..............................

Friday, December 10, 2010

ဒုတိယပင်လုံ ဆက်လုပ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ တုံ့ပြန်

ခင်ဦးသာ
Thursday, 09 December 2010

ဒုတိယပင်လုံသည် စစ်အစိုးရ သတင်းစာများက ရေးသားထား သကဲ့သို့ စိတ်ကူးယဉ် ညီလာခံတခု မဟုတ်၍ ဖြစ်မြောက်သည် အထိ လုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုသည်။

“အစိုးရ သတင်းစာတွေက ခြိမ်းခြောက်ရေးသားပေမယ့် ရပ်တန့် မသွားပါဘူး။ စစ်တပ်ကိုလည်း ပါဝင် လာအောင် စည်းရုံး သွားမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အပစ်အခတ် ရပ်ထားသူတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အားလုံးပါဝင် ဆွေးနွေးနိုင်အောင် လုပ်ဆောင် သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏အတွင်းရေးမှူးနှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ထုတ်၊ စစ်အစိုးရ သတင်းစာများ၌ ဆောင်းပါးရှင် ဗညားအောင်က “နိုင်ငံ့အရေး အလွယ် မတွေးစေချင်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဒုတိယ ပင်လုံကိစ္စသည် နိုင်ငံရေး စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပြီး မူဝါဒ လမ်းစဉ် ၇ ရပ်နှင့် ဆန့်ကျင်နေကြောင်း၊ ဖြစ်မြောက်လာသည် အထိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည် လာနိုင်ကြောင်း ရေးသား ဖော်ပြထားသည်။

“ဒုတိယပင်လုံဆိုတာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆွေးနွေးပွဲ တရပ်ပါပဲ။ စင်ပြိုင်အစိုးရ ထောင်မှာလည်း မဟုတ်ဘူး။ အတိုက်အခံ အဖွဲ့အစည်း တရပ် ထူထောင်ဖို့လည်း မဟုတ်တဲ့ အတွက် ဘာမှ စိုးရိမ်စရာ မလိုဘူးထင်တယ်” ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးမျိုးညွန့်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်နေအိမ်အကျယ်ချုပ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း၌ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ၂၁ ရာစုနှင့် ကိုက်ညီသော ဒုတိယပင်လုံ ဆွေးနွေးပွဲ တရပ် ပေါ်ပေါက် လာရေးကို ဆက်တိုက် ပြောဆိုလျက် ရှိသည်။

တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဒုတိယပင်လုံ ညီလာခံတခု ဖြစ်မြောက်သည် အထိ လုပ်ဆောင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း တောင်းဆိုခဲ့သည်။

ဆောင်းပါးရှင် ဗညားအောင်က ဒုတိယပင်လုံနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် လူတဦး တယောက်တည်းနှင့် အဖွဲ့လေး၊ ငါးဖွဲ့ စုပေါင်းလုပ်၍ မရနိုင်ကြောင်း၊ အွန်လိုင်းမှ လုပ်မည့်သူများ ရှိ၍လည်း အံ့သြမိကြောင်း ဝေဖန် ရေးသား ထားသည်။

အင်အားခိုင်မာတောင့်တင်းသော အဖွဲ့အစည်းနှင့် တိကျသည့်ရွေးကောက်ခံ ကိုယ်စားလှယ်များ မပါဘဲ လုပ်ဆောင်မှုသည် တရားဝင် မဟုတ် ဟူ၍လည်း အဆိုပါ သတင်းစာ ဆောင်းပါးက ဆိုသည်။

“ဒီအစိုးရက ဖက်ဒရယ်စနစ် ပေါ်လာမှာကို မလိုလားဘူး ဖြစ်နေတယ်။ တိုင်းရင်းသားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် မပေးလိုဘူး။ သူတို့က ပြည်ထောင်စု စစ်စစ် ဖြစ်လာမှာကို မလိုလားဘဲ တပြည်ထောင် စနစ်ကိုပဲ တည်ထောင်ဖို့ ကြိုးစားနေတာပါ” ဟု ဦးအေးသာအောင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင် ခဲ့ကြောင်း၊ ထို့ကြောင့် ပေါ်ပေါက် လာမည့် လွှတ်တော်၌ တပ်မတော်သားများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ အားလုံးဆွေးနွေး၍ စစ်မှန်သော ပြည်ထောင်စုကို တည်ထောင် သွားမည်ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။

“ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေ၊ တိုင်းတွေက ဒီမိုကရက်တစ်တွေ ပေါင်းလိုက်ရင်တော့ ဘာပဲ ဖြစ်ဖြစ် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေးတွေကို ဆွေးနွေးနိုင်မယ်လို့ ပထမပိုင်းမှာ ထင်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတော့ ကြံ့ဖွံ့ ပါတီက ၈၀ ရာခိုင်နှုန်း နီးပါး ရတယ်ဆိုတော့ ပြောဆိုနိုင်ခွင့် အင်မတန် နည်းသွားမှာပါ” ဟု ချင်း တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီကို ပြောသည်။

ထို့ကြောင့် စစ်တပ်အပါအ၀င် အင်အားစုအားလုံး ပါဝင်နိုင်မည့် ဒုတိယပင်လုံကဲ့သို့သော ညီလာခံ ဆွေးနွေးပွဲ တရပ် ဖြစ်ပေါ် လာရေးကို တက်ညီ လက်ညီ လုပ်ဆောင်သွားမည် ဆိုပါက မြန်မာနိုင်ငံသား အားလုံအတွက် အကောင်းဆုံးသော အောင်နိုင်မှုတရပ် ဖြစ်လာမည်ဟု ယူဆကြောင်းလည်း ဦးလုံစီက ပြောသည်။

“လက်ရှိအနေအထားအရ ဆိုရင် လွှတ်တော်ထဲကနေ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ရလာနိုင်စရာ အကြောင်း မရှိပါဘူး” ဟု
လည်း ၎င်းကဆိုသည်။

ဒုတိယပင်လုံ သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသားလူမျိုး အားလုံးအတွက် အသက်တမျှ အရေးကြီး ကြောင်းလည်း ဦးလုံစီက ဆက်ပြောသည်။

“ဒီအစိုးရက တိုင်းပြည်ကြီးကို သူတို့ပဲ အုပ်ချုပ်နိုင်မယ်လို့ ထင်နေကြတာ။ ဒါပေမယ့် တိုင်းရင်းသားတွေ ကလည်း ဖက်ဒရယ်ကိုပဲ လိုလား နေကြတယ်။ အမေရိကန် သံတမန်နဲ့လည်း ဒါတွေပဲ ဆွေးနွေးခဲ့ကြတယ်” ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

“ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် မရသေးသရွေ့ လက်နက်ကိုင် တိုက်ခိုက်နေကြဦးမှာပဲ။ နှစ်ပေါင်း ၆၀ ရှိနေပြီလေ တိုက်နေတာ” ဟုလည်း ၎င်းက ဆိုသည်။

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သောပြည်ထောင်စုတို့ကို မဖော်ဆောင်နိုင်သမျှ ကာလပတ်လုံး ဒုတိယ ပင်လုံ ကိစ္စသည် ရပ်တန့်သွားမည် မထင်ကြောင်း ဦးနိုင်ငွေသိန်းက ဆက်ပြောသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည် မဖော်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်။ ဒါဟာ အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ကိစ္စပါ” ဟု ဦးအေးသာအောင် က ဆိုသည်။

စစ်အစိုးရသည် တိုင်းရင်းသားစည်းလုံးမှု တည်ဆောက်မည်ဟု ပြောလာသည်မှာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်သော်လည်း ယနေ့အထိ အောင်မြင်မှု မရသေးကြောင်း၊ ထို့ကြောင့် မည်သည့် အကြောင်းကြောင်းကြောင့် ဖြစ်စေ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆွေးနွေးပွဲ စကားဝိုင်းသို့ အားလုံး ပါဝင်လာနိုင်ရန် အချိန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒုတိယပင်လုံ ပေါ်ပေါက်ရေး လုပ်ဆောင်တာက နိုင်ငံတော်ပုန်ကန်တာလည်း မဟုတ်ဘူး၊ စတန့်ထွင်တာ၊ စိတ်ကူးယဉ် တာလည်း မဟုတ်ဘူး။ ဒါကြောင့် ဖြစ်အောင် လုပ်မှာပါ” ဟု လည်း ဦးအေးသာအောင်က ဆိုသည်။

အတိုက်အခံ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ခေါင်းဆောင် များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒုတိယပင်လုံ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေကြသည့် နောက်ပိုင်းတွင် စစ်အစိုးရ သတင်းစာများက ပထမဆုံး အကြိမ်အဖြစ် ခြိမ်းခြောက် ရေးသား လိုက်ခြင်းဖြစ်ရာ တားဆီးမှု၊ ကန့်သတ်မှုများ ဆက်လက် လုပ်ဆောင် လာနိုင်သည်ဟု နိုင်ငံရေး ခေါင်းဆောင်များက ပြောသည်။

ဒီမိုကရေစီ နိုင်ငံတော်သို့ ကူးပြောင်းမည်ဟု ကြွေးကြော်နေသော စစ်အစိုးရ၏ ပြောဆိုမှုသည် လုပ်ရပ်နှင့် တခြားစီ ဖြစ်နေ ကြောင်းလည်း နိုင်ငံရေး ခေါင်းဆောင်များက ဝေဖန်ကြသည်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင် ပြုလုပ်သော ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးခဲ့ကြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမားကြီ သခင်သိန်းမောင်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် ပင်လုံညီလာခံအား ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ် ရေးထိုးခဲ့ကြသည်။


Ref: ဧရာဝတီ်

Read More...

ရန်ကုန်ရောက် အမေရိကန်အရာရှိ ဒေါ်စုနှင့် တွေ့မည်

ကြာသပတေး, 09 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် အကြီးတန်း သံတမန် တဦးဟာ ဒီကနေ့ သောကြာနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ သူ့ခရီးစဉ် အဆုံးမသတ်မီ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကမှ ဖမ်းဆီးထားရာက ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သံတမန် အသိုင်းအ၀န်းကို ကိုးကားပြီး တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ကြာသပတေးနေ့က ဖော်ပြလိုက်တာပါ။

အမေရိကန် သံတမန်ဟာ ကြာသပတေးနေ့မှာပဲ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ တို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာတွေက ကြေညာပါတယ်။

တွေ့ဆုံမှုအတွင်း ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ အပြန်အလှန် အကျိုးစီးပွား ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပေမဲ့ အသေးစိတ် အကြောင်း အရာတွေကိုတော့ မပြောပါဘူး။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့တုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် နိုင်ငံရေး အခြေအနေတွေကို အကဲခတ် လေ့လာဖို့ သာမက အမေရိကန်ရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒ တစိတ်တပိုင်း အဖြစ် အမေရိကန် သံတမန် ဂျိုးဇက် ယွန်း အင်္ဂါနေ့ကပဲ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့တာပါ။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သံကိုယ်စားလှယ် အဖြစ် ခရီးစဉ် အစောပိုင်း ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံရာမှာတော့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ အမေရိကန်ရဲ့ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

Ref: VOA News

Read More...

ဒေါက်တာစောနိုင်ကို ရွေးကောက်ပွဲတွင်ရှုံးကြောင်း လက်မှတ်ထိုးခိုင်း

Thursday, 09 December 2010

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက တောင်ဥက္ကလာပ မြို့နယ်မှ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သဘောတူ လက်မှတ် ရေးထိုးရန် ဒီဇင်ဘာလ ၈ ရက်နေ့က ခေါ်ယူ ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

တောင်ဥက္ကလာပ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာစောနိုင် ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ပြောဆို လက်မှတ် ရေးထိုး စေခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရ လွှတ်တော် အမတ်စာရင်း ကြေညာသောအခါ ဒေါက်တာစောနိုင်အမည် စာရင်း မပါဝင်ခဲ့ပေ။

မြို့နယ် ရွေးကောက်ပွဲကော်မရှင်က လှည့်စားခဲ့ခြင်းနှင့် မဲမသမာမှုများ ပြုလုပ်ခြင်းအပေါ် အရေးယူ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ ၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါက်တာစောနိုင်က တရားဝင် တိုင်စာ တင်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဒေါက်တာစောနိုင်ကို ခေါ်ယူပြီး အရှုံးကို လက်ခံ သဘောတူ လက်မှတ် ရေးထိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒေါက်တာစောနိုင် အနိုင်ရတယ်ဆိုတာ မြို့နယ်ကော်မရှင်က မှားတာပါ ဆိုပြီးတော့ ရန်ကုန်တိုင်း ကော်မရှင်က လာပြောတယ်။ အမှန် တကယ်တော့ ဒေါက်တာစောနိုင်က ရှုံးတယ်ပေါ့၊ ဒါကြောင့် မြို့နယ်ကော်မရှင်က မှားယွင်းခဲ့တာ ဖြစ်လို့ အရှုံးကို လက်ခံပြီး သဘောတူ လက်မှတ်ရေးထိုးပါ ဆိုပြီး လာပြောတာ” ဟု ဒေါက်တာစောနိုင်နှင့် နီးစပ်သူ တောင်ဥက္ကလာပသား တဦးက ပြောသည်။

ဒေါက်တာစောနိုင်က အရှုံးကို လက်မခံနိုင်ကြောင်း၊ ယခု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပြသသော အနိုင်အရှုံး မဲစာရင်း စာရွက်ပေါ်တွင် လုံးဝ လက်မှတ် မထိုးပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

“ကျနော် ဒီရလဒ်ကို ဘယ်လိုမှ သဘောမတူနိုင်ပါဘူး” ဟု ဒေါက်တာစောနိုင်က ဆိုသည်။

ရန်ကုန်တိုင်း ကော်မရှင်တွင် ဒေါက်တာစောနိုင်နှင့် ကော်မရှင် တာဝန်ရှိသူများ အခြေအတင် စကား များသည် အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာစောနိုင် ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းဒေသကြီး လွှတ်တော် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ၁ တွင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော် အမတ်လောင်း ဦးအောင်ကျော်မိုးက အနိုင်ရသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

မဲရုံပေါင်း ၉၃ ရုံရှိသော တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ၁ တွင် ဒေါက်တာစောနိုင်က ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုး ထက် မဲ ၆၀၀ ကျော်ဖြင့် အသာစီး ရခဲ့ကြောင်း ဒေါက်တာစောနိုင်၏ မဲရုံ ကိုယ်စားလှယ် တဦးက ပြောသည်။

ဒေါက်တာစောနိုင် မတရားရှုံးနိမ့်ခဲ့ရခြင်း အပေါ် တောင်ဥက္ကလာပ ဒေသခံအများစုက ဒေါသ ထွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက အမတ်နေရာ အများစု အနိုင်ရရှိသည့် အတွက် ဆန္ဒမဲ ပေးကြသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ကြော်ငြာခဲ့သည်။

Ref: ဧရာဝတီ်

Read More...

