..............................

Monday, June 21, 2010

တပ်မတော်အတွင်းက ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှု

20 June 2010

မေမြို့ တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) က ဒုတိယနှစ်ကျောင်းသား ဗိုလ်လောင်း အောင်ကျော်ဖြိုးကို ဘုရင့်နောင်တပ်ခွဲ(၉ ) က ဗိုလ်လောင်း သုံးရောက်က ဝိုင်းဝန်း ထိုးကြိတ်ကြလို့ ဇွန်လ (၆) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ကျောင်းသားကြီးက ကျောင်းသားငယ်ကို စစ်တပ်အစဉ်အလာအတိုင်း အပိုးကျိုးအောင် ပုံစံပေး ထိုးကြိတ်ရာမှာ ဗိုလ်လောင်း အောင်ကျော်ဖြိုးဟာ အစာစားပြီးစ ဖြစ်တဲ့အတွက် အစားအစာတွေ ပြန်အန်ထွက်ပြီး သေဆုံးခဲ့တယ်လို့ တက္ကသိုလ်နဲ့ နီးစပ်သူ တယောက်က ဘီဘီစီကို ဆက်သွယ် သတင်းပေးပါတယ်။

ညှင်းပန်း သတ်ဖြတ်မှုနဲ့ စွတ်ဆွဲခံရသူ နှစ်ကြီးသမား သုံးယောက်ကို ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒီတလ အတွင်းမှာပဲ နောက်ထပ် အလားတူ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

မလွန်ကို ကွင်းဆင်းလေ့လာတဲ့ ကျောင်းသားထဲက ဘုရင့်နောင် တပ်ခွဲ (၁) က ကျောင်းသား ဗိုလ်လောင်း စိုးမိုးအောင်ကို ဝိုင်းဝန်း ထိုးကြိတ် ကြရာကနေ လက်လွန်ပြီး သေဆုံးသွားလို့ မနေ့ကပဲ ရက်လည်ဆွမ်း သွပ်ခဲ့ပါတယ်။

ဗိုလ်လောင်းသင်တန်းတွေမှာ အကြီးတန်းတွေက အငယ်တန်းတွေကို ညီအကို စနစ်နဲ့ ဆုံးမပညာပေး အုပ်ချုပ်ကြတဲ့ စနစ်ရှိတယ် ဆိုပေမယ့် ဒီလိုသေဆုံးမှုတွေ ဗိုလ်လောင်းသင်တန်း တော်တော်များများမှာ တွေ့လာရတဲ့ အတွက် လေ့ကျင့် သင်တန်းပေးမှုနဲ့ ညှင်းပန်းနှိပ်စက်မှု ခွဲခြားမရအောင် ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

Ref: BBC News
ooooo0000

0 comments:

အပေါ်သို့