..............................

Friday, February 18, 2011

လစ်ဗျား ရဲ စခန်း ကို ဆန္ဒပြသူများ မီးတင်ရှို့၊ အာရပ်အုံကြွမှု လှိုင်း အာဏာရှင်များ တောင့် မခံနိုင်

February 17, 2011

Revolution Without Border

Breaking News ။လစ်ဗျား နိုင်ငံ က သောကြာနေ့ကို အထွေထွေ သပိတ် စတင်မည့်နေ့ အဖြစ် သတ်မှတ်။

အမေရိကန် အမှတ် ၅ ရေတပ် မတော် အခြေစိုက် သည့် ဘာရိန်း နိုင်ငံ မနားမားတွင်မြို့တွင် ဆန္ဒပြသူများ ကို အင်အားသုံး ဖြိုခွဲမှုကြောင့် သေဆုံးသူ များပြား။

လစ်ဗျား နိုင်ငံ ပင်လယ်ကမ်းခြေမြို့ ဖြစ်သည့် ဘန်ဂါဇီ တွင် ဆန္ဒပြသူများ ရဲအင်အား ၃၀၀ ကျော် ရှိသည့် မြို့တော် ရဲစခန်းကို မီးတင် ရှို့လိုက်ကြသည်။ မြို့ တော် ထရီပိုလီ တွင်လည်း ဆန္ဒပြမှုများ အားကောင်းနေပြီး ၊ ဘာရိန်း နိုင်ငံတွင်မူ နိုင်ငံလုံးကျွတ် ဆန္ဒပြ နေကြကာ၊ အီရတ် တွင်မူ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အစိုးရရုံးကို မီးရှို့လိုက်ကြသည်။

လစ်ဗျား ပြည်သူများက နိုင်ငံ ကို ၄၂ နှစ်ကြာ အုပ်ချုပ် ထားသည့် အာဏာရှင် လစ်ဗျား ခေါင်းဆောင် အသက် ၆၈ နှစ် အရွယ်ရှိ မွမ်မါ ကဒါဖီ နှုတ်ထွက်ရန် တောင်းဆိုထားသည်။

အီရတ်၊ အီရန်၊ လစ်ဗျား၊ ယီမင်၊ ဘာရိန်း တို့ ဆက်လက် ဆန္ဒပြ နေကြပြီး ဂျော်ဒန်၊ မြန်မာ၊ ထိုင်း နှင့် ကမ္ဘောဒီးယား တို့တွင် မငြိမ်မသက် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများ က သုံးသပ် ထားကြသည်။

ယနေ့ အမေရိကန် နိုင်ငံ ဟားဗတ် တက္ကသိုလ်ဉ် ကျင်းပသည့် အီဂျစ် အုံကြွမှု နှင့် ဒီမိုကရေစီလှိုင်း အမည်ရှိ ဆွေးနွေးပွဲ တွင် ထိုလှိုင်းသည် မြန်မာနိုင်ငံ သို့လည်း ရိုက်ခတ် နိုင်ကာ စစ်တပ် အနေဖြင့် ဒီမိုကရေစီဘက် ရုတ်ခြည်း ရပ်တည် နိုင်သည်။ သတင်းဆက်သွယ်ရေး နည်းပညာ ထွန်းကားသည့် ကာလအတွက် အားအပျော့ ( Soft Power) က အဆုံးစွန် ကိုင်လှုပ် နိုင်သည်ဟု အီဂျစ် နိုင်ငံသား အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ တာရခ် မာဆွတ်က သုံးသပ်သည်။

ဘာရိန်း နိုင်ငံ ပုလဲ ရင်ပြင်တွင် ဆန္ဒပြသူများ ကို ရဲတပ်ဖွဲ့ဝင်များ က အင်အား သုံး၍ ယနေ့ အရုဏ်တက်တွင် ၀င်ရောက် ဖြိုခွဲရာ ဆန္ဒပြသူ နှစ်ဦး သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာ ရရှိသည်။

ဆန္ဒပြ ပွဲများ တွင် လူမှု မီဒီယာများ နှင့် ခေတ်ပေါ်နည်း ပညာများကို မည်သို့ အသုံးချရမည်ကို
Ref: ဤနေရာ တွင်ကြည့်ပါ။

Ref: Freedom News Group

Read More...

ဘာရိမ်း လူထုဆန္ဒပြပွဲ ချေမှုန်းမှု အမေရိကန်နဲ့ ကုလသမဂ္ဂ စိုးရိမ်

ကြာသပတေး, 17 ဖေဖော်ဝါရီ 2011

ဘာရိမ်းနိုင်ငံ မြို့တော်က ပုလဲရင်ပြင်ထဲမှာ စခန်းချပြီး အစိုးရ ဆန့်ကျင် ဆန္ဒပြနေကြတဲ့ သူတွေကို လုံခြုံရေး တပ်သားတွေက ချေမှုန်း ခဲ့တာနဲ့ ပတ်သက်ပြီး ဘာရိမ်း နိုင်ငံခြားရေး ၀န်ကြီးက ခုခံ ပြောဆို လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဘာရိမ်း နိုင်ငံခြားရေး ၀န်ကြီးကို ဆက်သွယ်ပြီး ဆန္ဒပြသူတွေကို ချေမှုန်းတဲ့ အတွက် သိပ်ကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ကလည်း ဘာရိမ်း အိမ်ရှေ့မင်းသားကို ကြာသပတေး နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ဆွေးနွေး ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ဘာရိမ်းနိုင်ငံဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူတွေကို အကြမ်းဖက် တာတွေ မလုပ်သင့်ဘူးလို့ အမေရိကန် နိုင်ငံက ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ပုလဲရင်ပြင်မှာ အဓိကရုဏ်းရဲတွေနဲ့ နှိမ်နင်းမှုကြောင့် ကျဆုံး သွားခဲ့ရ သူတွေနဲ့ မိသားစု ၀င်တွေ အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ၀မ်းနည်းကြောင်း သတင်း ပါးခဲ့တယ်လို့ အိမ်ဖြူပြောခွင့်ရ ဂျေးကာနေ (Jay Carney) က ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေကို မလိုအပ်ဘဲ အင်အားသုံး နှိမ်နင်းရာမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ အတွက်လည်း ဘာရိမ်း နိုင်ငံကို တိုက်တွန်း လိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတလွှားက အစိုးရတွေ အနေနဲ့ နိုင်ငံရဲ့ လူမှု အဖွဲ့အစည်းတွေ ပွင့်လင်း လာအောင် လုပ်ဆောင်ပေးဖို့ တာဝန် ယူဖို့နဲ့ လူထု မြတ်နိုးမှု ရအောင် လုပ်ဖို့လိုတယ်လို့ အိုဘားမား အစိုးရ အဖွဲ့က ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ဘာရိမ်းက သတင်းတွေအရ ပြဿနာတွေ သိပ်ကြီးနေပြီဖြစ်ကြောင်း သိရကြောင်းနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြသူတွေကို အကြမ်း မဖက်သင့်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

မြို့တော် မနားမားက ပုလဲရင်ပြင်ထဲမှာ ဆန္ဒပြသူတွေဟာ အစိုးရကိုရော၊ နိုင်ငံတော်ကိုပါ ပုန်ကန် ကြသူတွေ ဖြစ်ကြောင်း ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘာရိမ်း နိုင်ငံခြားရေး ၀န်ကြီး ရှိတ်ခ် ခါလစ် ဘင် အာမက် ခါလီဖာ (Sheikh Khalid bin Ahmed Khalifa) က ပြောပါတယ်။

ကြာသပတေးနေ့ အရုဏ်မတက်ခင် ရင်ပြင်ကို ၀င်ပြီးသိမ်းတဲ့ လုံခြုံရေး တပ်သားတွေက သူတို့ မသိမ်းခင် ရင်ပြင်ထဲမှာ စခန်းချ နေသူတွေကို ထွက်သွားဖို့ အတွက် ပြောကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပုလဲရင်ပြင်ကို ရဲတွေ ၀င်ရောက် သိမ်းပိုက်ခဲ့ရာမှာ ၃ ဦးသေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဘာရိမ်း ကျန်းမာရေး ၀န်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အနောက်တိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဆန္ဒပြသူ အများအပြား ပျောက်ဆုံး နေတယ်လို့လည်း သိရပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်ပြောင်းမည်

ကျော်ခ |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လက်ရှိ နေထိုင်ရာ ဇေယျာ သီရီမြို့နယ် စစ်တပ်ဝင်းမှ ဇဗ္ဗူသီရိ မြို့နယ်သို့ မကြာခင် ပြောင်းရွှေ့တော့မည်ဟု နေပြည်တော် စစ်ဘက် သတင်း ရပ်ကွက်များက ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ခေါင်းဆောင် အဖြစ် ဆက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မိသားစုသည် ဇဗ္ဗူသီရီမြို့နယ် ရာဇဌာနီ လမ်းမကြီး အရှေ့ဘက် ပေ ၂ဝဝ ပတ်လည် အကျယ်ရှိ နေအိမ်သို့ ပြောင်းရွှေ့မှာ ဖြစ်သည်။

ခြံဝင်းထဲတွင် ဝန်ထမ်းများ သီးသန့် နေထိုင်ရန် အိမ်တလုံး၊ ကားဂိုဒေါင်၊ အပန်းဖြေတဲ တခု ပါဝင်ကာ ၈ ပေခန့် အမြင့်ရှိ တံတိုင်းနှစ်ထပ် ခြံစည်းရိုးဖြင့် ကာရံထားသည်။

၎င်းအိမ်နှင့် အိမ်နီးချင်းများမှာ စစ်အစိုးရ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သမ္မတက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အဆိုတင်ထားသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်သည်။

တောင်တန်းကို ကျောပေးထားသော အိမ်ယာများ၏ မျက်နှာစာတွင် ကွင်းပြင်သာရှိပြီး နေပြည်တော်ရှိ ဥပ္ဗါတသန္ဓိ စေတီတော်ကို အထင်းသား ဖူးမျှော်နိုင်သည်။ ခြံဝင်း တခုချင်းစီ၏ အပြင်ဘက်တွင် ပေ ၂ဝ ခန့် ကျယ်ဝန်းသည့် ခြံပတ် လမ်းများလည်း ပြုလုပ်ထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို မျိုးဆက်သစ်သို့ လွှဲပြောင်းပေးမှာ ဖြစ်သည်ဟု ယုံကြည်ရသော အသက်ရွယ်ကြီး စစ်ခေါင်းဆောင်၏ လုံခြုံရေးမှာ ထိပ်ဆုံး အဆင့် ဖြစ်သည်။ နေပြည်တော် မြို့တွင်းမှာပင် အကြမ်းဖက် နှိမ်နင်းရေး ကိုယ်ရံတော် တပ်ဖွဲ့ဝင်များ လိုက်ပါသော လုံခြုံရေးကား ရှေ့ ၄ စီး၊ နောက် ၄ စီး ခြံရံ သွားလာလေ့ရှိသည်။

အသစ်ပြောင်းရွှေ့မည့် နေအိမ်သို့ နေ့ခင်းဘက်များတွင် လာရောက်ကြည့်ရှု့ သည်မှာ သီတင်းပတ် တပတ်ကျော် ရှိသွားပြီ ဖြစ်ကာ ညပိုင်း ရောက်မှသာ ဇေယျာသီရိသို့ ပြန်လေ့ရှိသည်ဟု မျက်မြင် တွေ့ရှိသူများက ပြောသည်။ ထို့အပြင် ဆင်ဖြူတော် ထားရှိရာ သို့လည်း တခါတရံ လှည့်လည် ကြည့်ရှုလေ့ရှိသည်။

ဇေယျာသီရိရှိ စစ်ရုံးဟု လူသိများသော စစ်တပ်ဝင်း အတွင်း စစ်ဘက် အရာရှိကြီးများ၊ ဝန်ကြီး အဖွဲ့ဝင်များ နေခဲ့ကြသည်။

လက်ရှိရာထူးမှ အနားယူမည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကပင် နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေအိမ်သစ်သို့ သောကြာနေ့တွင်ပင် ပြောင်းရွှေ့လိမ့်မည်ဟု သတင်း ပေးသူက ပြောသည်။ သို့သော် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

လုံခြုံရေးကြောင့် ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦး၏ နေအိမ်ရှေ့ရှိ လယ်ကွင်းများကို သိမ်းယူမည်ဟု ဇဗ္ဗူသီရီ မြို့ခံများက ထင်ကြေး ပေးနေကြသည်။

ထိုသို့ဖြစ်နေချိန်တွင် နိုင်ငံရေး အသိုင်းအဝိုင်းတွင် ရေပန်းစားနေသော ကောလာဟလ တခုမှာ အစိုးရသစ် အတွက် သမ္မတနှင့် ဒုသမ္မတ ရွေးချယ်မှု အပေါ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက ကျေနပ်မှု မရှိဟူသော အပြောဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

သန်းရွှေ က အောင်သိန်းလင်း ကို ကန်ထုတ်လိုက်ပြီ

February 17, 2011

လမ်းတခြမ်းခင်း အောင်သိန်းလင်း လို့ နာမည်ကြီးလှတဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ကို မြို့ဝန်ရာထူး ပြန်ပြီး မခန့်တဲ့ အတွက် အောင်သိန်းလင်း ဟာ ဗခ သန်းရွှေကို မကျေမနပ် ဖြစ်နေတယ်။

ရွေးကောက်ပွဲတုန်းက ကုန်ကျ ထားတာတွေ ရွေးကောက်ပွဲနိုင်ပြီးမှာ ပြန်ရှာဖို့ အားခဲ ထားပေမဲ့ အောင်သိန်းလင်း ကို သန်းရွှေ က သာမန် လွတ်တော်အမတ် ဘ၀နဲ့ပဲ ချောင်ထိုး ထားလိုက်တဲ့ အတွက် အောင်သိန်းလင်း က စားခွက် ပျောက်နေပါတယ်။ ရွေးကောက်ပွဲမှာ သူက ကြံ့ဖွတ်ဖက်က နိုင်အောင် ရန်ကုန်တိုင်းက အတက်ကြွဆုံး လုပ်ပေးခဲ့ရတယ်။

ဒီလောက်လုပ်ပေးခဲ့ရတဲ့သူကို သန်းရွှေ က ချောင်ထိုးထားတဲ့ အတွက် သူက ခံစားချက် ဖြစ်နေပါတယ်။ သူခံစားချက်က ပြင်းထန်ပါတယ်။ ငွေတွေ သောက်သောက်လဲ ကုန်ထားတယ်လို့ သိရတယ်။ အောင်သိန်းလင်း မိန်းမ ဒေါက်တာ ခင်စန်းနွယ် က ခုဆိုရင် ဒေါ်ကြိုင်ကြိုင် ဆန့်ကျင်ရေးကို တက် တက်ကြွကြွ လုပ်ဆောင် နေတယ်လို့ သိရတယ်။

မြို့တော်ဝန်ပြုတ် အောင်သိန်းလင်း

သူတို့လည်းစားတာပဲ၊ ဒို့လည်း စားရမှာပဲလို့ ဆိုတယ်။ စီးပွားရေး သမားတွေ က သူ့ကို လာဘ်ထိုးဖို့ ဆိုရင် သူ့မိန်းမ ဒေါက်တာ ခင်စန်းနွယ် က တဆင့် ၀င်ရတယ်။ သူမိန်းမဟာလည်း အလွန် စားတဲ့သူ ဖြစ်တယ်။

သန်းရွှေက ရန်ကုန်မြို့တော်ဝန်အသစ်ကို ဗမ လှမြင့် ကို ခန့်လိုက်တယ်။ အခု ဗမ လှမြင့် က အောင်သိန်းးလင်း ကို အိမ်ပေါ်ကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့ အခါမှာ အောင်သိန်းလင်းဟာ ဒေါသူပုန် ထနေတယ်လို့ သိရ တယ်။ အိမ်ပေါ်ကနေ ဆင်းပေးရမယ့် အခြေအနေ ဖြစ်နေတယ်။ အိမ်က ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ့မှာ ရှိပါတယ်။

မောင်သိန်းနိုင် (နေပြည်တော်)


Ref: နေ့သစ်

Read More...

ဦးတင်အေးကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌခန့်ရန် အဆိုတင်သွင်း

Thursday, 17 February 2011

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အဆို တင်သွင်း လိုက်သည်။

အစိုးရအဖွဲ့တွင် အဓိက အရေးကြီး ရာထူးနေရာ တခုဖြစ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် နေသော ဦးသိန်းစိုးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်မည် ဖြစ်သောကြောင့် လစ်လပ် သွားသော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နေရာ အတွက် ဦးတင်အေးကို ခန့်အပ်ရန် မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်လွှာ တင်သွင်း စေခြင်းဖြစ်ကြောင်း နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ သိရသည်။

“ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီတခုရဲ့ လွှတ်တော် ကိုယ်စားလှယ် မဖြစ်ရဘူးလို့ ဥပဒေမှာ တရားဝင် ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် ဦးတင်အေးက လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက် လိုက်တာပါ” ဟု နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ စစ် အရာရှိကြီး တဦးက ပြောသည်။

နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဌာနကြီး ၆ ခုကို ဖွဲ့စည်း ရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်း များမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦးကို လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို လည်းကောင်း ခန့်အပ်ပြီး ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စု ၀န်ကြီးနှင့် အဆင့် တူညီပြီး တလလျှင် လစာ ကျပ် သိန်း ၃၀ ရရှိမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးတင်အေးအား တရားဝင် ခန့်အပ်ပြီးပါက အစိုးရ ရာထူး နေရာများ ရယူလိုက်သဖြင့် လွှတ်တော် ကိုယ်စားလှယ် လစ်လပ် သွားသော မဲဆန္ဒနယ် များတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး ကိစ္စ၊ မဲမသမာမှုများနှင့် ရွေးကောက်ပွဲတွင် အနိုင်ယူခဲ့သည် ဆိုသော တိုင်တန်းချက်များ အပါအ၀င် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကြံ့ဖွံ့ပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်သည် ဆိုသော သတင်းကို အစိုးရပိုင် သတင်း မီဒီယာများတွင် ထုတ်ပြန် ကြေညာခြင်း မပြုခဲ့ပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကလည်း သမ္မတ၏ တင်သွင်း အဆိုပြုချက်ကို တရားဝင် အတည်ပြု ပေးခဲ့ပြီးဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ဒုဗိုလ်ချုပ်မှူးကြီးသားမက် စည်းကမ်းမလိုက်နာသဖြင့် တပ်ကထွက်ရ

