..............................

Friday, August 13, 2010

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော် အသီးသီး အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်

သြဂုတ်လ ၁၃ ရက် ၂၀၁၀

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော် အ သီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှ တစ်ဆင့် ယနေ့နံနက် ပိုင်းတွင် ကြေညာ ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ် မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန် ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီအ ထွေထွေ ရွေးကော်ပွဲများ ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း သတ်မှတ် ကြေညာ ခဲ့ခြင်းဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက် ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည် ထောင်ခွင့်နှင့် ဆက်လက်တည် ထောင်ခွင့် လျောက်ထားသည့် ပါတီ ၄၆ ပါတီ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံရေး ပါတီမှတ်ပုံတင်ခွင့် လျောက်ထား သည့် ပါတီ ၄၁ ကို မှတ်ပုံတင် ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်အရ သိရသည်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို မေလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Ref: Eleven Media Group

0 comments:

အပေါ်သို့