲ့ သဘောထား ကွဲတဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ၊ ဝေရှောင်ယီ တို့က ပြည်သူ့ စစ်တွေနဲ့ ကိုးကန့် တပ်ဖွဲ့ကို ပြန်လည် ဖွဲ့စည်းမယ်။ ဒေသ တည်ငြိမ်ရေး အတွက် အစိုးရနဲ့ ဆွေးနွေးမယ်ဆိုပြီး နအဖ အကြိုက်ပေါ့ဗျာ လုပ်လာတယ်။ နေ့လယ်ပိုင်းတော့ ကိုးကန့် လက်နက်ကိုင် တပ်တွေ လောက်ကိုင်မြို့ထဲ ဝင်လာတော့ အဲဒီသူတွေ ထွက်ပြေးကုန်တယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်မှာ နအဖ တပ်စခန်း အနီးရှိ ၎င်း၏ နေအိမ်သို့ သွားရောက် နေထိုင်ကာ စစ်တပ်၏ အကာအကွယ်ကို ယူနေရသကဲ့သို့ ကျန် ခေါင်းဆောင်များလည်း လောက်ကိုင် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တွင် ဝင်ရောက် ခိုလှုံသွားပြီး လောက်ကိုင်မြို့၊ ကိုးကန့် ဌာနချုပ်တွင် ကိုးကန့် တပ်ဖွဲ့ဝင်များ တပ်စွဲနေရာ ယူထားသည်ဟု လောက်ကိုင်မြို့မှ လာသည့် သတင်းများအရ သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် ကွမ်းလုံဘက်မှ နအဖစစ်ကားများ ကိုးကန့်နယ်သို့ ချီတက် လာစဉ် ကိုးကန့် တပ်ဖွဲ့က ရှေ့ဆက် မတိုးရန် တားဆီး ထားသကဲ့သို့ လောက်ကိုင်မြို့တွင် ရှိနေသည့် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် လက်အောက်ခံ တပ်များနှင့် ကိုးကန့် တပ်ဖွဲ့များလည်း စစ်ရေး အသင့် ပြင်ထားကြသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “အခုက နှစ်ဖက်ပစ်ခတ်တဲ့အထိ မဖြစ်သေးဘူး။ တရုတ် ဘက်ကလည်း အောက်တိုဘာ (၁) ရက်နေ့ တရုတ်ပြည်သစ် ထူထောင်တဲ့နေ့၊ နှစ်ပတ်လည်နေ့ မတိုင်မီမှာ သူ့နယ်စပ်မှာ မတည်မငြိမ် ဖြစ်လာမှာကို မလိုလားဘူး။ (၈) ရက်နေ့တုန်းက ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရမခတိုင်းမှူးကို သတိပေးထားပြီးပြီ။ ဒါကြောင့်မို့ အဖွဲ့တွင်းမှာ ပြဿနာ မပေါ်ပေါ်အောင် သွေးခွဲ၊ အချင်းချင်း တိုက်ခိုင်းပြီး ကြားက ဝင်ထိန်းရတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်လာတာ” ဟု ပြောသည်။


Ref: ခေတ်ပြိုင်

Read More...

ကိုးကန့်ခေါင်းဆောင်ဖုန်ကျားရှင်အိမ်ကို စစ်အစိုးရတပ်များ ၀င်ရောက် စီးနင်း

ရန်ပိုင်
Tuesday, 25 August 2009 16:56

စစ်အစိုးရ တပ်များက ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင် ၏ အိမ်ကို ၀င်ရောက် စီးနင်း ရှာဖွေ သောကြောင့် ကိုးကန့် ဒေသတွင် စစ်ရေး တင်းမာမှုများ ထပ်မံ ဖြစ်ပေါ်လာသည် ဟု သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့ ညနေက အင်အား ၁၀၀ ကျော်ရှိ ရဲနှင့် လုံထိန်းများက ရုတ်တရက် ၀င်ရောက် စီးနင်းပြီး လက်နက်များ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

“တနင်္ဂနွေညနေက ဥက္ကဋ္ဌ ဖုန်ကျားရှင်အိမ်ကို လုံထိန်းအင်အား ၁၀၀ ကျော်နဲ့ ၀င်စီးတယ်၊ ဥက္ကဋ္ဌအိမ်မှာ လက်နက် စက်ရုံ ရှိတယ် ဆိုတဲ့ သံသယနဲ့ ရှာတယ်၊ ဘာမှ တွေ့မသွားဘူး” ဟု တရုတ် မြန်မာနယ်စပ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

ထိုသို့ ၀င်ရောက်စီးနင်းသည့် အချိန်တွင် ဦးဖုန်ကျားရှင်သည် နေအိမ်တွင် မရှိကြောင်း၊ ၎င်းအား လက်နက်အမှုနှင့် စွဲချက်တင်ထားပြီး လားရိုး တရားရုံးသို့ လာရောက် ဖြေရှင်းရန် ဆင့်ခေါ် ထားကြောင်း သိရသည်။

စစ်အစိုးရဘက်မှ စစ်ရေးအင်အား ဖြည့်တင်းမှုများကို ပြုလုပ်နေပြီး ယမန်နေ့က စစ်သား အင်အား ၁၀၀၀ ကျော်၊ ကားအစီး ပေါင်း ၆၉ စီးခန့်ဖြင့် ကိုးကန့် ဒေသသို့ ရောက်ရှိ လာခဲ့သည် ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ကိုးကန့် ခေါင်းဆောင်ပိုင်းတွင်လည်း သဘောထား ကွဲလွဲမှုများ ရှိနေပြီး ဦးဖုန်ကျားရှင်၏ အိမ်ကို စစ်အစိုးရတပ်များ ၀င်ရောက် စီးနင်းရာတွင် ခေါင်းဆောင်ပိုင်းမှ အကူအညီ ပေးခဲ့သည်ဟု သိရသည်။

“ပထမ ရဲတွေက အရပ်ဝတ်နဲ့ လာတယ်၊ ဗဟိုကော်မတီဝင် ပယ်စောက်ချိန် အိမ်မှာပဲ ယူနီဖောင်း လဲပြီးတော့ ဖုန်ကျားရှင် အိမ်ကို ၀င်စီးကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ယနေ့ နံနက်တွင် ကိုးကန့် MNNDA ဗဟိုကော်မတီ အစည်းအဝေး ခေါ်ရန် စစ်အစိုးရက ပြောဆို ထားသည်ဟု သိရသည်။

“စစ်အစိုးရက ကိုးကန့်ဗဟိုကော်မတီ အစည်းအဝေး ခေါ်ခိုင်းတယ်၊ ဥက္ကဋ္ဌတို့ အဖွဲ့ သွားသင့် မသွားသင့် ချိန်နေတယ်၊ သွားရင်လည်း အကျပ် ကိုင်ပြီးတော့ ဦးဖုန်ကျားရှင်ကို ဖမ်းနိုင်တယ်၊ မသွားရင်လည်း ဦးဖုန်ကျားရှင်ကို ဖယ်ပြီး ခေါင်းဆောင် အသစ် တင်နိုင်တယ်” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ယခုစီးနင်းမှုသည် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် အောင်သန်းထွဋ် ၏ အမိန့်အရ မဟုတ်ဘဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ဇော်ဝင်း၏ အမိန့်အရ ၀င်ရောက် စီးနင်းခြင်း ဖြစ်သည်ဟု သိရသည်။

စစ်အစိုးရသည် သြဂုတ်လ ၈ ရက်နေ့က ဦးဖုန်ကျားရှင်၏ နေအိမ်နှင့် ဂိုဒေါင်တွင် လက်နက်များ ရှိသည်ဟု ဆိုကာ စစ်အစိုး ရတပ်များက ၀င်ရောက် ရှာဖွေရန် ကြိုးစားခဲ့ပြီး ၂၂ ရက်နေ့တွင် လောက်ကိုင်ရှိ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်သို့ လက်နက်များ အပ်နှံ ခဲ့သော်လည်း နောက်တကြိမ် ထပ်မံ လာရောက် ရှာဖွေခြင်း ဖြစ်သည်။

နောက်ဆုံး အခြေအနေအရ ယနေ့နံနက်တွင် ပြုလုပ်သည့် ဗဟိုကော် မတီ အစည်းအဝေးတွင် ကိုးကန့် ဗဟို ကော်မတီကို စစ်အစိုးရ လိုလားသူများ ဖြစ်သော ပယ်စောက်ချိန်၊ ကျန်းတက်ဝံနှင့် လျူကော်ရှင်း ဦးဆောင်၍ အသစ်ပြန်လည် ဖွဲ့စည်း လိုက်ကြောင်း သိရပြီး ဖုန်ကျားရှင်နှင့် အဖွဲ့အား ၀ရမ်းပြေးများ အဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဖုန်ကျားရှင်နှင့် အဖွဲ့သည် တရုတ်မြန်မာ နယ်စပ်ဒေသ ဘက်သို့ ရှောင်ထွက် သွားကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

ဖုန်ကျားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။


Ref: ဧရာဝတီ

Read More...

