..............................

Friday, March 23, 2012

မြန်မာအစိုးရ ရိုးသားသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပြောဆို

2012-03-22

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပွင့်လင်းမှုဟာ ခြွင်းချက်မရှိတဲ့ ပွင့်လင်းမှုမျိုး ဖြစ်သင့်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် ANFREL ခေါ် ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့၊အကြီးအကဲ Somsri Hananuntasuk က ကြာသပတေး နေ့က ပြောလိုက် ပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Somsri နဲ့ အဖွဲ့ဝင် နှစ်ဦးတို့ဟာ မြန်မာနိုင်ငံကို သွားရောက် ခဲ့ကြရာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက Somsri ကို မြန်မာ အာဏာပိုင်တွေက တိုင်းပြည်က နှင်ထုတ်ခဲ့ပြီး၊ သူ့လက်ထောက် နှစ်ဦးကို ဗုဒ္ဒဟူးနေ့မှာ နှင်ထုတ်ခဲ့ပါတယ်။

ဝါရင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ အမျိုးသမီး Somsri နဲ့ အဖွဲ့ဟာ မတ်လ (၁၅)ရက်နေ့က မြန်မာ နိုင်ငံကို ရောက်ရှိ ခဲ့ပါတယ်။ ဧပြီ (၁)ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြင်ပက လွတ်လပ်တဲ့ လေ့လာသူတွေကို၊ မြန်မာ အစိုးရက လာရောက် ကြည့်ရှုခွင့် ပြုမယ့် ကိစ္စအပေါ် လာရောက် စုံစမ်းတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွေးကောက်ပွဲကော်မရှင်က တဆင့် နေပြည်တော်ကို တရားဝင် စုံစမ်းမေးမြန်းခဲ့ပေမယ့် တစုံတရာ ပြန်ကြားချက် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ဆုံး သူတို့ရဲ့ ပြည်ဝင်ခွင့် ဗီဇာ မှားယွင်းနေတယ်လို့ ပြောဆိုပြီး နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို နှင်ထုတ်ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အီးယူ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ကုလ သမဂ္ဂတို့က ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ နှစ်ဦးစီနဲ့ သတင်းထောက် သုံးဦးစီကိုသာ လက်ခံမယ်လို့ နေပြည်တော်က ကြေညာ ခဲ့ပါတယ်။ အာဆီယံ နိုင်ငံတွေကလည်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ စေလွှတ် နိုင်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Somsri က မြန်မာအစိုးရဟာ ပွင့်လင်း မြင်သာမှု ရှိမယ်၊ ရိုးသားမယ် ဆိုရင် အရပ်ဘက် အဖွဲ့အစည်း တွေကိုလည်း၊ လွတ်လွတ် လပ်လပ် လာရောက် ကြည့်ရှုခွင့် ပြုသင့်တယ်လို့ ပြောဆို လိုက်ပါတယ်။

Ref: RFA News

Read More...

ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး

ကြာသပတေး, 22 မတ် 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက် ခဲ့ရာက ပြန်လာ အပြီးမှာပဲ မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲတွေ အတွင်း လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးပေမယ့် ဒါတစ်ခုတည်းနဲ့ ပြုပြင် ပြောင်းလဲရေး ပြီးပြည့်စုံပြီလို့ မဆိုနိုင်ကြောင်း ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ ထုတ်ပြော လိုက်ပါတယ်။

ကြာသာပတေးနေ့မနက်က အမေရိကန်နိုင်ငံခြားရေးရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းတဲ့အခါ သံအမတ်ကြီး မစ်ချဲလ်က ရွေးကောက်ပွဲ လုပ်တဲ့နည်း တစ်ခုတည်းမှာ လွတ်လပ်ပြီး တရားမျှတရုံနဲ့ မပြီးဘဲ ရွေးကောက်ပွဲတွေ မတိုင်ခင် မဲဆွယ်စဉ် ကာလနဲ့ ရွေးကောက်ပွဲ အပြီးကာလ လွှတ်တော် ကျင်းပ ချိန်တွေမှာပါ နိုင့်ထက်စီးနင်း ပြုလုပ်မှုတွေ၊ မကောင်းကြံစည်မှုတွေ ကင်းရှင်းဖို့ အရေးကြီးတယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဝါရှင်တန်မြို့တော်မှာ ကြာသာပတေးနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ၊ သြစတြေးလျသံရုံးမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနဲ့ အသွင် ကူးပြောင်းရေး ကာလ ချိန်ခွင်လျှာ-ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ သံအမတ်ကြီး မစ်ချဲကပဲ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေးတွေ ပြီးပြည့်စုံနိုင်ဖို့ အမေရိကန်အနေနဲ့ လက်တွဲဖော် မိတ်ဆွေအဖြစ် ပူးပေါင်း ဆောင်ရွက်သွားဖို့ အရေးကြီးတယ်လို့ ထောက်ပြ လိုက်ပါတယ်။

မစ္စတာမစ်ချဲလ်က ဆက်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကြား သေနင်္ဂဗျူဟာအရ အရေးပါလာတဲ့ မြန်မာနိုင်ငံမှာ အခု စတင် ပြောင်းလဲ လာမှုတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက် နေတာတွေထဲက အကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်နေတယ်လို့လည်း ချီးကျူး လိုက်ပါတယ်။ ဒီပြောင်းလဲမှုတွေ နောက်ပြန် ဆုတ်သွားနိုင်ဖို့ အလားအလာ နည်းနေတယ်လို့လည်း ဆိုလိုက်ပါတယ်။ ဒါ့အပြင် မစ္စတာ မစ်ချဲလ်ကပဲ အင်ဒိုနီးရှား နိုင်ငံမှာ စစ်တပ် ကြီးစိုးတဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီကို အသွင်ကူး ပြောင်းခဲ့တာနဲ့ ဆင်တူတဲ့ မြန်မာနိုင်ငံမှာ မြန်မာ စစ်တပ်အနေနဲ့ အရင်က သူ့အုပ်ချုပ်ရေးကို သူ့ကိုယ်သူ အထင်ကြီး ဂုဏ်ယူခဲ့ပေမယ့် အခုတော့ မှားခဲ့တာတွေကို နားလည်ဝန်ခံမှု ရှိလာပြီး ဒါတွေကို ပြောင်းသွားဖို့ လုပ်နေတာဟာ ကောင်းတဲ့ လက္ခဏာ တစ်ခု ဖြစ်တယ်လို့ ထောက်ပြ လိုက်ပါတယ်။

Ref: VOA News

Read More...

ကော့မှူးမှ တနိုင်ငံလုံး အလုပ်လက်မဲ့ ပပျောက်ရေး ဒေါ်စု အလေးပေး

ဖနိဒါ
ကြာသပတေးနေ့၊ မတ်လ ၂၂ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်း ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ အလုပ်လက်မဲ့ အခြေအနေ ပပျောက်စေရန် အလေးထား လုပ်ဆောင် ပေးမည်ဟု ပြောကြား လိုက်သည်။

ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက် ဝိဇ္ဖောဒယကျောင်းရှေ့မှ ကွင်းပြင်တွင် ပြည်သူလူထု လေးသောင်းခန့်ကို ၂၅ မိနစ်ခန့်ကြာ ပထမဆုံး မဲဆွယ် စည်းရုံးရေးဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း NLD ၏ ကော့မှူးမြို့နယ် အောင်နိုင်ရေး တာဝန်ခံ ဦးမြင့်သိန်းက ပြောသည်။

“ကော့မှူးမြိုနယ်မှာ အလုပ်လက်မဲ့ များပြီးတော့ စီးပွားရေး အခြေအနေ တော်တော်ဆိုးနေတာ တွေ့ရတယ်။ ကော့မှူး မြို့နယ်က မဲဆန္ဒရှင် အားလုံး အတွက်ကို ကျမမြို့နယ်ဖြစ်တဲ့ အတွက်ကို မြန်မာပြည်မှာ ကျမမြို့နယ်ကနေ စပြီး အဲဒါတွေကို ပြုပြင် ပေးချင်တယ်။ ကျမ တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်။ ဒါကြောင့် ကော့မှူးမြို့က လူထု မဲပေးမှသာလျှင် မြန်မာ တပြည်လုံး အတွက် အဲဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကား အတိုင်း ဦးမြင့်သိန်းက မဇ္စျိမကို ပြန်ပြောပြသည်။

ထို့ပြင် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က သွားရောက်ခဲ့သည့် မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲ တွင်လည်း အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးသည်။

“ကျမတို့နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းဖို့ စဉ်းစား ထားသလဲလို့ မေးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ်လို ပုံစံနဲ့ အကောင်းဆုံး လုပ်မလဲဆိုတာကို စတင်ပြီးတော့ ကျမတို့ တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြား ခဲ့ဖူးသည်။

ကြာသပတေးနေ့ ကော့မှူးဟောပြောပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဦးတည်ချက်ဖြင့် ကရင် တိုင်းရင်းသား များ နေထိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကို ရွေးချယ်ထားပြီး လွှတ်တော်ထဲ ရောက်ရှိပါက ကော့မှူးမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာ အသီးသီးသို့ အရောက် သွားမည်ဟု ပြောခဲ့သည်ဟု လည်း သိရသည်။

ယခုခရီးစဉ်မှာ ၎င်း၏ မဲဆန္ဒနယ်သို့ လေးကြိမ်မြောက် သွားရောက်ခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးမှု အနေဖြင့် ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကော့မှူးခရီးစဉ်တွင် မြို့ခံဆရာတော် ၁၃ ပါးကို ပင့်ဆောင်ကာ ဝတ္ထု ပစ္စည်းများဖြင့် ပူဇော်ခဲ့သလို တွံ့တေးမြို့နယ် ဘုရားကြီး ကျေးရွာမှ မင်္ဂလာပရဟိတ မိဘမဲ့ ကလေးဂေဟာ ကျောင်းသို့ သွားရောက် ကာ မိဘမဲ့ ကလေးငယ် ၄ဝဝ ကျော်တို့အား အားပေးစကား ပြောခဲ့သည်ဟု သိရသည်။

ထို့ပြင် ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၂ ရွာမှ ရပ်ကျေးခေါင်းဆောင်များနှင့် ပါတီ အောင်နိုင်ရေး ရုံးတွင် တွေ့ဆုံကာ
ရွေးကောက်ပွဲ ဝင်ရခြင်း၏ အကြောင်း အရင်းများ၊ မဲဆွယ် စည်းရုံးရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သည်ဟု ဦးသိန်းမြင့်က ပြောသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကျေးရွာပေါင်း ၆၂ ရွာ၊ မဲပေးနိုင်သူ ဦးရေ ၈၇,ဝဝဝ ရှိပြီး မဲရုံပေါင်း ၁၂၉ ရုံ ထားရှိမည် ဖြစ်သည်။

ကြာသပတေးနေ့ နေ့လယ်ပိုင်း စတင်သည့် ခရီးစဉ်တွင် ရန်ကုန်တိုင်း တွံတေးမြို့မှ ကော့မှူးမြို့သို့ အသွားလမ်း တလျှောက် ပြည်သူ လူထုက လမ်းဘေးဝဲယာမှ ပျော်ပျော်ရွှင်ရွှင် လာရောက် ကြိုဆိုခဲ့သည်ကို တွေ့ရကြောင်း ခရီးစဉ် တလျှောက် လိုက်ပါခဲ့သူ မဇ္ဈိမ သတင်းထောက် တဦးက ပြောသည်။

“တွံတေးကနေ ကော့မှူးတလျှောက် လူတွေက ပြည့်ညပ်နေတော့ ကားက လိမ့်ရုံပဲ သွားရတာ။ ဒီလောက် နေပူကြဲ ထဲမှာတောင် ရွာတိုင်း လိုလို ထွက်လာပြီး လာကြိုပြီး နှုတ်ဆက်ကြတယ် အဖိုးကြီး အဘွားကြီး တွေတောင်မှ ဖိနပ် မပါဘဲ လာနှုတ်ဆက်တာ တွေ့ရတယ်။ လူတွေက ပူအိုက်ပြီး ချွေးတွေ ထွက်နေတာတောင်မှ တကယ်ကို ပျော်ပျော် ရွှင်ရွှင်နဲ့ ကြိုကြတာ တွေ့ရတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဝါးသင်္ခ ကျေးရွာမှ ဒေါ်သန်းသန်းလေး မိသားစုတွင် အိမ်ထောင်စု စာရင်း ဝင်လိုက်သော်လည်း မဲထည့်ရန် ပုံစံ ၁ဝ ပြုလုပ်ဖို့ လိုအပ်သဖြင့် မဲထည့်နိုင်ရန် ကြိုးစားတော့မည် မဟုတ်ကြောင်း NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်းနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ပြည်သူ့ဆုံးဖြတ်ချက်ကို NLD လက်ခံမည်

ကျော်ကျော်သိန်း
ကြာသပတေး, 22 မတ် 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ ကော့မှူးမြို့နယ်ဆီ သွားရောက်ပြီး မဲဆန္ဒရှင် လူထုနဲ့ တွေ့ဆုံပြီးတော့ စကားပြောခဲ့ပါတယ်။ ပြည်သူ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တဲ့အကြောင်း၊ တိုင်းပြည် ပြဿနာတွေကို ဖြေရှင်းဖို့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့ အကြောင်း၊ ကော့မှူး မဲဆန္ဒနယ်ကို ဘာ့ကြောင့် ရွေးချယ်ရ သလဲဆိုတဲ့ အကြောင်းတွေ အပြင် လူထုအနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ မဖြစ်မနေ သွားပြီး မဲပေးကြဖို့ အလေးအနက် တိုက်တွန်း သွားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်း ပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကနေ ကော့မှူးမြို့ဆီထွက်ခွာပြီး ကော့မှူးကို သွားတဲ့ လမ်းတလျှောက် လူထု ပရိသတ် ထောင်ပေါင်းများစွာက ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုခဲ့ကြ ပါတယ်။ ညနေပိုင်းမှာ ကော့မှူးနဲ့ အနီးအနား ဒေသတွေက စုဝေး ရောက် ရှိလာတဲ့ လူထုကို စကားပြောခဲ့ ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတိုင်းမှာ ပါလေ့ရှိတဲ့ NLD ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်း သုံးချက် ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာကို ထည့်သွင်း ပြောဆိုသွားသလို မဲဆန္ဒရှင် လူထုရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တယ်ဆိုတာကို ပြောပါတယ်။

“ကျမတို့က ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာပါ။ ကျမ တခုပဲ ပြောချင်ပါတယ်။ ကျမတို့ဟာ ဒီလို လွှတ်တော် ထဲက နေပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ခွင့် ဆိုတာဟာ ၁၉၉၀ ခုနှစ်ထဲက မရခဲ့ပါဘူး။ ကျမတို့ကို ၁၉၉၀ ခုနှစ်ကလည်း ပြည်သူတွေက တကယ့်ကို အင်တိုက်အားတိုက် ထောက်ခံကြခဲ့ ပေမဲ့ မဲတွေပဲရပြီးတော့ ကျမတို့ ကိုယ်စား လှယ်တွေ အရွေး ခံကြရပေမဲ့ ကျမတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့ ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။

“အခုအချိန်မှာတော့ နေရာ နည်းနည်းလေးပေါ့နော်၊ အားလုံးက ၄၈ နေရာရှိပါတယ်၊ အားလုံး နိုင်လို့ရှိရင် တောင်မှ ဒါဟာ ရာခိုင်နှုန်း အရ နည်းနည်းလေးပါ။ ဒါပေမဲ့လည်း ကျမတို့ဟာ တတ်နိုင်တဲ့ နေရာကနေ ပြီးတော့ လုပ်သွားမယ်လို့ ကျမ ပြောချင်ပါတယ်။ လွှတ်တော်ထဲမှာ လုံးဝ ကျမတို့ နေရာမရှိတဲ့ အနှစ် ၂၀ အတွင်းမှာတောင်မှ ပြည်သူတွေရဲ့တာဝန်တွေကို၊ ပြည်သူတွေပေါ်မှာ ကျမတို့ ရှိရမယ့် တာဝန်တွေကို ကျမတို့ ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါ တယ်။ အဲဒီတော့ လွှတ်တော် တစ်နေရာပဲ ဖြစ်ဖြစ်၊ ၄၈ နေရာပဲ ဖြစ်ဖြစ် ဆိုလို့ရှိရင် ကျမတို့ အရင်ကထက် စာလို့ရှိရင်တော့ ပိုပြီးတော့ တာဝန်ကျေနိုင်မယ့် အနေအထား ရောက်သွား ပါလိမ့်မယ်လို့ ကျမ ဒီလောက်ကို ကတိ ပေးနိုင်ပါတယ်။”

NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူး မဲဆန္ဒ နယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာ့ကြောင့် ကော့မှူး မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ဖို့ ဆုံးဖြတ် ခဲ့ရသလည်း ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောဆိုပါတယ်။

“အချက် နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ ကျမတို့ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ရုန်းကန် နေရတာတွေ တော်တော်များများ ရှိတယ်။ အဲဒီကိစ္စတွေ အတွက်လည်း ကျမ တတ်နိုင် သလောက် လုပ်ပေးချင်လို့ ကျမ ကော့မှူးကို ရွေးတာပါ။ နောက်တခုကလည်း ကော့မှူးမြို့နယ် မှာဆိုလို့ရှိရင် ကရင် တိုင်းရင်းသားတွေ များတဲ့ အခါကျတော့ ကျမတို့ရဲ့ ပြည်ထောင်စု အသွင်ကို ဆောင်မယ်ဆိုတဲ့ အမြင်နဲ့ ကျမ ကော့မှူးမြို့နယ်ကို ရွေးတာ ဖြစ်ပါတယ်။”

မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေအတွင်း တိုင်းပြည်ရင်ဆိုင်နေရတဲ့ပြဿနာတွေကို သူတွေ့ရတဲ့ ထဲကမှ အလုပ် လက်မဲ့နဲ့ အလုပ်အကိုင် မလုံလောက်တဲ့ ပြဿနာတွေ ရှိနေတာ၊ လူငယ်တွေ ဘွဲ့ရပြီးတဲ့ နောက်မှာ တောင်မှ ဘာမှ မလုပ်နိုင် မကိုင်နိုင် အခြေအနေ တွေနဲ့ ကြုံနေရတာတွေကို ပြောပါတယ်။ အဲဒီလို တိုင်းပြည် ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပြည်သူလူထုက ပူးပေါင်း ပါဝင်ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့၊ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့နေ့မှာလည်း လူထုအနေနဲ့ မဖြစ်မနေ သွားရောက် မဲပေးကြဖို့ အလေးအနက် တိုက်တွန်း ခဲ့ပါသေးတယ်။ ဒီမိုကရေစီ တိုင်းပြည်တခုမှာ အစိုးရအဖွဲ့ အလုပ် လုပ်ရတဲ့ ပုံသဏ္ဌာန် ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဆို ပြောခဲ့ ပါသေးတယ်။

“ဒီမိုကရေစီဆိုတာ ဒီလိုပါပဲ၊ အစိုးရတစ်ခုထဲက ကိုယ့်သဘောနဲ့ လုပ်တာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ သဘောထားကို စိစစ်ပြီး၊ ပြည်သူတွေရဲ့သဘောထားကို လေ့လာပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောငိ ပြီးမှ ဆုံးဖြတ်ချက်တွေ ချရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမက ပြည်သူတွေနဲ့ နီးနီးကပ်ကပ် လုပ်သွား နိုင်ဖို့ အများကြီး မျှော်လင့်ပါတယ်။ နောက်ဆိုလို့ရှိရင် ကော့မှူးကို ခဏခဏလာလို့ ငြီးငွေ့သွားလိမ့်မယ်။”

အခု ခရီးစဉ်တလျှောက် အခက်အခဲ အနှောက်အယှက် တစုံတရာ မကြုံတွေ့ခဲ့ရဘဲ လမ်းခရီး တလျှောက် လူထု အများအပြား ကြိုဆို ခဲ့ကြတာဖြစ်ပေမဲ့ ပြဿနာ တစုံတရာ မရှိခဲ့ပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပမယ့် ဧပြီလ ၁ ရက်နေ့မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အရှေ့ တောင်အာရှ နိုင်ငံတွေ ကနေ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ၊ သတင်း မီဒီယာ သမားတွေ လွှတ်ပေးပါလို့ မြန်မာ အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်း တွေကပဲ ဖိတ်ခေါ်ထား ပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး မန္တလေး သံဃာများ တောင်းဆို