Thursday, 17 February 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သားမက်ဖြစ်သူ ဗိုလ်မှူး ပြည်အောင်ကို တပ်စည်းကမ်း မလိုက်နာမှုဖြင့် စစ်တပ်မှ ထုတ်ပယ် လိုက်ကြောင်း စစ်ဘက် အသိုင်းအ၀န်းတွင် ပြောနေကြသည်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တဦးတည်းသော သမီး မနန္ဒာအေးနှင့် လက်ထပ်ထားသူ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း၏ သား ဗိုလ်မှူး ပြည်အောင်သည် ဗိုလ်မှူးများ မဖြစ်မနေ တက်ရောက်ရမည့် တပ်ရင်းမှူး သင်တန်းကို မတက်ဘဲ တရုတ်နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း၊ ထိုသို့ သင်တန်း ပျက်ကွက်ခဲ့ခြင်းကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသိပေး တိုင်ကြားခဲ့ရာမှ ဗိုလ်မှူး ပြည်အောင်ကို တပ်စည်းကမ်း မလိုက်နာမှုဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော် စစ်တပ် အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်မှူးကြီးက နောက်မှာ ရာထူးတက်ဖို့ စောင့်နေတဲ့ တပ်မတော် အရာရှိတွေ တန်းစီနေတာ၊ ပြည်အောင် စည်းကမ်း ပျက်လို့ နောက်လူတွေ သင်တန်းတက်ဖို့ ကသောင်းကနင်း ဖြစ်တယ်၊ နောက်ပြီး တပ်မတော် အရာရှိက သက်ဆိုင်ရာကို
အကြောင်း မကြားဘဲ နိုင်ငံရပ်ခြားကို ထွက်တယ်။ ဒါတွေက ကြီးလေးတဲ့ အပြစ်တွေပဲ ဆိုပြီး တပ်ကထုတ်ဖို့ မင်းအောင်လှိုင် ကို ညွှန်ကြား တာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ပြောသည်။

ဗိုလ်မှူးပြည်အောင်ကို တပ်မှ ထုတ်ပယ်ခြင်းအပေါ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက မကျေနပ်သော်လည်း စည်းကမ်း ပျက်ကွက်ခြင်းကြောင့် ထုတ်ပယ်ခြင်း ဖြစ်သည်ဆိုသော အကြောင်းပြချက် ခိုင်လုံသဖြင့် မည်သို့မျှ မပြောသာဘဲ နှုတ်ဆိတ် နေရသည်ဟု သိရှိရသည်။

ဗိုလ်မှူးပြည်အောင်၊ ဦးနေအောင် အပါအ၀င် ဦးအောင်သောင်း၏ သားများသည် IGE ကုမ္ပဏီကို တည်ထောင်ထားပြီး သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ကန်ထရိုက် ရရှိထားသောကြောင့် မကြာခဏ ဆိုသလို တရုတ်ပြည်သို့ ရက်ရှည် ခရီးသွားရောက်ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ကိစ္စဆွေးနွေးခြင်း၊ တရုတ် နည်းပညာများကို သွားရောက် လေ့လာခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

IGE ကုမ္ပဏီသည် ကျောက်မျက်ရတနာ လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း၊ အမရာ ဘဏ်လုပ်ငန်း အပါအ၀င် ပြည်တွင်း စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်လျက်ရှိပြီး အစိုးရပိုင် ဟိုတယ်များ၊ မြေကွက်နှင့် စက်ရုံများ ကိုလည်း လွှဲပြောင်း ရယူလျက်ရှိသည်ဟု သိရှိရသည်။


Ref: ဧရာဝတီ်

Read More...

တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် ၁၂ ခု စုပေါင်း၍ Union Army ဖွဲ့စည်း

Thursday, 17 February 2011

ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနယ်စပ် တနေရာ၌ ကျင်းပသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (United nationality Federal Council) UNFC ပထမ ညီလာခံမှ Union Army တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ညီလာခံ တက်ရောက် ခဲ့သူ တဦးက ပြောပြသည်။

UNFC ညီလာခံအား Committee for Emergence of Federal Union (CEFU )၊ National Democratic Front (NDF) ၊ United nationality League for Democracy- Liberty Area (UNLD-LA ) တို့ ကမကထပြု ကျင်းပ၍ ဖက်ဒရယ် ကောင်စီ ဆိုင်ရာ ဖွဲ့စည်းပုံ ကိုလည်း ချမှတ်နိုင်ခဲ့၏။

ညီလာခံမှသဘောတူ ဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ကောင်စီ အောက်၌ (၁) နိုင်ငံရေး ဦးဆောင် အဖွဲ့ Political Leading Bureau – (၂) ဗဟိုကော်မတီ Central Committee နှင့် (၃) ဗဟို အလုပ်အမှုဆောင် ကော်မတီ Central Executive Committee ဟူသော အဓိက ၃ ရပ် ထပ်မံ ဖွဲ့စည်းပြီး ဗဟို အလုပ်အမှုဆောင် CEC အောက်တွင် နိုင်ငံရေး ဌာန Political Department နှင့် ကာကွယ်ရေး ဌာန Defense Department ထားရှိကြောင်း သိရသည်။

CEC ဉက္ကဌ အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒု ဥက္ကဌ ( ၁ ) အဖြစ် KIO မှဒု-ဗိုလ်ချုပ်ကြီး ကောရီဇော်ဆိုင်း၊ ဒု ဥက္ကဌ ( ၂ ) အဖြစ် KNPP မှ ဗိုလ်ချုပ် အေပယ်ရတွိတ်၊ အတွင်းရေးမှူး အဖြစ် NMSP မှ နိုင်ဟံသာ၊ ဒု အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO နှင့် ဒု-အတွင်း ရေးမှူး(၂) ရွှေမျိုးသန့်တို့ ဖြစ်ကြသည်။

နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau တွင် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အဲန်ဘန်းလှအောင်၊ CNF မှ ဇင်ကျုံးနှင့် NMSP ဥက္ကဌ နိုင်ထောမွန် တို့ တာဝန်ယူ ကြသည်။

နိုင်ငံရေးဌာန Political Department နှင့် ကာကွယ်ရေး ဌာန Defense Department ကို C E C မှ ဒု ဥက္ကဌ (၁) နှင့် ဒု ဥက္ကဌ (၂) တို့ တာဝန် ယူကြမည် ဟုလည်း ဖွဲ့စည်းပုံတွင် ပါရှိသည်။

နိုင်ငံရေးဌာန Political Department တွင်လည်း ဥပဒေရေးရာ၊ ပြည်ထဲရေး နှင့် နိုင်ငံခြားရေး ကဏ္ဍ၊ ကာကွယ် ရေးဌာန Defense Department တွင် မြောက်ပိုင်း စစ်ဒေသ (တရုတ်-မြန်မာနယ် စပ်)၊ အရှေ့ပိုင်း စစ်ဒေသ (ထိုင်း-မြန်မာ နယ်စပ်)၊ အနောက်ပိုင်း စစ်ဒေသ ( အိန္ဒိယ-မြန်မာနယ်စပ်) နှင့် အထူး စစ်ဒေသ ဟူ၍ သတ်မှတ်ပြီး Union Army ပြည်ထောင်စု တပ်မတော်ဟု သတ်မှတ်ကြောင်း သိရသည်။

ဖက်ဒရယ် ကောင်စီ ဌာနချုပ်ရုံး လက်အောက်၌ ပြန်ကြားရေး အဖွဲ့နှင့် ဘဏ္ဌာရေး အဖွဲ့ ထားရှိရန်လည်း သဘောတူကြောင်း ညီလာခံ တက်ရောက်သည့် အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အပြင် ၁၆ မျက်နှာ ၊ ၉ ခန်းနှင့် ပုဒ်မ ၃၂ ရှိ UNFC ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံ မူကြမ်းကိုလည်း ရေးဆွဲနိုင်ခဲ့သည် ဟု ဆို၏။

တက်ရောက်သူ ၅၃ ဦး ရှိသည့် ညီလာခံတွင် အဖွဲ့ဝင် ၁၂ ဖွဲ့ ပါဝင်သော UNFC ကို ဖွဲ့စည်း လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

၎င်း ၁၂ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင် လွတ်လပ်ရေး အဖွဲ့ချုပ် KIO ၊ ကရင်အမျိုးသား အဖွဲ့ချုပ် KNO ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ၊ ကရင် အမျိုးသား အစည်းအရုံး KNU ၊ လားဟူ ဒီမိုကရက်တစ် အစည်း အရုံး LDU ၊ ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ NUPA ၊ မွန်ပြည်သစ် ပါတီ NMSP ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးPSLF၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ - သျှမ်းပြည် တပ်မတော် SSPP-SSA နှင့် ဝ အမျိုးသား အဖွဲ့ချုပ် WNO တို့ ဖြစ်ကြသည်။

UNFC ၏ ထူးခြားချက်တခုမှာ အဖွဲ့အစည်း နှင့် ပြည်နယ် အခြေခံ အပြင် တိုင်းရင်းသား လူမျိုးစု အခြေခံဖြင့် ဖွဲ့စည်း ထားကြောင်း (တပ်ပေါင်းစု အခြေခံကိုမူ လက်မခံသေးကြောင်း) သိရသည်။

UNFC ၏ အတွင်းရေးမှူးလည်းဖြစ်၊ ညီလာခံ ဉက္ကဌလည်းဖြစ်သော နိုင်ဟံသာက - UNFC ၏ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံ ဥပဒေ ကို လက်ခံသည့် မည်သည့် အဖွဲ့အစည်းမဆို အဖွဲ့ဝင်အဖြစ် ကြိုဆိုကြောင်း ညီလာခံ၌ ပြောကြားခဲ့ သည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရင်းနှီးမြှုပ်နှံသူများအတွက် အထူးစီးပွားရေးဇုန် ဥပဒေ ပြဋ္ဌာန်း

Thea Forbes |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ နအဖ စစ်ကောင်စီက `နိုင်ငံတော်၏ စီးပွားရေး အရှိန်အဟုန်ကို ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်´ အတွက်ဟူ၍ မြန်မာနိုင်ငံ အထူး စီးပွားရေးဇုန် ဥပဒေကို မကြာသေးခင်က ပြဋ္ဌာန်း ကြေညာလိုက်သည်။

အဆိုပါ ဥပဒေသည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို စီးပွားရေး မက်လုံးများ၊ တည်ငြိမ်မှု ရှိရပါစေ့မည် ဟူသော ကတိ ကဝတ်များ ပေးပြီး ဆွဲဆောင်ရန် ကြိုးပန်းချက် တရပ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရှင်းကျင့်ရှိ တရုတ် အထူးစီးပွားရေးဇုန်သို့ လည်ပတ် လေ့လာခဲ့ရာမှ မြန်မာ နိုင်ငံတွင်လည်း အလားတူ စီးပွားရေးဇုန်မျိုး ထူထောင်ရန် အကြံ ရလာခဲ့သည်ဟု ယုံကြည်ရသည်။

ဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် နိုင်ငံတော်၏ အဆင့်မြင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးရန်နှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်စေရန် ဟူ၍ ပါရှိသည်။

ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ၊ မြေယာ အဆောက် အအုံ ဖော်ထုတ် တည်ဆောက်မည့် သူများကို အချို့သော အခွင့်ထူးများ ပေးထားသည်။

ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများသည် `ထုတ်လုပ်မှုသော်၎င်း၊ ဝန်ဆောင်မှုသော်၎င်း စတင်သည့် နေ့မှစ၍ ပထမ ၅ နှစ် အတွင်း ပင်လယ်ရပ်ခြား တင်ပို့ ရောင်းချရ ငွေများအား အမြတ်ခွန် ကင်းလွတ်ခွင့်´ လျှောက်ထား နိုင်သည်ဟု ဆိုသည်။

ဤသို့ ပထမ ၅ နှစ်ပြီးနောက် ဒုတိယ ၅ နှစ်ကာလတွင်လည်း အမြတ်ခွန် ၅ဝ % သက်သာခွင့်ကို ထပ်မံ လျှောက်ထား နိုင်သေးသည်။ အရင်း အနှီးများ ထပ်ထည့်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည် ဆိုပါက မိမိတို့ စီးပွားရေး လုပ်ငန်းများ၏ တတိယ ၅ နှစ် အတွင်း ရရှိလာသည့် အမြတ်ငွေများမှလည်း နောက်ထပ် ၅ဝ % သက်သာခွင့် ထပ်မံ လျှောက်ထား နိုင်သေးသည်။

မိမိတို့လုပ်ငန်းများတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းများ အတွက်လည်း ရင်းနှီး မြှုပ်နှံသူများသည် အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိကြမည်ဖြစ်ကာ `အထူး စီးပွားရေးဇုန် အတွင်း ထုတ်လုပ်သော ပို့ကုန်ပစ္စည်းများ အတွက်လည်း ကူးသန်း ရောင်းဝယ်ရေး ခွန်နှင့် ထပ်ဆင့်တိုး တဖ်ဘိုးခွန် (VAT) လွတ်ငြိမ်းခွင့်ပြုရန် လျှောက်ထားနိုင်သည်´။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီသည် သက်ဆိုင်ရာ အစိုးရ ဌာနများနှင့် ပူးပေါင်းညှိနှိုင်း၍ `ရင်းနှီး မြှုပ်နှံသူများ၏ ဥစ္စာပစ္စည်း၊ အမြတ်နှင့် အခြား အခွင့်အရေးများကို တည်ဆဲ ဥပဒေများနှင့် အညီ အကာအကွယ် ပေးသွားမည်´ ဟု အထူး စီးပွားရေးဇုန် ဥပဒေတွင် ဖော်ပြထားသည်။

သို့သော် အထူးစီးပွားရေးဇုန်နှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်နိုင်ကာ စစ်မှန်သော စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်နိုင်ရေး အတွက် တိုင်းပြည် စီးပွားရေးတွင် နိုင်ငံတော်က ဝင်ရောက် စွက်ဖက်နေခြင်း များနှင့် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေသော ကိုယ့်လူကိုယ် အခွင့်အရေး ပေးသည့် စနစ်ကို တကယ်တမ်း ထိန်းချုပ် ဟန့်တားခြင်း ပြုနိုင်မည်လော ဆိုသည့် အချက်ကိုမူ စောင့်ကြည့် ရဦးမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံ မက်ကွဲယားတက္ကသိုလ် (Macquarie University) ရှိ မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အဖွဲ့ကြီးမှ ရှောင်တားနဲလ် Sean Turnell ကမူ နအဖ သည် အထူး စီးပွားရေးဇုန်တရပ် အမှန်တကယ် မည်သို့ လည်ပတ် လုပ်ကိုင်နေသည် ဆိုသည်ကို အပေါ်ယံမျှသာ နားလည်သည်ဟု ဆိုသည်။

`မြန်မာ့စီးပွားရေး အခင်းအကျင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အမှန်တကယ် ပေါ်ပေါက် နေသည် ဟူသည့် မည်သည့် အရိပ်အယောင်မျှ မတွေ့ရသေးပါ။ တကယ်တော့ ဒါနဲ့ ဆန့်ကျင်ဘက် တွေသာ ဖြစ်နေတယ်လို့ ကျနော် ပြောချင်ပါတယ်။ ရှိခဲ့တယ် ဆိုရင်တောင် ရွေးကောက်ပွဲ ပြီးကတည်းက ပိုလို့တောင် နောက်ပြန် ဆုတ်ကုန်သေးတယ်´ ဟု သူက မဇ္ဈိမကို ပြောသည်။

`စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ရင် တကယ်ကို နောက်ပြန်ဆုတ်နေတာပါ။ ခေါင်းဆောင်မှု ကလည်း အရင်အတိုင်းပဲ၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းကို အလွန် ဆန့်ကျင်တဲ့ သူတွေ´ ဟု သူက ဆိုသည်။

တိုင်းပြည်တွင်း တည်ငြိမ်မှုမရှိခြင်း၊ အခြေခံအဆောက်အအုံ ချို့တဲ့ခြင်း၊ ယုံကြည်စိတ်ချရမှု နည်းပါးခြင်း စသည် တို့ကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ အတွက် မြန်မာ့ အထူးစီးပွားရေး ဇုန်အတွင်း ဝင်ရောက် လုပ်ကိုင်၍ အကျိုးအမြတ် ရရှိရန်သော်၎င်း၊ အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင် လုပ်ကိုင် ဆောင်ရွက်ရန်၎င်း အားပျက်ဖွယ် ဖြစ်နေသည်။

`မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေရဲ့ ပြဿနာကြီးက၊ ဟုတ်ပြီ .. ဒါ ဥပဒေတခုပဲ ဆိုပါတော့၊ ဒါပေမဲ့ ဒီဥပဒေထဲ တကယ်တမ်း ဘာပါတယ် ဆိုတာကို ကျနော်တို့ ကြည့်ဖို့ လိုသေးတယ်´ ဟု တားနဲလ်က ပြောသည်။

သူက မြန်မာတိုင်းဂျာနယ် တည်ထောင်သူ ရော့စ်ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ဖောက်ဖျက် မှုများဖြင့် မကြာ သေးခင်က ဖမ်းဆီး ခဲ့သည်ကို ထောက်ပြသည်။ သူနှင့်အတူ ဂျာနယ်ကို ပူးတွဲပိုင်ဆိုင်သူ မြန်မာလူမျိုးနှင့် ပိုင်ဆိုင်မှု အငြင်းပွားမှုများ ပေါ်ပေါက်အပြီး ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

`ဒီလို တကယ့်ကို အန္တရာယ်များတဲ့ အခင်းအကျင်းမျိုးမှာ ဘယ်ရင်းနှီးမြှုပ်နှံသူမှ တကယ်တမ်း သွားပြီး အလုပ် မလုပ်ချင်ဘူး။ ဥပဒေ စိုးမိုးမှု ရှိရမယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့ အစိုးရမျိုး ကျနော်တို့မှာ မရှိဘူး။ သူတို့က ထင်သလို လုပ်နေတာ။ သူတို့လမ်းမှာ အတားအဆီး ဖြစ်နေတဲ့ သူတွေဆို ရှင်းပစ်မှာပဲ´ ဟု သူက ပြောသည်။

သို့သော် မြန်မာ့အရေး အာဆီယံပါလီမန်အဖွဲ့ကြီး AIPMC ဥက္ကဋ္ဌ ခရိုင်စစ်ချွန်နာဗန် Kraisak Choonhavan ကမူ မြန်မာ နိုင်ငံအပေါ် ထားရှိသော နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှား လိုက်ပါက အနောက် နိုင်ငံများနှင့် ဂျပန်က ဝင်ရောက် မြှုပ်နှံမည့်သူများ မရှားနိုင်ပါ၊ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ကို စွမ်းအင် ထောက်ပံ့ရေး အတွက် အပြိုင်အဆိုင် အလုအယက် ဝင်လာကြမည်ဟု ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေကို မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ် ပြုလုပ်ထားခြင်း ဖြစ်သည်။ လုပ်သားနှင့် စပ်လျဉ်းသော ကိစ္စများ အခန်း ပုဒ်မ ၁၁ တွင် `စီးပွားရေး လုပ်ငန်းများ စတင်သည်မှ ပထမ ၅ နှစ် ကုန်ဆုံးသည့်အချိန်တွင် ကျွမ်းကျင် လုပ်သားများ၊ အတတ် ပညာရှင်များ၊ ပါရဂူများ စသည်တို့ကို ခန့်ထားရာတွင် အနည်းဆုံး နိုင်ငံသား ၂၅ % ခန့်ထားရမည် ဖြစ်ပြီး၊ ဒုတိယ ၅ နှစ် ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၅ဝ % ခန့်ထားရမည် ဖြစ်၍ တတိယ ၅ နှစ်ကာလ ကုန်ဆုံးချိန်တွင်မူ ၇၅ % ခန့်ထားရမည်´ ဟု ပြဋ္ဌာန်း သတ်မှတ်ထားသည်။

