..............................

Saturday, July 25, 2009

ဗဩ ၏ ဆောင်းပါးများ

■ ကယ်တင်ရှင်မရှိပါ ဤနေရာတွင်ဖတ်ပါ

။------------------------။

Read More...

ဒေါ်စု တရားခွင် ပြီးဆုံး

သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 17 နာရီ 15 မိနစ်

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲကြသည့် ယနေ့ တရားခွင်သည် ညနေ ၅ နာရီတွင် ပြီးဆုံး သွားသည်။

ဒေါ်အောင်ဆန်းဆုကြည်၏ ရှေ့နေများအား အာဏာပိုင်များက ကားဖြင့် လိုက်ပို့ ပေးနေသည်ဟု အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူ ရှေ့နေ တဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေကြသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ အားပေးသူ ပြည်သူများ ပြန်သွားကြပြီ ဖြစ်သည်။

ဒေါ်စုတရားခွင်ကို တရားရုံးက လာမည့် တနင်္လာနေ့ (ဇူလိုင်လ ၂၇ ရက်နေ့) နံနက် ၁၀ နာရီသို့ ရွှေ့ဆိုင်းလိုက်သည်။

Ref: မဇ္ဈိမ

Read More...

ဖြစ်နိုင်တာကတော့ သမိုင်းလူပြက်ပဲ

ရဲဘော်ဖိုးသံချောင်း
၂၄ ဇူလိုင် ၂၀၀၉

ဒီတလော ဗမာပြည်နိုင်ငံရေးမှာ အတော် ကျယ်ကျယ်လေး ကြားလာရတဲ့ အယူအဆ တခုက “နိုင်ငံရေး လုပ်တယ်ဆိုတာ ဖြစ်နိုင်တာကို လုပ်တဲ့ အနုပညာပဲ” ဆိုတာပါ။ ဒါကို ဂျာနယ်တခုရဲ့ အယ်ဒီတာ့ အာဘော်မှာ တွေ့ရသလို မောင်(ဦး)စူးစမ်းရဲ့ အင်တာဗျူး တခုမှာလည်း တွေ့လိုက်ရပါတယ်။ ဒါတွေနဲ့ တဆက်တည်း ဖော်ပြလေ့ ရှိတဲ့ ယူဆနည်းက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်မှာ နဂိုက လုံးဝလှုပ်ရှား လုပ်ကိုင်ခွင့် မရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အဖို့ လှုပ်ရှားဖို့ခွင် (သူတို့အ သုံးအနှုန်းအရ ဆိုရင် Space) ရတာပဲ၊ ဒါကို မုချ အသုံးချရမယ်။ လုပ်ငန်းအားလုံးဒီကနေ အစပြုရမယ် လို့လည်း ဆိုကြပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးအတွက် အစပြုချက် ဖြစ်တယ်လို့ ဖော်မြူလာ ထုတ်ပေး ကြပါတယ်။ ဒီလှုပ်ရှားဖို့ ခွင်ဆိုတဲ့အယူအဆကို တင်သူတွေထဲမှာ နိုင်ငံခြားသားတွေလည်း မနည်းဘူး ဆိုတာကို သတိထားမိပါတယ်။

“ဘာမှမရှိတာထက်စာရင် နည်းနည်းရှိတာက တော်သေးတယ်”၊ ဘာဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ မရှိတာနဲ့ စာရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတာဟာ ပိုကောင်းတယ်ဆိုတဲ့ အယူအဆ ထွက်လာပြီးနောက် ဆက်တိုက် ပေါ်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ခါတော် မီအယူအဆတွေလို့ ဆိုရင် မမှားပါဘူး။

နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နအဖရဲ့ လမ်းပြ မြေပုံထဲက နံပါတ် (၆) အဆင့်ကို အကာ အကွယ်တွေပေးတာ၊ ထောက်ခံတာတွေ ဆက်တိုက် ပေါ်ထွက်လာတယ် လို့ နားလည် မိပါတယ်။ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ ရာစုနှစ် တဝက်နီးပါး အသက်ရှင်လာခဲ့သူ တဦးအနေနဲ့ ဒီလို အချိန်အခါမှာ ဒီလို ရေးသူတွေ ပေါ်တယ်ဆိုတာက တရားတခုလို့ပဲ သဘောထားမိပါတယ်။ မအံ့သြမိကြောင်း ဝန်ခံ လိုက်ပါရစေ။ ဘယ်သူတွေက ရေးမလဲ။ ဘယ်လိုတွေ ရေးမလဲဆိုတာဘဲ စောင့်ကြည့်မိခဲ့တာပါ။ အခုတော့ အစီအရီ၊ အယူအဆ တမျိုးစီနဲ့ ထွက်လာကြပါပြီ။ ဒီနေရာမှာ တမျိုးစီဆိုလို့ အနှစ်သာရနဲ့ ရည်ရွယ်ချက်ဟာ တခုနဲ့တခု ကွဲပြားတယ်လို့ မဆိုလိုပါဘူး။ အဲဒီသဘောနဲ့ ပြောရရင်တော့ ဗြိဇုံနဲ့ဗြုံဇိတွေပါ။

ကိုယ့်အယူအဆတခုကိုတင်ရာမှာ ဒီအယူအဆ ခိုင်လုံမှုကို ပြောတာထက် ဒါကို ဆန့်ကျင်တဲ့ လူတွေဟာ “စိတ်ကူး ယဉ်တာ၊ လက်တွေ့မကျတာ” လို့ တိုက်ခိုက်ပါတယ်။ ဒါက နည်းနည်းတော်ပါသေးတယ်။ သူနဲ့ မတူသူတွေဟာ “လေကြီးမိုးကြီးသမားတွေ၊ လက်ဝဲစွန်း သမားတွေ၊ မရိုးသားတဲ့ လူတွေ၊ အယောင်ဆောင် သမားတွေ” စသဖြင့်လည်း ပြစ်ပြစ်နှစ်နှစ် တွယ်လိုက်ပါသေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ ရတာချည်းပဲပေါ့။ မောင်(ဦး)စူးစမ်းဟာ သူ့ကိုယ်သူ နိုင်ငံရေး သမားလို့တောင် မခံယူရဲ တော့ဘူး ပဲဟာ။ သူဟာပစ်ပြီးသား ကျည်ခွံဖြစ်သွားပြီလို့ သူကိုယ်တိုင် ရေးနေတာပါ။ ကိုယ့်အယူအဆနဲ့ မတူသူတွေကို ပုဒ်မ အမျိုးမျိုးတပ်တာ၊ အစိုးရနဲ့ ရန်တိုက်ပေးတာ စတဲ့လုပ်နည်းတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မဆို ရှိတတ်တာချည်းမို့ အဲဒီလိုလူမျိုးတွေက အဲဒီလိုပဲ လုပ်တတ်တယ်လို့ အောက်မေ့လိုက်ပါမယ်။

အခုဒီ “ဖြစ်နိုင်တာကိုလုပ်တဲ့အနုပညာပဲ” ဆိုတာကို စောကြောကြည့်ပါမယ်။ သူတို့ ပြောတဲ့ ဖြစ်နိုင်တာ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်သူ့အနေနဲ့ ဖြစ်နိုင်တာကို ပြောတာလဲ။ တကယ်က သူတို့ပြောတဲ့ ဖြစ်နိုင်တာဆိုတာဟာ နအဖက ခွင့်ပြုတာတွေကို ဆိုလိုတာပါ။ ဒါကို ပြန်လှန်ပြောရရင် နအဖ ခွင့်မပြုတာ မှန်သမျှဟာ မဖြစ်နိုင်တာပါ။ မဖြစ်နိုင်တာတွေ မလုပ်ချင်ပါနဲ့။ နအဖ ခွင့်မပြုတာတွေ မလုပ်ချင်ပါနဲ့ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကိုပဲ သူတို့က “အနုပညာ” လို့ ကင်ပွန်းတပ် ပေးထားပါတယ်။

မောင်(ဦး)စူးစမ်းကဆိုရင် ဒီနေ့ နိုင်ငံရေးမှာ “ဘယ်သူက Dictate လုပ်နေတာလဲ” ဆိုပြီး “စစ်တပ်နော်-စစ်တပ်” လို့ မပြောရုံ တမယ် ဖြဲခြောက်ပါသေးတယ်။ နောက်တခါ သူက “မနူးမနပ်တွေ Anti-military (စစ်တပ် ဆန့်ကျင်ရေး) မလုပ်ကြနဲ့” လို့လည်း သတိ ပေးလိုက်ပါသေးတယ်။ ဗိုလ်အောင်ကြီး တယောက်တော့ အရေးအခင်း ကာလမှာ “စစ်တပ်ကိုလုံးဝ မပြစ်မှားနဲ့” လို့ ပြောခဲ့တာနဲ့ပဲ နိုင်ငံရေး အမှိုက်ပုံထဲကို ရောက်သွားခဲ့ ပါတယ်။ အခုလည်း စစ်အာဏာရှင်တွေကို စိတ်နဲ့တောင် ပြစ်မှားခွင့်မရှိတဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကို အရိုးများသလေး၊ ချေးခါးသလေး မပြောကြနဲ့လို့ သူတို့တတွေက မာမာတင်းတင်း ပြောနေကြပါတယ်။

မဆလခေတ်တုန်းက ‘ခ’ သုံးလုံးပေါ်လစီ (ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့)၊ ထောင်ထဲမှာ ပြောလေ့ရှိတဲ့ “ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့”၊ ခေါင်းထဲမှာ ပြန်ပေါ်လာတာတွေ အများကြီးပါပဲ။ သူတို့ရေးတာတွေ ထဲမှာ ထူးထူးခြားခြား မြင်သာတဲ့ အချက်တချက်ကတော့ နအဖ အစိုးရဘက်ကို တစက်မှ အပြစ်မတင်၊ နအဖဘက်က ဘယ်အချက်ဖြင့် လျှော့ပေး သင့်တယ်ဆိုတာမျိုး တကြောင်း တပါဒမျှ မရေးတာပါဘဲ။

နအဖစစ်အာဏာရှင်တွေက ရေးဆွဲတဲ့လမ်းပြမြေပုံကနေ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားမယ့် လွှတ်တော်ကို မွေးထုတ် လိုက်ပါတယ်။ တခါ အဲဒီလို လွှတ်တော်ကနေ စစ်တပ်က ရေးဆွဲပြီး မတရား အတည်ပြုထားတဲ့ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် အတည်ဖြစ်ကြောင်း ကြေညာပါမယ်။ ဒီကနေ ပေါ်ထွက် လာမယ့် ဒီမိုကရေစီကနေ ဘယ်လို နိုင်ငံရေး၊ ဘယ်လို ဒီမိုကရေစီတွေ ဆက်ထွန်းကားမယ် ဆိုတာ ရှင်းနေတာပါ။ အဲဒီလို နိုင်ငံရေးဘောင်၊ နိုင်ငံရေးခွင်ကိုပဲ “လှုပ်ရှားနိုင်တဲ့ခွင်” လို့ ထောက်ပြပြီး အားလုံးကို ပုံအော ခိုင်းနေကြတာပါ။ ဒါကိုပဲ ဖြစ်နိုင်တာလို့ပြောပြီး သူတို့နဲ့ မတူသူတွေကို မဖြစ်နိုင်တာပြောတဲ့ စကားကြီး စကားကျယ် သမားတွေ၊ လက်တွေ့ မကျသူတွေလို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါဟာ လာလတ္တံ့သော နအဖရဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ရဲ့ ရှေ့ပြေး လုပ်နည်းလုပ်ဟန်တွေ များလား၊ မစဉ်းစားဘဲ မနေနိုင်ပါဘူး။

ကောင်းပါပြီ။ အဲဒီ “ခွင်” မှာ ဘာလုပ်လို့ရမှာလဲ။ ပါတီ ဆိုင်းဘုတ်တွေ ထောင်ခွင့် ရပါမယ်။ အမတ်တွေ ဖြစ်လာ ပါမယ်။ ဒါပေမယ့် “နိုင်ငံတော် အကြီးအကဲများ” နဲ့ “တပ်မတော်” ကို ဝေဖန်ပြောဆို ရေးသားခွင့် ရှိမလား။ ဆန့်ကျင် ဆန္ဒပြခွင့် ရှိမလား။ (နိုင်ငံရေး ပါတီတွေ အချင်းချင်း ဝေဖန် တိုက်ခိုက်ခွင့်တွေ ပေးမှာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး)။ နောက်ပြီး ကုန်လွန်ခဲ့တဲ့ အနီးခေတ် သမိုင်းကို အမှန်အတိုင်း ရေးသားဖော်ပြခွင့်ရှိမလား။ အဲဒါတွေမပါတဲ့ နိုင်ငံရေးမျိုးတော့ အခုလည်း လုပ်ကိုင်ခွင့် ရနေတာပဲ မဟုတ်ဘူးလား။

“ခွင်” ဆိုတာတော့ပေးပါရဲ့၊ အဲဒီ “ခွင်” ကနေ ငါတို့ကို ကြိုက်သလောက် ချီးကျူးစမ်း ကွာလို့ ဖွင့်ပေးထားတာမျိုး ဆိုရင်တော့ မဖြစ်ဘူးထင်ပါတယ်။ “ခွင်” ထဲမှာ ဘုရင်လုပ်ခွင့် မပေးဘဲ မျောက်လောင်းပဲ လုပ်ခိုင်းနေတယ် ဆိုရင် ဘယ့်နှယ် ပြောပါ့မလဲ။ ခွင်တခု ပေးတယ်ဆိုတိုင်း ခွဲခြားမှု မရှိဘဲ ထောက်ခံ ကြိုဆိုနေတာ မှားပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အယူအဆကို တင်ပြသူတွေထဲက ဘယ်တယောက် ကမှ နအဖ စစ်ဗိုလ်တွေဟာ တဖြည်းဖြည်းနဲ့ အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်မှာ၊ ဒါမှမဟုတ် သူတို့ကို ပြောင်းယူမယ်လို့ မပြောကြပါဘူး။ ဒါ့အပြင် သူတို့က လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းနဲ့ သမ္မတနေရာ၊ နောက်ပြီး အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို စစ်တပ်ကို ထာဝရယူထားခွင့် ပြုမယ်လို့ အာမခံတဲ့သဘော ဖြစ်နေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ တို့ရဲ့ ဟိုဘက်မှာ လူတချို့ အမတ်ဖြစ်လာမယ် ဆိုတာလောက်က လွဲလို့ သူတို့ဟာ ဘာမှ ဝမ်းပါးလောက်အောင် ထောက်မပြနိုင်ကြပါဘူး။ စစ်တပ် ကိုယ်စားလှယ် ပါဝင်မှုကို (၂၅) ရာခိုင်နှုန်းကနေ တဖြည်းဖြည်း လျော့သွားအောင် လုပ်ယူမယ်လို့တောင် ဘယ်သူမှ မပြောဝံ့ပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ဝမ့်စွေ့” ကြွေးကြော်ဖို့ အမတ်လုပ်ရတာ ဆိုရင်တော့ သမိုင်းလူပြက်တွေ ဖြစ်ကုန် ပါလိမ့်မယ်။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှု နောက်ဆုံး လျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်း ညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့် အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။


“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်း ကျတယ် ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီး အုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။

အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။

Ref: မဇ္ဈိမ

Read More...

