..............................

Tuesday, April 21, 2009

စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန်လွှတ်တော် အမတ်တွေ ကုလကို တိုက်တွန်း

20 April 2009

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်း ခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့ အတူ စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီး အမတ်တွေက ကုလသမဂ္ဂ အတွင်းရေမှုးချုပ်ဆီ ရေးသား ပေးပို့တဲ့စာကို လက်ခံရရှိခဲ့တဲ့ အကြောင်း ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့  လက်ထောက် ပြောဆိုခွင့်ရှိသူ ဖာရန် ဟတ်ခ် () က ပြောဆို သွားခဲ့ပါတယ်။

ဧပြီလ ၉ ရက်နေ့ နေ့စွဲနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ ရေးသား ပေးပို့ခဲ့တဲ့ စာကို ကယ်လီဖိုးနီးယား ပြည်နယ် (California) အထက်လွှတ်တော် အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)၊ မယ်ရီလန်ပြည်နယ် (Maryland) အထက်လွှတ်တော် အမတ် ဘာဘရာ မီကူလ်စကီး (Barbara A Mikulski) နဲ့ အာကန်ဆော့ပြည်နယ် (Arkansas) အထက်လွှတ်တော် အမတ် ဘလန်ချီ လင်ကွန်း (Blanche Lincoln) တို့ ပါဝင်ကြပါတယ်။

မြန်မာစစ်အစိုးရက ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ၂၀၀၁ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းဖို့ အတွက် မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို အမေရိကန် အထက် လွှတ်တော်အမတ် တွေက တိုက်တွန်း ထားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့