`မြန်မာနိုင်ငံတွင်း အခြားလုပ်ခလစာများအပေါ် သက်ရောက်မှု ရှိစေရန်နှင့် တန်းတူညီမျှမှု ရှိရေး အတွက် ဆိုလျှင် ဤ စီးပွားရေးဇုန်များသည် အထူး ကြီးမားပြီး အောင်မြင်မှု ရှိရမည် ဖြစ်သည်´ ဟု မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အဖွဲ့မှပင်ဖြစ်သော ဒေါက်တော အယ်လီစန်ဗီကာရီ Dr. Alison Vicary က ပြောသည်။

`စည်းကမ်းချက်များ ပြဋ္ဌာန်းသတ်မှတ်ထားခြင်းသည် စီးပွားရေးလုပ်ငန်းများတွက် စရိတ် တိုးစေသည်။ ရင်းနှီး မြှုပ်နှံ လိုသူများကို စိတ်ဝင်စားမှု နည်းစေသည်။ လုပ်သားများကို လေ့ကျင့်သင်တန်း ပေးခြင်းသည်သာ အပြုသဘော ဆောင်သည် သို့သော် စီးပွားရေးလုပ် ငန်းများအနေနှင့် သူတို့နှင့် မဆိုင်ဘဲ အခြားသူများ ကောင်းစားရေး အတွက် လုပ်ကိုင်ရမည့် လုပ်ငန်းမျိုးတွင် ငွေကုန်ခံလိမ့်မည် မဟုတ်ပေ´ ဟု သူက ဆိုသည်။

လုပ်သားများကို ထိခိုက်စေသည့် အဓိကအချက်မှာ ကျွမ်းကျင်ပညာသည်များ၊ လုပ်သားများ၏ ပညာရေး ရေချိန် နိမ့်ကျခြင်းကြောင့် ဖြစ်နိုင်သည်။ အခြား အရှေ့တောင်အာရှ နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံက လောလောဆယ် ပညာရေးအတွက် အသုံးပြုနေသော ဘတ်ဂျက်သည် အနည်းဆုံး ဖြစ်သည်။

`ဤအခြေအနေ ဤဝန်းကျင်မျိုးသည် အထူးကျွမ်းကျင်လုပ်သားများ၊ အထူးလေ့ကျင့် သင်ကြား ပေးထားသော လုပ်သားများ ပေါ်ထွက် လာနိုင်သည့် ဝန်းကျင်မျိုး မဟုတ်ပါ´ ဟု တားနဲလ်က ပြောသည်။

ပညာရေးတွင် ချို့တဲ့ခြင်းနှင့် ဒေသခံများ ပါဝင်ဆောင်ရွက်ခြင်း နည်းပါးခြင်းတို့ကြောင့် ယခု ရည်ရွယ်ထားသော အထူး စီးပွားရေးဇုန်သည် မြန်မာနိုင်ငံသား အချို့ကိုသာ ကွက်ပြီး အကျိုးပြုမည့် လုပ်သားဈေးကွက် တခု ဖြစ်နေ လိမ့်မည်ဖြစ်သည်။ ယခု ဥပဒေသည် စာရွက်ပေါ်တွင် ကြည့်ရသည့် အတိုင်းဆိုလျှင် ကောင်းပုံရကြောင်း၊ သို့သော် မြန်မာနိုင်ငံသားများ ပါဝင်ဆောင်ရွက်ခွင့်မူ နည်းပါး လိမ့်မည်ဖြစ်ကြောင်း ရွှေဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဝမ်းအောင်က မဇ္ဈိမကို ပြောသည်။

`ဒါ .. ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ပတ်သက်ရင် မီဒီယာမှာ အပြကောင်းရုံလောက် လုပ်တာ။ ဒါပေမဲ့ တကယ်သာ အထူး စီးပွားရေးဇုန် ဘောင်အတွင်းမှာ တကယ့်ကို ကောင်းတဲ့ မူဘောင်တွေ ပေါ်လာအောင် လုပ်ဖို့ဆိုရင် လူထု အခြေပြု အဖွဲ့တွေ အများကြီးနဲ့ ထိတွေ့ဖို့လိုမယ်၊ ဒီလို မူဘောင်မျိုးအတွင်းမှာ ဒေသခံတွေရဲ့ အမြင်တွေကိုလည်း ပြောကြားခွင့် ပေးရမယ်´ ဟု သူက ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေက စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများကို ပစ္စည်းပိုင်ဆိုင်ခွင့် အခွင့်အရေးများ ပေးထားသည်။ သို့သော် တားနဲလ်ကမူ မြန်မာနိုင်ငံတွင် အမြဲတမ်း ဖြစ်နေသည်မှာ ဥပဒေက တခြား၊ လက်တွေ့ ဖြစ်နေသည်က တခြားသာ ဖြစ်သည်ဟု အခိုင်အမာ ပြောနေသည်။

`မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ရင်းနှီးမြှုပ်နှံသူတွေအပေါ် အနိုင်ကျင့်တာ၊ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းတာ၊ သူတို့ကို ဆန့်ကျင်အန္တရာယ် ပြုတာတွေ အမြဲတွေ့ခဲ့ရတယ်´ ဟု သူက ပြောသည်။

`ဒါတွေအားလုံး အလုပ်ဖြစ်ဖို့ဆိုရင် ဒီလိုကောင်းတဲ့ ကိစ္စတွေ အကုန်လုံးကို ဒီအစိုးရက အကာ အကွယ် ပေးဖို့ အာမခံ ချက်ပေး ထားပါ့မယ်၊ အထူးသဖြင့် ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် အခွင့်အရေးလို ကိစ္စမျိုးတွေကို အကာအကွယ် ပေးထားပါ့မယ်လို့ ယုံကြည်ရမှ ဖြစ်မယ်။ ဒီလိုယုံကြည်မှုမျိုး ဘယ်သူ့မှာမှ ရှိမယ်လို့ ကျနော်တော့ မထင်ဘူး´ ဟု သူက ဆက်လက်ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံပိုင်ပစ္စည်း ရောင်းရငွေ နေပြည်တော်အတွက်သုံး

နရီလင်းလက်
Thursday, 17 February 2011

မြန်မာနိုင်ငံ တ၀န်းရှိ နိုင်ငံပိုင် ပစ္စည်းများနှင့် နိုင်ငံပိုင် သိမ်းဆည်း ပစ္စည်းများ ရောင်းချ၍ ရရှိသော ငွေကျပ် သန်းပေါင်း များစွာကို စစ်အစိုးရ၏ မြို့တော် နေပြည်တော် တည်ဆောက်ရေး စီမံကိန်း အတွက် အဓိက အသုံးပြု နေသည်ဟု သိရသည်။

ဆောက်လုပ်ပြီးအဆောက်အအုံများ ဖြစ်သော လွှတ်တော် ရုံး၊ သမ္မတ အိမ်တော် ၊ ဒုသမ္မတ အိမ်တော် ၊ ဌာနဆိုင်ရာ ရုံး အအောက် အအုံကြီးများ အတွက် အသုံးပြုသည့် အပြင် ဆက်လက် အကောင်အထည် ဖော်နေသည့် နေပြည်တော် အထူး စီမံကိန်း တွင် ပါဝင်သော အိမ်ရာ အအောက် အအုံများအတွက် အဆိုပါ ရောင်းချရငွေမှ ရရှိသော ငွေကြေးများကို အသုံးပြုသွားမည် ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန မှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။

“စီးပွားရေးရှုထောင့်ကနေ ကြည့်ရင် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေးဟာ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် လုပ်ပိုင်ခွင့် တွေ ပိုရလာတယ်လို့ ယေဘုယျ မြင်စေပေမယ့် တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ၊ စီမံကိန်း အတွက် လိုငွေတွေ ဖြည့် ပေးနိုင်မယ့်၊ ငွေ အလုံးအရင်း ချက်ချင်းရနိုင်တဲ့ ရောင်းချမှု တခုပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရည်ရွယ်ချက်ဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာန မှ နိုင်ငံတော်ပိုင် အဆောက် အအုံ များ ရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်း ထားသော ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းထားသည်။

စစ်အစိုးရသည် ၂၀၀၉ ခုနှစ်မှ စတင်၍ နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်း၊ စက်ရုံများ ၊ ဌာနဆိုင်ရာ ရုံး အဆောက်အအုံနှင့် မြေနေရာများ ရောင်းချခြင်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေရာ ယခု နှစ်တွင် မြန်မာ တနိုင်ငံလုံး အနှံ့ ရာင်းချရန် မကျန်ရှိတော့ သလောက် ဖြစ်နေသည်ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

အာဏာပိုင်များသည် အစိုးရသစ် တက်လာအပြီးတွင် နိုင်ငံပိုင် ပစ္စည်းများ လွှဲပြောင်း ရောင်းချခြင်း ကို အပြီးသတ် လုပ်ဆောင် ရန် ရည်ရွယ် ထားသည်ဟု နေပြည်တော် ပုဂ္ဂလိကပိုင် လွှဲပြောင်း ရောင်းချရေး ကော်မတီနှင့် နီးစပ်သူ တဦးက ဆိုသည်။

မြေ၊ အဆောက်အအုံ ၊ တိုက်ခန်း၊ မြေကွက် အပါအ၀င် ၂၆၈ ခု ကို နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီနှင့် နိုင်ငံ ပိုင် သိမ်းဆည်း ထားသော အဆောက်အအုံများ စီမံခန့်ခွဲရေး ကော်မတီ နှစ်ခုပေါင်းက ရောင်းချရန် ဖေဖော်ဝါရီ ၁၃ ရက် ထုတ် ကြေးမုံ သတင်းစာတွင် အဆိုပြုလွှာ ခေါ်ယူထားသည်။

ရောင်းချမည့်ထဲတွင်ပါဝင်သည့် မြေနေရာအများစုသည် ရန်ကုန်မြို့၏ ခြံမြေဈေးကြီးမြင့်သော မြို့နယ် အများစုတွင် တည်ရှိ နေပြီး ယခင် ၀န်ကြီး ၊ ဒုဝန်ကြီး အဆက်ဆက်များ နေထိုင်ရန် နိုင်ငံတော် မှ ပေးထားသည့် အိမ်ခြံမြေ များလည်း ပါဝင်သည်ဟု သိရသည်။

“ကချင် ဂေဟာ ၊ ချင်းဂေ ဟာ လို အိမ်ရာတွေ နောက် ၀န်ကြီး အဆင့်တွေကို ပေးထားတဲ့ ဇော်ဂျီလမ်း နဲ့ ရွှေတောင် ကြား လမ်းနဲ့ ကုန်းမြင့်သာမှာ ရှိတဲ့ အိမ်တွေ ပါတယ်။ ဒီ ၀န်ကြီးတွေ အတွက် အစိုးရက ရန်ကုန်မှာ ပြန်မပေးတော့ဘူး။ ဒီအတွက် လည်း နေပြည်တော်မှာ ၀န်ကြီး ၊ ဒု ၀န်ကြီး အိမ်တွေ ပြန်ပေးထားတယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူ အရာရှိတဦး က ပြောသည်။

ထို့အပြင် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အဏာသိမ်းစဉ် ကာလက နိုင်ငံပိုင် သိမ်းဆည်း ထားသော အိမ်ရာများလည်း အများအပြား ပါဝင်သည်ဟု သိရသည်။

ယင်းကဲ့သို အဆိုပြုလွှာခေါ်ယူ၍ ချိပ်ပိတ် တင်ဒါ စနစ်ဖြင့်ရောင်းချသည် ဆိုသော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသာ အဓိက စီးပွားဖြစ်မည့် လုပ်ငန်းကြီးများ ၊ မြေနေရာများကို ရရှိနေသည်။

“အိတ်ပိတ် တင်ဒါ စနစ်နဲ့ ရောင်းချတယ် ဆိုတဲ့ နေရာမှာ သူတို့ သတ်မှတ်ပေးထားတဲ့ လျှောက်လွှာမှာ ကိုယ်လိုချင်တဲ့ နေရာ နဲ့ ဈေးပေး ချိပ်ပိတ်ပြီး သတ်မှတ်ထားတဲ့ ပုံးထဲကို ထည့်ခဲ့ရတာမျိုးပေါ့။ ဒီထည့်ခဲ့တဲ့ လျှောက်လွှာတွေကို တင်ဒါ အဖွဲ့က တာဝန် ရှိသူတွေ စုံပြီး လျှောက်လွှာတွေဖောက် စစ်ပြီး ဈေးအမြင့်ဆုံး ပေးထားတဲ့လူကို ပေးလိုက်တာမျိုး အဆင့်ဆင့် သွားတာပေါ့”ဟု နိုင်ငံပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပြသည်။

ယင်း အဆိုပြုလွှာ စည်းကမ်းနှင့် လျှောက်လွှာ ပုံစံကို ကျပ် ၁ သောင်းဖြင့် ၀ယ်ယူရသည်ဟု သိရသည်။

၎င်းက ဆက်လက်၍“တချို့တွေက ကိုယ်ကြိုက်တဲ့နေရာလိုချင်တော့ စာရင်းကိုင်တဲ့ ၀န်ထမ်းကို ပိုက်ဆံပေးပြီး ကြည့်တာမျိုး တွေ ရှိတယ်။ ဥပမာ-၃ သိန်းပေးရင် ကြမ်းခင်းဈေး သိရမယ် ဒါမျိုးပေါ့။ ဒီလိုမျိုးနဲ့ သိလို့ ရသွားတာ ရှိသလို။ တချို့ အာဏာ ပိုင် နဲ့ ပိုင်တဲ့ လူတွေက ၀ိတ် နဲ့ တင်ဒါ ဥက္ကဌ ကို ကြမ်းခင်ဈေး ဘယ်လောက်လဲ မေးကြတယ်။ လေလံနီးမှ နေရာကောင်းနေ တယ်ဆို ဖျက်သိမ်းလိုက်ပြီ လေလံ မဖြစ်တော့ပါဘူး တယောက်ယောက်ကို ပေးလိုက်တာ သိသာတယ်”ဟု ပြောသည်။

လက်ရှိ အဆိုပြုလွှာခေါ်ယူထားသည့် စာရင်းထဲတွင် ရွှေဘုံသာလမ်းရှိ စူပါဝမ်း ကုန်တိုက် ဖွင့်လှစ်ထားရာ မြေနှင့် အဆောက် အအုံ ပါဝင်ပြီး အဆိုပါ နေရာကို ရရှိရန် စီးပွားရေးလုပ်ငန်းရှင်များ အပြိုင်အဆိုင် ကြိုးစား နေကြကြောင်း၊ နေပြည်တော် ပွဲစား လောကတွင် ထို စူပါဝမ်း နေရာကို ကျပ် သန်း ၇ သောင်းခန့်ဖြင့် ဈေးပေါက် နေကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်အစိုးရ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ထူထောင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများအား လေလံ တွင် ပါဝင်သည့် အိမ်ခြံမြေ အဆောက် အအုံများစာရင်းကို ကြိုတင်ပေး စနစ်ဖြင့် ရောင်းချ ထားခြင်းများလည်း ရှိသည်ဟု သိရသည်။

“နေရာကောင်းတွေကျတော့ ဒီတိုင်း ၀င် ၀ယ်လို့ မရဘူး။ အာဏာပိုင်နဲ့ ပေါင်းထားတဲ့ ကုမ္ပဏီ အဆက် အသွယ်ကနေ တဆင့် ရောင်းတာတွေလည်း ရှိတယ်။ လျှောက်လွှာလည်း တင်စရာ မလိုတော့ဘူးပေါ့။ သူတို့ ထဲမှာ ကိုယ်ကြိုက်တဲ့ နေရာတွေ လိုချင်တယ် ပြောပြီး တောင်းသလောက် ပိုက်ဆံပေးလိုက် သူတို့ မြေရအောင် စီစဉ်ပေးတဲ့ ဈေးကွက်လည်း ရှိတယ်”ဟု ဆောက် လုပ်ရေး ကုမ္ပဏီကြီးတခုတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းတဦးက ဆိုသည်။

ရောင်းချမည့်ထဲတွင် ရုံးအအောက်အအုံ အနေနှင့် ဘုရင့်နောင်လမ်းမကြီး ပေါ်ရှိ စက်မှု လယ်ယာ ဦးစီးဌာနရုံးချုပ် ပိုင်မြေနှင့်အ ဆောက်အအုံ ၄ လုံး ၊ မြေအသုံးချရေး ဌာနခွဲရုံးချုပ် မြေနှင့် အဆောက်အအုံ ၇ လုံးလည်း ပါဝင်သည်။

Ref: ဧရာဝတီ်

Read More...

Thursday, February 17, 2011

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ လစ်ဗျားမှာ စတင်

ဗုဒ္ဓဟူး, 16 ဖေဖော်ဝါရီ 2011


အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အာဏာရှင် အစိုးရတွေကို ဖယ်ရှားနိုင်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ဂယက် အဖြစ် ပေါ်ပေါက် လာတဲ့ လစ်ဗျားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း ဒီကနေ့မှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေ အဓိကရုဏ်း ဖြစ်ပွား ခဲ့ပါတယ်။

အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက အင်တာနက် လူမှုကွန်ယက်တွေ ပေါ်ကနေ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ အုပ်ချုပ် လာတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီ (Mommar Gadhafi) ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော် ခဲ့ကြပြီးတဲ့နောက် ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ ဘန်ဂါဇီ (Benghazi) မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

လူစုခွဲဖို့ ကြိုးပမ်းတဲ့ ရဲတွေကို ဆန္ဒပြသူတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ် လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ပဋိပက္ခတွေအတွင်း လူပေါင်း ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်းလည်း ဆေးရုံ တာဝန် ရှိသူတွေက ပြောဆို ခဲ့ကြတာပါ။

လစ်ဗျားအစိုးရပိုင် သတင်းဌာနကတော့ ဆန္ဒပြပွဲတွေကို အလေးထား ဖော်ပြတာမျိုး မရှိဘဲ နောက်ပိုင်းမှာ အစိုးရ ထောက်ခံသူတွေ ကလည်း ဘန်ဂါဇီမြို့၊ ထရီပိုလီမြို့တော်နဲ့ တခြားမြို့ အတော် များများမှာ လူထု စုဝေးပွဲတွေ လုပ်နေတယ်လို့သာ ကြေညာ ခဲ့ပါတယ်။

Ref: VOA News

Read More...