ပါတီသည် လမ်းဆုံလမ်းခွတွင် ရှိကြောင်း ဦးဝင်းတင် ပြောဆို

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ် 20 နာရီ 49 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် အသက် အရွယ် ကြီးရင့် လာခြင်းနှင့် ကျန်းမာရေး အခြေအနေ အရ ပါတီ၏ ဦးဆောင်မှု အခန်း ကဏ္ဍသည် လမ်းဆုံ လမ်းခွသို့ ရောက်နေကြောင်း ပါတီ ခေါင်းဆောင် တဦးက ပြောသည်။

အသက်အရွယ်ကြီးကာ ကျန်းမာရေး ချို့ယွင်းမှု များကြောင့် လျှောက်လှမ်း ရမည့် ပါတီ ဦးဆောင်မှုသည် လမ်းဆုံ လမ်းခွသို့ ရောက်နေကြောင်း ပါတီခေါင်းဆောင် တဦးလည်းဖြစ်၊ သတင်းစာ ဆရာကြီးလည်း ဖြစ်သည့် ဆရာကြီး ဦးဝင်းတင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခေါင်းပိုင်းတွေအနေနဲ့ အသက်အရွယ် ကြီးရင့်လို့ အနားယူမယ် ဆိုရင်လည်း ယူနိုင်ဖို့ အနေအထား ရှိပေမယ့် ပါတီရဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်း ကတော့ လမ်းဆုံလမ်းခွ အခြေအနေကို ကျရောက်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“တကယ်လို့ ပါတီက မှတ်ပုံပြန်တင် ရရင်လည်း ဒေါ်အောင်ဆန်း စုကြည် ကလည်း မလွတ်သေးဘူး။ အဲဒါဆိုတော့ ကျနော်တို့ ပါတီအတွက် စိုးရိမ်နေရတယ်။ ပြဿနာက လူက တိုးချင်တိုင်း တိုးလို့ မရဘူး။ အစိုးရနေပြီးတော့ ကော်မရှင်မှာ ရှိတဲ့ လူအနေအထား အတိုင်း လုပ်ရတယ် ဆိုတော့ လူကလည်း တိုးလို့ မရဘူး ဖြစ်နေပါတယ်” ဟု ဆရာကြီး ဦးဝင်းတင်က ဆက်ပြောသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးဝင်းတင်နှင့် သခင်စိုးမြင့်သည် အသက်အားဖြင့် ၈ဝ နှစ် ကျော်များ ဖြစ်နေသဖြင့် မကြာခဏ ကျန်းမာရေးက ချူချာနေသည်။

“ဦးအောင်ရွှေဆိုရင် ၉၀ ကျော်နေပြီ။ ပါတီကို မလာနိုင်တာ လနဲ့ချီ ရှိနေပြီ။ နောက်ထပ် ၂ လ၊ ၃ လ လာနိုင်မယ် မထင်ဘူး။ ဦးလွန်းတင်ဆိုရင် မျက်စိက ကောင်းကောင်း မမြင်ရတော့ဘူး။ နားကလည်း ကောင်းကောင်း မကြားတော့ဘူး။ ကလေး ကုန်းပိုး သလိုမျိုး ပိုးပြီးတော့မှ နောက်က တယောက် မလိုက်ရင် မရဘူး။ အိပ်ယာထဲမှာ လေဖြတ်နေတယ်။ ဦးလှဖေကလည်း ကျန်မာရေး ချို့တဲ့နေတယ်။ ဦးသန်းထွန်းကလည်း ခဏခဏ ခေါင်းမူး တတ်တယ်” ဟု ဆရာကြီးက ပြောသည်။

ကိုယ်တိုင်ကလည်း မျက်စိခွဲစိတ်ကုသရန် လိုအပ်နေပြီး နှလုံးရောဂါနှင့် အတူ သွေးခုန်နှုန်း အလွန်အမင်း ကျဆင်းနေကြောင်းနှင့် ဆီးချိုနှင့် အကြောအဆစ် ကိုက်ခဲသည့် ဝေဒနာ များလည်း ခံစားနေရကြောင်း သိရသည်။

ဆရာကြီးက “နေ့တိုင်းလိုလိုက နှလုံးခုန်နှုန်းက ၄၈ ကနေ မတက်ဘူး။ ပုံမှန်က ၈ဝ လောက်ရှိရမှာ။ ကျနော် မလှုပ်နိုင်ဘူး ဖြစ်နေတယ်။ ခြေလှမ်း ၄-၅ လှမ်းလောက် လျှောက်လိုက်ရင် မောနေတယ်။ အသည်း၊ အမြစ်၊ ကလီစာတို့ မစားဖို့၊ ပဲပင်ပေါက်တို့ ခရမ်းချဉ်သီးတို့ မစားဖို့နဲ့ ရောဂါအတွက် လိုအပ်တဲ့ အစားအသောက်တွေ၊ အသားငါးတွေ ပိုပြီး စားသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတယ်” ဟု ပြောသည်။

ကျန်းမာရေး မကောင်းသည့်ကြားမှ လာမည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် နောက်ဆုံး လျှောက်လဲကြမည် ဖစ်ရာ အင်းစိန်ထောင် ရှေ့သို့ သွားရောက် ဦးမည်ဟု သူက ဆိုသည်။

ကျန်းမာရေးအတွက်လည်း လာမည့်လ ၃ ရက်နေ့တွင် ထပ်မံ၍ ပြသရန် ဆရာဝန်က ညွှန်ကြား ထားကြောင်း သိရသည်။

Ref: မဇ္ဈိမ


Read More...

Thursday, July 23, 2009

ငြိမ်းချမ်းရေးအဖွဲ့များနဲ့ ၂၀၁၀ ရွေးကောက်ပွဲ

22 July 2009

မြန်မာနိုင်ငံ စစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီမှု ပြုလုပ်ခဲ့ပြီးတော့ သူတို့ ဆန္ဒအတိုင်း နောက်ပိုင်းမှာ ငြိမ်းချမ်းရေး အဖွဲ့များလို့ အမည်ပြောင်း ခေါ်ဝေါ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။ အခုနောက်ပိုင်း ဒီ ငြိမ်းချမ်းရေး အဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းဖို့ စစ်အစိုးရက ကြိုးပမ်း လုပ်ကိုင်နေပါတယ်။ ဒီအစီအစဉ်ကို အနည်းစုသာ လက်ခံပြီး အများစုက သဘောမတူ ငြင်းဆို ခဲ့ကြပါတယ်။

ဒီလို တိုင်းရင်းသား အင်အားစုတွေရဲ့ တင်းခံ လုပ်ဆောင်နေတာ စစ်အစိုးရရဲ့ လမ်းပြမြေပုံကို သွေဖည် သွားနိုင်မယ့် အလားအလာ ရှိပါသလား။ တင်းခံ လုပ်ဆောင်နေတဲ့ အဖွဲ့များအနက် ဘယ်အဖွဲ့က စစ်အစိုးရ လုပ်ဆောင်မှုကို အပြင်းထန်ဆုံး ငြင်းဆန် လုပ်ကိုင်နေပါသလဲ၊ စတဲ့ အကြောင်းအရာများကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းနဲ့ ပအိုဝ်း ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (PPLO - PaO People's Liberation Organization) ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ကို ဆက်သွယ် မေးမြန်း သုံးသပ် တင်ပြထားပါတယ်။

ဦးခွန်ဆိုင်း - အရှင်းဆုံးကတော့ UWSA လို့ခေါ်တဲ့ ဝ အဖွဲ့ပါပဲ။ ဒီအကြောင်းကိုလည်း နအဖက ကောင်းကောင်း သိပါတယ်။ ကောင်းကောင်း သိလို့လည်း သူက ဝ အဖွဲ့နဲ့ ဒီ့ပြင်အဖွဲ့တွေကို သူတို့ အချင်းချင်း မနီးစပ်အောင် သူတို့ကလည်း ကြိုးစားနေပုံ ရပါတယ်။

ဦးကျော်ဇံသာ - သူတို့အချင်းချင်း နီးစပ်နိုင်မယ့် အလားအလာ ဘယ်လောက် ရှိပါသလဲ။ နမူနာ တချို့ ပြောရမယ် ဆိုရင် UWSA ပြီးတော့ ဘယ်အဖွဲ့တွေ ရှိပါသလဲ။

ဦးခွန်ဆိုင်း - UWSA နဲ့ အနီးစပ်ဆုံးကတော့ ကိုးကန့်နဲ့ မုန်းလား ဖြစ်ပါတယ်။ ဒုတိယ အနီးစပ်ဆုံး ကတော့ SSA မြောက်ပိုင်း ဖြစ်ပါတယ်။ KIA နဲ့လည်း သူတို့ နီးစပ်ပုံ ရပါတယ်။ ဒါပေမယ့် အခု KIA က နည်းနည်း အလှမ်း ဝေးသွားတယ်။ NMSP တို့လည်း နီးစပ်တယ်။ သို့သော်လည်း အချင်းချင်း ကူညီနိုင်ဖို့၊ စစ်ရေးအရ ကူညီနိုင်ဖို့ နည်းနည်း အလှမ်းဝေးတယ်။ နိုင်ငံရေးအရတော့ သူတို့ အများကြီး နီးစပ်နေတယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ - စစ်ရေးအားဖြင့် မတွေးခင်မှာ နိုင်ငံရေးအားဖြင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ကျနော် မေးပါရစေ။ ဒီလို အပစ်ရပ် အဖွဲ့အစည်း အတော်များများ၊ အခု ဦးခွန်ဆိုင်း ပြောချက်အရဆို တဝက်ကျော်က ဒါကို တင်းခံကြတယ်၊ လက်မခံဘူး ဆိုတော့ ဒါဟာ ဒီလိုတင်းခံမှုဟာ စစ်အစိုးရရဲ့ လမ်းပြမြေပုံ အတိုင်း ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ဘာညာဆိုတာ သွေဖည်သွားနိုင်တဲ့ အလားအလာ တွေ့ပါသလားခင်ဗျား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - နိုင်ငံရေး ရှုထောင့်ကကြည့်ရင်တော့ နအဖက နိုင်ငံရေး သိက္ခာ ကျတာတော့ အမှန်ပဲဗျ။ လက်တွေ့မှာ သူတို့ဟာ စုပ်ဆူး စားရူး အခြေအနေမျိုး ရောက်နေပြီ။ တဖက်ကလည်း မကြုံစဘူးအောင် အဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတော့ တပ်မတော်ရဲ့ စေတနာကို နားလည်လို့ လာတယ်ဆိုပြီး ကြွားထားတာ များနေတော့ အခု ပြန်ပြီးတော့ ပျက်သွားမယ်၊ တခုခု ပြောင်းလဲသွားမယ် ဆိုရင် သူတို့ရဲ့ စေတနာ အမှားကြီးကို ထုတ်ဖော်လာကြမှာလည်း ကြောက်တယ်။ ဒါကြောင့် သူတို့လည်း အရမ်း မလုပ်ရဲတော့ ရှက်ရှက်နဲ့ပဲ ကြိတ်မှိတ် ခံတဲ့သဘော ရှိတယ်။

နောက်တဖက်ကလည်း သူတို့သွားချင်တဲ့ ရွေးကောက်ပွဲက သူတို့ဘက်က အနိုင်ရဖို့ သေချာအောင် စီမံထားတဲ့ ကိစ္စကို မထိပါးဘူး ဆိုရင်၊ အကယ်၍ ဒီ အပစ်ရပ် အဖွဲ့တွေက သူတို့ပြောတဲ့ ဘောင်ထဲ မဝင်ဘူး၊ သို့သော်လည်း ရွေးကောက်ပွဲကိုလည်း မဆန့်ကျင်ဘဲ ကြားထားလို့ ရမယ်ဆိုရင် ရွေးကောက်ပွဲကို သူတို့ ဆက်သွားနိုင်တယ်။ အပစ်ရပ် အဖွဲ့တွေကို ကြားထားပြီးတော့ ရွေးကောက်ပွဲက ရရှိတဲ့ အာဏာနဲ့ နောက်တက်တဲ့ အစိုးရကြမှ ဒီ အပစ်ရပ် ကိစ္စတွေကို ဖြေရှင်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ အရှက်ပြေ ဆက်သွားနိုင်တဲ့ သဘောတော့ ရှိတယ်။

ဦးကျော်ဇံသာ - ဦးခွန်ဆိုင်းရော ဘယ်လိုသဘောရပါလဲ။ ဒီလို အပစ်ရပ်အဖွဲ့တွေက တင်းခံ နေခြင်းကြောင့် စစ်အစိုးရရဲ့ လမ်းပြမြေပုံ သွေဖည်သွားနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဦးခွန်ဆိုင်း - ရှိပါတယ်။ ဒီဥစ္စာကို နအဖဘက်ကလည်း ကြိုတင် တွက်ထားပုံ ရပါတယ်။ သူတို့ တွက်ထားတာက ဘယ်လိုလဲ ဆိုတော့ ရှမ်းပြည်မှာရှိတဲ့ ဗျူဟာမှူး အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တဦးရဲ့ အပြောအရ ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်မယ်၊ မလုပ်ဘူးဆိုတာ အခြေအနေ ၄ ချက်အပေါ်မှာ မူတည်တယ်။ နံပါတ် ၁ က သန်းခေါင်စာရင်း ကောက်တာ ဘယ်လောက် ထိရောက်မလဲ၊ နံပါတ် ၂ က ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားမှု ကိစ္စဟာလည်း ဘယ်လောက်အထိ နိုင်မလဲ၊ နံပါတ် ၃ ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံကို ဘယ်လောက် နားချနိုင်မလဲ၊ နံပါတ် ၄ ကတော့ အတိုက်အခံ အဖွဲ့တွေ၊ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ၊ တော်လှန် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် ထိန်းနိုင်မလဲ၊ အဲလိုမျိုး ပြောပါတယ်။ အဲဒီသတင်းသာ မှန်တယ် ဆိုရင်တော့ အခု အခြေအနေက နအဖအတွက် အကြီးဆုံး ပြဿနာက အတိုက်အခံနဲ့ အပစ်အခတ် ရပ်စဲရေးတွေရဲ့ ပြဿနာပါပဲ။

ဒီတော့ ဒီပြဿနာကို သူတို့ ဘယ်လောက် ထိန်းနိုင်မလဲ ဆိုတာ ကျနော်တို့ ကြည့်လို့ ရပါတယ်။ အခု ကြည့်မယ် ဆိုရင် သူ လုပ်နိုင်မှာ ၂ ခုရှိတယ်။ တခုက ခုန ဦးခွန်ဥက္ကာ ပြောသလိုပဲ၊ သူတို့က ချော်လဲ ရောထိုင်ပေါ့၊ အခု အခြေအနေမှာ သူတို့က ထိန်းလို့ မရဘူးဆိုရင် ဒီအတိုင်းပဲ ထားလိုက်ပါ၊ နောက် ရွေးကောက်ပွဲပြီးမှ လာဖြေရှင်းမယ်။ ဒါ တခုပေါ့ဗျာ။ နောက်တချက်က အခုလောလောဆယ် အဓိက ပင်မအားက ဘယ်သူ့ဆီမှာ ရှိလဲဆိုတော့ ၀ ဆီမှာ ရှိတယ်ဆိုတော့ နံပါတ်တစ် ၀ အတွင်းမှာရှိတဲ့ ညီညွတ်မှုကို ဖြိုခွဲဖို့၊ နံပါတ်နှစ်ကတော့ ၀ကို မဟာမိတ် ပြုထားတဲ့ ဒီ့ပြင် အဖွဲ့တွေကို ၀နဲ့ ကင်းကွာအောင် လုပ်ဖို့။ အဲလိုမျိုး သူ ကြိုးစားနေပုံ ရပါတယ်။

ဦးကျော်ဇံသာ - တိုင်းရင်းသားအဖွဲ့တွေဘက်က ကြည့်ရင်ရော သူတို့က စစ်အစိုးရ ထားသလိုပဲ ရွေးကောက်ပွဲ ပြီးသွားပြီ၊ သူတို့ကို အနှောင့်အယှက် မပေးဘဲ နေမယ်၊ ရွေးကောက်ပွဲ ပြီးတဲ့အခါမှ နောက်တက်လာတဲ့ အစိုးရ ဆက်လုပ် ဆိုတာမျိုး၊ တကယ်တော့ နောက်တက်လာမယ့် အစိုးရလည်း စစ်အစိုးရနဲ့ ပတ်သက်နေတဲ့ အစိုးရပဲ။ ဒီအစိုးရရဲ့ ပယောဂ ကင်းမှာမှ မဟုတ်တာ၊ ဒီအတိုင်းဆိုရင်။ ဆိုတော့ တိုင်းရင်းသားတွေက ဒီလို ဆက်လက်ပြီးတော့ လက်ခံသွားမယ့် အနေအထား ရှိပါသလား။

ဦးခွန်ဆိုင်း - သူတို့အနေနဲ့ကတော့ နိုင်ငံရေးအရ တောင်းဆိုမှုတွေ ရှိတာကိုး။ ဒီတောင်းဆိုမှုတွေ အထိုက်အလျောက် ရတယ်ဆိုရင် သူတို့က သဘောတူနိုင်မယ့် အလားအလာ ရှိတယ်။ ဥပမာ ၀ ဆိုရင် ဒီ့ပြင်ဟာတွေကို မပြင်ရင်နေပါ၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ဘာတို့ မလုပ်လည်း ကိစ္စမရှိဘူး၊ သို့သော်လည်း ကျနော်တို့ ၀ လက်အောက်မှာ ရှိနေတဲ့ နယ်မြေတွေမှာ တပ် သူတို့မှာ ရှိပါစေ။ အဲလိုဆိုရင် ကျနော်တို့ လက်ခံနိုင်တယ်။ ကျနော်တို့ရဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး လာ မချုပ်ချယ်ပါနဲ့။ နယ်ခြားစောင့်တပ် လုပ်ပြီးတော့ တပ်ထဲမှာ နအဖ အရာရှိတွေ ၃၀ လာထည့်မယ် ဆိုတာ မထည့်ပါနဲ့၊ ဒီအတိုင်းပဲ ထားပါဆိုရင်တော့ သူတို့ လက်ခံနိုင်တဲ့ သဘော ရှိတယ်။

ဦးကျော်ဇံသာ - အဲလိုဆိုရင် သူတို့က Military autonomy ခေါ်မလား။ အဲဒါမျိုး သူတို့က ဆက်လိုချင်တယ်ပေါ့။

ဦးခွန်ဆိုင်း - Military ရော Economy ရောပေါ့။

ဦးကျော်ဇံသာ - ဗိုလ်မှူးကြီးခွန်ဥက္ကာရော ဘယ်လို မြင်ပါသလဲ။ တိုင်းရင်းသား အဖွဲ့ အစည်းတွေကို ဒီအတိုင်းပဲ လက်ခံမလား၊ စစ်အစိုးရက သူတို့ကို ကစားပြီးတော့၊ သူတို့ကို မဆန့်ကျင်ဘူး ဆိုရင် ဗိုလ်မှူးကြီး ပြောသလိုပဲ မြွေမသေ၊ တုတ်မကျိုး ဆက်ကစားသွားမယ်၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေက ဒီလိုပဲ ဆက်ပြီး လက်ခံကြမလား၊ အဲဒီဟာကို။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျနော်မြင်တာတော့ အခုလက်ရှိ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ ကတော့ တဖွဲ့နဲ့တဖွဲ့၊ ခေါင်းဆောင် တဦးနဲ့တဦး စဉ်းစားတာခြင်းတော့ တူချင်မှ တူမှာပေါ့။ ဒါပေမယ့် တချက်တူတာ ရှိတာကတော့ လောလောဆယ် အကျပ်အတည်းမှာ တကွက် လွတ်ရင်လည်း တကွက် ရုန်းကြတဲ့ သဘောတော့ တွေ့ရတယ်။ အထူးသဖြင့်တော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖိအားပေးတယ်၊ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့ခိုင်းတယ်၊ အဲဒါကို ဘယ်လို ကျော်လွှားမလဲ ဆိုတဲ့ နည်းနာ ကွာပေမယ့် အားလုံးက ကျော်လွှားကြတယ်။