Tuesday, August 25, 2009

THE COMPUTER PROGRAMMER

August, 25, 2009

A man was crossing a road one day when a frog called out to him and said, "If you kiss me, I'll turn into a beautiful princess." He bent over, picked up the frog, and put it in his pocket.

The frog spoke up again and said, "If you kiss me and turn me back into a beautiful princess, I will tell everyone how smart and brave you are and how you are my hero." The man took the frog out of his pocket, smiled at it, and returned it to his pocket.

The frog spoke up again and said, "If you kiss me and turn me back into a beautiful princess, I will be your loving companion for an entire week." The man took the frog out of his pocket, smiled at it, and returned it to his pocket.

The frog then cried out, "If you kiss me and turn me back into a princess, I'll stay with you for a year and do ANYTHING you want." Again the man took the frog out, smiled at it, and put it back into his pocket.

Finally, the frog asked, "What is the matter? I've told you I'm a beautiful princess, that I'll stay with you for a year and do anything you want. Why won't you kiss me?"

The man said, "Look, I'm a computer programmer. I don't have time for a girlfriend, but a talking frog is cool."

Read More...

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီသစ် မဟာမိတ် တပ်မတော် (ကိုးကန့်) အဖွဲ့က နအဖနဲ့ ဆက်ဆံရေး ယာယီ ရပ်ဆိုင်း ကြောင်း ထုတ်ပြန်ထား

သြဂုတ်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီသစ် မဟာမိတ် တပ်မတော်ခေါ် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ(၁)၊ ကိုးကန့် တပ်ဖွဲ့က အခုလ(၂ဝ)ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ပါရှိသည်။

အခုလ(၁၁)ရက်နေ့က ကိုးကန့်တပ်ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးအား လောက်ကိုင်ရှိ ဒေသဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ်တွင် ခေါ်ယူပြီး (၅) နာရီကြာ ဖမ်းဆီးထားသည့် အပေါ် ကန့်ကွက်သည့် အနေဖြင့် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ယာယီ ရပ်ဆဲလိုက်ကြောင်း ကိုးကန့် အဖွဲ့၏ အင်တာနက် ဝက်ဆိုက်တွင် ဖေါ်ပြ ထားသည်။

အခုလ(၈)ရက်နေ့က လောက်ကိုင် အခြေစိုက် စစ်တပ်နှင့်ရဲ တပ်ဖွဲ့ အင်အား (၇ဝ) ခန့်က ကိုးကန့် တပ်ဖွဲ့ ဥက္ကဌ ဖုန်ကျားရှင် နေအိမ်ရှိ ဂိုဒေါင်အား ရှာဖွှေရန် သွားရောက်စဉ် နှစ်ဖက်အကြား ပစ်ခတ်လုနီးပါး ပြဿနာ တက်ခဲ့သလို ဒေသခံလူထု တစ်သောင်းကျော် တရုတ်ပြည်ဘက် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ဖြေရှင်းရန် နောက်တနေ့တွင် ရောက်လာသော်လည်း ကိုးကန့် ဥက္ကဌအပါအဝင် ထိပ်တန်း ခေါင်းဆောင်များက တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယခုလ(၁)နေ့က လောက်ကိုင် ဒကစ ဌာနချုပ်သို့ သွားရောက် ခဲ့သည့် ကိုးကန့် တပ်ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးအား ထိန်းသိမ်း ထားခဲ့သည့် အတွက် ယခုလို ကိုးကန့်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ကာ မြန်မာ စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ထားခဲ့ပြီး အခုနှစ် ဧပြီ (၂၈) ရက်နေ့က စ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် နအဖ၏ ဖိအားပေး ခံနေရသည်။

Ref: သတင်းနှင့်မီဒီယာကွန်ယက်

Read More...

ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ

August 25, 2009

ဒုတိယ ရွှေဖြူ လို့ခေါ်တဲ့ ရော်ဘာပင် ဟာ စိုက်ဧကပေါင်း သုံးသိန်း ခြောက်သောင်းကျော် ရှိပြီး နှစ်စဉ် ရော်ဘာစေး တန်ချိန်ပေါင်း ၈သောင်းကျော် ထုတ်ယူနေတဲ့ မြန်မာ့ ထွက်ကုန် တမျိုးလည်း ဖြစ်ပါတယ်။ မိုးပိုမိုရတဲ့ အောက်ဖက် ကရင်ပြည်၊ မွန်ပြည်နယ်တွေ ဖက်မှာ ဆိုရင် အကြီးအကျယ် စိုက်ပျိုးကြပြီး ရော်ဘာဟာ မွန်ပြည်နယ်ရဲ့ ဒုတိယ စိုက်ပျိုးထုတ်ကုန် သီးနှံတစ်မျိုး ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒေသခံတွေဟာ နှစ်ပေါင်း ၄၀ ကျော်လောက် ရော်ဘာကို စိုက်ပျိုး လာခဲ့ကြသလို နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ် တွေလည်း အများကြီးပါ။ တွက်ခြေကိုက်လှတဲ့ နှစ်ရှည်ပင် တမျိုးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော် တပ်ရင်းတွေကို တနင်္သာရီ တိုင်းထဲမှာ တိုးချဲ့ နေရာ ချထားပေးတဲ့ အခါ သူတို့ သိမ်းယူ လိုက်ကြတဲ့ မြေယာတွေထဲက ရော်ဘာခြံတွေဟာ အကျိုးအမြတ် ရှိမှန်း စစ်တပ်က စပြီး သိသွားခဲ့ကြ ပါတော့တယ်။ ဒါကြောင့် နောက်ထပ် အကြောင်း အမျိုးမျိုးပြပြီး ရော်ဘာခြံ အတော်များများကို ဆက်ပြီး သိမ်းယူခဲ့ကြ ပါတယ်။ သိမ်းထားတဲ့ ရော်ဘာခြံတွေ ဆိုတာကလည်း ကိုယ်တိုင် ဘာတစ်ခုမှ လုပ်စရာ မလိုဘဲ အငှား ပြန်ချ ပေးလိုက်ရုံနဲ့ စစ်တပ်အတွက် အသားတင် ၀င်ငွေတွေ အလွယ်တကူ ရရှိနိုင်တဲ့ ကိစ္စပါ။

ပိုပြီးဆိုးဝါးတဲ့ အချက်တခုကတော့ ဒုတိယ ရွှေဖြူလို့ခေါ်တဲ့ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းကို ၂၀၀၀ ခုနှစ်မှာ နိုင်ငံတော်က ချမှတ်ပြီးတဲ့နောက် ကျန်မြေယာတွေပါ တပ်ရင်းတွေက သိမ်းယူခဲ့ခြင်းပါ။ အရင်က အသိမ်း မခံရသေးတဲ့ အခြား ရော်ဘာခြံရှင်တွေပါ အတော်ကြီးကို ဒုက္ခ ရောက်ကုန် ကြရပါတော့တယ်။ တနင်္သာရီ၊ ကရင်၊ မွန်ပြည်နယ် တွေသာမက ချင်းပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ မြန်မာပြည်က အခြား နေရာတွေမှာလည်း ရော်ဘာပင် စိုက်ပျိုးရေး အကြောင်းပြပြီး စစ်တပ်က မြေယာတွေ သိမ်းယူကြပါတော့တယ်။

