..............................

Friday, November 2, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ

2012 by-election Report

Read More...

အလင်းခေတ် (စာစဉ်အမှတ် ၁။ သြဂုတ်၊ ၂၀၁၂)

A Linn Khit

Read More...

Making Sense of “Change” in Myanmar (Ko Ko Gyi)

Making Sense of “Change” in Myanmar

Read More...

နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း – ၅)

ခင်မမမျိုး
October 31, 2012

နိုင်ငံတော်ကျရှုံးခြင်း (state failure)

နိုင်ငံတော်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပြီး၊ နိုင်ငံတော်တွေ တည်ထောင် လာကြတာကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံ တော် အများအပြား ပေါ်ထွက် လာခဲ့ပါတယ်။ အချို့နိုင်ငံတော်တွေက အင်အားကြီးမားလာပြီး အင်အားကြီးမားသော နိုင်ငံများ (strong states) တွေ ဖြစ်လာကြသလို၊ အချို့ နိုင်ငံတော်တွေကျ တော့ အားနည်းသော နိုင်ငံများ (weak states) တွေ ဖြစ်လာပါတယ်။ အချို့နိုင်ငံတော်တွေ ကျတော့လဲ ကျရှုံးသောနိုင်ငံများ (failed states) တွေ ဖြစ်သွားကြပြီး၊ နိုင်ငံ အချို့ကတော့ ပြိုလဲသောနိုင်ငံများ (collapsed states) တွေ ဖြစ်သွားကြပါတယ်။ အချို့နိုင်ငံတွေဟာ ဆိုရင် အားကြီး သော နိုင်ငံအဆင့်ကို မရဘဲ၊ လွတ်လပ်ရေး ရစ ကတည်းက အားနည်းသောနိုင်ငံအဆင့်မှာပဲ ရှိပြီး၊ တဖြည်းဖြည်းနဲ့ ကျရှုံး သော နိုင်ငံအဆင့်ကို ရွေ့လျော သွားရာကနေ ပြိုလဲမှုအထိ ဖြစ်သွားတာတွေလဲ ရှိပါတယ်။ အချို့နိုင်ငံတွေ ကျတော့လဲ အားနည်းသောနိုင်ငံအဆင့်မှာပဲ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေပါတယ်။ ဆိုမားလီးယား၊ ကွန်ဂို၊ လိုက်ဘေးရီးယားနဲ့ ဘော့စနီးယားစတဲ့ နိုင်ငံတွေဟာ ကျရှုံးပြီး၊ ပြိုလဲသွားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ဗဟိုအစိုးရရဲ့ ရပ်တည် နိုင်မှု ရပ်တန့်သွားပြီး၊ ပြည်သူလူထု အပေါ်မှာ အစိုးရတာဝန်ကျေပြွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အထိ ဖြစ်သွားခဲ့ ပါတယ်။

နိုင်ငံတော်ကို တာဝန်ယူထားရတဲ့ အစိုးရတရပ်ဟာ ပြည်သူလူထုအတွက် ပံ့ပိုးပေးရမယ့် လုပ်ငန်း တာဝန်တွေကို မထမ်း ဆောင်နိုင်တဲ့ အခါ နိုင်ငံတော် အားနည်းခြင်းနဲ့ ကျရှုံးခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလိုအားနည်းခြင်းနဲ့ ကျရှုံးခြင်း ဖြစ် လာတဲ့ လက္ခဏာ ရပ်တွေကတော့ စီးပွားရေး တည်ငြိမ်မှုမရှိခြင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အားနည်း ခြင်း၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများ ထူပြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာရပ်တွေရှိနေတဲ့ နိုင်ငံတွေမှာ အစိုးရရဲ့ ဖိနှိပ်မှု ယန္တရားကပါ ပေါင်းစပ်လာတဲ့အခါ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ထွက် လာတတ်ပါတယ်။ ဒီလို ပဋိပက္ခ တွေ ဖြစ်ပွားရာက စစ်ပြေး ဒုက္ခသည်များ များပြားလာခြင်း၊ ရေရှည်အစာရေစာ ပြတ်လပ်မှု ဖြစ်ခြင်း၊ စီးပွားရေး အဆောက် အအုံ ပြိုလဲခြင်း၊ ပြည်သူအများ သေကြေပျက်စီးခြင်း၊ ရောဂါဘယ ဆိုးများ တိုးပွားခြင်း စတာတွေပါ ထပ်ဆင့်ဖြစ်ပွားလာ တတ်ပါတယ်။ အဆိုပါအခြေအနေမှာ သက်ဆိုင်ရာ အစိုးရတွေက ဖိနှိပ်မှုယန္တရားကို ရပ်တန့်ပြီး၊ နိုင်ငံတော်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုမရှိရင် နိုင်ငံတော်ဟာ failed states အဆင့်ကို ရောက်သွားရာက၊ collapsed states အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းရည် နဲ့ နိုင်ငံတော်ကျရှုံးမှုဟာ တိုက်ရိုက် ဆက်စပ်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတော်ကျရှုံးခြင်းကို လေ့လာတဲ့ နိုင်ငံရေးပညာရှင်တွေက ရှုထောင့်သုံးမျိုးကနေ လေ့လာထားကြပါတယ်။ ပထမရှု ထောင့်ကတော့ နိုင်ငံတကာစနစ်မှာ ဖြစ်ပွားနေတဲ့ macro-level changes တွေကို အာရုံစိုက်ပြီး၊ ဒုတိယရှုထောင်က တော့ နိုင်ငံတော် လူ့အဖွဲ့အစည်းတို့အကြားက ဆက်ဆံရေး (state–society relations) ကို အထူးပြုလေ့လာထားပါ တယ်။ တတိယရှုထောင့်ကတော့ အုပ်စုများ အကြားက မဟာဗျူဟာဆက်နွယ်မှု (micro-level strategic interactions) တွေကို အာရုံစိုက် ထားပါတယ်။

(၁) Macro-level perspectives

နိုင်ငံတော်တည်ဆောက်ခြင်း (state building) ရဲ့ အဓိက သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ နိုင်ငံရေး စွမ်းဆောင်မှု၊ နိုင်ငံရေး တရား ၀င်မှုနဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့် အာဏာရှိမှု စတာတွေ ဖွံ့ဖြိုး တိုးတက်ရေးဟာ linear process မဟုတ်ပါဘူး။ အခြေအ နေတွေ ပြောင်းလဲတာနဲ့အမျှ ဒီသွင်ပြင် လက္ခဏာတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကလဲ နောက်ပြန် ဆုတ်သွားနိုင်ပါတယ်။ ဥပမာ အားဖြင့် system structureမှာ ပြောင်းလဲ သွားတဲ့ အခါ နိုင်ငံတော် တည်ဆောက်ခြင်းကို သက်ရောက်မှုနှစ်မျိုး ဖြစ် ပွားနိုင်ပါတယ်။ အင်ပါယာကြီးတွေ ကျရှုံးသွားတဲ့ အခါ တဘက်မှာနိုင်ငံတကာ စနစ်ကို မှီခိုတဲ့ အားနည်းသော နိုင်ငံများ ပေါ်ထွက်လာပြီး၊ အခြားတဘက်မှာလဲ စီးပွားရေး စနစ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် ဖော်ပြရ ရင် ၁၉ ရာစုတုန်းက စပိန်အင်ပါယာ ကျရှုံးသွားချိန်မှာ တောင်အမေရိကမှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်ပြီး ကာလမှာတုန်းကလဲ ရုရှား၊ သြစတြီးယား ဟန်ဂေရီနဲ့ Ottoman အင်ပါယာတို့ ပြိုကျပြီး၊ ဥရောပမှာ နိုင်ငံများ စွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ ပြငသစ်၊ ဗြိတိသျှနဲ့ ပေါ်တူဂီအင်ပါ ယာတွေ ပြိုကျပြီး၊ အာရှနဲ့ အာဖိရိကတိုက်မှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုလဲသွားချိန် မှာလဲ အာရှအလယ်ပိုင်းနဲ့ အရှေ့ဥရောပတို့မှာ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလို systemic transitions တွေကြောင့်၊ နိုင်ငံများစွာ ပေါ်ထွက်လာခဲ့သလို နယ်မြေပိုင်နက်နဲ့ လူမျိုးစုအရေးစတာတွေ ပေါ်မှာ မူတည်တဲ့ ပဋိပက္ခများစွာလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီး ကာလနဲ့ ဆိုဗီယက် ယူနီယံကြီး ပြိုလဲ ပြီးချိန်မှာ ပေါ်ထွက်လာတဲ့ နိုင်ငံတွေကို ဦးဆောင်တဲ့ နိုင်ငံခေါင်းဆောင်တွေမှာ ပြဿနာ သုံးရပ်ကို ရင်ဆိုင် ခဲ့ရပါတယ်။ ပထမပြဿနာ ကတော့ နိုင်ငံတော်ရဲ့ နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက် ရမယ့် ပြဿနာဖြစ်ပြီး၊ နိုင်ငံ ငယ်တွေ၊ နိုင်ငံသစ်တွေ ဖြစ်တာကြောင့် ကျူးကျော်ရန်စ ခံရမှုတွေနဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေကို ရင်ဆိုင်ဖြေရှင်း ကြရပါ တယ်။ ဒုတိယ ပြဿနာကတော့ နိုင်ငံတွင်းမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေက လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှု များပြား ပြီး၊ ပဋိပက္ခဖြစ်နိုင်ချေ များပြားနေတာ ဖြစ်ပါတယ်။ နောက်ဆုံး ပြဿနာ ကြီးကတော့ နိုင်ငံခေါင်းဆောင် အများစုဟာ လွတ်လပ်ရေး လှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေက ခေါင်းဆောင်တွေဖြစ်တာကြောင့်၊ စစ်ရေးနဲ့ တော်လှန်ရေး အတွေ့ အကြုံများသာ ရှိပြီး ဒီမိုကရေစီ ယဉ်ကျေးမှုရှိတဲ့ တိုင်းပြည် တည်ထောင်မှုဆိုင်ရာ၊ နိုင်ငံ အုပ်ချုပ်ရေးဆိုင်ရာ အသိပညာ တွေနဲ့ အတွေ့အကြုံတွေ မရှိကြတာပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေက နိုင်ငံတွေကို weak states အဆင့်မှာ ဆယ်စုနှစ် ပေါင်းများစွာ ရပ်တန့်နေစေရုံ သာမက၊ အချို့နိုင်ငံတွေကို failed states အဆင့်အထိ ရောက်ရှိ သွားစေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးစ နိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဟာ ကိုလိုနီ စနစ်ရဲ့ အမွေ ဆိုးတွေဖြစ် ကြောင်း ထောက်ပြပြောဆို ကြတဲ့ နိုင်ငံရေး ပညာရှင်တွေလဲ ရှိပါတယ်။ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေမှာ တောင်ပေါ် မြေပြန့်ဆိုင်ရာ၊ အရှေ့အနောက်ဆိုင်ရာ၊ တောင်မြောက်ဆိုင်ရာ ခွဲခြား အုပ်ချုပ်မှုတွေ ရှိတတ်ပြီး၊ နိုင်ငံရေး ပါဝါတွေကို ဒေသဆိုင်ရာကွဲပြားမှုပေါ်မှာ ခွဲခြားပေးအပ် လေ့ရှိပါတယ်။ ကိုလိုနီအင်ပါယာတွေ ပြိုကျပြီး၊ လွတ်လပ်ရေးပေးချိန်တွေမှာ လဲ မြေပုံတွေပေါ်မှာ နယ်မြေတွေခွဲခြားပြီး၊ လွတ်လပ်ရေးပေးခဲ့တာတွေ ရှိပါတယ်။ အချို့အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ဆိုရင် လူမျိုးစုတခုထဲတင် နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံနှစ်ခုထဲမှာ ကွဲပြားစွာ ရောက်ရှိနေတတ်ပါတယ်။ ဒီလို နယ်မြေခွဲ ခြားသတ်မှတ်မှုတွေ၊ နိုင်ငံရေးပါဝါခွဲခြားပေးအပ်ထားမှုတွေကြောင့် လွတ်လပ်ရေးရပြီးချိန်မှာ လူမျိုးစုကွဲပြားမှုဆိုင်ရာ ပဋိပက္ခတွေ၊ သက်ဆိုင်ရာ နယ်မြေဒေသပေါ်မှာ အခြေခံပြီး လွတ်လပ်ရေး တောင်းဆိုမှုတွေ ဖြစ်ပွားလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပညာရှင် Charles Alao ဆိုသူက အာဖရိကတိုက်မှာ ပဋိပက္ခဖြစ်ပွားတဲ့ အားနည်းသောနိုင်ငံများ ပေါ်ထွက် လာခြင်းဟာ ကိုလိုနီစနစ် ကြောင့်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ရေးသား ခဲ့ပါတယ်။ ကိုလိုနီစနစ်က သွေး ခွဲထားတဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး အုပ်စုတွေအကြားမှာ common sense of citizenship တည်ဆောက်ဖို့ ခဲယဉ်းတာကြောင့် ပဋိပက္ခတွေ ဖြစ်ပွားလာရပြီး၊ နိုင်ငံတော်ကျရှုံးခြင်းများ ဖြစ်ပွားခဲ့ရကြောင်း ဆိုထားခဲ့ပါတယ်။

နိုင်ငံတော်ကျရှုံးခြင်းဖြစ်ပွားစေတဲ့ နောက်ထပ်အချက်တချက်ကတော့ စီးပွားရေးစနစ် ပြောင်းလဲမှုများ ဖြစ်ပါတယ်။ စီးပွား ရေး အခြေအနေတွေဟာ နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေတွေကို လွှမ်းမိုးနိုင်ပါတယ်။ အထူးသဖြင့် စီးပွားရေးရာ တန်းတူ ညီမျှမှု (economic equity) ဟာ နိုင်ငံတော် ကျရှုံးမှုနဲ့ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Gurr နဲ့ Duvall ဆို သူတို့က နိုင်ငံတော် အတွင်းမှာ စီးပွားရေးနဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာတွေကို ညီမျှစွာ ခွဲဝေမှုမရှိရင် ငြိမ်းချမ်းရေးတည် ဆောက်ဖို့ ခက်ခဲကြောင်း ဆိုထားခဲ့ပါတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာကွာဟမှုကြီးမားပြီး၊ စီးပွားရေးလုပ်ပိုင်ခွင့်များကို အစိုးရဖြစ်စေ၊ လူတန်းစားတရပ်ကဖြစ်စေ၊ စစ်တပ်က ဖြစ်စေ လက်ဝါးကြီးအုပ်ထားမှုတွေ ရှိနေခဲ့ရင် ပုန်ကန်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက မလွဲမသွေဖြစ်လာနိုင်ကြောင်း နိုင်ငံရေးပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

(၂) Intermediate perspectives: state–society relations

ဒီရှုထောင့်က ပြည်တွင်းဖိအားများကြောင့် နိုင်ငံတော်ကျရှုံးရခြင်းကို အထူးပြုလေ့လာထားပါတယ်။ ဒီရှုထောင့်အရ နိုင်ငံ တော်ကျရှုံးခြင်းဟာ political order ကို နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူတွေက အသိအမှတ်မပြုခြင်းကြောင့် ဖြစ် ပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေအချင်းချင်း စည်းလုံးညီညွတ်စွာ အတူတကွယှဉ်တွဲနေထိုင်ဖို့အတွက် အား လုံးကလက်ခံထားတဲ့ national identity လိုအပ်ပါတယ်။ ဒါမှသာ လူမျိုးရေး၊ ဘာသာရေးကွဲပြားခြားနားတဲ့ အုပ်စုတွေ အကြားမှာ inter-group cooperation ရှိလာမှာ ဖြစ်ပါတယ်။ ဒီလို national identity ပျောက်ကွယ်လာရင် state-society relations ပျက်ပြီး၊ နိုင်ငံတော်ကျရှုံးခြင်း ဖြစ်တတ်ပါတယ်။

နိုင်ငံရေးပညာရှင် Douglas Dearth ဆိုသူက နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရအနေနဲ့ (basic obligations of statehood) ကို ပြည်သူတွေအတွက် မပံ့ပိုးပေးနိုင်ရင် နိုင်ငံတော်ကျရှုံးခြင်း ဖြစ်တတ်တယ်လို့လဲ ဆိုထားပါတယ်။ အစိုး ရဟာ internal order ရှိလာအောင် ထိန်းသိမ်းနိုင်ခြင်း၊ external aggression ကို တွန်းလှန်နိုင်ခြင်း မပြုလုပ်နိုင်ရင် state-society relations ပျက်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပညာရှင် Pauline Baker နဲ့ John Ausink ဆိုသူ တို့က နိုင်ငံတော်ကျရှုံးခြင်းဟာ အစိုးရယန္တရားပျက်ယွင်းခြင်းမှာ အစပြုကြောင်း ဆိုထားခဲ့ပါတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်ခြင်း မရှိတော့တဲ့အခါ၊ တိုင်းပြည်တွင်းမှာ ဆင်းရဲနွမ်းပါးမှု၊ ကျေးလက်ဒေသမှ အမြောက်အမြားစွန့်ခွာမှု၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု၊ စီးပွားရေး အခွင့်အ လမ်း တန်းတူညီမျှ မရှိမှုတွေ ဖြစ်ပွားလာပြီး၊ လူထုက နိုင်ငံတော်ကို အယုံအကြည်ကင်းမဲ့လာပါတယ်။ ဒီအခါမှာ နိုင်ငံ တော်ဖြစ်တည်မှုကို အသိအမှတ်ပြုမှု ကျဆင်းလာပြီး၊ နိုင်ငံတော် ကျရှုံးခြင်း ဖြစ်ပွားစေနိုင်ကြောင်း ထောက်ပြရေးသားခဲ့ ကြပါတယ်။