ကျော်လွှားတဲ့အခါကြတော့ ကဲ နောင်ခါလာ နောင်ခါဈေး၊ ကျနော်တို့ ရွေးကောက်ပွဲ ပြီးလို့ တက်လာတဲ့ အစိုးရနဲ့ ညှိတာပေါ့ ဆိုတဲ့ဟာမျိုး။ နအဖကလည်း ဒါကို သဘောတူသွားရင် တိုင်းရင်းသား တွေကလည်း လောလောဆယ် အသက်ရှူ ချောင်သွားပြီးတော့ လိုအပ်သလို ပြင်ဆင်မှုတွေ လုပ်နိုင်တယ်၊ လိုအပ်သလို စုစည်းမှုတွေ လုပ်နိုင်တယ်၊ တချိန်တည်း မှာပဲ နိုင်ငံတကာ ဖိအား၊ ဒေသဖိအား၊ စစ်တပ်အတွင်း အပါအ၀င်ပေါ့ဗျာ၊ အပြောင်းအလဲတွေ ပေါ်လာလို့ ရှိရင်တော့ တစုံတရာ ကြီးမားတဲ့ ပဋိပက္ခကို ရှောင်နိုင်လိမ့်မယ် ဆိုတဲ့ သဘောမျိုး၊ ဖိအားကို ရှောင်နိုင်လိမ့်မယ် ဆိုတဲ့ သဘောမျိုး၊ အပစ်ရပ်အဖွဲ့တွေ တွက်ချက်တာတော့ ရှိတယ်ခင်ဗျ။ အဲလို ကျနော်တွေ့ရတယ်။

ဦးကျော်ဇံသာ - နောက်ဆုံးမေးခွန်းတခုဆီ ခပ်တိုတိုမေးချင်တာ ကတော့ ရေရှည် အတွက်ပေါ့၊ လွတ်လပ်ရေး ရပြီး ကတည်းက ပြောလာကြတာ၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ပြည်ထောင်စု၊ တိုင်းရင်းသား ပြဿနာ ကင်းမဲ့သော ပြည်ထောင်စု ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါသလား၊ ဒီစနစ်အတွင်းမှာ။ ဦးခွန်ဆိုင်း ရှင်းပြပေးပါ။

ဦးခွန်ဆိုင်း - အလားအလာကတော့ ကျနော်ထင်တယ် အခုထိ ရှိပါသေးတယ်။ နအဖ အနေနဲ့ ဒီ အခြေအနေကို ပြန်ပြောင်းမယ် ဆိုရင် ဘာမှ အချိန် နောက်မကျသေးဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်လိုပဲ ကျနော် ပြောရပါ လိမ့်မယ်။

ဦးကျော်ဇံသာ - ဗိုလ်မှူးကြီးခွန်ဥက္ကာရော ဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျနော့်အမြင်ကတော့ အဖြစ်နိုင်ဆုံးက တ၀က်ပို့ တ၀က်ကြို သဘောမျိုးပေါ့။ နအဖ လိုချင်တဲ့ Total Control ပေါ့၊ အလုံးစုံ ချုပ်ကိုင်ရေး ကလည်း ရောက်နိုင်ဖို့ မလွယ်ဘူး။ တချိန်တည်းမှာပဲ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကိုလည်း ချက်ချင်းရောက်ဖို့ မလွယ်ဘူး။ ကြားကြတဲ့ Structure တခု ပေါ်လာနိုင်တယ် လို့တော့ ကျနော် ယုံကြည်တယ်။ ဥပမာဆိုရင် အခု ၀ UWSA ရဲ့ တိုတိုရှင်းရှင်း နိုင်ငံရေး ရပ်တည်ချက်က သူတို့က သူတို့ ၀ပြည်နယ်ရဲ့ ဒေသန္တရ အစိုးရ သဘောမျိုး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး အပါအ၀င် အားလုံးကို သူတို့ တာဝန်ယူထားမယ် ဆိုတော့ သူတို့ရဲ့မူက ကျနော် သိသလောက်တော့ နယ်မြေတခုမှ မစွန့်လွှတ်ဘူး၊ လက်နက် တလက်မှ သူတို့ မချဘူး၊ ဒီမိုကရေစီ စနစ်ကို ဦးတည်မယ်၊ တချိန်တည်းမှာ ပြည်ထောင်စုထဲက လုံးဝ ခွဲထွက်မှာ မဟုတ်ဘူး ဆိုတဲ့ အရေးကြီးတဲ့ မူ ၄ ချက်လောက် ကိုင်ထားတဲ့ အခါကြတော့ ပြည်ထောင်စုထဲက ခွဲ မထွက်ဘူးဆိုတဲ့ အချက်တခုကိုက ပြည်ထောင်စုကြီး တည်ဆောက်တဲ့ နေရာမှာ သူက တတပ်တအား ပါမယ်၊ ၀ အမျိုးသားပြည်နယ် တခုအနေနဲ့ ပြည်ထောင်စုကြီးရဲ့ Member of State ပေါ့၊ အဖွဲ့ဝင်ပြည်နယ် တခုအနေနဲ့ ဆက်လက် ပါဝင်နိုင်မယ် ဆိုတဲ့ ကမ်းလှမ်းချက်က အင်မတန် ကောင်းတာ ဖြစ်တဲ့အတွက် ကျနော် တွက်တာကတော့၊ ထို့အတူပဲ အခြားအခြားသော KIO တို့၊ အခြားသော အင်အားစုတွေ ကလည်း ကိုယ့်ဒေသ အုပ်ချုပ်ရေးနဲ့ ဒေသအစိုးရ ပုံစံနဲ့ ဖက်ဒရယ် ပြည်ထောင်စု သဘောမျိုး ဦးတည်တဲ့၊ ချက်ချင်းတော့ မဖြစ်ဘူး၊ စုဖွဲ့မှုမျိုးကို သွားကြမယ်၊ တချိန်တည်းမှာ စစ်တပ်က လိုချင်တဲ့၊ စစ်တပ် ကြီးစိုးတဲ့ အလုံးစုံ ထိန်းချုပ်ရေး မူကတော့ လျှော့ရလိမ့်မယ်လို့ ကျနော် တွက်တယ်ခင်ဗျာ။

ဦးကျော်ဇံသာ - ဟုတ်ကဲ့ခင်ဗျာ၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောသလို တိုင်းရင်းသားတွေ ဘက်က ခွဲထွက်ရေး မူကို စွန့်လွှတ်လာတယ် ဆိုတာကတော့ သာယာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အလားအလာကောင်း တရပ် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း စစ်အစိုးရ ဘက်ကတော့ ခွဲထွက်ရေး အန္တရာယ် ဆိုတာကို လက်ညှိုးထိုး ထောက်ပြနေတာတွေ ကြားနေရလေတော့ ဒါဟာ တကယ် ယုံကြည်လို့ပဲလား၊ လွဲမှားတဲ့ အထင်ရောက်မှုလား၊ တနည်း ရမယ် ရှာနေတာလား ဆိုတာကတော့ စဉ်းစားစရာလို့ပဲ ဆိုချင်ပါတယ်။

Ref: VOA News


Read More...

မန့်ပန်ပြည်သူ့စစ်အဖွဲ့ ဒေသခံလူငယ်များ အဓမ္မ ကောက်ယူပြီး စစ်အစိုးရ တပ်ထံ အပ်နှံ

ဗုဒ္ဓဟူးနေ့၊ 22 ဇူလိုင်လ 2009

လားရှိုးအရှေ့ဘက် မန့်ပန်အခြေစိုက် ဗိုလ်မွန်း ဦးဆောင်သည့် မန့်ပန်ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့သည် ဒေသခံ လူငယ်ရာချီ အဓမ္မ ကောက်ယူပြီး စစ်အစိုးတပ်ထံ ပို့ဆောင် အပ်နှံနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက် ကဆိုသည်။

“အဓမ္မဆင့်ခေါ်တယ်၊ တအိမ်ထောင် ယောက်ျားလေး ၂ ယောက် ရှိရင် ၁ ယောက် ယူတာဘဲ။ ဂျွန်လ က စပြီး အခုထိ ပျဉ်းမနား နေပြည်တော်ကို ပို့ပေးတာ အယောက် ၂၀၀ ကျော်နေပြီ” - ဟု အမည် မဖေါ်လိုသည့် ဒေသခံ တဦးကဆို၏။

ယောက်ျားဦးရည်နည်းသည့် အချို့ရွာများ၌ ရွာလုံးကျွတ် ငွေအားစု၍ စစ်သားသစ် အတွက် လူငှား ပို့ပေးရကြောင်း၊ စာရင်း ပါပြီး အဓမ္မကောက်ခံ ခံရသည့် အချို့ပိုက်ဆံရှိ သားသမီးများကိုမူ တယောက် သုံးလေးသိန်းဖြင့် မိမိကလေးအား ပြန်လည် ရွေးယူရကြောင်း ဒေသခံများက ပြောပါသည်။

လားရှိုး ဒေသခံတဦးက - “ဗိုလ်မွန်းအဖွဲ့ကလေးတွေ အဓမ္မ ကောက်ယူပြီး ဗမာ စစ်တပ်ကို ပို့တာ ၂၀၀၅ က တည်းက၊ အဲဒီတုန်းက မြို့ပေါ်ရှောင်ပြေး/ ကိုရင်ဝတ်သူတွေ မကျန် လိုက်ဆွဲတော့ လားရှိုး ကန်မိုင်း ကျောင်းတိုက် ဆရာတော် နဲ့ တာပုံ ကျောင်းတိုက် ဆရာတော်တို့ မေတ္တာရပ်ခံရတယ်။ ဒီနှစ်တော့ မရတော့ဘူး။ တချို့မိဘတွေငိုယို သူတို့ကလေးကိုလူဝတ် လှဲခိုင်းပြီး ဗိုလ်မွန်း အဖွဲ့ကို သွားအပ်ရတယ်။ ကျနော် သိသလောက်ဆို ၆-၇ ယောက်ရှိပြီ” - ဟု ဆို၏။

မန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ စစ်သားသစ် အဓမ္မဆင့်ခေါ်သည့် ကျေးရွာများမှာ - လားရှိုးမြို့ အရှေ့ဘက် မိုင်းယန်း၊ မိုင်းယော်၊ မိုင်းဟက်၊ မိုင်းကြက်ကျေးရွာ အုပ်စု ၊ မန်မတ်၊ ဖာတန့်၊ မက်မြီးကျေးရွာ အုပ်စုနှင့် တန့်ယန်းမြို့နယ် အထိ၊ မိုင်းရယ် မြို့ရှေ့မြောက်ဘက် ပလောင် နှင့် သျှမ်းကျေးရွာများ ဖြစ်ကြောင်း သိရသည်။

သားယောက်ျားလေး ၂ ယောက်ရှိလျှင် ၁ ယောက်ပေးရကြောင်း၊ ၃ ယောက်ရှိလျှင် ၂ ယောက်ပေးရကြောင်း၊ “ သျှမ်းတပ် ဖွဲ့ထဲ ၀င်ဖို့တောင် ကျနော်တို့ သားကိုမလွတ်နိုင်ဘူး။ အခုဟာက မိမိကို နှိပ်စက်သည့် ဗမာတပ်ကိုကောက်ပေးတယ်ဆိုတော့ ပိုဆိုးတာပေါ့” -ဟု ကလေးမိဘ တဦးကဆိုသည်။

စစ်အစိုးရအရာရှိတဦး၏ ပြောကြားချက်ကို ကိုယ်ကားပြီး အမည် မဖေါ်လိုသည့် ကုန်သည်တဦးက - မန့်ပန်အခြေစိုက် ဗိုလ်မွန်းပြည်သူ့စစ်တပ်ဖွဲ့အား အပစ်ရပ်ကရင် DKBA အား KNU ကို တိုက်ခိုင်းသကဲ့သို့ တောင်ပိုင်း SSA တပ်ဖွဲ့နှင့် သွားတိုက် ရန် ခေါ်ယူမည်ဖြစ်ကြောင်း - ဆို၏။

အင်အား ၃-၄၀၀ ရှိမန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၁၉၉၆ လက်နက်ချခဲ့သော ခွန်ဆာ ခေါင်းဆောင် MTA မုန်းတိုင်း တပ်မတော်မှဖြစ်ပြီး အထက် ဖေါ်ပြပါ ၃ မြို့နယ်ဒေသများ ချုပ်ကိုင်ရန် ဌာနေ ပြည်သူ့စစ် အဖြစ် လက်နက် ပြန်ကိုင်ခွင့် ပြုထားခဲ့သည်။ ခေါင်းဆောင် ဗိုလ်မွန်းအားလည်း ဗိုလ်ချုပ်ခင်ညွှန့်က လူမှုထူးခွန်ဆု ချီးမြင့်ခဲ့ဘူးသည်။ ဒေသခံများ ပြောပြချက်အရ အဝေမတည့်၍ သူ့လက်ထောက် (မိုင်းယော် သျှမ်းရပ် မိရပ်ဖတဦး၏ သမီးယူထားသည့်) ဗိုလ်အားလျဲန်အား ဗိုလ်မွန်းက လုပ်ကြံ သတ်ဖြတ် ခိုင်းခဲ့သည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကယ်တင်ရှင်မရှိပါ

ဗသြ
7/23/09

ကုလသမဂ္ဂအတွင်းရေးမှူးမစ္စတာဘန်ကီမွန်း ဗမာပြည်ကနေ ပြန်သွား ပြီးတဲ့နောက် ပြည်ပက မီဒီယာတွေ အကြားမှာ ဒီခရီးစဉ်ဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာကို အတော်ကလေး ရေးကြီးခွန်းကျယ် ပြောဆိုကြတာသတိထားမိ ပါတယ်။ နောက်ထပ် သတိပြုမိတဲ့ အချက်ကတော့ မစ္စတာ ဘန်ကီမွန်း ပြန်သွားတဲ့နောက်မှာ ဒီလို ပြောဆိုရေးသား တာတွေဟာ ဂယက်လောက်သာ ဖြစ်နေခဲ့ပြီး လှိုင်း ငယ်ငယ်တောင် ဖြစ်မလာဘူး ဆိုတာပါပဲ။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ပြန်စဉ်းစား လိုက်တော့ အဓိက အကြောင်းရင်းက ပြည်တွင်းက ပြည်သူတွေက ဒီခရီး အပေါ်မှာ စိတ်ဝင်စားမှု နည်းလို့၊ မျှော်လင့်ချက် ထူးထူးခြားခြား မထားလို့ ဖြစ်ပါတယ်။ ပြောရရင် ဗမာပြည်ရဲ့ အရေး နိုင်ငံတကာ စားပွဲခုံတွေပေါ် ရောက်သွားတာကို ဗမာပြည်သားတွေက မလိုလားပါဘူး။ ဘယ်သူ မဆို ကိုယ့်အိမ်တွင်းက ပြဿနာကို ကိုယ့်အိမ်တွင်းမှာပဲ ဖြေရှင်း ချင်တာပါ။

အိမ်ပြင်ရောက်သွားရင် ရှက်စရာ ကောင်းတယ်လို့တောင် ယူဆ ကြတာပါ။ ဒါပေမဲ့ နအဖ စစ်အစိုးရရဲ့ အာဏာ ရမက်ကြီးမှု၊ အင်အားနဲ့ အနိုင်ကျင့်လိုမှု၊ အမှန်တရားကို လက်မခံနိုင်မှုတို့ကြောင့် အိမ်တွင်း ကိစ္စဟာ ရပ်ကျော် ရွာကျော် ဖြစ်ကုန်ရပါတယ်။

ကိုယ့်တိုင်းပြည်ရဲ့အရေး ဒီလို ပြည်ပကို ရောက်သွားတဲ့ အခါမှာ ကိုယ့်တိုင်းပြည် အတွက် အကျိုးရှိတာ၊ မရှိတာတွေ နောက်ထားလို့ ပထမဆုံးဖြစ်လာတာ ကတော့ ကိုယ့်ပြဿနာဟာ သူများပြဿနာ ဖြစ်သွားတာပါပဲ။ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေရဲ့ ပြဿနာ ဖြစ်သွားတာပါပဲ။ ဒီအခါမှာ သူတို့က ကိုင်တွယ် ဖြေရှင်းတယ် ဆိုတော့ သဘာဝ ကျစွာပဲ ဗမာပြည်ရဲ့ ပြဿနာကို သူတို့ အကျိုးစီးပွားပေါ် အခြေခံပြီး ချဉ်းကပ်ကြပါတယ်။ အဲဒီလိုချဉ်းကပ် စဉ်းစားနည်းမျိုးတွေ ကနေ ပေးလာတဲ့ အကြံပေးချက်တွေကို အစိုးရရော၊ အတိုက်အခံတွေပါ လက်ခံရအခက်၊ လက်မခံရအခက် ဖြစ်တော့တာပါပဲ။ သူတို့ ဖြစ်စေချင်တာတွေက ဗမာပြည် သားတွေ ဖြစ်ချင်တာနဲ့ တူချင်မှ တူညီတာဆိုတာကို မေ့လို့မဖြစ်ပါဘူး။

