..............................

Tuesday, November 27, 2012

ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်

2012-11-26

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၃ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆိုင်ရာ ညီလာခံကို ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ စတင် ကျင်းပခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းတွေ ထဲမှာ အဓိကဖြစ်တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၆ရက်ကနေ ၂၈ရက်နေ့ထိ ၃ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးပွဲကို အမှတ်(၂) လျပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးစိုးသိန်း တို့လည်း တက်ရောက် ခဲ့ကြပါတယ်။

နိုင်ငံရေးပါတီအသီးသီးက တာဝန်ရှိသူတွေ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက ကိုယ်စား လှယ်တွေ၊ ရှမ်းလူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေ အပါအဝင် လူဦးရေ (၂၅ဝ) နီးပါး တက်ရောက် ခဲ့ကြပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့