ရခိုင်ပြည်နယ်က မေယုတောင်တန်းမှာ ရော်ဘာပင် ဧက တစ်သောင်း စိုက်ဖို့ ရခိုင်လူထုကို အဓမ္မ လုပ်အားပေး ခိုင်းတာမျိုးလည်း ရှိပါတယ်။ စစ်တပ်တွေအပြင် ဗိုလ်ချုပ်ခင်မောင်သန်းရဲ့ သမက်လို လူတွေကလည်း ငွေဆောင်ဖက်မှာ ရော်ဘာစိုက်ဖို့ အကြောင်းပြပြီး မြေဧက သုံးထောင်ကို သိမ်းယူခဲ့သလို၊၊ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေထဲက မက်စ် မြန်မာလို ကုမ္ပဏီမျိုးတွေကလည်း သထုံဖက်မှာ ဧက ၅၀၀၀ သိမ်းယူကြပါသတဲ့။ ဒီလိုနဲ့ ရော်ဘာ အတွက် အသိမ်းခံ လိုက်ကြရတဲ့ မြေတွေဟာ မြန်မာနိုင်ငံ တနံတလျား ပါပဲ၊၊ ရွှေတြိဂံဒေသလို ဒေသမှာတောင် ရော်ဘာကို ဘိန်းအစားထိုး ဆိုပြီး စိုက်ခိုင်းကြပါသေးတယ်။

လက်ရှိ ရော်ဘာစိုက်ပျိုးမြေတွေ အပြင် နောက်ထပ် ဧက တစ်သိန်းလည်း ထပ်တိုးချဲ့ဖို့ရာကို တပ်မတော် အစိုးရ ဆိုသူတွေက ရည်ရွယ် ထားကြပါသေးတယ်။ နောက်ဆုံး ၂၀၀၈ ခုနှစ် ထဲမှာ ရော်ဘာဈေးတွေ ပြုတ်ကျကုန်ပြီး ရွှေဖြူပင်တွေကို စိုက်ခဲ့ကြတဲ့ စစ်တပ်တွေတင် မက မူလ ရော်ဘာခြံရှင် ပြည်သူတွေ အားလုံး နစ်နာကုန်ကြပါတော့တယ်။ ရွှေဖြူစီမံကိန်း မအောင်မြင်တာကြောင့် တိုင်းပြည်လည်း နစ်နာသလို တပ်မတော် အတွက်လည်း အကျိုး မရှိ တပ်ရင်းက ရဲဘော်တွေလည်း အမြတ် မခံစားနိုင်ကြရ တော့ပါဘူး။
ထပ်ပြီး ပြောပြရဦးမှာကတော့ အနီးအနားက တခြားခြံတွေက ရော်ဘာပင် တွေကို နီးစပ်ရာ စစ်တပ်တွေက အခွန် ကောက်ယူကြတဲ့ အကြောင်းပါပဲ။ ရော်ဘာ တပင်စီတိုင်းကို အခွန်ငွေ ကျပ် ၁၀၀၀ စီ တောင်းပါသတဲ့။ တစ် ဧကအတွက် ကျသင့်ငွေ သိန်းဆယ်နဲ့ချီပြီး အခွန် ဆောင်ရတာမို့ ခြံရှင်တွေဖက်က ညှိနှိုင်းကြတဲ့ အခါ နောက်ဆုံးမှာ တစ်ပင်ကို ကျပ် ၈၀၀ ဒါမှမဟုတ် ကျပ် ၆၀၀ နှုန်း စီနဲ့ ပေးဆောင်ဖို့ အဆင်ပြေသွား ကြပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ထဲမှာ နေရာချထားပေးတဲ့ တပ်တွေအားလုံး အဲဒီအခွန်တွေကို ရရှိပြီး တပ်ရင်း ရန်ပုံငွေ အဖြစ် သုံးခဲ့ကြ တာကလည်း နှစ် ဆယ်နဲ့ချီ ကြာခဲ့ပါပြီ်။

တပ်ရင်းတိုင်း၊ စစ်ဌာနချုပ်တိုင်း လိုလို တပ်ပိုင် ရော်ဘာခြံတွေ ဧက ၁၀၀-၂၀၀ ထိ စိုက်ပျိုး၊ ဒါမှမဟုတ် လူထု ဆီကနေ သိမ်းယူပြီး ပိုင်ဆိုင်ထားနှင့်ခဲ့ ကြပါပြီ်။ နှစ်စဉ်လည်း ၁၀ ဧက လောက်ထပ်မံ တိုးချဲ့ စိုက်ပျိုးနေကြ ပါသေးတယ်၊ အရှေ့တောင်တိုင်း မွန်ပြည်နယ် ကမာဝက်မှာ အခြေချတဲ့ အမြောက်တပ်ရင်း (၃၁၈) ဆိုရင် တပ် ပတ်ဝန်းကျင် က ရော်ဘာခြံ ဧက ၁၀၀ လောက် သိမ်းထားသလို တခြား ခြံရှင်တွေ ဆီကလည်း တပင် ကျပ် ၅၀၀ နှုန်း အခွန်ထပ်တောင်း နေပါသေးတယ်။ ဧကပေါင်း ၂၀၀ ကျော် ရှိတာမို့လည်း ရမယ့် အခွန်ငွေကို တွက်သာ ကြည့်ပါတော့။ မနည်းလှတဲ့ ငွေပါပဲ။

ဒါပေမဲ့ အခု၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ တပ်ရင်းအသီးသီး သူတို့ စိုက်ပျိုးထားတဲ့ ရော်ဘာပင်တွေ ကနေ ရရှိတဲ့ အကျိုးအမြတ် တွေကို အထက်က တင်ပြ အစီရင်ခံ ခိုင်းလာတဲ့ အခါမှာတော့ အောက်ခြေ တပ်ရင်းတွေ က မိမိတို့ ရော်ဘာခြံ ဧကပေါင်း ၁၀၀-ကနေ ၂၀၀ ထိ စိုက်ပျိုး ထားကြပါကြောင်း၊ တချို့ကို တပ်ရင်း မိသားစုတွေက လုပ်ကိုင်တာ ဖြစ်ပြီး တပင်ချင်း အပေါ်မှာ ကျပ် ၃၀၀ စီ လောက်သာ အကျိုးအမြတ် ခံစားရပါကြောင်း လိမ်ညာပြီး တင်ပြကြပါတယ်။ အမှန်တကယ်တော့ လူထုဆီ က အလကား သိမ်းထားပြီး လူထုကို ပြန်အငှား ချတဲ့ ရော်ဘာခြံ တွေမှာ ရော်ဘာတပင်ကို အနည်းဆုံး ကျပ် ၆၀၀ တောင်းယူ နေကြတာပါ။ အထက်ကို ၃၀၀ နှုန်းနဲ့ ပြန်အစီရင်ခံ တင်ပြတာမို့၊ ရော်ဘာ တပင်တိုင်းမှာ ကျပ် ၃၀၀ စီ တပ်ရင်းအတွက် အသားတင် အမြတ် ရနေကြတာ ဖြစ်ပါတယ်။