နိုင်ငံတော်ကျရှုံးမှုဟာ အစိုးရရဲ့ နိုင်ငံရေးစနစ်အပေါ်မှာလဲ မူတည်ကြောင်း အချို့ပညာရှင်များက ဆိုထားကြပါတယ်။ Paul Brass နဲ့ Atul Kohli ဆိုသူတို့က လက်နက်ကိုင်ပုန်ကန်မှုများနဲ့ လူထုတိုက်ပွဲများ ဖြစ်ပွားလာရခြင်းဟာ လူထုရဲ့ လှုပ်ရှားမှုတွေကို အစိုးရက ကိုင်တွယ်ပုံမှာ မူတည်ကြောင်း ထောက်ပြထားခဲ့ပါတယ်။ အစိုးရဟာ နိုင်ငံသူ၊ နိုင်ငံသားရဲ့ လိုအပ်ချက်တွေကို ပံ့ပိုး ပေးခြင်း မရှိရုံသာမက၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကိုပါ ခြိမ်းခြောက် လာ တယ်လို့ လူထုက ယူဆလာတဲ့အချိန်မှာ state-society relations ကို ထိခိုက်ပြီး လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားတတ် ပါတယ်။ လူမျိုးစုတခုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အရေးပေးခြင်းဟာလဲ အခြား လူမျိုးစုတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖြစ်ပွားစေတတ်ပါတယ်။ ရ၀မ်ဒါနဲ့ ဘူရန်ဒီ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လူမျိုးစုရေးရာ မူဝါဒ (ethnic policies) တွေမှာ အခြေခံခဲ့တာ ဖြစ်ပါတယ်။

Micro-level perspectives

ဒီရှုထောင့်လူတဦးချင်းနဲ့ အုပ်စုရေးရာ ပဋိပက္ခတွေကြောင့် နိုင်ငံတော်ကျရှုံးခြင်း ဖြစ်ပွားတတ်တာတွေကို အထူးပြုလေ့ လာထားပါတယ်။ လူတဦးချင်းနဲ့ လူအုပ်စုတွေကို လူတချို့က ဆွဲဆောင် စည်းရုံးပြီး၊ အခြားအုပ်စုဝင်များကို မုန်းတီးလာ အောင်၊ ကြောက်ရွံ့လာအောင် ပြုလုပ်တာတွေ ရှိတတ် ပါတယ်။ အဲဒီကနေတဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူမျိုး တုန်း သတ်ဖြတ်မှုများကို ဦးတည် သွားစေနိုင်ပါတယ်။ micro-level ရှုထောင့်အရ ဆက်နွယ်မှုဖြစ်စဉ် နှစ်ရပ်ရှိပါတယ်။ ပထမ ဖြစ်စဉ်က လက်နက်ကိုင်အင်အားစုများနဲ့ အုပ်စုများအကြားက ဆက်နွယ်မှုဖြစ်စဉ်ဖြစ်ပြီး၊ ဒုတိယဖြစ်စဉ်ကတော့ လက်နက်ကိုင်အင်အားစုများ၊ အုပ်စုများနဲ့အကြမ်းဖက်မှုရဲ့ ဦးတည်လမ်းကြောင်းကို ပြောင်းလဲ စေနိုင်သော ပြင်ပအင် အားစုများအကြားက ဆက်နွယ်မှုတွေဖြစ်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ‘emerging anarchy’ ဆိုတဲ့ ပြဿနာရှိတတ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလိုပေါ်ပေါက်လာရင် အုပ်စု ဖွဲ့ရန်ပြုမှုတွေ ပေါ်ထွက်လာပြီး၊ အကြမ်း ဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတတ်ပါတယ်။

နိုင်ငံရေးပညာရှင် Beverly Crawford နဲ့ Ronnie Lipschutz ဆိုသူတို့က ဖိနှိပ်ချုပ်ချယ်မှုရှိတဲ့ အုပ်ချုပ်ရေးယန္တရားဟာ political space တခုကို ပေါ်ထွက်စေနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ ဒီ political space ကို မင်းမဲ့ဝါဒီအချို့က အသုံးချမှု ရှိလာတဲ့အခါ inter-group violence ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ပွားလာချိန်မှာ အုပ်ချုပ်ရေးယန္တရားက အုပ်စုတခုတည်း ကိုပဲ ဦးစားပေးလာတဲ့အခါ အခြားအုပ်စုတခုက နိုင်ငံတော်အပေါ် ယုံကြည်မှုကင်းမဲ့လာပါတယ်။ တတိယအစုအဖွဲ့ (ဥပ မာ- နိုင်ငံတကာ)ရဲ့ လုံခြုံရေး အာမခံချက်ကို တောင်းဆိုမှုရှိလာပါတယ်။ ဒီလိုလုံခြုံရေးအာမခံချက် မရရှိတဲ့အခါ ပဋိပက္ခ ကြီးမားလာပြီး၊ နိုင်ငံတော်ကျရှုံးခြင်း ဖြစ်ပွားစေတတ်ပါတယ်။

ဒုတိယဆက်နွယ်မှုဖြစ်စဉ်ကတော့ belligerents တွေနဲ့ conflict dynamics ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပြင်ပအင်အားစုတွေ အကြားက ဆက်နွယ်မှုဖြစ်ပါတယ်။ ပြင်ပအင်အားစုတွေက နိုင်ငံရေးအခြေအနေ အချိုးအကွေ့တွေမှာ အသုံးပြုရမယ့် အကြမ်းဖက်မှုသဏ္ဌာန်တွေကို ရွေးချယ်မှုတွေမှာ လွှမ်းမိုးတာ တွေလဲ ရှိတတ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးအုပ်စုများ အကြား အကြမ်းဖက်မှုတွေရဲ့ လမ်းကြောင်းတွေကို ပြင်ပအင်အားစုတွေဦးတည်တဲ့ လမ်းကြောင်းတွေဘက်ကို ရွှေ့ယူ သွားတာတွေလဲ ရှိပါတယ်။ ဘော့စနီးယား၊ ကိုဆိုဗိုနဲ့ ရ၀မ်ဒါနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုတွင်းအကြမ်းဖက်မှုတွေကို လေ့လာကြည့်ရာမှာ ဘော့စနီးယားက Serb ခေါင်းဆောင်များ၊ ရ၀မ်ဒါက Hutu ခေါင်းဆောင်များရဲ့ ပဋိပက္ခ စတင်ဖို့ ဆုံးဖြတ်ချက်တွေမှာ ပြင်ပအင်အားစုတွေက လွှမ်းမိုးမှုများစွာရှိခဲ့ပါတယ်။ ပြင်ပအင်အားစု တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် conflict intensity ပြောင်းလဲနိုင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် နိုင်ငံတော်ဆိုတာ (၁၆) ရာစုကတည်းက ပေါ်ပေါက်လာတဲ့ သဘောတရားတခုဖြစ်ပြီး၊ ဒီသဘောတရား ပေါ်မှာ အခြေခံပြီး နိုင်ငံတော်တည်ထောင်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့ နိုင်ငံတော်တွေ မှာ အချုပ်အခြာအာဏာ၊ တရားဝင်မှု၊ ပြည်သူ့ရေးရာဌာနများကို ကိုယ်စားပြုမှု၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင် သောစွမ်းရည်နဲ့ နယ်မြေပိုင်နက်အတွင်းမှာ မှီတင်းနေထိုင်သော ပြည်သူလူထုဆိုတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ နိုင်ငံတော်နဲ့ အစိုးရဆိုတာကို ရောထွေးပြောကြားမှုတွေရှိပေမယ့် နိုင်ငံတော်ဆိုတာ အစိုးရကို ဆိုလိုတာ မဟုတ်ပါဘူး။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး၊ ရှုထောင့်အ မျိုးမျိုးကနေ သီအိုရီများဖော်ထုတ်လေ့လာမှုတွေ ရှိခဲ့ပါသလို၊ နိုင်ငံတော်ကျရှုံးခြင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေလဲ အ မြောက်အမြားရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တည်ထောင်ဖြစ်တည်လာတဲ့ နိုင်ငံတော်တွေထဲမှာ အားကြီးသောနိုင်ငံများရှိသ လို၊ အားနည်းသောနိုင်ငံများ၊ ကျရှုံးသောနိုင်ငံများနဲ့ ပြိုလဲသောနိုင်ငံများတွေလဲ ပေါ်ထွက်လာပါတယ်။ အားနည်းသော နိုင်ငံများအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တံ့နေရာကနေ ကျရှုံးသောနိုင်ငံများအဆင့်ကို ရောက်ရှိပြီး၊ နိုင်ငံတော်ပြိုလဲ ခြင်းတွေလဲ ဖြစ်ပွားစေတတ်တဲ့အတွက် ကိုယ့်နိုင်ငံကိုကျရှုံးသောနိုင်ငံ၊ ပြိုလဲသောနိုင်ငံအဆင့်သို့ မရောက်ရှိစေရေးဟာ သက်ဆိုင်ရာနိုင်ငံများက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။



ရည်ညွှန်းကိုးကား။ ။

Azar, E. & Chung-in Moon (1988) National Security in the Third World: The Management of

Internal and External Threats, Aldershot

Alao, C. (1999) ‘The problem of the failed state in Africa’, in Muthiah Alagappa & Takashi Inoguchi, (eds), International Security Management and the United Nations, Tokyo

Ayoob, M. (1996) ‘State-making, state-breaking and state failure: explaining the roots of “Third World” insecurity’, in Luc van de Goor, Kumar Rupesinghe & Paul Sciarone (eds), Between Development and Destruction, London: Palgrave

Baker, P. & Ausink, J. (1996) ‘State collapse and ethnic violence: toward a predictive model’, Parameters, Spring, pp 19–31

Ed. Brinkerhoff, D. (2006) ‘Governance in Post-Conflict Societies: Rebuilding Fragile States’,

Routledge.

Chabal, P. (1997) ‘Apocalypse Now? A Post-Colonial Journey into Africa’, lecture delivered on 12th March in King’s College, London

Evans, P. ‘The Eclipse of the State? Reflections on Stateness in an Era of Globalization’,

World Politics, Vol. 50, no. 1

Evans, P., Rueschemeyer, D. and Skocpol, T. (1985) ‘On the Road Toward a More Adequate

Understanding of the State’, in ‘Bringing the State Back In’, Cambridge University Press.

Dorff, R. (1996) ‘Democratization and failed states: the challenge of ungovernability’, Parameters, Summer, 1996, pp 17–31

Gros, J. (1996) ‘Towards a taxonomy of failed states in the New World Order: decaying Somalia, Liberia, Rwanda and Haiti’, Third World Quarterly, 17, pp. 456

Gurr, T. (ed.) (1980) Handbook of Political Conflict: Theory and Research, New York

Gurr, T. (1992) ‘The internationalization of protracted communal conflicts since 1945: which groups, where and how?’, in Manus Midlarsky (ed), The Internationalization of Communal Strife, London

Gurr, T. (1993) ‘Why minorities rebel—a global analysis of communal mobilization and conflict since 1945’, International Political Science Review, 14, pp 161–201

Hardin, R. (1995) One for All: The Logic of Group Conflict, Princeton, NJ: Princeton University Press

Hay, C., M. Lister and D. Marsh (2006) The State: Theories and Issues, Basingstoke and New York: Palgrave Macmillan

Heywood, A. (2007) Politics, 3rd edition, Basingstoke and New York: Palgrave Macmillan

Helman, G. & Ratner, S. (1992/ 1993) ‘Saving failed states’, Foreign Policy, Brookings, 89, pp 3–20

Herbst, J. (2004) ‘Let Them Fail: State Failure in Theory and Practice: Implications for Policy’ in Rotberg, R. (ed.) ‘When States Fail: Causes and Consequences’, Princeton University Press

Herbst, J. (2000) ‘States and Power in Africa: Comparative Lessons in Authority and Control’, Princeton University Press.

Lichbach, M. (1995) The Rebel’s Dilemma, Ann Arbor, MI: University of Michigan Press

Lind, M. (1992) “The Catalytic State.” The National Interest 27 (Spring), pp. 3-12

McGrew, A. (1992) “Conceptualizing Global Politics.” A. McGrew, P.G. Lewis, et al., eds., Global Politics: Globalization and the Nation-State. Cambridge: Polity Press

Rhodes, M. 1996. “Globalization and West European Welfare States: A Critical Review of Recent Debates.” Journal of European Social Policy 6 (4): 305-27.

Rodrik, Dani. 1997. Has Globalization Gone Too Far? Washington, DC: Institute for International Economics.

Skocpol, T. (1985) ‘Bringing the State Back In: Strategies of Analysis in Current Research’ in Evans, P., Rueschemeyer, D. and Skocpol, T. (eds.) ‘Bringing the State Back In’, Cambridge University Press.

World Bank (2002) ‘LICUS: A Task Force Report’, World Bank

Weiss, L. (1997) “Globalization and the Myth of the Powerless State.” New Left Review 225: 3-27.

Zartman, W. (1995) ‘Posing the problem of State Collapse’ in ‘Collapsed States: The Disintegration and Restoration of Legitimate Authority’, Boulder, London

Ref: နေ့သစ်

Read More...

ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော် ပြင်ဆင် အတည်ပြု

မခင်ဖြူထွေး
01.11.2012

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး လိုက်ပါပြီ။ နိုင်ငံတော် သမ္မတရဲ့ ပြင်ဆင်ချက်တွေနဲ့ ပြန်လည် တင်သွင်းလာတဲ့ ဒီဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အချိန် အတော်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ အတည်ပြုခဲ့တဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပြပါတယ်။ မကြာခင် ဥပဒေတရပ် ဖြစ်လာတော့မယ့် ဒီဥပဒေမူကြမ်း အတည်ပြုနိုင်ဖို့မှာ ဘယ်လို အခက်အခဲတွေရှိခဲ့ပါလဲ။ အပြည့်စုံ သိရအောင် မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံချင်အောင်၊ တချိန်တည်းမှာလည်း မြန်မာနိုင်ငံ သားတွေရဲ့ အကျိုး စီးပွားကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ တရပ်ဖြစ်ရေး လွှတ်တော်နဲ့ သမ္မတတို့ အကြား ပြီးခဲ့တဲ့ မတ်လ ကတည်းက စလို့ အပြန်အလှန် ပြင်ဆင် ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပြီးတဲ့နောက် နိုင်ငံခြား ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်တွေနဲ့ ပြန်ပို့လာတဲ့ ဒီဥပဒေမူကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အချိန်အတော်ကြာ ယူပြီး ဆွေးနွေး ခဲ့ရတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက အခုလို ပြောပြပါတယ်။

“ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်တွေနဲ့ ပြန်ပို့ထားတဲ့ကိစ္စကို ဒီကနေ့ ဆွေးနွေးကြပါတယ်။ အဓိက ကတော့ ဒီအခြေအနေအပေါ်မှာ ဥပဒေကြမ်း ကော်မတီရဲ့ သဘောထား မှတ်ချက်တွေလည်း ပေးပါတယ်။ ဒီနေရာမှာ အခက်အခဲ ဖြစ်နေတာက နိုင်ငံတော် သမ္မတရဲ့ ပြင်ဆင်ချက်တွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုချင် ပါတယ်။ ဒီနေရာမှာ စကားရပ်တချို့ကို ပြင်ချင်ပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ စကားရပ်က ပြင်လို့မရတော့ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က စကားရပ်တွေကို ပြင်နိုင်ဖို့ဆိုရင် ဒီဥပဒေကို ပြန်ပြီး ပြုပြင်တဲ့ amendment လုပ်ဖို့သော်လည်းကောင်း၊ ဒါမှမဟုတ် နည်းဥပဒေပိုင်းတွေမှာ တချို့ အချက်အလက်တွေကို လိုက်ဖျက်ဖို့သော် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကနေ ဆက်လက် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ နည်းဥပဒေ အရကိုက ကျနော်တို့က နိုင်ငံတော်သမ္မတရဲ့ သဘောထား မှတ်ချက်ကို လက်ခံမလား၊ ကျနော်တို့ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောထားကိုပဲ အတည်ပြုမလား ဆိုတဲ့အဆင့်ကို ကျနော်တို့က ရောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတော့မှ နိုင်ငံတော် သမ္မတဆီကို ပို့တာပါ။ နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နဲ့ ပြန်ပို့လာတဲ့အပေါ်မှာ ကျနော်တို့က ပြန်လည် ဆွေးနွေးရတာ ဖြစ်ပါတယ်။ နောက်ပိုင်း ပြန်စဉ်းစားကြည့်ပြီး ပြင်ချင်တယ် ဆိုတဲ့အပေါ်မှာ ဥပဒေရဲ့ အကန့်အသတ်ကြားထဲကို ရောက်နေပြီဖြစ်တဲ့အတွက် ဒီအခြေအနေတွေက ပြင်လို့မရတော့ဘူး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်တွေနဲ့ ပေးလာတဲ့အပေါ်မှာပဲ နောက်ဆုံးပိတ်မှာ ကျနော်တို့ အတည်ပြုမှု လုပ်ခဲ့ရပါတယ်။”

အခု ဒီဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပေမဲ့ သမ္မတရဲ့ သဘောထားမှတ်ချက် နဲ့ ပြန်လည် ပေးပို့လာတဲ့အပေါ်မှာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ သဘောမတူနိုင်တဲ့ အချက်တချက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လို အချက်ပါလဲ။