ပိုဆိုးတာက ဒီပြည်ပကလူတွေဟာ ကုလသမဂ္ဂလို၊ အီးယူလို၊ အာစီယံလို အဖွဲ့ နာမည်ကြီးတွေနဲ့ လုပ်ကြပြောကြတာ ဆိုတော့ ဗမာပြည်သားတွေ အဖို့ ဒါကြီးတွေ လုပ်ကိုင်ကြတာတွေကိုပဲ အဖြေရနိုးနိုး၊ လိုချင်တာရနိုးနိုး၊ ဟိုဟာနိုးနိုး၊ ဒီဟာနိုးနိုး မျှော်ရမလိုဖြစ်လာပါတယ်။

နောက်ပြီး“ဗမာပြည်အကြောင်းကျွမ်းကျင်သူ”၊ “ဗမာပြည်ကိုစာနာသူ”ဆိုသူတွေကလည်း ဗမာပြည် အရေး ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ တချီပြီး တချီ ကျင်းပကြပါတယ်။ တချို့လူတွေကလည်း ဒီလို ပြည်ပကနေ စဉ်းစားတွေးဆ တာတွေကိုပဲ သိုက်စာပေးသလို ပေးကြပါတယ်။

ဒီနေ့ နိုင်ငံတကာအခြေအနေတွေဟာ တော်တော်မြန်မြန်ပဲ ပြောင်းလဲ နေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဖက်ဖက်မှာ ပြောင်းလဲနေတာပါ။ နိုင်ငံတိုင်းဟာ အဲဒီ အပြောင်းအလဲတွေနဲ့ အညီ ကိုယ့်ကိုယ်ကို လိုက်လံ ထိန်းညှိ နေရပါတယ်။ ဒီထဲမှာ အမေ ရိကန်နိုင်ငံလည်း ခြွင်းချက် မဟုတ်ပါဘူး။ ဗမာပြည်နဲ့ ပတ်သက်ပြီး သူတို့လုပ်မဲ့ ပေါ်လစီ အပြောင်းအလဲတွေဟာ ဗမာပြည်အတွက်၊ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမှာလဲ။ သေချာ စောင့်ကြည့်ရပါမယ်။ နိုင်ငံရေးမှာ “မိတ်အင်- - -” နိုင်ငံခြားမှာ လုပ်သည် ဆိုတိုင်း ကောင်းတယ်လို့ ယူဆလို့ မဖြစ်ပါဘူး။

တကယ်လို့ မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် ဘာပြောမယ် ဆိုတာကို ဘာမှ မသိရပဲ သူဒီလိုပြောခွင့် မရတဲ့အတွက် ဆုံးရှုံးမှု ဘယ်ရွေ့ဘယ်မျှ ကြီးပါသကောလို့ အချေအတင် ပြောနေ ကြတာဟာ မယောင်ရာ ဆီလူးသလိုများ ဖြစ်နေသလား စဉ်းစားစရာ ဖြစ်နေပါတယ်။ တကယ်ကျတော့ သူပြောမယ့် စကားဟာ ဗမာပြည်သားတွေရဲ့ အကျိုးနဲ့ နီးစပ်ရဲ့လား၊ မနီးစပ် ဘူးလား၊ ဘယ်သူမှ မသိပါဘူး။ သူက ဒေါ်အောင်ဆန်းစုကြည်ကို “တောင့်ထား၊ ခင်ဗျားတို့ကို ကျွန်တော်တို့ ထောက်ခံတယ်”လို့ မပြောမှာတော့ သေချာပါတယ်။ ၂ဝ၁ဝရွေးကောက်ပွဲကို ဘာကြောင့် ဝင်သင့်ကြောင်း ဆိုတာမျိုးတွေတော့ ပြောကောင်းပြောနိုင် ပါတယ်။ ဒါကြောင့် သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောမယ့်စကားဟာ ပြည်သူတွေ အတွက် အကျိုး မရှိတဲ့ စကားမျိုးဆိုရင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရတဲ့ အတွက် ဗမာပြည် ပြည်သူတွေမှာ ဘာမှ မဆုံးရှုံးပါဘူး။ သူ့တဦးချင်း ဂုဏ်သိက္ခာအတွက်တော့ ဆုံးရှုံးးမှု ရှိကောင်း ရှိနိုင်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာ ဂမ်ဘာရီတုန်းက အတွေ့မခံခဲ့ဘူး ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်။ မစ္စတာ ဂမ်ဘာရီက သူ့ခြံပေါက်လာပြီးပြောတာတောင်မှ လက်မခံခဲ့တာပါ။ အခုလည်း မစ္စတာဘန်ကီမွန်းက တွေ့ချင် ပါတယ် ဆိုဦးတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂမ်ဘာရီကို အတွေ့မခံ ခဲ့တာဟာ ပုဂ္ဂိုလ် အာဃာတကြောင့် မဟုတ်နိုင်ပါဘူး။ သူပြောခဲ့တဲ့၊ သူပြောမယ့် စကားတွေနဲ့ ဆက်စပ် နေမယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာထပ်ထောက်ပြသင့်တဲ့အချက်က ဗမာပြည် ပြည်သူတွေဟာ ကိုယ့်တိုင်းပြည် နိုင်ငံရေးနဲ့ ပတ်သက်လာရင် သူတို့ထင် သလို မနုံအဘူး ဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ တက္ကသိုလ်တွေက သင်ပေးမှ နားလည်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့်လည်း ဗမာပြည် ပြည်သူတွေဟာ မစ္စတာ ဘန်ကီးမွန်ရဲ့ ခရီးကို ထူးထူးခြားခြား စိတ်မဝင်စားပါဘူး။ မျှော်လင့်ချက်လည်း လုံးဝ မထားပါဘူး။ ‘အော်-လာပြန်ပကော၊ ပြန်သွားပြန်ပကော’ လို့ပဲ အောက်မေ့တာပါ။ အားမနာတမ်း ပြောရရင် နအဖရဲ့ အထာကို ဗမာ နိုင်ငံသားတွေက မစ္စတာဘန်ကီမွန်းထက် ပိုသိပါတယ်။ နအဖအပေါ် မစ္စတာ ဘန်ကီမွန်းထားတဲ့ မျှော်လင့် ချက်မျိုး ဗမာပြည်သားတွေက မထားပါဘူး။ နည်းနည်းမှ မထားပါဘူး။ နအဖ စစ်အာဏာရှင်တွေကို မစ္စတာ ဘန်ကီမွန်း မပြောနဲ့ စင်္ကြာဝတေး နတ်မင်းကြီး လာပြောတောင် အာဏာနဲ့ ပတ်သက်လို့ကတော့ တပြားသားမှ မလျှော့ဘူးဆိုတာ ဗမာပြည်သားတွေက အသိဆုံး ဖြစ်ပါတယ်။

ဒီလိုဆိုတဲ့ အတွက် ပြည်ပက ဖိအားပေးတာ၊ ပြည်သူတွေဖက်က ရပ်တည်ပေးတာ၊ ဒီမိုကရေစီဖက်က ရပ်တည်ပေးတာ တွေကို ငြင်းပယ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ခံရုံမက ကြိုဆိုရမှာပါ။ သူတို့ရဲ့အခန်း၊ သူတို့ရဲ့ ထိရောက်တဲ့ အတိုင်းအတာတွေကို အသိ အမှတ် ပြုရပါမယ်။ ဒါပေမဲ့ ပြည်ပက လုပ်ကိုင်မှုတွေကို မှားယွင်းတဲ့ အချက်ပြမှုပေးပြီး ပြည်သူတွေကို ကယ်တင်ရှင် မျှော်စေတာမျိုး ဆိုရင်တော့ ဆန့်ကျင်ကြရပါမယ်။

ဒီနေ့ဆင်နွှဲနေကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကယ်တင်ရှင် မရှိပါဘူး။ ပြည်သူ လူထုကြီးကသာ တိုင်းပြည်ကိုရော အရေးတော်ပုံကိုရော ကယ်တင်နိုင်တယ် ဆိုတာ မမေ့ဖို့လိုပါတယ်။

ဗသြ


Read More...

မြန်မာ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှု ဒေသတွင်း တည်ငြိမ်ရေး ခြိမ်းခြောက်နိုင်

21 July 2009

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အာရှ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက် နိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆို လိုက်ပါတယ်။ အိန္ဒိယ နိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်လာပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ကလင်တန်က မြန်မာ့အရေးကို ပြောဆိုသွားတာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သတင်းတွေ ပိုတိုး လာနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထိုင်းနိုင်ငံကို ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေ ဆိပ်ကမ်းမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးကို သူ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ထိုင်းနိုင်ငံကိုရောက်ပြီး နာရီပိုင်း အတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) နဲ့ တွေ့ဆုံပြီး ထိုင်းအစိုးရ အိမ်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေး ဆက်ဆံရေးဟာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက် နိုင်သလို စိုးရိမ်မိတဲ့ အကြောင်း အခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၄၇ ကို လိုက်နာဖို့ မြန်မာ စစ်အစိုးရကို တိုက်ရိုက်ဖြစ်စေ၊ ဒေသတွင်း မဟာမိတ် နိုင်ငံတွေက တဆင့် တိုက်တွန်း တောင်းဆိုတာတွေ လုပ်နေပါတယ်။”

မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အရ ဒုံးလက်နက်တွေ ပြည်ပ နိုင်ငံတွေကို မတင်ပို့ရေး ကန့်သတ် ထားချက်တွေကို မြန်မာနိုင်ငံက လိုက်နာ ဆောင်ရွက်ဖို့ အတွက် ဟီလာရီ ကလင်တန်က ပြောဆိုသွားတာပါ။ မကြာသေးခင်က စစ်လက်နက်တွေ တင်ဆောင် လာတယ်လို့ သံသယရှိတဲ့ မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစင်း မြန်မာနိုင်ငံ ဘက်ကို ဦးတည်ခဲ့ပြီး ပြန်လှည့် သွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ …

“မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် မျှမျှတတ ပြုမူ ဆောင်ရွက်မယ်လို့ ကျမတို့ မျှော်လင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အခု ဒေါ်အောင်ဆန်း စုကြည် အပေါ် တရားစွဲဆို နေတာတွေဟာ အခြေအမြစ် မရှိပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သက်သေပြနိုင်တဲ့ တိုးတက်မှုတွေ ရှိလာခဲ့မယ် ဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ချင်ပါတယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။ သက်သေပြနိုင်တဲ့ တိုးတက်မှုတွေ ဆိုတာ နိုင်ငံရေး အကျဉ်းသား တွေကို ဖမ်းဆီးမှုတွေက ရပ်ဖို့၊ တိုင်းရင်းသား လူမျိုးစုတွေ အပါအ၀င် ကိုယ့်တိုင်းပြည်က ပြည်သူတွေ အပေါ် ဖိနှိပ်မှုတွေ အဆုံးသတ် ဖို့ကို မြန်မာနိုင်ငံဘက်က လုပ်ဆောင်ပြရမယ့် အချက်တွေလို့ ဟီလာရီ ကလင်တန်က ပြောသွားပါတယ်။

မနက်ဖြန်မှာ ဟီလာရီ ကလင်တန်ဟာ ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေ စခန်းမှာ ကျင်းပမယ့် ARF အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေး အတွင်းမှာလည်း မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒေသတွင်း အကဲခတ်တွေ ကတော့ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား အကူအညီနဲ့ စစ်အစိုးရက တူးမြောင်းတွေ တူးနေတယ်၊ လိုဏ်ဂူတွေ တူးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ တာတွေကလည်း အမေရိကန် အရာရှိတွေကြားမှာ စိုးရိမ်စရာ ဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနမှူး တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အခြေအနေက ဒေသတွင်း နိုင်ငံတွေ ကြားမှာလည်း စိုးရိမ်မှုတွေ ရှိနိုင်တဲ့ အနေအထား ဆိုပြီး သုံးသပ်ပါတယ်။

“မြောက်ကိုရီးယားနဲ့ နအဖစစ်အစိုးရနဲ့ ဆက်ဆံရေး ကတော့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိတယ်။ နောက်တခုကလည်း နျူကလီးယား ကိစ္စတွေ၊ ဒုံးကျည် ကိစ္စတွေ အပါအ၀င် မြောက်ကိုရီးယားက နည်းပညာတွေရော၊ လက်နက် အစိတ်အပိုင်းတွေရော ဗမာ စစ်အစိုးရကို ရောင်းချနေတယ် ဆိုတဲ့ဟာတွေကလည်း ထင်ထင်ရှားရှား ပေါ်ထွက်နေတာ ရှိတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ကတော့ ဒေသတွင်း တည်ငြိမ်မှုကို တစုံတရာ အနှောင့်အယှက် ဖြစ်လာပြီဆိုတာ ထင်ရှားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂျပန်ဆိုရင် မြောက်ကိုရီးယားကို စိုးရိမ်နေရတဲ့ အနေအထားပေါ့။

“ဗမာစစ်အစိုးရက အခုလက်ရှိ အနေအထားမှာတော့ အိမ်နီးချင်း နိုင်ငံတွေက ဒေသတွင်းကို ခြိမ်းခြောက်မှု မရှိသေးပါဘူးလို့ တရုတ်နိုင်ငံ အပါအ၀င် အိမ်နီးချင်းနိုင်ငံ တချို့ကတော့ ပြောတုန်းပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံ အနေနဲ့ကြတော့ ဗမာ စစ်အစိုးရရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် နေရတဲ့ အနေအထားမျိုး၊ သတိထားနေရတဲ့ အိမ်နီးချင်း နိုင်ငံမျိုး ဖြစ်နေတာကို တွေ့ရတယ်။

“အဲတော့ မြောက်ကိုရီးယားနဲ့ ဗမာစစ်အစိုးရရဲ့ ဆက်ဆံမှုတွေက ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ ဒေသတွင်းကို စိုးရိမ်စိတ်တွေ ပွားများလာစေပြီ၊ နောက်တခုကလည်း လက်နက် ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်လာတဲ့ အနေအထား မျိုးကို ဦးတည်နေပြီ ဆိုတာကိုတော့ ကျနော်တို့ ယေဘုယျ ပြောလို့ရပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ARF အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကို တက်ရောက်ပြီး အာရှနိုင်ငံတွေနဲ့ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ် ရေးထိုးဖို့ ရှိပါတယ်။ အရင် သမ္မတဘုရှ် လက်ထက် တုန်းကတော့ နှစ်နိုင်ငံကြားခြင်း ဆက်ဆံရေးမျိုးကိုပဲ ဦးစားပေးခဲ့ပြီး ဒီလို ဒေသတွင်း နိုင်ငံတွေ တစုတဝေးနဲ့ အမေရိကန် ပြည်ထောင်စုကြားမှာ လက်မှတ် ရေးထိုးခဲ့တာတွေ မရှိပါဘူး။

ဖူးခက်မှာ အစည်းအဝေး တက်ရောက်နေတဲ့ ကာလအတွင်း အာရှဒေသ၊ အာဆီယံဒေသ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ သီးခြား တွေ့ဆုံမယ့် အစီအစဉ် တွေကိုလည်း ဟီလာရီ ကလင်တန်က သူ့ရဲ့ ခရီးစဉ်ထဲမှာ ထည့်သွင်း ထားပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကိုတော့ တွေ့ဆုံမယ့် စာရင်းထဲမှာ အခုထိ မတွေ့ရသေးပါဘူး။

Ref: VOA News

Read More...