ဇာနည်မာန်
March 22, 2012

နိုင်ငံတ၀န်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံ နေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဆရာတော် ၀ီရသူ ဦးဆောင်သည့် မန္တလေး သံဃာတော်များက တောင်းဆို လိုက်သည်။

မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ရင်ပြင်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝီရသူနှင့် သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်များနှင့် ဒေသခံ ၅၀၀ ကျော်တို့က ယနေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြု ဆုတောင်းမှု ပြုလုပ်၍ တောင်းဆိုခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဟာ ပြည်သူအတွက် အရေးကြီးသလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဟာလည်း အရေးကြီးတယ်။ အပြစ်မဲ့ သူတွေကို ချုပ်မထားစေချင်ဘူး၊ အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆို လိုပါတယ်”ဟု ဦးဝီရသူက မိန့်ကြားသည်။

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ဒေသခံများက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆို စာများ ကိုလည်း ဗီနိုင်းလ် ကားချပ်များပေါ်တွင် ရေးသား ထားကြောင်း သိရသည်။

ဝတ်ပြုဆုတောင်းပွဲကို ဘုရားကြီး သြ၀ါဒါ ဆရာတော်များနှင့် တိုင်း သံဃမဟာနာယက ဆရာတော်များက ခွင့်ပြုခြင်း မရှိသည့်ကြား မှ ပြုလုပ်ခဲ့သည့် အတွက် ဖြစ်လာမည့် အကျိုးဆက်များ အတွက်လည်း ပြင်ဆင်ထားကြောင်း ဦးဝီရသူက မိန့်သည်။

“ဆူပူမှာကြောက်တယ်ဆိုပြီး ခွင့်မပြုတာ။ အခု အေးအေးဆေးဆေး ပြီးသွားတယ်။ အရေးယူဖို့ များပါတယ်။ ဦးဂမ္ဘီရ လို ခေါ်ပြီး သတိပေးမလား၊ တရားဟောခွင့် ပိတ်မလား၊ ပြန်ဖမ်းမလား တခုခုပေါ့။ အမြဲတော့ အသင့်ပြင်ထားပါတယ်”ဟု ၎င်းက မိန့်ဆိုသည်။

ဦးဝီရသူသည် ယခုနှစ်ဆန်းပိုင်းက မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး ထောင်တွင်း ကျန်နေရစ်သော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြုမှုများ၊ ၀တ်ပြု ဆုတောင်းမှုများ စတင်ပြုလုပ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော အကျဉ်းကျ သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသား များစာရင်းကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပေးပို့၍ ၄င်းတို့ကို လွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း လွတ်မြောက် လာခြင်း မရှိသေးကြောင်း ရေးသားထားသည်။

ဦးဝီရသူက“ထောင်ဆိုတာ သူတော်ကောင်းတွေ တနေ့တရက် တမနက် တစက္ကန့်မှ နေအပ်တဲ့နေရာ မဟုတ်ဘူး။ ဒါပေမယ့် ရာနဲ့ချီတဲ့ သူတော်ကောင်းတွေ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတယ်။ သူတို့ကို လွှတ်ပေးတဲ့ အထိ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြုတာ တွေတော့ ဆက်လုပ်နေမှာပဲ။ မလွှတ်ပေးနိုင်ရင် ၀ီရသူကို ပြန်ဖမ်းပါ၊ သူတို့နဲ့အတူ နေပါရစေ။ ပြန်ဖမ်းရင် လိုက်မယ်”ဟု မိန့်သည်။

ဆရာတော် ဦးဝီရသူသည် ၂၀၀၃ ခုနှစ် ကျောက်ဆည်၌ဖြစ်ပွားသော အဓိကရုဏ်းအပြီးတွင် ထိန်းသိမ်းခံခဲ့ရပြီး မန္တလေး အိုးဘို ထောင်၌ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ထောင်တွင်းသတင်းများ ပေါက်ကြားစေသည်ဟုဆိုကာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ တွင် ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကို ပြောင်းရွှေ့ခံခဲ့ရသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဆရာတော်ဝီရသူ အပါအ၀င် သံဃာတော်တချို့နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက် လာသော်လည်း အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိ နေသေးကြောင်း၊ ထိုအကျဉ်းသားများ ထဲမှ စိစစ် အတည်ပြုပြီးသူ ၄၁၃ ဦးရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းတရပ်က ဖော်ပြသည်။

ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ အဆိုအရ AAPP ၏ စာရင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စာရင်းများမှ စုစည်းစိစစ် အတည်ပြုပြီးသည့် ကြွင်းကျန် နိုင်ငံရေး အကျဉ်းသား ၆၁၉ ဦး ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

ဒဂုန်မြို့သစ် မြေသိမ်းခံရမှု ၈၈ နှင့် လွှတ်တော်အမတ် လက်တွဲ

မင်းသက်
ကြာသပတေးနေ့၊ မတ်လ ၂၂ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ဒဂုန်မြို့သစ် အရှေ့ပိုင်းမှ အသိမ်းခံရတော့မည့် မြေကွက်များ ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် လွှတ်တော် ကိုယ်စားလှယ်တို့က နစ်နာသူတို့နှင့် အတူ လက်တွဲ ဆောင်ရွက် သွားမည်ဟု ဆိုသည်။

မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်းအတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,ဝဝဝ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ် ဦးစီးဌာနမှ အသိမ်း ခံရမည် ဖြစ်သည်။

အဆိုပါမြေကွက်များမှာ ဝန်ထမ်း မြေကွက်များ ဖြစ်၍ နစ်နာသူ ဒေသခံ ဝန်ထမ်းများက အကူအညီ တောင်းသဖြင့် ၈၈ ကျောင်းသား များနှင့် လက်တွဲ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က မဇ္ဈိမကို ပြောသည်။

“၈၈ မျိုးဆက်ကလည်း ပြည်သူပဲ။ ဘယ်သူက မပေါင်းရဘူး ပြောမလဲ။ ကျနော်တို့ အချင်းချင်း သူငယ်ချင်း တွေဖြစ်လို့ ပိုတောင် ပေါင်းလုပ်လို့ ရသေးတယ်” ဟု ပြောသည်။

အသိမ်းခံ မြေကွက်များကို ၁၉၉၈ ခုနှစ်က ဝန်ထမ်းများအား ရောင်းချစဉ်က တန်ဖိုးဖြစ်သည့် ကျပ် ၁၂,ဝဝဝ သာ ပြန်လည် ပေးလျော်မည် ဖြစ်၍ ကာလ ပေါက်ဈေးနှင့် ယှဉ်ပါက လွန်စွာ နစ်နာ နေရကြောင်းလည်း ဦးခိုင်မောင်ရည်က ပြောသည်။

“ခုဟာက မြေကွက်တွေကို သိမ်းမယ်ဆိုတာရယ်၊ ပြန်အမ်းမယ်ဆိုတဲ့ ပိုက်ဆံက နဂို မူလ သွင်းတဲ့ပိုက်ဆံ ဆိုတာ တလကို ၂ဝဝ နှုန်းနဲ့ ငါးနှစ် တိတိ ဝန်ထမ်း လခထဲက ဖြတ်လာခဲ့တာ အားလုံး တသောင်းနှစ်ထောင် ရှိတယ်။ ကာလပေါက်ဈေး မြေကြီး ဆိုတာက တန်ဖိုးဖြတ်လို့ မရဘူး။ သိန်း သုံးလေးငါးဆယ်ကနေ သိန်းရာချီပြီးတော့လည်း ရှိသွားနိုင်သလို ဒိထက်လည်း မြင့်နိုင်ပါတယ်။ နေရာ အလိုက်ပေါ့” ဟု ပြောသည်။

သတ်မှတ်လျော်ကြေး ၁၂,ဝဝဝ ကျပ်ကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လာရောက် ထုတ်ယူရမည်ဟု ကြေညာ ထားကြောင်း သိရသည်။

မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် အဆိုပါကိစ္စအား ဦးခိုင်မောင်ရည်က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထား များဖြင့် ဖြစ်စဉ် အသေးစိတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်းခံနေရာ ဒေသခံများထံ ၈၈ ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ စုံစမ်းခဲ့သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ နစ်နာသူများအား နည်းလမ်းနှစ်သွယ်ဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

“ကျနော်တို့ကလည်း အတတ်နိုင်ဆုံး အချက်အလက်တွေ ကောက်ပေးသွားမယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားပြု ဒီမိုကရေစီနဲ့ တိုက်ရိုက် ဒီမိုကရေစီဆိုတဲ့ ပုံစံနှစ်ခုနဲ့ ကြိုးစားသွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီ နည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက တဆင့် ဆွေးနွေး တင်ပြ သွားမှာဖြစ်တယ်။ တိုက်ရိုက် ဒီမိုကရေစီကတော့ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ယင်းမြေယာကိစ္စ အသေးစိတ်ကို သူရဦးရွှေမန်းက သမ္မတကြီးထံ တင်ပြထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

စုံစမ်းလေ့လာမှုအရ အဆိုပါ ပေ ၆ဝ၊ ပေ ၄ဝ ရှိ မြေကွက် ၈,ဝဝဝ ကျော်မှာ ၁၉၉၈ ခုနှစ်မှပင် အိမ်ဆောက်လုပ်ခွင့် ပါမစ်များ ရထားပြီး လက်ရှိတွင် အိမ်ထောင်စုပေါင်း ၈ဝ၇၉ စု နေထိုင်လျက်ရှိသည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, March 22, 2012

ရွေးကောက်ပွဲ ​စောင့်ကြည့်ဖို့ မြန်မာ ဖိတ်ခေါ်ချက် အမေရိကန်ကြိုဆို

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 21 မတ် 2012

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန် အစိုးရ ကိုယ်စားလှယ် တွေကို ဖိတ်ခေါ် လိုက်တဲ့ အပေါ်မှာ ပထမ အဆင့်နဲ့ ကြိုဆိုတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ ရရှိတဲ့ အခွင့်အရေးကို အကျိုးအရှိဆုံး အသုံးချနိုင်ဖို့ အတွက် အမေရိကန် အနေနဲ့ အာဆီယံ အပါအဝင် လေ့လာခွင့်ရတဲ့ တခြား နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victoria Nuland) က ပြောလိုက်တာပါ။ အခုလို ရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ ယှဉ်ရင်တော့ အပြည့်အဝ ပွင့်လင်းမှု မရှိသေးဘူးလို့ ပြောကြား ခဲ့တဲ့အကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

မြန်မာအစိုးရက ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အမေရိကန် ရွေးကောက်ပွဲ ကိုယ်စားလှယ်၂ ဦးနဲ့ သတင်းထောက် ၃ ဦးလာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ အပြင် အာဆီယံ အပါအဝင် အီးယူ ဥရောပသမဂ္ဂနဲ့ တခြား နိုင်ငံတွေကိုပါ လာရောက် စောင့်ကြည့် လေ့လာဖို့ ဖိတ်ခေါ် လိုက်တာမို့ ဒါဟာ ဒီမိုကရေစီရေး လျှောက်လှမ်းရာမှာ အရေးပါတဲ့ ခြေလှမ်း တရပ်အဖြစ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Victoria Nuland ကပြောပါတယ်

“ ဒါကို ပထမခြေလှမ်းအဖြစ် ကြိုဆိုပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တခြား အာဆီယံနိုင်ငံတွေမှာ လုပ်သလို နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ လာရောက်ခွင့်ပြုတဲ့ စံနစ်ကို ဖွင့်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားတုန်းက မြန်မာ အစိုးရကို အားပေးခဲ့သလို အဲဒီနောက်ပိုင်း သွားရောက်တဲ့ အမေရိကန် ကိုယ်စားလှယ် တိုင်းကလည်း အားပေး ခဲ့တာပါ။ ဒါဟာ ကမ္ဘာတဝှမ်း ကျင့်သုံးနေကြတာ မျိုးမို့ပါ”

ရွေးကောက်ပွဲတခု ပွင့်လင်း၊ တရားမျှတမှု ရှိနိုင်စေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ လာရောက်တဲ့ အခါမှာ လုပ်ပိုင်ခွင့် အပြည့်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲ ရက်မတိုင်ခင် ရက်အနည်းငယ်နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အပြင် ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွေမှာ ကျွမ်းကျင် သူတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO တွေရဲ့ စောင့်ကြည့် လေ့လာမှုက အဓိက အရေး ပါတယ်လို့ ဆိုပါတယ်။ အခု မြန်မာ အစိုးရက အမေရိကန်ကို ဖိတ်ခေါ် ခဲ့တာမို့ စောင့်ကြည့် လေ့လာဖို့ သေသေချာချာ သွားရောက်မှာ ဖြစ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အာဆီယံအဖွဲ့ကြီးနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ဟာ ရွေးကောက်ပွဲ ထိရောက်မှု ရှိစေဖို့အတွက် စောင့်ကြည့်လေ့လာသူတွေရဲ့ အလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်အောင် အာဆီယံ အဖွဲ့ကြီးနဲ့ရော တခြား စောင့်ကြည့် လေ့လာသူတွေနဲ့ပါ အတူ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီစောင့်ကြည့် လေ့လာစေတဲ့ အလုပ်ကို နိုင်ငံတကာ စံနှုန်းနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင် မြန်မာ အစိုးရဘက်က ကြိုးစား လုပ်ဆောင်ပေးဖို့လည်း ကျမတို့က တိုက်တွန်းပါတယ်”

အခုရွေးကောက်ပွဲဟာ သမ္မတရွေးကောက်ပွဲလောက်၊ လွှတ်တော်ရွေးကောက်ပွဲတွေလောက် မကြီးကျယ်ဘဲ အမတ်နေရာ လေးဆယ်ကျော် အတွက်သာ ယှဉ်ပြိုင်တဲ့ ကြားဖြတ် ရွေးကောက်ပွဲ တရပ် ဖြစ်ပေမယ့် တက်လာတဲ့ မြန်မာ အစိုးရသစ်ဟာ အရင်က တခါမှ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို ခွင့်ပြုလေ့ မရှိခဲ့တဲ့ အတွက် အခုလုပ်ရပ်ဟာ အပြုသဘော ဆောင်တဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် အဖြစ် အမေရိကန် ဘက်က ရှုမြင်ပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရ အနေနဲ့ အခုလိုပဲ တံခါးဖွင့် ဝါဒကို ဆက်ပြီး ကျင့်သုံးမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မြန်မာအစိုးရက နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို တခါမှ အခုလို လာခွင့်မပြုခဲ့ဖူးပါဘူး။ အခု ရွေးကောက်ပွဲ ဟာလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လုံးဝ ပွင့်လင်းမြင်သာမှု ရှိတယ်လို့တော့ ပြောလို့ မရပါဘူး။ ကျမတို့ကတော့ မြန်မာနိုင်ငံမှာ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဆက်ပြီး ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်”

လက်ရှိ မြန်မာအစိုးရသစ်အဖွဲ့ဟာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပေါ် အခြေခံပြီး ကျင်းပတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်ဝတ်ပြောင်း စစ်ဘက် အရာရှိအများစု ပါဝင်တဲ့ အစိုးရ တရပ်ဖြစ်ပါတယ်။

အခု စောင့်ကြည့်လေ့လာသူတွေသာမက နိုင်ငံတကာ သတင်းမီဒီယာတွေကိုပါ လာခွင့်ပေးထားတဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာ အစိုးရသစ်ကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အတွက် ဒဏ်ခတ် အရေးယူမှုတွေ အပါအဝင် မူဝါဒ ပြောင်းလဲရေးတွေ အတွက် အရေး ပါနေတာမို့ ဒီရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိပြီး တရားမျှတမှု ဘယ်လောက်ရှိမယ် ဆိုတာကို အများက စောင့်ကြည့် အကဲခတ်နေကြပါတယ်။

Ref: VOA News

Read More...

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာ ထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

2012-03-21

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် အပြင် အစိုးရ အနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်အတွက် ပြောဆိုရာမှာ လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပေါ်နေတဲ့ အခြေအနေများကို ထည့်သွင်း ပြောဆို သွားတာ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ် အတွင်းမှာ ဖြစ်တာမို့ အကျဉ်းတန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလား မသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တယ် ဆိုပေမယ့် သူပစ်လိုက်တဲ့ ဟာက သစ်သား အချွန် လေးနဲ့ပေါ့နော်။ ပစ်တာ ဦးမင်းသူကို မထိဘဲနဲ့ အနားက မိန်းကလေး တယောက်ကို ထိသွားတယ်။ အဲဒါတွေ ကတော့ နဲနဲ လွန်လာပြီလေ။ ဥပ္ပသီရိနဲ့ ဒက္ခိဏသီရိ ထင်တယ်။ အဲဒီ ၂ နေရာမှာ ဆိုင်းဘုတ်တွေကို သူတို့ ဖျက်ဆီးတာပေါ့နော်။ ဓားနဲ့လှီးပြီးတော့ ထုတ်တာတွေ ဘာတွေဟာ အဲဒါ မဖြစ်သင့်ဘူး။ အထူးသဖြင့် နေပြည်တော်မှာ ဖြစ်တယ် ဆိုတာဟာ အင်မတန်မှ အကျဉ်းတန်တယ်"

ဒီဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စတွေ ဖြစ်ပြီး ဒါဟာ ပြစ်မှုကျူးလွန်တာ ဖြစ်တယ် ဆိုတာ ကျူးလွန်သူနဲ့ အများပြည်သူ သိရှိအောင် ပြည်ထောင်စု ကော်မရှင်တင်မက အစိုးရကပါ တရားဝင် သတိပေးစာ ထုတ်ပြန် စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Ref: RFA News

Read More...

ကြားဖြတ်ရွေးကောက်ပွဲမှာ သတ္တိရှိရှိ မဲပေးဖို့ ဒေါ်စု တိုက်တွန်း

မသင်းသီရိ
ဗုဒ္ဓဟူး, 21 မတ် 2012

ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ကြဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ ဆန္ဒအတိုင်း မဲပေးကြဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်း မြို့ နယ်ကို ရွေးကောက်ပွဲ စည်းရုံးရေး အဖြစ် ဒီကနေ့ မတ်လ ၂၁ ရက်နေ့က သွားရောက်စဉ် အတွင်း လူထုကိုပြောတဲ့ မိန့်ခွန်းထဲ အခုလို တိုက်တွန်း ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဂုံဆိပ်ကမ်း စည်းရုံးရေး ခရီးစဉ် ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြ ပေးထားပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့ နယ်ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် ဒေါ်အောင် ဆန်းစုကြည် သွားတဲ့ လမ်းတလျှောက် လူထုဟာ တိုးမပေါက်အောင် ကြိုဆိုကြတာမို့ သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ကျပြီးမှ လူထုကို စကားပြောဖို့ စီစဉ်ထားတဲ့ နေရာ ရောက်ခဲ့ပါတယ်။

ကွင်းလုံးပြည့် စောင့်နေကြတဲ့ လူထုကို ဒေါ်အောင်ဆန်းစုကြည်က ဒဂုံဆိပ်ကမ်း၊ မဲဆန္ဒနယ်ထဲမှာ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာ မျိုးအောင်နဲ့ လူထုကို မိတ်ဆက် ပေးပါတယ်။ ဒီ နောက်တော့ NLD ဘာကြောင့် ရွေးကောက်ပွဲ ဝင်ရသလဲဆိုတဲ့ သဘောထား တွေကိုလည်း ရှင်းပြခဲ့ပြီး ဘယ်သူ ဘယ်အဖွဲ့စည်းရဲ့ ခြိမ်းခြောက်မှုကိုမှ မကြောက်ဘဲ မိမိ ရွေးချယ်ချင်တဲ့သူ၊ မိမိရဲ့ သဘောဆန္ဒ အတိုင်း မဲထည့်ဖို့ အခုလို တိုက်တွန်း ပါတယ်။

“သေသေချာချာဖြည့်ပြီးမှ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ပြီးမှ ရွေးချယ်ပါ။ ကျမတို့အနေနဲ့ ကျမတို့ အဖွဲ့ချုပ် ကို မဲထည့်ပါ ဆိုပြီး မေတ္တာရပ်ခံတာ။ အတင်း ထည့်ရမယ်လို့ မရှိပါဘူး-ဆိုတာကို မှတ်ထားဖို့။ နောက်ပြီးတော့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မကြောက်ကြပါနဲ့။ ဘာပဲပြောပြော ကိုယ့်မဲကို ကိုယ်လိုချင်တာကိုယ် ထည့်လို့ရတာပဲ။ ကြိုတင်မဲ ဆိုတာလည်း ကိုယ်မထည့်ချင်ဘဲနဲ့ ဘယ်သူမှ အတင်း ထည့်ခိုင်းလို့ မရပါဘူး ဆိုတာ သတိ ပေးပါရစေ။”

