..............................

Friday, May 11, 2012

ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းသည်ဆိုသည်မှာ မှန်ကန်

Thursday, 10 May 2012 13:53

ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းထားသည်မှာ မှန်ကန်ကြောင်း ၄င်း၏ မိသားစုနှင့် နီးစပ်သည့် ပုဂ္ဂိုလ်မှ တစ်ဆင့် Eleven Media Group မှ စုံစမ်း သိရှိရပါသည်။

ရဟန်းဘောင်သို့ ခေတ္တ မ၀င်ရောက်မီ မေလ (၃)ရက်နေ့တွင် တာဝန်မှ အနားယူခွင့်တောင်းသည့် စာအား နိုင်ငံတော် သမ္မတ အပါအ၀င် တာဝန်ရှိသူများ ထံသို့ ပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါရက်မတိုင်မီက စင်ကာပူနိုင်ငံတွင် သွားရောက်ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေး အခြေ အနေကြောင့် ယခုကဲ့သို့ တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် မိမိ သဘော ဆန္ဒအလျှောက်သာ တာဝန်မှ အနားယူခွင့်တောင်းသည်မှာ မှန်ကန်ကြောင်း သိရပြီး အဆိုပါ အနားယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံခြင်း ရှိ၊ မရှိကိုမူ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါသတင်းအား အတည်ပြုနိုင်ရန် နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးထံ Eleven Media Group မှ ဆက်သွယ်မေးမြန်း ခဲ့ရာ ဒုတိယ သမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းခြင်းနှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် အတည်ပြုပေးရန် ငြင်းဆိုခဲ့ပြီး အခြား သတင်းရင်းမြစ်များမှ ဆက်လက် စုံစမ်းရန်သာ ပြန်လည်ဖြေကြားခဲ့ပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်ခြင်းနှင့် ဆက်စပ်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများနှင့် သက်ဆိုင်ခြင်း မရှိဘဲ ကျန်းမာရေးကြောင့်၊ ၄င်း၏ သဘောဆန္ဒ အလျောက်သာ ဖြစ်ကြောင်း ဒုတိယသမ္မတ (၁) နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရှိရပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ပါဝင်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ဒုတိယ သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေပါ ပုဒ်မ (၇၂)တွင် “နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒုတိယ သမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူး သက်တမ်း မကုန်ဆုံးမီ ဆန္ဒ အလျှောက် နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။” ဟု ဖေါ်ပြ ပါရှိပါသည်။ ထို့ကြောင့် ထွက်ပေါ်နေသော သတင်များအရ အမှန်တစ်ကယ် နုတ်ထွက် ခဲ့ပါက ဒုတိယသမ္မတ (၁) နေရာတွင် အစားထိုး ၀င်ရောက်လာနိုင်ဖွယ် ရှိသူများကိုလည်း ထင်ကြေးပေး မှန်းဆနေကြရာ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးတို့ ပါဝင်ကြောင်း သိရှိ ရပါသည်။ အတည် မပြုနိုင်သော သတင်းများအရ ဒုတိယ သမ္မတ (၁) နုတ်ထွက်စာ တင်သွင်းခြင်းနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးမှုများ၊ အထူးအစည်းအဝေး ပြုလုပ်မှုများ ရှိကြောင်းလည်း သိရသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၂)မှဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှုး (၁)အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းသည် ဆုံးဖြတ်ချက် ခိုင်မာသူဖြစ်ပြီး ဆုံးဖြတ်ချက် ချပြီးပါက ပြန်ပြင်လေ့ မရှိကြောင်း နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးအား ရာထူးမှ အနားယူခြင်း မပြုဘဲ တာဝန်ပြန်လည် ထမ်းဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း သိရှိရသည်။

ဒုတိယသမ္မတ (၁) အနားယူခြင်း သတင်းများကို ပြည်တွင်းသတင်းဂျာနယ်များတွင် ဖေါ်ပြခြင်းမပြုရန် စာပေ စိစစ်ရေးမှ ပိတ်ပင် ထားခဲ့ခြင်း၊ ဖေါ်ပြခဲ့သည့် ဂျာနယ် အချို့ကို သတိပေးခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာ ဥပဒေ ရေးဆွဲမှုတွင် အဓိက ပါဝင်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်ကို DVB မှ မေးမြန်းခဲ့ရာ ပိတ်ပင် ထားသည်မှာ မှန်ကန်ကြောင်းနှင့် ထိုသတင်းများမှာ ကောလာဟလကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်သည့်အတွက် ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

"အနားယူခွင့် တောင်းတယ်ဆိုတဲ့ သတင်းက မှန်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုသာ တိတိကျကျ မသိရသေးတာပါ။ သတင်း အတည်ပြုပေးမယ့်သူ မရှိသေးတာပါ။ ဒီလို အနေအထားမျိုးမှာ သတင်း ထုတ်ပြန်မှုတွေအတွက် တာဝန်ရှိတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ညွှန်ချုပ် ဦးရဲထွဋ် အနေနဲ့ ကောလာဟလလို့ ပြောလိုက်တာ ကတော့ မဖြစ်သင့်ပါဘူး။ ဒီထက်ပိုပြီး တိတိကျကျ ပြောသင့်ပါတယ်။ Press Freedom Day တုန်းကတောင် ပြန်ကြားရေး ဒုဝန်ကြီးက လွတ်လပ်စွာ သတင်းရေးသားခွင့် သာမက သတင်း အချက်အလက် ရယူတဲ့နေရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးဖို့ လုပ်နေတယ်လို့ ပြောသွားတယ်။ နောက်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ကျင့်သုံးနိုင်ဖို့ လိုအပ်တဲ့ ပုံနှိပ် မီဒီယာဆိုင်ရာ ဥပဒေကြမ်းကို ရေးနေတယ်လို့လည်း ပြောသွားတယ်။ မီဒီယာ ဥပဒေရေးဆွဲမှုမှာ ဦးရဲထွဋ်လည်း ပါတာပါပဲ။ တစ်ကယ်တော့ သတင်းတွေကို ထိန်ချန်တာ ဖုံးကွယ်ထားတာတွေဟာ သတင်း လွတ်လပ်ခွင့်ကို ထိန်းချုပ် ထားတာနဲ့ အတူတူပါပဲ” ဟု Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Ref: EMG News

Read More...

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း

ကိုသားညွန့်ဦး
ကြာသပတေး, 10 မေ 2012

မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာ တိုင်းရင်းသား လူနည်းစု ဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြပါတယ်။ ဒီ အခြေအနေကိုတော့ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေဘက် စီးပွားရေးပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှား လိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်လိုတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ အတွက် အခွင့်အလမ်းတွေ လုပ်ခွင့်သာခွင့်တွေ ပိုလာပါတယ်။ ဒီနှစ်အတွင်း မြန်မာနိုင်ငံတွင်း လာရောက်တဲ့ နိုင်ငံခြား ခရီးသည် အများစုဟာလည်း စီးပွားရေး လုပ်ငန်းတွေ အခြေချ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာ ဆန်းစစ်သူတွေ များပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး မှာတင် မဟုတ်ဘဲ တိုင်းရင်းသား လူနည်း စုဒေသတွေမှာလည်း လုပ်ကိုင်နိုင်ရေး စဉ်းစားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက တိုက်တွန်း သွားပါတယ်။

“မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးချင်သူတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ် ဆိုရင် မြန်မာလူမျိုး အများစုရှိတဲ့ ဒေသတွေမှာတင် မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လုပ်မယ့် အစီအစဉ်တွေ ကိုလည်း စဉ်းစားသင့်ပါတယ်။ ပြည်မကြီး ဒေသက ကျမတို့ ပြည်သူတွေ ကလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် တိုင်းရင်းသား လူနည်းစုဒေသ ပြည်သူတွေက ပိုပြီး ဆင်းရဲပါတယ်။ ပိုပြီးတော့ လည်း အကူအညီတွေ လိုအပ်နေပါတယ်။”

မနေ့တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ္ဍာငွေကြေး ဆိုင်ရာ တင်းကြပ်မှုတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံသူတွေ အခက်ကြုံခဲ့ကြရပါတယ်။ အထူး သဖြင့်တော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးမှု နိမ့်ကျရတာ ဒီလို စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်လို့ အပြစ်တင်သူတွေလည်း ရှိပါတယ်။ ပိုလန်နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Radoslaw Sikorski ကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အီးယူဘက်က အရေးယူ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အခုနက အကန့်အသတ်တွေ မရှိတော့ဘူးလို့ မနေ့က ဒေါ်စုနဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံလိုက်ခြင်းကြောင့် သက်ရောက်မှုတွေအားလုံးကို ကျနော်တို့ ဖယ်ရှား လိုက်ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးဟာ ဒီလို အရေးယူဒဏ်ခတ်မှုတွေကြောင့် ဖွံ့ဖြိုးမှု နောက် ကျနေတယ်လို့ ပြောလို့မရတော့ပါဘူး။ ဒဏ်ခတ်အရေးယူမှုတွေက အခု မရှိတော့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ သတိပေးနေတာက အခု ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန် လှည့်မသွားဖို့ပါ။ တနှစ်အတွင်းမှာ သေချာအောင် စောင့်ကြည့်သွားမှာပါ။ ဒါပြီးရင်တော့ မူဝါဒကို ပြန် လည် သုံးသပ်သွားမှာပါ။”

နိုင်ငံ့ခေါင်းဆောင်တွေအတော်များများ အခုရက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သက်ဆိုင် ရာနိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်လာ ကြပါတယ်။ အခု ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလည်း ပိုလန်နိုင်ငံ အကြီးစား စက်မှု လုပ်ငန်း နဲ့ ဆောက်လုပ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ပါလာတာကြောင့် မြန်မာနိုင်ငံထဲ စီးပွားရေး အခွင့်အလမ်းတွေကို လာရောက် ကြည့်ရှုတယ်လို့လည်း ယူဆနိုင်ပါ တယ်။

နှစ်နိုင်ငံအကြား သတ္ထုတွင်းလုပ်ငန်းနဲ့ ဘူမိဗေဒဆိုင်ရာ အပြန်အလှန် သဘောတူညီချက်တရပ်ကို လည်း မြန်မာအာဏာပိုင်တွေနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ဘက် အပြန်အလှန် အကျိုးရှိမယ့် ကိစ္စရပ်တွေ ဖြစ်စေရမယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ တကယ်ကို လက်တွဲဘက်နိုင်ငံ သဘောမျိုးဖြစ်ချင်တာပါ။ ဒါကြောင့် အပြန်အလှန် အကျိုး စီးပွားအတွက် နည်းပညာတွေ လွှဲပြောင်းကူညီဖို့ရှိသလို ရင်းနှီးမြှုပ်နှံဖို့လည်း ရှိပါတယ်။ ဒါကြောင့် ပထမ ဆုံးတော့ ပညာတော်သင် ခေါ်ယူတာတွေ လုပ်ပါမယ်။”

မြန်မာနိုင်ငံတွင်း အခုလို အနောက်နိုင်ငံတွေဘက်က စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာ ဟာ အရင် အာရှဘက် ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုပြီး မြန်မာလူထုအတွက် အကျိုး ရှိစေမယ်လို့ ယူဆမှုတွေရှိပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုကြောင့် ဘေးထွက်ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ ကို အနောက်နိုင်ငံဘက်က ကုမ္ပဏီမျိုးတွေကပဲ ပြန်ပြီး ကုစားပေးနိုင်မယ်လို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမိုးမြင့်က သြစတေးလျ ABC ရုပ်/သံ ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“ဒီလို ကုမ္ပဏီတွေ လာရောက်ရင်းနှီးလုပ်ကိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေအပေါ် ဒီကုမ္ပဏီတွေကပဲ အပြု သဘော ပြန်လည် ဆောင်ရွက်ပေးနိုင်တာကြောင့်ပါ။ ပြီးတော့ လူလတ်တန်းစား အရေအတွက်လည်း များလာနိုင်ပါတယ်။”

အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ တဘက်က လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူမှု အစီ အစဉ်တွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ လက်ရှိ အားဖြင့် မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုအများစုဟာ အာရှက ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ကပါ။ အဲဒီ ရင်းနှီးမြုပ်နှံ မှုတွေ စီမံကိန်းတွေဟာ ဒေသခံတွေအပေါ် ရိုက်ခတ်မှုရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာ၊ လူ့အခွင့် အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြောနေပါ တယ်။

အခုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့တဆက်တည်း အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်း လာတာ ကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ့် အလား အလာကောင်းတွေ ရှိလာပါတယ်။ တချိန်တည်းမှာလည်း အာဏာပိုင်တွေဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ်ကို ရေးဆွဲအတည်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ ဖိတ်ခေါ် ကြိုးစားနေ တာ တွေ့ရပါတယ်။

Ref: VOA News

Read More...

မြန်မာ့အပြောင်းအလဲ စိတ်မချရသေး

သင်းသီရိ
ကြာသပတေး, 10 မေ 2012

မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူ အတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။

“သူ့အနေနဲ့ အဓိက ပြောသွားတာကတော့ အီးယူက တကယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ပေါ့နော်။ ဒီ Suspend လုပ်တယ် ဆိုတဲ့ ကိစ္စကလည်း သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုပေါ့။ ဆိုတော့ သူတို့က ပိုလန်နိုင်ငံအနေနဲ့ ကတော့ မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အနေအထားတွေဟာ နောက်ပြန်လှည့် သွားနိုင်လား ဆိုတာကို အနီးကပ် စောင့်ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ထပ် သူပြောတဲ့အထဲမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့တခုက ဘာလဲဆိုတော့ သူတို့ လာရောက် လေ့လာတဲ့အခါမှာ Reform Process တွေက သူတို့ ထင်ထားတာထက် ပိုပြီးတော့ Fragile ဖြစ်တယ်ပေါ့နော်။ ပြန်ပြီးတော့ ပြိုကွဲလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါလေး ပြောသွားတာ ရှိပါတယ်။”

ပိုလန်နိုင်ငံခြားရေး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မေလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရ အဖွဲ့ဝင်တချို့နဲ့ပါ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အီးယူက မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲကြပါတယ်။ အီးယူရဲ့ ပိတ်ဆို့မှု ၁နှစ်ဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှုမရှိသလို ရေရှည် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခက်အခဲ ဖြစ်တာမျိုး ရှိတာမို့ လုံးဝရုတ်သိမ်းရေး ကိစ္စတွေကို အစိုးရဖက်က ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

“ဥရောပက မှတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ အီးယူရဲ့ လောလောဆယ် Sanction Suspend လုပ်တဲ့အထဲမှာ ဒီ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နေတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာစီးပွားရေးဟာ ဒါကြောင့် ရပ်နေတယ်လို့တော့ ငြင်းလို့တော့ မရတော့ဘူးလို့ သူထဲ့ပြောသွားတယ်။ ဒါကို သူက လက်မခံတဲ့သဘောမျိုး ရှိပါတယ်။ ဒီလက်ရှိ Suspend လုပ်လိုက်တဲ့အပေါ် မြန်မာစီးပွားရေးက အထိုက်အလျောက် တိုးတက်လာရမယ် ဆိုတဲ့ သဘောမျိုး ပြောသွားတဲ့ သဘော တွေ့ပါတယ်။”

အခုလို ပိုလန်နိုင်ငံက အဆင့်မြင့် အရာရှိတဦးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ၂နိုင်ငံအကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေနဲ့ ပတ်သက်လို့လည်း ရှင်းပြသွားတယ်လို့ ဆိုပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီး သူက သူနဲ့ တပါတည်းပါလာတဲ့ ပိုလန် စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါလာတယ်။ သူတို့ကိုလည်း မေးမြန်းလို့ ရတယ်။ သူတို့ရဲ့ မြန်မာပြည်မှာ Business opportunity တွေနဲ့ ပတ်သက်ပြီးတော့ လာပြီး စူးစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့နော်၊ ကျနော်တို့ ဒီ Shipping နဲ့ ပတ်သက်တဲ့ ဟာတွေက အစပေါ့နော်၊ သူတို့ ဒီ စီးပွားရေး လုပ်ငန်းရှင်တွေ နယ်ပယ် အသီးသီးက ပါလာတယ် ဆိုတဲ့ အကြောင်း၊ သူတို့ရဲ့ စိတ်ဝင်စားမှုကိုတော့ ပြောသွားတယ်ပေါ့လေ။ ဒါပေမယ့်လည်း လေ့လာရဦးမယ်ပေါနော်။”

ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဆိုရာမှာ နှစ်ဦး နှစ်ဖက် အာမခံချက်တွေ ရှိတဲ့ ဥပဒေ ပြဌာန်းချက်တွေ ရှိဖို့လိုတယ်လို့ မြင်ကြောင်း ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။

“သူက ဖြေရတဲ့အဖြေက အင်မတန် နဲပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက ဒီ မြစ်ဆုံ Dam နဲ့ ပတ်သက်တဲ့ ရင်းနှီး မြုပ်နှံမှုတွေလည်း ရှိတတ်တဲ့အတွက်ကြောင့်မို့လို့ ဒီ Foreign investment တွေဟာ ဟို ကောင်းကျိုးလည်း ပေးတာရှိတယ်၊ ဆိုးကျိုးလည်း ပေးတာတွေ ရှိတယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး အမြင် သူ့ကို တယောက်က မေးတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆိုတာက ရင်းနှီးမြုပ်နှံသူကိုရော၊ ဒီဖက်က တိုင်းပြည်ကိုရော နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေတွေ ပြဌာန်းပြီးတော့
စံနစ်တကျ လုပ်တာ ပိုကောင်းတယ်၊ နှစ်ဖက်လုံး အကျိုးရှိတဲ့ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုက ပိုကောင်းတယ် ဆိုတာကို သူ ထပ်ပြောသွားပါတယ်။ အားလုံးကတော့ ဒီကို လာကြည့်ကြတဲ့အခါမှာ ဟို အင်မတန်စိမ်းတဲ့ တိုင်းပြည်တခုကို၊ စီးပွားရေးအရ စိမ်းနေသေးတဲ့ တိုင်းပြည်တခုကို လာကြည့်ရတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေတွေကို လာပြီးတော့ စူးစမ်းတဲ့သဘော အဆင့်မှာပဲ ရှိပါသေးတယ်။”

ဒါကတော့ မေလ ၁၀ ရက်နေ့က ပိုလန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး သတင်းထောက်တွေကို တွေ့ဆုံ ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဂျပန် သတင်းဌာနရဲ့ ပြည်တွင်းအခြေစိုက် သတင်းထောက် ကိုသီဟဆွေကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

Ref: VOA News

Read More...

သံတွဲကမ်းခြေ အများပိုင်မြေကွက် ပိုင်ဆိုင်မှုအပေါ် သမ္မတထံ တိုင်ကြား

နေမျိုး
ကြာသပတေးနေ့၊ မေလ ၁၀ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ သံတွဲကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား တိုင်းမှုးဟောင်း ကတော်တဦးက ပိုင်ဆိုင်ကြောင်း ပြောဆို လာသဖြင့် ဒေသခံများက မကျေနပ်၍ သမ္မတ ဦးသိန်းစိန်ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

နပခ တိုင်းမှုးဟောင်း ဗိုလ်ချုပ်သောင်းအေး၏ ဇနီးဖြစ်သူ ဒေါ်သင်းမျိုးမျိုးအောင် က မြေနေရာ ၄၇၅ ပေ အကျယ်အဝန်း ရှိ ပင်လယ်ကမ်းခြေ မြေကွက်အား သူမ၏ အမည်ပေါက်ဖြင့် ပိုင်ဆိုင်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြတ်ကျော် မှတဆင့် ခေါ်ယူပြောဆိုလာမှုအား ဒေသခံများက ကန့်ကွက်ကြခြင်း ဖြစ်သည်။

သံတွဲမြို့နယ်၊ မြဇင်ကျေးရွာအုပ်စု၊ လင်းသာကျေးရွာအုပ်စုတို့မှ ရွာသား ၆၅ ဦးက ကန့်ကွက်ကြခြင်း ဖြစ်သည်။

“မေ ၉ ရက်နေ့က ကန့်ကွက်စာကို အမြန်ချောပို့စနစ်နဲ့ သမ္မတကြီးဆီ ပို့ထားပါတယ်။ အဲဒီမြေကွက်ကို ဒေါ်သင်းမျိုးမျိုးအောင်က အပိုင် ယူတာကြောင့် ကန့်ကွက် ရတာဗျ။ ဒေသခံပြည်သူတွေရဲ့ အများပြည်သူပိုင် နေရာ အမှန်ပါဗျာ။ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးတွေလည်း ကျနော်တို့ဘက်မှာ ပါပါတယ်ဗျ” ဟု လင်းသာရွာမှ ဦးဝဏ္ဏ က မဇ္စျိမကို ပြောသည်။

မြေကွက်မှာ ကျေးရွာအုပ်စုနှစ်ခုအကြား ကမ်းခြေစပ် ၄၇၅ ပေအရှည် ကမ်းပါးစောင်းဘေး ကပ်လျက်တွင် တည်ရှိပြီး ဒေသခံ အချို့မှာ လာရောက် အပန်းဖြေသူများ အပေါ် အားထားကာ ထိုမြေကွက်တွင် ဈေးရောင်းချခြင်းဖြင့် အသက်မွေးကြကြောင်း သိရသည်။

အဆိုပါ မြေကွက်ဘေး ပတ်လည်တွင် ဟိုတယ် အမြောက်အများရှိသော်လည်း ပင်လယ်ကမ်းခြေသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံ တဝှမ်းမှ အများပြည်သူများ နားနေရန် သင့်တော်သည့် အခမဲ့ အပန်းဖြေနိုင်သည့်နေရာ
ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့မှာ စာရွက်စာတမ်း အပြည့်အစုံ ရှိပါတယ်။ ကျနော်တို့မြို့သူမြို့သားများက သက်ဆိုင်ရာမှာ တောင်းတဲ့ အတွက်ကြောင့် အဲဒီတုန်းက ခယက ဥက္ကဋ္ဌ ဗိုလ်မှုးကျော်ဆန်း က ဒီနေရာလေးကို အများပြည်သူ အပန်းဖြေဖို့ သတ်မှတ်ပေးထားတာဗျ” ဟု ဦးဝဏ္ဏ က ဆက်လက်ပြောပြသည်။

ထို့ပြင် ကန့်ကွက်ကြသူများထဲတွင် မြို့သူမြို့သား ၂၉ဝ ခန့်လည်း ထပ်မံပါဝင်လာကြရန်ရှိပြီး အခက်အခဲ ရှိပါက ရင်ဆိုင်သွားမည် ဖြစ်ကြောင်းလည်း ဦးဝဏ္ဏ က ပြောဆိုသွားသည်


Ref: မဇ္ဈိမ

Read More...