ပင်လုံမှ ပင်လုံသို့ … ပင်လုံမှ လွတ်လပ်ရေးသို့

ဂါမဏိ

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁

တိုင်းရင်းသား ခေါင်းဆောင်များရဲ့ ရှေ့ဆောင် မှုနဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆော်သြ လိုက်တာကို ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အားတက် သရော ထောက်ခံ ပါဝင်ကာ ၂၁ ရာစု ပင်လုံ ညီလာခံလို့ သတ်မှတ် ပေးခဲ့ပါတယ်။

၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေ အတူတကွ လွတ်လပ်ရေး ယူဖို့နဲ့ ရှမ်း၊ ကချင်၊ ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝ ပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေ ကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး ပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ပေးရေးက ပျက်ပြယ်သွားခဲ့ပါတယ်။

အဓိကပြဿနာက ပင်လုံစာချုပ် သဘောတူညီချက်ဟာ ပင်လုံဥပဒေ (Law) အဆင့်ကို ရောက်မလာ ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ကလိမ်ကကျစ် လုပ်သူတချို့ကြောင့် ပင်လုံ သဘောတူစာချုပ်ကနေ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာပါ။ ဒါကြောင့်လည်း မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။

ဒါပေမဲ့ အင်မတန် ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့ မလွယ်တဲ့ အတွက် လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈-၆ဝ ခုနှစ်လောက်အထိတော့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေကို ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝ မဟုတ်တောင် အတော်ကြီး ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသား အားလုံးဆိုင်ရာ ဥပဒေ ဖြစ်မလာတဲ့ အတွက် ကျန်တဲ့ တိုင်းရင်းသား အားလုံးကလည်း ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် ၁၉၄၈-၄၉ ခုနှစ်ကစလို့ ပင်လုံစာချုပ်ပါ ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ထွက်လာခဲ့ပြီး ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေ ကတော့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို အတိုင်းအတာ ကြီးကြီးမားမား ခံစားနေရလို့ သူပုန်မထခဲ့ပါဘူး။

ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံ စိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့် မဖြစ်ခဲ့တဲ့အတွက် အာဏာရ လူမျိုးကြီး ဝါဒီတွေဟာ တစတစနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက် လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ ရှမ်းလက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၁ ခုနှစ်မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၄ ခုနှစ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေး ပေါ်လာရုံမက ၁၉၆၁ ခုနှစ်မှာပဲ ဖက်ဒရယ်မူ တောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့ အခြေဆိုက်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဟာ ပြည်မ၊ ရှမ်းပြည်၊ ကချင်နဲ့ ချင်း တောင်တန်းဒေသတွေရဲ့ အာဏာပိုင်တွေ အကြား သဘောတူ ချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမယ့် အာဏာသက်ရောက်မှု တစုံတရာ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတကြိမ် ၂ဝ၁၁ ခုနှစ်မှာလည်း အာဏာသက်ရောက်မှု ရှိဖို့ဆိုရင် အာဏာရှိသူတွေကြားမှာ ဆွေးနွေးသဘောတူညီမှု ချမှတ်ဖို့ လိုပါတယ်။ အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို NLD နဲ့ UNLD တို့က ၁၉၉ဝ ခုနှစ်မှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာ လုပ်ခဲ့တဲ့ မာနယ်ပလော၊ မယ်သရောထနဲ့ သူမွဲကလိုး စာချုပ်တွေလို မှိန်ပျောက်သွားဖို့လည်း များပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၁၉၈၉ ခုနှစ်မှာ ပင်လုံနဲ့ ပတ်သက်လို့ ပြောခဲ့ရာမှာ လူထုက နှင်းအပ်တဲ့ အာဏာရထားတဲ့ အစိုးရကပဲ လုပ်နိုင်တဲ့ ညီလာခံလို့ ပြောခဲ့ဖူးပါတယ်။
xxx

၂ဝ ရာစုတုန်းက လုပ်ခဲ့တဲ့ ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့ လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂ဝ ရာစု ဘာတွေကွာသလဲဆိုတာလည်း ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွ လွတ်လပ်ရေးယူရေးဆိုတဲ့ အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့ လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရေးကတော့ ဘာမှ ပြင်ဆင်စရာ၊ လျှော့ပေါ့စရာ၊ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများဆိုင်ရာ ဥပဒေအဆင့် ရောက်ဖို့သာ အဓိက လိုအပ်နေပါတယ်။ ဥပဒေအဆင့် ရောက်ဖို့ ဆိုတာကလည်း အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံလုပ်ရင် ၂ဝ ရာစု ပင်လုံစာချုပ်ကို ၂၁ ရာစု ပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိက လုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။

၂ဝ ရာစု ပင်လုံညီလာခံလုပ်ချိန်၊ ပင်လုံစာချုပ် ချုပ်ချိန်ဟာ နယ်ချဲ့စနစ်အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစု ပင်လုံညီလာခံ လုပ်ချိန်ကတော့ အာဏာရှင်စနစ်တွေ အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်နေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုစလားဗီးယား-ဆားဘီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ အခုနောက်ဆုံး ဆူဒန်နိုင်ငံတွေထဲက တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးလာတာဟာ ၂ဝ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံလို့ နာမည်ခံထားတဲ့အတွက် ဒီ ၂၁ ရာစု ထူးခြားချက်ကို အသိအမှတ်မပြုလို့ မဖြစ်ပါဘူး။

xxx

၂၁ ရာစုမှာ တိုင်းရင်းသား ပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ် ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘောရစ်ယဲ့လ်ဆင်လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေ ခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယား လူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ်လမ်း ဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘောရစ်ယဲ့လ်ဆင်လမ်းက အနာအကျင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပထမတခုကတော့ "ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်ရဲ့ လမ်းကတော့ မြန်မာပြည်မှာ အရင်ကလည်း ကျင့်သုံးခဲ့ဖူး၊ အခုလည်း ကျင့်သုံးနေတဲ့ သွေးချောင်းစီး သေကြေပျက်စီးတဲ့လမ်း ဖြစ်ပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖိတ်ခေါ်တဲ့ လမ်းဖြစ်ပါတယ်"။ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ မြန်မာပြည် တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် ဗမာလူမျိုးကြီးထဲက ယဲ့လ်ဆင်လိုလူမျိုး ပေါ်လာဖို့ လိုနေပါပြီ။ မီလိုဆီဗစ်တွေ အလိုမရှိပါ။

ဘောရစ်ယဲ့လ်ဆင်လမ်းကို မရောက်နိုင်သေးခင်မှာ ရှေ့ပြေး သို့မဟုတ် ကြားကာလအဆင့်အဖြစ် အဆင်အပြေဆုံး ဖြေရှင်းနည်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေး ဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်တာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့မခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရထားတာဟာ နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသား ပြည်နယ်များ လေ့လာအတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံး အသိပါပဲ။ ဒါပေမဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေကတော့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံ မဟုတ်တဲ့ တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ် ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ (နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကလွဲလို့) အံ့သြလောက်အောင် ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ်ကွန်မြူနစ် အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး၊ တရုတ်တပြည်လုံးကို ပိတ်ဆို့ထားတဲ့ အင်တာနက်ဆင်ဆာ ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ်လပ်သော အာရှအသံ ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်း ထားရှိခွင့် ရထားတဲ့ နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်း ဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဗဟိုအစိုးရ လုံးဝနီးနီး စွက်ဖက်ခွင့် မရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ဒါကြောင့်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်၌က ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသလို UWSA ဝ’ တိုင်းရင်းသားတွေကလည်း စိတ်ဝင်စား အားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။
xxx

နအဖကတော့ ၂ဝဝ၃ အမျိုးသားညီလာခံမှာ တိုင်းရင်းသား ၁၃ ဖွဲ့က အပျော့ပြောင်းဆုံး အဆိုပြုထားတဲ့ တိုင်းရင်းသား အခွင့်အရေးကိုတောင် လုံးဝလက်မခံခဲ့တာ ဖြစ်တဲ့အတွက် အခုအဆိုပြုထားတဲ့ ၂၁ ရာစုပင်လုံကို ခွဲထွက်ခွင့် ပါသည်ဖြစ်စေ၊ ခွဲထွက်ခွင့် မပါသည်ဖြစ်စေ လက်ခံမှာ မဟုတ်ပါဘူး။ (၂ဝ၁ဝ ရွေးကောက်ပွဲမှာတောင် ကြံ့ဖွတ်မဟုတ်ရင် သူ့ကို ဘယ်လောက်ဖားဖား ခေါ်မသုံးတာကို တွေ့ခဲ့ပြီးပါပြီ။ ကိုယ့်ဘက်က ဘယ်လိုစေတနာထား ပျော့ပြောင်းသည်ဖြစ်စေ နအဖဘက်ကတော့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂၁ ပင်လုံကို အကောင်အထည်ဖော်ရာမှာ မိမိဘက်က လူထုကို စည်းရုံးပြီး၊ အဆင့်မြင့်ကို တက်လှမ်းနိုင်ဖို့ ပြင်ထားသင့်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ၂၁ ရာစုပင်လုံနဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ပြဿနာကို အတွေးရှင်း၊ အမြင်ရှင်း လက်တွေ့ရှင်းဖို့ လိုပါတယ်။ အာဏာပြဿနာဟာ အရင်းခံဖြစ်တယ်၊ ထိပ်တန်းဦးစားပေး ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါ။

ဒီကနေ့ကာလမှာ လက်ငင်းအရေးတကြီး လိုအပ်နေတဲ့ တိုင်းရင်းသားရေး အကျိုးပြုချက်အဖြစ် ၂၁ ရာစုပင်လုံထက် စာရင် "တိုင်းရင်းသား ငြိမ်းအဖွဲ့တွေနဲ့ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတဲ့ "နအဖတပ်တွေ၊ ထိုးစစ်ဆင်မယ့်တပ်တွေ ထိုးစစ်ရပ်စဲ နောက်ပြန်ဆုတ်အောင် တောင်းဆိုဖိအားပေးရေး၊ စစ်အစိုးရရဲ့ နယ်ခြားတပ် ဝါးမျိုရေး၊ ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို ဆန့်ကျင်ရပ်တည်နေတဲ့ ဝ’ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမေရိကန်နဲ့ အင်တာပိုက ဝရမ်းထုတ်ထားတာ၊ ငြိမ်းအဖွဲ့တွေအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးရေး တောင်းဆိုဆော်သြ လှုပ်ရှားတာက တိုင်းရင်းသား ချစ်ကြည်ရေး၊ ညီညွတ်ရေးနဲ့ နားလည်မှုရှိရေးတွေအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။



Ref: မဇ္ဈိမ

Read More...

ဒု-ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ပါလီမန်က နှုတ်ထွက်

ဗုဒ္ဓဟူး, 16 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အတွင်း စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ နိုင်ငံရေး ပါတီက ကိုယ်စားလှယ် တယောက် ဒီကနေ့ပဲ ရုတ်တရက် နှုတ်ထွက် သွားပါတယ်။

စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ မန္တလေးတိုင်း တံတားဦး မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး မနေ့က အထိ လွှတ်တော်ကို တက်ရောက် လာခဲ့ပေမဲ့ ဒီကနေ့ လွှတ်တော် အခမ်းအနားတွေ စတင် ခါနီးမှာပဲ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာလို့ လွှတ်တော် ကိုယ်စားလှယ် တဦးက ဗွီအိုအေကို ပြောပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်တွေ ခေါ်ယူပြီး အစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင်နေတာ ရက်ပိုင်းသာ ရှိတဲ့ အချိန်မှာ စစ်အစိုးရရဲ့ ကိုယ်စားလှယ် တဦး ရုတ်တရက် အကြောင်းပြချက် မရှိဘဲ နှုတ်ထွက် သွားတဲ့ အတွက် ဒါဟာ ခေါင်းဆောင်ပိုင်းမှာ မပြေမလည် ဖြစ်နေတဲ့ အရိပ်အယောင်တွေ အဖြစ်လည်း အကဲခတ်တွေက ယူဆ နေကြပါတယ်။

ဒီကနေ့ လွှတ်တော်အခမ်းအနား အတွင်းမှာတော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရဲ့ အကြီးအကဲ အဖြစ် ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်၊ ဒုတိယ တရား သူကြီးချုပ်လည်း ဖြစ်တဲ့ ဦးထွန်းထွန်းဦးကို ခန့်အပ်ဖို့ အတွက် သမ္မတက အမည်စာရင်း တင်သွင်း လိုက်ပါတယ်။

လတ်တလော ကျင်းပနေတဲ့ လွှတ်တော်တွေက အစိုးရသစ် ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေမှာ စစ်အစိုးရ တာဝန်ရှိသူ အများ အပြားကို အခုလို ခန့်အပ် နေတာမို့ ဒါဟာ နိုင်ငံရေး အပြောင်း အလဲတွေ သိသိသာသာ မြင်ရမယ့် လက္ခဏာ မဟုတ်ဘူးလို့လည်း ပြည်တွင်း ပြည်ပက ဝေဖန် နေကြတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

အင်တာနက် လွတ်လပ်ခွင့် ရေရှည်ပိတ်ပင်လို့ မရနိုင်

ဦးသိန်းထိုက်ဦး အင်္ဂါ, 15 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံ အပါအ၀င် အင်တာနက် သုံးစွဲခွင့်အပေါ် ကန့်သတ် ပိတ်ပင်တဲ့ အစိုးရ တွေဟာ အာဏာရှင် နိုင်ငံတွေ ကြုံရလေ့ ရှိတဲ့ အကျပ်အတည်းမျိုး တချိန်မှာ အများ နောက်မှာ သီးခြား နောက်ကျ ကျန်ခဲ့တဲ့ အဖြစ်မျိုးတွေ ရင်ဆိုင် ရလိမ့်မယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က သတိပေး လိုက်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ထိပ်တန်းက ဦးစားပေး ကိစ္စဖြစ်ပြီး အင်တာနက် ပိတ်ပင် ကန့်သတ်မှုတွေကို ကျော်လွှားဖို့ ကြိုးစား သူတွေကို အကူအညီ အထောက်အပံ့တွေ ပိုပြီး ပေးသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေက လွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ အတူ အင်တာနက် လွတ်လပ်ခွင့် တွေနဲ့ လူမှုဆက်ဆံရေး ကွန်ရက်တွေရဲ့ အခန်း ကဏ္ဍကို နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အလေးပေး ပြောဆို သွားပါတယ်။ ၀ါရှင်တန်မြို့တော် ဂျော့ခ်ျ ၀ါရှင်တန် (George Washington) တက္ကသိုလ်မှာ အင်တာနက် လွတ်လပ်ခွင့် အကြောင်း မနေ့က ဟောပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သံတမန်ရေး လျှို့ဝှက် မှတ်တမ်းတွေ ၀ီကီလိခ်စ် (Wikileaks) အင်တာနက် စာမျက်နှာမှာ ပေါက်ကြား ခဲ့တာကြောင့်လည်း အမေရိကန် ပြည်ထောင်စုရဲ့ အင်တာနက် လွတ်လပ်ခွင့်နဲ့ ရပ်တည်ချက်ကို အများက စိတ်ဝင်စား နေကြပါတယ်။

ကမ္ဘာပေါ်မှာ လူအများအပြား သုံးစွဲလာနေတဲ့ အင်တာနက် လွတ်လပ်ခွင့်ကို ဘယ်နိုင်ငံမှာမှ ရေရှည် ပိတ်ပင် ဟန့်တားလို့ မရဘူးဆိုပြီး ၀န်ကြီး ကလင်တန်က အဓိက ပြောဆို သွားပါတယ်။

“ဘလော့ဂါတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ အစိုးရတွေ၊ နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို ကြိုတင် စုံစမ်းပြီး အင်တာနက် သုံးခွင့်ကို ကန့်သတ်တဲ့ အစိုးရတွေက ဒါဟာ လုံခြုံရေးအရ လုပ်ရတာဆိုပြီး ပြောကောင်း ပြောနိုင်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ ကျမ ပြောချင်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့် ပိတ်ပင်မှုက ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ငတ်မွတ်မှုကို ခေတ္တ ခဏသာ ဟန့်တားနိုင်မှာပါ။ အမြဲတမ်း မဖြစ်နိုင်ပါဘူး။”

ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုသူ လူသန်းပေါင်း ၂,၀၀၀ လောက်ရှိနေပြီး ကမ္ဘာပေါ်က လူဦးရေရဲ့ သုံးပုံ တပုံလောက် အင်တာနက် အသုံးပြု နေကြပြီလို့ ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့နိုင်ငံ တချို့မှာ အင်တာနက်ကို ဖိနှိပ်တဲ့ အစိုးရတွေကပဲ အသုံးချခွင့် ရနေပါတယ်။ အင်တာနက်ဟာ ဖိနှိပ်သူတွေ အတွက်လား၊ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်ရေး အတွက်လား အငြင်းပွားမှုတွေတော့ ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ဆက်သွယ်ရေးနဲ့ နည်းပညာသစ်တွေဟာ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေး ကို ဦးတည်အောင် အထောက် အကူပြုခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်လိုတဲ့ အီဂျစ်နိုင်ငံရဲ့ လူထု လှုပ်ရှားမှုတွေ အောင်ပွဲဆီ ရောက်အောင် ပို့နိုင်ခဲ့တယ် ဆိုတာ သက်သေပြခဲ့ပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေမှာ အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေ ရှိနေဆဲပဲ ဆိုတာကိုလည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆို သွားပါတယ်။

“တရုတ်နိုင်ငံမှာ အစိုးရက အင်တာနက်မှာ ဖော်ပြတဲ့ အကြောင်းအရာတွေကို ဆင်ဆာ ဖြတ်တောက်သလို အချက် အလက် ရှာတဲ့ အခါမှာလည်း လိပ်စာ မှားနေတယ် ဆိုပြီး တခြား စာမျက်နှာကို ပြောင်းပို့ တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေကို တိုက်ခိုက်ပြီး သတင်းတွေ ဖြန့်ဝေလို့ မရအောင် တိုက်ခိုက် ပိတ်ပင်တာတွေ လုပ်ပါတယ်။

“ကျူးဘားမှာလည်း အစိုးရက အစိုးရအတွင်းသာ သုံးလို့ရတဲ့ Intra Net ကို တီထွင်ပြီး ပြည်သူတွေကို ကမ္ဘာ့ အင်တာနက် အချက် အလက်တွေ ကြည့်လို့ မရအောင် ပိတ်ပင် ထားပါတယ်။ ဗီယက်နမ်မှာ ဆိုရင်လည်း အစိုးရကို ဝေဖန်တဲ့ ဘလော့ဂါတွေ ဖမ်းဆီး ခံနေရပါတယ်။ အီရန်မှာ ဆိုရင်လည်း အတိုက်အခံနဲ့ သတင်းဌာနတွေကို ပိတ်ပင်ပြီး အာဏာပိုင်တွေက အစိုးရ ဝေဖန်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ရှာဖွေ နှိမ်နင်းတာတွေ လုပ်နေပါတယ်။”