“ကျနော်တို့ အဓိက ကတော့ ဒီကနေ့ ၁၁ ချက်မှာ ၁၀ ချက် သဘောတူလိုက်တယ်။ တချက်ကတော့ နိုင်ငံခြားသား ၀န်ထမ်းတွေနဲ့ မြန်မာ ၀န်ထမ်းတွေကြားမှာ အလုပ်ရာထူးအပေါ်မှာ တူညီတဲ့လစာ၊ တူညီတဲ့ခံစားခွင့် ရှိမှုကို အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ အကာအကွယ်ပေးမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က မူလ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း ကျနော်တို့က ထားပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဘောထား မှတ်ချက်မှာ နိုင်ငံခြားသား ၀န်ထမ်းများ နည်းတူ မြန်မာဝန်ထမ်းများကို ခန့်ထားရာမှာ နိုင်ငံခြားသားဝန်ထမ်းတွေရဲ့ ပညာ အရည်အချင်း လုပ်သက်၊ အတွေ့အကြုံ စသည်ဖြင့် တူညီမှု ဆိုတဲ့စကားရပ်ကို ကျနော်တို့ သဘောမတူနိုင်တဲ့အတွက် ကျနော်တို့က မူလ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားအတိုင်းပဲ ကျနော်တို့က ထားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကျနော်တို့ မြန်မာနိုင်ငံသား မန်နေဂျာတယောက်ဟာ နိုင်ငံခြားသား မန်နေဂျာ တယောက်နဲ့ ရာထူးတူရင် လုပ်သက် အတွေ့အကြုံ တထပ်တည်း တူချင်မှ တူပါလိမ့်မယ်။ မန်နေဂျာ အချင်းချင်း တူရင်သာ လစာအတူတူပဲ ခံစားခွင့် ရသင့်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စု လွှတ်တော်ရဲ့ မူလ သဘောတူထားတဲ့အတိုင်းပဲ အဲဒါကို ကျနော်တို့ အတည်ပြုခဲ့ပါတယ်။”

အခုလို သဘောမတူနိုင်ခဲ့တဲ့ အချက် ရှိခဲ့ပေမဲ့လို့ အရင်က အငြင်းပွားစရာတွေဖြစ်ခဲ့တဲ့ နိုင်ငံခြား မတည်ငွေဟာ စုပေါင်း မတည် ရင်းနှီးငွေရဲ့ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ရမယ် ဆိုတဲ့ အချက်မျိုးတွေကို ပယ်ဖျက်ပေးခဲ့တာ အပါအ၀င် ပြည်ထောင်စုလွှတ်တ်ာနဲ့ သမ္မတကြား အချက်အတော်များများကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ကို နိုင်ငံရပ်ခြားက လက်ဝါးကြီးအုပ် စိုးမိုးမှုတွေ မလုပ်နိုင်အောင် ကာကွယ်ဖို့နဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံ သူတွေရဲ့ အမြတ်ထုတ် ချယ်လှယ်မှုတွေ မလုပ်နိုင်အောင် ကန့်သတ်မှုတွေ ထားဖို့ သတိပေးလုပ်ဆောင်မှုတွေ ရှိနေတာပါ။ ဒီဥပဒေ မူကြမ်းဟာ ကြိုတင်ကာကွယ်မှုတွေ သိပ်များနေတယ်လို့ တချို့ မြန်မာအရာရှိတွေရဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာ ဒီဥပဒေ မူကြမ်း ပြင်ဆင် ရေးဆွဲရာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တာကြောင့် သင့်လျော်တဲ့ ဥပဒေတရပ် ဖြစ်လာနိုင်တယ် ဆိုတဲ့ စီးပွားရေး ပညာရှင်တချို့ရဲ့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။

အခု အတည်ပြုလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို သမ္မတက လက်မှတ်ထိုး အတည်ပြုပြီးရင်တော့ တရားဝင် ဥပဒေ တရပ်အနေနဲ့ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

Ref: VOA News

Read More...

သက်တမ်း ၅ နှစ်ခံ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီ

သာလွန်ဇောင်းထက်
November 1, 2012

ကမ္ဘာတ၀န်းရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများတွင် ယနေ့နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံကူး လက်မှတ် သက်တမ်း တိုးခြင်း၊ သက်တမ်း တိုးလျှောက်ထား မှုများ အတွက် သက်တမ်း ၅ နှစ်ခံ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်နှင့် မန္တလေးအခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူး လက်မှတ်များ စတင် ထုတ်ပေးခြင်းနှင့်အတူ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အနေနှင့်လည်း သက်ဆိုင်ရာ မြန်မာ သံရုံးများတွင် သက်တမ်းတိုးခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းများ အတွက် သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူး လက်မှတ်များ ရရှိမည်ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးမှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်က ပြောသည်။

“မြန်မာနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတဲ့နေရာတိုင်းမှာ သက်တမ်း ၅ နှစ်နဲ့ ထုတ်ပေးမှာပါ။ ကမ္ဘာ တ၀န်းက မြန်မာ သံရုံးတွေလည်း ပါတယ်။ လောလောဆယ် ရန်ကုန်နဲ့ မန္တလေးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးတွေကနေ ထုတ်ပေး နေပါတယ်။ မန္တလေး နိုင်ငံကူး လက်မှတ်ရုံးက ဒီနှစ် ဇူလိုင် ၄ ရက်နေ့မှ စဖွင့်တာပါ” ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်လျှောက်ထားသော နိုင်ငံကူးလက်မှတ် များကိုသာ သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက် မတိုင်မီက လျှောက်ထားခဲ့သော နိုင်ငံကူး လက်မှတ်များမှာ ယခင်အတိုင်း သက်တမ်း ၃ နှစ်သာ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ သိရှိရသည်။

ပုံမှန် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် စုစုပေါင်း ၂၁ ရက် အချိန် ကြာမြင့်မည်ဖြစ်ပြီး ငွေကြေး ကုန်ကျစရိတ်မှာမူ ပြောင်းလဲခြင်း မရှိဘဲ ယခင်အတိုင်းပင် ဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက နိုင်ငံကူးလက်မှတ် လျှောက်ထား ရာတွင် တင်ပြရသော အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပယ်ဖျက် ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း ပြောဆို ထားပြီး ဖြစ်သော်လည်း လတ်တလောတွင် ညွှန်ကြားချက် တစုံတရာ မရရှိသေးဟု ရဲမှူး စိုးထွန်းအောင်က ဆိုသည်။

“ကျနော်တို့ဆီတော့ ဘာညွှန်ကြားချက်မှ မရောက်သေးပါဘူး” ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ် တိုးမြှင့်ပေးခြင်းအပေါ် ကြိုဆိုသော်လည်း အချိန်ကြာမြင့်မှုနှင့် အဆင့်ဆင့် လုပ်ဆောင်ရသော လုပ်ထုံး လုပ်နည်းများကို လျှော့ချပေးရန် လိုလားသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများက ဆိုကြသည်။

“၂၁ ရက်ကြာတာကို ထပ်ပြီးလျှော့ပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်။ နောက်ပြီး လုပ်ထုံး လုပ်နည်း အဆင့်ဆင့်တွေ ထပ်လျှော့ပေးမယ် ဆိုရင် အဆင်ပြေမယ်။ အခု ပုံစံ ၁၇၊ ပုံစံ ၁၉ မလိုတော့ဘူးလို့ သတင်းထွက်ပေမယ့် အခုထက်ထိ မဖြေလျှော့သေးဘူး။

အဲဒါ မြန်မြန်ဖြစ်နိုင်ရင် ကောင်းတယ်။ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်လျှော့ပေးနိုင်လေ ပြည်သူက ပို အဆင်ပြေလေ ပါပဲ။ နောက်တခုကတော့ နယ်က လူတွေ နိုင်ငံကူး လက်မှတ်လုပ်ဖို့ ရန်ကုန်၊ မန္တလေးကိုချည်းပဲ တက်လာနေရတာ။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးခွဲတွေ ဒီထက်ပိုပြီး ဖွင့်ပေးနိုင်ရင် နယ်က လူတွေအတွက် အများကြီး အဆင်ပြေမယ်” ဟု နိုင်ငံကူးလက်မှတ် လာရောက် သက်တမ်းတိုးသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ သုံးသပ်ပြော ဆိုသည်။

Ref: ဧရာဝတီ

Read More...

အစိုးရနဲ့ကေအိုင်အို တပ်ရုပ်ရေး မဆွေးနွေးဖြစ်

ကိုဝင်းမင်း
01.11.2012

မြန်မာအစိုးရနဲ့ ကချင် ကေအိုင်အို လွတ်လပ်ရေး အဖွဲ့ကြား ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ စစ်ရေး ကိစ္စ မဆွေးနွေး ခဲ့တာမို့ နောက်တခေါက် ဆွေးနွေးရေး အဆင်ပြေဖို့ အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ အနေနဲ့ ကေအိုင်အို ဌာနချုပ်မှာ ကြာသပတေးနေ့က သွားဆွေးနွေး ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲမှာ မြန်မာ အစိုးရဘက်က တပ်တချို့ ရုပ်ပေးရေး ညှိနှိုင်းဖို့ရှိတယ်လို့ ကြိုတင် အကြောင်းကြား ခဲ့ပေမဲ့ ကေအိုင်အိုဘက်က ဆွေးနွေးနိုင်ဖို့ စစ်ရေးခေါင်းဆောင် မတက်လာခဲ့တဲ့ အပေါ် နောက်တခေါက် ဆွေးနွေးပွဲ အတွက် စိုးရိမ်မှုတွေရှိလာချိန်မှာ အခုလို ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

အင်္ဂါနေ့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကချင်အဖွဲ့အကြား ပထမဆုံးအကြိမ်အဖြစ် အပစ်အခတ် ရပ်ရေး တရားဝင် ဆွေးနွေး ခဲ့ကြရာမှာ ကေအိုင်အိုဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မတက်ရောက်နိုင်ခဲ့ တာကြောင့် အခုလို အစိုးရဘက်က သုံးပတ်ခန့် ကြိုအကြောင်းကြားခဲ့တဲ့ တပ်ရုပ်ပေးရေး သူတို့ဘက်က ကမ်းလှမ်းခဲ့တာကို ဆွေးနွေးခွင့် မရခဲ့ဘူးလို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ဆိုပါတယ်။

အခုလို မြန်မာအစိုးရဘက်က ကမ်းလှမ်းတာကို ကြိုတင်ပြီး ကေအိုင်အိုကို အကြောင်းကြားခဲ့ပုံနဲ့ နားလည်မှု အခက်အခဲဖြစ်ခဲ့ ရပုံကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးရွတ်ဇော်ခေါင်က- “စကားမှာတဲ့ အတိုင်းပဲ ကျနော်တို့က ကေအိုင်အို ဗဟိုကို ပေးပါတယ်။ သူတို့အနေနဲ့ ကေအိုင်အိုဗဟို အနေနဲ့ လက်ခံတဲ့ အတိုင်းအတာ ရှိပါတယ်။ ဒါပေမယ့် စာနဲ့ပေနဲ့ အတိအကျ မလုပ်တဲ့ အခါကျတော့ သူတို့အနေနဲ့ တိတိကျကျ ဖြစ်ချင်တယ်ဆိုတဲ့ သဘော သဘာဝတော့ ရှိတာပဲပေါ့လေ။”

ဒါပေမဲ့ ဒီတခေါက် အောက်တိုဘာ ၃၀ရက် ဆွေးနွေးပွဲ မှာတော့ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌနဲ့ သမ္မတရုံးဝန်ကြီး လည်းဖြစ်တဲ့ ဦးအောင်မင်း အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကတိပြုခဲ့တာက တိုးတက်မှုဖြစ်တယ်လို့ ယူဆပေမယ့် စစ်ရေးဆွေးနွေးဖို့ နယ်စပ်အထိ ရောက်လာတဲ့ မြန်မာစစ်တပ်ဘက်က ထိပ်ပိုင်း စစ်အရာရှိတဦး ကလည်း ဆွေးနွေးပွဲ မတက်ဘဲ ပြန်သွားခဲ့တဲ့အပေါ်မှာတော့ အခုလို အရင်ကမ်းလှမ်းခဲ့တဲ့ တပ်ရုပ်ရေး နောက်တခေါက် ဆွေးနွေးဖို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ သုံးသပ်တဲ့ သူတွေက ဆိုပါတယ်။

အခုလိုမြန်မာကာကွယ်ရေးဝန်ကြီးဌာနက ကချင်စစ်နယ်မြေကို တိုက်ရိုက်ကြီးကြပ်ရတဲ့ စစ်ဆင်ရေး အထူး အဖွဲ့ တပ်မှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ဘက်ကလည်း မတက်ရောက်ဘဲ ပြန်သွားခဲ့ရပေမဲ့ ပြီးခဲ့တဲ့ တခေါက်ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးဖို့ သဘောတူခဲ့နိုင် တာကြောင့် နောက်တခေါက်ဆွေးနွေးပွဲ အတွက် မထိခိုက်နိုင်ဘူးလို့ မျှော်လင့်ထားကြောင်း ကချင်ငြိမ်းချမ်းရေး အဖွဲ့ အကျိုးဆောင်ဖြစ်တဲ့ ဦးရွတ်ဇော်ခေါင်က ဆက်ပြောပါတယ်။

“အချက်တချက်တော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ Road Map က ရှိပြီးသား ဆိုတော့။ ဗိုလ်ချုပ် ဂွမ်မော်ကျတော့ ဒု စစ်ဦးစီးချုပ် အနေနဲ့ သူက ဒီစစ်ဆင်ရေးကို အဓိက ကိုင်တွယ်တဲ့ အခါကျတော့ ထိုးစစ်ဆင်မှုကြောင့် သူက မလာနိုင်ဘူးလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ သူတို့က ဆွေးနွေးမယ်လို့ သဘောတူညီချက် လုပ်ထားတဲ့ အခါကျတော့ ဒီတခေါက် မဆွေးနွေးနိုင်ရင်လည်းပဲ နောက်တခေါက်တော့ ဆွေးနွေးနိုင်မယ်လို့ ယုံကြည် တာပေါ့လေ။”

ဒါ့အပြင် နောက်တခေါက်ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာရင်းနဲ့ စစ်ရေးကိစ္စ ဆွေးနွေးနိုင်ရေး အတွက်လည်း PCG ခေါ် ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့က ကေအိုင်အိုဌာနချုပ်မှာ သွားဆွေးနွေးခဲ့တာတွေကို ဦးရွတ်ဇော်ခေါင်က အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ PCG က သုံးယောက်၊ ဒီနေ့ပဲ ကေအိုင်အို ဗဟိုကော်မတီမှာ အစည်းအဝေးလုပ်တာကို တက်ရောက်ပါတယ်။ ကေအိုင်အိုဗဟိုကော်မတီဒုဥက္ကဌနဲ့ အားလုံးဆုံပါတယ်။ စစ်ရေးရော၊ နိုင်ငံရေးရော၊ အားလုံးဆုံပြီးတော့ တယောက်နဲ့ တယောက် ညှိနှိုင်းလို့ရနိုင်တဲ့ နိုင်ငံရေးရလာဒ်ကို အကောင်အထည်ဖော်ဖို့ ဒါကတော့ ကျနော်တို့က ကေအိုင်အိုဘက်လည်း မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရဘက်လည်း ဒီလိုပဲ တိုက်တွန်းပါတယ်။”

အခုလိုအချိန်မှာ မြန်မာအစိုးရဘက်က နောက်တခေါက်ဆွေးနွေးပွဲတွေကို အရင်အခေါက်တွေလို ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ မဟုတ်ပဲ မြန်မာနိုင်ငံထဲမှာ ဖြစ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ဘယ်အချိန်၊ ဘယ်အခါမှာ နောက်ထပ် ဆွေးနွေးပွဲတွေဖြစ်လာဖို့ မျှော်လင့်ပါသလည်းလို့ မေးတဲ့အခါမှာတော့ ဦးရွတ်ဇော်ခေါင်ကပဲ- တလအတွင်း နှစ်ဘက်သဘောတူနိုင်တဲ့ နေရာမှာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီ့အပိုင်းကျတော့ ကျနော်တို့ လက်တွေ့ တလအတွင်းမှာ ဆွေးနွေးမယ်ဖြစ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ နှစ်ဦးနှစ်ဘက်မှာ ဖြစ်နိုင်ခြေရှိတဲ့နေရာတခုခုကတော့ ရွေးရပေါ့လေ။ အဓိကကတော့ သူတို့ဆွေးနွေးမယ့် နိုင်ငံရေးပေါ့လေ၊ ဒါကို သူတို့အနေနဲ့ ဆွေးနွေးနိုင်တယ် ဆိုရင်တော့ ဘယ်နေရာမှာ ကေအိုင်အိုအနေနဲ့ကတော့ မလာနိုင်စရာ အကြောင်းတော့မရှိဘူးလို့ ကျနော်တို့ သုံးသပ်တာပေါ့လေ။”

တကယ်တော့ ကေအိုင်အို ကချင်အဖွဲ့အနေနဲ့ ၁၉၉၄မှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပေမဲ့ နိုင်ငံရေးသဘောတူညီမှုမရခင် နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စမှာ သဘောမတူခဲ့အပြီးမှာ မနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ရာမှာ အခြားအဖွဲ့တွေထက် ပိုပြင်းထန်တဲ့ ဒီတိုက်ပွဲတွေကြောင့်ပဲ နှစ်ဘက်အကြား ယုံကြည်မှု ကျဆင်းလာပြီး အခြားအဖွဲ့တွေလို မြန်မြန် အပစ်အခတ်မရပ်စဲနိုင်သေးဘဲ အခုလို ညှိနှိုင်းရခက်ခဲနေတယ်လို့ သုံးသပ်သူတွေက ပြောနေချိန်မှာ အခုလိုနောက်ဆုံး တရားဝင်ဆွေးနွေးပွဲတွေ စဖြစ်လာခဲ့ရတာပါ။

Ref: VOA News

Read More...

