..............................

Saturday, May 22, 2010

ဗကသ ခေါင်းဆောင်ကို ထောင်ဒဏ် ၅ နှစ်ထပ်တိုး

မြင့်မောင်
သောကြာနေ့၊ မေလ ၂၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ကိုကျော်ကိုကိုအား ကျောက်တံတားမြို့နယ် တရားရုံးက နောက်တိုး ၂ မှုဖြင့် ယနေ့တွင် ၅ နှစ် ပြစ်ဒဏ် ချလိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ပြစ်ဒဏ်မှာ ၈ နှစ် ရှိသွားပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံးတွင် ယနေ့မွန်းလွဲက ပြုလုပ်သော တရားခွင်တွင် တရားသူကြီး ဦးစောဝင်းက စီးပွားရေး တက္ကသိုလ် ဂုဏ်ထူးတန်းကျောင်းသား ကိုကျော်ကိုကိုအား တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ပုဒ်မ ၆ ဖြင့် ၃ နှစ်၊ နိုင်ငံတော် ဆူပူစေအောင် လှုံ့ဆော်စည်းရုံးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂ နှစ်တို့ဖြင့် တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

အသက် ၂၇ နှစ်အရွယ် ကျောင်းသားခေါင်းဆောင်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဗီဒီယိုအက်ဥပဒေ ၃၂ (ခ) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင် အကျဉ်းချခံနေရသည်။

“၂၀၀၇ စက်တင်ဘာ ၂၅ ရက်နေ့က ရွှေဝါရောင် တော်လှန်ရေးမှာ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမကြားမှာ ပန်းခြံရှေ့မှာ မိန့်ခွန်း ပြောတဲ့အတွက်၊ မိန့်ခွန်းပြောတဲ့ နေရာမှာ ဗကသ အဖွဲ့ချုပ် ခေါင်းဆောင် ကျော်ကိုကိုလို့ ပြောတဲ့အတွက်ကြောင့် ကျောက်တံတား မြို့နယ် တရားသူကြီးရုံးက အသင်းအဖွဲ့ပုဒ်မနဲ့ တရားစွဲပါတယ်။ ဒုတိယ မြို့နယ် တရားသူကြီးရုံးက လူတွေကို ဆူပူလှုံ့ဆော်တဲ့ ၅၀၅ (ခ) နဲ့ စွဲပြီး ၂ နှစ် ပြစ်ဒဏ်ချတာပါ’’ ဟု ကျော်ကိုကို၏ ဖခင်ဖြစ်သူ ဦးကျော်အေးက မဇ္ဈိမကို ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ၁၉၃၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ခွဲ၍ ဖျက်ဆီးခဲ့ပြီးနောက် မြေအောက် အဖွဲ့အစည်းအဖြစ် လှုပ်ရှားကာ ဆက်လက် ထိန်းသိမ်းခဲ့ကြသည်။

မိသားစုဝင်များသည် တရားခွင်အတွင်း ဝင်ရောက်ခွင့် မရရှိသော်လည်း တရားရုံး တံခါးပေါက် အနီးတွင် မတ်တပ်ရပ်ကာ စီရင်ချက်ကို နားထောင်ခွင့် ရရှိခဲ့သည်။

“ကျနော့်သားက ပြန်ပြီးတော့ ချေပပါတယ်။ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိတယ်။ ကျောင်းသား ဖြစ်တဲ့အတွက် ကျောင်းသား သမဂ္ဂလို့ ပြောတာဖြစ်ပါတယ်။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ၁၉၃၆ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးရာဇတ်တို့က ဖွဲ့စည်းခဲ့တာ၊ လုံးဝ ပျက်ပြယ်ခြင်းလည်း မရှိပါဘူး။ မတရားအသင်း ကြေညာထားခြင်းလည်း မရှိပါဘူး။ အဲဒီအတွက် သူ့မှာ ပြစ်ဒဏ် မရှိပါဘူးတဲ့’’ ဟု ကြည့်မြင်တိုင် အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာ တဦးဖြစ်သော ဦးကျော်အေးက ပြောသည်။

“ကျောင်းသားတွေအနေနဲ့ ဘုန်းတော်ကြီးတွေက မေတ္တာပို့ လမ်းလျှောက်နေတဲ့အချိန်မှာ ကျန်တဲ့လူတွေကို လမ်းလျှောက်ဖို့ ပြောတာပါ။ အဲဒီလို ပြောတဲ့အချိန်မှာ ဘယ်သူမှ ကြောက်လန့် သွားတာလည်း မရှိပါဘူး။ ဆူဆူပူပူလည်း မရှိပါဘူး ဆိုတဲ့ အတွက် သူ့မှာ အပြစ် မရှိပါဘူးတဲ့’’ ဟု သူက ဆက်ပြောသည်။

ကိုကျော်ကိုကိုအမှုအတွက် ရှေ့နေ ၂ ဦးက လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်ဆန္ဒ ပြပွဲများတွင် ဗကသ ပြန်လည်ဖွဲ့စည်းခဲ့ရာ ကိုကျော်ကိုကို ပါဝင် ဦးဆောင်ခဲ့ပြီး၊ တိမ်းရှောင်နေရင်း ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်မည်ဟု သျှမ်းတော်လှန်ရေး နေ့၌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

Friday, 21 May 2010 21:07

မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိ ပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့ တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက် ထောက်ခံ အားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲ ပြောဆိုခြင်း ဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီး ကလဲ သူမကို လက်ခံတယ်။ ပင်လုံ အကြောင်းသူမ ပြန်ပြောင်း ပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသား မပါရင် မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများ အပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့် သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူ မေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကို အကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက် ထိပါး လာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေး မြတ်နိုး တန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင် တော်လှန်ရေး စတင်ကာ သျှမ်းပြည်တော်လှန်ရေး သမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Friday, May 21, 2010

ကချင်ပါတီများ ပါတီတည်ထောင်ခွင့်ပင် မရသေး

လင်းနိုင်ဦး
၂၀ မေလ ၂၀၁၀

နိုင်ငံရေးပါတီသစ်များအဖြစ် ပါတီတည်ထောင်လိုသော ပါတီအားလုံးနီးပါး ခန့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ခွင့် ပြုလိုက်သော်လည်း ကချင်ပါတီ (၃) ခု ကို ယနေ့အချိန်အထိ တည်ထောင်ခွင့် မပြုသေးသည့်အပေါ် စိတ်ပျက်မိကြောင်း ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီမှ ကချင်ခေါင်းဆောင်တဦးက “ကျနော်တို့ပါတီဟာ ဧပြီ (၅) ရက်နေ့ ကတည်းက နေပြည်တော် သွားပြီး ပါတီ တည်ထောင်လိုကြောင်း လျောက်လွှာ သွားတင်ခဲ့တယ်။ ခု (၁) လခွဲ ကျော်လာတဲ့အထိ ပထမဦးဆုံး အဆင့်ဖြစ်တဲ့ ပါတီ တည်ထောင်ခွင့်တောင် မရသေးဘူး။ စာရင်းတွေကို ကြည့်လိုက်တော့ မေလ (၁၁) ရက်နေ့ထိ ပါတီသစ် စုစုပေါင်း (၃၁) ပါတီ တည်ထောင်ခွင့် သွားလျှောက် ထားခဲ့ကြတယ်။ အဲဒီထဲက (၂၈) ပါတီကို တည်ထောင်ခွင့် ပြုလိုက်ပြီး ကျနော်တို့ အပါအဝင် ကချင် (၃) ပါတီကိုတော့ ပါတီ တည်ထောင်ခွင့် ဒီနေ့ထက်ထိ ခွင့်မပြုသေးဘူး။ အံ့သြစရာ ကောင်းသလို စိတ်ပျက်စရာလည်း ကောင်းတယ်” ဟု ပြောသည်။

အဆိုပါ ကချင် (၃) ပါတီမှာ ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ ယခင် အန်ဒီအေ အဖွဲ့မှာ တာဝန်ယူခဲ့ပြီး အဖွဲ့ အစည်းအတွင်း ပြဿနာကြောင့် သာမန် ပြည်သူဘဝဖြင့် မြစ်ကြီးနားမြို့တွင် နေထိုင်နေသည့် ဦးလယောက်ဇယ်လွန်း၊ ဦးဇုံးယိမ်း ဦးဆောင်သည့် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ဦးဇော်တန် အပါအဝင် ကချင်အတိုင်ပင်ခံ ကောင်စီတွင် ပါဝင်ခဲ့ဖူးသူများ တည်ထောင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေး ပါတီတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်ပါတီများ မှတ်ပုံတင်မကျသေးသည့်ကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့မှ ကချင် ခေါင်းဆောင် တဦးက “တိုင်းရင်းသားတွေကို ဒီမိုကရေစီ ဘောင်ထဲက အခွင့်အရေး မပေးရင် အခြားသော နည်းနာတွေဘက်ကို ရောက်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်။ အခုကိစ္စ ပါတီ တည်ထောင်ခွင့်ပြုတဲ့ အဆင့်ပဲ ရှိသေးပြီး တရားဝင်ပါတီ ဖြစ်ဖို့ အခြားအဆင့်များစွာ ကျန်နေသေးတယ်” ဟု ပြောသည်။

ထိုကချင်ပါတီ (၃) ခုအနေဖြင့် ပထမဦးဆုံးအဆင့် ပါတီတည်ထောင်ခွင့် မရသေးသဖြင့် မည်သည့် လှုပ်ရှားမှုမှ မလုပ်နိုင်သေးဘဲ စည်းရုံးရေး လုပ်ငန်းများ ရပ်ထားရချိန်၌ တစည ပါတီနှင့် ကြံ့ဖွံ့ပါတီတို့မှာမူ အစည်းအဝေးများ ပြောင်ပြောင်တင်းတင်း လုပ်ပြီး လူထုကို စည်းရုံး မဲဆွယ်နေကြပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

အဆိုပါ ပါတီများသည် ပထမဦးဆုံးအဆင့် ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး ခွင့်ပြုချက် ရရှိပါက တလအတွင်း ပါတီခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင် နှစ်ဦး နေပြည်တော်သွား၍ ပါတီကို မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထား ရမည်ဖြစ်သည်။

ယင်းလျှောက်ထားချက်ကို စိစစ်ရန် လိုအပ်ပါက ပါတီမှ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံခြင်း၊ အထောက်အထား စာရွက်စာတမ်း တောင်းခံခြင်းများ ပြုလုပ်ပြီးမှ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြု၊ မပြု ဆုံးဖြတ်မည်ဖြစ်သည်။

မှတ်ပုံတင် ခွင့်ပြုချက် ရရှိသည့်ပါတီသည် ပါတီအမျိုးအစားအလိုက် (၃) လအတွင်း ပါတီဝင် (၅ဝဝ) သို့မဟုတ် (၁,ဝဝဝ) စည်းရုံးရမည် ဖြစ်ပြီး၊ ပါတီဝင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဖြစ်ကာ ပါတီဝင်စာရင်း တင်ပြပြီးမှသာ ပါတီ အနေဖြင့် တရားဝင်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြထားသည်။

မေ (၁၈) ရက်ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၃၈) ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၁၈) ပါတီအနက် (၅) ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း၊ ကျန်လျှောက်ထားသည့် ပါတီများကို ဆက်လက် စိစစ်လျက်ရှိကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြသည်။

Ref: ခေတ်ပြိုင်

Read More...

တာချီလိတ်မြို့နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ မိုင်းလားတပ်ဖွဲ့ မပါ

Thursday, 20 May 2010 20:48

မေ ၁၈ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၌ နအဖ အဆင့်မြင့်အရာရှိများ ဦးစီးကျင်းပသည့် နယ်ခြား စောင့်တပ် အသွင် ပြောင်းခြင်း အခမ်းအနားသို့ မိုင်းလားတပ်ဖွဲ့ ပါဝင် ပတ်သက်ခြင်းမရှိဟု မိုင်းလား ဌာနချုပ်အရာရှိ တဦးက ပြောပါသည်။

“ကျနော်တို့ တပ်ဖွဲ့ အနေနဲ့ အသွင်ပြောင်းဖို့ အစီအစဉ်မရှိဘူး၊ ကျနော်တို့ တောင်းဆိုတဲ့ အချက် ၆ ချက် ကိုလဲ နအဖက လျစ်လျှူ ရှုထားတယ်။ သူတို့ဘက်က အလျှော့မပေးတော့ ဧပြီ ၃၀ ရက်နေ့ ကျိုင်းတုံ စရဖမှူး ဖိတ်ခေါ်တာတောင် သွားမတွေ့ဘူး၊ အဲကတည်းက အသွင်ပြောင်းရေး အကြောင်း တခွန်းတပါဒမှ ဟမလာတော့ဘူး” - ဟု အဆိုပါ အမည် မဖေါ်လိုသည့် မိုင်းလားဌာနချုပ် အဆင့်မြင့် အရာရှိက ပြောပါသည်။

မေ ၁၉ ရက် ထုတ် နအဖ၀ါဒဖြန့် မြန်မာ့အလင်း သတင်းစာတွင် သျှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်ခြားစောင့်တပ် ဖွင့်လှစ်ခြင်း အခမ်းအနား တာချီလိတ်၌ ကျင်းပကြောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ဦးစီးပြီး အခမ်းအနား ဖွင့်လှစ်ကြောင်း၊ တြိဂံတိုင်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးလည်း တက်ရောက်ကြောင်း - ဖေါ်ပြထားသည်။

သို့သော် မည်သည့်အဖွဲ့က နယ်ခြားစောင့် တပ်ရင်းအမှတ် (ဘယ်လောက်)သို့ ပြောင်းလဲ ဖွဲ့စည်းလိုက်သည် ဟူသည့် အချက်ကိုမူ ဖေါ်ပြထားခြင်း မရှိပေ။ အဆိုပါ သတင်းနှင့် ပတ်သက်၍ မြန်မာ့အလင်း သတင်းစာကို ကိုးကားပြီး တရုတ် နိုင်ငံအခြေစိုက် peopledaily ၀က်ပ်ဆိုက် (အင်္ဂလိပ်စာမျက်နှာ) က ‘အထူးဒေသ ၄ မိုင်း လားတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းလိုက်ကြောင်း’ ၁၉ ရက်နေ့ထုတ် အင်တာနက်သတင်း http://english.peopledaily.com.cn/90001/90777/ 90851/ 6990850.html တွင် ဖေါ်ပြထားသည်။ ၎င်းင်းနှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့က ဤကဲ့သို့ ငြင်းဆိုခြင်း ဖြစ်သည်။

“အခုနယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တာက တာချီလိတ်မြို့နယ်အတွင်း ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့လေးတွေ ဖြစ်တဲ့ ဟောင်လိတ်၊ မိုင်းဖုန်းအုပ်စု၊ မိုင်းကိုး၊ ဖန်မင်၊ နားယောင်း(၀်)၊ ရန်ကုန်ရွာ၊ ရန်ကင်း၊ ရန်ရှင်းရွာက ဒေသခံပြည် သူ့စ်တွေပါ။ သူတို့ အထဲက အင်အား အများဆုံးကတော့ နားယောဝ်း အုပ်စုက လားဟူ ပြည်သူ့စစ် တပ်ဖွဲ့ပေါ့၊ သူတို့တွေကို စုပေါင်းခိုင်းပြီး နယ်ခြားစောင့် တပ်ရင်း အမှတ် ၁၀၀၉ အဖြစ် ဖွဲ့စည်းခိုင်းတာ ဖြစ်ပါတယ်” - ဟု နားယောဝ်း ကျေးရွာ အုပ်စုမှ ရွာသားတဦးက ပြောပြပါသည်။

နအဖ ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ် တပ်ရင်းများမှာ အပစ်ရပ် NDA-K တပ်ရင်း ၁၀၀၁ ၊ ၁၀၀၂ ၊ ၁၀၀၃ ၊ အပစ်ရပ် KNPLF တပ်ရင်း ၁၀၀၄ ၊ ၁၀၀၅ ၊ ပိုင်ဆုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့က ၁၀၀၆၊ မိုင်းတုံမြို့နယ် အတွင်းရှိ လားဟူ ပြည်သူ့စစ်များအား စုပေါင်း၍ နယ်ခြားစောင့် တပ်ရင်းအမှတ် ၁၀၀၇ ၊ မိုင်းယု လားဟူ ပြည်သူ့စစ်အား ၁၀၀၈ နှင့် ယခု တာချီလိတ် မြို့နယ်၌ ဖွဲ့စည်းလိုက်သော ပြည်သူ့စစ် တပ်ဖွဲ့မှာ နယ်ခြားစောင့် တပ်ရင်း အမှတ် ၁၀၀၉ ဟူ၍ဖြစ်၏။ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင်အခမ်းအနားဖြင့် စစ်ယူနီဖေါင်း/ ရာထူး/တံဆိပ် တို့ကို အပ်နှင်းပေးခဲ့သည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အကြိမ် ၂၀ ထက်မနည်းတွေ့ဆုံ ဖိအားပေးခံရသည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA ၊ မြန်မာနိုင်ငံတွင် ဗမာ့ တပ်မတော်ပြီးလျှင် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ NDAA-ESS တို့မှာမူ အသွင်ပြောင်းခြင်း လက်မခံဘဲ တင်းခံထားဆဲ ဖြစ်သည်။

သို့သော် အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်းနှင့် ဒု ဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ တို့မှာ နအဖ ၏ ဌာနေပြည်သူ့စစ် အဖြစ် အသွင်ပြောင်းရေး လက်ခံထားပြီး ဖြစ်သော်လည်း ၎င်းတို့ တပ်ဖွဲ့အတွင်း အင်အား ထက်ဝက်ကျော် ရှိသည့် တပ်မဟာ ၁ ကမူ အသွင်ပြောင်းရေး လုံးဝ လက်မခံ၊ နအဖ မှ ကျူးကျော်တိုက် ခိုက်လာပါက အခြား အင်အားကြီး အပစ်ရပ် တပ်ဖွဲ့များနှင့် လက်တွဲ ခုခံရန် သဘောတူညီမှု ရယူထားသည့် တပ်ဖွဲ့ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လိုင်လာ ဆိုင်ကလုံးမုန်တိုင်း စစ်တွေသို့ ဝင်ရောက်ဖွယ်ရှိ