ဓည၀တီရေတပ် အဓမ္မ လယ်မြေသိမ်းနေ

ခင်ဦးသာ
May 10, 2012

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ အခြေစိုက်ထားသည့် ဓည၀တီ ရေတပ်စခန်း ဌာနချုပ်နှင့် ဒေသ တ၀ိုက်ရှိ အစိုးရ တပ်ရင်းများ သည် ဒေသခံများ ၏ လယ်ယာမြေများကို လျော်ကြေး တစုံတရာ မပေးဘဲ အဓမ္မ သိမ်းယူနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် သစ်တောကျေးရွာအုပ်စုရှိ သစ်ပုတ်တောင်၊ စည်မော်၊ ကြံချိန်၊ ဦးဂင်း၊ စိန်ခြုံ ကျေးရွာအုပ်စု အပါအ၀င် ဒေ သတ၀ိုက်ရှိ ကျေးရွာများမှ လယ်ဧက ထောင်ချီ၍ သိမ်းယူ ထားခြင်းဖြစ်ကြောင်း ဒေသခံများ က ဧရာဝတီ ကိုပြောသည်။

ဓည၀တီ ရေတပ်စခန်းဌာနချုပ်သည် ယခင်က စစ်တွေဒေသ၌ အခြေစိုက်ခဲ့ပြီး ၁၉၉၄-၉၅ ၀န်းကျင်တွင် ကျောက်ဖြူ ဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထိုအချိန်မှ စတင်၍ ဒေသခံများ၏ လယ်မြေများကို သိမ်းယူခဲ့ရာ ယခုအချိန်အထိ သိမ်းယူနေဆဲ ဖြစ်ကြောင်း၊ ယခင်က မတိုင်ကြားရဲကြသော်လည်း ယခုအခါ အစိုးရသစ်နှင့် လွှတ်တော် အသီးသီးပေါ်ပေါက်လာပြီ ဖြစ်၍ တိုင်ကြား ရဲ လာကြသည်ဟု ဒေသခံများ က ပြောဆိုသည်။

ထိုလယ်မြေများ ပြန်လည်ရရှိရေးအတွက် ကျောက်ဖြူမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြည်ထောင်စု ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းအား တင်ပြခဲ့ရာ တရားမ၀င်သိမ်းယူထားပါက ပြန်လည်ရရှိရေး ဆောင်ရွက် ပေး မည်ဟု ကတိပေးထားကြောင်း သိရသည်။

“တရားမ၀င် သိမ်းထားတဲ့ လယ်တွေတော့ ပိုင်ရှင်တွေ ပြန်ရအောင် စီစဉ်ပေးမယ်လို့ ကတိပေးထားတယ်၊ ပြန်ရ မရတော့ စောင့်ကြည့်ရဦးမှာပါ”ဟု ဦးဘရှိန် က ဆိုသည်။

ဓည၀တီဌာနချုပ်က သိမ်းယူထားသည့် လယ်ယာမြေများကို လယ်ပိုင်ရှင်များထံ သီးစားစနစ်ဖြင့် ပြန်လည် လုပ်ခွင့် ပေးကြောင်း၊ တဧကလျှင် ယခင်က စပါး ၅ တင်းသာ တောင်းခံခဲ့ပြီး ယခုအခါ ၁၅ တင်းအထိ တိုးမြှင့်ကောက်ခံနေကြောင်း၊ မပေးပါ က လယ်လုပ်ပိုင်ခွင့် မရှိစေရဟု ခြိမ်းခြောက်ထား၍ လယ်သမားများ စိုးရိမ်နေကြောင်းလည်း သိရသည်။

ခြေမြန်တပ်ရင်း ခမရ ၅၄၂-၅၄၃ တပ်ရင်းများသည်လည်း ကျောက်ဖြူမြို့ အနီးရှိ ဂုံးချိန် ကျေးရွာ အုပ်စု၊ အုန်းတော၊ မလကျွန်း၊ တပ်တောင် စသည့်ကျေးရွာများမှ လယ်ယာမြေများကို သိမ်းယူထား၍ လယ်သမား ၁၀၀ ကျော်သည် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)များထံ ယခုနှစ်ဆန်းပိုင်းက တိုင်ကြားခဲ့သည့်အတွက် ခမရ ၅၄၂ ၏ တပ်ရင်းမှူး ဗိုလ်မှူးဝင်းခန့်၏ ကန့်သတ် တားမြစ်မှုကို ခံနေကြရကြောင်း ဂုံးချိန်ရွာသား တဦးက ဧရာဝတီ ကို ပြောသည်။

၎င်းက“လယ်သိမ်းတာ တိုင်တဲ့အတွက် ဒီနှစ်မှာ သီးစားလည်း မလုပ်ရတော့ဘူး၊ လယ်ကွင်းထဲလည်း မလာရဘူးလို့ ခမရ ၅၄၂ ရဲ့ တပ်ရင်းမှူးက ခြိမ်းခြောက်ထားပါတယ်”ဟု ဆိုသည်။

လယ်ယာမြေနှင့် နွားစားကျက်မြေ ဧက ထောင်ပေါင်းများစွာအား သိမ်းယူခဲ့ရာတွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီး ဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့၏မြေကွက်များ ပါဝင်ခဲ့သော်လည်း လျော်ကြေးငွေ ကျပ် သိန်းထောင်ချီ၍ရရှိကြကြောင်း ဒေသ ခံများက ပြောဆိုသည်။

၎င်းတို့သည် တိုင်းမှူးအဖြစ်တာ ၀န်တာထမ်းဆောင်ခဲ့ချိန်က ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၌ ပါဝင်မည့် ဒေသခံများ၏ လယ်မြေများ၊ မြေလွတ် မြေရိုင်းများ၊ နွားစားကျက် မြေများကို ဒေသခံ မြေစာရင်းဌာနနှင့်ပေါင်း၍ ဇနီးများ၊ သားသမီးများ၏ အမည်ဖြင့် ဖော်ဆောင်ထားခဲ့သည့် မြေကွက်များဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ချိန်၌ ထိုမြေများအတွက် ကုမ္ပဏီများ က လျော်ကြေးငွေ ပေးဆောင်ရာ ကျပ်သိန်းပေါင်း ထောင်ချီ၍ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများသို့ ဒေသခံလယ်ပိုင်ရှင်များအား ၀င်ခွင့်မရသည့်အပြင် ကျွဲ နွား များ ၀င်လျှင်လည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ဓည၀တီဌာနချုပ် လက်အောက်ခံရေတပ်များကိုလည်း ဒေသတွင်းပင်လယ်ပြင်များ ၌ ဖြန့်ကျက်ချထားကာ သင်္ဘော၊ စက်လှေ၊ လောင်းလှေ စသည့်များထံမှ ဆက်ကြေး ကောက်ခံနေကြောင်းလည်း သိရသည်။

“ဓည၀တီဌာနချုပ်က ပင်လယ်ပြင်ရော လယ်မြေတွေပါ သိမ်းထားပါပြီ၊ ဒေသတ၀ိုက် ငါးဖမ်းခွင့်မရသလို ရေပြင်မှာ တွေ့တဲ့ စက်လှေတွေ၊ လှေတွေဆီက တပ်ရိက္ခာအတွက်ဆိုပြီး ပိုက်ဆံ သောင်းချီ တောင်းတယ်၊ တွေ့တဲ့ပစ္စည်းကို တောင်းတယ်၊ မပေးရင်လုယူတယ်”ဟု ကျောက်ဖြူ မြို့ခံတဦးက ဧရာဝတီ ကိုပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီမှ ဦးစီးတည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ဆက်စပ်နေသည့် စီမံကိန်းများ၏ လုံခြုံရေးကို အကြောင်းပြကာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ်အပြင် အစိုးရစစ် တပ်၏ တပ်ရင်း အများအပြားသည် ဒေသ တ၀ိုက်ရှိ ပင်လယ်ပြင်နှင့် ကုန်းတွင်းပိုင်းများ၌ တိုးချဲ့တပ်စွဲ ထားသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်းများကို တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခု ဖြစ်သော တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း(China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြသည်။

ရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့များကို၂၀၁၃ ခုနှစ်မှ စ၍ ကျောက်ဖြူမြို့မှ နန်နင်းသို့ ပို့လွှတ် မည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ရွှေနံ့သာမြေပေါ် စီမံကိန်း ဆိုင်းငံ့၊ လယ်မလုပ်ရ တားမြစ်ထား

ကြာသပတေးနေ့၊ မေလ ၁၀ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ စက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူထားခြင်းခံရသည့် ရွှေနံ့သာ ကျေးရွာအုပ်စုရှိ လယ်မြေများ ပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ် အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားဆီးထား ကြောင်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က ပြောသည်။

မေလ ၉ ရက်နေ့တွင် မြိ့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာက စက်မှုဇုန်အတွက် စီမံကိန်းဆောင်ရွက်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။ ထွန်ယက် စိုက်ပျိုးတဲ့ လုပ်ငန်းတွေကတော့ ၂ဝ၁၂ ခုနှစ် လယ်ယာမြေ လုပ်ကိုင်ခွင့် သီးစားခွင့်ပြုချက် တင်ပြဆဲ ကာလ အတွင်းမှာမို့ တားမြစ် ထားရတာပါ” ဟု ဦးငြိမ်းထွေးက ပြောသည်။

တောင်သူများက မိမိတို့၏ လယ်မြေများတွင် စိုက်ပျိုးရေး လုပ်ငန်း စတင်ရန်အတွက် ကြာသပတေး နံနက် ၁ဝ နာရီခန့်တွင် ကြိုးပမ်းခဲ့သော်လည်း ကျေးရွာနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ လာရောက် တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီကလည်း စက်ယန္တရားတွေ ဆောင်ရွက်နေတုန်းပဲ။ ဒီနေ့မနက် ကျနော်တို့ လယ်ထွန်မယ်လို့ ပြောပြီး လယ်ထွန်စက် နှစ်စီး ရောက်လာတော့ မြို့နယ် အုပ်ချုပ်ရေးမှူး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီးတော့ တားတယ်။ သူတို့ကိုလည်း ရောက်လာမှ ဆက်မလုပ် ဖို့တားတယ်” ဟု ဒေသခံ တောင်သူတဦးက ပြောသည်။

စက်မှုဇုန် ၄ အဖြစ် အဆိုပါ လယ်မြေများကို မြေညှိရန်အတွက် ဇေကမ္ဘာကုမ္ပဏီမှ စက်ယန္တရားများ အသုံးပြု ဆောင်ရွက်နေလျက် ရှိသော်လည်း စီမံကိန်း ဆောင်ရွက်မှု များကိုပါ ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။

စက်မှုဇုန် အကောင်အထည်မဖော်မီ လယ်သမားများအနေနှင့် လုပ်ပိုင်ခွင့် ရှိသင့်ကြောင်း ရွှေနံ့သာ မြေယာအရေးတွင် လိုက်ပါဆောင်ရွက်နေသူ ဦးနေမျိုးဝေ က ပြောသည်။

“ဒီနေရာက စက်မှုဇုန် အကောင်အထည်ဖော်တဲ့ နေရာလို့ပြောပေမယ့် လမ်းနဲ့ မီးတိုင်တွေပဲ ရှိသေးတယ်။ ဘာမှ အကောင်အထည် မပေါ်သေးဘူး။ လယ်သမားတွေ အတွက် နစ်နာမှုတွေနဲ့ ကိုယ့်မြေကိုယ် ရရှိရေးအတွက် လိုအပ်ပါတယ်” ဟု နေမျိုးဝေက ပြောသည်။

သို့သော် နှစ်ဘက်လုံးအား သက်ဆိုင်ရာက တားမြစ်ထားစဉ်တွင် ကုမ္ပဏီမှ မေလ ၉ ရက်နေ့ထိ စက်ယန္တရားကြီးများနဲ့ စီမံကိန်း ဆောင်ရွက်လျက်ရှိပြီး တားမြစ်ချက်ကို ချိုးဖောက်လျက် ရှိသည်ဟု ဆိုသည်။

ဇေကမ္ဘာကုမ္ပဏီသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်ဧက ၈ဝဝ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂ဝ၁ဝ ခုနှစ်အတွင်း သိမ်းယူခဲ့ပြီး ကွန်ကရစ် လမ်းများ၊ လမ်းမီးတိုင်များ ဆောက်လုပ်နေပြီး လျှပ်စစ် မီးကြိုးများလည်း သွယ်တန်းလျက် ရှိနေသည်။

အဆိုပါ လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ယာ စိုက်ပျိုးခွင့်ရှိကြောင်း လယ်သမားများနှင့် ဇေကမ္ဘာ ကုမ္ပဏီတို့ သဘော တူညီထားခဲ့သည်။

တဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် လယ်မြေ သိမ်းယူစဉ်က ဇေကမ္ဘာကုမ္ပဏီမှ နစ်နာကြေး ပေးခဲ့သော်လည်း လယ်သမားများဘက်မှ အဆိုပါ နစ်နာကြေးသည် နည်းလွန်းသည်ဟု ဆိုကာ တိုးမြှင့်ပေးရန် တောင်းဆိုထားပြီး ကုမ္ပဏီနှင့် လယ်သမားတို့အကြား ယခုတိုင် ပြေလည်မှု မရရှိသေးပေ။

Ref: မဇ္ဈိမ

Read More...

ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ

ကျော်ခ
May 10, 2012

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) က Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၁၇၀၀ ကျော်က အခြေခံ လစာ တိုးပေးရေးနှင့် အလုပ်သမား ခံစား ပိုင်ခွင့်များ ရရှိရေး တောင်ဆိုမှုကို စက်ရုံပိုင်ရှင် ဖက်က လိုက်လျောသဖြင့် ပြေလည်မှု ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

မူလကရရှိသော အခြေခံလစာ ၈ ထောင်ကျပ်ကို အလုပ်သမားများက ၃ သောင်းကျပ်ထိ တိုးမြှင့်ပေးရန် တောင်းဆိုမှု အပါအဝင် အခြေခံ တောင်းဆိုချက် များကို ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေး ရုံးတွင် အလုပ်သမား ခေါင်း ဆောင် ၇ ဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူလိုက်ခြင်းဖြစ်သည်။

“အားလုံးအဆင်ပြေသွားပါပြီ။ ကျမတို့မနေ့ကတည်းက တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို ဒီနေ့ မွန်းလွဲ ၂ နာရီမှာ အားလုံးပဲ လိုက်လျောပေးပါတယ်။ အရင်တုန်း ကလို အချိန်ပို မဆင်းချင်ဘဲ ဆင်းခိုင်းတာ၊ ရေမီးဖြတ်တောက်တာ၊ သန့်ရှင်းရေး လုပ်ခိုင်းတာ တွေကို မလုပ်တော့ပါဘူးလို့ စာချုပ် ချုပ်ဆိုထားတယ်” ဟု အလုပ်သမားခေါင်းဆောင် ၇ ဦးထဲမှ မယမင်းလွင်က ဧရာဝတီသို့ ပြောသည်။

အခြေခံလစာအပြင် ယခင်ရရှိခဲ့သော အချိန်ပိုကြေး၊ ခရီးစရိတ်၊ ရက်မှန်ကြေးနှင့် အခြားအခွင့်အရေးများ ကိုလည်း ဖြတ်တောက်ခြင်း မရှိဘဲ စက်ရုံဖက်က လိုက်လျောပေးသည့် အတွက် မူလက အလုပ်သမား တဦးသည် အခြေခံလစာ ၈၀၀၀ ကျပ်အပါအဝင် ဆုကြေးငွေများနှင့် တစ်လလျင် ၃ သောင်းမှ ၄ သောင်း ကျပ်ထိ ရရှိနေရာမှ ဇွန်လမှ စတင်ကာ ၇ သောင်းကျပ်ဝန်းကျင် ရရှိတော့မည်ဖြစ်သည်။

အခြား အလုပ်သမခေါင်းဆောင်တစ်ဦးဖြစ်သူ မမေသူဝင်းကလည်း “အစားအသောက်တွေထဲမှာ ဆိုရင် အသားငါးကို တစ်ပတ်မှ တစ်ခါလောက်ပဲကျွေးတယ်။ ကျန်တဲ့ ရက်တွေက အသီးအရွက်နဲ့ ငါးပိရည်တို့ ပဲပြား၊ အာလူး၊ ပဲတို့ အဲလိုကျွေးတဲ့ အခါမှာလည်း သန့်သန့်ရှင်းရှင်း မကျွေးဘူးရှင့်၊ ဟင်းထဲမှာ တီကောင်တွေ၊ ပီနံ အိတ်ကြိုးတွေ၊ ခေါင်းကပ် ပလာစတာတွေက အစ ပါတယ်။ ဟို တလောကကဆို စက်ရုံထဲမှာ ဝမ်းရောဂါပါဖြစ်တယ်”ဟု သူက ဧရာဝတီကိုပြောသည်။

စက်ရုံတွင် တင်းကျပ်သောစည်းမျဉ်းများဖြင့် ခိုင်းစေသော မြန်မာ အလုပ်သမားခေါင်းဆောင်များကိုလည်း ရာထူး လျှော့ချခြင်းနှင့် ဌာန ရွှေ့ပြောင်းခြင်းများ ပြုလုပ်ပေးရန် တောင်းဆို ထားကြောင်းလည်း သိရသည်။

Hight-Art စက်ရုံပိုင်ရှင်သည် ကိုရီးယားနိုင်ငံသားဖြစ်ပြီး ထိုစက်ရုံမှ ထွက်သော ဆံပင်တုများကို မြန်မာနိုင်ငံတွင်း ဖြန့်ချိခြင်းမပြုဘဲ ကိုရီးယား၊ တရုတ်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။ အခြေခံ လစာ တိုးမြှင့်ပေးရန်နှင့် အခြား အလုပ်သမား ရပိုင်ခွင့်များကို ယခင်နှစ် ဧပြီလကလည်း တောင်းဆိုမှု ပြုလုပ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။

လှိုင်သာယာစက်မှုဇုန် ဆန္ဒပြတောင်းဆိုမှု အဆင်ပြေသွားပြီဖြစ်သော်လည်း ရွှေပြည်သာ စက်မှုဇုန်ရှိ မြန်မာဝိုင်နှင့် အရက်ချက် စက်ရုံ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ယခုလ ၈ ရက်နေ့မှ စတင်ကာ အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့သော အလုပ်သမားများမှာ အဆင်ပြေမှု မရသေးပေ။

ထိုတောင်းဆိုမှုတွင် စင်္ကာပူနိုင်ငံသို့ ခရီးလွန်နေသည့် စက်ရုံပိုင်ရှင် ပြန်ရောက်မည့် ယခုလ ၁၄ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ် သမားများ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းရန် မြောက်ပိုင်းခရိုင် အလုပ်သမား ညွှန်ကြားရေးမှူးက ဆုံးဖြတ်ပေးခဲ့ကြောင်း ယင်းဆန္ဒပြမှုကို အလုပ်သမားများ ဘက်မှ ကူညီဆောင်ရွက်ပေးနေသူ ရွှေပြည်သာမြို့နယ် အမျီုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသိန်းအောင် က ပြောသည်။

“မြောက်ပိုင်းခရိုင်အလုပ်သမားညွှန်ကြားရေးမှူးက စက်ရုံ ၁ နဲ့ ၂ က အလုပ်သမားတွေအားလုံးကို ၁၄ ရက်နေ့မှာ စင်္ကာပူက ပြန် လာမယ့် သူဌေးနဲ့ သူတို့ကနေ ဖြေရှင်းပေးမယ်။ အဲဒီရက် မတိုင်မီ ကြားကာလမှာ အလုပ်သမားတွေကို နားရက်အဖြစ် ပေးလိုက် တယ်။ ၁၄ ရက်နေ့ကြရင်တော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို စောင့်ကြမယ်”ဟု ဦးသိန်းအောင် က ဧရာဝတီသို့ ပြောသည်။

မူလက ကျပ် ၅၀၀၀၀ ဝန်းကျင်ရရှိနေသော M.W.D.C စက်ရုံအလုပ်သမားများကို အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်ပေးချိန်၌ စက်ရုံကလည်း ၎င်းတို့ အလုပ်သမားများကို တလ ကျပ် ၆၀၀၀ ထိ တိုးမြှင့်ပေးခဲ့ကြောင်း ဆန္ဒပြ အလုပ် သမားများက ဧရာဝတီသို့ ပြောသည်။

ထိုသို့ တိုးမြှင့်ပေးသော်လည်း တဖက်တွင် မူလခံစားပိုင်ခွင့် ဆုကြေးငွေ တစ်လ ၁၆၀၀ ကျပ်နှင့် ခရီးစရိတ်အဖြစ် တစ်ရက် ၁၀၀ ကျပ် ပေးနေခြင်းကို ဖြတ်တောက် ပစ်ခဲ့၍ ယခုနှစ် ဧပြီ ၂၈ ရက်နေ့မှ စတင် တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းဖြေရှင်း ပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရခြင်းဖြစ်သည်ဟု ကာယကံရှင်များက ပြောသည်။