ဗန်းမော် စစ်ဗျူဟာမှူးတဦးကို ခုံရုံးတင်စစ်ဆေးနေ

ဇူလိုင်လ ၂၂ရက်၊ ၂ဝဝ၉ ခုနှစ်။

သစ်မှောင်ခို ခိုးထုတ်သည့်လုပ်ငန်းများတွင် ငြိစွန်းနေမှု၊ မူးယစ်ဆေးဝါးနှင့် ဆက်နွယ် နေသည့် ရာဘာ စိုက်ခင်းနှင့် ပတ်သက်မှု စသည့် ဥပဒေနှင့် မလွှတ်ကင်းသည့် ကိစ္စရပ်များနှင့် ဆက်စပ်၍ ဗန်းမော်မြို့၊ အခြေစိုက် စစ်ဗျူဟာ မှူး ဗိုလ်မှူးကြီး ခင်မောင်မော် အား စစ်ခုံးရုံးတင် စစ်ဆေးနေသည်။

ယခုလဆန်းပိုင်းမှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ ဗန်းမော် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော် ကို တာဝန်မှ ရပ်ဆိုင်းကာ မပခမှ လာရောက်ခုံရုံးတင် စစ်ဆေး နေသည်ဟု စစ်တပ်နှင့် နီးစပ်သူ ဗန်းမော် မြို့ခံက ပြောသည်။

“သင်္ကြန်မတိုင်မီကနဲ့ သင်္ကြန်ပြီးတဲ့နောက်ပိုင်း မန်ဝိန်းကြီး ဘက်ကို သစ်ကားအစီး သုံးရာကျော် ထွက်သွားတယ်လေ။ အဲဒီတုန်းက ဘီဘီစီတို့ ပြည်ပ အသံလွှင့်ဌာနတွေက ပါလာသေးတယ်။ အဲဒီကိစ္စလည်း ပါတယ်။ ပြီးတော့ သူရှယ်ယာ ပါတယ်ဆိုတဲ့ မံသာ ကျေးရွာနားက ဧကငါးရာ ရာဘာ စိုက်ခင်းမှာ သစ်စက်တွေထောင်၊ ခိုးဝင်လာတဲ့ တရုတ်တွေကို လက်ခံ၊ အဲဒီမှာ ရာဘာတွေနဲ့ ဒေသခံလူငယ် တွေကို သစ်ထုတ်လို့ ရမယ့်ဟာတွေ လိုက်ရှာခိုင်းတဲ့ ကိစ္စတွေလည်း ပါနိုင်တယ်။”

ဗန်းမော်မြို့မှ ကိုသက် ဆိုသူက တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၏ ငွေကြေး အရင်း အနှီးဖြင့် ဗန်းမော် မြို့နှင့် (၂၈)မိုင်အကွာ၊ မံစီမြို့နယ်၊ မံသာကျေးရွာ အနီးတွင် ဧက(၅ဝဝ)ရှိ သစ်တောအား ခုတ်ထွင်ကာ ရာဘာ စိုက်ပျိုးရေး လုပ်ငန်းကို (၂ဝဝ၇)ခုနှစ် ကတည်းက စတင်ခဲ့ သော်လည်း ယနေ့ချိန်ထိ ရာဘာပင် မယ်မယ်ရရ စိုက်ပျိုးထားခြင်း မရှိသေးကြောင်း၊ အဆိုပါ ခြံအား ဗန်းမော် ဗျူဟာမှူးက ရှယ်ယာ ထည့်ဝင်ထားသည်ဟု ဗန်းမော် ဒေသခံများက ပြောသည်။

အဆိုပါ ဧက(၅ဝဝ)သစ်တောကွက်မှ ထွက်ရှိသည့် သစ်များကို တရုတ် နယ်စပ်ကို သယ်ထုတ်ပြီး အဆိုပါဝင်းအား သံဆူးကြိုးခတ်ကာ သစ်စက်များ ထောင်ပြီး အနီးနားမှ သစ်များကို ခွဲစိတ်နေကြောင်း၊ သစ်လုပ်နေသည့် တရုတ် နိုင်ငံသားများလည်း အဆိုပါ ခြံအတွင်း ခရီးတထောက် နားသည့် နေရာဖြစ်နေပြီး မည်သည့် စစ်ကြောင်းမှ ဖမ်းဆီး အရေးယူခြင်း မရှိကြောင်း ဗန်းမော် ဒေသခံက ပြောသည်။

“သစ်ဖမ်းတာတွေ အခုနှစ်အစောပိုင်း နှစ်လပိုင်း၊ သုံးလပိုင်းတုန်းကလုပ်တယ်၊ အဲဒီ မံသာဘက် ကို သွားမလုပ်ဘူး။ ဗျူဟာမှူး ရှယ်ယာပါတယ်ဆိုလို့ဆိုပြီး ကိုသက် ကိုယ်တိုင် ဗျူဟာမှူး နာမည်သုံး နေ တာရှိတယ်လေ။ သူ့ဝင်းထဲမှာ ထောင်ထွက်တွေ၊ ချမယ့်၊ နှက်မယ့် ကောင်တွေလည်း မွေးထားတာ။ ရာဘဆိုတာတွေလည်း အဲဒီမှာ ရတယ်။ ဘယ်သူမှ သွားဖမ်းတာတွေ မလုပ်တာဘဲ ကြည့်တော့ ။”

ဗန်းမော်ဒေသအတွင်း ကျွန်းသစ်အပါအဝင် သံမလန်း၊ စကားဝါစသည့် သစ်မာများ ရှိနေပြီး နှစ်စဉ် ဆောင်းရာသီ မှစ၍ မိုးမကျမီ အချိန်အထိ ခြောက်လတာ အတွင်း တရုတ်နိုင်ငံသားများ နှင့် ဒေသခံ သစ်လုပ်ငန်းရှင်များက ခုတ်ယူကာ တရုတ်ပြည်သို့ သယ်ထုတ်နေပြီး နယ်မြေခံ စစ်အစိုးရ စစ်ကြောင်းများက စစ်ဆင်ရေးများ လုပ်ကာ ဖမ်းဆီးနေသော်လည်း သစ်မှောင်ခို ထုတ်သည့် လုပ်ငန်းမှာ ပပျောက်သွားခြင်း မရှိကြောင်း နယ်စပ် ဒေသခံများက ပြောသည်။

Ref: သတင်းနှင့်မီဒီယာ ကွန်ယက်

Read More...

Wednesday, July 22, 2009

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး ဒုရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီး

NEJ / ၂၁ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်း အခွန်ဦးစီးဌာန ရုံးတို့ကို နေပြည်တော်မှ အထူးအဖွဲ့ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ ပွဲစား (၂၇) ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိတချို့ ထွက်ပြေး တိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန် ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ် ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီး စစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။

နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြား အဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်း အတုနှင့် ပတ်စ်ပို့ စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထား စစ်ဆေးပြီး ယင်းကိစ္စများနှင့် ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေး စတင်နေပြီ ဖြစ်ကြောင်း ယင်းရုံးမှ ဦးစီး အရာရှိ တဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင် ထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ “ပြီးခဲ့တဲ့ တလလောက် တုန်းက နေပြည်တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီး စာရေး အဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာ ရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန် တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သည့် တပ်မတော် အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက် စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက် ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်း တပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေ ထဲမှာ တပ်မတော် မှတ်တမ်းရုံး ကလည်း ပါတာကြောင့် လောလောဆယ် အင်တာနက်နဲ့ နိုင်ငံခြား သတင်းဌာန တွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက် ခရီးစဉ်မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ် မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ် မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေး မှတ်တမ်း စတာတွေဟာ သူတို့ ဖြန့်ဖြူးတာ ဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော် အရာရှိဟောင်း တဦးက သုံးသပ်သည်။

ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန်များအား ပတ်စ်ပို့ ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေ အဖြောင့်ဆုံး ရုံးလည်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ နအဖ စစ်အစိုးရက အခက်အခဲ ပေါင်းစုံ ဖန်တီးထားသည့် အတွက် လာဘ်ပေးလာဘ်ယူ မှုများ ပေါ်ပေါက်နေခြင်း ဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင် အတု၊ သန်းခေါင်စာရင်း အတု စသည်များ ပြုလုပ်နိုင်ကာ တရားဝင် နိုင်ငံကူးလက်မှတ် တခု အထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေး ဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝက ရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာန ရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်အား မဟတ္တမဂန္ဒီဆုချီးမြှင့်

NEJ / ၂၁ ဇူလိုင် ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက နိုင်ငံက နိုင်ငံတကာ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မဟတ္တမ ဂန္ဒီဆုကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

အကြမ်းမဖက်သည့် မဟတ္တမဂန္ဒီကျင့်စဉ် ကျင့်သုံးသူများအား ချီးမြှင့်သည့် ၂၀၀၉ ခုနှစ်အတွက် ယခု ဆုချီးမြှင့်ပွဲ အခမ်းအနားကို တောင်အာဖရိက နိုင်ငံ ဒါဗာမြို့တွင် ကျင်းခဲ့ခြင်းဖြစ်သည်။

အာဖရိက အမျိုးသားကွန်ဂရက်ပါတီအမတ်ဖြစ်သူ အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ မြေးဖြစ်သူ အီလာဂန္ဒီ ဦးဆောင်သည့် ဂန္ဒီ ဖွံ့ဖြိုးရေး အဖွဲ့က ယခုဆုကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံတွင် တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့သည့် အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အမှတ်တရ အဖြစ် ဆုကို ၂၀၀၃ ခုနှစ်မှစပြီး ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဆုလက်ခံရယူခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခြင်း ခံရကာ အမှုရင်ဆိုင်နေရပြီး အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခြင်း ခံနေရသည်။

Ref: ခေတ်ပြိုင်

Read More...

ဦးဝင်းတင် ကျန်းမာရေးမကောင်း ဆေးကုသမှုခံယူနေရ

အေးလဲ့
Tuesday, 21 July 2009 16:59

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ကျန်းမာရေး မကောင်းမွန်သောကြောင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စ၍ နှလုံးခုန်နှုန်း မမှန် ဖြစ်ပြီး မောပန်းသည့် ဝေဒနာကို ခံစားနေရသဖြင့် NLD ရုံးသို့ မသွားရောက်နိုင်ဘဲ အိမ်တွင် အနားယူ နေရကြောင်း ၎င်းက ပြောသည်၊

“လွန်ခဲ့တဲ့ ကြာသပသေးနေ့ကနေစပြီး ရုံးမတက်နိုင်ဘူး၊ ကျနော် တခုခု လှုပ်ရှားရင် အရမ်းမော သလို ခံစား ရတယ်၊ သာမန်လူ တယောက်က ပုံမှန် နှလုံးခုန်နှုန်း တမိနစ်မှာ ၇၀-၈၀ နှုန်း နဲ့ ကျနော် သွေးခုန်နှုန်း နိင်း ယှဉ်ကြည့်ရင် ကျနော့် နှလုံးခုန်နှုန်းက တမိနစ်ကို ၄၆-၄၇ နှုန်းလောက်ပဲ ခုန်နေတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

နှလုံးရောဂါ အထူးကု ဒေါက်တာ ချိုလေးမာနှင့် ဆေးကုသမှု ခံယူနေကြောင်းလည်း ဦးဝင်းတင်၏ မိတ်ဆွေ ဖြစ်သူ ဦးမောင်မောင်ခင်က ပြောပြသည်။

ဦးမောင်မောင်ခင်က“နှလုံး ပါရဂူ ဒေါ်ချိုလေးမာ နဲ့ပြထားတယ်၊ ဆေးပေးထားတယ်၊ နောက် တပတ်ထပ် ချိန်းထားတယ်၊ ဆရာဝန်ကတော့ နှလုံး အဆို့ရှင် လေးခုရှိတယ်၊ သုံး ခုက ဟ နေတယ်တဲ့၊ နှလုံးရောဂါ ဖြစ်ချင်တယ်တဲ့၊ သိပ်ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးဘူးလို့ပြောတယ်” ဟု ဆိုသည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကျော် နိုင်ငံရေး အကျဉ်းသား ဘဝဖြင့် ဖြတ်သန်းခဲ့ရပြီး ထို အကျဉ်းကျ နေချိန် တလျှောက်လုံး အစာအာဟာရ ပြည့်ဝစွာ မစားရသည့် အပြင် သူ၏ ကျန်းမာရေး အတွက် ဆေးဝါး ကုသမှု မခံယူခဲ့ရပေ။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အင်းစိန်ထောင်မှ ပြန်လွတ်လာပြီး နောက်ပိုင်း မကြာခဏ ကျန်းမာရေး ညံ့လျက် ရှိကြောင်း၊ နိုဝင်ဘာလတွင် ပန်းနာ ရင်ကြပ်ရောဂါ ခံစားခဲ့ရပြီး ဒီဇင်ဘာလတွင် သွေးပေါင် ကျမှုကြောင့် ရက်အနည်းငယ်ကြာ ဆေးရုံး တက်ခဲ့ရကြောင်း သိရသည်။

ဦးဝင်းတင်နှင့် ထောင်အတူ ကျခံခဲ့ဖူးသော ထိုင်းနိုင်ငံ NLD လွတ်မြောက် နယ်မြေ နိုင်ငံခြားရေး ဌာနမှ အတွင်းရေးမှူး ဦးမိုးဇော်ဦးက “သူ(ဦးဝင်းတင်)က ထောင်ထဲမှာ မကြာခဏ နေထိုင်မကောင်း ဖြစ်တတ်တယ်၊ အစာအာဟာရ ဖြစ်တဲ့ အစာအသောက် မစားရတာရယ် ဆေးဝါးလည်း အလုံအလောက် ကုသမှု မရခဲ့ဘူး၊ ဒါကြောင့် ကျနော်တို့က သူအသက်ရှင်ရက်နဲ့ ထောင်ထဲက ထွက်နိုင်ပါ့မလား လို့တောင် စိုးရိမ်ခဲ့တယ်” ဟု ပြောသည်။

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ခုနှစ်က ဒီမိုကရေစီ အရေး လှုပ်ရှားမှုဖြင့် ၁၉၈၉ ခုနှစ် တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ရာ ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေသေးတယ်

NEJ / ၂၀ ဇူလိုင် ၂၀၀၉

နအဖရဲ့ အခြေခံဥပဒေကို မထောက်ခံကြောင်း မွန်ပြည်သစ်ပါတီက ကြေညာပြီးတဲ့ နောက်မှာ နအဖ စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ ဆက်ဆံရေး အခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မွန်ပြည်သစ်ပါတီအနေနဲ့ နအဖနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ကာလအတွင်း ပါတီနဲ့ ပြည်သူလူထု အပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်ထွန်းခဲ့တယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ နအဖနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တဲ့ ကာလတွေ အတွင်းမှာ ပါတီအတွက် ရရှိတဲ့ အကျိုးတရားတွေ ကတော့ စစ်မတိုက်ရလို့ ထိခိုက်သေကျေမှု နည်းပါးလာတယ်။ အေးအေး ချမ်းချမ်း သွားလာအိပ်စက် နားနေခွင့်တွေ ရတယ်။ အတွင်းပိုင်းမှာ ရှိတဲ့ မိမိတို့ မွန်အမျိုးသား ပြည်သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်း တိုင်ပင်ခွင့် အချို့ လုပ်ငန်းမှာ ပူးပေါင်း လုပ်ဆောင်ခွင့်တွေ ရခဲ့တယ်။

ပါတီအတွက် နစ်နာဆုံးရှုံးမှုတွေကတော့ တိုင်းရင်းသား အဖွဲ့အစည်း များနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု၊ တိုင်းရင်းသား တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းထားတဲ့ တပ်ပေါင်းစုတွေ ပြန့်ကျဲ အားနည်းသွားရတယ်။ ဒါဟာ ကျနော်တို့ပါတီကိုရော၊ တော်လှန်ရေး တရပ်လုံးကိုပါ ထိခိုက်သွားစေတယ်။ ပါတီ ခေါင်းဆောင်အချို့၊ ပါတီဝင်နဲ့ ရဲဘော်အချို့တွေထဲမှာ တော်လှန်ရေး စိတ်ဓာတ်တွေ ယိုယွင်း ပျက်စီးသွားစေတယ်။ အပစ်အခတ် ရပ်စဲရေးကို မကြိုက်လို့ ပါတီနဲ့ တပ်မတော်ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့ ထောင်သွား တာတွေလည်း ရှိခဲ့တယ်။

ပြည်သူတွေအတွက် အကျိုးဖြစ်စေတာတွေကတော့ မိမိနယ်မြေ ဒေသ အတွင်းမှာ တိုက်ပွဲတွေ မရှိတော့ အေးအေးချမ်းချမ်း နေထိုင်ခွင့်တွေ ရခဲ့တယ်။ ယခင်လို ပေါ်တာ လိုက်ရတာမျိုး၊ သူပုန်အားပေး ဆိုပြီး ညှဉ်းပန်း နှိပ်စက် ခံရတာမျိုးကနေ သက်သာ ကင်းလွတ် သွားရတယ်။ စီးပွားရေး လုပ်ငန်းတွေကို အေးအေးချမ်းချမ်း လုပ်ကိုင်ခွင့် ရလာတော့ စီးပွားရေး အခြေအနေ အထိုက်အလျောက် ကောင်းမွန် တိုးတက်လာတယ်။ အချို့နယ်မြေ ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းလာပြီး သွားရေးလာရေး အဆင်ပြေ လာတယ်။ ကျေးရွာတွေ တိုးတက် ဖွံ့ဖြိုးလာတယ်။

ပြည်သူတွေ နစ်နာရတာတွေက တပ်ရင်းတပ်ဖွဲ့တွေ တိုးချလာလို့ လယ်ယာ ခြံမြေတွေ ဧကများစွာ သိမ်းဆည်းခြင်း ခံလိုက်ရတယ်။ တပ်စခန်းသစ် ဆောက်လုပ်ရာမှာ အဓမ္မ လုပ်အား ပေးရတာတွေ ရှိတယ်။ နအဖရဲ့ စစ်တပ်သြဇာ၊ အုပ်ချုပ်ရေး အဖွဲ့သြဇာ တွေ ပိုမိုလွှမ်းမိုး ကျယ်ပြန့်လာလို့ ကိုယ်စိတ် ဆင်းရဲမှုတွေ ပိုမိုထိတွေ့ ခံစားလာရတယ်။ ဒါတွေဟာ အပစ်အခတ် ရပ်စဲရေးရဲ့ သိသာတဲ့ ပါတီနဲ့ ပြည်သူအပေါ် သက်ရောက်မှုတွေပဲ။

