..............................

Thursday, October 7, 2010

လပွတ္တာအနီး စက်လှေမှောက်၊ လူ ၃၀ ကျော် သေဆုံး

ဇာနည်မာန်
Wednesday, October 06, 2010

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မိကျောင်းအိုင် ရွာရှိ ကျောင်းသား စုံညီ ပွဲသို့ သွားသည့် စက်လှေတစီး ယနေ့ နံနက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူအသေ အပျောက် ရှိခဲ့ကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့နယ် ပြင်စလူကုန်း၊ ပိတောက်ကုန်း၊ ဖလူဆိပ်နှင့် ပတဲကောရွာများရှိ အလယ်တန်း ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အပါအ၀င် လူ ၈၀ ၀န်းကျင်ကို တင်ဆောင်လာသည့် စက်လှေသည် ပတဲကောရွာမှ မိကျောင်းအိုင်ရွာသို့ အထွက်တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။

“ဒီမှာ လေတွေကလည်း ပြင်းနေတာ၊ ပတဲကောရွာက အထွက်မှာ လူးပြီး မှောက်သွားတာ၊ မနက် ၇ နာရီ လောက်က၊ အခု လောလောဆယ် ဆယ်ထားမိတာ ၃၆ ယောက်ရှိပြီ၊ ဆရာမ ၂ ယောက်နဲ့ ကျောင်းသား ကျောင်းသူတွေ ချည်းပဲ၊ ဆက်ရှာ နေကြတုန်းပဲ”ဟု ပတဲကောရွာခံ တဦးက ဧရာဝတီသို့ ပြောသည်။

စက်လှေမှာ ကျောင်းသားစုံညီပွဲတော် သွားရန်အတွက် ကျောင်းများစု၍ ရွာနီးချုပ်စပ်မှ ငှားရမ်း ထားသော စက်လှေဖြစ်ပြီး စက်လှေတွင် လူတင်ဆောင်မှု များသောကြောင့် တိမ်းမှောက် သွားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လပွတ္တာ ရဲ စခန်းကမူ စက်လှေ မှောက်ကြောင်း အတည်ပြုသော်လည်း သေဆုံးသူ စာရင်းကို အတိအကျ မသိရှိရသေး ကြောင်း ဧရာဝတီ သို့ ပြောသည်။

“ရေကူးနိုင်တဲ့ ဆရာ၊ ဆရာမတချို့နဲ့ ကျောင်းသားအကြီး တချို့တော့ ရှင်တယ်၊ သေသူ ရှင်သူ ဘယ်လောက်လည်း အတိ အကျ မသိရသေးဘူး၊ စကတည်းက ဘယ်နှစ်ယောက် ဆိုတာကို အတိအကျ မသိသေးတာ၊ အခု ဆယ်မိထားတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေ တချို့တော့ ရောက်နေကြပြီ”ဟု ပတဲကောရွာခံ က ဆက်ပြောသည်။

လက်ရှိအခြေအနေအရ သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ် ကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့