..............................

Saturday, August 15, 2009

ကေအိုင်အိုက ဝန်ထမ်းများအား စစ်သင်တန်းပေး

မျိုးကြီး
သောကြာနေ့၊ သြဂုတ်လ 14 ရက် 2009 ခုနှစ် 17 နာရီ 57 မိနစ်

ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို ငြင်းဆန်နေသည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ၄င်းအဖွဲ့ ထိန်းချုပ်ရာ ဒေသတွင် အရပ်ဘက် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ရက်တို စစ်သင်တန်း ပေးလျှက်ရှိသည်။

“ပညာရေးဌာန၊ လဝကဌာန၊ ရဲဌာန၊ အုပ်ချုပ်ရေး ဌာန။ ကျန်းမာရေး ဌာန အဲဒီက ဝန်ထမ်းတွေပေါ့။ ပညာရေးဌာန ဆိုတာက ဆရာ ဆရာမတွေတော့ မပါဘူးပေါ့။ အုပ်ချုပ်ရေး ဌာနတွေဆိုလည်း လူအင်အား (၃၀၀)လောက် ရှိတယ်။ ရုံးအစောင့်ထားပြီး အသုတ်လိုက်ပေါ့ ခွဲပြီး ရက်တို သင်တန်း ပေးနေတယ်” ဟု ကေအိုင်အို သတင်းရပ်ကွက် တခုက ပြောသည် ။

အဆိုပါ စစ်သင်တန်းဆင်းပြီး အရပ်ဘက် ဝန်ထမ်းများအား ကိုယ်စီ လက်နက်ငယ်များပါ တပ်ဆင် ပေးထားကြောင်း သိရသည် ။

ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် သိပ်မဝေးသည့် ဒုံဖုန်းယန်နှင့် နမ့်ဆန်ယန် ကျေးရွာ အနီးနားထိ မြန်မာ့ တပ်မတော် စစ်အင်အားများ တိုးချ လာခြင်းများ ရှိနေသည်။

နအဖက တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းကြရန် ပြောဆိုပြီး နောက်ပိုင်း အပစ်ရပ် အဖွဲ့များက အဆိုပြုချက်ကို လက်မခံဘဲ ရှိနေသဖြင့် ဘက်နှစ်ဘက်ကြား လိပ်ခဲတင်းတင်း အခြေအနေတွင် ရှိနေသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့