အနောက်သံတမန်များ ရခိုင်သွားရောက်လေ့လာ

စုမြတ်မွန်
01.11.2012

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပိုပြီးသိရှိနားလည်ဖို့နဲ့ ဘယ်လို အကူအညီတွေ ပေးရမယ် ဆိုတာ သုံးသပ်ဖို့ အတွက် ဗြိတိန်၊ အမေရိကန်နဲ့ Australia နိင်ငံတို့က မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေပါတယ်။ ခရီးစဉ် ပထမနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ ကျောက်ဖြူနဲ့ မြေပုံမြို့တွေဆီကို သွားရောက် ခဲ့ကြတယ်လို့ ဗြိတိန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။ ခုလို သံအမတ်ကြီးတွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်း အသေးစိတ်ကို ဘန်ကောက် ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြ ထားပါတယ်။

မြန်မာအစိုးရရဲ့ အကူအညီနဲ့ ဗြိတိန်သံအမတ်ကြီး Andrew Heyn, အမေရိကန်သံ အမတ်ကြီး Derek Mitchell နဲ့ သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ဟာ ရခိုင်ပြည်နယ်မှာ ဒီကနေ့ ကြာသပတေးနေ့က စလို့ ရောက်ရှိနေကြတာဖြစ်ပါတယ်။ ခုလို ရခိုင်ပြည်နယ်ကို သွားရတဲ့ အကြောင်းနဲ့ ပါတ်သက်လို့ စစ်တွေမှာရောက်နေတဲ့ ဗြိတိန်သံရုံးပြောခွင့်ရသူ Joe Fisher က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက ထပ်ပြီး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကို လေ့လာ သုံးသပ်ဖို့ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ထားတဲ့ နေရာတချို့ကို သွားရောက်ကြည့်နိုင်ဖို့နဲ့၊ အသိုင်းအဝိုင်း ၂ ခုလုံးက သူတွေနဲ့ တွေ့ဆုံ စကားပြောပြီး လူသားချင်းစာနာမှုဆိုင်ရာ ဘယ်လို အကူအညီတွေ လိုအပ်သလည်း ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေး တခုလည်းဖြစ်ပါတယ်။ ဒါတင်မက နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပါတ်သက်လို့ ပိုပြီးသိရှိ နားလည်နိုင်အောင်လည်း ဖြစ်ပါတယ်လို့ ပြော သွားတာဖြစ်ပါတယ်။

ဗြိတိန်သံအမတ်ကြီး Andrew Heyn အနေနဲ့လဲ အခြေအနေတွေကို ကိုယ်တိုင် မြင်တွေ့ သိရှိ နားလည်ချင်တာဖြစ်တယ် လို့ ပြောပါတယ်။ သံအမတ်ကြီး ၃ ယောက်ပါတဲ့အဖွဲ့ဟာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့အတူ မကြာခင်က အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တဲ့ မြို့ တချို့ကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ခဲ့ပါတယ်။

“ရမ်းဗြဲးကျွန်းပေါ်မှာရှိတဲ့ ကျောက်ဖြူနဲ့ မြေပုံ မြို့ ၂ မြို့ကို ကျွန်တော်တို့ ဒီနေ့ သွားခဲ့ပါတယ်၊ မနက်ဖြန်ကျရင်လဲ နောက်ထပ် နေရာတွေကို သွားဦးမှာပါ” လို့ ပြောသွားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘယ်တော့ ပြန်မလဲလို့ မေးတာကိုတော့ “မနက်ဖြန်မှာ ဘာတွေ မြင်ရ သိရမလဲ ဆိုတာကို ကြည့်ပါဦးမယ်၊ ဘယ်တော့ ပြန်မလဲဆိုတာကိုတော့ အတိ အကျ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့ရဲ့ အစီအစဉ်က ပုံသေ သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး” လို့ ဗြိတိန်သံရုံးပြောခွင့်ရသူ Joe Fisher က ဖြေသွားပါတယ်။

အခုလို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့အတူ၊ အမေရိကန်၊ Australia နိုင်ငံတို့က သံအမတ်ကြီးတွေ ရခိုင်ပြည်အခြေအနေကို လေ့လာဖို့ ရောက်နေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေကြသူတွေအတွက် ဗြိတိန်အစိုးရက အကူအညီပေးသွားမဲ့ အစီအစဉ်တွေကိုလဲ ဒီကနေ့ ကြာသပတေးနေ့မှာပဲ အသိပေးကြေညာလိုက်ပါတယ်။ အကြမ်းဖက် ပဋိပက္ခတွေကြား ဒုက္ခရောက်နေကြသူပေါင်း ၅သောင်း ၈ ထောင်ကျော်အတွက် အရေးပေါ် လိုအပ်နေတဲ့ သောက်သုံးရေ၊ မိလ္လာသန့်ရှင်းမှု၊ ကလေးငယ်တွေအတွက် အစာအဟာရနဲ့ ကျန်းမာရေးဆိုင်ရာအကူအညီတွေ ပေးသွားမှာဖြစ်တယ်ဆိုတာကို ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာဝန်ကြီးဌာန DFID က ကြေညာချက် ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာမှုနဲ့ ပေးတဲ့ ဒီအကူအညီတွေကို ယုံကြည်စိတ်ချရတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ထောက်ပံ့ ကူညီမှုတွေကို ဗြိတိန် တနိုင်ငံထဲက ဆောင်ရွက်နိုင်တာ မဟုတ်တဲ့အတွက် တခြား အလှုရှင်နိုင်ငံတွေကလဲ ဝိုင်ဝန်း ကူညီကြဖို့ DFID ဝန်ကြီး Justine Greening က ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ ၆ လတာ ကာလအတွင်း ဗြိတိန် အစိုးရက ကူညီထောက်ပံ့မဲ့ စတာလင်ပေါင် ၂ သန်း ကို အကူအညီလိုအပ်နေသူမှန်သမျှကို မခွဲခြားဘဲ ပေးသွားမှာဖြစ်တယ် ဆိုတာကိုလဲ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn က အသိပေးထားပါတယ်။

Ref: VOA News

Read More...

နိုဝင်ဘာလမှာ အစိုးရနှင့် KIO နိုင်ငံရေးဆွေးနွေးရန် သဘောတူ

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ လာမည့် နိုဝင်ဘာလမှ နိုင်ငံရေး စတင်ဆွေးနွေးရန် သဘောတူခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် များနှင့် KIO ဘက်မှ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် အောက်တိုဘာ ၃၀ရက်နေ့လည် သုံးနာရီတွင် တွေ့ဆုံဆွေးနွေး၍ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

“ပထမအကြိမ် တွေ့ဆုံတာ ဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့ နိုင်ငံရေးနည်းလမ်းအရ နိုင်ငံရေးကို ဆက်လက် ဆွေးနွေးမယ် ဆိုတာကို သဘောတူညီချက်ရတယ်၊ နောက်တစ်ချက်က ပြည်တွင်းတစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးဖို့ အတွက် သဘော တူထားတယ်။ KIO ကလည်း ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်အောင် လုပ်သွားပါ့မယ် ဆိုတဲ့ အကြောင်းကို တစ်ယောက်နဲ့ တစ်ယောက် ပြောကြတဲ့သဘောပါ”ဟု ဦးဂွမ်ဂျာက ပြောသည်။

နောက်တစ်ကြိမ် နိုင်ငံရေး ဆွေးနွေးမည် နေရာကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော် သို့မဟုတ် ရှမ်းပြည်နယ် မူဆယ်မြို့ တို့တွင် တွေ့ဆုံရန် သဘောတူခဲ့သည်ဟု သိရသည်။

KIO ဘက်မှ ဆရာကြီး ဆွမ်းလွတ်ဂမ်၊ ဒု-ဗိုလ်မှူးကြီး လဖိုင်လ၊ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်၊ ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်၊ ဒု-ဗိုလ်မှူးကြီး ဇော်တောင်၊ ပညာရေး ဌာနမှ ဦးမရိပ် နော်ထွဲတို့ အပါအဝင် ကိုး ဦးနှင့် အစိုးရ
ဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့် တို့ အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အစိုးရ ကိုယ်စားလှယ်များထဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်ရန် မူဆယ်မြို့ထိ ရောက်ရှိ လာသော်လည်း KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသဖြင့် ၄င်းလည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း ဦးဂွမ်ဂျာက ပြောသည်။

KIO ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။

“ဒါက ဗဟိုရဲ့ ဆုံးဖြတ်ချက်ဘဲ၊ သူတယောက်ထဲ ဆုံးဖြတ်လို့မှ မရတာ။ ဗဟိုက သွားသင့်တဲ့ လူတွေ သွားနေပြီလေ” ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်တွင်းမှ သတင်းထောက် ၂၀ ကျော် တက်ရောက် သတင်း ယူခဲ့ပြီး နိုင်ငံရေး အရ ဆက်လက် တွေ့ဆုံဆွေးရန် သဘောတူခဲ့သဖြင့် ကောင်းမွန်သည့် ဆွေးနွေးမှု ဖြစ်သည်ဟု ဦးဂွမ်ဂျာက သုံးသပ်သည်။

“အခြေအနေ ကောင်းပါတယ်။ ပထမအကြိမ် ဆွေးနွေးပွဲဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးဖို့ သဘော တူတာ ဖြစ်တဲ့အတွက် အခြေအနေကောင်းတယ်လို့ ပြောချင်တယ်၊ ခုလို ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး အမြန်ဆုံး ရပါစေလို့ ပြောချင်တယ်”ဟု ဦးဂွမ်ဂျာက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က လွယ်ဂျယ်မြို့နယ် ပရန်ငေါန်ဒေသတွင် အလွှတ်သဘော သုံးကြိမ်တိုင် တွေ့ဆုံ ခဲ့ရာမှ လေးလခန့် အကြာမှာ ပြန်လည် တွေ့ဆုံဆွေးနွေးနေကြခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရခိုင်မှာ လူတထောင်ခန့် ထိန်းသိမ်းထား

ခင်ဦးသာ
November 1, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာ မကင်းသူ ၁၀၀၀ ၀န်းကျင်ကို ဖမ်းဆီး စစ်ဆေးနေသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ စစ် တွေ၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားသူ အများစုသည် ရခိုင် တိုင်ရင်းသားများ ဖြစ်ပြီး မွတ်စလင် များလည်း ပါဝင်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

ဖမ်းဆီး စစ်ဆေးသည့် လူ ၁၀၀၀ ၀န်းကျင်၌ ဇွန်လအတွင်း ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သူများ လည်းပါဝင်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ဧရာဝတီ ကို ပြောသည်။ အများစုသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆက်စပ်၍ သင်္ကာမကင်းခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို စစ်ဆေး၍ ပြစ်မှုထင်ရှားပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟုလည်း ဆိုသည်။

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်သူများရှိကြောင်း၊ ၎င်းတို့ကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း၊ ကြိုးကိုင်သူများတွင် နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ ပါဝင်ပတ်နေ ကြောင်း ယမန့်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် သမ္မတရုံး ကြေညာချက်ကလည်း ရေးသားထားသည်။

ထို့အတူ အချို့သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက် အထားများ တွေ့ရှိထားကြောင်း၊ လက်ရှိတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ဆက်စပ်ပတ်သက်သူများကို နိုင်ငံတော်မှ စစ်ဆေးအရေး ယူလျက်ရှိကြောင်း ဆိုသော်လည်း အသေးစိတ် ရေးသားဖော်ပြခြင်း မရှိပေ။

ပဋိပက္ခနှင့်ပတ်သက်၍ ကြိုးကိုင်သူများကိုစစ်ဆေးနေဆဲ ဖြစ်ပြီး အချိန်ကျရောက်ပါက မည်သူမည်ဝါ ဆိုသည်ကို တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်လည်း နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိ၍ ထိရောက်စွာ အရေးယူမည်ဟု ဆိုခဲ့ပြီး မည်သူမည်ဝါဟူ၍ ယနေ့အထိ ထုတ်ပြန်နိုင်ခြင်း မရှိပေ။

“စစ်ဆေးဖော်ထုတ်မှုတွေက ဘယ်လောက်ကြမယ်၊ ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာ မျိုးတော့ အချိန်ကန့်သတ်ထားတာ မရှိ ပါဘူး၊ အချိန်တန်ရင်တော့ ကြေညာမှာပါ” ဟု ဦးဇော်ဌေး က ဆိုသည်။

ရခိုင်ပြည်နယ်တွင်၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်း သားများတိုး တက်ရေးပါတီ (RNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဖွံ့ဖြိုးရေးတိုးတက် ရေးနှင့်ငြိမ်းချမ်း ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ မြို၊ ခမီးတိုင်းရင်းသား၊ မြန်မာနိုင်ငံ ရခိုင်ပြည် အမျိုးသား အင်အားစုပါတီ စသည့် နိုင်ငံရေးပါတီများ ရှိသည်။

ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး မကြာသေးခင်က ပြန်လည်မှတ်ပုံ တင်ထားသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီလည်း ရှိပြီး အစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ပါတီနှင့် ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ရခိုင်အဖွဲ့ တချို့ရှိသည်။

တကျော့ပြန် ရခိုင်ပဋိပက္ခတွင် ပြည်ပအဖွဲ့အစည်းတချို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှု ရှိကြောင်း ALD ပါတီ ကလည်း အောက် တိုဘာလ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ရခိုင်ပဋိပက္ခများကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံရေးပါတီများဟု အစိုးရက ပြောဆိုနေခြင်းသည် အထူးအဆန်း မဟုတ်ကြောင်း၊ ၎င်းတို့၏ စွပ်စွဲသုံးသပ်မှုသည် အထူးသဖြင့် အမျိုးသားရေးကို အခြေခံသည့် ရခိုင် နိုင်ငံရေးပါတီများဟု ယူဆ ကြောင်း RNDP ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီ ကို ပြောသည်။

“ရခိုင်ပဋိပက္ခ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ပါတီ အနေနဲ့ သွေးထိုးလှုံဆော်တာ မရှိပါဘူး၊ လက်ရှိ ပဋိပက္ခတွေ ငြိမ်းချမ်း အောင်လုပ်ဆောာင်ရာ မှာလည်းပဲ အစိုးရနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်နေပါတယ်၊ စုံစမ်း ဖော်ထုတ်မှုတွေကို ဥပဒေအတိုင်း မှန်မှန် ကန်ကန်ဖြစ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။

ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးတို့အတွက် လုပ်ပိုင်ခွင့် အာဏာ ရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးအားထား ပြုကြောင်း၊ အစိုးရအဖွဲ့ကလည်း ကူညီပေးစေလိုကြောင်း ဦးဖေသန်း က ဆို သည်။

၎င်းက “အစိုးရကို တိုက်တွန်းချင်တာက မွတ်စလင်တွေကို ရခိုင်ဒေသမှာပဲ စုပြုံထားတာ၊ လှောင်ပိတ်ပြီး မထားပါနဲ့၊ ၁၉၈၂ ခုနှစ် ဥပဒေ အတိုင်း နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးပြီး နိုင်ငံသားတယောက်ကဲ့သို့ ပြည်မကို သွားခွင့်ပေးဖို့၊ တရား မ၀င် ခိုးဝင်လာသူတွေကို လည်း ဥပဒေ အတိုင်း ဆောင်ရွက်ပေး ရင် ပဋိပက္ခ ဖြစ်ပွားတာတွေ လျော့ကျလာနိုင်တယ်”ဟု ဆိုသည်။

ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုပြီး လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှု ကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှု အများအပြား ရှိကြောင်းလည်း ပြောကြသည်။

သမ္မတရုံး ပြောခွင့်ရသူက ပြောဆိုရာတွင် အစိုးရ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြောင်း၊ စစ်တပ်အင်အား ကိုလည်း ရခိုင်ပြည်နယ်ထဲရှိ စစ်တပ်များကိုသာ အခင်းဖြစ်ရာ ဒေသများ၌ လုံခြုံရေး ပေးကြောင်း၊ အစိုးရ အပေါ်ဝေဖန်မှုသည် ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကို လူစုခွဲရာတွင် စစ်တပ်၏ ပစ်ခတ်သည့် သေနတ် ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရသူအများ အပြားရှိကြောင်း ဒေသခံတို့က ပြောဆိုသကဲ့သို့ သမ္မတရုံး ကြေညာချက်ကမူ ပဋိပက္ခဖြစ်နေ သည့် လူအုပ်စု နှစ်ခုသည် လုံခြုံရေး တပ်ဖွဲ့များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများရှိကြောင်း၊ ထိုပဋိပက္ခ များ မှ ဒေသန္တရလုပ် တူ မီးသေနတ် (၁၈၀ ) သိမ်းဆည်းရမိကြောင်းလည်း အစိုးရက ဆိုထားသည်။

ထို့အတူ ရခိုင်ပြည်နယ် တ၀ှမ်းရှိ ဓား၊ လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေး အဖွဲ့များထံ ၃ ရက် အတွင်း အပ်နှံကြရန် လည်း ယနေ့ထုတ် အစိုးရ သတင်းစာများ က ထုတ်ပြန်ကြေညာထားသည်။

တကျော့ပြန် ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခတွင် အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သွားသည့်နေအိမ် ၅၃၅၁ အိမ်နှင့် လူဦးရေ ၃၂၂၃၁ ဦး အိုးအိမ်မဲ့သွားကြောင်း လည်း သတင်းစာများက ဆိုသည်။

Ref: ဧရာဝတီ

Read More...