ဘလော့ဂါတွေကို ဖမ်းဆီးတဲ့သူတွေ၊ ၀က်ဘ်ဆိုက်တွေကို တားမြစ် ဟန့်တားတဲ့သူတွေ၊ အတိုက်အခံ တွေရဲ့ အင်တာနက် စာမျက်နှာတွေကို ပိတ်ပင်တဲ့ အစိုးရတွေဟာ ရေရှည်မှာ သူတို့ဘက်က ပေးဆပ်ရမယ့် အန္တရာယ်တွေ ရှိနေတယ်လို့လည်း ၀န်ကြီး ကလင်တန်က သတိပေး ပြောပါတယ်။

“အင်တာနက် လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့ အဟန့်အတားတွေ လုပ်ထားတဲ့ အစိုးရတွေ၊ နည်းပညာအရ ကာကွယ် တာပဲ ဖြစ်ဖြစ် ကန့်သတ် တည်းဖြတ်မှုတွေနဲ့ အုပ်ချုပ်တာပဲ ဖြစ်ဖြစ်၊ အင်တာနက် ပေါ်က လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စည်းရုံးခွင့် တွေကို တားမြစ်သူပဲ ဖြစ်ဖြစ် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ဘောင်ကျဉ်းအောင် လုပ်ပြီး အားလုံးရဲ့နောက်မှာ ကျန်ခဲ့အောင် လုပ်သလို ဖြစ်သွား ပါလိမ့်မယ်။”

ပြီးခဲ့တဲ့နှစ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကမ္ဘာတ၀န်း သံတမန်ရေး လျှို့ဝှက်ချက် တွေကို ၀ီကီလိခ်စ် အင်တာနက် စာမျက်နှာက ထုတ်ဖော်ခဲ့တဲ့ လုပ်ရပ်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြစ်တင် ရှုတ်ချပါတယ်။

“အခြေခံအားဖြင့် ၀ီကီလိခ်စ်ရဲ့ လုပ်ရပ်ဟာ တခြားသူတွေရဲ့ ပိုင်ဆိုင်မှုကို ခိုးယူရာက စတင်ခဲ့တာပါ။ အစိုးရရဲ့ မှတ်တမ်း မှတ်ရာတွေကို သူတပါးရဲ့ လက်စွဲ အိပ်ထဲက မှတ်တမ်း စာရွက်တွေ အပြင်ကို ခိုးသလို ခိုးထုတ်ခဲ့တဲ့ လုပ်ရပ်မျိုးပါ။ တချို့ကတော့ အစိုးရ အနေနဲ့ လုပ်ရပ်အားလုံးကို လူထုကို အသိပေး ထုတ်ဖော်ရမယ် ဆိုပြီး ဒီလို ခိုးယူတာကို မှန်တယ်ဆိုပြီး ပြောနေကြပါတယ်။ ကျမ သဘောမတူပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကိုယ်လုပ်ဆောင်သမျှ အားလုံး မချွင်းမချန် လူသိရှင်ကြား ထုတ်ဖော် နေရမယ်ဆိုရင် အမေရိကန် ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူနိုင်မှာ မဟုတ်သလို ကမ္ဘာတ၀န်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးမြှင့်ရေး ကိစ္စတွေလည်း လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။”

အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေကို ကျော်လွှားဖို့ ကြိုးစားသူတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ အကူအညီတွေ တိုးပေး သွားမယ်လို့လည်း ၀န်ကြီး ကလင်တန်က ပြောပါတယ်။ ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၄၀ ကျော်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အင်တာနက် လွတ်လပ်ခွင့်အတွက် ကူညီ ထောက်ပံ့နေတယ် ဆိုတာကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပြောခဲ့ဖူးပါတယ်။ အရင်က အမေရိကန် ဒေါ်လာ သန်း ၂၀ ဖိုး အကူအညီတွေ ပေးနေခဲ့ပြီး ဒီနှစ်မှာ နောက်ထပ် ၂၅ သန်းဖိုး အကူအညီတွေ ထပ်ပေး သွားမယ်လို့ ဆိုပါတယ်။

အင်တာနက်ကဆင့် လူမှုဆက်ဆံရေး မီဒီယာ ကွန်ရက်တွေကို သုံးရာမှာ ကမ္ဘာတ၀န်းက ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ နိုင်အောင် တချို့နိုင်ငံက သက်ဆိုင်ရာ ဘာသာ စကားတွေကို သုံးပြီး Twitter ကွန်ရက်က တဆင့် တိုက်ရိုက် သတင်းပေး နိုင်အောင် နိုင်ငံခြားရေး ၀န်ကြီးဌာန အနေနဲ့ ဘာသာစကား တချို့နဲ့ စတင် လုပ်ဆောင် နေပြီလို့လည်း ၀န်ကြီး ကလင်တန်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ လက်တွဲပြီး အင်တာနက် လွတ်လပ်ခွင့်အတွက် တိုးမြှင့်ဆောင်ရွက်ဖို့ လက်တွဲ ကြိုးပမ်းရေး အတွက်လည်း ကမ္ဘာ့ နိုင်ငံတွေကို သူက တိုက်တွန်း သွားပါတယ်။

Ref: VOA News

Read More...

Wednesday, February 16, 2011

နေပြည်တော်မှ မြေသိမ်းခံရသော မိသားစုများ တရားလည်း အစွဲခံရ

2011-02-15

နေပြည်တော် ဒက္ခိဏသီရိမြို့ တည်ဆောက်ရေး စီမံကိန်းအရ သိမ်းယူခံရတဲ့ လယ်ယာနဲ့ အိမ်မြေတွေ ကနေ ဖယ်မပေးတဲ့ အတွက် အိမ်ထောင်စု ၁၄ စုကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနကနေ တရားစွဲဆို ထားတဲ့အတွက် အိမ်ထောင်စု ၁၄ စုလုံး ပြီးခဲ့တဲ့ ၁၄ ရက် နေ့က တရားရုံး တက်ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

ဘိုးနွယ်ရွာက မြေယာသိမ်းယူခံရတဲ့ အိမ်ထောင်စု ၁၄ စုက အိမ်ထောင် ဦးစီးတွေကို လာမဲ့ ၁၇ ရက်နေ့မှာ အာမခံမဲ့ သူ ၂ ဦး နဲ့အတူ ပြန်လာဖို့ တရားရုံးက ချိန်းဆိုလိုက်တယ်လို့ တရားစွဲဆို ခံထားရသူ တဦးက ပြောပြပါတယ်။

လာမဲ့ ၁၇ ရက်နေ့မှာ အာမခံမဲ့သူ မရှိရင် ဖမ်းချုပ်ခံရမဲ့ သဘောဖြစ်နေတယ်လို့ သိရ ပါတယ်။

နေပြည်တော်မှာ တည်ဆောက်တဲ့ မြို့ ၅ မြို့ထဲက တမြို့ဖြစ်တဲ့ ဒက္ခိဏသီရိမြို့မှာ ကားဂိတ် ဆောက်လုပ်ဖို့ မြေယာတွေ သိမ်းယူ ခံရတဲ့ ၂၃ စု ရှိခဲ့ပြီး၊ ဒီမိသားစုတွေက မြို့သစ်စီမံကိန်း အမှတ် ၉၂၀ အတွင်း ပြန်လည် နေရာ ချထားပေးပါရန် တောင်းဆိုတာကို မလိုက်လျောတဲ့ အတွက် မိသားစု ၁၄ စုက နေအိမ်တွေကနေ ဖယ်မပေးပဲ ဆက်လက် နေထိုင်ခဲ့ပါတယ်။

လက်ရှိ နေရာချထားပေးတဲ့ နေရာဟာ ရေရှည် အခြေချနေထိုင်ရန် မသင့်တော်တဲ့ အတွက် လက်မခံနိုင်တာ ဖြစ်တယ်လို့ တရားစွဲဆို ခံထားရသူ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လပိုင်းလောက်ကတည်းက စတင်ြပီး ဆောက်လုပ်ရေး ဌာနကနေ မြေတိုင်းထွာပြီး နေရာတွေ စတင် သတ်မှတ် ခဲ့ပါတယ်။ အဲဒီနောက် မြို့နယ် စည်ပင် သာယာရေးကနေ ပျက်စီးသွားတဲ့ အဆောက် အအုံတွေအ တွက် လျော်ကြေးငွေ တွက်ချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့ ပြန်လည် နေရာချထားရာမှာတော့ မြေသိမ်းခံရသူတွေ မနေလိုတဲ့ နေရာတွေမှာ အတင်းအကျပ် နေခိုင်းတဲ့ အတွက် လက်မခံခဲ့တာ ဖြစ်ကြောင်း မြေယာ သိမ်းခံရသူတွေက ပြောဆိုခဲ့ပါတယ်။

Ref: RFA News

Read More...

Tuesday, February 15, 2011

ဒေါ်စုကို ခြိမ်းခြောက်မှု အမေရိကန် ဝေဖန်

ဦးသားညွန့်ဦး
တနင်္လာ, 14 ဖေဖော်ဝါရီ 2011

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အစိုးရ သတင်းစာတွေ ကနေ ခြိမ်းခြောက် ရေးသား နေတာတွေကို ထောက်ရင် မြန်မာ အာဏာပိုင်တွေဟာ ဘာမှ ပြောင်းလဲမှု မရှိဘဲ နည်းဟောင်း လမ်းဟောင်းအတိုင်း ဆက်သွားနေတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက တုံ့ပြန် လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီတုံ့ပြန်ချက်ကို ကိုသားညွန့်ဦးက စုံစမ်း မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

မြန်မာအစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက် ရေးသား လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက် အင်မတန် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက တုံ့ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်ပြီး အစိုးရသစ် တရပ် ပေါ်ထွက် လာတော့မယ့် အခင်းအကျင်းသစ် ပေါ်လာပြီ ဆိုကြပေမဲ့ တကယ်တော့ ဘာမှ ပြောင်းလဲတဲ့ လက္ခဏာ မတွေ့ရဘူးလို့လည်း အပြစ် တင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းက ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နာမည် တပ်ပြီး ဝေဖန် တိုက်ခိုက်တာ ဒါ ပထမဆုံးလို့ ပြောရမှာပါ။ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ဒီအတိုင်းဆိုရင် သမိုင်းရဲ့ ဂိတ်ဆုံးကို ဦးတည်သွားဖွယ် ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့တုန်းက မြန်မာ အစိုးရပိုင် သတင်းစာတွေမှာ သတိပေး ရေးသား ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင်းနဲ့ သူမ လုံခြုံရေး အတွက် မြန်မာ အာဏာပိုင်တွေမှာ အဓိက တာဝန် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သဘောထားကို နိုင်ငံခြားရေး ဌာန အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးအတွက် အဓိက အားဖြင့် စိုးရိမ် ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ လုံခြုံရေး အတွက် မြန်မာ အာဏာပိုင်တွေမှာ တာဝန်ဝတ္တရား ရှိပါတယ်။ မြန်မာပြည်သူတွေ အတွက် ၂၂ နှစ်ကြာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားဝင်မှုကို အသိအမှတ် ပြုဖို့ မြန်မာ အာဏာပိုင်တွေကို ဆက်လက်ပြီး တိုက်တွန်းပါတယ်။

“နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် ပေးဖို့၊ ဒီကတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပထမဆုံး အဆင့် အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စတင်ဖို့ ထပ်မံ တိုက်တွန်းပါတယ်။”

တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ လွှတ်တော်တွေ ခေါ်ယူပြီး အစိုးရဖွဲ့မယ်၊ သမိုင်းသစ် စာမျက်နှာသစ်ကို စိုက်ထူလိုက်ပြီ၊ လူထုလိုချင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီ ဆိုပြီး မြန်မာ အစိုးရက သတင်း မီဒီယာ တွေမှာရော အခြား နိုင်ငံတကာကိုပါ ပြောဆိုနေတဲ့ အချိန် ဖြစ်ပါတယ်။ တလောက ဂျီနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာ ကိုယ်စားလှယ် ဦးထွန်းရှင်က နိုင်ငံတကာကို အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အပြုသဘောဆောင် တိုးတက်မှုတွေနဲ့ မှတ်တိုင်သစ် တခုကို စိုက်ထူ လိုက်ပါပြီ၊ အခန်းကဏ္ဍ သစ်ကို စတင်ပါပြီ၊ စာမျက်နှာသစ်ကို ဖွင့်လှစ် လိုက်ပါပြီ။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ နားလည်မှုရှိရှိ အားပေး တုံ့ပြန်တာမျိုး ဘာကြောင့် မလုပ်နိုင်တာ ပါလဲ။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လေက သူ့ရဲ့ Twitter အကောင့် ကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာနဲ့ ပတ်သက်လို့ မနေ့က မှတ်ချက် ရေးခဲ့ပါတယ်။ မြန်မာအစိုးရဟာ ခေတ်သစ်ကို ရောက်ပြီလို့ ကြွေးကြော် နေပေမဲ့လည်း အရင်ပုံစံ၊ အရင်လုပ်ပုံ လုပ်နည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက် လာပါတယ်။ ဒါကြောင့် အခု အသစ်ပါလို့ ပြောနေတာဟာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲ သစ်လွင်မှု မရှိပါဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ခရော်လေက မှတ်ချက် ရေးခဲ့ပါတယ်။

အစိုးရ သတင်းစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေးနဲ့ မြန်မာ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် ပိတ်ဆို့မှုများ ချမှတ်ရေး ကိုင်စွဲ ထားတာတွေကို စွန့်လွှတ်မယ် ဆိုရင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့တဲ့ အကြောင်း ပြန်လည် ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပိတ်ဆို့မှုတွေကို စိတ်အား ထက်သန်စွာ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဝေဖန် အပြစ် တင်ထားပါတယ်။

မြန်မာအစိုးရပိုင် သတင်းစာ ဆောင်းပါးတွေဟာ ရေးသူတဦးချင်းရဲ့ အမြင် ဆောင်းပါးတွေလို့ ဆိုပေမဲ့ အစိုးရရဲ့ မူဝါဒ၊ အစိုးရရဲ့ အာဘော်တွေကို ထင်ဟပ်လေ့ ရှိပါတယ်။


Ref: VOA News

Read More...

အမည်တူ ဝန်ကြီးစာရင်း သမ္မတ ပြန်လဲ

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်က ဝန်ကြီးအမည် စာရင်းကို ပြည်ထောင်စု လွှတ်တော်တွင် ယခုလ ၉ ရက်နေ့ မနက်ပိုင်း၌ တင်သွင်း ခဲ့ရာမှ၊ ထိုနေ့ ညနေပိုင်းတွင် အခြားသော အမည်တူ တဦးဖြင့် ပြန်လဲခဲ့ကြောင်း အမတ်တဦးက ပြောသည်။

သမဝါယမ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မှ နေ၍ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်၏ အမည်ဖြင့် သမ္မတက ပြန်လည် လဲလှယ်ခဲ့ပြီး မူလက တင်သွင်းခံရသူ ဦးဝင်းမြင့်မှာ ရန်ကုန် ရွှေဂုံတိုင် အထူးကု ဆေးခန်း၌ တနင်္ဂနွေနေ့တွင် ကွယ်လွန် သွားပြီ ဟုဆိုသည်။

“အဲဒီ ဦးဝင်းမြင့်က သမ္မတ အဆိုတင်တဲ့ ဝန်ကြီး ၃ဝ ထဲမှာ သူက အရင် ပါတယ်ဗျ။ ဒီဦးဝင်းမြင့်ကိုပဲ နာယကက ကြေညာ လိုက်တယ်။ ၁၂ နာရီလောက်ကျတော့ ကိုယ်ရေးရာဇဝင် တပါတီတစုံ သွားထုတ်တယ်။ ည ၆ နာရီ လောက်ကျတော့ လွှတ်တော် ညွှန်ကြားရေးမှူး ရုံးကနေ ဖုံးဆက်လာတာ။ ကိုယ်ရေး ရာဇဝင်တခု မှားနေတယ်တဲ့ လာလဲလိမ့်မယ်ပေါ့။ သူ့ရဲ့ ကိုယ်ရေး ရာဇဝင်အကျဉ်းကို ပြန်လာလဲ သွားလိုက်တယ်။ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်ကို ပြန်ထည့်တယ်” ဟု အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် စစ်အစိုးရအာဘော် ကြေးမုံ သတင်းစာတွင် အိမ်တွင်း စက်မှု လက်မှု လုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် (၆ဝ နှစ်) ၏ နာရေးကြော်ငြာ ပါရှိလာသည်။ ကွယ်လွန်သူ ညွှန်ချုပ် ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း ဖော်ပြရာတွင်မူ အမတ်ဟူ၍ မပါရှိကြောင်း သိရသည်။

ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ဥက္ကဋ္ဌဟောင်း ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်မှာမူ စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော် အမတ် ဖြစ်ပြီး၊ ပညာ အရည်အချင်းကို တက္ကသိုလ် ဝင်တန်းဟု ကိုယ်ရေးတွင် ဖော်ပြထားပြီး စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ရံ ကျေးရွာဇာတိဟု ပါရှိသည်။

ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တဦးကမူ ညနေပိုင်းတွင် ကိုယ်ရေးအကျဉ်း လဲလှယ်သည်မှာ မှန်သော်လည်း ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်ကို နဂိုကတည်းက လျာထားသည်ဟု ငြင်းဆိုသည်။

“မဟုတ်ပါဘူး။ နဂိုထဲက ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်ကို လျာထားတာ။ ဒါက ခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂-၃ လ ကတည်းက လုပ်ထားတဲ့ ကိစ္စတွေ။ ဒီလိုလဲလို့လည်း ရတဲ့အမျိုးမှ မဟုတ်တာ။ ဝဏ္ဏကျော်ထင် ဆိုတာ မပါဘူး ကြေညာတုန်းက။ နောက်နေ့ကျမှ ဝဏ္ဏကျော်ထင် ဆိုတာ ပါတယ်။ ဦးဝင်းမြင့်က ၃-၄ ယောက်လောက် ရှိနေတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ မဟုတ်သည့် အခြားလွှတ်တော် အမတ် တဦးကလည်း ကိုယ်ရေး အကျဉ်း လာလဲသည်မှာ မှန်ကန်ကြောင်း ပြောသော်လည်း ပထမ ဦးဝင်းမြင့်၏ ပညာအရည်အချင်းကို BE Civil ဟုသာ မှတ်ထားမိသည်ဟု ဆိုသည်။

“ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်နဲ့ ဦးဝင်းမြင့် လာလဲတာ ဟုတ်ပါတယ်။ မှားသွားလို့တဲ့။ နောက်မှ လိုက်လာပြီးတော့ သူတို့ မှားသွားလို့ပါ ဆိုပြီး လာလဲတာပါ။ ပထမ ဦးဝင်းမြင့်က ပညာ အရည်အချင်းမှာ BE Civil လား၊ အိမ်တွင်း စက်မှု လက်မှုလို့တော့ မပါဘူး။ နောက် ဦးဝင်းမြင့်က တက္ကသိုလ်ဝင်တန်း ဆိုပြီးတော့ပဲ” ဟု သူက ပြောသည်။

တနင်္ဂနွေနေ့၏တွင် ကွယ်လွန်ခဲ့သူ ညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်သည် ညောင်တုန်းမြို့နေ (ဦးကြည်-ဒေါ်ခင်မမ) တို့၏ သား၊ (ဦးဖေမြင့်-ဒေါ်မြဟန်) တို့၏ သားသမက်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိ ရပ်ကွက်၊ ချမ်းမြေ့စံသာလမ်းနေ ဒေါ်ခင်မေမြင့် (ခ) ဒေါ်မေဒေး၏ ခင်ပွန်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် သားတဦးနှင့် သမီးတဦး ကျန်ခဲ့သည်။

ကျန်ရစ်သည့် ရုပ်ကလာပ်ကို အင်္ဂါနေ့တွင် ရန်ကုန်တိုင်း အလုံမြို့နယ် နေအိမ်မှ ရေဝေး သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည်ဟု သတင်းစာက ဆိုသည်။


Ref: မဇ္ဈိမ

Read More...