လူထုရဲ့ အင်အားနဲ့ ရပ်တည်ရတဲ့ ဒီမိုကရေစီနိုင်ငံရေးထဲမှာ လူထုရဲ့ထောက်ခံမှုနဲ့အတူ NLD က ရပ်တည် သွားမယ် လို့လည်း ပြောပါတယ်။

“ဒီမိုကရေစီ နိုင်ငံရေးပါတီများရဲ့ အင်အားက ပြည်သူပါ။ ပြည်သူရဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အင်အားဟာ မြင်နေရတဲ့ ပြည်သူတွေနဲ့ ကျမတို့ အခု ဒီမှာ မရှိတဲ့ တနိုင်ငံလုံး တကမ္ဘာလုံးက ကျမတို့ ပြည်သူတွေ ဖြစ်ပါတယ်။ တဦးပေါ်တဦး သစ္စာရှိရှိနဲ့ လုပ်ကိုင်ရမယ်။ တဦးအပေါ်တဦး ယုံကြည်နိုင်ရမယ်။ ဒီလို စိတ်တွေနဲ့ သွားမှသာ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျမတို့ နိုင်ငံမှာ ခိုင်မြဲအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။”

မတ်လ ၂၁ ရက် ရန်ကုန်တိုင်း၊ ဒဂုံမြိုဆိပ်ကမ်း မြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက အချက် တချို့ ကို ကောက်နှုတ် ထုတ်လွင့် ပေးခဲ့တာပါရှင်။ ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ အခြေအနေ တွေဟာ ပိုခက်ခဲ လာတာတွေမျိုးတွေလည်း ကြုံနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲ ဆန္ဒနယ် အကုန်ကို မဲဆွယ် စည်းရုံးရေး သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ သူကိုယ်တိုင် ဝင်ယှဉ်ပြိုင်မယ့် ကော့မှူးကို ကိုယ်စားလှယ်လောင်း စည်းရုံးရေး အဖြစ် ထပ်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“မနက်ဖြန် နေ့လည် တစ်နာရီ ကျနော်တို့ ကော့မှူးကို သွားပါမယ်။ အခုဟာက တဖြည်းဖြည်းနဲ့ ရွေးကောက်ပွဲက နီးလာ လေလေ အားပေးတာ အရမ်း များတော့ ကော့မှူးမြို့ ကို ရောက်အောင် တော်တော်ကြာကြာ မောင်းရမယ် ထင်ပါတယ်။ သုံးနာရီ အနည်းဆုံး မောင်းရ ပါလိမ့်မယ်။ အဲဒီတော့ ဟိုမှာ လေးနာရီ ကျော်လောက်ကျရင် ကော့မှူးမြို့နယ် မဲဆွယ် စည်းရုံးရေး နောက်ဆုံး စ မှာပါ။ အဲဒါ ပြီးလို့ရှိရင် ကျနော်တို့ ရန်ကုန်ပြန်မှာ။”

ဒါ့အပြင် လာမယ့် မတ်လ ၂၄ နဲ့ ၂၅ မှာ တနင်္သာရီတိုင်း မြိတ်မြို့ကို မဲဆွယ် စည်းရုံးရေးအတွက် ခရီးထွက်ဖို့ စီစဉ် ထားပေမယ့် အခု သွားမယ့်ရက် ကပ်ခါမှ ရေယာဉ် ငှားမရတဲ့ ပြဿနာ ရှိနေတဲ့ အကြောင်းကိုလည်း ဦးခွန်သာမြင့်က ရှင်းပြပါတယ်။ သွယ်ဝိုက်တဲ့ နည်းနဲ့ ယာဉ်ပိုင်ရှင်ကို ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် မြိတ်ကျွန်းစုကို သွားမယ့် ရေယဉ်ပိုင်ရှင်တွေ မငှားရဲတာမျိုး ကြုံနေ ရတာလည်း ဖြစ်ပါတယ်။

“တနင်္သာရီတိုင်း သွားဖို့ကတော့ ကျနော်တို့က ဟိုမှာ တနင်္သာရီတိုင်းက လစ်လပ်တဲ့ မြို့နယ်ကိုက ကျွန်းစုမြို့ နယ်ပါ။ ကျွန်းစုမြို့ နယ်ဆိုတော့ ကျွန်းလေးတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ အဲဒီ ကျွန်းတွေပေါ်မှာ ရှိတဲ့ ရွာကြီးတွေကို လိုက်ဟောဖို့ အနည်းဆုံး ရေမိုင် ၂၅ မိုင် လောက် မောင်းနိုင်တဲ့ ယာဉ် လိုပါတယ်။ အဲဒီ ယာဉ်တွေလည်း တနင်္သာရီတိုင်းမှာ အများကြီး ရှိပါတယ်။ အဲဒါကို စီစဉ်ပြီးတော့ ပြန်လာတာ။ ကျနော်တို့လာခါ နီးမှ ကပ်ပြီးတော့ အရင် ကျနော်တို့ ငှားထာတဲ့ ရေ ယာဉ်က မငှားတော့ပါဘူး။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း သွားဖို့ခရီးစဉ်အတွင်း အခက်အခဲတချို့ ကြုံနေရတဲ့ အကြောင်း ဦးခွန်သာမြင့် ပြောပြခဲ့တာပါ။ ဒီလို အခြေအနေနဲ့ အခက်အခဲတွေအပြင် မဲဆန္ဒရှင်တွေရဲ့ စာရင်းမှားတဲ့ ပြဿနာတွေဟာ နေရာ တော်တော် များများမှာ ကြုံနေရတယ်လို့ NLD ကပြောပါတယ်။ တခါ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ပြီး မဲဆွယ်မှုတွေ ရှိနေတယ်လို့ NLD ပါတီက ထောက်ပြ နေတာတွေလည်း ရှိပါတယ်။

Ref: VOA News

Read More...

ရန်ကုန်တိုင်း အောင်နိုင်ရေး ဦးအောင်သိန်းလင်း ကြိုးပမ်း

မင်းသက်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများကို တရွာဝင်တရွာထွက် ကိုယ်တိုင် လိုက်ပါ ဆောင်ရွက်နေကြောင်း ကြံ့ခိုင်ရေး ပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း က ပြောသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများကို တနင်္လာနေ့က သွားရောက် ခဲ့ပြီး ကော့မှူး မြို့နယ် ကိုလည်း အလေးထား စည်းရုံး နေရကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သည့် ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောသည်။

"သုံးခွမှာ ရွာပေါင်း ၁၀ ရွာကို သွားခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ လစ်လပ်နေရာ ၆ နေရာ ရှိတဲ့ အနက် ကော့မှူး မဲဆန္ဒနယ်ကိုတော့ အဓိက ထားပြီးတော့ မဲဆွယ်မှု ပြူလုပ်ပါတယ်။ အရေးကြီးတယ်လေ သိတယ်မလား၊ အဲဒီနယ်က ဘယ်လိုဆိုတာ” ဟု ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည်ကို ဦးအောင်သိန်းလင်းက ရည်ညွှန်း ပြောဆိုသွားသည်။

ထိုသို့ မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲပြီးပါက ၎င်းတို့ပါတီ အနေဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် ပေးမည်ဟု ပြောဆို စည်းရုံးခဲ့သည်ဟု ဆိုသည်။

“အဓိကကတော့ ဖွံ့ဖြိုးရေးတွေထဲမှာတော့ လမ်းခင်းတာ၊ လျှပ်စစ်မီး သွယ်တန်းပေးတာ၊ ရေရရှိရေး ဆောင်ရွက်တာ၊ ငွေချေးတာ၊ ကျောင်းဆောက်ပေးတာ၊ ဆေးကု ပေးတာတွေ ပါတယ်"ဟု ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရွေးကောက်ပွဲဥပဒေအရ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကတည်းက စတင်၍ ခေတ္တ ရပ်ဆိုင်းထားကြောင်း ဦးအောင်သိန်းလင်း က ပြောသည်။

ထိုသို့ရပ်ထားသည်ဟုဆိုသော်လည်း ရန်ကုန် အင်းစိန်လမ်းပေါ် သမိုင်းလမ်းဆုံရှိ ကြံ့ခိုင်ရေး ပါတီ၏ ဖြိုးစေတနာ ဆေးခန်း ကြီးတွင် ကော့မှူး၊ သုံးခွ၊ လှည်းကူး တို့မှ မျက်စိ ဝေဒနာရှင်များကို မျက်စိ အခမဲ့ စမ်းသပ်ခြင်း၊ ခွဲစိတ် ကုသပေးခြင်းတို့ ဆောင်ရွက်နေကြောင်း မျက်စိသွားရောက် ကုသခဲ့သူ တဦးက ပြောသည်။

"ကျမတို့ ကော့မှူးက မျက်စိရောဂါသမားတွေကို ကြံ့ခိုင်ရေးက လူတွေက လာပြောတယ်။ ဆေးကုပေးမယ်ပေါ့။ ဒါကြောင့် လာပြတာပါ။ ထပ်ချိန်း လိုက်တယ်။ မျက်စိတိမ် ခွဲမယ်တဲ့"ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောသည်။

အဆိုပါဆေးခန်းတွင် အပါတ်စဉ် သောကြောနေ့တွင် မျက်စိခွဲစိတ်ကုသပေးနေကြောင်း အဆိုပါ ဆေးခန်းက တာဝန်ကျ သူနာပြု ဆရာမတဦးက ပြောသည်။

"ကျမတို့ သောကြာနေ့ဆိုရင် ဆရာဝန် ၃ ယောက်က လူနာတွေကိုကြည့်ပြီး လိုအပ်သလို လုပ်တာပါ။ ခွဲရမယ့်သူကို ခွဲတာပေါ့။ တရက်မှာ လူနာအဟောင်း အသစ် ပေါင်းရင် ၂၀၀ ကျော်မယ်"ဟု ဆရာမ က ပြောသည်။

ဦးအောင်သိန်းလင်းသည် နေပြည်တော်တွင် ကျင်းပနေသော လွှတ်တော်မှ ခွင့်ယူကာ ရန်ကုန်တိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လာရောက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ တိုင်းရုံးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော့မှူးမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သည်လည်း မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် ကော့မှူးမြို့ရှိ ဝိဇ္ဇောကျောင်းတိုက် ရှေ့ကွင်းပြင်တွင် စည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

“မဲဝယ်တာဆိုတာလည်း တရားမ၀င်ပါဘူး။ တို့အဖွဲ့ကို မဲပေးရင် ဒါပေးမယ်၊ ဟိုဟာပေးမယ်ဆိုတာ ဒါလည်း တရား မ၀င်ဘူးဆိုတာ ကျမ သတိပေးပါရစေ။ နောက်ပြီး မက်လုံးပေးပြီး ဒါတွေဒါတွေ လုပ်ပေးမယ် ဆိုတဲ့သူတွေကို မယုံပါနဲ့” ဟု နေပြည်တော် မဲဆွယ် စည်းရုံးရေး ခရီးတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆို ခဲ့ဖူးသည်။

NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံများအဖြစ် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကို ပြည်သူ လူထုထံ တင်ပြ စည်းရုံးနေသည်။

မဲပေးနိုင်သူ ဦးရေ ၈၇,၀၀၀ ဦးရှိသည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေး ပါတီမှ ဒေါက်တာ စိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲ စောင့်ကြည့်ရန် နိုင်ငံတကာကို ဖိတ်ခေါ်

ခင်ဦးသာ
March 21, 2012

ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ရန် အမေရိကန်၊ ဥပရေပ သမဂ္ဂ (အီးယူ) နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (ASEAN) ကိုယ်စားလှယ်များအား မြန်မာ အစိုးရက ဖိတ်ကြား ထားကြောင်း သိရသည်။

ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ ပြောခွင့်ရသူ အန်ဒရီယန် နုဇ်မင်း(Adrienne Nutzman) က ထိုသို့ ပြောဆိုကြောင်း AP သတင်းက ရေးသားထားသည်။ အမေရိကန်နှင့် ဥရောပ အဖွဲ့အား ဖိတ်ခေါ် ထားသော်လည်း မည်သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင် မည်မျှပါဝင်မည် ဆိုသည်ကိုမူ သံရုံးပြောခွင့်ရသူမှ တိတိကျကျ ပြောဆိုမှု မရှိသေးကြောင်းလည်း AP သတင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တချို့ကို ခွင့်ပြုမည်ဟု သိရသော်လည်း မည်သည့်ပုံစံဖြင့် လာရောက်ခွင့်ပေးမည်ကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပေ။

တပြိုင်တည်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲ အကြို သွားရောက်ခဲ့သည့် ဘန်ကောက်အခြေစိုက် The Asian Network For Free Election (ANFREL) အဖွဲ့ခေါင်းဆောင် Ms.Somsri Hananuntasuk အား မြန်မာ အစိုးရ က ယမန်နေ့က ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

ANFREL အဖွဲ့ ခေါင်းဆောင် အမျိုးသမီးကို ရန်ကုန်မြို့မှ ထွက်ခွာပေးရန် လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) အရာရှိ တဦးက ယမန်နေ့ ညနေပိုင်းတွင် တည်းခိုရာ နေရာသို့ လာရောက်၍ ပြောဆိုခဲ့ကြောင်း ဘန်ကောက်မြို့ရှိ ANFREL ရုံး၏ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောသည်။

“ဒီနေ့ပဲ ရန်ကုန်က ထွက်ခွာပေးပါ၊ ဗီဇာ အသစ် ထပ်လျှောက်ထားပြီးတော့ ပြန်လာပါ ဆိုပြီးတော့ လ၀က အရာရှိ တဦးက လာပြောတယ်၊ ယဉ်ယဉ်ကျေးကျေးပါပဲ၊ ဘယ်လိုဗီဇာမျိုး လျှောက်ပါလို့တော့ မပြောဘူး”ဟု ၎င်း က ဆက်ပြောသည်။

ANFREL အဖွဲ့ဝင် တချို့သည် မြန်မာနိုင်ငံသို့ ခရီးသွား ဗီဇာဖြင့် ယခုရက်ပိုင်း အတွင်း ရောက်ရှိနေကြခြင်း ဖြစ်သည်။ ၎င်း အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တဆိုင်၌ ANFREL အဖွဲ့က နိုင်ငံတကာ ရွေးကောက်ပွဲများ၏ လွတ်လပ်မှု ရှိခြင်း၊ မရှိခြင်း၊ အခြေ အနေများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုပေးမှု အတိုင်းအတာများ၊ အတွေ့ အကြုံ စသည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ ရပ်များအား ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ခြင်းကို မြန်မာ အာဏာပိုင်များ သိရှိသွားပြီးနောက် နှင်ထုတ်ခံခဲ့ရကြောင်း အဖွဲ့ဝင် တဦး က ဆိုသည်။

ANFREL ကို ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာရှဒေသ လူထုအခြေပြု လူမှုအဖွဲ့များ၏ ပထမဦးဆုံး ဒေသဆိုင်ရာ ကွန်ရက် တခုလည်း ဖြစ်သည်။ ANFREL သည် အာရှဒေသအတွင်း နိုင်ငံ တနိုင်ငံချင်းစီနှင့် ဒေသအဆင့် ဒီမိုကရေစီ ဖြစ်ထွန်းမှုကို မြှင့် တင်၊ ထောက်ခံပံ့ပိုးပေးရန် အားထုတ်လုပ်ဆောင်သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေး အဖွဲ့များ လာရောက်ခွင့်ပေးရန် နိုင်ငံတကာမှ တောင်းဆို နေကြရာ ASEAN အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း မြန်မာ အစိုးရက ဖိတ်ခေါ်လိုက်ကြောင်း ASEAN အဖွဲ့က ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ASEAN အဖွဲ့ဝင်နိုင်ငံများမှ တနိုင်ငံလျှင် လွှတ်တော်ကိုယ်စားလှယ်၂ ဦးနှင့် ASEAN အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင် ၅ ဦးကို လာရောက်ရန် အစိုးရ က ဖိတ်ခေါ်ထားကြောင်း ASEAN အတွင်းရေးမှူးချုပ် ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင်လည်း ရန်ကုန်မြို့ရှိ နိုင်ငံတကာ သံရုံးများမှ သံတမန်များကို ဖိတ်ခေါ်ကာ ၎င်းတို့ စီစဉ်ထားသည့် မဲရုံများအား လေ့လာခွင့် ပေးခဲ့သော်လည်း သတင်း မီဒီယာများကိုမူ လွတ်လပ်စွာ ဓာတ်ပုံ ဗီဒီယိုရိုက် ကူးခွင့် မပေးခဲ့ပေ။

ရွေးကောက်ပွဲ ကော်မရှင် နှင့် အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင် ရေး ပါတီ) တို့ ပူးပေါင်း၍ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုးမှုများ တနိုင်ငံလုံး၌ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ ပြည်တွင်း၊ ပြည်ပ၏ ဝေဖန် မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သေးသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မဟုတ်ဘဲ လွတ်လပ်၍ တရားမျှရေး ဆောင်ရွက် နေသည်ဟု အစိုး၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် ဥက္ကဋ္ဌ ဦးတင်အေး က နိုင်ငံတကာ သံတမန်များနှင့် နိုင်ငံရေး ပါတီများကို ပြောဆိုထားသည်။

ကျင်းပရန် ၁၀ ရက်သာ လိုတော့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်နေကြသည့် အတိုက်အခံ နိုင်ငံရေး ပါတီများသည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကန့်သတ်မှု၊ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး မဲစာရင်း မှားယွင်းမှုများ၊ သက်မှတ် ရက် မတိုင်မီ ကြိုတင်မဲ ပေးခိုင်းမှု စသည့် ကိစ္စရပ်များလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲ ဆန္ဒနယ် ၄၈ နေရာ၌ ကျင်းပမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၊ ကြံ့ခိုင် ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည)၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ(SNDP)၊ လားဟူ တိုင်းရင်းသားများ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) စသည်ဖြင့် ပါတီ ၁၇ ပါတီက ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

Read More...

မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်

လင်းသန့်
March 21, 2012

ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကြောင့် နေရပ်မှ ထွက်ခွာပေးခဲ့ပြီး ပြန်လည် လာရောက် နေထိုင်သည့် ရွာသားများအား အာဏာပိုင် များက ပြန်လည် ထွက်ခွာသွားရန် ဖိအားပေး ပြောဆိုနေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာ အစိုးရ စစ်တပ်မှ ထရပ်ကား ၅ စီးနှင့် ဌာနဆိုင်ရာ ကားကြီးများသည် မြစ်ဆုံဒေသ တန်ဖဲ ကျေးရွာသို့ လွန်ခဲ့သည့် မတ် လ ၁၇ ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်လည် ဖယ်ရှားပေးရန် အမိန့်ဖြင့် ဖိအားပေးကြောင်းဖော်ပြထားသည်။

“သူတို့က ရွာသားတွေကို ၁၀ ရက်အတွင်း ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်။ နောက်ပြီး သူတို့က ဒီရွာမှာ နောက်ထပ် ဘယ်သူ့ကိုမှ မမြင်ချင်ဘူးလို့ ရွာသားတွေကို ပြောခဲ့တယ်”ဟု KDNG မှ ပြောခွင့်ရ ဆာဂျီက ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီ၏ ဒေါ်လာ ဘီလျံပေါင်းများစွာ ငွေကြေးရင်းနှီးမြုပ်နှံတည်ဆောက်ခဲ့သည့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း အတွက် စီမံကိန်း နယ်မြေရှိ ရွာပေါင်း ၆၇ ရွာကို ယမန်နှစ်က အဓမ္မ ဖယ်ရှားခဲ့သည်။

အဆိုပါ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်စေပြီး ဧရာဝတီမြစ်ကြီး ပျက်သုဉ်းမည့်အရေး စိုးရိမ်မှု၊ ကန့်ကွက် မှုများ မြင့်တက် လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်ဘာလက စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဖယ်ရှားခံရသော ကျေးရွာသားများက မူရင်းနေရပ်သို့ ပြန်လည်ဝင်ရောက်အခြေချ နေထိုင်ကြခြင်း ဖြစ်သည်။ ထို့နောက် မတ်လ ၁၄ ရက်နေ့ကလည်း ၄င်းတို့၏ နေအိမ်များ ဖျက်ဆီး ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကချင် ပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစောင်ကိုလည်း တင်ပြခဲ့သည်။

ယခုကဲ့သို့ အာဏာပိုင်များက ပြန်လည်မောင်းထုတ်မှုများသည် CPI ကုမ္ပဏီက မြန်မာအစိုးရကို မြစ်ဆုံ ဆည်စီမံကိန်း ပြန်လည် သဘောတူ စတင်ရန် ဖိအားပေးမှုနှင့်လည်း တိုက်ဆိုင်နေသည်။

မကြာသေးခင်ကလည်း တရုတ်ကုမ္ပဏီ ဖြစ်သည့် CPI နှင့် ဖက်စပ် လုပ်ကိုင်သည့် ယခင်က ဘိန်းဘုရင် လော်စစ်ဟန် ၏ သားဖြစ်သူ ဦးထွန်းမြင့်အောင် ခေါ် စတီဗင် လော ပိုင်ဆိုင်သည့် အေးရှားဝါးလ်ဒ် ကုမ္ပဏီတို့သည် တန်ဖဲကျေးရွာ သို့ ရောက်ရှိလာကြပြီး ကက်သလစ် ခရစ်ယန် ဘုရားကျောင်းကို နေရာသစ်သို့ ပြောင်းရွှေ့ပေးရန် တရားဟောဆရာ ကို တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ ဘုရားကျောင်းသည် သတင်း အချက်အလက်များ၏ ဆုံမှတ်ဖြစ်၍ ပြောင်းရွှေ့ပေးရန် မေတ္တာ ရပ်ခံခြင်းဖြစ်နိုင်ကြောင်း ဆာဂျီက ဆိုသည်။

၂၀၀၉ ခုနှစ်ကတည်းက တန်ဖဲရွာသား ၁၀၇၅ ဦးသည် နေရပ်ဖယ်ရှားပေးရန် ဖိအားပေးမှုများကို ကြံ့ကြံ့ခံကြောင်း၊ အေးရှားဝါးလ်၏ လုပ်ငန်းခွင် စီမံကိန်း နယ်မြေတွင် ပါဝင်သွားသောကြောင့် ၄င်းတို့၏ အဆောက်အဦး များနှင့် ပြည့် နေပြီး ယခုအခါ ၄င်းတို့၏ နေအိမ်မှာမှလည်း ဆက်လက်၍ နေထိုင်မရတော့ကြောင်း၊ ထို့အပြင် အထက်တန်းကျောင်း ရှေ့တွင်လည်း “အစိုးရမြေ၊ ထွက်သွား”ဟု ဆိုင်းဘုတ်ထောင်ကာ သတိပေး စာတန်း ရေးထားကြောင်းသိရသည်။

တန်ဖဲရွာသို့ မတ်လ ၁၇ ရက်နေ့က အာဏာပိုင်များ ရောက်လာပြီးနောက်ပိုင်း မြစ်ဆုံဆည်စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ တရုတ် လုပ်သမားများ၏ စခန်းများနှင့် လှုပ်ရှားမှုများ ပိုမိုတွေ့လာရကြောင်း ဒေသခံများအကြားပြောဆို နေကြသည်။

ထို့အပြင် ဆည်စီမံကိန်း နယ်မြေတွင်လည်း ကင်းလှည့်နေသည့် မော်တော်ယာဉ်များကို မြင်တွေ့ရ ကြောင်း ဒေသခံ များက သတင်း ပို့ထားသည်ဟု ကချင်ကွန်ယက်က ဆိုသည်။

လိုင်ဇာ အခြေဆိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း တရုတ်-မြန်မာနယ်စပ် မြို့တမြို့တွင်လည်း ဆောက်လုပ်ရေး ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်နိုင်ငံမှ ထရပ်ကား အစီး ၄၀၀ခန့်ရောက် ရှိလာကြောင်း ဧရာဝတီကို ပြောဆိုသည်။

အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် ထရပ်ကားများသည် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ မြန်မာ နိုင်ငံတွင်း သို့ ၀င်ရောက်ရန် ပြင်ဆင်နေပြီး ဆောက်လုပ်ရေး ပစ္စည်းများသည် မြစ်ဆုံ ဆည်စီမံကိန်း အတွက် အသုံးပြုမည်၊ မပြု မည်ကို သဲကွဲစွာ မသိရကြောင်း ကချင် သတင်းရပ်ကွက်က ဆိုသည်။

မကြာသေးမီက တရုတ်အစိုးရက မြန်မာအစိုးရထံ ၄င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်ထားသည့် စီမံကိန်းများ အတွက် အာမခံရန် ပြောဆိုမှု သတင်းများ ပေါ်ထွက် လာပြီးနောက်ပိုင်း ယခုကဲ့သို့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ပြန် လည် စတင်မည့် လက္ခဏာများ ပေါ်ထွက် လာခြင်းဖြစ်သည်။

Ref: ဧရာဝတီ

Read More...

အစိုးရနှင့် တပ်မတော် အပေါ် SSA သံသယရှိ

ကျော်ခ
March 21, 2012

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) တို့အကြား အပစ်ခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှု ရထားသော်လည်း အစိုးရတပ်က တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် အစိုးရနှင့် တပ်မတော် အပေါ် သံသယ ဝင်နေကြောင်း SSA–S ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

“ကျနော်တို့ နှစ်မျိုးမြင်တယ်။ တမင်သက်သက်ကို ငြိမ်းချမ်ရေးဆွေးနွေးရေးအဖွဲ့က အစိုးရက ဒီလိုမျိုးလုပ်မယ် တပ်က ဒီလိုမျိုး ထပ်လုပ်ပါ ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ ညှိပြီးတော့ လုပ်တာလားလို့ အဲလိုတမျိုးမြင်တယ်။ နောက်တမျိုး ကတော့ အစိုးရက ဒီတပ်ကို ထိန်းလို့ မရဘူးလား။ ပြောလို့ မရဘူးလား၊ ညွှန်ကြားလို့ မရဘူးလား ဆိုပြီးတော့ သံသယ ရှိတာပေါ့ဗျာ”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဧရာဝတီ ကို ပြောပြသည်။

ယခုလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ လမ်ဖာ့ တောင်းကုန်းပေါ်တွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော SSA–S တပ်ရင်း ၁၀၈ ကို မိုင်းဖြတ် အခြေစိုက် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံ (ခမရ) ၅၇၃ တပ်ရင်းက ဝင်ရောက် တိုက်ခိုက်ကာ တောင်ကုန်းကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များက မိနစ် ၄၀ ကျော်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အစိုးရဘက်မှ ၁ ဦးကျဆုံး၊ ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ SSA–S ဘက်က ထိခိုက်ဒဏ်ရာ မရရှိသော်လည်း လူအင်အား၊ လက်နက် အင်အားအရ ဆုတ်ခွာ ပေးလိုက်ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီး မြို့တွင် လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။

သဘောတူညီချက်များထဲတွင် SSA-S ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဘက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေး ရုံးများ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေး လုပ်ငန်းများ ဖွင့်လှစ် လုပ်ဆောင်နိုင်ရေးတို့ ပါဝင်ပြီး ၎င်းအချက်များ အားလုံးကို မူ အားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ နယ်မြေသတ်မှတ်ရေး ဆွေးနွေးရာတွင် သဘောတူညီချက် လွယ်ကူစွာ မရရှိဘဲ အချိန် ကြန့်ကြာမှု ဖြစ်ခဲ့သေးသည်။

ထိုသို့သဘောတူညီမှုများပြုလုပ်ခဲ့ကြပြီး တလကျော်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ် အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း SSA တပ်ရင်း တပ်ဖွဲ့များကို အစိုးရ တပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်းရာမှ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

အစိုးရတပ်များက မနေစေလိုသော အဆိုပါနေရာများမှာ တရုတ်၊ လာအိုနှင့် ထိုင်းနယ်စပ်ဒေသများနှင့် နီးကပ်လျက် ရှိပြီး မိုင်းလား တပ်ဖွဲ့များနှင့်လည်း နီးကပ် ဆက်နွယ် နေသဖြင့် နယ်မြေ စိုးမိုးရေးအရ SSA-S တပ်ဖွဲ့ဝင်များကို ရှင်းလင်းလိုသည်ဟု ယူဆမိကြောင်း သူကဆက်ပြောသည်။

“နယ်ခြားဒေသတွေနဲ့နီးတော့ စစ်ရေးအရ မနေစေချင်တဲ့သဘောပဲလို့ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုသည်။

နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်းကို ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်းကို လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် SSA-S က စာရေးသား ပေးပို့ခဲ့ပြီး ၁၀ ရက် အကြာ တွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ အမှတ် ၂ လျှပ်စစ် စွမ်းအား ဒု ၀န်ကြီး ဦးခင်မောင်စိုးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် တိုက်ပွဲများ ထပ်မဖြစ်စေရန် အစိုးရတပ်များကို သွားရောက် ညှိနှိုင်းပေးမည်ဟု ကတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း SSA-S တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေများအတွင်း အစိုးရတပ်များသည် နယ်မြေစိုးမိုးရေးအရ လက်နက်နှင့် လူအင်အား၊ ရိက္ခာများ တိုးမြှင့် လာခြင်းများကြောင့် ခုခံစစ်ဖြင့် ပြန်လည် တိုက်ခိုက်နေရင်းမှ တိုက်ပွဲများက ဆက်ဖြစ်နေခဲ့သည်ဟု SSA-S ဘက်က ပြောဆိုသည်။

SSA–S အနေဖြင့်မူ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်လိုဘဲ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဆွေးနွေး ဖြေရှင်းလိုကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များနှင့် မတ်လကုန်ပိုင်းတွင် ထပ်မံ ဆွေးနွေးသွားဦးမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

မော်ထိုင်း တပ်မတော် MTA ခေါင်းဆောင် ဦးခွန်ဆာ စစ်အစိုးရထံ လက်နက်ချသွားသည့်နောက်ပိုင်း ဗိုလ်မှူးကြီး ရွက်ဆစ်က SSA-S ကို မော်ထိုင်း အဖွဲ့ဝင်ဟောင်းတချို့နှင့် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

Wednesday, March 21, 2012

ပြည်သူတွေနဲ့ ကျွန်မ အကြား ..

ဒေါ်အောင်ဆန်းစုကြည်

စောင့်ကြိုနေတဲ့ ပြည်သူတွေရဲ့ မျက်နှာပေး တစ်မျိုးကတော့ အာရုံစူးစိုက်ပြီး ဘယ်ကားမှာများ ကျွန်မ ပါလာလိမ့်မလဲလို့ အကြည့်ပါပဲ။ ခရီးရှည်တဲ့ အခါ တစ်ချိန်လုံး အမိုးဖွင့်ပြီး နေလို့က မလွယ်ပါဘူး။ ဒီတော့ ထိုင်ပြီး ပြတင်းပေါက်ကပဲ နှုတ်ဆက်ရင် အဆင်ပြေမဲ့ နေရာတွေမှာ ထိုင်နေတော့ ကျွန်မ ဘယ်ကားမှာ ပါသွားမှန်း မသိလို့ စိုက်ငေးနေရင်း လွတ်သွား သူတွေလဲ ရှိပါတယ်။

အဲဒီလိုဖြစ်ရင် ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်တုန်းက စောင့်နေမှန်းလဲ မသိ စောင့်ရကျိုး မနပ် ဖြစ်သွား လေရဲ့လို့ အားနာမိတယ်။ အချို့နေရာတွေမှာ သတိပြုမိတာက မျက်လုံး မကောင်းသူတွေ၊ မစွမ်း မသန်သူတွေ တန်းစီတဲ့ အခါ လာလမ်းဘက် အကျဆုံး နေရာတွေမှာ နေကြတယ်။ ပိုပြီး လွယ်လွယ်မြင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်မှာပါ။

ဒါပေမဲ့ ကားက တစ်ခါတစ်လေ ချက်ချင်း အရှိန်မသတ် နိုင်တော့ အဲဒီလို ပုဂိုလ်တွေကို လွန်သွားပြီးမှ ရပ်နိုင်တယ်။ ပြန်ဆုပ်လို့ကလည်း မရ။ အခြား စောင့်နေသူတွေ ကလည်း ၀ိုင်းလာတော့ ကိုယ်အင်္ဂါ အားနည်းသူတွေဟာ နှုပ်ဆက်တဲ့ အထဲ ၀င်မတိုးနိုင် ဖြစ်ရပါတော့တယ်။

ကျွန်မတို့ သုံးခွအသွား သာကေတအနား ဖြတ်သွားတဲ့ အခါက စောင့်နေသူတွေရဲ့ အစွန်မှာ ချိုင်းထောက်နဲ့ အမျိုးသား တစ်ယောက်ကို ကျော်သွားပြီးမှ ကားအရှိန် သတ်သွားတော့ ပြတင်းပေါက်နား ရောက်လာတဲ့ လူငယ် တစ်ယောက်ကို ကျွန်မက ပြန်ပြေးခိုင်းပြီး ချိုင်းထောက်နဲ့ လူကို ကျွန်မ နှုတ်ဆက်လိုက်ကြောင်း ပြောပေးပါ ဆိုတော့ လူငယ်ကလည်း ပြန်ပြေး သွားပါတယ်။

ကျွန်မတို့လဲ ရှေ့ဆက်ထွက်ရလို့ ပါးလိုက်တဲ့စကား ရောက်သွား မရောက်သွား မသိလိုက်ရ ပါဘူး။ ခရီးစဉ် တစ်ခုမှာတော့ ချိုင်းထောက်ကို လက်တစ်ဖက်နဲ့ မြှောက်ပြီး ခြေတစ်ဖက်နဲ့ ခုန်လို့ တက်တက်ကြွကြွ နှုတ်ဆက် ကြိုဆိုတဲ့ အမျိုးသားကြောင့် အားတွေ ပြည့်ခဲ့ရပါတယ်။

ဒီလိုနေရာအတော်များမှာ မသန်းစွမ်းသူတွေနဲ့ မနှုတ်ဆက် ဖြစ်လိုက်တာကို ၀မ်းနည်းစွာနဲ့ ဒီဆောင်းပါး ကပဲ တောင်းပန် ပါရစေ။ လူစုလေးတွေ ခပ်ကျဲကျဲ စောင့်နေတဲ့ မြို့ပြင်လမ်းတွေမှာ ခရီးချိန် ဇယားနဲ့ ကိုက်အောင် တက်နိုင်သလောက် ကြိုးစားရလို့ ကားအရှိန် မသတ်နိုင်ဘဲ ပြတင်းပေါက် ကသာ လက်ပြ သွားရပါတယ်။ စောင့်နေတဲ့သူတွေ တွေ့လိုက်တဲ့ အခါရှိသလို မတွေ့လိုက်တဲ့ အခါလည်း ရှိပါတယ်။

မန္တလေး-စစ်ကိုင်းသွားလမ်းမှာ လူတစ်ရပ်လောက်တောင် မရှိတဲ့ လူသား နေအိမ်လို့တောင် ခေါ်ဖို့ရာ ခက်တဲ့ အင်မတန် စုတ်ပြတ်နေတဲ့ တဲယဲ့ယဲ့လေး တစ်ခုမှာ တန်းစီပြီး လက်ဝှေ့ယမ်း စောင့်နှုတ်ဆက် နေတဲ့ မိသားစုလေး။ ကျွန်မက အသားကုန် လက်ပြပေမဲ့ မမြင်လိုက်ကြ။ မျက်နှာတွေ ပေါ်မှာက မျှော်လင့်ချက် အပြုံးလေးတွေနဲ့ ကျန်ခဲ့တယ်။ ဒါတွေကို ၀မ်းနည်းနေမဲ့ အစား ဒီလို မိသားစုလေးတွေ ဆင်းရဲ နွမ်းပါးခြင်းမှ လွတ်ကင်းဖို့သာ ကြိုးစားရမှာပဲလို့ ကျွန်မကိုယ် ကျွန်မ ဖြေသိမ့် ရပါတယ်။

ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပြီး ရပ်နှုတ်ဆက်နေသူများက ဘီးဆင် ကုလားထိုင်များ ပေါ်က မသန်စွမ်း ပုဂ္ဂိုလ်တွေ၊ ဘေးကဖေးမ ပေးထားရ သူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ယခု ကျွန်မ ကိုယ်တိုင်က ၆၇ နှစ် နီးပြီဆိုတော့ ကျွန်မကို သမီးလို့ခေါ်ပြီး ဆုပေးနိုင်တဲ့ သူတွေကလည်း နည်းလာပြီလေ။ ဒါကြောင့် ဒီလို မိဘ အရွယ်တွေနဲ့ တွေရတဲ့အခါ အထူး ကြည်နူး မိပါတယ်။

မိဘတွေအကြောင်းပြောရင်း ကြုံလို့ ကျွန်မ သုံးနေကျ စကားလေး အကြောင်း ရှင်းပြ ချင်ပါတယ်။ တစ်ခါက ကျွန်မကို တပ်မတော် အရာရှိ တစ်ဦးက မိန့်ခွန်းတွေ ပြောတဲ့အခါ ဖေဖေလို့ ပြောမဲ့အစား တပ်မတော်သားတွေ အကြား ထင်ထင်ရှားရှား ဖြစ်သွားအောင် "ဗိုလ်ချုပ်အောင်ဆန်း" လို့ သုံးနှုန်းပါတဲ့။ အကြံပေးတဲ့ သူရဲ့ စေတနာကို နားလည်ပေမဲ့ ကျွန်မ မလိုက်လျှော ဖြစ်နေရပါတယ်။ "ဖေဖေ" ဆိုတာက ကျွန်မအတွက် မေတ္တာတွေ၊ နွေးထွေးမှုတွေ အပြည့်နဲ့ ငယ်ငယ်လေး ကတည်းက ကျွန်မ ဘ၀ကနေ ပျောက်ကွယ် သွားခဲ့ပေမဲ့ မကွဲမကွာ အနားမှာ ရှိနေသေးသကဲ့သို့ ဖန်တီးပေးတဲ့ အသုံး အနှုန်းပါပဲ။ ဒါကြောင့် ကိုယ်တိုင် အဘွားအရွယ် ရောက်နေတာတောင် " ဖေဖေ " လို့ပဲ သုံးနှုန်းတာကို မျက်လုံးချင်း ဆုံရုံနဲ့ စကား ဖလှယ်နိုင်တဲ့ ပြည်သူတွေ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ( တစ်သက်လုံးမှာ သုံး၊ လေးခါမျှ " ကျွန်မဖခင် ဗိုလ်ချုပ်အောင်ဆန်း " လို့ ပြောခဲ့ရတဲ့ အချိန်အခါ တစ်ခုကတော့ ရုပ်မြင် သံကြားမှာ လွှင့်မဲ့ မိန့်ခွန်း ဖြစ်ပါတယ်။ )

ပြည်သူတွေနဲ့ ပြောခဲ့တဲ့စကားတွေက ဆက်ရန်ရှိပါသေးတယ်။

အောင်ဆန်းစုကြည်။

ဒီလှိုင်းဂျာနယ် အတွဲ ၁ ။ အမှတ် ၉။

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်၊ NLDပါတီဝင် ဗိုလ်ကြီးဟောင်း ဦးကိုကိုအောင်၏ အတွေ့ အကြုံနှင့် နိုင်ငံရေး အမြင် သဘောထား

ရော်နီညိမ်း
စနေ, 17 မတ် 2012

တပ်မှူးတပ်သား ပြောစကား (၁၀၄)

၁၉၈၈ သြဂုတ်လ(၂၆)ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ဟောပြောခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လူထု အစည်းအဝေးပွဲကြီး နောက်ပိုင်း၊ ပြီးခဲ့တဲ့ မတ်လ(၃) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထု အစည်းအဝေးကြီးဟာ၊ မြန်မာနိုင်ငံမှာ ၁၉၈၈နောက်ပိုင်း အကြီးမားဆုံးသော နိုင်ငံရေးစည်း ရုံးဟောပြောပွဲကြီး ဖြစ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေး ခရီးစဉ်အတွင်း၊ လုံခြုံရေးတာဝန် ကျသူ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်က NLD ပါတီဝင် ဗိုလ်ကြီးဟောင်း ဦးကိုကိုအောင်ရဲ့ အတွေ့အကြုံနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး ရှုမြင် သုံးသပ်ချက်တွေကို၊ ဦးရော်နီညိမ်းက မေမြန်း ဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍ မှာ၊ တင်ဆက်ထားပါတယ်။