ကျော်ခ
ကြာသပတေးနေ့၊ မေလ ၂၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော် တောင်းပိုင်းမှ စခဲ့သည့် လိုင်လာ ‘Laila’ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်ထပ် ၃ ရက် အကြာတွင် မြန်မာနိုင်ငံ စစ်တွေမြို့ဘက်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် က ပြောသည်။

ယင်းမုန်တိုင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ကမ်းရိုးတမ်းတလျောက်ရှိ ကုန်းပိုင်းဒေသတွင် ၁ နာရီ လျင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး နောက်ထပ် ၇၂ နာရီအကြာတွင် စစ်တွေမြို့ဘက်သို့ ဦးတည် ဝင်ရောက်ဖွယ်ရှိသည်ဟု ဆိုသည်။

“ကျနော်တို့တွက်လိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် မြောက်အစွန်းဘက်ကို ဝင်နိုင်တာပေါ့နော်။ ကုန်းပိုင်းအတိုင်း တောက်လျောက် သွားမယ် ဆိုရင်တော့ မုန်တိုင်းက အားပျော့သွားနိုင်ပါတယ်။ မိုးသဲသဲထန်ထန် ရွာလောက်ရုံပဲ ဖြစ်မှာပါ။ ရေထဲကနေ ဖြတ်ပြီး ဝင်မယ် ဆိုဆိုရင်တော့ ပြန်ပြီး အားပြင်း သွားနိုင်ပါတယ်” ဟု ဦးထွန်းလွင်က မဇ္ဈိမ ကို ပြောသည်။

မုန်တိုင်းသည် လတ်တလော အိန္ဒိယနိုင်ငံကုန်းပိုင်းဒေသများတွင် ၁ နာရီလျင်မိုင် ၁၄ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ် နေသော်လည်း ရခိုင်ပြည်နယ်သို့ ဝင်ရန် နောက် ၃ ရက်ကြာဦးမည် ဖြစ်သဖြင့် တိုက်နှုန်းအား အတိအကျကို ကြိုတင်ပြောဆိုနိုင်ခြင်း မရှိသေးဟု သူက ပြောသည်။

“အိန္ဒိယကုန်းပိုင်းဒေသတွေကို ဝင်နေပါတယ်။ တော်တော်လေး ပြင်းတယ်လို့ သိရပါတယ်။ အမှန်ကတော့ မိုးတွင်းကာလမှာ အနောက်မြောက်ကို ဆက်သွားရမှာပါ။ အခု မုတ်သုန်က မဝင်သေးတော့ အဲဒီအနောက် မြောက်ဘက်ကို သွားလို့မရတော့ဘူးပေါ့။ အဲဒီတော့ ဒီဘက်ကို ကွေ့လာတာပေါ့” ဟု သူကပြောသည်။

ယင်း လိုင်လာ ဆိုင်ကလုန်းသည် ယခုလ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်တောင်ပိုင်း လေဖိအားနည်း ရပ်ဝန်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရက်နေ့တွင် မုန်းတိုင်းငယ်အဖြစ်သို့ အင်းအားကြီးထွားလာခဲ့ကာ “လိုင်လာ” ဟု အမည် တပ် နိုင်လောက်သည့် အားကောင်းသော အဝါရောင်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

စင်္ကာပူအခြေစိုက် ရေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာတင်ထွန်းမြင့်ကမူ မုန်တိုင်းသည် အိန္ဒိယနိုင်ငံမှ တဆင့် ဘင်္ဂလားဒေရှ့်နယ်စပ်နှင့် ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း စိုးရိမ်ဖွယ်ရာအဆင့်တွင် ရှိတော့မည် မဟုတ်ဟု သုံးသပ်သည်။

“မြန်မာနိုင်ငံဘက်ကို လည်သွားမယ်ဆိုရင် အဲဒီအချိန်ကျလို့ရှိရင် ရေမိုင်က တနာရီကို ၂၅ မိုင်ကနေ ၃ဝ အကြားပဲ ရှိတော့မယ်။ စိုးရိမ်စရာအဆင့် မရှိတော့ပါဘူး။ သူ လိုချင်တဲ့ ရေငွေ့ မရတော့တဲ့အတွက် ကုန်းပိုင်းဒေသမှာတင် ပျော့ကျသွားပါလိမ့်မယ်” ဟု ဒေါက်တာတင်ထွန်းမြင့်က ပြောသည်။

“မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်” များ ပါဝင်သည့် ယနေ့ထုတ် သတင်းစာ၌မူ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ Laila သည် အားကောင်းသည့်အဆင့် ရောက်နေသော်လည်း မြန်မာနိုင်ငံသို့ ဝင်မည် မဟုတ်ဟု ဖော်ပြထားသည်။

မုန်တိုင်း၏ “အမြင့်ဆုံး လေတိုက်နှုန်း” မှာ တနာရီ ၇၅ မိုင်ခန့် ရှိသည်ဟုလည်း ဆိုထားသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးပြီး လေပြင်း တိုက်စဉ် “ရေပြင်မြေပြင်” လေသည် တနာရီ မိုင် ၄ဝ အထိရှိမည်ဟု ရေးသားထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအမည် "Laila" သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခု မုန်တိုင်းပြီး နောက်တကြိမ် မုန်တိုင်းဖြစ်လျင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော "Bandu" ဟု သတ်မှတ်မှာဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်စု အိမ်အမှု နှစ်ဖက်ရှေ့နေများကို တရားရုံး ဆင့်ခေါ်

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ မေလ ၂၀ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အယူခံ တင်သွင်းရာမှ တရားရုံးက နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် ယခုလ ၂၈ ရက်နေ့သို့ ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။

ဦးအောင်ဆန်းဦးက နေအိမ်ပြင်ဆင်နေမှုကို ဝရမ်းထုတ်၍ တားဆီးပေးရန် လျှောက်ထားမှုကို တိုင်းတရားရုံးက ပြီးခဲ့သည့်လ ၆ ရက်နေ့က ပယ်ချခဲ့သဖြင့် တရားရုံးချုပ်သို့ ယခုလ ၁၃ ရက်နေ့တွင် အယူခံတင်သွင်းရာမှ ယခုလို ဆင့်ခေါ်စာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

တရားရုံးချုပ်က လက်ခံခဲ့သည့် ဦးအောင်ဆန်းဦး၏ အယူခံတင်သွင်းလွှာတွင် တားဝရမ်း ထုတ်နိုင်သည့် ဥပဒေ အထောက်အထားများ ပါဝင်ခြင်း မရှိသည်ကို အဓိက လျှောက်လဲသွားရန် ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“တိုင်းတရားရုံးမှာ လျှောက်လဲခဲ့ကြတုန်းကလည်း ဒီအချက်ကို အဓိကထား လျှောက်လဲခဲ့ပါတယ်။ အခုလည်း အဲဒီအချက်ကိုပဲ ထောက်ပြပြီး ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဆင့်ခေါ်စာ ပေးပို့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်အား အသိပေးရန်နှင့် တားဝရမ်းအမှုအတွက် ဆွေးနွေးရန် ရှေ့နေများက ယခုလ ၂၂ ရက်နေ့တွင် သူမနှင့် တွေ့ဆုံခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းခံထားသည်။

ရန်ကုန်မြို့ရှိ တရားရုံးချုပ်တွင် ဦးအောင်ဆန်းဦး တင်သွင်းသည့် အယူခံရှုံးနိမ့်ခဲ့ပါက အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်ခဲ့ပါက နေအိမ်ပြင်ဆင်ခြင်းကို ရပ်ဆိုင်း ပေးရမည်ဖြစ်သည်။

ဥပဒေအမိန့် ၃၉ ၊ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်စီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ပြုန်းတီးစေခြင်း မဟုတ်ပါက တားဝရမ်းထုတ်ခွင့် မရှိကြောင်း သိရသည်။

တားဝရမ်းထုတ်ရန်အတွက် နှစ်ဖက်ရှေ့နေများ လျှောက်လဲရန်အတွက် ယခုလို ရက်သတ်မှတ် လိုက်သော်လည်း လက်ရှိ နေအိမ် ပြင်ဆင်နေမှုကို ရပ်တန့်ရန် တရားရုံးချုပ်က အမိန့်တစုံတရာ ထုတ်ပြန်တားဆီးခြင်း မရှိကြောင်းနှင့် ဆက်လက် ပြင်ဆင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦး ဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ယခု လက်ရှိတွင် နေအိမ်အနောက်ခြမ်း အင်းလျားကန်ဘက်တွင် ဝါးကပ်များကာရံခြင်း၊ အိမ်အမိုး အုတ်ကြွပ် အဟောင်းများအား သန့်စင်ကာ ပြန်လည်တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၂ဝဝ၈ ခုနှစ် မေလဆန်း အတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ရန်ကုန်စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှ ယခုနှစ် ဧပြီလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ခေတ္တရပ်နား ခဲ့ရသော်လည်း ယခုနှစ် ဧပြီလဆန်းပိုင်းက ဦးအောင်ဆန်းဦး၏ တားဝရမ်းလျှောက်ထားမှု ပယ်ချခံရသဖြင့် လကုန်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခွင့် ရရှိခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း ဒေါ်ခင်ကြည်တို့မှ အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည် အမည်ရှိ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ သားလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါး သွားခဲ့သည်။

၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ကို မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ ယင်းနေအိမ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင် လာခဲ့သည်။ အင်းလျားကန်မှ နေအိမ်အတွင်း ရေကူး ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် သူမသည် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည်။

Ref: မဇ္ဈိမ

Read More...

ဦးပိုင်နှင့် ကြံ့ဖွံ့ ဓာတ်ဆီဆိုင်များ ရမည်

အောင်သက်ဝိုင်း Thursday, May 20, 2010

အစိုးရ စက်သုံးဆီ အရောင်းဆိုင် အများအပြားကို ဗိုလ်ချုပ်ကြီးတို့ တည်ထောင် ထားသည့် အဖွဲ့ကြီးများ လက်သို့ လွှဲပြောင်း ပေးအပ်မည်ဟု စွမ်းအင် ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

အရောင်းဆိုင် ၂၄၆ ဆိုင် လွှဲပြောင်း လုပ်ကိုင်ခွင့်ကို အများဆုံး ရမည့် အဖွဲ့များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)၊ မြန်မာ့ တပ်မတော် အတွက် ရန်ပုံငွေ ရှာပေးနေသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (ဦပိုင်) တို့ ဖြစ်သည်ဟု ဆိုသည်။

“အဖွဲ့အစည်း ၂၀ ဆီ လွှဲမယ်။ ဦးပိုင်နဲ့ ကြံ့ဖွံ့လည်း ပါတယ်။ ဦးပိုင်က စုစုပေါင်း ဆိုင်အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို လွှဲယူမယ်။ ကြံ့ဖွံ့ကလည်း ဦးပိုင်ထက် မနည်းတဲ့ ဆိုင် အရေအတွက်ကို လွှဲပြောင်း ယူဖို့ ရှိတယ်လို့ လောလောဆယ် သိထားတယ်” ဟု စွမ်းအင် ၀န်ထမ်း တဦးက ရှင်းပြသည်။

အင်္ဂါနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းဂျာနယ်တွင်လည်း စက်သုံးဆီ အရောင်းဆိုင် လုပ်ပိုင်ခွင့် ရမည့် တခြား ကုမ္ပဏီ ၁၈ ခု၏ အမည် စာရင်းကို တွေ့ရသည်။

ထိုကုမ္ပဏီ များမှာ စစ်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများ၊ ဗိုလ်ချုပ်ကြီးတို့၏ သားသမီးများ ပိုင်ဆိုင်သော ကုမ္ပဏီများ ဖြစ်နေသည်။

စက်သုံးဆီ အရောင်းဆိုင် အသစ်များကိုလည်း နိုင်ငံတ၀န်း ဖွင့်လှစ်သွားမည်ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတချို့ထံမှ သိရှိရသည်။

ကုမ္ပဏီများက အရောင်းဆိုင်များကို အရစ်ကျ ငွေချေ စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်ရမည် ဖြစ်သော်လည်း ကြံ့ဖွံ့နှင့် ဦးပိုင်ကမူ တိုက်ရိုက် လွှဲပြောင်း ရယူနိုင်ဖွယ် ရှိသည်ဟု အကောက်ခွန် အရာရှိ တဦးက သုံးသပ်သည်။

မန္တလေး စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ကြံ့ဖွံ့ နှင့် ဦးပိုင် တို့သည် အရောင်းဆိုင်များကို တခြားသော လုပ်ငန်းရှင်များသို့ ပြန်လည် အငှားချခြင်းဖြင့် စီးပွားရှာမည်ဟု ထင်မြင်ကြောင်း ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းကို အခြေပြု ဖွဲ့စည်းထားသည့် ကြံ့ဖွံ့ပါတီက ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ယခုကဲ့သို့ ပြည်သူပိုင် ပစ္စည်းများဖြင့် ၀င်ငွေရှာပြီး ယှဉ်ပြိုင်မည် ဆိုပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် မညီကြောင်း ရန်ကုန်မှ သတင်းထောက် တဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃ တွင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူ သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိလျှင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိစေရ၊ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခြင်းကို ပယ်ဖျက်၍ ယင်းပါတီကို ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်း ထားသည်။

ပြည်တွင်း နိုင်ငံရေးသမား တချို့နှင့် ပြည်သူ အများစုကမူ လက်ရှိ ၀န်ကြီးချုပ် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် လာမည့် ရွေးကောက်ပွဲတွင် အမတ်နေရာ အားလုံး နီးပါး ရရှိရေး အတွက် ငွေအား၊ လူအင်အား အပါ အ၀င် မရိုးသားသော နည်းလမ်း မျိုးစုံ အသုံးပြုပြီး အနိုင် ယူလိမ့်မည်ဟု ယုံကြည်နေကြသည်။

မေလ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ စာရင်း

ထူး
မက်စ်မြန်မာ
ရွှေသံလွင်

IGE
ဇေကမ္ဘာ
ဧဒင်

ဒဂုံ အင်တာနေရှင်နယ်
ဧရာရွှေဝါ
Fisheries & Marine Product 2000 Limited

နီလာရိုးမ
အဏ္ဏ၀ါလွှမ်း
မြတ်မေတ္တာမွန်

ရွှေတောင်၊
ဂရင်းအေးရှား
ကေတုမတီ၊

ယုဇန
ကောင်းဇော်ဟိန်း
မြန်မာနိုင်ဂရု(ပ်)

Ref: ဧရာဝတီ်

Read More...

NLD ခေါင်းဆောင် သခင်စိုးမြင့် ကွယ်လွန်

ရန်ပိုင် Thursday, May 20, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် တဦး ဖြစ်သည့် သခင်စိုးမြင့်သည် ယနေ့ နေ့လယ် ၁ နာရီခွဲက ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန် သွားသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။

သခင်စိုးမြင့်သည် လွန်ခဲ့သည့် ၃ နှစ်ခန့်ကစပြီး နှလုံးကြွက်သား အလုပ် မလုပ် တော့ကြောင်း သမီးဖြစ်သူ ဒေါ်သစ်သစ်မြင့်က ဧရာဝတီသို့ ပြောသည်။

“ထိုင်နေရင်း ဆုံးသွားတာ၊ မဆုံးခင် အထိ သား သမီး မြေးတွေနဲ့ အတူ နေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံး လုပ်သွားတာပါ” ဟု ဒေါ်သစ်သစ်မြင့်က ပြောသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးကြွယ်နှင့် သားသမီး ၅ ဦး၊ မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။ သခင်စိုးမြင့်ကို စနေနေ့၌ ရေဝေး သုသာန်တွင် သင်္ဂြိုဟ်မည်ဟု သတင်း ရရှိသည်။

သခင်စိုးမြင့်၏ တောင်ဥက္ကလာပ မြို့နယ်၊ ကေတုမာလာရိပ်သာ ၃လမ်း နေအိမ်သို့ NLD ခေါင်းဆောင်များ ဖြစ်သည့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း နှင့် NLD အဖွဲ့ဝင်များ ယနေ့ သွားရောက်ပြီး သတင်းမေးကြကြောင်း သိရသည်။

သခင်စိုးမြင့် ကွယ်လွန်ကြောင်း ကြားသိရသဖြင့် ရန်ကုန်မြို့မှ သခင်ချန်ထွန်းက ၀မ်းနည်းမိကြောင်း ဧရာဝတီကို ပြောပြသည်။

“ဒီမိုကရေစီ တိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ခဲ့တာလေ၊ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ ၀င်နေတဲ့ ရဲဘော်တွေနဲ့ ပြည်သူ တရပ်လုံး အတွက်တော့ ဆုံးရှုံးမှုပေါ့” ဟု ၀ါရင့် နိုင်ငံရေးသမားကြီး အဖွဲ့မှ သခင်ချန်ထွန်းက ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိ သခင်စိုးမြင့်သည် လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း ပါဝင်ခဲ့သည့် အတွက် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

သခင်စိုးမြင့်သည် ဖဆပလခေတ်တွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်း ခေါင်းဆောင်သည့် မြောင်းမြမြို့ ဆိုရှယ်လစ်ပါတီ၏ အတွင်းရေးမှူး တဦး ဖြစ်သည်။ ပါတီ အတွင်းမှ ၀ိဓူရ သခင်ချစ်မောင်၊ သခင်လှကြွေ၊ သခင်လွင်တို့က အလုပ်သမားပါတီ (ဆိုရှယ်နီ) အဖြစ် ခွဲထွက်သွားသည့် အခါ သခင်စိုးမြင့်လည်း ဆိုရှယ်နီပါတီတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်က စတင်ပြီး NLD တွင် ပါဝင် လှုပ်ရှားခဲ့ရာ အကြိမ်ကြိမ် ထိန်းသိမ်းခံရသည်။

Ref: ဧရာဝတီ်

Read More...

