..............................

Friday, April 24, 2009

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဧပြီလ ၂၁ ရက်နေ့က ဆောင်းပါးရှင် စောဖိုးစီမှ `` ရန်ပြိုခြင်းရဲ့ အဓိပ္ပါယ် ငြိမ်းချမ်းတဲ့ အခါ သိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော် ရေးသားထားသည်။

ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ် သမားများမှ ၄င်း ဆောင်းပါးပါ အချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်း ခေါင်းဆောင်များ၏ အတွင်းရေး ကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNU မှ ပြုလုပ်ခဲ့သည့် ပစ်ခတ်မှုများ၊ KNU အတွင်း မပျော်တော့သည့် အလယ်အလတ်ပိုင်း တပ်ဖွဲ့ ၀င်များ၏ နောက်ဆုံး အခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့် ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အား အသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန် သုံးသပ်လျက်ရှိ သည်။

KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံ ရောက်သွားခြင်းသည် ၄င်းတို့အတွက် လုံးဝ မထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေး အတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူ ဖြစ်ကြောင်း ငြင်းချက် ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့ အကြား ထိုင်းအစိုးရမှ ကြားဝင် စေ့စပ်မှုများ ရှိကြောင်း သတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရ အနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာ စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေး လှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှု ကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော် ပြောကြားခဲ့သည်။

0 comments:

အပေါ်သို့