အီဂျစ်တပ်မတော်ကို နမူနာယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Monday, 14 February 2011

အီဂျစ်နိုင်ငံတွင် နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင် သမ္မတ ဟော်စနီ မူဘာရက် နုတ်ထွက်ရန် လူထု ဆန္ဒပြခဲ့သည့် ဖြစ်ရပ်တွင် အီဂျစ်စစ်တပ်က အင်အာသုံး ဖြေရှင်းခြင်း မပြုသည့် အပေါ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့ပြီး မြန်မာ့ တပ်မတော် သည်လည်း အီဂျစ် တပ်မတော်ကို နမူနာ ယူသင့်ကြောင်း ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပ ခဲ့သော ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အပြီး ပြည်တွင်း ဂျာနယ် သတင်းထောက် တဦး၏ မေးမြန်းမှုကို ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ၌ အာဏာရှင် သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေးရန် အီဂျစ်လူငယ်များက ဇန်န၀ါရီ လကုန်ပိုင်းမှ စတင်၍ ဆန္ဒပြပွဲများ စတင်ခဲ့သည်။ ၎င်းနောက် ၂ ပတ်နီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေး ခဲ့ရပြီး ၁၃ ရက်နေ့တွင် စစ်တပ်က လွှတ်တော်ကို ဖျက်သိမ်းကာ ၆ လအကြာတွင် ရွေးကောက်ပွဲ ကျင်းပ ပေးမည်ဟု ကြေညာ ခဲ့သည်။

“လူတွေ သောင်းသိန်းချီ ဆန္ဒပြကြပေမယ့် အီဂျစ်တပ်မတော်က သူ့ပြည်သူတွေကို မပစ်ဘူး။ သူ့ ပြည်သူတွေ ဘက်က ရပ်တည်တယ်။ ဒါကို မြန်မာ့ တပ်မတော်က စံနမူနာ ယူသင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အီဂျစ်နိုင်ငံတွင် လူငယ်များက ဦးဆောင်ပြီး လူမှုကွန်ရက်များဖြစ်သည့် facebook၊ twitter များမှ တဆင့် လူထု သိန်းသန်းချီ ပါဝင်ခဲ့သော ဆန္ဒပြပွဲများ အထိ ပြုလုပ် နိုင်ခဲ့သည့် အတွက် အီဂျစ်သမ္မတ မူဘာရက် နုတ်ထွက် သွားရသည် ဆိုသော
သတင်းမှာ မြန်မာ လူငယ်များ အကြားတွင် ရေပန်းစား လူပြောများသော သတင်းတခု ဖြစ်လာပြီး အီဂျစ် နိုင်ငံအကြောင်းကို လေ့လာလိုသူ များပြားလျက် ရှိကြောင်း သိရှိရသည်။

“၁၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ မူဘာရက် ဆင်းသွားပြီ ဆိုပြီး facebook မှာ သတင်း တွေတက် လာတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တောက်လျှောက်ကို တက်လာတာ။ အီဂျစ် ပြည်သူတွေကို ကြည့်ပြီး ကိုယ်လည်း ပျော်တယ်။ ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်” ဟု facebook သုံးစွဲသူ အနောက်ပိုင်း တက္ကသိုလ် ကျောင်းသားတဦးက ဆိုသည်။

NLD လူငယ်တာဝန်ခံတဦးက အီဂျစ်လူငယ်များသည် အဖွဲ့အစည်းဟူ၍ မည်မည်ရရ ပြစရာမရှိဘဲ အွန်လိုင်းကို အသုံးချကာ အချင်းချင်း ကွန်ရက် ချိတ်ဆက်ပြီး တော်လှန်ရေး စတင်ခဲ့ခြင်း ဖြစ်သဖြင့် အီဂျစ်တနိုင်ငံလုံး ငြိမ်းချမ်းသော ဆန္ဒပြပွဲတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း၊ အီဂျစ် တပ်မတော် ကသာ အာဏာရှင်အလိုကျ အကြမ်းဖက် နှိမ်နင်းခဲ့လျှင် အသက်ပေါင်း များစွာ စတေးရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“တပ်မတော်က ပြည်သူဘက်က ရပ်တည်ဖို့ အရမ်းအရေးကြီးတယ်။ အီဂျစ် တပ်မတော်ရဲ့ ပြည်သူအပေါ် ထားတဲ့ စိတ်ဓာတ်က ချီးကျူးဖို့ ကောင်းပါတယ်။ ဒီမှာလည်း တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းမိမယ် ဆိုရင် အောင်မြင်မှုရရှိဖို့ အသေအချာပဲ” ဟု ၎င်းက ပြောသည်။

လူငယ်အချင်းချင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မှုဖြင့် အာဏာရှင်တဦးကို ဖြုတ်ချ နိုင်ခဲ့ခြင်းသည် ၂၁ ရာစု အတွက် အကောင်းဆုံးသော ဒီမိုကရေစီ တိုက်ပွဲ ဥပမာတခုပင် ဖြစ်ကြောင်း လူငယ် သတင်းထောက် တဦးက ဆိုသည်။

“ကွန်ရက်ဖြစ်တဲ့အတွက် အဖွဲ့အစည်းလိုမျိုး သူက ခေါင်းဆောင်၊ သူက နောက်လိုက် ဆိုတာမျိုး မရှိတော့ဘူး။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) စကားနဲ့ ပြောရင် အကျမနာဘူး။ တယောက် မရှိရင် နောက်တယောက်က လုပ်စရာ ရှိတာတွေ
ဆက်လုပ် သွားလို့ ရတယ်။ အီဂျစ်ကလူငယ်တွေ လုပ်ပြ သွားတာက အင်မတန်မှ ကောင်းတယ်။ လူထုကို တဖြည်းဖြည်းချင်း သိမ်းသွင်းသွားတာ” ဟု သူက ပြောသည်။

အီဂျစ်ပြည်သူများ၏ ဆန္ဒပြမှုကြောင့် ရာထူးမှ နုတ်ထွက်သွားရသော အသက် ၈၂ နှစ်အရွယ် သမ္မတ မူဘာရက်သည် လေတပ် ဦးစီးချုပ် ရာထူး တာဝန် ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်တဦး ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း ၃၀ ကြာ အုပ်စိုးခဲ့သော အာဏာရှင် သမ္မတ တဦးဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

သံချပ်ကာ ကားများ SSPP / SSA နယ်မြေသို့ ထပ်ပို့

Monday, 14 February 2011

ဗိုလ်ချုပ်ပန်ဖှါ့ ဦးစီးပြီး အသစ်ပြန်လည် ဖွဲ့စည်း လိုက်သောသျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် ထိန်းချုပ် နယ်မြေ အနီးသို့ နအဖတပ် မှ သံချပ်ကာကားများ ဆက်တိုက် ပို့ဆောင်နေကြောင်း စုံစမ်း သိရှိရပါသည်။

“ပြီးခဲ့တဲ့သောကြာနေ့က မိုင်းနောင်ဘက်ကို သံချပ်ကာ စစ်ကား နောက်ထပ် ၅ စီး ရောက်လာတယ်။ စစ်ကား ကြီးပေါ် တင်လာတာ။ ၈ ရက်နေ့တုန်း ကလဲ ၆ စီး ရောက်ထားတယ်။ ဘယ်နေ့ စစ်ဖြစ်မလဲ ဆိုတာ မသိနိုင်ဘူး။

သျှမ်းတပ်ဘက်လဲ ဗမာတပ်သာ နယ်ကျွံဝင်ရင် ပစ်ဖို့ ၂၄ နာရီ အဆင်သင့်ဘဲ လို့ တပ်လှန့် ထားတယ်တဲ့” - ဟု ဒေသခံ ကားဆရာ တဦးက ပြောပါသည်။ ဖေဖေါ်ဝါရီ ၁၁ ရက်က ကားကြီး ၅ စီးက သံချပ်ကာကား တစီးစီ တင်ကာ မိုင်းနောင်ဘက် ရောက်ရှိကြောင်း၊ ထိုနေ့၌ပင် တောင်ကြီးမှ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် သစ် နယ်မြေ ခိုလမ်ဘက် သံချပ်ကာ ကား ၅ စီး တောင်ကြီး - ကျိုင်းတုံ လမ်းမ အတိုင်း မောင်းနှင် သွားကြောင်း မျက်မြင်များက ပြောပြပါသည်။

“ စက်တင်ဘာ ၁ ရက် ၂၀၁၀ က စပြီး အပစ်ရပ် ခေတ်ကုန်ပြီ၊ ဥပဒေ ပြင်ပ ရောက်သွားမယ်လို့ နအဖ ဘက်ကဘဲ စပြောတာဘဲ။ ကျနော်တို့ ကိုယ့်ဘာသာ ကိုယ်ပြောတာ မဟုတ်ဘူး။ ပြည်သူလူထုက သတ်မှတ်တာလဲ မဟုတ်ဘူး။ ဗမာတပ်တွေ နယ်ကျွံဝင် လာရင်တော့ ကိုယ့်ကိုယ် ကာကွယ်ဖို့ ၂၄ နာရီ အဆင်သင့်ဘဲ။ အနာဂတ်မှာ စစ်ဖြစ် မဖြစ် နအဖ အပေါ် မူတည်တယ်” - ဟု SSA အရာရှိ တဦးက ပြောပါသည်။

ယခုလအတွင်း တိုးချဲ့ဆဲ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေသို့ သံချပ်ကာ ကား ၁၆ စီးထက် မနည်း ရောက်ရှိ နေကြောင်း နိုင်ငံရေး စစ်ရေး လေ့လာသူများက အတည်ပြုပါသည်။ ယမန်နေ့ကလည်း ဝမ့်ဟိုင်း ဌာနချုပ် နယ်မြေ အနီး တိုးကပ် လှုပ်ရှားနေသော ခမရ ၅၇၈ မှ အင်အား ၅၀ ဝန်းကျင် စစ်ကြောင်း တစ်ကြောင်းက ကျေးသီးမြို့နယ် ၊ ခေါက်ဇန့် အုပ်စု၊ ဖှါဇင်းမ် ရွာသားငါးဦးအား သျှမ်းသူ ပုန် သတင်း မေးမြန်း စုံစမ်းစဉ် ရွာသားများ က မသိဟု ပြန်ဖြေရာ မေ့မျှောသည် အထိ ပြင်းထန်စွာ ရိုက်နှက် စစ်ဆေး ခံရကြောင်း ဒေသခံများ ပြောပြချက် အရ သိရပါသည်။

ပြီးခဲ့သည့် ၁၀ ရက်နေ့ ညသန်းခေါင် အချိန်ကလည်း အဆိုပါ စစ်ကြောင်းက ဝမ့်ဇာတ်ရွာထိပ်၌ ကင်းပုန်း စောင့်ဆိုင်းစဉ် ၎င်းတို့ ဂိတ်အနီး ကျွဲတကောင် ရောက်ရှိ လာသောကြောင့် ပစ်သတ်လိုက်ကြောင်း၊ ၁၁ ရက် နံနက် မိုးလင်းချိန် သေနတ် ဒဏ်ရာဖြင့် အသက်ငင် နေသော ထိုကျွဲအား အသေပစ်သတ် အသားပေါ်ပြီး မျှဝေ စားသောက် ခဲ့သည် ဟု ဆို၏။ ပြီးခဲ့သည့် စနေနေ့ အဆိုပါ စစ်ကြောင်း SSPP/ SSA ဝမ့်ဟိုင်း ဌာနချုပ် အနီးရှိ အရှေ့ မြောက်ဘက် ဝမ့်နမ့်လုတ်ရွာသို့ ထပ်တိုး သွားကြောင်း သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလုံး၍ စကားမပီ

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံ နှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိ ထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့ အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ် ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ အသက် ကြီးလာတော့လည်း လျှာက လိပ်လာပြီ ဆိုတော့ အခြေအနေ သိပ် မကောင်းသေးဘူးပေါ့။ နောက် နည်းနည်းတော့ ထော့နဲ့ ထော့နဲ့နဲ့ပေါ့” ဟု ဧည့်ခံပွဲ တက်သည့် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

တနင်္ဂနွေနေ့ စစ်အစိုးရအာဘော် သတင်းစာများတွင် နအဖ ဥက္ကဋ္ဌ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေ” နှင့် နအဖ ကောင်စီ ဝင်များက အမတ်များကို လိုက်နှုတ်ဆက်ပုံကို ဖော်ပြ သော်လည်း ဗိုလ်ချုပ်မှူးကြီး၏ ဇနီးဒေါ်ကြိုင်ကြိုင် ကိုမူ ဓာတ်ပုံထဲ၌ မတွေ့ရပေ။

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့က တည်ခင်း ဧည့်ခံမည်ဟု ဖိတ်စာအတွင်း ဖော်ပြ ထားသော်လည်း ဒေါ်ကြိုင်ကြိုင်ကို မမြင်လိုက်ရဟု အမတ် တဦးက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

Monday, February 14, 2011

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၄)

စနေ, 12 ဖေဖော်ဝါရီ 2011

တပ်မှူးတပ်သား ပြောစကား (၀၄၇)