Thursday, May 20, 2010

ပြည်သူ့စစ် မလုပ်လိုသည့်အပစ်ရပ် SSA တပ်သားအချို့ထွက်ပြေး

Wednesday, 19 May 2010 22:03

ပြည်သူ့စစ် အသွင်ကူးပြောင်းရေး လက်ခံထားသည့် ဦးလွယ်မောဝ်း၏ တပ်ဖွဲ့မှ တပ်သားအချို့ ထွက်ပြေးပြီး အသွင်ပြောင်းရေး လက်မခံသည့် အဖွဲ့နှင့် လက်နက်ကိုင် တော်လှန်ဆဲ တပ်ဖွဲ့ထံ ကူးပြောင်း ပူးပေါင်းကြသည်ဟု စုံစမ်း သိရှိရပါသည်။

ဧပြီ ၂၄ ရက် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးသို့ ဦးလွယ်မောဝ် ခေါင်းဆောင်သည့် အပစ်ရပ် SSA ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ဖွဲ့ဝင်အချို့ မေလဆန်းပိုင်းမှ စ၍ ထွက်ပြေး နေကြသည်ဟု အပစ်ရပ် SSA နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

“ပြည်သူ့စစ်ပြောင်းဖို့ တပ်မဟာ ၃ လက်ခံချိန်ကစပြီး မလုပ်ချင်တဲ့ တပ်သားတွေ တပ်မဟာ ၁ ဆီကို ကျိုးတို့ ကျဲတဲ သွားပေါင်းကြတယ်၊ စိန်ကျော့ဌာနချုပ် တပ်ဖွဲ့အပါအ၀င်၊ တပ်မဟာ ၃ ၊ ၇ တွေကလဲ တပ်မဟာ ၁ ဆီ သွားပေါင်းတာ ရှိသလို အဲ့ဘက် လှုပ်ရှားနေတဲ့ စ၀်ယွက်စစ် အဖွဲ့ထံကိုလဲ အင်အား ၃၀ - ၄၀ ကျော်သွားပေါင်း လိုက်ပြီ ပြောတယ်”- ဟု ဦးလွယ်မောဝ်း နှင့် နီးစပ်သည့် လားရှိုးသား တဦးကပြောပါသည်။

ထို့အတူ ခေါင်းဆောင်ဖြစ်သူ ဦးလွယ်မောဝ်းကိုယ်တိုင်ကလည်း လမ်းမှားလျှောက်မိပြီဖြစ်ကြောင်း၊ မိမိအား ပစ်ပယ်မထား သင့်ကြောင်း၊ တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှထံ ကြားလူမှတဆင့် ဆက်သွယ် အကြောင်းကြား မေတ္တာ ရပ်ခံခဲ့သေးသည်ဟု အဆိုပါပုဂ္ဂိုလ် ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“ဦးလွယ်မောဝ်းအပါအ၀င် တပ်ဖွဲ့ဝင်အားလုံးကို ပစ်ပယ်မထားဖို့ရယ်၊ နောက်ပြီး၂၀၀၅ - ၂၀၀၆ တုံးက ဒုဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ လက်နက်ချ ဗိုလ်မှူးကြီးမိုင်းဇင့် (ကွယ်လွန်) တို့လို အချင်းချင်း ကွဲပြဲ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသလို မဖြစ်ချင်ဘူး - စတာတွေကို တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှကို ပြောတယ်”

ဝမ့်ဟိုင်းအခြေစိုက် အပစ်ရပ SSA တပ်မဟာ ၁ တပ်ဖွဲ့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ အသွင်ပြောင်းလာစေရန် နားချ စည်းရုံးဖို့ ဦးလွယ်မောဝ်းနှင့် ဦးကိုင်ဖတို့အား နအဖ က ဆက်လက် ဖိအားပေးလျှက် ရှိသည်ဟု ဆို၏။

ထိုကဲ့သို့ တဘက်တွင်တပ်သားများ ထွက်ပြေးနေကြပြီး ကျန်တဘက်တွင်လည်း ဖိအားပေး ခံနေရသောကြောင့် ဦးလွယ်မောဝ်း အကြပ်ရိုက် ခေါင်းခဲနေသည်ဟုလည်း အဆိုပါ အသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်၊ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ စုစုပေါင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် လူသူ လက်နက် အင်အား ၆၀၀၀ ခန့် ရှိသည်ဟုဆို၏။ အသွင်ပြောင်းရေး လုံးဝ လက်မခံသည့် တပ်မဟာ ၁ တွင်အင်အား ထက်ဝက်ကျော်ရှိသည်။ ထို့အပြင် ခေါင်းဆောင်ပိုင်းကြောင့် အသွင်ကူးပြောင်းရေး လက်ခံထားသည့် (ဌာနချုပ် တပ်ဖွဲ့ / တပ်မဟာ ၂ ခု) တပ်ဖွဲ့ဝင် ကေဒါတပ်သား အများအပြား ကလည်း အသွင်ပြောင်းရန် လုံးဝ ဆန္ဒ မရှိကြပေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

နယ်ခြားစောင့် တပ်ရင်းအသစ် ဖွင့်

ပေါက်ပေါက်
၁၉ မေလ ၂၀၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့အား အမှတ် (၁ဝဝ၉) နယ်ခြားစောင့် တပ်ရင်းအဖြစ် ပြောင်းသည့် တပ်ဖွင့်ပွဲ အခမ်းအနား တရပ်ကို ယမန်နေ့က တာချီလိတ်မြို့တွင် ပြုလုပ်သည်။

အဆိုပါ နယ်ခြားစောင့်တပ်ရင်း ဖွင့်ပွဲအခမ်းအနားကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် အဓိက တာဝန် ယူထားသော စစ်ဖက်ရေးရာ လုံခြုံရေးဌာန အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) နှင့် ကချင်ပြည်လွတ်လပ် ရေးအဖွဲ့ (KIO) စသည့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ကြီးများက နယ်ခြားစောင့်တပ် အသွင်ပြောင်းကို လက်မခံဘဲ ဖြစ်နေချိန်တွင် ပြည်သူ့စစ် အဖွဲ့များကို နယ်ခြားစောင့် တပ်ရင်းများ ပြောင်းလဲ ဖွဲ့စည်းနေခြင်းဖြစ်သည်။

သေးငယ်သည့် ပြည်သူ့စစ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းအဆင့် တိုးမြှင့်နေခြင်းသည် လူထုအား ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ရပ် အဖွဲ့များကိုလည်း ရပ်တည်ချက် ဝေဝါးမှုဖြစ်စေရန် တမင် လုပ်နေခြင်း ဖြစ်သည်ဟု နယ်စပ်စစ်ရေး အကဲခတ် တဦးက ပြောသည်။

၎င်းက “မိုင်းတုံနဲ့မိုင်းယောင်းက မထင်မရှား လားဟူပြည်သူ့စစ်တွေကိုလည်း ဘော်ဒါဂတ် (၂) ရင်းဖွဲ့ထားတယ်။ အခု တာချီလိတ်ဘက်က ပြည်သူ့စစ် တွေကိုလည်း (၁) ရင်း ထပ်ဖွဲ့တယ်။ ထူးခြားတာက ဗိုလ်ရဲမြင့်ကိုယ်တိုင် တက်လိုက် သေးတယ်။ တပ်ရင်းတရင်း (၃၂၆) ယောက်နဲ့ ဖွဲ့ရမယ်ဆိုပေမယ့် လူပေါင်း (၁ဝဝ) လောက်နဲ့ ဖွဲ့နေကြတာ။ နယ်ခြားစောင့် တပ်တွေ ဖွဲ့နေကြပါလား ဆိုပြီး လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာ။ ကျန်တဲ့ အဖွဲ့တွေကိုလည်း မင်းတို့တွေ လက်မခံရင်လည်း နေလိုက်၊ လက်ခံတဲ့ သူတွေနဲ့ ဖွဲ့တယ်ဆိုပြီး နအဖက လုပ်ပြနေတာ” ဟု ပြောသည်။

ယမန်နေ့က တာချီလိတ်တွင် ပြုလုပ်ခဲ့သည့် နယ်ခြားစောင့်တပ်ရင်းဖွင့်လှစ်ပွဲ အခမ်းအနားကို တရုတ်အစိုးရ အာဘော်ဖြစ်သည့် People's Daily online စာမျက်နှာ၌ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့ကို တာချီလိတ်မြို့တွင် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းလားတပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ယခုအခါ ပိုနေမြဲ၊ ကျားနေမြဲ အနေအထားဖြင့် ဆက်လက် ရပ်တည်နေပြီး တာချီလိတ်တွင် နယ်ခြားစောင့်တပ်ရင်း ဖွဲ့စည်းခဲ့သည်ဆိုသည်မှာ မဟုတ်ပါကြောင်း အမည် မဖော်လိုသည့် မိုင်းလား တပ်ဖွဲ့ အရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့တပ်တွေက တာချီလိတ်မှာလည်း မရှိပါဘူး။ အဖွဲ့ကို သစ္စာဖောက်ပြီးလည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ ခေါင်းဆောင်တွေ ချမှတ်ထားတဲ့အတိုင်း လိုက်နာသွားကြမှာပါ။ နယ်ခြားစောင့်တပ် ကိစ္စနဲ့ ပတ်သက်လို့တော့ သူတို့လည်း ထပ်ပြီး ဘာမှ မပြောလာဘူး၊ ဒီကလည်း သွားမပြောဘူး” ဟု ပြောသည်။

ယခုအခါ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်ရင်း (၃) ရင်း၊ ပိုင်စုန်ချိန် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီသစ် တပ်မတော် (MNDAA) လက်ကျန်အဖွဲ့မှ (၁) ရင်း၊ ကယားပြည်နယ် အထူးဒေသ (၂) ကလလတအဖွဲ့မှ (၂) ရင်း၊ မိုင်းယောင်း၊ မိုင်းတုံမြို့နယ်များအတွင်းမှ လားဟူ ပြည်သူ့စစ် အဖွဲ့များက (၂) ရင်းဟူ၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ကတည်းက စ၍ ဖွဲ့စည်းလာခဲ့ရာ ယခုဆိုလျှင် နယ်ခြားစောင့် တပ်ရင်း (၉) ရင်း ရှိသွားပြီဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

စစ်သား ၆ ဦး ရခိုင်အဖွဲ့ထံ လက်နက်ချ

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် ခလရ ၂၃၂ မှ တပ်ကြပ်တဦး အပါအဝင် စစ်သား ၆ ဦးသည် လက်နက်ခဲယမ်း မီးကျောက်များနှင့်အတူ မေလ ၁၆ ရက်နေ့တွင် လက်နက်ချ ခိုလှုံလာကြောင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) က ပြောသည်။

တပ်ကြပ်သန်းအေး (ကိုယ်ပိုင်အမှတ် တ/၇၅၁၈၄)- ၃၆ နှစ်၊ ဒုတပ်ကြပ်မိုးအောင် - ၂၇ နှစ် (တ/၁၁၆၅၇၄)၊ ဒုတပ်ကြပ်ဇော်ဇော်ဟန် - ၂၅ နှစ် (တ/၁၂၁၇၈၅)၊ ဒုတပ်ကြပ်မောင်မောင်နိုင် - ၂၆ နှစ် (တ/၁၂၁၇၄၃)၊ တပ်သားဇော်မင်းဦး - ၂၅ နှစ် (တ/၄ဝ၁၃၃၆) နှင့် တပ်သားစန်းဝင်း - ၂၇ နှစ် (တ/၄၂၃၁၄၈) တို့သည် ဗိုလ်ကြီး ထက်အောင်ထွန်းကို သတ်ဖြတ်ပြီးနောက် သွားရောက် ပူးပေါင်းခြင်း ဖြစ်သည်။

'သူတို့နဲ့ ကျနော်တို့ဆိုတာ ဒီနယ်မြေမှာ ခြေချင်းလိမ်နေတာပါ။ သူတို့ရှိတဲ့နေရာကို ကျနော်တို့ သိသလို၊ ကျနော်တို့ ရှိတဲ့ နေရာကိုလည်း သူတို့က သိတယ်။ ဒါကြောင့်လည်း ကျနော်တို့ ရှိတဲ့နေရာကို သူတို့က လာပြီး လက်နက်ချတာပါ'' ဟု ဟု ALA တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ပြောသည်။

ခွဲထွက်ရေး လှုပ်ရှားနေသော ရခိုင်တပ်ဖွဲ့ လှုပ်ရှားရှာ ကုလားတန် စစ်ကြောင်းတွင် ပူးပေါင်းသွားခဲ့သူများကို လုံခြုံသော တနေရာတွင် ထားရှိသည်ဟု ဆိုသည်။

“သူတို့တွေ ဒီလိုလာပြီး ပူးပေါင်းတာကို ဝမ်းသာတယ်၊ ကြိုဆိုတယ်။ သူတို့တွေ အခု ဌာနချုပ် မရောက်သေးတော့ ဘာမှ မစီစဉ် ရသေးဘူး။ သူတို့တွေနဲ့ တွေ့ပြီး သူတို့ရဲ့ ဆန္ဒကို မေးပြီး သူတို့ ဖြစ်ချင်တာကို ကူညီပေးသွားမှာပါ။ အရင်ကလည်း ဒီလို ကူညီပေးပါတယ်” ဟု ခိုင်သုခက ပြောသည်။

ခိုလှုံလာသူများနှင့်အတူ MA (၁၁) အမျိုးအစား ၅ လက်၊ MA (၁၂) ၁ လက်၊ MA (၃) ၂ လက်၊ MA (၇၉) မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉ လုံး၊ B 100 ကွန်မန်ဒို စိန်ပြောင်း ၁ လက်နှင့် အသီး ၁၂ လုံး၊ 9 MM ပစ္စတို တလက်နှင့် ဘောက် ၂ ချပ်၊ ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နင်းမိုင်း M (၁၆) ၆ လုံး၊ Equipment ၁ဝ စုံ၊ ကျောပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် လက်နက်ငယ် ကျည်မျိုးစုံ ၁၃ဝ၈ တောင့်တို့ ပါလာသည်ဟု ALA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တွေမြို့ ရေချမ်းပြင်ရွာ အခြေစိုက် ခလရ ၂၃၂ အောက်မှ ရှေ့တန်းလှုပ်ရှားစစ်ကြောင်းကို ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်မိုးဟိန်း ဦးဆောင်၍ ပလက်ဝမြို့နယ် ငွေလက်ဝရွာအနီး၌ စခန်းချထားသည်။ ယင်းလက်အောက်ရှိ စစ်ကြောင်း ၁ အရံတပ်စုကို ဗိုလ်ကြီး ထက်အောင်ထွန်းက ဦးဆောင်၍ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြိတ်ဝ စခန်း၌ အခြေချသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မောင်တော၊ ချင်ပြည်နယ် ပလက်ဝ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော ALA ထံသို့ ၂ဝဝ၇ ခုနှစ်က စစ်သား ၂ ဦး လက်နက်များနှင့်အတူ ခိုလှုံခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

အပူကြောင့် နည်းပညာတက္ကသိုလ်များ အချိန်ပြောင်းလဲနိုင်

ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ ရက် ၂၀၁၀


နယူးဒေလီ (မဇ္ဈိမ) ။ ။ အပူချိန် ပြင်းထန်သဖြင့် တိုင်း ၃ တိုင်းရှိ နည်းပညာ တက္ကသိုလ်များ ကျောင်းစာသင်ချိန် ပြောင်းနိုင်ကြောင်း သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနက ယခုလဆန်းမှ စတင်၍ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

မြန်မာပြည် အပူပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ နည်းပညာတက္ကသိုလ် Technological University (TU) ကျောင်းများကို အပူချိန် ပြင်းထန်သဖြင့် ပုံမှန် ကျောင်းတက်ချိန်မှ နံနက်ပိုင်းသို့ ပြောင်းလဲနိုင်ကြောင်း ဝန်ကြီးဌာနက စာဖြင့် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

နည်းပညာတက္ကသိုလ်ကျောင်း ၇ ကျောင်းအနက် ၆ ကျောင်းမှာ မူလက တနေ့လျှင် နံနက် ၈ နာရီမှ ၁၁ နာရီအထိ တကြိမ်၊ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တကြိမ် စာသင်ချိန် ဖြစ်ခဲ့ရာမှ ယခုတပတ်မှ စတင်ကာ နံနက် ၇ နာရီမှ ၁၁ နာရီထိသာ ယာယီသတ်မှတ်ခဲ့ကြသည်။

“တိုင်း ၃ တိုင်းက နည်းပညာ တက္ကသိုလ်ကျောင်းကို ကြိုတင်သတိပေး အကြောင်းကြားတာပါ။ အပူကြောင့် ဖျားနာတာတော့ မရှိသေးဘူး။ အခန်းထဲမှ နေလို့ မရဘူး။ ကျောင်းသားတွေ သနားဖို့ ကောင်းတယ်။ အလိုလိုနေရင်းနဲ့ ချွေးပျံတယ်။ လူများတော့ မကောင်းတဲ့ အနံ့တွေ ထွက်လာတယ်။ ကြာရင် ဝမ်းလျှောဝမ်းပျက် ရောဂါ၊ တခြားရောဂါတွေ ဖြစ်လာနိုင်တယ်” ဟု မန္တလေးတိုင်း ကျောက်ဆည်မြို့ TU တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ဌာနမှူး ဒေါက်တာသန့်ဇင်ဝင်းက မဇ္ဈိမကို ပြောသည်။