ဦးကိုကိုအောင် ။ ။ ကျနော် ၁၉၈၇-၈၈ စာသင်နှစ်မှာ ဆယ်တန်းအောင်ပါတယ်။ ကျနော့်ဇာတိက ရခိုင်ပြည်နယ်၊ မာန်အောင် မြို့ကပါ။ ဆယ်တန်းအောင်ပြီးတော့ ကျနော်က ဘွဲ့ရ ပညာတတ် ဖြစ်ချင်တဲ့အခါ ကျတော့၊ ရန်ကုန်မြို့ကို ကျနော် ရောက်လာပါတယ်။ ကျနော့် ဦးလေးက တပ်မတော်ထဲမှာ ရှိပါတယ်။ ဦးလေးက ကျနော့်ကို ပြောပါတယ်။ အခု လောလောဆယ် စစ်တက္ကသိုလ်ပဲ ရှိတယ်။ တခြား ဘယ်တက္က သိုလ်မှ မဖွင့်ဘူး ဆိုတော့၊ စစ်တက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွေကို ကျနော် ၀င်ရောက် ဖြေဆိုပါတယ်။ (၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အချိန်ကစပြီး ၁၉၉၁ အထိ၊ မြန်မာနိုင်ငံ တ၀ှမ်းမှ တက္ကသိုလ်နှင့် ကောလိပ်များ အားလုံးကို၊ ၁၉၈၈ စက်တင်ဘာ(၁၈) ရက် အာဏာသိမ်း စစ်အစိုးရ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကော်မီတီ” က ပိတ်ထားခဲ့သည်) ၁၉၉၀မှာ၊ စစ်တက္ကသိုလ် ဗိုလ် လောင်းသင်တန်း အမှတ်စဉ်(၃၅)ကို တက်ရောက်ဖို့၊ ကျနော် အရွေးခံခဲ့ရပါတယ်။ ၁၉၉၄ ဧပြီလမှာ၊ ကျနော်ဟာ ပြန်တမ်းဝင် အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။ ကျနော် နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်က တော့၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်က အမှတ်(၄) ခြေလျင်တပ်ရင်း (ခလရ - ၄) ပါ။ အရင်တုန်းက No. (4) Gurkha Rifle ဂေါ်ရခါး သေနတ်ကိုင် တပ်ရင်း (၄) ပါ။ အခု (ခလရ - ၄) က၊ (စစ်ကိုင်း အခြေ စိုက်) ခြေမြန်တပ်မ (၃၃) ရဲ့ လက်အောက်ခံပါ။ ၂၀၀၆ ခုနှစ်မှာ၊ (ခလရ - ၄) ကနေပဲ တပ်မတော်ကနေ ကျနော် နှုတ်ထွက်ခဲ့ပြီး တော့၊ အခုတော့ ကျနော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါတီဝင် အဖြစ် တာဝန် ထမ်းဆောင်နေပါတယ် ခင်ဗျာ။ ကျနော့်ရဲ့ BC No. (Burma Commission Number) ပြန်တမ်းဝင် အရာရှိ ကိုယ်ပိုင်နံပါတ်က( ကြည်း - ၂၅၁၄၀) ပါ။

ဦးရော်နီညိမ်း ။ ။ အခု ဦးကိုကိုအောင်ဟာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီဝင် အနေနဲ့ကော၊ တပ်မတော် အရာရှိဟောင်း တစ်ယောက် အနေနဲ့ကော၊ ပြီးခဲ့တဲ့ မတ်လ(၄) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ် မတိုင်မီနဲ့ ဒီခရီးစဉ် အတွင်းမှာ၊ တခါ ခရီးစဉ် အပြီးမှာ၊ ကိုယ့်မြို့နယ်က ပါတီ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှု အောက်မှာ၊ ဘာတွေ လုပ်ခဲ့ရပါသလဲ၊ ဘယ်လိုတွေ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသလဲ။

ဦးကိုကိုအောင် ။ ။ ကျနော်က တပ်မတော်က ထွက်လာသူဆိုတော့၊ လုံခြုံရေးအတွက် အဓိက ထားပြီး ခိုင်းပါတယ်။ ကျနော် ကလည်း လုံခြုံရေးကိုပဲ အဓိကထားပြီး လုပ်ဆောင် ခဲ့ပါတယ်။ နောက် ကိုယ်တတ်နိုင် သမျှ ကူညီလုပ်ဆောင် ပေးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်နဲ့ ပတ်သက်တဲ့ NLD ရဲ့ လက်ကမ်း စာစောင်တွေ လိုက်ပြီး ဖြန့်ဝေပေးတာ၊ သံချပ် သီချင်းတိုက်တာ၊ နောက် အလှပြယာဉ်နဲ့ တမြို့လုံး ကို လှည့်လည် လှုံ့ဆော်တဲ့ ဟာမျိုးတွေမှာ၊ ပါဝင် လုပ်ဆောင်ခဲ့ပါတယ်။ နောက် ကျနော်တို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ရောက်လာတဲ့ အခါမှာလည်း၊ ကျနော်တို့က လုံခြုံရေး ဆိုပေမယ့်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ ပြည်သူလူထုတွေရဲ့အင်အားက များလွန်း အားကြီးလို့၊ လူထုတွေ ခိုက်ရန် မဖြစ်ပွားရအောင် ကျနော်တို့က လုပ်ကြရပါတယ်။ ဒါပေမယ့် လည်း ပြည်သူလူထုတွေ အချင်းချင်း မေတ္တာဓါတ်တွေ ကိန်းအောင်း နေကြတာကြောင့်၊ လူထုကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ် ကာလမှာလည်း ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပေးမှာကို မေးကြမြန်းကြတာ သွားရေးလာရေး အကူအညီ တောင်းကြ တာတွေကိုလည်း အလျဉ်းသင့်သလို ကျနော်တို့ ဆောင်ရွက်ခဲ့ကြပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒေါ်အောင်ဆန်းစုကြည် မရောက်ရှိခင်နဲ့ ရောက်ရှိလာတဲ့ အချိန်မှာ၊ မန္တလေးက ပြည် သူလူထုတွေရဲ့ atmosphere (ပတ်ဝန်းကျင် သွင်ပြင် အနေအထား) နဲ့ စိတ်ခံစားမှုတွေက ဘယ်လိုဖြစ်နေကြပါ သလဲ ခင်ဗျ။ မန္တလေးက ဦးကိုကိုအောင်ရဲ့အတွေ့အကြုံကို ကျနော်သိချင်ပါတယ် ခင်ဗျ။

ဦးကိုကိုအောင် ။ ။ မန္တလေးက ပြည်သူလူထုကြီးက အမေစုရောက်လာမယ့် ခရီးစဉ်နဲ့ အမေစု ဟောပြော မယ့်စကား တွေကို သိပ်ကို စိတ်ဝင်စား နေကြပါတယ် ခင်ဗျ။ ဒီအကြောင်းတွေကိုပဲ အချင်းချင်းတွေ ဖုံးတွေ နဲ့ပြောကြဆိုကြ၊ အိမ်နီးချင်းတွေ လူချင်းတွေ့ပြီး ပြောကြ ဆိုကြနဲ့ပေါ့ ခင်ဗျာ။ ပြည်သူလူထုတွေက အမေစု အကြောင်းနဲ့ ဒီအကြောင်းတွေပဲ ပြောကြဆိုကြ ဖြစ်နေကြပါတယ်။ ကျနော်တို့ကလည်း အမေစုရဲ့ မန္တလေး ခရီးစဉ်နဲ့ ပတ်သက်တဲ့ NLD ရဲ့ လက်ကမ်း စာစောင်တွေ လိုက်ပြီး ပေးတာတို့၊ NLD မန္တလေးတိုင်းစည်းရုံးရေး ကော်မီတီက စီစဉ်တဲ့ အလှပြယာဉ်ကြီးနဲ့ တမြို့လုံးကို လှည့်လည်ပြီး လှုံ့ဆော်ကြပါတယ်။ ပြည်သူ လူထုတွေကလည်း လက်ခုပ် လက်ဝါးတွေတီးပြီး အားပေးကြပါတယ်။ ထောက်ခံကြ ကြိုဆိုကြတာတွေက တကယ့်ကို အံ့သြစရာပါပဲ။ ပြည်သူလူထုတွေက အရမ်းကို ပျော်နေကြပါတယ်။ အမေစု ရောက်လာတော့ ကြိုဆိုကြတဲ့ လူအုပ် လူတန်းကြီးက (တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဟောပြောမယ့် အောင်ပင်လယ်ကွင်း အထိ) ၀က်ဝက်ကွဲကို ကြိုဆိုကြတာ ခင်ဗျ။ တော်တော်ကို ပျော်ဖို့လည်း ကောင်း တယ်။ ပြည်သူလူထုတွေရဲ့စိတ်တွေထဲမှာ အမေစုကို ချစ်တဲ့စိတ် မေတ္တာထားတဲ့စိတ် ယုံကြည်တဲ့စိတ် အဲဒီ လိုစိတ် တွေ နဲ့ အမေစုရောက်လာရင် ငါတို့တတွေ အမေစု ၀မ်းပန်းတသာ ဖြစ်အောင် ဘယ်လို လုပ်လိုက်ကြ မယ်ဆိုတဲ့ စိတ် တွေနဲ့ ဖြစ်နေကြပါတယ်။ အမေစု မြိတ်ထားဝယ်ဘက် ကိုသွားတဲ့ ဓါတ်ပုံတွေနဲ့ ကျနော်တို့ လှုံ့ဆော်မှုတွေ လုပ်ကိုင် ထားကြတော့၊ ပြည်သူလူထုတွေက အမေစုကို ထောက်ခံကြိုဆိုတာ၊ ငါတို့ မန္တလေးက ဒီ့ထက်သာစေရ မယ် စိတ်ထားမျိုးတွေ သူတို့ ရင်တွေထဲမှာ ရှိနေကြပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီလိုမျိုးတွေ ပြည်သူလူထုတွေရဲ့စိတ်ဓါတ်တွေထဲမှာ ကိန်းအောင်း နေကြရတဲ့ ရည်ရွယ်ချက်က၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးတော့ တတိုင်းပြည်လုံးကို ကောင်းအောင် လုပ်ပေးမယ့်သူလို့ သူတို့တွေရဲ့ စိတ်တွေထဲမှာ ဖြစ်ပေါ်နေကြတဲ့ သဏ္ဍာန်တွေနဲ့ ဒီလိုမျိုး ပျော်ရွှင်နေကြပြီး ဒီလိုမျိုး ကြိုဆို ထောက်ခံချင်စိတ်တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်း အရင်းခံတွေက၊ တိုင်းပြည်အရေးနဲ့ ပတ်သက်ပြီး ပြည်သူ လူထုတွေရဲ့စိတ်တွေထဲ ဘယ်လိုဖြစ်နေကြလို့ လဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ထိ ယုံကြည် အားထား မျှော်လင့် နေကြလို့လဲ၊ ဆိုတာတွေကို ဦးကိုကိုအောင် ကိုယ်တိုင်က ဘယ်လိုတွေ့မြင် ခံစားသိရှိ နေရပါသလဲ၊ ကျနော့်ကို နည်းနည်း ပြောပြပေးပါ။

ဦးကိုကိုအောင် ။ ။ ကျနော် တစ်ချက်နှစ်ချက်လေး ပြောပြပါမယ်။ နံပါတ်တစ်အချက်ကတော့ အမေစု အပေါ်မှာ ပြည်သူ လူထုတွေ အားလုံးက ယုံကြည်ကြတယ်၊ လေးစားကြတယ်၊ မေတ္တာထားကြတယ် ဆိုတာ ပါ။ နောက် အမေစု ရဲ့ နှစ်ပေါင်း(၂၀)ကျော် ကာလ လုပ်ဆောင်လာတဲ့ နိုင်ငံရေးမှာ သူ့ရဲ့ ဇွဲလုံ့လ ၀ိရိယသတ္တိ ပညာတွေ၊ နောက် သည်းခံ တာတွေ စိတ်ရှည်တာတွေ၊ တခါ အမေစုက တိုင်းပြည် အတွက် သူ့ရဲ့ ရည်မှန်း ချက်ကို တိမ်းပါး ချွတ်ချော်မသွားရ အောင်နဲ့ ဒီရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ အခုအချိန်အထိ ကြိုး စားနေတယ်။ နောက်ပြီးတော့ ပြည်သူလူ ထုတွေက ကျနော်တို့နိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီးရဲ့ သမီးဟာ သူ့ရဲ့ ဘ၀နဲ့ လဲပြီးတော့ စတေးပြီးတော့၊ လုပ် ဆောင်မယ့်သူလို့ ယုံကြည်ကြတယ်။ အခုလည်း အမေစုက အဲဒီလို လုပ်လည်း လုပ်ဆောင်နေတယ် ဆိုတာကိုလည်း ယုံကြည် လက်ခံထားကြတယ်။ နောက် တစ်ခုက ကျနော်တို့ နိုင်ငံကို အမှန်တကယ် ဒီမိုကရေစီ နိုင်ငံဖြစ်အောင် လုပ် ဆောင်ပေးမယ့် ခေါင်းဆောင်ကို အရမ်း မျှော်လင့်နေကြတော့၊ အမေစုက သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်နေတယ်။ နောက်ဆုံးတစ်ချက် ကျနော် ပြောချင်တာကတော့၊ အခု နိုင်ငံကို လက်ရှိ အုပ်ချုပ်နေသူတွေ အပေါ်မှာ ပြည်သူလူထု တွေက ကြည်ဖြူကျေနပ်မှု မရှိကြဘူး ဆိုတာကို၊ ပြသလိုက်တာပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဦးကိုကိုအောင်က ၂၀၀၆ခုနှစ်က တပ်မတော်က ထွက်လာပြီးချိန်မှာ၊ ကိုယ်တိုင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်တဲ့ အချိန်မှာ၊ ဒါတွေကို ကိုယ်ကိုယ်တိုင် တွေ့မြင် ခံစား သိရှိလာရတယ်။ တပ်ထဲမှာ နေတုန်းက တပ်မတော်ထဲက ဦးကိုကိုအောင်ရဲ့အတွေ့အကြုံအရ၊ စစ်ခေါင်းဆောင်တွေက အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ ပတ်သက်ပြီး၊ ပြောဆို သွန်သင်ထားတာတွေက ဘယ်လိုရှိလဲ ခင်ဗျ။ ဒီအချိန်မှာတော့ ကျနော်တို့ကို ပြောပြလို့ ရနိုင်ရင်၊ ပြောပြပေးပါ ခင်ဗျ။

ဦးကိုကိုအောင် ။ ။ ကျနော်တို့က ၁၉၈၈ အရေးအခင်းပြီးမှ တပ်မတော်ထဲကို ရောက်လာကြတဲ့ သူတွေပါ။ ၁၉၈၈ အရေးအခင်းနဲ့ အတူ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းတွေမှာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တိုင်းပြည် အတွက် လုပ်ဆောင်ချက်တွေဟာ၊ တပ်မတော် အပေါ် မှာ တော်တော်ကို လွှမ်းမိုးခဲ့ပါပြီ။ အဲဒီအခါကျ တော့ တပ်မတော်ထဲက အရာရှိ စစ်သည်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို၊ အားလုံး လက်ခံကြပါတယ်။ ဒီနေရာမှာ ပြောချင်တာ တစ်ခု ကတော့၊ ဗိုလ်မှူးကြီး အဆင့်ရဲ့အထက်က အရာရှိကြီးတွေ ကတော့ တစ်ပိုင်းပေါ့ဗျာ။ ကျနော် ဒီလိုပဲ သုံး သပ်ပြောဆို ပါရစေ။ နောက် ဗိုလ်မှူးကြီး အဆင့်တွေ အပါအ၀င်နဲ့ အဲဒီ့အောက် အရာရှိစစ်သည် အားလုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို၊ အားလုံး လက်ခံကြပါ တယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ဗိုလ်မှူးကြီးအဆင့်နဲ့ အဲဒီ့အောက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက၊ အခု ကျတော့ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေဆိုတဲ့ level ကို ရောက်သွားကြပြီ။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို၊ အားလုံး လက်ခံကြတဲ့ ဟိုတုန်းက တပ်မတော် ခေါင်းဆောင် ငယ်တွေဟာ၊ အခု တပ်မတော်ရဲ့ ခေါင်းဆောင်အကြီး ပိုင်းကို ရောက်လာကြပြီ။

ဦးကိုကိုအောင် ။ ။ မှန်ပါတယ်။ အဲဒီလိုတွေ ရောက်လာကြပါပြီ။ တခုကတော့ ရှိပါတယ်။ အရင်တုန်းက အဲဒီလို လိုလား လက်ခံမှုတွေ ရှိခဲ့တယ်၊ အဲဒီတုန်းက (ဗိုလ်မှူးကြီးအဆင့်နဲ့ အဲဒီ့အောက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက) တပ်မတော်ထဲမှာ ဆင်းရဲကြတာကိုး။ အဲဒီတော့ သူတို့ဘ၀တွေ အပါအ၀င် တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးမယ့် သူအဖြစ်၊ အမေစုကို လက်ခံခဲ့ကြတယ်။ အခုတော့လည်း အဲဒီ တုန်းက စစ်ခေါင်းဆောင် ငယ်တွေက ရာထူးတွေ တက်တက်လာကြ၊ ရာထူးဌာနန္တရ တွေနဲ့အတူ စည်းစိမ် ဥစ္စာတွေကလည်း ပါလာကြတော့၊ ရင်ထဲမှာတော့ လက်ခံနေကြတုန်း၊ ပါးစပ်က ဖွင့်ပြီး ပြောဖို့ကတော့ ခက်နေကြလိမ့်မယ်လို့၊ ကျနော်က အဲဒီလိုပဲ ယူဆပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးကိုကိုအောင် ကိုယ်တိုင်လည်း အဲဒီတုန်းက အရာရှိငယ် ဖြစ်နေပြီးတော့၊ ကိုယ်ထွက် လာတော့ လည်း အရာရှိငယ် ဘ၀နဲ့ပဲ တပ်မတော်ထဲက ထွက်လာခဲ့တာ ဆိုတော့၊ တိုင်းပြည်မှာ ဖြစ်ပျက်နေ တာတွေကို မြင်လည်း မြင်တယ်၊ ဦးဆောင် နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အဲဒီတုန်းက တပ်မတော် ခေါင်းဆောင် အငယ်တွေ အလတ်ပိုင်းတွေက လက်ခံကြတယ် ဆိုတော့၊ အခုဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်မှာ တပ်မတော်မှာ ထိပ်ဆုံးအပိုင်း အမြင့်ဆုံး အပိုင်းတွေကို ရောက်လာကြပြီ။ ဒီလူတွေက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ရင်ထဲမှာတော့ ဆက်ပြီး လက်ခံနေကြတယ်လို့ ဦးကိုကိုအောင်က မြင်ထားတယ် ကိုယ်တိုင်လည်း အဲဒီလို ခံစားနေတယ် ဆိုတော့၊ အခုလက်ရှိ တပ်မတော် ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လို နိုင်ငံရေး ပါတီကြီးနဲ့ ပြည်သူ လူထုတွေနဲ့ ဘယ်လိုဆက်ပြီး သွားကြမလဲ။ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေမှာ ခုနက စိတ်အခံတွေလည်း ရှိနေတယ်လို့၊ ဦးကိုကိုအောင်က မြင်ထား တယ်ဆိုတော့ ဟန်ချက်ညီညီ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ရှေ့ကို ဆက်ပြီး လက်တွဲ သွားနိုင်လိမ့်မယ် လို့ ဦးကိုကိုအောင်က မြင်ထားပါသ လား ခင်ဗျ။ ဘာ့ကြောင့်မေးရလဲ ဆိုတော့၊ မကြာသေးခင်က မှ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာ ရှိတယ်၊ ရှေ့ဆက် သွားရမယ့်ခရီးမှာ တပ်မတော်ရဲ့ထောက်ခံမှု မပါရင် မရဘူးလို့၊ သူပြောထားတာ မကြာသေးပါဘူး ခင်ဗျ။ အခု ဦးကိုကိုအောင် ပြောပြချက်နဲ့ ချိန်ထိုး ကိုက်ညှိပြီး ဦးကိုကိုအောင်ရဲ့ အမြင်ကို မေးကြည့်တာပါ ခင်ဗျ။

