..............................

Thursday, March 26, 2009

ဒေါ်စုလွှတ်ပေးလျှင် ဒဏ်ခတ်ထားမှု ရုပ်သိမ်းရန် အီးယူ စဉ်းစားမည်

AFP / မတ်လ(၂၅) ရက်၊ ၂၀၀၉

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးဆိုင်ရာ တိုးတက်မှုများရှိလာမည်ဆိုပါက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် အီးယူက စဉ်းစား နိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူ အကြီးတန်း အရာရှိတဦးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများ အပေါ် တင်းကျပ်ထားမှုများ လျှော့ပေးလျှင် လာမည့်လ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပ ကောင်စီက မဲပေးနိုင်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ အရာရှိ ပီယာရိုဖတ်ဆီနိုက သတင်းထောက်များကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင် အကျဉ်းကျနေမယ်ဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး မျှတတဲ့ ရွေးကောက်ပွဲ ဥပဒေမျိုး ထုတ်ပြန်ပေးမယ် ဆိုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ အီးယူက သတ်မှတ်မှာဖြစ်တယ်” ဟု ပီယာရိုဖတ်ဆီနိုက ပြောသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့