“အပူများတော့ စာသင်ရတာ အဆင်မပြေဘူး။ ခါတိုင်းက ၃ ပုဒ်လောက်ပြီးရင် အခု တပုဒ်လောက်ပဲ သင်နိုင်တယ်။ နားနားနေနေ သင်ပေးတယ်။ နားလိုက်သင်လိုက်၊ နားလိုက်နဲ့ဆိုတော့ သင်ရိုးနည်းနည်း နောက်ကျတာပေါ့။ ဒါပေမဲ့ အပူချိန် ပုံမှန်အတိုင်း ပြန်ဖြစ်ရင်တော့ ဆက်ပြီးတော့ တွန်းသင်ရမယ်" ဟု သူက ဆက်ပြောသည်။

အလားတူပင် စစ်ကိုင်းတိုင်း မုံရွာနှင့် ကလေးမြို့ TU ကျောင်းများတွင်လည်း စာသင်ချိန်ကို ကျောက်ဆည်ကဲ့သို့ တပြေးညီ သတ်မှတ်ခဲ့ကြသည်။

“ကျောင်းချိန် ပြောင်းပါတယ်။ တအားပူတယ်။ စာသင်လို့ မရဘူး။ အခန်းမှာက AC (လေအေးစက်) လည်း မရှိဘူးလေ။ ကျန်မတို့ အခန်းမှာတောင် လူပေါင်း ၆ဝ လောက် ရှိတယ်။ ပန်ကာက တလုံးပဲ ရှိတယ်။ လုံးဝ မနိုင်ဘူး။ ပူလွန်းလို့ တကိုယ်လုံး ချွေးပျံနေတယ်” ဟု ကလေးမြို့ TU ဒုတိယနှစ် ကျောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်နှင့် မိတ္ထီလာ၊ စစ်ကိုင်းတိုင်းတွင် မုံရွာနှင့် ကလေး၊ မကွေးတိုင်းတွင် မကွေးနှင့် ပခုက္ကူ နည်းပညာ တက္ကသိုလ်တို့ ရှိကြသည်။ ထိုကျောင်း ၇ ကျောင်းအနက် မကွေး ကျောင်းသူ ကျောင်းသားများ၏ ဆန္ဒကြောင့် မူလအတိုင်း ကျောင်းတက်ပြီး ကျန် ၆ ကျောင်းမှာ အချိန်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မကွေး TU ကျောင်းမှ ဆရာမ တဦးက “ကျမတို့ဆီက မပြောင်းဘူး။ သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနဆီက စာရောက်လာပါတယ်။ ရာသီဥတုက ပူပြင်းတော့ ကျောင်းချိန်ပြောင်းချင်ရင် ပြောင်းလို့ရတယ်လို့ ပါပါတယ်။ ကျောင်းသား/သူတွေက မပြောင်းချင်ဘူး။ ပုံမှန်အတိုင်း ဆက်တက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာပြည်တွင် နည်းပညာတက္ကသိုလ် (TU) ကျောင်းများကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် ကျောင်းပေါင်း ၂ဝ ရှိနေပြီး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့တွင်၎င်း၊ ကယား၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင်၎င်း တည်ရှိကြသည်။

ယခုလအတွင်း မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းများတွင် ထူးခြားသည့် အပူချိန်များအဖြစ် ၄၂ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

မြတ်ခိုင်ဦး
၁၉ မေလ ၂၀၁၀

ဘန်ကောက်မြို့တော်တွင် မီးရှို့မှုများ နေရာတိုင်း၌ ဖြစ်ပေါ်နေကာ အစိုးရမှ ည (၈) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။

ယနေ့နေ့လယ် (၁) နာရီခွဲတွင် အင်္ကျီအနီဝတ် ဆန္ဒပြခေါင်းဆောင်များ အဖမ်းခံလိုက်သော်လည်း ဆန္ဒပြသူ အချို့သည် ဘန်ကောက်မြို့တော် နေရာ တဝိုက်တွင် ပြန့်ကျဲ ရောက်ရှိသွားကာ အထင်ကရ အဆောက်အဦများကို မီးတင်ရှို့မှုများ ဖြစ်ပွားနေပြီး ဘန်ကောက်မြို့တော် ကောင်းကင်ယံတွင် (၅) စီးထက် မနည်းသော ရဟတ်ယာဉ်များ ပျံဝဲလျက်ရှိသည်။

ထိုသို့အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “ညမထွက်ရ အမိန့်ဆိုတာ ရှင်းရှင်းပြောရရင် သတ်မှတ်ချိန်ကျော်လို့ မိမိနားနေရာမှာ မရှိဘဲ၊ လမ်းပေါ်မှာတွေ့ရင် လုံခြုံရေး အဖွဲ့ဝင်တွေက ပစ်ဖမ်းလို့ရတယ်။ မသိနားမလည်တာ တခုတည်းနဲ့ အသက် ပျောက်သွားနိုင်တယ်။ အဲဒီအတွက် အလုပ်သမားတွေ အခုညနေကစပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြပါ။ အချင်းချင်း ဖုန်းနဲ့ ဆက်သွယ် သတိပေးကြပါ။ လိုအပ်ရင် အလုပ်သမားရေး အဖွဲ့တွေကို သတင်းမေး သတင်းပို့ကြပါ။ ဖြစ်နိုင်ရင် တယ်လီဗီးရှင်း သတင်းတွေကို အမြဲဖွင့်ထားပါ” ဟု သတိပေး ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားအများစုသည် လုပ်ငန်းရှိရာ၊ နားနေရာများမှ မလိုအပ်ဘဲ ထွက်မည် မဟုတ်သည်ကို နားလည်သော်လည်း အများစုသည် နယ်စပ် ဒေသမှလာသော အလုပ်သမားများ ဖြစ်သည့်အတွက် ပါးရေနပ်ရေ အားနည်းသည်ဟု ၎င်းက ပြောသည်။

ဘန်ကောက်မြို့တော်တွင် အနီခေါင်းဆောင်များက ယနေ့နေ့လယ် (၁) နာရီခွဲတွင် အဖမ်းခံ ခဲ့သော်လည်း ယခင်က အနီဝတ်များကို လုံခြုံရေး ယူပေးခဲ့သော ဆန္ဒပြသူများက ဘန်ကောက်မြို့ပေါ်သို့ ပြန့်ကျဲ ထွက်သွားကာ အထင်ကရ နေရာများကို မီးတင်ရှို့ရန် ကြိုးပမ်း နေကြသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ မစ္စတာပန်တိနန်က ယနေ့ညနေ (၅) နာရီတွင် ရုပ်မြင်သံကြားလိုင်း အသီးသီးမှ ပြောကြားရာ၌ လူတိုင်းသည် မိမိ၏ သက်သေခံ ကတ်ပြားများကို တပါတည်း ကိုင်ဆောင် ထားရမည်ဖြစ်ပြီး လိုအပ်၍ လုံခြုံရေး ဝန်ထမ်းများမှ စစ်ဆေးလျှင် ပြသ နိုင်ရမည်ဟုဆိုသည်။

ဘန်ကောက်မြို့တော်တွင် ရွှေ့ပြောင်းအလုပ်သမား (၂) သိန်းခန့်သည် အလုပ် လုပ်ကိုင်နေကြပြီး အများစုမှာ သွားလာလှုပ်ရှား နေရသည့် ဈေးရောင်း၊ စားသောက်ဆိုင်၊ ပန်းရန် လုပ်ငန်းများတွင် လုပ်ကိုင် နေကြသူများ ဖြစ်သည့်အတွက် အချိန်မီ မိမိနားနေရာသို့ ပြန်ရောက်ရန် လိုကြောင်း၊ အရေးကြုံပါက ဆက်သွယ်ရန် အရေးပေါ် နံပါတ်မှာ ၀၂-၅၁၁၁၅၁၅ ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, May 19, 2010

အီးမေးသုံးသူများသတိထား

၁၉ မေ ၂၀၁၀

Google Company ကြီးက Free Gmail Account တွေကို လုံခြုံရေး မပေးနိုင်တော့ပါ။ ဒါကြောင့် Password မကြာမကြာ ပြောင်းဖို့လိုပါတယ်။ Password ပြောင်းပြီး မကြာခင်မှာပဲ ဟက်ကာ (Hacker) ဖောက်ထွင်းရေး သမားတွေက ကိုယ့်ဂျီမေးကို ထပ်ဖောက်။ ထပ်ဝင်ကြည့်လို့ ရနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့် Password ပြောင်းတာကို နောက်ထပ် မလိုက်နိုင်အောင် ကာဖို့အတွက် ကိုယ်သုံးတဲ့ စက်တွေမှာ Firefox Add-ons တွေက အခမဲ့ ပေးထားတဲ့ KeyScrambler 2.6.0 ရှိပါတယ်။ KeyScrambler 2.6.0 ကို ဒေါင်းလုပ်လုပ်ပြီး မိမိ Password အတော်အသင့် ကာကွယ်နိုင်ပါတယ်။

ဒီပရိုဂရမ်က ကီးဘုတ်မှ ရိုက်နေတာတွေကို အမှန် လိုက်မှတ်လို့ မရအောင် (Fate data အဖြစ်ပြောင်းပေးတယ်) ကာပေးထားပါတယ်။ ဒီတော့ Password တွေကို အလွယ် လိုက်မရတော့ဘူးလို့ ယူဆလို့ ရပါတယ်။

ဒါပေမဲ့ ၀ယ်သုံးတဲ့ ဆော့ဖ်ဝဲ လောက်တော့ မကာနိုင်ဘူးပေါ့။ သင့် Data တွေ အရေးကြီးတယ် ဆိုရင်တော့ အကာအကွယ် ဆော့ဖ်ဝဲတွေ ၀ယ်သုံးနိုင်ရင် ကောင်းပါတယ်။

လျှို့ဝှက်ရေးလုပ်ငန်းတွေ လုပ်နေသူများအတွက်ကတော့ အီးမေးတွေ မသုံးတာ ကောင်းပါတယ်။ သုံးရင်တောင် အရင် စစ်မြေပြင်တွေမှာလိုပဲ။ ကိုယ်ပိုင် အတိုဝှက်တွေ ဆိုက်ဖာတွေ ကိုင်ပြီး သုံးကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။ ဒီလို လုပ်ဖို့ မလိုပါဘူး။ ရပါတယ်လို့ ဆိုရင်ဖြင့် နအဖ အင်တာနက် ထောက်လှမ်းရေးက သနားတယ်လို့ ပြောနေမှာ ဧကန် မလွဲပါခင်ဗျား။

အလကား ပေးနေတဲ့ Hotmail တို့ Yahoo mail တို့ကတော့ သူတို့မေးလ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေး တာဝန် မယူတာတော့ ကြာလှပါပြီ။ အခုတော့ လုံခြုံရေးမှာ စိတ်ချရပါတယ်ဆိုတဲ့ အလကားရနေတဲ့ အကောင့်တွေထဲက Google Company ကြီးရဲ့ ဂျီမေး အကောင့်တွေ မလုံခြုံတော့တဲ့ အခြေ ဆိုက်လာပါပြီ။

ဒါကြောင့် ဒီကနေ့ အရေးကြီးဆုံးက ဘာလဲ လို့ သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်မယ် ဆိုရင် ???????????????

Ref: ၀ိမုတ္တိ

Read More...

နအဖ ၏ ရာဇသံ ရက်ကျော်လွန် - ၀ နယ်တကျော့ပြန်စည်ပြော

Tuesday, 18 May 2010 20:47

အသွင်ကူးပြောင်းရေး တိုက်တွန်းဖိအားပေးမှု တနှစ်ပြည့်သည့် ဧပြီ ၂၈ ရက် ကျော်လွန်ခဲ့သော်လည်း အချို့ အကဲခတ်များ မျှော်လင့် ထားသည့်အတိုင်း ထူးခြားသည့်တင်းမာ ပေါက်ကွဲမှုမရှိဘဲ ၀ နယ်အတွင်း တကျော့ပြန် စည်ကားလာကြောင်း ပန်ဆန်းသတင်း အသိုင်းအ၀ိုင်းက ပြောပါသည်။

“ကားအသွားအလာကော၊ ဈေးတန်းကော ပြန်စည်လာတယ်။ ဟော်တယ်တွေမှာကော လူပြည့်တယ်၊ စားသောက်ဆိုင် တွေလဲ ပြန်ရောင်းကောင်း လာတယ်။ အရင်ကထက်တောင် ပိုစည်လာသလိုဘဲ” - ဟု ပန်ဆန်း ဒေသခံ တဦးက ပြောပါသည်။

လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဧပြီ ၂၈ ရက် ၂၀၁၀ နောက်ဆုံးဟု စစ်အစိုးရ ရာဇာသံ ပေးထားသော်လည်း အပစ်ရပ် ၀ တပ်ဖွဲ့၊ မိုင်းလား၊ SSA တပ်မဟာအချို့ နှင့် KIA တပ်ဖွဲ့တို့ ကောင်းခါ ငြင်းဆန်ကာ ရက်ပေါင်း ၂၀ ကျော်လာသည့်တိုင် ထူးခြားသည့် ဖိအားပေးမှု တစုံတရာမရှိ။ အထူး သဖြင့် ၀ နယ်မြေအတွင်း စစ်ရေး စိုးရိမ်ပူပန်ခြင်း တစုံတရာ မရှိဘဲ ပုံမှန် သွားလာမှုထက် ပို၍ပင် စည်ကားလာသည် ဟု တရုတ်နယ်စပ်နေ စစ်ရေး လေ့လာသူ တဦးက ပြောပါသည်။

“လားရှိုး - တန့်ယန်း - ပန်ဆန်း (၀ ဒေသ မြို့တော်)အကြားပြေးဆွဲနေတဲ့ လိုင်းကားတွေ ပုံမှန်ဘဲ၊ ဗမာစစ်တပ်စခန်း/ ဂိတ်တွေကလဲ ဟန့်တား ပိတ်ပင်တာ မရှိဘူး။ နအဖ ကသဘောထား ပျော့ပြောင်းလာတာလား။ ဘာသဘောလဲတော့ မသိဘူး” - ပန်ဆန်းရောက် သျှမ်းအမျိုးသား တဦးကပြောပါသည်။

ဧပြီလနှောင်းပိုင်းမှစ၍ နအဖ စစ်တိုင်းမှူး ဒု စစ်တိုင်းမှူးများ ၀ နယ်အနောက်ခြမ်းတလျှောက် သံလွင်မြစ်တကျော စစ်ရေး ပြင်ဆင်မှုကို စစ်ဆေးနေသော်လည်း ၀ နယ်အတွင်း ပြည်သူများ ခရီးသွားများ ပုံမှန်ထက် စည်ကားနေကြောင်း၊ နအဖ ပေးသည့် ရာဇသံလည်း ၀ ပြည်သူများ အလေးမထားကြောင်း၊ ၀ နယ်အတွင်း ၀င်ရောက်လာသည့် ဒေသခံ ဘာသာ စကား မပြောတတ်သော ခရီးသွားများကိုမူ ၀ နယ် လုံခြုံရေးတပ်ဖွဲ့များက အထူးကြပ်မတ် စစ်ဆေးနေသေးကြောင်း၊ နယ်ခြားတလျှောက် စစ်ရေး ပြင်ဆင်မှုလည်း ဆက်လက် ပြုလုပ်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်ကဆက် ပြောပြပါသည်။

ဝ နယ်အတွင်း ၀ပ်ရှော့ပ်၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ပန်းရံ နှင့် အခြားကျပန်း ရွေ့ပြောင်း ဗမာအလုပ်သမား လူဦးရေ ရာဂဏန်းကိုမူ ပုံမှန် အတိုင်း ဆက်လက်နေခွင့် ပြုထားကြောင်း၊ အသစ်ဝင်လာမည့် အလုပ်သမားများ အတွက်တော့ တင်းကြပ် ထားကြောင်း ၀ အရာရှိ တဦးကလည်း အတည်ပြု ပြောဆိုပါသည်။

အထူးဒေသ ၂ / ၀ မြို့တော် ပန်ဆန်း စည်းကားလာသကဲ့သို့ အထူးဒေသ ၄ ဌာနချုပ်ရုံးစိုက်ရာ မိုင်းလားမြို့လည်း ထိုနည်းအတိုင်း ဖြစ်နေကြောင်း ပန်ဆန်း - ကျိုင်းတုံ ကားဆရာ တဦးကလည်း ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရေအလှူရှင်ကို အန်အယ်လ်ဒီ ဟုတ်မဟုတ် ကြံ့ဖွံ့စစ်ဆေး

တက်လူ
၁၈ မေလ ၂၀၁၀

ရန်ကုန်တိုင်းအတွင်း ရေရှားပါးနေသည့် မြို့နယ်များသို့ သွားရောက်ရေလှူဒါန်းနေသည့် အလှူရှင်များကို အန်အယ်လ်ဒီ ဟုတ်မဟုတ် ကြံ့ဖွံ့ အသင်းက လိုက်လံ မေးမြန်းနေကြောင်း ရေအလှူ ပြုလုပ်နေသည့် အလှူရှင်များက ပြောသည်။

ယခုလ (၁၆) ရက်တွင် ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းသို့ သွားရောက်ရေလှူခဲ့သော အဖွဲ့တဖွဲ့မှ အလှူရှင်တဦးက “ကျနော်တို့ ရေသွားလှူတော့ ကျနော်တို့ကို ကြံ့ဖွံ့အလံ တပ်ခိုင်းတယ်ဗျ။ အဲလိုတပ်မှ လှူရမယ်လို့ ကြံ့ဖွံ့အသင်းက ထုတ်ပြန် ထားတယ်လို့ ပြောတယ်။ ကျနော်တို့က မတပ်နိုင်ဘူးလို့ ပြောတယ်။ သူတို့က အတင်းအကျပ်တော့ မပြောဘူး။ ဒါပေမယ့် ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့ကလဲ ဆိုတာ မေးတယ်။ သူတို့က အန်အယ်လ်ဒီကလားဆိုတာ သိချင်တာလို့ ပြောတယ်” ဟု ရှင်းပြသည်။

