..............................

Tuesday, March 22, 2011

လစ်ဗျားကို သုံးရက်မြောက် ဆက်လက်တိုက်ခိုက်၊ ယီမင် နှင့် ဆီးရီးယား

March 22, 2011

လစ်ဗျား နိုင်ငံ ရဲ့ လေကြောင်း ရန် ကာကွယ်ရေး စနစ်တွေနဲ့  အမိန့်ပေး စစ်ဌာနချုပ် တွေကို သုံးရက်မြောက်နေ့ အဖြစ် ဆက်လက် တိုက်ခိုက်နေပြီး မဟာမိတ် တပ်ဖွဲ့တွေ ရဲ့ တိုက်ခိုက်မှု ဟာ ပထမနေ့တွေ လောက်တော့ အင်အား မပြင်းထန်တော့ ဘူးလို့  Al Jazera သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံ အရှေ့ ပိုင်းက အက်ဒါဘီယား နဲ့ မစ်ဆူရတာ မြို့တွေမှာရှိတဲ့ ကဒါဖီရဲ့ တပ်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ် နေပါတယ်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ မဟာမိတ် တပ်တွေရဲ့ ထိုးစစ်ကြောင့် သူ့ရဲ့ အင်အားက အကြီးအကျယ် ဆုတ်ယုတ် သွားပါပြီ လို့ အမေရိကန် တပ်များရဲ့ပူးတွဲ စစ်ဦးစီးချုပ် က ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပြည်သူတွေ ကို အကြင်နာ ကင်းမဲ့စွာ ကျူးလွန်နေတဲ့ သတ်ဖြတ်မှု တွေ ကိစ္စကို ဟန့်တားဖို့ စစ်အင်အား သုံးတဲ့ နေရာမှာ ကွန်ဂရက် ဆီကနေ အသုံးစရိတ် တောင်းခံဖို့ အစီအစဉ် မရှိဘူးလို့ ပြောလိုက်ပါတယ်။

လစ်ဗျား နိုင်ငံရဲ့ လေကြောင်း ရန် ကာကွယ်ရေး စနစ်တွေ နဲ့ အမိန့်ပေး စစ်ဌာနချုပ် တွေကို နှစ်ရက်မြောက် တိုက်ခိုက်ပြီး နောက်မှာတော့ မဟာမိတ် တပ်ဖွဲ့တွေ ရဲ့  တိုက်ခိုက်မှု ကို ခေတ္တ အရှိန် လျှော့ထား ပေမယ့် နိုင်ငံ အရှေ့ပိုင်းက အက်ဒါဘီယား နဲ့ မစ်ဆူရတာ မြို့တွေမှာရှိတဲ့ ကဒါဖီ ရဲ့ တပ်တွေကိုတော့ ဆက်လက် တိုက်ခိုက်နေ ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ နိုင်ငံက ထွက်ခွာဖို့ လိုအပ်နေတယ်လို့ ပြောကြား ခဲ့ပါတယ်။ လစ်ဗျားအပေါ် တိုက်ခိုက်မှု တွေကို အမေရိကန် က သူဦးဆောင် နေရာကနေ နေတိုးအဖွဲ့ကို လွှဲပြောင်း ပေးဖို့လည်း စီစဉ် ထားပါတယ်။

လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့က အဓိက ကျတဲ့ စစ်စခန်းတွေဟာ ပျက်စီးနေပြီး ကဒါဖီက နိုင်ငံခြား သတင်းထောက် တွေကို စစ်စခန်းတွေဆီ ခေါ်ပြပြီး လူသားဒိုင်း အကာအကွယ်မျိုး လုပ်နေတာ တွေ့ရတယ်လို့ ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီး က ပြောပါတယ်။