ဦးကိုကိုအောင် ။ ။ သိပ်ကို မှန်ပါတယ်။ ဒေါ်စုကလည်း တပ်မတော်အပေါ်မှာ မုန်းတီးတာ ဘာမှ မရှိ ပါဘူး။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အနေအထားအရလည်း၊ တပ်မတော်ကို ဘေးကို ဖယ်ထားလို့ မရဘူး။ အဲဒီတော့ ရှိသင့် ရှိထိုက်တဲ့ နေရာတွေမှာ ရှိသင့် ရှိထိုက်တဲ့ သူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်အောင်၊ လက်တွဲဆောင် ရွက်သွားကြရင် အများကြီး အောင် မြင်နိုင်ပါတယ်။ ကျနော်တို့က တပ်မတော်မှာလည်း လုပ်ကိုင်ခဲ့တယ်၊ အခု အပြင်မှာလည်း အခုနေထိုင်နေတော့ ဒီအခြေအနေတွေကို မြင်နေပါတယ်။ အောင်မြင် ပါလိမ့်မယ်။ အမေစုအနေနဲ့ကော တပ်မတော် အနေနဲ့ကော အခုသွား နေကြတဲ့ မူအတိုင်းပဲ ဆက်လုပ်ကိုင် သွားကြရင်၊ တကယ် တွေ့ဆုံ ဆွေးနွေးကြပြီး နိုင်ငံအကျိုး အတွက် ဆက်ပြီးဆောင် ရွက်သွားကြရင်၊ အောင်မြင်မှုတွေ အများကြီး ရပါလိမ့်မယ်လို့၊ ကျနော် ယုံကြည်တယ်။ တပ်မတော်မှာလည်း လူငယ် လူသစ်တွေက နေရာယူ လာကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းကြည်ကလည်း ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့၊ လွှတ်တော်ထဲမှာ စားပွဲဝိုင်းမှာ စကားပြောကြ ဆွေးနွေးလာကြတဲ့ အခါ အားလုံး အဆင်ပြေပြီးတော့၊ ကျနော်တို့ နိုင်ငံဟာ ခေတ် မှီသာယာ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖြစ်ပေါ် လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်နေပါတယ်။

ဦးရော်နီညိမ်း ။ ။ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်၊ ရခိုင် တိုင်းရင်းသား စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၃၅) ကျောင်းဆင်း၊ ဗိုလ်ကြီးဟောင်း ဦးကိုကိုအောင်ကို ဆက်သွယ် မေးမြန်း တင်ဆက် ခဲ့တာပါ ခင်ဗျာ။ ဦးကိုကိုအောင် နဲ့ ဆွေးနွေးချက်တွေကို “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဆက်ပြီး တင်ဆက် သွားပါ မယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ

လူထုစိန်ဝင်း

Sunday, 18 March 2012

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေး အတွက် လွှတ်တော်တွင်း လွှတ်တော်ပ ပြောဆို ဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ၀မ်းသာ အားတက်စရာပါပဲ။

သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စား သူတွေသာမက သားသမီး ပညာရေး အတွက် စိတ်ဝင်စားတဲ့ မိဘများ ကလည်း ဂျာနယ် တွေက တစ်ဆင့် ၀င်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံး ခြုံပြီး ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အ ကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။ ဥပမာတချို့က စိုက်ပျိုးရေးပညာသင်ပေးပါလို့ အကြံပြုပြီး တချို့က စက်မှုနည်းပညာ အခြေခံနဲ့ အိုင်တီပညာအခြေခံ သင်ပေးပါလို့ အကြံပြုတယ်။ ဒီလိုပဲ AIDS တားဆီး ကာကွယ်ရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လူ့အခွင့်အရေးတို့ ပြည်သူ့နီတိတို့လို လူမှုရေး ပညာရပ် ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့ အကြံပြုသူတွေလည်း ရှိကြတယ်။ စည်းကမ်းတကျ လမ်းဖြတ်ကူးရေးကို မူလတန်းအရွယ်ကတည်းက သင်ကြားပေးသင့်တယ်လို့ အကြံပြုသူလည်း ရှိတယ်။

ဂီတနဲ့ပန်းချီသင်ပေးပါ

ကလေးတွေ စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေဖို့ ငယ်စဉ်ကတည်းက ဂီတနဲ့ ပန်းချီ သင်ပေးပါ၊ နိုင်ငံတကာက ကျောင်းတွေ မှာလည်း သင်ပေးတယ်။ ရှေးခေတ်က မြန်မာ စာသင်ကျောင်း တွေမှာလည်း ပန်းချီဆရာတွေ ခန့်ပြီး သင်ကြား ပေးပါတယ်လို့ တိုက်တွန်း နှိုးဆော်သူတွေလည်း ရှိ တယ်။ အကြံပေးချက်တွေ အားလုံးဟာ အဖိုးတန်တဲ့ အကြံပေးချက် တွေချည်း ဖြစ်တယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်း ထဲမှာ အားလုံးပါအောင် ထည့်ဖို့ဆိုတာတော့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ကျောင်းသုံးစာအုပ် ပြုစု ရေးသားတဲ့ အခါမှာ ပညာ ပေးတဲ့ အကြောင်းအရာ တွေချည်း တန်းစီပြီး ထည့်သွားလို့ မဖြစ်ပါဘူး။ စာသင်ရတာ ပျော်စရာဖြစ်အောင် ပေါ့ပါးတဲ့ အကြောင်းအရာ လေးတွေလည်း ညှပ်ပြီး ထည့်ပေး ရပါတယ်။

ကျွမ်းကျင်သူနဲ့ တိုင်ပင်

ဘယ်အရွယ် ကလေးအတွက် ဘယ်လိုရေးပြီး ဘယ်လိုပေးရမယ်ဆိုတာကို သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ပညာရှင် များသာ သိနိုင်ပါတယ်။ လူတိုင်း ၀င်ရေးလို့ မရပါဘူး။ မူလတန်း ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် ပြုစု ရေးသားမယ် ဆိုရင် သင်ကြားရေး၊ စိတ်ပညာ ကျွမ်းကျင်သူတွေ၊ ကလေး စိတ်ပညာပါရဂူတွေ၊ မူလတန်းဆရာ၊ ဆရာမတွေနဲ့ တိုင်ပင် ညှိနှိုင်းပြီးမှ သင်ရိုး ညွှန်းတမ်း ပညာရှင်တွေက ရေးဆွဲကြရမှာ ဖြစ်တယ်။ ဘယ်အရွယ်ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုက ဘယ်လောက်ရှိတယ် ဆိုတာကို ကလေး စိတ်ပညာ ပါရဂူတွေမှ သိပါတယ်။ သူတို့နဲ့ ညှိ နှိုင်းခြင်းမပြုဘဲ လုံးဝ မရေးသင့်ပါဘူး။

စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ

သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေး အသက်အရွယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုး ညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဟိုကပြော၊ ဒီကပြောနဲ့ ပြောသမျှတွေနောက် လိုက်နေရင် ငါးပွက်ရာ ငါးစာချသလို အချိန်သာကုန်ပြီး ငါးရဖွယ်မရှိ ဖြစ်တတ်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး စနစ်သစ်ဆို စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ကြားထဲက ကျောင်းသူ ကျောင်းသားတွေပဲ ဒုက္ခ ရောက်ကြရတယ်။

မပါမဖြစ်ပါရမယ့် သူတွေ

ဒီတစ်ကြိမ်တော့ သေသေချာချာ အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ တတ်သိနားလည်တဲ့ ပညာရှင် မှန်သမျှဆီက အကြံပြုချက်တွေ ရအောင် ယူသင့်တယ်။ လက်တွေ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေရဲ့ အသံတွေကိုပါ နားထောင်ဖို့ လိုပါတယ်။ ကာယကံရှင်တွေရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲနဲ့ မှန်ကန်တဲ့ စီမံကိန်းတစ်ရပ် ပေါ်ထွက် မလာနိုင်ဘူး ဆိုတဲ့အချက်ကို မမေ့သင့်ကြဘူး။ ပညာရေးမှာ ကာယကံရှင်က ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် ဖြစ်တယ်။ ဒီသုံးဦးဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ မှန်သမျှကို မပါမဖြစ် ပါဝင်ရမယ့်သူတွေ ဖြစ်တယ်လို့ ဆိုချင်တယ်။

ဂရုမစိုက်ခဲ့ကြလို့

မှားမှားမှန်မှန် ခိုင်းရင်ခိုင်းတဲ့ အတိုင်းလုပ်ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘာတစ်ခုမှ ထိရောက် အောင်မြင်အောင် မလုပ်နိုင် ခဲ့ကြတာဟာ ပါဝင် ပတ်သက်နေတဲ့ ကာယကံရှင်တွေရဲ့ အသံတွေကို လုံးဝ ဂရုမစိုက်ခဲ့ကြလို့ ဖြစ်တယ်။ ရှေးရှေးက ၀န်ကြီးတစ်ပါး နောက်တော်ပါ တွေနဲ့ တိုင်းခန်း လှည့်လည်ရာမှာ အညာဒေသ ရောက်တော့ ဒီနှစ်မိုးလေ မမှန်လို့ ထန်းအထွက် နည်းတဲ့ အတွက် ထန်းသမားများ ထန်းလျက် ကုန်သည်များ စားဝတ်နေရေး ခက်ခဲကြောင်း ဒေသခံတွေက တင်ပြကြတယ်။ အဲဒီတော့ ၀န်ကြီးက ထန်းသမားတွေကို မျိုးကောင်း မျိုးသန့်တွေ ထုတ်ပေးလိုက်၊ မြစ်ရေတင် စီမံကိန်းကို ဒီဒေသအရောက် တိုးချဲ့လိုက်ဖို့ အမိန့်တော် ချမှတ်လိုက်သတဲ့။

လူမှန်နေရာမှန်

ဒီမိုကရေစီခေတ်ကို မဖြစ်ဖြစ်အောင် ထူထောင်မယ် ဆိုရင်တော့ ထန်းမျိုးစေ့ကောင်း ထုတ်ပေးလိုက် ဆိုသူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်နေရာ ဘယ်ဌာန ဘယ်စီမံကိန်းမျိုးမှာမဆို တကယ် တတ်သိ နားလည်တဲ့ ပညာရှင်တွေနဲ့ လူမှန် နေရာမှန် ဖြစ်ဖို့ လိုတယ်။ စီမံကိန်းတွေ ရေးဆွဲ ချမှတ်ရာမှာလည်း ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင် ပတ်သက်နေကြတဲ့ ကာယကံရှင် ပြည်သူ လူထုဆီက အကြံပေးချက်၊ တင်ပြချက်တွေကို ဂရုစိုက်နားထောင် ကြဖို့လိုပါတယ်။

၁၉၅၃ ခုနှစ်က စာအုပ်

ရှေးခေတ် ပထမတန်း ဖတ်စာအုပ်ထဲမှာ ပါတာလေးတွေကို နမူနာအဖြစ် ရေးပြလိုက်ပါတယ်။ မြန်မာ ဖတ်စာသစ်လို့ ခေါ်ပါတယ်။ အဖုံးမှာ ဒေါင်းတံဆိပ်ကြီး ပါလို့ ဒေါင်းဖတ်စာလို့ ခေါ်ကြတယ်။ စာမျက်နှာ ၁၀၂ မျက်နှာပါပြီး တန်ဖိုး K 1-50 (တစ်ကျပ် ငါးဆယ်ပြား) ဖြစ်တယ်။ Approved by Text Book Committe, Rangoon လို့ဖော်ပြပြီး British Burma Press. Rangoon Gazette Limited က ၁၉၅၃ ရိုက်နှိပ် ထားတာ ဖြစ်တယ်။ ပထမ နှစ်မျက်နှာက ဗျည်းနဲ့သရတွေကို သင်ထားတာဖြစ်ပြီး သင်ခန်းစာ တစ်က လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ က ကာ ကား၊ ကိ ကီ ကီး ခြောက်လုံးနဲ့ ၀ါကျတွေ ရေးထားပါတယ်။

ဤပုဝါနီ၏။
မီးရထားစီးပါ။
မရီငါးမစားရ။
မနီသတိထားပါ။
အနာမထိရ။
ထီးပါသလား။

သူငယ်များနှင့် ဖားတို့အကြောင်း

သင်ခန်းစာ ၂ ကျတော့ ကု ကူ ကူး၊ ကေ ကေ့ ကေးတို့ သင်ပါတယ်။ လေ့ကျင့်ခန်းက -

ဘဦးရေကူးနေသည်။
ဆေးကု၍မရပါ။
မနေ့က လေလာ၏။
အသီးနုနု မခူးရ။
ဥတုရာသီအေး၏။ တို့ဖြစ်တယ်။

သင်ခန်းစာ ၇ ကစပြီး ၀ါကျ တိုလေးတွေစသင်ပါတယ်။ 'သူငယ်များနှင့် ဖားတို့အကြောင်း' ဆိုတဲ့ ခေါင်းစဉ် အောက်မှာ -

၁။ သူငယ်များသည် ရေကန်တစ်ကန်အနီး၌ ကစားကာ နေကြ၏။
၂။ ထိုကန်ထဲက ဖားအများ နေကြသတည်း။
၃။ ထိုအခါ ဖားကြီးက မောင်တို့သည် သူတစ်ပါးနာအောင်၊ သေအောင် မကစားရာ။ ဆင်ကျီစားရာ ဆိတ်မခံသာပါဟု ဆို၍ ရေထဲသို့ ငုပ်သွားလေ၏။

တန်ခူးရက်မစုံ ၂၉

သင်ခန်းစာ ၉ ကျတော့ တြိချိုး သဖြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ - 'ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့် အဖိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငို တိတ်အောင်၊ အရိပ်အယောင်ပြတယ် ဖိုးလနတ်သား' ကဗျာကို စ မိတ်ဆက်ပေးတယ်။ သင်ခန်းစာ ၁၂ က 'ပျိုလေးတို့အိမ် ဦး၊ ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ၊ ကျေး တွေကအုံ' ဆိုတဲ့ကဗျာပါ။ သင်ခန်းစာ ၁၆ က 'အတတ်ပညာ၊ ကြိုးစားကာ သင်ပါမေ့သားလှ' အစချီတဲ့ ပညာအကြောင်း သံပေါက်ပါ။ သင်ခန်းစာ ၂၀ က ယုန်နှင့်လိပ်တို့ အကြောင်း ပုံပြင်ပါ။ သင်ခန်းစာ ၂၆ ကျတော့'သန့်ရှင်းသော အ၀တ်ကိုဝတ် ခြင်းအကြောင်း' ခေါင်းစဉ်နဲ့ ၀ါကျတိုလေး ရှစ်ခု ရေးထားတယ်။ ၃၇ မှာတော့ 'ဥဒေါင်းယောင်ဆောင်သော ကျီးအကြောင်း' ပုံပြင်ဖြစ်တယ်။ ၄၁ က '၀ံပုလွေနှင့် သိုးငယ်အကြောင်း' ပုံပြင် ပါ။ ၅၁ က 'ကျီးနှင့်မြေခွေး အကြောင်း' ပုံပြင်ပါ။ ၅၆ ကျတော့ 'တန်ခူးရက် မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀' ဆိုတဲ့ မြန်မာလများ အကြောင်း ဖြစ်ပါတယ်။

အတုယူနိုင်ကြပါစေ

သင်ခန်းစာ ၆၀ ကနေအကြောင်း၊ ၆၂ က လနှင့်ကြယ်များ အကြောင်း၊ နောက်ဆုံး သင်ခန်းစာ ၆၄ ကတော့ ညီက အစ်ကိုထံ ပေးစာဆိုတဲ့ ပေးစာရေးနည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဆရာများ သတိပြုရန် အမှာစာဆိုပြီး သင်ခန်းစာများ သင်ကြားနည်း ကို ရှင်းလင်း ပြောထားတာ ဖြစ်ပါတယ်။ ဒီဖတ်စာလေး ကြည့်လိုက်ရုံနဲ့တင် သင်ရိုးညွှန်းတမ်းတို့ ဖတ်စာတို့ ရေးဆွဲ ပြဋ္ဌာန်းရာမှာ သက်တမ်း အလိုက် ဘယ်လိုအဆင့်ဆင့် ပေးသွားရမယ် ဆိုတာ သိသာ ထင်ရှားပါတယ်။ ကောင်းတာတွေ အတုယူ နိုင်ကြပါစေ လို့ သတိပေး နှိုးဆော် လိုက်ရပါတယ်။

Ref: EMG News

Read More...

ကျောက်မီးသွေးသုံး စက်ရုံကြောင့် ဒေသခံများ ပြောင်းကြမည်

ကွန်းချမ်း
အင်္ဂါနေ့၊ မတ်လ ၂၀ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဆောက်လုပ်ပြီးစီးလုနီးပါး ဖြစ်သည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ လည်ပတ်ပါက အိုးအိမ်စွန့်ကာ ပြောင်းရွှေ့ကြမည် ဖြစ်ကြောင်း စက်ရုံ အနီး နေထိုင်သူတို့က ပြောသည်။

စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် အေးရိပ်ငြိမ် ရပ်ကွက်မှ စက်ရုံအနီး နေထိုင်သည့် အိမ်ခြေ ၅ဝ ခန့်မှ မိသားစု ၇ဝ ခန့် ပြောင်းရွှေ့ရန် ပြင်ဆင်ကြခြင်း ဖြစ်သည်။

“ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ အသားအရေ ယားယံတာတွေ၊ အသက်ရှု ကျပ်တာတွေ လောက်ပဲ ကျနော်တို့ သိပါတယ်။ တခြား ဘယ်လို အန္တရာယ် ရှိမယ်ဆိုတာ ကျနော်တို့ အကြောင်းစုံတော့ မသိဘူးပေါ့။ စက်ရုံ လည်ရင်တော့ ကျနော်တို့ အားလုံးက ဒီနေရာကနေ ပြောင်းရွှေ့ကြမှာပဲ” ဟု စက်ရုံအနီး နေထိုင်သူတဦးက ပြောသည်။

အခြား တဦးကလည်း “ကျနော်တို့ ကျောက်မီးသွေး စက်ရုံနားမှာပဲ နေတယ်။ ကျနော်တို့ ရပ်ကွက်က အကုန်လုံး ဒီစက်ရုံကို ကန့်ကွက် ကြတယ်။ ကျနော်တို့ သိတာက ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အတွက် အန္တရာယ် ဖြစ်လာမယ့် ဟာကိုပဲ စိုးရိမ်တယ်” ဟု ပြောသည်။

၎င်းတို့အနေနှင့် စက်ရုံလည်ပတ်ခြင်း ကိစ္စကို ကန့်ကွက်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟု ဆိုသည်။

လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် အေးရိပ်ငြိမ် နှင့် ရွှေပြည်သာ လူနေရပ်ကွက်ကြားရှိ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅ဝ ခန့်သာ ကွာဝေးပြီး မီးခိုး ခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ စက်ရုံနှင့် နှစ်ဖာလုံကျော် တွင် ကော့သောင်းမြို့မှ သောက်သုံးရေ အဖြစ် ရယူနေသည့် ရေလှောင်ကန်လည်း ရှိသည်။

ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် လက်ထက်က ခွင့်ပြုချက် ရရှိပြီး ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံကို ၂၀၁၁ ခု နှစ်လယ်ခန့်တွင် စတင် တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်း ဆောက်လုပ် ပြီးစီးပြီ ဖြစ်သည်။

ထိုစက်ရုံကို ဧပြီလ ၁ဝ ရက်နေ့တွင် စမ်းသပ်ကာ ဇွန်လတွင် စတင် လည်ပတ်မည် ဖြစ်သည့်အတွက် ဒေသခံများ အနေနှင့် စက်ရုံမှ ဖြစ်ပေါ် လာမည့် ဆိုးကျိုးများကို သိရှိနားလည်ရန် အတွက် မတ်လ ၂၂ ရက်နေ့တွင် ပညာပေး လက်ကမ်း စာစောင်များ စတင် ဖြန့်ဝေသွားမည်ဟု DPM ပါတီ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက ပြောသည်။

၎င်းတို့ အနေနှင့် ဒေသခံများနှင့် ပူးပေါင်းပြီး လက်ကမ်းစာစောင် တသောင်းကို ကော့သောင်းမြို့အနှံ့ ဖြန့်ဝေ သွားမည့် အပြင် ရပ်ကွက် တိုင်းတွင်လည်း နံရံကပ် စာစောင်များ ကပ်သွားမည်ဟု ဆိုသည်။

စာဖြန့်ဝေခွင့် ရရန်အတွက် မတ်လ ၁၆ ရက်နေ့က ‘ကျောက်မီးသွေး စက်ရုံနှင့် စက်လျဉ်း၍ ဆိုးကျိုးများ ဖော်ပြထား သည့် စာရွက် စာတမ်းများ ဝေမျှခြင်း ကိစ္စ’ အကြောင်းအရာဖြင့် တိုင်းဝန်ကြီးချုပ်ရုံးသို့ လိပ်မူပြီး တင်ပြ ထားသော်လည်း အကြောင်း မပြန်လာ သေးကြောင်းလည်း သူက ပြောသည်။

“ဝန်ကြီးချုပ် ခွင့်မပြုလည်း ကျနော်တို့ ဇွတ်ဝေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျနော်တို့ အသိပေး ထားပြီးပြီလေ။ ကော့သောင်း ပြည်သူ လူထုကလည်း ကျောက်မီးသွေး စက်ရုံရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို လုံးဝ မသိသေးဘူး” ဟု ကိုသန်းထွန်းက ပြောသည်။

