..............................

Monday, March 16, 2009

တာဝန်ကျေပွန်ကြပါဟု အရှင်ဂမ္ဘီရ မှာကြားတိုက်တွန်း

နန်းခမ်းကယောက်
၁၅ မတ် ၂၀၀၉

"တာဝန်ကျေပွန်ကြပါ" လို့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် ကြိုးပမ်းနေသူတွေကို အကျဉ်းကျနေတဲ့ သံဃာ့တပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂမ္ဘီရက တိုက်တွန်းမိန့်ကြား ပါသည်။

စစ်ကိုင်းတောင်း ခန္တီးထောင်မှာ အကျဉ်းကျနေတဲ့ အရှင်ဂမ္ဘီရကို မယ်တော် ဒေါ်ရေးက မကြာသေးမီက ထောင်ဝင်စာ တွေ့ရာမှာ ဒီလို မိန့်မှာလိုက်တာလို့ ပြောပါတယ်။

အရှင်ဂမ္ဘီရကိုယ်တိုင်လည်း လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ပြည်သူတွေအတွက် ဆက်လက်တိုက်ပွဲ ၀င်နေဆဲပဲလို့ မိန့်မှာလိုက်ကြောင်း ဒေါ်ရေးကပြောပါတယ်။

၂၀၀၇ ရွှေဝါရောင် သံဃာ့ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရကို စစ်အစိုးရက ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲပြီး ထောင်ဒဏ် ၆၉ နှစ် ချမှတ်ပြီးနောက် မန္တလေးထောင်ကို ပို့ပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ဘာမှ အပြစ်မကျူးလွန်ဘဲ ၁၀ပေ- ပေ၂၀ ပတ်လည် အခန်းကျဉ်းထဲ တိုက်ပိတ်လို့ အစာအငတ်ခံ ဆန္ဒပြတဲ့ အရှင်ဂမ္ဘီရကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်မှာ ခန္တီးထောင်ကို ထပ်ဆင့်ပို့လိုက်တာလို့ ဒေါ်ရေးကပြောပါတယ်။ ဘာမှ ဘုဉ်းမပေးလို့ အာဟာရပြတ်ပြီး လမ်းမလျှောက်နိုင်တဲ့ အရှင်ဂမ္ဘီရကို ပွေ့ချီပြီး ခန္တီးထောင်ကို ပို့လိုက်တာလို့လည်း ပြောပါတယ်။

အခုလောလောဆယ်တော့ ကျမ္မာရေးကောင်းနေတဲ့ အရှင်ဂမ္ဘီရကို သီးသန့် ထိမ်းသိမ်းထားတယ်လို့ သိရကြောင်းလည်း ဒေါ်ရေးကပြောပါတယ်။

အရှင်ဂမ္ဘီရရဲ့ ညီတော်နဲ့ ယောက်ဖတော်တို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ဒီလ ၁၂ ရက်မှာ အင်းစိန်ထောင် အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၅ နှစ်စီချမှတ်လိုက်ပါတယ်။

အရှင်ဂမ္ဘီရရဲ့ညီတော် ကိုအောင်ကိုကိုလွင်၊ ယောက်ဖတော် ကိုမိုးထက်လျှံနဲ့ သူတို့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကိုကျော်မျိုးဆက်၊ ကိုလှိုင်မျိုး၊ ကိုစိုးလွင်နဲ့ ကိုရဲ့ညွန့်တို့ကို လူဝင်မှုကြီးကြပ်ရေး ဥပေး ချိုးဖောက်မှုနဲ့ စီရင်ချက်ချတာပါ။

သံဃာ့တပ်ပေါင်းစု ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့မှာ မိုးပျံပူဖောင်းလွှတ်ဖို့ ကြံစည်တယ်လို့ အာဏာပိုင်တွေက စွပ်စွဲပြီး စတင်ဖမ်းဆီးခဲ့ပေမယ့် သက်သေအထောက်အထား မရှိပါဘူးလို့ မိသားစုကပြောပါတယ်။

Ref: DVB News

0 comments:

အပေါ်သို့