မေး။ ။ ဒီ ၂၀၀၉ ခု ဇွန်လကုန်ပြီးရင် အပစ်အခတ်ရပ်စဲရေး သက်တမ်း ကုန်ဆုံးပြီလို့ နအဖက ထုတ်ပြောနေတဲ့ အပေါ် မွန်ပြည်သစ်ပါတီ အနေနဲ့ ဘယ်လို နားလည် ထားပါသလဲ။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးအပေါ် ကျနော်တို့ နားလည် ခံယူတာက မပြေလည်တဲ့ နိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းလာခဲ့တာ နှစ်တွေ ကြာခဲ့ပေမယ့် ပြေလည်စရာ အကြောင်း မမြင်၊ ဆုံးရှုံး နစ်နာမှုတွေက များလွန်းလို့ နည်းနာအသစ်နဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းဖို့ဖြစ်တယ်။ ကျနော်တို့က ဒါကို လိုလားပြီ အပစ်ရပ်ခဲ့တယ်။ တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဒါကို အကြောင်း အမျိုးမျိုးပြပြီး ရှောင်ခဲ့တယ်။ ဒါထက်ပိုပြီး အချို့အဖွဲ့ အတွင်းရေး ကိစ္စမှာ ဝင်စွက်တာ၊ စစ်အင်အားသုံးပြီး ချေမှုန်းခဲ့တာတွေ ရှိခဲ့တယ်။ အားနည်းလာတဲ့ အဖွဲ့တချို့ကိုလည်း လက်နက်သိမ်းတာတွေ လုပ်ခဲ့တယ်။ အခု နောက်ဆုံး အပစ်ရပ်အဖွဲ့ အားလုံးကို တပ်အပ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြောလာနေတယ်။ ဒါတွေဟာ အပစ်အခတ် ရပ်စဲရေးရဲ့ ဦးတည်ချက်တွေကို သွေဖည်ပြီး တရားလက်လွတ် လုပ်တာပဲ။ ဒီလို တရားမစောင့်ရင် သမိုင်းကြောင်း ညစ်ထေးပြီး နောင်ကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ပိတ်သွားပါလိမ့်မယ်။ နအဖအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာတာ လုံးဝ မလုပ်တော့ဘူး။ ယခင်က ပြောခဲ့ဖူးသလို နောက်တက်လာမယ့် ရွေးကောက်ခံ အစိုးရနဲ့လည်း ဆွေးနွေးဖို့ မရှိတော့ဘူးလား။ အပစ်အခတ် ရပ်စဲရေးကို ဖျက်သိမ်းချင်ရင် ပွင့်ပွင့်လင်းလင်း ကြေညာချက် ထုတ်ပါလို့ ပြောချင်တယ်။

မေး။ ။ အပစ်ရပ်ကြတုန်းက သဘောတူညီချက်တွေထဲမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ မပါဘူးလို့ မွန်ပြည်သစ် ပါတီက ပြောတာ ကြားရပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လုံးဝ မပါခဲ့ဘူး။ ဒါက အခုမှ ပေါ်လာတဲ့ သူတို့ရဲ့အစီအစဉ်ပါ။

မေး။ ။ မွန်ပြည်သစ်ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကို ဘယ်လို ဆုံးဖြတ်မယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်ရတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ပါတီအတွင်းမှာ ကြိုတင် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ နိုင်ငံရေး ပြဿနာတွေ မဖြေရှင်းနိုင်ခင်မှာ ပါတီကို ဖျက်တာ၊ တပ်ကို ဖျက်တာ၊ ပါတီနဲ့တပ်ကို ခွဲခြားပစ်တာ ဒါတွေကို လက်မခံ နိုင်ဘူး။ ဒါတွေရှိနေတော့ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ တပ်ကို အပ်ရမယ် ဆိုတာ ပါတီဆုံးဖြတ်ချက်နဲ့ ငြိစွန်းနေတာက တကြောင်း၊ အမျိုးသား ညီလာခံမှာ ကျနော်တို့ ပါတီ အပါအဝင် အပစ်ရပ် (၁၃) ဖွဲ့က တင်ပြတဲ့ အချက်တွေကို တချက်မှ လက်မခံပယ်ချခဲ့လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ ကျနော်တို့ အပစ်ရပ် အဖွဲ့တွေရဲ့ ဆန္ဒသဘောထား လုံးဝ မပါတော့ပါဘူး။ ပြီးတော့ ကျနော်တို့ လက်မခံနိုင်တဲ့ အချက်တွေ အများကြီး ပါဝင်နေတယ်။ ဒါတွေကို ပြန်လည် သုံးသပ်ပြုပြင်ခြင်း မရှိဘူး ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည် ဖော်မယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ နအဖက မွန်ပြည်သစ် ပါတီကို ဖိအားပေးတာတွေ ရှိခဲ့ပါသလား။

ဖြေ။ ။ ကျနော်တို့ ခေါင်းဆောင်တွေကို ခေါ်ပြီး ဆွေးနွေးပြောပြခဲ့တာ ရှိပါတယ်။ အခြားအဖွဲ့တွေ လက်မခံသလို ကျနော်တို့ပါတီ လက်မခံနိုင်မှန်း သိလို့ နောက်ထပ် ခေါ်တွေ့ပြီး ပြည်သူ့စစ်အသွင်ကို လက်ခံမလား ဒါမှမဟုတ် ဘယ်လို အဆင့်မျိုး ဖြစ်ချင်လဲဆိုပြီး မေးလာတာရှိပါတယ်။ ဒီလိုနှုတ်နဲ့ ခေါ်ပြောတာအပြင် အခြား သိသာတဲ့ ဖိအားတွေ မတွေ့ရသေးပါဘူး။

မေး။ ။ တကယ်လို့ တခြားအပစ်ရပ်အဖွဲ့ကြီးတွေ ဥပမာ ဝတို့၊ ကေအိုင်အို တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းမယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်အပေါ် တစုံတရာ သက်ရောက်မှု ရှိနိုင်ပါသလား။

ဖြေ။ ။ အပစ်ရပ်အဖွဲ့တွေရဲ့ ကံကြမ္မာတွေဟာ ဆက်စပ်နေပါတယ်။ ကိစ္စရပ် တခုခုမှာ အဖွဲ့အများစုက လက်ခံပြီး အနည်းစုက လက်မခံရင် နအဖက စစ်အင်အားနဲ့ တွန်းပြီး လုပ်သွားဖို့ ရှိလာမယ်လို့ မြင်ပါတယ်။ ဒါကြောင့် အပစ်ရပ်အဖွဲ့တွေ အချင်းချင်း ရပ်တည်မှု တူညီကြဖို့ လိုပါတယ်။

မေး။ ။ အခြေခံဥပဒေကို မထောက်ခံကြောင်း ကြေညာပြီးတဲ့ နောက်မှာ နအဖက မွန်ပြည်သစ် ပါတီကို အကျပ်ကိုင်တာတို့၊ ခြိမ်းခြောက်တာတို့၊ သွားလာရေး ကန့်သတ်တာတို့ ရှိခဲ့ပါသလား။

ဖြေ။ ။ သိသာထင်ရှားတဲ့ အကြပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ကန့်သတ်မှုတွေ မတွေ့ရသေးပါဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတော့ အပစ်အခတ် ရပ်စဲရေး အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးရယ်လို့ အပြတ် မပြောရ သေးပါဘူး။ ပါတီ ဆုံးဖြတ်ချက်နဲ့ ငြိစွန်းနေတဲ့ အပိုင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပြင်ဆင်လိုတဲ့ အပိုင်းတွေကို ပြောင်းလဲ ပြင်ဆင်မှု မလုပ်ဘူးဆိုရင် ကျနော်တို့ ပါတီအနေနဲ့ ပါဝင်လို့ရမှာ မဟုတ်ပါဘူး။ ဒီလို ရပ်တည်လို့ အပစ်အခတ် ရပ်စဲရေးကို ထိခိုက်မယ်၊ မထိခိုက်ဘူးဆိုတာ နအဖစစ်အစိုးရရဲ့ သဘောထား အပေါ်မှာ မူတည်ပါလိမ့်မယ်။

မေး။ ။ မွန်ပြည်သစ်ပါတီရဲ့ အဓိကတောင်းဆိုချက်က ဘာပါလဲ။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က မလိုက်လျောဘူးဆိုရင် နောက်ထပ် ဘာဖြစ်မယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ပါတီရဲ့ အဓိကတောင်းဆိုချက် ကတော့ ဖြစ်ရှိနေတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ခေါ်ပေးဖို့ဖြစ်တယ်။ ဒါကို မလိုက်လျောရင် ကျနော်တို့ နိုင်ငံအတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒီလို မတည်ဆောက်နိုင်ဘူး ဆိုရင် နိုင်ငံမှာ အေးချမ်းတည်ငြိမ်မှု မရနိုင်ဘူး။ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်မလာနိုင်ဘူး။ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတွေ ရှင်သန် ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။

မေး။ ။ အခုလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ လောလောဆယ် အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေသေးတယ်။ အဆိုးဘက်ကို ဦးတည်သွားဖို့ အလားအလာ များနေတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လာမယ့် ရွေးကောက်ပွဲတွေဟာ ဖြစ်ရှိနေတဲ့ အခြေအနေ ဆိုးတွေကို ပြုပြင်ပေးနိုင်မယ့် အလားအလာ မရှိဘူး။ တဖက်သတ်တွန်းပြီး လုပ်သွားရင် ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ ပြန်လည် ထတောက်လာဖို့ ရှိနေတယ်။ ဒီလို ထတောက်လာရင် ပြည်သူတွေ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ပိုမို များပြား လာလိမ့်မယ်လို့ မြင်တယ်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, July 21, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်မည်မဟုတ်ဟု ဦးဉာဏ်ဝင်း ပြော

ဇာနည်ဝင်း
Monday, 20 July 2009 20:18

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသောအချက်မှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း မြန်မာနိုင်ငံခြား ရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ယမန်နေ့က ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညစာ စားပွဲတွင် ပြော လိုက်သည်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး (ဦးဉာဏ်ဝင်းက) ကျနော်တို့ကို ရှင်းပြပါတယ်။ လက်မခံနိုင်သေးဘူး၊ အချိန်ယူရဦးမယ်တဲ့”ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ရှင်းပြသည်။

ညစာစားပွဲတွင် ဦးဉာဏ်ဝင်း၏ ပြောပြချက်များအရ ဒေါ်အောင်ဆန်း စုကြည်သည် အနာဂတ်တွင် လွတ်မြောက် လာမည် ဖြစ်သော်လည်း ယခုအခါ ဆက်လက် အကျဉ်းကျ နေဦးမည် ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရခြင်း နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက လည်း ထိုင်းနိုင်ငံ၊ ဖူးကက်ကျွန်း အပန်းဖြေ စခန်းတခုတွင် ပြုလုပ်သည့် အာဆီယံ ဆွေးနွေးပွဲရောက် သတင်း ထောက်များကို ပြောပြခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေကို ကျနော်တို့ ဝင်ပြီး ပတ်သက်လို့ မရဘူး။ ဒါပေမယ့် မြန်မာပြည် ဟာ အာဆီယံရဲ့ တစိတ်တပိုင်း ဖြစ်နေတယ်” ဟု ကဆစ်ဖိရုမ်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိနေသည်။ မေလက သူ၏ အိမ်အတွင်းသို့ အမေရိကန် နိုင်ငံသားတဦး လျှို့ဝှက် ဝင်ရောက်ခဲ့ခြင်းကြောင့် အကျယ်ချုပ် ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုဖြင့် ထောင်တွင်း တရားရုံးတွင် အမှု ရင်ဆိုင်နေရသည်။ အဆိုပါ အမှုသည် ငွေဒဏ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချခံရနိုင်သည့် အမှု ဖြစ်သည်။

ထိုသို့ တရားစွဲဆိုပြီး ရက်အနည်းငယ် အကြာမှာပင် အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်သည်။ ထိုစာကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ကလည်း ထိုအမှုသည် အာဆီယံ အသင်းကြီး၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် အမှုဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် ဝန်လေးသဖြင့် ဤအမှုကို ဖန်တီးခြင်း ဖြစ်သည်ဟု အကဲခတ်များ ယူဆနေကြသည်။

ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

Ref:

Read More...

သာကေတတွင် လေဆင်နှာမောင်းတိုက်

တနင်္လာနေ့၊ ဂျူလိုင်လ 20 ရက် 2009 ခုနှစ်

ရန်ကုန် (မဇျိမ)။ ။ သာကေတမြို့နယ် တွင်ယနေ့နေ့လည် နှစ်နာရီ ခွဲဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံ အချို့ အမိုးလန် ပျက်စီးကာ လူသုံးဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင် သက်သေများက ပြောပါသည်။

လေဆင်နှာမောင်းမှာ ရန်ကုန်မြစ်အတွင်းမှ ဖြတ်သန်းလာခြင်းဖြစ်ပြီး သာကေတ မြို့နယ် ကြယ်ငါးပွင့် သဘောင်္ရုံး ဆိပ်ကမ်းကိုဖြတ်ကာ သာကေတမြို့နယ် အတွင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် သက်သေများက ပြောပါသည်။

ဖြတ်သန်း တိုက်ခတ်ခဲ့ရာ နေရာတလျှောက်တွင် လူနေအိမ်နည်းပြီး စက်ရုံများ နှင့် အဆောက်အအုံ ကြီးများသာ ရှိသဖြင့် လူနေအိမ်များမှာ ပျက်စီးဆုံးရှုံးမှု နည်းခဲ့ခြင်းဖြစ်ပြီး လမ်းဘေးဈေးဆိုင် အချို့သာ ပြိုလဲပျက်ဆီးခဲ့သည်။

“အရင်ဆုံး သင်္ဘောကျင်းကို စဝင်ပါတယ်။ နောက်ပြီး သူ့ဘေးမှာရှိတဲ့ ယုဇန ဆီအုန်း စက်ရုံ မှာလည်း ဝင်မွှေတယ်။ နောက်ပြီး အဲဒီကနေ သာကေတ ၁၄ ရပ်ကွက် ထိပ်မှာရှိတဲ့ ခန်းမကြီးကို ဝင်တိုက်တယ်။ ရပ်ကွက်ထဲကို ဆက်မဝင်ဘဲ လေဆင်နှာမောင်းက အပေါ် တက်သွားတယ်။ ရပ်ကွက်ထဲကိုသာ ဆက်ဝင်ရင် တရပ်ကွက်လုံး ကုန်လောက်တယ်” ဟု လေဆင်နှာမောင်း တိုက်ခတ်မှုကို အစအဆုံး မြင်တွေ့ခဲ့သော သာကေတ ရှုခင်းသာအိမ်ယာ ခြောက်ထပ်တွင် နေသူတဦးက ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သာကေတမြို့နယ် ၁၄ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီး တဦးနှင့် ကလေးငယ် တဦး သွပ်ရှသည့် ဒဏ်ရာ ရရှိခဲ့ပြီး တက်လမ်း ဆောက်လုပ်ရေး အလုပ်သမား ဝင်းအတွင်း နေထိုင်သူ တဦးလည်း ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

မြန်မာ့ကြယ်ငါးပွင့် သင်္ဘောဆိပ်ကမ်းနှင့် ယုဇနဆီအုန်း စက်ရုံဝင်းအတွင်း တိုက်ခတ်ခဲ့ပြီး အော်ဟစ်သံ အချို့ ကြားခဲ့ရသော်လည်း အဆိုပါ နေရာများသို့ အပြင်လူ ဝင်ရောက်ခွင့် မရှိသဖြင့် ပျက်စီးဆုံးရှုံး ထိခိုက်ဒဏ်ရာ ရမှုကို စုံစမ်းနိုင်ခြင်း မရှိခဲ့ပါ။

အခင်းဖြစ်ပွားပြီး အချိန် တစ်နာရီကျော်ခန့် ကြာမြင့်သည်အထိ အဆိုပါ နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူ တဦးတစ်ယောက်မျှ ရောက်ရှိ မလာသေးသည်ကို တွေ့ရသည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများ မမေ့၊ အာဇာနည် နေ့တွင် ကုသိုလ် ကောင်းမှုများ ပြုလုပ်

NEJ / ၂၀ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့သူမြို့သားများအနေဖြင့် အာဇာနည်နေ့နှင့် ပတ်သက်သော အထိမ်းအမှတ် အခမ်း အနား များကို မကြုံဖူးသည်မှာ ကြာပြီ ဖြစ်သော်လည်း ယမန်နေ့က ကျရောက်သော (၆၂) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို မေ့ပျောက်သွားခြင်း မရှိကြကြောင်း ရန်ကုန်မြို့ခံ များက ပြောသည်။

“ကျမက ဒီနေ့ ဘာနေ့ဆိုတာ သိတယ်။ ဘယ်မေ့မလဲရှင်။ မြန်မာနိုင်ငံ အတွက် မေ့လို့မရတဲ့ နေ့တနေ့ ဖြစ်ခဲ့တာပဲ။ မေ့နေတယ် ဆိုတဲ့သူ လုံးဝ မရှိနိုင်ဘူးလို့ ကျမ ယုံတယ်။ ဘယ်သူတွေကပဲ ဘယ်လိုနည်းနှင့် သမိုင်းကို မေ့စေလိုပေမယ့် ဘယ်သူမှ မမေ့နိုင်ဘူး။ အာဇာနည်တွေ အတွက် ဒီနေ့ ကျမက အိမ်မှာပဲ အမျှဝေပါတယ်” ဟု ရန်ကုန် ကျောက်တံတား မြို့နယ်မှ ပြည်သူတဦးက ပြောသည်။