ယီမင်

ယီမင် နိုင်ငံက တစ်လ ကျော်ကြာ ဆန္ဒပြမှု တွေရဲ့ အပြင်းထန်ဆုံး နေ့ဖြစ်တဲ့ စနေ့မှာ ဆန္ဒပြမှု တွေကို ဖြိုခွဲခဲ့လို့ လူငါးဆယ်ကျော် သေဆုံးရတာ ကို အကြောင်းပြုပြီး ယီမင် စစ်တပ် က ဗိုလ်ချုပ်ကြီး နှစ်ဦး အပါအ၀င် ထိပ်တန်း စစ်တပ် အရာရှိ ငါးဆယ် ကျော်က ဆန္ဒပြသူတွေ နဲ့ ပူးပေါင်း ခဲ့ပါတယ်။

မြို့ တော် ဆာနားနဲ့ ဆာနား တက္ကသိုလ် ကျောင်းဝင်းမှာ ဆန္ဒပြသူတွေ ကို သမ္မတ အဗ္ဗဒူလ်လာ ဆာလေးကို သစ္စာခံတဲ့ တပ်တွေ က မချေမှုန်း နိုင်အောင် တင့်ကားတွေ၊ စစ်တပ် တွေနဲ့ အကာအကွယ် ပေးထား ပါတယ်။

အမေရိကန်၊ ကုလ သမဂ္ဂ၊ စပိန်၊ တရုတ်၊ ဗြိတိသျှ၊ ဆော်ဒီအာရေးဗီးယား စတဲ့ နိုင်ငံတွေမှာ ရောက်ရှိ နေတဲ့ ယီမင် သံအမတ် ကြီး၂၈ ဦး ကလည်း သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းတဲ့ ကြေငြာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ဆာလေး ဖြုတ်ချဖို့  နိုင်ငံ တောင်ပိုင်း အေဒင် မြို့ က စစ်တပ်တွေက မြို့ တော် ဆာနားကို အပြင်းအထန် ချီတက် နေပြီ လို့ အယ်အာရေးဗီးယား သတင်းမှာ ဖော်ပြ ထားပါတယ်။

သမ္မတ နန်းတော် အနီးမှာ လည်း ပစ်ခတ်သံတွေ ရှိနေပြီး ယီမင် သမ္မတ ဆာလေး ကတော့ သူ့နိုင်ငံက အခက်အခဲ တွေကို ဖြေရှင်းပေးဖို့ ဆော်ဒီ အာရေး ဗီးယား နိုင်ငံကို အကူအညီ တောင်းထားပါတယ်။

ယီမင် ကာကွယ်ရေး ၀န်ကြီး မိုဟာမက် နာဆာ ကတော့ သမ္မတကို အကာအကွယ်ပေး ပြောထားပေးမယ့် သူ့မှာ တပ်အင်အား ကြီးကြီးမားမား မရှိဘူးလို့ ယီမင် တော်လှန်ရေး ဘလောက်တွေမှာ ဖော်ပြထားပါတယ်။

ဆီရီးယား

ဆီရီးယားနိုင်ငံ မြို့တော် ဓါးမစကတ် နဲ့ နိုင်ငံတောင် ပိုင်းက ဒီရာ မြို့တွေက ဆန္ဒပြမှု တွေမှာ အစိုးရက အင်အားသုံးပြီး ဖြေရှင်းခဲ့လို့ နှစ်ဦး သေဆုံးခဲ့ရတာကို အမေရိကန် က ရှုံ့ချ ထားပါတယ်။ ဆီရီးယား အစိုးရ အဖွဲ့အတွင်းမှာလည်း ဆန္ဒပြသူတွေကို လိုလား သူတွေက အစိုးရ ကို ဝေဖန် ပြစ်တင်နေလို့ လူထု အုံကြွမှု ဟာ ပိုကြီးထွား လာနိုင်တယ်လို့ ဓါးမ စကတ် မြို့ကို ရောက်နေတဲ့ Wall Street Journal သတင်းထောက်က သတင်း ပို့ထားပါတယ်။

Ref: Freedom News Group

0 comments:

အပေါ်သို့