တပ်ရင်းတရင်းကို ရော်ဘာဧက ၁၀၀ ကျော် ဆိုတော့ ရလိုက်မယ့်ငွေက သိန်းရာနဲ့ ချီပြီး ရှိပါတယ်။ ကဲ အဲဒီ ရလိုက်တဲ့ ရော်ဘာတပင် အမြတ်ငွေ ကျပ် ၃၀၀ နှုန်း တွေဆိုတာ အခုဘယ်မှာ ရှိပါသလဲ။ ရဲဘော်တွေ တကယ် အကျိုးခံစား ရမှာလား၊ စာရင်း တင်ပြထားခံရတဲ့ အိမ်ထောင်သည် တမိသားစု အမြတ်ငွေ ရော်ဘာတပင် ကျပ် ၃၀၀ ဆိုတာရော မိသားစုတွေ တကယ်သုံးခွင့် ရကြပါသလား။ လုပ်ပေးကိုင်ပေးကြရတဲ့ အောက်ခြေရဲဘော် တွေရော မိသားစုဝင်တွေပါ ဘယ်သူမှ ဒီကိစ္စတွေ အားလုံး စုံစမ်း မေးမြန်းနိုင်ခွင့် မရှိလို့ မသိကြပါဘူး။

သေချာတာကတော့ အထက်က ဦးပိုင်စာရင်းထဲကို မရောက်ရင်လည်း တပ်ရင်းမှူး လက်ထဲမှာ ထုံးစံအတိုင်း ပျောက်သွားတဲ့ ငွေတွေသာ ဖြစ်နေမယ့် အကြောင်းနဲ့ တကယ်မရကြတဲ့ ကျပ်သုံးရာ လို့ မွန်ပြည်နယ် ရဲဘော် မိသားစုတွေရဲ့ ပြောနေ ဆိုသံတွေကို ထပ်မံ ထုတ်ဖော် တင်ပြလိုက်ရပါတယ်။


Ref: ၀ိမုတ္တိ

Read More...

နအဖ လက်အောက်ခံ မရာ တပ်မတော်ဖွဲ့စည်း

ဇာနည်မာန်
Monday, 24 August 2009

ချင်းမျိုးနွယ်စုဝင် မရာ တိုင်းရင်းသားတို့၏ ဒေသတွင် စစ်အစိုးရ၏ လမ်းညွှန်မှု၊ စစ်မှုထမ်း ဟောင်းများ ပူးပေါင်း ဆောင်ရွက်မှု တို့ဖြင့် မရာ တပ်မတော် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယ - မြန်မာနယ်ခြားဒေသကို စောင့်ရှောက်ကာကွယ်ရန်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွင်း မငြိမ်မသက် ဖြစ်ပါက မြန်မာ စစ်တပ်နှင့် ပူးပေါင်း၍ ကူညီဖြေရှင်းရန် မရာ တပ်မတော်ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ၂ဝဝ၉ ဇွန် ၁၅ ရက်နေ့မှာ စစ်တပ်ကနေ အနားယူတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေက ပြည်သူ့ တပ်မတော် ဖွဲ့ပေးတာပါ” ဟု ဒေသခံ ချင်းတိုင်းရင်းသား တဦးက ဧရာဝတီသို့ ပြောသည်။

မရာ တိုင်းရင်းသားများသည် ချင်းပြည်နယ် မတူပီ၊ ပလက်ဝနှင့် ထန်တလန် မြို့နယ် တို့တွင် ပျံ့နှံ့ နေထိုင်ကြသူများ ဖြစ်ပြီး လူမျိုးစု တစုတည်း ဖြစ်ရေးနှင့် မရာ သီးခြားမြို့နယ် ထားရှိပေးရန် စစ်အစိုးရထံ တောင်းခံထားသည်။

“အဓိက သူတို့ဦးတည်တာကတော့ မြို့နယ်သုံးခုမှာ ကွဲနေတဲ့ မရာ လူမျိုးတွေကို တမြို့နယ် တည်းမှာ စုစည်းပြီး အုပ်ချုပ်ရေး တခုတည်း အောက်မှာ ထားဖို့ အတွက်ပေါ့။ ဒီအတွက် သူတို့က တောင်းဆိုပြီး အစိုးရကို ဒါတွေ ပြန်လုပ်ပေးတဲ့ သဘောပဲ။ သူတို့ ထုတ်ပြန်ချက် မှာလည်း အဲဒီလိုပဲ ရေးထားတယ်” ဟု ချင်းလက်နက်ကိုင် အဖွဲ့ ဖြစ်သော အိန္ဒိယ - မြန်မာနယ်စပ် အခြေစိုက် ချင်းအမျိုးသား တပ်ဦး (CNF) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးရာနှင်းက ပြောသည်။

ဆပေါင်းတည် နယ်မြေခံတပ်ရင်းမှ ဒုတပ်ရင်းမှူးက မရာ လူမျိုးစုများနှင့် သြဂုတ် လဆန်းပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြို့နယ် သီးခြား ထားရှိပေးရန် ကိစ္စကိုမူ ပြောဆိုခဲ့ခြင်း မရှိဘဲ လာမည့် စက်တင်ဘာတွင် ထပ်မံ တွေ့ဆုံရန် ချိန်းဆိုထားသည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီလိုလုပ်တာဟာ ကျနော်တို့ CNF ကို ဆန့်ကျင် တာပဲလား လို့တော့ တွေးစရာ ပေါ့လေ။ တိုင်းရင်းသား အချင်းချင်း ကြားထဲမှာ၊ ကျနော်တို့ မျိုးနွယ်စု အထဲမှာ ပြဿနာ ဖန်တီးချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ အရင်ကတည်းက သူတို့ ဒီလိုမျိုး ခွဲထွက်လာတာကို လက်မခံဘူး။ အချင်းချင်း ကြားမှာ သွေးထွက် သံယိုဖြစ်လာမှာကို လက်မခံဘူး” ဟု ဦးရာနှင်းက ပြောသည်။

လက်တလောတွင်မူ စစ်အစိုးရက အဆိုပါ မရာ တပ်မတော်ကို လက်နက်များ တပ်ဆင်ပေးခြင်း မရှိသေးဘဲ မရာ တပ်မတော် အဖြစ် ဖွဲ့စည်းခြင်းကို တွေ့ဆုံ လက်ခံသည့် အနေအထားသာ ရှိသေးသည်။

ယခင်အပတ်ကလည်း မတူပီ နယ်မြေခံတပ်ရင်း ၃၀၄ က ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ရွာ ၉ ရွာမှ အသက် ၁၈ နှစ်အထက် ချင်းတိုင်းရင်းသား လူငယ်များကို စစ်သင်တန်း တက်ရောက်ရန် စာရင်းများ ကောက်ယူခဲ့သေးသည်။

ထို့အတူ ချင်း ပြည်နယ်မြို့တော် ဟားခါးတွင်လည်း စစ်မှုထမ်းဟောင်း အဖွဲ့ ညီလာခံကို ကျင်းပခဲ့ပြီး ပြည်နယ်တွင်း တိုင်းရင်းသား များကို စည်းရုံး ထိန်းချုပ်နိုင်ရေးနှင့် စစ်သင်တန်း ပေးရန် ကိစ္စများကို ဆွေးနွေး ကြသည်ဟု ဒေသခံများက ပြောသည်။

“စည်းရုံးရေးကတော့ နအဖအနေနဲ့က သူ့မူအတိုင်း လုပ်မှာပဲလေ။ အပစ်ခတ်ရပ် အဖွဲ့တွေ အနေနဲ့ သတိထား ဖို့ကတော့ အခု နအဖရဲ့ ဖွဲ့စည်းပုံ၊ နောက် လာမယ့် ရွေးကောက်ပွဲ ဆိုတာက တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် အခွင့်လမ်း နည်းတယ်။ ကိုယ်က တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းရင်း ကိုလည်း မမေ့ထားဖို့ လိုတယ်” ဟု ဦးရာနှင်းက ဆိုသည်။

CNF အနေနှင့်မူ စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ကန့်ကွက်သည်ဟု ဆိုသည်။

သူကဆက်လက်၍ “ကျနော်တို့ CNF ကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်တယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက် ကန့်ကွက် ကန့်ကွက် နအဖကတော့ သူ့ အစီအစဉ်နဲ့ သူ လုပ်မှာပဲ။ ၀င်ချင်တဲ့ ပြည်သူတွေကိုလည်း မတားပါဘူး။ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ကတော့ ဒီမိုကရေစီ အပြောင်းအလဲကို တကယ်လုပ်ချင်တဲ့၊ လုပ်နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်သင့်တယ်” ဟုပြောသွားသည်။

Ref: ဧရာဝတီ

Read More...