M.W.D.C စက်ရုံတွင် ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ကိုသောင်းထိုက် က “လစာက အစိုးရတိုးသလိုမျိုး ၃ သောင်းတိုး စေချင်တယ်။ လစာက အခုဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ၄ သောင်းခွဲ ၅ သောင်းပဲရတယ်ဗျာ။ ဒီလစာနဲ့ ဘယ်လိုမှမရဘူး။ အဲဒါ ကြောင့် ကျနော်တို့လူစုပြီး သွားတောင်းဆိုတာ။ ဒီနေ့ထိတော့ လိုက်ရောမှုမရသေးဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။

စက်ရုံကပေးသော သတ်မှတ်လစာ ၅ သောင်းကျပ်ဝန်းကျင်မှာ မိသားစု စားဝတ်နေရေးအတွက် အထောက်ကူမပြုနိုင်သည့် အတွက် ကျပ် ၇ သောင်းကျော်ထိ တိုးမြှင့်ပေးရန် ဆန္ဒပြ စက်ရုံအလုပ်သမား ကိုဟိန်းမင်းဇော်ကလည်းပြောသည်။ တောင်းဆို ချက်များထဲတွင် စက်ရုံတွင်း သောက်သုံးရေ ဖူလုံစွာထားရှိပေးရေးနှင့် အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေးတို့ကို ထည့်သွင်း တောင်းဆို မည်ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြောကြသည်။

ထို့အတူ M.W.D.C စက်ရုံတွင် အလုပ်သမားများ၏ ကျန်းမာရေးကာကွယ်စောင့်လျှောက်ပေးခြင်းအားနည်းမှုများနှင့် စက်ရုံ ကြိုပို့ ကားများအချိန်မှန်ရေးတို့ကိုလည်း အလုပ်သမားများက တောင်းဆိုကြမည်ဟု ဆိုသည်။

“အခု အလုပ်မှာက အက်ဆစ်တွေအရမ်းသုံးလာတာ အရင်တုန်းက သမီးတို့ အက်ဆစ်က နှစ်ခွက်ပဲသုံးတာ အခုဆို ၁၀ ခွက် ၁၅ ခွက် လိုသလို သွန်ထည့်တယ်။ လက်တွေပေါက်တယ်နော် လက်အိတ်မပေးဘူး။ ပေးရင်လည်း လက်အိတ်ကို ဖြဲပြီးမှပေးတယ်။ အက်ဆစ်တွေလောင်တာ နည်းတာမဟုတ်ဘူး” ဟု ဆန္ဒပြအလုပ်သမ မချောစုထွေးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့မနက်ပိုင်းက မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဒုဗိုလ်မှူးကြီးဟောင်း ဦးနေလင်း ရှေ့တွင် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်ကြသော်လည်း စက်ရုံပိုင်ရှင် ဦးအောင်မိုးကျော်မှာ စင်္ကာပူသို့ ခရီးလွန်နေကြောင်း၊ စက်ရုံမှူး ဦးစိုးမိုး နှင့် စက်ရုံ အတွင်းရေးမှူး ဒေါ်အေးသီတာအောင်တို့က အလုပ်သမားများ၏ တောင်းဆိုချက်များကို လုံးဝ လက်မခံဘူးလို့ ငြင်းဆိုကြောင်း အလုပ် သမားများက ဧရာဝတီသို့ပြောကြသည်။

M.W.D.C ခေါ် Myanmar Winery & Distillery Company Limited သည် မြန်မာနိုင်ငံတွင် လူသုံးများသော Grand Royal Special Reserve Whisky နှင့် Eagle Whisky၊ Royal Dry Gin၊ Golden Island Rum၊ Royal Special London၊ Jazz Wine Cooler၊ Grand Royal Drinking Water တို့ကို ထုတ်လုပ်သော ကုမ္မဏီဖြစ်ပြီး ထိုစက်ရုံမှူး ဦးစိုးမိုးသည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

Thursday, May 10, 2012

အာဖရိက နဲ့ တရုတ် - မြန်မာတွေဘယ်လိုသင်ခန်းစာ ယူမလဲ



၁၉ ရာစုတုန်းက အာဖရိကရဲ့ကြွယ်ဝတာတွေကို ရယူဖို့အတွက် ဥရောပနိုင်ငံတွေက အလုအယက်ကြိုးစားခဲ့ဖူး ပါတယ်။ အဲဒီလို ကိုလိုနီနယ်ချဲ့ ခဲ့တာတွေဟာ အဆုံးသတ် ခဲ့တာ ကြာပြီ ဆိုပေမဲ့ ဒီနေ့ တရုတ်ရဲ့အာဖရိကကို ဝင်ရောက် လာပုံကတော့ အဲဒီခေတ်တွေကိုပြန်ပြောင်း သတိရစေဖို့ ဖြစ်နေခဲ့ပါပြီ။

ဒီနေ့တရုတ်ဟာ ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းတွေကိုဈေးအသက်သာဆုံး ထုတ်လုပ်နိုင်တဲ့ ပြိုင်ဖက်မရှိ တဲ့နိုင်ငံပါ။ တောက်လျောက် အတက်ပြနေတဲ့ ပြည်တွင်း ထုတ်ကုန် လိုအပ်ချက်တွေရယ်၊ ကမ္ဘာလုံး ဆိုင်ရာ ပြည်ပတင်ပို့ မှုတွေကြောင့် သူ့အတွက် ကုန်ကြမ်း ပစ္စည်းတွေ၊ ဓာတ်သတ္တုတွေနဲ့ ရေနံ စတဲ့လောင်စာတွေဟာ အမြဲမပြတ် လိုအပ်နေပါတယ်။ တိုင်းပြည်ကြီးတယ်၊ လူဦးရေများတယ်၊ စက်ရုံတွေများတယ်၊ ဒါတွေကြောင့် သူ့ရဲ့ လိုအပ်ချက်တွေဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အဆပေါင်းများစွာ သာပါတယ်။ နိုင်ငံတကာ Renewal Energy သဘောတူညီချက် တွေရှိလာနိုင်မှာနဲ့၊ အနာဂါတ်မှာ ရေနံလိုမျိုး လောင်စာတွေ ရှားပါးလာမှာကို တွက်ချက် လာကြတဲ့ အတွက် လေစွမ်းအင်၊ နေစွမ်းအင်စတဲ့ ဖြည့်တင်းစွမ်းအင် စီမံကိန်းတွေကိုလည်း ပမာဏကြီးစွာ ဖော်ဆောင်နေပါတယ်။

ဒီစီမံကိန်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့လောင်စာနဲ့ ဓာတ်သတ္တုတွေကိုလည်း ပမာဏ များစွာ ဝယ်ယူ စုဆောင်းနေတာ ဖြစ်တယ်။ ဒီလို စွမ်းအင်နဲ့ ဓာတ်သတ္တုတွေ ရရှိ စုဆောင်းရေး အတွက် ပြင်ပ တိုင်းပြည်တွေထဲမှာ ဆိုရင် တရုတ်အတွက် အာဖရိကဟာ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နေခဲ့ပါတယ်။ အာဖရိကနိုင်ငံတွေ ကိုဝင်ရောက်ဖို့ အတွက် စစ်ရေး အင်အား သုံးမဲ့အစား Cheque စာအုပ်နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေကို ခေါ်သွားပြီး ခေတ်မှီတဲ့ နိုင်ငံဖြစ်အောင် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းရာက စတင်နိုင်ပါတယ်။ အာဖရိကန်နိုင်ငံတွေဖက်က ဆိုရင်တော့ အပြန်အလှန် အားဖြင့် သူတို့ရဲ့ပေါကြွယ်ဝတဲ့ သံယံဇာတ သိုက်တွေကို တရုတ်တွေကို အတားအဆီး မရှိ တူးဖော် ထုတ်လုပ်ခွင့်ပေးလိုက်ယုံပါပဲ။

အာဖရိကမှာတရုတ်ကမြုပ်နှံတဲ့ပမာဏကိုဘယ်သူမှ အတိအကျ မသိပါဘူး။ တရုတ်ကလဲ မထုတ်ပြန်သလို၊ အာဖရိက နိုင်ငံတွေကလဲ မထုတ်ပြန်ပါဘူး။ ဘယ်လိုပဲ မထုတ်ပြန်ပေမဲ့ အဲဒီ ပမာဏဟာ အာဖရိကမှာ အမေရိကန်နဲ့ ပြင်သစ်တို့ မြုပ်နှံ ထားတာထက် များစွာ ပိုတယ် ဆိုတာ ထင်ရှားပါတယ်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ တရုတ်-အာဖရိက ကုန်သွယ်မှုဟာ ၂ဝဝဝ ခုနှစ်တွေ တုန်းက ဒေါ်လာ ၁ဝ ဘီလီယံပဲ ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ဒေါ်လာ ၁ဝ၇ ဘီလီယံအထိ တိုးလာ ခဲ့ပါတယ်။ တရုတ်အစိုးရ ကိုယ်တိုင် ဦးဆောင်တဲ့ တရုတ် အစိုးရ ကုပ္မဏီ ကြီးတွေ၊ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တရုတ်ကုန်သည် အငယ်စားတွေ အထိ အာဖရိကရဲ့ စီးပွားရေး လုပ်ငန်းတိုင်း လိုလိုမှာ တက်ကြွစွာ ဝင်ရောက် လုပ်ကိုင်ခဲ့ကြပါတယ်။

ဒါတွေကြောင့် ChinAfrica ဆိုတဲ့ စကားအသစ်တောင် ရှိလာပါတယ်။ တကယ်တော့ အာဖရိက ဟာတရုတ်နဲ့ မစိမ်းပါဘူး။ ၁၉၅ဝ နဲ့ ၁၉၆ဝ နှစ်တွေမှာ တရုတ် ကွန်မြူနှစ်ဝါဒ ပြန့်ပွားဖို့နဲ့ အနောက်တိုင်း Capitalism ကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အာဖရိကကို တရုတ်အနေနဲ့ ဘဏ္ဏာရေးနဲ့ ဆောက်လုပ်ရေး အကူအညီ တွေလည်း ပေးခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ၂ဝဝ၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ် အစိုးရရဲ့ “ဂျောင်ချူ” ပေါ်လစီ ကြောင့် လွန်ခဲ့တဲ့ ၁ဝ နှစ်လာက်ကစပြီး အခုအထိ တရုတ်လူဦးရေ တသန်းကျော်ဟာ အာဖရိက အနှံအပြားမှာ ဝင်ရောက် လုပ်ကိုင် နေကြပါပြီ။ “အပြင်ထွက်ကြ” လို့ အဓိပ္ပါယ်ရပါတဲ့ ဒီပေါ်လစီရဲ့ အစိတ်အပိုင်း အဖြစ် တရုတ် အစိုးရက၂ဝဝရ ကစတင်ပြီး အာဖရိကမှာ ရင်းနှီး လုပ်ကိုင်ကြမဲ့ တရုတ် ကုပ္မဏီတွေကို နှစ် ၅ဝ ဆယ် အစိုးရ Fund အားပေးရေး ဥပဒေကိုပြဌာန်းခဲ့ပါတယ်။

ဒီနေ့တရုတ်ရဲ့အာဖရိကကိုလာရောက်ခြင်းက ကြွယ်ဝတဲ့အာဖရိကရဲ့ သံယံဇာတသိုက်တွေကို ထုတ်ယူဖို့ သက်သက် လာရောက် ခဲ့တာပါ။ အရင် လာတုန်းကလို ကွန်မြူနစ် ဝါဒကို ဖြန့်ချီဖို့ မဟုတ်တော့ပါဘူး။ အာဖရိက တိုက်ဟာ အမေရိက၊ တရုတ်၊ ဥရောပတို့ထက် ကြီးပါတယ်။ တူးဖော်မှု အတိုင်းအတာနဲ့ဆို ဘာဆို ဘာကိုမှ မတူးဆွရသေးတဲ့ နေရာကြီးတခုပါ။ ရေနံ၊ ကျောက်မီးသွေး၊ သံ၊ သတ္တု၊ ခဲ၊ တန်စတင်၊ ကိုဘော့၊ ကိုလ်တန်၊ ကြေး၊ မန်ဂနီး(စ်)၊ ခရိုမီယံ၊ ခနောက်စိမ်း၊ လုပ်ငန်းသုံးစိန်၊ ယူရေနီယံ၊ ပလက်တီနမ်၊ ရွှေ၊ ငွေ တွေ ထွက်သလို ဒီနေ့ခေတ်ရဲ့ Electronic ပစ္စည်းတွေမှာ မရှိမဖြစ် သုံးနေကြရတဲ့ ရှားပါး ဓာတ်သတ္တုတွေပါ ထွက်ရှိနေ တဲ့နေရာပါ။ အဲလိုကြွယ်ဝမှုတွေ ရှိပေမဲ့၊ အာဖရိကနိုင်ငံတွေ စုပေါင်းလိုက်တဲ့ GDP ကတော့ ဘရာဇီး တနိုင်ငံရဲ့ GDP သာသာ ပဲရှိပါတယ်။ ဒီလို နိမ့်ကျမှုတွေက ရုံးထွက်ချင်တာရယ်၊ သူတို့ အစိုးရတွေရဲ့ အာဏာ နယ်နမိတ်တွေကို ချဲ့ထွင် ချင်တာတွေကြောင့် အာဖရိက နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ သံယံဇာတတွေကို ရောင်းစားဖို့ ကြိုးစား လာကြပါတယ်။ ဒီ့အတွက် နိုင်ငံတကာကို လမ်းဖွင့်ပေးထားပေမဲ့ တရုတ် လုပ်သလိုမျိုး အနောက်နိုင်ငံ ကုပ္မဏီတွေဟာ အာဖရိက အစိုးရတွေကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ တရုတ်ကတော့ အာဖရိက နိုင်ငံအစိုးရတွေရဲ့ လိုအပ်ချက်တွေကို ရရာနည်းနဲ့ ဖြည့်ဆည်းပေးရင်း နေရာတော်တော် များများကို အခြားသူ တွေဝင်မလာနိုင်အောင် အသာစီး ယူသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာဘဏ်ရဲ့အဆိုအရ တရုတ်ဟာအာဖရိကမှာ Infrastructure ပေး - Resource ယူ သဘော တူညီချက်တွေ ကို သဲကန္တာရ တပိုင်း ဖြစ်နေတဲ့ နိုင်ငံပေါင်း ၃၅ ထက် မနည်း ချုပ်ဆိုပြီး ဖြစ်နေပါပြီ။ တရုတ် ဆောက်လုပ်ရေး ကုပ္မဏီတွေကတော့ အာဖရိကရဲ့ မြေပေါ်မှာအောင်မြင်မှု သရဖူ စိုက်ထူနိုင်သူတွေပါ။ ဒီလုပ်ငန်းတွေထဲ စီးဝင်သွားတဲ့ ငွေတွေကတော့ တရုတ် အစိုးရကနေ တရုတ်ကုပ္မဏီတွေ အတွက် အထူးနှုန်းနဲ့ ချေးပေးတဲ့ငွေတွေပါ။ ဒါ့အပြင် အာဖရိကမှာ လာလုပ်တဲ့ အတွက်ဆိုပြီး တရုတ်အစိုးရက ကုပ္မဏီတွေကို Export Credit တွေကို ချီးမြှင့်ပါသေးတယ်။ အစိုးရ ကိုယ်တိုင်ကနေ ဒီလိုမျိုးတွေ ထောက်ပံ့တဲ့ အတွက် အခြားအနောက် အုပ်စု ကုပ္မဏီတွေဟာ အာဖရိကရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တရုတ်ဆောက်လုပ်ရေး ကုပ္မဏီတွေကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

ရေကာတာတွေ၊ရေအားလျှပ်စစ်တွေ၊ လမ်းတွေ၊ ရထားလမ်းတွေဖောက်ပေးတာတွေက သာမန် ကြည့်ရင်တော့ အာဖရိက တိုက်ရဲ့အကျိုးတွေ ဖြစ်ပေမဲ့ တဖက်က ကြည့်ရင်တော့ တရုတ်အတွက် အာဖရိကရဲ့ ထွက်သမျှ သံယံဇာတ တွေကို ချောချောမွေ့မွေ့ တရုတ်ပြည်ကို သယ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။ ဆောက်လုပ်ရေးတွေ အတွက် လိုအပ်တဲ့ ကုန်ပစ္စည်း အားလုံးကိုတော့ တရုတ်ပြည်ကနေပဲ တင်သွင်းတဲ့ အတွက် တရုတ်ပြည်တွင်းက ထုတ်လုပ်ရေး ကုပ္မဏီတွေအတွက် အကျိုးစီပွား ဖော်ဆောင်ပြီးသားလည်း ဖြစ်နေပါတယ်။ တကယ်တော့ တရုတ်ရဲ့ ဒီလိုနာမယ်ခံ ကူညီရေး အစီအစဉ်တွေဟာ ဒေသခံ အာဖရိကန်ပြည်သူ တွေအတွက် ဆိုရင် အလုပ်အကိုင် ရရှိရေးအတွက် နဲနဲပဲ တတ်နိုင်တာပါ။ ဒီလို ပရောဂျက်တွေမှာ လုပ်ကိုင်မဲ့ လုပ်သားအင်အား တွေရဲ့ ၇ဝ % အထိကို တရုတ် အလုပ်သမားများ နဲ့သာ လုပ်ရမယ်လို့ လုပ်ငန်းစထဲက အာဖရိကနိုင်ငံတွေ အနေ နဲ့သဘောတူ ချုပ်ဆို ထားခဲ့ကြရတာပါ။

ဒီနေ့မှာအကြီးဆုံးလို့ပြောရမယ့်ပရောဂျက်က အာဖရိက အလယ်ပိုင်းက ကွန်ဂိုမှာဖြစ်ပါတယ်။ လူဦးရေသန်း ရဝ ကျော်၊ တနေ့ဝင်ငွေ တဒေါ်လာ မရှိတရှိနဲ့နေရကြတဲ့ ကွန်ဂို ပြည်သူတွေဟာ ကိုလိုနီခေတ်၊ ခြစားတဲ့ အစိုးရရဲ့ လွပ်လပ်ရေးလို့ ပြောတဲ့ခေတ်၊ ၁၉၉၈ နဲ့ ၂ဝဝ၄ ကြားက ခန့်မှန်းခြေ လူ ၄.၅ သန်းလောက် သေခဲ့ရတဲ့ ပြည်တွင်းစစ်ခေတ်၊ အကြမ်းဖက်ခြင်း၊ ငတ်ပြတ်ခြင်းခေတ်တွေနဲ့ ကြုံခဲ့ကြ၊ ကြုံနေကြတာပါ။ ဒါပေမဲ့ ဒီ ကွန်ဂိုရဲ့ နယ်နမိတ်တွင်းမှာတော့ ခန့်မှန်းခြေ ဒေါ်လာ ထရီလျှံ ၂၅ ကနေ ၅ဝ ထိ တန်တဲ့ မတူးဖော်ရသေးတဲ့ သဘာဝ ဓာတ်သတ္တုတွေ အမြောက်အမြား ရှိပါတယ်။ ဒေါ်လာ ၉ ဘီလီယံတန် ကွန်ဂိုနဲ့ In fracture for Mineral စာချုပ်မှာ မိုင် ၂၄ဝဝ ရှည်တဲ့ လမ်းတွေ၊ မိုင် ၂ဝဝဝ ကျော်ရှိမဲ့ ရထားလမ်းတွေ၊ ဆေးရုံပေါင်း ၃၂ ရုံ၊ ကျမ်းမာရေးဌာန ၁၄၅ ခု နဲ့ တက္ကသိုလ် ၂ ခုပါဝင်ပါတယ်။ ကွန်ဂိုမှာ တနေရာနဲ့ တနေရာကို သွားဖို့ ကားလမ်းများများ စားစား မရှိတဲ့အတွက် သူ့ရဲ့မြို့ကြီးတွေ အကြား လေကြောင်းခရီးကိုသာ အဓိက အားကိုးနေရတဲ့နိုင်ငံပါ။ ပျမ်းမျှ လူ့သက်တမ်း ကလဲ ၅၅ နှစ်ပဲ ရှိပါတယ်။ မွေးစ ကလေး သေပျောက်မှုနှုန်း ကလဲ ကမ္ဘာ့ အမြင့်ဆုံးနိုင်ငံပါ။ လူဦးရေရဲ့ သုံးပုံတပုံက စာမတတ်ပါဘူး။ ဒါကြောင့် မို့လို့ တရုတ်ရဲ့ အခုလို ချည်းကပ်မှုမျိုးတွေကို ကွန်ဂို အစိုးရဟာ လက်မခံပဲ မနေနိုင်ခဲ့ပါဘူး။ တရုတ်က ဒီလို ချည်းကပ်မှု မျိုးတွေနဲ့ပဲ အခြား အာဖရိကန်နိုင်ငံတွေ နဲ့လဲ ဆက်သွယ် လုပ်ကိုင်နိုင်ခဲ့ပါတယ်။

ကွန်ဂိုမှာ ဒေါ်လာ ၉ သန်းတန် အထက်ပါအကူအညီပေးမှုမျိုးကနေပြီး၊ တရုတ်အတွက် ပြန်ရမှာတွေ ကတော့ မက်ထရစ်တန် ၁ဝ သန်းတန် ကြေးနီနဲ့ မက်ထရစ်တန် ၆ သိန်းကျော် ကိုဘော့လ် (Cobalt) မိုင်းတွေ တူးဖော်ခွင့် ပဲဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဆိုရင် တရုတ်အတွက် သူ့ရဲ့ဖက်စပ် ကွန်ဂို အစိုးရမိုင်း ကုပ္မဏီရဲ့ ရှယ်ရာကို ခွဲပေး ပြီးတာတောင်မှ အနဲဆုံးဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းများစွာ ရရှိမှာပါ။

ဒီလိုပရောဂျက်တွေမှာ အကြီးစားလာဘ်စားမှုတွေကလည်း အမြဲလို ပါဝင်နေတာကလဲ မကြားချင်မှ အဆုံးပါ။ ဆူဒန်က ဘုရင့် နန်းတော်သစ်၊ ဇမ်ဘီယားနဲ့ ကင်ညှာက ဘောလုံး ကစားကွင်း၊ ယူဂန္ဒာက ဖိုင်ဘာ ဆက်ကြောင်း၊ အားလုံးဟာ ခြစားမှုတွေရဲ့ သာဓက အချို့ပါ။ အမေရိကန်နဲ့ ဥရောပ ကုပ္မဏီတွေ အနေနဲ့ လာဘ်စားမှု ဥပဒေ (FCPA) ကို လိုက်နာရတဲ့ အတွက် အဲဒီလို ပရောဂျက်တွေကို မလုပ်နိုင်ပေမဲ့ တရုတ် ကုပ္မဏီတွေကတော့ လာဘ်ပေးတာကို ပင်လျှင် လက်နက် တခုသဖွယ် အသာစီးယူပြီး ပရောဂျက်တွေကို ရယူနိုင်ခဲ့တာပါ။

အာဖရိကကို အမေရိကနဲ့အနောက်အုပ်စုတွေ အားလုံးက Human Right နဲ့ Democracy စံနှုန်းတွေနဲ့ အလုပ် ရှုပ်နေချိန်မှာ တရုတ်ကတော့ နိုင်ငံရေး၊ လူသားချင်း စာနာရေးတွေ လုံးဝမပါပဲ၊ စီးပွားရေး သက်သက် ပုံစံမျိုးနဲ့ အစိုးရရော၊ ပုဂ္ဂလိက ကုပ္မဏီတွေက အာဖရိကနိုင်ငံတွေနဲ့ အစိုးရတွေကို ချည်းကပ် ခဲ့တာပါ။ ဒီလို ချည်းကပ် မှုတွေကြောင့် အာဖရိက နိုင်ငံတွေမှာ မဆုံးနိုင်တဲ့ ပြည်တွင်းစစ်တွေ မရပ်နိုင်မှာ၊ မျိုးတုန်း သတ်ဖြတ် မှုတွေ ရှိနေမှာ၊ အာဏာရှင်တွေ ရှိနေကြဦးမှာ၊ လာဘ်စားမှုတွေ ဖြစ်နေကြမှာ ဆိုတာတွေကတော့ တရုတ်ရဲ့ သူများပြည်တွင်းရေးမှာ မစွက်ဖက်ရေး ဆိုတဲ့ ကြွေးကြော်သံ အောက်မှာ မသိချင်ယောင်ဆောင်ခံ ခဲ့ကြရတာပါ။

ဆူဒန်မှာဆို ထွက်သမျှ ရေနံရဲ့ တဝက်လောက်ကို ဝယ်နေတာတင် မဟုတ်ပဲ မျိုးတုန်း သတ်ဖြတ်တာတွေ ရှိတာကို သိသိကြီးနဲ့ လက်နက်တွေ ကိုပါ ရောင်းချ ပေးနေတာပါ။ ဇင်ဘာဘွေမှာ ဆိုလဲ ရောဘတ် မှုဂါဘီတို့ကို လက်နက် ရောင်းချပြီး စိန်တွင်းတွေဆီ ဝင်ခွင့်ကို အရယူခဲ့တာပါ။

Ref: dinkypage

Read More...

မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း

ကိုသားညွန့်ဦး
ဗုဒ္ဓဟူး, 09 မေ 2012

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အသိအမှတ်ပြုပြီး တိုးတက်မှုတွေ ပိုရှိလာအောင် ကုလသမဂ္ဂ အနေနဲ့ ဘယ်လို ကူညီဆောင်ရွက် ပေးနိုင်မလဲ သုံးသပ် အဖြေထုတ်ဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အသွင် ကူးပြောင်းမှု အောင်မြင်မှု ရအောင် နိုင်ငံတကာ အနေနဲ့ ၀ိုင်းဝန်း ကူညီကြဖို့ ကိုလည်း တိုက်တွန်း သွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါ့မယ်။

အတွင်းရေးမှူးချုပ် သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မနေ့က ရှင်းပြပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကို အသိအမှတ်ပြုကြဖို့ တိုက်တွန်း ခဲ့တာပါ။ တိုးတက်မှုတွေ ပိုရှိလာအောင်လည်း ဘယ်လို ၀ိုင်းကြ ၀န်းကြမလဲ ဆိုတာ နည်းလမ်း စဉ်းစားကြဖို့ အထွေထွေ ညီလာခံကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီးတော့ နှစ်ပေါင်း ကြာရှည်စွာ စိုးရိမ် ပူပင်နေတဲ့ အချက် အတော်များများကို မကြာခင်က ပြုပြင်ပြောင်းလဲ မှုတွေ လုပ်လာပါပြီ။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု အခြေအနေတွေဟာ မခိုင်မာသေးဘူး ဆိုတာ လက်ခံရမှာဖြစ်သလိုပဲ အထွေထွေ ညီလာခံ အနေနဲ့ တိုးတက်မှုတွေကို တစုံတရာ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ဒီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို အတွင်းရေးမှူးချုပ်ရုံး အနေနဲ့ ဘယ်လို အကူအညီတွေ ပေးသွားနိုင်မလဲ ဆိုတာကိုလည်း သုံးသပ် စဉ်းစားရမှာ ဖြစ်ပါတယ်။”

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ တာပါ။ ဒါဟာ နှစ်ပေါင်း ဆယ်စုနှစ် နဲ့ ကြာတဲ့ မြန်မာ လွှတ်တော် အတွင်း မိန့်ခွန်းပြောတဲ့ ပထမဆုံး နိုင်ငံခြား ဧည်သည်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူရဲ့ ပထမဆုံး မြန်မာနိုင်ငံတော် သစ်ကို သွားတဲ့ခရီးစဉ်လို့ အတွင်းရေးမှူးချုပ်က တင်စားခဲ့ပါတယ်။

“ကျနော် မြန်မာနိုင်ငံကို သွားရောက်တာ ဒီတခေါက်ပါဆိုရင် သုံးကြိမ်မြောက်ဖြစ်ပေမယ့် ရွေးကောက်ပွဲ အပြီး အရပ်သား အစိုးရတရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံသစ်ကို သွားရောက်တာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပါ တယ်။”

ခရီးစဉ်အတွင်းဟာ မြန်မာသမတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ အာဏာပိုင်တွေကိုရော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ အခြား နိုင်ငံရေး ပါတီတွေ လူမှု အဖွဲ့အစည်းတွေ ကိုပါ တွေ့ဆုံခွင့် ရခဲ့တယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အထူးသဖြင့်တော့ သူ မြန်မာပြည် ရောက်နေစဉ်အတွင်း လွှတ်တော် တက်ရေးမှာ ကျမ်းသစ္စာ ဆိုရေးကိစ္စ မကျေမလည် ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က ပြေလည်အောင် အလျှော့ပေးလိုက်တဲ့ အပေါ်မှာ ကျေနပ်နှစ်သိမ့် မိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရပေမယ့် အခြေအနေတွေက ခိုင်ခံ့မှု မရှိသေးဘူးလို့လည်း အတွင်းရေးမှူးချုပ်က သတိပေးပါတယ်။

“မြန်မာနိုင်ငံတွင်း အရေးကြီးပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့်လည်း ဒီ ပြုပြင်ပြောင်းလဲမှုတွေဟာ မခိုင်မာဘဲ အချိန်မရွေး ပြန် ပျက်ယွင်းသွား နိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း အခု ပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အပြုသဘော ပြန်လည် တုံ့ပြန် ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို နိုင်ငံ အတော်များများက ပြန်လည် ရုပ်သိမ်းတာ၊ ဆိုင်းငံ့တာတွေ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အသွင် ကူးပြောင်းမှုတွေ အောင်မြင်နိုင်အောင် ဒီထက်ပိုပြီး တုံ့ပြန်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ မြန်မာခရီးစဉ်အတွင်းမှာတော့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုဖြစ်လာဖို့ကိုလည်း နှစ်ဘက် သဘောတူ ခဲ့ကြတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ အပြုသဘော တုံ့ပြန်ကြဖို့ တိုက်တွန်း သလိုပဲ ကုလသမဂ္ဂ အနေနဲ့ကလည်း သူ့လုပ်ဆောင်ရမယ့် အပိုင်းကနေ မြန်မာ့နိုင်ငံရေး တိုးတက်မှုအတွက် ကူညီဆောင်ရွက်ဖို့ ပိုင်းဖြတ် ထားတယ်လို့လည်း ဆိုပါတယ်။

Ref: VOA News

Read More...

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်း အရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

2012-05-09

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်း အရ အတတ်နိုင်ဆုံး ကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် (၉) ဦးကို တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ပြီး အခုလို ပြောဆိုတာပါ။

ဒါ့အပြင် ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ပြေလည်အောင် ကူညီ ဖြေရှင်းပေးမယ်လို့ ပြောဆိုကြောင်း ဗကသများ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ကိုသီဟဝင်းတင်က RFA ကိုအခုလို ပြောပါတယ်။

" ပထမဦးဆုံးမှာ သူပြောတဲ့ ဥစ္စာကတော့ ပြည်သူတွေ ခံစားကြုံတွေ့ရတဲ့ ဝေဒနာတွေပေါ့နော်။ ဒုက္ခတွေ၊ ပြဿနာတွေကို ပြောဆိုဆွေးနွေး ထားတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီကျောင်းသား ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ အတွက် သူကူညီပေးမယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီကျောင်းသားသမဂ္ဂ ဆိုတာ တရားဝင် ဖြစ်ပြီးသား ဆိုတာကို သူ့အနေနဲ့လည်း လက်ခံတယ်ပေါ့နော်။ ဒီမိုကရေစီနိုင်ငံ ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂ ဆိုတာ ရှိကို ရှိရမယ်ပေါ့နော်။ အဲဒီဥစ္စာတွေကို သူက ဆက်ပြီး ကူညီသွားမယ်။ ပိုပြီးတော့ တရားဝင် ပွင့်ပွင့်လင်းလင်း ဖြစ်လာနိုင်အောင်ပေါ့နော်။ ပြီးတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့တွေ အကုန်လုံးက ကျောင်းတက်ခွင့် ပိတ်ပင် ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပြန်တက်ခွင့် ရအောင် သူ့အနေနဲ့ ဥပဒေအရ ပြန်ပြီး ကူညီပေးနိုင်မယ်လို့ သူကပြောပါတယ်"

ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက တည်ရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆောက်အဦးလည်း ဗုံးခွဲ ဖျက်ဆီးခံရ၊ အဖွဲ့ တည်ရှိခွင့်လည်း ပိတ်ပင် ခံခဲ့ရပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားတွေက သမဂ္ဂကို လျှို့ဝှက် ဖွဲ့စည်းပြီး လက်ဆင့်ကမ်း သယ်ဆောင်လာရာမှာ ၁၉၈၈ ခုနှစ်မှာ တကြိမ် ကျောင်းသားထုရှေ့မှာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့် ဗကသများအဖွဲ့ချုပ်ဟာ ပွင့်ပွင့်လင်းလင်း တည်ရှိခွင့် မရပေမယ့် ၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ဆက်လက် ဖွဲ့စည်း လုပ်ကိုင်ခဲ့ပြီး၊ အခုအစိုးရရဲ့ အုပ်ချုပ်ရေး စနစ်အောက်မှာ ကျောင်းသား သမဂ္ဂတွေ ဒေသအလိုက် ပွင့်ပွင့်လင်းလင်း တည်ရှိနိုင်ဖို့ ကြိုးစားနေကြပါတယ်။

Ref: RFA News

Read More...

ပထမဆုံးသော ပါတီညီလာခံ NLD ကျင်းပရန် စီစဉ်

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ် ပါတီ စတင် တည်ထောင်စဉ် ကတည်းက ပါတီညီလာခံ ကျင်းပနိုင်ခြင်း မရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သည် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံး ညီလာခံ ကျင်းပကာ ပြန်လည် ဖွဲ့စည်းသွားမည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ပါတီညီလာခံအနေနဲ့ကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျနော်တို့ အဖွဲ့ချုပ်ကို ရပ်ကွက် အဆင့်၊ ကျေးရွာအုပ်စု အဆင့်၊ မြို့နယ် အဆင့်၊ ခရိုင် အဆင့်၊ တိုင်းနဲ့ပြည်နယ် အဆင့် အားလုံး ဒီမိုကရေစီ နည်းကျ ဗဟိုအဆင့် အထိ ဖွဲ့စည်းဖို့ အတွက် ညီလာခံတွေ လုပ်မှာ ဖြစ်ပါတယ်။ ခြုံပြောရရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ဖို့ ရည်ရွယ်တဲ့ အဖွဲ့ချုပ် ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတာမျိုး လူကြီးတွေ ဆန္ဒရှိပါတယ်” ဟု ပြောသည်။

အဆင့်ဆင့်သော ညီလာခံများပြီးနောက် ဗဟိုညီလာခံကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီလတွင် ဗဟိုညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း နဝတ အစိုးရ၏ ဖိနှိပ်မှုများကြောင့် ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိဟု ဦးအုန်းကြိုင်က ဆိုသည်။

“အဲဒီမှာ အဖွဲ့ချုပ်က လူကြီးတွေနဲ့ အဖွဲ့ချုပ်လည်း ဖြိုခွင်းခံရပြီးတော့ ပြောရရင်တော့ တိုက်ပွဲထဲ ရောက်သွားပြီးတော့ ညီလာခံတွေ ရပ်ထားခဲ့ရပါတယ်။ ဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တားမြစ်ခံဘဝမှာပဲ အဖွဲ့ချုပ်ကို မပြိုမကွဲ ဆက်လက် ရပ်တည်သွားနိုင်အောင် ကျနော်တို့ အချိန်ပေးခဲ့ရပါတယ်။ အဲဒါကြောင့် ညီလာခံ အထမမြောက်ခဲ့ဘူး” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD သည် ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြန်လည် မှတ်ပုံတင်ခြင်း မရှိခဲ့သည့် အတွက် အလိုအလျောက် တရားမဝင် ဖြစ်ခဲ့ရကာ ထိုနှစ်ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့သည်။ ထို့နောက် ပါတီ မှတ်ပုံတင် ဥပဒေပါ စာသားတချို့အား ပြုပြင်လိုက်ပြီးနောက် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် မှတ်ပုံပြန်တင်ခဲ့သည်။

ယင်းနောက် ပါတီခေါင်းဆောင်ပိုင်း ပြောင်းလဲမှုများ ပြုလုပ်လာပြီး ပါတီ စတင် တည်ထောင်စဉ်ကတည်းက အထွေထွေ အတွင်းရေးမှူ တာဝန်ယူခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲယူခဲ့ပြီး ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦးမှာ ပါတီနာယက ဖြစ်လာခဲ့သည်။

ပါတီဝင်အားလုံးကိုလည်း လျှောက်လွှာ ပြန်တင်စေခဲ့ခြင်းဖြင့် ပါတီ ဖွဲ့စည်းမှုများ ပြုပြင်ခဲ့သည်။

ယခုအချိန်တွင် ပါတီဝင် လျှောက်လွှာ ခြောက်သိန်းခွဲကို ဖြန့်ဝေထားပြီး မေလကုန်တွင် ပါတီဝင် လျှောက်လွှာအားလုံး အဖွဲ့ချုပ်ဗဟိုသို့ ပေးပို့ရန်လည်းနှိုးဆော်ထားသည်။

၂ဝ၁ဝ ခုနှစ်အတွင်း NLD မှခွဲထွက်၍ ပါတီသစ်ထောင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီးနောက် ယခုတဖန် NLD သို့ ပြန်လည် ဝင်ရောက်ရန် လျှောက်ထားမှု များနှင့် ပတ်သက်၍လည်း ညီလာခံမှ ဆုံးဖြတ်ပေးမည်ဟု ဦးအုန်းကြိုင်က ပြော သည်။

“ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီး တလျှောက်မှာ ကျနော်တို့ ပါတီဝင်တချို့မှာ ပါတီ စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာအရ တချို့အချက်တွေ ငြိစွန်းနေတာတွေ ရှိပါတယ်။ အများဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာ ခဲ့တာမျိုးပေါ့။ ဒီပါတီ ညီလာခံဟာ ကျနော်တို့ ပါတီရဲ့ ရေးရာအားလုံးကို ကောင်းကျိုးဆိုးကျိုးကို ဆုံးဖြတ်ပေးနိုင်တဲ့ တခုတည်းသော အာဏာပိုင် အဖွဲ့အစည်းပဲ ဆိုပြီးတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ခဲ့မှုကိုလည်းပဲ ညီလာခံကို တင်ပြပြီးတော့ ဆုံးဖြတ်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ညီလာခံ ကျင်းပနိုင်ရေး ဗဟိုကော်မရှင်ကိုလည်း အဖွဲ့ဝင် ၉ ဦးဖြင့် ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဦးတင်ဦး က တာဝန်ယူ၍ ဦးဉာဏ်ဝင်းက အတွင်းရေးမှူး အဖြစ် တာဝန်ယူထားသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သို့ မဲမပေးနိုင်အောင် မဲဆန္ဒပြားများတွင် ဖယောင်းသုတ်မှုများ ရှိခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က အဆိုပါ ဖြစ်စဉ်မျိုး မရှိခဲ့ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

“သတင်းအခြေအမြစ် မရှိသည့် တဆင့်ကြားစကား၊ ထင်မြင်ချက် စကားများဖြင့် ကော်မရှင်သို့ တိုင်ကြားခြင်း ဖြစ်ကြောင်း” ဟု နိုင်ငံပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်သည်။

NLD ၏ တိုင်ကြားမှုသည် ပြည်သူများကို ထင်ယောင်ထင်မှား ဖြစ်စေပြီး ယင်းသို့ ထုတ်ဖေါ်ရေးသား ပြောဆိုခြင်း မပြုရန်တွက် ပါတီ အတွင်းရေးမှူးအား လိုအပ်ပါက အရေးယူနိုင်ရန် အသိပေး ပြောကြားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖေါ်ပြသည်။

ကော်မရှင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သီးသန့် ဆုံးဖြတ်ချက် မရှိသေးဘူးဗျ။ ဥပဒေရေးရာ အဖွဲ့နဲ့ တိုင်ပင် ရပါဦးမယ်။ ဘယ်လို ဆုံးဖြတ်မယ် ဆိုတာကို၊ အဆုံးအဖြတ် တခုခုတော့ မပေးသေးဘူး” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည်

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတနှင့် ပတ်သက်သည့် သတင်းများကို သမ္မတရုံး အင်တာနက် စာမျက်နှာတခု ဖွင့်လှစ်၍ တင်ဆက် သွားမည်ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦး၏ Face Book လူမှု ကွန်ယက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖေါ်ပြ ထားသည်။

“သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏ Face Book စာမျက်နှာတွင် ရေးသားထားသည်။

ဗုဒ္ဓဟူးနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာ၏ စမ်းသပ် တင်ဆက်မှုတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ တို့၏ တွေ့ဆုံမှုကို ဖော်ပြထားပြီး ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းပေးရေးလည်း
ဆွေးနွေးကြသည်ဟု အဆိုပါ စမ်းသပ် စာမျက်နှာတွင် ဖေါ်ပြထားသည်။

အဆိုပါ စာမျက်နှာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်၊ ပြည်ထောင်စု လွှတ်တော်တို့၏ အခန်း ကဏ္ဍများလည်း ထည့်သွင်း ထားသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ နိုင်ငံခြားရေးမူဝါဒ စသည့် အခန်းကဏ္ဍများလည်း ပါဝင် ဖွဲ့စည်းထားသည်။

သမ္မတ၏ နေ့စဉ်သတင်းများအပြင် ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက် များကိုလည်း ထည့်သွင်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

စမ်းသပ်ဆဲ ကာလဖြစ်၍ အင်တာနက် ဝက်ဘ်ဆိုက်အမည် မရှိသေးဘဲ IP Address ဖြင့်သာ လွှင့်တင်ထားသေးသည်။ “စမ်းသပ်ဆဲကာလ ဖြစ်ပါတယ် ခင်ဗျား။ ဒိုမိန်းနိမ်းဖြင့် လွှင့်ပါမည်။ ဥပမာ - www.president.gov.mm ကဲ့သို့ ဖြစ်ပါ မည်” ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face book စာမျက်နှာတွင် ရေးသားထသည်။

ယခု လောလောဆယ်တွင် http://203.81.81.136/e-President/ လိပ်စာကို အသုံးပြုထားသည်။

Ref: မဇ္ဈိမ

Read More...

ပိတ်ဆို့မှုတချို့ ဆွစ်ဇာလန် ပြန်ရုပ်မည်

2012-05-09

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတချို့ကို ပြန်လည် ရုပ်သိမ်းတော့မယ်လို့ ဆွစ်ဇာလန် အစိုးရက မနေ့က ကြေညာ လိုက်ပါတယ်။

ဧပြီလအတွင်း ၀န်ကြီးများ အစည်းအဝေးတွေကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အရ လက်နက်နဲ့တကွ ဖိနှိပ်ရေးမှာ အသုံးပြုနိုင်တဲ့ တခြားပစ္စည်းတွေ ရောင်းချတာက လွဲပြီး၊ ကျန်တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာ ဖြစ်တယ်လို့ စီးပွားရေးဆိုင်ရာ အတွင်းဝန်ရုံးက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလပိုင်းတွေအတွင်း အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဆွစ်ဇာလန် အစိုးရက ကြိုဆိုပြီး၊ အဲဒီပြုပြင် ပြောင်းလဲမှုတွေကို အားပေး ထောက်ခံတဲ့ အနေနဲ့ ပိတ်ဆို့မှု တချို့ကို ပြန်လည် ရုပ်သိမ်းဖို့ ရည်ရွယ် ထားပါတယ်လို့ အတွင်းဝန်ရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အဆိုးဘက်ကို ရုတ်တရက် ပြန်ပြောင်းသွားမယ် ဆိုရင်တော့ ပိတ်ဆို့မှု ရုပ်သိမ်းချက်ကို ပြန်လည် ပယ်ဖျက်မယ်လို့ ဆိုပါတယ်။

Ref: RFA News

Read More...