Thursday, November 1, 2012

နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း – ၄)

ခင်မမမျိုး
October 28, 2012

နိုင်ငံတော်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း

ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ် စတင်လာချိန်မှာ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ နိုင်ငံတော်အပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သီအိုရီတွေ ပေါ်ထွက် လာပါတယ်။ ဂလိုဘယ် လိုင်ဇေးရှင်းဟာ တိုင်းပြည်တွေရဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ် ထိန်းချုပ်မှုတွေ ရှိလာတယ်လို့ အချို့က ယူဆကြပါတယ်။ စီးပွားရေးရာ ဂလိုဘယ်လိုင်ဇေးရှင်း (economic globalization) ဟာ လှုပ်ရှား သွားလာနေတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူတွေကို နိုင်ငံငယ်တွေရဲ့ နိုင်ငံရေး အာဏာရှိသူ တွေရဲ့ upper hand ကို ပို့ဆောင်ပေးလိုက်တယ် လို့လဲ ယူဆချက်တွေ ပေါ်ထွက် လာပါတယ်။

(၁) Hyperglobalization thesis

Hyperglobalization thesis ရဲ့ အခြေခံသဘောတရားကတော့ အရင်းအနှီးများ ရွေ့လျားမှု (mobility of capital) ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ပြည်ပ ကုန်သွယ်ရေး မရှိတဲ့ closed national economies တွေမှာ အရင်းအနှီး တွေက ပြည်ပကို ရွေ့လျားမှု မရှိပါဘူး။ ပြည်တွင်းမှာပဲ ရွေ့လျား စီးဆင်းနေပါတယ်။ ထွက်ပေါက် မရှိပါဘူး။ အစိုးရတွေ ကနေ အခွန်နှုန်းမြင့်မားစွာ ကောက်ခံလို့ ရပါတယ်။ open economy တွေမှာကျတော့ အရင်းအနှီးတွေက တိုင်းပြည်ရဲ့ ပြင်ပကို စရိတ် အနည်းဆုံးနဲ့ စီးဆင်း သွားနိုင်ပါတယ်။

တိုင်းပြည်တွေရဲ့ ကွဲပြားခြားနားတဲ့ အခွန်ကောက်ခံမှု စနစ်တွေကို ကစားပြီး ရင်းနှီးမြှုပ်နှံမှုကနေ တဆင့် အမြင့်ဆုံး rate of return ရှိလာအောင် လုပ်ယူလို့ ရလာပါတယ်။ အခွန်ကောက်ခံမှုနှုန်းများတဲ့ နိုင်ငံတွေကနေ နည်းပါးတဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းလို့ ရပါတယ်။ ထိန်းချုပ်မှုများတဲ့ အလုပ်သမားဈေးကွက်ကနေ ထိန်းချုပ်မှုနည်းတဲ့ ဈေးကွက်ကို ရွှေ့ပြောင်း လို့ရလာပါတယ်။ ဒီလို အရင်းအနှီးတွေကို ရွေ့လျားနေခြင်းကြောင့် ဆုံးရှုံးနစ်နာမှုကလဲ နည်းပါးပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုတ်သိမ်းခြင်း (disinvestment) ရဲ့ costs ကလဲ သုညနီးနီးဖြစ်ပါတယ်။

ဒီအခါမှာ တိုင်းပြည်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံတွေဖြစ်အောင် ပြိုင်ဆိုင်ကြရ ပါတယ်။ တ ဖြည်းဖြည်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (foreign direct investment) (FDI) အပေါ်မှာ နိုင်ငံတော်က မှီခို လာရပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အခြားနိုင်ငံကို ရွှေ့ပြောင်း မသွားအောင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဖန်တီးပေး လာရပါတယ်။ Neo-Darwinian survival of the fittest သဘောတရားအရ နိုင်ငံတော်ဟာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် မှုတွေ၊ တင်းကြပ်မှု မရှိတဲ့ အလုပ်သမားဈေးကွက်တွေနဲ့ ပျော့ပျောင်း ညင်သာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို ဖန် တီးပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ တည်တံ့ ခိုင်မာလာအောင် လုပ်ဆောင်လာရပါတယ်။ ဒီအခါမှာ နိုင်ငံတော်ရဲ့ တာဝန်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်တော့ပဲ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်သွား ပါတယ်။

(၂) Dual Convergence thesis

Hyperglobalization thesis က ရိုးရှင်းတဲ့ convergence ကိုသာ ဖော်ပြထားပါတယ်။ နိုင်ငံတိုင်းရဲ့ စီးပွားရေး အ ဆောက် အအုံတွေဟာ ဂလိုဘယ် လိုင်ဇေးရှင်းကြောင့် ပေါ်ပေါက်လာတဲ့ ဘုံ ဖိအားတွေကို ကြုံတွေ့ကြရပြီး၊ နိုင်ငံတော် အနေနဲ့ အမှီအခို ကင်းတဲ့ mediating role မရှိပါဘူး။ ဒါကြောင့် convergence ဟာ ပြီးပြည့်စုံနဲ့ သတင်းအချက်၊ ဆီ လျော်မှုရှိတဲ့ လှုပ်ရှားမှုနဲ့ Darwinian competition တို့ တည်ရှိတယ်လို့ assumption ထားပါတယ်။ institutions တွေ ကို ထည့်သွင်းစဉ်းစားခြင်း မပြုပါဘူး။ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ လစ်ဘရယ်စီးပွားရေး အဆောက်အအုံ တွေကို ကိုယ်စားပြုပါတယ်။

Dual Convergence thesis ကတော့ ဂလိုဘယ်လိုင်ဇေးရှင်းကို နိုင်ငံတော်က တုန့်ပြန်ရာမှာ mediating role အဖြစ် ပါဝင်တဲ့ institutions တွေကို ထည့်သွင်း စဉ်းစား ထားပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းက ဘုံဖိအားတွေကို ပေါ်ထွက်လာ စေချိန်မှာ ဒါတွေကို အင်စတီကျူးရှင်းတွေက refracted လုပ်ပြီး၊ dual convergence ဖြစ်ပွားစေတယ်လို့ ယူဆပြီး၊ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံ စတဲ့ Coordinated Market Economies တွေမှာ ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဂလိုဘယ် လိုင်ဇေးရှင်းက အင်စတီ ကျူရှင်းတွေကို ပေးလေ့ရှိတဲ့ ဖိအားတွေကတော့ ဘတ်ဂျက်စီမံခန့်ခွဲမှု၊ အလုပ်သမား ဈေးကွက်နဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားတွေပဲ ဖြစ်ပါတယ်။

(၃) ကမ္ဘာ့ရေးရာပြဿနာများနှင့် နိုင်ငံတော်စွမ်းပကား


Hyperglobalization thesis နဲ့ Dual Convergence thesis တွေဟာ convergence ကိုသာ principal actor အဖြစ် သတ်မှတ် ထားတယ်လို့ ငြင်းဆိုချက်များ ထွက်လာပြီး၊ စီးပွားရေးရာ ဂလိုဘယ် လိုင်ဇေးရှင်း ကိုသာ လက်ရှိနိုင်ငံတွေ ရင် ဆိုင်နေရတဲ့ နိုင်ငံတော်ရဲ့ စွမ်းပကားနဲ့ အချုပ်အခြာ အာဏာဆိုင်ရာ အခန်းကဏ္ဍ လျော့ကျလာခြင်းရဲ့ key determinant အဖြစ် သတ်မှတ်ချက်တွေ ပေါ်ထွက် လာပါတယ်။ ဂလိုဘယ် လိုင်ဇေးရှင်းကနေ ပေါ်ထွက်လာတဲ့ ကမ္ဘာ့ ရေးရာ ပြဿနာတွေကို နိုင်ငံတော် ဆိုတဲ့ နိုင်ငံရေး ယူနစ် တခုတည်းနဲ့ ဖြေရှင်းနိုင်ဖို့ စွမ်းပကားတွေ လျော့ကျလာကြောင်း ထောက်ပြ ပြောဆိုချက်တွေ ရှိလာပါတယ်။ ဒီလို ထောက်ပြချက်တွေထဲမှာ ထင်ရှားတာကတော့ tragedy of the commons ပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ထောက်ပြတာကတော့ Garrett Hardin ဆိုသူဖြစ်ပြီး၊ တိုင်းပြည်တွေနဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေ အနေ နဲ့ unilateral environmental action တွေကို တာဝန်မယူပဲ၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် environmental degradation ပြဿနာကို ရင်ဆိုင်ရမှာဖြစ်ကြောင်း (၁၉၆၈) ခုနှစ်မှာ ရေးသား တင်ပြခဲ့ဖူးပါတယ်။ ဒါကို ကာကွယ်ဖို့အ တွက် နိုင်ငံတွေက လိုက်နာရမယ့် စည်းမျဉ်းတွေကို ဖော်ဆောင်ပေးမယ့် နိုင်ငံတကာ အေဂျင်စီ တခုလိုအပ်ပါတယ်။

နိုင်ငံတော်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီလိုနိုင်ငံတကာ အေဂျင်စီက ချမှတ်လိုက်တဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့က နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချ လိုက်ရသလို ဖြစ်နေပါတယ်။ သို့ပေမယ့် ဂလိုဘယ် လိုင်ဇေးရှင်းက မြှင့်တင်ပေးလိုက်တဲ့ ဒီလိုကမ္ဘာ့ရေးရာ ပြဿနာတွေကို နိုင်ငံတော် စွမ်းပကား တခုတည်းနဲ့ကလဲ ဖြေရှင်းလို့ မရနိုင်ဘူး ဖြစ်လာပါတယ်။ ကမ္ဘာ့ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့ အခါ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာတွေမှာ catastrophe ဖြစ်လာပါတော့တယ်။

(၄) New medievalism

New medievalism ဆိုတဲ့ သဘောတရားကို Hedley Bull ဆိုသူက The Anarchical Society ဆိုတဲ့ စာအုပ်ထဲမှာ ရေးသား ဖော်ပြ ခဲ့ပါတယ်။ globalised world ဖြစ်လာတာနဲ့ အမျှ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာက လျော့နည်းလာပြီး၊ နိုင်ငံတကာ စနစ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့် အာဏာတွေကို ဘာသာရေး အဖွဲ့အစည်းတွေ၊ အင်ပါယာတွေ၊ မြို့ပြနိုင်ငံတွေ စတဲ့ non-territorial and overlapping agents တွေက ကျင့်သုံးတဲ့ medieval ပုံစံနဲ့ ဆင်တူလာကြောင်း New medievalism က ဖော်ပြထားပါတယ်။

New medievalism သဘောတရားရဲ့ ဥပမာတွေကတော့ အီးယူ၊ အာဆီယံစတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း များရဲ့ အင်အား ကြီးမားလာမှုနဲ့ စကော့တလန်၊ Catalonia စတဲ့ sub-national governments တွေ ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ကြေးစား စစ်တပ် ကုမ္ပဏီများ၊ နိုင်ငံတကာ ကော်ပိုရေးရှင်းများနဲ့ ကမ္ဘာ့ ဘာသာရေးလှုပ်ရှားမှုများ ပေါ်ထွက်လာ ခြင်းဟာလဲ နိုင်ငံတော်ရဲ့ အခန်း ကဏ္ဍကို လျော့ကျ လာစေပါတယ်။

New medievalists တွေက ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ်ဟာ ကမ္ဘာ့ အုပ်စိုးမှုစနစ် (global governance) ကို ပေါ်ထွက် လာစေတယ်လို့ ဆိုကြပါတယ်။ နိုင်ငံအချင်းချင်း မဟာမိတ်ပြုထားတဲ့ အဖွဲ့အစည်း (ဥပမာ- ဥရောပသမဂ္ဂ၊ အာဆီယံ၊ ကမ္ဘာ့ ကုလသမဂ္ဂ စသည်များ) တွေ ကမ္ဘာ့ပြဿနာရပ်များကို ပူးပေါင်းဖြေရှင်းရာက ပေါ်ထွက်လာတဲ့ ပရိုက်ဗိတ် ပါဝါက နိုင်ငံတော်ပါဝါထက် ပိုပြီး အင်အားကြီးမားလာကြောင်း ထောက်ပြပြောဆိုကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Ref: နေ့သစ်

Read More...

ရခိုင် ပဋိပက္ခများကို အစိုးရ ထိရောက်စွာ ဖြေရှင်းရန် NLD တိုက်တွန်း

ဖနိဒါ၊ သိန်းလှိုင်
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေသော ပဋိပက္ခများ ထိန်းသိမ်းရေးရန် သက်ဆိုင်ရာ အာဏာပိုင် များနှင့် လုံခြုံရေး တာဝန်ရှိသူများ ထိထိ ရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က တိုက်တွန်း လိုက်သည်။

ဇွန်လအတွင်းက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် လူအသိုက်အဝန်း နှစ်ခုအကြား အကြမ်းဖက် မှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သော NLD က အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည် ထကြွလာသော ဆူပူ အကြမ်းဖက်မှုများ အပေါ် ကြာသပတေးနေ့ ရက်စွဲဖြင့် တရားဝင် သဘောထား ထုတ်ပြန် လိုက်ခြင်းလည်း ဖြစ်သည်။

“ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ လူမျိုးတို့အကြား” ဖြစ်ပွားခဲ့သော “ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ် အေးချမ်းမှု ရရှိစေနေရး အတွက် နိုင်ငံတော် အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယ စိုက်ထုတ် ဆောင်ရွက်ရန် လိုအပ်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်း ထားသည်။

ထို့ပြင် “ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ရန်” လည်း ထပ်မံတိုက်တွန်း ထားသည်ကို တွေ့ရ သည်။

တနင်္ဂနွေနေ့က ပြန်လည်စတင်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ခြောက်ဦး သေဆုံးကာ ၂ဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

နိုင်ငံပိုင် သတင်းစာများအရမူ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး မြို့နယ်များ အတွင်း “လူမျိုးစု အချင်းချင်း ပဋိပက္ခ ဖြစ်ပွားမှုများ” ကြောင့် လူ သုံးဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အိမ်ခြေ ၁,၈ဝဝ ခန့် မီးလောင် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်နယ်နှင့် တိုင်းပြည်အတွင်း ဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း အကြမ်းဖက်မှု များ ရပ်တန့်ရန်နှင့် အစိုးရ အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ အသက်အိုးအိမ်လုံခြုံစေရေး စသည့် အစိုးရ တရပ်၏ လုပ်ဆောင်ရမည့် တာဝန်ကို အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ကြရန် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်၍ တောင်းဆို လိုက်သည်။

“သွေးထိုးလှုံ့ဆော်မှုနှင့် ထောင်ချောက်များအထဲကို ဝင်မသွားဖို့ သတိကြီးစွာ ထားသင့်ပေသည်။ မူဆလင်များ ဖက်မှလည်း ဒေသခံ ရခိုင် လူမျိုးများကို အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုး ဆက်မလုပ်ကြဖို့၊ ရခိုင်အမျိုးသားများ အနေဖြင့် လည်း ရန်ကို ရန်ချင်း တုန့်ပြန်မည့် အစား မိမိတို့နည်းဟန်ဖြင့် မိမိတို့ လုံခြုံရေးကို စည်လုံး ညီညွတ်စွာဖြင့် ကာကွယ် စောင့်ရှောက်ကြရန်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပ၊ အမေရိကန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောက်ရှိနေသော ရခိုင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ အဆိုပါကြေညာချက်တွင် ယခုကဲ့သို့ ဆက်လက် အကြမ်းဖျက်မှု နေကြပြီး အစိုးရ အာဏာပိုင်များကလည်း ပြီးစလွယ် လုပ်နေကြလျှင် ရခိုင်အရေးအခင်းသည် မြန်မာနိုင်ငံအတွင်း သာမက ဒေသတွင်း မငြိမ် မသက် မှုများနှင့် နိုင်ငံတကာ ပြဿနာအဖြစ်သို့ ရောက်ရှိလာကာ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း သုံးသပ် ထားသည်။

ကြာသပတေးနေ့ နံနက် ၈ နာရီခွဲချိန်တွင် ရသေ့တောင်မြို့နယ် မဇဲကမ်း၊ ညောင်ပင်ကြီးကျေးရွာ အနီး စုဝေး ရောက်ရှိ လာသော ရခိုင်များကို လုံခြုံရေး တပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျွမ်းကြီးရွာမှ လှသိန်းမောင်၊ ကပ်ချောင်းကျေးရွာမှ အောင်ဇံဝေတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခြောက်ဦး ကျည်ဆံထိမှန်မှု ရှိခဲ့သဖြင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း သတင်းရရှိသည်။

လက်ရှိ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အသေးစိတ် အချက်အလက်များကို မကြာမီ သတင်း ထုတ်ပြန်ပေးသွားမည်
ဖြစ်ကြောင်း ပြည်နယ် အစိုးရ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဥပဒေ အကောင်အထည်ဖော်မှု အားနည်း၍ ပြဿနာကြုံရ ဟု ALP ဆို

နေမျိုး
သောကြာနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တာဝန်ရှိသူများ အကောင်အထည် ဖော်ရာတွင် အားနည်း ခဲ့၍ ယနေ့ပြဿနာ များ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)က ပြောဆို လိုက်သည်။