Monday, August 24, 2009

လေတပ်မှ ခွက်ပျောက် စစ်ဗိုလ်များနဲ့ အနာဂါတ် တပ်မတော်

Sunday, 23 August 2009
ဝေဟင် (ပြည်တွင်းရှိ တပ်မတော် (လေ) မှ အရာရှိ တစ်ဦး)


ယခင်ဆောင်းပါးများတွင် လေတပ်အတွင်းတွင် အရာရှိအချင်းချင်း ခွဲခြားဆက်ဆံ ခံရမှုနှင့် လမ်းစ ပျောက်နေသော လေတပ်မှ ဘ၀များအကြောင်းကို တင်ပြခဲ့ပါသည်။

၂၉-၅-၂၀၀၉ ရက်နေ့က ထပ်မံထုတ်ပြန်လိုက်သော ကက (လေ)နှင့် ကက(ထူး) တို့ရဲ့ ရာထူး တိုးမြှင့်မှု အမိန့် ပြန်တမ်းတွင် လေတပ်သို့ အမြောက်အမြား ခေါ်ယူထားခဲ့သော ၂၀၀၀ ခုနှစ် စစ်တက္ကသိုလ် ကျောင်းဆင်း DSA - 41 နှင့် DSA – 42 မှ လေသူရဲ အရာရှိ (၂၀၀) ခန့်ကို ဗိုလ်မှူး အဆင့်သို့ တိုးမြှင့် ပေးလိုက်ပြန်ရာ လေတပ် အတွင်းမှ ဗိုလ်ကြီး အဆင့်မှာပင် အဆင့် တိုးပေး မခံရပဲ ကျိတ်မှိတ် နေကြရသောသူများ၊ ဗိုလ်မှူး အဆင့်မှာပင် ရပ်တန့်နေသော သူများနှင့် အဆင့်တိုးပေးရန် ထည့်သွင်း စဉ်းစားခြင်း မခံရသော သူများ၏ မကျေနပ်သော အသံများ ဆူညံစွာ ထွက်ပေါ် လာခဲ့ပါသည်။

လေတပ်မှာ ပိုင်းလော့အုပ်စု၊ မြေပြင်အုပ်စု ဆိုပြီး ရှိရာ ပိုင်းလော့ အုပ်စုကိုသာ နေရာပေးရာ မကျေနပ်ချက် များလည်း ရှိနေကြပါသည်။ ပိုင်းလော့ အုပ်စုမှာပင် MI - 2 နှင့် MI – 17 ရုရှား ရဟတ်ယာဉ်များ အတွက် ရဟတ်ယာဉ်မောင်း ပိုင်းလော့အုပ်စု ၊ G – 4 ၊ PC 6-7 လေယာဉ်မောင်း ပိုင်းလော့ အုပ်စု၊ F – 7 တိုက်လေယာဉ်မောင်း ပိုင်းလော့အုပ်စုတို့ အချင်းချင်းပင် အခွင့်အရေး ရပုံချင်း မညီမမျှ ရှိနေရာမှ နောက်ဆုံး ရုရှားမှ MIG- 29 ခေတ်မှီ ဂျက် တိုက်လေယာဉ်များ ပေါ်ပေါက် လာပြန်သောကြောင့် အဆိုပါ ဂျက်တိုက် လေယာဉ်များသို့ တက်ခွင့်ရတဲ့ ပိုင်းလော့များ အတွက် အထူးအခွင့်အရေး ရရှိခဲ့ပြန် သဖြင့် မကျေနပ်မှုများ ပိုမို ကြီးထွားလျက် ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ် မြတ်ဟိန်း ကတော့ တင်ပြချက် မှန်သမျှအား မျက်ကွယ်ပြုကာ သူလုပ်ချင်ရာ လုပ်နေဆဲသာ ဖြစ်ပါသည်။

အထူးသဖြင့် လေတပ်ထဲတွင် အရာရှိ အဆင့်တိုးပေးမှုနှင့် ပတ်သက်၍ မမျှတမှု များရှိနေသည့် ဖြစ်ရပ်များစွာ ရှိနေသော်လည်း တိုင်ကြားရန် ခက်ခဲလှပါသည်။ တပ်မတော် ထုံးစံအရ အဆင့်ဆင့် တိုင်ကြားမှု လုပ်ရန် ညွန်ကြား ထားသော်လည်း ထိထိ ရောက်ရောက် ဖြေရှင်းပေးခြင်း မရှိဘဲ အမုန်းသာ အဖတ်တင်ကာ နှိပ်ကွပ် ခံရပါသည်။ ဒါမှမဟုတ် အဆင့်ကျော်ကာ ထိပ်ဆုံးက အကြီးအကဲထံ တိုက်ရိုက် တိုင်ကြားခဲ့ပါကလည်း အရေးယူ ခံရမည့်အပြင် လူကြီးငြိုငြင်ကာ အာဃာတတရားနှင့် ထုထောင်းခံရမည် စိုးသည်က တကြောင်း တို့ကြောင့် သာမန် အရာရှိများအတွက် မကျေနပ်ချက်ကို ဖေါ်ထုတ်ရန် ခက်ခဲ လှပါသည်။

လေတပ်တွင် စက်မှုလက်မှုဌာနခွဲ၌ အရာရှိ ၄၀၀ ခန့်ရှိပြီး ၃၀၀ ခန့်မှာ တပ်မတော် နည်းပညာ တက္ကသိုလ် DSTA ကျောင်းဆင်း အရာရှိ များပင် ဖြစ်ပါသည်။ ကျန် ၁၀၀ ခန့်အနက် အရာရှိ ၃၀ ခန့်မှာ ခွက်ပျောက်နေသော Senior အရာရှိများ ဖြစ်ကြပါသည်။ ရေတပ် တွင်လည်း ထိုသို့သော ပြဿနာများ ရှိပါသည်။ ရေတပ်မှာ သင်္ဘောတက် အုပ်စုနှင့် မြေပြင်အုပ်စု အခွင့်အရေး ရမှု ကွဲပြားခြားနားမှု ရှိရာ ထုထည် ကြီးမားသော ယာဉ်ဖြစ်သည့် အားလျော်စွာ သဘောင်္နှင့် ဆက်စပ်သော ပညာသည် အုပ်စု မြောက်မြားစွာ ရှိသဖြင့် ပိုမိုရှုပ်ထွေးကာ ခွဲခြား ဆက်ဆံ ခံနေရပါသည်။

သာမန် အရာရှိများသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးက ဖြစ်ပေါ်လာမည့် အပြောင်းအလဲ၌ တပ်မတော် အတွက် ကောင်းမွန်သော ခေါင်းဆောင်မှုနှင့် မျှော်လင့်ချက်များ အတွက် အကောင်းမြင်စွာ စောင့်မျှော် နေကြပါသည်။ ကိုယ်တိုင် စစ်ဗိုလ်ချုပ်များ၏ ဖိနှိပ်မှု၊ ထင်ရာ စိုင်းမှုများကို ခံစား နေကြရ သူများဖြစ်ရာ ယနေ့ ပြည်သူတို့၏ ဘ၀ကို နားလည် စာနာနိုင်သူများ အဖြစ်လည်း တွေ့ခဲ့ရပါသည်။ မူဝါဒ အမျိုးမျိုး ပြောင်းလဲမှု၏ သားကောင် ဖြစ်ခဲ့ရသော ခွက်ပျောက် စစ်ဗိုလ်များကလည်း အသက်ကန့်သတ်ဖြင့် အရပ်ဘက်သို့ အပြောင်း ခံရသည်ထက် တပ်မတော်သား ပီသစွာ အဆင့်ဆင့်သော တပ်တွင်း ရာထူးကိုသာ လက်ခံ ထမ်းဆောင်ချင် ကြပါသည်။