ရန်ကုန်တိုင်းအတွင်းတွင် လှိုင်သာယာ၊ တောင်ဒဂုံ၊ သံလျင်၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဒလမြို့နယ်တို့တွင် ရေ ရှားပါးနေသည့် အတွက် စေတနာရှင် ပြည်သူတို့က သွားရောက် လှူဒါန်းကြခြင်းဖြစ်သည်။

ဒလမြို့နယ်တွင် ရေရှားပါးပြတ်လတ်မှုကို စည်ပင်နှင့် ဌာနဆိုင်ရာအာဏာပိုင်တို့က လုပ်ဆောင်ပေးမှု အားနည်းကြောင်း၊ ကန်ပေါင်း (၁၀၀) ခန့် ရေခန်းနေသည့် အတွက် ယခုနှစ်တွင် ရေရှားပါးခြင်းဖြစ်ကြောင်း ညောင်ကုန်း ရပ်ကွက်နေသူတို့က ပြောသည်။

ဒလမြို့ခံတဦးက “ကျနော် ဒီမှာနေတာ အနှစ် (၃၀) ရှိပါပြီ။ တကြိမ်မှ ဒီလောက် ရေအခက်အခဲဖြစ်တာ မကြုံဖူးသေးဘူး။ ဒီမှာ စည်ပင်ပိုက်တွေ ရှိတယ်။ ဒါပေမယ့် စည်ပင်ပိုက်ရှိတဲ့ နေရာရပ်ကွက်တွေလည်း ရေမရဘူး။ အခု စေတနာရှင်တွေက ရေလာလှူတော့လည်း သူတို့က မကြိုက်ပြန်ဘူး။ ကြားထဲက ကျနော်တို့က ရေမရဘူးပေါ့။ လှူသူရှိလို့ ကျေးဇူးတင်ရမှာကို သူတို့က မတင်ဘူး” ဟု ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များက သွားရောက် ရေလှူဒါန်းရာ တွင်လည်း ဒလ ကြံ့ဖွံ့အသင်းသား တဦးက မည်သည့်အဖွဲ့မှာ လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း မေးမြန်းသည်ဟု သိရသည်။

ရေလှူရာတွင်ပါဝင်သည့် အသင်းသားတဦးက “ကျနော်တို့ မနေ့က ရေသွားလှူတာ၊ ခက်တယ်ဗျာ၊ ရေလှူတာတောင် မလွတ်လပ်ဘူး။ ကျနော်တို့လို လူတွေကိုတောင် အဲလိုလိုက်စစ်နေရင် ကျန်တဲ့လူတွေကိုတော့ ပြောစရာ မလိုတော့ဘူး” ဟု ဆိုသည်။

ရန်ကုန်ဘက်မှ တစီးလျှင် ငွေ (၁) သောင်းကျပ် ပေးရသော ဂါလန် (၁) ထောင်ဆန့် ရေသယ်သော ရေယာဉ် သမ္ဗာန်ဖြင့် ရေ၀ယ်ကာ လှူသူများ ရှိသကဲ့သို့ သောက်ရေသန့် ပုံးများဖြင့်လည်း သွားရောက် လှူဒါန်းသူများ တနေ့လျှင် ကားစီးရေ (၁၀၀) ခန့် ရှိနေကြောင်း မြို့ခံများက ပြောသည်။

ဒလမြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၂၄) နှင့် ကျေးရွာအုပ်စုပေါင်း (၂၃) အုပ်စုရှိပြီး အများစုမှာ ကန်ရေကို အဓိက ထားရသည့်အတွက် ကန်များ ရာသီဥတုအပူချိန်ကြောင့် ရေခန်းသွားရာတွင် ပြည်သူများ ရေအခက်အခဲ ကြုံရခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီမှ ဦးအုန်းကြိုင် ဦးဆောင်သောအဖွဲ့နှင့် အန်အယ်လ်ဒီ လူငယ်များကလည်း သောက်သုံးရေ ပြတ်လပ်မှု လတ်တလော ကြုံတွေ့နေရသော ပဲခူးတိုင်းအတွင်း ကွင်းဆင်းကာ ရေလှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာစစ်အစိုးရက လျှပ်စစ်ဓာတ်အားလိုင်းများကို နျူကလီးယား စမ်းသပ်စက်ရုံများ အတွက် သုံးစွဲနေဟု သတင်းထွက်ပေါ်

မိုးမခအထောက်တော် ၀၀၂
မေ ၁၉၊ ၂၀၁၀

မြန်မာပြည် တ၀ှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားများ အကြီးအကျယ်ပြတ်တောက်နေသည့် အပြင် ရန်ကုန်ရှိ စက်မှုဇုံများက ပါဝါ မီတာလိုင်းများကိုပါ ယာယီ ဖြတ်တောက်သည့် ဆောင်ရွက်ချက်များကြောင့် ရန်ကုန်မြို့နေ နည်းပညာရှင် အချို့က သုံးသပ်ရာတွင် ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား များကို စစ်အစိုးရ၏ လျို့ဝှက် နျူကလီယားစမ်းသပ် စက်ရုံများအတွက် ဆွဲယူ သုံးစွဲနေသည်ဟု ခန့်မှန်းချက် ထွက်ပေါ်လာသည်။

“မြန်မာပြည်မှာ စွမ်းအင်သယံဇာတ အမြောက်အများရှိတယ်။ သဘာဝ ဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းချ နိုင်တဲ့အထိ သူတို့ စီမံခန့်ခွဲနိုင်တယ်။ ပြည်တွင်းမှာ ရေအားလျှပ်စစ် သာမက၊ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်။ နေပြည်တော်မှာ မီးထိန်ထိန်သာတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေကို မီးမပေးချင်လို့ကို မပေးဘဲ ထားတာ။ သည်လိုမျိုး ပြောချင်တယ်” ဟု မိုးမခသို့ လုပ်ငန်းရှင် တဦးက မှတ်ချက်ပေးသည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် မြန်မာ စစ်အစိုးရသည် မြန်မာနိုင်ငံ အလယ်ပိုင်း မြိုင်မြို့အနီးတွင် နျူကလီယား စီမံကိန်းတခုကို ရုရှား အကူအညီဖြင့် အကောင်အထည် ဖော်နေကြောင်း သတင်းပို့ခဲ့ဖူးသည်။ နျူကလီးယား စီမံကိန်းဆိုသည်မှာ ယူရေနီယံများကို အသုံးပြုပြီး စွမ်းအင်အဖြစ် အသွင်ပြောင်းခြင်း သို့မဟုတ် ပျက်စီးစေနိုင်သည့် လက်နက်သဖွယ် အသုံးပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုစက်ရုံများတွင် လည်ပတ်ရန် စွမ်းအင် အမြောက်အများ လိုအပ်ကြောင်း၊ အင်အားမြင့် လျှပ်စစ် ဓာတ်အားပေး လိုင်းများကို အများအပြား သွယ်တန်း ချိတ်ဆက်နေရကြောင်း၊ ယခုလက်ရှိ အခြေအနေများကို စောင့်ကြည့်ရန်လိုကြောင်း သုံးသပ်သူ တဦးက မှတ်ချက်ပေးသည်။

(http://www.bangkokpost.com/news/investigation/21362/burma-s-nuclear-bomb-alive-and-ticking )

ဘန်ကောက်ပို့စ် သတင်းပါ အကြောင်းအရာ

၎င်းက သူ့အမြင်ကို ပြောကြားရာတွင် -
“တကယ်တမ်းမှာတော့ သူတို့ တည်ဆောက်နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေက မြိုင်မှာ တခု၊ နောင်လိုင်မှာ တခု ရှိတယ်လို့ အေဂျင်စီ သတင်းတွေအရ သိရတယ်။ အဲသည်မှာ မြေအောက် လှိုင်ခေါင်းတွေ ရှိတယ်လို့လည်း သတင်းတွေက ဆိုတယ်။ အနောက်က အစိုးရတွေ သိရင်တောင်မှ ဒါကို သူတို့က ဖွင့်မပြောဘဲ စောင့်ကြည့် နေသလား မပြောတတ်ဘူး။ လျှပ်စစ်မီးတွေ ကတော့ ပျက်နေတာက ထုံးစံလို ဖြစ်နေပြီ။ လူတွေကို တမင် ဖိနှိပ်တဲ့အနေနဲ့ မီးကို မပေးတာ ဖြစ်နိုင်သလို၊ သူတို့ဖက်မှာ လိုအပ်တဲ့ နေရာတွေကို စွမ်းအင်တွေ ဆွဲယူ သုံးစွဲ နေသလားတော့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ စစ်အစိုးရက ရုရှားမှာ နည်းပညာတွေ သွားယူတယ်။ မြောက်ကိုရီးယားကနေ လက်နက်တွေ ၀ယ်ယူတယ်။ နျူကလီးယား နည်းပညာကို ဖော်ထုတ် နေတာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ လောက်ကတည်းက ဖြစ်တယ်” ဟု ပြောသည်။

ယခုလက်ရှိအချိန်တွင် သောက်သုံးရေ ခမ်းခြောက်မှုများ၊ မိုးခေါင်မှုများ၊ ရာသီဥတု ကပ်ဘေးများ ဆိုးဝါးမှုတို့ကြောင့် မြန်မာနိုင်ငံသားများ ဒုက္ခများ ရင်ဆိုင်နေရချိန်၊ အသေအပျောက်များ ရှိနေချိန်တွင် လျှပ်စစ် စွမ်းအင်များကို စစ်အစိုးရက ပိုမို ဖြတ်တောက် ထားခြင်းမှာ ရိုးသားမှု မရှိဟု ရန်ကုန်မြို့ နေသူတို့က မိုးမခသို့ ပြောကြား ကြသည်။

(ဆက်လက်ဖော်ပြပါဦးမည်)

Ref: မိုးမခ

Read More...

စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများကို မီးဖြတ် ကုန်ဈေးနှုန်း မြင့်တက်လာဖွယ်ရှိ

မျိုးဝင်းဇော် / ၁၈ မေလ ၂၀၁၀

ရန်ကုန်တိုင်းအတွင်းမှ စက်မှုဇုန်များ၊ မြို့တွင်းမှ လျှပ်စစ်မီးအသုံးပြု စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက်၊ ဟိုတယ်၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း အားလုံးကို လျှပ်စစ်မီးပေးမှု လုံးဝ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ကော်မတီက အတည်ပြု ပြောဆိုသည်။

ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ တယ်လီဖုန်း ဖြေကြားသူတဦးက “ပြည်သူတွေကို မီးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလ (၁၅) ရက်က စပြီး စီးပွားရေး လုပ်ငန်းတွေကို ဖြတ်လိုက်တာပါ။ နေအိမ်တွေ မီးမရတော့ ရေတင်ရ ခက်ခဲတာ၊ အဲကွန်း၊ ပန်ကာ မသုံးနိုင်တော့ သက်ကြီးရွယ်အိုတွေ ခံနိုင်ရည် မရှိတော့ဘဲ သေဆုံးတာ အဲဒါတွေကို လူကြီးတွေ ပူပန်လို့ ခုလို လုပ်တာပါ။ နေအိမ်တွေကို အုပ်စုခွဲပြီး အခု တရက်ကို မီး (၆) နာရီ ပေးပါမယ်” ဟု ယနေ့ ရှင်းပြသည်။

ထို့ကြောင့် စက်မှုလက်မှု လုပ်ငန်းများသည် အချိန်ပြည့် မီးစက်များကို အသုံးပြုရတော့မည်ဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း ကြီးမြင့် လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ရာသီဥတု ပူပြင်းလွန်းခြင်း၊ လျှပ်စစ်ဓာတ်အားမရ၍ ရေမတင်နိုင်ခြင်း၊ နေအိမ်တွင်း မနေနိုင်ခြင်း စသည့် အခက်အခဲပေါင်း များစွာ ကြုံနေရသည့် ရန်ကုန်ပြည်သူများ အကြား ဆူပူမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့များ ပုံမှန် ကင်းလှည့် နေရကြောင်းလည်း ပန်းဆိုးတန်း လဝကရုံးမှ ရဲအရာရှိတဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင် ရေခဲစက်တည်ထားသူတဦးက ၎င်းတို့အနေဖြင့် အချိန်ပြည့် မီးစက်ကြီးလည်ပြီး အလုပ် လုပ်နေရခြင်းကြောင့် ကုန်ကျစရိတ် များလာသည့်အပြင် ရေခဲကို အလျဉ်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိတော့ကြောင်း ပြောသည်။

ယခုကဲ့သို့ မီးပျက်နေသည့်အတွက် အလတ်တန်းစား စားသောက်ဆိုင် တဆိုင်တွင် တရက်လျှင် ဒီဇယ် (၁၅) ဂါလန်ခန့် အသုံးပြုနေရပြီး ကုန်ကျစရိတ် (၅) သောင်းနီးပါး၊ တလလျှင် ကျပ်(၁၅) သိန်းခန့်ရှိပြီး ရန်ကုန်မြို့ (၅၅) လမ်းရှိ ပုံနှိပ်စက်တို့မှာ တရက်ပျမ်းမျှ ဂါလန် (၈ဝ)၊ ကုန်ကျစရိတ် (၂) သိန်းခွဲ၊ တလလျင် (၇၅) သိန်းခန့် အပိုကုန်ကျကာ လှိုင်သာဘက်မှ အအေးခန်းစက်ရုံများ အပါအဝင် စက်ရုံကြီးတို့တွင် တနေ့ ဒီဇယ်ဂါလန် (၂ဝဝ) အထက်သုံးရပြီး တရက် ကျပ် (၆) သိန်း၊ တလ ကျပ်သိန်း (၁၈ဝ) ခန့် အပို ကုန်ကျနေရကြောင်း သိရသည်။

လုပ်ငန်းသုံးပါဝါမီတာများ မသုံးရတော့သည့်အတွက် လုပ်ငန်းရှင်များက ဒီဇယ်ဆီများ ၀ယ်ယူ အသုံးပြုရမည်ဖြစ်ရာ ဒီဇယ် တဂါလန်လျှင် (၃,၂၀၀) ကျပ်မှ (၃,၃၀၀) ကျပ်ထိ ဈေးမြင့်တက်လာနေကြောင်း ဆီကုန်သည်များက ပြောသည်။

အစိုးရက စီးပွားရေးသမားများရော၊ ပြည်သူများကိုပါ လျှပ်စစ်မီးရရှိရေး မဆောင်ရွက် ပေးနိုင်သည့်အတွက် ပြည်သူများမှာ ကိုယ့်ဘာသာကိုယ် ငွေကုန်ကြေးကျ ခံနေကြရကြောင်း စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

၎င်းက “ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ မလာတဲ့အထဲမှာ လျှပ်စစ်မီးကိစ္စလည်း ပါဝင်တယ်။ မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေဟာ ခုလို လျှပ်စစ်မီး မရရှိမှု၊ တယ်လီဖုန်း၊ ကား ဈေးနှုန်းတွေ မတန်တဆ ကြီးမြင့်မှု စတဲ့ အခြေအနေ တွေကြောင့် ဘယ် အာဆီယံ နိုင်ငံတွေကိုမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး” ဟု ပြောဆိုသည်။

အစိုးရက ရန်ကုန်မြို့နေ ပြည်သူများကို တရက် လျှပ်စစ်မီး (၆) နာရီ ပေးမည်ဟု ကြေညာထားသော်လည်း မီးပေးနေသည့် အချိန်အတွင်း အကြိမ်ကြိမ် ပြတ်တောက်ခြင်း၊ အချိန်အနည်းငယ်သာ မီးရခြင်းမျိုးလည်း ကြုံရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ထိုသို့ ပြည်သူများ မီးပုံမှန်မရရှိချိန်တွင် နေပြည်တော် အစိုးရရုံး အဆောက်အဦတို့တွင်မူ မီးထိန်ထိန်လင်းပြီး အဲကွန်းများ သုံးနေကြဆဲ ဖြစ်ကြောင်း၊ ရေပန်း ဥယျာဉ်မှာလည်း ညဘက်တွင် ထိန်လင်းနေပြီး လျှပ်စစ်မီး အခက်အခဲ လုံးဝမရှိကြောင်း နေပြည်တော် ပြည်တွင်း အခွန်ဦးစီး ဌာနရုံးတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတဦးက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ၂ဝဝ၈ ခုနှစ်တွင် တနိုင်ငံလုံး လျှပ်စစ်မီး (၂၄) နာရီ ရရှိစေရမည်ဟု ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်အတွင်းက ကတိပေး ပြောဆိုခဲ့ဖူးသည်။

Ref: ခေတ်ပြိုင်

Read More...