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်သတင်း မမှန်ဟု ငြင်းဆို

နိုင်ကွန်းအိန်
ကြာသပတေး, 09 ဒီဇင်ဘာ 2010


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီက စစ်အစိုးရပိုင် သတင်းစာက ရေးသား ဖော်ပြထားတာဟာ မမှန်ကန်ဘူးလို့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ငြင်းဆို လိုက်ပါတယ်။ မွန်ပြည်သစ်ပါတီ အနေနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ် လိုက်ရုံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုမှုတွေ ရှိသလို ဘဝတူ တိုင်းရင်းသား အဖွဲ့တွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေးကို တိုးမြှင့် လုပ်ဆောင် သွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း စစ်ရေး တင်းမာမှုတွေ ရှိလာခဲ့သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းတာ အကောင်းဆုံးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကို သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေဟာ ဗိုလ်မှူးကြီး နိုင်ရှောင် ဦးစီးတဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ထဲ ဝင်ရောက် ပူးပေါင်းပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ် ဝင်ရောက်လာတယ်လို့ ဖော်ပြ ထားပါတယ်။ အဲဒီလို ဖော်ပြထားတာ မဟုတ်မှန်ဘူးလို့ မွန်ပြည်သစ် ပါတီရဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံလည်းဖြစ်၊ ပြောရေးဆိုခွင့် ရှိသူတဦး ဖြစ်တဲ့ နိုင်ဟံသာဗွန်ခိုင်က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ဒီနေ့ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းအရင်းကတော့ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ နိုင်ရှောင် အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဆိုတဲ့ သတင်းမှာ ဖော်ပြထားတဲ့ ဒီလက်နက်ကိုင် လမ်းစဉ်အပေါ် အယုံအကြည် မရှိသော မွန်ပြည်သစ် ပါတီမှ တပ်ဖွဲ့ဝင် အချို့သည် နိုင်ရှောင် ခေါင်းဆောင်သော မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အဖွဲ့နှင့်အတူ တပ်ဖွဲ့ဝင် ၁၀၁ ဦးနှင့် လက်နက် ၂၂ လက်၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ် ဝင်ရောက်ဆိုတာ ပါတယ်။

“အဲဒီသတင်းအပေါ်မှာ အမှန်တော့ ကျနော်တို့ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေလည်း မပါကြောင်း၊ မွန်ပြည်သစ် ပါတီ နဲ့လည်း မပတ်သက်ကြောင်း၊ အဲဒီသတင်းဟာ သတင်းမှန် မဟုတ်ကြောင်း၊ ဒါ ပြည်သူ လူထုတွေရော အဖွဲ့အစည်း တွေရောပေါ့၊ သတင်းမှန်ကို သိနားလည်အောင် အခုလို ရှင်းလင်းပွဲ လုပ်တာ ဖြစ်ပါတယ်။ ဒါ ကျနော်တို့နဲ့ လုံးဝ မပတ်သက်ဘူး။ တချို့ပြောနေတဲ့ ခွဲထွက် ခွဲထွက် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါ အဓိက ဒီအဖွဲ့ကို ဦးဆောင်နေတဲ့ နိုင်ရှောင်ကလည်း မွန်ပြည်သစ် ပါတီကနေ ၂၀ဝ၇ ခုနှစ် ကတည်းက အနား ယူသွားပြီး ဖြစ်ပါတယ်။”

လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်လိုက်ရုံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာကို မွန်ပြည်သစ်ပါတီ အနေနဲ့ ယုံကြည်မှု မရှိဘူးလို့ မွန်ပြည်သစ် ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ နိုင်ဟံသာဗွန်ခိုင်က အခုလို ပြောပါတယ်။

“အခုလို လက်နက်ချရုံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရသွားနိုင်မယ်လို့ မွန်ပြည်သစ်ပါတီ အနေနဲ့ ဘယ်လိုမှ မယုံကြည် နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ အဓိက ပြဿနာက ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသားတို့ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာပါပဲ။ ဒီပြဿနာတွေကို သုံးပွင့်ဆိုင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ဘဲ စစ်ရေးအရ တိုက်ခိုက်မယ်၊ လက်နက်ချဖို့ အကျပ် ကိုင်ရုံနဲ့တော့ ဘယ်လိုမှလည်း မပြေလည်နိုင်ပါဘူး။”

ဟုတ်ကဲ့၊ မွန်ပြည်သစ်ပါတီ အနေနဲ့ရော ဒီ သောင်မတင် ရေမကျတဲ့ နိုင်ငံရေး အနေအထားမှာပဲ ဆက်လက် ရပ်တည်သွားမလား၊ လက်ရှိ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ရှင်းပြပေးပါဦး။

“ကျနော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ တပ်အသွင် ပြောင်းလဲရေးကို ပြတ်ပြတ်သားသား ငြင်းဆန် ထားပြီးပါပြီ။ ဘဝတူ တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင် သွားပါမယ်။ အခုဆို ကျနော်တို့ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုစည်းပြီးတော့ ဘုံလုပ်ငန်းစဉ် ပူးတွဲ အစီအစဉ်အရ ရှေ့ဆက် လုပ်ကိုင် သွားကြပါမယ်။ တဘက်ကလည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ နားလည်မှု ယူပြီးတော့ နိုင်ငံရေး နည်းလမ်းအရ တိုးမြှင့်ပြီး လုပ်ဆောင်သွားမယ်၊ ဒါ ကျနော်တို့ ပါတီရဲ့ ရပ်တည်ချက်ပဲ။”

အခုဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အနေအထားအရ ရွေးကောက်ပွဲ ပြီးစီးသွားပေမဲ့လည်း ငြိမ်းချမ်းရေး မတည်ဆောက် နိုင်တဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အပေါ် နိုင်ဟံသာဗွန်ခိုင်က အခုလို ပြောပါတယ်။

“အဓိကကတော့ ဒါ စစ်အစိုးရအပေါ်မှာ အများကြီး မူတည်တယ်လို့ ကျနော်တို့ ပြောလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲမှာလည်း သံသယ ဖြစ်စရာ အနေအထားနဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီကပဲ အနိုင်ရတယ်။ ကျန်တဲ့ပါတီတွေ အနေနဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့် သွားတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အဲဒီ အနေအထားမှာ DKBA အနေနဲ့ လက်မခံတဲ့ အနေအထားမှာ မြဝတီနဲ့ ဘုရားသုံးဆူမှာ စစ်အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။

“ဒါ အခုထိလည်း တိုက်ပွဲအရှိန်က ပြင်းထန်နေဆဲပါပဲ။ စစ်ရေးအရ ဖြေရှင်းရုံနဲ့ မပြီးပြတ်တဲ့ အခြေအနေ ရှိတယ်ဆိုတာ ဒီအနှစ် ၆၀ ပြည်တွင်းစစ်က ကျနော်တို့ကို သက်သေ ပြထားခဲ့ပြီးပါပြီ။ အကောင်းဆုံးကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းတာဟာ အကောင်းဆုံးလို့ ပြောကြား လိုပါတယ်။”

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ အနေနဲ့ အခုလို စစ်အစိုးရထံမှာ လက်နက်အပ်နှံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး နိုင်ရှောင်ကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး အဖွဲ့ဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ပထမ အကြိမ် လက်နက် အပ်နှံခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဒုတိယအကြိမ် လက်နက် ထပ်မံ အပ်နှံခဲ့ပါတယ်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်ခံ ထားပေမဲ့လည်း သတ်မှတ်ထားတဲ့ အင်အား အရေအတွက် မပြည့်မီလို့ မဖွဲ့စည်း နိုင်တဲ့အပြင် အခုလို လက်နက်တွေ ထပ်မံ သိမ်းဆည်း ခံခဲ့ရတဲ့ အတွက် အဖွဲ့ရဲ့ ရပ်တည်ရေးမှာ မရေရာတော့တဲ့ အနေအထား ရှိနေတယ်လို့ စစ်ရေး အကဲခတ်သူတွေက သုံးသပ်ထားပါတယ်။


Ref: VOA News

Read More...

ဖလူးတိုက်ပွဲမှာ နအဖ အရာရှိကိုယ်ရေးမှတ်တမ်းကို ဒီကေဘီအေမှ သိမ်းဆည်း ရရှိ

December 9th, 2010


ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ဒီကေဘီအေနဲ့ နအဖတို့ ဖလူး ဒေသမှာ တိုက်ပွဲဖြစ်ပွား ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက် နေ့မှာ နအဖ စစ်တပ်တွေ နေရာ ယူထားသော တောင်ကုန်းကို ဒီကေဘီအေ ဘက်က တက်ရောက် ရှင်းလင်းခဲ့ပါတယ်။

အခြေအနေကို ဒီကေဘီအေဘက်မှ ဗိုလ်ဆန်းအောင် ပြောပြ တာကတော့ …

ကျနော်တို့ နအဖ ရှိတဲ့ ဖလူးတောင်ကုန်းကို ဒီနေ့ တက်ရှင်းပါတယ်။ နအဖ စစ်တပ်က ရဲဘော်တွေ ခြေဦးတည့်ရာ ပြေးကုန်ကြတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ပြီးတော့ သွေးတွေ ပေနေတဲ့ သုံးပွင့်နဲ့ ယူနီဖေါင်း အင်္ကျီ တထည့်နဲ့ မှတ်တမ်း စာအုပ် တအုပ် တွေ့ရှိပါတယ်။ စာအုပ်မှာ ဝင့်နောင် ဆိုတဲ့ နာမည် ရေးထိုးထားတယ်။ နောက်ပြီး စက်သွယ်ရေး စက်ကြီးမှာသုံးတဲ့ လက်လှည့် ဒိုင်နမို ၂ လုံး၊ အိုင်ကွန် စက်သွယ်ရေး စက်ကလေး တလုံးနဲ့ ရိက္ခာတွေ သိမ်းမိတယ်။ ခု ကျနော်တို့ ဖလူးတောင်ကုန်းကို သိမ်းပိုက် ထားပါတယ်။ လို့ အခြေအနေကို ပြောပြ သွားခဲ့ပါတယ်။

ဖလူးမှာဖြစ်နေတဲ့ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တိုက်ပွဲတွေ အတွင်းမှာ နအဖ ရဲဘော်တွေ ခြေဦးတည့်ရာ ရှောက်ပြေး ကုန်ကြပြီး ဒုရင်းမှူး တယောက် ဒါဏ်ရာအပြင်း အထန်နဲ့ ကျဆုံး သွားတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။


Ref: နေ့သစ်

Read More...

မြန်မာပြည်သို့ ယူကရိန်းမှ လက်နက်တင်ပို့မှု အမေရိကန် ရပ်တန့်နိုင်ခဲ့ကြောင်း ၀ီကီလိခ် ဖော်ပြ

2010-12-09

ယူကရိန်းနိုင်ငံ Kiev မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဝါရှင်တန်ကို ပေးပို့ခဲ့တဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ လ ၁၁ ရက်နေ့ လျှို့ဝှက် ပေးစာအရ - ယူကရိန်း နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကန့်ကွက်ချက်ကို လက်ခံ ရရှိကြောင်း၊ မြန်မာ စစ်အစိုးရ အတွက် လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ တယ်လို့ WikiLeaks အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ယူကရိန်းဟာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ လက်နက်အရောင်းအဝယ် ကန်ထရိုက် စာချုပ်တွေကိုလည်း ဖျက်သိမ်း တော့မှာ ဖြစ်ပြီး၊ ၂၀၀၅ ခုနှစ်က စလို့ မြန်မာပြည်ကို တင်ပို့မှုတွေကို လျှော့ချနေကြောင်း၊ အမေရိကန်ရဲ့ သတိပေး ချက်ကြောင့် ၂၀၀၈ ခုနှစ်မှာ ဆိုရင် တင်ပို့မှု လုံးဝ မရှိသလောက် ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ တနှစ်ခွဲအတွင်း မြန်မာ စစ်အစိုးရနဲ့ နောက်ထပ် ဘာစာချုပ် အသစ်တွေမှ မချုပ် ဆိုခဲ့ကြောင်း၊ လက်ရှိ တင်ပို့မှုတွေဟာ အရန် ပစ္စည်းတွေသာ ဖြစ်ပြီး၊ ကျန်နေသေးတဲ့ လုပ်ငန်းကလည်း မဆိုစလောက်သာ ရှိတော့တာမို့ သက်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီက သူ့အလုပ်သမား အားလုံးကို မြန်မာပြည်ကနေ ပြန်ခေါ်ထားပြီ ဖြစ်ကြောင်းလည်း WikiLeaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အဆိုအရ ၂၀၀၄ ခုနှစ်က ယူကရိန်း အစိုးရဟာ မြန်မာ စစ်အစိုးရကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက် ရောင်းချဖို့ စာချုပ် ချုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ စစ်အစိုးရအတွက် လေကြောင်းကာကွယ်ရေးစနစ် တပ်ဆင်ရာမှာလည်း တရုတ်၊ ရုရှတို့နဲ့ အတူ ယူကရိန်း ကလည်း ပါဝင် ကူညီခဲ့တယ်လို့ ဆိုပါတယ်။

Ref: RFA News

Read More...

Thursday, December 9, 2010

အရပ်သား အဖွဲ့အစည်း ဖွံ့ဖြိုးရေး ဒေါ်စု တိုက်တွန်း

ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး အတွက် အထောက်အကူ ဖြစ်အောင် Civil Society ခေါ် အရပ်သား လူ့အဖွဲ့အစည်းတွေ အင်အား ကောင်းလာဖို့ အတွက် အကူအညီတွေ လိုအပ် ပါတယ်လို့ ပြောကြား လိုက်ပါတယ်။ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဥရောပ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံကို ပေးပို့ခဲ့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တွေ့ဆုံဆွေးနွေးရေးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ရေး ဆိုတာတွေကို ပြီးခဲ့တဲ့ သုံးပတ်လောက် ကျမ လွတ်လာပြီး ကတည်းက အဓိကထား ပြောလာတဲ့ ကိစ္စပါ။ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ် ရရှိရေးဟာ ဒီမိုကရေစီ ထွန်းကားနိုင်တဲ့ အသိုင်းအ၀ိုင်း ဖြစ်ပေါ်စေဖို့ အခြေခံကျတဲ့ အချက်တွေ ဖြစ်ပါတယ်။

“ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေကို Civil Society လို့ခေါ်တဲ့ လူထုကိုယ်တိုင် ထူထောင်တဲ့ အဖွဲ့အစည်းတွေ ခိုင်မာရေး၊ စီးပွားရေး တိုးတက်ရေးတွေနဲ့ ချိတ်ဆက် ထားနိုင်မယ် ဆိုရင် ဒါဟာ အုပ်ချုပ်မှုကောင်း ဖြစ်လာဖို့ တွန်းအားတရပ်ကို ဖန်တီး ပေးပါလိမ့်မယ်။ လူထု အဖွဲ့အစည်းတွေ ထဲမှာ ငွေကြေးအရ၊ အသိပညာပိုင်း အရ ရင်းနှီး မြှုပ်နှံတာကြောင့် စီးပွားရေး ကဏ္ဍမှာ သာမက နိုင်ငံရေး ကဏ္ဍမှာပါ တာဝန်ခံမှုတွေ၊ အများမြင်သာအောင် ဆောင်ရွက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်သူလူထု အနေနဲ့ သူတို့ဘ၀ ပိုကောင်းအောင် တာဝန်ရှိရှိ၊ လွတ်လွတ် လပ်လပ် အလုပ် လုပ်နိုင်မယ့် လူ့အဖွဲ့အစည်း တရပ်ကို ကျမတို့ ဖန်တီးနေတာပါ။”

အဲဒီအခမ်းအနားမှာ ဥရောပ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မင်းကြီး အန်းဒရစ်စ် ပိုင်းဘာ့လ်ဂ်စ် (Andris Piebalgs) က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ ရဲစွမ်း သတ္တိအရှိဆုံး ပုဂ္ဂိုလ်တဦး အဖြစ် ဖော်ပြခဲ့ပါတယ်။


Ref: VOA News

Read More...