စက်ရုံ တည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းတွင် တကြိမ်၊ ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တကြိမ် ကော့သောင်း DPM ပါတီက စက်ရုံ ဆောက်လုပ်ခြင်း ကိစ္စကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ဆောက်လုပ်လျက် ရှိပြီး ရပ်ကွက် အတွင်းတွင်လည်း ဓါတ်တိုင်များ စိုက်ထူရန်အတွက် တွင်းများ တူးဖော်လျက် ရှိသည်ဟု ဆိုသည်။

စက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးကို တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ လေညာ သစ်တောကြိုးဝိုင်း အတွင်းမှ ထုတ်ယူကာ လိုအပ်မည့် ရေကို ထိုင်း-မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်မှ စုတ်ယူ သုံးစွဲမည် ဖြစ်သည်။

ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင် အထည် ဖော်မည့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီ လဆန်းတွင် အစိုးရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့သည်။

ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်း စေနိုင် သည့် ဆာလဖာဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့် အပြင် ကာဗွန်မို နောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ

2012-03-20

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ် ငှားရမ်း အသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွက် ရှပ်ပြေး ရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ် ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ် ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျွန်တော်တို့ အရင်တခေါက် လာစီစဉ်တဲ့ အချိန်တုန်းက အမက အဲဒီ ကျွန်းစုတွေကို လှည့်သွားဖို့ပေါ့။ အချိန်ရနိုင်အောင် ဆိုပြီးတော့ ရှပ်ပြေး တစ်စီး စီစဉ်ခဲ့ပါတယ်။ တနာရီ ရေမိုင် ၂၅- ၃၀ သွားနိုင်တာပေါ့။ အဲဒါကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ အာဏာပိုင်တွေက မငှားရဘူး ဆိုပြီးတော့ ဖိအားပေးတယ်။ အာဏာပိုင် အဟောင်းရော အခုအသစ် လက်ရှိရောပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် တခြားအမြန်ရေယာဉ်တွေ နဲ့ စီစဉ် ဆောင်ရွက် နေပေမဲ့ အခက်အခဲတွေ ရှိနေ ကြောင်းလည်း ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျွန်တော်တို့ မနေ့က နဲနဲ မြန်တဲ့ မော်တော်လေးပေါ့။ အမသွားမယ့် လမ်းကြောင်းအတိုင်း သွားတာပေါ့။ အမနေမယ့် အချိန်လောက် ရွာတွေမှာ နေပြီးတော့ ပြန်လာတာကို အဲဒါ ည ၁၀ နာရီလောက်မှ မြိတ်ကို ပြန်ရောက်တယ်။ အမကိုတော့ ည ၁၀ နာရီလောက် အထိ ပင်လယ်ကြီးထဲမှာ မထားနိုင်တော့ ကျွန်တော်တို့ အစွမ်းကုန်တော့ ရှပ်ပြေးရအောင် ကြိုးစား နေပါတယ်။ အဲဒါ လာလို့ မရအောင်၊ သွားလို့ မရအောင်ပေါ့၊ နောက်တခါ အန္တရာယ် များအောင်ပေါ့။"

မြိတ်အနောက်မြို့နယ်က လစ်လပ်တစ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောဖို့ နေရာတွေ အတွက် ကျွန်းစုတွေ အတွင်းက ရွာကွင်းတွေမှာ စီစဉ် ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

Ref: RFA News

Read More...

The Voice Weekly ဂျာနယ်ကို တရားစွဲဆို

2012-03-20

ဝန်ကြီးဌာနတချို့ရဲ့ကျပ်သိန်းပေါင်း ထောင်နဲ့ချီတဲ့ အလွဲသုံးစားမှုတွေ စစ်ဆေးတွေ့ရှိကြောင်း သတင်းရေးသား ထုတ်ဝေခဲ့တဲ့ The Voice Weekly ဂျာနယ်ကို သတ္တုတွင်း ၀န်ကြီးဌာနက အသရေ ဖျက်မှုပုဒ်မနဲ့ တရားစွဲဆို လိုက်ပြီလို့ သိရပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တရားရုံးမှာ စွဲဆိုခဲ့ကြောင်း၊ The Voice ဂျာနယ် အနေနဲ့လည်း ဥပဒေကြောင်း အရ ပြန်လည် တုံ့ပြန် ဆောင်ရွက်မှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) မုံရွာ ကြေးနီ စီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၀၀ နဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ကို ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် ဦးပိုင် လီမိတက်က ငွေပေးချေရမည့် အစား နိုင်ငံခြား ကုမ္ပဏီ တစ်ခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနမှ အလွဲသုံးစားမှုကို ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီရဲ့ အစီရင်ခံစာ အရ ကိုးကားပြီး ထုတ်ဖော် ရေးသားခဲ့ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနကလည်း The Voice Weekly မှာဖော်ပြတဲ့ သတင်းဟာ မှားယွင်းနေပြီး၊ ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်မယ်လို့ အစိုးရပိုင် သတင်းစာတွေက ထုတ်ပြန် ပြောဆို ခဲ့ပြီးနောက် အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly ဂျာနယ်ရဲ့ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ် ထားပြီး မတ်လ ၂၂ ရက်နေ့မှာ အမှုစတင် စစ်ဆေးမယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

တရုတ်ပြည်ရောက် မြန်မာများ ရာနှင့်ချီ အဖမ်းခံရ

ခင်ဦးသာ
March 20, 2012

တရုတ်မြန်မာနယ်စပ်တွင် ရဲအရာရှိတဦး နှင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက် တရုတ် အာဏာပိုင် တို့က ပြီးခဲ့သည့် တပတ်အတွင်း ရာနှင့် ချီသော မြန်မာပြည်သားများကို ဖမ်းဆီးလျက် ရှိကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူဟု ယူဆရသူ မြန်မာပြည်သား တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ မတ်လ ၁၂ ရက်နေ့မှ စတင်သည့် ရွှေလီမြို့ နှင့် ကျယ်ခေါင်မြို့ ဖမ်းဆီးမှုများကြောင့် ၇၀၀ ၀န်းကျင်အထိ အထိန်းသိမ်း ခံခဲ့ရသည်ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။

“မြန်မာနိုင်ငံသားတွေ မှန်သမျှ လိုက်ဖမ်းနေတယ်၊ လူကောင်းရော၊ လူဆိုးရော တယောက်မှ အလွှတ်မပေးဘူး၊ အကုန် ဖမ်းပြီး ထောင်ထဲ တန်းပို့တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

ထိုဒေသတွင် မြန်မာပြည်သား သုံးသောင်းကျော်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များတွင် ၀င်ရောက် လုပ်ကိုင် နေသူများ၊ ကုန်သည် ပွဲစားများ ဖြစ်သည်ဟု ဦးအောင် ကျော်ဇောက ပြောသည်။ မြန်မာပြည်သားများ လုယက်ခံရမှု၊ မတော်တဆမှု၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု တို့ ရှိခဲ့သည့်တိုင် တရုတ် အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း သူက ရှင်းပြသည်။

ပြီးခဲ့သည့် တပတ် လူသတ်မှုများအတွင်း သေဆုံးသွားသည့် တရုတ်ရဲအရာရှိတဦး နှင့် တရုတ်အမျိုးသမီး တဦး တို့၏ အမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။

ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီ၊ ကျယ်ခေါင်ဒေသတို့တွင် ရာဇ၀တ်မှု ထူပြောနေသဖြင့် နယ်စပ်လူဝင်၊ လူထွက် အခြေအနေကို တရုတ် အာဏာပိုင်များက တင်းကျပ်ထားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရွှေလီ ဒေသခံ ကုန်သည် တဦးက ဧရာဝတီကို ပြောသည်။

“ဆိုင်ကယ်နဲ့ သွားတာတောင် ဆွဲကြိုးတွေ ဆွဲဖြုတ်ခံရတာ၊ ခါးပိုက်နှိုက်ခံရတာတွေ တအား များလာတယ်။ ရာဇ၀တ်မှု ကျူးလွန်သူတွေ ထဲမှာ မြန်မာ လူမျိုးတွေလည်း များလာတဲ့ အတွက် ဖမ်းတာပါ၊ အရင်က ဒီလိုမျိုး မဖမ်းဖူးဘူး” ဟု ထိုကုန်သည်က ဆိုသည်။

တရားဝင် နေထိုင်ခွင့် မရှိသူများကို ဖမ်းဆီးရမိပါက တရုတ်အာဏာပိုင်တို့က လနှင့်ချီ၍ ချုပ်နှောင်ထားလေ့ ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ခေါင်းမာဂိုဏ်းသား မဟုတ်ဟု ဝန်ကြီး ဦးကျော်ဆန်း ပြော

ရန်ပိုင်
March 20, 2012

ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ၎င်းသည် အစိုးရ အဖွဲ့အတွင်း၌ သဘောထား တင်းမာသည့် ခေါင်းမာဂိုဏ်းသား တဦး မဟုတ်ကြောင်း ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် တနာရီခန့်အကြာ တွေ့ဆုံစဉ် ပြည်ပ အခြေစိုက် မီဒီယာများက ဝန်ကြီး ဦးကျော်ဆန်းအား သဘောထား တင်းမာသူဟု ဝေဖန်ချက်များနှင့် ပတ်သက်၍ ကိုအောင်ဇော်က မေးမြန်းခဲ့ရာ “ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လို ယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲ ဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲ ဆိုရင် Rule and regulation ပဲ” ဟု ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ကိုအောင်ဇော်က လတ်တလောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲနေသော မီဒီယာ ဥပဒေမူကြမ်း ရေးဆွဲမှု အခြေအနေ၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောဆိုနေသော စာနယ်ဇင်းများ၏ လွတ်လပ်မှုနှင့် တာဝန်ယူမှုနှင့် ပတ်သက်၍ မြန်မာ့ မီဒီယာများ၏ အနေအထား၊ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့် ပြုမပြုနှင့် စာနယ်ဇင်း သမားများအပေါ် အကာအကွယ် ပေးမည့် အစီအစဉ်များကို ဝန်ကြီး ဦးကျော်ဆန်းအား မေးမြန်း ဆွေးနွေးခဲ့သည်။

ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေကို ၂၀၁၂ ခုနှစ်အတွင်း အပြီးရေးဆွဲမည် ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံ၏ ဥပဒေကိုမျှ ပုံတူ ကူးယူခြင်း မရှိဘဲ နိုင်ငံတိုင်းမှ ကောင်းမွန်သော အချက် အလက်များကို ရယူထားခြင်းသာ ဖြစ်ကြောင်း၊ မီဒီယာများ၏ သြဇာကြီးမှုကြောင့် ပြည်သူများ၏ အမှားအမှန် ခွဲခြားနိုင်မှုအတွက် မီဒီယာများတွင် တာဝန် ရှိကြောင်းနှင့် နောက်ရေးဆွဲသည့် ဥပေဒများတွင် စာနယ်ဇင်း သမားများကို ကာကွယ်သည့် ဥပဒေ ပါလာမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ထို့ပြင် ဝန်ကြီး ဦးကျော်ဆန်းက ဒီမိုကရေစီ လမ်းကြောင်းမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရာတွင် လမ်းကြောင်း သွေဖည်ပြီး နောက်ပြန် ဆုတ်သွားမည် မဟုတ်ကြောင်းလည်း ပြောဆိုသွားသည်။

ယမန်နေ့က တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းအပြင် စာပေစိစစ်ရေးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ ပုံနှိပ် ထုတ်ဝေရေးမှ ညွှန်ကြားရေးမှူး ဦးရဲတင့်၊ မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်တို့ တက်ရောက်သည်။

ဧရာဝတီသတင်းဌာနမှ ကိုအောင်ဇော်နှင့်အတူ ရုံးမန်နေဂျာ ကိုဝင်းသူ၊ မစ္စ ရေချယ်တို့လည်း တက်ရောက်သည်။

ဝန်ကြီး ဦးကျော်ဆန်းသည် ၂၀၀၁-၀၂ ခုနှစ်ဝန်းကျင်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့ အထိ ပြန်ကြားရေး ၀န်ကြီး တာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက် ရှိသည်။

Ref: ဧရာဝတီ

Read More...

ချင်းလွှတ်တော် အမတ်ကို စစ်တပ် ခြိမ်းခြောက်

မသင်းသီရိ
အင်္ဂါ, 20 မတ် 2012

ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ စစ်တပ်က အနှောင့်အယှက် ပေးခဲ့သလို တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိုးထိ ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေး ဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ နဲ့အတူ တခြား လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း လူ့အခွင့်ရေး အဖွဲ့က ထောက်ပြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြ ပေးပါအုံးရှင်။

ချင်းပြည်နယ် အနောက်တောင်ပိုင်း မှာရှိတဲ့ မတူပီမြို့ က စပေါင်းဂိတ် ( Sabawnget) ရွာမှာ မတ်လ (၈) နေ့က နေ မတ်လ (၁၃) ရက်နေ့ထိ ကျင်းပခဲ့တဲ့ ခရစ်ယာန် ဘာသာရေး စည်းဝေးပွဲတွင်း အခုလိုပြသနာ ဖြစ်ခဲ့တာပါ။ Mara Evangelical Church ကနေပြီးတော့ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေး စုပေါင်းပွဲကို ဒီနှစ် မတူပီမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပ နေစဉ် မတ်လ (၁၀) ရက်နေ့မှာ ချင်းပြည်နယ် ထဲ အခြေစိုက်တဲ့ မြန်မာအစိုးရ စစ်တပ်က ရုတ်တရက် ဆိုသလို ကန့်သတ်ချက်တွေ ထုတ်ပြီး တားမြစ်တာ တွေ လုပ်လာပါတယ်။ ဒါ့ကြောင့် ဒီပွဲကို ရောက်နေတဲ့ တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေး ပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်းက မလုပ်ဖို့ ညိနှိုင်း တဲ့အခါ တာဝန်ရှိသူ ဗိုလ်ကြီး သေနတ် ထောက်ပြီး ပြန်ခြိမ်းခြောက် တာတွေ လုပ်ခဲ့တယ်လို့ ပြည်နယ် ကိုယ်စားလှယ် ဦးပူဗန်ကျင်း ကိုယ်တိုင် ဗီအိုအေ ကို အခုလိုပြောပြပါတယ်။

“မီဇိုရမ်ပြည်နယ်၊ စိုင်းဟ က လာတဲ့ ကားတွေကို နှင်ထုတ်လိုက်တယ်။ ပြီးတော့လည်း ညနေမှာ ဧည့်စာရင်း ချက်ချင်း လုပ်ပြီးတော့ လုပ်မယ်လို့ ထုတ်ပြန် ထားတယ်။ ပြီးတော့လည်း ဝတ်ပြု ကိုးကွယ်မှု အစီအစဉ်ကို ည မှာ အကြာကြီး မလုပ်ရဘူး။ ပိတ်ရမယ် လို့ သူတို့ ပြောလိုက်တယ်။ အဲဒီ ကိစ္စကို လူထုတွေက တော်တော် လည်း စိတ်ပူပန် နေကြတယ်။ လူတွေကလည်း လာပြောတယ်။ ဒါနဲ့ ကျနော် တပ်မှူး ဗိုလ်ကြီးဆီကို ကျနော် သွားပြီးတော့ "ဗိုလ်ကြီး အစည်းအဝေးက ကျနော်တို့ ကျင်းပနေပြီ။" သူတို့က အစတုန်းက ခင်ဗျားတို့ ဒီလို လုပ်တာ ဟာ ကောင်းတယ်။ ပွဲတဝက် မှ ခင်ဗျားတို့ ဒီလို လုပ်တာဟာ လူတွေက စိတ်မချမ်းသာပါဘူး။ ခင်ဗျားတို့ ပွဲကို တင်းကျပ်အောင် မလုပ်ပါနဲ့ လို့ ကျနော် သွားပြောလိုက်တယ်။ အဲဒီ အခါမှာ ဗိုလ်ကြီး မျိုးမင်းထိုက် က သေနတ်ကို ချိန်ပြီးတော့ "မင်းဘာကောင်လဲ။ ဘာတွေ ပြောနေလဲ။ မင်းကို သတ်ပစ်မယ်" ဆိုပြီး သေနတ်ကို ချိန်လိုက်တယ်။ "ဟာ ခင်ဗျား ဒီလို မလုပ်ပါနဲ့။ ကျနော် လွှတ်တော် ကိုယ်စားလှယ်တွေ" ဘာတွေ ဆိုတာ မကြားချင်ဘူး။ အဲဒါတွေက မပြောနဲ့ ဆိုပြီးတော့ သေနတ်ကို ချိန်တယ်လေ။”

တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်း ပါရှင်။ ဒီလို အခြေအနေ တွေကြောင့် ညတွင်းချင်း နယ်စပ် လုံခြုံရေး ၀န်ကြီးဆီကို ဦးပူဗန်ကျင်း ကိုယ်တိုင် ဖုန်းဆက် တိုင်ကြားခဲ့တယ် လို့လည်း ပြောပါတယ်။ အခုလိုမျိုး ဘာသာရေး ဖိနှိပ် ကန့်သတ်မှု ပြသနာတွေကို ချင်းပြည်နယ် တွင်း မကြာခဏ ဆိုသလို ကြုံနေ ရတယ်လို့လည်း ချင်း လူ့အခွင့်ရေး အဖွဲရဲ့ ဒါရိုက်တာ ဆလိုင်း ဇာအုတ်ကလင်း(za Uk Ling) က ပြောပါတယ်။

“ကျနော် တို့ ဒီ အခု အချိန် အထိ ဘာသာရေး လုပ်ဆောင် ခွင့် နဲ့ ပတ်သက်ပြီးမှ တိုးတက်တာ ကျနော်တို့ မမြင်ရ သေးပါဘူး။ ချင်းပြည်နယ်က (၉၀) ရာခိုင်နှုန်း လူတွေက ခရစ်ယာန်တွေ ဖြစ်ကြတော့ အခုအချိန် အထိ သူတို့ ဒီလိုမျိုး အစည်းအဝေး ကြီးကြီး ကျယ်ကျယ်လုပ်မယ် ဆိုရင် အမြဲတမ်းဘဲ ပွဲမိန့် မပေးတာရယ်၊ အမျိုးမျိုး နှောက်ယှက်တာမျိုး ကြုံတွေ့ နေရပါတယ်။ ဘာသာရေး အဆောက် အအုံတွေ ဆောက်ပိုင်ခွင့်၊ ပြင်ပိုင်ခွင့် ဆိုတဲ့ ဟာလည်း သူတို့ အခုအချိန် အထိ မရသေးပါဘူး။”

ဆင်းရဲနွမ်းပါးပြီး ဖံွ့ဖြိုးမှုလည်း နှောင့်နှေးနေတဲ့ ချင်းပြည်နယ်ထဲမှာ တခြားလူ့အခွင့်ရေး ချိုးဖောက်မှု တွေလည်း ရှိနေတယ် လို့လည်း ဆိုပါတယ်။

“ချင်း အခွင့်အရေး အဖွဲ့အနေနဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်ထားချက်အရ (၁၇) နှစ် ရှိသွားပြီ။ ဒီနှစ် ဆိုလို ရှိရင်။ အဲဒီ အချိန်မှာ ကျနော် တို့ တွေ့ခဲ့ရတာ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ တပ်စွဲတဲ့ နေရာ တိုင်းမှာ၊ ဒေသ အဲဒီ အနီးနား တဝိုက် ရဲ့ ပြည်သူလူထုဟာ ဆိုရင် တော်တော်လေး အနှိပ်စက် ခံရတယ်။ အတင်း အဓမ္မ လုပ်အားပေးခိုင်း တာဘဲ ဖြစ်ဖြစ်ပေါ့။ ထမ်းခိုင်းတာဘဲ ဖြစ်ဖြစ်၊ အမျိုးမျိုး ညှင်းပန်း နှိပ်စက်တာဘဲ ဖြစ်ဖြစ်၊ အဲဒါတွေ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ အဲဒီလို ပြဿနာတွေ ကျနော်တို့ ကြုံတွေ့နေရတယ်။”

ချင်းလူ့အခွင့်ေ၇းအဖွဲ့က ဆလိုင်း ဇာအုတ်ကလင်း (za Uk Ling) ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖောက်မှု တွေဟာ နယ်မြေ တည်ငြိမ်မှု မရှိတဲ့ တိုင်းရင်းသား ဒေသတွေမှာ အဖြစ်များ နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်ရေးအဖွဲ့ ကထောက်ပြ နေကြတာပါ။ အဲဒီလို အခြေအနေ ထဲကမှ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၁၂) ရက်နေ့ကဆိုရင်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ ဒေသခံ လယ်သမားတဦးကို တရားမ၀င် နယ်စပ် ဖြတ်ကျော် ၀င်လာတဲ့ မြန်မာစစ်သား နှစ်ဦးက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေး ဌာနက မြန်မာအစိုးရကို တောင်းဆိုထားတဲ့ ပြသနာမျိုး တွေလည်း ရှိနေပါတယ်။

Ref: VOA News

Read More...