ပဲခူးတွင် မိုးရွာ၊ ဒေသခံများ ဝမ်းမြောက်

ဆလိုင်း ဟံသာစန်း
အင်္ဂါနေ့၊ မေလ ၁၈ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်ပေါင်း ၂ဝ ကျော် ပူပြင်း၍ ရေရှားသောဒဏ် ခံနေရသော ပဲခူးမြို့တွင် ယနေ့ စတင် မိုးရွာသွန်းသဖြင့် ဒေသခံများ ဝမ်းမြောက် နေကြသည်။

အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိရှိခဲ့သော ပဲခူးမြို့တွင် အင်္ဂါနေ့ နေ့လည် ၁ နာရီခန့်က စတင်ရွာသွန်းနေပြီး သတင်း ပေးပို့ချိန် ၂ နာရီခွဲအထိ ဆက်လက် ရွာသွန်းနေဆဲဖြစ်ကာ ပဲခူးမြို့၏ နေ့အပူချိန်မှာ သိသိသာသာ ကျဆင်းသွားပြီး ၃၄ ဒီဂရီ စင်တီဂရိတ်သို့ ရောက်သွားသည်။

“ရေတော့ နည်းနည်းပဲ ပါတယ်။ ဒါပေမဲ့ ဝမ်းသာတယ်ဗျာ။ အခုလောလောဆယ်တော့ နေရတာ အေးသွားတယ်” ဟု ပဲခူးမြို့ခံ ကိုမြတ်မိုးက မဇ္ဈိမကို ပြောသည်။

“မိုးရွာတော့ ဝမ်းသာတယ်ရှင်။ အပူချိန်လျော့တော့မှာပေါ့။ ရပ်ကွက်ထဲကလူတွေ တော်တော်များများ မိုးရေ ထွက်ချိုးကြတယ်” ဟု အင်းဝေရပ်ကွက်မှ မြို့ခံ အိမ်ရှင်မ တဦးက ပြောသည်။

မိုးရွာစေရန်အတွက် ပဲခူးမြို့ ကြခတ်ဝိုင်းဘုန်းကြီးကျောင်းမှ သံဃာတော်များကလည်း ပြီးခဲ့သည့် စနေနေ့မှ စတင်ကာ ၃ ရက်ဆက်တိုက် မြို့ကိုပတ်၍ ငရံ့မင်း ပရိတ်များ လှည့်လည် ရွတ်ဖတ်ခဲ့ကြသေးသည်။

ယနေ့ ပဲခူးမြို့၏ အပူချိန်သည် ယမန်နေ့က ၃၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယနေ့တွင် ၃၄ ဒီဂရီစင်တီဂရိတ်သာ ရှိတော့ကြောင်း www.wunderground.com မိုးလေဝသအင်တာနက် ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

နောက် သုံးရက်တွင်လည်း နေ့အပူချိန် အမြင့်ဆုံး ၃၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး ၂၇ ဒီဂရီစင်တီဂရိတ်ကြား ရှိနေကာ အပူချိန် ကျဆင်းမှာ ဖြစ်သည်ဟုလည်း ခန့်မှန်းထားသည်။

အလားတူပင် အပူဒဏ်ခံစားနေရသည့် ရန်ကုန်မြို့တွင်လည်း ယနေ့ မိုးနှစ်ကြိမ် ရွာသွန်းသွားသည်။ “ပြောမပြတတ်အောင် ပျော်ပါတယ်ရှင်။ မိုးနတ်မင်းကြီးကိုလည်း အရမ်းကို ကျေးဇူး တင်မိပါတယ်။ လိုနေတဲ့ အချိန်မှာ လူတွေကို ညှာတာပေးလို့လေ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

“မိုးမရွာခင်တုန်းကဆို မီးကလည်းပျက်၊ ပူလွန်းအိုက်လွန်းတော့ ငိုတောင် ငိုချင်တယ်။ ဘယ်လိုမှ နေလို့မရဘူး။ အရမ်း စိတ်ညစ်တယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့၏ ယနေ့အပူချိန်သည် ၂၅ံC ဖြစ်ပြီး မနက်ဖြန်တွင် ၃၈ံC မှ ၂၇ံC ကြားနှင့် မိုးရွာရန် ရာနှုန်း ၄ဝ ၊ ကြာသာပတေးနေ့တွင် ၃၅ံC မှ ၂၆ံC ကြားနှင့် မိုးရွာရန်ရာနှုန်း ၄ဝ ၊ သောကြာနေ့တွင် ၃၅ံC မှ ၂၆ံC ကြားနှင့် မိုးရွာရန်ရာနှုန်း ၅ဝ ဖြစ်သည်။

မြန်မာနိုင်ငံတဝှန်းတွင် ဧပြီလကုန်ပိုင်းမှ စတင်ကာ အပူချိန်ပြင်းထန်မှုကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး သောက်သုံးရေ ရှားပါးမှုမှာလည်း ဒေသ အနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 18, 2010

“ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်
Monday, May 17, 2010

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထု တွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ ကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ် သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တလတကြိမ်နှုန်းလောက် ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီး ဗုံးကွဲတယ် ဆိုတာကို သိပ် စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ၊ တိုင်းပြည် မတည်ငြိမ်ဘူး ဆိုပြီး ဆက်အုပ်ချုပ်လို့ ရအောင် သူတို့ဘာသူတို့ ခွဲတာနေမှာပါ ဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထား ခဲ့ကြပါတယ်။ ခု ဧပြီလ (၁၅) ရက်၊ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်း ဖြစ်တာကြောင့်ရော၊ လူအများ အပြားထိ ခိုက်တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိ ရာထူးကြီးကြီး မားမား ပုဂ္ဂိုလ်များနဲ့ အာဏာပိုင် အသိုင်းအဝိုင်းကြား ထိခိုက်မှု များတာကြောင့်ရော၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စု အချင်းချင်း လုပ်တာလို့ အမျိုးမျိုး ပြောနေကြတာတွေ ကြောင့်ပါ ကမ္ဘာကရော မြန်မာပြည် သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံးဒါဏ်ရာရ စာရင်းတွေကို ချက်ခြင်း ထုတ်ပြန် ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်) ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြခွင့် ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်း ပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း မြို့နယ် ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ် သပြေကုန်း ရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး ဝပ်လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေ စိစစ်ရေးက ခွင့်ပြု ထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြ ထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ် အကြာမှာတော့ အားလုံး သိပြီးတဲ့ အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာ ရှင်းပွဲလုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူ တယောက်ကို ဖမ်းမိထားတယ် ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့များစွာကိုလည်း စွပ်စွဲ လိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာ ပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ ဝင်ကျူးလွန်သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရ ပြောတာတွေမို့လို့၊ စိတ်အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံ ဖန်တီးထားတဲ့ ဇတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့ အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇတ် ထွင်ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့် တရားခံ အဖြစ် ပြခံရလဲဆိုတာ ပြောစရာ ရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့ အကြောင်းက သူ့တပ် သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင် သန်းရွှေနဲ့ စဉ်းစားဥာဏ် မရှိတဲ့ သူ့တပ် အသိုင်းအဝိုင်းကို ပြန်လိမ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါ လာသွား နေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေ သမဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေးအတွက် သီးသန့် လာစောင့် ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဝင်ထွက်ခွင့် တံဆိပ်ပါ ကားတွေ ရပ်ထားပြီး ဗိုလ်မှူးကြီး ကိုယ်တိုင် လုံခြုံရေး ယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအဝင် လုံခြုံရေးများစွာ ရှိနေတဲ့ကြားမှာ ကွဲခဲ့ ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့်ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ တခြား VIP သားသမီး တချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်းကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုး ဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ် အိမ်ယာက နေပြည်တော် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလွင် နေအိမ်နဲ့ နယ်စပ် စည်ပင် ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီး သတင်း ထုတ်ပြန်ခြင်း မရှိပဲ ဖုံးကွယ် ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)၊ ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥယာဉ် အိမ်ယာကို ဆောက်နေတဲ့ ဆာကူရာ ဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမား တွေကိုတောင် အဲဒီဝန်းထဲမှာပဲ ကျိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှု မရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့် အာဏာတွေပေါ်
ကနေ ပတ်သက်နေကြတဲ့ အသိုင်းဝိုင်း ဖြစ်တာကြောင့်၊ သတင်း လုံခြုံမှု မရှိဘဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေကနေ ပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကို တယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန်ဗုံး ပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကို ထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေကို နှစ်သိမ့်နိုင်ဖို့၊ အသုံးမကျသလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေး တွေရဲ့ သိက္ခာကို ကာကွယ်ဖို့၊ ပြည်သူတွေ ကြားမှာ ပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင် ခွဲတာပါကွာ ဆိုတာကို ရှင်းပြီးသား ဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံဇတ် ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ် ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော် တိုင်းမှူး အိမ်ရှိရာ ချယ်ရီ ဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ခဲ့ဖူးသူ တယောက်ဖြစ်ပြီး သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင်ခဲ့တာကြောင့် အဲဒီဗုံး ကိစ္စမှာ စစ်မေးခံဖူးသူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ ဖြစ်ပါတယ်။ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယ ဖြစ်စရာ အားလုံးကို ဖမ်းတာမှာ ပြန်အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာ ဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ဘဲ စစ်ကြောရေး စခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာ ဖြစ်တဲ့အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပယ်က သူတွေနဲ့ ပတ်သက် ခဲ့တာတွေကို ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာ ဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေး ကင်းရှင်းပြီး ကောင်းမွန်စွာ နေထိုင် ကျောင်းတက်ပါမည်ဟု ဝန်ခံ လက်မှတ် ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်း တက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင် ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်း စာကို အစ္စလာမ် ဘာသာဝင်များကြား ကိုယ်တိုင်ရေးသား ဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေးနေချိန် ဖြစ်၍ ၎င်းသံဃာတော်များနှင့် အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီ ဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင် မဖေါ်ထုတ်နိုင်လို့ တရားခံ အစားထိုးဘို့ ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြားစွပ်ဆွဲ သူတွေကို ဇွတ်ဆက်စပ် ရပါတော့တယ်။ တခြား စွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာ ပါဝင်ပတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်း လုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူ တွဲပြီး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့) က တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျ ဝန်ထမ်းများ၊ လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံးကိစ္စ စစ်မေးရန် ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူ ရှိနေတာပဲ၊ သူနဲ့မှ မဆိုင်တာ၊ ဒါဆို ပြန်လွတ်လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရား စွပ်ဆွဲခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင် ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့် ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမျိုး လုပ်ခံထားရပုံ ပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူ မတရား ခံရတာဖြစ်ကြောင်း၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေ ဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကို သွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့် မရခဲ့ဘဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုး လုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲ ဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှ မရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခု တပ်ထားတာ ပြောရတော့မယ်၊ ထောင်ပို့ပြီး ဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင် ဆီက အဖြစ်မှန် သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေ ဖြစ်လာရင် လုပ်ကြံဇတ်လမ်း သတင်းစာရှင်းပွဲ ဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့် မပေး၊ သက်သေ ပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှု မပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာ လှည့်ဖြားဖို့ ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင် ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင် ဖြစ်သွားနိုင်တာမို့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဆိုးကို ဝိုင်းဝန်း တိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်

Ref: နေ့သစ်

Read More...

ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

ဂါမဏိ
၁၄ မေလ ၂၀၁၀

အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီ အဖြစ်ကနေ နိဂုံး ချုပ်သွားပြီလို့ ဖက်ဆစ် အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူး အော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက် ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလား အဖုံးကို ပိတ်တဲ့ နောက်ဆုံး သံချက်ပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီ ရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်း ပေါ်ကနေ ဒိုင်ယာလော့ လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

၁၉၈၉ ခု ဇူလိုင် (၂၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်မှာ အာဏာ ဖီဆန်ရေး နည်းဗျူဟာ မှေးမှိန်သွားခဲ့ပြီး ၁၉၈၉ စက်တင်ဘာလက စလို့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူထု စည်းရုံးရေး နည်းဗျူဟာကို အဓိက ထားလာခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့ အခါ ပြည်သူ့လွှတ်တော် ခေါ်ယူရေးနဲ့ ပြည်သူ့ အစိုးရဖွဲ့စည်းရေး လုံးပမ်း ခဲ့ရာမှာ နဝတ စစ်အုပ်စုက ၁၉၉၀ ဇူလိုင် (၂၇) ရက် ၁/၉၀ ကြေညာချက်နဲ့ ပြည်သူ့ လွှတ်တော် ခေါ်ယူခွင့်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ခဲ့တဲ့ အတွက် ဇူလိုင် (၂၉) ရက် ဂန္ဓီ ခန်းမ ကြေညာစာတမ်း ထုတ်ပြီး လွှတ်တော် ခေါ်ပေးဖို့ ခပ်ပျော့ပျော့ တောင်းတာပဲ လုပ်ခဲ့ပါတော့တယ်။

အဲဒီနောက်မှာ လွှတ်တော်ခေါ်ပေးဖို့ တကျီကျီတောင်းရင်းနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ဒီဇင်ဘာ (၁၁) ရက်မှာ၊ အတွင်းရေးမှူး ဦးဝင်းတင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၉) ရက်မှာ၊ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၂၄) ရက်မှာ ပါတီက ထုတ်ပစ် ပေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော် ခေါ်မယ့် ဒိုင်ယာလော့ ကတော့ ပေါ်မလာဘဲ ၁၉၉၃ ခု ဇန်နဝါရီ (၉) ရက်မှာ အမျိုးသား ညီလာခံ ဆိုတာကို နဝတ က ကျင်းပတဲ့ အခါ လိုက်ပါ တက်ရောက် ခဲ့ရပါတယ်။

၁၉၉၅ ခု ဇူလိုင် (၁၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ဒေါ်စု၊ ဦးတင်ဦး၊ ဦးကြည်မောင် တို့ကို အဖွဲ့ချုပ်ထဲ ပြန်ထည့်ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ အမျိုးသား ညီလာခံကို ပြန်လည်သုံးသပ် တောင်းဆိုချက် ထုတ်ပြန်ပြီး ညီလာခံအစား စစ်မှန်တဲ့ ဒိုင်ယာလော့ နည်းနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ အများ လက်ခံနိုင်တဲ့ အခြေခံဥပဒေ ပေါ်ထွန်းရေးတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်း ခဲ့ပြန်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ (၂၉) ရက်မှာ နအဖက အဖွဲ့ချုပ်ကို ညီလာခံက ထုတ်ပစ် လိုက်ပါတယ်။ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ ၁၉၉၆ မတ် (၂၅) ရက်မှာ လူသိရှင်ကြား တောင်းဆို လိုက်ပြီးနောက် မတ် (၃၁) ရက်ကစပြီး အမျိုးသား ညီလာခံဆိုတဲ့ ဒိုင်ယာလော့ အတုလည်း တိုးလို့တန်းလန်းနဲ့ ဆန့်ငင်ဆန့်ငင် သွက်ချာပါဒ လိုက်သွားခဲ့ပါတယ်။ ညီလာခံကို ‘နှောင့်ယှက်’ ရင် အရေးယူမယ် ဆိုတဲ့ အမိန့်ဥပဒေ ၅/၉၆ ကိုတော့ နဝတ က အရှက်ပြေ ထုတ်ခဲ့ပါသေးတယ်။

အတုအယောင် အမျိုးသားညီလာခံရဲ့ အပြင်ဘက်မှာတော့ စစ်မှန်တဲ့ ဒိုင်ယာလော့ အတွက် ကြိုးပမ်းချက် အဖြစ် ဒေါ်အောင်ဆန်း စုကြည်ဟာ ပထမအကြိမ် အကျယ်ချုပ် ကာလအတွင်း ၁၉၉၄ စက်တင်ဘာ (၂၀) ရက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တခါ၊ ၁၉၉၄ အောက်တိုဘာ (၂၈) ရက်မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တခါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ၁၉၉၇ ခု ဇူလိုင် (၁၇) ရက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေ၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဦးအောင်ရွှေက တိုက်တွန်းပေမယ့် ဗိုလ်ချုပ်ခင်ညွန့်က ပယ်ချခဲ့ပါတယ်။ ၁၉၉၇ စက်တင်ဘာလ ထဲမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေနဲ့ ထပ်တွေ့ဖို့ ခေါ်ခဲ့ပေမယ့် ဒေါ်စုကို ဖယ်ထားလို့ ဒီဒိုင်ယာလော့ ပျက်သွားခဲ့ပါတယ်။

အဲဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒိုင်ယာလော့ကို ဘေးဖယ်ပစ်လိုက်ပြီး ၁၉၉၈ ခု ဇွန် (၂၃) ရက်မှာ နအဖကို ရက်ပေါင်း (၆၀) အတွင်း လွှတ်တော် ခေါ်ပေးဖို့ ရာဇသံ ပေးခဲ့ပါတယ်။ ရက် (၆၀) ပြည့်သွားပေမယ့် နအဖက လွှတ်တော် မခေါ်ပေးတဲ့ အတွက် ကိုယ့်ဘာသာ လွှတ်တော် ခေါ်မယ်လို့ သြဂုတ် (၂၁) ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နအဖ စစ်အုပ်စုဟာ ကောက်ကျစ် ယုတ်မာစွာနဲ့ စက်တင်ဘာ (၆) ရက်နေ့ကစပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ တာဝန်သိ တာဝန်ရှိစွာနဲ့ စက်တင်ဘာ (၁၆) ရက်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ကို ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။

စီအာပီပီဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့အစိုးရပေါ်ပေါက်ရေးအတွက် လှုပ်ရှားခဲ့ရာမှာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၁) ရက်နေ့မှာ နအဖ က ဒေါ်စု၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြီး (၁၄) ရက်နေ့မှာ ပြန်လွှတ် ပေးခဲ့ပါတယ်။ စက်တင်ဘာ (၁၆) ရက်နေ့မှာတော့ စီအာပီပီက အခြေခံဥပဒေကို ကိုယ့်ဘာသာ ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နအဖက စက်တင်ဘာ (၂၂) ရက်နေ့ကစပြီး ဒေါ်စုနဲ့ ဗဟို အလုပ်အမှုဆောင် အားလုံးကို အကျယ်ချုပ် ချခဲ့ပြန်ပါတယ်။ ဒေါ်စုကို ၂၀၀၂ မေလ (၆) ရက်ကျမှ လွှတ်ပေးခဲ့ပါတယ်။