ဒုတိယပင်လုံကိစ္စ သဘောကွဲလွဲမှု ရှိ

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010


အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ကိစ္စ အထမြောက် အောင်မြင်ဖို့ ဆိုတာ ဘယ်လို အဖွဲ့အစည်းမျိုးက ဦးစီး ဆောင်ရွက်မလဲ ဆိုတာ အရေးကြီးတယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေက ယူဆပါတယ်။ တဘက်မှာတော့ စစ်အစိုးရက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ ဆောင်ရွက်မှသာ လက်တွေ့ ကျလိမ့်မယ်လို့ စစ်အစိုးရပိုင် သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒုတိယ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကိစ္စမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အကြားမှာ သဘောထား မတူကြပါဘူး။ ဒုတိယ ပင်လုံ ညီလာခံတရပ် ကျင်းပဖို့ ဆိုတာကို စပြီး လှုံ့ဆော် နေသူတွေကတော့ CRPP ခေါ်တဲ့ ၁၉၉၀ ခုနှစ် အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ အခုရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ လက်မခံ နိုင်ကြတဲ့ အခြေခံ အပေါ်မှာ စဉ်းစားရတာ ဖြစ်တယ်လို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြတာ များပါတယ်။ ဒီဖွဲ့စည်းပုံအရ ဆိုရင်တော့ တကယ့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်မယ့် အနေအထား မရှိဘူး။ မရှိတော့ တနည်းအားဖြင့် ပင်လုံ သဘောတူညီချက်၊ ပင်လုံစိတ်ဓာတ် ဒါတွေကို အခြေခံပြီးတော့ ဆွေးနွေးဖို့ လိုပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး တစုံတရာ လွှတ်တော်အမတ်နေရာတွေ ရခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ ကတော့ တိုင်းရင်းသားတွေ ရပိုင်ခွင့်နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လွှတ်တော်ထဲမှာ ဆွေးနွေး အဖြေရှာဖို့ ပိုပြီး စိတ်ဝင်စားတာ တွေ့ရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ကတော့ လွှတ်တော်ထဲမှာ ဘယ်လောက် လုပ်ပိုင်ခွင့် ရမလဲ ဆိုတာကိုတော့ လွှတ်တော်တွေ ခေါ်နိုင်မှ သိမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြောတာ လွှတ်တော်ထဲရောက်ရင် ဒါကတော့ စောပါသေးတယ်၊ ကျနော်တို့ ပြောလို့ မရနိုင်သေးဘူးလေ။ လက်တွေ့ ကျနော်တို့ ပြောနေတဲ့ ဟာတွေကတော့ မရောက်သေးဘူးလေ။ လွှတ်တော်ထဲ ရောက်တဲ့ အခါမှာ ကျနော်တို့ကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှိတာပေါ့။”

လွှတ်တော်ထဲဝင်မယ့် တိုင်းရင်းသား ပါတီတွေ အနေနဲ့ကတော့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ရေးကို မူအားဖြင့်တော့ လက်ခံ ကြပါတယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်နိုင်ချေ ရှိမရှိကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးအေးမောင်ကတော့ ဒုတိယ ပင်လုံ ခေါ်ယူနိုင်ရေးဟာ လက်ဝယ် အာဏာရှိသူ အပေါ်မှာ တည်တယ်လို့ မြင်ပါတယ်။

“ဒုတိယပင်လုံကို ပထမဆုံး စတင်ကြွေးကြော်ရမယ့် ကာလက ၉၀ အလွန် သုံးလေးနှစ်လောက်မှာ ကြွေးကြော်ရမှာ၊ ၉၀ ပြည့် Elected Persons တွေက။ ၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလလေးမှာ ပါလီမန် မပေါ်သေးခင်မှာ ခေါ်တယ်ဆိုတဲ့ ဟာကတော့ နောက်ကျနေပါပြီ။ သို့မဟုတ် ပါလီမန် ပေါ်ပြီးတဲ့နောက်မှာ အစိုးရ အဖွဲ့တခု ခိုင်ခိုင်မာမာ ပေါ်လာပြီးတဲ့ အချိန်မှာ ခေါ်ခြင်းဟာ ကျနော်ထင်ပါတယ်၊ လက်တွေ့ အလုပ် ဖြစ်နိုင်ပါတယ်။

“အခုအချိန်မှာ ဒုတိယပင်လုံလို့ ကြွေးကြော်ခဲ့ရင် ဘယ်သူက ဦးဆောင်ပြီး ခေါ်ယူမလဲ။ ထွက်လာတဲ့ Process ကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်သူက အဲဒါကို အသိအမှတ် ပြုမလဲ၊ သူ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာလဲ ဆိုတာကို ကျနော်တို့ ဖြေရှင်းရမယ်လေ။”

ဦးအေးသာအောင်ကတော့ အခုလို ဒုတိယ ပင်လုံညီလာခံ ခေါ်ယူတဲ့ကိစ္စမှာ တဖွဲ့ဖွဲ့ကို ထိပ်တိုက် တွေ့လိုတာ မဟုတ်ဘဲ လိုအပ်ချက်ကို ထည့်တွက်တဲ့ အဆိုပြုချက် ဖြစ်တယ်လို့ ပြောပါတယ်။

“အာဏာရှိတာ မရှိတာထက် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒါလုပ်သင့်တယ်၊ လုပ်ရမယ်၊ အဲဒီလို လုပ်ရမယ့်၊ လုပ်သင့်တဲ့ တာဝန်တခုကို ကျနော်တို့က လုပ်ဖို့ ကြိုးပမ်းတာဖြစ်တယ်။ အဲဒီလို ကြိုးပမ်းတဲ့ နေရာမှာ ကျနော်တို့က ဘယ်သူ့ကို ထိပ်တိုက် ရင်ဆိုင်တွေ့ဖို့၊ ဒီလို မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေ၊ ခင်ဗျားတို့လည်း သိပါတယ် တိုင်းရင်းသား များနဲ့ ဖြစ်နေတဲ့ ပဋိပက္ခ၊ ဒါတွေဟာ တိုင်းပြည်အတွက် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေပါ။ ဒီတော့ ဒီအခြေအနေကို ပြေပြေ လည်လည် ဖြစ်ဖို့ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ အကောင်းဆုံးပဲ။”

ဒီကနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ ကြိုးပမ်းတာဟာ အပေါစား နိုင်ငံရေး စတန့် ထွင်တာ ဆိုပြီး ဝေဖန် ရေးသားပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လွှတ်တော် ထဲမှာပဲ ကြိုးပမ်း သင့်တယ်ဆိုတဲ့ ရေးသားချက်ကတော့ လက်ရှိ ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားတွေရဲ့ သဘောနဲ့ တိုက်ဆိုင်နေပါတယ်။

လွှတ်တော်ထဲဝင်မယ့် တိုင်းရင်းသား ပါတီတွေနဲ့ လွှတ်တော်ပြင်ပ တိုင်းရင်းသား ပါတီတွေ အကြားမှာ အခုလို ဒုတိယ ပင်လုံညီလာခံ ဘယ်လို ခေါ်မလဲဆိုတာ ကွဲလွဲချက် ရှိပေမဲ့ အရင် ပင်လုံညီလာခံမျိုး တိုင်းရင်းသားတွေအကြား ခိုင်မာတဲ့ သဘောတူညီချက်တရပ် ရအောင် ကြိုးပမ်းဖို့နဲ့ မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာ ရှိတယ်ဆိုတာကို လက်ခံတာချင်းတော့ တူညီတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

၂၁ ရာစုပင်လုံကို အပေါစား နိုင်ငံရေးစတန့်ဟု သတင်းစာ ရေးသား

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒုတိယပင်လုံသည် အပေါစား နိုင်ငံရေး စတန့်ထွင်မှုသာ ဖြစ်သည်ဟု ရေးသား ထားသော ဆောင်းပါး တပုဒ်အား စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ဖော်ပြ ပါရှိလာသည်။

ဆောင်းပါးရှင် ဗညားအောင် ရေးသည့် “နိုင်ငံ့အရေး အလွယ် မတွေးစေချင်ပါ” ဆောင်းပါးတွင် တပ်မတော်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲနိုင် ပါတီများ မပါဘဲ ပင်လုံညီလာခံ ကျင်းပမည် ဆိုခြင်းသည် အပေါစား နိုင်ငံရေး စတန့် ထွင်ခြင်းသာ ဖြစ်ကြောင်း စစ်အစိုးရ အာဘော် သတင်းစာများတွင် ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

ဤသည်မှာ နေအိမ် အထိန်းသိမ်းခံမှ ပြန်လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ဒုတိယ ပင်လုံ ညီလာခံ ပြုလုပ်ရမည်ဟု ပြောဆိုမှု အပြီး ရက်ပိုင်းအကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသား ကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရည်ရွယ်ကာ ကျင်းပရန် အဆိုပြုခဲ့သည်။

ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမား ကြီးများ၊ ကျောင်းသား ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၅ဝ ကျော်က စုပေါင်း လက်မှတ်ရေးထိုးကာ ထောက်ခံခဲ့သည်။ ပြီးခဲ့သည့်လ ၂ဝ ရက်နေ့တွင် ZNC က ပင်လုံညီလာခံ ဖော်ဆောင်ရေးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရန် တာဝန် လွှဲအပ်ခဲ့သည်။

စစ်အစိုးရ သတင်းစာက ပင်လုံကိစ္စအပေါ် ယနေ့ ဝေဖန်လိုက်သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များကမူ မြန်မာ နိုင်ငံ၌ အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုအပ်နေသဖြင့် ဒုတိယ ပင်လုံညီလာခံ မဖြစ်မနေ လိုအပ်ကြောင်း တုံ့ပြန် ပြောဆိုကြသည်။

“ခေတ်မီနိုင်ငံတော် တည်ဆောက်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုတယ်။ ဒါကြောင့် ဒုတိယ ပင်လုံဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ရမယ့်အလုပ်၊ လုပ်သင့်တဲ့အလုပ်၊ လုပ်ဖို့ လိုအပ်တဲ့ အလုပ်ပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ဒုတိယပင်လုံခေါ်ယူရေး စတင်ဖော်ဆောင်ခဲ့သည့် ZNC ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ပူးကျင့်ရှင်းထန် ကလည်း “ဒုတိယ ပင်လုံ ညီလာခံရဲ့ ရည်ရွယ်ချက်က အမျိုးသား ပြန်လည် ရင်ကြားစေ့ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီလို ရည်ရွယ်ထားတဲ့ အတွက် တဖက်သတ် အစည်းအဝေးတို့၊ ညီလာခံတို့ လုပ်ဖို့ မဟုတ်ဘဲ နအဖ စစ်အစိုးရ အပါအဝင် အားလုံး ပါဝင်နိုင်ဖို့ကို ပြောနေတာပါ” ဟု ပြောသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပရမည့် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို မဇ္ဈိမ သတင်းထောက်က ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် NLD ရုံးချုပ်၌ လူချင်းတွေ့ဆုံ မေးမြန်းခွင့် ရရှိစဉ် သူက ’’ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေး ဆိုတာ ကျမတို့ ရည်မှန်း လုပ်ဆောင်နေတဲ့ အချက် ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံ အတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု ပြောဆိုခဲ့သည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပပြီး ညီညွတ်ရေးရရန် ပြုလုပ်သည့်အခါ စစ်တပ်က ပါဝင်ဆောင်ရွက်မည်လား ဟု အမေးကို သူက ’’ညီညွတ်ရေး အတွက် ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။ မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း နေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့ သူတွေအနေနဲ့ သူတို့ အသံတွေကို နားထောင်ဖို့ လိုတယ်။ ဒီလိုနားထောင်မှ သူတို့ ဘာလိုချင်တယ်၊ သူတို့ မျှော်မှန်းချက်တွေက ဘာ၊ သူတို့ မျှော်လင့်ချက်တွေက ဘာ၊ သူတို့ ဘာကို စိုးရိမ်ကြတယ် ဆိုတာတွေ သိလာမှာ ဖြစ်ပါတယ်။ ဒီလိုနားလည်လာမှ မတူ ကွဲပြားခြင်းတွေရဲ့ ညီညွတ်ရေး ဆိုတာအတွက် အခြေခံ အုတ်မြစ်ကို ချနိုင်မှာ ဖြစ်ပါတယ်’’ ဟု ဖြေကြားခဲ့သည်။

စစ်အစိုးရအနေဖြင့် အမျိုးသားညီလာခံကျင်းပကာ နိုင်ငံရေးအင်အားစုတွေကြား အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက် နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး နည်းဖြင့် ပြန်လည် ညီညွတ်ရေး တည်ဆောက်ခဲ့ကြောင်း သတင်းစာပါ ဆောင်းပါးက ရေးထားသေးသည်။

လက်ရှိတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် တိုက်ပွဲဖြစ်နေပြီး ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နှင့် စစ်ရေး တင်းမာနေသဖြင့် ယင်းသို့ ပြောဆိုမှုမှာ ဟန်ဆောင် ဖုံးကွယ်ခြင်းဟု ပူးကျင့်ရှင်းထန်က ချေပ ပြောဆိုသည်။

“သူတို့က ပြီးသွားပြီ၊ ကောင်းပြီလို့ ပြောနေပေမယ့် မကောင်းလို့မှ ကျနော်တို့တိုင်းပြည်မှာ အခု တိုက်ပွဲတွေ ဖြစ်နေတာ မျက်မြင် ကိုယ်တွေ့ပဲလေ” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း ပါတီများ၊ တိုင်းရင်းသားများနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးနိုင်ပြီ ဖြစ်သဖြင့် ဒုတိယပင်လုံ ညီလာခံ မလိုအပ်ကြောင်း သတင်းစာက ဆိုထားပြန်သည်။

’’တိုင်းပြည်မှာ ပြန်လည်ထူထောင်ဖို့ဆိုရင် အပြောင်းအလဲဖြစ်ဖို့ လိုတယ်။ အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် ဒီမိုကရေစီ အခြေခံ၊ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်၊ ဒီအချက်တွေအပေါ်မှာ အခြေခံယူပြီး လျှောက်ဖို့ လိုတယ်။ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေးကြမယ် ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်က အကောင်းဆုံး ဖြစ်မှာပါ” ဟု ဦးအေးသာအောင်က ပြောသည်။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို လွှတ်တော်အတွင်း ဆောင်ရွက်ခြင်း၊ မိမိတို့နယ်မှ ကိုယ်စားလှယ် များကို အကြံပြုခြင်း၊ နောက်တကြိမ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း နိုင်ငံရေးကို လုပ်ဆောင်ရန် နည်းလမ်းရှိကြောင်းနှင့် ထိုနည်းကို မလုပ်ဘဲ စိတ်ကူးယာဉ်သက်သက်ဖြင့် ဆောင်ရွက်ပါက အကျိုးထက် အပြစ်က ပိုများလိမ့်မည်ဖြစ်ကြောင်း သတိပြုရန် ဆောင်းပါးရှင်က ဆိုထားသည်။

ဦးအေးသာအောင်ကမူ ဒုတိယပင်လုံ ခေါ်ယူရေးဆိုသည်မှာ အစိုးရကို ထိပ်တိုက် ရင်ဆိုင်ခြင်းနှင့် တင်းမာအောင် ပြုလုပ်ခြင်း မဟုတ်ဘဲ တိုင်းပြည်၏ လိုအပ်ချက်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆို လိုက်သည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ အပြီး သဘောတူညီမှု ပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ရပြီဟု ပြောလေ့ ရှိသော်လည်း တိုင်းရင်းသား အဖွဲ့များက နိုင်ငံရေး သဘောတူညီချက် မပါကြောင်း ငြင်းဆိုခဲ့ကြသည်။

ခန့်မှန်းခြေ စုစုပေါင်း ၄ သောင်းဝန်းကျင်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အင်အားကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ် အဖြစ် မပြောင်းလဲ သေးနိုင်သလို၊ အပစ်ခတ်မရပ်ဘဲ ဆက်လက် တိုက်ခိုက်နေသော တိုင်းရင်းသား အဖွဲ့များလည်း ရှိနေသေးသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်စုနောက်တွင် အိန္ဒိယပြည်သူများရှိဟုဆို

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် အိန္ဒိယပြည်သူများ ရှိနေသည်ဟု အိန္ဒိယ လွှတ်တော် အမတ်များက ပြောဆို လိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနားတရပ် ယမန်နေ့က မြို့တော် နယူးဒေလီ၌ ကျင်းပစဉ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်တွင် အိန္ဒိယ ပြည်သူများ အမြဲတမ်း ရှိနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“အိန္ဒိယနိုင်ငံသားတွေဟာ လွတ်လပ်မှုရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ စံနှုန်းတွေကို တန်ဖိုးထားတဲ့ အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေကို လေးစား နှစ်သက်ကြတယ်။ သူ့နောက်မှာ ရှိတယ်။ လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်းနဲ့ နေနိုင်ခွင့် ရပါစေလို့ ဆုတောင်းပါတယ်။ အရင်တုန်းက လွတ်လာပေမယ့် ပြန်အဖမ်းခံရတယ်။ သူ့အနေနဲ့ အခုအတိုင်း လွတ်လပ်ပြီး ဂုဏ်သိက္ခာ ရှိရှိ နေနိုင်ဖို့ နောက်တခါ ထပ်ပြီး မဖြစ်ဖို့ မျှော်လင့်ပါတယ်’’ ဟု လက်ရှိအာဏာရ ကွန်ဂရက်ပါတီ အမတ်နှင့် ဒု-နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စတာ Shashi Tharoor က ပြောသည်။

ဥပဒေရေးရာ ၀န်ကြီးဟောင်းနှင့် လွှတ်တော်အမတ် မစ္စတာ Ram Jathmalani ကလည်း “သူ့အနေနဲ့ ရှေ့မှာ တိုက်ပွဲတွေ အများကြီး ကျန်သေးတယ်။ အိန္ဒိယ အစိုးရ တခုကိုပဲ ကြည့်မနေပါနဲ့ အိန္ဒိယ ပြည်သူတွေ ခင်ဗျားတို့နောက်မှာ ရှိနေပါတယ်” ဟု ဆိုသည်။