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်တွင် ဆုံးဖြတ်ချက် ချနိုင်သည့် ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်လာသဖြင့် နိုင်ငံရေး ပြဿနာ ဖြေရှင်းရာတွင် ထိရောက်မည်ဟု မျှော်လင့်ရကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့လာသူများက ကြိုဆိုလိုက်သည်။

နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်လာသဖြင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုတွင် ယခင်ထက် ပို၍ ထိထိရောက်ရောက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။

“တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးလိုလို ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်တဲ့အတွက်ကြောင့် ဒီဟာကိုတော့ ကြိုဆိုရမှာ ဖြစ်တယ်။ တဖက်ကလည်း တပ်ဖက်က အရေးပါတဲ့ ခေါင်းဆောင်များ ပါတဲ့ အတွက်ကြောင့် စစ်တပ်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အပိုင်းမှာ တပ်ကို ညွန်ကြား တာပဲဖြစ်ဖြစ်၊ ဖြစ်နေတဲ့ လုပ်ငန်း ဖော်ဆောင်ရေးမှာ အကျိုး ရှိတယ်လို့ မြင်ပါတယ်”ဟု ကရင် အမျိုးသား အစည်းအရုံး KNU မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထော က ပြောသည်။

တပ်မတော် ခေါင်းဆောင်များ၊ စစ်တိုင်းမှူးများလည်း ပါဝင်သဖြင့် လက်ရှိပြဿနာများကို ဖြေရှင်းရန် ပိုမို အလားအလာ ကောင်းကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S က ယူဆသည်။

“ကောင်းတဲ့ လက္ခဏာ တခုပဲ။ မပြေလည်သေးတဲ့ ပြဿနာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း အရင်ကထက် ပိုပြီးတော့ ဆွေးနွေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့နဲ့ သဘောတူညီမှု ရပြီးနောက် ပြဿနာ ဖြစ်တာက တပ်ပိုင်းနဲ့ဖြစ်တယ်။ ခု တပ်ပိုင်းခေါင်းဆောင်တွေ ပါလာတယ်ဆိုတော့ တခါတည်း သူတို့နဲ့ ဆွေးနွေးတဲ့နေရာ ပိုပြီး အဆင်ပြေ သွားမယ်”ဟု SSA-S မှ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်းက ပြောသည်။

KNU နှင့် SSA-S က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားပြီး ဖြစ်ပြီး အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ၎င်းအဖွဲ့နှစ်ခုသည် မေလအတွင်း သီးခြားစီ ထပ်မံတွေ့ဆုံရန် ရှိကြောင်း သိရသည်။

ယခု ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် အခွင့်အာဏာရှင်သူများနှင့် လက်တွေ့ အကောင်အထည်ဖော်မည့်သူများ ပါဝင်လာ သဖြင့် ဘက်ပေါင်း စုံလာသည်ဟု ယူဆကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။

“ကြိုဆိုတယ်။ ဒါပေမယ့် အဲဒီလို အကြိမ်ပေါင်းများစွာ ဖွဲ့ပြီး အခိုင်အမာ အကောင်အထည်ဖော်ဖို့ကိစ္စ ရှိတာကိုး။ လူနည်းနည်းနဲ့ အာဏာ မရှိတဲ့လူတွေ လုပ်ခဲ့တော့ ဘာမှ သိပ်အရာ မရောက်ဘူး။ ခုဟာက ဗဟိုနဲ့ အောက်က ပါဝါရှိတဲ့၊ အလုပ်လုပ်မယ့် လူတွေနဲ့ ဖွဲ့တာက ပိုပြီးတော့ ကောင်းတယ်။ ဘက်ပေါင်းစုံကနေ စဉ်းစားနိုင်တယ်”ဟု မဇ္စျိမကို ပြော သည်။

“တကယ်တမ်း အလုပ်လုပ်မယ်ဆိုရင် အခုအဖွဲ့က အများကြီး authorities ရှိတယ်။ အောက်က တပ်ကိစ္စ ဖြေရှင်းတဲ့ အခါမှာ အခိုင်အမာ ဖြေရှင်းဖို့ ရနိုင်တဲ့အထိ ဖြစ်မယ်။ ဟိုတုန်းကလို စကားလည်း ပြောလိုက်၊ ကြည့်ကောင်းအောင် ပြောပြီး လက်မှတ်ထိုးရုံနဲ့ ပြီးမှာ မဟုတ်ဘူး”ဟု သူက ဆက်ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ နိုင်ငံရေးပြဿနာကို အပစ်အခတ် ရပ်စဲရုံဖြင့် ပြေလည်နိုင်မည် မဟုတ်ဘဲ အခြေခံကျသည့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ကာလ တခု ယူ၍ ဆွေးနွေး ဖြေရှင်းမှ သာလျှင် တိုင်းရင်းသား အရေး ကိစ္စ ပြေလည်နိုင်မည်ဟု ဦးအောင်ကျော်ဇော က ဆိုသည်။

နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံတို့က ငြိမ်းချမ်းရေး အောင်မြင်ရေးအတွက် ငွေကြေး အကူအညီများ ပေးမည်ဟု တွန်းအား ပေးလိုက်ခြင်းမှာလည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ် ဖွဲ့စည်းရခြင်း အကြောင်းရင်း တခု ဖြစ်နိုင်သည် ဟု ဦးအောင်ကျော်ဇော က ယူဆသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ ငြိမ်းချမ်းရေး အတွက် မူဝါဒနှင့် ယုံကြည်မှုသာလျှင် အရေးကြီးကြောင်း KIO မှ ပြောခွင့်ရ ဦးလနန်က ပြောသည်။

“အဓိက မူပါပဲ။ ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်ဆိုတာက ချမှတ်ထားတဲ့ မူအပေါ်မှာပဲ သွားရမယ်ဆိုတော့ ပုဂ္ဂိုလ် အပေါ်မှာ အခြေခံတာ မဟုတ်ဘဲ။ ချမှတ်ထားတဲ့ မူဝါဒ၊ အရေးကြီးဆုံးက ပေါ်လစီပါ။ တဖက်နဲ့တဖက် အယုံအကြည် ရှိအောင် ပြောဆိုနိုင်မှုက အဓိကပါ”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ အစိုးရ၏ မူများဖြစ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအား လွှတ်တော်အတွင်း ဝင်ရောက်လာစေ၍ အခြေခံ ဥပဒေရေးရာများ ဆွေးနွေးစေခြင်း၊ လက်နက်ကိုင် အဖွဲ့ အစည်းများအား ကာကွယ်ရေး ဦးစီးချုပ်လက်အောက် နယ်ခြား စောင့်တပ်များအဖြစ် ပြောင်းလဲစေခြင်း ဆိုသည့် အတိုင်း ဆွေးနွေးမည် ဆိုပါက ထူးခြားလာမည် မဟုတ်ကြောင်း ဦးလနန် က ဆက်ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ၁၁ လ ပြည့်သွားပြီ ဖြစ်သည်။ ထိုကာလ အတွင်း တိုက်ပွဲ အကြိမ်ပေါင်း ၁,၃ဝ၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မေလ ၃ ရက်နေ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ဖွဲ့စည်းကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသော်လည်း အစိုးရကမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Ref: မဇ္ဈိမ

Read More...

အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲပြင်းထန်

ကိုမိုးဇော်
ဗုဒ္ဓဟူး, 09 မေ 2012

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အဆင့် တိုးမြှင့်ဖို့အတွက် အစိုးရ ဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကို ပြုပြင် ဖွဲ့စည်း လိုက်ချိန်မှာ ကချင်ပြည်နယ် အတွင်းမှာတော့ တိုက်ပွဲတွေ က ပြင်းထန် နေဆဲဖြစ်ပါတယ်။ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO အဖွဲ့ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာဒေသ အနီးမှာ အများစု ဖြစ်ပွားနေပြီး အစိုးရ တပ်တွေက တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက် ထားတဲ့ KIO အဖွဲ့ရဲ့ တပ်စခန်းတွေ အားလုံးကို ထိုးစစ်ဆင်ဖို့ ဖြန့်ကျက် ထားတဲ့ အနေအထားမှာ ရှိနေကြောင်း KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ကချင်ပြည်နယ် အတွင်းက တိုက်ပွဲတွေ ရဲ့ နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO/KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ အပစ်ရပ်ပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်စလာတာဟာ ဒီကနေ့ ဆိုရင် ၁၁ လပြည့်လာပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေ စဖြစ်ပြီးတဲ့နောက် အပစ်အခတ် ရပ်စဲဖို့အတွက် အစိုးရဘက်က ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တွေနဲ့ KIO အကြား အနည်းဆုံး ၆ ကြိမ်လောက် တွေ့ဆုံဆွေးနွေး ခဲ့ပေမဲ့ ဒီကနေ့ အထိ တိုက်ပွဲတွေက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေတွေကိုတော့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“နေ့တိုင်းတော့ တိုက်ပွဲတွေဖြစ်နေတယ်ခင်ဗျ။ ဒီမေလအတောအတွင်းမှာ မနေ့ကထိ ၈ ရက်နေ့အထိ တိုက်ပွဲပေါင်းက အနည်းဆုံး ၄၆ ကြိမ် ရှိ သွားပြီခင်ဗျ။”

လောလောဆယ် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ဗဟိုဌာနချုပ်ဒေသတွေမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဗဟိုဒေသလို့ ပြောလို့ ရမယ်ခင်ဗျ။ ဗဟိုဒေသလို့ ပြောတဲ့နေရာမှာ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ ပါဂျောင်ဘက်မှာ တိုက်ပွဲကတော့ သုံးရက်လောက် ဆက်တိုက် ဖြစ်နေပြီ။ တကယ်လို့များ ဆက်ပြီးတော့ တိုက်ပွဲ ပြင်းထန်လာမယ် ဆိုရင် ပါဂျောင်ဒေသ အတွက်ရော စိုးရိမ်စရာတွေ အများကြီး ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ တပ်မဟာ ၅ ရဲ့ နောက်ဘက်ခြမ်း နားမှာ ဒီ ဒေါ့ဖုန်းယန် အထက်မှာလည်း မနေ့ကဆို တိုက်ပွဲ အတော် ပြင်းထန်တယ် ခင်ဗျ။ ပန်ဝါဖက်မှာလည်း တိုက်ပွဲက ရှိတယ်။ ဒါပေမဲ့ တရက်မှာ ဘယ်နှစ်ကြိမ်လောက်ဖြစ်တယ် ဆိုတာ နောက်ဆုံး သတင်းတွေတော့ မရသေးဘူး။ ဖြစ်တာတော့ ဖြစ်နေတယ်။ ပါဂျောင်ကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ပေါ့ဗျာ။ လိုင်ဇာကတော့ ဒေသဖွံ့ဖြိုးရေး လုပ်ဖို့အတွက် လိုင်ဇာမှာ ကျနော်တို့ သွားရေးလာရေး အဆင်ပြေဖို့ အတွက် လိုင်ဇာမှာ ရုံးတွေဆင်းပြီးတော့ ဖွင့်ကြတာ။ အမှန်တကယ်တော့ ပါဂျောင်ဆိုတာ ကျနော်တို့ ဌာနချုပ်ပါ။”

ဒေါ့ဖုန်းယန်မြို့နယ်ဘက်က KIA ပန်စွန်စခန်းကို မနေ့က အစိုးရတပ်တွေ က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် KIA ဘက်က ဆုတ်ခွာ ပေးခဲ့ရပါတယ်။ ဒီစခန်းဟာ လိုင်ဇာဒေသ ကာကွယ်ရေး အတွက် အရေးပါတဲ့ လမ်းကြောင်းမှာ တည်ရှိတာဖြစ်ပြီး အစိုးရဘက်က ဒီစခန်းကို သိမ်းပိုက်ပြီးတဲ့ နောက် ထပ်မံ ထိုးစစ် ဆင်လာရင် တိုက်ပွဲတွေ ပိုပြင်းထန် လာနိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့ ကတော့ အစိုးရရဲ့ ပြည်ထောင်စု ဆွေးနွေးရေအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်းက KIO ဌာနချုပ် ကို သိမ်းပိုက်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့သလို KIO ဘက်က လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ အတွက် စာပေးပို့ ထားပါတယ်။

လောလောဆယ်မှာ အစိုးရတပ်ဘက်က နယ်စပ်ဒေသက KIA တပ်စခန်းတွေကို ဖြန့်ပြီး ထိုးစစ်ဆင်မယ့် အနေအထား ရှိနေတယ်လို့လည်း ဦးလနန်က ပြောပါတယ်။

“သူတို့က နယ်စပ်ဘက်ကို အားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်မယ့် သဘောပါ။ ပါဂျောင်ဘက်မှာလည်း ထိုးစစ်လုပ်လာမယ်။ ဗဟိုဌာန လောလောဆယ် အထိုင်ဖြစ်နေတဲ့ လိုင်ဇာ ဘက်မှာလည်း ထိုးစစ် လုပ်လာမယ်။ နောက် တပ်ရင်း ၁၅ နဲ့ တပ်ရင်း ၂၅ ပတ်ဝန်းကျင် တာပိန်ရေအား လျှပ်စစ် ဘက်မှာလည်း သူတို့ ထိုးစစ် လုပ်လာဖို့ ရှိတယ်။ အဲဒီဘက်မှာလည်း ၃ ရက်နေ့ အတောအတွင်းမှာ တပ်မတခု ၀င်ရောက် လာတယ်ခင်ဗျ။ အားလုံးက နယ်စပ်ဘက်ကို စစ် မျက်နှာမူပြီးမှပဲ နယ်စပ်စည်းပေါ်မှာ စစ်မျှားဦးက အဲဒီဘက် လှည့်လာကြတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နေရာဖြန့်ပြီး စစ်ဆင်ရေးလုပ်လာတဲ့ သဘောပါ။”

အစိုးရဘက်ကတော့ KIO က စာပေးပို့တာကို လက်ခံရရှိကြောင်း အကြောင်းပြန်ကြားပေမဲ့ ဘယ်နေ့မှာ ထပ်မံဆွေးနွေးမယ် ဆိုတာတော့ ပြန်ကြားတာ မရှိသေးပါဘူး။ မေလ ၃ ရက်နေ့မှာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဒုသမ္မတ ဦးစိုင်းမောက်ခမ်းက ဦးဆောင်ပြီး ပြန်လည်ဖွဲ့စည်း လိုက်ပါတယ်။ ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အဆင့် တိုးမြှင့်ဆွေးနွေးသွားဖို့ အတွက် ရည်ရွယ်တယ် လို့လည်း ဆိုပါတယ်။

KIO ဘက်ကတော့ လက်ရှိ စစ်ရေးပြင်ဆင်နေတဲ့အခြေအနေကြောင့် အစိုးရစစ်တပ်ဘက်က တစုံတရာ ထိုးစစ်ဆင်ပြီးမှ အသစ်ဖွဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဆွေးနွေးမယ့် အလားအလာ ရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

“သူတို့ဘက်မှာ ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းတယ်ဆိုတဲ့ အချိန်နဲ့ တပြေးညီပေါ့ဗျာ။ စစ်အင်အား တိုးမြှင့်တာတွေ လုပ်လာကြတယ်။ သူတို့ စီစဉ်ချက်က ဘာလဲဆိုတော့ ဒီအချိန်တို ကာလ အတော အတွင်းမှာ သူတို့ အရှိန်အဟုန်နဲ့ ထိုးစစ် ဆင်လာဖို့ ရှိတယ် ဒီလို မြင်ရတယ် ခင်ဗျ။ အဲလို အတိုင်းအတာ တခုအထိ ထိုးစစ် လုပ်လာပြီးတဲ့နောက်ပိုင်းကျမှ သူတို့ အသစ် ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေက ကျနော်တို့ ဘက်ကို အကြောင်းကြားတာမျိုး ရှိလာလိမ့်မယ်။ အခုထက်ထိတော့ သူတို့ဘက်က ဘယ်လို ဖွဲ့စည်းထားတယ် ဆိုတာမျိုး ကျနော်တို့ တရားဝင် သိရှိရတာမျိုး မရှိသေးဘူး။”

ကချင်ပြည်နယ်အတွင်း အခု နောက်ဆုံး တိုက်ပွဲတွေဖြစ်ပွားနေတာကိုတော့ အစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိပါဘူး။ ပြီးခဲ့တဲ့ရက်တွေ အတွင်း မြစ်ကြီးနား-မန္တလေး ရထားလမ်းမှာ ဗုံးကွဲ တာတွေနဲ့ မြစ်ကြီးနားမြို့ပေါ်မှာ ဗုံးကွဲတာတွေကိုတော့ KIA ရဲ့လက်ချက် ဖြစ်တယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။

KIA နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ၁၁ လကြာ တိုက်ပွဲအတွင်းမှာတော့ ဒေသခံပြည်သူ ၆ သောင်းကျော်ဟာ တရုတ်-မြန်မာ နယ်စပ်နဲ့ ကချင် ပြည်နယ်က မြို့ကြီးတွေကို ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပန်ဝါနဲ့ပါဂျောင် ဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့တာကြောင့် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ တရုတ် နယ်စပ်ဘက်ကို ထပ်မံ ထွက်ပြေးနေပါတယ်။

Ref: VOA News

Read More...

Wednesday, May 9, 2012

ဒေါ်အောင်ဆန်းစုကြည်ကို Passport ထုတ်ပေးလိုက်တာ အမေရိကန် ကြိုဆို

မခင်ဖြူထွေး
အင်္ဂါ, 08 မေ 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်-Pass Port စာအုပ် ထုတ်ပေး လိုက်ပြီမို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး အကြိမ် ပြည်ပ ခရီးစဉ်တွေ ထွက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့ရတဲ့ အပေါ်မှာ အမေရိကန် အထက် လွှတ်တော် အမတ်တွေက ဘယ်လို ၀မ်းသာ ကြိုဆိုခဲ့ကြတဲ့ အကြောင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးသွားလက်မှတ် ပက်စ်ပို့စ်စာအုပ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ရန်ကုန်မြို့မှာ အင်္ဂါနေ့က ထုတ်ပေး လိုက်တာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါဟာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရှေ့လထဲ ဥရောပကို သွားဖို့စီစဉ်နေတဲ့ ခရီးစဉ်အတွက် အဆင်ပြေသွားစေတာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့စ် စာအုပ် ရသွားတဲ့အတွက် ၀မ်းသာတဲ့ အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တွေ က ပြောဆိုကြပါတယ်။

အခုကိစ္စက မြန်မာ့နိုင်ငံရေးမှာ တိုးတက်လာတာကို ဖော်ပြတယ်လို့ ၂၀၀၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ ဒီမိုကဂရက်ပါတီ သမ္မတလောင်း နေရာကနေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ လက်ရှိ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Massachusetts ပြည်နယ် အထက်လွှတ်တော်အမတ် John Kerry က ပြောပါတယ်။

“ဒီမိုကရေစီ လမ်းခရီးမှာ လူထုကို ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ တာ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကို တွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ခေတ်သစ်ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှု ဖြစ်ရပ်တွေထဲက အကောင်းဆုံး ဖြစ်ရပ် တခု ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူအတော်များများ အတွက် သူရဲကောင်း တယောက်ပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ နဲ့ ပတ်သက်ပြီး ပြန်လည် စမ်းစစ်မှုတွေလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားလာနိုင်အောင် ပက်စ်ပို့စ် ထုတ်ပေးတာက နောက်ထပ် တိုးတက်မှု ခြေလှမ်း တရပ်ပါပဲ။ ကျနော်တို့ အတော်များများကို လှုံ့ဆော်လိုက်တဲ့ တိုးတက်မှုတခုပါပဲ။”

လွန်ခဲ့တဲ့ ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ အိမ်မှာ သွားရောက်တွေ့ဆုံခဲ့တာ နောက်ဆုံးဖြစ်သလို ခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စုမှာသာ ပြန်လည်တွေ့ဆုံခွင့် ရမယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာမိမှာ ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောပါတယ်။

မြန်မာ့အရေးမှာ ရှေ့တန်းကနေ အားပေးထောက်ခံနေသူ တစ်ဦးဖြစ်ပြီး ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ရီပတ်ဘလီကဲန် ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ အယ်ရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် John McCain ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုမှာ တွေ့ခွင့်ရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“သူ ပတ်စ်ပို့စ် ရသွားတဲ့အတွက် ကျနော် အရမ်း ၀မ်းသာပါတယ်။ ကွန်ဂရက်စ်လွှတ်တော်မှာ သူ့ကို နှုတ်ဆက် တွေ့ဆုံခွင့်ရမယ့်နေ့ကို ကျနော် မျှော်လင့်နေပါတယ်။ ကွန်ဂရက်စ် လွှတ်တော်က သူ့ကို ရွှေတံဆိပ် ဆု ပေးအပ်ထားတာပါ။ အခု ဒီဆုကို သူကိုယ်တိုင်ရဲ့လက်ထဲကို ပေးအပ်ခွင့်ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သူ့အတွက် ကျနော်တို့ အရမ်း ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက တိုးတက်ပြောင်းလဲမှုတွေ ရှေ့ဆက် သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လုံးဝ ရုပ်သိမ်းလိုက်တာမျိုး မလုပ်ဘဲ ယာယီရုပ်သိမ်းမှုတွေ နဲ့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲဖြစ်အောင် ရှေ့ဆက် တွန်းအား ပေးသွားရမယ် လို့လည်း မစ္စတာ မက်ကိန်းက ပြောပါတယ်။ ဒီနှစ် အစောပိုင်းက မစ္စတာမက်ကိန်းနဲ့အတူ မြန်မာနိုင်ငံကို လိုက်ပါသွားခဲ့တဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ် ရီပတ်ဘလီကဲန် အထက် လွှတ်တော်အမတ် Kelly Ayotte ကလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံကူး လက်မှတ် ထုတ်ပေးမှုနဲ့ အတူ မြန်မာနိုင်ငံက နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေဟာ အားရစရာဖြစ်တဲ့ အကြောင်း ပြောပါတယ်။

