..............................

Monday, July 7, 2008

မိုင်းလားအဖွဲ့အား လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် တပ်ရုပ်ရန် ကျိုင်းတုံတြိဂံတိုင်းဖိအားပေး

တနင်္လာနေ့၊ 07 ဇူလိုင်လ 2008 စစ်ရေး

မိုင်းလားအပစ်ရပ်အဖွဲ့ဟု လူသိများသော တရုပ်ပြည် တာလော့မြို့ မျက်နှာချင်းဆိုင် သျှမ်းပြည်အရှေ့ပိုင်း ဦးစိုင်းလင်း ခေါ် လင်မင်ရှင်း ဦးဆောင်သည့် အထူးဒေသ ၄ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA အဖွဲ့အား ဆန္ဒခံယူပွဲ နောက်ပိုင်း ကျိုင်းတုံ တြိဂံတိုင်းက လက်နက်နှင့် ငြိမ်းချမ်းရေး လှဲလှယ်ရန် ဖိအားပေးနေသည်ဟု မိုင်းလားမှလာသော သတင်းများအရ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သဖြင့် စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရ အုပ်ချုပ်ရေးသို့ မပြောင်းမီ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်နက်ကိုင်အဖွဲ့ အားလုံး အစိုးရလက်အောက် ကျရောက်သင့်ကြောင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း ဂျီဝမ်းက ဇွန်လအတွင်း မိုင်းလားသို့ ၂ ကြိမ်တိုင်တိုင် သွားရောက် ဆွေးနွေး ပြောဆိုခဲ့သည်ဟု ဆို၏။

“နအဖ အာဏာပိုင်တွေက ပြောတယ်။ တပ်ဖွဲ့ဝင်အားလုံး ထာဝရ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် မလျှောက်ရင်လဲ အထူးဒေသ ၄ နာမည် အစား အမှတ် ၄ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့လို့ နာမည်ပြောင်းပြီး နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာနေရင် ပိုကောင်းမယ်တဲ့” ဟု မိုင်းလားဌာနချုပ်မှ အရာရှိတစ်ဦးက ပြောပြသည်။

အပစ်ရပ် အထူးဒေသ ၄ အဖွဲ့အပေါ် နအဖအာဏာပိုင်များ နောက်တစ်ခု ဆင့်ဆိုသည်မှာ လက်ရှိ NDAA ထိန်းချုပ် နယ်မြေများမှ တပ်ရုပ် ပေးရန်ဖြစ်သည်ဟု ဆို၏။ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူးရှိ ၀မ့်ပါဆန့်၊ ၀မ့်ခါး၊ ၀မ့်ဝိန်း၊ ၀မ့်ဟူ့တိုက်နှင့် ၀မ့်ဟူ့နေရှိ တပ်စခန်းများကိုလည်းကောင်း၊ တပ်မဟာ ၉၁၁ နမ့်ပန်းရှိ မိုင်းယု၊ မိုင်းလွေနှင့် တာ့ဆွပ် လွေဆိပ် (မဲခေါင်မြစ်ထဲစီးဝင်သည့် နမ့်လွေချောင်းဝ ဆိပ်ကမ်း) ရှိ တပ်စခန်း များကိုလည်းကောင်း ဒေသတွင်းမှ မိုင်းလားသို့ တပ်ရုပ်ဆုတ်ခွါရန် နအဖအာဏာပိုင်တို့ တောင်းဆိုသည်ဟု ဆို၏။

NDAA အပစ်ရပ် မိုင်းလားအဖွဲ့ အထူးဒေသ ၄ ခေါင်းဆောင် အသက် ၆၂ နှစ် အရွယ် ဦးစိုင်းလင်းအနေဖြင့် နအဖ၏ တောင်းဆိုဖိအားပေးမှုကို တုန့်ပြန်ရန် ခေါင်းဆောင်ပိုင်း အရာရှိ အစည်းအဝေး ထိုင်နေကြဆဲဖြစ်သည်ဟု ဆိုပါသည်။

ထို့အတူ လွန်ခဲ့သည့် ၂၀၀၈ နှစ်ဦးပိုင်း ကလည်း အပစ်ရပ် သျှမ်းပြည်မြောက်ပိုင်း SSA အထူးဒေသ ၃ အဖွဲ့အားလည်း-

(၁) ခေါင်းဆောင် လူကြီးများ တပ်မှအနားယူပြီး နိုင်ငံရေးပါတီထောင်၍ ရွေးကောက်ပွဲဝင်ရန်
(၂) အလယ်အလတ် ခေါင်းဆောင်များအား တာဝန်လွှဲပေးရန်
(၃) စစ်သားသစ်များအား ဗမာစစ်တပ်က သင်တန်းပေးဖို့ လွှဲပေးရန်
(၄) လစာနှင့် စားနပ်ရိက္ခာများကို ဗမာစစ်တပ်က တာဝန်ယူ ထောက်ပံ့ပေးမည် ဟူသော စစ်အစိုးရ၏ တောင်းဆိုချက်ကိစ္စအပေါ် အပစ်ရပ် အထူးဒေသ ၃ သျှမ်းပြည် တပ်မတော် မြောက်ပိုင်းဌာနချုပ်တွင် အကြေအလည် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု SSA သတင်းရပ်ကွက်က ဆိုပါသည်။

