..............................

Wednesday, September 14, 2011

ဦးဇော်မင်းအားအရေးယူပေးပါရန် တိုင်ကြား

Tue, Sep 13th, 2011

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅)
နိုင်ငံတော်သည် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ရမည်။

The Union shall protect and conserve natural environment.

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏ အခြေခံမူများ အခန်းပါ ပုဒ်မ (၄၅) ကို ကျူးလွန် ဖေါက်ဖျက် ခဲ့ပါသည်။“အဲဒီတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ကန့်ကွက်နေလို့ နောက်ဆုတ် မှာလားလို့ မေးခွန်း တခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာ ဖြစ်ပါတယ်”ဟုပြော ဆိုခဲ့ခြင်းသည် သက်သေ ထင်ရှား အများရှေ့ မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉၀)

နိုင်ငံသားတိုင်းသည် အောက်ဖေါ်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်။
(က) အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ခ) သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ဂ) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း။
(ဃ) အများပြည်သူပိုင် ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း။

390. Every citizen has the duty to assist the union in carrying out the following matters:

(a) preservation and safeguarding of cultural heritage:
(b) environmental conservation:
(c) striving for development of human resources:
(d) protection and preservation of public property:

ကျွန်ူပ်တို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားများ ဖြစ်သည့် အတွက်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းကိုလည်း၊ ပြက်ရယ်ပြုခြင်း။ တားဆီးရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့သည်ကိုလည်း ထင်ရှား တွေ့ရှိရပါသည်။

အထက်ပါ အချက်များအရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီး ဦးဇော်မင်း သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဌာန်းချက်များအား

(၁) ကိုယ်တိုင်ကျူးလွန်၊ ဖေါက်ဖျက်ခြင်း။
(၂) နိုင်ငံသားတို့၏ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်လိုသူများအား ခြိမ်းခြောက်ခြင်း။
ပြစ်မှုများကို ကျူးလွန်ကြောင်း တွေ့ရှိရပါသဖြင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စံနစ်သို့ ဦးတည်နေသော နိုင်ငံတော် အစိုးရ၏ ဥပဒေများကို ချိုးဖေါက်သူ ဦးဇော်မင်းအား ဥပဒေအရ အရေး ယူပေးနိုင်ပါရန် လေးစားစွာ တင်ပြ  တိုင်ကြားအပ်ပါသည်။

ဦးဝင်းချို နိုင်ငံသား မှတ်ပုံတင်အမှတ် ၁၂/ရကန(နိုင်) ၀၄၅၁၅၉
တိုက် (B) 6 D ကံ့ကော် အိမ်ယာ အမှတ် (၆၀) ဘိုရာညွန့်လမ်း။ ယောမင်းကြီး ရပ်ကွက်။ ဒဂုံမြို့နယ်။
ရန်ကုန်တိုင်း ဒေသကြီး။
ဆက်သွယ်ရန်ဖုံး။ ၀၁-၃၉၃၁၅၅ လိုင်းခွဲ ၂၆၄။ ၀၉-၈၀၃၃၅၅၄


Ref: ဧရာဝတီမိတ်ဆွေများ

0 comments:

အပေါ်သို့