“ကျမ ဘ၀တလျှောက် တွေ့ဖူးသမျှ လေးစားအားအကျဆုံး ပုဂ္ဂိုလ်တွေထဲက တဦးပါ။ အခု သူ ပတ်စ်ပို့စ် စာအုပ်ရသွားပြီ ဆိုတော့ ကျမ အရမ်း ၀မ်းသာပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်နေ တာကို ကျမတို့တွေ့နေရတာ ကတော့ အသေအချာပါပဲ။ ဒီထက်ပိုပြီး ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။ မကြာသေးခင်က ရွေးကောက်ပွဲနဲ့ ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် တင်မြှောက်ခံရတာ ကို တွေ့ရတာ တကယ့်ကို အားတက်စရာပါ။ နောက်ထပ် တိုးတက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်သလို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပေးဖို့မှာ ဒီတိုးတက်မှုတွေက ဘယ်လောက် အရေးပါသလဲ ဆိုတာကို သူတို့တွေ နားလည်အောင်လုပ်ဖို့ ကျမတို့ဘက်ကလည်း နိုးနိုးကြားကြား ဆောင်ရွက်ကြရမှာပါ။ ဒါပေမဲ့ လက်ရှိ အပြောင်းအလဲတွေကတော့ အားတက်စရာ အင်မတန် ကောင်းပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့လထဲမှာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီးထွက်ဖို့ ပြင်ဆင်နေတာဖြစ်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့စဉ် ကုလသမဂ္ဂဌာနချုပ်မှာ လာရောက် မိန့်ခွန်း ပြောကြားဖို့ ဖိတ်ခေါ်ချက် ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတာ ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်ကတော့ သက်တမ်း ၃ နှစ် ဖြစ်ပါတယ် ရှင်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် Passport ရပြီ။

ဇော်ဝင်းလှိုင်
အင်္ဂါ, 08 မေ 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် Passport နိုင်ငံကူးလက်မှတ် ထုတ်ပေး လိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနဲ့ ဗြိတိန် နိုင်ငံတို့ကို ခရီးထွက်ဖို့ ပြင်ဆင်နေတာပါ။

Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ရန်ကုန်မြို့မှာ ထုတ်ပေး လိုက်တာလို့ NLD တာဝန်ရှိ သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က Passport ထုတ်ပေးဖို့ လျှောက်ထား ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည် နေမကောင်းဖြစ်နေတာ ကို ဆေးကုပေးဖို့ ရောက်လာ ကတည်းက Passport မရှိတော့ဘဲ ဖြစ်နေခဲ့တာပါ။ အခု ထုတ်ပေးတဲ့ Passport သက်တမ်းဟာ ၃ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ် ကာလတွေအတွင်း ပြည်ပကို ထွက်ခွာဖို့ အခွင့်အရေး ရခဲ့ပေမဲ့ လည်း မြန်မာနိုင်ငံကို ပြန်လာလို့ မရတော့မှာ စိုးရိမ်တဲ့ အတွက် ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန် ကာနီးဖြစ်နေတဲ့ ခင်ပွန်းသည် Michael Aris ကိုတောင် သွားမတွေ့ဘဲ နေခဲ့တာပါ။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

2012-05-08

မြေမြုပ်မိုင်းထိလို့ မသန်မစွမ်း ဖြစ်ကြရတယ် ဆိုတာဟာ အဲဒီတိုင်းပြည်ရဲ့ မသန်စွမ်းမှုကို ဖော်ပြနေတာပဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရဲ့မသန် မစွမ်းသူများ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်တာ ဖြစ်ပါတယ်။

"မြေမြုပ်မိုင်းထိလို့ မသန်စွမ်းသူများ ဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့တကယ့် မသန်စွမ်းချက်တစ်ခုကို ဖော်ပြနေတယ်။ အဲဒါဟာ အချင်းချင်း ငြိမ်းချမ်းရေး လိုနေတဲ့ကိစ္စပါ။ တကယ် မသန်စွမ်းတယ် ဆိုတာ ဘာလဲဆိုတာ ကျွန်မတို့ ပြန်ပြီး စဉ်းစားစရာ ရှိတယ်။ မြေမြုပ်မိုင်း ထိလို့ မသန်စွမ်းတဲ့ သူတွေက မသန်စွမ်းတာလား။ ဒီမြေမြုပ်မိုင်းကို မြုပ်တဲ့သူတွေက မသန်စွမ်းတာလား။ မြေမြုပ်မိုင်းတွေ မြုပ်ရမဲ့ အခြေအနေကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်တဲ့ ကျွန်မတို့ အားလုံးဟာ မသန်စွမ်းတာလား ဆိုတာ ကျွန်မတို့ အားလုံး စဉ်းစားဖို့လိုတယ် "

အခမ်းအနားမှာ မသန်မစွမ်းသူများ အပါအ၀င် အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေးမှာ နိုင်ငံသားအားလုံး တာဝန် ရှိသလို မသန်မစွမ်း သူတွေရဲ့ မိသားစု ဘ၀ တိုးတက် မြင့်မားရေး အတွက် နိုင်ငံသား အားလုံးက ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီအခမ်းအနားကို သီတဂူဆရာတော်ကြီး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ တခြားနိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်တွေလည်း တက်ရောက် ခဲ့ပါတယ်။

အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က မသန်မစွမ်း မိသားစုတွေအတွက် ဘီးတပ် ကုလားထိုင်တွေ လှူဒါန်းပေးအပ် ခဲ့သလို ဂုဏ်ပြု အမှာစကား ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုလင်းပန်းချီနဲ့ ပြန်လည် ဂုဏ်ပြုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ကလည်း ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အမှာစကား ပြောကြားခဲ့ပါတယ်။

Ref: RFA News

Read More...

ဦးတင်အောင်မြင့်ဦး သတင်း ဖော်ပြလျှင် အရေးယူမည်

အောင်သက်ဝိုင်း
May 8, 2012

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသော သတင်းများနှင့်ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန်နှင့် မလိုက်နာ ပါက အရေး ယူသွားမည်ဟု ပြန်ကြားရေး ၀န်ကြီး ဌာန စာပေစိစစ်ရေး က ပြောဆိုသည်။

ပြည်တွင်း Venus News Weekly ဂျာနယ်က“ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကင်ဆာရောဂါ လက္ခဏာတွေ့ရှိရပြီး ကျန်းမာရေး မကောင်းဟု သတင်းများ ထွက်ပေါ်”ဆိုသော ခေါင်းစဉ်ဖြင့်ဖော်ပြရန် စာပေ စိစစ်ရေးသို့ တင်ပြခဲ့ရာ တားမြစ်ခံရကြောင်း ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုလှိုင်းသစ်ဇင်ဝေ က ပြောပြသည်။

“ဦးတင်အောင်မြင့်ဦး သတင်းက ပြည်တွင်းမှာ တော်တော်ကို သတင်း ထွက်နေတဲ့အပြင် လူတွေကလည်း ဒါကို စိတ်ဝင်တစားနဲ့ သိချင်နေကြတယ်။ အဲဒီတော့ ကျနော်တို့ သတင်း ဂျာနယ်ကလည်း ဒီသတင်းကို ဖော်ပြနိုင်ဖို့ စာပေ စိစစ်ရေးကို တင်ပါတယ်။ ဒါပေ မယ့် စာပေ စိစစ်ရေးက ဗိုလ်မှူးတင့်ဆွေ၊ ဗိုလ်မှူးမျိုးမြင့်မောင်တို့ နှစ်ဦးစလုံးက မဖော်ပြဖို့ တားပါတယ်”ဟု ၄င်းက ဧရာဝတီသို့ ပြော သည်။

မေလ ၇ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်သည်လည်း ဒု သမ္မတ ဦးတင်အောင်မြင့်ဦး သတင်း ထည့်သွင်းဖော်ပြမှုနှင့် ပတ် သက်ပြီး စာပေ စိစစ်ရေးတွင် ခံဝန်ကတိ လက်မှတ် ထိုးခဲ့ရကြောင်း သိရှိရသည်။

“သူတို့ကတော့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ပါမယ်ဆိုတာ ခံဝန် ထိုးခိုင်းပါတယ်။ ဂျာနယ် အနေနဲ့ တာဝန်ယူပါတယ်။ ဖြစ်လာမယ့် အရာကိုလည်း ရင်ဆိုင်ဖြေရှင်းပေးပါမယ် ဆိုတာ ၀န်ခံ ကတိပြုပါတယ် ဆိုတဲ့ စာသား လက်မှတ် ထိုးခဲ့ရတာပါ”ဟု မြန်မာပို့စ် တာဝန်ခံ အယ်ဒီတာ ကိုခိုင်လင်းကျော် က ပြောသည်။

တနင်္ဂနွေနေ့က ထွက်ပေါ်လာသည့် ဦးတင်အောင်မြင့်ဦး သတင်းကို ဂျာနယ်ထွက်ရက် တနင်္လာနေ့အမီ ပုံနှိပ်ဖော်ပြ ရသောကြောင့် စာပေ စိစစ်ရေးသို့ တင်ပြရန် အချိန်မမီသည့် အတွက် မတင်ပြဖြစ်သည့် ကိစ္စလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ကိုလှိုင်းသစ်ဇင်ဝေကလည်း ဆက်လက်ပြီး“ခွင့်မပြုတဲ့ကြားထဲက သတင်းထည့်ရင်တော့ အရေးယူမယ်ပေါ့။ လောလောဆယ် ကြားထားတာက မြန်မာပို့စ် ဂျာနယ် တာဝန် ရှိသူတွေကို စာပေ စိစစ်ရေးက ခေါ်ထားတယ်လို့ သိရတယ်။ ကျန်းမာရေး မကောင်းလို့ မကောင်းဘူး ရေးတာပဲ။ သတင်း ဂျာနယ်တွေကို ဘာအရေး ယူစရာရှိလဲ။ သတင်း လွတ်လပ်ခွင့် ပေးပါမယ်လို့ ၀န်ကြီးကိုယ်တိုင် ခဏခဏ ပြောနေတာပဲ။ မကောင်းလို့ မကောင်းဘူးရေးတာ ပိတ်ပင်တယ် ဆိုတော့ စာပေ လွတ်လပ်ခွင့် နဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ များလာပြီ”ဟု ပြောသည်။

ဦးတင်အောင်မြင့်ဦး သည် လည်ချောင်းကင်ဆာရောဂါ လက္ခဏာများတွေ့ရှိနေရပြီး စိတ်ကျ ဝေဒနာကိုပါ ခံစားနေရကြောင်း၊ ဒု သမ္မတ ရာထူးမှ နုတ်ထွက်လွှာ တင်သွင်းထားကြောင်း အစိုးရ နှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းကလည်း ပြောဆိုသည်။

ဦးတင်အောင်မြင့်ဦး၏ နေအိမ်တည်ရှိရာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက် အေးရိပ်ငြိမ်လမ်းနှင့် အောင်သိဒ္ဓိ လမ်းများ တွင်လည်း မေ လဆန်းပိုင်းမှ စတင်ပြီး လုံခြုံရေး ရဲအစောင့်များ ထူထပ်စွာ ချထားကြောင်း ဒေသခံများက ပြောသည်။

ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းတဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့ကာ အစိုးရ အဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူအများက သတ်မှတ် ခံထားရသူလည်း ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်

ဖနိဒါ
အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များ ထံမှ သိရသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

“စာထုတ်ပြန်ထားပြီးပြီ။ နှစ်ခုစလုံး မေလ ၃ ရက်နေ့မှာ ထုတ်ထားတယ်” ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ အကြား အကျိုးဆောင် ပေးနေသူ ဦးဆန်အောင်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ၁၂ ဦးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထဲရေး ဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ သမ္မတ ရုံးမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော် စသူတို့ ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ စစ်ဌာနချုပ် တိုင်းမှူးများ အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။

“တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းမှူးတွေ ပါတယ်” ဟု ဦးဆန်အောင် က မဇ္ဈိမကို ပြောသည်။

သို့သော် ယခင် ငြိမ်းချမ်းရေးအဖွဲ့တွင် ပါဝင်ဦးဆောင်သော တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှာ အဖွဲ့သစ်တွင် မပါဝင်တော့ကြောင့် ဦးအောင်သောင်း ကိုယ်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။

ယခင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိထားသော်လည်း KIO နှင့်မူ သဘောတူညီမှု မရသေးပေ။

ဦးအောင်သောင်း ဦးဆောင်သည့် ၁၁ ဦးပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က အဖွဲ့သစ်တွင်း မပါဝင်တော့ဘူးဟု ယူဆကြောင်း မဇ္စျိမကို ပြောသည်။

“သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ တော်တော်များများ ပါလာမယ်။ ဒီတခါ ကျနော် ပါမပါတော့ မသိဘူး။ ခုထိ အကြောင်းမကြား လာဘူး ဆိုတော့ ပြောင်းလိုက်ပြီ ထင်တယ်”ဟု သူက ဆက်ပြောသည်။

ပန်ဝါမြို့နယ်ခွဲ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန်ယိမ်းသည် ယခု ငြိမ်းချမ်းရေးအဖွဲ့သစ်တွင် ပါဝင်လာနိုင်မည်ဟု ယူဆကြောင်း သူက မဇ္စျိမကို ပြောသည်။

တနင်္လာနေ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှ တွဲဘက် အထွေထွေ အတွင်းရေးမှူးချုပ် ဆလိုင်းရွှေခါး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ဟားခါးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံပြီးနောက် အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၁၆ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

နယ်မြေသတ်မှတ်ရေး၊ ဆက်ဆံရေးရုံးများ တည်ဆောက် အတည်ပြုခြင်း၊ နိုင်ငံခြားသား ခံယူထားသည့် ချင်းအမျိုးသားများ မြန်မာပြည်သို့ ပြန်လာရေး၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ခြင်း စသည့် အချက်များ အပါအဝင် အချက် ၁၆ ချက်ကို ဟားခါးမြို့ ပြည်နယ်ရိပ်သာတွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလက စတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံ တွေ့ဆုံခဲ့ရာ CNF အဖွဲ့ အပြင် ဝ အဖွဲ့၊ KNU၊ SSA-N၊ SSA-S၊ MNSP၊ DKBA၊ KNPP တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထားခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်

မျိုးသန့်
အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့် ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊ ဖေါက်ခွဲမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှု အတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင် ပြန်လည် ဝင်ရောက်လာမှု အတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။

“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံ ဝင်သွားမည် ဟုလည်း ဦးကျော်ဟိုး က ပြောသည်။

“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့ အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန် ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့် အချက်များကို ထောက်ပြကာ တရားရုံးမှ ပြန်လည် စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာ နယ်စပ် တောတွင်း အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းက မြန်မာအစိုးရကို တောင်းဆို

2012-05-08

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် ( ဒီကေဘီအေ ) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရက မြန်မာ အစိုးရကို တောင်းဆိုထားပြီး ဒီကိစ္စအတွက် လိုအပ်ရင် မိမိမြန်မာနိုင်ငံကို သွားရောက်ဆွေးနွေးဖို့ အဆင့်သင့် ရှိကြောင်း ထိုင်း ဒုတိယ ၀န်ကြီးချုပ် Chalerm Yoobumrung က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က ထိုင်းအစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ (၂၅) ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ အမည် ပါဝင်နေပြီး ပဉ္စမမြောက် အလိုရှိသူ အဖြစ် ဆုငွေ ထိုင်းဘတ်ငွေ တစ်သန်း အထုတ်ခံ ထားရပါတယ်။

တနင်္လာနေ့ကတော့ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အထွေထွေ အတွင်းရေးမှူး ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အဒူ ဆန်ဆင်းကီယိုက မြန်မာနိုင်ငံ ရဲချုပ်ကို ဗိုလ်နှုတ်ခမ်းမွှေး ဖမ်းဆီးရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအစိုးရရဲ့ အလိုရှိသူစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဗိုလ်နှုတ်ခမ်းမွှေးက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မူးယစ်ဆေးဝါးကိစ္စမှာ မိမိပါဝင် ပတ်သက်ကြောင်း သက်သေ အထောက်အထားပြဖို့ တောင်းဆို ခဲ့ပါတယ်။

ထိုင်း ဒုတိယ ၀န်ကြီးချုပ် Chalerm က ပြန်လည်တုံ့ပြန်ခဲ့ရာမှာ - ၂၀၀၃ ခုနှစ်က ဘန်ကောက်မှာ အမျိုးသမီးတစ်ယောက်ကို စိတ်ကြွဆေးပြားပေါင်း (၉) သိန်းနဲ့အတူ ဖမ်းဆီး မိခဲ့ပြီး ပထမ သေဒဏ် ချမှတ်ခဲ့ရာက ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ခဲ့ကြောင်း၊ အဲဒီဆေးပြားတွေဟာ ဗိုလ်နှုတ်ခမ်းမွှေး အတွက် ဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ထွက်ဆိုခဲ့ကြောင်း တုံ့ပြန်ပြောဆို ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်နှုတ်ခမ်းမွှေးခေါ် ဗိုလ်ချုပ်စောလားပွယ်က မေလ (၁၀) ရက်နေ့ မနက်ဖြန်မှာ ဒုတိယ အကြိမ် သတင်းစာရှင်းလင်းပွဲ ခေါ်ယူ ထားပါတယ်။

Ref: RFA News

Read More...

Tuesday, May 8, 2012

သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၂)

မေ ၇၊ ၂၀၁၂

ဦးဝင်းတင်နဲ့ မေးခွန်းများ

အင်တာဗျူးအဆက် – ပထမပိုင်းမှာ ရွေးကောက်ပွဲနိုင် အမတ်များ လွှတ်တော်တွင်း ၀င်ရောက်နိုင်ဖို့ ကျမ်းကျိန်ရန် ဆုံးဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပါတီကို ပြန်လည် ထူထောင်ဖွဲ့စည်းဖို့ အောက်ခြေကနေ ဗဟိုအထိ အဆင့်ဆင့် မည်သို့ လုပ်ကိုင်မည်ဆိုတာ စဉ်းစားချက်တို့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ယခု ဒုတိယပိုင်းမှာ လက်ရှိအင်န်အယ်ဒီပါတီ ဦးဆောင်မှုများ၊ ဆောင်ရွက်နေမှုများကို ဝေဖန်သုံးသပ်နေကြပုံများနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ ကချင် ပြည်နယ်ရဲ့ အခမ်းကဏ္ဍကို မေးမြန်းထားတာ ဖြစ်ပါတယ်။

မေး။ ။ ခုနက မေးတဲ့အထဲမှာ ပြန်ကောက်ပြီး မေးချင်တာက လက်ရှိမှာ အင်န်အယ်ဒီပါတီနဲ့ ဒေါ်စုတို့ရဲ့ ခေါင်းဆောင်မှု၊ ဆုံးဖြတ်ချက်၊ အပြောနဲ့ လက်တွေ့ ထင်ဟတ်ချက် တွေကို ပြည်သူတွေ အတွင်းမှာသာမက လေ့လာစောင့်ကြည်သူတွေက အမျိုးမျိုး ဝေဖန်ပြောဆို နေကြတာတွေ ကြားနေရတယ်။ ဒေါ်စုနဲ့တကွ လက်ရှိပါတီကို ဦးဆောင် နေသူတွေကို သံသယရှိတာတွေ၊ အားမလို အားမရ ဖြစ်တာတွေ ပြောဆိုနေတာတွေ ကြားနေရတယ်။ ပါတီတွင်းမှာလည်း မကျေလည်မှုတွေ ပဋိပက္ခတွေ ရှိနေတယ်အထိ ပြောဆိုနေကြတာတွေ ရှိနေတယ်။ အဲဒါတွေကို ဆရာက ဘာပြောချင်သလဲ။

ဖြေ။ ။ အဖွဲ့အတွင်းမှာ အင်န်အယ်ဒီက လုပ်ချင်တာတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်ရင် ပြောနေကြတာတွေက မျိုးစုံပဲ။ ဟိုးတုန်း ကတည်းက မြို့နယ်တွေ အတွင်းမှာ အယူအဆ ကွဲတာတွေ ရှိတယ်။ လူသစ် လူဟောင်း ဆိုတာမျိုးတွေ ရှိတယ်။ လိုင်းမာ လိုင်းပျော့ ဆိုပြီး ရှိတယ်။ နေရာရတဲ့သူနဲ့ မရတဲ့သူတွေ ဆိုပြီး ရှိတယ်။ အရင်တုန်းက ဦးအောင်ရွှေတို့ လက်ထက်မှာ အဖယ်ရှား ခံရတဲ့သူတွေ ရှိတယ်။ စသည်ဖြင့် အင်န်အယ်ဒီ အနေအထားကလည်း မျိုးစုံ အသံတွေ ထွက်နေတော့ ပါတီဟာ ခိုင်ခိုင်ခန့်ခန့် အားကောင်းမောင်းသန် ရှိလှတယ်လို့ တော့ မဟုတ်ဘူး။ ဒါပေမယ် ဒေါ်စု လွတ်မြောက် လာပြီးနောက် သူ့ရဲ့ နိုင်ငံရေး သိက္ခာနဲ့ သြဇာက ကြီးမား ကျယ်ပြန့်လာတဲ့ အတွက်ကြောင့် ဒေါ်စုကို အားလုံးက ၀န်းရံ လာတဲ့နောက်မှာ ပါတီ ကိုယ်တိုင်လည်း ပြန်ပြီး ကြွလာတယ်လို့ ပြောရမယ်။

မေး။ ။ ဒေါ်စု လွတ်မြောက်လာပြီးနောက်မှာ ပိုပြီးတော့တောင် အသံထွက်လာသေးသလားလို့။

ဖြေ။ ။ ပိုပြီးတော့တောင်မှ အသံတွေ ထွက်လာတယ်လို့ ပြောရမယ် ထင်တယ်။ ဒေါ်စုကိုပဲ လုံးဝကြည်ညိုတဲ့ သူတွေ ဆိုတာမျိုး၊ ဒေါ်စုပေါ်လာခါမှ သူ့စိတ်ကြိုက်တွေပဲ လိုက်လုပ် နေရတယ်တို့ မျိုးစုံ အသံတွေ ထွက်လာ ပြန်တယ်။ ပါတီရဲ့ ဆုံချက်တွေ၊ ဆွဲဆောင်မှုတွေ၊ စိတ်ဝင်စားစရာတွေက မျိုးစုံ ကွဲပြားလာတယ်။ အဲသည်လို လှုပ်ရှားမှုတွေကနေပဲပါတီဟာ ဒီနေ့မှာ အားကောင်းလာတယ်။ ဒေါ်စုကို မဏ္ဍိုင်ပြုပြီး ပါတီဟာ ၀န်းရံမှုတွေကနေ လှုပ်ရှားတက်ကြွမှုတွေဖြစ်လာတယ်။ လူထုကလည်း ပိုပြီးတော့ ၀န်းရံလာတယ်။ ထောက်ခံမှုတွေ တိုးပွားလာတယ်။