စစ်အစိုးရကမူ (၆၂) နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်မြို့တော်ဝန်က ဦးစီး ကျင်းပသော အဆင့်ဖြင့်သာ ပြီးဆုံး စေခဲ့ကြောင်း သိရသည်။

“ထူးထူးခြားခြားမရှိဘူး။ မြို့တော်ဝန်က လွမ်းသူ့ ပန်းခွေ ချတယ်။ ဒါလောက်ပါပဲ” ဟု ရန်ကုန်စည်ပင်မှ တာဝန်ကျ ၀န်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီး အောင်ဆန်းဦး၏ လွမ်းသူ့ ပန်းခွေဖြင့် ဂါရ၀ပြုခြင်းကို ၎င်းတို့ မိသားစုကိုယ်စား ဦးလှဖေဆိုသူက လာရောက် ဆောင်ရွက်သည်ဟု သိရသည်။

“တခြားမိသားစုတွေ တော်တော်များများလာကြတယ်ဗျ။ ဗိုလ်ချုပ် သားကြီးတော့ မလာဘူး။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လွမ်းသူ့ ပန်းခွေလည်း မတွေ့ရဘူး” ဟု ရန်ကုန် အခြေစိုက် သတင်း အယ်ဒီတာတဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်မှာ (၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိဘဲ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆို ခံထားရကာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်း ခံနေရသဖြင့် အင်းစိန်ထောင် ဆေးရုံရှိ အကျဉ်းသားများကိုသာ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

(၆၂) နှစ်မြောက် အာဇာနည်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင်လည်း အာဇာနည် ကြီးများကို ရည်စူး၍ နံနက် (၅) နာရီတွင် သံဃာတော် (၅) ပါးအား အရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် နံနက် (၁၀) နာရီခွဲတွင် အန်အယ်လ်ဒီ ပါတီဝင်များနှင့် ဧည့်ပရိသတ် စုစုပေါင်း (၁,၀၀၀) ခန့် ရုံးရှေ့မှတဆင့် အာဇာနည် ဂူဗိမာန်ဆီသို့ ဦးညွှတ် အရိုအသေပြုခဲ့ကြသည်။

အာဇာနည်ဗိမာန်သို့ သွားရောက်ခဲ့ကြသော အန်အယ်လ်ဒီလူငယ် အချို့အား ဗိုလ်ချုပ် အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်များ ၀တ်ဆင်ထားသဖြင့် သွားရောက်ခွင့် မပြုနိုင်ဟု ကန့်သတ်မှုများ ရှိခဲ့ကြောင်းလည်း ဦးအုံးကြိုင်က ပြောသည်။

“ပထမကြားတာကတော့ ကားနဲ့ခေါ်သွားပြီလို့ ကြားတယ်။ နောက် တချို့အဖွဲ့ဝင်တွေ ပြန်လာတယ်။ အ၀မှာ အာဇာနည်ဗိမာန် ထိပ်မှာ သူတို့ကို ရပ်ခိုင်းပြီး တီရှပ် ၀တ်ထားတဲ့ သူတွေနဲ့ ဒေါ်နော်အုံးလှကို သွားခွင့် မပြုနိုင်ဘူးလို့ ပြောပြီး ပြန်ခိုင်းတယ်။ အခြား သူတွေကိုတော့ ၀င်ခွင့် ပြုလိုက်တယ်တဲ့” ဟု ၎င်းက ပြောသည်။

၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် နံနက် (၁၀) နာရီခွဲခန့်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ ၀န်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်များက ၀င်ရောက် ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့သည်။

ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သည့် အာဇာနည်များအား ရည်စူး၍ ဇူလိုင် (၁၉) ရက်ရောက်တိုင်း အောက်မေ့ဖွယ် အာဇာနည်နေ့ ဂါရ၀ပြု အခမ်းအနားများကို ကျဆုံးခဲ့သည့် အာဇာနည် ကြီးများ၏ မိသားစုများနှင့် ပြည်သူများက နှစ်စဉ် ကျင်းပလေ့ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရခင်က နေထိုင်သွားခဲ့သည့် နေအိမ်ကိုလည်း ရန်ကုန်မြို့တွင် အများပြည်သူများ ကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ဖွင့်လှစ်ထားခဲ့ရာ အာဇာနည်နေ့ ရောက်တိုင်း လာရောက် ကြည့်ရှုသူများဖြင့် စည်ကားမြဲဖြစ်သည်။

ယခု (၆၂) နှစ်မြောက် အာဇာနည်နေ့တွင်မူ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက်ကြည့်ရှုသူ များသည် ပြတိုက် အပေါ်ထပ်သို့ တက်ခွင့် မရကြောင်း သိရသည်။

“အပေါ်ထပ်ကို ပေးမတက်ပါဘူး။ အဲဒီမှာ တာဝန်ကျနေတဲ့ ယဉ်ကျေးမှုက အမျိုးသမီးတဦးက ပြောပြတာတော့ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်း တိုက်လိုက်တော့ ဗိုလ်ချုပ်အိမ်က အပေါ်ထပ်ကိုတက်တဲ့ လှေကားနှစ်ခုမှာ တခုက ကျိုးသွားတာတဲ့။ အဲဒါကို ပြန်မပြင်ရသေးလို့ ဆိုပြီးတော့ ပေးမတက်တာတဲ့” ဟု ပြတိုက်သို့ သွားရောက်ခဲ့သည့် အမျိုးသမီးတဦးက ပြောသည်။

ပြတိုက်၏အပေါ်ထပ် အတက်လှေကားရှေ့တွင် ပြတိုက်အား ကြံ့ခိုင်မှုနှင့် ရေရှည် ထိန်းသိမ်းရန် အပေါ်သို့ တက်ခွင့် မပြုကြောင်း စာရေးသား ထားသည်ဟု ၎င်းက ပြောသည်။

သို့သော် ပြတိုက်တွင် အလေးပြုပါတယ်၊ မြန်မာ့လွတ်လပ်ရေး၊ အာဇာနည်မှာ ချွေသည့် စကား၊ ဗိုလ်ချုပ်မွေးဌာနီ၊ အမွေဆက်ခံသူ တို့တာဝန်၊ ကမ္ဘာတည်ရစ်မယ့် (၁၉) ဇူလိုင် စသော တေးသီချင်းများကို ဖွင့်ပေးထားကြောင်း ပြတိုက်ကို သွားခဲ့သည့် ပြည်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ငယ်ငယ်က ရေဒီယိုကလွှင့်နေကျ သီချင်းတွေ မကြားရတာ ကြာပြီ။ ဒီကိုလာတော့ ကြားလိုက်ရတာနဲ့  စိတ်ထဲမှာ ဘယ်လိုတွေ ဖြစ်သွားမှန်း မသိဘူး။ ဖော်ပြလို့ မရဘူးဗျာ” ဟု ပြောသည်။

ဗိုလ်ချုပ်သည် အဆိုပါနေအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လထိ နေထိုင်ခဲ့ကြောင်း ပြတိုက် မှတ်တမ်းများ အရ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, July 20, 2009

သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာ တိုက်ပွဲဖြစ်

သောကြာနေ့၊ 17 ဇူလိုင်လ 2009

သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံများကို မတရား ညှင်းပမ်း နှိပ်စက်သဖြင့် မခံ မရပ်နိုင်မှုကြောင့် ဖြစ်သော နအဖ စစ်ကြောင်းအား သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့မှ ခြုံခို တိုက်ခိုက်မှု တစ်ခု ဖြစ်ပွါးခဲ့သည်ဟု SSA သတင်းရပ် ကွက်က ဆိုသည်။

ဂျူလိုင် ၁၅ ရက် မနက် ၁၁း၀၀ နာရီမှ ည ၆း၀၀ နာရီအထိ မိုင်းနောင် မြို့နယ် မိုင်းယိုင်း အုပ်စု ၀မ့်နမ့်ဖတ်နှင့် ၀မ့်ဆာလဲ ရွာကြား ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲသည် သျှမ်းပြည် တပ်မတော် အောင်ပေ့စစ် - စစ်ကြောင်းက စစ်အစိုးရ စစ်တပ် ခမရ ၅၁၅ စစ်ကြောင်းအား ခြုံခို တိုက်ခိုက်ခြင်း ဖြစ်သည်ဟုဆို၏။

၇ နာရီကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော် ဘက်မှ အသေအပျောက် ဆုံးရှုံးမှု မရှိ၊ စစ်အစိုးရ စစ်ကြောင်း မှ စစ်သား ၁၁ ယောက် သေဆုံးပြီး၊ လက်နက် ကြီးငယ် ၆ လက်၊ ကျည်အမျိုးစုံ ၇၆၆ ထောင့်၊ လက်ပစ်ဗုံး ၃ လုံး ကျည်ကဒ် ၁၅ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စစ်ဝတ်စုံ ၉ စုံ၊ ဦးထုပ် ၉ လုံး၊ ဟင်းကောကျိုင့် ၈ ခု၊ အိုးကြီး ၃ လုံး နှင့် အီကွင်းမင်း ၁၁ ခု သိမ်းဆည်း ရမိသည့်အပြင် လက်နက်ချ အညံ့ခံသည့် စစ်သား တယောက်လည်း ပါကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့် ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောပါသည်။
ကျနော်တို့ဘက်က အဲမ်ပွတ်ရှ် လုပ်တာဆိုတော့ အသေအပျောက် မရှိဘူး။ အဲဒီ နအဖ စစ်ကြောင်းက ဒေသခံ ပြည်သူကို အမျိုးမျိုး အနိုင်ကျင့်တယ်။ တွေ့သမျှပစ္စည်း ဥစ္စာတွေယူတယ်။ ကြက် ၀က် ဘဲ တွေ တိရိစ္ဆာန် အကြီးစားတွေကို သေနတ်နဲ့ ပစ်သတ် ယူသွားတယ်၊ သူတို့ယူသမျှ အဖိုးအခ မပေးလို့၊ လူထုကို မလေးစားလို့ ကျနော်တို့ ဘက်က တန်ပြန်တဲ့ အနေနဲ့ အခုလို လုပ်ရခြင်းဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြ၏။

လဲချား အခြေစိုက် ခမရ ၅၁၅ သည် သျှမ်းပြည်တပ်မတော်မှ ခွဲထွက် အဖွဲ့ (စစ်အစိုးရထံ လက်နက်ချအဖွဲ့) မကြာခင်က သေဆုံးသွားသော ဗိုလ်မှူးကြီး မိုင်းဇင့်၏ တပည့် ဗိုလ်မှူးစိုင်းတာ့ အဖွဲ့အား လမ်းပြခိုင်းပြီး ကျေးလက် လူထုကို အမျိုးမျိုး နှိပ်စက်သည် ဟု ဆို၏။

(ဗိုလ်မှူးကြီးမိုင်းဇင့်မှာ နအဖ စစ်ထောက်လှမ်းရေး ၂ ယောက် နှင့် အတူ ပြီးခဲ့သည့် မေ ၂၄ ရက်က ၎င်းတို့ စီးလာသော စစ်အစိုးရ ယာဉ်တန်းအား သျှမ်းပြည်တပ်မတော်က ခြုံခို တိုက်ခိုက်သဖြင့် ၎င်းအပါအ၀င် ၁၅ ယောက် သေဆုံးခဲ့သည်။ )

“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်း မဆို ကျနော်တို့ သျှမ်းပြည် တပ်မတော်က အခုလို ပြန်လည် ချေပမှာဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်ရင် ဒီနည်းလမ်းနဲ့ဘဲ ကာကွယ် ရလိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။

အခုဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရ၏ အရာခံဗိုလ် ၂ ယောက်၊ တပ်ကြပ်ကြီး ၃ ယောက်နှင့် တပ်ကြပ် ၂ယောက်၊ တပ်သား ၄ ယောက်တို့၏ ရုပ်အလောင်းများကို SSA က စစ်ဆေးတွေ့ရှိကြောင်း၊ အစိုးရ စစ်ကြောင်း၏ မော်တာ ၁ လက်၊ MA 79 ၁ လက်၊ MA-2 ၂ လက် MA-1 ၂ လက် နှင့် ၎င်း၏ ကျည်များကိုလည်း သိမ်းဆည်း ရရှိကြောင်း ပြော၏။

ထို့အတူ ယခုလ ၈ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော်နှင့် လဲချား အခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာဦး ဦးဆောင်သည့် အင်အား ၁၈ ယောက်ပါ အဖွဲ့နှင့်လည်း ပင်လုံမြို့နယ် အတွင်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်အစိုးရ အရာရှိ ဗိုလ်ကျော်သူ နှင့် တပ်ကြပ်ကြီး ကြည်မင်း ၏ အလောင်းကို တွေ့ရကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကျော်စွာဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း ဆိုပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အာဇာနည်နေ့ အခမ်းအနား ဒီချုပ် ကျင်းပ

ကိုဝိုင်း
တနင်္ဂနွေနေ့၊ ဂျူလိုင်လ 19 ရက် 2009

မဇ္ဈိမ (ချင်းမိုင်)။ ။ ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အောင့်မေ့ဘွယ် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ အောင်မြင်စွာ ကျင်းပခဲ့သည်။

အခန်းအနား တက်ရောက်သူ (၁၅ဝ-၂ဝဝ) ခန့်ရှိပြီး အနောက်တိုင်း သံတမန်များသာ လာရောက်ကြပြီး အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့-အာဆီယံ သံတမန်များ လာရောက်ခြင်း မရှိကြောင်း အန်အယ်ဒီက ပြောသည်။

“ကျင်းပတာကတော့ ခါတိုင်းလိုပါပဲ။ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ သံတမန်တွေလည်း လာပါတယ်။ အနောက်တိုင်း သံတမန်တွေပါပဲ။ အာဆီယံ သံတမန်များ မလာကြပါဘူး။ နောက်ပြီးတော့ ဝါရင့် လုပ်ဖော် ကိုင်ဖက်တွေ၊ စီအာပီပီ အဖွဲ့တွေ၊ တိုင်းရင်းသား ပုဂ္ဂိုလ်တွေပေါ့လေ” ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောသည်။

နေ့လည် ၁၂ နာရီခွဲတွင် အာဇာနည်နေ့ အခန်းအနားကို ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှဖေက ဆောင်ရွက်သည်။

စာမျက်နှာ ၅ မျက်နှာပါ အာဇာနည်နေ့ အထူးကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အာဇာနည်နေ့ ကျင်းပမှုနှင့် ပတ်သက်၍လည်း ဦးခင်မောင်ဆွေက “လွမ်းဆွတ် သတိရတဲ့ အနေနဲ့ အာဇာနည်နေ့ ဒို့မမေ့ ဆိုပြီးတော့ ကျင်းပလာခဲ့ကြတာ။ အာဇာနည်ကြီးတွေဟာ ပြည်သူ့အကျိုးကို လက်တွေ့ သယ်ဆောင် နေဆဲမှာပဲ ကျဆုံးသွားတဲ့ အတွက် ဒါ ပြည်သူ့အကျိုးကို သယ်ဆောင်ရင်း ကျဆုံးသွားရတယ် ဆိုပြီး အန်ကယ်တို့ ဂုဏ်ယူပြီးတော့ အမှတ်တရ ကျင်းပဖို့လည်း လိုပါတယ်” ဟု ပြောသည်။

ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများအား အလေးပြုနိုင်ရန် အာဇာနည် ကုန်းသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ပုံပါ တီရှပ်အင်္ကျီ ဝတ်ထားသူ အဖွဲ့ချုပ် အဖွဲ့ဝင်များမှာ ဝင်ရောက်ခွင့် မရခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

“အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အာဇာနည်ကုန်း သွားကြတာပေါ့။ အာဇာနည်ကုန်း တက်တာ အဖမ်းအဆီးတော့ မရှိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ပုံ စတေကာနဲ့ တီရှပ်နဲ့လူတွေကို ပေးမဝင်ဘူး။ အန်အယ်ဒီ တံဆိပ် အပါအဝင် ဘာတံဆိပ်မှ တပ်ခွင့်မရှိဘူး။ အလွတ်ဆိုရင်တော့ တက်ခွင့်ပေးတယ်။ အဲဒါကြောင့် အလေးမပြုပဲ ပြန်လာရတဲ့လူတွေ အများကြီးပဲ” ဟု သူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးအုန်းမောင် စသည့် ဝန်ကြီး (၇) ဦး အပါအဝင် သက်တော်စောင့် ရဲဘော် ကိုထွေးတို့သည် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝနာရီ ၃၇ မိနစ်တွင် နိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစော၏ ခိုင်းစေချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့ အာဘော်၌ “မြန်မာ့ လွတ်လပ်ရေး ရရှိရန် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု အင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်ချိန်၌ အာဇာနည် ပုဂ္ဂိုလ်များသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် နယ်ချဲ့ လက်ပါးစေ တို့၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်” ဟုသာ ထည့်သွင်း ဖော်ပြထားသော်လည်း အာဇာနည်ကြီးများ၏ အမည်များကိုပင် ဖော်ပြထားခြင်း မရှိပေ။