ဒီဒုတိယအကျယ်ချုပ်ကာလအတွင်း ၂၀၀၀ ပြည့်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ ဒေါ်စုဟာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီနောက် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ တခါတရံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်တို့ ဦးစီးတဲ့ နအဖ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ (၁၀) ခါ ဆွေးနွေးခဲ့ပါတယ်။ လွတ်ခါနီး ၂၀၀၂ ခု ဇန်နဝါရီလမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ ဆွေးနွေး ခဲ့ပါသေးတယ်။ မေလမှာ လွတ်ပြီးနောက် ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ခေါင်းဆောင်တဲ့ စေ့စပ်ရေးအဖွဲ့နဲ့ (၃) ခါ ထပ်ဆွေးနွေး ခဲ့ပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဒေါ်စုအပေါ် လူထုထောက်ခံမှုကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်လာတဲ့ ဗိုလ်ချုပ် သန်းရွှေဟာ ၂၀၀၃ ခု မေ (၃၀) ရက်မှာ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ပြီးနောက် မသေလို့ ကျန်ခဲ့တဲ့ ဒေါ်စုနဲ့ ဦးတင်ဦးကို အကျယ်ချုပ် ထပ်ချခဲ့ ပြန်ပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စိတ်မပါတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောထားကြီး အမြင်ကျယ်တဲ့ ဒေါ်စုတို့ဟာ အကျယ်ချုပ်ကျပြီး မကြာမီအတွင်း တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့် ကြီးကြပ်စီစဉ်မှုအောက်မှာ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးကြီးတင်လှိုင်တို့ ပါတဲ့ စေ့စပ်ရေး အဖွဲ့ဟာ ဒေါ်စုနဲ့ (၅) ခါ ဆွေးနွေးခဲ့ရာမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဘက်က ဒီပဲယင်းကိစ္စကို သင်ပုန်းချေဖို့၊ အမျိုးသား ညီလာခံတက်ဖို့၊ တပ်မတော် အခန်းကဏ္ဍကို ကာလတခု အထိ ပါဝင်ခွင့်ပေးဖို့ သဘောတူခဲ့ပြီး နအဖဘက်ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ အမျိုးသား ညီလာခံက ချမှတ်ထားတဲ့ အခြေခံမူ (၁၀၄) ချက်ကို ပြန်ဆွေးနွေးဖို့ သဘော တူခဲ့ကြပါတယ်။ တနည်းအားဖြင့် ပြောရရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အောင်မြင်ဖို့ (၉၅) ရာခိုင်နှုန်း သေချာ နေခဲ့ပါတယ်။ ဒီဒိုင်ယာလော့ ကာလအတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဒေါ်စုတို့နဲ့ ပူးတွဲပြီး တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖို့ ရည်ရွယ်တဲ့ လမ်းပြမြေပုံကို ၂၀၀၃ ခု သြဂုတ် (၃၀) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၄ ခု ညောင်နှစ်ပင်ညီလာခံ မကျင်းပမီ တရက်အလို မေ (၁၆) ရက်မှာ ဗိုလ်ချုပ်သန်းရွှေက သဘောတူညီချက် အားလုံးကို သူ့တယောက်တည်း သဘောနဲ့ ဖျက်သိမ်း ပစ်လိုက်ပြီး ဒေါ်စုနဲ့ အဖွဲ့ချုပ်တို့ အနေနဲ့ ညီလာခံကို ခြွင်းချက်မရှိ တက်ရမယ်၊ ညီလာခံအတွင်း အနေအထိုင်ပေါ် မူတည်ပြီးတော့မှ ဒေါ်စုတို့ တောင်းတဲ့ ကိစ္စတွေ စဉ်းစားပေးမယ်လို့ တချက်လွှတ် အမိန့်ချခဲ့ပါတယ်။ တိုင်းပြည်ရဲ့လက်တွေ့ အခြေအနေနဲ့ ကမ္ဘာကြီးရဲ့ ဦးတည်လမ်းကြောင်းကို အတိုင်းအတာ တခုအထိ သဘောပေါက်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း ၂၀၀၄ အောက်တိုဘာ (၁၉) ရက်မှာ ရာထူး ပြုတ်သွားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံမှာ ဒိုင်ယာလော့ရဲ့ အခန်းကဏ္ဍဟာ ၂၀၀၄ မေလမှာ ဂိမ်းဘောဆိုက် သွားခဲ့ပါပြီ။ တနည်းပြောရရင် ဒိုင်ယာလော့ သေဆုံး သွားခဲ့ပြီဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ဒိုင်ယာလော့မှာ ဒေါ်စုအပြင် တခြားအဖွဲ့ချုပ် ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ခေါင်းဆောင်ကြီးတွေဟာ ဒိုင်ယာလော့ နိဂုံး ချုပ်သွားခဲ့ပေမယ့်လည်း ဒိုင်ယာလော့ကိုပဲ တစာစာ ဆက်အော်နေခဲ့ကြပါတယ်။ ဒီတော့ ဒိုင်ယာလော့ အသက်ထွက်သွားတာ မသိကြတဲ့ တခြား ပြည်တွင်းပြည်ပ အတိုက်အခံတွေကလည်း ဒိုင်ယာလော့တို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ကိုပဲ နားမလည် ပါးမလည်နဲ့ လိုက်ယောင် နေခဲ့ကြပါတယ်။

ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်နိုး မျှော်လင့်ပြီး ၂၀၀၆ ဖေဖော်ဝါရီ (၁၂) ရက်မှာ လွှတ်တော် ခေါ်ပေးရင် နအဖကို ဒီဂျူရီ (ဥပဒေကြောင်းညီ တရားဝင်) အစိုးရဖြစ်အောင် လုပ်ပေးမယ်၊ ဒီနောက် တရားဝင်သွားတဲ့ နအဖအစိုးရနဲ့ လွှတ်တော်လက်တွဲပြီး အခြေခံဥပဒေဆွဲတာ၊ ရွေးကောက်ပွဲ ကျင်းပတာ၊ တိုင်းပြည်ပြဿနာတွေ ဖြေရှင်းတာ လုပ်ကြမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

၂၀၀၇ သြဂုတ် (၁) ရက်မှာလည်း တာဝန်သိ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီအာပီပီ အဖွဲ့ဝင်တွေ စုစုပေါင်း (၉၂) ယောက် (နောက်ပိုင်းမှာ ၉၇ ယောက်ဖြစ်လာ) ပူးပေါင်းပြီး နအဖ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖ အခြေခံဥပဒေ (၁၀၄) ချက်တွေကို ထည့်သွင်းစဉ်းစားပေးထားတဲ့ အစားထိုး ပြည်သူ့ လမ်းပြမြေပုံတခုကို အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမယ့် သေပြီးတဲ့ ဒိုင်ယာလော့ အလောင်းကောင်ကြီး ကတော့ ဘယ်လိုမှ မလှုပ်နိုင်တော့ပါဘူး။ အခုလို အသက်ပြန်ရှူအောင် အဆုတ်ထဲ ပါးစပ်ချင်းတေ့ လေမှုတ်သွင်း၊ နှလုံးပြန်ခုန်အောင် ပြင်ပကနေ လက်နဲ့ဖိနှိပ်ပေးပြီး အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဒိုင်ယာလော့ အလောင်းကောင်ကြီး အသက် ပြန်ရှင်မလာပါဘူး။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အခါမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာ လူထုကို လှည့်စားဖို့ ဗိုလ်ချုပ်သန်းရွှေက ဒိုင်ယာလော့ အလောင်းကောင်ကြီးကို သနပ်ခါးလိမ်း ပန်းပန်ပေးပြီး ပွဲထုတ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်ဆံရေး ဝန်ကြီးဆိုတဲ့ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်စုနဲ့ ဆွေးနွေးပြစေခဲ့ရာမှာ ၂၀၀၇ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ (၃) ခါ၊ ၂၀၀၈ ဇန်နဝါရီမှာ (၂) ခါ၊ ၂၀၀၉ အောက်တိုဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ (၄) ခါ ပုံဆွဲပြခဲ့ပါတယ်။ တကယ်တော့ ဝိညာဉ် ချုပ်ပြီးသား ဖြစ်တဲ့အတွက် ဒိုင်ယာလော့ မသာကောင်ကြီးဟာ ပုပ်စော်နံလာတာပဲ အဖတ်တင်ပါတယ်။

အင်မတန် ထက်မြက်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယာလော့ အသက်မရှိတော့တဲ့ အကြောင်း ပြည်တွင်းပြည်ပ သိစေဖို့အတွက် ၂၀၀၉ စက်တင်ဘာ (၂၅) ရက်မှာ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ကိစ္စဆွေးနွေးဖို့ ခေါင်းစဉ်တပ် ကမ်းလှမ်းပြခဲ့ပါတယ်။ ဒီကိစ္စကို နောက်ဆုံးမှာ ဘယ်လိုမှ ရှေ့ဆက်မရအောင် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာဟာ ဒိုင်ယာလော့ အလောင်းထည့်ထားတဲ့ ခေါင်းတလားအဖုံးကို သံချက် နှက်ခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၂၀၀၉ ခု ဧပြီ (၂၉) ရက်က ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနိမ့်ဆုံး သတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာကို နအဖရဲ့ မတ်လ (၈) ရက်ရွေးကောက်ပွဲ ဥပဒေတွေက အပြီးအပြတ် ပယ်ချပစ်လိုက်တာ၊ ဒါနဲ့ တဆက်တစပ်တည်း မေ (၆) ရက်မှာ အဖွဲ့ချုပ် မှတ်ပုံပြန်မတင်လို့ တရားမဝင် ဖြစ်ပြီဆိုတဲ့ နအဖရဲ့ အာဏာပါဝါတွေဟာ ဒိုင်ယာလော့အလောင်း ခေါင်းတလားဖုံးကို ပိတ်တဲ့ နောက်ဆုံး သံချက်တွေ ဖြစ်သွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မိမိရဲ့အခြေခံရပ်တည်ချက်ဟာ (အရည်မရ အဖတ်မရ ဒိုင်ယာလော့ မဟုတ်ဘဲ) ၂၀၀၃ မတ် (၉) ရက်၊ ၁၉၉၇ ဖေဖော်ဝါရီ (၄) ရက်၊ (၁၉၉၃ နေရူးဆုအတွက်) ၁၉၉၅ နိုဝင်ဘာ (၁၆) ရက်တို့မှာ ပြောခဲ့တဲ့ မိန့်ခွန်း/ဆောင်းပါး (၃) ခုအတိုင်း ဖြစ်တယ်လို့ ၂၀၀၉ အောက်တိုဘာလမှာ မက်ဆေ့ခ်ျပေးခဲ့သလို ၂၀၁၀ မတ်လ (၂၃) ရက်မှာလည်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်ကို ဘူးသီးတလုံး ပေးလိုက်ပြီး ဘူးတိုက်ပွဲ ဆင်နွှဲဖို့ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ်။

ဒါကြောင့် ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဒိုင်ယာလော့တို့၊ (နအဖနဲ့) အမျိုးသားပြန်လည် သင့်မြတ်ရေး တို့ကို လက်ရှိ စစ်အုပ်စု အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ (နအဖအသက်နဲ့ တပ်မတော်ကိုယ်) ဘာမှမျှော်လင့် စိတ်ကူး ယဉ်နေစရာ မရှိတော့ဘဲ တာဝန်သိ တာဝန်ရှိ (အဖွဲ့ချုပ်+တိုင်းရင်းသား) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ရဲ့ mandate ကို ရဲရဲဝံ့ဝံ့ ပါးပါးနပ်နပ်နဲ့ အပြည့်အဝ အသုံးချပြီး ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတို့ကို ပြည်တွင်းမှာ ကိုယ့်ဘာသာ ဖွဲ့စည်းထူထောင်ဖို့၊ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ နောက်ဆုံးအောင်ပွဲ ရတဲ့အထိ ပြည်သူလူထုနဲ့ တပ်မတော်သားတွေကို ခေါင်းဆောင်သွားဖို့ လမ်းကြောင်းပဲ ရှိပါတော့တယ်။

ဒီနည်းနဲ့ ၂၀၁၀ မေ (၆) ရက် ဒိုင်ယာလော့ရဲ့ အပြီးသတ် နိဂုံးကနေ ပြည်သူ့အစိုးရရဲ့ နိဒါန်း ဖြစ်လာအောင် ဝိုင်းဝန်း လုံးပန်းကြပါစို့။ ။

Ref: ခေတ်ပြိုင်

Read More...

အပစ်ရပ် SSA တပ်မဟာ ၁ စရာဖ အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာပို့

Monday, 17 May 2010 22:50

အသွင်ကူးပြောင်းရေးကိစ္စ နောင်တက်လာမည့်အစိုးရသစ်နှင့်သာဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံသို့ အပစ်ရပ် SSA တပ်မဟာ ၁ က အိတ်ဖွင့်ပေးစာ ပေးခဲ့သည်ဟု စုံစမ်းသိ ရှိရပါသည်။

အသွင်ကူးပြောင်းရေးလက်မခံသည့် အပစ်ရပ် SSA တပ်မဟာ ၁ တပ်ဖွဲ့သည် နအဖ နှင့် ရင်ဆိုင်တိုက်ပွဲ မဖြစ်လိုကြောင်း၊ နောင် တက်လာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးလိုကြောင်း၊ လက်ရှိ အခြေအနေအရ ၁၉၈၉ အပစ် စရပ်စဉ် သဘောတူညီချက် အတိုင်း ဆက်လက် ရပ်တည်သွားလိုကြောင်း အဓိက အကြောင်းရင်း ၄ ချက်ပါရှိသည့် အိတ်ဖွင့် ပေးစာတစောင်ကို စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ ၂၀၁၀၊ မေ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။

တပ်မဟာ ၁ နှင့် ၀င်ဆန့်သည့် ပုဂ္ဂိုလ်တဦးက -“တပ်မဟာ ၁ ကနေ ဗိုလ်ရဲမြင့်ထံ ပေးပို့တဲ့ စာထဲမှာက နိုင်ငံရေး ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဘူး။ ၁၉၈၉ အပစ်စရပ် ကထဲက အပစ်ရပ် SSA အနေနဲ့ အသက် အမြောက် အများ ရင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လာခဲ့တယ်၊ SSA တပ်မှူး တပ်သားများ ကိုယ်တိုင် နိုင်ထက်စီးနင်း ကျူးကျော် ဖိနှိပ်ခံရပေမဲ့ အောင့်အီး သည်းခံခဲ့တယ်။ နောင်တက်လာမယ့် အစိုးရသစ်မှာမှ အသွင်ပြောင်းဖို့ ဆွေးနွေးလိုတယ်” - ဟု ဆို၏။

ထို့အပြင် ၂၁ နှစ် အပစ်ရပ်ကာလအတွင်း SSA တပ်မတော်သားများ အပါအ၀င်ဒေသခံ ပြည်သူများပါ ငြိမ်းချမ်းရေး အသီးအပွင့် ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ငြိမ်းချမ်းရေး သဘောတူညီချက် အတိုင်း ဆက်လက် နေထိုင်သွားလိုကြောင်း၊ အပစ်ရပ် တပ်မဟာ ၁ အနေဖြင့် အသွင်ပြောင်းရေး ကိစ္စ သဘောတူညီမှု လုပ်ထားသည့်အတိုင်း အနာဂတ် အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း - အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောပြ ပါသည်။

“မေ ၂၄ သျှမ်းပြည် တပ်မတော်မွေးနေ့ (သမိုင်းဝင်နေ့) ကို မျက်ကွယ်ပြုပြီး အဲဒီ့နေ့မှာမှ ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်ခံတဲ့ ဦးလွယ်မောင်း(၀်)၊ ဦးကိုင်ဖှာ့တို့ အုပ်စုနည်းအတိုင်း ဗိုလ်ချုပ်ပန်ဖှက လက်မခံဘူး၊ ပြီးတဲ့ တနင်္ဂနွေနေ့ကလဲ မိုင်းနောင် အခြေစိုက် စကခ ၂ မှူးက ဖိတ်ခေါ်လို့ ကိုယ်စားလှယ်တွေ လွတ်ပြီး ဆွေးနွေးခိုင်း သေးတယ် အဲဒါလဲ ဘာမှ မထူးခြားဘူး”- တပ်မဟာ ၁ အရာရှိ တဦးနှင့် ၀င်ဆန့်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်မှ ဦးဆောင်၍ တပ်မဟာ ၃၊ ၇ နှင့် ဌာနချုပ်တပ်ဖွဲ့တို့ ဌာနေပြည်သူ့စစ် အသွင် ကူးပြောင်းရေး သဘောတူ လက်ခံ၍ လူသူ လက်နက် စာရင်း ပေးထားပြီးသော်လည်း ဘာ့ကြောင့် ယနေ့တိုင် အခမ်းအနား မလုပ်သေး သနည်း ဆိုသည်ကို အများက စိတ်ဝင်စားနေကြ၏။ ဌာနေပြည်သူ့စစ် ၀တ်စုံ ၀တ်သည့် တပ်သားများလည်း ဆယ်ဂဏန်း လောက်သာ ရှိသေးကြောင်း ဒေသခံများက ပြောပါသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းအရ အသွင်ကူးပြောင်းရေးလက်ခံပြီးသည့်နောက် ဆိုင်ကျော့ (စိန်ကျော့) ဌာနချုပ် တပ်ဖွဲ့ အပါအ၀င် တပ်မဟာ ၃၊ ၇ တပ်ဖွဲ့ဝင်အချို့ တပ်မဟာ ၁ ထံ သို့ အင်အား ၈၀ ထက်မနည်း ထွက်ပြေးခိုလှုံ ပူးပေါင်း လာကြသည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြတိုက်မှု ရွာသား (၂) ဦး ပွဲချင်းပြီး သေဆုံး

အောင်ထက် / ၁၈ မေလ ၂၀၁၀

ကွမ်းခြံကုန်းမြို့မှ (၈) မိုင်ခန့်အကွာ ဒရယ်လူးကျေးရွာတွင် မေ (၁၆) ရက် ည (၉) နာရီခန့်က ဓားပြတိုက်မှု ဖြစ်ပွားပြီး သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား (၂) ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဓားပြတိုက်သည့်နေအိမ်မှာ ဒရယ်လူးကျေးရွာ၏ သူဌေးစာရင်းဝင် ဒေါ်သိန်းမြင့် ခေါ် ဒေါ်ကြွက်မ ဆိုသူ၏ နေအိမ်ဖြစ်သည်။