ထို့ကြောင့် စက်တင်ဘာလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင် လူထု အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ရန် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။

“ဥပဒေကတော့ ရှိနေတယ်။ ဒါပေမယ့်လို့ နယ်စပ်မှာရှိတဲ့ အရာရှိတွေ လာဘ်စားတာတို့၊ တခြားနည်းမျိုးစုံနဲ့ ခိုးဝင်တဲ့ သူတွေဆီက လာဘ်စားတာတို့၊ ကိုယ့်တိုင်းပြည်ထဲမှာ တဘက်နိုင်ငံက လူတွေ ပြည့်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိတဲ့ ဥပဒေကို ဥပဒေအတိုင်းပဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားရေး၊ ဥပဒေအတိုင်း အကောင်အထည်ဖော်သွားရေး ကျနော်တို့က ပြောတာပါ။ အစိုးရက သူ့အလုပ်သူ မလုပ်လို့ ပြည်သူက မခံမရပ်နိုင် လို့ ထလုပ်ရတာ” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလအတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရရှိထားသည့် ALP အနေနှင့် ရခိုင် လူမျိုးတို့အား မြန်မာ စစ်တပ်မှ ပစ်ခတ်နေခြင်း ကိုလည်း ကန့်ကွက်ကြောင်းလည်း ကြာသပတေးနေ့ ကြေညာချက်တွင် ပါရှိသည်။

“အကုန်လုံးကို ခြုံပြီးကြည့်ရင် အစိုးရကနေပြီးတော့ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ဘူး ဆိုတဲ့ဥစ္စာကို ပြနေတာပဲ။ ဦးသိန်းစိန် အစိုးရက ပြောထားတာ ရှိပါတယ်။ သူ့အနေနဲ့ ရခိုင်ဘက်ကလည်း မပါဘူး။ ဘင်္ဂလီ ဘက်ကလည်း မပါဘူး။ ကြားက ရပ်တည်မယ် ဆိုတဲ့ ဥစ္စာမျိုး။ တကယ်ပြောမယ် ဆိုရင်တော့ ဘင်္ဂါလီ က တဘက်နိုင်ငံက ခိုးဝင်လာ တာ။ ရခိုင်က ညီအကို တိုင်းရင်းသားဗျ” ဟု ခိုင်သုခ က ဆိုသည်။

ALP ကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။

တနင်္ဂနွေနေ့မှ ပြန်လည်စတင်လာသည့် အကြမ်းဖက်မှုများကြောင့် ယခုအခါ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ် များ၌ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံး သူပေါင်း ၁၂ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင်၍ ပျက်စီး ဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ ကြာသပတေး နေ့က ထုတ်ပြန်ကြေညာခဲ့သော်လည်း အတည် မပြုနိုင်သေးသည့် သတင်းရပ်ကွက်များကမူ သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိနေသည်ဟု ဆိုကြသည်။

ပထမ စတင်ခဲ့သော အကြမ်းဖက်မှုများအတွင်း ဇွန်လ ၁၄ ရက်အထိ သေဆုံးသူ ၅ဝ ဦး၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂,၂၃ဝ လုံးနှင့် ဘာသာရေး အဆောက်အဦ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ကာ ၆၁,၄၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည် စခန်းများသို့ ရောက်ခဲ့ရကြောင်း ကြာသပတေးနေ့ထုတ် သမ္မတရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Ref: မဇ္ဈိမ

Read More...

တကျော့ပြန် ရခိုင်ပဋိပက္ခ တူရကီမှ လူသားချင်း စာနာမှု အကူအညီပေး

ဟင်္သာနီ (မွန်မြေ)
သောကြာနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ရခိုင် ပြည်နယ်တွင် ပြန်လည်ဖြစ်ပွားနေသော ဆူပူအကြမ်းဖက် မှုများကြောင့် မြေဇာပင် ဖြစ်ခဲ့ ရသည့် ဒုက္ခသည်များ အတွက် တူရကီနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် လူသားချင်း စာနာမှူ အကူအညီများကို အောက်တိုဘာလ ၂၅ ရက်နေ့က စစ်သုံး လေယာဉ် C-130 နှစ်စီးဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး က အတည်ပြု ပြောဆိုလိုက်သည်။

“အောက်တိုဘာ ၂၁ ဖြစ်စဉ်အတွက် တူရကီ နိုင်ငံက ပေးပို့တဲ့ လူသားချင်း စာနာမှု အကူအညီက ဒါပထမဆုံး အခေါက် ဖြစ်ပါတယ်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီး လာတုန်းက၊ OIC ကိုယ်စားလှယ် လာတုန်းကနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ တွေ့တိုင်းမှာလည်း ပြောပါတယ်။ ဘာကို ပြောလဲ ဆိုတော့ လူသားချင်းစာနာမှု အကူအညီတွေ ကိုတော့ လက်ခံတယ်။ သို့သော်လည်းပဲ အဲဒီဟာသည် နှစ်ဖက်လုံးမှာ ရှိတဲ့ လူ့အဖွဲ့အစည်း နှစ်ရပ်လုံးရဲ့ ဒုက္ခသည် တွေကို မျှမျှတတ ပေးဝေ ဖို့တော့ လိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က မဇ္ဈိမကို ပြောသည်။

တနင်္ဂနွေနေ့မှ ပြန်လည်စတင်လာသည့် အကြမ်းဖက်မှုများကြောင့် ယခုအခါ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ် များ၌ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံး သူပေါင်း ၁၂ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင်၍ ပျက်စီးဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ ကြာသပတေး နေ့က ထုတ်ပြန်ကြေညာ ခဲ့သော်လည်း အတည် မပြုနိုင်သေးသည့် သတင်း ရပ်ကွက်များကမူ သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိနေသည်ဟု ဆိုကြသည်။

လူမျိုးဘာသာ မခွဲခြားဘဲ လူသားခြင်း စာနာ ထောက်ထားမှူ အကူအညီများ ပေးအပ်နိုင်ရန်အတွက် ရန်ကုန်ရှိ တူရကီ သံရုံးနှင့် မြန်မာ အစိုးရတို့ အကြား ညှိနှိုင်းထားကြသည်ဟုလည်း ဦးဇော်ဌေး က ဆက်ပြောသည်။

ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသည့် အဆိုပါ လေယာဉ် နှစ်စီးပါ အကူအညီများကို သောကြာနေ့၌ပင် မြန်မာ့ လေကြောင်းလိုင်း Charter Flight များဖြင့် စစ်တွေမြို့သို့ ပေးပို့ခဲ့သည်။ အဆိုပါ အကူအညီများမှာ ဒုက္ခသည်များ အတွက် အစားအသောက်နှင့် အဝတ် အထည်များ အဓိကပါဝင်ပြီး သကြားလုံး ၂,၂၈ဝ သေတ္တာ၊ အစားအစာ ၉၆ဝ ထုပ်၊ ဘီစကွတ် ၁၁,ဝဝဝ အိတ်၊ ဖိနပ် ၅ဝဝ သေတ္တာ၊ အဝတ်အထည် ၁,ဝဝဝ ထုပ်၊ ကစားစရာ အရုပ် ၅ဝဝ သေတ္တာ ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၃ဝ အလေးချိန် ရှိသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ အနေနဲ့ကတော့ နိုင်ငံတကာ အကူအညီ မပေးရလို့ ပိတ်ပင်တားမြစ်ခြင်း မရှိပါဘူး။ အကူအညီဆိုတာ က လူသားချင်း စာနာထောက်ထား မှုနဲ့ ပေးတဲ့ အကူအညီတွေပါ။ အခုလက်ရှိ လတ်တလော လိုနေတာက စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဆေးဝါးတွေ ပေးအပ်နိုင်ပါတယ်လို့ ပြောထားပါတယ်။ အဲဒီအပေါ် သူတို့ဘက်က ပို့ချင်ပါတယ်လို့ ပြောတော့ မနေ့က အဲဒီဟာ တင်ပြလာတော့ လုပ်ပေးလိုက်တယ် ခင်ဗျ” ဟု ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က မဇ္ဈိမကို ပြောသည်။

တူရကီနိုင်ငံမှာ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အတွင်းရေးမှူးချုပ် မှာလည်း တူရကီနိုင်ငံ မှပင် တာဝန် ယူထားသည်။

၎င်းအကူအညီ များကိုလည်း ရခိုင်ပြည်နယ် အစိုးရ လက်ဝယ်သို့သာ လွှဲပြောင်းပေးမည် ဖြစ်ပြီး ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ် အရောက် ဖြန့်ဝေ ပေးသွားမည်ဟု ဆိုသည်။။

“အခု လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခအပေါ်မှာလည်း ကိုင်တွယ် ဖြေရှင်းနေပါတယ်။ တချိန်တည်းမှာပဲ ဒီ ဒုက္ခရောက်တဲ့ ပြည်သူတွေ၊ ဒုက္ခသည်တွေ အတွက် ထောက်ပံ့ ကူညီမှုတွေ ကိုလည်း ပိတ်ပင် မထားပါဘူး၊ လက်ခံတယ် ဆိုတဲ့ဟာ ကို ပြောတာပါ” ဟု ၎င်းက ပြောသည်။

ယခု ပြန်လည် ဖြစ်ပွားလာသော ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ကွယ်၌ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်းများ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အောက်တိုဘာလ ၂၅ ရက်နေ့ သမ္မတ ရုံး၏ ကြေညာချက်၌ ဖော်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, October 31, 2012

နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း-၃)

ခင်မမမျိုး
October 23, 2012

(၃) Critical theories of the State

(က) Marxism
၁၈၄၈ ခုနှစ်မှာ ထုတ်ဝေတဲ့ ကွန်မြူနစ်ကြေငြာစာတမ်းမှာ Marx နဲ့ Engels တို့က မော်ဒန်နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အစိုးရ ဆိုတာ အရင်းရှင်တွေရဲ့ ဘုံ အကျိုးစီးပွားတွေကို စီမံ ခန့်ခွဲပေးနေရတဲ့ ကော်မတီ တရပ်သာဖြစ်တယ်လို့ ဆိုထားပါတယ်။ မတ်စ် ၀ါဒီတွေက နိုင်ငံတော်ကို ရှုမြင် သုံးသပ်ရာမှာ instrumentalist approach ကို အသုံးပြုလေ့ ရှိပါတယ်။ instrumentalist approach ရဲ့ အခြေခံကတော့ ခေတ်သစ် အရင်းရှင်တွေဟာ အရင်းရှင်တွေရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကို ရေရှည် ကိုယ်စားပြုတဲ့ ပြည်သူ့ရေးရာ မူဝါဒတွေကို ရေးဆွဲနိုင်စွမ်း ရှိပြီး၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အင်စတီကျူရှင်းတွေက ဒီလိုမူဝါဒတွေကို ပြဋ္ဌာန်းလာအောင်၊ လက်ခံ ကျင့်သုံးလာအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ခေတ်သစ်နိုင်ငံတော်ဟာ အရင်းရှင် လူတန်းစားရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုကို ခံထားရတဲ့အတွက် အရင်းရှင် လူတန်းစားရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနေတာဖြစ်တယ်လို့ ယူဆကြပါတယ်။

(ခ) Neo-Marxism

Neo-Marxists တွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ structuralist approach ကို အသုံးပြုလေ့ ရှိပါတယ်။ Structuralists approach အရ နိုင်ငံတော်ဟာ စီးပွားရေး တည်ငြိမ်မှုနဲ့ အရင်းရှင် လူ့အဖွဲ့အစည်းတွေရဲ့ class struggles တွေ အကြားမှာ ညှိနှိုင်းဖို့ အတွက် နိုင်ငံရေးအရ ပါဝင် ပတ်သက်ရမယ်လို့ ဆိုထားပါတယ်။ Ernest Mandel ရဲ့ structuralist thesis အရ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ လူမှုဖွဲ့စည်းပုံကို ကာကွယ်ဖို့နဲ့ ပြန်လည်ပြင်ဆင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို သူတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ အရင်းရှင်စနစ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ကြည့်ပြီး၊ အရင်းရှင်စနစ်ရဲ့ အေး ဂျင့်တွေအဖြစ် ယူဆနိုင်ကြောင်း Neo-Marxists တွေက လက်ခံထားကြပါတယ်။ Jill S. Quadagno က နိုင်ငံတော်ဟာ အရင်းရှင်တွေရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းဖို့ mediating body အနေနဲ့ တည်ရှိနေခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။

(ဂ) Post-Marxism

Post-Marxism ရဲ့ သီအိုရီဆိုင်ရာ ရည်မှန်းချက်က အရင်းရှင်နိုင်ငံများရဲ့ မူဝါဒရေးရာစွမ်းဆောင်ရည် အားနည်းချက်များ ကို မီးမောင်းထိုးပြတဲ့ အရင်းရှင်နိုင်ငံတော်ဆိုင်ရာ သီအိုရီတရပ် ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ Marxist နဲ့ neo-Marxist သီ အိုရီတွေက နိုင်ငံတော်ဆိုတာကို အရင်းရှင်စနစ် တည်ငြိမ်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အေးဂျင့်အနေနဲ့ သုံးသပ် မှုတွေ လုပ်ပေမယ့် Post-Marxism ကတော့ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ နှောင်းပိုင်းကာလတွေမှာ ကြုံတွေ့ရတဲ့ crisis tendencies ကို အာရုံထားပါတယ်။ Post-Marxists တွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ organizational realist approach ကို အသုံးပြုလေ့ရှိပါတယ်။ organizational realists တွေက နိုင်ငံတော်ဆိုတာကို နယ်မြေပိုင်နက်နဲ့ ပြည် သူလူထုကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံရေးအာဏာကျင့်သုံးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ မြင်ပါတယ်။ organizational realism ရဲ့ အခြေခံသဘောတရားက နိုင်ငံတော်ကို စီမံခန့်ခွဲသူများဟာ self-interested maximizers များဖြစ်ပြီး၊ သက်ဆိုင်ရာ အင်စတီကျူရှင်းရဲ့ ပါဝါကြီးထွားရေး၊ ထင်ပေါ်ကျော်ကြားရေး၊ ချမ်းသာကြွယ်ဝရေးအတွက် လုပ်ဆောင် သူများဖြစ်တယ်ဆိုတဲ့ အမြင်ကို အခြေခံထားပါတယ်။ organizational realists တွေက နိုင်ငံတော်ဆိုတာ ကို ဆုံးဖြတ်ချက်ချမှတ်တဲ့ အစုအဖွဲ့တွေတင်မဟုတ်ပဲ autonomous organizational actor အဖြစ် သတ်မှတ်ထားပါ တယ်။

နိုင်ငံတော်၏ အခန်းကဏ္ဍ

နိုင်ငံတော်နဲ့ ပတ်သက်ပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သီအိုရီသဘောတရားတွေမှာ ကွဲပြား ခြားနားမှုရှိသလိုပဲ နိုင် ငံတော်ရဲ့ အခန်းကဏ္ဍ (The role of the state)နဲ့ ပတ်သက်ပြီးတော့လဲ ကွဲပြားတဲ့အမြင်တွေ ရှိပါတယ်။ မင်းမဲ့ဝါဒီတွေ (anarchists) ကလွဲရင် နိုင်ငံရေးတွေးခေါ်လေ့လာသူ အများစုက နိုင်ငံတော်ဆိုတာ အတိုင်းအတာတခုအထိ လိုအပ် ကြောင်း လက်ခံထားကြပါတယ်။ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍတွေ အပေါ်မှာ အခြေခံပြီး နိုင်ငံတော်ပုံသဏ္ဌာန် (state forms) တွေကို minimal state, developmental state, social-democratic state, collectivized state နဲ့ totalitarian state ဆိုပြီး သဏ္ဌာန် (၅) မျိုး ခွဲခြားထားပါတယ်။

(၁) Minimal State

Minimal State ဆိုတာ လစ်ဘရယ်ဝါဒီတွေ မျှော်မှန်းထားတဲ့ နိုင်ငံတော်သဏ္ဌာန် ဖြစ်ပါတယ်။ Minimal State မှာ လူ တဦးချင်းစီဟာ လွတ်လပ်မှုကို အကျယ်ပြန့်ဆုံးခံစားရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိမှာ ဖြစ်ပါတယ်။ ဒီအမြင်အရ နိုင်ငံ တော်ဆိုတာ ကာကွယ်စောင့်ရှောက်ရေးအစု တခုသာဖြစ်ပြီး၊နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ peace and social order ကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ John Locke ရဲ့ အင်မတန်ကျော်ကြားလှတဲ့ အဆိုအမိန့်အရဆိုရင် နိုင်ငံတော်ဆိုတာ nightwatchman ပဲ ဖြစ်ပါတယ်။ လိုအပ်လာတဲ့အခါ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ Minimal State ရဲ့ တာဝန်သုံးရပ်ကို နိုင်ငံရေးပညာရှင်များက ဖော်ပြထားကြရာမှာ ပထမတာဝန်က ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်ဖြစ်ပြီး၊ဒုတိယတာဝန်ကတော့ နိုင်ငံသားတွေအကြားမှာ ချုပ်ဆိုတဲ့ contract တွေကို လိုက်နာစေရန် ဖြစ်ပါ တယ်။ တတိယတာဝန်ကတော့ ပြည်ပရန်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ထင်ရှားတဲ့ Minimal State တွေကတော့ ၁၉ရာစုခေတ် စက်မှုတော်လှန်ရေး ကနဦးပိုင်းကာလက အမေရိကန်နိုင်ငံနဲ့ ယူကေနိုင်ငံ တို့ပဲ ဖြစ်ပါတယ်။