အိန္ဒိယကွန်မြူနစ်ပါတီ CPI (M) ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့် လွှတ်တော်အမတ် မစ္စတာ Sitaram Yachuri ကလည်း မြန်မာ့နိုင်ငံ အရေးကို အိန္ဒိယ အစိုးရ အနေဖြင့် ပြန်လည် သုံးသပ် သင့်ကြောင်းနှင့် လာမည့် ပါလီမန် အစည်းအဝေး၌ မြန်မာ့အရေးကို ထည့်သွင်း တင်ပြသွားမည်ဟု ကတိပြုခဲ့သည်။

အခမ်းအနားကို အိန္ဒိယ သတင်း ထောက်များကလပ်၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အမျိုးသမီး လုံခြုံမှု စီမံရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ (WISCOMP) က ဦးစီး ကျင်းပရာ မြန်မာ့အရေး ထောက်ခံသူ အိန္ဒိယ နိုင်ငံသားများနှင့် မြန်မာများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားသို့ ရုပ်သံဗီဒီယိုဖိုင် ပေးပို့ကာ ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး တိုးတက်လာရန် အထောက်အကူ ဖြစ်စေသည့် မြန်မာ့ ဒီမိုကရေစီရေးကို ပိုမိုကူညီရန် အိန္ဒိယ ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

“ကျမ လွတ်မြောက်လာတာကို အခုလိုကြိုဆိုတဲ့ အတွက် အလွန် ကျေးဇူးတင်ပါတယ်။ အခု လွတ်လာတာကို `နည်းနည်း ပိုလွတ်လပ်တဲ့ ဘ၀´ လို့များ ပြောရမလား မသိပါဘူး။ `နှောင်ကြိုးမဲ့ဘ၀´ ဆိုတဲ့ စကားလုံးကိုတော့ ကျမ မသုံးချင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျမ နေနေရတဲ့ ဘ၀၊ ကျမတို့ မြန်မာပြည်က ဒီမိုကရေစီ လှုပ်ရှားမှု ဘ၀တွေက လုံလုံးကြီး မလွတ်မြောက် သေးလို့ပါ။ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိ နေသေးတာကိုလဲ သိကြမယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

ထို့ပြင် “ဒီလူတွေအားလုံး မလွတ်မြောက်သေးသမျှ၊ ကျမတို့ မြန်မာပြည်သူတွေ ကိုယ့်အခွင့်အရေး အတွက် လွတ်လွတ် လပ်လပ် ဆောင်ရွက်ခွင့် မရသေးသမျှ လွတ်လပ်တဲ့ နိုင်ငံမှာ နေရတယ်လို့ မပြောနိုင်ပါဘူး။ ဒီလိုနေခွင့်ရဖို့ ကျမတို့အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရ ပါမယ်။ ဒီလို နေခွင့်ရဖို့ အားပေး ကူညီနိုင်မယ့် နိုင်ငံတနိုင်ငံ အဖြစ်၊ ကျမတို့နဲ့ အတူ ကြာရှည် လက်တွဲ ရပ်တည်ခဲ့တဲ့ မိတ်ဆွေ နိုင်ငံကောင်းအဖြစ် အိန္ဒိယကို ကျမတို့ ရှုမြင်ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ အိန္ဒိယ အစိုးရအကြား နီးနီးကပ်ကပ် ဆက်ဆံမှုတွေလဲ ရှိစေလိုပါတယ်” ဟု သူက ဆိုထားသည်။

မိခင်ဒေါ်ခင်ကြည် အိန္ဒိယဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ၁၉၆၀ တွင် ခန့်ထားခံရစဉ်က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာပြီး နယူးဒေလီရှိ လေဒီသျှရီရမ် ကောလိပ်၌ ပညာ ဆည်းပူးခဲ့သည်။

ယင်းကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ မိနာရှီဂိုပီနတ်က ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့ ကျောင်း၏ လမ်းပြကြယ် ဖြစ်သည့် အပြင် စံနမူနာ ယူသင့်သည့် ကျောင်းသူဖြစ်ကြောင်း၊ သူလွတ်မြောက်လာသဖြင့် ၀မ်းမြောက်ကြောင်း ပြောဆိုသည်။

“ကျမတို့ကျောင်းရဲ့ ကောလိပ်ကျောင်းသူ ဖြစ်ခဲ့တာကို ဂုဏ်ယူလို့ မဆုံးပါဘူး။ သူဟာ ထောင်သောင်းချီတဲ့ ကျမတို့ ကျောင်းသူတွေ အတွက် လမ်းပြကြယ်ပါ။ ကျောင်းကို ဒေါ်အောင်ဆန်းစုကြည် လာလည်ပြီး သူ့စိတ်ဓာတ်၊ သူ့အယူအဆ တွေနဲ့ ကျမရဲ့ ကျောင်းသူတွေကို ခွန်အားပေးမယ့်နေ့ကို စောင့်မျှော်နေပါတယ်” ဟု သူက ဆိုသည်။

၁၉၈၈ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ၁၉၉ဝ နှစ်များအထိ အိန္ဒိယသည် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ကို တက်ကြွစွာ ထောက်ခံ အားပေးခဲ့သည်။ အိန္ဒိယ ဂုဏ်ဆောင် မဟတ္တမဂန္ဒီနှင့် နှိုင်းယှဉ်ဂုဏ်ပြုပြီး ဒီမိုကရေစီရေး အတွက် အကြမ်းမဖက်နည်း ကျင့်သုံးနေသူ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၅ တွင် အိန္ဒိယက ဂျဝါဟာလာနေရူးဆု ချီးမြှင့် ခဲ့သေးသည်။

သို့သော် ၁၉၉၅ အလွန် ကာလများမှစ၍ စီးပွားရေး အခွင့်အလမ်းများအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် များနှင့် ဆက်ဆံရေး ပိုကောင်းရန် ဦးစားပေးသည်ဟု ဒီမိုကရေစီရေး လိုလားသူများက အိန္ဒိယကို ဝေဖန်ခဲ့ကြသည်။

မနေ့က အခမ်းအနားသို့ တက်ရောက်လာသူ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်များကမူ အိန္ဒိယ၏ မြန်မာနိုင်ငံ အပေါ် ထားရှိသည့် နိုင်ငံခြားရေး မူဝါဒ ရှုပ်ထွေးနေသော်လည်း အိန္ဒိယ ပြည်သူများနှင့် ခေါင်းဆောင်များကမူ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် စိတ်အား ထက်သန်မှုရှိကြောင်း ပြောဆိုခဲ့ကြသည်။

“အိန္ဒိယအစိုးရမှာ ဘယ်လိုအကြောင်းပြချက်ပဲ ရှိပါစေ၊ မြန်မာပြည်သူတွေ ဘက်ကပဲ ရပ်တည်သင့်တယ်။ စီးပွားရေး၊ နိုင်ငံရေးတွေကို ကြည့်နေရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ ပြည်သူတွေဟာ မြန်မာပြည်သူတွေ ဘက်မှာ ရှိတဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒီမိုကရေစီရေး အတွက် စစ်အစိုးရကို အိန္ဒိယက ဖိအားပေးဖို့ မျှော်လင့်ပါတယ်’’ ဟု လူမှုသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Ranjana Kumari က ဆိုသည်။

သူက ဆက်ပြီး ’’၂၁ ရာစုနှစ်ဟာ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီ ရာစုနှစ်ပါ။ ဒါကြောင့်မို့လို့ ရေရှည်နိုင်ငံရေး စံနှုန်းတွေ နိမ့်ကျနေဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံ သားတွေကို ဒီမိုကရေစီနဲ့ လွတ်လပ်မှုနဲ့ ဝေးကွာအောင် ကြာရှည်လုပ်ထားလို့ ရလိမ့်မယ်လို့ မထင်မိပါဘူး’’ ဟု ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

SSA-S နှင့် တခြား တိုင်းရင်းသားအဖွဲ့များ မဟာမိတ်ဖွဲ့မည်

Wednesday, 08 December 2010

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ တခြား တိုင်းရင်းသား ခေါင်းဆောင်တချို့ တက်ရောက်ပြီး SSA-S ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် စစ်ရေး အခြေအနေများကို ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

ယင်းဆွေးနွေးပွဲသို့ လားဟူ လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်နှင့် ကရင်နီ တိုင်းရင်းသား တိုးတက်ရေး ပါတီ (KNPP) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး စစ်ရေးကိစ္စများ၊ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အရေးများ၊ ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေး ခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးထံမှ သိရှိရသည်။

“အဓိက ကတော့ စစ်ရေးအရ ဘာတွေကို ဘယ်လိုမျိုး ပူးပေါင်းပြီး လုပ်ဆောင်သွားမလဲ ဆိုတာတွေ၊ အခု လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဝိုင်းပြီး သုံးသပ်ကြပါတယ်။ ဌာနချုပ်ကို လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် မသွားနိုင်တဲ့ တခြား တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ရှမ်းနှစ်သစ်ကူး အတွက်ကို သဝဏ်လွှာတွေ ပေးပို့ကြပါတယ်” ဟု အဆိုပါ နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

လွယ်တိုင်းလျန်း ဌာနချုပ်တွင် ဆွေးနွေးရာ၌ တခြား တိုင်းရင်းသားအဖွဲ့များ ယခု မဟာမိတ်အဖွဲ့၏ တစိတ်တပိုင်း အနေဖြင့် ပါဝင်လာရန် မကြာမီတွင် အစည်းအဝေး တရပ် ကျင်းပပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရန်လည်း ထိုအစည်းအဝေးမှ တဆင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ စစ်ရေးအရ မဟာမိတ် ဖွဲ့ခဲ့ကြသော်လည်း SSA-S ပါဝင်ခဲ့ခြင်း မရှိသေးပေ။

အဆိုပါ မဟာမိတ်အဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန် ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တို့ ပါဝင်ကြောင်း သိရှိရသည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၎င်းတို့၏ နိုင်ငံခြားရေး ဌာနမှ ကိုယ်စားလှယ်များ အတွက် ကျွမ်းကျင်သူများဖြင့် သံတမန်ရေး ဆိုင်ရာ သင်တန်းတခု ပို့ချခဲ့ကြောင်းလည်း သိရှိရသည်။

စစ်အစိုးရ တပ်များနှင့် SSA-S တပ်များသည် နိုဝင်ဘာလနှောင်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

SSA-S တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိက လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော်(MTA) မှ ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA- S သည် အင်အား ၇ ထောင်ကျော် ရှိသည်ဟုလည်း စစ်ရေး လေ့လာသူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

Read More...

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတိုက်ပွဲပိုပြင်းထန်လာ

နော်အဲဏီ၊ ကောင်းဝါ

နတ်တော်လဆန်း ၂ရက်။ဒီဇင်ဘာ ၈၊၂၀၁၀။

နော်အဲဏီ(ဒီဇင်ဘာ-၈)။ ။ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ တပ်ခေါ်ကျိုးတောင်တန်းကို ရောက်နေသည့် စစ်အစိုးရ စစ်ကြောင်း၏ ရှေ့ပြေး တပ်တစ်ချို့ကို ဒီကေဘီအေဗျူဟာ (၁) မှူး ဗိုလ်မှူးကြီး စောကျော်သက် အဖွဲ့က ၀င်ရောက် ပစ်ခတ်ပြီး စစ်အစိုးရ ဘက်မှ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်သက်မှ ပြောပါသည်။

“ကျနော်တို့က သူတို့ကို အနီးကပ် သွားပစ်တယ်လေ၊ သူတို့ ထိတာကို ကျနော်တို့ မြင်နေရတယ်လေ၊ ဒါကြောင့် သူတို့ ဘယ်လောက်ထိတာ ကျနော်တို့ ခန့်မှန်း ပြောနိုင်တာပေါ့၊ အခုကျနော်တို့ ၀ိုင်းထားတဲ့ အဖွဲ့က သူတို့ ဗျူဟာနဲ့ အခုထိ အဆက်အသွယ် မရသေးဘူး၊ ကျနော်တို့က ကြားကနေ ဖြတ်တောက် လုပ်ထားလို့ ဖြစ်တယ် ”

တပ်ခေါ်ကျိုးတောင်ခြေတွင် ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေး ထမင်းချက် အဖွဲ့ ဖြစ်ပြီး အင်အားမှာ (၃၀)ကျော် ရှိသည်ဟု ဗိုလ်မှူးကြီး စောကျော်သက်မှ ပြောပါသည်။

အလားတူ ကလို့ထူးဘော အခြေချ ဗျူဟာ (၁) စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူးဆန်းအောင် ဦးဆောင်သည့် ဒီကေဘီအေ တပ်ဖွဲ့သည်လည်း စစ်အစိုးရ၏ ဗျူဟာအဖွဲ့ကို ထိန်းချုပ်ထားပြီး မနေ့မနက်(၁၀) နာရီက နေစပြီး တိုက်ပွဲ ကြိုကြား ဖြစ်နေသည်ဟု ဗိုလ်မှူး ဆန်းအောင်က ပြောပါသည်။

“လက်ရှိအနေအထားက ဟိုးတောင်အောက်မှာ ထမင်းချက်တဲ့ အုပ်စုက တစ်အုပ်စု၊ ဟိုးတောင် ထိပ်မှာက တစ်အုပ် ၊ ထမင်းချက်တဲ့ အုပ်နဲ့ ဒီအပေါ်မှာရှိတဲ့ ဗျူဟာနဲ့ သူတို့ကြားထဲမှာ ကျနော်တို့ အဲဒီကြားထဲမှာ ဖြတ်ထားတယ်နော်။ အခုအချိန်အထိ သူတို့ အချင်းချင်း အဆက်အသွယ် မရသေးဘူး”

မြ၀တီမြို့နယ်ဘက်တွင် မြန်မာစစ်အစိုးရ တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့အကြား တိုက်ပွဲ အခြေအနေမှာ ဆက်လက် တင်းမာလာမည့် အနေအထား ရှိနေမည်ဟု ဒီကေဘီအေ အရာရှိ တစ်ဦးမှ ပြောပါသည်။

တိုက်ပွဲစဖြစ် ပွါးချိန်ကြာမြင့်ပြီးဖြစ်သော်လည်း စစ်အစိုးရ၏ စစ်ကူတပ်များ အခုအချိန်အထိ ဝေါ်လေ စခန်းကို ရောက်ရှိခြင်း မရှိသေးဟု ဒေသခံ တစ်ဦးမှ ပြောပါသည်။

တချိန်တည်းတွင် ဝေါ်လေစခန်းမှ စစ်အစိုးရ တပ်တွေကို ဒီကေဘီအေ တပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချမုစေး ဦးဆောင်သည့် အဖွဲ့က မကြာမကြာ ပစ်ခတ် တိုက်ခိုက်နေသည်ဟု ဒေသခံများမှ ပြောပါသည်။

အဆိုပါတိုက်ပွဲအကျိုးဆက်ကြောင့် ဝေါ်လေရွာတွင်ရှိသော ဒီကေဘီအေ တပ်စုမှူး စောလှခိုင်၏ အိမ်ကို ဒီဇင်ဘာလ (၆)ရက်နေ့ ည (၇) နာရီ အချိန်မှာ စစ်အစိုးရတပ်မှ မီးရှို့လိုက်သည်ဟု ဒီကေဘီအေ အရာရှိ တစ်ဦးမှ ပြောပါသည်။


Ref: ကောင်းဝါ

Read More...

တိုက်ပွဲဖြစ်နေတဲ့ ဖလူးဒေသက နအဖ တပ်များ ဦးတည်ရာမဲ့ပြေးနေကြ

December 8th, 2010

ဖလူးကြီး ဖလူးလေးနေရာတွေက ဒီကေဘီအေနဲ့ နအဖ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့ တရက်လုံးနီးပါး ဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်း မှာလည်း ထပ်မံ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲအခြေအနေကို ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက….