“ဓားပြတွေက (၅) ဦး၊ မရှင်းဂန်းသေနတ် ကိုယ်စီ ကိုင်ဆောင်ထားတယ်။ ရွာသားတွေက သိသိချင်း အဲဒီအိမ်ကို ၀ိုင်းလိုက်ကြတယ်။ ဒါနဲ့ ဓားပြတွေလည်း ကမန်းကတန်းနဲ့ ယူသွားတာ ငွေ (၁) သိန်း (၃) သောင်းလောက်နဲ့ လက်စွပ် တကွင်းပဲ ရသွားတယ်” ဟု ဒေါ်ကြွက်မနှင့် ဆွေမျိုး တော်စပ်သူတဦးက ပြောသည်။

ဒေါ်ကြွက်မမှာ သေနတ်ဒင်နှင့် ထုရိုက်ခံရ၍ ဦးခေါင်းဒဏ်ရာ ရရှိသွားပြီး ဓားပြများက ရွာသားများအား သေနတ်များဖြင့် ပစ်ခတ် ထွက်ပြေးကြကာ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် ရွာသား (၂) ဦး သေဆုံးပြီး ရန်ကုန် ဆေးရုံကြီးသို့ ရွာသား (၆) ဦး အရေးပေါ် လူနာအဖြစ် တင်ပို့ လိုက်ရသည်ဟု သိရသည်။

မေ (၁၇) ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားသူ ရွာသား (၁) ဦး သေဆုံးသွားသည်ဟု သိရပြီး ကွမ်းခြံကုန်း ဆေးရုံ၌ ရွာသား (၇) ဦး သေနတ်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။

ရန်ကုန်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွမ်းခြံကုန်းဆေးရုံသို့ သွားရောက်ကာ လိုအပ်သော ခွဲစိတ်ကုသမှုများ ပြုလုပ် ပေးခဲ့သည်ဟု ကွမ်းခြံကုန်း မြို့ခံတဦးဖြစ်သည့် အခင်းဖြစ်ပွားနေရာ အနီး နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဓားပြ (၅) ဦးစလုံး မျက်နှာတွေ ဖုံးထားတယ်။ ထူးခြားတာက အဲဒီထဲမှာ စစ်တပ် ယူနီဖောင်းဝတ် (၂) ဦး ပါနေတယ်။ နောက်ပြီး ဒီလို ကျေးရွာမျိုးမှာ ဒီလို လက်နက်မျိုး ဘယ်သူမှ မကိုင်နိုင်ဘူး။ ဒီလက်နက်တွေက စစ်တပ်မှာပဲ ရှိနိုင်တယ်။ ဒါကြောင့် ဒီဓားပြမှုမှာ နယ်မြေခံ စစ်တပ် စခန်းခွဲက စစ်သားတချို့ ပါဝင်နိုင်တယ်” ဟု ပြောဆိုသည်။

ဓားပြ (၅) ဦးမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး ရန်ကုန် တောင်ပိုင်းခရိုင် စစ်ဒေသမှ တာဝန်ရှိသူများ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူ များဖြင့် လုံခြုံရေး တင်းကြပ်လျက်ရှိသည်။

ဒလကားလမ်းမနှင့် လှိုင်သာယာတံတားအဆင်း လမ်းဆုံမှလည်းကောင်း၊ ကွမ်းခြံကုန်းမြို့အ၀င် နေရာမှလည်းကောင်း အ၀င်အထွက် စစ်ဆေးလျက် ရှိပြီး ဒရယ်လူး ကျေးရွာသို့ သောက်သုံးရေ ပေးဝေရန် သွားရောက်သည့် ကားများလည်း လုံခြုံရေး စစ်ဆေးမှုများ ခံနေကြရသည်။

ဒရယ်လူးကျေးရွာသည် အိမ်ခြေ (၃၀၀) ခန့်ရှိပြီး နယ်မြေခံ ကြည်းတပ်၊ ရေတပ် စခန်းခွဲငယ်များ၊ ရဲကင်းများ ထားရှိသော ကျေးရွာကြီး ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန် စီးပွားရေး လုပ်ငန်းများ မီးမရတော့

နရီလင်းလက်
Monday, May 17, 2010

ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက လုပ်ငန်းများကို ပြီးခဲ့သည့် သောကြာ နေ့မှစ၍ လျှပ်စစ် ဓာတ်အား လုံးဝ ဖြတ်တောက် လိုက်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်များ၊ အသေးစား စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ လျှပ်စစ်ဓာတ်အား ပေးဝေ နေခြင်းကို မေလ ၁၄ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ရန်ကုန်မှာ လျှပ်စစ် ဓာတ်အား ပေးဝေနိုင်တဲ့ အခြေအနေက အဆိုးဆုံး အခြေအနေကို ရောက်နေတော့ လုပ်ငန်းရှင် တွေထက် ပြည်သူတွေကို လျှပ်စစ် ဓာတ်အား ပေးနိုင်ဖို့ ဆိုပြီး အထက်က ဒီလို လုပ်ခိုင်းတာ” ဟု ယင်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ဤသို့ ဖြတ်တောက် လိုက်ခြင်းဖြင့် ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များကို တနေ့လျှင် လျှပ်စစ်ဓာတ်အား ၄ နာရီခန့် ပုံမှန် ပေးနိုင်ဖွယ် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြသည်။

သတ်မှတ် နာရီအတိုင်း လျှပ်စစ်မီး ပုံမှန် ပြန်ပေးမည်ဟု သတင်းကြားရ သော်လည်း ယနေ့ အထိ လျှပ်စစ်မီး ပုံမှန် မရသေးဟု မင်္ဂလာဈေး အနီးတွင် နေထိုင်သူ တဦးက ပြောသည်။

ယင်းကဲ့သို့ မကြေညာမီ ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးရှိ လျှပ်စစ် အင်ဂျင်နီယာများက မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရမည့် လုပ်ငန်းရှင်များစာရင်းကို တင်သွင်းရကြောင်း သိရသည်။

“လုံးဝ သုံးလို့မရအောင် မီတာဘောက်စ်တွေပါ ချိတ်ပိတ်သွားတာ။ အရင်လည်း မီးမမှန်လို့ မီးစက်သုံးနေရပေမယ့် လုံးဝ သုံးလို့ မရတော့တဲ့ အထိလောက်တော့ မဆိုးဘူးပေါ့။ အခု မီးလုံးဝ မသုံးရတော့ဘူးဆို ဘာနဲ့ စက္ကူတွေဖြတ်တာ၊ ညှပ်တာလုပ်ရတော့ မလဲ” ဟု ရန်ကုန်မြို့ရှိ စာအုပ်ချုပ်နှင့် စက္ကူလုပ်ငန်း လုပ်ကိုင်သူတဦးကဆိုသည်။

ယင်းကဲ့သို့ မီးလုံးဝ မရရှိသောကြောင့် လုပ်ငန်းရှင်များအနေနှင့် လည်ပတ်မှုရပ်တန့် မသွားအောင် မီးစက်အသုံးပြု၍ ဆက်လက်လုပ်ကိုင်သွားရန် စီစဉ်ထားသော်လည်း ဒီဇယ်ဈေးနှုန်းများ မြင့်တက်မည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိက ဆေးရုံတွေကို မပေးတော့ဘူးဆိုတော့ အရေးပေါ် ခွဲစိတ်ဖို့ အခြေအနေတွေ၊ လေအေးပေးစက်နဲ့ ကုသနေရတဲ့ လူနာတွေအတွက် အခက်အခဲတွေ တော်တော်ဖြစ်သွားတယ်။ လူနာတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို တော်တော်ရောက်နေတယ်” ဟု အာရှတော်ဝင်ဆေးခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိ အခြေအနေတွင် တိုးမြင့်နေသည့် ထူးကဲ အပူရှိန်ကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးများ အသက်ဆုံးရှုံးမှု များပြားနေပြီး ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများ၌ လူနာများကို ၂၄ နာရီ စောင့်ရှောက်နေရသဖြင့် လျှပ်စစ်မီး ဖြတ်တောက်လိုက်ခြင်းသည် အလွန်ဆိုးရွားသော ဖြစ်ရပ်ဟု ၎င်းကပြောသည်။

မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို တနေ့လျှင် ၆ နာရီ မီးပြန်ပေးမည်ဟု ပြန်လည် ပြင်ဆင်ကြေညာခဲ့သော်လည်း ယင်းပြင်ဆင်ချက်အတိုင်း မရရှိသေးကြောင်း သိရသည်။

မုတ္တမပင်လယ်ကွေ့မှ သွယ်ယူထားသည့် ဓာတ်ငွေ့ပိုက်လိုင်းသည် ပုံမှန်အားဖြင့် ဓာတ်ငွေ့ ကုဗပေ ၁၀ သန်းခန့်ကို ရန်ကုန်သို့ ပို့လွှတ်နေသော်လည်း ယင်းဓာတ်ငွေ့ ပိုက်လိုင်းမှာ ယမန်နှစ်က ပေါက်သွားခဲ့သည်ဟု ဆိုသည်။

အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လက်အောက်တွင် တည်ဆောက်ရေး တာဝန် တွဲဖက်ယူထားသော ကုမ္ပဏီကြီးတခုမှ လျှပ်စစ် အင်ဂျင်နီယာတဦးက “၂၀၀၉ မှာ အဲဒီက ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သွားတယ်။ ဖြတ်ပြီး ဆက်ဖို့ ပြည်ပကို မှာထားတာ အချိန်မီ မရတော့ ဓာတ်ငွေ့ရတာ လျော့သွားတယ်။ ရေအားလျှပ်စစ်က ပုံမှန် မီဂါဝပ် ၂၀၀ လောက်ရရင် ပြဿနာမရှိပေမယ့် ရာသီဥတု ကလည်း ဆိုးနေတော့ ဒီအချက်တွေဆုံပြီး ပိုဆိုးသွားတာ'' ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အား အဓိက ပေးပို့နေသော လောပိတ ဓာတ်အားပေး စက်ရုံသို့ စီးဆင်းသည့် အင်းလေး ကန်၏ ပင်မ ရေဝင်ချောင်း ဖြစ်သော ဘီလူး ချောင်းတွင် ရေနည်း နေသော ကြောင့်လည်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ကျဆင်း သွားခြင်း ဖြစ်သည်ဟု လေ့လာသူတို့က ဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ်၊ အင်းလေး ဒေသ၊ ဟဲယာရွာမ ကျေးရွာရှိ နာမည်ကျော် အင်းလေး ရေပေါ်ဈေး နေရာနှင့် အင်းလေးကန် အတွင်းရှိ ဖောင်တော်ဦး ဘုရား ၀န်းကျင်တို့တွင် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“ရွာထဲမှာ လမ်းလျှောက်လို့တောင်ရတယ်။ ကန်ထဲမှာ ရေနည်းနည်းပဲ ရှိတော့တယ်။ သောက်ရေအတွက် တခြားရွာက သယ်ရတယ်” ဟု အင်းလေး ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

Ref: ဧရာဝတီ်

Read More...

ဗုံးခွဲမှုခင်း သံသယဖြင့် ဖမ်းဆီးခံရသူကို ရုံးထုတ်

မြင့်မောင်
တနင်္လာနေ့၊ မေလ ၁၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်ရှိ သင်္ကြန်တွင်း ဗုံး ၃ လုံး ပေါက်ကွဲမှုတွင် ဓာတ်ပုံ ရိုက်ယူခဲ့သဖြင့် ဖမ်းဆီးခံရသော သားအဖ နှစ်ဦးအနက် ယနေ့တွင် ဖခင် ဦးဇေယျကို မင်္ဂလာတောင်ညွန့် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ဦးဇေယျအပေါ် ရဲက အမှုဖွင့်ဆိုထားခြင်း မရှိသေးဘဲ မြို့နယ် တရားရုံးသို့ ယနေ့နံနက်က ရုံးထုတ်ပြီး နောက်ထပ် ၁၄ ရက်၊ (ရီမန်ကြီးတပတ်) ဗဟန်းရဲစခန်း၌ ဆက်လက် ချုပ်နှောင်ထားရန်နှင့် မေလ ၃၁ ရက်နေ့တွင် နောက်တခါ ရုံးထုတ်ရန် ချိန်းဆိုလိုက်သည်။

“ နှိပ်စက်တာ မရှိပါဘူး။ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ ပုဒ်မမတပ်သေးဘဲ ရဲအချုပ်မှာ ထားတယ်။ ဘာလုပ်နေလဲ မေးတော့ အချုပ်ထဲမှာ အချုပ်သား အချင်းချင်း လူမှုရေး အကူအညီ ပေးနေတယ်။ လိုအပ်တာလေးတွေ လုပ်ပေးနေတယ်။ ”ဟု ဦးဇေယျ၏ ဇနီးဖြစ်သူ ဒေါ်ရီရီတင့်က မဇ္ဈိမကို ပြောသည်။

သင်္ကြန်အကြတ်နေ့က X2O မဏ္ဍပ်ရှေ့ ဗုံးကွဲသည့် အခင်းဖြစ်ပွားပြီးနောက် ဓာတ်ပုံ ရိုက်ယူနေသည့် သားဖြစ်သူ စည်သူဇေယျအား ရဲများက ဖမ်းဆီးခဲ့ပြီး၊ နောက် ၂ ရက်အကြာတွင် ဖခင် ဦးဇေယျအား သတင်းရဲတပ်ဖွဲ့က ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့သည်။

ကိုစည်သူဇေယျကို စစ်ကြောရေးစခန်း၌ နှိပ်စက်မှုများရှိနေပြီး အဓမ္မ ဝန်ခံခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်ရီရီတင့်က ပြောသည်။

မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် ရဲက တရားလိုလုပ်ထားသော ကိုစည်သူဇေယျအမှုကို မနက်ဖြန် မင်္ဂလာတောင်ညွှန့် တရားရုံးတွင်ပင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း အတိုက်အခံ သတင်းရပ်ကွက် အရ သိရသည်။

ရဲချုပ်ခင်ရီက ဦးဇေယျနှင့် ကိုစည်သူဇေယျတို့ကို ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သည်ဆိုသော သံသယဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ပြောထားသည်။

ဧပြီ ၁၅ ရက်နေ့ ဗုံးကွဲမှုတွင် ၁ဝ ဦးခန့် သေဆုံးကာ၊ ဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ရာ စစ်အရာရှိကြီးများ၊ မြို့နယ် အာဏာပိုင်များပါ ပါဝင်သည်။ အင်ဂျင်နီယာ တဦးကို စစ်အစိုးရက ဖမ်းဆီးထားပြီး စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ VBSW လက်ချက်ဟု စွပ်စွဲထားသည်။

Ref: မဇ္ဈိမ

Read More...

Monday, May 17, 2010

ပါတီသစ် ဖွဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Friday, May 14, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) အမည်ဖြင့် NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့မှာပင် ပါတီ သစ်တခု ဖွဲ့စည်း ခဲ့ကြသည်။

NDF ကို ဒေါက်တာသန်းငြိမ်းက ဦးဆောင်ဖွယ်ရှိပြီး ယခုလလယ်ပိုင်းတွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ မှတ်ပုံတင်မည်ဟု ခန့်မှန်းရသည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အရ ပျက်ပြယ်သွားပြီးဖြစ်သော NLD ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။

“လောလောဆယ်မှာ ဗဟို အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသား ဧည့်သည်တွေ လက်ခံတွေ့ဆုံတာမျိုး၊ နိုင်ငံရေး အစည်းအဝေး လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ ဒေါ်စုက မှာလိုက်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Sunday, May 16, 2010

ဘန်ကောက် ပဋိပက္ခ သေဆုံးသူ ၂၂ ဦး ရှိပြီ

စနေ, 15 မေ 2010

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စနေနေ့က စစ်တပ်နဲ့ ဆန္ဒပြသူတွေကြား တတိယမြောက် နေ့အဖြစ် တိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့ပြီး မြို့လယ်ခေါင်က လမ်းတွေပေါ်မှာ လူသုံးဦး ထပ်ပြီး သေဆုံး ခဲ့ရပါတယ်။

မြို့လယ်ခေါင်က အင်္ကျီနီဝတ် ဆန္ဒပြသူတွေရဲ့ စခန်းကို လုံခြုံရေးတပ်တွေက ပိတ်ဆို့ဖို့ ကြိုးစား နေခဲ့သလို တနေ့လုံးလဲ မြို့အနှံ့အပြားမှာ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ကြိုကြား ကြိုကြား ကြားခဲ့ရပါတယ်။ အပစ်အခတ်နယ်မြေ ဖြစ်တယ် ဆိုပြီးတော့ လုံခြုံရေး တပ်တွေက သတိပေး ဆိုင်းဘုတ် တပ်ထားတဲ့နေရာ၊ ဆန္ဒပြသူတွေ စခန်းရဲ့ မြောက်ဘက်လေးမှာတင် သေနတ် ဒဏ်ရာနဲ့ လူသေအလောင်း ၃ လောင်းကို သယ်ဆောင်သွားတာ မျက်မြင် တွေ့လိုက်ကြရ ပါတယ်။

ကြာသပတေးနေ့မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားကတည်းကဆိုရင် လူပေါင်း ၂၂ ဦး သေဆုံးပြီး ၁၄၁ ဦးမက ဒဏ်ရာတွေ ရသွား ကြပါတယ်။ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသား သတင်းထောက်တွေလည်း အများအပြား ပါဝင်ပါတယ်။ အခြေအနေက ပြည်တွင်းစစ်လို ဖြစ်လာပြီလို့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေရဲ့ အဓိက ခေါင်းဆောင် ဂျက်ဒူပွန် ပရွန်ပန် (Jatuporn Prompan) က ဒီနေ့ စနေနေ့မှာ ပြောသွားပါတယ်။

Read More...

အပေါ်သို့