နိုင်ငံတကာရှိ တပ်မတော်များသည် ဂျက်တိုက်လေယာဉ် တစ်စင်း စက် ချို့ယွင်း၍ လေထဲတွင် ပြဿနာ ဖြစ်နေချိန်၌ ငွေကြေးနှင့် အချိန် ကြီးမားစွာ မြုပ်နှံ လေ့ကျင့် ထားရသည့် လူကိုသာ တန်ဖိုးထားကာ ပိုင်းလော့အား အရေးပေါ် ထိုင်ခုံ ခလုပ်ကို နှိပ်ခိုင်းပြီး အဆိုပါ လေယာဉ်ပေါ်မှ လေထီးနှင့် ခုန်ထွက် ခိုင်းစေပါသည်။ မြန်မာ့ တပ်မတော်မှာမူ လူထက် လေယာဉ်ကို တန်ဖိုးထားသဖြင့် အသက်စွန့် သွားရသည့် ပိုင်းလော့များစွာ ရှိရာ အရာရှိတိုင်း လိုလို နှမြောတသ ဖြစ်လျက် ရှိနေကြပါသည်။

ပို၍ ဆိုးဝါးသည်မှာ ဗိုလ်ချုပ်ချင်း အတူတူ ကြည်းတပ်က ဗိုလ်ချုပ်များသာ ထိပ်ပိုင်း နေရာများ၌ တန်းစီ ပိတ်ကာ နေရာ ယူထားကြပြီး သမိုင်းကြောင်း တလျှောက် ကြည်းတပ် ဗိုလ်ချုပ်များက လေတပ် ဗိုလ်ချုပ်များကို သီးခြား လူတန်းစားနှင့် ပညာသည် လူတန်းစား အမြင်မျိုးသာ သဘောထား ကြပါသည်။ လေတပ် ဗိုလ်ချုပ်ကို ဖွဲ့စည်းပုံ အရသာ ထားရှိပြီး လုပ်ပိုင်ခွင့် ဘာမျှမပေးသည့် သဘော တွေ့နေရပါသည်။

ထိုသို့ဆိုလျှင် တပ်မတော်အတွင်းရှိ ထိုထိုသော ညီနောင်များ အတွက် တခုခုတော့ လုပ်ပေးသင့် ပါသည်။ လက်ရှိ အချိန်တွင်တော့ ပြည်သူများ သိစေရန် စာမျက်နှာပေါ် တင်ပေးရုံမျှသာ တတ်နိုင် ပါသေးသည်။ ထိုထက်ပို၍ တတ်နိုင်သော ညီနောင်များကလည်း နည်းလမ်းပြသ ကူညီ ပေးလိုက်ကြပါ။ ညီညွတ်ခြင်းသည် အင်အားဖြစ်ပါသည်။

Ref: ဖိုးတရုတ်

Read More...

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉

ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင် ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည် နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံ တခေါင်းကြီး သယ်လာခဲ့တယ်လို့ ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့ မျက်မှောက်ကာလ နိုင်ငံရေးကို ယက်တောလွန်/ ဝက်ဘ်လွန် နိုင်ငံရေး လို့တောင် နာမည်ပေးရင် ရမလားပါပဲ။ အပေါ်ယံ ကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်က လာတဲ့ ယက်တောလည်း အမေရိကန်ကို ပြန်သွား၊ အိမ်ချုပ်ထဲက ဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အိမ်ချုပ်ထဲ ပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက် သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ ခရီးစဉ်မှာ ဝက်ဘ်နဲ့ နအဖတို့ပဲ အမြတ် ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ် ရသွားပါတယ်။ အမေရိကန် နိုင်ငံသား တယောက်ကို လူဆိုးတွေ လက်က ကယ်တင်နိုင်သူ သူရဲကောင်း ဖြစ်သွားပါတယ်။ သူ့ရှေ့ တက်လမ်း အတွက် အမှတ် တော်တော်ရသွားတယ် လို့တောင် တချို့က ပြောပါတယ်။ နောက်ပြီး နအဖ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့် ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါး ရိပ်ခြေ အသိပေး နေရတာတွေနဲ့ စာရင် အများကြီး ပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစ တစ ရသွားပါတယ်။ သူများက ယုံတာ မယုံတာ အပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေ ဖြစ်ပါတယ်လို့ ပြသခွင့် ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့် ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့ လုပ်တာဆိုရင် ပိုတောင် အောင်မြင်သေး တယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေး အပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်တယ် ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော် ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလို စဉ်းစား တွေးတောစရာတွေ ဖြစ်လာရတဲ့ အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့ လူက သာမန်လူ မဟုတ်ဘဲ အမေရိကန် နိုင်ငံက ဆီနိတ်တာ အမတ် တယောက် ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေ လွှမ်းမိုး နေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီး ထိန်ချန်ထား၊ နအဖ ဘက်ကလည်း အများကြီး ထိန်ချန်ထားတာမို့ တကယ့် အခြေအနေကို မှန်းဆရတာဟာ အလွန် ခက်ပါတယ်။ စောလည်း စောလွန်း နေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေး အကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာ ရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုး သက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်း များလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ ကိစ္စတခုက ဝက်ဘ်ရဲ့ ခရီးစဉ်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဆီကို တွန်းပို့ရာ ကျမကျ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထား အမျိုးမျိုးနဲ့ ပြောကြသူတွေ ပါပါတယ်။ တချို့ကလည်း အဲဒီလို ဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာ တခုအတွက် အကြောင်းပြစရာ ရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေ ကတော့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကို တခွန်းမှ မဟကြောင်း အသေအချာ ထောက်ပြဖို့ လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးက ပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည် မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိက ပြဿနာဟာ နအဖရဲ့သဘောထား ဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖ စစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖ ဗိုလ်ချုပ်တွေကို အာဏာ ခွဲဝေယူချင်အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်က နားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြား နိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီ အရေးတော်ပုံဟာ ဒါလောက် ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင် နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့ သမိုင်းမှာ စံချိန် တင်လောက်တဲ့ အာဏာ မက်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့ အာဏာနဲ့ အသေ တွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့ မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက် ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေး တဥ ပြလိုက်ရုံနဲ့ ဟပ်တပ် ဆွဲလာမယ်လို့ ထင်ရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ နအဖနဲ့ ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည် ပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန် အစိုးရကို အချက်ပြတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာ ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါဘူး။ ဗမာပြည်သူတွေ အပေါ်မှာ ပြတ်သားမြဲ ပြတ်သားတယ်၊ အာခံဝံ့ရင် ခံကြည့်လို့ ပြောတာပဲ ဖြစ်ပါတယ်။

သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ်မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ထောက်ပြ ချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်က ပြောလွန်းတာနဲ့ တရုတ် ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာက တိတ်တဆိတ် လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေး ထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှ အကြောင်းမပြဘဲ အကုန် ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ် ဆိုတာ တွက်ထားသင့်ပါတယ်။

ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်း အမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက် စလုံးဟာ အဲဒီ ဦးတည်ချက် ဆီကို တက်လှမ်း နေကြတာ ဆိုတာ တကမ္ဘာလုံး အသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွား အပေါ်ကနေ တယောက်ကို တယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ချည့်ပါ။ ဒါကို အပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်က သူတို့နောက်ကို မျောမပါဖို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။

နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို ဖြစ်မလာ နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ယက်တော ရောက်လာတယ် ဆိုတာထက် ပိုဆိုး ကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီ အရေးတော်ပုံ တပ်သားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှ တပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့ လိုပါတယ်။ နအဖ တကယ် ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ် ဆိုတဲ့ အချက်ကို မျက်ခြည်ပြတ်ခံလို့ မဖြစ်ပါဘူး။

တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ သူတို့ရဲ့ အာဏာကို လက်လွှတ်ရေး ဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြား လူတွေကို ဖြစ်စေ လွတ်လွတ် လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက် လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းက ပြောသလို မုန့်သာ တဖဲ့စီ ဝေစားရင် စားမယ်၊ တိုင်းပြည် အာဏာကိုတော့ ဝေမစားဘူး ဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲက မူဝါဒပါ။

Ref: ခေတ်ပြိုင်

Read More...