မနေ့က မနက် ၁၀ က စတိုက်တာ ညနေစောင်း ၅ နာရီလောက်ထိ တိုက်လိုက် နားလိုက် တိုက်လိုက် နားလိုက်နဲ့ပေါ့။ အဲဒီနေ့ ကြပြန်တော့လည်း မနက်ကနေ နေ့လည် ၁၁ နာရီလောက် ကြာမယ်။ ခုတိုက်ပွဲမှာတော့ နအဖ ခမရ ၅၄၇ တပ်ရင်းက အရာရှိ ဒုတပ်ရင်းမှူး ဒါဏ်ရာ အပြင်းထန်ရပြီး သေဆုံး သွားတယ်လို့ ကြားတယ်။ နောက်တခုက သူတို့ အရာရှိ ကျတော့ နအဖ တပ်တွေ ကစင့်ကလျားနဲ့ ဖြစ်သွားပုံရတယ်။

တယောက်တကွဲတွေ ပြေးကြတယ် ဖြစ်မယ်။ ကရင်ငြိမ်းချမ်းရေး ကောင်စီက ဗိုလ်တဲ့ခီး ရှိတဲ့ နေရာကို နအဖ စစ်သားတွေ ပြေးတော့ ဗိုလ်တဲ့ခီးတို့ အဖွဲ့ တိုက်လွှတ်လိုက်တာ နအဖ ဆီက လက်နက်ငယ် ၂ လက် ရလိုက်တယ်တဲ့။ တပ်မ ၂၂ နဲ့ ၄၄ ကလည်း စစ်ကူ လိုက်လာတယ် လေယာဉ်တွေ သုံးမယ်လို့လဲ ကြားနေရတယ်။ လို့ ပြောပြ သွားပါတယ်။

လက်နက်ငယ် ၂ လက် ရလိုက်တဲ့ ဗိုလ်တဲခီးအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ က နအဖ စစ်တပ်ရဲ့ အလစ် အငိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ အရာရှိတဦး ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အရှင် ဖမ်းမိသွားတဲ့ ရဲဘော် ၆ ဦးကိုလည်း နအဖ အဖွဲ့မှ သတ်ပြစ်လိုက်ပြီလို့ ခိုင်လုံတဲ့ သက်သေ အထောက်အထား များလည်း တွေ့ရှိနေပြီ ဖြစ်ပါတယ်။

Ref: နေ့သစ်

Read More...

Wednesday, December 8, 2010

လာမည့်နှစ်လအတွင်း မြန်မာ့ရှေ့ရေး အရေးကြီးဆုံးအဖြစ် ကုလလအတွင်းရေးမှူးချုပ် သတိပေး

2010-12-07

မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်လာရေးဟာ စစ်အစိုးရ ဖက်က ရွေးကောက်ပွဲ အပြီး ရှေ့ဆက် လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေ ပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီဇင်ဘာ ၆ ရက် မနေ့က သတိပေး ပြောဆို လိုက်ပါတယ်။

သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ မြန်မာ အာဏာပိုင်တွေကို ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တစိုက်မတ်မတ် တိုက်တွန်းဖို့ လိုကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ပြောဆိုပါတယ်။

မြန်မာ့နိုင်ငံရေး တိုးတက်မှု ပုံပေါ်လာဖို့အတွက် လာမဲ့ နှစ်လအတွင်း အချိန်ကာလဟာ အရေးကြီးတယ်လို့ အတွင်းရေးမှူး ချုပ်က ပြောပါတယ်။ မြန်မာ အာဏာပိုင်တွေ ဖက်က သူတို့ရဲ့ တာဝန်တွေကို ကျေပွန်တယ် ဆိုတာ ပြသဖို့ အခုချိန်ဟာ အကောင်းဆုံး အချိန် ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောဆို ခဲ့တာပါ။

ဒါ့အပြင် အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ မနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း Vijay Nambiar ဟာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ် ရလဒ်တွေကို တင်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်ထားသလို မဖြစ်ခဲ့ပေမဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ ဖြစ်လာဖို့ စစ်အစိုးရကို ဆက်လက် တိုက်တွန်းကြဖို့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ် ပေးဖို့လည်း စစ်အစိုးရကို ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

Ref: RFA News

Read More...

အကြမ်းမဖက်နည်းဖြင့် နိုင်ငံရေးအဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Tuesday, 07 December 2010

မြန်မာ့ နိုင်ငံရေး ပြဿနာများကို အဖြေရှာရာတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သာမက နောင်တက်လာမည့် ဆုံးဖြတ်ချက် ပေးနိုင်သော နိုင်ငံ့ ခေါင်းဆောင်များနှင့်ပါ ငြိမ်းချမ်းသော နည်းလမ်း ဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာ သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆို လိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများ ဖြစ်ကြသည့် တောင်ဥက္ကလာပ မြို့နယ်မှ ဦးကောင်းမြင့်ထွဋ်၊ ဒေါက်တာစောနိုင်၊ လေးမျက်နှာ မြို့နယ်မှ ဦးဇော်မင်းသိန်းတို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သော နည်းလမ်းများဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပါက တိုင်းပြည် အနာအရ ဖြစ်ကာ အနာ ကျက်ရန်လည်း မလွယ်ကူကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

“နိုင်ငံရေး ပြဿနာတွေကို အကြမ်းဖက်တဲ့ နည်းသုံးပြီး ဖြေရှင်းတဲ့ အခါမှာ အပြောင်းအလဲ မြန်တယ်လို့ ထင်ရပေမယ့် အကြမ်း ဖက်မှုကြောင့် ထိခိုက်ရတဲ့ အနာတွေ ပြန်ကျက်ဖို့ အချိန် တော်တော် ကြာကြာယူရတယ်။ အကြမ်းမဖက်တဲ့ နည်းလမ်း သုံးတော့ အချိန်ကြာတယ်၊ လူတွေက အားမရကြဘူး။ မပြောင်းလဲ သေးဘူးလား ဆိုပြီး အားမလို အားမရ ဖြစ်ကြတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မြန်မာ့ နိုင်ငံရေးတွင် အစဉ်အလာ တခုသဖွယ် ဖြစ်နေကြောင်း၊ မြန်မာ့နိုင်ငံရေး အတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် အဖြေရှာသည့် အလေ့အကျင့် ကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများကို ပြောခဲ့သည်။

မြန်မာပြည်သူများ အနေနှင့် မြန်မာ့ဒီမိုကရေစီ အရေးကိစ္စများ ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ ဥပမာကို ယူသင့်ကြောင်း၊ အိန္ဒိယနိုင်ငံသည် လူမျိုးရေး၊ ဘာသာစကား အပါအ၀င် ကွဲပြားမှုများ ရှိနေသော်လည်း မဟတ္တမ ဂန္ဒီ အပါအ၀င် အိန္ဒိယ နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများက အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်ခဲ့သည့် အတွက် ယခု အချိန်အထိ အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံကြီး အဖြစ် ရပ်တည် နေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။

ယနေ့ ၂၁ ရာစု၏ နိုင်ငံရေးပုံစံသည် ယခင်တော်လှန်ရေး ခေတ်များကဲ့သို့ မဟုတ်တော့ဘဲ လူထု အကျိုးကို မည်မျှ လုပ်ဆောင် ပေးနိုင်သည် ဆိုသည့်အပေါ် အခြေခံလာကြောင်း၊ ပြည်သူ အများစုကလည်း မိမိတို့ အကျိုးကို မည်မျှ ဆောင်ရွက် ပေးနိုင်မည် နည်း ဆိုသည့် မေးခွန်းကို အခြေပြုကာ နိုင်ငံရေး သမားများကို ထောက်ခံကြကြောင်း၊ ပြည်သူကို လှည့်စားသော နိုင်ငံရေး သမားများသည် ကျဆုံးခန်း ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက “လူမှုရေး လုပ်ငန်းတွေကို အရှိန် အဟုန်မြှင့်ဖို့၊ ကွန်ရက်တွေ ဖွဲ့စည်းဖို့၊ ပြည်သူ့ အကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က အရှိန် အဟုန်မြှင့်လုပ်ဖို့၊ အဓိက လူငယ် တွေက နိုင်ငံရေး ပါတီထက် ပြည်သူ့ အကျိုးပြုတဲ့သူ၊ ပြည်သူတွေ ဘက်က မားမားမတ်မတ် ရပ်တည်တဲ့သူကို ထောက်ခံကြတယ် ဆိုတာ မမေ့ဖို့၊ လူမှုရေး လုပ်ငန်းတွေကို ပို တိုးတိုးပြီး ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်တယ်” ဟု ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှု များနှင့်ပတ်သက်သော အစီအရင်ခံစာ ထုတ်ပြန်ရန် ရှိပြီး ရှုံးနိမ်ခဲ့သော အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ အနေနှင့် စိတ်ဓာတ်မကျဘဲ ဒီမိုကရေစီ ပန်းတိုင် ရောက်ရှိသည် အထိ ပူးပေါင်း အကောင်အထည် ဖော်သွားကြရန် ပြောဆိုခဲ့သည်ဟု သိရသည်။

တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ဒေါက်တာစောနိုင်က လူမှုရေး လုပ်ငန်းများအတွက် အခမဲ့ ဆေးခန်း ဖွင့်လှစ်ခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း လုပ်ငန်းများ အပါအ၀င် လူထု ဖွံ့ဖြိုးရေး လုပ်ငန်းများကို NLD နှင့် အတူ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု ပြောသည်။

ဒေါက်တာစောနိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု တောင်ဥက္ကလာပ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ၍ သိရှိကြောင်း လက်မှတ် ထိုးခိုင်းခဲ့သော်လည်း အနိုင်ရစာရင်း ထွက်လာသည့် အခါတွင် ၎င်း၏ အမည် ပါမလာခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသူ ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

အမေရိကန်သံတမန် ဒေါ်စုနဲ့ တွေ့မည်

အင်္ဂါ, 07 ဒီဇင်ဘာ 2010

အမေရိကန် အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြား ထိတွေ့ ဆက်ဆံမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ ဆက်ပြီးရှိနေတဲ့ ဆွေးနွေးမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ဒီခရီးစဉ်ကို သွားတာပါ။ ကျနော်တို့ မြန်မာ အစိုးရကို လုပ်ဖို့ တောင်းဆို နေတာတွေကလည်း ဝေဝါး ပြောင်းမသွားပါဘူး။ မြန်မာ ပြည်သူတွေအပါ် အခုနဲ့ မတူတဲ့ သဘောထားမျိုးနဲ့ ဆက်ဆံဖို့ မြန်မာ အစိုးရကို တောင်းဆို ထားတာပါ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေး စေချင်ပါတယ်။ ဒီသတင်း စကားတွေကို မစ္စတာယွန်းက မြန်မာ အစိုးရကို ပြောမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အင်္ဂါနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးနဲ့ အင်္ဂါနေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ဂျိုးဇက် ယွန်းဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက် နေသူတွေ၊ NGO တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အမေရိကန်အမတ် ဒေါ်စုကို ဖုန်းဆက်ဂုဏ်ပြု

အင်္ဂါ, 07 ဒီဇင်ဘာ 2010

အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကနေ အရပ်သားတွေ အတွက် အမြင့်ဆုံး ချီးမြှင့်တဲ့ ကွန်ဂရက်စ် လွှတ်တော် ရွှေတံဆိပ်ဆုကို ကိုယ်တိုင် ပေးအပ်ချင်တယ် ဆိုတဲ့ ပြောကြားချက်နဲ့အတူ မြန်မာ့ ဒီမိုကရေစီရေးကို ဆက်လက် ထောက်ခံ သွားမယ့်အကြောင်း ကွန်ဂရက်စ် လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) က ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ ထောက်ခံလာခဲ့တဲ့ မစ္စတာ ခရော်လီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ် ရွှေတံဆိပ်ဆု ချီးမြှင့်ဖို့ အဆိုပြုချက် တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂါနေ့က စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားကြောင်း၊ သူ့ရဲ့ သတ္တိကို ချီးကျူးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူအပါအဝင် အမေရိကန် ကွန်ဂရက်စ် အမတ်တွေအတွက် စိတ်အားတက်ကြွ ဂုဏ်ယူဖွယ် ဖြစ်တဲ့ အကြောင်းတွေကို ပြောပြခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကွန်ဂရက်စ် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပေးအပ်နိုင်ဖို့ မျှော်လင့် ကြောင်းလည်း ပြောကြား ခဲ့တယ်လို့ လွှတ်တော်အမတ် ခရော်လီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းဟာ လမ်းကြောင်းမှန်ကို ဦးတည်တဲ့ ခြေလှမ်း ဖြစ်ပေမဲ့ ဆက်လုပ်စရာ အများကြီး ကျန်သေးတယ် လို့လည်း လွှတ်တော်အမတ် ဂျိုးဇက် ခရိုလီရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသား ထားပါတယ်။

Ref: VOA News

Read More...

ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ ဦး ကျဆုံးကာ ၄ ဦး ထိခိုက်

ဒီဇင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) က နအဖ လှုပ်ရှား တပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ ကြိမ် ပြောက်ကျား တိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ (၇) ၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂) မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စု တစုနှင့် ကေအဲန်ယူ တပ်မဟာ (၅) အခြေစိုက် ကေအဲန်အယ်လ်အေ အထူး ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလော (ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး စောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

၎င်းက “၅ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်မှာ ဆင်ဖြူတောင် (ကဆောဝါးလေး) မှာ ခမရ (၃၃၈) ကို ကျနော်တို့ တပ်တွေ သွားတိုက်တယ်။ အဲဒီမှာ နအဖဘက်က ၅ယောက် ကျတယ်။ MA-11 သေနတ်တလက် ကျနော်တို့ ရခဲ့တယ်။ အဲဒီနေ့ မွန်းလွဲ ၃း၀၀ လောက်မှာပဲ ခြောက်ဘီးကား နှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာ တပ်ရင်း ခမရ (၉၁၅) ကို ကြယ်ပြောင် ကုန်းမှာ တိုက်ခိုက်တော့ ကားက မိုင်းထိသွားတဲ့ အတွက် ကားတစီး လုံးဝ ပျက်စီးသွားပြီးတော့ ၃ယောက် ဒဏ်ရာ ရသွားတယ်။”ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးစောအဲဆဲဆဲက “၆ရက်နေ့ မနက် ၁၁နာရီကျတော့ ထီးသေ့ခီးမှာ နအဖ ခမရ (၂၈) တပ်ရင်းကို ကျနော် တို့ လူတွေ သွားတိုက်တာ နအဖ ဘက်က တပ်ကြပ်ကြီး ၁ ယောက် ဒဏ်ရာ ပြင်းထန်ပြီး ကျဆုံးပေမဲ့ ထိခိုက်မှုကိုတော့ ကျနော် တို့ မသိရဘူး။ ဒီနေ့ နေ့လည် ၁၁း၂၀နာရီမှာက နအဖ ခလရ (၃၃၈) ကို ကြယ်ပြောင်ကုန်းမှာ တခါ ထပ်ပစ်တာ နအဖ ၁ယောက် ဒဏ်ရာ ရတယ်။”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယင်းသို့ မာနယ်ပလောနယ်မြေရှိ နအဖ စစ်တပ်ကို သွားရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ် တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက် ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး ကေအဲန်အယ်လ်အေ ဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအဲဆဲ ဆဲက ပြောသည်။

ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်းဒေသတွင် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁) တပ်ရင်းနှင့် ဗိုလ် မှူးသန်းရွှေ ဦးစီးသည့် (၁၀၁၂) တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာဒေသ ဖြစ်သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင် ပတ်သက်မှု မရှိကြောင်း ကေအဲန်အယ်လ်အေက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ကေအဲန်ယူအနေဖြင့် မာနယ်ပလောဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်များထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ရံဖန် ရံခါ ဖြစ်ပွား နေသလို ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေ ဘက်တွင်လည်း နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေ တို့ကြား တိုက်ပွဲ အခြေအနေများမှာလည်း ယခုအချိန်ထိ ပြင်းထန်လျှက် ရှိသည်ဟု သိရသည်။

Ref: KIC News

Read More...

