..............................

Thursday, April 7, 2011

ယီမင်သမ္မတ နှုတ်ထွက်ရေး ဆန္ဒပြသူ သောင်းနဲ့ချီ တောင်းဆို

06 ဧပြီ 2011

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် နှိမ်နင်းခံခဲ့ရပြီးတဲ့နောက် ထောင်သောင်းချီတဲ့ ယီမင် ပြည်သူတွေက သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို နှုတ်ထွက်ပေးဖို့ ဗုဒ္ဓဟူးနေ့က ထပ်မံ တောင်းဆို လိုက်ပါတယ်။

ဖေဖော်ဝါရီလ ကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျင်းပခဲ့တဲ့ တောင်ပိုင်း တိုက်ဇ် (Taiz) မြို့ရဲ့ လမ်းတွေ ပေါ်မှာနဲ့ မြို့တော် ဆာနာ (Sana'a) တို့မှာ ဆန္ဒပြသူ ထောင်ပေါင်း များစွာက ဆက်ပြီး ဆန္ဒပြနေကြ ပါတယ်။ ဒီနှစ် အစောပိုင်းက စပြီး ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် လူစုခွဲခဲ့လို့ လူပေါင်း ၁၂၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယို အကြမ်းဖက် နှိမ်နင်းမှုကို အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင် လိုက်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ တောင်းဆို နေကြပါတယ်။

EU ဥရောပသမဂ္ဂ အဖွဲ့ရဲ့ နိုင်ငံခြားရေးရာဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က အင်္ဂါနေ့မှာ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ယီမင်မှာ နိုင်ငံရေး အပြောင်းအလဲကို အချိန်မဆိုင်းဘဲ လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း အလားတူ တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက ပင်လယ်ကွေ့ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကော်မတီရဲ့ အတိုက်အခံ တွေနဲ့ စားပွဲဝိုင်း ဆွေးနွေးဖို့ ဖိတ်ကြားချက်ကို သမ္မတ ဆာလေးက လက်ခံခဲ့ပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့