Tuesday, March 20, 2012

နိုင်ငံရေးအပြောင်းအလဲ တည်ငြိမ်ဖို့ တပ်မတော်ရဲ့ ပါဝင်မှု လိုအပ်

မသိင်္ဂီထိုက်
တနင်္ဂနွေ, 18 မတ် 2012

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက် လာမယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ အောင်မြင် တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။

“နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုဟာ လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ တိုတို အတွင်းမှာ တိုးတက် နိုင်ပါတယ်။”

တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွားလည်း ပါဝင်ခဲ့တဲ့ အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

“အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီ စော်ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည် ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့ ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။”

စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက် တရား ကင်းသလောက် သိန္နီ ဒေသခံတွေ ကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။

“လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တ၀ိုက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ ဖိနှိပ် ခံရတာပေါ့နော်။ လူတွေက အကြောက်တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေးပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီးကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကတော့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြတယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေးတဲ့သဘော ရှိပါတယ်။ တော်တော် လုပ်ရဦးမှာပေါ့။”

သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

“ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်းဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်း ပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့ မဟာနာယက အဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကို သွားပြီးတော့ သူ့မိသားစုကို အားပေးစကား ပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။ လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ ကန်တော့တာတို့၊ ဂါရ၀ပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို သွားဖို့ စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။”

ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်း စုကြည် ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို့ ရှိနေပါတယ်။

Ref: VOA News

Read More...

ရွေးကောက်ပွဲ မတရားမှု ပိုမိုများပြားလာဟု NLD ထုတ်ပြန်

မျိုးသန့်
တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ် လာချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ မတရား လုပ်ဆောင်ချက်များ ပိုမိုများပြားလာပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ထိခိုက် စေနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့၏ အဆိုပါ ထုတ်ပြန်ကြေကြာချက်တွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း အတွင်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကြောင့် “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ဖေါ်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဆန်းဝင်း မှ ကျေးရွာ လူထုကို မတ်လ ၁၆ ရက်နေ့တွင် သူ၏ပါတီ အစည်းအဝေးသို့ တအိမ်တယောက် မတက်မနေရ တက်ရောက်ရန် အမိန့်ပေး ဖိတ်ကြားခြင်း ရှိသည်ဟု NLD မှ စွပ်စွဲထားပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒေါက်တာဆန်းဝင်း က ပုတ်ခတ် ပြောဆိုမှုများ ရှိသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ မတ်လ ၃၀ နှင့် ၃၁ ရက်နေ့များတွင်သာ ကြိုတင်မဲ ကောက်ယူရန် ညွှန်ကြား ထားသော်လည်း တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် ကြိုတင်မဲများ ကောက်ယူနေသည်ဟု အဆိုပါ ကြေညာချက် တွင် ဖေါ်ပြထားသည်။

ကြေညာချက်အရ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင်လည်း NLD ၏ ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ တနင်္ဂနွေနေ့ မဲဆွယ် စည်းရုံးမှုအတွင်း သစ်သားချွန်ဖြင့် ပစ်ခတ်မှု ကြုံခဲ့ရပြီး လုံခြုံရေး အဖွဲ့ဝင် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

NLD က ထုတ်ပြန်သည့် မတ်လ ၁၆ ရက်နေ့က ကြေညာချက်တွင်လည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းတွင် ရွာပေါင်း ၅၄ ရွာမှ သေဆုံးပြီးသူ ၄၁၃ ယောက် ပါဝင်နေခြင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်တွင် မတ်လ ၅ ရက်နေ့အထိ မဲဆန္ဒရှင် အရေတွက် ထုတ်ပြန်ပေးမှု မရှိသေးခြင်းများ ဖြစ်ပေါ်နေသည်ဟု ဖော်ပြ ပါရှိသည်။

ထိုဖြစ်ရပ်များအပြင် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ရှမ်းရေကျော် ကျေးရွာတွင်လည်း NLD ရုံးအတွင်း စိုက်ထူထား သော အလျား ၆ ပေ၊ အနံ ၄ ပေရှိ မဲဆွယ် ပိုစတာကြီး သုံးချပ်၊ မဲပေးနည်း ပိုစတာ တချပ်၊ စုစုပေါင်း လေးချပ်တို့အား မတ်လ ၁၆ ရက်နေ့က ချွန်ထက်သည့် အရာဖြင့် လှီးဖြတ်ထားမှု ကြုံခဲ့ရသည်ဟု မြောင်းမြမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။

“ဖျက်တာက ဦးမန်းဂျော်နီရဲ့ ပုံကို ထွင်းလှီးသွားတယ်။ ပိုစတာတိုင်းမှာ ဦးမန်းဂျော်နီရဲ့ပုံကို ထွင်းလှီးတာပေါ့။ မဲပေးနည်း လမ်းညွှန်မှာက ဦးမန်းဂျော်နီဆိုတဲ့ ပိုစတာနဲ့ အလယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမှတ်အသားနဲ့ နောက်က ကွက်လပ်ထဲမှာ အမှန်ခြစ် ပြထားတာပေါ့။ အဲဒီမှာ ဦးမန်းဂျော်နီဆိုတဲ့ စာသားကို လှီးထုတ်သွားတယ်” ဟု ပြောသည်။

အဆိုပါဖြစ်ရပ်ကို မြောင်းမြမြို့နယ် မြို့မရဲစခန်းတွင် တနင်္ဂနွေနေ့က အမှုဖွင့် တိုင်ကြားထားရာ ရဲစခန်းက အမှုအမှတ် ပ/၇၄ ဖြင့် လက်ခံထားပြီး ရှမ်းရေကျော် ရွာသို့ သွားရောက် စစ်ဆေးနေပြီဟုလည်း “ဟုတ်ပါတယ်ခင်ဗျာ့၊ ကျနော့် အမှုစစ် ခုပဲ ဆင်းသွားပါပြီ ခင်ဗျာ့” ဟု မြောင်းမြမြို့မ စခန်းမှူး ဦးစိန်ဝင်းက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာတွင်လည်း မတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီး တံခွန် မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာရွက်ငယ်များ ဖြန့်ဝေမှုများ ရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကန့်ဘလူ မဲစာရင်း အလွဲအမှား တသောင်းနီးပါးရှိဟု NLD ဆို

ဖနိဒါ
တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂

ချင်းမိုင်(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၃ နယ်မြေတွင် ပါဝင်သည့် ကန့်ဘလူ မြို့နယ် မဲစာရင်း လွဲမှားမှု အရေအတွက် တသောင်းနီးပါး ရှိနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီက ပြောသည်။

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၉၆ စု၌ ကျေးရွာပေါင်း ၂၇၁ ရွာ ရှိရာတွင် မဲပေးနိုင်သူဦးရေ ၁ သိန်း ၆ သောင်းကျော် ရှိသည့် အနက် လူဦးရေ တသောင်းနီးပါးမှာ မဲစာရင်း လွဲမှားမှု အမျိုးမျိုး ဖြစ်နေသည်ဟု NLD ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီဝင် ကိုဝင်းအောင် က ပြောသည်။

“ကျေးရွာမှာ မဲစာရင်းပြုစုတဲ့အခါမှာ ၂ဝ၁ဝ မဲစာရင်းတွေပဲ ပြန်သုံးထားတယ်။ သေတဲ့လူတွေ ပါတယ်။ နာမည် ထပ်တာတွေလည်း ရှိတယ်။ ‘မောင်’နဲ့ ‘မ’နဲ့ မှားတယ်။ မှတ်ပုံတင် နံပါတ်တွေ လွဲတယ်။ စာရင်းထဲမှာ မရှိတဲ့ နာမည်တွေ ပါတယ်။ အချို့ဆို တရွာလုံး အုပ်စုလိုက် မဲစာရင်း ပျောက်တယ်”ဟု ကိုဝင်းအောင်က ဆိုသည်။

စစ်ကိုင်းတိုင်း အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၃) တွင် မဲရုံပေါင်း ၄၅၆ ရုံရှိပြီး ကန့်ဘလူ မြို့နယ်တွင် ၁၈၆ ရုံ၊ ရေဦးမြို့တွင် ၇၉ ရုံ၊ ကျွန်းလှမြို့တွင် ၇၇ ရုံနှင့် တန့်ဆည်မြို့တွင် ၁၁၃ ရုံ ရှိကြောင်း သိရသည်။

ကန့်ဘလူ ကဲ့သို့ပင် ကျွန်းလှ၊ ရေဦး၊ တန့်ဆည် များတွင်လည်း မဲစာရင်း လွဲမှားမှုများ တွေ့ရကြောင်း၊ အရေအတွက် အတိအကျကို NLD အနေဖြင့် အသေးစိတ် စာရင်း ပြုစုနေဆဲ ဖြစ်ကြောင်း ကိုဝင်းအောင်က ပြောသည်။

ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာရှိ ဘုရားဝင်းအတွင်း တနင်္ဂနွေနေ့က ကြံ့ခိုင်ရေးပါတီ မဲဆွယ် ဟောပြောမှုများ ရှိသလို ပါတီနှင့် ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ် ပြောဆိုခြင်းများ ရှိခဲ့သဖြင့် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ရာ ရောက်ကြောင်း သူက ဆက်ပြောသည်။

“NLD က ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ၊ မဲပေးလို့ ဖြစ်မလား ပြောတယ်။ NLD က ဆင်းရဲတဲ့ပါတီ ဖြစ်တဲ့ အတွက် ဒီလို ပါတီကို ယုံပြီး မဲပေးလို့ ဖြစ်ပါ့မလားဆိုတာကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း ကိုယ်တိုင်က ပြောတာ”ဟု ဆိုသည်။

ထိုမဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မောင်ဝင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီမှ ဦးဘိုမြင့်အောင် နှင့် ပြည်သူ့ဒီမိုကရေစီပါတီမှ ဦးလှဆန်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

NLD ဗဟိုအောင်နိုင်ရေးအဖွဲ၏ တနင်္လာနေ့ သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် စမြင် ကျေးရွာ အုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ အစည်းအဝေးသို့ တအိမ် တယောက် မတက်မနေရ တက်ရောက်ရန် မတ်လ ၁၆ ရက်နေ့က ဆင့်ခေါ်ခြင်း၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ပုတ်ခတ် ဟောပြော ခြင်းများ ရှိသဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေသည်ဟု ဖော်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

လယ်ယာမြေ ဥပဒေ လယ်သမား အခွင့်အရေး အပြည့်အဝ မကာကွယ်နိုင်

မသိဂီ င်္ထိုက်
တနင်္လာ, 19 မတ် 2012

မြေလွတ်မြေရိုင်း ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ တွေကို မနေ့က တနလာင်္နေ့မှာ ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက် တာပါ။ဒီ ဥပဒေတွေက လယ်ယာမြေ အဓမ္မ သိမ်းဆည်း ခံနေရမှု တွေကိုတော့ အနည်း ငယ် အကာအကွယ် ပေးနိုင်မယ့် သဘောရှိပေမဲ့ လယ်သမားတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင် လုပ်ကိုင်ခွင့် နဲ့ မြေလွတ် မြေရိုင်း ပိုင်ဆိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ လွှတ်တော် အမတ် တချို့က သုံးသပ်ပါတယ်။ ဘာကြောင့် အခုလို သုံးသပ်ကြတာပါလဲ။ ဆက်သွယ် မေးမြန်းထား တဲ့ မသိဂီ င်္ထိုက်က အပြည့်အစုံ တင်ပြပေးပါမယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ မြေလွတ်မြေရိုင်း ဥပဒေမှာ ဆိုရင် စီးပွားရေး လုပ်ငန်းရှင် ကြီးတွေကို ဧက ငါးသောင်း အထိ ရယူ လုပ်ကိုင်ခွင့် ပေးထားပေမဲ့ မိရိုးဖလာ ဒေသခံ လယ်သမားတွေ မြေလွတ် မြေရိုင်း တွေ လုပ်ကိုင် လိုတယ် ဆိုရင်တော့ ဧက (၅၀) ထိဘဲ ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ မြေလွတ်မြေရိုင်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေ တွေ ကိုတော့ အစိုးရ အနေနဲ့ အဓမ္မ သိမ်းဆည်းတာ ဖယ်ခိုင်းတာတွေ မလုပ်ရဘူး ဆိုတာကို လွှတ်တော် အမတ် တွေက ထည့်သွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဦးစား ပေးထား တဲ့ ဥပဒေ ဖြစ်ပြီး ဒေသခံ လယ်သမားတွေကို နစ်နာ စေတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဝေဖန် လိုက်ပါတယ်။

“လုပ်ငန်းရှင် အကြီးကြီးတွေ ဆိုရင် တစ်ခါဆိုရင် ဧက ငါးသောင်း ခွင့်ပြုပါတယ်။ ပြီးရင်တော့ နောက်ထပ် သူတို့ ငါးထောင်၊ ငါးထောင် ဆီ ခွင့်ပြုမယ့် အလား အလာလည်း ထပ်ပြီး ရှိနေပါတယ်။ အဓိက ကတော့ ဒီ မြေလွတ် မြေရိုင်း ဥပဒေက ကျနော်တို့ ဒီ ဒေသခံ လုပ်ငန်းရှင်လေးတွေကိုတော့ ၁၀ ဧက လောက်ဘဲ သူက ပေးပါတယ်။ လုပ်ငန်းရှင်ကြီးတွေဆိုရင် မြေလွတ် မြေရိုင်းနဲ့ ကျနော်တို့ ငါးသောင်းအထိ ပေးပါတယ်။ အဲဒီ အပေါ် မှာ ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လာတဲ့ အခါမှာလည်း အဲဒီလိုဘဲ ပေးမှာပါခင်ဗျ။ ပြီးတော့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေ နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမယ့် သူတွေရဲ့ အဓိက ကတော့ သူတို့ အတွက် ပြဌာန်းပေးတယ် လို့ ဆိုနိုင်ပါတယ်။”

စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်တွေ ချထားပေးလာတာက ဒေသခံတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာ နိုင်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

“ဒေသခံတွေ အနေနဲ့ မိမိ ပတ်ဝန်းကျင်မှာလာပြီးတော့ ကုမ္ပဏီတွေ ပုဂ္ဂလိက အဖွဲ့အစည်းတွေက လာပြီး တော့ ရင်းနှီး မြုပ်နှံတဲ့ အခါမှာ သူတို့ရဲ့ ဓားမဦးချ လုပ်ကိုင် စားသောက်တဲ့ မြေတွေ၊ နောက်ပြီးတော့ ဒီ ကျေးရွာ ဘုံပိုင်မြေတွေ ပေါ့ဗျာ။ ဥပမာ ထင်းခုတ်မယ်။ ဝါးခုတ်မယ်။ သစ်ခုတ်မယ်။ နွယ်ဖြတ်မယ်။ အဲဒီ လို လုပ်ငန်းခွင် သုံး ပစ္စည်းတွေ အိမ်သုံး ပစ္စည်းတွေကို အဲဒါ အဲဒီ ဒေသတွေ ပါဝင်သွားတာပေါ့။ ဒေသခံတွေ လည်း တော်တော်ကို ဒုက္ခ ရောက်ပါတယ်။ ဒေသခံတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ အချက်အလက် တွေ လိုတာပေါ့။ နို့မို့ရင် ဒီ လုပ်ငန်းရှင်ကြီး တွေက အဲဒီ နေရာရောက်တော့ ဒေသခံတွေမှာ တော်တော့်ကို အကြပ် အတည်း ဖြစ်တာရှိပါတယ်။ တချို့ဆိုရင် တောမတက်ရ၊ တောတက်၊ တောင်တက် နေရာတောင် မရှိတော့ ဘူးဆို။ ကျွဲမြေ နွားမြေ လွှတ်ကျောင်းတဲ့ နေရာတွေ မရှိတော့ဘူး။ အဲဒီလို အခြေအနေမျိုး ဖြစ်သွားတဲ့ အခါမှာ သူတို့ အနေနဲ့ တော်တော်ကို ဒုက္ခရောက်တယ်။ အဲဒီတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ လုပ်ငန်းရှင်နဲ့ ဒီ အောက်ခြေ ဒေသခံတွေ နဲ့ ပြဿနာ ဖြစ်လာတာပေါ့။”

တနလာင်္နေ့မှာဘဲ လွှတ်တော် အတည်ပြုလိုက်တဲ့ လယ်ယာမြေ ဥပဒေကြမ်းဟာလည်း လယ်သမားတွေရဲ့ လယ်ယာ ပိုင်ဆိုင်ခွင့်ကို ပေးမထားပါဘူး။ လယ်သမားတွေ အနေနဲ့ လယ်ယာ လုပ်ပိုင်ခွင့်ကို စည်းမျဉ်း စည်းကမ်းနဲ့ အညီ လွှဲပြောင်းခွင့် ရှိတယ်လို့ ဥပဒေမှာ ဖော်ပြထားပေမဲ့ အစိုးရက လိုအပ်ရင် သိမ်းဆည်း ခွင့် ရှိတယ်လို့ အတိအကျ ဖော်ပြထားပါတယ်။ လယ်ယာမြေ ဥပဒေမှာ စားကျက် မြေတွေ သတ်မှတ်ပေးဖို့ ဖြည့်စွက် ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

“လယ်ယာမြေနဲ့ ပတ်သက်လို့ ခုနကလို မြေနုကျွန်းတို့၊ တခြား နှစ်ရှည်တို့၊ ယာတို့၊ တောင်ယာတို့၊ စပါးစိုက် တဲ့ လယ်မြေတို့ ဘာညာ ခွဲခြားတဲ့ အခါမှာ တိရစ္ဆာန် မွေးမြူရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတစ်ခုကိုလည်း ဥပဒေ အရ သတ်မှတ်တဲ့ နေရာမှာ မွေးမြူခွင့် ရှိရမယ် ဆိုတဲ့ ပုံစံ နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး လယ်ယာ မြေ မှာ တကယ် တကယ် လယ်လုပ် ကိရိယာဖြစ်တဲ့ ခိုင်းကျွဲ နွားတွေ တခြား လယ်လုပ် ကိရိယာ တွေ ကို ထားဖို့၊ သိုဖို့ အတွက် ထားခွင့်ပေါ့နော်။ ဟိုတုန်းကဆိုရင် Pasture ရှိတယ် ဗျ။ စားကျက်မြေ။ အခု စားကျက် မြေ လည်း ပျောက်ပျက်ကုန်ပါပြီ။ အဲဒါမျိုး ထားခွင့်ကို ကျနော်တို့ က မရခဲ့ပါဘူး။ ဒါပေမဲ့ လို့ လယ်ယာ မြေပေါ်မှာ ခုနကလို ဆန်စက်လို ဟာမျိုး စပါးလှောင်တဲ့ ဂိုဒေါင်ကြီးလိုဟာ မျိုး ဒါ တည်ထောင် ဆောက်လုပ် ထားတာ ခွင့်ပြုတဲ့ သဘော မို့လို့ ကျနော် အနေနဲ့ အဲဒါလေး ကိုတော့ ဆွေးနွေးခဲ့ပါတယ်။”

တနလာင်္နေ့ မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မြေလွတ်မြေရိုင်း ဥပဒေကြမ်း၊ လယ်ယာမြေ ဥပဒေကြမ်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ကြမ်းတွေကို အတည်ပြု ခဲ့ကြပါတယ်။ ဒီဥပဒေတွေကို သမ္မတ လက်မှတ် ရေးထိုး ပြီးရင်တော့ ဥပဒေ အဖြစ် ထွက်ပေါ်လာဖို့ရှိပါတယ်။ ဒီ ဥပဒေတွေမှာ လိုအပ်ချက်တွေတော့ အများ ကြီး ရှိနေပါတယ်။ လွှတ်တော် အမတ်တွေကတော့ ဒီဥပဒေတွေကို လက်တွေ့ ကျင့်သုံးလာတဲ့ အခါမှာ ပြည်သူ လူထုရဲ့ ထောက်ပြချက်နဲ့ လိုအပ်ချက်တွေကို လွှတ်တော်က ဆက်ပြီး ပြင်ဆင် သွားရအုံးမယ်လို့ ပြော ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့