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ ဦး၏ အလောင်းပြန်လည် တွေ့ရှိ

ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင် ၆ဦး၏ အလောင်းကို ယနေ့ မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်း တခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်များကို ကြိုးချည်ထားပြီး မီးရှို့ သတ်ထားသည့် အဆိုပါ အလောင်း ၆ လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေးရွာနှင့် မနီးမဝေး ပြောင်းခင်း တခင်းတွင် ရွာသူ ရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်လာသည့် ပလောတပို့ရွာသူ တဦးက ပြောသည်။

သူမက “ဒီမနက် စောစောမှာ တချို့ရွာသားတွေ ကိုယ့်မြေကိုယ့်ခြံတွေ ပြန်ကြည့်မယ်ပေါ့။ ပြန်သွားတာ ပလောတပို့ ရွာနဲ့ မနီးမဝေး တဘလူ့ကို့ထဲ ဒေသမှာရှိတဲ့ ပြောင်းခြံမှာတွေ့တာ။ အကုန်လုံး ၆ ယောက်။ ၃ ယောက် တစ်တွဲကို လက်တွေ ကြိုးချည် ထားပြီးတော့ မီးရှို့ထားတယ်။ တကိုယ်လုံး မည်းနေတော့ ဘယ်သူဘယ်ဝါ ဆိုတာ မသိတော့ပေမဲ့ သူတို့ အင်္ကျီမှာ ငြိမ်း ချမ်းရေး တပ်ဖွဲ့ တံဆိပ်ပါတယ်။ ရွာသားတွေက သေသေချာချာကို သွားကြည့်တာ။ အနံ့တောင် ထွက်နေပြီး”ဟု ကေအိုင်စီ ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်နေ့မနက် ၉နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကလေး ဒေသ အတွင်းရှိ ဗိုလ်မှူးတဲခီး ဦးစီးသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ကို နအဖ ခမရ (၂၄၀) တပ်ဖွဲ့က ၀ိုင်းပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်သား ၁ ဦး ကျဆုံးကာ ၆ ဦးမှာ အဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ် စောရင်နုက “ရွာသားတွေ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့လူတွေ နအဖက သတ်လိုက်ပြီးဆိုတာ ယခုလဆန်း ၂ ရက်နေ့က ကျနော်တို့ သိရတယ်။ ဒါပေမဲ့ နအဖ တာဝန်ရှိသူတွေကို မေးတော့ ပြန်လွှတ် လိုက်ပြီလို့ ပြောတယ်။ ကျနော်တို့ လူတွေ သူတို့ကို ဘာမှ သွားလုပ်တာ မဟုတ်ဘူး။ သူတို့ ဒီလိုလုပ်တာ မကောင်းဘူး။ ဒါ ကျနော်တို့အပေါ် သက်သက် ညှင်းဆဲတာ ပဲ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအ၀င်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်သည်။

အဆိုပါ မြ၀တီခရိုင်ရှိ ဖလူးဂွင်အတွင်း လွန်ခဲ့သည့် နိုဝင်ဘာလ ၂၄ရက်နေ့ကစပြီး နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မ ဟာ(၅) တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီး လက်ရှိအချိန် တွင် တချို့သော ရွာသူရွာသားများ ပြန်လည် နေထိုင်ပြီဖြစ်သော်လည်း တချို့မှာမူ မပြန်ရဲသေးဘဲ ထိုင်းဘက်ခြမ်းတွင် ခိုလှုံ နေဆဲဖြစ်သည်ဟု သိရသည်။


Ref: KIC News

Read More...

Tuesday, December 7, 2010

စစ်မှန်တဲ့ ဆွေးနွေးပွဲဖြစ်ရေး အမေရိကန် ကိုယ်စားလှယ် မြန်မာပြည်ကိုသွား

တနင်္လာ, 06 ဒီဇင်ဘာ 2010


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာပြီးချိန်က စလို့ ဒီနေ့အထိ နှစ်နိုင်ငံ အကြားမှာ ပထမဆုံး အကြိမ် အဆင့်မြင့် ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် အမေရိကန်နိုင်ငံ အကြီးတန်း သံတမန်တယောက် မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ ရောက်ရှိလာမှာ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ၀ိုင် ယွန်း (Joseph Y.Yun) ဟာ မြန်မာနိုင်ငံမှာ ၄ ရက်ကြာ နေထိုင် လိမ့်မယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

အဲဒီခရီးစဉ် အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေသူတွေ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ အင်အားစုတွေ၊ မြန်မာအစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် နေအိမ် အကျယ်ချုပ် သက်တမ်း ၇ နှစ် ပြည့်မြောက်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကမှ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ နိုဝင်ဘာနဲ့ ၂၀၁၀ မေလတွေတုန်းက အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မစ္စတာ ကမ်းဘဲလ်ရဲ့ ဒုတိယ ခရီးစဉ် အတွင်းမှာမှ အဲဒီအချိန်က နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး အာဏာပိုင်တွေ တာဝန်ကျေဖို့လို

ဦးရော်နီညိမ်း
တနင်္လာ, 06 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ နိုင်ငံတကာ မျှော်လင့်ထားတာနဲ့ အတော်ကို အလှမ်းဝေးတဲ့ အတွက် စိတ်မကောင်းဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ကြတဲ့ ပါတီ ကိုယ်စားလှယ် တော်တော်များများနဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ နမ်ဘီးယားနဲ့ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့တို့ တွေ့ဆုံ အပြီးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ခရီးစဉ် အကြောင်းကို တနင်္လာနေ့က မရှင်းပြခင်မှာ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဦးရော်နီညိမ်းက တင်ပြ ပေးထားပါတယ်။

ဒီနှစ်ဆန်းကမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ဟာ ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ၂ ရက်ကြာခရီး သွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။

အခုအခါမှာ ကုလသမဂ္ဂကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ မစ္စတာ နမ်ဘီးယားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတွေက ကုလသမဂ္ဂ ဆိုင်ရာ သံတမန်တွေကို အတွင်းရေးမှူးချုပ် ကိုယ်တိုင် ရှင်းလင်း တင်ပြခဲ့ပါတယ်။

အခုလို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ဝင် သံတမန်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မစ္စတာ ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ မာတင် နက်စာကီးက သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ဒီနေ့မနက်မှာ အတွင်းရေးမှူးချုပ်ဟာ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မစ္စတာ နမ်ဘီးယားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ အရေးမှာ သူ့ရဲ့ အထူးသံတမန် အနေနဲ့ မစ္စတာ နမ်ဘီးယား လုပ်ကိုင်ခဲ့တဲ့ ဘောင်အတွင်းက အပေးအယူ အတိုင်းအတာကို အတွင်းရေးမှူးချုပ်က ရှင်းပြ ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးဆုံးသွားခဲ့တဲ့ ရွေးကောက်ပွဲကတော့ နိုင်ငံတကာ မိသားစုက မျှော်လင့်ထားတဲ့ အဆင့်အတန်းထက် အလွန်ပဲ နိမ့်ကျ ခဲ့တာကို သူ့အနေနဲ့ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရတယ်လို့ အတွင်းရေးမှူးချုပ်က မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ပြောကြား သွားခဲ့ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးပါတီတွေ ရင်ဆိုင် တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေကို အဓိက ထားပြီး ဆွေးနွေး ဖြစ်ခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားက မြန်မာနိုင်ငံက မထွက်ခွာခင် ကလည်း ပြောဆို သွားခဲ့ပါတယ်။

ရှေ့လာမယ့် မြန်မာ့နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ သံတမန်တွေနဲ့ ပြောဆို ဆွေးနွေး ခဲ့တာတွေကို မစ္စတာ မာတင် နက်စာကီးက အခုလို ဆက်ပြီး ရှင်းပြပါတယ်။

“အနာဂတ်ကို မျှော်မှန်းပြီး ကျနော်တို့က မြန်မာနိုင်ငံ အာဏာပိုင်တွေကို ဆက်လက်ပြီး တိုက်တွန်း နှိုးဆော်နေဖို့ လိုအပ် နေတာကတော့ မြန်မာ့နိုင်ငံရေး အသွင် ကူးပြောင်းတဲ့ ကိစ္စမှာ ကျယ်ကျယ် ပြန့်ပြန့် ရှိဖို့နဲ့ အရေးပါသူတွေ အားလုံး ပါဝင်ရေးပါပဲလို့ အတွင်းရေးမှူးချုပ်က ပြောသွားခဲ့ပါတယ်။ လာမယ့် ၂ လတာ ကာလဟာ မြန်မာ့နိုင်ငံရေးမှာ သိပ်ကို အရေးကြီးတဲ့ အချိန်ပါလို့လည်း အတွင်းရေးမှူးချုပ်က မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

“ဒီကာလမှာ မြန်မာ့နိုင်ငံရေး တိုးတက် ဖြစ်ထွန်းလာဖို့ အဆုံးအဖြတ်ပေးမယ့် လမ်းကြောင်းသစ် ပေါ်ထွက် လာမယ့် အလားအလာ ရှိနေသလို နိုင်ငံ တကာမှာလည်း ဒီအပြောင်းအလဲကို လက်ခံမယ်၊ လက်မခံဘူး သုံးသပ်ကြမှာ ဖြစ်ပါတယ်လို့ အတွင်းရေးမှူး ချုပ်က ပြောသွားပါတယ်။ ဒီကာလမှာ မြန်မာ အာဏာပိုင်တွေဟာ တာဝန်ရှိတဲ့ အတိုင်း အတိအကျ လုပ်ကိုင် ဆောင်ရွက်သွားဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသင့်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောကြား သွားခဲ့ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ရွေးကောက်ပွဲ မတိုင်ခင် သွားရောက်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆို ခဲ့ပေမဲ့ မြန်မာ စစ်အစိုးရ ကတော့ သူ့ကို ရွေးကောက်ပွဲ မတိုင်ခင် လာခွင့် မပြုခဲ့တဲ့ အတွက် သူ့အနေနဲ့ မြန်မာ့အရေးကို ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဇွန်လက စင်ကာပူ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို အရင် သွားရောက်ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်တဲ့ အကြောင်း၊ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကန့် အသတ်တွေ ရှိနေပေမဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို လေးစားကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ညနေပိုင်းမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ မစ္စတာ နမ်ဘီးယား၊ မစ္စတာ ဘန်ကီမွန်းတို့နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာ့ မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတချို့ကတော့ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ပေါ်တူဂီ စတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မန်ယူကိုဝယ်ဖို့ ဗိုလ်ချုပ်မှူးကြီး စဉ်းစားခဲ့သလား

တနင်္လာ, 06 ဒီဇင်ဘာ 2010

သတင်းပေးပို့ချက်တွေအရ မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းကို အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ (၁ ဘီလီယံ) ပေးပြီး ၀ယ်ယူဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ မတိုင်ခင်က မြေးဖြစ်သူ တိုက်တွန်းလို့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ငွေပေါင်း ၁ ဘီလီယံ ဒေါ်လာ အကုန်ခံပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ဖို့ စဉ်းစား ခဲ့တယ်လို့ ၀ီကီလိခ် (WikiLeaks) အင်တာနက် စာမျက်နှာ ဖွင့်ချမှုကနေ အဲဒီနှစ် ဇွန်လမှာ အမေရိကန်သံရုံး သံတမန် ကြေးနန်းစာတွေက ဖော်ပြခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး မုန်တိုင်းဒဏ်ကို ခံခဲ့ ရတာကြောင့် ဒီအကြံကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်အစား National Football League လို့ခေါ်တဲ့ အမျိုးသား ဘောလုံးအဖွဲ့ချုပ်ကို မြန်မာ အစိုးရက ထူထောင် ခဲ့တယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

ကြံ့ဖွံ့ပါတီ၏ “ပြည်သူများသို့ကျေးဇူးတင်လွှာ” ကို နိုင်ငံရေးပါတီများ ဝေဖန်

ခင်ဦးသာ Monday, 06 December 2010

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ပြည်သူသို့ ကျေးဇူး တင်လွှာသည် ရွေးကောက်ပွဲရလဒ် ၏ မတရားမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု ရွေးကောက်ပွဲ ၀င်ခဲ့သော ပါတီ ခေါင်းဆောင်များက ပြောသည်။

“မတရားတဲ့ အရာကို တရားဝင်အောင်၊ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲ့ သဘောပါ။ ဒီလိုလုပ်ရုံနဲ့ တရား ၀င်လာမှာလည်း မဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပကလည်း အသိအမှတ် မပြုဘူး” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရသည် နိုင်ငံပိုင် မီဒီယာများအား နည်းမျိုးစုံဖြင့် အသုံးချကာ ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြု နေကြောင်း၊ ၎င်းတို့၏ လုပ်ရပ်သည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းလည်း ဦးသုဝေက ဆိုသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ နည်းလမ်းစုံဖြင့် အနိုင်ယူ သွားခြင်းကို ပြည်သူများက ၎င်းတို့ ပါတီအား ယုံကြည် အားကိုးစွာ ထောက်ခံမဲ ပေးခဲ့ကြ၍ လွှတ်တော် သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင် ရခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ထောက်ခံခဲ့ကြသည့် ပြည်သူ လူထုကြီးအား ကျေးဇူး ဥပကာရ တင်ရှိ ပါကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် သတင်းစာများ၌ ရေးသားထားသည်။

“ဒါက ကမ္ဘာကျော်လောက်တဲ့ ဟာသတခုပဲ။ နိုင်ငံပိုင် မီဒီယာတွေကို သူတို့ပိုင် မီဒီယာ လုပ်ပြီးတော့ ပြောချင်ရာပြော၊ ရေးချင်တာရေး လုပ်နေကြတယ်။ သူတို့ ဘယ်လိုပဲ ပြောနေ၊ ရေးနေပါစေ ပြည်သူက မယုံကြည်ပါဘူး။ ပြည်သူတွေက ထောက်ခံလို့ နိုင်တာမှ မဟုတ်ဘဲ၊ ဒီကိစ္စကို လူတိုင်းသိတယ်။ ကြိုတင်မဲတွေ အိတ်လိုက် ယူလာပေး သူတွေကိုလည်း ကျေးဇူး တင်သင့် တယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

ရွေးကောက်ပွဲ၌ ပြည်သူအများစု၏ ထောက်ခံမဲကို ရရှိခဲ့သော်လည်း ကော်မရှင်က ရှုံးသည်ဟု ကြေညာ ခံခဲ့ရသည့်တိုင် ပြည်သူများကို ကျေးဇူး တင်လိုသည့် အတွက် ရွေးကောက်ပွဲ အပြီး နောက်တနေ့တွင် ပြည်သူသို့ ကျေးဇူးတင်လွှာ တစောင်ထည့်ရန် သတင်းစာတိုက်၌ လျှောက်ထား သော်လည်း ခွင့်မပြုနိုင်ဟု ဆိုကာ ပယ်ချခဲ့ကြောင်း၊ ထိုသို့ ပြောခဲ့ပြီးမှ ယခုအခါ ကြံ့ဖွံ့၏ ပြည်သူသို့ ကျေးဇူးတင်လွှာ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း ဦးသုဝေက ဆိုသည်။

“ကျနော်တို့ တင်တုန်းက ပယ်ခဲ့ပေမယ့် ကြံ့ဖွံ့ကြေညာမယ့်ရက် မတိုင်ခင်ညမှာ ကျနော်တို့ ပါတီကို တလေး တစားပဲ ဖုန်းဆက်ပြီးတော့ ခင်ဗျားတို့ တင်တာ ခွင့်ပြုတယ်၊ ကျနော်တို့ အကုန် အဆင်ပြေအောင် လုပ်ထားပြီးပြီ၊ ထည့်ပေးလိုက်မယ်၊ ပိုက်ဆံ ပေးစရာလည်းပဲ မလိုသေးဘူး ဆိုပြီး ပြောလာတယ်။ ဒီတော့ အတော် အံ့သြသွားတယ်၊ တယ် သဘောကောင်း နေပါလား၊ အပြောင်းအလဲ တွေ ဖြစ်သွားတာလို့ စဉ်းစားမိတယ်” ဟု ဦးသုဝေ က ရှင်းပြသည်။

ကြံ့ဖွံ့ပါတီ၏ ကျေးဇူးတင်လွှာအား ဖော်ပြခဲ့သဖြင့် ၎င်းတို့ပါတီ၏ ကြေညာချက်အား ထည့်မပေးပါက မကောင်းတတ်သည့် သဘောဖြင့်သာ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း ဟု ဦးသုဝေ က ဆိုသည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြည်သူသို့ ပေးပို့သော နှစ် ၉၀ ပြည့်အမျိုးသားနေ့ သ၀ဏ်လွှာ ၌လည်း နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခုဖြစ်ကြောင်း၊ ချမှတ်ထားသည့် လမ်းစဉ် ၇ ရပ်တွင် ၅ ခု ပြီးစီးနေပြီဖြစ်၍ ကျန်၂ ခုအား အကောင်အထည် ဖော်ပြီးပါက ပြည်သူက ရွေးကောက်ထားသည့် အစိုးရ တရပ် ဖွဲ့ပြီး ပြည်သူများထံ အာဏာ လွှဲပြောင်း ပေးသွားမည်ဟု ဆိုသည်။

