..............................

Tuesday, September 1, 2009

ဖုန်ကြားရှင် ထောက်ခံအဖွဲ့အား နအဖ အာဏာပိုင် လိုက်လံ ဖမ်းဆီး

တနင်္လာနေ့၊ 31 သြဂုတ်လ 2009

ဖုန်ကြားရှင်းအုပ်စုအားထောက်ခံသည်ဟု စွပ်စွဲ သတ်မှတ် ခံရသော လားရှိုး မြို့မြို့ပေါ်ရှိ ကိုးကန့် တိုင်းရင်းသား နေအိမ် များအား စစ်အစိုးရ အာဏာပိုင်များ တအိမ်တက်ဆင်း လိုက်လံ ရှာဖွေ စစ်ဆေးကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက် ပြောပါသည်။

“သူတို့မသင်္ကာတဲ့ ကိုးကန့် နေအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်စစ်တယ်။ နေ့ ည မရွေးဘူး။ မနေ့တုန်းက လားရှိုး ရပ်ကွက် ၇ လုန်လော့ က ကိုးကန့် ရုံးတာဝန်ခံ ယန်ကျီးမင် နေအိမ်ကို သွားစစ်ပြီး သူ့မိန်းမကို ထပ်ဖမ်းသွားတယ်၊ ပစ္စတို သေနတ် ၂ လက်နဲ့ လက်ပစ်ဗုံး ရတယ်တဲ့” - ဟု လွယ်ယို့ ကုန်သည် တဦးက ပြောပါသည်။

ကိုးကန့် အရေးအခင်း စဖြစ်ကတည်းက လိုက်လံ ဖမ်းဆီးမှု ရှိနေကြောင်း၊ ဖုန်ကြားရှင် အုပ်စု၏ လားရှိုးရုံး တာဝန်ခံ ယန်ကျီးမင် အားလည်း လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဖမ်းဆီး သွားကြောင်း ပြောပါသည်။

ဖုန်ကြားရှင်းအုပ်စု ရှုံးနှိမ့်ရခြင်းနှင့် ပတ်သက်၍ မူဆယ် အခြေစိုက် ကိုးကန့် ကုန်သည် တဦးက အကြောင်းရင်း ၃ ရပ် အပေါ် အခြေခံကြောင်း -(၁) ၆/၈/၀၉ မတိုင်ခင်က ဖုန်ကြားရှင်သည် ဥက္ကဌ အာဏာသုံးပြီး ၎င်း၏ ဒုဥက္ကဌ ပိုင်ဆုံချိန် ၊ လျူကော်ရှီး နှင့် ထိပ်ပိုင်း အရာရှိ ၄ ဦးအား ရာထူးမှ ဖြုတ်ချခြင်း၊ (၂) ၎င်းတို့ အုပ်စုက စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ် လက်ခံရန် ဆန္ဒရှိသည်ကို တွေ့ရသဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ (၃)ပိုင်ဆုံချိန် အုပ်စုကလည်း ကိုးကန့် နယ်မြေ ဒေသ၏ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေး ကဏ္ဍနှင့် စီးပွားရေးကဏ္ဍ အားလုံးကို ဖုန်ကြားရှင်က ၎င်း၏ သားသုံးဦးအား လွဲအပ် ပေးခြင်းတို့ကြောင့် မကျေမနပ် ဖြစ်ပြီး လားရှိုး ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ထံ ဖုန်ကြားရှင်းတို့ အုပ်စု လက်နက် စက်ရုံနှင့် မူးယစ် ဆေးဝါးချက်ရုံ ရှိသည်ဟု နာမည် ရောင်းစား လံကြုပ် အကြောင်းကြားခဲ့ သောကြောင့် ဖြစ်သည်ဟု ဆို၏။

သီးခြားအတည်မပြုသေးသည့် သတင်းအရ လာမည့် ၂/၉/၀၉ ရက်နေ့တွင် စစ်အုပ်စု၏ ရဲချုပ်ခင်ရီ၊ ဒုရဲချုပ် ဇော်ဝင်း နှင့် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦးတို့ အဖွဲ့ ကိုးကန့် အုပ်ချုပ်ရေး ကော်မတီသစ် ဖွဲ့စည်းရေး အတွက် လားရှိုးနှင့် ကိုးကန့် မြို့တော် လောက်ကိုင်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့