(၂) Developmental State

Developmental State ဆိုတာ စက်မှုကဏ္ဍတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် economic life ထဲမှာ နိုင် ငံတော်က ၀င်ရောက်ပါဝင်ပတ်သက်တဲ့ နိုင်ငံသဏ္ဌာန် ဖြစ်ပါတယ်။ ဒီလို စွက်ဖက်မှုဆိုရာမှာ ဆိုရှယ်လစ်စနစ်သဏ္ဌာန် လိုမျိုး ဈေးကွက်ကို နိုင်ငံတော်က ထိန်းချုပ်တာနဲ့ မတူပါဘူး။ နိုင်ငံတော်နဲ့ အရေးကြီးတဲ့ economic interests တွေအ ကြားမှာ ပူးတွဲဆောင်ရွက်တာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီး ကာ လမှာ ဂျပန်နိုင်ငံရဲ့ Ministry of International Trade and Industry (MITI) နဲ့ Bank of Japan တို့က ပရိုက်ဗိတ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာမှာ ၀င်ရောက်ကူညီပေးပြီး၊ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ဦးမော့ လာအောင် ဆောင်ရွက်ခဲ့ပါတယ်။

အလားတူပါပဲ။ ပြင်သစ်နိုင်ငံမှာလဲ လက်ဝဲ၊ လက်ယာ အစိုးရတွေ အားလုံးက စီးပွားရေးစီမံကိန်းတွေ လိုအပ်ကြောင်း အသိအမှတ်ပြုထားကြပြီး၊ state bureaucracy ကို တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ custodian အဖြစ် သတ်မှတ်ထားပါတယ်။ သြစတြီးယားနဲ့ ဂျာမဏီနိုင်ငံတွေမှာလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အကြား ပူးတွဲဆောင်ရွက်တဲ့ ‘partnership state’ သဏ္ဌာန်ကို အသုံးပြုခဲ့ကြပါ တယ်။ အာရှကျား နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာလဲ transnational competition အတွက် နိုင်ငံတော်က စီးပွားရေးမဟာဗျူဟာများ ရေးဆွဲချမှတ်ပေးခဲ့တာတွေ ရှိပါတယ်။

(၃) social-democratic state

Developmental state မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြစ်ပြီး၊ social-democratic state မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ တရားမျှတမှု၊ ညီမျှမှုနဲ့ social justice တို့ အပေါ်မှာ အခြေခံတဲ့ social restructuring အတွက် ဖြစ်ပါတယ်။ သြစတြီးယားနဲ့ ဆွီဒင်နိုင်ငံတို့မှာ နိုင်ငံတော်ရဲ့ ၀င် ရောက်ပါဝင်ပတ်သက်မှုကို developmentalism နဲ့ social-democracy နှစ်မျိုးစလုံးက လမ်းညွှန်ထားပါတယ်။ social-democratic state ဟာ မော်ဒန်လစ်ဘရယ်ဝါဒီတွေနဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်များက ရည်မှန်းတဲ့ နိုင်ငံတော်သဏ္ဌာန် ဖြစ်ပါတယ်။ social-democratic state ရဲ့ အဓိကသွင်ပြင် လက္ခဏာနှစ်ရပ်ကတော့ Keynesianism နဲ့ social welfare မူဝါဒတွေ ဖြစ်ပါတယ်။ Keynesianism မူဝါဒ ရဲ့ ရည်မှန်းချက်က စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်မြင့်မားမှုအတွက် အရင်းရှင်စနစ်ကို စီမံခန့်ခွဲရန် ဖြစ်ပါတယ်။ social welfare မူဝါဒတွေ ကျင့်သုံးလာရခြင်းဟာ ပြည်သူလူထုရဲ့ social-well beings ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လဲ social-democratic state ကို လူတဦးချင်းရဲ့ ဘ၀တွေကို မြှင့်တင်ပေးနိုင်တဲ့ ‘enabling state’ လို့ သတ်မှတ်ကြပါတယ်။

(၄) Collectivized state

Developmental state နဲ့ social-democratic state တွေက စီးပွားရေးဘ၀မှာ ၀င်ရောက် ပါဝင်ပတ်သက်မှုတွေ ပြု လုပ်တာဖြစ်ပေမယ့်၊ Collectivized states ကတော့ စီးပွားရေးဘ၀ တခုလုံးကို နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ သွတ်သွင်းလိုက်တာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ဒီလို နိုင်ငံတော်သဏ္ဌာန်တွေ ရှိခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်တွေမှာ command economy စနစ်များ ကျင့်သုံးလေ့ရှိပါတယ်။

(၅) Totalitarian state


လူမှုဘ၀နဲ့ စီးပွားရေးဘ၀တွေမှာ နိုင်ငံတော်ကအလုံးစုံ ၀င်ရောက်ပါဝင်ပတ်သက်တဲ့ နိုင်ငံတော် သဏ္ဌာန် ဖြစ်ပါတယ်။ စီးပွားရေးရာမှာတင် မဟုတ်ပဲ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ မိသားစုဘ၀ စတဲ့ အရာအားလုံးကို နိုင်ငံတော်က ထိန်းချုပ်ထားပါတယ်။ Totalitarian state မှာ ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေဟာ အမြဲတစေ စောင့်ကြည့်ခံရပြီး၊ စစ် တပ်နဲ့ ရဲတွေက လူထုကို ခြိမ်းချောက်တဲ့ နိုင်ငံတော်ယန္တရားတွေ ဖြစ်နေတတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတွေအဖြစ် ဟစ်တလာရဲ့ ဂျာမဏီနဲ့ စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကို ဥပမာပေးလေ့ရှိကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


Ref: နေ့သစ်

Read More...

ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်

30.10.2012

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံကို ဆင့်ခေါ် ဆွေးနွေး ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တာတွေနဲ့ ခိုက်ရန် ဖြစ်ပွားတာတွေ နောက်တကြော့ ထပ်ပြီး ဆက်လက် ဖြစ်ပွား နေတာတွေကြောင့် ဗြိတိန်နိုင်ငံက အလေး အနက် စိတ် အနှောက်အယှက် ဖြစ်ရပါကြောင်း၊ ဒီအကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အတွက် အစိုးရ အနေနဲ့ အရေးတယူ ဆောင်ရွက်ပါရန် တိုက်တွန်းဖို့ အတွက် မြန်မာသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့ တာဖြစ်တယ်လို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် အမြဲတန်း ကိုယ်စားလှယ် အဖွဲ့ရုံးက အောက်တိုဘာလ ၃၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက် တာပါ။

မြန်မာ့အရေး ကိုင်တွယ်သူ လွှတ်တော်အမတ်လည်းဖြစ်၊ နိုင်ငံခြားရေးဌာန သံအမတ် တဦးလည်းဖြစ်တဲ့ The Right Honourable Hugo Swire က မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် တိုးတက်စေဖို့ အတွက် ဗြိတိန်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အထောက်အပံ့တွေက တဆင့် မြန်မာအစိုးရ၊ လွှတ်တော်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အတူ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကတိပြု ပြောဆိုလိုက်ကြောင်း အဲဒီ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Mr. Swire က မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တနင်္လာနေ့တုန်းက နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အတွင်း သေဆုံး၊ ဒဏ်ရာ ရသူတွေ၊ အိုးအိမ်မဲ့ရသူတွေ အတွက်နဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မ ကင်းဖြစ်ရကြောင်း၊ ဒေသတွင်း လုံခြုံရေးအတွက် စိတ်ချရအောင်နဲ့ စာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အမြန်ဆုံး အရေးယူဖို့ လိုအပ်နေပါကြောင်း၊ ဗြိတိန်လွှတ်တော်မှာ အင်္ဂါနေ့က ပြောဆိုလိုက်တဲ့ အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတန်း ကိုယ်စားလှယ်အဖွဲ့ရုံးက အောက်တိုဘာလ ၃၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Ref: VOA News

Read More...

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး

နန်းသီရီလွင်
October 30, 2012

ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့၏ ပထမဦးဆုံး အကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်း ဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘော တူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် သွားရန် နှစ်ဘက် ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးနိုင်မှ ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို နှစ်ဘက်စလုံးမှ အလွတ်သဘော ပြောဆိုကြသော်လည်း စစ်ရေးအရ မည်သို့ အပစ်အခတ် ရပ်ဆဲမည်ကိုမူ နှစ်ဘက် စစ်ရေးခေါင်းဆောင်များ မတက်ရောက် ခဲ့သဖြင့် ရှင်းလင်းစွာ မသိရပေ။

“အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းတာ မဟုတ်ပဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျနော်တို့ ထပ်တောင်းဆိုပါတယ်” ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ပြောသည်။

အငြင်းပွားဖွယ်ရာ ကြိုတင်ကန့်သတ်ချက်များ မရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရန် ကြိုးစားသွားမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မှီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ညှိနှိုင်းမည်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ကတိပေးတယ်။ KIO နဲ့ နောက်တကြိမ် ဆွေးနွေးတဲ့အခါ ပြည်တွင်းမှာပဲ တွေ့ချင်တယ်။ ဗန်းမော် သို့မဟုတ် မူဆယ်ကို KIO က ရွေးပေးပါ။ နောက်ထပ်လည်း တွေ့ချင်တယ်” ဟု ၎င်းက ဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ အဆိုအရ ယခု အကြိမ် ဆွေးနွေးပွဲကို နိုင်ငံရေး နှင့် စစ်ရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များသာမက ပြည်နယ်ဝန်ကြီးချုပ်အဆင့်များ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြီးတန်း စစ်ဦးစီးမှူးများပါ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြောင်း၊ အပစ်အခတ် ရပ်ဆဲရေးအတွက် စစ်ဘက် အကြီးတန်း ကိုယ်စားလှယ်များ နှစ်ဘက် အပြန်အလှန် တွေ့ဆုံရန်လိုကြောင်း၊ သို့သော် ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ KIO ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် မတက်ရောက်မည့် အကြောင်းပြန်မှုကို နောက်ဆုံးအချိန်မှ သိရ၍ မြန်မာအစိုးရဘက်မှ အဆင့်တူ ဆွေးနွေးမည့် ကာကွယ်ရေး ၀န်ကြီှးဌာန အထူးစစ်ဆင်ရေးမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခြင်း မရှိဟု သိရသည်။

အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဗိုလ်မှူးချုပ်ဂွန်မော် မလာရောက်နိုင်ခြင်းဖြစ်ကြောင်း KIO က ပြောသည်။

KIO က နိုင်ငံရေးဆွေးနွေးရန် အဓိက တောင်းဆိုနေပြီး မြန်မာ အစိုးရဘက်ကမူ မြစ်ကြီးနား-ပူတာအိုလမ်းကို လုံခြုံငြိမ်းချမ်းသော အခြေအနေသို့ ရောက်ရှိရေးအတွက် KIO က ကူညီရန်၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ခွင့်ပေးရန်၊ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူများကို ၂ ဖက် ပူးပေါင်း ကူညီဆောင်ရွက်ရန်နှင့် ၂ ဦး ၂ ဖက် စစ်ရေး အရှိန်လျှော့ချရန် တောင်းဆိုသည်။

KIO နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရသစ် လက်ထက်တွင် နောက်ဆုံး ကျန်ရှိသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် သုံးကြိမ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံမှုမှာ ယခုအကြိမ် ပထမဆုံးဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားခဲ့သော မြန်မာအစိုးရတပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

ယခု တွေ့ဆုံမှုသည် ပထမ ခြေလှမ်းဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုကိုသာ အစဉ်တစိုက် တောင်းဆိုသွားမည်ဖြစ်ကြောင်း KIO က ဆိုသည်။

Ref: ဧရာဝတီ

Read More...

ရခိုင်အရေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကွန်ယက်ဖွဲ့

ခိုင်သူရိန်
တနင်္လာနေ့၊ အောက်တိုဘာလ ၂၉ ရက် ၂၀၁၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းများက တွေ့ဆုံပွဲ တစ်ရပ်ကို ပြုလုပ်ပြီး "ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းများ ကွန်ယက်" ကို အောက်တိုဘာ ၂၈ နေ့တွင် ဖွဲ့စည်းလိုက်သည်။

“တစ်သင်းတစ်ဖွဲ့တည်း လုပ်ဆောင်နေတာထက် တစ်သင်း၊ တစ်ဖွဲ့တွေရဲ့ လုပ်ဆောင်နေတာတွေကို ပေါင်းလိုက်ရင် သက်ရောက်မှု အားက ပိုရှိလာမှာဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းများ ကွန်ယက် ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကို ပြောသည်။

ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများ ကွန်ယက်၏ နာယကအဖြစ် ရွေးချယ် တင်မြောက် ခံရသည့် အကယ်ဒမီ ဦးအောင်လွင်က “ပြည်မမှာနေတဲ့ လူတွေနဲ့ ရခိုင်ပြည်မှာနေထိုင်တဲ့ လူတွေက အဆက်အသွယ်ပြတ်တယ်။ အဲဒီတော့ ဟိုမှာဘာတွေ ဘယ်လိုဖြစ်နေတယ် ဆိုတာ နောက်ကျမှရောက်တယ်။ အခုလို ကွန်ယက်တစ်ခု ဖွဲ့လိုက်တာ ကျတော့ ဟိုမှာ ဘာဖြစ်တယ်ဆိုတာကို ချက်ချင်း သတင်းပို့လို့ရတယ်" ဟု ဆိုသည်။

ရခိုင်အဖွဲ့အစည်းများ ကွန်ယက်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ် သွားမည်ဖြစ်သည်။

ကွန်ယက် ဖွဲ့စည်းခြင်း အခမ်းအနားကို ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ အကယ်ဒမီ ဦးအောင်လွင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုရေးရာ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် အပါအဝင် နယ်ပယ်အသီးသီးမှ ရခိုင် ခေါင်းဆောင်များ၊ ရခိုင် သမိုင်းပညာရှင်များနှင့် ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းပေါင်း တစ်ရာကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ယခုလ ၂၂ ရက်နေ့မှ စတင်၍ ပြန်လည်ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခအတွင်း သေဆုံးသူ ၆၇ ဦးနှင့် အဆောက် အဦးပေါင်း ၂၈၁၈ လုံး ပျက်ဆီး ဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

Read More...

ဥပဒေ အကောင်အထည်ဖော်မှု အားနည်း၍ ပြဿနာ ကြုံရဟု ALP ဆို

နေမျိုး
သောကြာနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တာဝန်ရှိသူများ အကောင်အထည် ဖော်ရာတွင် အားနည်း ခဲ့၍ ယနေ့ပြဿနာများ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)က ပြောဆို လိုက်သည်။

ထို့ကြောင့် စက်တင်ဘာလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင် လူထု အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ၁၉၈၂ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို တိကျစွာ အကောင် အထည်ဖော်ရန် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။

“ဥပဒေကတော့ ရှိနေတယ်။ ဒါပေမယ့်လို့ နယ်စပ်မှာရှိတဲ့ အရာရှိတွေ လာဘ်စားတာတို့၊ တခြားနည်း မျိုးစုံနဲ့ ခိုးဝင်တဲ့ သူတွေဆီက လာဘ် စားတာတို့၊ ကိုယ့်တိုင်းပြည်ထဲမှာ တဘက်နိုင်ငံက လူတွေ ပြည့်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိတဲ့ ဥပဒေကို ဥပဒေအတိုင်းပဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားရေး၊ ဥပဒေ အတိုင်း အကောင်အထည်ဖော်သွားရေး ကျနော်တို့က ပြောတာပါ။ အစိုးရက သူ့အလုပ်သူ မလုပ်လို့ ပြည်သူက မခံမရပ်နိုင် လို့ ထလုပ်ရတာ” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလအတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရရှိထားသည့် ALP အနေနှင့် ရခိုင်လူမျိုးတို့အား မြန်မာ စစ်တပ်မှ ပစ်ခတ်နေခြင်း ကိုလည်း ကန့်ကွက်ကြောင်းလည်း ကြာသပတေးနေ့ ကြေညာချက်တွင် ပါရှိသည်။

“အကုန်လုံးကို ခြုံပြီးကြည့်ရင် အစိုးရကနေပြီးတော့ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ဘူး ဆိုတဲ့ဥစ္စာကို ပြနေတာပဲ။ ဦးသိန်းစိန် အစိုးရက ပြောထားတာ ရှိပါတယ်။ သူ့အနေနဲ့ ရခိုင်ဘက်ကလည်း မပါဘူး။ ဘင်္ဂလီ ဘက်ကလည်း မပါဘူး။ ကြားက ရပ်တည်မယ် ဆိုတဲ့ ဥစ္စာမျိုး။ တကယ်ပြောမယ် ဆိုရင်တော့ ဘင်္ဂါလီ က တဘက်နိုင်ငံက ခိုးဝင်လာ တာ။ ရခိုင်က ညီအကို တိုင်းရင်းသားဗျ” ဟု ခိုင်သုခ က ဆိုသည်။

ALP ကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၇၄ မှစ၍ လက်နက်ကိုင် လမ်းစဉ်ဖြင့် လှုပ်ရှား ဆောင်ရွက် ခဲ့သည်။

တနင်္ဂနွေနေ့မှ ပြန်လည်စတင်လာသည့် အကြမ်းဖက်မှုများကြောင့် ယခုအခါ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ် များ၌ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံး သူပေါင်း ၁၂ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင်၍ ပျက်စီးဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ ကြာသပတေး နေ့က ထုတ်ပြန်ကြေညာ ခဲ့သော်လည်း အတည် မပြုနိုင်သေးသည့် သတင်းရပ်ကွက်များကမူ သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိနေသည်ဟု ဆိုကြသည်။

ပထမ စတင်ခဲ့သော အကြမ်းဖက်မှုများအတွင်း ဇွန်လ ၁၄ ရက်အထိ သေဆုံးသူ ၅ဝ ဦး၊ ဒဏ်ရာ ရရှိသူ ၅၄ ဦး ရှိခဲ့ပြီး လူနေအိမ် ၂,၂၃ဝ လုံးနှင့် ဘာသာရေး အဆောက်အဦ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ကာ ၆၁,၄၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည် စခန်းများသို့ ရောက်ခဲ့ရကြောင်း ကြာသပတေးနေ့ထုတ် သမ္မတရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Ref: မဇ္ဈိမ

Read More...