“ကြံ့ဖွံ့ပါတီရဲ့ပြည်သူသို့ကျေးဇူးတင်လွှာ ဆိုတာက ပြည်သူတွေကို တိုက်ရိုက်စော်ကား လိုက်သလို၊ သူတို့လုပ်ချင်တာ လုပ်လို့ ရတယ် ဆိုတာ ပြသလိုက်တဲ့ သဘောပဲ” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးသိန်းဌေးက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ၎င်းတို့ ဘက်သားများဖြစ်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပေါင်း၍ ရွေးကောက်ပွဲ၌ ၎င်းတို့ ချမှတ်ထားသည့် ဥပဒေကို တိုက်ရိုက် ချိုးဖောက် မသမာမှုများ ပြုလုပ် အနိုင်ယူခဲ့ခြင်း အပေါ် ပြည်သူများက ထောက်ခံသည်ဟု မရေးသင့်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကိုလည်း ရက်ပေါင်း ၆၀ ပြည့်မှာသာ တရားဝင်ဖြစ်ကြောင်း ကြေညာရမည်ဟု ကော်မရှင်က ပြဌာန်း ထားကြောင်း၊ ထိုဥပဒေကိုပါ ယခုထပ်မံ ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း ဦးသိန်းဌေးက ဆက်ပြောသည်။

“ကြံ့ဖွံ့က သူတို့ရဲ့မတရားမှုကို ဘယ်သူမှ အသိအမှတ်မပြုသေးတော့ တိုင်းရင်းသား ပါတီတွေကို စည်းရုံးလိုက်၊ တခြား အနိုင်ရ သူတွေကို စည်းရုံးလိုက်၊ နည်းလမ်းစုံနဲ့ တရားဝင် ဖြစ်ရေး လုပ်နေတယ်။ သူတို့က အဲဒီလို လုပ်နေလည်းပဲ တရားဝင်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် အင်အားသုံး၍ တဘက်သတ်အနိုင်ယူနေသောကြောင့် ဒီမိုကရက်တစ် အင်အားစုများ အနေဖြင့် အပြော မဟုတ်ဘဲ အလုပ်ဖြင့် အင်အားကောင်းသည့် အဖွဲ့အစည်း ဖြစ်ရေးကို လုပ်ဆောင်နေကြောင်း၊ တဘက်မှ အင်အား ကောင်းလာပါက တခြား တဘက်သည် အင်အား နည်းတတ်သည့် သဘောရှိ၍ ဒီမိုကရက်တစ်များက စုစည်းညီညွတ်မှု ရှိစေရန် လုပ်ဆောင်ရေးသည် အရေးကြီး နေကြောင်းလည်း ၎င်းက ပြောသည်။

“ကြံ့ဖွံ့လုပ်ရပ်တွေက ဒီမိုကရက်တစ် အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေကို အားနည်း သွားအောင်၊ ညှိုးနွမ်း သေးသိမ်သွားအောင် တမင် လုပ်နေတာပါ။ ဒါကို တွန်းလှန် နိုင်ရေးဟာ အရေးကြီးတယ်” ဟု ဦးသိန်းဌေးက ပြောသည်။

အားလုံးပါဝင်သည့် အမျိုးသား ရင်ကြားစေ့ရေး မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ မရနိုင်သေး ဟုလည်း ၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ အများအပြားနှင့်ရင်ဆိုင်နေရသော်လည်း ကြံ့ဖွံ့ပါတီသည် ရှေ့ဆက်သွားမည့် လမ်းစဉ် များကိုသာ တခုပြီးတခု လုပ်ဆောင်နေပြီး မကြာမီ လွှတ်တော် ခေါ်ယူနိုင်ရေးကို လုပ်ဆောင် နေကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့်ရွေးကောက်ပွဲ ရလဒ်အရ လာမည့်လွှတ်တော်၌ စစ်သားကိုယ်စားလှယ်နှင့် ကြံ့ဖွံ့ ကိုယ်စားလှယ် အရေ အတွက်သည် ပြည်သူ့ လွှတ်တော်တွင် ၈၅ ရာခိုင်နှုန်းနီးပါး၊ အမျိုးသား လွှတ်တော်တွင် ၈၂ ဒသမ ၅၈ နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၈၀ ရာခိုင်နှုန်းကျော် နေရာ ရရှိမည် ဖြစ်သောကြောင့် လွှတ်တော် ၃ ရပ်စလုံး၌ ကြံ့ဖွံ့နှင့် စစ်တပ် ကိုယ်စားလှယ်များသည် ၈၂ ရာခိုင်နှုန်းခန့် လွှမ်းမိုး ထားမည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်

သန်းထိုက်ဦး
Monday, 06 December 2010 17:24

စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။

မြဝတီ မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် DKBA တပ်များ တိုက်ပွဲ ဆက်တိုက် ဖြစ်နေသောကြောင့် ဒုက္ခသည်များလည်း ထိုင်းနိုင်ငံ ဘက်သို့ ပြေးဝင် ခိုလှုံ နေရဆဲဖြစ်သည်။

မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅ နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာ အနီးရှိ ဒေသခံများက ဆိုသည်။

ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက် ထားကြောင်း သိရသည်။

ယင်း ဒုက္ခသည်များကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များ ထားရှိရာသို့ လာရောက် ကြည့်ရှုခဲ့ပြီး အလျင်စလို ပြန်ပို့ရန် မလိုအပ် သေးကြောင်းနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း ပြောသွားသည်ဟု သိရသည်။

ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ လူ့အခွင့်အရေး လှုပ်ရှားနေသော NGO အဖွဲ့ အစည်း တချို့က အစားအသောက်များ ကူညီ ထောက်ပံ့ ပေးထားသည်ဟု မဲဆောက် မြို့ခံများက ဆိုသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး ရောက်ရှိလာသော ဒုက္ခသည် များကို အချိန် မတန်သေးဘဲ ပြန်မပို့ရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး (HRW) အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆို ထားသည်ဟု သိရသည်။

HRW မှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်ဆန်က “မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတွေကို ထိခိုက်မှု မရှိအောင် နှစ်ဘက်လုံးက အလေးထားတာမျိုး မပြခဲ့ဘူး”ဟု ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူ မြို့နယ်နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ် များတွင် စစ်အစိုးရ တပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာ ဝန်းကျင် ဒေသများတွင် ဖြစ်ပွားကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက သင်္ကန်းညီနောင်၊ ဖလူး၊ မယ်သဝေါနှင့် မာနယ် ပလောဒေသ တလျှောက်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ရန်သူ (နအဖ တပ်တွေ) က အဲဒီဘက်တွေမှာ မထိန်းနိုင်တော့ဘူး။ DKBA ကလည်း မညီညွတ်တော့ဘူး ဆိုတော့ ကျနော်တို့
ဘက်က ပျောက်ကျားစနစ်နဲ့ လစ်တာနဲ့ ထတိုက်မှာပဲ” ဟု သူက ဆက်ပြောသည်။

ပျောက်ကျား တပ်များကို အဆိုပါဒေသများသို့ ထပ်မံ တိုးချဲ့ရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် KNU လက်အောက်ခံတပ်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅)၊ တပ်မဟာ (၇) လက် အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း(၂၂) တပ်များ ပူးပေါင်းကာ လှုပ်ရှား နေကြောင်းလည်း KNLA အသိုင်း အ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူ သောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။


Ref: ဧရာဝတီ်

Read More...

BGF တပ်ဖွဲ့ဝင် ၁၇ဦး ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာ

Monday, 6 December 2010

ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဖလူးကျေးနယ်တွင် လှုပ်ရှားလျှက်ရှိသော ကရင်နယ်ခြားစောင့် တပ်(BGF) တပ်ရင်း (၁၀၂၂) မှ တပ်ခွဲမှူး တဦး အပါအ၀င် ၁၇ ဦးသည် ဒီဇင်ဘာလ ၃ ရက်နေ့က ကေအဲန်ယူထံ ထွက်ပြေး ရောက်ရှိ လာသည်ဟု သိရသည်။

ထိုနေ့ညနေတွင် ဖလူးကျေးရွာ အခြေစိုက် ဗိုလ်မှူးစောမုတ်သုန် ဦးစီးသည့် BGF (၁၀၂၂)တပ်ရင်းမှ တပ်ခွဲ (၁)မှူး ဗိုလ်ကြီး စောသိန်းမြိုင် (ခေါ်) ဗိုလ်ခေါင်းဖြူ ဦးဆောင်သည့် အဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ဆက်လက် လုပ်လိုစိတ် မရှိတော့သဖြင့် မိမိတို့တပ်စခန်းမှ ထွက်ပြေးသွားခဲ့ပြီး ကေအဲန်ယူ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း တပ်ခွဲမှူး ဗိုလ်ကြီး စောသိန်းမြိုင်က ပြောသည်။

“ကျနော်တို့ နယ်ခြားစောင့်တပ် လုပ်နေပေမယ့် စိတ်မှမပါတာ။ အဲဒါကြောင့် တယောက်နဲ့ တယောက် တိုင်ပင်ပြီးတော့ ညနေ ၆ နာရီကျော်မှာ စခန်းကနေ ထွက်ပြေးခဲ့လိုက်တယ်။ ပြီးမှ ကေအဲန်ယူနဲ့ ဆက်သွယ် လိုက်တာပါ။”ဟု ပြောသည်။

ထွက်ပြေးခဲ့သည့် အဆိုပါ BGF တပ်ဖွဲ့ဝင်များထဲတွင် တပ်ခွဲမှူး၊ ဒုခွဲမှူး၊ ဒုဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်ကြီးနှင့် တပ်သား ၁၂ ဦးတို့ ပါရှိပြီး ၎င်းတို့၏ လက်နက် ၁၉ လက်နှင့် ခဲယမ်းအချို့မှာ ကေအဲန်ယူနှင့် မချိတ်ဆက်မိခင် လမ်းခုလတ်တွင် ရွာသားတစ် ဦး၏ ဖြားယောင်းမှုကြောင့် အကြောင်းမဲ့ ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်ကြီးစောသိန်းမြိုင်က ပြောသည်။

သူက “ကျနော်တို့ထွက်လာတော့ လမ်းမှာ ရွာသားတယောက်နဲ့ဆုံတယ်။ သူက မင်းတို့တွေ အဲလို ထွက်ပြေး လာတော့ လုံခြုံရေး စိတ်မချရဘူးတဲ့။ ဒါကြောင့် လက်နက်တွေကို သူ တာဝန်ယူပေးမယ် ဆိုလို့ ကျနော်တို့က ပေးလိုက်မိတာ လူရော၊ လက်နက်ပါ မတွေ့တော့ဘူး။”ဟု ဆိုသည်။

၎င်းတို့၏ ပြောဆိုချက်အရ နယ်ခြားစောင့် တပ်ဖွဲ့ဝင် အများစုမှာ မိမိတို့၏ တပ်ရင်း နံပါတ်ကိုပင် မသိရှိဘဲ တပ်ရင်းမှူး အမည်ကိုသာ မှတ်သား ထားကြောင်း သိရသည်။

ယင်းသို့ ကေအဲန်ယူထံသို့ ထွက်ပြေးရောက်ရှိလာသည့် အဆိုပါ BGF တပ်ဖွဲ့ဝင်များကို ကေအဲန်ယူမှ ကောင်းမွန်စွာ ကြိုဆို လက်ခံခဲ့သည့် အပြင် လိုအပ် သည်များကိုလည်း ကူညီ ဆောင်ရွက် ပေးထားကြောင်း ကေအဲန်အယ်လ်အေ (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် ဦးဆောင်သည့် BGF အမှတ်(၁၀၂၂)တပ်ရင်းသည် ယခင် ဒီကေဘီအေ အဖြစ် ရပ်တည်ခဲ့ စဉ်က ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်ခံ (၉၀၇) တပ်ရင်းဖြစ်သည်။

Ref: KIC News

Read More...

ကေအိုင်အေတပ် စခန်းကို နအဖစစ်တပ်က ပစ်ခတ်

Monday, 06 December 2010

ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီးရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်စခန်း တစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မြန်မာ စစ်တပ်က စတင် ပစ်ခတ်ရာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်မြို့နှင့် မိုင်ဂျာယန် အကြား ကောင်းဆာရွာအနီးရှိ ကေအိုင်အေ တပ်ရင်း ၁၆ လက်အောက်ခံ တပ်စခန်း တစ်ခုကို မြန်မာ စစ်တပ်၏ ခလရ ၂၃၆ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အေ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များက ကောင်းဆာရွာ အတွင်း ၀င်ရောက်၍ တပ်သားသစ် စုဆောင်း နေရာမှ ယခု ပစ်ခတ်မှု စတင်ခဲ့ပြီး နအဖ ဘက်မှ ထိုးစစ်ဆင်သည့် အနေအထား မဟုတ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စုဆောင်းရေးဆွဲရာကနေ စဖြစ်တာ ကေအိုင်အေက ကောင်းဆာရွာမှာလူလာဖမ်းတာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးလည်း လုပ်နေတယ် ဆိုတော့ ဘယ်လို ဖမ်းလဲမသိဘူး အဲဒီရွာက ကေအိုင်အေ စခန်းနဲ့ နီးနီးလေးပဲ ကေအိုင်အေ အဖွဲ့ စခန်းပေါ် တက်ပြေးတော့ နအဖက စခန်းကို ပစ်တာ နှစ်ဘက် အပြန်အလှန် ပစ်ကြတာပေါ့ ” - ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုနေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင် လွယ်ဂျယ်မြို့သို့ ရောက်ရှိနေရာ နှစ်ဘက် တပ်များ လုံခြုံရေး တိုးမြှင့် ထားချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

ယခု ပစ်ခတ်မှုအတွင်း နှစ်ဘက်အကျအဆုံးမရှိကြောင်း ကေအိုင်အို သတင်း ရပ်ကွက်က ပြောသည်။

စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ကေအိုင်အို ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ နအဖ စစ်ရဟတ်ယာဉ် တစ်စီး နယ်ကျော် ၀င်ရောက်ခဲ့ရာ ကေအိုင်အိုဘက်မှ ပစ်ခတ် သတိပေးခဲ့ရကြောင်း သိရသည်။

လတ်တလော မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဘက်မှ ကုန်ကားများ လိုင်ဇာသို့ သွားလာမှုကို ပိတ်ပင်ထားသဖြင့် လိုင်ဇာမြို့၌ ကုန်စည် စီးဆင်းမှု ရပ်ဆိုင်း နေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့မှ ဦးအောင်ဝါက ပြောသည်။

နယ်ခြားစောင့်တပ်ငြင်းဆန်နေသည့် ကေအိုင်အိုနှင့် နအဖတို့ အကြား စစ်ရေးတင်းမာနေရာ လွန်ခဲ့သည့် လက ကချင်ပြည် နယ်အတွင်း ဖွင့်လှစ်ထားသော ကေအိုင်အို ဆက်ဆံရေး ရုံးများကို ပိတ်ပစ်ရန် နအဖက ကေအိုင်အိုကို အကြောင်းကြား ခဲ့ပြီး ယခု လဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း နအဖတပ်များ စစ်အင်အား ဖြည့်တင်းနေကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်း ဗုံးပေါက်ကွဲ

Monday, 06 December 2010

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ မြို့မတောင် ရပ်ကွက်၌ လက်သည်မသိ ဗုံးပေါက်ကွဲမှုတခု ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့ကြာင်း စုံစမ်း သိရှိရပါသည်။

“လင်းခေး ဝမ့်တိုက်ရပ်ကွက်- ရပ်ကွက် ဥက္ကဌဟောင်း လုံးတာယရဲ့အိမ်ရှေ့မှာ ဗုံးပေါက်ကွဲတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ သောကြာညမှာ ဖြစ်တာ။ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ညအချိန် ဆိုတော့ အသံကြားရလဲ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” - ဟု တောင်ရွာ ရပ်ကွက် ဒေသခံ တဦးက ပြောသည်။

လက်သည်မသိ၊ အကြောင်းရင်းမသိရသော်လည်း အဆိုပါ လုံးတာယ ရပ်ကွက် ဥက္ကဌတာဝန်မှ အနား မယူမီက ဥက္ကဌ အာဏာသုံးပြီး ဒေသခံ ရွာသားများထံ ပိုက်ဆံကောက်ခြင်း၊ နအဖ စစ်အာဏာပိုင် ဆန္ဒအတိုင်း အကျိုးဆောင် လုပ်ပေးလေ့ ရှိခြင်းကြောင့် ဖြစ်သည်ဟု လင်းခေး ဒေသခံ တဦးက ဤကဲ့သို့ပြောပြသည်။