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလမှာ လူထု ဆန္ဒပြပွဲတွေကို ပစ်ခတ် နှိမ်နင်းဖို့ တာဝန်တွေနဲ့ ရန်ကုန်မြို့ကို ရောက်ရှိနေသူ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၈)က ဗိုလ်ကြီး စိုင်းဝင်း ကျော်ဟာ အထက်ကနေ လာလတ္တံ့သော အမိန့်တွေကို မနာခံ လိုတော့တဲ့ အဖြစ်ကို ရောက်စေတဲ့ သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှစ်လေးလုံးရဲ့ အစပိုင်းပေါ့နော်၊ လူထုက စပြီးတော့မှ အုံကြွမှု ဖြစ်တဲ့ အချိန်နဲ့ ကျနော်တို့နဲ့ မြောက်ဥက္ကလာ တံတား ကြီးမှာ တွေ့ကြပါတယ်။ တကယ်တမ်း ကျနော့်ဘ၀ကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ အဖြစ်အပျက် ပေါ့နော်။ ကျနော် ထင်တာတော့ မြောက်ဥက္ကလာ တမြို့လုံးများ ထွက်လာသလား မသိဘူး။ လမ်းပေါ်မှာ လူတွေက ပြည့်သိပ်နေတယ်။ အဲဒီအချိန်မှာ တပ်ရင်းမှူး ဗိုလ်မှူး သိုက်ထွန်းကနေ အထက် ကို အခြေအနေ တင်ပြပါတယ်။ နောက်ဆုံး အထက်က ညွှန်ကြားချက် အရ တပ်ရင်းမှူး ဗိုလ်မှူး သိုက်ထွန်းက “ပစ်” ဆိုတဲ့ အမိန့် ပေးလိုက်ပါတယ်။ ပထမ ပစ်ခိုင်း ထားတာကတော့ ညွှန်ကြားချက် အရ ရာဘာ ကျည်ဆံတွေနဲ့ ပစ်ခိုင်းတာပါ။ ဒါပေမယ့် ရှေ့က တပ်ခွဲ(၁)က ပစ်တဲ့ အချိန်မှာ ကျနော်မြင်တာ အတုံးအရုံး အဲဒီမှာ သေကုန် ကြပါတယ်။ ဒါပေမယ့် ကျနော် သိရ သလောက်တော့ အဲဒီအချိန်မှာ ကျနော်တို့ကို ကျည်အစစ်နဲ့ ပစ်ပါလို့ ညွှန်ကြား ထားတာတော့ မရှိဘူး။ ကျနော် မြင်တာတော့ အဲဒီမှာ ရှေ့ဆုံးက ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ ကိုင်ထားတဲ့ ကောင်မလေး ကိုယ်တိုင် လဲသွား တာလေ။ ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလည်း အစိပ်စိပ် အမွှာမွှာ မှန်တွေက ကွဲသွားတယ်။ အဲဒီ မြင်ကွင်းလေးက ကျနော့်ကို တော်တော် စိတ် ထိခိုက် စေပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ဘာသာ ပြန်သုံးသပ် မိတာပေါ့နော်။ ငါ ဒီအတိုင်း ဆက်သွားလို့ကတော့ ဒီဘ၀ကြီးဟာ ပျော်ပိုက်စရာ မကောင်းတော့ ဘူးလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် မိတာတွေ ဖြစ်လာတာ ပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ လူထုကို ပစ်ခတ်ရမယ့် အမိန့်တွေနဲ့ ရင်မဆိုင် လိုတော့တာကြောင့် နောက်ဆုံး မှာတော့ ရှစ်လေး လုံးလူ ထုအုံကြွမှု ကာလ အတွင်းမှာပဲ မိမိရဲ့ လက်နက်ကို တပ်စခန်းမှာ ထားခဲ့ပြီးတော့ ဆန္ဒပြ ပြည်သူ လူထုဆီ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဇန်န၀ါရီလ(၃၁)ရက်နေ့က စပြီးတော့ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လွှတ်တော် အစည်းအဝေး ကာလမှာ မြန်မာ့ တပ်မတော် က စစ်ရေး ချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ၀န်ကြီး တာဝန် ယူခိုင်းတာမှာ ဒီတာဝန်ကို မယူနိုင်ဘူးလို့ အမိန့် မနာ ခံမှု တခု ဖြစ်ပေါ် နေတာကြောင့် ဒီသတင်းကို အများက စိတ်ဝင် စားနေကြပါတယ်။ ကာကွယ်ရေး ၀န်ကြီး ဌာနရုံးချုပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် စစ်ဦးစီးမှူး ဒုတိယတန်း (G-2) တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ အစောပိုင်း နှစ်တွေမှာ၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မှာလည်း (G-2) ဖြစ်နေသူ ဗိုလ်မှူး အောင်လင်းထွဋ်ကို အခု ဖြစ်ပေါ်နေတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ရဲ့ အမိန့် မနာခံမှုနဲ့ ပတ်သက်ပြီး နောက်ခံ အကြောင်းတရား ဖြစ်နိုင်ခြေတွေကို မေးကြည့်ခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတော့ အခု ဒီဖြစ်စဉ်မှာလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က တဆင့်ပေါ့လေ၊ ပြောခိုင်းတာမျိုး ဖြစ်ပါ လိမ့်မယ်။ သူ့ရဲ့ အခြေအနေ မှန်နဲ့ ဒီကာကွယ်ရေး ၀န်ကြီးရဲ့ ကာကွယ်ရေး ဦးစီးချုပ် အောက်က နေပြီးတော့မှ ဖွဲ့စည်းပုံက ပြောင်းပြန် ဖြစ်နေတဲ့ အပေါ် သူ့စိတ်ထဲမှာ မကျေနပ်ချက်တွေ ရှိနေ ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အမိန့်နာခံမှုဆိုတဲ့ အပိုင်းကို ပြန်ကြည့်ရင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ရဲ့ စစ်သားဘ၀ career ကို ကျနော်တို့ ကြည့်လိုက်တဲ့ အခါမှာ နှစ်က မနည်းတော့ဘူး။ သူ့ရဲ့profile အရ ဆိုရင် သူဟာ ၁၉၇၃ ခုနှစ်ကတည်းက စစ်တက္ကသိုလ် စတက်တယ် ဆိုတော့ အခု ဘာပဲပြောပြော နှစ်(၄၀) နီးပါး ရှိနေပြီ။ အဲဒီတော့ ဒီလောက် လုပ်လာတဲ့ career ကြီးမှာ နောက်ဆုံးမှာ အခု သူဘာမှ မပြောဘဲ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို လိုပဲ နေလိုက်ရင်လည်း ဘာပဲပြောပြော ဒုတိယ ဗိုလ်ချုပ်ကြီး အနေနဲ့ တနေ့မှာ ပင်စင် သွားရမှာပဲ။ ဆိုတော့ အဲဒီအခြေအနေ ကို သူမခံယူနိုင်ဘူး ဆိုတာဟာ ဘာကြောင့်လို့ ယူဆပါသလဲ ခင်ဗျ။ နှစ်ပိုင်း ပေါ့နော်။ သူ့ အတွက်ဆိုရင် (မိမိထက် ဂျူနီယာကျသူ) ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အောက်မှာ လုပ်ရမှာ ဖြစ်လို့ ဒီလိုဖြစ်တယ်။ ဒါမှမဟုတ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အရ ဖြစ်ချင်တိုင်း ဖြစ်ပြီးတော့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ခိုင်းချင်သလို ခိုင်းနေတဲ့ ကိစ္စမျိုးကို လိုက် မလုပ်နိုင်ဘူး ဆိုတဲ့ သဘောမျိုးလား ခင်ဗျ။ အဲဒီ အမိန့်နာခံမှု မရှိတဲ့ အပိုင်းနှစ်ပိုင်းကို ခွဲ ပြီးကြည့်ရင် ဘယ်လို မြင်ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ပထမပိုင်းအနေနဲ့ ပြောရရင် သူဟာ ငယ်စဉ် တလျှောက်မှာ တောက်လျှောက် ပေါ့လေ၊ တပ်မမှူး တိုင်းမှူး ဘ၀လောက် အထိက တော်တော်လေးလည်း နာမည်ကောင်း ရခဲ့ပါတယ်။ လုပ်ရည် ကိုင်ရည်လည်း ရှိတယ်။ ထက်ထက် မြက်မြက်လည်း ရှိတယ်။ စစ်ရေး စွမ်းရည်လည်း ရှိတယ်။ အမိန့်နာခံမှု အပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ကျေနပ်တဲ့ အပိုင်းတွေရှိတဲ့ အတွက်ကြောင့်မို့ သူ့ကို သူများ တကာတွေထက် ပိုပြီးတော့မှ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ် အဆင့်တွေကို အရင်ဆုံး ရခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အထူးသဖြင့် သူ့ရဲ့ပင်ကိုယ် စရိုက် က professional soldier ပေါ့လေ၊ အထူးသဖြင့် ဗိုလ်ချုပ်ကြီး မောင်အေး တို့လိုပေါ့ စစ်တပ် အတွက် ဆိုရင်တော့ ဘာမဆို ခိုင်းတာ လုပ်မယ် ဆိုတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါက ပထမပိုင်းပါ။ ဒုတိယပိုင်း အနေနဲ့ကတော့ နိုင်ငံရေးပိုင်းနဲ့ နည်းနည်းသွားပြီး နွယ်ပါတယ်။ အခု ဒီဖွဲ့စည်းပုံ အပေါ်မှာလည်း သူတို့ မလွှဲသာလို့သာ အောင့်အည်း ပြီးတော့မှ နေရတဲ့ သဘောမျိုး ရှိပါတယ်။ သူတို့ မကျေနပ်မှုတွေက ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်း ပြီးကတည်းကိုက စစ်တပ်ထဲမှာ ဗိုလ်ချုပ်မှူးကြီး အပေါ် တော်တော်လေး စိတ်ကုန်တဲ့ အနေအထား မျိုးတွေ ရှိခဲ့ပါတယ်။ ဒါ နိုင်ငံရေးပေါ့ လေ။ ဒီထက် ထပ်ဆိုးတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်လာတဲ့ အခါကျတော့ ခုန ပြောသလိုပေါ့လေ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးဟာ ပြောင်းပြန် ဖြစ်နေတယ်ဗျ။ တကယ်တော့ ၀န်ထမ်း အဖွဲ့အစည်း ဖြစ်တဲ့ စစ်တပ်ဟာ ပြည်သူ့ အဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်ရဲ့ အောက်က ကာကွယ်ရေး ၀န်ကြီး အောက်မှာပဲ ရှိသင့်ပါတယ်။ အမိန့် မနာခံမှုနဲ့ ပတ်သတ်ပြီး သူ ရဲရဲဝံ့ဝံ့ တော့ ကျနော်တို့ တပ်မတော် စကားနဲ့ ပြောရရင်တော့ anti ကန်တဲ့ သဘောမျိုး လုပ်တာပါ။ အဲဒီလို လုပ်တဲ့ အတွက်ကြောင့်လည်း ထွက်ခိုင်းတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာ ဟိုတရက်တုန်းက တပ်မတော်သား အစု အဖွဲ့က နေပြီးတော့ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတွေ စာရင်း တင်တဲ့ ဟာမှာ၊ သူများ လွှတ်တော် နှစ်ရပ်က တရက်ထဲနဲ့ ပြီးသွားပေမယ့် သူတို့မှာ နှစ်ရက်နဲ့ မပြီးနိုင် ဖြစ်နေ ရတာ၊ ဒီ ကိစ္စကော ပါမယ်လို့ ယူဆပါသလား ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူ့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လို့ လျာထားတယ်လို့ သိထားပြီး last minute ကျမှ လာပြောင်း လိုက်တဲ့ အတွက်၊ အခုကျမှ ဒီဟာတွေ သတင်းတွေ ထွက်လာတာ ကိုး။ အဲဒီလိုမျိုးကော ဖြစ်နိုင်ပါသလား ဒီအမိန့်မနာခံမှု ကိစ္စဟာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒီဖြစ်စဉ် ဖြစ်သွားတာ ကျနော်တို့ ကြားသိရ သလောက်တော့ လွန်ခဲ့တဲ့ အပတ် တကယ် အဲဒီ စာရင်းကို တင်သွင်းတဲ့ အခါကျမှ ကိုမြင့်အောင် ကတော့ ဒီလိုပဲ တင်ပြပါတယ် ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သိသွား ပြီးတော့မှ ဒေါသဖြစ်ပြီး အခုချက်ချင်း ထွက်ခိုင်းလိုက် ဆိုပြီးတော့မှ ပြောခိုင်းတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီဝန်ကြီးစာရင်း cabinet list ဟာ ဗိုလ်ချုပ်မှူးကြီး ဆီကနေ ဦးသိန်းစိန် ဆီလာမယ်။ ဦးသိန်းစိန်ကမှ ဒီ list ထဲမှာ ပါတဲ့ လူတွေကို ခင်ဗျားတို့တော့ မင်းတို့တော့ ၀န်ကြီးဖြစ်ပြီ ဆိုပြီး သူပြောမယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်ကြီး မြင့်အောင်က သူမလုပ်နိုင်ဘူး ဆိုတာကို ဗိုလ်ချုပ်ကြီး သိန်းစိန်က တဆင့် ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ အမိန့် နာခံမှု အပိုင်းကရော ဘယ်လိုရှိလဲ။ သူ့အနေနဲ့ပဲ “ကိုမြင့် အောင်လေး၊ ခင်ဗျား အဲဒါမျိုးတော့ မလုပ်သင့်ဘူး” လို့ ပြန်ပြောပြီး ဆွေးနွေးတဲ့ အနေအထားမျိုး ရှိမလား။ ဒါမှမဟုတ် တခါတည်း တန်းပြီး ဗိုလ်ချုပ်မှူးကြီး ဆီကို တိုက်ရိုက် ဒီ ကိစ္စကို သတင်းပို့မလား။ အဲဒီတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ အမိန့်နာခံမှု ရှိခဲ့ တဲ့ အဖြစ်အပျက် အတွေ့အကြုံကိုလည်း ဗိုလ်မှူးအနေနဲ့ ကြုံခဲ့တာရှိရင် ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ တိတိ ကျကျ ပေါ့ဗျာ၊ ဗိုလ်ချုပ်မှူးကြီး ခိုင်းတယ် ဆိုရင်တော့ တသဝေ မတိမ်း လုပ်ရတဲ့ အနေအထားမျိုး ရှိပါတယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန် အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ်မှာ ဘယ်လောက် အမိန့် နာခံလဲ၊ သြဇာခံလဲ ဆိုတာ က၊ ကျနော့် အတွေ့အကြုံ အရ ပြောရရင် ၁၉၉၆ခုနှစ် ခွန်ဆာ ကိုယ်တိုင် လက်နက်ချတော့ ကျနော် ကိုယ်တိုင် လက်နက်ချပွဲ အခမ်းအနားကို သွားရပါတယ်။ အဲဒီကို ရောက်တဲ့ အခါမှာ အဲဒီတုန်းက စစ်ဦးစီး ဗိုလ်မှူးကြီး သိန်းစိန် ဆီကနေ ကြေးနန်း ၀င်လာပါတယ်။ “အောင်လင်းထွဋ်ကို အခုရိုက်ပြီး သား ဗီဒီယိုအခွေနဲ့ ရန်ကုန်ကို အမြန်ဆုံး ပြန်လာခိုင်းပါ။ ဒီည (၈) နာရီ သတင်းမှာ သတင်းလွှင့်ဖို့ ရှိတယ်” ဆိုပြီး ကျနော့်ကို သီးသန့် ရဟတ်ယာဉ် တစီးနဲ့ ရန်ကုန်ကို ပြန်ခိုင်း ပါတယ်။ ရန်ကုန် ပြန်ရောက်တဲ့ အခါကျတော့ အဲဒီ ဗီဒီယိုအခွေကို စစ်ရုံးမှာ ထိုင်နေတဲ့ ဗိုလ်မှူးကြီး သိန်းစိန်ကို ကျနော် သွားပေးတယ်။ ချက်ချင်းပဲ ဗိုလ်မှူးကြီး သိန်းစိန်က ဘေးခန်းမှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပေးပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဲဒီ အခွေကို ထိုင်ကြည့်ပါတယ်။ ၄၅ မိနစ် ကြာပါတယ်။ အခွေက အကြမ်းပါ။ ပြီးတဲ့ အခါကျတော့ ကျနော့်ဆီကို ဗိုလ်မှူးကြီး သိန်းစိန်က ဖုန်းဆက် တယ်။ “အောင်လင်းထွဋ် မင်း မြန်မာ့အသံမှာ ဒီနေ့ ည (၈) နာရီ သတင်းမှာ သွားလွှင့် ဆိုပြီးတော့မှ လွှင့်ခိုင်းပါတယ်။ လွှင့်ခိုင်းတဲ့ အတွက်ကြောင့် ကျနော် အဲဒီအခွေကို ယူပြီး မြန်မာ့အသံမှာ သွားလွှင့်ပါတယ်။ သွားလွှင့်တဲ့ အခါမှာ သတင်းရဲ့ ထုံးစံအရ ရုပ်မြင် သံကြားမှာ လွှင့်တယ်၊ public ကို လွှင့်တယ် ဆိုတော့ ဘယ်တော့မှ အခွေအကြမ်းကို တိုက်ရိုက် လွှင့်လေ့ လွှင့်ထ မရှိပါဘူး။ အဲဒီအခွေကို edit လုပ်ပြီး ကောင်းတဲ့ အပိုင်းတွေ ယူ မကောင်းတဲ့ အပိုင်းတွေ ဖျက်ပြီးတော့မှ လွှင့်ရပါတယ်။ အဲဒီတော့ လွှင့်တဲ့ အချိန်မှာ မြန်မာ့အသံ ညွှန်ကြားရေးမှူးက edit လုပ်ပြီးမှ အခွေကို လွှင့်မိပါတယ်။ edit လုပ်ပြီးသား အခွေက မိနစ် ၂၀ ကျော်လောက် ကြာပါတယ် ခင်ဗျ။ အဲဒီအခွေကို မြန်မာ့ အသံက လွှင့်ပြီး တာနဲ့ ကျနော့်ဆီကို ဗိုလ်မှူးကြီး သိန်းစိန်ဆီက ဖုန်း ချက်ချင်း ရောက်လာပါတယ်။ ဗိုလ်မှူးကြီး သိန်းစိန်က ကျနော့်ကို ပြောတယ်။ “ဟေ့ကောင် အောင်လင်းထွဋ် မင်း ဘာလို့ ခိုင်းတဲ့အတိုင်း မလုပ်တာလဲ” ဆိုပြီး ကျနော့်ကို ဆူပါတယ်။ “သူ ကြည့်ထားတဲ့ အခွေက ၄၅ မိနစ်ရှိတယ်။ ဘာဖြစ်လို့ မင်း ၄၅ မိနစ်လုံး အဲဒီ အခွေကို မလွှင့်တာလဲ” ဆိုပြီး ကျနော့်ကို ဆူပါတယ်။ “ငါတို့ကိုလည်း အခန်းထဲခေါ်ပြီး ခိုင်းတဲ့အတိုင်း မလုပ်ရပါ့မလား ဆိုပြီး စားပွဲပေါ်မှာ ရှိတဲ့ ဖန်ခွက်နဲ့ ပေါက်တယ်” တဲ့။ “အဲဒီတော့ မင်းအမြန်ဆုံး သူခိုင်းတဲ့အတိုင်း ပြန်လုပ်ပါ။ ၄၅ မိနစ်ကြာတဲ့ အခွေကြမ်းကို ပြန်လွှင့်ပါ” လို့ ကျနော့်ကို ခိုင်းခဲ့ဖူးပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ဗိုလ်မှူးအောင်လင်းထွဋ် ပြောတဲ့အတိုင်း ဆိုရင် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့အမိန့် ကို မြေ၀ယ်မကျ နာခံသူ ဖြစ်တယ်။ ဒါကြောင့်မို့လည်း အခု စိတ်ချလက်ချ သမ္မတ အဖြစ်ကို ထားတာ ဖြစ်တယ်လို့ ကျနော်တို့ ယူဆရတယ်။ အဲဒီတော့ အခု မမျှော်လင့်တဲ့ အချိန်မှာ၊ ဗိုလ်ချုပ်မှူးကြီးက လွှတ်တော် အစည်းအဝေးနဲ့ အခု လုပ်နေတဲ့ ဟာကို၊ နိုင်ငံတကာ အသိအမှတ် ပြုမှုလည်း ရစေချင်တယ်။ အောင်မြင်စွာ ပြီးဆုံး သွားတယ် ဆိုတဲ့ အဖြစ်ကိုလည်း သူ လိုချင်တယ်။ အဲဒီအချိန်မှာ ဒီ cabinet member ရွေးတာကစပြီး ဒီ ပြဿနာက တက်တယ်။ အပြင်ကိုလည်း ဒီသတင်းက ပေါက်ထွက် နေတယ် ဆိုတော့၊ ဒီ အမိန့်မနာခံမှုနဲ့ ပတ်သတ်ပြီးတော့ တပ်တွင်းမှာ “ဟာ ..ဒါမဟုတ်တာ လာခိုင်းရင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်တောင် မခံဘူး။ သူမလုပ်နိုင်ဘူး ပြောတယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီး မြင့်အောင်ကို နမူနာ ကြည့်ပြီးတော့ ငါတို့လည်း မဟုတ်တဲ့ အမိန့် လာရင် မနာခံဘဲ နေမယ်” ဆိုတဲ့ နမူနာ မျိုးဖြစ်လာနိုင်သလား ခင်ဗျ။ အောက် အထိကို။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဖြစ်လာနိုင်ပါတယ် ခင်ဗျ၊ အဲဒီ စိတ်ဓါတ်မျိုးတွေက တပ်မတော်ထဲမှာ ဖြစ်ဖို့ တာစူ နေကြပါတယ်။ အင်အားစု တခုပဲ လိုတယ်။ တယောက်တည်း၊ နှစ်ယောက်တည်းတော့ ကွက်မဖြစ်ရဲဘူး။ အင်အားစုတခု စုမိရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခံနိုင်မှာ မဟုတ်ပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သီတင်းပတ် စနေနေ့ မနက် နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ “စစ်တပ် နှင့် အမိန့်နာခံမှု အပိုင်း (၅)” ကို ဆက်ပြီး တင်ဆက် သွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

ဝန်ကြီးအမတ် ၃၀ ၏ ကိုယ်ရေးရာဇဝင် အကျဉ်း

Profiles of Ministers USDP Govt

Read More...

