..............................

Saturday, September 11, 2010

အပစ်ရပ် နယ်ခြားတလျှောက်ရှိ တပ်စခန်းများအား လားရှိုးတိုင်းမှူးသစ် ကွင်းဆင်း စစ်ဆေး

Thursday, 09 September 2010

အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနှင့် ၀ နယ်ခြားတလျှောက်ရှိတပ်စခန်းများအား လားရှိုး အခြေစိုက် ရမခ တိုင်းမှူးနှင့် တန့်ယန်း ဗျူဟာမှူးတို့ ကွင်းဆင်း စစ်ဆေးနေကြောင်း စုံစမ်း သိရှိရပါသည်။

“စက်တင်ဘာ ၇ ရက် လားရှိုးရမခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇော တန့်ယန်းကို ရောက်တယ်။ နောက်တစ်နေ့ နေ့လည်ပိုင်း တန့်ယန်း ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နဲ့အတူ ကားဆယ်စီးလောက် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းကို ခရီးဆက်တယ်။ ညနေ ၃း၀၀ နာရီလောက် အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ် နယ်မြေနဲ့ မျက်နှာချင်းဆိုင် မိုင်းကောင်(၀်) တပ်စခန်းကို သွားစစ်ဆေးတယ်”ဟု တန့်ယန်းရောက် မိုင်းကောင်(၀်) ဒေသခံ တစ်ဦးက ပြောပါသည်။

တိုင်းမှူးသစ်သည် ခလရ ၃၃ တပ်ရင်းရှိ ဆေးရုံကိုလည်းစစ်ဆေးကြောင်း၊ ခလရ ၃၃ တပ်ရင်းအား တန့်ယန်း မြို့နယ်ရှိ ပြည်သူ့ စစ်များအား ကားလမ်း၊ ကားလမ်း တလျှောက် တံတားကြီးငယ် အားလုံးနှင့် သံလွင် ကူးတို့ဆိပ်တိုင်း လုံခြုံရေးယူ ကင်းစောင့်ရန် ညွှန်ကြားခိုင်းကြောင်း၊ ညနေ ၄း၃၀ နာရီ မိုင်းကောင်(၀်)မှတန့်ယန်းသို့ ပြန်လည် ထွက်ခွါကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

ယနေ့ နံနက် ၉း၀၀ နာရီကျော် လားရှိုးတိုင်းမှူးနှင့် တန့်ယန်းဗျူဟာမှူးတို့ အဖွဲ့ ကားဆယ်စီးဖြင့် သံလွင်မြစ်ကူး တံတား တာ့ကောင်းအက်မှ တဆင့် အရှေ့ဘက် ကမ်းရှိ ၀ နယ်ခြား(လွယ်ပန်ဇုံ ၀ တပ်စခန်းနှင့် မျက်နှာချင်းဆိုင်) နအဖတပ်၏ အကြီးဆုံး ခံတပ် လွယ်ပန်လုံ တပ်စခန်းအား သွားရောက် စစ်ဆေးသည်ဟု သိရှိရသည်။

တန့်ယန်း-မိုင်းကောင်(၀်)-နမ့်လောဝ်းကားလမ်း၊ သံလွင်ကူးတို့ဆိပ်ဆင်းကားလမ်းနှင့် ကူးတို့ဆိပ်တို့၌ လားဟူပြည်သူ့ စစ်များအား ၂၄ နာရီ ကင်းစောင့်ခိုင်းကာ အခွင့်အာဏာ အပြည့် ပေးထားသောကြောင့် အနီးတ၀ိုက်ရှိ ကျေးရွာများထံမှ စားနပ်ရိက္ခာများ ဆင့်ဆိုနေသည်ဟု တန့်ယန်း ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပြပါသည်။

“ပန်မူကူးတို့ဆိပ်မှာစောင့်တဲ့ ဂျထောဦးဆောင်တဲ့ လားဟူပြည်သူ့စစ် ၁၅ ယောက်နဲ့ ပိန်းဖိ ကူးတို့ဆိပ်မှာ စောင့်တဲ့ ဂျထီး ဦးဆောင်တဲ့ လုပ်ရှား ရဲအဖွဲ့က နားကော်ကျေးရွာအုပ်စု ပိန်းယောင်းရွာ၊ ကောင်းကော်ရွာနဲ့ ကောင်းမူးရွာ တွေကနေ ဆန်၊ ကြက်တွေ အလကား တောင်းစားတယ်။ တစ်ခါကိုကြက်သား ၂-၃ ပိဿာ အဓမ္မတောင်းတယ်”

ဂျဟယ်ဦးဆောင်သော မိုင်းကောင်(၀်) ပြည်သူ့စစ်က နမ့်ပန်တံတား၊ ဂျဟဲ့ ဂျနူးဦးဆောင်သော ပြည်သူ့စစ်က နမ့်လောဝ်း -မိုင်းကောင်(၀်) ကားလမ်းရှိ နမ့်ပင်ပန်အနီး၊ ဂျညီး ဂျဟယ် ဦးဆောင်သော လုပ်ရှားရဲအဖွဲ့က နမ့်လောဝ်း-ပန်ဟိုင်း-မိုင်းကောင်(၀်) ကားလမ်းရှိ လွယ်ဖာဖင့်အရပ်၊ ဂျညီး ယောစု ဂျထီး ဦးဆောင်သော လူသူလက်နက် အင်အား ၈၀ ခန့်ရှိ လုပ်ရှား ရဲအဖွဲ့က မိုင်းကောင်(၀်)တောင်ဘက် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သွားလမ်း နောင်ဟျိုးဂိတ်၌ အသီးသီး စောင့်ကြပ်ကြသည်။

မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းမှူးဗိုလ်မှူးကြီး ကျော်ကျော်နိုင်လည်း ဧပြီ ၂၄ ရက်မှယနေ့တိုင် တန့်ယန်း-မိုင်းကောင်(၀်) ပြေးလိုင်းကားနှင့် ကိုယ်ပိုင်ကားများအား တစ်ရက်လျှင် ၂ စီးကျ ချောဆွဲပြီး မိုင်းကောင်(၀်) တပ်စခန်း အတွင်း နေ့စဉ် သွားရောက် စောင့်ခိုင်းသည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့