..............................

Sunday, August 30, 2009

ကိုးကန့် အပစ်ရပ်အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် နအဖဘက်မှ ၁၁ ယောက် ကျဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရရှိကြောင်း ကြေညာ

8/30/2009

ကိုးကန့် အပစ်ရပ်အဖွဲ့နှင့် သြဂတ်စ်လ ၂၇ ရက်နေ့မှ ၂၉ ရက်ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၁ ဦး ကျဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရရှိကြောင်း နအဖ ရုပ်သံမှ ယနေ့တွင် ကြေညာသည်။

၎င်းပြင် ကိုးကန့်အဖွဲ့၏ ပစ်ခတ်မူကြောင့် ရန်နောင်တိုင်း ရဲစခန်းမှ ရဲသား ၁၄ ဦးသေဆုံးပြီး ၁၁ ယောက် ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ ကျန် ၂၅ ဦးမှာ တစုံတရာ ဒဏ်ရာ ရရှိခြင်း မရှိဘဲ လွတ်မြှောက်လာကြောင်း ကျေညာသည်။

ကိုးကန့်ဖက်မှ အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိပြီး လက်နက် ၂၀၀ ကျော် သိမ်းပိုက် ရရှိသည်ဟု မြန်မာ့ရုပ်သံက ကြေညာသည်ဟု ကော့ဘဇားမြို့ခံ တဦးက ပြောသည်။

သြဂတ်စ်လ ၈ ရက်နေ့က မြန်မာ့ ရဲတပ်ဖွဲ့မှ ကိုးကန့် အပစ်ရပ် အဖွဲ့မှ လက်နက်များ ထုတ်လုပ် နေကြောင်း ဖေါ်ထုတ် ရရှိပြီးနောက်ပိုင်း ကိုးကန့် အပစ်ရပ် အဖွဲ့နှင့် နအဖ စစ်အစိုးရအကြား အခြေအနေ တင်းမာလာခဲ့သည်။

၎င်းနောက်ပိုင်း ကိုးကန့် တပ်ဖွဲ့မှ သြဂတ်စ်လ ၂၈ ရက်နေ့တွင် ရန်နောင်တိုင်း ရဲစခန်းကို ၀င်ရောက် သိမ်းပိုက်ပြီး ရဲသားများကို ပြန်ပေး ဆွဲသွားခဲ့သည်။

နအဖ ရုပ်သံမှ ကိုးကန့် အပစ်ရပ် အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲမှာ သြဂတ်စ်လ ၂၉ ရက်နေ့ ညဥ့် ၁ နာရီတွင် ပြီးဆုံးကြောင်း ကြေညာ သွားခဲ့သည်။

ဖုန်ကြားရှင်နှင့် ခေါင်းဆောင် ၄ ဦးကို လုံးဝ လက်ခံတော့မည် မဟုတ်တော့ ကြောင်းနှင့် အဓိက တရားခံများ အဖြစ် ကြေညာသည် ဟု လည်း သိရသည်။

ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခဲ့သော အဖွဲ့ ဖြစ်သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့