မေး။ ။ ဒီတော့ ဆရာတခါတုန်းကပြောခဲ့သလို အင်န်အယ်ဒီပါတီကို လူထုက ထောက်ခံတာမဟုတ်ဘူး။ ဒေါ်စုရဲ့ ပါတီဆိုပြီး လူထုက သိနေတာ၊ ထောက်ခံနေတာမျိုးပေါ့။

ဖြေ။ ။ ကျနော် အစည်းအဝေးတွေမှာ ပြောပါတယ်။ လူထုက ကျနော်တို့ကို ခေါင်းဆောင်လို့ အသိအမှတ်ပြုနေတာ မဟုတ်ဘူး။ လူထုက ဒေါ်အောင်ဆန်းစုကြည်အနားမှာ ရှိနေတဲ့ လူတွေ အနေနဲ့ အသိအမှတ် ပြုနေတယ်။ ပါတီကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထားတဲ့ ပါတီအနေနဲ့ပဲ သိနေတာ။ လူထုက သိနေတာက ဒေါ်အောင်ဆန်းစုကြည်ပဲ။ ကျနော်က ဒါကြောင့် ပြောချင်တာကတော့ ပါတီဟာ ဟိုလိုဖြစ်နေတယ်၊ ဘယ်လိုတွေ လုပ်နေတယ်လို့ ပြောနေတာတွေဟာ မဟုတ်သေးဘူး။ လုပ်နိုင်တဲ့ အခြေအနေလည်း မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သွားတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ထောက်ခံနေတဲ့ အတိုင်းအတာပေါ်မှာ သွားတည်နေတယ်။ ဒီလိုပဲ ပြောလို့ရမယ်။

မေး။ ။ ဒါဆိုရင် လူထုက ထောက်ခံနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ အောင်မြင်နိုင်တယ်လို့ ပြောရမှာပေါ့။

ဖြေ။ ။ ဟုတ်တယ် တဖက်ကပြန်စဉ်းစားမယ်ဆိုရင် … ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူပုဂ္ဂိုလ်တဦးပဲ၊ နံမည် တခုပဲပေါ့နော်။ သူလည်းပဲ လူထုထောက်ခံမှုမရရင် လုပ်ချင်တာ လုပ်လို့ မရဘူး။ သူလုပ်နေတာတွေဟာလည်း လူထုထောက်ခံမှုအပေါ်မှာ မူတည်ပြီး ဖြစ်ထွန်းနေရတာပဲ ဖြစ်တယ်လို့ ပြောရမယ်။

တိုင်းပြည်ရဲ့ အနေအထားကလည်း စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်တပိုင်းတွေ၊ စစ်အာဏာရှင်ဝန်းရံသူတွေ၊ စစ်အာဏာရှင် လက်ဝေခံတွေ၊ နောက်လိုက်တွေ၊ အစု အဖွဲ့တွေကလည်း ပြည်သူတွေကို နှစ်ပေါင်းများစွာ အနိုင်ကျင့် ဖိနှိပ်ထားတယ်။ အဲသည်မှာ ပြည်သူတွေ ကလည်း အဲဒီ လူတွေ၊ အစုအဖွဲ့တွေ၊ အခြေအနေတွေကို စက်ဆုပ်ရွံရှာ ကြောက်လန့် နေတာကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး ပြောရဲ ဆိုရဲဖြစ်လာတယ်။ အကြောက် တရားကို ဖယ်ရှားဖို့ ကြိုးစား လာကြတယ်။ နည်းလမ်းတွေ ရှာလာတယ်။ ဒီအင်အားစု ၂ ခုရဲ့ အားပြိုင်မှုဖြစ်တယ်လို့ ကျနော်က မြင်တယ်။

မေး။ ။ ဆိုတော့ ဆရာပြောချင်တာက တိုင်းပြည်ရဲ့ လက်ရှိအခြေအနေမှာ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေရဲ့ လုပ်ရပ်တွေ၊ ဖြစ်တည်မှုတွေကို ပြည်သူလူထုက အစွမ်းကုန် စက်ဆုပ် ရွံရှာပြီးတော့ ဖယ်ရှား ပစ်ချင်နေပြီ။ အဲသည် အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခမ်းကဏ္ဍဟာ အရေးပါလာတယ်။ လူထုရဲ့ ထောက်ခံမှုဟာ အဲသည် မျှော်လင့်ချက်ဖြစ်တယ်။

ဖြေ။ ။ လူထုက ဖြစ်နိုင်မယ်ဆိုရင် အဲသည်အာဏာရှင်နဲ့ နောက်လိုက်နောက်ပါ အားလုံးကို ဘင်္ဂလားပင်လယ်ထဲ ကန်ချလိုက်လို့ ရရင် ကန်ချပစ်ချင်နေတာ ကြာပြီ။ ဒါပေမယ့် လက်တွေ့မှာ လုပ်လို့ မရနိုင်ဘူး။ လက်တွေ့မှာ အာဏာယန္တယားက တည်ရှိနေတယ်။ အာဏာယန္တယားတွေနဲ့ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ ပေါ်လာတယ်။ အဲသည်မှာ မသူတော်အုပ်စုတွေက အဆင့်တိုင်း အဆင့်တိုင်းမှာ တည်ရှိနေတယ်။ ဒါတွေကို လူထုက ဆန့်ကျင် ဖယ်ရှား ရှင်းလင်းချင်နေကြတယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြုပြီး ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ဒီမိုကရေစီရေးကို ဦးတည်တဲ့ လုပ်ငန်းမှန်သမျှကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတယ်။

မေး။ ။ အဲသည်အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ အမတ်တွေကို ပြည်သူတွေက တခဲနက်ကို ထောက်ခံအားပေးမှုတွေ ရပ်တည်မှုတွေ ပြတဲ့အထိကို ဖြစ်လာတာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲမှာ သြဇာကြီးတယ်၊ အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဲသည် အောင်မြင်မှုတွေကြောင့် လွှတ်တော်ကို မတက်ဖူးတို့၊ ပြင်ဆင်မှုတွေ လုပ်ပေးပါတို့ စသည်ဖြင့် ရပ်တည်မှုတွေ တောင်းဆိုမှုတွေ လုပ်လာတဲ့အခါမှာ ပါတီက လုပ်ချင်တာ လုပ်တယ် ဆိုပြီး ဝေဖန်မှုတွေ ထွက်လာပြန်တယ်။ ဘယ်လိုပဲ ပြောပြော အဲသည်အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ပဲ အဲသည်ပိတ်ဆို့နေတဲ့ အခြေအနေကို ဖောက်ထွက်နိုင်ခဲ့တယ်။ အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီကို အပြစ်တင်ဝေဖန်တာတွေက ရပ်မသွားဘူး။ လွှတ်တော်ကို မေလ ၂ ရက်နေ့မှာ အင်န်အယ်ဒီပါတီ ကျမ်းကျိန်ဖို့ သက်သက် ဖွင့်ပေး စီစဉ်ပေးရတာဟာ သက်သက် လွှတ်တော်ကို အနိုင်ကျင့်တာပဲ ဆိုပြီး ပြောတဲ့သူတွေတောင် ရှိသေးတယ်။

မေး။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ အလုပ်တွေဟာ ပြည်သူတွေရဲ့ တခဲနက်မျှော်လင့် ထောက်ခံမှု အားပေး ရပ်တည်မှုတွေ ရထားသော်လည်း ဝေဖန်မှုတွေကတော့ ရှိနေတာပဲ လို့ ပြောချင်တာပေါ့။ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်ကြရာမှာ အသံမျိုးစုံ အတားအဆီး အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုချင်တာပေါ့။

ဖြေ။ ။ ဒေါ်စုဦးဆောင်တဲ့ အင်န်အယ်ဒီလှုပ်ရှားမှုမှာ လူထုကြီး ရှိတယ်။ အဲသည်တော့ အဲသည် အစုအဖွဲ့ကြီးရဲ့ သွားတဲ့လမ်းတလျောက်မှာ ဆင်သွားတဲ့ လမ်းလိုပဲပေါ့၊ ဘေးမှာ ရှိတဲ့ ကန့်လန့်ခံနေတဲ့ သစ်ပင်တွေအကိုင်းအခက်တွေ ကျိုးပဲ့ကုန်တာပဲ။ ဆင်သွား လမ်းဖြစ်တယ် ဆိုသလိုပဲပေါ့။ အင်န်အယ်ဒီဆင်ကြီး ဖြတ်သွားတဲ့ဆီမှာ ဒီမိုကရေစီလမ်းစတွေ ပေါ်လာတယ်လို့ ပဲ ပြောချင်တယ်။ အဲသည်မှာ ဘေးကနေ ပြောနေကြ၊ ဝေဖန်နေကြတာတွေကတော့ ရှိမှာပဲပေါ့။ ဆင်သွား လမ်းဖြစ်တယ် ဆိုတဲ့နေရာမှာ ဖြောင့်ဖြူးနေတဲ့ ကတ္တရာလမ်းမကြီးတော့ ရုတ်ခြည်းပေါ်လာမှာတော့ မဟုတ်ဘူး။ သစ်ကိုင်း သစ်ခက်တွေ၊ အပိတ်အဆို့တွေ၊ အတားအဆီးတွေဆိုတာမျိုး ဒီမိုကရေစီကို ပိတ်ဆို့နေတဲ့ လူတွေ၊ အင်အားတွေ၊ အစုအဖွဲ့တွေ၊ သဘောထားတွေကို တိုးဝှေ့ဖြတ်သန်းပြီး သွားနေရပြီ။ ဒီမိုကရေစီလမ်းစပေါ်အောင် ဖြတ်ဖောက်ပြီး သွားနေရပြီ။ အဲသည်လမ်းတွေဟာ ဒီမိုကရေစီလမ်းကို ဦးတည်ပြီး လျောက်နေရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ။ ကချင်ပြည်နယ်မှာ အပစ်အခတ်မရပ်စဲနိုင်သေးဘူး။ ပြည်တွင်းစစ်မီး တောင်လောင်နေဆဲဖြစ်တယ်။ အဲသည်အကြောင်းကိုလည်း ဆရာတို့ သဘောထား သိချင်ပါတယ်။ ပြောပြပေးပါဦး။

ဖြေ။ ။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရိုးသားတဲ့ စစ်ပွဲတခုမဟုတ်ဘူး၊ လူသိရှင်ကြား ပြောပြနေတဲ့ စစ်ပွဲမဟုတ်ဘူးလို့ ပြောချင်တယ်။ သည်စစ်မှာ လျို့ဝှက်ထားတဲ့ အကြံအစည်တွေ ရှိနေတယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားပြည်နယ်တွေမှာ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးလုပ်ဖို့ ပြောနေတယ်။ ၀တို့၊ ကရင်တို့နဲ့ စေ့စပ်တာတွေ လုပ်နိုင်တယ်။ လိုက်လျောတာတွေ လုပ်နိုင်တယ်။ ဒါပေမယ့် ကချင်နဲ့ကျတော့ အဲသလို သဘောထားတွေ မရှိဘူး။ ဒါကြောင့် ရိုးသားတဲ့ စစ်မဟုတ်ဘူးလို့ ပြောလို့ရတယ်။ သူတို့မှာ သီးခြားအကြံအစည်တွေ ရှိတယ်။ ကချင်ဟာ တရုတ်ပြည်နဲ့ နီးစပ်နေတဲ့ဒေသဖြစ်တဲ့ အတွက်ကြောင့် တရုတ်ရဲ့ သဘောထားတွေ၊ ပတ်သက်မှုတွေများ ဆက်စပ်နေသလားလို့ စဉ်းစားစရာတွေ ဖြစ်လာတယ်။

မေး။ ။ တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်နေတယ်။ ကယ်ဆယ်ရေးတွေ လိုတယ်။ အနည်းဆုံး အပစ်အခတ်တွေ ရပ်စဲနိုင်ဖို့ လိုအပ်တယ် မဟုတ်လား ဆရာ။

ဖြေ။ ။ ဟုတ်တယ်။ အကူအညီတွေ လူသားချင်းစာနာထောက်ထားမှုတွေ ပို့ပေးနိုင်ဖို့ကိုတောင်မှ အဟန့်အတားတွေ အတားအဆီးတွေ ရှိနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသလားဆိုတာကို စုံစမ်းဖို့အတွက်လည်း အခြေအနေမပေးဘူး။ စစ်ဘေးဒုက္ခသည်တွေကိုတောင်မှ ကာကွယ်စောင့်ရှောက် ကူညီခွင့် မရနိုင်တာကလည်း မဟုတ်သေးဘူး။ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲဖို့ ကိစ္စ ဆိုတာကို ပြောရရင် … တပြည်လုံးမှာ အပစ်ရပ်ဖို့ လိုတယ်။ ကချင်ပြည်နယ်မှာလည်း ရပ်စဲဖို့ လိုတယ်.။ အခြားနေရာတွေမှာ အခြားတိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ပေမယ့် ကချင်နဲ့ကျတော့ ထိုးစစ်ကို မရပ်နိုင်ဘူး ဖြစ်နေတယ်။

မေး။ ။ ဒါပေမယ့် စစ်အစိုးရဖက်က ထုံးစံအတိုင်း အပစ်အခပ်ရပ်စဲရေးက ပထမ၊ ပြီးမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးက နောက်ဆက်တွဲခြေလှမ်းမဟုတ်လား ဆရာ။ အခုဟာက ကချင်ပြည်နယ်မှာက နိုင်ငံရေးဆွေးနွေးမှုကို ဖိတ်ခေါ်နိုင်ဖို့ နေနေသာသာ ထိုးစစ်တွေကို မနှစ်ကတည်းက မရပ်နိုင်သေးတာ ဖြစ်နေတယ်လေ။

ဖြေ။ ။ ဟုတ်တယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ သမတက အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့တယ်။ အဲသည်မှာ တပ်မတော်ဖက်က ထိုးစစ်တွေ ရပ်စဲဖို့ကို အကောင်အထည်မဖော်ဘူး။ ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က ထောက်ပြတဲ့အချက်က မြန်မာစစ်တပ်တွေသာ ကိုယ့်နေရာကိုယ်ပြန်သွားရင် ထိုးစစ်တွေလည်း မရှိတော့ဘူး။ အပစ်အခတ်လည်း ရပ်သွားမယ်လို့ ပြောတယ်။ နိုင်ငံရေးအရလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာကြဖို့လည်း သူတို့က တိုက်တွန်းနေတယ်လို့ ဆိုတယ်။

မေး။ ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို လက်ရှိအစိုးရက ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ။ ကျနော်ကြားသိတာကတော့ အရင်တုန်းက တိုင်းရင်းသားတွေက ဖယ်ဒရယ်ကောင်စီနဲ့ပဲ အားလုံး တစုတစည်းတည်း ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အစိုးရကိုယ်တိုင်က ပြည်နယ်အလိုက် တိုင်းရင်းသားတွေကို တသီးတခြားစီ ခွဲခြားပြီး ဆွေးနွေးတာတွေ လုပ်လာတယ်။ အဲသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သီးခြားကိုယ်စီ သဘောထားတွေ ဖြစ်လာတယ် ထင်တယ်။ ဖယ်ဒရယ်ကောင်စီရဲ့ အခမ်းကဏ္ဍက တမျိုးတမည်ဖြစ်သွားတယ်။ အခုနောက်ပိုင်းမှာ အစိုးရက ဘာလုပ်ပြန်သလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နေပြည်တော်မှာ အမျိုးသားညီလာခံကြီး တခုကျင်းပမယ်လို့ ဆိုလာပြန်တယ်။ ဘာပဲပြောပြော ဘေးလူအနေနဲ့ ရပ်ကြည့်ပြီး ပြောရရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးအဆင့်ဆွေးနွေးတာကို သဘောကျပါတယ်။ လက်ခံပါတယ်။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လုပ်မယ်ဆိုရင် ကချင်တိုင်းရင်းသားတွေကိုပါ ထည့်သွင်းစေချင်တယ်။ သီးခြား ဖယ်ထုတ်ထားတာမျိုး မဖြစ်စေချင်ဘူး။ သူတို့နဲ့ အပစ်အခတ်မရပ်သေးတဲ့ ထိုးစစ်တွေ မရပ်သေးတဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ချန်လှပ်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးအမျိုးသားညီလာခံဆိုတာမျိုးကိုတော့ မဖြစ်စေချင်ဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

Ref: မိုးမခ

Read More...

သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၁)

မေ ၆၊ ၂၀၁၂

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒီတပတ် ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ဖြင့် အင်န်အယ်ဒီပါတီက ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီ ဖြစ်ပါတယ်။ ပါတီက အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ဆိုတာထက် လေးစား လိုက်နာဆိုတဲ့ စကားရပ်ကို ကိုင်စွဲ ထားသော်လည်း ရွေးချယ်ခံ ပါတီ အမတ်တွေကတော့ လွှတ်တော်မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်ကို ရွတ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ်များအဖြစ် တရားဝင် ရပ်တည်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဆရာရဲ့ ဒီလှိုင်းစာစောင်မှာ ပြောခဲ့သလို လွှတ်တော်ထဲကို သော့ခလောက်ကြီး တန်းလန်းနဲ့ ၀င်သွားလို့ကတော့ ပြည်သူတွေ ၀ိုင်းမေးကြမှာပဲ ဆိုတဲ့အတိုင်း ဆရာ့ကို မေးဖြစ်ပါတယ်။

မေး။ ။ ဆရာက ကျနော်တို့နဲ့ ပြောခဲ့စဉ်တုန်းက လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ တကယ်တန်းမှာ လွှတ်တော်ထဲမှာ
အမျိုးမျိုး အထွေထွေသော သဘောထားတွေ၊ တုန့်ပြန်ချက်တွေပဲ ပေါ်ထွက်လာတဲ့ အတွက်ကြောင့် ဆရာတို့ပါတီနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ကပဲ ဆင်ခြင်တုံတရားနဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်လို့ ပြောရင် ရမလား။

ဖြေ။ ။ ကျနော်တို့တွေရဲ့ ၁၇/၄/၂၀၁၂ ဧပြီလ ၃၀ ကြေညာချက်မှာ ပြန်ကြည့်ပါ။ လွှတ်တော် တက်ဖို့ကို ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် အများစု သဘော တူညီချက်နဲ့ ဆုံးဖြတ်တယ်။ ပါတီရဲ့ မူလ ရပ်တည်ချက်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစား လိုက်နာပါမည် ဆိုတဲ့ သဘောထားက ပြောင်းလဲခြင်း မရှိဘူး။ ယခု ဆုံးဖြတ်တာဟာ မဲဆန္ဒ̔ရှင်ပြည်သူတွေက သူတို့ ကိုယ်စားလှယ်တွေကို လွှတ်တော်ကို တက်ရောက်စေချင်တဲ့ ဆန္ဒကို လိုက်လျော လိုတာကြောင့်နဲ့ လွှတ်တော်တွင်းကနေ မေတ္တာ ရပ်ခံစာပို့ပြီး လွှတ်တော်တက်ဖို့ ဖိတ်ခေါ်တဲ့ တိုင်းရင်းသား ညီအကိုတွေကို လေးစား တန်ဖိုးထား တုန့်ပြန်တာကြောင့် ယခုလို ဆုံးဖြတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မေး။ ။ ဒါဆိုရင် အဲသည်စာလုံးကို ဆရာတို့ လက်မခံလို့ပဲ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခဲ့ဘူး၊ ပါတီကို ဖျက်သိမ်းခံခဲ့ပြီး ဖြစ်တယ်။ နောက်ကျတော့ အဲသည် စာလုံးကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ ပြင်ဆင်ပေးလိုက်လို့ ၂၀၁၁ မှာ ပါတီကို မှတ်ပုံပြန်တင်တယ်။ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုကျပြန်တော့လည်း ဒီစကားလုံးက လွှတ်တော်ဝင် ကျမ်းကျိန်စာမှာ ပြန်ပါနေပြန်တာမို့ ရွေးကောက်ပွဲ အနိုင် ရသော်လည်းဘဲ လွှတ်တော်ထဲ ၀င်ဖို့ ပြန်လှန်စဉ်းစား ဆင်ခြင်ရတာတွေ ဖြစ်ခဲ့ရတော့ အဲသည်စကားရပ်က အဲသည်လို ပါဝင်နေတယ်ဆိုတာ အစကတည်းက မတွေ့လိုက်ဖူးလား။

