..............................

Thursday, October 20, 2011

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်

2011-10-19

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန်က တရုတ်နဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်း ထားလိုက်တာဟာ ပြည်သူ အများဆန္ဒကို နားထောင်တာ ဖြစ်လို့ ကြိုဆိုတဲ့ အကြောင်း ဖေါ်ပြခဲ့တဲ့ အပေါ် တရုတ် ကိုယ်စားလှယ်က ကန့်ကွက် ပြောဆိုခဲ့ပါတယ်။

"တရုတ် အစိုးရ အနေနဲ့ မမှန်ကန်တဲ့ အချက်အလက်ပေါ်မှာ မကျေနပ်ဘူး ဆိုတာ ပြောချင်ပါတယ်။ တရုတ်ပြည် အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေကို အစဉ်တစိုက် ပံ့ပိုး အကာအကွယ် ပေးနေပါတယ်။ ဒီမြစ်ဆုံ ဆည် စီမံကိန်းဟာ မြန်မာ ပြည်သူတွေ အတွက် အကျိုးရှိစေ ပါတယ်။ ဒါ့အပြင် ဒီစံမံကိန်း အတွက် အပြန်အလှန် လေ့လာ သုံးသပ်ပြီးမှ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက စတင် အကောင်အထည် ဖေါ်ခဲ့တာပါ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွား အတွက် အခြား နေရာတွေမှာ ဆက်ပြီး ပူးပေါင်း ဖက်စပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ တရုတ် ကိုယ်စားလှယ်က ပြောသွားတာပါ။

တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အဖြစ် ကြိုဆိုကြောင်းလည်း တရုတ် ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့