‘နံပါတ်ဝမ်း’ သန်းရွှေရဲ့ (ကိုယ်ရေးအကျဉ်း)

နေ့သစ်မီဒီယာ
Friday, August 21, 2009

ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ် ဆိုတာကို စစ်အုပ်စုတိုင်းက သိတယ်။ ကြေးစား စစ်ဗိုလ်ရဲ့ဗီဇ စိတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ “အိမ်စောင့်” ရတုန်းက အမေရိကန်၊ အစ္စရေးလ်ကို ကပ်တယ်။ မဆလ စစ်အုပ်စုက တအိမ်လုံး သိမ်းမိတော့ ကမ္ဘာ့ဗိုလ်ကြီး (၂) ဗိုလ်ကို ကပ် တယ်။ နောက်တော့ အမွေခံ ‘နဝတ’ က တရုတ်နဲ့ အာဆီယံ၊ အိန္ဒိယကို ကပ်တယ်။ အခုတော့ နအဖ က တရုတ်၊ အာဆီယံ၊ အိန္ဒိယ အပြင် အမေရိကန်ကိုပါ ကပ်ဖို့ လမ်းစ ရသွားပြီ။

ဂြိုဟ်ကောင် ‘ဂျွန်ယက်တော’ ကို အမေရိကန် လွှတ်တော်အမတ်က အထူး စစ်လေယာဉ်နဲ့ ခေါ်ပြီး ပြန်သွားနိုင်ခဲ့ပြီ။ သန်းရွှေကို ‘အ’ တယ် မထင်ပါနဲ့။ အောက်ခြေကနေ အခုအမြင့်ဆုံး နံပါတ်ဝမ်း အထိ တက်လာ နိုင်တာဟာ ဘယ်အချိန်မှာ ဘယ်သူ့ ကပ်ရမယ် ဆိုတာ သိလို့၊ အကင်းပါးလို့ပဲ။

၁၉၅ဝ နှစ်ပိုင်းတွေက မြောက်ပိုင်းတိုင်းမှာ ဆိုရှယ်လစ် စစ်ဗိုလ်ကြီး တွေ စုမိပြီး ဗကပ ချေမှုန်းရေး ထိုးစစ်ကြီးတွေ ဆင်တုန်းက သန်းရွှေက အဲဒီတုန်းက တန်ခိုး ထွားနေတဲ့ မြန်အောင် သခင် ချစ်မောင်ကို ကပ်မိတယ်။ မြန်အောင်သခင်ချစ်မောင် ရေးတဲ့ “နိုင်ငံရေး သံဝေဂ စာတမ်း’ (သူ့စာအုပ် နာမည်တော့ မေ့နေပြီ) အဲဒီစာတမ်း မှာ အထက် ဗမာပြည် ထိုးစစ်ကြီးအတွင်း စိတ်ဓာတ် စစ်ဆင်ရေး ဋ္ဌာနရဲ့ အာဏာပိုင်အဖြစ် ပါဝင်နေရတုန်းက နာမည်ပျက်ရုံ အရက် သောက်တဲ့ အကျင့် ရကြောင်း ရေးဖူးတယ်။ အဲဒီကာလက သန်းရွှေက ဗိုလ်ပေါက်စပဲ။ မြန်အောင်သခင်ချစ်မောင်ကို အထူးပြူစုတဲ့ စားပွဲထိုးအလုပ် တက်တက်ကြွကြွ လုပ်ခဲ့တယ်။ ချစ်မောင် မျက်စိ ကျသွားတယ်။ နောက်တော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရောက်သွားတယ်။ ကွန်မြူနစ်ပျက် ပါရီပြန် ကိုချစ်လှိုင် (အခု ကိုကိုမောင်ကြီး) က အလားအလာ ကောင်းတဲ့သူ အဖြစ် သန်းရွှေကို မွေးမြူတယ်။ အဲဒီကတည်းက သန်းရွှေဟာ တက်လမ်းချည်းပဲ တွေ့ရ တော့တယ်။

နောက်ဆုံးနေဝင်းက အာဏာ အမွေလွှဲတော့ နံပါတ်တူး အဖြစ်နဲ့ အာဏာပိုင် တယောက် ဖြစ်လာတာပဲ။ တဦးတည်း အာဏာပိုင်တော့ မဟုတ်သေးဘူး။

ဗိုလ်စောမောင်က နိုင်ငံရေးအကွက် မမြင်ဘူး။ ရိုးတယ်။ အတယ်။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အာဏာ လွှဲပေးဖို့ လုပ်တဲ့ ရွေးကောက်ပွဲလို့ ထင်ခဲ့ပြီး စကားတွေ အလွန်အကျွံ ပြောမိတယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား မပြန်ရဘဲ သူပဲ အရူးဖြစ်ကာ ဇာတ်သိမ်း ရတယ်။

ဗိုလ်စောမောင် မရှိတော့ သန်းရွှေဟာ နံပါတ်ဝမ်း (နာမည်ခံသာ) ဖြစ်နေတာပဲ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်နဲ့ ပူးတွဲအာဏာ ကျင့်သုံး နေရတာ ဖြစ်တယ်။ နေဝင်းကိစ္စ ပေါ်တော့ ဗိုလ်ခင်ညွန့် အာဏာ ကျစပြုတယ်။ ဒဘယင်း (ဒီပဲယင်း) ပြီးမှပဲ ဗိုလ်ခင်ညွန့်ကို ဖယ်ပစ်နိုင် တာပဲ။ ဗိုလ်ခင်ညွန့်ကို စွဲတဲ့ အမှုက ကြီးတယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားတုန်းကလို လုပ်လို့ မဖြစ်ဘူး။ ဒါကြောင့် ထောင်နှစ်ရှည် ချတယ်။ ပြီးမှ ဆိုင်းငံ့ပေးတယ်။ ဆိုင်းငံ့တာရဲ့ အကြောင်းကတော့ ‘စစ်အုပ်စု ဝံသာနုစိတ်’ ကြောင့်ပါ။ (တလောက ဗြုတ်စဗျင်းတောင်း တယောက်က ဗိုလ်ခင်ညွန့်ကို သန်းရွှေရဲ့ မွေးစားသားလို့ ပြောတာ ကြားလိုက်ရတယ်။ စစ်အုပ်စု ထိပ်သီးတွေရဲ့ ကိုယ်ရေးအကြောင်း မသိဘဲ သန်းရွှေကို (ဖား) ချင်လွန်း အားကြီးပြီး ပြောလိုက်ပုံရတယ်။ နေဝင်းရဲ့ မွေးစားသားဆိုရင် ဟုတ်သလိုလို ရှိဦးမယ်။)

သန်းရွှေ နံပါတ်ဝမ်း စစ်စစ်ဖြစ်တာ ဒဘယင်း (ဒီပဲယင်း) အပြီး ဗိုလ်ခင်ညွန့်ကို့ ဖြုတ်ပြီးမှ ဖြစ်တာပါ။

ဓနုပုံပြင်တခု ရှိတယ်။ စပါးကြီးမြွေမှာ သူဋ္ဌေးကွက်ဆိုတဲ့ အကွက် တကွက်ရှိတယ်။ အကွက်တွေ ထောင်သောင်းထဲမှာ တကွက်ပဲ ပါတာတဲ့။ ပြီးတော့ အဲဒီအကွက်က ပုံမှန်မရှိဘူး။ အမြဲ စက္ကန့်နဲ့ အမျှ ပြောင်းနေတာဆိုပဲ။

အဲဒီသူဋ္ဌေးကွက်ကို ပထမဆုံး တုတ်ချက်နဲ့ ရိုက်မိရင် ဒီရေအလား စည်းစိမ်တိုးပြီး သူဋ္ဌေး ဖြစ်တာပဲတဲ့။