ရခိုင်ဒေသ ပဋိပက္ခ ကြိုးကိုင်သူများ စုံစမ်းစစ်ဆေး နေပြီ

ခင်ဦးသာ
October 31, 2012

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားသည့် ပဋိပက္ခများ၌ နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု သိရသည်။

ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများသည် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း တချို့နှင့် လူပုဂ္ဂိုလ် များက လုပ်ဆောင်နေကြောင်း သတင်း အမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က တရားဝင် ထုတ်ဖော်ကြေညာရန် အချိန် မတန်သေးကြောင်း ဧရာဝတီကို ပြောသည်။

“ကြိုးကိုင်မှုတချို့ တွေ့ရှိထားတာတော့ရှိပါတယ်၊ ဒါပေမယ့် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်လို့ ဘယ်သူ၊ ဘယ်ဝါ ဆိုတာကို တရားဝင် ကြေညာလို့ မရသေးပါဘူး၊ စုံစမ်းဖော်ထုတ် ပြီးရင် အားလုံး ရှင်းရှင်း လင်းလင်းဖြစ်အောင် ကြေညာမယ်၊ ဘာမှ ကွယ်ဝှက် ထားစရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။

လူသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော် မရှင် ၂ ခု ဖွဲ့စည်း ထားသော်လည်း ယနေ့အထိ စစ်ဆေးတွေ့ရှိမှုများအား တရားဝင် ကြေညာခြင်း မရှိသေးပေ။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ရခိုင်ဒေသပြဿနာသည် ရာဇ၀တ်မှုများ ဖြစ်ကြောင်း၊ ရာဇ၀တ်မှု ဖော်ထုတ်ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ထုတ်ဖော်ပြောဆိုမှု မရှိကြောင်း၊ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတစောင်ကိုလည်း သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။

တောင်ကုတ်မြို့၌ ဇွန်းလဆန်းက လူ ၁၀ ဦးအသတ်ခံမှုနှင့်ပတ်သက်၍လည်း ဆက်နွယ်ပတ်သက်သူတချို့ တွေ့ရှိထားပြီး ဖြစ် ကြောင်း၊ စုံစမ်း စစ်ဆေးမှု အားလုံးပြီးစီးသွားပါက ပြည်သူကို ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးထားပြီး ရခိုင်ပြည်နယ် တခုလုံး၏ ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် အလွှာပေါင်းစုံမှ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည့် စုံစမ်းစမ်းရေး ကော်မရှင် တခုကိုလည်း ဖွဲ့စည်းထားသည်။

ရခိုင်ပဋိပက္ခ တဖြည်းဖြည်း ကြီးထွားသွားခြင်းသည် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၌ ဘာသာရေး၊ လူမျိုးရေးကိစ္စများကို ၀ါဒဖြန့် ပြောဆိုမှုများ ပါဝင်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။

လတ်တလော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံးမှ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း၊ အများစုမှာ မွတ်စလင်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များက ဆိုသည်။ ထိုဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

“လောလောဆည်တော့ ပထမအကြိမ်ဖြစ်တုန်းက စုဆောင်းထားတဲ့ ပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေနဲ့ နေရာချပေးထားတယ်၊ ရေ ရှည်အတွက်တော့ အကူအညီတွေလိုအပ်မှာ”ဟု ၎င်းက ဆိုသည်။

တကျော့ပြန် ရခိုင်ပဋိပက္ခသည် မင်းပြားမြို့မှ စတင်ခဲ့ပြီး မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက် တော၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကူးစက်သွားကာ ရခိုင်ဒေသခံများနှင့် မွတ်စလင်များ အကြား အပြန်အလှန် မီးရှို့မှု၊ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာ ရသူအများ အပြားလည်း ရှိသည်။

ရခိုင်ပဋိပက္ခ လုံးဝ တည်ငြိမ်သွားခြင်းမျိုး မရှိသေးဘဲ ရမ်းဗြဲမြိုနယ် ကျောက်နီမော် အရပ်၌ မွတ်စလင်များအား သီးသန့် နေရာ ချ ထားပေးရန် ယနေ့ နံနက်တွင် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာ လူ တဦး သေဆုံးပြီး တဦးဒဏ်ရာ ရသွားကြောင်း သိရသည်။

ပဋိပက္ခ ရုတ်တရက် ကြီးထွားသွားရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုံခြုံရေး အစီအစဉ် အားနည်းခြင်း နှင့် တာဝန်ယူမှု ပျက်ကွက်ခြင်း၊ ပဋိပက္ခဖြေရှင်းသည့် စစ်တပ်သည်လည်း မိုးပေါ်ထောင်၍ ခြောက်လှန့် ပစ်ခတ်ရမည့် အစား လူကိုပစ်မှတ်သဖွယ် ပစ်ခတ်၍ သေဆုံးသူ များရခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ထိုသို့ ပစ်ခတ်မှုများ အတွက် စစ်တပ်အရာရှိများနှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေး ယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ကျောက်တော်နှင့် ရသေ့တောင် ဒေသခံများကလည်း ဧရာဝတီ ကို ပြောသည်။

ပြည်နယ်အစိုးရနှင့်သမ္မတရုံး အဖွဲ့တို့ကမူ စစ်တပ်က ပစ်ခတ်မှုရှိလျှင်လည်း ဥပဒေအတိုင်း လိုအပ်ချက်အရ ပစ်ခတ်မှု ရှိနိုင်ကြောင်း တုံ့ပြန် ပြောဆိုသည်။ လူသေသည့် ပစ်ခတ်မှုကို ဒေသဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သို့ အရေးယူမည်ကို မသိရသေးပေ။

ဇွန်လအတွင်း စတင်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ်အများစုကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ရခိုင်တပြည်လုံးကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။

အစိုးရ သတင်းစာများတွင်လည်း စစ်တပ်က ပစ်ခတ်ခြင်း မဟုတ်ဘဲ လူစုလူဝေး အချင်းချင်း မှားယွင်း ပစ်ခတ်ခြင်းကြောင့် ကျောက် တော်မြို့၌ လူ ၄ ဦး သေဆုံးကြောင်း၊ လူစုလူဝေးများ ထံမှ တူမီးသေနတ် စုစုပေါင်း ၇၁ လက် သိမ်းဆည်း ရမိကြောင်း အောက် တိုဘာ၂၉ ရက်နေ့က ရေးထားသည်။

ထို့ကြောင့် ရခိုင်ဒေသ၌ လက်ရှိတွင် လုံခြုံရေး အင်အားတိုးချထားကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခသည် သာမန်ဖြစ်ရိုး ဖြစ်စဉ် တခု မဟုတ်ဘဲ အမျိုးသား လုံခြုံရေးနှင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် စနစ်တကျကိုင်တွယ်၍ ဥပဒေ အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက ဆိုသည်။

လက်ရှိတွင်လည်း ဆူပူအကြမ်းဖက်မှုများနှိမ်နင်း ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများ အပါအ၀င် အဓိကရုဏ်း နှိမ်နင်ရေး လက်နက် ကိရိယာများ လုံလောက်စွာ ဖြန့်ဖြူးပေးထားကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၅၀၀၀ ကျော်၊ နယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နှင့် တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ကို လုံခြုံရေး ချပေးထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ က ပြောဆိုသည်။

တကျော့ပြန် ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို နစ်နာစေသဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများ ရှိနေကြောင်း သိရှိရသည့် အတွက် ဖော်ထုတ်ပြီး ဥပဒေနှင့် အညီ အရေး ယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သကဲ့သို့ တောင်ကုတ်မြို့၌ ဇွန်လဆန်း က လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင် ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရက ပြောဆိုခဲ့သေးသည်။

Ref: ဧရာဝတီ

Read More...

ကျောက်နီမော်ဒေသ နှစ်ဘက်တင်းမာမှု ဖြစ်ပွား

ခင်ဦးသာ
October 30, 2012

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသရှိ မွတ်စလင်ကျေးရွာအား ပြောင်းရွှေ့နေရာ ချပေးရန် ဒေသခံ တိုင်းရင်းသား များက လူစု လူဝေးဖြင့် ဆန္ဒ ထုတ်ဖော်ရာ လုံခြုံရေး တပ်ဖွဲ့မှ ပစ်ခတ်သည့်အတွက် အခြေအနေ တင်းမာနေ ကြောင်း သိရသည်။

ကျောက်နီမော် ဒေသတ၀ိုက်ရှိ ကျေးရွာများမှ ထောင်ချီသည့် ဒေသခံများသည် မွတ်စလင်ကျေးရွာ ပြောင်းရွှေ့ပေးရေး အတွက် ယနေ့ နံနက်ပိုင်းမှ စတင် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း၊ လူစုလူဝေးကို ဒေသ၌ အခြေစိုက် ထားသည့် အစိုးရ စစ်တပ်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ပစ်ခတ် လူစုခွဲရာ ဦးမောင်ဟန်ရွှေ (၅၅ နှစ်) သေဆုံးသွားပြီး ဦးသန့်တင် (၄၂) နှစ် ဒဏ်ရာ ပြင်းထန် စွာ ရရှိ သွားကြောင်း ဒေသခံများက ဧရာဝတီ ကိုပြောသည်။

ရခိုင်တပြည်လုံးနီးပါး၌ ဒေသခံရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ နောက်ပိုင်းတွင် တဘက်နှင့် တဘက် ယုံကြည်မှု ကင်းမဲ့နေပြီး မွတ်စလင်ကျေးရွာကို ဖြတ်၍ ဈေးသွားရန် ခက်ခဲခြင်း၊ ကျောင်းသား ကျောင်းသူ များ ကျောင်းတက်ရန် ခက်ခဲနေခြင်းများကြောင့် ပြောင်းရွှေ့ရန် ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

တဘက်နှင့်တဘက် ယုံကြည်မှု ကင်းမဲ့နေသည့် အတွက် ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာကာ ပဋိပက္ခ ကြီးထွား လာမည်ကို ဒေသခံ များက စိုးရိမ်ကြောင်း၊ ထို့ကြောင့် ထိခိုက်ပျက်စီးမှု မရှိစေဘဲ ပြောင်းရွှေ့ပေးရန် အာဏာပိုင် တို့ထံ ငြိမ်းချမ်းစွာ တောင်းဆိုမည် ဖြစ်ကြောင်း၊ မပြောင်းသေး သရွေ့ ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒေသခံများ အရောင်းအ၀ယ် ပြုလုပ်ကြသည့် မွတ်စလင်ရပ်ကွက်ထဲရှိ ဈေးကို ပိတ်ထားရကြောင်း၊ စီးပွားရေး လုပ် ငန်းများ၊ အရောင်းအ၀ယ် လုပ်ငန်းများ ရပ်တန့်ထားရသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံ တို့က ဆိုသည်။ ကျောက်နီမော်ကျေးရွာသည် အိမ်ခြေထောင်ဂဏန်း ရှိသည့် မြို့နယ်ခွဲဒေသ တခုဖြစ်ပြီး အများစုမှာ မွတ် စလင်များ နေထိုင်ကြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ပြောရာတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့်စစ်တပ် တချို့က လုံခြုံရေး ယူပေး ထားကြောင်း၊ ကျောက်နီမော် ပဋိပက္ခ၏ အသေးစိတ် အချက်အလက်များ ၎င်းတို့ထံ မရောက်သေးကြောင်း ဧရာဝတီကို ပြော သည်။

ထိုပြဿနာသည် လုံခြုံရေး စနစ်တကျ တာဝန်ယူပေးပါက မကြာမီပြေလည်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် ၀န်ကြီး ချုပ်သည် လည်း အခင်းဖြစ်ရာ ဒေသများသို့ သွားရောက်စစ်ဆေးနေကြောင်း၊ ယနေ့တွင် သံတွဲမြို့သို့ ရောက်ရှိ၍ ကျောက်နီမော် ပဋိပ က္ခ ကို သံတွဲမြို့မှ ကြီးကြပ်ပေးနေသည်ဟု သိရကြောင်း ပြောဆိုသည်။

ဒေသခံတို့အဆိုအရ ကျောက်နီမော် ဒေသ၌ လုံခြုံရေး အင်အားတိုးချထားပြီး တောင်ကုတ်မြို့မှ တပ်ရင်းတခုကို ယနေ့နံက် ပိုင်းတွင် ကျောက်နီမော်ဒေသသို့ အင်အားဖြည့်ထားသည်ဟု သိရသည်။ ရခိုင်ဒေသတွင်း ပဋိပက္ခများသည် ကျောက်နီမော် ဒေသ သပြေချောင် ကျေးရွာမှ မသီတာထွေး မေလ ၂၈ ရက်နေ့တွင် အသတ်ခံရမှု ဖြစ်ပွားပြီးနောက် ဆက်တိုက်ဖြစ်ပေါ်ခဲ့ သည်။

ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။

Ref: ဧရာဝတီ

Read More...

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

ကျော်ခ
October 30, 2012

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေသော ရှမ်းပြည် တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရ တပ်များက ဖမ်းဆီး ထားကြောင်း သတင်းရရှိသည်။

မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ် စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေကြောင်း ဒေသခံ များ၏ သတင်းပို့မှုမှ တဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ် အာဘော် မြဝတီ အွန်လိုင်း သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

“ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း” ဟု မြဝတီ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။

သင်တန်းပေးနေသူများသည် SSA-N ဝမ်ဟိုင်း ဌာနချုပ် တပ်မဟာ (၁) လက်အောက်ခံ တပ်အရာရှိများဖြစ်ကြောင်း၊ နယ်မြေခံ အစိုးရ စစ်ကြောင်းက ယင်းသို့ ဝင်ရောက် ဖမ်းဆီးရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး SSA-N ခေါင်းဆောင် တချို့ လွတ်မြောက်သွားပြီး နှစ်ဦး ကျဆုံးသွားကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများအနက် တပ်ကြပ်ကြီး အဆင့်ရှိသူ အိုက်ရီ (ခေါ်) ရီဆာ အပါအဝင် စိုင်းဆမ်လှ၊ ကွန်ခမ်းနှင့် လှခိုင်တို့မှာ ဝမ်ဟိုင်း ဌာနချုပ်မှဖြစ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင် ၄၄ ဦးမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

နယ်မြေခံ အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့များက စုဆောင်းခံထားရသော တပ်ဖွဲ့ဝင် ၄၄ ဦးကို သက်ဆိုင်ရာ မိဘ၊ ဆွေမျိုးများနှင့် ဆက်သွယ် အကြောင်းကြားနေလျက် ရှိပြီး တရားဝင် လွှဲပြောင်း အပ်နှံပေးသွားမည်ဟု ဆိုသည်။

၎င်းတို့ တပ်ဖွဲ့ဝင် ၄၈ ဦး အစိုးရ စစ်တပ်၏ ဖမ်းဆီးခံရမှု၊ နှစ်ဦး သေဆုံးမှု၊ တပ်သားစုဆောင်းမှု တို့ကို SSA-N ကလည်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် မြဝတီ သတင်းစာ၌ ဖော်ပြသကဲ့သို့ တပ်သား စုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းခြင်း မရှိကြောင်း SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။

“ဟုတ်တယ်၊ အဲဒီပုံစံပါပဲ။ သေတာက ၂ ယောက်လို့ပြောတာပဲ။ ဒါပေမယ့် အတင်းအဓမ္မ တပ်သား စုဆောင်းတာတို့ ဘာတို့က သူတို့ ကျန်ာတို့ကို စွပ်စွဲပြောဆိုနေကျ စကားပဲ။ ကျနော်တို့ အပစ်ရပ်စဲ ထားတာတောင် ရန်သူသဘောမျိုး သောင်းကျန်း သူလို့တောင် အခေါ်အဝေါ်မျိုးနဲ့ သုံးထားတာကိုး” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။

ယခုအခါ SSA-N နှင့် အစိုးရတို့အကြား တရားဝင် အပစ်ခတ်ရပ်စဲထားပြီး အစိုးရ အနေဖြင့် တိုင်းရင်းသား အားလုံး၏ ယုံကြည်မှုကို ရယူရန် လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ဆဲ ကာလတွင် ယခုကဲ့သို့ ပြဿနာမျိုး မလိုလားကြောင်း သူက ဆက်ပြောသည်။

SSA-N အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကိုသာ ရှေးရှုသွားမည်ဖြစ်ပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လက်တုန့်ပြန်ခြင်း၊ အငြင်းပွားနေခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ယခုဖြစ်ရပ်ကြောင့် အစိုးရနှင့် နှစ်ဖက်ဆွေးနွေးပွဲများ အပေါ် ထိခိုက်မှုရှိမည် မဟုတ်ဘဲ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေ ဖွံ့ဖြိုးရေးကို ဇောင်းပေး ဆွေးနွေး ခဲ့ပြီး စစ်ရေး တင်းမာမှု အခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။

SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် အချက် အပါအ၀င် ပြည်ထောင်စုအဆင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ယခု အောက်တိုဘာလထိ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့