..............................

Friday, June 18, 2010

တပ်တွင်း အမိန့်မနာခံမှုတွေဖြစ်နေ

17, June 2010

မြန်မာစစ်တပ်အတွင်းမှာ အောက်ခြေတပ်သားတွေက သူတို့ရတဲ့ လစာနဲ့ မိသားစု စားဝတ်နေရေး မပြေလည်တဲ့ အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ရန်ကုန်ကို ခွင့်နဲ့ပြန်လာတဲ့ တပ်ကြပ်ကြီး တယောက်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် မြဝတီ ကားလမ်းတလျှောက်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ကြရတဲ့ ခြေမြန်တပ်ရင်း တခုဖြစ်တဲ့ ၃၅၅ တပ်ရင်းက အဲဒီ တပ်ကြပ်ကြီးက အရင်တုန်းကဆိုရင် တပ်သားတွေ ဝင်ငွေလစာ မလောက်ပေမဲ့ အပိုဝင်ငွေ ရအောင်ရှာနိုင်တဲ့ ရပေါက် ရလမ်းတွေတော့ ရှိတယ်လို့ပြောပါတယ်။

အခုတော့ ဂိတ်ကြေးကောက်ခံတာမျိုးလို အပိုဝင်ငွေရှာနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို DKBA ကရင် ဗုဒ္ဓဘာသာ အဖွဲ့ပဲ ရရှိလို့ တပ်သားတွေ လုပ်ပိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံး နေတယ်လို့လည်း သူကပြောပါတယ်။

အခက်အခဲတွေကို အထက်အရာရှိတွေဆီ တင်ပြခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ တပ်ထဲက အကြပ် စစ်သည်တွေနဲ့ ရဲဘော်တွေ အမိန့် မနာခံမှု ဖြစ်နေပြီလို့ အမည်မဖော်လိုတဲ့ အဲဒီ တပ်ကြပ်ကြီးက ပြောပါတယ်။ သူ့တပ်ရင်း တခုထဲမှာတင် ဒီလို ဖြစ်နေတာ မဟုတ်ပဲ တပ်ရင်း ၃၅၆ နဲ့ ၃၅၇ တို့မှာလည်း အလားတူ မကြေနပ်မှုတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အခုတော့ ကင်းစောင့်ခိုင်းတာကို မစောင့်ပဲ နေတာမျိုးလို အမိန့်တိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိရုံသာ ဖြစ်နေပေမယ့် တပ်သားတွေရဲ့ စားဝတ်နေရေး ဖူလုံအောင် တစုံတရာ ဖြေရှင်းမှု မရှိပဲ ဒီအတိုင်း ဆက်ထားမယ် ဆိုရင်တော့ ကြာရင် ဒီ့ထက်ပိုတဲ့ မကျေနပ်မှုတွေ ဖြစ်လာပြီး ဆူပူမှုတွေ အာဏာဖီဆန်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ အဲဒီ တပ်ကြပ်ကြီးက ဘီဘီစီကို ပြောပါတယ်။

Ref: BBC News

0 comments:

အပေါ်သို့