၂၀၀၅ အထိ နအဖစစ်အစိုးရနှင့် အပစ်ရပ်ထားသော လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၁၅ ဖွဲ့မှာ သျှမ်းပြည်မှ ၉ ဖွဲ့၊ ကချင်ပြည်မှ ၂ ဖွဲ့၊ ကရင်နီ ၃ ဖွဲ့ နှင့် မွန် ၁ ဖွဲ့ တို့ ဖြစ်ကြပြီး သျှမ်းပြည် အမျိုးသားတပ်မတော် SSNA နှင့် PSLA ပလောင်အဖွဲ့တို့မှာ နအဖ၏ ဖိအားပေးမှုကြောင့် အပြီးတိုင် လက်နက်ချခဲ့ကြပြီး ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဗိုလ်မှူးအောင်လင်းထွဋ္ဋ်၏ အရေးပေါ် ပေးစာတစောင်

သို့

၇. ၅. ၀၈

ဦးကျော်တင့်ဆွေ
ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်
နယူးယောက်မြို့
ဦးကျော်တင့်ဆွေခင်ဗျား၊

မြန်မာနိုင်ငံရဲ့ ကျရောက်နေတဲ့ ဘေးဒုက္ခကို နိုင်ငံရေးကို ဘေးဖယ်ပြီး လူမှုရေးကို ရှေ့ရှုပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခင်ဗျားအစွမ်းကုန် ကူညီဖို့ လိုနေ ပါသည်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ခင်ဗျားရော ကျွန်တော်ရော ကောင်းကောင်းသိပါသည်။ “ မင်းတို့ အမင်္ဂလာသတင်းတွေ ငါမကြားချင်ဘူး” လို့ ဗိုလ်ချုပ်သန်းရွှေ ပြောခဲ့ တာကို၊ ယခုအချိန်မှာ ခင်ဗျားတို့ ဒီစကားကို နာခံဖို့မသင့်တော့ပါဘူး။

အထူးသဖြင့် အမေရိကန်နိုင်ငံက ကမ်းလှမ်းတဲ့ အကူအညီ အားလုံးကို လက်ခံဖို့၊ ပြည်ဝင်ခွင့် ရဖို့ အတွက် တာဝန်ရှိသူတစ်ယောက် အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အကြီးအကဲတွေကို နားဝင်အောင် အမြန်ပြောဖို့လိုပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ သဘောထားမတူပေမဲ့ လူမှုရေးမှာ တက်ညီ လက်ညီ လုပ်ရလိမ့်မည်လို့ ယုံကြည်ပါသည်။

အခုမြန်မာလူမျိုးတွေ သောင်းနဲ့ချီပြီး သေဆုံးခဲ့ပြီ ဖြစ်ပါသည်။ သန်းနဲ့ချီပြီး ဒုက္ခရောက်နေကြတယ်။ ဒါတွေကို ခင်ဗျားတို့ လစ်လျှူရှုပြီး သေချင်သေ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကုလသမဂ္ဂမှာ တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ နိုင်ငံတကာနဲ့ မြန်မာအစိုးရကြားမှာ သံတမန်တစ်ဦး အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရရှိအောင် အမြန်ဆုံး ညှိနှိုင်းပေးပါ။ နိုင်ငံတကာ ကယ်ဆယ်ရေး Exports တွေ ပြည်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးပါ။ US က ကယ်ဆယ်ရေး Team ကို ကူညီဖို့ ၀င်ခွင့် ရအောင် သက်ဆိုင်ရာကို ပြောပေးပါ။

ကျွန်တော့်ဘက်က အကူအညီ လိုမယ်ဆိုရင်လဲ ပြောပါ။ ခင်ဗျားဟာ သံတမန်လောကမှာ ငယ်စဉ် ကတည်းက ကြိုးစားခဲ့ပြီး ရိုးသားတည်ကြည်တဲ့သူ တစ်ဦးအဖြစ် ကျွန်တော်သိပြီး လေးစားတဲ့အတွက် စာရေးသားလိုက်ခြင်း ဖြစ်ပါတယ်။


လေးစားစွာဖြင့်
ဗိုလ်မှူးအောင်လင်းထွဋ်
သံရုံးယာယီတာဝန်ခံ (အငြိမ်းစား)
ဝါရှင်တန်မြို့

Read More...

အပေါ်သို့