“ ဦးတာယ က (မြို့မတောင်ရပ်ကွက်ဥက္ကဌ ဟောင်း) အသက် ၅၅ နှစ်လောက်ရှိတယ်။ သူဥက္ကဌ လုပ်တုန်းက အာဏာ တအားသုံးတယ်။ ရွာသားတွေဆီက ပိုက်ဆံ ကောက်တယ်။ သူ့အိမ်မှာ ဖုန်းတပ်ဖို့။ နောက်ပြီး သူသုံးဖို့ ဆိုင်ကယ် တစီးဝယ်ဖို့။ ထိုင်းကို အလုပ် သွားလုပ်တဲ့ သားသမီးတွေ ရှိတဲ့ အိမ်ဆို ၂ ဆကောက် တယ်။ သူအလုပ်က ထွက်ရင် တက်လာတဲ့ ဥက္ကဌသစ်ကို အဲဒီပစ္စည်းတွေ လွှဲပေးမယ်ဆိုဘဲ။ အခုဥက္ကဌသစ် တက်လာလဲ လွှဲမပေးသေးဘူး” - ဟု ဆိုသည်။

ယခုနှစ်များအတွင်း အဆိုပါလုပ်ရပ်မျိုး လင်းခေးမြို့ရပ်ကွက်ဥက္ကဌတို့ ကျင့်သုံး လာကြသဖြင့် ရွာသားများ ငြီးငြူ နေကြသည်ဟု ၎င်းကပြော ပြသည်။

“လင်းခေးမှာအိမ်တိုင်းနီးပါး ထိုင်းကိုသွားအလုပ်လုပ်ကြတယ်လေ။ သူတို့ပိုက်ဆံကောက်မယ် ဆိုရင် ထိုင်း အလုပ်သွား လုပ်တဲ့ အိမ်ဆိုရင် ၂ ဆ ထည့်ရမယ် ဆိုတာ ဖြစ်လာတယ်။ သာမာန်အားဖြင့်က ဟိုကြေး ဒီကြေး အရမ်းကို များနေပြီ။ ၂ ဆ ထည့်ရမယ်လို့ လုပ်လိုက် ပြန်တော့ လူတွေက မခံနိုင်ကြတော့ဘူး”- ဟု အမည် မဖော်လိုသည့် ကျောင်းဆရာမ တဦးက ပြောသည်။

ယခုနှစ်ဆန်းပိုင်း လုံးတာယ ရပ်ကွက်ဥက္ကဌ အလုပ်မှ နှုတ်ထွက်ပြီး နောက်ပိုင်း အတွင်းရေးမှူး စိုင်းစိန္တာက ရပ်ကွက် ဥက္ကဌ ရာထူး ဆက်ခံလာ သည်ဟုလည်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, December 6, 2010

ဒေါ်စုကို ဝေဖန်သော ဆောင်းပါး ဂျာနယ်များကို ဖော်ပြခိုင်း

ဆလိုင်း ဟံသာစန်း
သောကြာနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက် မနည်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနက ထည့်ခိုင်းသည်။

ကလောင်ရှင် ငါးမင်းဆွေ ရေးသားသော ဒေါ်အောင်ဆန်းစုကြည်သို့ (၂) အမည်ရှိ ဆောင်းပါးတွင် စီးပွားရေး ပိတ်ဆို့ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင် ဝေဖန်ထားကာ ဆောင်းပါးကို 7 Days ၊ ပြည်မြန်မာနှင့် News Week ဂျာနယ်များတွင် စာပေ စိစစ်ရေးနှင့် မုတ်ပုံတင် ဌာနကတဆင့် ဖော်ပြစေခြင်း ဖြစ်သည်။

“စာပေစိစစ်ရေးက မထည့်မနေရ ထည့်ခိုင်းတာ။ စာမူကို စာပေစိစစ်ရေးက လာယူခိုင်းပြီးတော့ အဲဒါကို ဂျာနယ်ထဲကို ထည့်ပေးဆိုပြီး ခိုင်းတာလို့ သိရတယ်” ဟု ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

ဂျာနယ်များတွင် စစ်အစိုးရအာဘော် ပေါ်လစီဆောင်းပါးများကို စိစစ်ရေးက မထည့်ခိုင်းဘဲ နေခဲ့သည်မှာ ၃ လ ကျော်ခဲ့ပြီ ဖြစ်ရာမှ ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“အီရတ်နိုင်ငံကို အမေရိကန်နဲ့ အနောက်အုပ်စုတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခဲ့တဲ့ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သွားပြီး အီရတ် ကလေးငယ် အများအပြား သေဆုံး ခဲ့ကြရပါတယ်။ ဒါကြောင့် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိ ဖြစ်ပေါ်စေတဲ့ အကြမ်းဖက် တိုက်ခိုက်ခြင်း ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး” ဟု ဆောင်းပါးတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မိမိတို့အနေဖြင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေး အတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပြီး၊ ဒဏ်ခတ် ပိတ်ဆို့မှုများကို အလုံးစုံ ပြန်လည် သုံးသပ်မည်ဟု ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ပါတီရုံးချုပ်၌ မဇ္ဈိမနှင့် လူချင်းတွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် ပြောဆိုထားသည်။

“ကျမတို့ပြောပြီးပါပြီ၊ ပိတ်ဆို့ဒဏ်ခတ်မှု ကိစ္စရပ်ကြီး တခုလုံးကို ကျမတို့ ပြန်သုံးသပ်မှာပါ။ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ပြည်သူ လူထုကို တကယ်တမ်း ထိခိုက်မှု ရှိမရှိ၊ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ အကျိုးတွေက ဘာတွေလဲ၊ ဒဏ်ခတ် ပိတ်ဆို့မှုပေါ် စီးပွားရေး အမြင်နဲ့ နိုင်ငံရေးအမြင် ဒါတွေ ရှိပါတယ်။ ပြန်သုံးသပ် သွားမှာပါ” ဟု သူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်နှစ် စက်တင်ဘာ လကုန်ပိုင်းတွင် ကမ်းလှမ်း ခဲ့သေးသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးထံမှ တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် အမျိုးသား အရေးပေါ်အခြေအနေ ကြေညာချက်ဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပြီး ၂ဝဝ၃ ၊ ၂ဝဝ၇ နှင့် ၂ဝဝ၈ ခုနှစ်တွင် ပိတ်ဆို့မှု သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်တော နေအိမ်တွင်း ဝင်ရောက်မှုဖြင့် စစ်အစိုးရက အင်းစိန် ထောင်တွင် ချုပ်နှောင် ခဲ့ပြီးနောက် ယခုနှစ် မေလ ၁၅ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမားက ပိတ်ဆို့မှု သက်တမ်း တနှစ် တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

ငါးမင်းဆွေသည် ၂ဝဝ၅ ခုနှစ်မှစ၍ အပတ်စဉ်ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် “မျှော်လင့်ချက်တို့ မဝေးစေလိုပါ” ခေါင်းစဉ်ဖြင့် စစ်အစိုးရကို အကာ အကွယ်ပေးကာ အတိုက်အခံများကို ဝေဖန် ပုတ်ခတ်လေ့ရှိသည်ဟု လူပြောများသည့် နိုင်ငံရေး ဆောင်းပါးများ ရေးသားခဲ့သူ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဦးခင်ညွန့် ဗီဒီယိုဖိုင် အသံနှင့် ထပ်မံထွက်ပေါ်

ရန်ပိုင်
Saturday, 04 December 2010

နေအိမ် အကျယ်ချုပ် ကျနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ လာရောက် ခေါ်ယူသွားသည့် ဗီဒီယို အသံဖိုင်သည် ယနေ့ Facebook လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် အသံနှင့် တကွ ထပ်မံ ထွက်ပေါ်လာသည်။

ယင်း ဗီဒီယိုဖိုင်တွင် ရဲချုပ် ခင်ရီက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား လာရောက် ခေါ်ယူရခြင်းကို ရှင်းပြသည့် အသံမှာ ကြားရခြင်း မရှိသော်လည်း ဦးခင်ညွန့်က “ရတယ်လေ မင်းတို့ ခေါ်ရင် လိုက်ရမှာပေါ့။ ပစ္စည်း ပစ္စယတွေ ထည့်ဦးမယ်” ဟု ဆိုကာ အားမတန်၍ မာန်လျှော့သည့် အမူအရာကို တွေ့ရသည်။

ထို့နောက် ရဲချုပ် ခင်ရီက ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေပါ လိုက်ပါရန် ထပ်မံ ပြောဆိုသော အခါတွင်မူ စိတ်တိုသွားပြီး ကျယ်လောင်သော အသံဖြင့် “အိမ်မှာ ဘယ်သူမှ မကျန်ဘူး၊ သားနှစ်ယောက် စလုံးလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်ထားပြီ၊ အခု ကိုယ်ရော ကိုယ့်မိန်းမရော နှစ်ယောက်စလုံး ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး” ဟု ပြောဆို သည်ကို တွေ့ရသည်။

ရဲချုပ် ခင်ရီ၏ အသံနှင့် အမူအရာမှာ မိမိ၏ ဆရာဖြစ်ခဲ့သူ တဦးကို တိုးလျှိုး တောင်းပန်ရသည့် အသွင်သဏ္ဍန် ရှိပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမူအယာတွင်မူ အာဏာရှိစဉ် အပြုအမူများ ခဏပြန်ပေါ် လာသည်ကို မြင်ရသည်။

စိတ်ဆိုးပြီး ထိုင်ခုံအား ရှေ့သို့ ရုတ်တရက် ဆွဲယူလိုက်ပုံ၊ ပြီးမှ စိတ်လျှော့ကာ ၎င်း၏ မြေးများ ကျောင်းမတက်ရသည့် အကြောင်း၊ ပြင်ပနှင့်လည်း အဆက်အသွယ် မလုပ်ပါကြောင်းလည်း ပြောဆို နေသည်ကိုလည်း ကြားရသည်။

“အခုကတော့ကွာ ကလေးတွေလည်း ကျောင်းမတက်ရဘူး၊ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး၊ အဆက်အသွယ် ဘာမှမရှိဘူး၊ လုံခြုံရေးအရ သတ်မှတ်ချက်အတိုင်း ငါနေသားပဲ” ဟု ပြောဆိုသည်ကို တွေ့ရသည်။

ထို့အပြင် ဦးခင်ညွန့်က ယခုအခါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မရှိသဖြင့် ၀င်ငွေ မရှိကြောင်း ပြောဆိုသည့် အပြင်၊ ၎င်း၏ အိမ်ဧည့်ခန်း အတွင်းရှိ မီးမှာ ပျက်နေကြောင်းလည်း ပြောဆို သွားသည်။

ရဲချုပ် ခင်ရီက ဒေါ်ခင်ဝင်းရွှေကို ဦးခင်ညွန့်အား ပြုစုစောင့်ရှောက်ရန် အတူ ခေါ်ယူမည်ဖြစ်ကြောင်း ပြောသည့် အခါ ဦးခင်ညွန့်က “နှစ်ယောက်စလုံး အတူထားမှာလား” ဟု မေးမြန်းရာ ရဲချုပ်ခင်ရီက အတူ ထားမည်ဖြစ်ကြောင်း ခေါင်းညိတ် ဦးညွတ်ပြီး တရိုတသေ ပြောဆိုသည်ကိုလည်း မြင်ရသည်။

ထို့အပြင် အင်္ကျီအ၀တ်အစားများ ယူရန်မလိုကြောင်း ရဲချုပ် ခင်ရီက ပြောကြားသည့် အခါတွင် ဦးခင်ညွန့်မှာ ၎င်း၏ အမူအရာ အတိုင်း ရုတ်တရက် ခေါင်းကိုရမ်းလိုက်ပြီး “ယူသွားမယ်၊ ယူသွားမယ်၊ အရင် သားတွေကို ခေါ်တုန်းကလည်း ပစ္စည်းတွေ မလိုပါဘူး ပြောတော့ ဘာမှ ပါမသွားဘူး” ဟု ရဲချုပ် ခင်ရီ၏ စကားကို အကြောက်အကန် ငြင်းဆန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် စိတ်လျော့လိုက်သည့် လက္ခဏာဖြင့် “ငါလိုက်မယ်၊ အေးအေးဆေးဆေး ငါလိုက်မယ်၊ ငါဟာ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်းမဟုတ်ဘူး” ဟု ပြောဆိုပြီး အိမ်တွင် ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို ကျန်းမာရေး ဂရုစိုက်ရန် မှာကြားပြီး ၎င်း၏ မြေးများကို ဖက်ရမ်း နမ်းရှုတ်ပြီး နှုတ်ဆက် လိုက်သည်ကို တွေ့ရသည်။

ထိုအခါ မြေးတဦးက “ဖေဖေကြီး ဘယ်တော့ ပြန်လာမှာလဲ” ဟု လှမ်း၍ မေးမြန်းသည့် နေရာတွင် ဗီဒီယိုအခွေက အဆုံး သတ်ထားသည်။ ယခင် ထွက်ပေါ်လာသည့် အသံမပါသော ဗီဒီယိုဖိုင်တွင်မှု နေရာသစ်သို့ ရောက်ပြီးနောက် ဆက်လက် ဆွေးနွေးကြပုံ၊ ဦးခင်ညွန့်က ဟန်နှင့် မာန်နှင့် ပြောသည့်ပုံများကို တွေ့ရသည်။ ထိုအပိုင်းမှာ အခွေသစ်တွင် မပါရှိသေးချေ။

ယခုအခွေတွင် အသံဖိုင် ပါရှိလာသော်လည်း အချိန်ကာလ အပိုင်းအခြားကိုမူ တိကျစွာ ခန့်မှန်း၍ မရနိုင်သေးချေ။

ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင် တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ရသည်။

ထိုအပြင် သားများဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သရက်မြို့ အခြေစိုက် ခလရ ၄၄ တွင် တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းနေသည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် Bagan Cybertech ကို တည်ထောင်သူ ဒေါက်တာ ရဲနိုင်ဝင်း တို့လည်း ဖမ်းဆီးချုပ် နှောင်ခြင်း ခံခဲ့ရသည်။

၁၉၈၃ ခုနှစ်မှစတင်၍ ၎င်းကိုင်တွယ်ခဲ့သည့် စစ်ဘက်ထောက်လှမ်းရေး အဖွဲ့လည်း ဖျက်သိမ်း ခံခဲ့ရပြီး အမာခံ ထောက်လှမ်းရေး အရာရှိကြီး များလည်း ဖမ်းဆီးထောင်ချ အရေးယူခြင်း ခံခဲ့ရသည်။

မကြာသေးမီက စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံလက်နက် စီမံကိန်းများကို ဖော်ထုတ်ခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက “စိတ်မကောင်းပါဘူး၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဆိုတော့လည်း သူဘယ်လောက် ဆိုးခဲ့ဆိုးခဲ့လေ။ သတ်တာ ထက်တောင် ဆိုးသေးတယ်” ဟု ဆိုသည်။

ထို့အပြင် သံဝေဂတရားလည်း ရမိကြောင်း၊ ကံ၊ ကံ၏ အကျိုးအရ လုပ်ခဲ့သည်များကို ပြန်ပြီး ခံစားဝဋ်လည် နေသည်ဟု ထင်ကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး ကျောင်းသားများနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ထောင်နှင့်ချီ၍ ဖမ်းဆီးပြီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယခုထွက်ပေါ်လာသည့် ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သည့် မန္တလေးမြို့မှ စာနယ်ဇင်း သမား တဦးကလည်း လူသားချင်း စာနာစိတ်ဖြင့် ဂရုဏာ သက်မိပါကြောင်း၊ သို့သော် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အဖွဲ့သည် ဖိနှိပ်မှုအတွက် နိုင်ငံတော် အာဏာကို လိုသည်ထက် ပိုမို သုံးစွဲခဲ့သည်ဟု ထင်ကြောင်း၊ ယနေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားများ ထားရှိသည့်အတွက် မည်သည့် အာဃာတ တရားမျှ မထားပါကြောင်း၊ သို့သော် သမိုင်း မှတ်တမ်းများကိုမူ ဖျောက်ဖျက်၍ မရ၊ ပြည်ဖုံးကားချ၍လည်း မရပါကြောင်း မှတ်ချက်ချ ပြောဆိုသွားသည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှုကြသူများက တန်ခိုးထက်ခဲ့သည့် အာဏာရှင်တဦး၏ ကျဆုံးခန်းကို သံဝေဂ ရကြကြောင်း၊ ဝဋ်လည်သည်ဟု ထင်ကြောင်း ပြောဆိုနေကြသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့