သတိရ အောင့်မေ့သည့် အနေဖြင့် ယခင်ကာလများက နိုင်ငံတဝန်း ပြုလုပ်ခဲ့သော ဥသြဆွဲ အလေးပြုသည့် အလေ့အထ ကိုလည်း စစ်အစိုးရက မပြုလုပ်သည်မှာ ကြာပြီဖြစ်သည်။

ထို့အပြင် ဝမ်းနည်းသည့် အထိန်းအမှတ်အဖြစ် အလံတဝက် ထူသည်ကိုပင် မပြုလုပ်ကြသော အစိုးရ ဌာနများပင် ရှိလာပြီ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ယာယီတပ်ရုပ်ထားသည့် စခန်းဟောင်း နအဖ စစ်တပ် နေရာပြန်ယူ

ကြာသပတေးနေ့၊ 16 ဇူလိုင်လ 2009

မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ်တောင်ကြောရှိ အဓိက ၀ တပ်စခန်း တခု နှင့် မျက်နှာချင်းဆိုင် တပ်ရုပ် ထားသော နအဖ ချက်ပွိုင့် တပ်စခန်း၌ ယခုလဆန်းပိုင်းက ပြန်လည်နေရာယူ အင်အား ဖြည့်တင်းလာကြောင်း ဒေသခံ များ ကပြောပါသည်။

ဂျွန်လဆန်းပိုင်းက တပ်ရုပ်ထားသော မိုင်းဆတ် - တာချီလိတ် အကြား ကားလမ်းပေါ် ရှိလွယ်ဆမ်ဆုမ် တောင်ကြော ၀ တပ်စခန်း အနီး စစ်အစိုးရ၏ စစ်ဆေးရေး (လမ်းကင်း) စခန်းကို ဂျူလိုင် ၉ ရက် စ၍ ပြန်လည် နေရာယူလာကြောင်း အမည် မဖေါ်လိုသည့် ဒေသခံတဦးက အခုလိုပြောပြပါသည်။

“အရင်တုန်းက အဲဒီစခန်းမှာ ဗမာစစ်သား ၁၀-၁၅ ယောက် နေတယ်၊ မေလ နှောင်းပိုင်းက တာချီလိတ်က လာတဲ့ ၀ ကား တွေ စစ်ဆေးဖို့ ဟန့်တားရာက အချင်းချင်း စကားများပြီး ပစ်ခတ်လု နီးနီး ဖြစ်ခဲ့တယ်။ အဲဒီ့နောက်ပိုင်း စခန်းဖျက် တပ်ရုပ်ပြန် သွားတာဘဲ။ အခုမိုင်းတူး(မ်း) က ခမရ ၅၅၃ နဲ့ ၅၅၄ ဘဲ ပြန်လာထိုင်တယ်။ တဲတွေအစား အုတ်တွေ သွပ်တွေနဲ့အသစ် ပြန်ဆောက်ထားတယ်။ လူအင်အားလဲ အရင်ကထက် ပိုများလာတဲ့ ပုံဘဲ”

သျှမ်းပြည်အရေးလေ့လာသူ အချို့က လွန်ခဲ့သည့် ၄-၅ လမှစ၍ အခုအချိန်မှာ သံလွင် အရှေ့ခြမ်း အခြေစိုက် တပ်ရင်း အားလုံး၏ တပ်ရင်းမှူးများ သင်တန်း သွားနေကြကြောင်း၊ ယခုနှစ်ကုန်ပိုင်း အထိ တောင်ပိုင်း ၀ တပ်ဖွဲ့မှ ပန်ဆန်းဌာနချုပ် ဆုံးဖြတ် ချက်အတိုင်း ဆက်လက် ရပ်တည်သွားမည်ဟု ပြောသော်လည်း စစ်အစိုးရနှင့် တိုက်ပွဲဖြစ်ပွားမည့် အလားအလာ မရှိသေး ကြောင်း ဆိုသည်။

သို့သော် တပ်မှူးများသင်တန်းသွားခြင်း၊ တပ်ဟောင်းများ နေရာပြန်ယူ လာခြင်းတို့သည် - (၁) အပစ်ရပ် နှင့် အပစ်မရပ် အ ဖွဲ့ များအားချုပ်ကိုင်ရန်၊ (၂) မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက် မီးသွေးအား ထိုင်းကုမ္ပဏီ စတင် အကောင်အထည် ဖေါ်လျှင် စစ်ရေး မဟာဗျူဟာအရ ထိုင်းနယ်စပ် ယောင်ခါ-မယ်ကျုတ် (သျှမ်းဘက်ခြမ်း) မှ မုံ့ကောဝ်လန်ရွာ (ထိုင်းဘက်ခြမ်း) ဟင်တက်-ပါဆန်း- ချင်းရိုင်းလမ်း ဖေါက်လုပ်ပြီးစီးပါက အရေးပါ လာမည်ဖြစ်သောကြောင့် ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့၏ စစ်ရေးအရ အချက်အခြာ ကျသည့် တပ်စခန်း ၃ ခု (၁။ လွယ်ဆမ်ဆုမ်စခန်း၊ ၂။ ကျူဟူးလုံး ၃။ ဟွေ့ယောဝ်း) စခန်းအား မေလ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် စစ်အစိုးရဖက်က သတိပေးခဲ့သော်လည်း အခုထိ ၀ တပ်များ အခိုင်အမာ တပ်စွဲထားဆဲ ဖြစ်သောကြောင့် နအဖ တပ်ကလည်း ပြန်လည် နေရာယူ အင်အားဖြည့်တင်း လာခြင်းဖြစ် ကြောင်းလဲ ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Sunday, July 19, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေ အနု ပညာ

မောင်သစ်ဦး
Saturday, 18 July 2009 15:48

၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ် စာတမ်းများကို အရူးအမူး ဖတ်ခါစအချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။

အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက်ရင်း တဘက်ကလည်း စာပေ ကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရ ရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက် ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။

ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထား လေ့လာမှတ်သား ခဲ့ရသည့် ခေါင်းဆောင်များ ထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်က ဆောင်ရွက်ရင်း မအားလပ်သည့် ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသား ချန်ရစ်နိုင်သည့် ခေါင်းဆောင်ကြီး တဦးဖြစ်၏။ အထူး သဖြင့် တက္ကသိုလ် ကျောင်းသား ဘ၀မှာ ကတည်းက ဗြိတိသျှ ကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာ ပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင် ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော်တို့ ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေ လက်ရာများမှာ ရှာရဖွေရ ခက်ခဲလှ၏။ တစုတဝေးတည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ် ထုပ်ဝေသည့် စာအုပ်စာတန်း အနေနှင့် မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏ စာပေ လက်ရာများကို စိတ်အား ထက်သန်သလောက် ပြည့်ဝအောင် ရှာဖွေ မဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေ အနှစ်နှစ်အလလက တောင့်တ ခဲ့ရသည့် ဆန္ဒ တခုမှာ မမျှော်လင့်ဘဲ ပြည့်ဝ လာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံး တစည်းတည်း စာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့် ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်း သုတေသနဌာန အကြီးတန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန ညွန်ကြားရေး မှူး ဒေါ်နီိနီမြင့်က ဥယျောဇဉ် ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါး အနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်း ပြောသော ဗိုလ်ချုပ်အောင်ဆန်း ၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူ အမည်မပါရှိဘဲ ဖေါ်ပြထားသည်ကို တွေ့ ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသား တချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကို ကြိုးပမ်း စုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင် ဖြစ်မည်ဟု ယူဆရ၏။ သို့သော်စာရေးသူ အမည် မဖေါ်ပြသည့် ဆောင်းပါးများ ဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ အပေါ် စာဖတ်သူများ ပိုမိုနားလည်ခံစား နိုင်ရန် အထောက်အကူပြုသည့် အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာ ကိစ္စများ”ကိုတွေ့  ရသည်။ ထိုအယူအဆရေးရာ ကိစ္စများမှာ ကျောင်းသားများ တူညီ ၀တ်စုံဝတ်သင့်၊ မသင့် ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆ ကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့် ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီ ၀တ်စုံ ၀တ်စေသည့် ကိစ္စမှာ လွတ်လပ်မှု မရှိခြင်း ကို ပြဆိုခြင်း မဟုတ်ဘဲ စည်းလုံးမှုနှင့် ချစ်ခင် ရင်းနှီးမှုစိတ်ဓာတ်တို့ ကိုပွားစေကြောင်း ချေပသည့် ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာ တခုမှာ ဗိုလ်ချုပ်၏နာမည်ကျော် ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့် ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင်သည့် ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသား ဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့် အကြောင်းအရာမှာ မြင့်၏။ အမျိုးသား ဓလေ့ ထုံးစံ အယူအဆများ အပေါ် လူငယ်များ မည်ကဲ့သို့ ခံယူကျင့်သုံး သင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ် ကောင်းလှသည့် အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကို အလေးအနက်ထား တင်ပြဆွေးနွေးသည့် အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ပြီးမှသာ လက်ခံ ကျင့်သုံး သင့်ကြောင်း ထောက်ပြသည့် ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏ အယူအဆ ရေးရာ အတိုင်းအဆ အတိမ်အနက် ကို ခန့် မှန်းလို့ ရသည့် နောက်ထပ် ဥပမာ ရှိပါသေးသည်။“ကျောင်းသား ၀တ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏ သဘောသကန်ကို ဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာ ကျောင်းသားများ ထားရှိရမည့် ပညာသင်ကြားရေး ဆိုင်ရာ အလုပ် လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏ သဘောသကန်ကို ဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာ သင်ကြားရေး လွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့် ပညာရေးဖြစ်ကြောင်း ဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာ အတန်းစာကျက်၍ စာမေးပွဲ အောင်ရုံမျှနှင့် တာဝန် ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့် ပြဿနာ အရပ်ရပ် တို့ကို စိစစ် ဝေဖန် ဖြေရှင်းတတ်သော ပညာမျိုးကို ရအောင် ဆည်းပူး ကြရမည် ဟူသည့် အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့် ဆိုလျင် ကျောင်းသား ဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါ လေ့လာပါဝင် ဆင်ခြင် လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းးသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာ လေ့လာပါဝင်ရမည်” ဟူသည့် အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခု ရှိပါသေးသည်။ “နိုင်ငံရေး အမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးတွင် အဓိကအားဖြင့် အချက်( ၂ )ချက်ကို တွေ့ ရ၏။ ပထမ အချက်မှာ“နိုင်ငံရေး ဆိုသည်မှာ လူမှုသူမှု ကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေး ခေါင်းဆောင်တချို့ နိုင်ငံရေး လုပ်ရင်း နိုင်ငံရေးအရှုပ် အထွေးများကြား ညပ်နေသည့် အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့် အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသော စကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။ “နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည် ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မ တရားကြီး တရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင် ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကို သိရှိနိုင်သည့် နောက်ဆုံး ဥပမာမှာ “စာပေရေးရာ အယူအဆ” ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာ အယူအဆကို ဖေါ်ပြသည့် ဆောင်းပါးတပုဒ်ကို ရေးခဲ့သည်ကား မှန်၏။ သို့သော် ထို ဆောင်းပါးကို မည်သည့် နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကို လည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင် ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာ ဆောင်းပါးကို ဖေါ်ပြပေးခဲ့ သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေ အယူအဆမှာ “မိမိရေးလိုက်သည့် စာပေသည် အမြဲတမ်း ရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘော ပါစေရမည်၊ ခေတ်မီ၍ ပြုပြင် ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီးပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှ ရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကို ဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ် အယူအဆပိုင်း အခြေနေကို ကျနော်တို့ လေ့လာလို့ ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့် ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာ နှစ်ခုစလုံး လေ့လာခွင့် ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆ ရေးရာပိုင်းကို ကျနော် အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ အခြေအနေကို လေ့လာ ကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကို လေ့လာလိုလျှင် “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ” စာအုပ်ထဲ တွင်ပါရှိသည့် “ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ” ဆောင်းပါးကို ကျနော်ညွှန်းရ ပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင် ပြန်ရေးခဲ့သည့် အတ္ထုပ္ပတ္တိ ဆောင်းပါး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဆောင်းပါး အစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေး အကြောင်းကို ရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့ စည်းပုံကို ရေး၏။ မီးရထားဘူတာရုံ တခုကိုရေး၏။ ထို့နောက် ဘူတာ၏ ၀ဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရ ကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့နောက် နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက် လောကဓာတ် မြန်မာ အထက်တန်းကျောင်း၊ ထို့နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့အုပ်ရိုး အစရှိသည်တို့ကို တဆင့်ပြီး တဆင့် ရေးသွားခဲ့၏။ နောက်ဆုံးတွင် မြို့ရွာမကြီးထဲက ဧရာမ အိမ်ကြီး တအိမ်ကို ဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်း သည်ကား ထိုအိမ်ကြီး၏ နောက်ဖေး အဆောင်ငယ်တွင် မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေး အဆောင်လေးဆီ ရောက်အောင် စာဖတ်သူ များကို တဆင့်ပြီးတဆင့် လမ်းညွှန် ခေါ်ဆောင်သွားသလို ရေးလေသည်။ စာဖတ်သူမှာ တနေရာပြီး တနေရာ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် ခေါ်ငင်ရာနောက် တကောက်ကောက် လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီး လိုက်လာခဲ့ရသလို ယာခင်းများကို ဖြတ်ခဲ့ရ၏။ ရွာစုတချို့ကို ဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့မှ ဖြတ်ရ၏။ စာပိုဒ် ဆုံးခါနီးကြမှ အိမ်ကြီး တအိမ်၏ နောက်ဖေး အခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ အားကောင်းမှုကြောင့် နတ်မောက်မြို့ ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှား မြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ မှာ သဘာဝ ပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်း ရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင် စရိုက် အဖွဲ အနွဲ့ တချို့ ကိုလည်း ထင်းထင်းပြက်ပြက် တွေ့ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေ စိတ်ထားနှင့် စရိုက်ကို ဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦးနှင့် နှိုင်းယှဉ် တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင် တဦးနှင့် ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့် သူ၏ စရိုက်ကို ပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှ ကွာ၏ ။ သူနှင့် ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက် နေသည့် အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျနော်က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျနော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများ ပေါ်တွင် မည်သည့် အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟု ရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်း တကြောင်းကို တွေ့ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက် ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူး အော်ဟစ်နေလိုသည်” ဟူသော စာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော် မငြင်းနိုင်တော့။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူး ကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ် တအုပ် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ် လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကို ကျနော် တန်ဖိုးထား၏။ သို့သော် ဖြည့်စွက် အကြံပြုလိုသည့် အချက်တချက်တော့ ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသား ဘ၀က ကဗျာ တပုဒ်ကို မြန်မာဘာသာ ပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများ သိထားကြပြီး ဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်း ဘာသာပြန် ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ တခုအဖြစ် ထည့်သွင်းဖေါ်ပြ သင့်သည်ဟု ကျနော် ယူဆမိသည်။

အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်း အနုစာပေရေးရာ ကိစ္စ တခုသာ ဖြစ်သည်ဟု ကျနော် ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့် မသက်ဆိုင်သော်ငြားလည်း ဘာသာ ပြန်ဆိုရသူ၏ အရည်အချင်းပေါ် မူတည်ပြီး အောင်မြင်သော စာပေလက်ရာ တခု ဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ်သလို ဘာသာပြန် ဆရာများကြောင့် လူမျိုးများ အချင်းချင်း ယဉ်ကျေးမှု ပေါင်းကူးယှက်နွယ် တိုးတက်လာစေသည် ကိုလည်း အသိအမှတ် ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန် ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသော အယူအဆဖြင့် တမင် ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိ သတိဖြစ်ခဲ ဆိုသလို မေ့လျော့ ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန် ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာ တခုအဖြစ် ထည့်သွင်း ဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကို ဖတ်ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ် အယူအဆနှင့် စာပေ အတတ်ပညာ ရပ်များကို တစုံတရာ လေ့လာတွေ ထိ နိုင်သည့် အတွက် ကျေနပ် ဂုဏ်ယူရသည်မှာ မှန်၏။ သို့သော် တပြိုင်နက်တည်း ဆိုသလို ကြေကွဲ ၀မ်းနည်းမိသည့် အချက်တချက်လည်း ရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေး နယ်ပယ်မှ ထွက်ကာ စာရေးဆရာ တဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒ ပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမား လေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်ဝ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံ သတ်ဖြတ်မှုကို ခံခဲ့ရ၏။ တိုင်းပြည် လွတ်လပ်ရေးကိုပင် မြင်တွေ့ခွင့် မရခဲ့ရှာပါ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက် နည်းပါး၏။ ကြီးမား များမြောင်လှသည့် နိုင်ငံ့ လွတ်လပ်ရေး ကိစ္စများကြားမှပင် ဤအရေအတွက် နည်းပါလှသည့် စာပေလက်ရာ တချို့ကို ကြိုးစား ဖန်တီးခဲ့ရ ရှာသည့် ဗိုလ်ချုပ် အောင်ဆန်းအား ကျနော် လေးစားမိသည်။ ထို့အပြင် ဘ၀ကို စာရေးသူ တဦး၏ ဘ၀နှင့်သာ နိဂုံးချုပ်ရန် စိတ်အား ထက်သန်ခဲ့သူ အမျိုးသား ခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။

Ref: ဧရာဝတီ

Read More...

အပေါ်သို့