သန်းရွှေလည်း မြန်အောင်ချစ်မောင်ကို ကပ်မိတာဟာ သူဋ္ဌေးကွက်ကို ရိုက်မိတာပဲ ဖြစ်လိမ့်မယ်။

သန်းရွှေဟာ အခု အမေရိကန်ကိုကပ်ဖို့ လမ်းစ ရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ချုပ် - ဂြိုဟ်ကောင်က ကျော့ကျော့မော့မော့ အိမ်ပြန်သွားပြီ။ အမေရိကားမှာ သူက တစုံတရာ ထင်ပေါ် ကျော်ကြားသူ ဖြစ်ဦးတော့မယ်။ ‘ဗမာပြည်အရေး ကျွမ်းကျင်သူ’ နိုင်ငံခြားသား နောက်ထပ် တယောက် တိုးပြန်ဦးမယ်။

ဘန်ကီမွန်းလာတုန်းက ‘ဒေါ်စု’ နဲ့တွေ့ခွင့် မပေးဘူး၊ ဂျင်ဝက်ဘ်ကိုတော့ တွေ့ခွင့်ပေးတယ်။ ဘာ့ကြောင့်လဲ။

(၁) ဘန်ကီမွန်းက ကုလသမဂ္ဂ (UN) (S/G) အတွင်းရေးမှူးချုပ် အနေနဲ့ လာတာပဲ။ UN မှာက ကြီး ‘၅’ ကြီးက အခရာပဲ။ ကြီး ‘၂’ ကြီးကို နအဖ က ကပ်ထားမိတယ်။ UN မှာ ကာကွယ် ပေးမယ့်သူ ရှိပြီးဖြစ်တယ်။ ဒါကြောင့် UN ရဲ့ S/G ကို ဒေါ်စုနဲ့တွေ့ဖို့ ခွင့်မပြုနိုင်ဘူးလို့ ပြောဝံ့တယ်။ ပြောနိုင်တယ်။ ပြီးတော့ နအဖ ထိပ်သီးတွင်းမှာ ဒေါ်စုအမှုနဲ့ ပတ်သက်ပြီး သဘောထား ညှိရဆဲ ကာလလည်း ဖြစ်နေတယ်။ အဆုံးအဖြတ် မကျသေးဘူး။ ဒါကြောင့် တရားရုံးရဲ့ကိစ္စထဲ ဝင်မစွက် ချင်လို့ အကြောင်းပြပြီး ငြင်းလို့ရတယ်။

ဂျင်ဝက်ဘ်ကတော့ အမေရိကားက လာတာပဲ။ အထက် လွှတ်တော် အမတ်လည်း ဖြစ်တယ်။ သမ္မတ အိုဘားမားနဲ့လည်း တပါတီတည်း ဖြစ်ပြီး ရင်းနှီးတယ်။ ဒေါ်စုကလည်း အမှုပြီးလို့ အိမ်ချုပ် အဖြစ် အိမ်ပြန်ရောက်နေပြီ။ ထောင်ထဲ သွားတွေ့ ရမှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ သန်းရွှေက တွေ့ပေးဖို့ စီစဉ်လိုက်တာပဲ။ အခု အရေးအကြီးဆုံး အဖြစ်က (နအဖဝင် အားလုံး သဘောညီညွတ် နေတာက) အမေရိကန်နဲ့ ရင်ကြား စေ့ရေးပဲ။ ဒေါ်ကလင်တန်ကလည်း လေသံ ပစ်ထားတာ ရှိတယ်။

နောက် ဗိုလ်ခင်ညွန့် ရှိတုန်းကလို အမေရိကန်အရာရှိက စီစဉ်ပေးတဲ့ သူတချို့လို ဗမာပြည်ထဲ ခိုးကြောင် ခိုးဝှက်လာတာ မဟုတ်ဘူး။ ဝက်ဘ်ကိုယ်တိုင် လော ကနေ အထူးလေယာဉ် စီးပြီး နေပြည်တော်ကို တိုက်ရိုက် ဝင်လာတာပဲ။

သန်းရွှေက ပါးပါတယ်။ ဒါအခွင့်ကောင်းပဲဆိုတာ သူသိတယ်။ တရုတ်က အမေရိကန်နဲ့ ရင်ကြား စေ့ချင်တုန်း ကလို ‘ပင်ပေါင် ဒီပလိုမေစီ’ မျိုး လုပ်နေစရာ မလိုဘူး။ အထက်လွှတ်တော် အမတ် ကိုယ်တိုင် လာနေပြီပဲ။ ဒီအခွင့်ကောင်းကို သန်းရွှေ ကောင်းကောင်း အသုံးချလိုက်တာပဲ။

(၂) ဒေါ်စုကို ဝက်ဘ် ဘာသွားပြောသလဲ မသိပါဘူး။ ဖြစ်နိုင်တာ ပြောရရင် သန်းရွှေက ‘စကားပါး’ လိုက်တာကို ပြောပုံရတယ်။ NLD ရွေးကောက်ပွဲ သပိတ်မမှောက်သင့်ကြောင်း၊ ‘ရွှေဂုံတိုင်’ ကို အသေ ကိုင်ထားရင် လမ်းပိတ်နေမှာ ဖြစ်ကြောင်း၊ ပြည်သူ ၉ဝ% ရာခိုင်နှုန်းက အတည်ပြု ပေးထားတဲ့ ‘၂ဝဝ၈ အခြေခံဥပဒေ’ ကို ပြန်လည် သုံးသပ် ပြင်ဆင်တာ (နအဖ) က လုပ်မှာ မဟုတ်ကြောင်း စတာတွေ ပြောတာလည်း ဖြစ်နိုင်တာပဲ။ တနာရီလောက် ကြာတဲ့ စကားဝိုင်းမှာ ပြောတာတွေ များမှာပါ။

ဝက်ဘ်က မောင်စူးစမ်းလိုတော့ နိုင်ငံရေးဆိုတာတို့၊ စပေ့စ်တို့၊ ဘာတို့ သွယ်ဝိုက် ပြောနေမှာ မဟုတ်ပါဘူး။ မောင်စူးစမ်းကတော့ ဒဲ့ဒိုး (တဲ့တိုး) မပြောဝံ့ဘူး။ ရွေးကောက်ပွဲ သပိတ် မမှောက်နဲ့၊ နေရာ ပျောက်သွားမယ်လို့ ပြောချင်တာကို စကားလုံး ကြီးကြီး ကျယ်ကျယ် သုံးပြီး ပြောတာမျိုးတော့ ပြောမှာ မဟုတ်ဘူး။ အမေရိကန်ပုံစံ ဟောဟောဒိုင်းဒိုင်း ပြောမှာပဲ။ ဒေါ်စုကလည်း အကင်း ပါးပြီးသားပါ။ အမေရိကန် လွှတ်တော်နဲ့ အမေရိကန် သမ္မတ ဘယ်လို စခန်းသွားသလဲ ဆိုတာ သိပါတယ်။ ဘာပြောသလဲ ဆိုတာတော့ အချိန်ကျရင် ဒေါ်စု ပြောပါလိမ့်မယ်။

(၃) ဂျင်ဝက်ဘ်က ဘယ်တော့ ရွေးကောက်ပွဲဝင်ရမလဲ ဆိုတာ မသိပါ။ ဒီလောက်လည်း အရေးမကြီးလို့ Google မှာ မရှာတော့ပါဘူး။ သေချာတာက သူ့အနေနဲ့ အမှတ်တိုးသွားပြီ ဆိုတာပါပဲ။ အလုပ်ကြမ်းနဲ့ ထောင် ‘၇’ နှစ် ချခံထားရတဲ့ ဂြိုဟ်ကောင်ကို လွတ်အောင် လုပ်ပေးနိုင်လို့ ကျော်ကြား ထင်ရှားသူ ဖြစ်မှာပါ။ သမ္မတဟောင်း ကလင်တန်ရဲ့ နာမည်ကောင်း မျိုးတော့ ဝက်ဘ်ရမှာပါ။

Ref: နေ့သစ်မီဒီယာ

Read More...

အပေါ်သို့