..............................

Wednesday, June 16, 2010

အသွင်ကူးပြောင်းရေးကြောင့် အပစ်ရပ် SSA နှစ်ခြမ်းကွဲခြင်းမရှိ

မွေခေါဝ်
Tuesday, 15 June 2010

ဧပြီလနှောင်းပိုင်းက အပစ်ရပ်သျှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောဝ် ဦးဆောင်သည့် တပ်မဟာအချို့ အသွင် ကူးပြောင်းရေးမူ လက်ခံ ထားသော်လည်း ယနေ့တိုင်တစုံတရာ ပြောင်းလဲမှု မရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။

ပြည်သူ့စစ် အသွင်ပြောင်းရေး အစီအစဉ်ကို နှစ်လနီးပါး လက်ခံထားသော အပစ်ရပ် SSA တပ်မဟာများနှင့် အသွင် ပြောင်းရေး လက်မခံသေးသည့် အပစ်ရပ် SSA တပ်မဟာ ၁ တို့ကြား နားလည်မှု ပွင့်လင်းမှု ရယူနိုင်ကြ သဖြင့် လူထုတို့ စိတ်ပူ နေသည့် အတိုင်း အပစ်ရပ် SSA နှစ်ခြမ်းကွဲဖွယ် မရှိနိုင်ကြောင်း အမည် မဖော်လိုသည့် တပ်မဟာ ၁ တပ်မှူး တစ်ဦးက ပြောပါသည်။

“ပြည်သူ့စစ်အသွင်ကူးပြောင်းဖို့တပ်မဟာ ၃, ၇ နဲ့ ဌါနချုပ်တပ်ဖွဲ့တို့ သဘောတူလက်ခံခဲ့ပြီ ဆိုပေမဲ့ အခုထက်ထိ နအဖ တိုက်ရိုက် ထိန်းချုပ်တာ မရှိသေးဘူး။ တပ်မဟာအားလုံး မိခင်တပ်မတော် တခုတည်း ဖြစ်နေဆဲ။ ပြည်သူလူထုတို့ စိတ်မပူပါနဲ့” ဟု ပြောကြားကြောင်း အမည် မဖော်လိုသည့် ဌာနချုပ် တပ်မှူးတစ်ဦးက ပြောပါသည်။

အပစ်ရပ် SSA တပ်မဟာ ၃ နှင့် တပ်မဟာ ၇ တို့သည် နအဖ ညွှန်ကြားချက်အတိုင်း ယနေ့တိုင် လက်နက် အပ်နှံခြင်း မရှိသေးကြောင်း၊ ဗမာ့ တပ်မတော် အရာရှိအယောက် ၃၀ လည်း ၎င်းတို့နှင့် လာရောက်ပူးပေါင်းခြင်း မရှိသေးသကဲ့သို့ လုပ်ငန်း အကောင်အထည် ဖော်ခြင်းလည်း မရှိသေးကြောင်း ဆက်ပြောပြပါသည်။

“တပ်မဟာ ၃ နဲ့ ၇ တို့ကလဲ ပြည်သူ့စစ် တပ်ရင်းဖွဲ့ဖို့ တကယ်တမ်း နအဖ အရာရှိတွေ ရောက်လာရင် လက်ခံမဲ့ပုံ မပေါ်ပါဘူး” ဟု တပ်မဟာ ၁ အသိုင်းအ၀ိုင်းက ပြောပါသည်။

ဧပြီလနှောင်းပိုင်းက ဗိုလ်ချုပ်လွယ်မောဝ်းနှင့် ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်၍ လားရှိုးတိုင်းမှူးထံ အသွင်ပြောင်းဖို့ လူသူ လက်နက် အင်အား စာရင်း တစ်ထောင်ကျော် ပေးအပ်ထားပြီဖြစ်သည်။

သို့သော် လူသူ/လက်နက်/ငွေအား အတောင့်တင်းဆုံးဖြစ်သည့် ဗိုလ်ချုပ်ပန်ဖှ၏ တပ်မဟာ ၁ မှာမူ ယနေ့တိုင် အသွင် ပြောင်းရေး ကိစ္စ လက်ခံခြင်း မရှိဘဲ ဆက်လက် တင်းခံနေဆဲ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့