..............................

Thursday, October 28, 2010

ကချင်ရွာဥက္ကဋ္ဌအိမ်ထဲ KDA ဟောင်းက ဗုံးပစ်သွင်း၊ ၇ ဦးခန့်ဒဏ်ရာရ

Wednesday, 27 October 2010

ယခင် ကချင်ကာကွယ်ရေးတပ်မတော် KDA တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ကချင် နောင်ရှဲန်ရွာ ဥက္ကဋ္ဌ နေအိမ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းမှု ယမန်နေ့ည ၁၀ နာရီကျော်က ဖြစ်ပွားခဲ့သည်။

ရွာဥက္ကဋ္ဌ၏ ဇနီးအပါအ၀င် လူ ရ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူစယ် လုံခြုံရေး အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွာဥက္က္ကဋ္ဌအိမ်ထဲကို KDA အဖွဲ့ဝင်ဟောင်းတစ်ဦးက လက်ပစ်ဗုံးနဲ့ ပစ်တာ ဥက္ကဋ္ဌရဲ့ ဇနီးက ပေါင်နဲ့တင်ပါးမှာ ကျန်လူ ၆ ယောက်လည်း အနည်းငယ်စီ ဒဏ်ရာရကြတယ်” လို့ လုံခြုံရေးနှင့် နီးစပ်သူက ပြောသည်။

အခင်းမဖြစ်မီ ညပိုင်းက နောင်ရှဲန်ရွာအတွင်းသေနတ့် ပစ်ဖေါက်နေသဖြင့် ၄င်းအား ရွာဥက္ကဋ္ဌက ခေါ်ယူ ဆုံးမခဲ့ရာ မကျေနပ် ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်လဆန်းပိုင်းက ငွေကြေးကိစ္စနှင့်ပတ်သက်၍ အဆိုပါနောင်ရှဲန်ရွာ အလယ်တန်းပြ ဆရာမ တစ်ဦးအား ၄င်းတပ်ဖွဲ့ ၀င်ဟောင်းက ပြန်ပေး ဆွဲခဲ့သေးကြောင်း၊ ထိုအမှုဖြင့် အရေးယူ ခံထားရစဉ် ၄င်း၏ ဇနီးသည် ပျောက်ဆုံးသွားကြောင်း၊ ဇနီး သည် ပျောက်ဆုံးသည့် အပေါ် ပေါက်ကွဲကာ သေနတ်ပစ်ဖေါက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောင်ရှဲန်ရွာတွင် ကချင်အပိုင်းနှင့် သျှမ်းအပိုင်းဟူ၍ ၂ ရွာရှိပြီး ကချင်ရွာတွင်း ယခု အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့