NLD နဲ့ ဒေါ်စုရဲ့ စီးပွားရေးပိတ်ဆို့မှု သဘောထား စစ်အစိုးရ သတင်းစာ ဝေဖန်

မသိင်္ဂီထိုက်
တနင်္ဂနွေ, 13 ဖေဖော်ဝါရီ 2011

မြန်မာစစ်အစိုးရ အာဘော် နိုင်ငံပိုင် သတင်းစာတွေမှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် ရေးသား နေမှုတွေဟာ အခြေအမြစ် မရှိတဲ့ ဝေဖန်မှုတွေ ဖြစ်တယ်လို့ ပါတီက ဒီကနေ့ တုံ့ပြန် လိုက်ပါတယ်။ မြန်မာ စစ်အစိုးရအပေါ် ဖွံ့ဖြိုးပြီး နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှု တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆက်လက် ထောက်ခံ သွားမယ်လို့ ပြောကြား လိုက်တာဟာ ပါတီအနေနဲ့ သမိုင်း ဂိတ်ဆုံးကို ဦးတည် သွားနေတာလို့ ဆောင်းပါးတစောင် ရေးသားလိုက်တဲ့ အပေါ်မှာ အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး NLD ရဲ့ သဘောထား အမြင်ကို မသိင်္ဂီထိုက်က တင်ပြ ပေးထားပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းစေရေးအတွက် မြန်မာစစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ်များ ကင်းမဲ့မှု အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး စတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က NLD က ကြေညာချက် ထုတ်ပြီး ထောက်ပြ ပြောဆိုပါတယ်။

ဒီကြေညာချက် ထွက်ပေါ်လာပြီး သီတင်းတပတ်ကျော် အကြာမှာတော့ စစ်အစိုးရ အာဘော် နိုင်ငံပိုင် သတင်းစာတွေ ကနေ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမိုင်း လမ်းဆုံးကို ရောက်သွားမယ့် လမ်းကြောင်းလွဲကို ရွေးချယ် လိုက်တာလို့ ရေးသား လိုက်ပါတယ်။ ဒီလို ရေးသား လိုက်တဲ့အပေါ် ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို တုံ့ပြန်ပါတယ်။

“ဘာမှမဆိုင်ပါဘူးဗျာ၊ ပါတီ အဆုံးသတ်တာနဲ့၊ အမှန်အတိုင်း ပြောတာပါပဲ။ ကျနော်တို့က ပြည်သူလူထု ဘက်က ရပ်ရမယ်၊ ပြည်သူလူထု အကျိုး အတွက် နိုင်ငံရေး လုပ်နေကြတာ ဖြစ်တယ်၊ အဲတော့ ပြည်သူလူထု ထိခိုက်တယ်၊ မထိခိုက်ဘူး ဆိုတာ အမှန်အတိုင်း ကျနော်တို့ ပြောတာပဲ။ အဲဒါက တခုပါ။ ပါတီ ရပ်တည်ဖို့ လမ်းဆုံးကို ရောက်သွားစေတယ် ဘာညာ ဆိုတာကတော့ အဲဒီလူက ကြားထဲက ၀င်ပြီး ခြိမ်းခြောက်တာ လို့ပဲ ကျနော် ပြောချင်တယ်။ ဒီတော့ သူက ခြိမ်းခြောက်နိုင်တဲ့ သြဇာရှိတဲ့ လူလား၊ မပြောတတ်ဘူး ပေါ့ဗျာ။ အဲဒါကတော့ တပိုင်းပေါ့။”

မြန်မာလူထုရဲ့ စီးပွားရေး အကျပ်အတည်းက အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် မဟုတ်ဘဲ စစ်အစိုးရ ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်၊ အနောက် နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့ အရေးယူမှု တွေက စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ နိုင်ငံရဲ့ သယံဇာတတွေကို ရောင်းရ ငွေတွေကို မသမာတဲ့ နည်းနဲ့ ထုတ် မသုံးနိုင်အောင်၊ တရားမ၀င် ရထားတဲ့ ငွေမည်းကို ငွေဖြူအဖြစ် ခ၀ါမချနိုင်အောင် တားဆီး ပေးထားတာ ဖြစ်တဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထောက်ခံ သွားမယ်လို့ ကြေညာချက် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက သူတို့စိတ်ကြိုက် အစိုးရသစ် တရပ်ကို ပုံဖော်နေချိန်မှာပဲ နိုင်ငံရေး ပါတီ တချို့၊ အာဆီယံ နိုင်ငံတွေက အနောက် နိုင်ငံတွေကို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပေမဲ့ NLD ပါတီကတော့ ပိတ်ဆို့မှုကို ဆက်လက် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန် လိုက်တာပါ။

ဒီလို တောင်းဆိုနေတာဟာ နိုင်ငံရေး အကျိုးအမြတ်အတွက် တောင်းဆို နေကြတာလို့ NLD က တုံ့ပြန် ပြောကြား လိုက်ပြီးတော့ ပိတ်ဆို့မှုကြောင့် ဖွံ့ဖြိုးရေး အကူအညီ ရရှိမှု နည်းပါး သွားတယ်လို့ ဝေဖန် နေသူတွေကိုလည်း ပြန်လည် ဖြေရှင်း ထားပါတယ်။

NLD က အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ် ထားတာကိုလည်း အာဏာ ရယူလိုတဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ ဆောင်းပါးက စွပ်စွဲ ထားပါတယ်။

မြန်မာစစ်အစိုးရ အာဘော် နိုင်ငံပိုင် သတင်းစာတွေကနေ NLD ပါတီနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်တင် ပြောဆိုနေမှုတွေ အားလုံးမှာ ရေးသားသူ ကိုယ်တိုင်လည်း တာဝန်ယူမှု မရှိတဲ့အပြင် သတင်းစာတိုက် ကလည်း တာဝန်ယူမှု မရှိတာကြောင့် နာမည် မဖော်ရဲတဲ့ ပစ်စာ အဆင့်ပဲ ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“အစိုးရ မီဒီယာက ရေးတယ်ဆိုတာ ဘယ်သူရေးမှန်း မသိဘူးဗျ။ ဟိုတုန်းက ကျနော်လည်း မဆလ တုန်းကတည်းက သတင်းစာ ဆရာ လုပ်လာတာပဲ။ ခက်တာက အခုက ဘယ်သူရေးမှန်း မသိဘူး။ အဲဒီဆောင်းပါးကို သွားပြောပြန်တော့ အဲဒီလူကလည်း တာဝန်ခံတာ မဟုတ်ဘူးဗျ။ အခုဟာက နာမည်ဝှက်တွေ၊ နာလည် လိမ်တွေနဲ့ ဒီခေတ်မှာ အဲဒီလို ရေးကြတာ။ သဘောက ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်၊ ဘယ်သူ ဘယ်ဝါဆိုတာ။ အခုဟာက အဲဒီ မီဒီယာ သွားပြောရင်၊ အဲဒီမီဒီယာက အဲဒီဆောင်းပါးကို တာဝန်ယူလား သွားပြောရင် သူကလည်း အပေါ်က ခိုင်းလို့ ထည့်ရတာလို့ ပြောမှာပဲ။ ဒါတွေက ရိုးနေပြီ။ အဲဒီတော့ ကျနော်တို့က ဘယ်သူ့ တုံ့ပြန် ရမလဲပေါ့။ အဲဒီလို အမနာပ ပြောတာ၊ ပစ်စာ သဘောမျိုး ပြောတာကတော့ တရားဝင် ပြောတာမှ မဟုတ်ဘဲနဲ့။ ဘယ်သူ့သွား တုံ့ပြန်မှာလဲ။

“ဘယ်သူ့ သဘောထားလဲ၊ ဘယ်လောက် လေ့လာပြီးတော့ သူက ရေးတာလဲ၊ ကိုယ့်ကိုယ် ကိုတောင် တာဝန် မခံဘဲ နာမည်ဝှက်နဲ့ ရေးတယ်ဆိုရင် ကျနော်တို့က ဘယ်လိုလုပ် တုံ့ပြန်ပြီး ဖြေရှင်းနေမလဲ။ ကျနော် ပြောချင်တာက အဲဒါပဲ။ လူဆိုတာ အနည်းလေး ကိုယ့်ကိုယ်ကိုတော့ တာဝန် ခံရမှာပေါ့ဗျာ။ ကျုပ် ဘယ်သူပေါ့ဗျာ၊ နာမည်နဲ့ပြောပေါ့။ အခုဟာက ရန်ကြီးအောင်တဲ့၊ ရန်ကြီးအောင် ဆိုတာ ဘယ်သူမှန်းလဲ မသိဘူး။ အဲဒီ သွားမေးကြည့်၊ ရန်ကြီးအောင် ကလည်း တာဝန် မယူဘူး။ အဲဒီ အယ်ဒီတာ၊ သက်ဆိုင်ရာ မီဒီယာဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း တာဝန်ယူမှာ မဟုတ်ဘူး။ ခက်နေတာက ဒါပဲ၊ ကျနော်တို့နိုင်ငံမှာ။”

စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု အကူအညီတွေ လျော့နည်းလာတယ် ဆိုပေမဲ့ ၁၉၈၈ ခုနှစ် ရှေ့ပိုင်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်မှာ ဖွံ့ဖြိုးရေး အကူအညီ ဒေါ်လာ သန်းပေါင်း ၃,၇၀၀ ကျော် ရရှိခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဆင့်ကို ရောက်ခဲ့ရတယ်လို့ ပါတီက ထောက်ပြ ပြောဆို လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်း တချို့က စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျ လာရတယ်လို့ ပြောကြားနေတဲ့ တဘက်မှာ စစ်အစိုးရက တပ်မတော် အစိုးရ လက်ထက် ဖွံ့ဖြိုး တိုးတက်မှု ထုတ်ပြန်မှုမှာတော့ မြန်မာနိုင်ငံဟာ တနှစ်ထက် တနှစ် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာတယ်လို့ ပြောနေပါတယ်။


Ref: VOA News

Read More...

ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် NLD ကျင်းပ

2011-02-13

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဇာနည် စိတ်ဓာတ် အကြောင်း ဟောပြောပြီး အခမ်းအနား ဖွင့်လှစ် ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီ အခမ်းအနားကို ရန်ကုန်တိုင်း မြို့နယ်စုံက ကလေးငယ် ၁၅ဝ လောက် တက်ရောက် တယ်လို့ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ဖွင့်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာနဲ့ ကလေးတွေက သီချင်းတွေ၊ အက အခုန်တွေနဲ့ မြို့နယ် အလိုက် ဖျော်ဖြေ ကြပါတယ်။ ပြီးတော့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပေးပါတယ်။ အဖွင့်အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်း စုကြည်က မှတ်သားဖွယ်ရာ အာဇာနည်စိတ်ဓာတ် အကြောင်း ကလေးတွေကို အကျဉ်းချုပ် ပြောပြပါတယ်”

မွန်းလွဲပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နှုတ်ချက်တွေကို ကလေးတွေက သဏ္ဍန်လုပ် သရုပ်ဆောင် ရွတ်ဆိုတဲ့ ပြိုင်ပွဲကို ဆက်ပြီး ကျင်းပသလို ကလေးတွေ အတွက် ဖျော်ဖြေရေး အစီအစဉ်တွေကို လည်း ပြုလုပ် ပေးပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မင်္ဂလာဒုံ၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ မြို့နယ်တွေက မူလတန်း ကျောင်းတွေကို တမြို့နယ်ကို ဗလာစာအုပ် ၉၆ ဒါဇင် နှုန်းနဲ့ စုစုပေါင်း ကျပ်ငွေ သိန်း ၁ ရာဖိုး လှူဒါန်း ခဲ့ပါတယ်။

အဲ့ဒီလို လှူဒါန်းရာမှာ မင်္ဂလာဒုံနဲ့ တိုက်ကြီးမြို့နယ်တွေမှာ အာဏာပိုင်တွေရဲ့ အတားအဆီး လုပ်တာတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် မှော်ဘီနဲ့ လှည်းကူးမြို့နယ် တွေမှာတော့ အနှောက်အယှက် မရှိဘူးလို့ NLD ဗဟိုအမျိုးသမီး အဖွဲ့က ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။


Ref: RFA News

Read More...

တားမြစ်တဲ့ကြားက ဆန္ဒပြဖို့ အီရန် အတိုက်အခံတွေ ကြိုးပမ်း

တနင်္ဂနွေ, 13 ဖေဖော်ဝါရီ 2011

အီဂျစ်နဲ့ တူနီးရှားနိုင်ငံတွေမှာ အောင်မြင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး လူထု အုံကြွမှုတွေကို ထောက်ခံတဲ့ လူထု အစည်းအဝေးပွဲကြီး တရပ်ကို တီဟီရန် မြို့တော်မှာ ဒီကနေ့ ပြုလုပ်ဖို့ အီရန် အတိုက်အခံတွေက လှုပ်ရှား စီစဉ် နေကြပါတယ်။

အီရန် ပြည်ထဲရေး ၀န်ကြီးဌာနကတော့ ဒီ လူထုအစည်းအဝေးပွဲ လုပ်ခွင့် တောင်းခံ ထားတာကို ငြင်းပယ်လိုက်ပြီး ဒါဟာ အစိုးရကို အကြည်ညို ပျက်စေတဲ့ အဓိကရုဏ်းတွေပဲ ဖြစ်လာ လိမ့်မယ်လို့ အစိုးရ အရာရှိတဦးက ပြောပါတယ်။

အီရန်က ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် မက်ဒီ ကာရူဘီ (Mehdi Karroubi) ဟာ ဒီ လူထု အစည်းအဝေးပွဲ လုပ်ခွင့် တောင်းခံတာနဲ့ ဆက်စပ်ပြီး ထိန်းသိမ်း ခံထားရပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာတော့ မစ္စတာ ကာရူဘီနဲ့ တခြား အတိုက်အခံ ခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) တို့ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ဒ် တွေမှာ ဒီကနေ့ လူထု အစည်းအဝေး ပွဲကြီးကို ဖြစ်အောင် ပြုလုပ်ဖို့ လှုံ့ဆော် ထားပါတယ်။

အီရန်အစိုးရရဲ့ လူထု အစည်းအဝေးပွဲ လုပ်ခွင့် ငြင်းပယ်ခြင်းဟာ ငြိမ်းချမ်းမှု အရှိဆုံး ယဉ်ယဉ် ကျေးကျေးနဲ့ နိုင်ငံရေး အရ ဆန္ဒပြကြမယ့် လူထုကို အစိုးရက ကြောက်ရွံ့နေတာနဲ့ အစိုးရရဲ့ ပျော့ညံ့ အားနည်းမှုတွေကို ပြသနေခြင်း ဖြစ်တယ်လို့ မစ္စတာ ကာရူဘီရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ယီမင်နဲ့ အယ်လ်ဂျီးရီးယား ဆန္ဒပြပွဲ အရှိန်မြင့်

တနင်္ဂနွေ, 13 ဖေဖော်ဝါရီ 2011

ယီမင်နိုင်ငံ ဆာနာ (Sana) မြို့တော်မှာ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေ (Ali Abdullah Saleh) အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေကြတာ အခုဆိုရင် ၃ ရက် ဆက်တိုက် ရှိလာပြီ ဖြစ်ပါတယ်။ ဆန္ဒပြသူ အများစုဟာ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့လည်ခေါင် ရင်ပြင်နားက သမ္မတ နန်းတော်ဆီကို ချီတက်ဖို့ ကြိုးစားကြရာက ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး အများအပြား နံပါတ်တုတ်တွေနဲ့ အရိုက် ခံခဲ့ရပါတယ်။

ယီမင်နိုင်ငံ တောင်ပိုင်းက Taiz မြို့မှာလည်း လူထုဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီမှာတော့ ဆန္ဒပြသူ ၁၂၀ လောက် ဖမ်းဆီးတာ ခံရပါတယ်။

ယီမင်သမ္မတ မစ္စတာ ဆာလေဟာ ၁၉၇၈ ခုနှစ်ကတည်းက အာဏာကို ချုပ်ကိုင် ခဲ့တာမို့ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ထက် အာဏာ ရယူထားတာ ပိုကြာနေပြီ ဖြစ်ပါတယ်။

ယီမင်သမ္မတက သူ ၂၀၁၃ ခုနှစ်ကျရင် နှုတ်ထွက်ပေးဖို့ စီစဉ်ထားတယ်လို့ မကြာသေးခင်ကမှ ကြေညာ ခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံ တွေနဲ့ ဆွေးနွေး ပြောဆိုဖို့လည်း သဘော တူခဲ့တာမို့ ဒါဟာ အယ်လ်ကိုင်းဒါး အဖွဲ့ လှုပ်ရှားနေတဲ့ အာရေဗျ ကျွန်းဆွယ်ဒေသ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ယီမင်မှာ အီဂျစ်ပုံစံ တော်လှန်ရေး ဖြစ်လာမှာကို ရှောင်ရှားတဲ့ အနေနဲ့ လုပ်ဆောင်တာလို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

အယ်လ်ဂျီးရီးယား နိုင်ငံမှာတော့ စနေနေ့က Algiers မြို့မှာ ဆန္ဒပြခဲ့သလို နောက်စနေ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၉ ရက် နေ့မှာလည်း နောက်တချီ ထပ်ပြီး ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

စနေနေ့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရ တားမြစ်ထားတဲ့ ကြားကပဲ ထောင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေရှေ့မှာ ၁၉၉၉ ခုနှစ်ကတည်းက အာဏာ ရယူထားတဲ့ သမ္မတ Ab dela ziz Bou tefli ka ဆင်းပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

သူ့ကို အာဏာရှင်တဦးအဖြစ် ဆန္ဒပြသူ အများစုက မြင်ကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေမှာ ဆန္ဒပြမှုတွေကို ပေါ်ပေါက် စေခဲ့တဲ့ ဆင်းရဲ မွဲတေမှုနဲ့ အလုပ်လက်မဲ့ များလာတာမျိုး ပြဿနာတွေကို လျော့ကျအောင် မလုပ်နိုင်သူ တဦးလို့လည်း မြင်ကြပါတယ်။

ဆန္ဒပြမှုတွေကို အတိုက်အခံ ပါတီတွေ၊ လူမှုအဖွဲ့အစည်း တွေနဲ့ တရားဝင် မဟုတ်တဲ့ အလုပ်သမား သမဂ္ဂတွေက ဦးစီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံမှာ အရှေ့ကမ်းခြေ Annaba မြို့က တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေမှာ ရဲနဲ့ လူအုပ်ကြား ကျောက်တုံးတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ပွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ငြိမ်းငြိမ်း ချမ်းချမ်း တွေ့ရပါတယ်။


Ref: VOA News

Read More...

သမ္မတဟောင်းမူရှရက်ဖ်ကို ဖမ်းဝရမ်းထုတ်

စနေ, 12 ဖေဖော်ဝါရီ 2011

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို (Benazir Bhutto) ကို လုပ်ကြံ သတ်ဖြတ်မှုနဲ့ ပတ်သက်တယ် ဆိုပြီး ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ် မူရှရက်ဖ် (Pervez Musharraf) ကို အကြမ်းဖက်မှု တားဆီးရေး ဆိုင်ရာ တရားရုံးက ဖမ်းဆီးဖို့ ၀ရမ်း ထုတ်ထားတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောဆို လိုက်ပါတယ်။

မစ္စတာ မူရှရက်ဖ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ တရားရုံးကို လာဖို့ တရားသူကြီး ရာနာနီဆာအာမတ် (Rana Nisa Ahmad) က စနေနေ့က ဆင့်ခေါ်ပြီး ဒီဖမ်းဆီးမိန့်ကို ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ မူရှရက်ဖ်ဟာ အင်္ဂလန်နိုင်ငံမှာ သွားရောက် နေထိုင်ခဲ့တာ ၂ နှစ် ကျော်ကြာပြီ ဖြစ်ပါတယ်။

ရရယ်ပင်းဒီး (Rawalpindi) မြို့မှာ လူထုနဲ့ တွေ့ဆုံပွဲ လုပ်နေစဉ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုနဲ့ သေနတ်ပစ် တိုက်ခိုက်မှု တွေကြောင့် မစ္စ ဘူတို လုပ်ကြံ ခံ့ရပါတယ်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ပါကစ္စတန် ပြည်သူ့ ပါတီခေါင်းဆောင် အဖြစ်နဲ့ မစ္စဘူတို က ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်း အလီဇာဒါရီ (Ali Zardari) က ဒီပါတီကို ဆက်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ လက်ရှိသမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

အပေါ်သို့