..............................

Wednesday, May 6, 2009

တရုတ်နိုင်ငံရောက် မက္ကဆီကို နိုင်ငံသားတွေ စင်းလုံးငှား လေယာဉ်နဲ့ ပြန်ခေါ်ပြီ

05 May 2009

ဗိုင်းရပ်စ်မျိုးရင်း A-H1N1 အမျိုးအစား ၀က်တုပ်ကွေး ကူးစက်မှာ စိုးရိမ်လို့ သီးသန့် ခွဲခြားထားတဲ့ မက္ကဆီကို နိုင်ငံသား အယောက် ၇၀ ကို တရုတ်နိုင်ငံ မြို့တွေက လိုက်ခေါ်ဆောင် ရအောင် မက္ကဆီကိုလေယာဉ် ဒီနေ့ တရုတ်နိုင်ငံကို ဆိုက်ရောက် သွားခဲ့ပါတယ်။
သီးခြားခွဲထုတ်ထားတဲ့ တခြားနိုင်ငံခြားသားတွေလည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့ပဲ ထွက်လာ ခဲ့ပါတယ်။ ကနေဒါ တက္ကသိုလ်ကျောင်းသား ၂၅ ယောက်ကိုလည်း တရုတ်နိုင်ငံ မြောက်ပိုင်းမှာ သီတင်းတပတ်ကြာ ခွဲထားခဲ့ပြီး အမေရိကန် နိုင်ငံသား ၂ ဦးကိုတော့ ဘေဂျင်းမြို့တော်က ဆင်ခြေဖုံး ဟိုတယ် တခုမှာ ခွဲထားပါတယ်။

တရုတ်အစိုးရကတော့ သူတို့အနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာဟာ အများ ပြည်သူ ကျန်းမာရေး အတွက် ဖြစ်တယ်လို့ ဆိုပေမယ့် တရုတ်အစိုးရရဲ့ ရောဂါ မပြန့်ပွားအောင် လုပ်ဆောင်တဲ့ နည်းက တရားလွန်ဖြစ်နေတယ်၊ အငြင်းပွားစရာ ရှိတယ်ဆိုပြီး မြင်ကြပါတယ်။

နေမကောင်းတဲ့လက္ခဏာ တခုမှမရှိဘဲ မက္ကဆီကို နိုင်ငံသားတွေကို သီးသန့်ခွဲထုတ် ထားတာကြောင့် တရုတ် အစိုးရရဲ့ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ နည်းလမ်းတွေက ခွဲခြား ဆက်ဆံမှုကို ဖြစ်စေတယ်လို့ မက္ကဆီကို သမ္မတ ဖိလစ်ပီ ကယ်လ်ဒါရွန် (Felipe Calderon) က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း ဒုတိယမြောက် ရောဂါကူးစက်မှုကို အတည် ပြုလိုက်နိုင်တယ် လို့ အာဏာပိုင်တွေက ပြောကြပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့