ဖြေ။ ။ ကျနော်တို့ဖက်က လွှတ်တော်ထဲဝင်ရင် ကျမ်းသစ္စာ ကျိန်ဆိုရမယ်ဆိုတာ ရှိတယ်။ ဘယ်လို ကျိန်ဆိုရတယ် ဆိုတာကို ကျနော်တို့ဖက်က သေချာ မလေ့လာခဲ့မိဘူး။ ဒါက ကျနော်တို့ရဲ့ ပျက်ကွက်မှုပါ။ အရင်တုန်းက ရွေးကောက်ပွဲ မ၀င်ခင်တုန်းက စကားလုံးကို ပြင်ဆင်ပေးဖို့ ညှိနှိုင်း ခဲ့စဉ်တုန်းက အခြေအနေကို ကျနော် ပြန်ပြောပြမယ်။ ၂၀၁၁ မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ အဆိုပါ စကားရပ်ကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဖက်က တောင်းဆိုခဲ့တယ်။ ဦးသိန်းစိန်ကိုယ်တိုင်က လွှတ်တော်ကို စာရေးသားပြီး မေတ္တာရပ်ခံခဲ့တယ်။ နောက်တော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ပြင်ဆင်ပေးခဲ့တယ်။ အခုကျတော့ ကျမ်းကျိန်လွှာမှာ ဒီစကားရပ် ပါနေတာကို တွေ့ကြတော့ ကျနော်တို့ဖက်က သမ္မတကြီး ဦးသိန်းစိန်ကို စာရေးသားပြီး မေတ္တာရပ်ခံတယ်။ အဲဒီအချိန်မှာ အရင်တုန်းကလို လွှတ်တော်ကို သူကိုယ်တိုင် မေတ္တာ ရပ်ခံတဲ့ အလုပ်ကို မလုပ်ဘဲနဲ့ သူက အင်န်အယ်ဒီရဲ့ မေတ္တာရပ်ခံချက်ကို အခြေခံ ဥပဒေခုံရုံးကို တိုက်ရိုက် လွှဲပေးလိုက်တယ်။ အဲသည်တုန်းက ကြားတာကတော့ သူကိုယ်တိုင် ဂျပန်နိုင်ငံကို ခရီးသွားဖို့ ပြင်ဆင်နေတဲ့ အချိန်လို့လဲ ပြောကြတယ်။ ပြီးတော့ ကျနော်တို့ရဲ့ မေတ္တာ ရပ်ခံတဲ့စာကို သမ္မတရဲ့ ၀န်ကြီးရုံးက ၀န်ကြီးတွေက ဦးသိန်းစိန်လက်ထဲ မထည့်ဘဲနဲ့ ခုံရုံးကို တန်းပြီး လွှဲလိုက်တယ် လို့လည်း ကြားတယ်။ အဲသည်မှာ အဲသည်ကိစ္စက လွှတ်တော်ကနေ အခြေခံဥပဒေ ပြင်ဆင်သလို ပြင်ဆင်ရမယ့် သဘောဖြစ်တယ် ဘာညာ စသည်ဖြင့်တွေ ဖြစ်လာတယ်ပေါ့ကွာ။

မေး။ ။ အဲသည်မှာ ဆရာတို့ဖက်က ဧပြီလ ၂၃ မှာ ကျင်းပတဲ့ လွှတ်တော်ညီလာခံကို မတက်ရောက်နိုင်ဘူး ဆိုပြီး ထုတ်ပြန် လိုက်တယ်။ စကားရပ် ပြင်ဆင် ပေးရေးဟာ လွှတ်တော် ထဲမှာကော ပြည်သူ လူထုကြားထဲမှာပါ အကျယ်တ၀င့် ဆွေးနွေးစရာ ဖြစ်လာတယ်။ နောက်တော့ ဧပြီလကုန်မှာ အဲသည်စကားရပ်ကို လက်ခံပြီး ကျမ်းကျိန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ် လိုက်တယ်။ ဆရာတို့ ပါတီတွင်းမှာ ဒါကို အကျိတ်အနယ် ဆွေးနွေးတာတွေ ရှိသလား။

ဖြေ။ ။ ပြည်သူတွေအနေနဲ့က အင်န်အယ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော် တက်စေချင်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟိုးတုန်းက ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲ တုန်းကလိုမျိုး ရွေးကောက်ပွဲနိုင်ရက်နဲ့ လွှတ်တော် မခေါ်နိုင်ခဲ့ရတာမျိုး မဖြစ်စေချင်ကြဘူး။ ဟိုတုန်းကနဲ့ အခု မတူတာကတော့ အခု ၂၀၁၂ မှကျတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲနဲ့ ခေါ်ထားတဲ့ လွှတ်တော်တွေ ဘာတွေက အဆင်သင့် ရှိနေပြီပေါ့ကွာ။ ပြီးတော့ လက်ရှိ လွှတ်တော်ထဲက တိုင်းရင်းသားညီအကိုပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖက်ကလည်း ဒေါက်တာအေးမောင်တို့ စသူတို့ ကလည်း လွှတ်တော် ထဲကနေ တိုင်းပြည် အရေးကိစ္စတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းတာ မေတ္တာရပ်ခံတာတွေ လုပ်လာကြတယ်။

အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ထုတ်ပြောတယ်။ ကျမ အဲသည်အတိုင်း ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ သဘောထား ပြောတယ်။ ပထမ အဆင့်က ကျနော်နဲ့ ဦးတင်ဦး တို့နဲ့ ဒီကိစ္စကို ဆွေးနွေးတယ်။ အဲသည်မှာ ကျနော့်အနေနဲ့ ပြောတာကတော့ မူတွေကို စွန့်လွှတ်ပြီး လုပ်ရတယ် ဆိုတာကို သဘော မတူနိုင်ဘူးလို့ ပြောခဲ့တယ်။ နောက်တော့ စီအီးစီ အစည်းအဝေးမှာ ဆွေးနွေးကြတယ်။ အဲသည်ကျတော့ စီးအီးစီ ထဲမှာရှိတဲ့ သူတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းထောက်ခံကြတယ်။ ကောင်းတယ် ဘာညာပေါ့။ ကျနော်ကတော့ ပြောတယ်။ ကျနော်တို့တွေရဲ့ မူတွေကို စွန့်လွှတ်တယ်ဆိုတာ မကောင်းဘူးဆိုပြီး တင်ပြဆွေးနွေးတယ်။

နောက်ဆုံးပိတ်မှာ ညှိကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကတော့ ကျမ်းသစ္စာ ကျိန်ဆိုပြီး လွှတ်တော်ထဲ ၀င်မယ်။ အဲသည်မှာ ပါတီအနေနဲ့ ကြေညာချက် ထုတ်မယ်။ ကြေညာချက် ဆိုတာမှာ ပါတီရဲ့ နိုင်ငံရေး သဘောထားကို ဆက်လက် ကိုင်စွဲထားတယ် ဆိုတဲ့အကြောင်းကို ဖော်ပြမယ်။ ပြီးတော့ လွှတ်တော်ထဲကို ၀င်ရောက်ရတဲ့ အကြောင်း အရင်းခံတွေက ပြည်သူလူထုနဲ့ လွှတ်တော်တွင်းက တိုင်းရင်းသား ညီအကိုပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေ ဆန္ဒတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြောမယ် ဆိုတာမျိုး သဘောတူကြတယ်။ ညှိနှိုင်းလို့ ရသွားတယ်လို့ ပြောနိုင်တယ်။ အဲသည်တော့ လွှတ်တော်ကလည်း လွှတ်တော်အလုပ် လုပ်ပေါ့။ ကျမ်းသစ္စာ မကျိန်ရင် လွှတ်တော် မတက်ရဘူး ဆိုတာက သူတို့အလုပ် သူတို့ လုပ်တာပဲ။ ကျနော်တို့ဖက်ကလည်း ကျနော်တို့ ပါတီရဲ့အလုပ်၊ ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့
အလုပ် လုပ်ကြရတာပဲ။

မေး။ ။ အဲဒီအခြေအနေမှာ ဒီစကားရပ်ကို ပြင်ဆင်ပေးဖို့အရေး အခြေခံဥပဒေပြင်ဆင်မှတို့၊ လွှတ်တော်ကနေပြီး အများ သဘောနဲ့ ပြင်ဆင်မှတို့ ဒါမျိုးတွေ ဖြစ်လာတော့ နိုင်ငံရေး လမ်းကြောင်းမှာ လမ်းပိတ်နဲ့ တိုးနေပြီပေါ့ ဆရာရယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းတဲ့ အနေနဲ့ အခုလိုမျိုး မူလ စာသားအတိုင်း ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ ဆုံးဖြတ် လိုက်တာဟာ ပိတ်ဆို့မှုတွေ အတား အဆီးတွေကို ကျော်လွှား လိုက်တာပဲဖြစ်တယ်။ ၂ ဖက်စလုံးကလည်း ၀မ်းသာ ကျေနပ်မှုတွေ ဖြစ်ကြတယ်လို့ ပြောရင်ရမလား။

ဖြေ။ ။ ကျနော် ဒီတပတ် ဒီလှိုင်းမှာ အဲသည်အတိုင်းပဲ စာရေးထားတယ်။ ပါတီတွင်းမှ သာမက၊ ပြည်သူတွေ မျှော်လင့်တောင့်တတဲ့ အတိုင်း၊ လွှတ်တော် တွင်းက တိုင်းရင်းသား ညီအကိုတွေ စောင့်စား ကြိုဆိုနေတဲ့အတိုင်း ဆုံးဖြတ် လိုက်တာဖြစ်တယ်။ အားလုံးက ၀မ်းသာကြလိမ့်မယ်လို့ ယူဆတယ်ဆိုပြီး ရေးထားပါတယ်။ ပြည်သူတွေကလည်း ဒေါ်စုနဲ့တကွ အင်န်အယ်ဒီ အမတ်တွေကို လွှတ်တော်ထဲ ရောက်စေချင်လို့ မဲပေးခဲ့ကြတယ်။ အင်န်အယ်ဒီပါတီကလည်း ရွေးကောက်ပွဲ ၀င်ပြီ ဆိုကတည်းက ရွေးကောက် တင်မြှောက်ခံချင်လို့၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ကြ ရတာပဲဖြစ်တယ်။ နိုင်ငံရေး ပါတီတရပ် အနေနဲ့ကလည်း တရားဝင်ပါတီအဖြစ် ရပ်တည်နေပြီးဖြစ်တဲ့အတွက် သူရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကိုလည်း ဆက်လက် ထုတ်ဖော်ပြီး ရပ်တည်နေရမှာပဲ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ။ ဒီတော့ မေလ ၂ ရက်နေ့မှာတော့ဖြင့် အင်န်အယ်ဒီအမတ်တွေ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လွှတ်တော်ထဲ ၀င်ရောက် နိုင်ခဲ့ပြီ။ နောင်လာမယ့် ဇူလိုင်မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော် ညီလာခံကျမှပဲ အင်န်အယ်ဒီ အမတ်တွေရဲ့ လွှတ်တော် စင်မြင့်ပေါ်ကနေ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ ချမှတ် အကောင်အထည် ဖော်မှုတွေကို စောင့်မျှော် ကြရတော့မယ်။ ဒီကြားထဲမှာ ဆရာတို့ ပါတီက ဘာတွေ ဆောင်ရွက်ဖို့ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ရှိသလဲ။

ဖြေ။ ။ ဒီကြားထဲမှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးတွေထွက်ဖို့ ရှိမယ် ထင်ပါတယ်။

မေး။ ။ အမေရိကားဖက်လာဖြစ်တယ်ဆိုရင် ကျနော်တို့ မြို့နယ်တွေကလည်း ဖိတ်ပါတယ်လို့ ပြောပေးပါ ဆရာရယ်။ ဆရာကော ဒီဖက်ကို ခရီး မထွက်ဖူးလား။ ဆရာ့ကိုလည်း
ဖိတ်ပါတယ်။

ဖြေ။ ။ အေး အေး။ မထွက်ဖြစ်ပါဘူးကွာ။ အသက်ကလည်း ကြီးလှပြီ။ လူက တော်တော်လေးကို ကျသွားပြီ။ မင်းတို့က မသိဘူး။ နောက်ပြီး ဒီလှိုင်းကလည်း လုပ်နေ ရသေးတယ်။
ဂျာနယ် အလုပ်ကလည်း များတယ်။ အခုတောင် ရှမ်းပြည်ဖက်၊ ကယားပြည်နယ် တို့ကလည်း ဖိတ်တယ်။ လူက သိပ်မလှုပ်နိုင်တော့ဘူးကွာ။

မေး။ ။ ပါတီက ဒီကြားထဲမှာ ဘာလုပ်မှာလဲ။ ဒီလိုပဲလား။

ဖြေ။ ။ ကျနော့်တို့အနေနဲ့ စဉ်းစားထားတာကတော့ ပါတီညီလာခံ လုပ်ဖို့ စဉ်းစားတယ်။ ရပ်ကျေးလို့ ခေါ်တဲ့ ရပ်ကွက်နဲ့ ကျေးလက်တွေက အဆင့်ဆင့် စပြီးတော့ ပါတီတွင်း ညီလာခံတွေ ရွေးကောက်ပွဲတွေ ပြန်လုပ်ပြီးတော့ အဆင့်ဆင့် ပြန်လည်ထူထောင် ဖွဲ့စည်းကြရမယ်လို့ ထင်တယ်။ ဟိုးအရင် တုန်းကလည်း ၁၉၈၈ ခုနှစ်တွေမှာ တုန်းကလည်း မြို့နယ် အလိုက် ရွေးကောက်ပွဲတွေနဲ့ ပါတီ ကိုယ်စားလှယ်တွေ ရွေးချယ်သတ်မှတ်တာတွေ လုပ်ခဲ့ဖူးတယ်။ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်တယ်။ အခုအချိန်မှာ ပါတီမှာ လူသစ်တွေ ၀င်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ ခေါင်းဆောင်မှုကြောင့် ပါတီဝင်တွေ အသစ်တွေ တိုးလာတယ်။ မြို့နယ်တွေမှာ ဆိုင်းဘုတ်တင်တာတွေ တက်တက်ကြွကြွ လုပ်လာကြတယ်။ ဒါကြောင့် ပါတီတွင်း ညီလာခံ ကျင်းပရေး အတွက် တိုက်တွန်းတဲ့ စာတမ်း ကျနော်ကိုယ်တိုင် စီအီးစီကို တင်သွင်း ထားပြီးပါပြီ။ မူအားဖြင့် သဘောတူ ထားပြီးပြီ။ သို့သော် ညီလာခံ ကျင်းပရေး ကော်မီတီတွေကို ဗဟိုအဆင့်၊ တိုင်းအဆင့် မဖွဲ့ရသေးဘူး။

မေး။ ။ အဲသည်တော့ အင်န်အယ်ဒီပါတီဟာ နိုင်ငံရေးအဖွဲ့အစည်းတရပ်ရဲ့ ပုံသဏ္ဍန်နဲ့အညီ အောက်ခြေကနေ အဆင့်ဆင့် ပြန်လည်ရွေးချယ် တင်မြှောက် တာတွေ၊ ဆွေးနွေးညှိနှိုင်း
တင်ပြတာတွေ အဆင့်ဆင့် ထူထောင်ပြီးတော့ ဗဟို အဆင့်ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းတာတွေ လုပ်ဖို့ ရှိတယ်လို့ ပြောချင်တာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ပါတီကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ကျနော်တို့ တတွေကိုယ်တိုင် ဗဟိုအဆင့်မှာ ပြန်လည် ဖွဲ့စည်းတာတွေ လုပ်ခဲ့တယ်။ လူကြီးတွေက သဘာပတိအဖွဲ့၊ ခေါင်းဆောင်တွေ၊ အမျိုးသမိးတွေ၊ လူငယ်တွေနဲ့ တိုင်းရင်းသားတွေက အလုပ်အမှုဆောင် အဖွဲ့တွေမှာ ပါဝင်လာအောင် ပြန်လည် ဖွဲ့စည်းမှုတွေ လုပ်ခဲ့တယ်။ အဲသည်လိုမျိုး အဆင့်ဆင့်တိုင်းမှာ နမူနာယူပြီးတော့ လူကြီးတွေ ၀ါရင့်တွေက သဘာပတိ အဖွဲ့ဝင်တွေ ထဲမှာ ပါဝင်မယ်။ အလုပ် အမှုဆောင်တွေမှာက ခေါင်းဆောင်မှုပေးမယ့် လူရွယ်တွေ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါဝင်လာမယ်။ အခုအချိန်မှာ လက်ရှိ အစိုးရကလည်း ပါတီလှုပ်ရှားမှုတွေကို ခွင့်ပြုထားပြီ ဖြစ်တော့ အခုအချိန်မှာ ကျနော်တို့ ပါတီကို ပြန်လည်စည်းရုံး ထူထောင်ရေး လုပ်ကြရမယ်လို့ မြင်တယ်။

မေး။ ။ ဆရာပြောတဲ့ ရပ်ကျေးမှာက အနည်းဆုံး ပါတီဝင် ဘယ်လောက်ဦးရေလောက် ရှိပြီး ဖွဲ့စည်းမယ်လို့ သဘော ထားသလဲ။

ဖြေ။ ။ အောက်ခြေကျေးရွာတခု၊ ရပ်ကွက်တခုမှာ အနည်းဆုံကတော့ ပါတီဝင် လူဦးရေ ၃၀ လောက်တော့ ရှိလိမ့်မယ်လို့ ထင်တယ်။ ဒါဆိုရင် မြို့နယ်ကြီး တခုမှာ ရပ်ကွက် ၅၀ ကနေ ၁၀၀ လောက် ရှိမယ်ဆိုရင် အနည်းဆုံး ရပ်ကွက် ၅၀ လောက်နဲ့ ညီလာခံတခု ကျင်းပနိုင်ရမယ်။ အဲသည်က မြို့နယ် ညီလာခံက ရွေးချယ်ပေးလိုက်တဲ့ ပါတီ ကိုယ်စားလှယ်တွေနဲ့ ခရိုင်ညီလာခံ ကျင်းပနိုင်ရမယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ ခရိုင်ဆိုရင် မြို့နယ် ၅ ခုလောက်နဲ့တော့ ခရိုင်ညီလာခံ လုပ်နိုင်ရလိမ့်မယ်။ ခရိုင်တွေကနေ တိုင်းနဲ့ ပြည်နယ်တွေမှာ ညီလာခံတွေ လုပ်နိုင်မယ်လို့ ထင်တယ်။ အနည်းဆုံး တိုင်းနဲ့ပြည်နယ် စုစုပေါင်း ၇ ခုလောက်ကနေပြီ ညီလာခံတွေ လုပ်နိုင်ပြီဆိုမှ ဗဟိုညီလာခံနဲ့ ပြန်လည် ဖွဲ့စည်းတာတွေ လုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ခန့်မှန်းတယ်။

မေး။ ။ အဲသည်အတွက် အချိန်ဇယားကို ဆရာက ဘယ်လောက် ခန့်မှန်းသလဲ။

ဖြေ။ ။ ရပ်ကျေးနဲ့ မြို့နယ်တွေကို ၄ လလောက် ပေးမယ်။ ခရိုင်တွေက တလ၊ တိုင်းနဲ့ ပြည်နယ်တွေက တလလောက်။ ပြီးမှ ဗဟိုညီလာခံကို ၁ လလောက် အချိန်ယူပြီး ကျင်းပနိုင်မယ်။ ၇ လလောက် ဆိုရင် ညီလာခံတွေ ကျင်းပ ပြီးသလောက် ဖြစ်မယ်။ အဲသည်အခါကျရင် ဗဟိုကိုလည်း အောက်ခြေက အဆင့်ဆင့် တက်လာတဲ့ ပါတီ ကိုယ်စားလှယ်တွေနဲ့ စနစ်တကျ ဖွဲ့စည်း ထားနိုင်တာမျိုး ဖြစ်လာမယ်။ ပါတီဟာ အောက်ခြေကနေ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်လာမယ်။ အောက်ခြေလူထု လူတန်းစားကိုလည်း နားလည်မှုရှိတဲ့ ငဲ့ကြည့်နိုင်တဲ့ သူတွေဖြစ်လာမယ်။

မေး။ ။ သဘောကတော့ ပါတီအဖွဲ့အစည်းတရပ်ဟာ အပေါ်ကနေ လက်ရွေးစင်တွေနဲ့ ခေါင်းခေါက်ရွေးချယ် ဖွဲ့စည်းတဲ့ ပုံသဏ္ဍန်မျိုးထက် အောက်ခြေ အဆင့်ဆင့် ကနေ အများပြည်သူ သဘောထားနဲ့ ဆက်စပ် ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍန်ကို ဦးတည်တဲ့ သဘောပေါ့နော်

ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့လက်ရှိ မူဖြစ်တဲ့ လူငယ် တိုင်းရင်းသား၊ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းတာမျိုးနဲ့ ထူထောင်ချင်တယ်။ အောက်ခြေ အဆင့်ဆင့်မှာလည်း မြို့နယ်၊ ခရိုင်၊ တိုင်းတွေမှာလည်း လူကြီးတွေ၊ ၀ါရင့်တွေကို သဘာပတိ အဖွဲ့တွေပါ တွဲပြီး ဖွဲ့သွားမယ်လို့ စဉ်းစားတယ်။ မြို့နယ် ၃၀၀ လောက်သာ ရှိရင်၊ တမြို့နယ်မှာ ကိုယ်စားလှယ် ၅ ဦးလောက်သာ လွှတ်ကြရင် တကယ် ပါတီ ညီလာခံကြီးမှာ တက်ရောက်သူ ဦးရေ ၁၅၀၀ လောက် ရှိမယ်။ အဲသည် အခါကျရင် လက်ရှိ အစိုးရနဲ့ အာဏာပိုင်တွေက ခွင့်ပြုမလား၊ နေရာ ထိုင်ခင်း စီစဉ်ခွင့်ပြုမှာလား။ ဒါကို စဉ်းစားကြရမယ်။ ဒေါ်စုကိုတောင်မှ မဲဆွယ်တုန်းက အနှောက်အယှက် အတား အဆီးတွေ ရှိသေးတာ၊ ပါတီညီလာခံကြီး လုပ်မယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုတာကိုပါ တွက်ချက်ရမှာ ဖြစ်တယ်။

မေး။ ။ ဟုတ်ပါပြီ။ ဗဟိုအခြေပြုပြီး ပါတီကို ဦးဆောင်မှုပေးခဲ့တယ်၊ ပြည်သူလူထုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ စွန့်လွှတ် စွန့်စားပြီး ဦးဆောင်မှုပေးခဲ့ကြတယ်။ ပါတီတွင်း ပြန်လည် ထူထောင်ရေးတင် သာမကဘဲ တိုင်းပြည်အရေး ကိစ္စတွေထဲမှာ အရေးတကြီး ရှေ့တန်းရောက်နေတဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ ဆရာ့ သဘောထားကို မေးပါဦးမယ်။

ဖြေ။ ။ ဟုတ်ပါပြီ။

(ဆက်လက်ဖော်ပြပါမည်)

Ref: မိုးမခ

Read More...

အပေါ်သို့